ရင်းနှီးမြှုပ်နှံမှု
Vol. 15 Ch. 148
စူပါမားကက်ဝန်ထမ်းလေးသည် ဝယ်ယူထားသော ကုန်ပစ္စည်းများကို တစ်ခုချင်းစီ စက်ဖြင့် စစ်ဆေးနေသည်။ "တီ... တီ..." ဟူသော အသံများနှင့်အတူ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ကိန်းဂဏန်းများ တရိပ်ရိပ် တက်လာခဲ့သည်။
"စုစုပေါင်း ၁၂၈၀ ယွမ် ကျသင့်ပါတယ်ခင်ဗျာ”
ဝန်ထမ်း၏ စကားအဆုံးတွင် မင်ယွဲ့က သူမ၏ ဖုန်းကို ထုတ်ယူကာ QR Code ကို ကျွမ်းကျင်စွာ စကန်ဖတ်၍ ငွေပေးချေလိုက်သည်။
ဘေးမှ ကြည့်နေသော မင်ချန်မှာမူ အံ့အားသင့်သွားရသည်။ သူရွေးချယ်ခဲ့သော မုန့်နှင့် အချိုရည်များက ယခုမျှအထိ တန်ဖိုးရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"နင်တို့ နှစ်သစ်ကူးအတွက် ဘာလက်ဆောင် လိုချင်သေးလဲ”
သူတို့မောင်နှမ သုံးဦးသည် ပစ္စည်းအပြည့်ထည့်ထားသော အိတ်ကြီးများကိုယ်စီ ဆွဲလျက် ကားဆီသို့ လျှောက်လာကြစဉ် မင်ယွဲ့က မေးလိုက်
သည်။
"ကျွန်တော် ဘာမှမလိုချင်တော့ပါဘူး မမ”
မင်ချန်က စိတ်ကျေနပ်မှုအပြည့်နှင့် ပြန်
ဖြေသည်။
ယခု သူပိုင်ဆိုင်ထားသော ဘဝမှာ အရင်က အိမ်မက်ပင် မမက်ရဲခဲ့သော အရာဖြစ်သည်။
အတန်းဖော်များထက် သာလွန်ကောင်းမွန်သော လူနေမှုအဆင့်အတန်းကို ရရှိနေပြီဖြစ်ရာ ထပ်မံတောင်းဆိုစရာ အထူးအထွေ မရှိတော့ပေ။
မင်ကျောက်သည်လည်း ထပ်တူပင် ခံစားရသည်။ မိဘများက ဟိုတယ်လုပ်ငန်းဖြင့် ဝင်ငွေကောင်းနေသဖြင့် သူမအတွက်လည်း လိုလေသေးမရှိ ပြည့်စုံနေပြီဖြစ်သည်။
"ကောင်းပြီလေ၊ ဒါဆိုရင်တော့ လက်တွေ့အကျဆုံးဖြစ်တဲ့ မုန့်ဖိုးပဲ ပေးတော့မယ်”
မင်ယွဲ့က ပြုံးလျက် ပြောလိုက်သည်။
ခေတ္တအကြာတွင် မင်ကန်းသည်လည်း လက်ဆောင်ပစ္စည်း အထုပ်အပိုးများစွာကို သယ်ဆောင်လျက် ရောက်ရှိလာသည်။
"ကန်လေး... ပစ္စည်းတွေ အကုန်ဝယ်လို့ ပြီးပြီလား”
"ပြီးပြီ... ကျေးဇူးပဲ မင်ယွဲ့၊ လိုက်ပို့ပေးလို့”
သူတို့တစ်သိုက် ရွာသို့ ပြန်ရောက်လာချိန်တွင် မင်ယွဲ့ ကားအသစ်ဝယ်လိုက်သည့် သတင်းမှာ လေအဟုန်ဖြင့် ပျံ့နှံ့သွားတော့သည်။
ကျေးလက်တောရွာများ၏ သတင်းစီးဆင်းမှု မြန်ဆန်ပုံမှာ ငြင်းမရသော်လည်း တိကျမှုအပိုင်းတွင်မူ လွဲချော်မှုများ ရှိနေတတ်သည်။ ထို့ကြောင့် ရွာသားအချို့က မင်ယွဲ့အိမ်သို့ အပြေးအလွှား လာရောက်စပ်စုကြတော့သည်။
"မင်ယွဲ့... နင် ကားအကြီးကြီးတစ်စီး ဝယ်
လိုက်တယ်ဆို မိန်းကလေးတစ်ယောက်က ဒီလောက် ကုန်တင်ကားအကြီးကြီးကို ဘယ်လိုမောင်းမှာလဲအေ”
မင်ယွဲ့မှာ ကြားရသည့်စကားကြောင့် ဆွံ့အသွားရသည်။ သူမဝယ်လိုက်သော SUV ကားမှာ လူပြောသူပြောဖြင့် မည်သို့မည်ပုံ ကုန်တင်ကားကြီးအဖြစ် ပြောင်းလဲသွားသည်ကို စဉ်းစားမရပေ။
"အဘကြီးရယ်... ဒါက SUV လမ်းကြမ်းမောင်းကားပါ၊ ကုန်တင်ကား မဟုတ်ပါဘူး”
"လမ်းကြမ်းမောင်းကား အဲဒါ တောထဲတောင်ထဲ မောင်းတဲ့ ထွန်စက်လိုမျိုးလား ကြားရတာတော့ သိပ်မသေချာသလိုပဲ”
မင်ယွဲ့မှာ ခေါင်းခါရုံမှတစ်ပါး အခြားမရှိတော့ပေ။ ရွာသားများက ခြံထဲရှိ နက်မှောင်ပြောင်လက်နေသော ကားကြီးကို သေချာကြည့်ရှုပြီးမှသာ ကုန်တင်ကားမဟုတ်ဘဲ ခန့်ညားထည်ဝါသော ကားကောင်းတစ်စီးဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
【ဒင် — အိမ်ရှင်၏ ဆွဲဆောင်မှုတန်ဖိုးမှာ ၉၀ သို့ ရောက်ရှိသွားပါပြီ။ ဤသည်မှာ သန်းပေါင်းများစွာထဲတွင် တစ်ဦးတည်းသာရှိသော ထူးကဲသည့် အလှတရားပင် ဖြစ်သည်။ စနစ်မှ အထူးဆုလာဘ် ထုတ်ပေးပါမည်။】
သူမ၏ ဆွဲဆောင်မှုတန်ဖိုးမှာ မပြောင်းလဲသည်မှာ ကြာပြီဖြစ်ရာ ယခုကဲ့သို့ ရုတ်တရက် တိုးတက်လာခြင်းက မင်ယွဲ့ကို အံ့အားသင့်စေသည်။
【ဒင် — ဆုလာဘ်အဖြစ် "စူးကျိုး ပန်းထိုးပညာ" ကို ချီးမြှင့်လိုက်သည်။】
ဤဆုလာဘ်မှာ စနစ်အနေဖြင့် သူမကို ကိုယ်ကျင့်တရား၊ ပညာ၊ ကျန်းမာရေးနှင့် အနုပညာရသ ပြည့်စုံသော သူဌေးမတစ်ဦးအဖြစ် ပြုစုပျိုးထောင်လိုသည့် သဘောပင်ဖြစ်သည်။ မင်ယွဲ့ အခန်းထဲသို့ဝင်ကာ စနစ်၏ အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
* ဆွဲဆောင်မှု: ၉၀ (၁၀၀) 【ရင်သပ်ရှုမောဖွယ် အလှတရား】
* ပိုင်ဆိုင်မှု: ၃၃၀,၆၆၄,၂၀၀,၀၀၀ ယွမ် (ယွမ် ၃၃၀ ဘီလီယံကျော်)
* လုပ်ငန်းများ: ယွဲ့ဟွာနည်းပညာ ၇၅%၊ ဆောင်းမို မီဒီယာ ၃၀%၊ ဝေကွမ်လုပ်ငန်းစု ၅၀%
မင်ယွဲ့သည် သူမ၏ ပိုင်ဆိုင်မှုများနှင့် စွမ်းရည်များကို ကြည့်ရင်း ကျေနပ်မိသော်လည်း 'ငွေပြန်အမ်းကတ်' ကို အသုံးမပြုရသေးသည်ကို သတိပြုမိသွားသည်။
သက်တမ်းမှာ ၁၀ ရက်သာ ကျန်တော့သဖြင့် အချိန်တိုအတွင်း ငွေအမြောက်အမြား သုံးစွဲနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းသစ်ကို ရှာဖွေရပေတော့မည်။
သူမသည် ဒါရိုက်တာစုန့်ထံသို့ ချက်ချင်း ဖုန်းဆက်လိုက်သည်။ ဒါရိုက်တာစုန့်မှာ ရိုက်ကွင်းပေါ်တွင် ရှိနေသော်လည်း မင်ယွဲ့၏ ဖုန်းဖြစ်သောကြောင့် အရာအားလုံးကို ရပ်တန့်ကာ ဖုန်းကိုင်
လိုက်သည်။
"မစ္စမင်... ကျွန်တော်လည်း မမကို ပြောစရာ ရှိနေတာနဲ့ အတော်ပဲ”
"ဒါရိုက်တာစုန့်... ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ပြောပါ"
ဟု မင်ယွဲ့က ဆိုလိုက်သည်။
ဒါရိုက်တာစုန့်က သက်ပြင်းတစ်ချက်ချကာ—
"ကျွန်တော့်ရဲ့ တပည့်တစ်ယောက်က မျိုးဆက်သစ် ဒါရိုက်တာပါ သူက ဖျော်ဖြေရေးအစီအစဉ်တစ်ခု ရိုက်ကူးချင်နေတာ သူ့ကို ကျွန်တော် အများကြီး မျှော်လင့်ထားပေမဲ့ အခုက ရင်းနှီးမြှုပ်နှံမှုပိုင်းမှာ အခက်အခဲလေးတွေ ဖြစ်နေလို့ပါ"
ဟု ဝန်ခံလာသည်။
အနုပညာလောကသည် လူသစ်များအတွက် မျက်နှာသာမပေးတတ်သည်ကို မင်ယွဲ့ သိရှိသည်။ ဒါရိုက်တာစုန့်က မင်ယွဲ့နှင့် လူချင်းတွေ့ဆုံပေးလိုသော်လည်း သူမက ရွာသို့ ပြန်ရောက်နေပြီဖြစ်သည်။
"ကောင်းပြီလေ... အချိန်ရရင် အစီအစဉ်နဲ့ စာချုပ်တွေကို ယူပြီး ကျွန်မဆီ လာခဲ့ပါအစီအစဉ်က ကောင်းမယ်ဆိုရင် ကျွန်မ ရင်းနှီးမြှုပ်နှံပါ့မယ်”
"တကယ်လားဗျာ”
ဒါရိုက်တာစုန့်မှာ ဝမ်းသာအားရ ဖြစ်သွားသည်။
သူသည် သူ၏တပည့်ဖြစ်သူ ဝူလျန်ကို ချက်ချင်းဖုန်းဆက်ကာ—
"ဝူလျန်... မင်းရဲ့ စီမံကိန်းတွေကို အမြန်ထုပ်ပိုးပြီး ငါနဲ့လိုက်ခဲ့တော့"
ဟု အမိန့်ပေးလိုက်သည်။
ဒါရိုက်တာစုန့်သည် လက်ထောက်ဒါရိုက်တာကို ရိုက်ကွင်းလွှဲအပ်ခဲ့ပြီး တပည့်ဖြစ်သူကို ခေါ်ဆောင်ကာ မင်ယွဲ့ရှိရာ မြို့ကလေးသို့ လေယာဉ်ဖြင့် အပြေးအလွှား လာခဲ့ကြတော့သည်။
မင်ယွဲ့သည် သူတို့နှစ်ဦးကို မြို့နယ်အတွင်းရှိ စားသောက်ဆိုင်တစ်ခုတွင် တွေ့ဆုံရန် ချိန်းဆိုလိုက်ပါတော့သည်။