အခန်း (၃၈၃၄-၃၈၃၇)
Vol. 195 Ch. 3834-3837
Chapter 3834
"ငါက ဗိုလ်ချုပ်ဟန်ကို လွှတ်ပေးလိုက်တာပဲ"
စုန့်ကျီကျင်းက သူ့၏ခေါင်းကိုမော့ကာ နာကြည်းမုန်းတီးစွာဖြင့် လုယွီကို ကြည့်လိုက်၏။
"ဗိုလ်ချုပ်ဟန်နဲ့အရှင့်သားတို့က ခမည်းခမက်တော်စပ်ရတော့မယ့်လူတွေ...သူ့ရဲ့သား ဟန်ကျင်းယုက တော်ဝင်အိမ်တော်ရဲ့နဝမသခင်မလေးနဲ့စေ့စပ်ထားတယ်...လုယွီ မင်းက အရင်ဆုံး နဝမသခင်မလေးရဲ့ခင်ပွန်းလောင်း ဝမ်ခန်းကိုသတ်ခဲ့တယ်...အရှင့်သားက မင်းကို လာမရှာခဲ့ဘူး...အဲ့ဒီအစား သူက နောက်ထပ်လက်ထပ်ပွဲတစ်ခုကို စီစဉ်ခဲ့တယ်..အဆုံးသတ်ကျတော့ ဟန်ကျင်းယုကိုလည်း မင်းက ထပ်ပြီးသတ်ပစ်လိုက်ပြီ..ငါတို့ချီဘုရင်အိမ်တော်နဲ့မင်းအကြားမှာ ဘာရန်ငြိုးရန်စတွေများရှိနေခဲ့လို့လဲ...မင်းက ဘာလို့ ငါတို့ချီဘုရင်အိမ်တော်ရဲ့သမက်လောင်းတွေကို တစ်ကြိမ်ပြီးတကြိမ်သတ်နေရတာလဲ"
ယင်ထျန်းမင်နှင့်တခြားလူများသည်အနည်းငယ် အံ့အားသင့်သွားသောအကြည့်ဖြင့် လုယွီကို ကြည့်လိုက်ကြ၏။လုယွီသည် ချီဘုရင်နှင့်သက်ဆိုင်သောလူများကို သတ်ဖြတ်ခဲ့မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိခြင်းမရှိချေ။
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ မည်သူမည်ဝါဖြစ်နေပါစေ သူတို့သည် ချီဘုရင်ကို မျက်နှာသာတချို့ပေးရသည်။
သို့ရာတွင် ယခုလတ်တလောမှ လက်ဝဲစစ်တပ်၏တပ်မှူးအဖြစ် အသစ်ခန့်အပ်ခြင်းခံထားရသော လုယွီသည် ဤမျှထိအလွန်ရက်စက်မည်ဟု သူတို့ မျှော်လင့်ထားမိခြင်းမရှိပေ။
"ဒါတွေအားလုံးက...ချီဘုရင်က သူ့ရဲ့သားမက်လောင်းတွေအကြောင်းကို မစုံစမ်းဘဲနဲ့ ဆန်ကုန်မြေလေးတွေကို ရှာခဲ့လို့ပဲ"
လုယွီသည် စုန့်ကျီကျင်းကို ထပ်မံ၍အရေးမစိုက်တော့ဘဲ သတင်းလာပို့သော လက်ထောက်တပ်မှူးကိုကြည့်ကာ မေးမြန်းသည်။
"သဲခုံစားပွဲအပြင် ဟန်ချီက တခြားဘာတွေကို ယူသွားသေးလဲ"
ထိုလက်ထောက်တပ်မှူးက ပြောဆိုသည်။
"သူက မြို့ကာကွယ်ရေးအစီအစဥ်တွေ ရေးသားထားတဲ့ စစ်ရေးဆိုင်ရာ စာရွက်စာတမ်းတချို့နဲ့ သတင်းပို့စာလွှာတွေကို ယူသွားခဲ့တယ်...တပ်မှူးတဲတခုလုံး ဖရိုဖရဲဖြစ်နေပြီးတော့ ဝင်္ကပါဖွဲ့စည်းပုံတစ်ချို့လည်း မီးလောင်ကျွမ်းသွားခဲ့တယ်"
စုန်ချင်းဖုန်းက ဒေါသတကြီးအော်ဟစ်လိုက်၏။
"တပ်မှူးတဲရဲ့နံဘေးပတ်လည်မှာ ကင်းလှည့်နေတဲ့ စစ်သားတွေရှိနေတယ်..အဲ့ဒီစစ်သားတွေက သူ့ကို ဘယ်လိုလုပ်ပြီးတော့ ခိုးဝင်ခွင့်ပြုလိုက်တာလဲ"
လက်ထောက်တပ်မှူးက ရှုံမဲ့နေသောမျက်နှာဖြင့် ပြောဆိုသည်။
"ဟန်ချီက အရင်တုန်းက တပ်မှူးတဲကိုစောင့်ကြပ်ရတဲ့ မဟာဗိုလ်ချုပ်တစ်ယောက်ပဲ...ဒါကြောင့် သူက ခုခံကာကွယ်ရေးမှော်ဝင်္ကပါတွေကို ကောင်းကောင်းကြီးသတိပြုမိတယ်...ပြီးတော့ သူက အစောင့်တွေ အလှည့်အပြောင်းလုပ်တဲ့အချိန်ကိုလည်း သိထားတယ်....သူက ရည်ရွယ်ချက်ရှိရှိနဲ့ အခွင့်အရေးတစ်ခုကိုရှာဖွေပြီးတော့ အစောင့်တွေလူချိန်းတဲ့အချိန်အတွင်းမှာ ခိုးဝင်သွားခဲ့တာပဲ"
"သူက တပ်မှူးတဲထဲမှာရှိတဲ့ ပစ္စည်းတွေကို ယူသွားရုံတင်မကဘူး...အရေးကြီးတဲ့စာရွက်စာတမ်းတချို့ကို မီးရှို့ဖို့လည်း ကြံရွယ်ခဲ့သေးတယ်....ကံကောင်းထောက်မပြီးတော့ အစောင့်တွေ အချိန်မီရောက်သွားတာကြောင့် မီးတောက်တွေပြန့်မသွားခင် ငြိမ်းသတ်နိုင်ခဲ့တယ်"
"ဟန်ချီက ဒဏ်ရာရနေပြီးတော့ သူ့ရဲ့အစောင့် လူနည်းနည်းလေးနဲ့ မြို့ပြင်ကို ထွက်ပြေးသွားခဲ့တာလေ....မင်းတို့က ဘယ်လောက်ထိတောင်အသုံးမကျလို့ သူ့ကို မဟန့်တားနိုင်ကြတာလဲ"
လက်ရှိနေရာတွင်ရှိနေသော မဟာစစ်ဗိုလ်ချုပ်များ၏မျက်နှာများထက်တွင် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအယာများ ထင်ဟပ်လာသည်။
တပ်မှူးတဲအတွင်းတွင် အလွန်အမင်းအရေးပါသော သတင်းအချက်အလက်များကို ထားရှိသည်။ထို့ကြောင့် မည်သည့်ဆုံးရှုံးမှုမျိုးမဆို သူတို့၏ခံတပ်အတွက် အလွန်ကြီးမားသောဆုံးရှုံးမှုကြီးပင်။
ထို့ပြင် ဟန်ချီသည် ဝင်္ကပါဖွဲ့စည်းပုံတချို့ကိုလည်း မီးရှို့ခဲ့သည်။ဤသည်မှာ ကောင်းကင်ချိုးဖျက်ခံတပ်ကို ခုခံကာကွယ်ရန်အတွက် အဓိကသော့ချက်များပင်။ထိုကဲ့သို့ အရာတစ်ခုဆုံးရှုံးရလျှင်ပင် ဖြစ်လာနိုင်သော ထိခိုက်နစ်နာမှုများကို တွက်ချက်၍မရနိုင်ချေ။
"မင်းက သူ့ကို အခွင့်အာဏာမရှိဘဲနဲ့ လွှတ်ပေးလိုက်တယ်...အခု မင်းလုပ်လိုက်တဲ့လုပ်ရပ်ကြောင့် ဖြစ်သွားတာတွေကို မင်း မြင်လား"
ယင်ထျန်းမင်သည် စုန့်ကျီကျင်း၏အဆင့်အတန်းကို ဂရုမစိုက်တော့ချေ။သူသည် စုန့်ကျီကျင်း၏အင်္ကျီဂုတ်ကိုဆုပ်ကိုင်ကာ ဒေါသတကြီး အော်ဟစ်ကြုံဝါးလိုက်၏။
ရှေ့တန်းစစ်မျက်နှာစာတွင် သွေးစွန်းသောတိုက်ပွဲတစ်ခုကို ရင်ဆိုင်ဆင်နွှဲနေရသည်။
သို့ရာတွင် ဟန်ချီကဲ့သို့ ဆန်ကုန်မြေလေးတစ်ကောင်သည် နေ့ခင်းကြောင်တောင်အချိန်မျိုးတွင် အမှန်တကယ်ကို မြို့ပြင်သို့ထွက်သွားနိုင်ခဲ့လေ၏။
စုန့်ကျီကျင်းက သဘောမတူသောအမူအယာဖြင့် ကျယ်လောင်စွာပြောဆိုသည်။
"ငါတို့က ထန်အင်ပါယာနဲ့ငြိမ်းချမ်းရေးယူဖို့ ဆွေးနွေးညှိနှိုင်းပြီးပြီ...ငါတို့ဘက်က ရိုးသားမှုကိုဖော်ပြဖို့အတွက် မဟာစစ်ဗိုလ်ချုပ်ဟန်က ထန်စစ်တပ်ရဲ့စစ်စခန်းကိုသွားတာ ဖြောင့်မတ်မှန်ကန်တဲ့ လုပ်ရပ်တစ်ခုပဲ"
ကလန်...ကလန်...
ဓားများကို ဓားအိမ်များမှ ဆွဲထုတ်လိုက်သည့်အသံများက မဟာစစ်ဗိုလ်ချုပ်တချို့ထံမှ ထွက်ပေါ်လာသည်။သူတို့သည် စုန့်ကျီကျင်းကို သွေးနီရောင်မျက်လုံးများဖြင့် စူးစိုက်၍ကြည့်နေကာ သူတို့၏မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
"တကယ်လို့ မင်းက စစ်တပ်ထဲမှာသာရှိနေရင်...ငါက မင်းကို စတေးခံတယောက်အဖြစ်အရင်ဆုံး အသုံးပြုရလိမ့်မယ်"
မဟာစစ်ဗိုလ်ချုပ်အိုကြီးတယောက်က အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။
ရှေ့တန်းတွင်တိုက်ခိုက်နေသော စစ်သားများထံတွင် ထန်အင်ပါယာနှင့် ကြီးမားသောရန်ငြိုးရန်စများရှိနေသည်။ငြိမ်းချမ်းရေးရယူရန်မှာ မည်သို့မျှ မဖြစ်နိုင်သည့်ကိစ္စပင်။
စုန့်ကျီကျင်း၏စကားများသည် သစ္စာဖေါက်တစ်ယောက်နှင့် လုံးလုံးလျားလျားတူညီနေသဖြင့် သူတို့သည် သူ့အား ရွံရှာစက်ဆုပ်ကြသည်။
လုယွီက ပြောဆိုသည်။
"စုန့်ကျီကျင်းက သူ့ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒနဲ့ရာဇဝတ်သားကို လွှတ်ပေးခဲ့တယ်..သူ့ရဲ့အပြစ်ကို ခွင့်လွှတ်လို့မရဘူး..လာကြစမ်း...သူတို့ကို အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထားလိုက်ကြစမ်း...ငါ့ရဲ့အမိန့်မရှိဘဲနဲ့ ဘယ်သူကမှ သူတို့ကိုလွှတ်ပေးခွင့်မရှိဘူး"
စုန့်ကျီကျင်း၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။
"ငါက ချီဘုရင်ရဲ့အိမ်တော်က အရာရှိတစ်ယောက်ပဲ..မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ကိုထိဝံ့တာလဲ"
"မင်းက စစ်တပ်ဥပဒေစည်းမျဉ်းကို ချိုးဖောက်ထားတာ...တကယ်လို့ ချီဘုရင်ကိုယ်တိုင်ရောက်လာရင်တောင် မင်း အပြစ်ပေးခံရမှာပဲ"
လုယွီက ခံစားချက်ကင်းမဲ့သောအသံဖြင့်ပြောဆိုသည်။
"သူ့ကို ခေါ်သွားကြစမ်း"
စုန့်ကျီကျင်း၏မျက်နှာ ချက်ချင်းနီမြန်းသွားပေ၏။သူသည် ချီဘုရင်၏အိမ်တော်မှ အရာရှိတစ်ယောက်ဖြစ်ကာ ချီဘုရင်ကိုယ်စား ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ပင်။သူ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ရိုသေလေးစားခံရသော တည်ရှိမှုကြီးတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။
Chapter 3835
သို့ရာတွင် ယခုလက်ရှိချိန်၌ ချီဘုရင်၏နာမည်သည် လုယွီအပေါ်တွင် အနည်းငယ်မျှ အကျိုးသက်ရောက်မှုမရှိချေ။
ဤသည်မှာ လုယွီသည် ချီဘုရင်၏အဆင့်အတန်းနှင့်ပတ်သက်ပြီး အနည်းငယ်မျှ ဂရုမစိုက်သည့်အလားပင်။
"လုယွီ မင်း စောင့်နေစမ်း...ငါ တော်ဝင်အိမ်တော်ကို ပြန်ရောက်တဲ့အချိန်ထိ မင်း စောင့်နေလိုက် ...ငါက ဒီနေ့ ဒီနေရာမှာ ဖြစ်ခဲ့တဲ့အရာရာတိုင်း အရှင့်သားကို ပြန်ပြီးအသိပေးရလိမ့်မယ်"
စုန့်ကျီကျင်းက အော်ဟစ်ပြောဆိုသည်။
"ဒီလိုအဓိပ္ပါယ်မရှိတဲ့စကားတွေက ဘယ်နေရာက ရောက်လာတာလဲ"
လန်ဝူရှင်းသည် စိတ်မရှည်စွာဖြင့် စုန့်ကျီကျင်း၏ဆံပင်ကိုဆုပ်ကိုင်ကာ သူ့အား အောက်သို့ဖိနှိပ်လိုက်၏။
နံဘေးတွင်ရှိနေသော စစ်သားများသည်လည်း စုန့်ကျီကျင်း၏စကားများကို ကြားချိန်တွင်ဒေါသထွက်သွားကြသည်။သူတို့သည် ချီဘုရင်၏အိမ်တော်မှ အရာရှိများကိုဖမ်းချုပ်ကာ ပြင်သို့ ခေါ်ဆောင်သွားကြတော့သည်။
"စစ်တပ်တစ်ခုလုံးက စစ်ပွဲအတွက်ပြင်ဆင်တဲ့အခြေအနေကို ဆက်ပြီးထိန်းသိမ်းထားရမယ်... ထန်စစ်တပ်က လှုပ်ရှားမှုတစ်ခုခုလုပ်တာနဲ့ ငါ့ကို ချက်ချင်းလာပြီး သတင်းပို့ရမယ်"
လုယွီက အလေးနက်ထားသောလေသံဖြင့်ပြောဆိုသည်။
"ဟုတ်ကဲ့"
မဟာစစ်ဗိုလ်ချုပ်များအားလုံး တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။
....
ထန်စစ်တပ်၏စစ်စခန်းအတွင်း၌
စစ်စခန်းအတွင်း၌ သောင်းနှင့်ချီသော စစ်တဲများတည်ရှိကာ အဆုံးအစမရှိချေ။
စစ်စခန်း၏အလယ်ဗဟို၌ အလွန်အမင်းကြီးမားကျယ်ပြန့်သော စစ်တဲကြီးတလုံးရှိနေသည်။ထိုစစ်တဲကြီး၏ရှေ့၌ အဝါရောင်နဂါးအလံတစ်ခုက လေထုအတွင်း၌လူးလွန့်နေသည်။
ရွှေရောင်နဂါးသံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည့် ချောမောခန့်ညားသော လူငယ်တစ်ယောက်က တဲအတွင်း၌ထိုင်နေသည်။သူ့ကိုကြည့်ရသည်မှာ တင့်တယ်ကျက်သရေရှိကာ ဖော်ပြရန်မစွမ်းသည့် ချမ်းသာကြွယ်ဝမှုအရှိန်အဝါမျိုး ပေးစွမ်းနိုင်သည်။
ထိုလူငယ်၏နံဘေးတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေသည့် ဗိုလ်ချုပ်အိုကြီးတစ်ယောက်ထိုင်နေသည်။
ဤတဲတစ်ခုလုံးအတွင်း၌ လူနှစ်ယောက်သာထိုင်နေလေ၏။
သူတို့နှစ်ယောက်၏ရှေ့တွင် မတ်တတ်ရပ်နေသည်စစ်ဗိုလ်ချုပ်ဆယ်ယောက်ကျော်ရှိနေသည်။
သူတို့အားလုံးသည် ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီနေကြကာ သူတို့အနက်မှအများစုသည် သူတို့ရှေ့ရှိ လူနှစ်ယောက်ကို မော့မကြည့်ဝံ့ကြချေ။
"လော့ရွှေကြယ်မြစ်က နတ်ဆိုးသားရဲစစ်သားခြောက်သောင်းခုနစ်ထောင်ကျော် သေဆုံးသွားခဲ့ပြီးတော့ တစ်သိန်းကျော် ဒဏ်ရာရခဲ့တယ်...လက်ဝဲစစ်တပ်ရဲ့စစ်သား တစ်သောင်းကိုးထောင်ကျော် သေဆုံးသွားပြီးတော့ သုံးသောင်းကျော် ဒဏ်ရာရခဲ့တယ်....ခံတပ်ကိုတိုက်ခိုက်တဲ့ လက်နက်အများစုပျက်စီးသွားပြီးတော့ လှေကားတွေနဲ့လောက်လွှဲတွေအားလုံးလည်း ဖျက်ဆီးခံလိုက်ရတယ်...ကျွန်တော်တို့က အဲ့ဒါတွေကို နှစ်ရက်အတွင်း ပြန်ဖြည့်တင်းဖို့လိုအပ်တယ်"
စစ်ဗိုလ်ချုပ်တစ်ယောက်က သတင်းပို့သည်။
လူငယ်သည် သူ့၏နံဘေးတွင်ရှိနေသော ဗိုလ်ချုပ်အိုကြီးကိုကြည့်ကာ ပြောဆိုသည်။
"ဗိုလ်ချုပ်ရွှယ်..ဒီနေ့ ဘာလို့ရှေ့တန်းမှာ ခုလောက်ထိ အသေအပျောက်တွေများနေတာလဲ"
ဗိုလ်ချုပ်အိုကြီးသည် လက်ဝဲစစ်တပ်၏မဟာစစ်ဗိုလ်ချုပ်ရွှယ်ကုံးချင်းပင်။
ရွှယ်ကုံးချင်း၏မျက်ခုံးများ အနည်းငယ်မြင့်တက်သွားကာ သူက အလေးနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။
"ရှေ့တန်းကရတဲ့သတင်းတွေအရ ခံတပ်ရဲ့တပ်မှူးနေရာကို တခြားတစ်ယောက်က အစားထိုးတာဝန်ယူနေခဲ့တယ်....စုန်ချင်းဖုန်းက ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့ စစ်ရေးနဲ့အုပ်ချုပ်ရေးအခွင့်အာဏာတွေအားလုံးကို လက်ဝဲစစ်တပ်ရဲ့တပ်မှူးလုယွီဆီကို လွှဲပြောင်းပေးလိုက်တယ်"
"လုယွီလား"
လူငယ်သည် လုယွီ၏နာမည်ကို ကြားချိန်တွင် မျက်မှောင်ကြုတ်လိုက်ကာ နာကြည်းမုန်းတီးမှုအရိပ်အယောင်များက သူ့၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
ထိုလူငယ်သည် ထန်အင်ပါယာ၏မင်းသားလီဖူပင်။
လီဖူသည် မင်းသားတစ်ပါးသာ ဖြစ်သော်လည်း ကောင်းကင်မူဝါဒအိမ်တော်၏သခင်လေးတစ်ယောက်ဖြစ်ကာ ထန်အင်ပါယာ၏အိမ်ရှေ့စံနေရာအတွက် ရွေးချယ်ခံတစ်ယောက်လည်းဖြစ်သည်။
လီဖူသည် လုယွီ၏နာမည်ကို မှတ်မိသည်မှာသိသာထင်ရှားလှ၏။
အင်ပါယာနှစ်ခုမှ တိုက်ပွဲအကြားတွင် လီဖူသည် လုယွီ၏လက်ဝါးရိုက်ချက်တချက်ဖြင့် အသတ်ခံရလုနီးပါး ခံစားခဲ့ရသည်။အကယ်၍ သူ့အား ပြိုင်ဘက်ကင်းအစွမ်းထက်ကျင့်ကြံသူတစ်ယောက်မှ ပေးအပ်ထားသော ရတနာကြောင့်သာမဟုတ်ပါက သူသည် ယခုလက်ရှိချိန်၌ အရိုးစုဘဝသို့ ရောက်ရှိနေပေမည်။
"နတ်ဆိုးသားရဲတွေက မြို့ကိုတိုက်ခိုက်ဖို့အတွက် ရှေ့ကနေ ပြေးဝင်သွားကြတယ်.... ဒါပေမဲ့ မမျှော်လင့်ဘဲ သူတို့အားလုံးက မီးစွမ်းအင်အထူးပြုမှော်နည်းစနစ်တစ်ခုကြောင့် လောင်ကျွမ်းပြီးတော့ သေဆုံးသွားခဲ့ရတယ်.... မဟာနတ်ဆိုးဘုရင်တစ်ချို့တောင်မှ မလွတ်မြောက်နိုင်ခဲ့ဘူး...နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်လည်း အဲ့ဒီလူရဲ့မြှားချက်အောက်မှာ သေဆုံးသွားခဲ့တယ်"
ရွှယ်ကုံးချင်းက ပြောဆိုသည်။
"ငါက အဲ့ဒီလူရဲ့အကြောင်းကို စုံစမ်းစစ်ဆေးပြီးပြီ...သူက ငယ်ရွယ်ပြီးတော့ နယ်မြေခံအရာရှိတစ်ယောက်ပဲ...ခံတပ်လေးနေရာလုံးက အစောင့်အကြပ်တပ်မှူးတွေက သူ့ကို အများကြီးမယုံကြည်ကြဘူး....အခုအချိန်မှာ အထူးဦးစားပေးရမှာက ဝမ်ရှင်းအမတ်ကြီး ဦးဆောင်ထားတဲ့ ပင်မအင်အားစုကို အမြစ်ပြတ်ချေမှုန်းပြီးတော့ ကောင်းကင်ချိုးဖျက်ခံတပ်ကို ဆက်ပြီးဖိအားပေးဖို့ပဲ"
"မဖြစ်နိုင်ဘူး"
လီဖူက သူ့၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"လုယွီက ငါတို့အင်ပါယာအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတစ်ခုဖြစ်လာမှာ သေချာတယ်...ငါတို့က သူ့ကို တတ်နိုင်သမျှအမြန်ဆုံး အမြစ်ပြတ်သုတ်သင်ရမယ်"
"သခင်လေး...ဒါက ငါတို့ရဲ့အရင်အစီအစဉ်နဲ့ ကွဲပြားခြားနားနေတယ်"
ရွှယ်ကုံးချင်းက မျက်မှောင်ကြုတ်လိုက်၏။
စစ်တပ်တစ်ခုလုံး၏နည်းဗျူဟာများအားလုံးကို ရုတ်တရက်ပြောင်းလဲခြင်းသည် နည်းဗျူဟာပညာရှင်များအတွက် တားမြစ်ချက်တစ်ခုပင်။
လီဖူ၏မျက်လုံးအတွင်းတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် တောက်ပနေသည်။
"မင်းတို့တွေက နားမလည်ကြဘူး....အဲ့ဒီလုယွီဆိုတဲ့ကောင်က ငါတို့အင်ပါယာရဲ့အကြီးမားဆုံးရန်သူကြီးဖြစ်လာမှာ သေချာပေါက်ပဲ...သူနဲ့နှိုင်းယှဉ်ရင် ဝမ်ရှင်းအမတ်ကြီးကို ဘာမှစိုးရိမ်ပူပန်စရာမလိုဘူး"
"ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့အစောင့်တပ်က လူတစ်ယောက်က အညံ့ခံခဲ့တယ်မဟုတ်လား...သူ့ကို ဒီနေရာဆီ ခေါ်လာခဲ့စမ်း"
Chapter 3836
ကြီးမားသော စစ်တဲကြီးတစ်လုံးအတွင်းသို့ ဟန်ချီကို ခေါ်ဆောင်လာခြင်းခံရသည်။
ဟန်ချီသည် တာယွီမဟာစစ်ဗိုလ်ချုပ်တစ်ယောက်၏သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားဆဲပင်။သူ တဲအတွင်းသို့ဝင်ရောက်လိုက်သည်နှင့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေသည့် မျက်လုံးအကြည့်အမြောက်အများက သူ့ထံသို့ ကျရောက်လာသည်။
"ဟမ့်..."
ထန်စစ်ဗိုလ်ချုပ်တချို့က အေးစက်စက်နှာမှုတ်လိုက်ကြသည်။
ထိုထန်စစ်ဗိုလ်ချုပ်များ၏ ကျင့်ကြံဆင့်နယ်ပယ်များသည် ဟန်ချီထက် များစွာပို၍နက်နဲသိမ်မွေ့သည်။
သူတို့ထုတ်လွှတ်ထားသော စွမ်းအားတစ်စိတ်တစ်ပိုင်းဖြင့်ပင် ဟန်ချီ၏နှလုံးသားကို တုန်ရီသွားစေရန် လုံလောက်သည်။
"မင်းက ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့အစောင့်အကြပ်စစ်ဗိုလ်ချုပ်တစ်ယောက်လား"
စစ်တဲအတွင်း၌ လီဖူ၏အသံက ပဲ့တင်ထပ်သွားသည်။
ဟန်ချီသည် ထိုအသံကိုကြားသည်နှင့် ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်တွင် ဒူးထောက်ကာအော်ဟစ်လိုက်၏။
"အပြစ်သားဟန်ချီက သခင်လေးလီကို အရိုအသေပြုပါတယ်"
သူ့၏အပြုအမူကြောင့် ယခုလက်ရှိနေရာတွင် ရှိနေသူများအားလုံး အံ့အားသင့်သွားသည်။
"မင်းက တာယွီစစ်တပ်က လူတယောက်မဟုတ်လား....ဘာလို့ မင်းက ငါ့ရဲ့ရှေ့မှာ ဒူးထောက်နေတာလဲ"
လီဖူက မေးမြန်းသည်။
ဟန်ချီက အလျှင်အမြန် ပြောဆိုလိုက်၏။
ငါက ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့ ရာဇဝတ်သားတစ်ယောက်ပါ...ငါက ထန်အင်ပါယာရဲ့ဂုဏ်သတင်းကို ကြည်ညိုလေးစားနေတာ အချိန်အတော်ကြာနေပြီ... ငါက သခင်လေးရဲ့နောက်ကိုလိုက်ပြီးတော့ ထန်အင်ပါယာအတွက် တာဝန်ထမ်းဆောင်ပေးဖို့ ဆန္ဒရှိပါတယ်"
ထိုစကားနှင့်အတူ ဟန်ချီသည် နည်းဗျူဟာမြေပုံများ ခုခံကာကွယ်ရေးမြေပုံများ ဝင်္ကပါဖွဲ့စည်းပုံများနှင့် တခြားအရာများကို သူ့၏ရှေ့၌ ချထားလိုက်သည်။
"ဒါတွေအားလုံးက ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့အရေးကြီးစာရွက်စာတမ်းတွေပါ...ဒီအပြစ်သားက ဒါတွေအားလုံး သခင်လေးကို ဆက်သဖို့ ဆန္ဒရှိပါတယ်"
ဟန်ချီက ကျယ်လောင်စွာပြောဆိုလိုက်၏။
လီဖူက သူ့၏လက်တစ်ဖက်ကိုမြှောက်ကာပြောဆိုသည်။
"အဲ့ဒီအရာတွေကို ယူလာခဲ့စမ်း"
ပတ်ဝန်းကျင်ရှိစစ်သားများသည် ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်ရှိ စာရွက်စာတမ်းများကိုကောက်ယူကာ လီဖူထံသို့ ပေးလိုက်ကြသည်။
ဤစာရွက်စာတမ်းများပေါ်တွင် မှတ်တမ်းတင်ထားသော သတင်းအချက်အလက်များသည်အလွန်အမင်းရှုပ်ထွေးကာ အကြောင်းအရာများစွာပါဝင်သည်။
သို့ရာတွင် စစ်တဲအတွင်း၌ရှိနေသူများအားလုံးသည် ကျင့်ကြံသူများဖြစ်သည့်အပြင် ထန်စစ်တပ်၏စစ်ဗိုလ်ချုပ်များလည်းဖြစ်သည်။သူတို့၏စိတ်ဝိညာဉ်များမှစွမ်းအားသည် အလွန်နက်နဲသိမ်မွေ့ပေ၏။
ထိုစာရွက်များကို ခွဲဝေကာလက်ဆင့်ကမ်းကြည့်လိုက်ကြပြီးနောက် အလွန်လျှင်မြန်စွာဖြင့် လက်ရှိနေရာတွင်ရှိနေသည့် ထန်စစ်တပ်မှာလူများအားလုံး ထိုအရာများကို ကြည့်ရှုပြီးလေပြီ။
"ဒါဆိုရင် ကောင်းကင်ချိုးဖျက်ခံတပ်လို့ခေါ်တဲ့နေရာမှာ ဟာကွက်တွေအများကြီး ရှိနေတာပါလား....ဒီမြေပုံတွေနဲ့ဆိုရင် ငါတို့စစ်တပ်က အဲ့ဒီခံတပ်ကို အလွယ်လေးသိမ်းယူနိုင်လိမ့်မယ်"
စစ်ဗိုလ်ချုပ်တစ်ယောက်က ရယ်မောလိုက်သည်။
လက်ရှိနေရာတွင်ရှိနေသော တခြားထန်စစ်ဗိုလ်ချုပ်များ၏ မျက်နှာများပေါ်တွင်လည်း ဝမ်းသာပျော်ရွှင်နေသောအပြုံးများ ထင်ဟပ်လာသည်။
သူတို့အတွက် အကြီးမားဆုံးခလုတ်ကသင်းမှာ ကောင်းကင်ချိုးဖျက်ခန့်တပ်၏ ကြီးကျယ်ခမ်းနားသောမြို့ရိုးကြီးပင်။
ထန်စစ်တပ်သည် တိုက်ခိုက်သည့်အကြိမ်တိုင်း ထိုမြို့ရိုးပေါ်သို့တက်နိုင်ရန်အတွက် အင်အားအမြောက်အများကို အသုံးပြုခဲ့ရသည်။
ဤခုခံကာကွယ်ရေးမြေပုံများပေါ်၌ ထန်စစ်တပ်သည် မြို့ရိုး၏ဟာကွက်နေရာအမြောက်အများကို တွေ့ရှိခဲ့ရလေ၏။
သူတို့သည် ထိုဟာကွက်နေရာများကိုရှာဖွေကာ သူတို့၏အင်အားများကိုစုစည်းပြီးတိုက်ခိုက်သည်နှင့် မြို့အတွင်းသို့ သေချာပေါက်ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။
လီဖူသည် အချိန်အတော်ကြာခန့် ဟန်ချီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် ပြောဆိုသည်။
"မင်း ဒီလိုလုပ်တာက မင်းရဲ့အင်ပါယာကိုသစ္စာဖောက်လိုက်တာပဲ....ဒါကို မင်း သိရဲ့လား"
ဟန်ချီသည် အနည်းငယ်မျှတွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ကျယ်လောင်သောအသံဖြင့်ပြောဆိုလိုက်၏။
"တာယွီတော်ဝင်နန်းတွင်းက ပျက်စီးနေပြီ...အခုအချိန်မှာ တာယွီအင်ပါယာက ဘယ်လိုလုပ်ပြီးတော့ ထန်အင်ပါယာထက် ပိုပြီးအားကောင်းနိုင်မှာလဲ...ဒီရာဇဝတ်သားက အမှောင်ကိုစွန့်ခွာပြီးတော့ အလင်းကိုဝင်ရောက်ချင်တာပါ...ငါက ထန်အင်ပါယာအတွက် အလုပ်လုပ်ပေးနိုင်သရွေ့ အသက်ရှူရတဲ့လေတောင် ချိုမြနေလိမ့်မယ်"
လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များ၏မျက်နှာများထက်တွင် အထင်အမြင်သေးသောအမူအယာများ ထင်ဟပ်လာသည်။
သူတို့သည် စစ်သားများဖြစ်သဖြင့် တိုက်ပွဲစစ်မြေပြင်တွင် ဤကဲ့သို့သစ္စာဖောက်များအပေါ် အစဥ်အမြဲအထင်အမြင်သေးသည်။
လီဖူက ခပ်ဖျော့ဖျော့ပြုံးကာ ပြောဆိုသည်။
"အရမ်းကောင်းတယ်....မင်းက အခြေအနေနဲ့လိုက်လျောညီထွေနေတတ်တာကို ငါ အရမ်းစိတ်ကျေနပ်မိတယ်...တိုက်တိုက်ဆိုင်ဆိုင်နဲ့အခု ငါ့ရဲ့အိမ်တော်မှာ ဧည့်အကြီးအကဲတစ်ယောက် လိုအပ်နေတယ်...မင်း အဲ့ဒီနေရာကို တာဝန်ယူလို့ရတယ်"
လီဖူသည် ကောင်းကင်မူဝါဒအိမ်တော်၏သခင်လေးတစ်ယောက်ပင်။သူ့၏အဆင့်အတန်းသည် ထန်အင်ပါယာ၌ လွန်စွာမြင့်မားပေ၏။
သူ၏အိမ်တော်မှ ဧည့်အကြီးအကဲတစ်ယောက်တွင် တရားဝင်ရာထူးမရှိသော်လည်း အဆင့်အတန်းမြင့်မားသောနေရာဖြစ်သည်။
ပြောရမည်ဆိုလျှင် အိမ်တော်မှသတ္တမအဆင့်အရာရှိတစ်ယောက်ရှေ့တွင် အမတ်ကြီးများပင်လျှင် မဆင်မခြင်ပြုမူဝံ့ခြင်းမရှိချေ။လူအများစုသည် သူတို့၏ခေါင်းများကိုငုံ၍ တောင်းဆိုနေသည့်တိုင် သခင်လေးလီ၏အိမ်တော်အတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိချေ။
"ကျေးဇူးတင်ပါတယ် သခင်လေး...ကျေးဇူးတင်ပါတယ်"
ဟန်ချီသည် မြေပြင်ပေါ်၌ဒူးထောက်ကာအဆက်မပြတ် ဦးတိုက်အရိုအသေပြုလိုက်၏။
ထို့နောက် ဟန်ချီသည် သူ့၏သိုလှောင်အိတ်အတွင်းမှ သဲခုံစားပွဲတစ်ခုကိုထုတ်ယူလိုက်သည်။သူသည် ထိုအရာကို သူ၏ရှေ့၌ချထားကာ ရိုသေလေးစားစွာပြောဆိုသည်။
"အဲ့ဒီလုယွီမှာ ကြည့်ရတာတော့ ထန်စစ်တပ်ရဲ့ဝင်္ကပါကို ချိုးဖျက်နိုင်မယ့်နည်းလမ်းတွေ ရှိနေတဲ့ပုံပဲ...ဒါကြောင့် ငါက ထွက်မလာခင်အချိန်မှာဒီသဲခုံစားပွဲကို အထူးသီးသန့်ယူဆောင်လာခဲ့တယ်...ငါက ဒီပစ္စည်းကို သခင်လေးဆီ ဆက်သပါတယ်"
စစ်တဲအတွင်းရှိလူများအားလုံး၏ အကြည့်များသည် ချက်ချင်းဆိုသလိုပင် သဲခုံစားပွဲထံသို့ စုဝေးသွားသည်။
Chapter 3837
သဲခုံစားပွဲပေါ်တွင် ဟင်္သာပြဒါးအနီရောင်လမ်းကြောင်းသည် ထင်ရှားပြတ်သားပြီး မျက်စိစူးရှဖွယ်ကောင်းပေ၏။
ထို့ပြင် အနီရောင်လမ်းကြောင်း၏အောက်တွင် သဲခုံစားပွဲပေါ်ရှိ တိုက်ပွဲမြင်ကွင်းသည် တိုက်ပွဲ၏အလယ်၌ရှိနေဆဲပင်။
လက်ရှိနေရာတွင်ရှိနေသူတိုင်းသည် တိုက်ပွဲကွင်းပြင်တွင် နှစ်ပေါင်းများစွာကြာအောင်ကျင်လည်ကျက်စားခဲ့ကာ အတွေ့အကြုံရင့်ကျက်သူများဖြစ်သဖြင့် သဲခုံစားပွဲပေါ်ရှိ တိုက်ခိုက်ရေးနည်းစနစ်များကို အကြည့်တစ်ချက်ဖြင့်တွေ့မြင်နိုင်သည်။
"ကြည့်ရတာတော့ ဒါက အရင်တစ်ကြိမ်တုန်းက ဝမ်ရှင်းအမတ်ကြီးနဲ့ ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့တဲ့ တိုက်ပွဲမြင်ကွင်းပဲ"
ဗိုလ်ချုပ်တယောက်က အံ့အားတစ်သင့် ပြောဆိုသည်။
ဤတိုက်ပွဲသည် ယခင်က မြို့ပြင်တွင် အကြီးစားတိုက်ပွဲဖွဲ့စည်းပုံများဖြင့် နှစ်ဖက်စလုံးရင်ဆိုင်ခဲ့သောတိုက်ပွဲပင်။
ဤတိုက်ပွဲအတွင်းတွင် တာယွီအင်ပါယာနဲ့ထန်အင်ပါယာနှစ်ခုစလုံးသည် သူတို့၏ အစွမ်းထက်ဆုံးအင်အားစုများကို စေလွှတ်ခဲ့သည်။ထိုတိုက်ပွဲစစ်မြေပြင်သည် အသားကြိတ်စက်ကြီးတစ်ခုနီးပါးဖြစ်လာကာ ထောင်သောင်းချီသောလူများသေဆုံးကြပြီး ဒဏ်ရာရသူများလည်း အမြောက်အများရှိသည်။
ဝမ်ရှင်းအမတ်ကြီးသည် တိုက်ပွဲစစ်မြေပြင်တွင် စစ်ဗိုလ်ချုပ်အိုကြီးတစ်ယောက်ကို သတ်မှတ်နိုင်သဖြင့် သူ့၏အမိန့်များသည် အလွန်ကျိုးကြောင်းဆီလျော်သည်။အရှုံးနှင့်အနိုင်ကို တိုက်ပွဲအတွင်း၌သာ ဆုံးဖြတ်နိုင်ပေမည်။ထိုက်ကျိဝါးမြိုခြင်းဝင်္ကပါ ထွက်ပေါ်လာသောအချိန်ကျမှသာ တိုက်ပွဲ၏ချိန်ခွင်လျှာသည် ချက်ချင်းကျိုးပျက်သွားလေ၏။
ဤဝင်္ကပါအတွင်းတွင် တာယွီစစ်တပ်ဘက်မှ အသေအပြောက် လွန်စွာများပြားခဲ့သည်။သူတို့သည် ထိုဝင်္ကပါနှင့်ထိတွေ့မိသည်နှင့် တစ်ဖက်သတ်အနိုင်ယူခြင်းကို ခံခဲ့ရသည်။ဤတိုက်ပွဲအတွင်းတွင် ကောင်းကင်ချိုးဖျက်ခံတပ်၏ အင်အားအမြောက်အများ အမြစ်ပြတ်ချေမှုန်းခြင်းခံရလေ၏။ထို့နောက် သူတို့သည်ခုခံကာကွယ်ရုံသာ ပြုလုပ်နိုင်ခဲ့ပြီး ပြင်ပသို့ထွက်မလာနိုင်တော့သဖြင့် အကြီးစားတိုက်ပွဲကြီးကို ထောက်ပံ့နိုင်ခြင်းမရှိသောချေ။
ထို့ပြင် ယခုလက်ရှိအချိန်၌....
သဲခုံစားပွဲပေါ်တွင် နောက်ထပ်မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါသည် လုံးလုံးလျားလျား ကျိုးပျက်နေလေ၏။တာယွီစစ်တပ်သည် ထန်စစ်တပ်၏ဝိုင်းရံထားခြင်းကိုဖောက်ထွက်၍ တန်ပြန်တိုက်ခိုက်နိုင်ခဲ့သည်။
"မဟာစစ်ဗိုလ်ချုပ်ရွှယ်ရဲ့ဝင်္ကပါက မိုးကောင်းကင်ရဲ့အောက်မှာ ပြိုင်ဘက်ကင်းတယ်....ဘယ်လိုလုပ်ပြီးတော့ တာယွီရဲ့တစ်စုံတစ်ယောက်က ဒါကိုချိုးဖျက်နိုင်မှာလဲ"
စစ်ဗိုလ်ချုပ်တစ်ယောက်က အထင်အမြင်သေးစွာပြောဆိုသည်။
စစ်ဗိုလ်ချုပ်အများစုသည် ရွှယ်ကုံးချင်းကို စစ်နတ်ဘုရားဟု သတ်မှတ်ထားသည်။အထူးသဖြင့် သူ ကျွမ်းကျင်တတ်မြောက်ထားသော လျှို့ဝှက်ဆန်းကြယ်သည့်ဝင်္ကပါကြောင့်ပင်။စစ်တပ်အတွင်း၌ သူသည် အလွန်နာမည်ကျော်ကြားပေ၏။
သို့ရာတွင် ရွှယ်ကုံးချင်းသည် ဤစကားများကို မကြားသကဲ့သို့သာ ပြုမူနေသည်။
သူသည် သဲခုံစားပွဲထံသို့ လျှောက်လှမ်းသွားကာ ဂရုတစိုက်ကြည့်လိုက်သည်။သူ့၏မျက်နှာသည် တစတစပို၍ တည်ကြည်လေးနက်စပြုလာသည်။
"သခင်လေး...တာယွီဘက်မှာ အစွမ်းထက်ပညာရှင်တစ်ယောက် ရှိနေတယ်"
အချိန်တခဏကြာပြီးနောက် ရွှယ်ကုံးချင်းက လေးလံသော သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလေ၏။
လီဖူက မျက်မှောက်ကြုတ်ကာ ပြောဆိုသည်။
"ဖြစ်နိုင်တာတော့ တာယွီဘက်က မင်းရဲ့ဝင်္ကပါကို တကယ်ကြီးချိုးဖျက်သွားနိုင်တာများလား.... အရင်ကတော့ ဒီဝင်္ကပါကို ဘယ်သူမှ မချိုးဖျက်နိုင်ဘူးလို့ မင်း ပြောခဲ့တယ်မဟုတ်လား"
ရွှယ်ကုံးချင်းက တုံ့ပြန်သည်။
"ဒီဝင်္ကပါကို ချိုးဖျက်နိုင်တဲ့နည်းလမ်းမျိုး ရှေးဟောင်းစာအုပ်တွေထဲမှာ တကယ့်ကိုမရှိဘူး...ငါ ရထားတဲ့အမွေအနှစ်က မပြည့်စုံဘူးဆိုပေမယ့် အဲ့ဒီဝင်္ကပါရဲ့ဖော်ပြချက်တွေက အရမ်းပြည့်စုံတယ်...ပြီးတော့ အဲဒါက တသီးတသန့်ရှိနေတဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်ပဲ..ဒါကြောင့်တစ်ဖက်လူတွေက အဲ့ဒီအကြောင်းကိုသိဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"သူက ဒါကိုချိုးဖျက်နိုင်မှတော့ ဆိုလိုတာက တစ်ဖက်လူရဲ့ဝင်္ကပါပညာရပ်နယ်ပယ်အရည်အချင်းက ငါ့ထက်မြင့်နေမှာ သေချာပေါက်ပဲ...ပြောရမယ်ဆိုရင် ငါကိုယ်တိုင်တောင် ငါ့ရဲ့ဝင်္ကပါကို ချိုးဖျက်နိုင်မှုမရှိဘူး"
ရွှယ်ကုံးချင်းက ဟန်ချီကိုကြည့်လိုက်၏။
"အဲ့ဒီဝင်္ကပါကို လုယွီကိုယ်တိုင် ချိုးဖျက်ခဲ့တာလား....သူ့ကို တစ်ယောက်ယောက်က ကူညီခဲ့သေးလား"
ဟန်ချီက ပြောဆိုသည်။
"ငါက သီးသန့်အစောင့်တစ်ယောက်ကို စစ်ဆေးမေးမြန်းခဲ့တယ်...သူ့ရဲ့စကားအရတော့ အဲ့ဒီဝင်္ကပါကို လုယွီက ချိုးဖျက်ခဲ့တာပဲ...စုန်ချင်းဖုန်းက မဟာဝင်္ကပါပညာရှင်တစ်ယောက်ကို အထူးသီးသန့် ဖိတ်ကြားလာခဲ့တယ်...အဲ့ဒီလူကတောင် လုယွီကို ဝင်္ကပါပါရမီရှင်တစ်ယောက်လို့ ချီးမွမ်းနေခဲ့တယ်"
ဝင်္ကပါပညာရပ် ပါရမီရှင်တစ်ယောက်ဟု ဆိုသလော.....
စစ်တဲအတွင်းတွင် ရှိနေသောလူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူတို့အနက်မှအများစုသည် လုယွီ၏နာမည်ကိုကြားဖူးသော်လည်း သူသည် လူငယ်တစ်ယောက်ဟုသာ သူတို့ သိရှိထားကြသည်။ထိုကြောင့် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ လုယွီကို အနည်းငယ်အထင်အမြင်သေးနေကြလေ၏။
သို့သော် ယခုလက်ရှိချိန်၌ လုယွီထံတွင်ဤကဲ့သို့အရည်အချင်းမျိုးရှိသည်ကို ကြားချိန်တွင် သူတို့သည် ဤလူ၏အကြောင်းကို တစ်စုံတစ်ခုမျှမသိသေးဟု ရုတ်တရက် ခံစားမိသည်။
ရွှယ်ကုံးချင်းသည် လီဖူကိုလှည့်ကြည့်ကာ သူ့၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။
"သခင်လေး....ဒီတိုက်ပွဲအတွင်းမှာ ဂရုစိုက်ဖို့ ငါအကြံပေးချင်တယ်...အရှင်အမတ်ကြီးကလည်း ငါတို့ရဲ့စစ်အင်အားတွေကို တတ်နိုင်သမျှထိန်းသိမ်းထားဖို့ အမြဲတမ်းညွှန်ကြားထားတယ်...ဒီဝင်္ကပါနဲ့ဆိုရင် ငါတို့က တာယွီစစ်တပ်ကို အလွယ်တကူ အနိုင်ယူနိုင်တယ်...ဒါပေမဲ့တကယ်လို့ ဝင်္ကပါသာ ကျိုးပျက်သွားခဲ့ရင် ငါတို့က တာယွီအင်ပါယာနဲ့ အစစ်အမှန်စစ်ပွဲတစ်ခုကိုဆင်နွှဲရလိမ့်မယ်"
လီဖူ၏မျက်နှာအမူအယာ အနည်းငယ်မတည်မငြိမ်ဖြစ်နေသည်။
သူ့၏စိတ်အတွင်း၌ အင်ပါယာနှစ်ခုအကြားရှိတိုက်ပွဲတွင် သူ့အားကြည့်ခဲ့သည့် လုယွီ၏မျက်လုံးအတွင်းမှ အထင်အမြင်သေးသောအရိပ်အယောင်ကို သူ မြင်ယောင်မိနေဆဲပင်။
ဤသည်မှာ သူ့အား ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ကြည့်သွားသော အကြည့်တစ်ချက်ပင်။
ဤသည်မှာ လီဖူ၏ဘဝတစ်သက်စာလုံး အရှက်ရစရာကိစ္စဖြစ်ပေ၏။
လီဖူသည် သူ့၏တည်ငြိမ်အေးဆေးမှုကို ထိန်းသိမ်းထားနိုင်ဆဲသော်လည်း စားပွဲကိုအဆက်မပြတ် တို့ထိနေသော သူ့၏လက်ချောင်းများမှတဆင့် သူ့၏ဒေါသများ ပေါ်လွင်နေသည်။
"ကျင့်ကြံဆင့်နယ်ပယ် အရာရှိရာထူး ဝင်္ကပါပညာရပ်...လုယွီက ဒါတွေအားလုံးမှာ ထူးချွန်နေမယ်လို့ ငါ မယုံကြည်ဘူး...သူက ကောင်းကင်ဘုံရဲ့ ကံကြမ္မာသားတော်မလို့လား...သူ့ကို အမြန်ဆုံး အမြစ်ပြတ်သုတ်သင်ရမယ်"
လီဖူသည် ရွှယ်ကုံးချင်းကို တစ်ချက်ကြည့်ကာ အေးစက်တင်းမာစွာ ပြောဆိုသည်။
"မင်းရဲ့အခက်အခဲတွေကို ငါ သိတယ်...ဒါကြောင့် လက်ဝဲစစ်တပ်ကနေ စစ်သားတွေကို လွတ်ဖို့မလိုတော့ဘူး...ငါက ထန်စစ်တပ်ရဲ့ မြင်းစစ်သည်တော်တစ်သိန်းကို ရှေ့တန်းကိုသွားဖို့ အမိန့်ထုတ်ပြန်မယ်...ငါကိုယ်တိုင် သူတို့ကိုဦးဆောင်ပြီးတော့ ကောင်းကင်ချိုးဖျက်ခံတပ်ကို အစွမ်းကုန်တိုက်ခိုက်မယ်"