အခန်း (၃၈၂၆-၃၈၂၉)
Vol. 195 Ch. 3826-3829
Chapter 3826
မြို့ရိုးပေါ်တွင်ရှိနေသော စစ်သားအမြောက်အများသည် လုယွီ၏နာမည်ကို အော်ဟစ်နေကြလေ၏။
မြင့်မားသောအတိုးနှုန်းဖြင့် ငွေချေးခြင်းကို ဖျက်သိမ်းခဲ့ခြင်း လောဘကြီးသူများကိုအပြစ်ပေးခြင်းတို့ဖြင့် လုယွီသည် လူအများကို လုံလောက်သည်အထိ စိတ်ဓာတ်တက်ကြွစေပြီးဖြစ်သည်။
ထို့နောက် ရှေ့တန်းတွင် လုယွီ ထုတ်ဖော်ပြသခဲ့သောခွန်အားသည် စစ်သားများအားလုံး၏ ယုံကြည်လက်ခံမှုကို ရရှိစေခဲ့သည်။
စစ်တပ်အတွင်း၌ ခွန်အားသည်သာ ရိုသေလေးစားမှုခံယူရဆုံးပင်။ဝမ်ရှင်းအမတ်ကြီးသည် လှောင်ပိတ်ခံထားရသောကြောင့်ကောင်းကင်ချိုးဖျက်ခံတပ်တစ်ခုလုံးတွင် နောက်ခံကျောရိုး ဆုံးရှုံးနေခဲ့သည်။စုန်ချင်းဖုန်းသည် နံပါတ်တစ်နည်းဗျူဟာရှင်အဖြစ် လူသိများကျော်ကြားသော်လည်း သူသည် စာပေပညာရှင်တစ်ယောက်သာဖြစ်သဖြင့် သူ့ထံတွင် လုံလောက်သောခွန်အားမရှိချေ။
လုယွီသည် ကြီးမားသောစွမ်းအားကို အသုံးပြုကာ မြှားတချပ်တည်းဖြင့် နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်ကို သတ်ဖြတ်ခဲ့ခြင်းသည် နတ်ဆိုးသားရဲများအားလုံးကို ထိတ်လန့်ကြောက်ရွံ့သွားစေသည်သာမက ယခုလက်ရှိနေရာတွင်ရှိနေသော မဟာစစ်ဗိုလ်ချုပ်များကိုလည်း အံ့အားသင့်တုန်လှုပ်စေခဲ့သည်။
"သူက ထိပ်သီးကျောင်းတော်သားတစ်ယောက်ဖြစ်နေတာ အံ့အားသင့်စရာမရှိတော့ဘူး....တော်ဝင်စာမေးပွဲမှာ ပါရမီရှင်တွေက ဘယ်လိုစစ်ဆေးမှုမျိုးတွေကို ဖြတ်ကျော်ရလဲဆိုတာ ငါ အရမ်းသိချင်မိတယ်"
ယင်ထျန်းမင်သည် လုယွီကိုမြင်တွေ့ချိန်တွင် သူ့၏စိတ်နှလုံးသားအတွင်း၌ ရှက်ရွံသွားသောခံစားချက်များ ထွက်ပေါ်လာသည်။
ယခင်က လုယွီ ရောက်ရှိလာသောအချိန်တွင် သူသည် အမှန်တကယ်ကို မနာလိုဖြစ်နေမိသည်။ လုယွီ၏အသက်သည် အလွန်ငယ်ရွယ်သဖြင့် ယင်ချန်းမင်သည် သူ့အား အထင်အမြင်သေးနေခဲ့လေ၏။
သို့ရာတွင် ယခုလက်ရှိအချိန်၌ လုယွီသည် ကောင်းကင်ဘုံဖွင့်လှစ်ခြင်းမြှားကို အသုံးပြုလိုက်စဉ်တွင် သူသည် လုံးလုံးလျားလျား အံ့အားသင့်တုန်လှုပ်သွားခဲ့သည်။
ယင်ထျန်းမင်သည် သူ့ကိုယ်သူ ပြန်လည်၍ မေးခွန်းထုတ်လိုက်၏။အကယ်၍ သူသည် နောက်ထပ်ကျင့်ကြံဆင့်နယ်ပယ်တစ်ခုကို ချိုးဖျက်ဝင်ရောက်နိုင်လျှင်ပင် ဤကဲ့သို့ နည်းစနစ်ကိုတစ်ခုကို အသုံးပြုနိုင်စွမ်းမရှိမည်ကို သူ စိုးရိမ်မိသည်။
"ဒါတောင်မှ ငါ့အရှင်ရဲ့ဒဏ်ရာတွေက အခုထိ ကောင်းမွန်သေးတာမဟုတ်ဘူး...မဟုတ်ရင် ဒီနံစော်နေတဲ့ငါးတွေနဲ့ ပုပ်ပွနေတဲ့ပုစွန်တွေအားလုံး သေဆုံးသွားလိမ့်မယ်"
ဆန့်ကျင်ဘက်အနေဖြင့် လန်ဝူရှင်းတစ်ယောက်တည်းသာ အလွန်အမင်းတည်ငြိမ်အေးဆေးနေသည်။
သူသည် လုယွီ၏နောက်သို့ ဤနေရာထိ လမ်းတလျှောက်လုံး လိုက်ပါလာခဲ့သည်။လုယွီသည် နတ်ဘုရားများနှင့်ဗုဒ္ဓများကိုပင် သတ်ဖြတ်ခဲ့ကာ သူ့ထံတွင် တာအိုသခင်တစ်ယောက်၏စွမ်းအားကိုပင် ကွယ်ဝှက်ထားလေ၏။ထိုကြောင့် ဤမြှားတစ်စင်းကို အသုံးပြုနိုင်စွမ်းရှိသည်မှာ သူ့အတွက် အနည်းငယ်မျှအံ့အားသင့်စရာမရှိချေ။
လန်ဝူရှင်း၏စကားကိုကြားချိန်တွင် သူ့၏နံဘေးတွင်ရှိနေသော မဟာစစ်ဗိုလ်ချုပ်များအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။ဖြစ်နိုင်သည်မှာ လုယွီ၏စွမ်းအားသည် ယခုလက်ရှိအချိန်တွင် အထွတ်အထိပ်အဆင့်၌ရှိမနေသလော။
ထိုသို့ဆိုပါက သူ့၏စွမ်းအားအထွတ်အထိပ်အဆင့်၌ရှိနေစဉ်တွင် သူသည် မည်မျှထိအစွမ်းထက်သနည်း။
စုန်ချင်းဖုန်းသည် လုယွီ၏မျက်နှာ အနည်းငယ်ဖြူရော်နေသည်ကိုကြည့်ပြီး ပြောဆိုသည်။
"အရှင်လု...မင်းက ပင်ပင်ပန်းပန်းကြိုးစားပြီးတော့ ကြီးမားတဲ့အကျိုးဆောင်မှုကြီးကို ပြုလုပ်ခဲ့တယ်...လာကြစမ်း အရှင်လုကို အနားယူဖို့ လိုက်ပို့ပေးလိုက်ကြစမ်း"
လုယွီသည် ငြင်းဆန်ခြင်းမပြုဘဲ ခေါင်းညိတ်ပြလိုက်၏။
သူ့၏အခြေအနေသည်လည်း လန်ဝူရှင်းနှင့် ထပ်တူထပ်မျှပင်။သူ့ထံတွင် သူ့ခွန်အား၏ ခုနှစ်ဆယ်ရှစ်ဆယ်ရာခိုင်နှုန်းခန့်သာ ပြန်လည်ရရှိသေးသည်။
ဆေးလုံးများတွင် ကောင်းကင်ဘုံကိုဖီဆန်နိုင်သော အကျိုးအာနိသင်မျိုးရှိမနေချေ။သူ ဤမျှအဆင့်ထိ ပြန်လည်ကောင်းမွန်လာရသော အကြောင်းအရင်းမှာ သူ့၏သိုင်းပညာသူတော်စင်အထွတ်အထိပ်ခန္ဓာကိုယ်မှ ထောက်ပံ့ပေးမှုကြောင့်ပင်။
ခရမ်းမီးတောက်လေဟာနယ်နည်းစနစ်ဖြစ်စေ ကောင်းကင်ဘုံဖွင့်လှစ်ခြင်းမြှားဖြစ်စေ ထိုနည်းစနစ်နှစ်ခုလုံးသည် မှော်စွမ်းအားအမြောက်အများကို အသုံးပြုရသည်။
ထန်စစ်တပ်၏တိုက်ခိုက်မှု ရပ်တန့်သွားသောအချိန်အခိုက်အတန့်တွင် တာယွီစစ်သားများသည် မြို့ရိုးများပေါ်မှ အလောင်းများကို သယ်ဆောင်လိုက်ကြ၏။
တချို့စစ်သားများသည် ဒဏ်ရာအပြင်းအထန်ရရှိထားသဖြင့် သူတို့အား မြို့ရိုးအောက်သို့အလျှင်အမြန် ပို့ဆောင်ခဲ့ကြသည်။သို့ရာတွင် ထိုစစ်သားများသည် ရှည်လျားသောလူတန်းကြီးအဖြစ် တန်းစီကာ ကုသခံယူရန်အတွက် စောင့်ဆိုင်းနေကြရသည်။
မြို့အတွင်း၌ သမားတော်များ ရှားပါးသဖြင့် ဆေးခန်းမများတွင် အုပ်ချုပ်သောလသမားတော်များပင်လျှင်ရှေ့တန်းသို့အရေးပေါ် ရောက်ရှိလာကြသည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ဒဏ်ရာရရှိထားသောလူများသည် အလွန်အမင်းများပြားပေ၏။
စစ်သားတချို့သည် ကုသမှုခံယူရန်စောင့်ဆိုင်းနေစဉ် အတောအတွင်းမှာပင် သူတို့၏အသက်ရှူခြင်း ရပ်တန့်သွားသည်။
သူတို့၏ဒဏ်ရာများကို ကုသနိုင်ရန်အတွက်ဆေးလုံးများ မည်ကဲ့သို့ဖော်စပ်ရမည်ကို ကျင့်ကြံသူတိုင်း မသိရှိချေ။လူသားများတွင် စွမ်းအားအကန့်အသတ်ရှိသဖြင့် ကျင့်ကြံသူအများစုသည် သူတို့၏ဘဝတစ်သက်လုံးတွင် တိုက်ခိုက်ရေးမှော်မန္တန်တချို့ကိုသာ သိရှိသည်။
"အရှင်လု ဘာမှမစိုးရိမ်ပါနဲ့...ငါတို့က မင်းရဲ့ဒဏ်ရာကိုကုသဖို့အတွက် အကောင်းဆုံးသမားတော်တွေကို စေလွှတ်ပေးမယ်"
စုန်ချင်းဖုန်းက ကတိပေးသည်။
လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝုက်ကြည့်ကာ ပြောဆိုသည်။
"မလိုဘူး...သမားတော်တွေအားလုံးကို ဒဏ်ရာရတဲ့စစ်သားတွေကို ကုသပေးဖို့ စေလွှတ်လိုက်ပါ...သေရေးရှင်ရေးအခြေအနေမှာ ရောက်နေတဲ့ စစ်သားတွေကို ဦးစားပေးပြီး အရင်ဆုံးကုသပေးရမယ်"
ဘန်း...
ထိုအချိန်မှာပင် ပေါက်ကွဲသံတစ်သံက အဝေးတစ်နေရာရှိ ဆေးမီးဖိုတစ်လုံးအတွင်းမှ မြည်ဟီးလာသည်။ကြည့်ရသည်မှာ ဆေးဖော်စပ်နေခြင်းအလယ်တွင် ပေါက်ကွဲသွားခဲ့သည့်ပုံပင်။
အနက်ရောင်မီးခိုးငွေ့များက ရုတ်တရက်မျောလွင့်လာသည်။ထိုဆေးမီးဖို၏နောက်တွင် အဖြူရောင်ဝတ်စုံဝတ် ဆေးပညာရှင်တစ်ယောက် မတ်တတ်ရပ်နေသည်။သူသည် ဆေးမီးဖိုမှ မျောလွင့်နေသော အနက်ရောင်အခိုးအငွေ့များကို မြင်တွေ့ချိန်တွင် ရှေ့သို့အလျင်အမြန်တိုးကာ ထိုအရာများကို ဖယ်ရှားလိုက်၏။
ဆေးမီးဖိုအတွင်းမှနေ၍ တူးခြစ်နေသောညှော်နံများထွက်ပေါ်လာကာ လေထုအတွင်း၌ ပြည့်နှက်သွားသည်။
ဤသည်မှာ ဆေးသန့်စင်မှုကျရှုံးသွားခြင်းကြောင့် ဖြစ်ပေါ်လာသော မြင်ကွင်းတစ်ခုဖြစ်သည်မှာ သိသာထင်ရှားလှ၏။
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်သည် သက်ပြင်းတချက်ရှိုက်ကာ ဆေးမီးဖိုအတွင်းမှ အညစ်အကြေးများကို တိတ်တဆိတ်သန့်ရှင်းလိုက်သည်။
Chapter 3827
လုယွီနှင့်တခြားလူများသည် ထိုဆေးပညာရှင်ထံသို့ ကြည့်လိုက်ကြသည်။ဆေးပညာရှင်၏မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်းအမူအယာတစ်ရပ် ထွက်ပေါ်လာပေ၏။
"အရှင်တို့ကို အရိုအသေပြုပါတယ်"
ထိုအဖြူရောင်ဝတ်စုံဝတ် ဆေးပညာရှင်က ဦးညွှတ်အရိုအသေပြုလေသည်။
လုယွီသည် ဆေးမီးဖိုကိုဖွင့်ကြည့်ပြီးနောက် သူက တူးခြစ်နေသောအနံ့ကို အနံ့ခံလိုက်သည်။
"မင်းက သွေးသိပ်သည်းခြင်းဆေးလုံးကို သန့်စင်နေတာလား"
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်၏မျက်နှာပေါ်တွင် ရှက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာကာ သူက ပြောဆိုသည်။
"ဒါက တကယ့်ကို သွေးသိပ်သည်းခြင်းဆေးလုံးပါ....ဒါပေမဲ့ စိတ်ပျက်ဖို့ကောင်းတာတစ်ခုက ငါ့ရဲ့အရည်အချင်းက မလုံလောက်ဘူး...ဒါကြောင့် ဒီဆေးကိုသန့်စင်ရတာ မလွယ်ကူဘူး... အဖိုးတန်ရှားပါးတဲ့ ဆေးပင်တွေ တော်တော်များများ အလေအလွင့်ဖြစ်သွားပြီ"
သွေးသိပ်သည်းခြင်းဆေးလုံးသည် စစ်တပ်အတွင်း၌ အသုံးအများဆုံးဆေးတစ်မျိုးပင်။
ဤဆေးလုံးကို ပြင်ပဒဏ်ရာများကို ကုသရာ၌ အထူးအသုံးပြုသည်။လိမ်းဆေးဆီကဲ့သို့ ဆေးများနှင့်နှိုင်းယှဉ်ပါက သွေးသိပ်သည်းခြင်းဆေးလုံးသည် သွေးထွက်ခြင်းကို အလျင်အမြန် ရပ်တန့်စေနိုင်ကာ ခန္ဓာကိုယ်ရှိဒဏ်ရာများ ပြန်လည်ပျောက်ကင်းနိုင်သည့် အရှိန်နှုန်းကိုမြှင့်တင်ပေးနိုင်သည်။
ဤကဲ့သို့ ဆေးလုံးမျိုးသည် အလွန်သာမန်ဆန်ပြီး အရည်အသွေးသည်လည်း မြင့်မားခြင်းမရှိချေ။ယေဘုယျကျပြောဆိုရလျှင် အဆင့်မြင့်အဆင့်ဆေးလုံးတစ်လုံးပင်လျှင် အလွန်ကောင်းမွန်နေလေပြီ။
သို့ရာတွင် သူ့၏ရှေ့၌ ဤကဲ့သို့သာမန်အကျဆုံးဆေးလုံးတစ်လုံးကို သန့်စင်နေသည့်တိုင် အမှန်တကယ်ကိုကျရှုံးခဲ့လေ၏။
စုန်ချင်းဖုန်းက ပြောဆိုသည်။
"အရင်က အရှင်အမတ်ကြီးဦးဆောင်တဲ့ စစ်တပ်က ခံတပ်ကနေ ထွက်ခွာသွားတဲ့အချိန်မှာ ဆေးပညာရှင်အများစုကလည်း စစ်တပ်နဲ့အတူ ထွက်ခွာသွားကြတယ်...ဒါကြောင့် အခုချိန်မှာ ဆေးပညာအလုပ်သင်တွေပဲ ဒီနေရာမှာ ကျန်ခဲ့တယ်"
ထိုအချက်ကိုပြောဆိုရင်း စုန်ချင်းဖုန်း၏မျက်နှာပေါ်တွင် ရှက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်လာကာ ပြောဆိုလေသည်။
"အစကတော့ မြို့ထဲမှာ ဆေးပညာရှင်တချို့ရှိနေသေးတယ်... ဒါပေမဲ့ မမျှော်လင့်ဘဲ ထန်စစ်တပ်ရဲ့အသေခံစစ်သားတွေက မြို့ထဲကိုတိတ်တဆိတ်ခိုးဝင်လာပြီးတော့ အဲ့ဒီဆေးပညာရှင်တွေကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်...ငါတို့ အဲဒီကိစ္စကိုသိပြီးတော့ ရှာဖွေဖော်ထုတ်တဲ့အချိန်မှာ မြို့ထဲမှာရှိတဲ့ ဆေးပညာရှင်တွေအားလုံးနီးပါး အသတ်ခံလိုက်ရပြီ"
"ထန်စစ်တပ်က တကယ့်ကို ရွံရှာစက်ဆုပ်ဖို့ကောင်းတဲ့လူတွေပဲ...တကယ်လို့ သူတို့မှာ အရည်အချင်းရှိတယ်ဆိုရင် တိုက်ပွဲစစ်မြေပြင်မှာ အစစ်အမှန်မှော်လက်နက်တွေကို အသုံးပြုပြီး တိုက်ခိုက်လို့ရတယ်...သူတို့က ဒီလိုမျိုးယုတ်မာကောက်ကျစ်ပြီး ရက်စက်တဲ့နည်းလမ်းတွေကိုတောင် အသုံးပြုခဲ့တယ်"
လန်ဝူရှင်းသည် ယခင်က လွတ်လပ်ပေါ့ပါးစွာနေထိုင်ခဲ့သူပင်။သို့သော် ယခုချိန်၌ သူသည် ထိုသတင်းကိုကြားချိန်တွင် ဒေါသတကြီးအော်ဟစ်လိုက်၏။
လုယွီက သူ့၏ခေါင်းကို ခါယမ်းလိုက်သည်။
"စစ်ရေးပရိယာယ်တွေက အရမ်းလိမ္မာပါးနပ်တယ်...ဒီလိုနည်းလမ်းတွေက တိုက်ပွဲစစ်မြေပြင်မှာဆိုရင် အရမ်းသာမန်ဆန်တဲ့ကိစ္စတွေပဲ.... နောက်ဆုံးအနိုင်ရရဖို့အတွက် ဘယ်လိုလှည့်ကွက်မျိုးကိုမဆို အသုံးပြုကျမှာပဲ"
"အရှင်လု ပြောတာအမှန်ပဲ...ငါတို့က ဒီကိစ္စကို မျှော်လင့်မထားမိဘူး...သူတို့က မြို့ထဲမှာ ခိုးဝှက်တဲ့ကိစ္စတွေကို ရည်ရွယ်ချက်ရှိရှိဖန်တီးခဲ့တယ်...သူခိုးတွေက ခံတပ်ထဲကို ခိုးဝှက်ဖို့ဝင်လာတယ်လို့ပဲ ငါတို့တွေးထင်ပြီးတော့ နယ်မြေခံအစောင့်တွေကိုပဲ ငါတို့က စုံစမ်းစစ်ဆေးစေခဲ့တယ်"
စုန်ချင်းဖုန်းက သက်ပြင်းတစ်ချက်ရှိုက်ကာ ဆက်လက်၍ပြောဆိုလိုက်၏။
"ဒီကိစ္စရဲ့နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေအများကြီးရှိနေတယ်...ငါတို့က ခံတပ်ကိုတင်းတင်းကြပ်ကြပ် ကာကွယ်စောင့်ကြပ်နိုင်ခဲ့တယ်လို့ တွေးထင်ခဲ့ပေမယ့်....ထန်စစ်တပ်က အသေခံစစ်သားတွေက ဟာကွက်တစ်ခုကို ရှာတွေ့သွားခဲ့တယ်...ဆေးပညာရှင်တွေ မရှိတာကြောင့် ငါတို့စစ်တပ်ထဲမှာရှိတဲ့ သိုလှောင်ထားတဲ့ဆေးတွေအားလုံး အသုံးပြုလို့ကုန်ဆုံးသွားခဲ့ပြီ...ဆေးလုံးတွေရဲ့နေ့စဉ်ကုန်ဆုံးမှုပမာဏက အရမ်းကြောက်ဖို့ကောင်းတယ်"
လုယွီက အဖြူရောင်ဝတ်စုံဆေးပညာရှင်ကို မေးမြန်းလိုက်သည်။
"စစ်တပ်ထဲမှာ သွေးသိပ်သည်းခြင်းဆေးလုံးတွေ ဘယ်လောက်များများ လိုအပ်နေလဲ"
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်က တုံ့ပြန်အဖြေပေးသည်။
"စစ်တပ်ထဲမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိနေတဲ့ စစ်သားတွေ ငါးထောင်ကျော်လောက်ရှိနေတယ်...အခုလက်ရှိအချိန်မှာ သွေးသိပ်သည်းခြင်းဆေးလုံးက အပြင်းအထန်ဒဏ်ရာရရှိနေတဲ့ စစ်သားတွေကို ထောက်ပံ့မှုအတွက် အဓိကအသုံးပြုနေတာ....ဆေးပင်တွေက လူတစ်သောင်းကျော်ကို ကုသပေးဖို့အတွက် အလုံအလောက်ရှိနေပေမယ့် ဆေးလုံးကို အောင်မြင်အောင် သန့်စင်နိုင်တဲ့အခွင့်အရေးကမမြင့်မားဘူး...ပြီးတော့ ဒီဆေးမီးဖိုက အချိန်အတော်ကြာ ဆေးသန့်စင်တဲ့ဒဏ်ကို တောင့်ခံနိုင်မှာ မဟုတ်လောက်ဘူး"
လေအေးတချက်ဖြတ်သန်းတိုက်ခတ်သွားသည်နှင့်အတူ အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်၏ခေါင်းထက်ရှိ ဆံပင်များအကြားမှ ဆံပင်ဖြူတချို့ ပေါ်လွင်လာသည်။
"ဆရာ....မင်းက ပင်ပင်ပန်းပန်းကြိုးစားခဲ့ပါတယ်...ငါက ဒီသွေးသိပ်သည်းခြင်းဆေးလုံးကို သန့်စင်နိုင်ဖို့အတွက် မင်းကို ဒုက္ခပေးခဲ့တာ ရက်တော်တော်ကြာနေပြီ"
စုန်ချင်းဖုန်းက ရိုသေလေးစားစွာ ပြောဆိုသည်။
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်က သူ့၏လက်ကို အလျင်စလို ဝှေ့ယမ်းလိုက်၏။
"မင်းက ငါ့ကို အရမ်းချီးမွမ်းနေတာပဲ...ငါက ဒီဆေးညွှန်းနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိဘူး...ဒါကြောင့် ငါက အဖိုးတန်တဲ့ဆေးပင်တွေအများကြီးကို ဘာမှမဟုတ်ဘဲ ဖြုန်းတီးခဲ့မိတယ်...ငါ တကယ်ကို အရှက်ရမိပါတယ်"
ထိုသို့ဆိုသည့်တိုင် လက်ရှိနေရာတွင်ရှိနေသော မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကို အပြစ်တင်ခြင်းမရှိချေ။
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်၏ ဝတ်စုံပေါ်တွင် ဆေးမီးဖိုတစ်လုံး၏အမှတ်အသားပါရှိသော တံဆိပ်တစ်ခုကို ချိတ်ဆွဲထားသည်။ဤဆေးမီးဖိုအမှတ်အသား၏အထက်တွင် ခပ်ဖျော့ဖျော့တိမ်တိုက်အမှတ်အသားတစ်ခုပင် ရှိနေလေ၏။
ဤသည်မှာ ထိုအဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်၏အဆင့်အတန်းသည် ဆေးပညာအလုပ်သင့်အဆင့်တွင်သာရှိကြောင်း ညွှန်ပြနေခြင်းပင်။
ဆေးပညာအလုပ်သင်တစ်ယောက်သည် ဆေးပညာ၌ အခြေခံကျွမ်းကျင်မှုသာရှိသည်။ တိတိကျကျပြောဆိုရလျှင် သူသည် အစစ်အမှန်ဆေးပညာရှင်တစ်ယောက်မဟုတ်ချေ။
လုယွီက ပြောဆိုသည်။
"ကျန်တဲ့ဆေးပင်တွေအားလုံးကို ထုတ်ယူလာခဲ့စမ်း...ငါ အဲ့ဒါတွေအားလုံးကို သန့်စင်ရလိမ့်မယ်"
ဤအချိန်အခိုက်အတန့်တွင် လက်ရှိနေရာတွင်ရှိနေသူများအားလုံး ကြက်သေသေသွားသည်။
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်သည်လည်း အနည်းငယ် ကြက်သေသေသွားလေ၏။ ထို့နောက် သူက ချက်ချင်းပြောဆိုသည်။
"ကြွင်းကျန်တဲ့ဆေးပင်တွေအားလုံးကို သိုလှောင်ရုံထဲမှာ သိမ်းဆည်းထားပါတယ်...ငါအဲ့ဒါတွေအားလုံးကို အခုချက်ချင်းထုတ်ယူခိုင်းလိုက်မယ်...အရှင်လုမှာ တခြားအရေးကြီးကိစ္စတွေ အများကြီးရှိနေတယ်...ဒီဆေးသန့်စင်တဲ့ကိစ္စကို ငါနဲ့ ထားခဲ့လိုက်ပါ"
Chapter 3828
"တကယ်လို့ မင်းက အဲ့ဒီဆေးပင်တွေအားလုံးကို ထုတ်ယူလာမယ်ဆိုရင်တောင်...မင်းရဲ့စိတ်စွမ်းအားတွေ အများကြီးကုန်ဆုံးနေပြီ...မင်းအရင်ဆုံးသွားပြီး အနားယူလိုက်တော့"
လုယွီက လေသံပြတ်ပြတ်နှင့်ပြောဆိုသည်။
စုန်ချင်းဖုန်းသည် စိုးရိမ်ပူပန်နေလေ၏။
"အရှင်လု...မင်းက မှော်စွမ်းအားတွေအများကြီးကို အသုံးပြုထားတယ်...ဘာလို့ မင်းအရင်ဆုံးသွားပြီး အနားမယူတာလဲ"
သူ့၏စိုးရိမ်ပူပန်မှုသည် အဓိပ္ပါယ်မဲ့မဟုတ်ချေ။
အစောပိုင်းက ခရမ်းမီးတောက်လေဟာနယ်နည်းစနစ်ဖြစ်စေ ကောင်းကင်ဘုံဖွင့်လှစ်ခြင်းမြှားဖြစ်စေ ထိုနည်းစနစ်နှစ်ခုလုံးသည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး အစွမ်းထက်သောနည်းစနစ်များပင်။
စုန်ချင်းဖုန်းသည် တိုက်ခိုက်ရာတွင်ထူးချွန်သူတစ်ယောက်မဟုတ်သည့်တိုင် ဤမှော်နည်းစနစ်များကို အသုံးပြုခြင်းမှာ လုယွီအတွက် အကန့်အသတ်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ သိရှိထားသည်။
"ဒါက အဆင့်နိမ့်ဆေးလုံးလေးတွေပဲ...ပြဿနာတစ်ခု မဟုတ်ပါဘူး"
လုယွီက သူ့၏လက်ကို ဝှေ့ယမ်းပြလိုက်သည်။
လန်ဝူရှင်းသည် အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်ကိုကြည့်ကာ အော်ဟစ်လိုက်၏။
"မြန်မြန်သွားတော့လေ...ဒီဆေးကို မြန်မြန်သန့်စင်ပြီးရင် အရှင်လု မြန်မြန်အနားယူလို့ရတယ်"
တခြားလူများသည် လုယွီ၏အရည်အချင်းကို သိမည်မဟုတ်သော်လည်း လန်ဝူရှင်းကမူ အရာရာတိုင်းကို သိရှိထားသည်။လုယွီကို ဘက်စုံပါရမီရှင်တစ်ယောက်ဟု ဆိုနိုင်သည်။သူ့အတွက် ဤအဆင့်နိမ့်ဆေးလုံးမျိုးကို သန့်စင်ခြင်းသည် ပြဿနာတစ်ရပ်မဟုတ်နိုင်ချေ။
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်သည် တွေဝေတုံ့ဆိုင်နေသော်လည်း သူသည် ဆေးပင်များကို သွားရောက်ယူဆောင်ရန် ဆုံးဖြတ်လိုက်တော့သည်။
ဆေးပင်သိုလှောင်ရုံအတွင်းရှိ ဆေးပင်များအားလုံးကို သိုလှောင်အိတ်များအတွင်း၌ သိမ်းဆည်းထားသည်။
ဤသည်မှာ စစ်ဗျူဟာကျသော အရင်းအမြစ်များပင်။ထိုဆေးပင်များကို အလွန်အမင်းကျယ်ဝန်းသောနေရာလွတ်နယ်မြေတစ်ခုပါရှိသည့် သိုလှောင်အိတ်ငါးအိတ်အတွင်း၌ ထည့်သွင်းထားသည်။
ဤကဲ့သို့ ဆေးပင်အရင်းမြစ်များအားလုံးကိုထုတ်ယူရန်အတွက် အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်၏အခွင့်အာဏာသည် မလုံလောက်ချေ။ထို့ကြောင့် လုယွီသည် သူ့၏အရာရှိစည်းတံဆိပ်ကိုအသုံးပြု၍ အဆောင်လက်ဖွဲ့တစ်ခုကိုသိပ်သည်းကာ အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်ထံသို့ ပေးအပ်လိုက်၏။
"ဒါတွေအားလုံးက သွေးသိပ်သည်းခြင်းဆေးလုံး သန့်စင်ဖို့အတွက် လိုအပ်တဲ့ဆေးပင်တွေပဲ"
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်က ပြောဆိုသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပဲ ရှိတော့တာလား"
ဤဆေးပင်များသည် များပြားပုံရသော်လည်း သူ့ရှေ့ရှိ အလွန်ကြီးမားသော စစ်တပ်မြို့ကြီးနှင့်နှိုင်းယှဉ်ပါက လုံလောက်ခြင်းရှိမည်မဟုတ်ချေ။
ယင်ထျန်းမင်က ပြောဆိုသည်။
ကောင်းကင်ချိုးဖျက်ခံတပ်မှာရှိတဲ့ အရင်းအမြစ်တွေအားလုံး လျော့နည်းနေတာ အချိန်အတော်ကြာနေပြီ...ငါတို့က ချီဘုရင်ရဲ့အိမ်တော်နဲ့အုပ်ချုပ်ရေးရုံးတော်တွေကို အကူအညီတောင်းခံစာတွေ ပေးပို့ခဲ့ပေမယ့် ဘာထောက်ပံ့ကူညီမှုကိုမှ မရခဲ့ဘူး...အရှင်လု ငါတို့က အခုချိန်မှာ လက်ဝဲစစ်တပ်နယ်မြေရုံးတော်က ထောက်ပံ့မယ့် အရင်းအမြစ်တွေကိုပဲ မှီခိုအားထားရတော့မယ်"
စုန်ချင်းဖုန်းသည် မျက်မှောင်ကြုတ်လိုက်၏။ဤအချိန်တွင် လုယွီထံမှ အရင်းအမြစ်များတောင်းဆိုခြင်းသည် ကောင်းကင်ချိုးဖျက်ခံတပ်မှ သူ့အား အခွင့်အရေးယူနေသည်နှင့်တူညီနေသည်။
လုယွီသည် ထန်စစ်တပ်၏တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့သည်။ယခုအချိန်၌ သူသည်ကောင်းကင်ချိုးဖျက်ခံတပ်တစ်ခုလုံး၏ ကျေးဇူးရှင်ဖြစ်နေလေပြီ။တခြားတစ်ဖက်တွင် ကောင်းကင်ချိုးဖျက်ခံတပ်သည် သူ့အား ကျေးဇူးမဆပ်နိုင်ရုံသာမက သူတို့သည် သူ့ထံမှ တောင်းဆိုမှုများကိုပင် ပြုလုပ်နေခဲ့ရသည်။
"ဒါက အဆင်ပြေပါတယ်...ငါက ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ကို သတင်းစကားတစ်ခု ပေးပို့ပြီးပြီ...အရင်းအမြစ်တွေက မကြာခင်မှာကောင်းကင်ချိုးဖျက်ခံတပ်ကို ရောက်လာလိမ့်မယ်"
လုယွီသည် ဤအသေးအမွှားကိစ္စများကို ဂရုစိုက်ခြင်းမပြုချေ။သူသည် သူ့၏လက်ကိုမြှောက်ကာ သိုလှောင်အိတ်များအားလုံးကိုဖွင့်လိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်က အလျင်စလိုသတိပေးသည်။
"အဲ့ဒီဆေးပင်တွေအားလုံးကို ဂရုတစိုက်သိမ်းဆည်းထားတာ....တကယ်လို့ မင်းက အဲ့ဒါတွေကို ဆေးသန့်စင်မယ်ဆိုရင် တစ်ကြိမ်ထဲမှာအများကြီးဖွင့်မထားတာ ပိုကောင်းလိမ့်မယ်.. မဟုတ်ရင် ဆေးပင်တွေရဲ့ဆေးအာနိသင်တွေ ဖြည်းဖြည်းချင်း လျော့နည်းသွားနိုင်တယ်"
ယေဘုယျကျကျပြောဆိုရလျှင် ဆေးသန့်စင်သည့် ဆေးလုံးအရေအတွက်ပေါ်မူတည်၍ ဆေးပင်များကိုထုတ်ယူရသည်။
ဆေးပင်အများစုကို သိမ်းဆည်းရသည့်အခြေအနေသည် အလွန်အမင်း တင်းကျပ်ပေ၏။အထူးသဖြင့် ဆေးပင်များကို လေနှင့်ထိတွေ့ခြင်းမှ ရှောင်ရှားနိုင်ရပေမည်။ထိုသို့မဟုတ်ပါက ဆေးစွမ်းအားများ အလွန်အမင်းလျော့ကျသွားနိုင်သည်။
ဤသည်မှာ ဆေးပညာရှင်အများစု နားလည် သဘောပေါက်ထားသော တားမြစ်ချက်တစ်ခုပင်။
"ဒီဆေးပင်တွေကို ဘာမှသိမ်းဆည်းထားစရာမလိုဘူး...ငါက ဒါတွေအားလုံးကို တစ်ကြိမ်တည်းနဲ့သန့်စင်မယ်"
လုယွီသည် ရှင်းပြခြင်းမပြုချေ။သူသည် သိုလှောင်အိတ်ကို လက်ညှိုးညွန်လိုက်သည်။ထိုအရာများအတွင်းတွင်ရှိနေသော ဆေးပင်များသည် ဒီရေလှိုင်းများအလား ပျံ့လွင့်လာကာလုယွီ၏ရှေ့၌ လှည့်ပတ်ပျံဝဲနေသည်။
သိုလှောင်အိတ်များအတွင်း၌ သိမ်းဆည်းထားသော ဆေးပင်ပမာဏသည် အလွန်အမင်း များပြားပေ၏။သိုလှောင်အိတ်ငါးအိတ်အတွင်းမှ ဆေးပင်များ တစ်ပြိုင်နက်တည်းထွက်ပေါ်လာပြီး အတူတကွရောနှောသွားသည်။
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
"အရှင်လု...အဲ့ဒီဆေးပင်တွေအားလုံးကို ကြိုတင်ပြီး ခွဲခြားထားတာ...ဒါတွေအားလုံးကို အတူရောယှက်ပြီးတော့ သန့်စင်လို့မရဘူး"
သွေးသိပ်သည်းခြင်းဆေးလုံးအတွက် စုစုပေါင်း ဆေးပင်ဆယ့်ခြောက်မျိုးလိုအပ်သည်။
ထိုဆေးပင်တစ်မျိုးစီကို တစ်စုံတစ်ယောက်မှနေ၍ အထူးသီးသန့် ရွေးထုတ်ပေးထားရသည်။ ဤလုပ်ငန်းစဉ်သည် အလွန်ရှုပ်ထွေးသဖြင့် ဆေးပင်များကိုခွဲခြားသူသည် အလွန်အမင်းသတိကြီးစွာထားရန် လိုအပ်သည်။
Chapter 3829
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီ လုပ်ဆောင်နေသောအရာသည် ဆေးပင်များအားလုံးကို အတူတကွရောနှောလိုက်ခြင်းနှင့် ကွဲပြားခြားနားခြင်းမရှိချေ။
ထိုသို့ပြုလုပ်လိုက်ခြင်းကြောင့် ယခင်က ဆေးပင်များကို အမျိုးအစားခွဲခြား၍ သိမ်းဆည်းထားခြင်းသည် အလဟဿဖြစ်သွားလေပြီ။ ထို့ကြောင့် အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင် အလွန်စိုးရိမ်ပူပန်နေသည်မှာ အံ့အားသင့်စရာမရှိချေ။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုယွီ၏လက်မှနေ၍ ရွှေရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်ဘုံဧကရာဇ်၏ အစစ်အမှန်မီးတောက်က လေထုအတွင်းသို့မြင့်တက်သွားသည်။
ဆေးပင်များ၏အရည်ပျော်မှတ် မည်သို့ပင်ကွဲပြားခြားနားနေပါစေ ခြစ်ခြစ်တောက်ပူပြင်းသောမီးတောက်များအောက်တွင် ထိုအရာများအားလုံးသည် အရည်ပျော်သွားကာ ဆေးရည်စက်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ရောင်စုံဆေးရည်များက လေထုအတွင်း၌သိပ်သည်းနေသည်။လုယွီ၏စိတ်ဝိညာဥ်စွမ်းအားမှ လမ်းညွှန်မှုအောက်တွင် ထိုဆေးရည်စက်များအားလုံးသည် တဖြည်းဖြည်း လုံးဝန်းသောဆေးလုံးများအဖြစ် သိပ်သည်းစပြုလာသည်။
ထို့နောက်မှနေ၍ အက်ကွဲကြောင်းများသည် ဆေးလုံး၏မျက်နှာပြင်များပေါ်၌ ထွက်ပေါ်လာကာ တဖြည်းဖြည်း ကွဲထွက်သွားလေ၏။
ခရက်...ခရက်...ခရက်...
ဆေးလုံးများ၏အပေါ်ယံအလွှာများ အက်ကွဲသွားသည်နှင့် ဆေးလုံးများ၏ပြီးပြည့်စုံသောပုံပန်းသွင်ပြင်သည် နောက်ဆုံး၌ထွက်ပေါ်လာခဲ့သည်။
သင်းပျံ့သောဆေးရနံ့များက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ တစ်စုံတစ်ယောက်၏ နှလုံးသားနှင့်စိတ်ကို လန်းဆန်းစေသည်။
ဤနေရာရှိ ဆေးလုံးများအားလုံးသည် သွေးနီရောင်အရောင်အသွေးရှိကာ ထိုအရာများအတွင်းမှနေ၍ ခပ်ဖျော့ဖျော့သွေးရနံ့များထွက်ပေါ်နေသည်။
ဤသည်မှာ သာမန်သွေးသိပ်သည်းခြင်းဆေးလုံးနှင့် ပုံပန်းသွင်ပြင်တူညီသော်လည်း ဤဆေးလုံး၏အရောင်သည် ပို၍ရင့်ကာ သွေးရနံ့များသည်လည်း ပို၍ပြင်းထန်ပေ၏။
ဝုန်း...
ဆေးလုံးများ အဆက်မပြတ်သိပ်သည်းသွားခြင်းနှင့်အတူ လေထုအတွင်းမှ ဆေးလုံးများသည် မိုးရေစက်များအလား ကျရောက်လာကာ လုယွီ၏ရှေ့ရှိ အဝတ်ပိတ်စပေါ်တွင် စုပုံသွားတော့သည်။
ဆေးလုံးများသည် လုယွီ၏ရှေ့၌ တောင်ငယ်တစ်လုံးစာမျှ စုပုံသွားသည်။
ပတ်ဝန်းကျင်ရှိလူများအားလုံး ကြက်သေသေနေလေ၏။သူတို့သည် မည်မျှထိ ခက်ခက်ခဲခဲစဉ်းစားတွေးတောနေပါစေ ဆေးလုံးများကို ဤကဲ့သို့နည်းလမ်းတခုဖြင့် ဖော်စပ်နိုင်သည်ဟု သူတို့ တွေးတော၍မရချေ။
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်သည် ရှေ့သို့လျှောက်လှမ်းလာသည်။သူ၏လက်များ အဆက်မပြတ်တုန်ရီနေကာ သူသည် ဆေးလုံးတစ်လုံးကို ညင်သာစွာကောက်ယူ၍ကြည့်လိုက်၏။
ထိုဆေးလုံးကို အနီးကပ်စူးစမ်းလေ့လာပြီးနောက် ဤအရာသည် ထိပ်တန်းအဆင့်ဖြစ်နေကြောင်း တွေ့မြင်မိသည်။ဤသွေးနီရောင်ဆေးလုံးများ၏ မျက်နှာပြင်ပေါ်တွင် မည်သည့်မသန့်စင်မှုမျိုးမျှ ရှိမနေချေ။ဆေးလုံးတစ်လုံးလုံးသည် လုံးဝန်းပြီးချောမွေ့နေတာ သလင်းကျောက်တမျှ ကြည်လင်သန့်စင်နေသည်။
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်သည် အချိန်အတော်ကြာစူးစမ်းလေ့လာပြီးနောက် တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်၏။
"ဒီဆေးလုံးက ထိပ်တန်းအဆင့်ပဲ"
သူသည် တခြားဆေးလုံးတစ်လုံးကို ထပ်မံ၍ စူးစမ်းလေ့လာလိုက်သည်။
တောင်တစ်လုံးကဲ့သို့စုပုံနေသော ဆေးလုံးများအားလုံးသည် ချွင်းချက်မရှိ ထိပ်တန်းအဆင့်ဆေးလုံးများ ဖြစ်နေသည်။
ဆေးပညာရှင်အများစုအတွက် အဆင့်မြင့်အဆင့်ဆေးလုံးတစ်လုံးကို သန့်စင်နိုင်သည်မှာ ထူးခြားသောကိစ္စတရပ်မဟုတ်ချေ။
သို့ရာတွင် ထိပ်တန်းအဆင့်ဆေးလုံးများကို လွယ်လင့်တကူ သန့်စင်နိုင်ခဲ့ခြင်းမှာမူ အလွယ်ပြောရပါက သူ ကြားဖူးနားဝမရှိသောကိစ္စပင်။
ဆေးပင်များကိုအရည်ပျော်စေခြင်း...ဆေးလုံးသိပ်သည်းခြင်း....
လုယွီသည် ဤလုပ်ငန်းစဉ်များကို အလွန်ချောမွေ့စွာလုပ်ဆောင်သွားခဲ့သည်။
သူ့ရှေ့၌ လုယွီသည် ဆက်လက်၍ ဆေးသန့်စင်နေဆဲပင်။
မြောက်များစွာသောဆေးလုံးများသည် တောင်တစ်လုံးစာမျှ စုပုံနေသည်။အဆုံးသတ်၌ ထိုဆေးလုံးများသည် လူတစ်ယောက်၏အရပ်အမြင့်နီးပါးသို့ ရောက်ရှိသွားလေ၏။
ထိပ်တန်းအဆင့်ဆေးလုံးများ သောင်းနှင့်ချီ၍ စုပုံနေသည်။ထိုဆေးလုံးများ၏အငွေ့အသက်များက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ထိုဆေးသန့်စင်ခြင်းအစမှအဆုံးထိတိုင် လက်ဖက်ရည်တစ်ခွက်ပြင်ဆင်ချိန်စာခန့်သာ ကြာမြင့်ခဲ့သည်။
သိုလှောင်အိတ်များအတွင်းရှိ ဆေးပင်များအားလုံး လုံးလုံးလျားလျား ကုန်ဆုံးသွားလေပြီ။
လုယွီက မျက်မှောင်ကြုတ်ကာ အလေးနက်ထားသောအသံဖြင့် ပြောဆိုသည်။
သွေးသိပ်သည်းခြင်းဆေးလုံးတွေရဲ့ကုန်ဆုံးမှုနှုန်းက အရမ်းမြန်တယ်...ဒီဆေးလုံးတွေကို အရင်ဆုံး ခွဲဝေပေးလိုက်ပါ...ဒါတွေကို မြို့ကာကွယ်ရေးစစ်တပ်ရဲ့ ရှေ့တန်းမှာရှိတဲ့စစ်သားတွေကို ထောက်ပံ့ဖို့ အဓိကအသုံးပြုရမယ်"
ဤမျှထိအလွန်များပြားသော ဆေးလုံးများကို သန့်စင်ပြီးသည့်တိုင် လုယွီ၏ပုံပန်းသွင်ပြင်ကို ကြည့်ရသည်မှာ အနည်းငယ်မျှ အားအင်ကုန်ခမ်းပုံမရဘဲ သူသည် အရေးမပါသော ကိစ္စတစ်ခုကို လုပ်ခဲ့သည့်အလားပင်။
လုယွီသည် ရုတ်တရက် အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်ကို သူ့၏အနားသို့ ခေါ်လိုက်သည်။ထို့နောက် သူ့၏လက်ကိုမြှောက်ကာ အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်၏မျက်ခုံးနှစ်ခုကြားကို သူ၏လက်ဖြင့် တို့ထိလိုက်၏။
ရုတ်ချည်းဆိုသလိုပင် ပင်လယ်သမုဒ္ဒရာတမျှ ကြီးမားကျယ်ပြန့်သော မှတ်ဉာဏ်များက အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်၏ စိတ်အတွင်းသို့ မျောလွင့်သွားသည်။
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်သည် သူ့၏မျက်လုံးကိုစုံမှိတ်ကာ ထိုအရာများကိုဖြည်းညှင်းစွာ လေ့လာဆင်ခြင်လိုက်သည်။
အချိန်တစ်ခဏကြာပြီးနောက် အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်သည် ရုတ်တရက် သူ့၏မျက်လုံးများကိုဖွင့်လိုက်၏။သူသည် အလွန်အမင်း ဝမ်းသာပျော်ရွှင်နေသည်။
"အရှင်လုရဲ့လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
လုယွီသည် သူ့အားပေးအပ်ခဲ့သည့်အရာမှာ ဆေးပညာနှင့်ပတ်သက်သည့် အတွေ့အကြုံများပင်။
ဆေးပညာရှင်တယောက်အတွက် ဤကဲ့သို့ဆေးပညာအတွေ့အကြုံများသည် ပြိုင်ဘက်ကင်းရတနာတစ်ပါးပင်။
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်သည် ဤအတွေ့ကြုံများကို ရရှိပြီးနောက် သူ့၏ဆေးဖော်စပ်သည့်အရည်အချင်းသည် နောက်ထပ်အဆင့်သစ်တစ်ခုသို့ မြင့်တက်သွားမည်ကို လွယ်လင့်တကူ တွေးတောကြည့်၍ရနိုင်သည်။
"အရှင်လုက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ ...မင်းက ငါတို့ကို အများကြီးကူညီခဲ့တယ်"
စုန်ချင်းဖုန်းသည် စိတ်ခံစားချက်အပြည့်ဖြင့်သက်ပြင်းရှိုက်လိုက်သည်။
ဆေးပညာအကြောင်းကို အနည်းငယ်မျှနားမလည်သောသူများပင်လျှင် သူတို့၏ရှေ့၌ တောင်တစ်လုံးစာမျှစုပုံနေသော ဆေးလုံးများကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်နေသည်။
ထိုအချိန်မှာပင် စစ်သားတစ်ယောက်က အပြေးရောက်ရှိလာသည်။
"အရှင်တို့ကို သတင်းပို့ပါတယ်...ချီဘုရင်ဆီကစေလွှတ်လိုက်တဲ့ သံတမန်က တပ်မှူးရဲ့တဲထဲမှာ စောင့်နေပါတယ်"