← Chapters

အခန်း (၃၈၃၀-၃၈၃၃)

Vol. 195 Ch. 3830-3833

အခန်း (၃၈၃၀-၃၈၃၃)

Vol. 195 Ch. 3830-3833

Chapter 3830

ဤသတင်းသည် အလွန်ရုတ်တရက်ဆန်စွာရောက်ရှိလာခြင်းပင်။လုယွီပင်လျှင် မျက်မှောင်ကြုတ်လိုက်၏။

စုန်ချင်းဖုန်းက တင်းမာခက်ထန်စွာပြောဆိုသည်။

"ချီဘုရင်ရဲ့သံတမန်လား....သူက ဒီနေရာကို ဘာလာလုပ်တာလဲ"

ကောင်းကင်ချိုးဖျက်ခံတပ်သည် ချီဘုရင်၏ကန်ကြွေးခံမြေပင်။သို့ရာတွင် ယခုလက်ရှိအချိန်၌ ခံတပ်သည် တော်ဝင်နန်းတွင်း၏တိုက်ရိုက်ထိန်းချုပ်မှုအောက်၌ ရှိနေသဖြင့် ချီဘုရင်ထံတွင် စွက်ဖက်ပိုင်ခွင့်မရှိချေ။

ထို့ကြောင့် ချီဘုရင်သည် အမြဲတစေ သိုသိုသိပ်သိပ်နေထိုင်ခဲ့သည်။သူသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ အစွမ်းထက်ဆုံးလူဖြစ်သော်လည်း သူ့၏သြဇာအာဏာလွှမ်းမိုးနိုင်မှုသည် အကန့်အသတ်ရှိကာ သူ့၏တော်ဝင်နန်းတော်တဝိုက်ရှိ ကန့်သတ်ထားသောနယ်မြေအတွင်း၌သာဖြစ်သည်။

ချီဘုရင်သည် ရုတ်တရက် သံတမန်တစ်ယောက်စေလွှတ်လိုက်ခြင်းမှာ အမှန်တကယ်ကိုထူးဆန်းပေ၏။

ယင်ထျန်းမင်က ပြောဆိုသည်။

"ဖြစ်နိုင်တာတော့ အရင်က ငါတို့တွေ အကူအညီတောင်းခံတဲ့စာကို ချီဘုရင်နန်းတော်ဆီ ပို့ခဲ့တာကြောင့် အရင်းအမြစ်တွေ လာပို့တာများလား"

ဤသည်မှာ အနည်းငယ်ဖြစ်နိုင်ချေရှိသည်။

ယခုလက်ရှိနေရာတွင်ရှိနေသော မဟာစစ်ဗိုလ်ချုပ်တချို့၏မျက်လုံးများ တောက်ပသွားသည်။

တိုက်ပွဲစတင်ကတည်းက မြို့အတွင်း၌အရင်းအမြစ်များသည် အလွန်အမင်း ရှားပါးနေလေ၏။အကယ်၍ ချီဘုရင်သည့်အချိန်မီ ထောက်ပံ့ကူညီမှုများပေးခဲ့ပါက ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းရှိ ဖိအား အမြောက်အများ လျော့ကျသွားပေမည်။

လုယွီက ပြောဆိုသည်။

"ချီဘုရင်ရဲ့သံတမန်ကို သွားတွေ့ကြရအောင်"

ပင်မစစ်စခန်း၏ ခန်းမအတွင်း၌....

လုယွီနှင့် အနီရောင်ဝတ်စုံဝတ်အရာရှိတယောက်သည် ခေါင်းဆောင်နေရာ၌ ထိုင်နေသည်။

စုန်ချင်းဖုန်း ယင်ထျန်းမင် လန်ဝူရှင်းနှင့် တခြားလက်အောက်ငယ်သားများသည် ဘေးတစ်ဖက်တစ်ချက်ရှိ ထိုင်ခုံများတွင် အတန်းလိုက်ထိုင်နေကြလေ၏။

"ဝမ်ရှင်းအမတ်ကြီးက ဒီလောက်ထိ ဒုက္ခတွေ အများကြီးခံစားနေရမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ထန်အင်ပါယာက အရမ်းရက်စက်ကြမ်းကြုတ်တာပဲ...ဒီလိုမျိုးတွေဖြစ်နေမယ်လို့ ငါ တကယ်ကို ထင်မထားခဲ့ဘူး"

အနီရောင်ဝတ်စုံဝတ်အရာရှိသည် သူ့၏လက်ဖက်ရည်ခွက်ကိုသောက်ရင်း လေးလံသော သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

သူသည် ချီဘုရင်နန်းဆောင်၏ အရာရှိခေါင်းဆောင်စုန့်ကျီကျင်းပင်။

စုန့်ကျီကျင်းနှင့်အတူ ချီဘုရင်နန်းဆောင်မှ တခြားအရာရှိငယ်များလည်း လိုက်ပါလာကြသည်။

လုယွီက ပြောဆိုသည်

"အရှင်စုန့်...ဒီတစ်ကြိမ် လာရောက်လည်ပတ်ရတဲ့ ရည်ရွယ်ချက်က ဘာများလဲ"

လုယွီသည် ယခုလက်ရှိချိန်၌ ကောင်းကင်ချိုးဖျက်ခံတပ်၏ စစ်ရေးနှင့်အုပ်ချုပ်ရေးအခွင့်အာဏာကို ကိုင်ဆောင်ထားသဖြင့် နေ့စဉ်နေ့တိုင်း သူ လုပ်ဆောင်ရန်လိုအပ်သော ကိစ္စအမြောက်အများရှိနေသည်။ထို့ပြင် လုယွီသည် သူ့ကိုယ်သူ ပြန်လည်ကုသရန်အတွက် အချိန်လိုအပ်နေသေးသဖြင့် ဤနေရာ၌ အချိန်များစွာဖြုန်းလိုခြင်းမရှိချေ။

စုန့်ကျီကျင်းက သူ့၏မုတ်ဆိတ်ကိုပွတ်သပ်ကာ ပြောဆိုသည်။

"ငါက ချီဘုရင်ရဲ့အမိန့်ကိုနာခံပြီးတော့ ရှေ့တန်းရဲ့အခြေအနေအကြောင်း လာစုံစမ်းတာပါ...ဒီနေရာက ထန်စစ်တပ်ရဲ့တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ဖို့ တကယ်ကြီးဖြစ်နိုင်ပါ့မလား"

တခြားသူများသည် နောက်ဆုံး၌ ချီဘုရင်၏ဆိုလိုရင်းကို နားလည်သဘောပေါက်သွားကြသည်။

ဤသည်မှာ ကျိုးကြောင်းဆီလျော်ပေ၏။ မည်သို့ပင်ဆိုစေကာမူ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သည် ချီဘုရင်၏ကံကြွေးခံမြေပင်။

ယခုအချိန်တွင် ထန်စစ်တပ်၏ကျူးဂျော်တိုက်ခိုက်နေမှုကြောင့် ချီဘုရင်ထက် ပို၍စိုးရိမ်ပူပန်နေရသူဟူ၍ တခြားမည်သူမျှ ရှိနိုင်မည်မဟုတ်ချေ။

လုယွီက ပြောဆိုသည်။

"အခြေအနေက အရမ်းရှင်းလင်းတယ်..ထန်စစ်တပ်က သေချာပေါက်ရှုံးနိမ့်ရလိမ့်မယ်"

"အော်...ဒါပေမဲ့ ငါ ကြားထားသလောက်တော့ ကောင်းကင်ချိုးဖျက်ခံတပ်ကို ဝမ်ရှင်းအမတ်ကြီး ဦးဆောင်နေတဲ့အချိန်မှာ ငါတို့စစ်တပ်ဘက်က တိုက်ပွဲမှာ အရှုံးတွေပိုများလာပြီးတော့ ငါတို့ရဲ့စစ်သည်တွေလည်း ပိုပြီးဆုံးရှုံးလာခဲ့ရတယ်....ဝမ်ရှင်းအမတ်ကြီးကိုယ်တိုင်တောင် အခုရန်သူတွေရဲ့ဝိုင်းရံထားမှုအောက်မှာ ပိတ်မိနေခဲ့တယ်...ကောင်းကင်ချိုးဖျက်ခံတပ်က အချိန်မရွေး ပြုတ်ကျသွားနိုင်တဲ့ ကြက်ဥတစ်လုံးလိုမျိုး အရမ်းအန္တရာယ်များနေပြီ..ဒီနေရာက စစ်သားတွေဆီမှာ ခုခံကာကွယ်နိုင်တဲ့ အရည်အချင်းမျိုး တကယ်ရောရှိနေရဲ့လားဆိုတာ အရှင်က သံသယရှိနေတယ်"

စုန့်ကျီကျင်း၏စကားများကို ကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသော မဟာစစ်ဗိုလ်ချုပ်များသည် သူတို့၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ကာ သူတို့၏မျက်လုံးများအတွင်း၌ ဒေါသများဖြင့်ပြည်နှက်သွားသည်။

ဤတိုက်ပွဲမှတ်တမ်းများသည် စစ်တပ်အတွင်းရှိ မဟာစစ်ဗိုလ်ချုပ်အများစုအတွက် အရှက်ရစရာတစ်ခုပင်။

သို့ရာတွင် စုန့်ကျီကျင်းသည် အမှန်ကိုပြောဆိုနေခြင်းဖြစ်သောကြောင့် သူတို့ငြင်းဆန်နိုင်ရန် အစွမ်းအစကင်းမဲ့နေသည်။

"ငါ ဒီနေရာကိုရောက်လာမှတော့...ထန်စစ်တပ်က ထပ်ပြီးအနိုင်ယူနိုင်တော့မှာ မဟုတ်ဘူး"

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

ဤသည်မှာ အခြေအမြစ်မရှိသောယုံကြည်ချက်မျိုး မဟုတ်ချေ။အကြွင်းမဲ့ခွန်အားကို ဆုပ်ကိုင်ထားနိုင်သော တစ်စုံတစ်ယောက်သာ ရရှိနိုင်သော တည်ငြိမ်အေးဆေးမှုမျိုးဖြစ်သည်။

ကောင်းကင်ချိုးဖျက်ခံတပ်မှ လူများအားလုံး၏မျက်နှာများပေါ်တွင် နောက်ဆုံး၌ အပြုံးများထွက်ပေါ်လာသည်။သူတို့သည် လုယွီ၏ခွန်အားကို ယခင်က မျက်မြင်ကိုယ်တွေ့ကြုံခဲ့ပြီးဖြစ်သဖြင့် ယခုအချိန်တွင်သူတို့သည် သူ့အပေါ်တွင် ယုံကြည်စိတ်ချမှုများဖြင့် ပြည့်နှက်နေသည်။

"အရှင်လုက အခုနှစ်တော်ဝင်စာမေးပွဲရဲ့ ထိပ်သီးကျောင်းတော်သားဖြစ်ပြီးတော့ စာပေသူတော်စင်ရဲ့တပည့်လည်းဖြစ်တယ်...အရှင်ကိုယ်တိုင် စောင့်ကြပ်နေမှတော့ ငါတို့စိတ်အေးရမှာပါ...ဒါပေမဲ့ မင်းကတစ်ယောက်တည်းလေ ....စစ်ပွဲတခုကို တိုက်ခိုက်ဖို့အတွက် ဒါက ရေပုံးထဲက ရေတစ်စက်စာပဲရှိတယ်"

စုန့်ကျီကျင်းသည် သူ့၏ခေါင်းကို ခါယမ်းလိုက်၏။သူ့၏မျက်နှာပေါ်တွင် စိတ်မကျေမနပ်ဖြစ်နေသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

တစ်ဖက်လူ၏စကားများတွင် တစ်စုံတစ်ခုကို ကွယ်ဝှက်ထားကြောင်း လုယွီက သတိပြုမိသည်။ထို့ကြောင့် သူက မျက်မှောင်ကြုတ်လိုက်သည်။

"မင်း ဘာကိုဆိုလိုတာလဲ"

စုန့်ကျီကျင်းသည် ကောင်းကင်ချိုးဖျက်ခံတပ်၏လူများကို ဝေ့ဝိုက်ကြည့်ကာ ပြောဆိုသည်။

"အရှင်ချီက လူတွေအပေါ်ကို သနားကြင်နာတတ်တယ်...အင်ပါယာနှစ်ခု စစ်ပွဲဆင်နွှဲနေတဲ့အချိန်မှာ သွေးတွေက မြစ်ပြင်တွေလို စီးဆင်းနေပြီးတော့ အလောင်းတွေကို နေရာအနှံ့အပြားမှာ တွေ့နိုင်တယ်...ဒါကြောင့် တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းဆွေးနွေးပြီးတော့ စစ်ပွဲကိုအဆုံးသတ်ပြီး အေးအေးချမ်းချမ်းနေထိုင်သင့်တယ်"

Chapter 3831

စုန့်ကျီကျင်း၏စကားကိုကြားချိန်တွင် ယခုလက်ရှိနေရာတွင်ရှိနေသော ကောင်းကင်ချိုးဖျက်ခံတပ်မှလူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

"ဒီအချိန်ကျမှ စစ်ပွဲကို ရပ်တန့်ရမှာလား...ဒါက ငါတို့ရဲ့လူတွေ သေသွားတာ အလဟဿဖြစ်သွားမှာ မဟုတ်ဘူးလား"

ယင်ထျန်းမင်က ကျယ်လောင်စွာအော်ဟစ်လိုက်၏။

သူ့၏နောက်ရှိ မဟာစစ်ဗိုလ်ချုပ်များထံမှလည်း ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများထွက်ပေါ်လာသည်။

ထန်အင်ပါယာနှင့်တာယွီအင်ပါယာအကြားရှိ စစ်ပွဲသည် ယခုအချိန်ထိ ရောက်ရှိလာပြီဖြစ်သောကြောင့် နှစ်ဖက်စလုံးထံတွင် နက်ရှိုင်းသော သွေးကြွေးရန်ငြိုးများရှိနေသည်။ သူတို့၏မျက်လုံးများပင်လျှင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကြောင့် နီမြန်းနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ယခုလက်ရှိချိန်တွင် စစ်ပွဲကိုရပ်တန့်ရန် မည်သူ့ထံတွင်မျှ ဆန္ဒမရှိကြချေ။

စုန့်ကျီကျင်းသည် ယင်ထျန်းမင်ကို စောင်းငဲ့ကြည့်ကာ အေးစက်တင်းမာစွာပြောဆိုသည်။

"တကယ်လို့ ငါ မမှားဘူးဆိုရင် ဝမ်ရှင်းအမတ်ကြီးဦးဆောင်သွားတဲ့ ပင်မအင်အားစု...သူတို့တွေအားလုံး ပျောက်ကွယ်သွားမှာကို ငါ စိုးရိမ်မိတယ်....ခံတပ်မှာကျန်ခဲ့တဲ့ ခုခံကာကွယ်ရေးစစ်သားတွေရဲ့အင်အားက သာမန်အဆင့်ပဲရှိတာ...သူတို့က ဒီနေရာကို ခုခံကာကွယ်နိုင်ရုံလောက်ပဲရှိတယ်"

"တိုက်ပွဲအစကနေအခုချိန်ထိ မရေမတွက်နိုင်တဲ့လူတွေ သေသွားရုံတင်မကဘူး...အရင်းအမြစ်တွေလည်း အသုံးပြုလို့ကုန်ဆုံးသွားပြီ...မြို့ထဲမှာရှိတဲ့ ကုန်စည်တွေအားလုံးလည်း စျေးတွေတအားမြင့်တက်နေတယ်...ဒါကြောင့် လူတွေမှာ ကောင်းမွန်တဲ့ဘဝတစ်ခု မရှိကြတော့ဘူး.... အရှင်က ဒီကိစ္စကို မင်းတို့ ရဲ့ကောင်းကျိုးအတွက် လုပ်ဆောင်ခဲ့တာ...မင်းတို့ ကျေးဇူးတင်သင့်တယ်"

ယင်ထျန်းမင်က မတ်တတ်ထရပ်ကာ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

"တကယ်လို့ ငါတို့ရဲ့ကောင်းကျိုးအတွက် မင်းတို့ ဒီလိုလုပ်တာဆိုရင် အရင်းအမြစ်တွေနဲ့စစ်ကူတွေပေးလိုက်ရင် ဒါက ပြီးသွားပြီ....မြင့်မြတ်တဲ့ တာယွီကောင်းကင်ဘုံအင်ပါယာက ဘယ်ချိန်ကနေစပြီးတော့ မတိုက်ခိုက်ဘဲနဲ့ ငြိမ်းချမ်းရေးကို ယူစရာအကြောင်းမျိုး ရှိသွားတာလဲ"

တာယွီအင်ပါယာသည် ကောင်းကင်ဘုံနယ်မြေတစ်ခွင်လုံးကို အုပ်ချုပ်ထားကာ တခြားအင်အားစုများကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်။

တခြားအင်အားစုများသည် တာယွီတော်ဝင်နန်းတွင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်ကိုသာ မျှော်လင့်နေခဲ့ကြရသည်။သို့ရာတွင် တာယွီအင်ပါယာဘက်မှ ငြိမ်းချမ်းရေးယူရန် စတင်၍ကမ်းလှမ်းခဲ့မှုမျိုး တစ်ကြိမ်တစ်ခါမျှမရှိခဲ့ဘူးချေ။

"မင်းတို့က ရန်သူကို အနိုင်မယူနိုင်ဘဲနဲ့ ရူးသွပ်မိုက်မဲဖို့ပဲ သိတဲ့ကောင်တွေပဲ....အရှင်က သူ့ရဲ့ဦးနှောက်ခြောက်မတတ် စဉ်းစားပြီးတော့မှ လူတိုင်းအတွက် နည်းလမ်းတစ်ခုကို ရှာဖွေခဲ့ရတာ ....အခုအချိန်မှာ ငြိမ်းချမ်းရေးကိုယူဖို့က တစ်ခုတည်းသောနည်းလမ်းပဲ"

စုန့်ကျီကျင်းသည် စိတ်လှုပ်ရှားနေသဖြင့် လက်ဖက်ရည်အနည်းငယ်ခန့်သောက်လိုက်သည်။ဤသည်မှာ ယင်ထျန်းမင်၏စကားများကြောင့်မဟုတ်ဘဲ သူ့၏စိတ်နှလုံးသားအတွင်းတွင် ဒေါသများနှင့်ပြည့်နှက်နေသောကြောင့်ပင်။

တခြားတစ်ဖက်တွင်ရှိနေသော စုန်ချင်းဖုန်းသည် ယင်ထျန်းမင်ထက် များစွာပို၍တည်ငြိမ်ပုံရသည်။စုန်ချင်းဖုန်းက ပြောဆိုလိုက်၏။

"မင်းတို့ရဲ့အရှင်က ငြိမ်းချမ်းရေးကို ရယူချင်နေမှတော့ ဘာတွေလုပ်ဖို့ စီစဉ်ထားလဲ.....ထန်စစ်တပ်က အခုလက်ရှိအချိန်မှာ မြို့ပြင်မှာရှိနေတယ်....သူတို့က ကောင်းကင်ချိုးဖျက်ခံတပ်ကို တိုက်ခိုက်မယ့်ရည်ရွယ်ချက်ကို လက်လွှတ်မှာမဟုတ်ဘူး"

"မင်းတို့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စိတ်အေးအေးထားပါ...ငါတို့က ထန်အင်ပါယာဘက်ကို လူတွေလွှတ်ပြီးတော့ သူတို့နဲ့ညှိနှိုင်းဆွေးနွေးပြီးပြီ...ဒီတကြိမ်တိုက်ခိုက်မှုကို လုပ်ရတဲ့ ထန်အင်ပါယာရဲ့အဓိကအကြောင်းအရင်းက ချန်အန်းမြို့တော်ကို ရှာဖွေဖို့ပဲ...ဒါက ထန်အင်ပါယာရဲ့ရှေးဟောင်းမြို့တော်ချန်အန်းပဲ...ပြီးတော့ ထန်အင်ပါယာရဲ့တော်ဝင်နန်းတွင်းက လက်ဝဲစစ်တပ်နယ်မြေထဲမှာ ချန်အန်းမြို့ရှိနေတယ်ဆိုတာကို ရှာဖွေဖော်ထုတ်ပြီးသွားပြီ"

စုန့်ကျီကျင်းသည် အချိန်တခဏခန့်ရပ်နားပြီးနောက် ဆက်လက်၍ပြောဆိုသည်။

"အရှင်ချီက လက်ဝဲစစ်တပ်နယ်မြေကို ထန်အင်ပါယာဆီပေးဖို့ သဘောတူပြီးပြီ...ထန်အင်ပါယာက ဒီသဘောတူညီချက်ကြောင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို ဘယ်တော့မှ ကျူးကျော်စစ်ဆင်နွှဲတော့မှာမဟုတ်ဘူး"

ထိုစကားများကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသော မဟာစစ်ဗိုလ်ချုပ်အများစုသည် မတ်တတ်ထရပ်ကာ ဒေါသတကြီးဖြင့် စုန့်ကျီကျင်းကို ကြည့်လိုက်ကြ၏။

သူတို့သည် ငြိမ်းချမ်းရေးရယူရန်အတွက် သူတို့၏နယ်မြေကို ခွဲဝေပေးရပေမည်။

မည်သည့်အချိန်ကာလမျိုးတွင် ဖြစ်နေပါစေ ကျင့်ကြံခြင်းတိုင်းပြည်တစ်ခုအတွက် နယ်မြေခွဲဝေပေးအပ်ခြင်းမှာ အလွန်အမင်းအရှက်ရစေသောကိစ္စပင်။

စုန်ချင်းဖုန်းက စုန့်ကျီကျင်းကိုကြည့်ကာ အလေးနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"စစ်ရေးပရိယာယ်တွေက အမြဲတမ်းလိမ္မာပါးနပ်တယ်...ထန်စစ်တပ်က အမြဲတမ်းအကွက်ချကြံစည်နေခဲ့တာ...တကယ်လို့ သူတို့က ငြိမ်းချမ်းရေးသဘောတူညီချက်ကို တကယ်လုပ်ခဲ့တယ်ဆိုရင်တောင်...ဒါက စာရွက်ပေါ်မှာ ရေးသားထားတာလေးသက်သက်ပဲ...ထန်အင်ပါယာဘက်ကသာ ချန်အန်းမြို့ကို တကယ်ကြီးရသွားမယ်ဆိုရင် ထန်အင်ပါယာက ပိုပြီး အစွမ်းထက်လာလိမ့်မယ်...အဲ့ဒီအချိန်ကျရင် ငါတို့က သူတို့ကို အနိုင်ယူဖို့ဆိုတာ ပိုပြီးခက်ခဲသွားလိမ့်မယ်"

စုန့်ကျီကျင်းက အေးစက်တင်းမာစွာ နှာတစ်ချက်မှုတ်လိုက်သည်။

"ဟမ့်..မင်းတို့က တော်တော်လေးအမြင်ကျဥ်းတာပဲ...မင်းတို့က မင်းတို့ရှေ့မှာရှိတဲ့ အမုန်းတရားတွေကိုပဲ မြင်တယ်....ဒါပေမယ့် ငါတို့ရဲ့မဟာအစီအစဉ်ကြီးကိုတော့ မင်းတို့က သတိမပြုမိဘူး...လက်ဝဲစစ်တပ်နယ်မြေကို သူတို့ကိုသိမ်းပိုက်ခွင့်ပြုပြီးတော့ ထန်စစ်တပ်ကို ခဏလောက်မောက်မာထောင်လွှားခွင့်ပြုထားတာက မှန်ကန်တဲ့နည်းလမ်းပဲ...ငါတို့ရဲ့အင်အားတွေကိုစုစည်းပြီးတော့ ပြန်လည်းဖြည့်တင်းပြီးတဲ့အချိန်ကျရင် သူတို့ကို ပြန်ပြီးတိုက်ခိုက်နိုင်တယ်..အခုအချိန်မှာ ငါတို့ဘက်က အင်အားတွေလျော့နည်းနေတာကြောင့် သူတို့ကို ထပ်ပြီးတိုက်ခိုက်ဖို့မသင့်တော်ဘူး"

စုန်ချင်းဖုန်းသည် ဒေါသထွက်သွားလေ၏။သူ့ထံတွင် ယခင်ကဲ့သို့ ယဉ်ကျေးသိမ်မွေ့သောအမူအယာမျိုး မရှိတော့ချေ။

"အဓိပ္ပါယ်မရှိတာတွေ...ထန်စစ်တပ်က အရင်ကတည်းက ငါတို့ခံတပ်ထက် ဝင်္ကပါပညာရပ်အရပဲဖြစ်ဖြစ် အရင်းအမြစ်အရပဲဖြစ်ဖြစ် ပိုပြီးသာလွန်တယ်...တကယ်လို့ ဒီလိုအချိန်မျိုးမှာ ငါတို့ရဲ့နယ်မြေကို ခွဲဝေပေးပြီးတော့ ငြိမ်းချမ်းရေးကိုယူရမယ်ဆိုရင် ...ဒါက ငါတို့ ကျားတစ်ကောင်ကို အစာကျွေးလိုက်တာနဲ့အတူတူပဲ...အနှေးနဲ့အမြန် ဒါက ဘေးကပ်ဆိုးကြီးဖြစ်လာလိမ့်မယ်"

"မင်းက ဘာလုပ်ချင်တာလဲ...ဝမ်ရှင်းအမတ်ကြီးရဲ့လက်ထောက်တစ်ယောက်အဆင့်ပဲရှိတဲ့ မင်းက ငါ့ရှေ့မှာ မဆင်မခြင်ပြောဖို့ မထိုက်တန်ဘူး"

စုန့်ကျီကျင်း၏အင်္ကျီလက်အတွင်းမှနေ၍ ရွှေရောင်အလင်းတန်းတစ်တန်း ရုတ်တရက်ပျံ့လွင့်လာသည်။

စုန်ချင်းဖုန်းသည် သတိလက်လွတ်ဖြစ်နေသဖြင့် ထိုရွှေရောင်အလင်းတန်း၏ ရိုက်ခတ်ခြင်းကို ခံရလေ၏။သူသည်ချက်ချင်းဆိုသလိုပင် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက် ရကာ သူ့၏နောက်ရှိ စစ်ဗိုလ်ချုပ်တစ်ချို့က သူ့အား ထောက်ပံ့ကူညီပေးလိုက်ရသည်။

Chapter 3832

"မင်း လုပ်ရဲလား"

"ဒီနေရာက ကောင်းကင်ချိုးဖျက်ခံတပ်...ချီဘုရင်ရဲ့အိမ်တော် မဟုတ်ဘူး"

လက်ရှိနေရာတွင်ရှိနေသော မဟာစစ်ဗိုလ်ချုပ်များအားလုံး ဒေါသထွက်သွားသည်။သူတို့သည် ယခင်ကတည်းက စုန့်ကျီကျင်းကို စိတ်မကျေမနပ်ဖြစ်နေကြသဖြင့် ယခုအချိန်တွင် သူတို့အားလုံး ဒေါသူပုန်ထသွားကြသည်။ထို့ကြောင့် သူတို့သည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်ကြ၏။

နံဘေးဘက်တွင်ရှိနေသော လန်ဝူရှင်းကလည်း သရော်တော်တော်ပြောဆိုသည်။

"ငါ အမုန်းဆုံးက ဒီလိုလူစားမျိုးတွေပဲ...ရှေ့တန်းမှာ မရေမတွက်နိုင်တဲ့အသေအပျောက်တွေ ရင်ဆိုင်ကြုံတွေ့နေရတာက အသိသာကြီးလေ....ဒါပေမဲ့ မင်းတို့က ဒါကိုသာမန်စကားတစ်ခွန်းပြောသလို ပြောနေခဲ့တယ်...ငါတို့ ခုခံကာကွယ်နေတဲ့နယ်မြေကိုတောင် မင်းတို့က တခြားအင်ပါယာဆီ လက်လွှဲပေးဖို့ ​ပြောခဲ့တယ်...တကယ်လို မင်းသာ ငါတို့နတ်ဆိုးဂိုဏ်းဝင်တစ်ယောက်ဆိုရင် သရဲတစ္ဆေငါးကောင်နဲ့ မင်းရဲ့အသွေးအသားတွေကိုဆုတ်ဖြဲပြီး အပြစ်ပေးခံနေရလောက်ပြီ"

ကောင်းကင်ချိုးဖျက်ခံတပ်မှ မဟာစစ်ဗိုလ်ချုပ်များသည်လည်း ဒေါသထွက်နေသောကြောင့် စည်းဝေးခန်းမအတွင်းရှိအခြေအနေ တင်းမာစပြုလာသည်။

တခြားတစ်ဖက်တွင် ထိုင်နေကြသော ချီဘုရင်၏အိမ်တော်မှ အရာရှိများသည်လည်း မတ်တတ်ထရပ်လိုက်ကြကာ သူတို့၏မျက်နှာများပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအယာများ ထင်ဟပ်နေသည်။

မမျှော်လင့်ဘဲ စုန့်ကျီကျင်းသည် ရုတ်တရက် သူ့၏အင်္ကျီလက်ကြားမှ အမိန့်စာလွှာတစ်ခုကိုထုတ်ယူကာ ​ဖြည်းညှင်းစွာဖြန့်လိုက်သည်။

"ချီဘုရင်က အမိန့်ထုတ်ပြန်လိုက်တယ်... အခြေအနေအားလုံးကို ခြုံငုံပြီးတော့ ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုကို ဆက်ပြီးထိန်းသိမ်းနိုင်ဖို့အတွက်...ကောင်းကင်ချိုဖျက်ခံတပ်မှာရှိတဲ့ စစ်သားတွေအားလုံးကို တိုက်ခိုက်ခွင့်မပြုတော့ဘူး...ထန်စစ်တပ်က ခံတပ်ကို လက်လွှဲယူတဲ့အချိန်မှာ ခံတပ်မှာရှိတဲ့စစ်သားတွေကို ခုခံခွင့်မပြုဘူး...ထိပ်တန်းအဆင့် အရည်အသွေးရှိတဲ့ မှော်လက်နက်တွေအားလုံးကို ဘဏ္ဍာတိုက်ထဲမှာ ချိတ်ပိတ်ထားပြီးတော့ သာမန်မှော်ရတနာတွေကိုပဲ ချန်ထားခဲ့ရမယ်...ဒါတွေက မြို့ကိုတည်ငြိမ်အောင် ထိန်းသိမ်းတဲ့နေရာမှာ အသုံးပြုဖို့အတွက်ပဲ"

စုန့်ကျီကျင်းသည် အမိန့်တော်ကိုဖြန့်ကာ မောက်မာထောင်လွှားစွာ အော်ဟစ်လိုက်၏။

သူ့၏အသံကျရောက်လာသည်နှင့်အတူ အမိန့်စာလွှာမှနေ၍ အစွမ်းထက်သောဖိအားအရှိန်အဝါတစ်ရပ်ထွက်ပေါ်လာကာ စည်းဝေးခန်းမတစ်ခုလုံးပေါ်သို့ ကျရောက်သွားသည်။

ဤသည်မှာ ချီဘုရင်ကိုယ်တိုင် ရေးသားထားသော အမိန့်စာလွှာတစ်ခုပင်။

ထိုအရာတွင် ချီဘုရင်၏မြင့်မြတ်သောမှော်စွမ်းအားများ ပါဝင်နေပေ၏။

ဤအချိန်အခိုက်အတန့်တွင် စည်းဝေးခန်းမအတွင်းရှိ လူတိုင်းသည် သူတို့၏ခေါင်းများပေါ်သို့ဖိစီးလာသော ထက်ရှသည့် ဖိအားအရှိန်အဝါတစ်ရပ်ကို ခံစားမိသည်။

"ချီဘုရင်က ဘာမလို့လဲ...သူက လုပ်ရဲလား"

စုန်ချင်းဖုန်းသည် ထိတ်လန့်တုန်လှုပ်မှုနှင့်ဒေါသထွက်မှုတို့ကို ရောယှက်၍ခံစားနေရလေ၏။

တခြားမဟာစစ်ဗိုလ်ချုပ်များ၏မျက်လုံးများသည်လည်း လုံးလုံးလျားလျားနီမြန်းနေကာ သူတို့၏အဆုတ်များသည် ဒေါသကြောင့် ပေါက်ကွဲတော့လုမတတ်ပင်။

ဤသည်မှာ သူတို့အားခုခံခွင့်မပြုဘဲ သူတို့၏အဖိုးတန်နယ်မြေကို ရန်သူများအားပေးအပ်စေခြင်းပင်။

ထို့ထက်ပို၍ ဒေါသထွက်စရာကောင်းသောကိစ္စမှာ သူတို့သည် သူတို့၏ထိပ်တန်းအဆင့်ရတနာများအားလုံးကို ဘဏ္ဍာတိုက်များအတွင်း၌ ချိတ်ပိတ်ထားရပေမည်။တခြားစကားပြောင်းဆိုရလျှင် ချီဘုရင်သည် စစ်သားများအားလုံးကို ခုခံနိုင်သည့်အရည်အချင်း ဆုံးရှုံးစေရန် ပြုလုပ်လိုခြင်းပင်။

စစ်သားများအတွက် သူတို့၏မှော်လက်နက်များကို ချိတ်ပိတ်ခံရကာ သတ်ဖြတ်ခံရရန်အတွက် စောင့်ဆိုင်းနေရခြင်းသည် အရှုံးပေးအညံခံခြင်းနှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။

စုန်ချင်းဖုန်းက ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"ငါတို့ ကောင်းကင်ချိုးဖျက်ခံတပ်က တော်ဝင်နန်းတွင်းရဲ့အပိုင်ပဲ....ချီဘုရင်ရဲ့လက်အောက်ခံ နယ်မြေမဟုတ်ဘူး...သူ့ရဲ့အမိန့်တော်က ငါတို့ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့ ကိစ္စတွေထဲမှာ ဝင်စွက်ဖက်ခွင့်မရှိဘူး"

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် တော်ဝင်မိသားစုဝင်များ၏ အခွင့်အာဏာကို ပယ်ဖျက်လိုက်ခြင်းကြောင့် ဘုရင်များကိုင်ဆောင်ထားသော အခွင့်အာဏာသည် အတိတ်တွင်ကဲ့သို့ ကြီးကျယ်ခမ်းနားခြင်း မရှိတော့ချေ။

ဤသည်မှာ ချီဘုရင်၏ကံကြွေးခံမြေဟု နာမည်ခံအရသာရှိပြီး ချီဘုရင်သည် သူ့၏အိမ်တော်အနီးပတ်ဝန်းကျင်ရှိ နယ်မြေဒေသများကိုသာ ထိန်းချုပ်နိုင်သည်။အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းရှိ အရာရှိများအားလုံးသည် တော်ဝင်နန်းတွင်း၏လက်အောက်ခံများဖြစ်သည်။အများဆုံးအနေဖြင့် အခွန်အခငွေများ၏တစိတ်တစ်ပိုင်းကို ချီဘုရင်၏အိမ်တော်သို့ရပို့ဆောင်ရခြင်းသာရှိသည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ ချီဘုရင်သည် အုပ်ချုပ်ရေးအရေးကိစ္စများအတွင်း၌ ဝင်ရောက်စွက်ဖက်ရန် ကြံရွယ်နေသည်။

စုန့်ကျီကျင်းက အ​ထင်အမြင်သေးသောအပြုံးနှင့် ဆက်လက်ပြောဆိုသည်။

"အရှေ့အောင်နိုင်ခြင်းကြယ်မြေရဲ့အုပ်ချုပ်သူအရှင်က ကံဆိုးပြီးတော့ တိုက်ပွဲအတွင်းမှာ သေဆုံးခဲ့ရတယ်...ချီဘုရင်က အခုအချိန်မှာအုပ်ချုပ်သူအရှင်ရဲ့အခွင့်အာဏာကို ယာယီလွှဲယူထားတယ်...ဒါကြောင့် ဒီနေ့ မင်းတို့အားလုံး ငါ့ရဲ့အမိန့်ကို နားထောင်ရမယ်"

ထိုအမိန့်စာလွှာကိုဖြန့်လိုက်ချိန်၌ 'အရှေ့အောင်နိုင်ခြင်းကြယ်မြေ၏အုပ်ချုပ်သူအရှင်'ဟူသော တောက်ပသည့် အနီရောင်စည်းတံဆိပ် ခတ်နှိပ်ထားသည်ကို လူတိုင်းတွေ့မြင်လိုက်ရသည်။

ဤအရာရှိစည်းတံဆိပ်တွင် တာယွီအင်ပါယာ၏ကံကြမ္မာစွမ်းအား ပါဝင်နေသဖြင့် ထိုအရာကို အတုပြုလုပ်ရန်မှာ မဖြစ်နိုင်ချေ။

"မင်း...."

စုန်ချင်းဖုန်း၏မျက်လုံးများပြူးကျယ်နေကာ သူသည် စကားတစ်ခွန်းမျှမပြောဆိုနိုင်တော့ချေ။

အရှေ့အောင်နိုင်ခြင်းကြယ်မြေ၏ အုပ်ချုပ်သူအရှင်သည် ရှေ့တန်း၌တိုက်ခိုက်နေသည်ကို သူကြားသိပြီးဖြစ်သည်။အုပ်ချုပ်သူအရှင်သည် သေဆုံးသွားခဲ့မည်ဟု မည်သူက တွေးထင်မိမည်နည်း။

အုပ်ချုပ်သူအရှင်၏အခွင့်အာဏာကို နယ်စားဘုရင်တစ်ပါးမှ လွှဲပြောင်းယူခဲ့သော သာဓကမျိုးလည်း ယခင်ကမရှိခဲ့ဘူးချေ။

သို့ရာတွင် ဤသည်မှာ အရေးမပါတော့ပေ။ချီဘုရင်သည် အုပ်ချုပ်သူအရှင်၏အခွင့်အာဏာကို လွှဲပြောင်းယူပြီးနောက် ပထမဆုံးထုတ်ပြန်လိုက်သည့်အမိန့်သည် နယ်စပ်ခံတပ်နေရာ၌ ခုခံကာကွယ်နေသော စစ်သားများအားလုံးကို လက်နက်ချအညံခံစေခြင်းပင်။

ဤသည်မှာ အလွန်အမင်း အရှက်ရစေမှုကြီးဖြစ်ပေ၏။

"မင်းတို့အားလုံးက ဘာလို့မတ်တတ်ရပ်နေကြတာလဲ...မင်းတို့က ချီဘုရင်ရဲ့အမိန့်ကို ဖီဆန်ဖို့ကြိုးစားနေတာလား"

အမိန့်တော်၏စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများအောက်တွင် စုန့်ကျီကျင်းကိုကြည့်ရသည်မှာ အလွန်အမင်းကြီးကျယ်ခမ်းနားပြီး မြင့်မြတ်နေပုံရသည်။

ရုတ်တရက် သူ၏အကြည့်သည် လုယွီထံသို့ ကျရောက်သွားကာ သူက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"အရှင်လု....ချီဘုရင်ရဲ့အမိန့်က ဒီနေရာကိုရောက်နေပြီ...မင်းက စည်းမျဉ်းတွေကိုမသိဘူးလား"

Chapter 3833

ဤကိစ္စအစမှအဆုံးတိုင် လုယွီသည် ထိုင်ခုံပေါ်တွင်ထိုင်နေပြီး တစ်ကြိမ်တခါမျှ မတ်တတ်ထရပ်ခြင်းမရှိချေ။

ဤသည်မှာ ဘုရင်တစ်ပါးမှ ထုတ်ပြန်လိုက်သော အမိန့်တော်ပင်။အကယ်၍ လုယွီသည် ဒူးထောက်ရန်မလိုအပ်လျှင်ပင် သူသည် ရိုသေလေးစားမှုကို ပြသရန်အတွက် မတ်တတ်ထရပ်ရပေမည်။

သို့ရာတွင် လုယွီသည် ချီဘုရင်၏အမိန့်တော်ကိုအနည်းငယ်မျှ ဂရုမစိုက်ဘဲ သူသည်လက်ဖက်ရည်ကို ဆက်လက်၍တစ်ငုံငုံလိုက်၏။

"အရှင်လု....ဒါက ဘာသဘောလဲ"

စုန့်ကျီကျင်းက ဒေါသတကြီးမေးမြန်းသည်။

လုယွီက စုန့်ကျီကျင်းကို စောင်းငဲ့၍ကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။

"အုပ်ချုပ်သူအရှင်ရဲ့အခွင့်အာဏာကို လွှဲယူဖို့အတွက် တော်ဝင်အတွင်းဝင်ရုံးကနေ ထုတ်ပြန်ထားတဲ့ တရားဝင်စာရွက်စာတမ်းလိုအပ်တယ်.... မဟုတ်ရင် ယာယီအုပ်ချုပ်သူအရှင်တစ်ယောက်ဖြစ်တဲ့ ချီဘုရင်က ဒီလိုကိစ္စမျိုးကိုလုပ်ပိုင်ခွင့်မရှိဘူး... ငါ့ကို အဲ့ဒီတရားဝင်စာရွက်စာတမ်းပြစမ်း"

စုန့်ကျီကျင်း၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။

"အဲ့ဒီစာရွက်စာတမ်းက တော်ဝင်အိမ်တော်မှာသိမ်းဆည်းထားတယ်...ငါက ဘယ်လိုလုပ်ပြီးတော့ အခုချက်ချင်း မင်းကို ပြနိုင်မှာလဲ"

"မင်း ထုတ်မပြနိုင်ဘူးလား"

လုယွီက တင်းမာခက်ထန်စွာ အော်ငေါက်လိုက်သည်။

"ချီဘုရင်က အုပ်ချုပ်သူအရှင်ရဲ့ အခွင့်အာဏာကို ခိုးယူထားတယ်လို့ ငါက သံသယရှိတယ်... ဒါကြောင့် ဒီအမိန့်တော်က အချိန်အတိုင်းအတာတစ်ခုထိ အကျုံးဝင်မှာမဟုတ်ဘူး..လာကြစမ်း ...ဒီသံတမန်တွေအားလုံးကို အနားယူဖို့ ပို့လိုက်ကြစမ်း"

စုန့်ကျီကျင်းသည် ကြက်သေသေသွားလေ၏။ သူသည် ဖြစ်နိုင်​ချေအမြောက်အများကို တွေးတောထားခဲ့သော်လည်း ဤကဲ့သို့ ကိစ္စမျိုးကို ကြုံတွေ့ရမည်ဟု သူ တကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။

လုယွီသည် ဤအမိန့်တော်၏တရားဝင်မှုကို လက်ခံရန်အတွက် ရည်ရွယ်ချက်ရှိပုံမရချေ။

"ကောင်းပြီလေ....မင်းတို့ စောင့်နေကြစမ်း...ငါက တော်ဝင်အိမ်တော်ကို စာတစ်စောင်ပို့ပြီးတော့ မင်း လိုချင်တဲ့စာရွက်စာတမ်းကို ဒီနေရာဆီ ပို့ခိုင်းလိုက်မယ်"

စုန့်ကျီကျင်းသည် ကူကယ်ရာမဲ့ဖြစ်နေကာ အနည်းငယ်စိုးရိမ်ပူပန်နေသကဲ့သို့ ခံစားနေရသည်။

ကောင်းကင်ချိုးဖျက်ခံတပ်သည် ချီဘုရင် ငြိမ်းချမ်းရေးယူရန်အစီအစဉ်တွင် အရေးပါသော အစိတ်အပိုင်းပင်။

ဤနေရာသည် လက်ဝဲစစ်တပ်နယ်မြေအတွင်းရှိခံတပ်လေးနေရာအနက် ခိုင်မာတောင့်တင်းမှုအရှိဆုံးခံတပ်ပင်။အနည်းဆုံးအနေဖြင့် အကယ်၍ ထန်အင်ပါယာသည် ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းသို့ ဝင်ရောက်နိုင်လျှင်ပင် ထန်စစ်တပ်၏အင်အား အလွန်အမင်း လျော့နည်းသွားပေမည်။

စုန့်ကျီကျင်းသည် သူ့၏အင်္ကျီလက်ကြားမှအဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူကာ တိုးညှင်းသောအသံဖြင့် စကားတချို့ကိုရေရွတ်လိုက်သည်။ထိုအဆောင်လက်ဖွဲ့သည် ချက်ချင်းတောက်ပသွားပေ၏။

သို့ရာတွင် ထိုအချိန်မှာပင်....

ဘန်း....

လုယွီ၏လက်ချောင်းသည် စားပွဲပေါ်သို့ ထိတွေ့သွားရာမှ ညင်သာသောအသံတစ်သံ ထွက်ပေါ်လာသည်။

စုန့်ကျီကျင်း၏လက်အတွင်းရှိ အဆောင်လက်ဖွဲ့ မှအလင်းရောင်များ ချက်ချင်းငြိမ်းသေသွားသည်။ဤသည်မှာ ဖုန်မှုန့်များအလား ကြေမွှပျက်စီးသွားကာ တဖြည်းဖြည်းပျက်ပြယ်သွားလေ၏။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"စစ်ရေးသတင်းတွေ ပေါက်ကြားမှာကို ကာကွယ်တဲ့အနေနဲ့ ပင်မစစ်စခန်းမှာ ရှိတဲ့လူတွေအားလုံးကို ခွင့်ပြုချက်မရှိဘဲနဲ့ သတင်းစကားတွေ ပေးပို့ခွင့်မပြုဘူး...လာကြစမ်း...ဒီသံတမန်တွေကို ယာယီဖမ်းချုပ်ထားလိုက်ကြစမ်း"

သူ့၏လက်အတွင်းရှိ အဆောင်လက်ဖွဲ့သည် အမှုန်အမွှားများဖြစ်သွားသည်ကိုကြည့်ပြီး စုန်ကျီကျင်း၏မျက်လုံးများ ချက်ချင်းနီမြန်းသွားသည်။

"လုယွီ...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ဖမ်းဆီးထားဝံ့တာလဲ...မင်း ယုံလား...ငါက အိမ်တော်ကို ပြန်ရောက်တာနဲ့ အရှင့်ဆီကို သတင်းပို့ပြီး မင်းကိုအပြစ်ပေးဖို့ တောင်းဆိုမယ်"

စုန့်ကျီကျင်းက ဒေါသတကြီးအော်ဟစ်လိုက်၏။

လုယွီသည် ထိုစကားများကို အနည်းငယ်မျှ ဂရုစိုက်ခြင်းမရှိဘဲ တည်ငြိမ်စွာပြောဆိုသည်။

"လန်ဝူရှင်း...တိုက်ခိုက်စမ်း"

"ဟုတ်ကဲ့"

လန်ဝူရှင်းသည် တစ်ဖက်လူများ၏ အဆင့်အတန်းနှင့်ပတ်သက်ပြီး အနည်းငယ်မျှဂရုစိုက်ခြင်းမရှိချေ။သူသည် ချက်ချင်းရှေ့သို့တိုးကာ စုန့်ကျီကျင်းနှင့်တခြားသံတမန်များအားလုံးကို မြေပြင်ပေါ်သို့ ဖိနှိပ်လိုက်သည်။တစ်ချိန်တည်းမှာပင် သူသည် သူတို့အားလုံးကိုတင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်၏။

စုန့်ကျီကျင်းသည် သူ့၏ခေါင်းကို ခက်ခက်ခဲခဲမော့ကာ ရက်စက်ကြမ်းကြုတ်စွာပြောဆိုသည်။

"တကယ်လို့ မင်းက ငြိမ်းချမ်းရေးသဘောတူညီချက်ကို နှောင့်နှေးကြံကြာစေမယ်ဆိုရင်...မင်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံးရဲ့အပြစ်သားဖြစ်သွားလိမ့်မယ်...လုယွီ မင်း ဒီကိစ္စအတွက် နောင်တရစေရမယ်"

လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ အသံနက်ကြီးဖြင့် ပြောဆိုသည်။

"ဟမ့်...ငါက ငါတို့ရဲ့ပိုင်နက်နယ်မြေကို အလွယ်တကူမပေးချင်တာနဲ့ပဲ အပြစ်သားဖြစ်ရတော့မှာလား...ငါက ဘာကိုကြောက်နေရမှာလဲ...အဓိပ္ပာယ်မရှိတာတွေ"

"မင်း ပေါက်ကရတွေမပြောနဲ့...ချီဘုရင်က ဉာဏ်ပညာကြီးမားပြီးတော့ အစွမ်းထက်တယ်... မင်းလိုကောင်မျိုးက ဘယ်လိုလုပ်ပြီးတော့ သူ့ရဲ့အစီအစဉ်တွေကို နားလည်နိုင်မှာလဲ"

စုန့်ကျီကျင်းက အော်ဟစ်လိုက်၏။

လုယွီက သူ့၏လက်ကို ဝှေ့ယမ်းလိုက်ရာ လန်ဝူရှင်းသည် စုန့်ကျီကျင်း၏ဆံပင်ကိုဆုပ်ကိုင်ပြီး သူ့အား အထက်သို့မြှောက်တင်လိုက်သည်။

"မင်းတို့လိုကောင်မျိုးတွေက တကယ့်ကို အသားထဲက လောက်ကောင်တွေပဲ...ဖြောင့်မတ်မှန်ကန်တဲ့ပုံစံမျိုးနဲ့ တော်ဝင်နန်းတွင်းရဲ့ပိုင်ဆိုင်မှုတွေကို တခြားလူတွေဆီ ပေးအပ်ချင်နေတယ်...မင်းတို့ကမှ အရမ်းရွံရှာစက်ဆုပ်ဖို့ကောင်းတဲ့ကောင်တွေ မဟုတ်ဘူးလား"

လန်ဝူရှင်း၏မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်နေသည်။

ထိုအချိန်မှာပင် လက်ထောက်တပ်မှူးတစ်ယောက်က ပြင်ပမှနေ၍ ပြေးဝင်လာကာထိတ်လန့်တကြားအမူအယာဖြင့် ပြောဆိုသည်။

"အရှင်တို့ကို သတင်းပို့ပါတယ်....ဆိုးဝါးတဲ့ကိစ္စတစ်ခု ဖြစ်နေပြီ"

စုန်ချင်းဖုန်းက မျက်မှောင်ကြုတ်လိုက်၏။

"ဘာတွေ ဖြစ်နေတာလဲ"

"မဟာစစ်ဗိုလ်ချုပ်ဟန်....မဟုတ်ဘူး...ဟန်ချီက တပ်မှူးတဲထဲကိုခိုးဝင်ပြီးတော့ သဲခုံစားပွဲကို ခိုးသွားခဲ့တယ်...သူက မြို့ထဲကနေ တိတ်တဆိတ်ထွက်သွားပြီးတော့ ထန်စစ်တပ်ရဲ့စစ်စခန်းထဲကို ထွက်ပြေးသွားခဲ့တယ်"

ထိုလက်ထောက်တပ်မှူးက ထိတ်လန့်တကြားပြောဆိုသည်။

ဟန်ချီဟု ဆိုသလော....

စုန်ချင်းဖုန်းက ထိတ်လန့်တုန်လှုပ်မှုနှင့်ဒေါသထွက်မှုတို့ ရောယှက်နေသောအသံဖြင့် ပြောဆိုသည်။

"ဟန်ချီက အကျဉ်းထောင်ထဲမှာ အချုပ်ခံထားရတာ မဟုတ်ဘူးလား...သူက ဘယ်လိုလုပ်ပြီးတော့ ထွက်လာတာလဲ"

All Chapters