အခန်း (၃၈၂၂-၃၈၂၅)
Vol. 194 Ch. 3822-3825
Chapter 3822
မြို့ရိုးပေါ်တွင်ရှိနေသော လူတိုင်း၏မျက်နှာအမူအယာများ တည်ကြည်လေးနက်နေသည်။
ဤနတ်ဆိုးသားရဲဧကရာဇ်ရွှမ်ရွှမ်သည် အလွန်အမင်း ယုတ်မာကောက်ကျစ်ပေ၏။သူသည် မတော်တဆ ဖမ်းဆီးခြင်းခံရမည်ကိုလည်း ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်။ ထို့ကြောင့် သူသည် မြို့ရိုး၏အနီးသို့ ချဉ်းကပ်ဝံ့ခြင်းမရှိဘဲ အဝေးမှသာ ရန်စစော်ကားနေခဲ့သည်။
ရလဒ်အနေဖြင့် တာယွီစစ်သားများသည် ဒေါသထွက်နေကြသော်လည်း သူတို့သည် နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်အပေါ် တစ်စုံတစ်ခုမျှ လုပ်ဆောင်နိုင်ခြင်းမရှိချေ။
နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်သည် အကွက်ဆင်၍ ရန်စစော်ကားကာ ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းမှ တာယွီစစ်သားများကို မြို့ပြင်သို့ထွက်၍တိုက်ခိုက်ရန် မျှားခေါ်နေခြင်းဖြစ်သည်။
စစ်သားအများစုသည် ဤသည်မှာ အကွက်ချကြံစည်မှုတစ်ခုဖြစ်သည်ကို သိရှိထားသော်လည်း နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ် ပြုလုပ်ခဲ့သည့်ကိစ္စအတွက် သူတို့ ဒေါသထွက်နေကြဆဲပင်။
နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်သည် လုယွီစကားများကိုကြားချိန်တွင် ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ ပြောဆိုလိုက်၏။
"ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့တပ်မှူးက ဘယ်လိုလုပ်ပြီးတော့ အခုထိ အရွယ်မရောက်သေးတဲ့ ကောင်လေးတစ်ယောက် ဖြစ်နေတာလဲ...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ဒီနေရာကိုလာပြီး မောက်မာထောင်လွှားတဲ့ စကားမျိုးတွေ ပြောဝံ့တာလဲ..စုန်ချင်းဖုန်း...မင်း ခုချက်ချင်းထွက်လာခဲ့စမ်း"
ထိုသို့ပြောဆိုပြီးနောက် နတ်ဆိုးသားရဲဧကရာဇ်ရွှမ်ရွှမ်သည် သူ့၏လက်သည်းများကို ပြင်းထန်စွာ ဖျစ်ညှစ်လိုက်၏။သူ့၏နဂါးလက်သည်းများအကြားတွင် ခုန်နေဆဲဖြစ်သော ကောင်းရှို့၏နှလုံးသည် ချက်ချင်းအစိတ်စိတ်အမွှာမွှာကြေမွပျက်စီးသွားကာ သွေးများက နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားသည်။
"လူသားတွေက အရမ်းနုနယ်တယ်...ဒါကြောင့် သူတို့က ဒီလိုမျိုး သေရတာပဲ"
အထင်အမြင်သေးမှု အရိပ်အယောင်တစ်ရပ်က ရွှမ်ရွှမ်၏မျက်နှာပေါ်၌ ဖြတ်ပြေးသွားသည်။
ကောင်းရှို့၏ရုန်းကန်နေခြင်း နောက်ဆုံး၌ ရပ်တန့်သွားလေပြီ။သူသည် အလွန်အမင်းနာကျင်သော ဝေဒနာများအောက်တွင် သေဆုံးသွားရလေ၏။
သို့ရာတွင် သူ့၏ရုပ်ခန္ဓာကိုယ် သေဆုံးသွားသော်လည်း သူ့၏စိတ်ဝိညာဉ်သည် ရုပ်ခန္ဓာကိုယ်အတွင်း၌ ပိတ်မိနေကာ ထွက်ခွာသွားနိုင်ခြင်းမရှိချေ။
ဤနေရာတွင် သစ်သားလှည်းများ ဆယ်စီးကျော်ခန့် ကျန်ရှိနေသည်။ဖမ်းဆီးခံထားရသော စစ်အကျဉ်းသားများ၏မျက်နှာများပေါ်တွင် စိတ်ပျက်ညှိုးငယ်မှုအရိပ်အယောင်များ ထင်ဟပ်နေပေ၏။
စုန်ချင်းဖုန်းက အော်ဟစ်လိုက်သည်။
"နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်...နှစ်ဖက်ကြားမှာ ရလဒ်တွေ ထွက်ပေါ်လာတာက ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုပဲ...ဒါပေမဲ့ မင်းက ငါတို့ရဲ့စစ်သားတွေကို ဘာလို့ခုလိုမျိုး ညှင်းပန်းနှိပ်စက်ရတာလဲ...မင်းက ငါတို့ရဲ့ စစ်အကျဉ်းသားတွေကိုလွှတ်ပေးမယ်ဆိုရင်...ငါတို့ဖမ်းဆီးထားတဲ့ ထန်စစ်သားတွေနဲ့ လဲလှယ်ပေးဖို့ ငါတို့ ဆန္ဒရှိတယ်"
နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်က ယုတ်မာကောက်ကျစ်စွာပြုံးကာ ပြောဆိုသည်။
"ငါက အဲ့ဒီထန်စစ်သားတွေရဲ့ သေရေးရှင်ရေးကို ဂရုစိုက်နေမယ်လို့ မင်း ထင်နေတာလား... ငါ့ရဲ့တာဝန်က မြို့ကိုသိမ်းပိုက်နိုင်ဖို့ပဲ...သူတို့သေတာရှင်တာက ငါ့ရဲ့ကိစ္စမဟုတ်ဘူး"
စုန်ချင်းဖုန်း၏မျက်နှာ ချက်ချင်းသုန်မှုန်သွားသည်။
နတ်ဆိုးသားရဲများအတွက် ထန်စစ်တပ်ဘက်မှစစ်အကျဉ်းသားများ၏ သေရေးရှင်ရေးသည် သူတို့နှင့်အနည်းငယ်မျှ သက်ဆိုင်ခြင်းမရှိချေ။
ဤနတ်ဆိုးမှော်သားရဲများသည် သွေးအေးသတ္တဝါများအဖြစ် မွေးဖွားလာကြကာ သနားကြင်နာကင်းမဲ့သည်။အကယ်၍ နတ်ဆိုးမှော်သားရဲများလဖမ်းဆီးခံထားရလျှင်ပင်လျှင် နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်သည် အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူတို့အား သတ်ဖြတ်ပစ်ရန် ပြောဆိုပေမည်။
"အရှင်လု...မင်းက ခရမ်းရောင်မီးတောက်ကို နောက်တကြိမ် ထပ်ပြီးအသုံးပြုနိုင်သေးလား"
စုန်ချင်းဖုန်းက မေးမြန်းသည်။
လုယွီ အစောပိုင်းက အသုံးပြုခဲ့သောခရမ်းရောင်မီးတောက်များသည် အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ် ကောင်းပေ၏။ထိုမီးတောက်များ ထွက်ပေါ်လာသည့်အချိန်တွင် နတ်ဆိုးသားရဲအမြောက်အများကို သတ်ဖြတ်နိုင်ခဲ့သည်။
အကယ်၍ ထိုအရာကိုထပ်မံ၍ အသုံးပြုနိုင်ပါက တာယွီစစ်သားများပေါ်သို့ ကျရောက်နေသောဖိအား အကြီးအကျယ်လျော့ကျသွားပေမည်။
လုယွီက သူ့၏ခေါင်းကို ခါးယမ်းလိုက်၏။
"ဒီခရမ်းရောင်မီးထောက်ကို ပျိုးထောင်ရတာက လုံလောက်တဲ့အချိန်ရှိဖို့ လိုအပ်တယ်....ငါ ဒါကို နောက်တကြိမ် ထပ်ပြီးအသုံးပြုနိုင်ဖို့အတွက် အနည်းဆုံး လအနည်းငယ်လောက် လိုလိမ့်မယ်"
သို့ရာတွင် အလွန်လျှင်မြန်စွာဖြင့် လုယွီက ထပ်မံ၍ပြောဆိုသည်။
"ဒါပေမဲ့ နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်က တန်ကြေးပြန်ပေးဆပ်ရလိမ့်မယ်"
ထိုစကားကိုကြားချိန်တွင် စုန်ချင်းဖုန်းသည် သူ့၏ခေါင်းကို ခါယမ်းလိုက်၏။လုယွီသည် အမှန်တကယ်ကိုပင် ခရမ်းရောင်မီးတောက်များကို အသုံးပြု၍ ကောင်းကင်ချိုးဖျက်ခံတပ်မှ စစ်သားများ၏ယုံကြည်လက်ခံမှုကို ရယူနိုင်ခဲ့သည်။သို့ရာတွင် ဤကဲ့သို့ကောင်းကင်ဘုံကို ဖီဆန်သည့် နည်းစနစ်မျိုးသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။လုယွီသည် ဤနည်းစနစ်ကို အသုံးပြုနိုင်ရန်အတွက် မှော်စွမ်းအားအမြောက်အများကို အသုံးပြုခဲ့ရသည်။
"မင်းတို့ထဲကတယောက်မှ ထွက်မလာမှတော့ အညှာအတာကင်းမဲ့တဲ့အတွက် ငါ့ကို အပြစ်မတင်ကြနဲ့...သူတို့အားလုံးကို သတ်လိုက်စမ်း"
နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်က အော်ဟစ်လိုက်၏။
နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်၏ အမိန့်ကိုကြားချိန်တွင် သူ့၏နံဘေးရှိနတ်ဆိုးသားရဲများသည် ချက်ချင်းတိုက်ခိုက်လိုက်ကြသည်။သူတို့သည် သစ်သားလှည်းများပေါ်တွင်ရှိနေသော တာယွီစစ်တပ်ဘက်မှ စစ်အကျဉ်းသားများကို ဖမ်းဆုပ်ကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြတော့သည်။
ဤနတ်ဆိုးမှော်သားရဲများ၏ တိုက်ခိုက်မှုများသည် အလွန်အမင်းရက်စက်ကြမ်းကြုတ်ပေ၏။စစ်အကျဉ်းသားများအားလုံးသည် သူတို့၏နှလုံးသားများ ဆွဲထုတ်ခံရခြင်းကြောင့်ဖြစ်စေ သူတို့၏အစာအိမ်များဆုတ်ဖြဲခံရခြင်းကြောင့်ဖြစ်စေ သေဆုံးသွားကြရကာ သွေးများကမြေပြင်ပေါ်သို့ပြန့်ကျဲသွားသည်။
ဤသည်မှာ အလွန်အမင်းသွေးပျက်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
ကောင်းကင်ချိုးဖျက်ခံတပ်၏မြို့ရိုးပေါ်မှစစ်သားများအားလုံး အော်ဟစ်ကြုံးဝါးလိုက်ကြ၏။သူတို့အနက်မှအများစု၏ မျက်လုံးများပြူးကျယ်နေကာ သူတို့သည် မြို့ပြင်ရှိသွေးပျက်ဖွယ်မြင်ကွင်းကို စူးစိုက်၍ကြည့်နေကြသည်။
ကြေကွဲဝမ်းနည်းမှုနှင့် ဒေါသထွက်မှုလှိုင်းများက မြို့ရိုးပေါ်၌ လွှမ်းခြုံနေသည်။
လုယွီ၏အမူအယာသည် တည်ငြိမ်အေးဆေးနေဆဲပင်။သူက ရုတ်တရက်ပြောဆိုသည်။
"အခု အချိန်ကျပြီ"
လုယွီသည် ရုတ်တရက် သူ့၏နောက်ကျောတွင်ထားသော သူ့၏လက်ဝဲဘက်လက်ကို ဆန့်ထုတ်လိုက်၏။သူ့၏လက်ဝါးအတွင်းမှနေ၍ မှော်စွမ်းအားများ တလိမ့်လိမ့်ပွင့်အံ့ထွက်လာသည်။
Chapter 3823
ထိုစွမ်းအားများ ပွင့်အံ့ထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိလူများသည် လုယွီကို လှည့်ကြည့်လိုက်ကြသည်။
စုန်ချင်းဖုန်းသည် ကြက်သေသေနေလေ၏။သူသည် လုယွီ၏နံဘေး၌ မတ်တတ်ရပ်နေခြင်းပင်။သို့ရာတွင် လုယွီသည် မည်သည့်အချိန်က ထိုမှော်စွမ်းအားများကို စုစည်းခဲ့သည်အား သူ မသိရှိခဲ့ချေ။လုယွီ၏လက်အတွင်းမှ မှော်စွမ်းအားများ စတင်၍ထွက်ပေါ်လာမှသာ သူ မြင်တွေ့မိသည်။
ကောင်းကင်နှင့်မြေပြင်အကြားရှိ ပတ်ဝန်းကျင်မှစိတ်ဝိညာဉ်စွမ်းအားများသည် အားလှိုင်းတစ်ရပ်၏စုပ်ယူခြင်းကို ခံလိုက်ရပုံဖြင့် လုယွီ၏လက်အတွင်းသို့ အရူးအမူးစီးဝင်နေသည်။
နောက်ဆုံး၌ တောက်ပသောရွှေရောင်အလင်းတန်းများဖြာထွက်နေသည့် လေးတစ်လက်သည် လုယွီ၏လက်အတွင်း၌ သိပ်သည်းသွားပေ၏။
ထိုလေး၏လက်ကိုင်တွင် နတ်ဘုရားအက္ခရာများကို ရေးထွင်းထားသည်။ဤသည်မှာ ချိုးဖျက်၍မရနိုင်ဘဲ အလွန်အမင်းခိုင်ခံမာကျောသောအရာပင်။
ထို့နောက် လုယွီက လေးကြိုးကို ဆွဲတင်လိုက်သည်။လုယွီသည် ဖြည်းညင်းစွာဆွဲလိုက်ခြင်းဖြစ်သော်လည်း သူ့ရှေ့ရှိလေဟာနယ်ကိုသက်ရောက်သွားပုံရသည်။မူလကတည်ငြိမ်နေသော လေဟာနယ်သည် တစတစပြိုလဲစပြုလာကာ လေဟာနယ်အက်ကွဲကြောင်းတစ်ခုထွက်ပေါ်လာသည်။
ရွှေရောင်မြှားတစ်စင်းက လေးကြိုးပေါ်၌ ထွက်ပေါ်လာကာ အကန့်အသတ်မရှိသော နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားသည့်အလားပင်။
ရက်စက်ကြမ်းကြုတ်သော ဖိအားအရှိန်အဝါတစ်ရပ်က ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။
လေးကြိုးကို ဆွဲတင်လိုက်သည့်အချိန်အခိုက်အတန့်တွင် နတ်ဘုရားတစ်ပါး၏ပုံရိပ်ယောင်က လုယွီ၏နောက်၌ ထွက်ပေါ်လာသည်။
ဤသည်မှာ ရှေးဟောင်းစစ်နတ်ဘုရားဆင်းသက်လာခြင်းပင်။
အတိတ်တွင် အမတ်ကြီးချွယ် သင်ကြားပေးခဲ့သောနည်းစနစ်များဖြစ်သည့် ကျူးရုံအစစ်အမှန်ခန္ဓာကိုယ် ရှေးဟောင်းနတ်ဘုရားများ ကောင်းကင်ပေါ်သို့ခြေဆောင့်နင်းခြင်း စသောနည်းစနစ်များသည် နတ်ဘုရားများနှင့်အင်မော်တယ်များကိုပင် ဆွဲဆောင်နိုင်စွမ်းရှိသည်။ထိုနည်းစနစ်များအားလုံးသည် ရှေးဟောင်းခေတ်ရှိ အစွမ်းထက်ကျင့်ကြံသူများထံမှဆင်းသက်လာခြင်းဖြစ်သဖြင့် ထိုအရာများ၏အနှစ်သာရသည် မသန့်စင်မှုများကို ဖယ်ရှားနိုင်စွမ်းရှိသည်။
လေဟာနယ်အတွင်းရှိ စစ်နတ်ဘုရားပုံရိပ်ယောင်ကြီးကိုကြည့်ပြီး နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်သည် သိသာထင်ရှားသော ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားမိလေ၏။
"မင်းတို့ ဘာတွေ ကြောက်နေကြတာလဲ...မင်းတို့အားလုံး ငါ့ရှေ့မှာ မတ်တပ်ရပ်ကြစမ်း"
နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်က အော်ဟစ်လိုက်သည်။
သူပင်လျှင် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားနေရသဖြင့် တခြားရေပေါ်နဂါးများသည် ဆိုဖွယ်ရာပင်မရှိချေ။
ဤမြှား၏စွမ်းအားအောက်တွင် ရေပေါ်နဂါးတိုင်းသည် သူတို့၏နောက်ကျောများကို ထိုးစိုက်ခံရတော့မည်ကဲ့သို့ ခံစားနေရသည်။
အကယ်၍ သူတို့သည်အနည်းငယ်မျှလှုပ်ရှားမှုပြုလုပ်လိုက်ပါက ထိုထက်ရှသောမြှားဖြင့် သူတို့အား ချက်ချင်းသတ်ဖြတ်ခံရတော့မည့်အလားပင်။
ကောင်းကင်ချိုးဖျက်ခံတပ်၏အထက်ရှိ မိုးကောင်းကင်ယံအတွင်း၌ တိမ်မည်းများလွှမ်းခြုံနေသည်။ဤသည်မှာ ထိုမြှားကြောင့် ထွက်ပေါ်လာသော ကောင်းကင်နှင့်မြေပြင်၏သဘာဝလွန်ပုံရိပ်ပင်။
လုယွီ၏နောက်ရှိ စစ်နတ်ဘုရားပုံရိပ်ယောင်ကြီးသည် ကျစ်လစ်သိပ်သည်းနေလုနီးပါးပင်။ဤသည်မှာ ပြိုင်ဘက်ကင်းနတ်ဘုရားတစ်ပါးလောကကြီး၌ ပြန်လည်ထွက်ပေါ်လာသည်နှင့် တူညီနေပေ၏။
"သူ့မှာ ဒီလိုနည်းစနစ်တစ်ခုကို အသုံးပြုဖို့ မှော်စွမ်းအားတွေ ဘယ်လိုလုပ်ပြီး ရှိနေသေးတာလဲ"
နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်းကြီးမားသော ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
အဆင့်မြင့်နတ်ဆိုးမှော်သားရဲများသည် သူတို့ထံရောက်လာနိုင်သော အန္တရာယ်များကို အာရုံခံနိုင်သည့် မွေးရာပါအရည်အချင်းတစ်ခုကိုပိုင်ဆိုင်ထားသည်။
နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်သည် လုယွီ၏လေးနှင့်မြှားမှလာသော ခြိမ်းခြောက်နိုင်စွမ်းရှိသည့် သတ်ဖြတ်လိုခြင်း အရှိန်အဝါတစ်ရပ်ကို ရှင်းရှင်းလင်းလင်း အာရုံခံမိသည်။
"ကြက်သွေးရောင်မီးတောက် နက်နဲသိမ်မွေ့ပုလဲ ငါ့ကို ကာကွယ်ပေးစမ်း"
နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်သည် ရုတ်တရက်အော်ဟစ်ကာ မီးတောက်များလောင်ကျွမ်းနေသော ပုလဲတစ်လုံးကို ထွေးထုတ်လိုက်သည်။
ဤပုလဲသည် နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်၏ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအားများဖြင့် သိပ်သည်းထားခြင်းပင်။ထိုအရာသည် အလွန်အမင်းမြင့်မားသော အရည်အသွေးရှိသည့် မှော်ရတနာတစ်ခုဖြစ်ပေ၏။
ဤသည်မှာ ကျင့်ကြံသူတစ်ယောက်၏ အသက်ကယ်မှော်ရတနာနှင့်တူညီသည်။ထိုအရာကို တစ်စုံတစ်ယောက်၏အစစ်အမှန်သွေးစက်ဖြင့် သန့်စင်ထားရကာ အလွန်အမင်းအစွမ်းထက်သည်။သို့ရာတွင် ထိုမှော်ရတနာသည် အသုံးပြုသောသူနှင့် ချိတ်ဆက်နေပေ၏။အကယ်၍ ဤမှော်ရတနာပျက်စီးသွားပါက အသုံးပြုသောသူသည်လည်း ထိခိုက်ဒဏ်ရာရရှိသွားပေမည်။
ထို့ကြောင့် လူတစ်ယောက်ဖြစ်စေ နတ်ဆိုးသားရဲတစ်ကောင်ဖြစ်စေ သူတို့သည် အန္တရာယ်အကြီးမားဆုံးအချိန်အခိုက်အတန့်မှသာ ယခုကဲ့သို့ အသက်ကယ်မှော်ရတနာမျိုးကိုရအသုံးပြုလေ့ရှိသည်။
ဝီ....
မီးတောက်ပုလဲ၏တုန်ခါသံများနှင့်အတူ တောက်ပသော အနီရောင်အလင်းတန်းများကပုလဲ၏မျက်နှာပြင်မှ ဖြာထွက်လာကာ နတ်ဆိုးသားရဲဧကရာဇ်ရွှမ်ရွှမ်၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ထိုပုလဲ၏မျက်နှာပြင်မှ အလင်းတန်းများသည်တောက်ပပြီး ငါးရောင်ခြယ်သလင်းကျောက်ကဲ့သို့ ကြည်လင်နေကာ နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်ကို အပြည့်အဝကာကွယ်ပေးထားသည်။
ဤကဲ့သို့ပုံပန်းသွင်ပြင်မျိုးသည် အလွန်ရယ်ရွှင်ဖွယ်ကောင်းပေ၏။
နဂါးတစ်ကောင်ဖြစ်သော သူသည် အရွယ်အစားကြီးမားပြီး ကြီးကျယ်ခမ်းနားသောပုံရိပ်မျိုးရှိသည်။သို့ရာတွင်ယခုချိန်၌ သူ့၏ခန္ဓာကိုယ်သည် ပုလဲလုံးအတွင်း၌ လိပ်တစ်ကောင်အလား ခွေခေါက်နေပေ၏။
သို့ရာတွင် မည်သူကမျှ ထိုကိစ္စကို ရယ်မောခြင်းမပြုချေ။
လုယွီ၏နံဘေး၌ မတ်တတ်ရပ်နေသောစစ်သားများပင်လျှင် သူ့၏လက်အတွင်းရှိ လေးနှင့်မြှားထံမှလာသော ဖိအားအရှိန်အဝါကိုခံစားမိသည်။
Chapter 3824
နောက်ဆုံး၌ လုယွီသည် သူ့၏စွမ်းအားများကိုခသူ့လက်အတွင်းရှိ လေးနှင့်မြှားထံတွင် စုဝေးပြီးလေပြီ။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ကောင်းကင်ဘုံဖွင့်လှစ်ခြင်းမြှား
လုယွီသည် ယခုလက်ရှိအချိန်၌ မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်တွင်ရှိနေသည်။သူ့၏နည်းစနစ်ကိုအသုံးပြုချိန်တွင် ယခင်နှင့်တူညီမည်မဟုတ်တော့ချေ။
လုယွီ၏နောက်ရှိ စစ်နတ်ဘုရားပုံရိပ်ယောင်ကြီးသည်လည်း ယခင်ထက်ပို၍ ကျစ်လစ်သိပ်သည်းနေသည်။ထိုစစ်နတ်ဘုရားပုံရိပ်ယောင်ကြီးသည် လေးနှင့်မြှားကိုင်ထားသော ကိုယ်နေဟန်ထားကို အသွင်ယူထားသည်။ထိုပုံရိပ်ယောင်ကြီး၏ လက်အတွင်း၌ ရွှေရောင်အလင်းတန်းများ တောက်ပနေသော မြှားတစ်စင်းရှိနေလေ၏။
"သတ်...."
ညင်သာသောအော်သံတစ်သံနှင့်အတူ မြှားသည် ကျိုင်းကောင်တစ်ကောင်အလား ရှေ့သို့ပျံသန်းသွားသည်။
ထိုရွှေရောင်မြှားပျံသန်းလာစဉ်တွင် လမ်းကြောင်းတလျှောက်လုံးရှိ လေဟာနယ်အဆက်မပြတ်စုတ်ပြဲသွားသည်။မြောက်များစွာသော လေဟာနယ်အက်ကွဲကြောင်းများသည် လူတိုင်း၏မြင်ကွင်းရှေ့၌ ထွက်ပေါ်လာသည်။
ဤမြှားသည် နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်ကို ပစ်မှတ်ထားနေလေ၏။
ဝုန်း....
ကောင်းကင်နှင့်မြေပြင်အကြားတွင် မိုးခြိမ်းသံသဲ့သဲ့ ပျံ့နှံ့နေသည်။ဤသည်မှာ မြှားသည် လေထုကိုဖြတ်သန်းသွားချိန်၌ ထွက်ပေါ်လာသည့် ကျယ်လောင်သောအသံပင်။
ဝှစ်...ဝှစ်...ဝှစ်....
တစ်စုံတစ်ခုကို ထွင်းဖောက်သွားသောအသံများ ဆက်တိုက်မြည်ဟီးလာသည်။နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်၏ရှေ့တွင် ပိတ်ဆို့ထားသော ရေပေါ်နဂါးများသည် နုနယ်သောစာရွက်အပိုင်းအစလေးများအလား ထက်ရှသောမြှား၏ အဆက်မပြတ်ထွင်းဖောက်ခြင်းကို ခံလိုက်ရလေ၏။
သူတို့ခံစားရသောဒဏ်ရာများသည် မြှားတစ်စင်းကြောင့် ရရှိသောဒဏ်ရာများဟု ယူဆ၍ပင်မရချေ။ထိုမြှားပျံသန်းလာခြင်းနှင့်အတူ ပါဝင်နေသောစွမ်းအားသည် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်ဖြင့်ပင် နှိုင်းယှဉ်၍ရသည်။
မြှား၏ထွင်းဖောက်ခြင်းကိုခံရသော မှော်သားရဲများအားလုံး၏ခန္ဓာကိုယ်များ ပေါက်ကွဲသွားကာ သွေးမြူများအဖြစ်ပြောင်းလဲပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားသည်။
"ငါ ဒါကို မယုံကြည်နိုင်ဘူး...ဒါက ဘယ်လိုနည်းစနစ်မျိုးလဲ...ဒါက ငါတို့ နဂါးမျိုးနွယ်ရဲ့နတ်ဘုရားစွမ်းရည်ကို အမှီလိုက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်၏နှလုံး ကဆုန်စိုင်းခုန်ပေါက်နေသည်။သူသည် ရုတ်တရက်ဟိန်းဟောက်ကာ နဂါးအမြူတေကို အသက်သွင်းပြီး သူ့၏သလင်းအကာအကွယ်ကို ထပ်မံ၍အားဖြည့်လိုက်သည်။
ဝုန်း....
ထိုမြှားသည် နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်နှင့် မီတာအနည်းငယ်အကွာသို့ရောက်ရှိချိန်တွင် ရွှေရောင်မြှားသည် ရုတ်တရက် မြှားငါးစင်းအဖြစ်သို့ ကွဲထွက်သွားသည်။မြှားတစ်စင်းစီတွင် မြင့်မားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒပါဝင်နေကာ ယခင်ထက်ရှသောမြှား၏အထွတ်အထိပ်အခြေအနေနှင့် နီးကပ်သောစွမ်းအားမျိုး ပါရှိသည်။
ခရက်...ခရက်...ခရက်...
ထက်ရှသောရွှေရောင်မြှားတစ်စင်းသည် နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်၏ သလင်းအကာအကွယ်ကို ထွင်းဖောက်သွားသည်။အက်ကွဲကြောင်းတစ်ကြောင်းက သလင်းအကာကွယ်ထံတွင် ချက်ချင်းထွက်ပေါ်လာပေ၏။
နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်သည် စိတ်ပျက်လက်ပျက်ဟိန်းဟောက်ကာ သူ့၏မှော်စွမ်းအားများအားလုံးကို သလင်းအကာအကွယ်အလွှာအတွင်းသို့ ထည့်သွင်းလိုက်သည်။
မီးတောက်ပုလဲဖြင့်ဖွဲ့စည်းထားသော သလင်းအကာအကွယ်မှ ထူးဆန်းသောအလင်းရောင်များတစ်ဖျတ်ဖျတ် တောက်ပနေကာ ကြည့်ရသည်မှာ အလွန်အမင်း ကျစ်လစ်မာကြောပုံရသည်။
သို့ရာတွင် ထိုအရာသည် ရွှေရောင်မြှားနှင့်ထိတွေ့မိသည်နှင့် ကျစ်လစ်မာကြောသောရေခဲသည် မီးနှင့်ထိတွေ့မိသည်အလားပင်။ထိုအရာသည် ချက်ချင်းဆိုသလိုပင် အရည်ပျော်စပြုလာသည်။
"အား...."
နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်သည် ရုတ်တရက် သွေးပျက်ဖွယ်အော်သံကြီးဖြင့် အော်ဟစ်လိုက်၏။
သူ့ရှေ့ရှိ သလင်းအကာအကွယ်သည် အသက်ရှူချိန်အနည်းငယ်သာတောင့်ခံနိုင်ပြီးနောက် ကြေမွှပျက်စီးသွားတော့သည်။
မြှားတစ်စင်းသည် သလင်းအကာအကွယ်ကို ထွင်းဖောက်ပြီးနောက် သူ့၏နဂါးလက်သည်းနှစ်စုံအနက်မှတစ်ခုကို ထိုးစိုက်မိသွားသည်။
နဂါးဧကရာဇ်ရွှမ်ရွမ်၏ နဂါးလက်သည်းတစ်ဖက်ကို မြှားတစ်စင်းမှတိုက်ရိုက်ထွင်းဖောက်သွားသဖြင့် သွေးများယိုစီးကျလာသည်။
နဂါးလက်သည်းမှ ဖြာကျလာသောနဂါးသွေးများသည် ပွက်ပွက်ဆူသည်အထိပူပြင်းနေကာ မြေပြင်ပေါ်သို့ ကျရောက်သွားသည့်အချိန်တွင် အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။
နဂါးသွေးများသည် နဂါးမျိုးနွယ်များအတွက်အလွန်အမင်း အရေးကြီးဆုံးသောအရာပင်။နဂါးသွေးအမြောက်အများကို ဆုံးရှုံးရခြင်းသည် ရွှမ်ရွှမ်အတွက် ကြီးမားသောလေလွင့်မှုကြီးတစ်ခုပင်။
နဂါးဧကရာဇ်ရွှမ်ရွှမ်သည် နောက်ဆုံး၌ သူ့၏စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်ကြောက်ရွံ့မှုကို တောင့်မခံနိုင်တော့သဖြင့် နောက်သို့ပြန်လှည့်ကာ ထွက်ပြေးခဲ့တော့သည်။
သူသည် အမှန်တကယ်ကို ထိတ်လန့်ကြောက်ရွံ့နေလေပြီ။
သို့ရာတွင် သူ မည်မျှပင်စဉ်းစားတွေးသောနေပါစေ ထိုမြှား၏စွမ်းအားသည် ဤကဲ့သို့အလွန်ဝေးကွာသောနေရာအထိ စွမ်းအားလျော့ကျသွားခြင်းမရှိဘဲ ယခင်အတိုင်း အစွမ်းထက်နေခြင်းကိုသူ ရှာဖွေဖော်ထုတ်၍မရချေ။
သူသည် ယခင်ကတည်းက အကွာအဝေးကိုတွက်ချက်ထားပြီးဖြစ်သည်။အကယ်၍ စိတ်ဝိညာဥ်အမြှောက်များဆိုလျှင်ပင် ဤမျှထိဝေးကွာသောနေရာသို့ ရောက်ရှိလာချိန်တွင် ထိုအရာ၏စွမ်းအား အကြီးအကျယ်လျော့ကျသွားပေမည်။
ဝှစ်...ဝှစ်...ဝှစ်..
ရုတ်ချည်းဆိုသလိုပင် နောက်ထပ်ထက်ရှသောမြှားသုံးစင်းသည် လေထုကိုထွင်းဖောက်လာကာ ရွှမ်ရွှမ်၏တခြားနဂါးလက်သည်းသုံးခုအတွင်းသို့ စိုက်ဝင်သွားသည်။
ထိုရွှေရောင်မြှားများသည် ဆင်းသက်လာသည်နှင့် ပြင်းထန်သောပေါက်ကွဲအားတစ်ရပ်နှင့်အတူ ချက်ချင်းပေါက်ကွဲသွားခဲ့သည်။
နဂါးဧကရာဇ်ရွှမ်ရွှမ်၏ နဂါးလက်သည်းလေးချောင်းလုံးသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားပြီးနောက်သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ပြင်းထန်သောနာကျင်မှုက နဂါးဧကရာဇ်ရွှမ်ရွှမ်၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။ သူ့၏ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် တွန့်လိမ်နေသော်လည်း ထို့နောက်မှနေ၍ တခြားထက်ရှသောမြှားတစ်စင်းက သူ့ထံသို့ ပျံသန်းလာသည်။
ဝှစ်ခနဲအသံနှင့်အတူ ထိုမြှားသည် လေထုကိုဖြတ်သန်းလာပြီးနောက် နဂါးအမြှီးကို ထိုးစိုက်ကာ သံရိုက်ထားသည့်အလား မြေကြီးအတွင်းသို့ နစ်ဝင်သွားစေသည်။
ထိုမြှားသည် သူ့၏နဂါးကြေးခွံများကိုလည်း ထွင်းဖောက်သွားခဲ့သည်။အနီရင့်ရောင်နဂါးသွေးများက ထိုဒဏ်ရာများမှ ယိုစီးကျနေပေ၏။
Chapter 3825
ဤသည်ကြောင့် နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်သည် မလှုပ်ရှားနိုင်တော့ချေ။
ဤပြင်းထန်သောနာကျင်မှုသည် နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်ကို မည်သည့်အတွေးမျှ မတွေးနိုင်စေရန်ပင် ပြုလုပ်နိုင်ခဲ့သည်။သူသည် နဂါးမျိုးနွယ်ဝင်တစ်ကောင်ဖြစ်နေသည့်တိုင် ဤကဲ့သို့နာကျင်မှုမျိုးသည် အလွန်ပြင်းထန်ပေ၏။
ရွှမ်ရွှမ်သည် သူ့၏ကြီးမားသောနဂါးခေါင်းကြီးကို ဝဲယာလှည့်ကာ ရှောင်တိမ်းလိုသော်လည်း သူ့မျက်လုံးဖြင့် မြင်တွေ့သမျှ နေရာအတွင်းတွင် မြှားတစ်စင်းက သူ့ထံသို့ တန်းတန်းမတ်မတ်ပျံသန်းလာသည်။
"မလုပ်နဲ့..."
ရွှမ်ရွှမ်သည် စူးရှကျယ်လောင်စွာဖြင့် ဒေါသတကြီးဟိန်းဟောက်ပြီးနောက် မြှားတစ်စင်းက သူ့၏ခေါင်းအတွင်းသို့ ထွင်းဖောက်ဝင်ရောက်သွားတော့သည်။
ထိုမြှားသည် ရွှမ်ရွှမ်၏ခေါင်းအတွင်းသို့ထွင်းဖောက်ပြီးသည်နှင့် အတွင်းတွင်ပါဝင်သောနတ်ဘုရားစွမ်းအားများ ချက်ချင်းပေါက်ကွဲသွားသည်။ရွှမ်ရွှမ်၏နဂါးခေါင်းသည်လည်း ရုတ်တရက် ပေါက်ကွဲသွားကာ သွေးများယိုစီးကျလာသည်။
နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်၏မျက်လုံးများ ပြူးကျယ်နေကာ သူသည် အလွန်ကြီးမားသောနောင်တများဖြင့် သေဆုံးသွားခဲ့ရသည်။
အစောပိုင်းက သူသည် ကောင်းရှို့ကို ညှဉ်းပန်းနှိပ်စက်ရန်အတွက် တိုက်ခိုက်မှုကို ခြောက်ကြိမ်ဆက်တိုက်ပြုလုပ်ခဲ့သည်။
ယခုအချိန်၌ လုယွီသည် သူ ပြောခဲ့သည့်စကားအတိုင်း မြှားခြောက်စင်းကိုအသုံးပြု၍ နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်ကို ကောင်းရှို့မသေဆုံးမီ ကြုံတွေ့ခဲ့ရသည့် နာကျင်မှုကိုခံစားစေခဲ့သည်။
နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်၏အလောင်းသည်မြေပြင်၌ နက်ရှိုင်းစွာနစ်ဝင်နေလေ၏။မှော်စွမ်းအားများဖြင့် သိပ်သည်းထားသောမြှားများသည် အစိုင်အခဲအဖြစ်သို့ ရောက်ရှိနေပုံရကာ အချိန်အတော်ကြာသည့်တိုင် ပျက်ပြယ်သွားခြင်းမရှိချေ။
ဤမြင်ကွင်းသည် ချက်ချင်းဆိုသလိုပင် ထန်စစ်တပ်တစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေသည်။
ထန်စစ်တပ်မှစစ်သားများနှင့် ပင်လယ်နတ်ဆိုးမှော်သားရဲများသည် မြေပြင်ပေါ်တွင်နစ်ဝင်နေသော ရွှမ်ရွှမ်ကို ငုံကြည့်ကာ အချိန်အတော်ကြာသည်အထိ စကားတစ်လုံးမျှ ပြောဆိုနိုင်ခြင်းမရှိချေ။
ဤသည်မှာ နတ်ဆိုးဧကရာဇ်နယ်ပယ် အစွမ်းထက်နတ်ဆိုးမှော်သားရဲတစ်ကောင်ဖြစ်ပြီး ဤနေရာသည် မြို့ရိုးနှင့်အလွန်ဝေးကွာသောနေရာတွင် တည်ရှိသည်။
သို့ရာတွင် သူသည် ယခုကဲ့သို့ အမှန်တကယ်သေဆုံးသွားခဲ့ရသလော....
ယခုလက်ရှိနေရာတွင်ရှိနေသော နတ်ဆိုးမှော်သားရဲများအတွက် နတ်ဆိုးဧကရာဇ်များသည် နတ်ဆိုးမှော်သားရဲမျိုးနွယ်၏ အမြင်မားဆုံးထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဖြစ်ကာ ပြိုင်ဘက်တည်ရှိမှုကြီးများပင်။
သို့ရာတွင် ယခုအချိန်၌ သူသည် စဥ့်နီတုံးပေါ်ရှိ ငါးတစ်ကောင်အလား သတ်ဖြတ်ခြင်းခံလိုက်ရသည်။
နတ်ဆိုးသားရဲများသည် အသိစိတ်ပြန်ဝင်လာခြင်းမရှိသေးမီမှာပင် လုယွီ၏ကျယ်လောင်ပြီးကြည်လင်ပြတ်သားသောအသံက မိုးကောင်းကင်ယံအတွင်း၌ တဖန်ထပ်၍ ပဲ့တင်ထပ်လာသည်။
"နတ်ဆိုးမှော်သားရဲတွေက ငါတို့စစ်တပ်ဘက်က စစ်အကျဉ်းသားဆယ့်ငါးယောက်ကို သတ်ဖြတ်ခဲ့တယ်...ဒါကြောင့် ငါက အကြွေးပြန်ယူတဲ့အနေနဲ့ နတ်ဆိုးသားရဲအကောင်တစ်သောင်းခွဲကို ဖျက်ဆီးရလိမ့်မယ်"
လုယွီ၏အသံ ကျရောက်လာသည်နှင့်အတူ သူသည် နောက်ထပ်ထက်ရှသောမြှားတစ်စင်းကို ပစ်လွှတ်လိုက်ကာ မိုးကောင်းကင်ယံအတွင်းသို့ တန်းတန်းမတ်မတ်ပျံသန်းသွားသည်။
ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံအတွင်းရှိ တိမ်တိုက်များမှနေ၍ တောက်ပသောလျှပ်စီးမိုးကြိုးအလင်းရောင်များ ဖြာထွက်လာသည်။
အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် မြောက်များစွာသော ရွှေရောင်မြှားများသည် မိုးရွာချသည့်အလား မိုးကောင်းကင်ယံမှ ဆင်းသက်လာပေ၏။
ဝှစ်...ဝှစ်...ဝှစ်...
နတ်ဆိုးသားရဲအုပ်စုသည် ဖရိုဖရဲဖြစ်သွားကာ သူတို့အားလုံးသည် နောက်သို့အလျင်အမြန် ရှောင်ပြေးကြတော့သည်။ထန်စစ်တပ်သည် သူတို့၏နောက်မှနေ၍ မည်မျှပင် စီမံကွပ်ကဲနေသည်ဖြစ်စေ နတ်ဆိုးမှော်သားရဲများသည် ဂရုမစိုက်တော့ချေ။
နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်၏ မရှုမလှသေဆုံးခဲ့ရသောမြင်ကွင်းက သူတို့၏မျက်လုံးရှေ့တွင် လတ်လတ်ဆတ်ဆတ်ရှိနေဆဲပင်။
သို့ရာတွင် မြှားမိုးများကျဆင်းလာပြီးနောက် မကြာမီမှာပင် နတ်ဆိုးသားရဲအမြောက်အများကို ရွှေရောင်အလင်းတန်းတစ်တန်းက လွှမ်းခြုံသွားသည်။
နတ်ဆိုးသားရဲများ၏သွေးများယိုစီးကျလာကာ အသွေးအသားများက နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားလေ၏။
သောင်းနှင့်ချီသော နတ်ဆိုးမှော်သားရဲများသည် မြှားမိုးများအကြား၌ သေကြေပျက်စီးသွားကာချက်ချင်းဆိုသလိုပင် သွေးအိုင်များအတွင်းသို့ လဲကျသွားတော့သည်။
"ပြေးကြတော့"
ကြွင်းကျန်သောနတ်ဆိုးမှော်သားရဲများသည် သူတို့၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများလုံးလုံးလျားလျား ပျောက်ကွယ်သွားကာ သူတို့၏ဆင်ခြင်တုံတရားတချို့သည်လည်း ဆုံးရှုံးသွားလေပြီ။သူတို့သည် နောက်တွင်ရှိနေသော ထန်စစ်တပ်၏စစ်စခန်းထံသို့ တရကြမ်းပြေးဝင်လိုက်ကြတော့သည်။
နတ်ဆိုးသားရဲစစ်တပ်သည် အပြတ်အသတ်ရှုံးနိမ့်သွားလေပြီ။
တိုက်ပွဲစစ်မြေပြင်၌ နတ်ဆိုးသားရဲစစ်တပ်သည် ထန်စစ်သားများ ထိတ်လန့်ကြောက်ရွံ့ဆုံးအရာများအနက်မှ တစ်ခုပင်။
တစ်ချိန်က ထန်စစ်သားတချို့သည် အလွန်အမင်းထိတ်လန့်ကြောက်ရွံ့နေသဖြင့် သူတို့၏စိတ်အခြေအနေသည် စစ်စခန်းတစ်ခုလုံးပေါ်သို့ သက်ရောက်သွားသောကြောင့် စစ်တပ်တစ်ခုလုံးကို ပြိုလဲသွားစေခဲ့သည်။
ထို့ကြောင့် ထန်စစ်တပ်၏စစ်စခန်းတစ်ခုစီ၌ ဤနတ်ဆိုးမှော်သားရဲများကို စောင့်ကြည့်ရန်အတွက် စီမံကွပ်ကဲရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းထားခဲ့သည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ စီမံကွပ်ကဲရေးအဖွဲ့သည် အသုံးမဝင်တော့ချေ။
ထိတ်လန့်ကြောက်ရွံ့နေသော နတ်ဆိုးမှော်သားရဲများသည် ရူးသွပ်နေသည့်အလားနောက်သို့ဆုတ်ခွာလာကြလေ၏။ထိုနတ်ဆိုးမှော်သားရဲများထံတွင် သူတို့၏ဆင်ခြင်တုံတရားများ ပျောက်ကွယ်နေလေပြီ။
စီမံကွပ်ကဲရေးအဖွဲ့မှ ထန်စစ်သားအမြောက်အများသည် နတ်ဆိုးမှော်သားရဲများကို ပိတ်ဆို့ဟန့်တားလိုက်သော်လည်း သူတို့အားလုံး လွင့်ထွက်သွားကြသည်။တချို့ဆိုလျှင် နတ်ဆိုးမှော်သားရဲများ၏တက်နင်းခံရခြင်းကြောင့် သေဆုံးသွားခဲ့ရသည်။
ထိုအချိန်မှာပင် ကောင်းကင်ချိုးဖျက်ခံတပ်၏အထက်မှာနေ၍ အံ့အားသင့်မှုနှင့်ပျော်ရွှင်မှုများ ရောယှက်နေသည့် ကျယ်လောင်သောအသံကြီး ရုတ်တရက်ထွက်ပေါ်လာသည်။
"ထန်စစ်တပ် နောက်ဆုတ်သွားပြီ"
မျှော်လင့်ထားသကဲ့သို့ပင် အဝေးတစ်နေရာတွင်ရှိနေသော ထန်စစ်တပ်မှအလံများ စတင်၍လှုပ်ခတ်စပြုလာသည်။
ဘုန်း...ဘုန်း....ဘုန်း...
ထန်စစ်တပ်သည် ယုတ်လျော့သွားသောဒီရေများအလား နောက်သို့ဆုတ်ခွာသွားလေ၏
ကောင်းကင်ချိုးဖျက်ခံတပ်ရှိ မြို့ရိုးပေါ်တွင်...
ဝမ်းသာအားရဟစ်ကြွေးမှုများအကြား၌ ကောင်းကင်ချိုးဖျက်ခံတပ်မှ မဟာစစ်ဗိုလ်ချုပ်များသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
Thank For Reading.