← Chapters

အခန်း (၃၈၄၂-၃၈၄၅)

Vol. 195 Ch. 3842-3845

အခန်း (၃၈၄၂-၃၈၄၅)

Vol. 195 Ch. 3842-3845

Chapter 3842

"သူ့ကို ဒီမှော်မန္တန်အသုံးပြုခွင့်ပေးလို့ မဖြစ်ဘူး"

လီဖူသည် နာကျည်းမုန်းတီးမှုများ မနာလိုမှုများပြည့်နှက်နေသောမျက်လုံးတစ်စုံဖြင့် လုယွီကို စူးစိုက်၍ကြည့်လိုက်သည်။

ဤကဲ့သို့အသက်အရွယ်တွင် လူငယ်တစ်ယောက်သည် ခံတပ်တစ်ခုကို ထိန်းချုပ်ထားကာ သူ့၏လက်အောက်တွင် သိန်းနှင့်ချီသောစစ်သားများရှိနေသည်။သူ့ထံတွင် မြင့်မားသောစွမ်းအားရှိကာ သူကဲ့သို့လူစားမျိုးကို ရှေးဟောင်းအချိန်ကာလများအတွင်း၌ ရှာဖွေတွေ့ရန်ပင် အလွန်အမင်းခက်ခဲပေမည်။

သို့ရာတွင် ဤတိုက်ပွဲစစ်မြေပြင်၏အဓိကလူသည် သူဟူသော လီဖူသာ ဖြစ်သင့်သည်။

သူ လုယွီကို မြင်တွေ့သည့်အချိန်၌ အင်ပါယာနှစ်ခုကြားမှစီးချင်းထိုးပွဲတွင် လုယွီကြည့်ခဲ့သော ခံစားချက်ကင်းမဲ့သောအကြည့်က သူ့၏ရှေ့၌ ထပ်မံ၍ထွက်ပေါ်လာသည်။ဤသည်မှာ လီဖူ၏တာအိုနှလုံးသားကို သက်ရောက်စေသည်။လီဖူသည် ထိုအကြောင်းကိုတွေးတောမိသည့် မည်သည့်အချိန်တွင်မဆိုသူ့၏စိတ်ခံစားချက်များ ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားကာ တည်ငြိမ်ခြင်းမရှိတော့ချေ။

ကောင်းကင်ဘုံဆရာသခင်၏ပုံရိပ်ယောင်ကြီးသည် လေဟာနယ်အတွင်း၌ မားမားမတ်မတ်တည်ရှိနေသည်။ထိုအရာကို မြင်တွေ့မိသောမည်သူမဆို ထိတ်လန့်တုန်လှုပ်ခြင်းနှင့်ရင်တလှပ်လှပ်ဖြစ်ခြင်းတို့ကို ခံစားရသည်။

"စစ်တပ်ထဲမှာရှိတဲ့ စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်တွေအားလုံး လုယွီကိုပစ်မှတ်ထားပြီးပစ်ခတ်ကြစမ်း"

လီဖူက အမိန့်ပေးလိုက်၏။

ရုတ်ချည်းဆိုသလိုပင် စက်ယန္တရားများလည်ပတ်နေသည့်အသံများက ထန်စစ်တပ်၏စစ်စခန်းမှ ထွက်ပေါ်လာသည်။

မြောက်များစွာသော စိတ်ဝင်ညာဥ်ကျောက်တုံးအမြှောက်များမှနေ၍ အလင်းတန်းများထွက်ပေါ်လာကာ လုယွီထံဦးတည်၍ ပျံ့လွင့်လာသည်။

ဘုန်း....

ပြင်းထန်သောတုန်ခါမှုလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ လူတိုင်း၏စိတ်နှလုံးသားများကို ပြင်းပြင်းထန်ထန်တုန်ရီသွားစေသည်။စူးရှတောက်ပသောအလင်းတန်းတစ်တန်းက မိုးကုတ်စက်ဝိုင်းအတွင်း၌ထွက်ပေါ်လာကာ လူအများသည် သူတို့၏မျက်လုံးများကို ဖွင့်နိုင်ရန်ပင် အလွန်အမင်းခက်ခဲနေသည်။

ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော တုန်ခါမှုလိုင်းအောက်တွင် မိုးကောင်းကင်ယံအတွင်းရှိ ကောင်းကင်ဘုံဆရာသခင်၏ပုံရိပ်ယောင်သည် တွန့်လိမ်ပြီးမှေးမှိန်သွားကာ ယခင်ကဲ့သို့ ကြီးကျယ်ခမ်းနားမှုမျိုးမရှိတော့ချေ။

"မကောင်းတော့ဘူး....အရှင်လုအပေါ် အန္တရာယ်ကျရောက်တော့မယ်"

စုန်ချင်းဖုန်းသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။

မည်သို့ပင်ဆိုစေကာမူ လုယွီသည် တစ်ယောက်တည်းဖြစ်နေပေ၏။

ဤကဲ့သို့အစွမ်းထက်သောမှော်မန္တန်ကို ရွတ်ဆိုနိုင်ရန်အတွက် သေချာပေါက်အချိန်ကြာမြင့်စွာယူရပေမည်။ယခုလက်ရှိချိန်တွင် လုယွီ၏နံဘေးတွင် သူ့အား ကာကွယ်ပေးမည့်လူဟူ၍ တစ်ယောက်မျှရှိမနေချေ။

အကယ်၍ လုယွီသည် မှော်မန္တန်ကို ရွတ်ဆိုနေချိန်တွင် ထန်စစ်တပ်ဘက်မှလူများ၏ ဟန့်တားနှောက်ယှက်ခြင်းကိုခံရပါက အကျိုးဆက်များကို တွေးတောကြည့်၍ပင်မရနိုင်​ချေ။

လန်ဝူရှင်းသည် ပထမဆုံးပြေးထွက်သွားသူပင်။ သူ့၏ဆေဘာဓားရှည်ကို ဝှေ့ယမ်းကာ သူ့ရှေ့ရှိ နတ်ဆိုးမှော်သားရဲအမြောက်အများကိုချက်ချင်းသတ်ဖြတ်လိုက်၏။

"သူ့ကို ဆက်ပြီးတိုက်ခိုက်ကြစမ်း....ဒီမှော်မန္တန်ကို ပြီးဆုံးအောင်ရွတ်နိုင်တဲ့အခွင့်အရေး သူ့ကိုမပေးကြနဲ့"

လီဖူသည် ထန်စစ်တပ်၏အလယ်မှနေ၍ အမိန့်များကိုထုတ်ပြန်နေသည်။

ရုတ်ချည်းဆိုသလိုပင် အရပ်မျက်နှာအဘက်ဘက်မှ ပျံ့လွင့်လာသော ထောင်နှင့်ချီသည့် မှော်အလင်းတန်းများက မိုးစက်များအလား လုယွီထံသို့ ကျရောက်လာသည်။

ဤသည်မှာ လေထုအတွင်း၌ရှိနေသော လုယွီကို သတ်ဖြတ်ရန်အတွက် အစွမ်းကုန်ကြိုးစားနေကြသည့် အချိန်အခိုက်အတန့်ပင်။

ဘုန်း...ဘုန်း...ဘုန်း...

မှော်မန္တန်များသည် အလွန်လျှင်မြန်သောအရှိန်နှုန်းဖြင့် ဆင်းသက်လာသည်။

ရုတ်ချည်းဆိုသလိုပင် ထိုအရာများအားလုံးသည် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ပတ်ဝန်းကျင်တွင်ရှိနေသူများအားလုံးသည် လုယွီ၏ပုံပန်းသွင်ပြင်ကို ထပ်မံ၍ မမြင်တွေ့နိုင်တော့ချေ။သူတို့သည်သူ့၏ပုံရိပ်ကို ဝိုးတဝါးသာတွေ့မြင်နိုင်သည်။မရေမတွက်နိုင်သော မှော်မန္တန်များ၏ရိုက်ခတ်မှုအောက်တွင် လုယွီ၏ပုံရိပ်သည် အလွန်ဝေဝါးနေပေ၏။

"သူ့ကို ဟန့်တားလိုက်ကြစမ်း...သူ့ကို ဖြတ်သွားခွင့်မပြုနဲ့"

ထန်စစ်တပ်မှ မဟာစစ်ဗိုလ်ချုပ်များသည် ပျံသန်းသွားကာ ချက်ချင်းဆိုသလိုပင် လန်ဝူရှင်းကို ကြားဖြတ်ဟန့်တားလိုက်ကြသည်။

လန်ဝူရှင်းသည် ထိတ်လန့်တုန်လှုပ်သွားကာ ဒေါသထွက်သွားလေ၏။သူသည် ချက်ချင်းဆိုသလိုပင် သူ့၏ဆေဘာဓားကို ဝှေ့ယမ်းလိုက်သည်။ပြင်းထန်သောတိုက်ပွဲတစ်ပွဲက ချက်ချင်းဆိုသလိုပင် နှစ်ဖက်အကြား၌ စတင်၍ဖြစ်ပေါ်လာသည်။

လန်ဝူရှင်း၏စွမ်းအားသည် အလွန်ကောင်းမွန်သော်လည်း ယခုချိန်တွင် သူ့အား ကျင့်ကြံဆင့်နယ်ပယ်တူအတွင်းမှ အစွမ်းထက်ကျင့်ကြံသူအမြောက်အမြားမှ ဝိုင်းရံထားသည်။ဤအချိန်အခိုက်အတန့်တွင် သူသည် လုယွီကို အကူအညီပေးရန်အတွက် သွားနိုင်စွမ်းမရှိတော့ချေ။

စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များမှ အလင်းတန်းများစွာ ကျရောက်လာပြီးနောက် လုယွီသည် နောက်သို့ခြေလှမ်းအနည်းငယ်ခန့် ပြင်းပြင်းထန်ထန် လွင့်ထွက်သွားလေ၏။

လုယွီ၏ရှေ့တွင် ခပ်ဖျော့​ဖျော့ခရမ်းရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ လုံးဝန်းသောဒိုင်းပုံစံအဖြစ် စုဝေးသွားပြီး သူ့၏ခန္ဓာကိုယ်ကို အပြည့်အဝရစ်သိုင်းလွှမ်းခြုံသွားသည်။

စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များ၏စွမ်းအားသည် အားကောင်းသော်လည်း လုယွီ၏ခုခံကာကွယ်မှုကို ချိုးဖျက်နိုင်ခြင်းမရှိချေ။

"ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"

ယခုလက်ရှိနေရာတွင်ရှိနေသော ထန်စစ်တပ်မှမဟာစစ်ဗိုလ်ချုပ်များနှင့် နတ်ဆိုးသားရဲဧကရာဇ်များအားလုံး၏ မျက်နှာများထက်တွင် ထိတ်လန့်တုန်လှုပ်သောအမူအယာများ ထင်ဟပ်လာသည်။

ဤသည်မှာ စိတ်ဝိညာဉ်ကျောက်တုံးအမြောက်ပင်။

တိုက်ပွဲစစ်မြေပြင်၌ ဤသည်မှာ အကြွင်းမဲ့အားသာချက်မျိုးရှိသည့် မဟာသတ်ဖြတ်ခြင်းလက်နက်ကြီးတစ်ခု ဖြစ်ပေ၏။

အကယ်၍ တစ်စုံတစ်ယောက်၏ခုခံကာကွယ်မှုသည် အလွန်အမင်းအားကောင်းလျှင်ပင် ဤကဲ့သို့ စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များဖြင့် အဆက်မပြတ်ရိုက်ခတ်ခံရမှုအောက်တွင် ထိုလူ သေဆုံးသွားပေမည်။

သို့ရာတွင် ထိုအရာများသည် မည်သည်ကြောင့် လုယွီ၏ခုခံကာကွယ်မှုကို ချိုးဖျက်နိုင်ခြင်းမရှိသနည်း။

လက်ရှိနေရာတွင်ရှိနေသော လူတိုင်း၏ထိတ်လန့်တုန်လှုပ်နေသောအကြည့်များအောက်တွင် လုယွီ၏လက်ချောင်းများဖြင့်ရေးဆွဲနေသော ရွှေရောင်အက္ခရာစာကြောင်းများ ထပ်မံ၍ထွက်ပေါ်လာသည်။

Chapter 3843

လုယွီသည် လေဟာနယ်အတွင်း၌ ကျမ်းစာကိုဆက်လက်၍ရေးသားနေဆဲပင်။

ဤကျမ်းစာကို 'မြင့်မြတ်သောနတ်ဘုရားရတနာကျမ်းစာ'ဟုခေါ်ဆိုသည်။ဤသည်မှာ အတိတ်တွင် ကောင်းကင်ဘုံဆရာသခင် ရေးသားခဲ့သောကျမ်းစာတစ်စောင်ပင်။

ထိုကျမ်းစာကို လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာအတွင်း၌ မှတ်တမ်းတင်ထားခဲ့သည်။တာအိုကျမ်းစာ၏စွမ်းအားများကိုစုစည်း၍ ကောင်းကင်ဘုံဆရာသခင်၏ပုံရိပ်ယောင်ကိုဖွဲ့စည်းပြီးချိန်တွင် ကောင်းကင်ဘုံဆရာသခင်ကျန်းတောက်လင်၏ အန္တိမတိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်အသုံးပြုနိုင်ပေမည်။

တာအိုကျမ်းစာကို ပို၍ပြည့်စုံအောင်ရေးသားနိုင်လေလေ ထိုတိုက်ခိုက်မှု ပို၍အစွမ်းထက်လေလေပင်။

သို့ရာတွင် လုယွီသည် တာအိုကျမ်းစာတစ်ခုတည်းဖြင့် စိတ်ကျေနပ်ခြင်းမရှိချေ။

အစောပိုင်းက 'မြင့်မြတ်သောနတ်ဘုရားရတနာကျမ်းစာ'ကို ရေးသားပြီးဖြစ်သော်လည်း လုယွီသည် စွမ်းအားများကို ဆက်လက်၍စုဆောင်းနေဆဲပင်။

ထိုနောက် လုယွီသည် သူ့၏လက်ချောင်းများဖြင့် လေဟာနယ်အတွင်း၌ ဆက်လက်၍ရေးသားလိုက်ရာ နောက်ထပ်ကျမ်းစာတစ်စောင်က သူ့ရှေ့၌ ထွက်ပေါ်လာသည်

လုယွီ၏လက်ဖြင့် ရေးသားနေသောကျမ်းစာမှ ထုတ်လွှတ်ထားသည့် မြင့်မြတ်သောဖိအားအရှိန်အဝါကို အာရုံခံမိပုံဖြင့် ထန်စစ်တပ်မှထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ၏မျက်နှာများထက်တွင် ထိတ်လန့်ကြောက်ရွံ့သောအမူအယာများ ထင်ဟပ်လာသည်။

လုယွီ နောက်ထပ်ရေးသားလိုက်သော ကျမ်းစာသည် 'အကန့်အသတ်မဲ့ မြင့်မြတ်ခြင်းကျမ်းစာ'ပင်။

ဤအရာတွင် ကောင်းကင်ဘုံနယ်မြေအတွင်းရှိစကြာဝဠာ၏ အဆုံးစွန်သောအမှန်တရားလှည့်ပတ်နေသည်။ဤကျမ်းစာသည်ရှေးဟောင်းတာအိုဂိုဏ်းများ၏ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်ပေ၏။

ဤကျမ်းစာသည် မူလက ရှည်လျားသောအချိန်ကာလအတွင်း၌ ပျောက်ကွယ်နေခဲ့သည်။ သို့ရာတွင် လုယွီ၏ရေးသားလိုက်ခြင်းနှင့်အတူ ထိုအရာသည် သေမျိုးလောကအတွင်း၌ တဖန်ပြန်၍ထွက်ပေါ်လာလေပြီ။

ထိုကျမ်းစာကို လုယွီ ရေးသားလိုက်သည်နှင့် သူ့၏နောက်ရှိ ကောင်းကင်ဘုံဆရာသခင်၏ပုံရိပ်ယောင်သည် ပို၍ထင်ရှားပြတ်သားလာသည်။

ထိုပုံရိပ်ယောင်သည် သူ့၏ပါးစပ်ကိုဖွင့်ဟကာ ရှေးဟောင်းကျမ်းစာများကို ရွတ်ဆိုနေပုံရသည်။သူ့၏ပါးစပ်မှထွက်ပေါ်လာသော စကားလုံးတစ်လုံးချင်းစီတိုင်းသည် အလွန်အမင်းလျှို့ဝှက်ဆန်းကြယ်ပေ၏။

ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်နှင့်မြေပြင်၏မြင်ကွင်း ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်ချိုးဖျက်ခံတပ်၏အထက်ရှိ မိုးကောင်းကင်ယံအတွင်းတွင် တိမ်မည်းများ ရုတ်တရက်ထွက်ပေါ်လာသည်။ထိုတိမ်မည်းများသည် လူတိုင်း၏ခေါင်းထက်သို့ ဖိစီးနေကာ သူတို့အား ကြီးမားသောဖိအားအရှိန်အဝါကို ပေးစွမ်းနိုင်ပြီးပြီး လောကကြီး၏အဆုံးသတ်သို့ ရောက်ရှိလာတော့မည့်အလားပင်။

လူတိုင်း၏မျက်လုံးအကြည့်များသည် လုယွီ၏လက်ထံတွင်သာ စူးစိုက်၍ကျရောက်နေသည်။

သိန်းနှင့်ချီသော စစ်သားများနှင့်နတ်ဆိုးမှော်သားရဲများကို ရင်ဆိုင်နေရသည့်တိုင် လုယွီသည် သူ့၏တည်ငြိမ်သောစိတ်ကို အစဉ်အမြဲ ထိန်းသိမ်းထားနိုင်ဆဲပင်။

သူသည် တည်ငြိမ်အေးဆေးစွာဖြင့် ကျမ်းစာကို ဆက်လက်၍ရေးသားလိုက်၏။

သူ့၏ကျမ်းစာရေးသားမှု အဆုံးသတ်သွားချိန်တွင် ကျယ်လောင်သော တုန်ခါသံကြီးတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

မှော်ခရုသင်းမှုတ်လိုက်သည်နှင့်တူညီသော အသံများက မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်နေသည်။

မဟာတာအို ပြီးပြည့်စုံခြင်း.....

ဤအချိန်အခိုက်အတန့်တွင် ထန်စစ်တပ်နှင့်တာယွီစစ်တပ် နှစ်ဖက်စလုံးမှလူများသည် အံ့အားသင့်စွာဖြင့် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ကြသည်။

အလယ်ခေတ်၏အဆုံးသတ်သို့ရောက်ရှိချိန်တွင် ကျင့်ကြံခြင်းဂိုဏ်းအများစု၏အမွေအနှစ်များ ပြတ်တောက်သွားခဲ့သည်။ယခုလက်ရှိတာအိုဂိုဏ်းအများစုထံတွင်ပင် မပြည့်စုံသောတာအိုကျမ်းစာများသာ ကျန်ခဲ့လေ၏။ထို့ကြောင့် ထိုဂိုဏ်းအင်အားစုများကို အစစ်အမှန်တာအိုဂိုဏ်းများဟု ခေါ်ဆိုနိုင်ခြင်းမရှိချေ။

တာအိုသခင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအနက်မှ တချို့သည်သာကောင်းကင်နှင့်မြေပြင်အကြားမှ မဟာတာအိုကိုဖမ်းဆုပ်နိုင်စွမ်းရှိသည်။သူတို့၏ကိုယ်ပိုင်ဉာဏ်အလင်းပွင့်မှုများမှတစ်ဆင့် မိုးကောင်းကင်တာအိုကို ပြီးပြည့်စုံအောင် ပြုလုပ်နိုင်စွမ်းရှိလေ၏။

မိုးကောင်းကင်တာအိုကို ပြီးပြည့်စုံအောင်ပြုလုပ်နိုင်သော အရည်အချင်းသည် လူတိုင်းထံတွင်မရှိချေ။

ကောင်းကင်ဘုံနယ်မြေတခွင်လုံး တုန်ခါသွားသည်။

ဤနေရာရှိတိုက်ပွဲသည် အလွန်အမင်းပြင်းထန်သော်လည်း အကန့်အသတ်မရှိကြီးမားကျယ်ပြန့်သော ကောင်းကင်ဘုံနယ်မြေနှင့်နှိုင်းယှဉ်ပါက ဤသည်မှာ မသိသာမထင်ရှားသောပမာဏသာဖြစ်သည်။

သို့ရာတွင် လုယွီသည် ကျမ်းစာကိုရေးသားကာ ကောင်းကင်ဘုံတာအို၏ဥပဒေသများကို ပြီးပြည့်စုံသွားစေသဖြင့် ဤနေရာရှိ တိုက်ပွဲသည် နောက်ဆုံး၌ အရပ်မျက်နှာအဘက်ဘက်မှ ထိပ်သီးအစွမ်းကျင့်ကြံသူများကို ဆွဲဆောင်နိုင်စွမ်းရှိလာခဲ့သည်။

မရေမတွက်နိုင်သော အစွမ်းထက်တည်ရှိမှုကြီးများသည် နှစ်ခြိုက်စွာအိပ်မောကျနေရာမှ နိုးထလာကြကာ သူတို့၏အကြည့်သည် ဤနေရာသို့ကျရောက်လာသည်။

"မိုးကောင်းကင်တာအိုက ပြီးပြည့်စုံတော့မယ့်ပုံရတယ်....ဒါက မဟာတာအိုဂိတ်တံခါး ပြန်ရှင်သန်လာတော့မယ့် အရိပ်အယောင်ပဲ"

တာအိုဂိုဏ်းများအတွင်းရှိ ကျင့်ကြံသူများသည်သူတို့၏ခန္ဓာကိုယ်များအတွင်းသို့ တစ်စုံတစ်ခု စီးဝင်လာသည်ကို ခံစားမိလေ၏။

ဤသည်မှာ မည်သည့်အရာဖြစ်သည်ကို အတိအကျ ဖော်ပြနိုင်ရန်မှာ မဖြစ်နိုင်​ချေ။ထိုအရာသည် အချိန်တခဏကြာ ဥာဏ်အလင်းပွင့်မှုမျိုးနှင့်တူညီသည်။အတိတ်တွင် သူတို့ရင်ဆိုင်နေရသည့် ခက်ခဲသောပြဿနာများအနက်မှတချို့ကို ရုတ်တရက်အဖြေရရှိသွားသည်။

စုန်ချင်းဖုန်းတို့လူစု၏ခန္ဓာကိုယ်များ တုန်ရီနေသည်။သူတို့သည် သူတို့၏နဖူးများမှ ယိုစိမ့်ထွက်နေသော အဖြူရောင်အခိုးအငွေ့များကိုခံစားမိလေ၏။သူတို့၏မျက်လုံးများသည် ကြည်လင်ပြီး အပြစ်အနာအဆာကင်းမဲ့နေသည်။သူတို့၏စိတ်နှလုံးသားအတွင်းရှိ မလိုလားအပ်သောအတွေးများအားလုံး ဤအချိန်အခိုက်အတန့်တွင် ပျောက်ကွယ်သွားသည်။

စုန်ချင်းဖုန်း၏မျက်လုံးများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။သူ လုယွီကိုကြည့်သောပုံစံသည် လေးစားကြည်ညိုခြင်းမှနေ၍ အပြည့်အဝထိတ်လန့်တုန်လှုပ်ခြင်းသို့ ပြောင်းလဲသွားတော့သည်။

ဤလူငယ်လေးထံတွင် မည်သည့်နည်းစနစ်များ ကွယ်ဝှက်ထားသနည်း။

Chapter 3844

ထန်စစ်တပ်အတွင်း၌....

စီမံကွပ်ကဲရေးနေရာ၌ထိုင်နေသော ရွှယ်ကုံးချင်းသည် မတ်တတ်ထရပ်ကာ တည်ကြည်လေးနက်သောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"အရှင့်သား...လုယွီ ရွတ်ဆိုလိုက်တဲ့ မှော်မန္တန်ကနည်းနည်းထူးဆန်းနေတယ်...ကြည့်ရတာတော့ ဒါက ကောင်းကင်နဲ့မြေပြင်ကြားက ဥပဒေသတွေနဲ့ ဆက်နွယ်နေပုံပဲ...ငါတို့က နောက်ကိုဆုတ်ပြီးတော့ အစီအစဉ်တွေအရင်ဆွဲတာ ပိုကောင်းမယ်လို့ ငါ ထင်တယ်"

သူသည် တိုက်ပွဲစစ်မြေပြင်အတွေ့အကြုံရင့်ကျက်သော ဗိုလ်ချုပ်အိုကြီးတယောက်ပင်။

နှစ်ပေါင်းများစွာကြာအောင် စစ်မြေပြင်၌ ကျင်လည်ကျက်စားပြီးနောက် သူသည်အန္တရာယ်အပေါ် အာရုံခံနိုင်စွမ်း အလွန်အမင်းမြင့်မားသည်။

လုယွီ ရွတ်ဆိုလိုက်သော မှော်မန္တန်မှတဆင့် ကောင်းကင်နှင့်မြေပြင်အကြားတွင် ထူးဆန်းသော သဘာဝလွန်ပုံရိပ်များထွက်ပေါ်လာသည်ကိုကြည့်ပြီး သူ့ထံတွင်ဆိုးရွားသောခံစားချက်တစ်မျိုးရရှိနေသည်။

အထူးသဖြင့် လွန်ခဲ့သောရက်အနည်းငယ်အကြာက ရွှယ်ကုံးချင်းသည် ခရမ်းရောင်မီးတောက်များအောက်၌ သောင်းနှင့်ချီသောနတ်ဆိုးမှော်သားရဲများ ပြာမှုန်များဖြစ်သည်အထိ လောင်ကျွမ်းခြင်းခံလိုက်ရသည်ကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည်။

ထိုကိစ္စများအားလုံးသည် သူရှေ့၌ ဖြစ်ပွားသွားခဲ့ခြင်းပင်။

လုယွီသည် အလွန်ငယ်ရွယ်သော်လည်း ရွှယ်ကုံးချင်းသည် သူ့ရှေ့ရှိလူငယ်နှင့် ပတ်သက်ပြီး အနည်းငယ်မူမမှန်သကဲ့သို့ ခံစားနေရသည်။

"နောက်ဆုတ်ရမှာလား"

လီဖူ၏မျက်နှာပေါ်တွင် မလိုလားသောအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

သူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

"ငါတို့က ဘာလို့နောက်ဆုတ်ရမှာလဲ...ငါ မယုံကြည်ဘူး...သူက တစ်ယောက်တည်းလေ...သူက ဘယ်လောက်ထိ သန်မာအားကောင်းနိုင်မှာမလို့လဲ"

ထို့နောက် လီဖူက ကျယ်လောင်စွာအော်ဟစ်၍ အမိန့်ပေးလိုက်သည်။

"စစ်သည်တွေအားလုံး....မင်းတို့ရဲ့လျှို့ဝှက်နည်းစနစ်တွေနဲ့ အားအကောင်းဆုံးမှော်မန္တန်တွေကို အသုံးပြုပြီးတော့ လုယွီကို သတ်ကြစမ်း...လုယွီကို ထိခိုက်နာကျင်အောင် လုပ်နိုင်တဲ့ဘယ်သူ့ကိုမဆို ငါက ကောင်းကင်မူဝါဒရုံးတော်ကို ပြောင်းရွှေ့နေရာချထားပေးမယ်"

ထိုစကားများထွက်ပေါ်လာချိန်တွင် ထန်စစ်တပ်၏စစ်စခန်းတစ်ခုလုံးအတွင်းမှနေ၍ အံ့အားတစ်သင့် အော်ဟစ်သံများထွက်ပေါ်လာသည်။

ဤသည်မှာ ကောင်းကင်မူဝါဒရုံးတော်ပင်။

ဤနေရာသည် ထန်ဧကရာဇ်မှနေ၍ တော်ဝင်မိသားစု၏ဆက်ခံသူများအပေါ် အထူးသီးသန့်ချီးမြှင့်မြောက်စားထားသော အထူးရုံးတော်တစ်ခုဖြစ်ပေ၏။

တစ်စုံတစ်ယောက်သည် ဤနေရာသို့ ဝင်ရောက်နိုင်သည်နှင့် တော်ဝင်အခွင့်အာဏာကို နောင်အနာဂတ်ဆက်ခံမည့်သူနှင့် ထိတွေ့မှုရရှိနိုင်ပေမည်။။အကယ်၍ တစ်ရက်တွင် လီဖူသည် အိမ်ရှေ့စံနေရာကိုဆက်ခံနိုင်ပါက ကောင်းကင်မူဝါဒရုံးတော်အတွင်းရှိ အရာရှိများအားလုံးသည် အရေးပါသော ရာထူးနေရာများကို ဆုပ်ကိုင်နိုင်ပေမည်။

ဤသည်မှာ နောင်အနာဂတ်တွင် ချမ်းသာကြွယ်ဝမှုနှင့်ကံကြမ္မာကောင်းများ ရရှိနိုင်သောကိစ္စဖြစ်သဖြင့် ယခုလက်ရှိ အရာရှိရာထူးနေရာအများစုထက် များစွာပို၍အရေးကြီးသည်။

အချိန်တိုအတွင်းတွင် မြောက်များစွာသောထန်စစ်သားများသည် လျှို့ဝှက်မှော်မန္တန်များကိုရွတ်ဆိုလိုက်ကြ၏။တချို့စစ်သားများသည် ဆေးလုံးများကို တိုက်ရိုက်ဝါးမြိုလိုက်ကြပြီးနောက် သူတို့သည် ရူးသွပ်သွားသည့်အလား သူတို့၏မျက်လုံးများ နီမြန်းသွားသည်။

သူတို့သည် လျှို့ဝှက်နည်းစနစ်များကိုအသုံးပြု၍ ယခင်ထက်ကြီးမားသော စွမ်းအားများကို ထုတ်ဖော်အသုံးပြုလိုက်ကြ၏။

နတ်ဆိုးသားရဲများအသုံးပြုသော လျှို့ဝှက်နည်းစနစ်များမှာ ပို၍ပင်တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသည်။

နတ်ဆိုးသားရဲအမြောက်အများသည် သူတို့၏အစစ်အမှန်ပုံစံများသို့ ပြောင်းလဲလိုက်ကြကာ ကောင်းကင်ယံကြီး တုန်ခါသွားသည်အထိကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြသည်။

မူလကတည်းက လော့ရွှေကြယ်မြစ်မှ နတ်ဆိုးသားရဲစစ်သားများ၏ အရေအတွက်သည်လွန်စွာများပြားသည်။ယခုအချိန်၌ သူတို့အားလုံးသည် သူတို့၏အစစ်အမှန်ပုံစံများသို့ ပြန်လည်ပြောင်းလဲထားကြလေ၏။ပတ်ဝန်းကျင်နေရာတဝိုက်ကို ကြည့်ပါက ကြီးမားပြီးတုတ်ခိုင်သန်မာသော နတ်ဆိုးသားရဲခန္ဓာကိုယ်များသည် မိုးကောင်းကင်ယံနှင့်နေရောင်ကိုပင် ပိတ်ဖုံးလုမတတ် နေရာအနှံ့အပြားတွင် ပြည့်နှက်နေသည်။

အနာဂတ်တွင် ချမ်းသာကြွယ်ဝစွာ နေထိုင်နိုင်ရန်အတွက် ထန်စစ်သားအများစုသည် သူတို့၏ခုခံကာကွယ်မှုများအားလုံးကို ဖယ်ရှားလိုက်ကာ သူတို့၏စွမ်းအားများအားလုံးကို မှော်ရတနာများအပေါ်တွင် အသုံးပြုလိုက်သည်။

မိုးကောင်းကင်ယံအနှံ့ ပျံ့နှံ့နေသော မှော်မန္တန်များမှအလင်းတန်းများသည် မိုးရေစက်များအလား လုယွီထံသို့ဦးတည်၍ ကျရောက်လာသည်။

ဤသည်မှာ အလွန်အမင်းကြီးမားသော တိုက်ခိုက်မှုကြီးတစ်ခုပင်။

လုယွီသည် ယခုလက်ရှိအချိန်တွင် ထိုတိုက်ခိုက်မှု၏အလယ်ဗဟို၌ ရှိနေသည်။သူသည် မုန်တိုင်းအတွင်း၌ အချိန်မရွေး တိမ်းမှောက်သွားနိုင်သော လှေငယ်လေးတစ်စင်းနှင့် တူညီနေပေ၏။

လုယွီသည် သူ့၏မျက်လုံးကိုဖွင့်ကြည့်လိုက်ရာ လောဘကြီးပြီး သွေးဆာနေသော မျက်လုံးအစုံပေါင်းအမြောက်အများကို မြင်တွေ့လိုက်ရသည်။

ထိုလူများ၏မျက်လုံးများအတွင်းတွင် လုယွီသည် အလွန်ဆွဲဆောင်နိုင်မှုကြီးမားသော ဆုလာဘ်ကြီးတစ်ခုနှင့် တူညီနေသည်။

သူတို့သည် လုယွီကို သတ်ဖြတ်နိုင်သရွေ့ ပြိုင်ဘက်ကင်းဆုလာဘ်များကို ရရှိနိုင်ပေမည်။

ထိုတိုက်ခိုက်မှုများ ရောက်ရှိလာတော့မည်အချိန်တွင် လုယွီ၏လက်ချောင်း ရုတ်တရက် ရပ်တန့်သွားသည်။

အကန့်အသက်မဲ့မြင့်မြတ်ခြင်းကျမ်းစာ ပြီးစီးသွားလေပြီ။

ရွှေရောင်စာလုံးတစ်ရာကျော်က လေထုအတွင်း၌ မျောလွင့်နေသည်။

ထိုစာလုံးတစ်လုံးစီတွင် မဟာတာအို၏ ကြီးကျယ်မြင့်မြတ်သော ဥပဒေသများမှ အကန့်အသတ်မဲ့သောစွမ်းအားများ ပါဝင်နေသည်။ထိုကျမ်းစာထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်းမှနေ၍ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံများ ပဲ့တင်ထပ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ကျမ်းစာကိုရေးသားပြီးနောက် လုယွီသည် မိုးကောင်းကင်တာအို၏ဥပဒေသများကို တစ်ဖန်ပြန်၍ ​ဖြည့်တင်းနိုင်ခဲ့သည်။

တာအိုဂိုဏ်းများ၏ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံသော မည်သည့်ကျင့်ကြံသူမဆို လုယွီကြောင့် သူတို့၏ကျင့်ကြံဆင့်များ အဆင့်မြင့်တက်သွားပေမည်။

လုယွီသည် သူ့၏ကိုယ်ပိုင်ခွန်အားဖြင့် တာအိုဂိုဏ်းများကို ဖွံ့ဖြိုးတိုးတက်အောင်ကူညီပေးခဲ့သည်ဟု ယူဆနိုင်သည်။

ထိုကျမ်းစာကိုရေးသားပြီးနောက် လုယွီ၏လက်ကောက်ဝတ် ရုတ်တရက် အနည်းငယ်တုန်ရီသွားသည်။

Chapter 3845

လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည် ယခုလက်ရှိအချိန်၌ မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်၌ ရှိနေသည်။

သူသည် ဤကျင့်ကြံဆင့်နယ်ပယ်၌ ကြီးမားသော မှော်စွမ်းအားပမာဏကို စုဆောင်းထားနိုင်ကာ သူ့၏မှော်စွမ်းအားများသည် တလိမ့်လိမ့်စီးဆင်းနေသော မြစ်ပြင်အလား အကန့်အသတ်မရှိချေ။

အကယ်၍ သူသည် အစွမ်းထက်သောရှေးဟောင်းသိုင်းပညာနည်းစနစ်တချို့ကို အသုံးပြုလျှင်ပင် ယခင်ကဲ့သို့ စွမ်းအားများစွာ ကုန်ဆုံးတော့မည်မဟုတ်ချေ။

သို့ရာတွင် ကောင်းကင်ဘုံဆရာသခင်၏ဥပဒေသကို အသုံးပြုပြီးနောက် လုယွီသည် သူ့၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများ ခြောက်ခန်းလုနီးပါးဖြစ်သွားသည်ကို ခံစားမိလေ၏။

သူသည် သူ့၏စွမ်းအားအများစုကို ပြန်လည်ရရှိပြီးဖြစ်သည့်တိုင် ဤကဲ့သို့ စွမ်းအားကုန်ဆုံးမှုမျိုးသည် သူ တောင့်ခံနိုင်သော တစ်စုံတစ်ခုမဟုတ်ချေ။

တာအိုကျမ်းစာမှာနေ၍ ရွှေအင်မော်တယ်တစ်ယောက်၏ပုံရိပ်ယောင် ထွက်ပေါ်လာလေပြီ။

ဤကျမ်းစာ၏စာလုံးတစ်လုံးစီတွင် လောကကြီး၏အန္တိမအမှန်တရားများကို သယ်ဆောင်ထားသည်။အကယ်၍ ဤစာလုံးများကို ရိုးရှင်းစွာရေးသားလျှင်ပင် စိတ်စွမ်းအားနှင့်မှော်စွမ်းအားပမာဏသည် အတိုင်းအတာတစ်ခုထိရှိနေရန် လိုအပ်သည်။

ညင်သာသောလေတချက်တိုက်ခတ်လာသည်နှင့်အတူ လုယွီ၏အဝတ်အစားများရှေ့နောက်လူးလွန့်နေသည်။

သူ့၏ခန္ဓာကိုယ်ပေါ်တွင် အင်မော်တယ်စွမ်းအားများ လွှမ်းခြုံနေပေ၏။

လုယွီထံတွင် မြင့်မြတ်သော တည်ရှိမှုကြီးတစ်ယောက်၏အရှိန်အဝါမျိုး ရှိနေသည်။

ဤသည်မှာ ယနေ့ခေတ်ကာလအတွင်းရှိ ကျင့်ကြံသူအများစုထံတွင် မတွေ့ရှိနိုင်သော အရှိန်အဝါတစ်ရပ်ပင်။

လေထုအတွင်း၌ သူ ရေးသားခဲ့သော တာအိုကျမ်းစာသည် မိုးကောင်းကင်တာအိုကို တဖန်ထပ်၍ လှုံဆော်လိုက်၏။

မိုးကောင်းကင်ယံအတွင်း၌ အချိန်အတော်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော ကျမ်းစာသည် လောကကြီးအတွင်းသို့ ပြန်လည်ရောက်ရှိသည်ကို ကြိုဆိုနေသည့်အလား မြောက်များစွာသော သဘာဝလွန်ပုံရိပ်များ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။

မှော်ခရုသင်းသံများကလည်း မိုးကောင်းကင်ယံ၏အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသည်။

လုယွီ၏နောက်ရှိ ကောင်းကင်ဘုံဆရာသခင်၏ ကြီးမားသောပုံရိပ်ယောင်ကြီးသည် တဖန်ထပ်၍ လူတိုင်း၏ရှေ့၌ မားမားမတ်မတ် တည်ရှိနေသည်။

ကောင်းကင်ဘုံဆရာသခင်ကျန်း၏ပုံရိပ်ယောင်ကြီးသည် သူ့၏လက်ကို ညင်သာစွာမြှောက်ကာ သူ့ရှေ့ရှိ ထန်စစ်တပ်ထံဦးတည်၍ လက်ညှိုးညွှန်လိုက်သည်။

ဤအရာသည် ပုံရိပ်ယောင်သက်သက်ဖြစ်သော်လည်း လောကကြီးအတွင်းသို့ ဆင်းသက်လာချိန်တွင် အစစ်အမှန်အင်မော်တယ်တစ်ယောက် ရောက်ရှိလာသည့်အလားပင်။ထိုပုံရိပ်ယောင်၏စွမ်းအားသည် သာမန်ထက်ကျော်လွန်နေကာ နှိုင်းယှဉ်ပြစရာမရှိသည်အထိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။

ကောင်းကင်ဘုံဆရာသခင်ကျန်းသည် သူ့၏လက်ကိုဆန့်တန်းကာ နက်ရှိုင်းသော မျဥ်းကြောင်းများကို ရေးဆွဲလိုက်သည်။ထိုမျဥ်းကြောင်းများကို သိသာထင်ရှားစွာမြင်တွေ့နိုင်ကာ မဟာတာအို၏စွမ်းအားများ ရောယှက်ပါဝင်နေသည်။

ရုတ်ချည်းဆိုသလိုပင် ထိုမျဥ်းကြောင်းများကျရောက်သွားသည်နှင့် သူ့၏ရှေ့ရှိ ထန်စစ်တပ်မှမဟာစစ်ဗိုလ်ချုပ်များနှင့် နတ်ဆိုးသားရဲဧကရာဇ်များသည် သွေးမြူများအဖြစ်သို့ပြောင်းလဲကာ လေနှင့်အတူ အဝေးသို့လွင့်ပါသွားတော့သည်။

လေထုအတွင်း၌ ပြင်းထန်သောသွေးညှီနံများဖြင့် ပြည့်နှက်သွားသည်။

ဤလက်ချောင်း၏အောက်တွင် မည်သည့်အစွမ်းထက်ထိပ်သီးကျင့်ကြံသူမဆို ပုရွက်ဆိတ်တစ်ကောင်အလားပင်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့သည် လောကကြီးအတွင်း၌ မည်သည့်အချိန်ကမျှ မရှိခဲ့သည့်အလား အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

လုယွီ၏ရှေ့ရှိ သောင်းနှင့်ချီသော ထန်စစ်သားများသည်လည်း ဤလက်ချောင်း၏ဖိအားအရှိန်အဝါအောက်တွင် သေဆုံးသွားကြရသည်။သူတို့အနက်မှ တစ်ဦးတစ်ယောက်မျှ အသက်ရှင်သန်နိုင်ခြင်းမရှိချေ။

မြေပြင်သည် အောက်သို့ မီတာတော်တော်များများအနက်ထိ ကျွံဝင်သွားပုံရသည်။

ကောင်းကင်ဘုံဆရာသခင်၏လက်ချောင်းကို ဗဟိုပြု၍ မီတာထောင်ပေါင်းအနည်းငယ်အတွင်းရှိ ရန်သူများအားလုံး သတ်ဖြတ်ခံလိုက်ရလေပြီ။

ထိုနောက် မိုးကောင်းကင်ယံအတွင်းတွင် ရုတ်တရက် တိမ်မည်းများ လွှမ်းခြုံသွားသည်။

ကောင်းကင်ချိုးဖျက်ခံတပ်၏အထက်တွင် တိမ်မည်းများ ထွက်ပေါ်လာလေ၏။နေရောင်သည်လည်းပျောက်ကွယ်သွားကာ ထိုတိမ်မည်း၏အရိပ်ကြီးသည် တိုက်ပွဲစစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားပေ၏။

ထိုတိမ်မည်းများအကြားတွင် ကျယ်လောင်သော မိုးခြိမ်းသံနှင့် အတူယှဉ်တွဲ၍ လျှပ်စီးမိုးကြိုးအလင်းရောင်များ တဖျတ်ဖျတ်တောက်ပနေသည်။

ကောင်းကင်ဘုံဆရာသခင်၏ပုံရိပ်ယောင်သည် သူ့၏လက်ကိုဆန့်တန်းကာ တိမ်မည်းများကိုအောက်သို့ဖိနှိပ်ပြီး မိုးကောင်းကင်ယံအတွင်းမှ လျှပ်စီးမိုးကြိုးများကို ဆုပ်ကိုင်လိုက်သည်။

ဖြောက်...ဖြောက်...

တောက်ပသော လျှပ်စီးမိုးကြိုးမီးပွားများသည် ကောင်းကင်ဘုံဆရာသခင် ပုံရိပ်ယောင်ကြီး၏ လက်အတွင်း၌ တဖျစ်ဖျစ်တဖျောက်ဖျောက် မြည်ဟီးနေကာ အလွန်အမင်းကျယ်လောင်သည်။

ထို့နောက် ကောင်းကင်ဘုံဆရာသခင် ပုံရိပ်ယောင်ကြီးသည် သူ့၏လက်ဖြင့် ထိုလျှပ်စီးမိုးကြိုးများကိုဆုပ်ကိုင်ကာ ထန်စစ်တပ်၏ စစ်စခန်းထံဦးတည်၍ ပစ်လွှတ်လိုက်သည်။

ထိုလျှပ်စီးမိုးကြိုးများသည် လေဟာနယ်အတွင်း၌ ကြီးမားသော လျှပ်စီးမိုးကြိုးနဂါးကြီးအဖြစ် ပြောင်းလဲသွားကာ အစွယ်များကိုဖြဲဟ၍ ​လက်စွယ်များကိုဝှေ့ယမ်းပြီး ဒေါသတကြီးအော်ဟိန်းဟောက်သံတစ်သံနှင့်အတူ ပျံသန်းသွားတော့သည်။

လျှပ်စီးမိုးကြိုးများသည် လောကကြီးအတွင်းရှိ အစွမ်းထက်ဆုံး အရာများအနက်မှတစ်ခုပင်။

ကောင်းကင်ဘုံမိုးကြိုး ဖြတ်သန်းသွားချိန်တွင် အရာရာတိုင်း ပျက်စီးရသည်။

ရုတ်ချည်းဆိုသလိုပင် ထန်စစ်တပ်၏စစ်စခန်းတခုလုံးကို တောက်ပသော လျှပ်စီးမိုးကြိုးများက လွှမ်းခြုံသွားသည်။

ဤအချိန်သည် နေ့အချိန်ဖြစ်သည့်တိုင် မိုးကုတ်စက်ဝိုင်းအတွင်း၌ ပြင်းထန်သော လျှပ်စီးမိုးကြိုးအလင်းတန်းများ ထွက်ပေါ်နေပေ၏။

ဝုန်း....

လျှပ်စီးမိုးကြိုးလှိုင်းများ ဆင်းသက်လာလေပြီ။

ထိုလျှပ်စီးမိုးကြိုးများ၏ ရိုက်ခတ်ခြင်းခံရသောထန်စစ်သားများအားလုံး ပြာများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ကြီးမားပြီး တုတ်ခိုင်ထွားကျိုင်းသော နတ်ဆိုးသားရဲများသည်လည်း ဤတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော လျှပ်စီးမိုးကြိုးလှိုင်းများကို တောင့်ခံနိုင်ခြင်းမရှိချေ။သူတို့အားလုံးသည်စူးရှနာကျင်စွာ အော်ဟစ်ကာ ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားလေ၏။

Thank For Reading.

All Chapters