အခန်း (၃၈၅၄-၃၈၅၇)
Vol. 196 Ch. 3854-3857
Chapter 3854
စုန့်ကျီးမို၏စိတ် အနည်းငယ်တည်ငြိမ်သွားကာ သူက တည်ကြည်လေးနက်စွာ မေးမြန်းသည်။
"လုယွီက စာပေသူတော်စင်ယီဟန်ရဲ့တပည့်တစ်ယောက်ဆိုတာ ငါ သိတယ်...ဒါပေမဲ့ အဲဒီပုဂ္ဂိုလ် ....သူက တံခါးပိတ်ကျင့်ကြံနေတာ အချိန်အတော်ကြာမြင့်နေပြီ မဟုတ်ဘူးလား"
တာယွီတော်ဝင်နန်းတွင်း၏စာပေသူတော်စင်သုံးယောက်သည် လောကီအရေးကိစ္စများနှင့်ပတ်သက်ပြီး မေ့ဖျောက်ထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
စာပေသူတော်စင်ယီဟန်ထံတွင် မဟာတော်ဝင်ဆရာသခင်ဟူသော ရာထူးရှိနေသော်လည်း သူသည် သူ့၏အခွင့်အာဏာကို အသုံးပြုခြင်းမရှိသည့်အပြင် သူ့၏တပည့်များနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းခြင်းလည်းမရှိချေ။
ချီဘုရင်သည် ဤကိစ္စကြောင့် ထိတ်လန့်ကြောက်ရွံ့နေခြင်း မဖြစ်နိုင်ပေ။
ထိုအကြံပေးက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"အမတ်ကြီးစုန့်...မင်းရဲ့အစ်ကိုကြီး သေသွားတာနဲ့ ပတ်သက်ပြီးတော့ ငါတို့လည်းပဲ အရမ်းကြေကွဲဝမ်းနည်းရပါတယ်...ဒါပေမဲ့ မင်း လုယွီရဲ့အကြောင်းကို နားလည်သဘောပေါက်ထားတာက နည်းနည်းပဲရှိသေးတယ်"
အကြံပေးသည် အိပ်ဆောင်ထံသို့ ထပ်မံကြည့်လိုက်ကာ သက်ပြင်းတချက်ရှိုက်ပြီး ပြောဆိုသည်။
"ငါ မင်းကို တစ်ခုတော့သတိပေးလိုက်မယ်...လုယွီက စုန့်ကျီကျင်းကို သတ်ဖြတ်ပြီးတဲ့နောက်မှာ... တော်ဝင်စစ်ရေးဌာန မဟာစစ်ဗိုလ်ချုပ်အိမ်တော် နဂါးအစောင့်တပ်နဲ့ တော်ဝင်စာပေနဲ့ ယဉ်ကျေးမှုရေးရာဌာနတို့ကနေပြီးတော့ အရှင့်ဆီကို စာတွေပေးပို့ခဲ့တယ်...သူတို့က လုယွီကိုဂရုစိုက်ပေးဖို့ အရှင့်ကို တောင်းဆိုထားကြတယ်"
"တော်ဝန်နန်းတွင်းရဲ့တော်ဝင်မိသားစုကနေလာတဲ့ စာတစ်စောင်တောင် ရှိသေးတယ်...အရှင်က အဲ့ဒီစာအကြောင်း ငါ့ကိုသိခွင့်မပြုခဲ့ပေမယ့် လုယွီက တော်ဝင်နန်းတွင်းမှာရှိတဲ့ မီဖေးနဲ့နီးစပ်တယ်ဆိုတာ ငါ ခန့်မှန်းမိတယ်...ဒါက အရှင့်ဆီကို မီဖေးရေးလိုက်တဲ့စာ ဖြစ်ဖို့များတယ်"
"မင်းရဲ့စကားတွေကို သတိထားပြီးပြောပါ... အရှင်က လုယွီကိုမထိချင်ဘူးလို့ မင်း ထင်နေတာလား...မင်း သူ့ကို သွားထိလို့မရဘူး...လုယွီနဲ့ တော်ဝင်မြို့တော်က ထိပ်သီးမိသားစုတွေအကြားမှာ ရန်ငြိုးရန်စတွေ အများကြီးရှိတယ်..... ဘာကြောင့် အဲ့ဒီလူတွေက သူ့ကိုပြောင်းးပြောင်တင်းတင်းမထိဝံ့ကြတာလဲ...ဒါတွေအားလုံးက သူ့ရဲ့နောက်မှာရှိနေတဲ့ အင်အားစုကြောင့်ပဲ... တကယ်လို့ ငါတို့က သူ့ကိုသတ်ချင်တယ်ဆိုရင်တောင် ပြောင်ပြောင်တင်းတင်းသတ်လို့မရဘူး"
အကြံပေးက သူ့၏ခေါင်းကို ခါယမ်းကာထွက်ခွာသွားတော့သည်။
စုန့်ကျီးမို၏မျက်လုံးများ လုံးလုံးလျားလျား နီမြန်းနေကာ သူ၏စိတ်အတွင်း၌အကန့်အသတ်မရှိသောဒေါသများဖြင့်လောင်ကျွမ်းနေပြီးအချိန်အတော်ကြာသည်အထိပျက်ပြယ်သွားခြင်းမရှိချေ။
....
ကောင်းကင်ချိုးဖျက်ခံတပ်၌....
လုယွီသည် ချီဘုရင်၏သံတမန်များကို သတ်ဖြတ်လိုက်ခြင်းနှင့်အတူ ငြိမ်းချမ်းရေးစကားပြောဆိုနိုင်ရန်ကိစ္စ လုံးလုံးလျားလျား ပြတ်တောက်သွားခဲ့သည်။
ထန်စစ်တပ်သည် မြို့ရိုး၏အနီးသို့ ကင်းထောက်များကိုစေလွှတ်ကာ သူတို့၏အလံများကိုဝှေ့ယမ်း၍ လုယွီအား အရှုံးပေးအညံ့ခံရန် အော်ဟစ်ပြောဆိုကြသည်။
သို့ရာတွင် လုယွီသည် သူ့၏လေးနှင့်မြှားကို တိုက်ရိုက်ဆွဲထုတ်ခဲ့ခြင်းဖြင့်သာ တုံ့ပြန်ခဲ့သည်။ ကင်းထောက်တချို့ကို သတ်ဖြတ်ပြီးနောက် ထန်စစ်တပ်သည် ချက်ချင်းဆိုသလိုပင် ငြိမ်ကျသွားလေ၏။
မြို့ရိုးပေါ်ရှိလူတိုင်း သူတို့၏သက်ဆိုင်ရာအလုပ်များနှင့် အလုပ်ရှုပ်နေကြသည်။ထိုအချိန်မှာပင် ကောင်းကင်ချိုးဖျက်ခံတပ်၏အနောက်ဘက်ခြမ်းမှနေ၍ တိုက်ပွဲဖြစ်ပေါ်နေသောအသံလှိုင်းများ ရုတ်တရက်ထွက်ပေါ်လာသည်။
"အရှင်....ထန်စစ်တပ်က ရုတ်တရက်ကြီးအနောက်ဖက်မြို့တံခါးကို တိုးဝင်လာခဲ့တယ်.... မြို့တံခါးက အခုကျိုးပေါက်တော့မယ့်အခြေအနေကို ရောက်နေပြီ"
သတင်းပို့ဆက်သားတစ်ယောက်သည် ထိတ်လန့်တကြားအမူအယာဖြင့် အလျင်စလိုပြေးလာသည်။
လက်ရှိနေရာတွင်ရှိနေသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ယခင်က လျှပ်စီးမိုးကြိုးပင်လယ်ကြီးအောက်တွင် ထန်စစ်တပ်သည် အလွန်များပြားသောအသေအပျောက်ဒဏ်ကို ခံစားခဲ့ရသည်။
ထန်စစ်တပ်သည်အချိန်အတော်ကြာ အနားယူပြီးမှ တဖန်ထပ်၍တိုက်ခိုက်မည်ဟု လူတိုင်းက တွေးထင်ထားကြသည်။
သို့ရာတွင် လူတိုင်း၏မျှော်လင့်ထားချက်များနှင့်ဆန့်ကျင်ဘက်နိုင်စွာ တာယွီဘက်မှတဖြည်းဖြည်း စိတ်အေးနေချိန်တွင် ထန်စစ်တပ်သည် ထိုအခွင့်အရေးကိုယူ၍ ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့လေ၏။
ထို့ပြင် အနောက်ဖက်တံခါးသည် ကောင်းကင်ချိုးဖျက်ခံတပ်၏ခုခံကာကွယ်မှု အားအနည်းဆုံးနေရာဖြစ်နေသည်။
"အနောက်ဖက်မြို့တံခါးရဲ့ ခုခံကာကွယ်မှုဝင်္ကပါက ခုထိပြန်ပြီး မပြုပြင်ရသေးဘူး...ဒီသတင်းက ဟန်ချီဆီကနေပြီးတော့ ပေါက်ကြားသွားတာပဲဖြစ်မယ်...သူက တကယ့်ကို အပြစ်သားတစ်ယောက်ပဲ"
မဟာစစ်ဗိုလ်ချုပ်တစ်ယောက်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။
စုန်ချင်းဖုန်းက ပြောဆိုသည်။
"ရွှယ်ကုံးချင်းက ထန်စစ်တပ်ထဲမှာ နာမည်ကျော်ကြားတဲ့ မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ပဲ.... သူက အခွင့်အရေးတစ်ခုကို ရှာတွေ့သွားတာနဲ့ တစ်ချက်တည်းနဲ့ ခံတပ်ကို ချိုးဖျက်ဖို့ ကြိုးစားလာလိမ့်မယ်....အရှင် ငါတို့ စစ်ကူတွေချက်ချင်းပေးပို့ကြရအောင်"
သို့ရာတွင် လုယွီ၏မျက်နှာအမူအယာသည် တည်ငြိမ်အေးဆေးနေကာ သူသည် ထိုကိစ္စဖြ၀်လာမည်ကို ကြိုတင်သိရှိပြီနေသည့်အလားပင်။
လုယွီက နံဘေးပတ်ဝန်းကျင်တွင်ရှိနေသော လူများကိုကြည့်ကာ ပြောဆိုသည်။
"ငါက မြို့ထဲကနေထွက်ပြီးတော့ ထန်စစ်တပ်နဲ့ မျက်နှာချင်းဆိုင်တိုက်ခိုက်ဖို့ စီစဉ်ထားတယ်...ငါက ထန်စစ်တပ်တစ်တပ်လုံးကို အမြစ်ပြတ်သုတ်သင်ချင်တယ်"
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားသည်။
သူတို့သည် မြို့အတွင်းမှထွက်ခွာ၍ မတိုက်ခိုက်သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ဝမ်ရှင်းအမတ်ကြီးသည် ပင်မအင်အားစုကို ခေါ်ဆောင်သွားသဖြင့် ကောင်းကင်ချိုးဖျက်ခံတပ်ဘက်တွင် သူတို့၏ယုံကြည်ချက်များ ဆုံးရှုံးသွားကာ ဦးဆောင်၍တိုက်ခိုက်ခြင်းမပြုလုပ်တော့ချေ။
ခုခံကာကွယ်ခြင်းသည်သာ သူတို့အတွက် အကောင်းဆုံးလမ်းကြောင်းဖြစ်သည်ဟု ထင်မြင်ထားလေ၏။
"ငါက အရှင့်နောက်ကိုလိုက်ပြီး သူတို့ကိုသတ်ဖြတ်မယ်"
လန်ဝူရှင်းက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်ကာ သူ့၏မျက်လုံးအတွင်းတွင် သွေးဆာသောအလင်းတန်းတတန်း တောက်ပနေသည်။
ယင်ထျန်းမင်သည်လည်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"မြို့ပြင်ကိုထွက်ပြီးတော့ ရန်သူတွေကိုသတ်ကြစို့"
ထိုသို့ပြောပြီးနောက် သူသည် ရုတ်တရက် ကြက်သေသေသွားသည်။သူသည် ဝမ်ရှင်းအမတ်ကြီး၏သားပင်။ဤအချိန်တွင် သူ ယခုကဲ့သို့ ပြောဆိုလိုက်သည်မှာ အနည်းငယ်မဆင်ခြင်ရာကျပေ၏။
သို့ရာတွင် ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါက မတ်တတ်ရပ်နေသော စစ်သားများအားလုံးထံတွင် တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။
Chapter 3855
သတ်...
သတ်...
မြောက်များစွာသော တာယွီစစ်သားများသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။
စစ်ပွဲအစမှ ယခုချိန်ထိ သူတို့၏ရဲဘော်ရဲဘက်အမြောက်အများ တိုက်ပွဲစစ်မြေပြင်ပေါ်တွင် သေဆုံးသွားခဲ့ရသည်။
ဤသည်မှာ အလွန်နက်ရှိုင်းသောသွေးကြွေးရန်ငြိုးဖြစ်သဖြင့် ရိုးရှင်းစွာငြိမ်းချမ်းရေးစကားပြောဆိုရုံဖြင့် ပြီးဆုံးသွားနိုင်သည့်အရာမျိုးမဟုတ်ချေ။
နာကြည်းမုန်းတီးမှု ဒေါသ စိတ်လှုပ်ရှားမှု သွေးကျွေးရန်ငြိုးစသော စိတ်ခံစားချက်မျိုးစုံက ကောင်းကင်ချိုးဖျက်ခံတပ်မှ စစ်သားများထံတွင် ရစ်သိုင်းလွှမ်းခြုံနေသည်။
စုန်ချင်းဖုန်းက ပြောဆိုသည်။
"အရှင်လု...ခံတပ်မှာ အစောင့်အကြပ်မရှိလို့ မရဘူး...ငါက မင်းကို အများဆုံးအနေနဲ့ စစ်သားအင်အားလေးသိန်းလောက်ပဲ ပေးနိုင်လိမ့်မယ်"
ဤသည်မှာ အမြင့်မားဆုံးအသုံးပြုနိုင်သည့် စစ်သည်အင်အားပင်။
ယခုလက်ရှိအချိန်တွင် ခံတပ်အတွင်း၌ ခုခံကာကွယ်နေသောစစ်သားများသည် ရှစ်သိန်းခန့်သာကျန်တော့သည်။လွန်ခဲ့သောရက်အနည်းငယ်အတွင်းရှိ တိုက်ပွဲများတွင် ဆုံးရှုံးခဲ့ရသော စစ်သည်အင်အားကို ထည့်တွက်ပါက ရှစ်သိန်းမရှိနိုင်တော့ချေ။
ဤကဲ့သို့စစ်အင်အားမျိုးသည် လုံလောက်မှုမရှိဟု ဆိုနိုင်ပေ၏။
"ငါ ခေါ်သွားဖို့အတွက် အင်အားတစ်သိန်းဆိုရင်လုံလောက်ပြီ...ဒါပေမယ့် ငါက လက်ရွေးစင်စစ်သားတွေကိုပဲလိုချင်တယ်...သူတို့က စိတ်ဝိညာဥ်နယ်ပယ်ရဲ့အထက်မှာရှိတဲ့ ကျင့်ကြံသူတွေဖြစ်ရမယ်"
လုယွီသည် ထပ်မံ၍ သူ့၏တောင်းဆိုမှုကို ဖော်ပြလိုက်သည်။
တာယွီစစ်တပ်တွင် လုံချီနယ်ပယ်သည် စစ်သားတစ်ယောက်ထံတွင်ရှိနေရမည့် အနိမ့်ဆုံးအရည်အချင်းပင်။
တစ်စုံတစ်ယောက်သည် စိတ်ဝိညာဥ်နယ်ပယ်သို့ရောက်လာသည်နှင့် စစ်တပ်၏ခေါင်းဆောင်ငယ်များဖြစ်လာနိုင်ကာ စစ်သားဆယ်ယောက်အစုကို ကြီးကြပ်ရပေမည်။
ဤသည်မှာ တာယွီစစ်တပ်၏အငယ်တန်းအရာရှိများနှင့် အဓိကအထောက်အပံ့များပင်။
သူတို့သည် သန်မာခွန်အားကိုပိုင်ဆိုင်ထားရုံသာမက အတွေ့အကြုံရင့်ကျက်သူများလည်းဖြစ်သည်။
လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ ကျယ်လောင်စွာပြောဆိုလိုက်၏။
"ဘယ်သူက ငါ့ရဲ့နောက်ကိုလိုက်ပြီးတော့ ထန်စစ်တပ်ကိုတိုက်ခိုက်ဖို့ ဆန္ဒရှိလဲ"
မြောက်များစွာသောစစ်သားများသည် သူတို့၏ခေါင်းများကိုမော့လိုက်ကာ သူတို့၏မျက်လုံးများအတွင်းတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။
"ငါတို့က အရှင့်ရဲ့နောက်ကိုလိုက်ဖို့ ဆန္ဒရှိပါတယ်"
စစ်သားတစ်စုသည် လူအုပ်အကြားမှနေ၍ လျှောက်လှမ်းထွက်လာကာ လုယွီ၏နောက်တွင်မတ်တတ်ရပ်လိုက်သည်။
မဟာစစ်ဗိုလ်ချုပ်များသည်လည်း ရှေ့သို့ထွက်လာကြလေ၏။
လူတစ်သိန်းရှိသော စစ်တပ်တစ်ခုကို အလျှင်အမြန်ဖွဲ့စည်း၍ ပြီးစီးသွားလေပြီ။
သူတို့သည် စနစ်တကျ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုမဟုတ်ချေ။မဟာစစ်ဗိုလ်ချုပ်များမှစ၍ သာမန်စစ်သားများအထိ လုယွီ၏အမိန့်ကို နာခံကြရပေမည်။
သို့ရာတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ ဤကိစ္စကို စောဒကတက်ခြင်းမရှိချေ။
လုယွီ၏ခွန်အားအရဖြစ်စေ မြို့တံခါး၏ရှေ့တွင် သူ ထုတ်ဖော်ပြသခဲ့သော နာမည်ဂုဏ်သတင်းအရဖြစ်စေ သူသည် လူတိုင်း၏ယုံကြည်မှုများကို သိမ်းပိုက်ထားနိုင်သည်။
"တိုက်ခိုက်ကြစို့"
လုယွီက ခြေတစ်လှမ်းသို့တိုးလိုက်သည်။
စစ်ဗိုလ်ချုပ်များနှင့်စစ်သားအမြောက်အများသည်လည်း လုယွီနှင့်အတူ ပျံသန်းလိုက်ကြသည်။
စုန်ကျင်းဖုန်းသည် ကောင်းကင်ချိုးဖျက်ခံတပ်ကို စောင့်ကြပ်ရန်အတွက် ကျန်ရစ်ခဲ့လေ၏။
ယင်ထျန်းမင်ပင်လျှင် လုယွီ၏နောက်သို့ လိုက်ပါသွားကာ ထန်စစ်တပ်၏စစ်စခန်းထံသို့ ဦးတည်၍ ပျံသန်းခဲ့သည်။
မိုးကုတ်စက်ဝိုင်းအတွင်း၌ မိုးကောင်းကင်ကိုပင်တုန်ခါစေသော အော်ဟစ်သံများဖြင့် ပြည့်နှက်နေသည်။
အနောက်ဖက်မြို့တံခါးကို တိုက်ခိုက်နေသော ထန်စစ်တပ်သည် တာယွီစစ်တပ်ဘက်မှနေ၍ ဦးဆောင်၍တိုက်ခိုက်မည်ဟု တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။
ထန်စစ်တပ်မှ မဟာစစ်ဗိုလ်ချုပ်တစ်ယောက် ပျံသန်းလာခြင်းနှင့်အတူ လုယွီသည် ထိုလူ၏ရှေ့သို့ရောက်ရှိသွားကာ လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။
ပေါက်ကွဲအားလှိုင်းတစ်ခုကြောင့် ထိုထန်မဟာစစ်ဗိုလ်ချုပ်၏သံချပ်ကာ ချက်ချင်း ကြေမွှပျက်စီးသွားကာ သူ့အား မိတာထောင်ပေါင်းများစွာဝေးကာသောနေရာသို့ လွင့်ထွက်သွားစေသည်။
ထန်မဟာစစ်ဗိုလ်ချုပ်၏ပါးစပ်မှ သွေးများအံ့ထွက်လာသည်။သူ့၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာသည် လုံးလုံးလျားလျား ကြေမွှပျက်စီးသွားကာ သူ၏ရင်ဘတ်ပေါ်၌ အနက်ရောင်လက်ဝါးရာကြီးတစ်ခု ထွက်ပေါ်လာသည်။
"လုယွီ သေစမ်း"
ထိုထန်မဟာစစ်ဗိုလ်ချုပ်သည် လုယွီကို တွေ့မြင်သွားလေ၏။သူသည် ရုတ်တရက် သူ့၏မှော်စွမ်းအားများကိုလှည့်ပတ်ကာ လုယွီထံဦးတည်၍ ပျံသန်းလိုက်သည်။
သူသည် သူ့၏စိတ်ဝိညာဥ်ကိုဖောက်ခွဲကာ လုယွီနှင့်အတူ သေကြေပျက်စီးလိုခြင်းဖြစ်သည်။
လုယွီသည် သူ့ထံပြေးဝင်လာသော ထန်မဟာစစ်ဗိုလ်ချုပ်ကို ကြည့်လိုက်သည်။ထို့နောက် သူ့၏လက်ညှိုးကိုမြှောက်ကာ ထန်မဟာစစ်ဗိုလ်ချုပ်ထံသို့ လက်ညှိုးညွှန်လိုက်၏။
ရှေးဟောင်းသိုင်းပညာနည်းစနစ်....အရပ်ရှစ်မျက်နှာချိတ်ပိတ်ခြင်း.....
ထန်မဟာစစ်ဗိုလ်ချုပ်၏နံဘေးရှိ လေဟာနယ်ရုတ်တရက် အေးခဲသွားသည်။အဆုံးသတ်၌ သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲမှုအားလှိုင်းများကိုလည်း ထုတ်လွှတ်နိုင်ခြင်းမရှိတော့ချေ။
ထိုနောက် လုယွီသည် သူ့၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။
အေးခဲနေသောလေဟာနယ်သည် ချက်ချင်းပေါက်ကွဲသွားကာ သွေးမြူများက အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားတော့သည်။
"သတ်ကြစမ်း"
လန်ဝူရှင်းသည် ရှေ့ဆုံးမှဦးဆောင်ကာ သူ့အရှေ့မှ စစ်သားများအားလုံးကို သူ့၏ဆေဘာဓားဖြင့် ခုတ်ပိုင်းလိုက်၏။
တာယွီစစ်တပ်သည် ထန်စစ်တပ်၏တိုက်ပွဲဝင် ဝင်္ကပါအား ထောပတ်ကိုဖြတ်တောက်သည့် ဓားပူတလက်အလား ချိုးဖျက်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ ထန်စစ်သားများအားလုံး ထိတ်လန့်ကြောက်ရွံ့သွားသည်။သူတို့ဘက်တွင်လူအင်အားများပြားသော်လည်း တာယွီစစ်သားတစ်သိန်း၏ဖျက်ဆီးခြင်းကို ခံလိုက်ရလေ၏။
"စစ်သည်အားလုံး တိုက်ခိုက်ကြစမ်း....ထန်စစ်တပ်ရဲ့ပင်မတဲကိုသွားမယ်"
လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။
ထန်စစ်တပ်၏စစ်စခန်းသည် သူတို့၏ရှေ့၌ရှိနေသည်။
လုယွီသည် ရှေ့ဆုံးမှဦးဆောင်ကာ ထန်စစ်စခန်းအတွင်းသို့ ပြေးဝင်လိုက်တော့သည်။
Chapter 3856
ထန်စစ်တပ်၏စစ်စခန်း၌....
ထန်စစ်သားအမြောက်အများသည် အနားယူနေကြဆဲပင်။
လျှပ်စီးမိုးကြိုးလှိုင်းများ၏ ရိုက်ခတ်ခြင်းကို ခံရပြီးနောက် ထန်စစ်စခန်းတစ်ခုလုံးသည် ခြစ်ခြစ်တောက်ပူပြင်းသောမြေပြင်ကြီး ဖြစ်သွားကာ အပျက်အစီးများက နေရာအနှံ့အပြား၌ရှိနေသည်။
ထန်စစ်သားအမြောက်အများသည် သူတို့၏ရဲဘော်ရဲဘက်များ အလောင်းများကို ရွှေ့ပြောင်းနေကြဆဲဖြစ်ပေ၏။
သူတို့သည် မလှမ်းမကမ်းမှ တိုက်ပွဲအသံများကိုကြားချိန်တွင် အံ့အားသင့်တုန်လှုပ်သွားသည်။
တာယွီအင်ပါယာဘက်မှနေ၍ သူတို့ကို မည်သည်ကြောင့် စတင်တိုက်ခိုက်ဝံ့သနည်း။
ထို့ပြင် သူတို့သည် မြို့တွင်းမှပင်ထွက်ခွာ၍ လာရောက်တိုက်ခိုက်ဝံ့သလော....
ထန်စစ်တပ်သည် ဤခံတပ်ကိုတိုက်ခိုက်နေသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သော်လည်း ထန်စစ်တပ်ဘက်မှသာ အမြဲတစေ တိုက်ခိုက်မှုများကို အဆက်မပြတ်ပြုလုပ်ခဲ့သည်။နှိုင်းယှဉ်ကြည့်ပါက တာယွီစစ်တပ်သည် မြို့အတွင်း၌သာ ပုန်းအောင်းနေကာ တစ်ကြိမ်တစ်ခါမျှ ပြင်ပသို့ထွက်လာခြင်းမရှိချေ။
လုယွီသည် မိုးကောင်းကင်ယံအတွင်း၌ မတ်တတ်ရပ်နေကာ သူ့၏လက်အတွင်း၌ ခရမ်းရောင်အခိုးအငွေ့များ တလိမ့်လိမ့်ထနေသည်။သူသည် ရှေးဟောင်းမှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်ခြင်းနှင့်အတူ ခရမ်းရောင်အခိုးအငွေ့များက မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်လာပေ၏။
လုယွီသည် မိုးကောင်းကင်ယံသို့ သူ့၏လက်ညှိုးကိုညွှန်လိုက်ရာ ခရမ်းရောင်အခိုးအငွေ့များက တိမ်တိုက်များအကြားသို့ စီးဝင်သွားသည်။တိမ်မည်းများအကြားတွင် ခရမ်းရောင်အလင်းတန်းများကို ခပ်ဖျော့ဖျော့မြင်တွေ့နိုင်သည်။
ထိုခရမ်းရောင်အခိုးအငွေ့များမှနေ၍ စင်မြင့်ပေါ်တွင်ထိုင်နေသော ကောင်းကင်ဘုံစစ်ဗိုလ်ချုပ်ပုံရိပ်ယောင်ကြီးအဖြစ် သိပ်သည်းသွားကာ သူ့၏လက်အတွင်း၌ အလံတစ်ခုကိုကိုင်ဆောင်ထားသည်။ထိုပုံရိပ်ယောင်ကြီးကို ကြည့်ရသည်မှာ တည်ကြည်လေးနက်သောအမူအယာမျိုးရှိနေလေ၏။
စစ်ဗုံသံများကလည်း နေရာအနှံ့အပြားမှထွက်ပေါ်လာသည်။ထိုစစ်ဗုံသံတစ်ချက်စီတိုင်းသည် လူတိုင်းအား စိတ်လှုပ်ရှားတက်ကြွမှုကို ဖြစ်ပွားစေသည်။
ကောင်းကင်ဘုံစစ်ဗိုလ်ချုပ်၏ပုံရိပ်ယောင်ကြီးသည် သူ့၏လက်အတွင်းမှအလံကို ဝှေ့ယမ်းလိုက်၏။ခရမ်းရောင်အခိုးအငွေ့များသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ ချက်ချင်းဆိုသလို ပြန့်ကျဲသွားတော့သည်။
"ရှေးဟောင်းအင်မော်တယ်မှော်မန္တန်...နတ်ဘုရားလက်နက် မိုးကောင်းကင်ယံမှဆင်းသက်ခြင်း"
တာယွီစစ်သားတစ်သိန်းကို ထိုခရမ်းရောင်အလင်းတန်းများမှ လွှမ်းခြုံသွားသည်။ရုတ်ချည်းဆိုသလိုပင် ထိုစစ်သားများသည် သူတို့၏ခန္ဓာကိုယ်များအတွင်း၌ အားကောင်းသောစွမ်းအားများဖြင့် ပြည့်နှက်သွားသည်ကို ခံစားမိလေ၏။
ဤမှော်မန္တန်၏ လွှမ်းခြုံခြင်းကိုခံရသောမည်သူမဆို သူတို့၏အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားသည်။စိတ်ဝိညာဉ်နယ်ပယ်တွင်ရှိနေသော စစ်သားတချို့သည် သူတို့၏အတားအဆီးကိုချိုးဖျက်ကာ စိတ်ပုံထွင်းနယ်ပယ်သို့ ရောက်ရှိသွားလေ၏။
မဟာစစ်ဗိုလ်ချုပ်တချို့ပင်လျှင် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးအတွင်း၌ အကန့်အသတ်မရှိသော စွမ်းအားများနှင့်ပြည့်နှက်နေကာ သူတို့၏မှော်စွမ်းအားများ အဆများစွာမြင့်တက်လာသည်ကို ခံစားမိသည်။
တာယွီစစ်သားများအားလုံး၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားသောအမူအယာများ ထင်ဟပ်လာသည်။
ဤသည်မှာ လျှို့ဝှက်နည်းစနစ်နှင့်ကွဲပြားခြားနားပြီး သန့်စင်သော ကျင့်ကြံမှုစွမ်းအားမြှင့်တင်ပေးခြင်းပင်။
စစ်ပွဲမတိုင်မီ ဤကဲ့သို့စွမ်းအားမျိုးကိုရရှိလိုက်သဖြင့် စစ်ပွဲအတွင်း၌ သူတို့ အသက်ရှင်သန်နိုင်မည့်အခွင့်အရေးကို အကြီးအကျယ်မြင့်တက်သွားစေသည်။
"ပစ်မှတ်က ထန်စစ်တပ်ရဲ့ပင်မစစ်တဲပဲ...တိုက်ခိုက်ကြစမ်း"
လုယွီ၏အသံက မိုးကောင်းကင်ယံအတွင်းမှထွက်ပေါ်လာသည်။
ထိုစကားနှင့်အတူ လုယွီသည် ရန်သူ၏တိုက်ပွဲဝင်ဝင်္ကပါအတွင်းသို့ သူတစ်ယောက်တည်း ချိုးဖျက်ဝင်ရောက်လိုက်သည်။သူသည် ခေါင်းဖြတ်ဓားကို လက်မှဆုပ်ကိုင်ကာ ရာနှင့်ချီသောထန်စစ်သားများကို သတ်ဖြတ်ခဲ့လေ၏။
ခေါင်းဆောင်ဖြစ်သူမှဦးဆောင်၍ ရန်သူများကို သတ်ဖြတ်နေသော မြင်ကွင်းထက် စစ်သားများ၏စိတ်ဓာတ်ကို တက်ကြွစေသော တခြားအရာမရှိတော့ချေ။
လုယွီသည် ထန်စစ်စခန်းအတွင်းသို့ အပြေးဝင်သွားသည်ကို မြင်တွေ့ချိန်၌ သူ့၏နောက်ရှိ တာယွီစစ်သားများသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ ထန်စစ်တပ်၏စစ်စခန်းအတွင်းသို့ အရူးအမူးပြေးဝင်လိုက်ကြသည်။
ထန်စစ်သားများ၏အလယ်ဗဟိုရှိ ပင်မတဲအတွင်း၌....
လီဖူသည် သရဲတစ္ဆေကိုမြင်တွေ့နေရသည့်အလား ထိုမြင်ကွင်းကို စူးစိုက်၍ကြည့်နေလေ၏။
သူ့ရှေ့ရှိ တာယွီစစ်သားများသည် သူ့၏ဖိနှိပ်ခြင်းကို အစဉ်အမြဲ ခံခဲ့ရသူများပင်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ ထိုစစ်သားများသည် အမှန်တကယ်ကို သူ့၏စစ်စခန်းအတွင်းသို့တိုးဝင်လာကာ သူ့အား ထိပ်တိုက်ရင်ဆိုင်ဝံ့နေသည်။
လီဖူ၏အမြင်အရ ဤကိစ္စသည် သူ့အားအလေးအနက်မထားဘဲ စော်ကားလိုက်ခြင်းပင်။
"စစ်သည်တွေအားလုံး တိုက်ခိုက်ကြစမ်း...ရန်သူစစ်သားတွေအားလုံးကို သတ်ကြစမ်း"
လီဖူက ဒေါသတကြီး အော်ဟစ်ဝါးလိုက်သည်။
သို့ရာတွင် သူသည် အလွန်အမင်းဒေါသထွက်နေသည့်တိုင် ပြင်ပသို့ထွက်ပြီး လုယွီနှင့်ထိပ်တိုက်ရင်ဆိုင်ဝံ့ခြင်းမရှိချေ။
လုယွီနှင့်ပတ်သက်ပြီး သူ့ထံတွင်နက်ရှိုင်းသော စိတ်ဒဏ်ရာမျိုးရှိနေသည်။မိုးကောင်းကင်ယံမှ ကျရောက်လာခဲ့သော ကောင်းကင်ဘုံမိုးကြိုးများအကြောင်းကို သူ တွေးတောမိချိန်တွင် လီဖူသည် သူ့၏စိတ်ဝိညာဥ် နက်ရှိုင်းသောနေရာမှလာသော တုန်ရီမှုကိုခံစားမိလေ၏။
နှစ်ဖက်စစ်တပ်မှ ခေါင်းဆောင်များအကြားရှိကွဲပြားခြားနားမှုမှာ သိသားထင်ရှားသည်။
လီဖူသည် သူ့၏ပင်မတဲအတွင်း၌သာ ပုန်းအောင်းနေပြီး ထွက်လာဝံ့ခြင်းမရှိချေ။
တခြားတစ်ဖက်တွင် လုယွီကမူ ရှေ့ဆုံးမှဦးဆောင်ကာ ရဲဝံ့စွာတိုက်ခိုက်နေလေ၏။
တိုက်ပွဲစစ်မြေပြင်ပေါ်၌ အခြေအနေသည်ချက်ချင်းပြောင်းပြန်ဖြစ်သွားသည်။
တာယွီစစ်တပ်သည် ထောပတ်ကိုဖြတ်တောက်သွားသော ဓားပူတလက်အလားပင်။သူတို့သည်လမ်းတလျှောက်လုံး၌ မည်သည့်အနှောင့်အယှက်ကိုမျှကြုံတွေ့ရခြင်းမရှိဘဲ မကြာမီမှာပင် ထန်စစ်တပ်၏ပင်မစစ်တဲရှေ့သို့ ရောက်ရှိသွားသည်။
ထိုအချိန်အခိုက်မှာပင် ပြင်းထန်သောတုန်ခါသံကြီးတစ်သံသည် ရုတ်တရက် ထန်စစ်စခန်း၏အထက်မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာသည်။
ဘုန်း...ဘုန်း...ဘုန်း...
ထန်စစ်စခန်းတစ်ခုလုံးကို ရုတ်တရက် ထူထပ်သိမ်းသည်းသောမြူခိုးများ လွှမ်းခြုံသွားသည်။
ထိုမြူခိုးများသည် အလွန်ထူထပ်သိပ်သည်းပြီး လူတိုင်း၏အမြင်အာရုံကို ပိတ်ဆို့ဟန်တားနေပေ၏။
မြူခိုးများအကြားမှနေ၍ စစ်ဖိနပ်များမြေပြင်ပေါ်သို့ ကျရောက်သည့်အသံများ ထွက်ပေါ်လာကာ သံချပ်ကာဝတ်စုံများ၏တုန်ခါသံများကလည်း ပဲ့တင်ထပ်နေသည်။
Chapter 3857
"ဒါက ထန်စစ်တပ်ရဲ့တိုက်ပွဲဝင်ဝင်္ကပါပဲ...သူတို့ က ဒါကို ခင်းကျင်းထားပြီးပြီလား"
ယင်ထျန်းမင်သည် ထိုဝင်္ကပါကိုမြင်တွေ့ချိန်၌ သူ့၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။
တာယွီအင်ပါယာနှင့်ထန်အင်ပါယာတို့တိုက်ခိုက်ချိန်တွင် တာယွီစစ်တပ်သည် ဤဝင်္ကပါကြောင့် ထပ်ခါတလဲလဲရှုံးနိမ့်ခဲ့ရသည်။
လုယွီသည် မြူခိုးများအကြားသို့ ကြည့်လိုက်၏။သူ့၏နတ်ဘုရားစိတ်အာရုံသည် မြူခိုးများကိုဖြတ်သန်းသွားကာ နောက်၌ရှိနေသူများထံသို့ အလျှင်အမြန်ကျရောက်သွားသည်။
ဤသည်မှာ ထန်စစ်တပ်၏မဟာစစ်ဗိုလ်ချုပ်ရွှယ်ကုံးချင်းပင်။
ရွှယ်ကုံးချင်း၏လက်အတွင်း၌ အလံတစ်ခုကိုကိုင်ဆောင်ထားကာ သူသည် တန်ပြန်တိုက်ခိုက်ရန်အတွက်ညွှန်ကြားနေခဲ့သည်။
ထန်စစ်တပ်ဘက်တွင် အရေအတွက်အရ အားသာချက်ရှိနေသည်။
သူတို့သည် လုယွီကြောင့် ဖရိုဖရဲဖြစ်ခဲ့ရကာ စစ်သားအမြောက်အများကို ဆုံးရှုံးခဲ့ရသည့်တိုင် ထန်စစ်တပ်ဘက်တွင် အားကောင်းသောစစ်သည်အင်အားရှိနေပဲပင်။
ထန်လက်ဝဲစစ်တပ်မှ စစ်သည်အင်အားငါးသိန်း စုဝေးနေသည်။
ဝင်္ကပါ၏ပြင်ပတွင် လော့ရွှေကြယ်မြစ်မှ နတ်ဆိုးသားရဲစစ်သားများ သန်းနှင့်ချီ၍ရှိနေကာ တာယွီစစ်သားများကို စူးစူးဝါးဝါးစူးစိုက်ကြည့်နေလေ၏။
လုယွီ ဦးဆောင်လာသော တာယွီစစ်သည်တစ်သိန်းသည် ရေအတွင်းသို့ကျသွားသည့် ခဲလုံးလေးများအလား လှိုင်းဂယက်အနည်းငယ်ကိုထစေခဲ့သော်လည်း သူတို့သည် မည်သည့်အပြောင်းအလဲကိုမျှ ဖန်တီးနိုင်စွမ်းမရှိချေ။
"မြွေဝင်္ကပါကိုဖွဲ့စည်းပြီးတော့ ငါ့ရဲ့အမိန့်ပေးအလံ ဦးတည်ချက်အတိုင်း တိုက်ခိုက်ရမယ်"
လုယွီ၏မျက်လုံးများအတွင်း၌ ခံစားချက်ကင်းမဲ့နေဆဲဖြစ်ကာ သူ့၏လက်အတွင်းရှိအလံကို ဝှေ့ယမ်းလိုက်သည်။
လက်ရှိနေရာတွင်ရှိနေသော တာယွီစစ်သားများအားလုံးသည် လုယွီ၏အမိန့်များကို လိုက်နာလိုက်ကြ၏။
သူတို့သည် အမိန့်ကိုရရှိသည်နှင့် ချက်ချင်းဆိုသလိုပင် ရှည်လျားသောမြွေဝင်္ကပါကိုခင်းကျင်းကာ လုယွီ၏လမ်းညွှန်မှုအတိုင်း နေရာယူလိုက်သည်။
လုယွီ လှုပ်ရှားမှုတစ်ခု ပြုလုပ်သည်ကို မြင်တွေ့သည်နှင့် လီဖူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"ဗိုလ်ချုပ်ရွှယ်... ငါတို့က သူ့ကို ဘယ်နည်းနဲ့မှအလွတ်ပေးလို့မဖြစ်ဘူး ..ဘာတန်ကြေးပဲပေးဆပ်ရပါစေ သူ့ကို ရအောင်သတ်ရမယ်"
လုယွီသည် သူ့၏အိပ်မက်ဆိုးတစ်ခုကဲ့သို့ ဖြစ်နေလေပြီ။
ရွှယ်ကုံးချင်းက ခေါင်းညိတ်ပြကာ သူ့၏လက်အတွင်းရှိ ဝင်္ကပါအလံကို ဝှေ့ယမ်းလိုက်၏။
"သတ်စမ်း"
သူ့၏နောက်ရှိ ထန်စစ်သားများသည် တိုက်ပွဲဝင်ဝင်္ကပါကို အလျှင်အမြန်ဖွဲ့စည်းလိုက်ကြသည်။ ကြီးမားသောထိုက်ကျိပုံစံ တိုက်ပွဲဝင်ဝင်္ကပါကြီးက ဖြည်းညှင်းစွာလည်ပတ်လာလေ၏။
"ထိုက်ကျိနဂါးဝါးမြိုခြင်း ဝင်္ကပါ...ဆင်းသက်စမ်း"
ထိုဝင်္ကပါထွက်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် ဝင်္ကပါ၏ပါးစပ်နေရာကိုဖွင့်ဟကာ ရက်စက်ကြမ်းကြုတ်သော ကျားရိုင်းတစ်ကောင်အလား တာယွီစစ်တပ်ကို ဝါးမြိုလိုက်သည်။
ဘုန်း.....
ထိုဝင်္ကပါကြီးကိုပိတ်ဆို့လိုက်ချိန်တွင် တာယွီစစ်တပ်နှင့်ပြင်ပလောကတို့အကြားရှိ အဆက်အသွယ် လုံးလုံးလျားလျားပြတ်တောက်သွားလေပြီ။
ယင်ထျန်းမင်နှင့် တခြားတာယွီမဟာစစ်ဗိုလ်ချုပ်များအားလုံး၏ မျက်နှာများပေါ်တွင်လစိုးရိမ်ပူပန်သော အမူအယာများရှိနေသည်။
ယခင်တိုက်ပွဲတချို့အတွင်းတွင် တချို့လူများသည် ထိုဝင်္ကပါအတွင်း၌ လှောင်ပိတ်မိနေကာ လွတ်မြောက်နိုင်ရန်အတွက်အလွန်အမင်းခက်ခဲခဲ့သည်။ဤဝင်္ကပါအတွင်းမှ အသက်ရှင်သန်လျက်လွတ်မြောက်နိုင်ရန် အခွင့်အရေးသည် အနည်းငယ်မျှသာရှိပေ၏။
ရုတ်ချည်းဆိုသလိုပင် အနီးအနားရှိနတ်ဆိုးသားရဲများထံမှနေ၍ ဟိန်းဟောက်သံများထွက်ပေါ်လာသည်။
မည်သည့်အချိန်ကမှန်းမသိရဘဲ မြေနဂါးတစ်စုသည် ထူထပ်သိပ်သည်းသော မြူခိုးများအကြားမှ တိုးထွက်လာသည်။ထိုမြေနဂါးတစ်ကောင်စီ၏နောက်ကျောပေါ်တွင် ထန်စစ်သားသုံးယောက်လေးယောက်ခန့်ရှိနေကာ တိုက်ခိုက်ရန်အတွက် သူတို့၏မှော်ရတနာများကို ထိန်းချုပ်ထားကြသည်။
"နဂါးစစ်တပ်...ဘယ်လိုလုပ်ပြီးတော့ နဂါးစစ်တပ်ဖြစ်နေတာလဲ"
ယင်ထျန်းမင်က ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
ယခင်က တာယွီစစ်တပ်သည် ဝင်္ကပါအတွင်း၌ပိတ်မိနေစဉ်တွင် သူတို့သည် ထန်အင်ပါယာ၏ဆေဘာဓားစစ်တပ်နှင့်သာ ရင်ဆိုင်ခဲ့ရသည်။
"ထန်စစ်တပ်က ဝင်္ကပါကို ပြောင်းလဲလိုက်တာပဲ"
တာယွီမဟာစစ်ဗိုလ်ချုပ်တယောက်က မျက်မှောင်ကြုတ်လိုက်သည်။
ထန်နဂါးစစ်တပ်သည်လည်း ထန်ဆေဘာဓားစစ်တပ်နှင့်တူညီပေ၏။ဤစစ်တပ်နှစ်တပ်လုံးသည် ထန်အင်ပါယာ၏အစွမ်းထက်ဆုံးစစ်တပ်များပင်။တာယွီဘက်မှလူတိုင်းသည် သူတို့၏မှော်ရတနာများကိုဆွဲထုတ်ကာ စတင်တိုက်ခိုက်ရန်အတွက် ဟန်ပြင်လိုက်ကြသည်။
သို့သော် ထိုအချိန်အခိုက်အတန့်မှာပင် လုယွီက ရုတ်တရက် သူ့၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
"နောက်ဆုတ်ကြစမ်း...ထန်နဂါးစစ်တပ်နဲ့ တိုက်ရိုက်ထိတွေ့မှုကို ရှောင်ကြဉ်ရမယ်...မှော်စွမ်းအားတွေကိုအသုံးပြုပြီးတော့ နဂါးစစ်တပ်နောက်ကိုလွင့်ထွက်အောင် တိုက်ခိုက်ကြစမ်း...သူတို့ကို အနားထိချဉ်းကပ်လာခွင့်မပြုနဲ့"
ထိုစကားလုံးများထွက်ပေါ်လာချိန်တွင် စစ်သားများအားလုံးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လုယွီကို ကြည့်လိုက်ကြသည်။
သူတို့သည် ထန်စစ်တပ်နှင့် အသေအကြေတိုက်ခိုက်ရန် ဆုံးဖြတ်ထားခဲ့သော်လည်း လုယွီသည် မည်သည်ကြောင့် နောက်ဆုတ်ရန်ရွေးချယ်ခဲ့သနည်း။
ယင်ထျန်းမင်သည် သူ့၏ပါးစပ်ကိုဖွင့်ဟလိုက်သော်လည်း မည်သည့်စကားကိုမျှပြောဆိုခြင်းမပြုချေ။
မည်သူကမျှ လုယွီကို သံသယမရှိပေ။သူ ဤကဲ့သို့ပြုလုပ်သည့်အတွက် သူ့ထံတွင် အစီအစဥ်တချို့ရှိနေပေမည်။
ရုတ်ချည်းဆိုသလိုပင် မြောက်များစွာသောတောက်ပသည့် မှော်မန္တန်များက ထန်နဂါးစစ်သားများကို ရိုက်ခတ်မိသွားသည်။ထန်နဂါးစစ်သားများသည် ချက်ချင်းဆိုသလိုပင် တားဆီးနှောက်ယှက်ခံရသောကြောင့် မြေနဂါးများ၏လှုပ်ရှားမှု ရပ်တန့်သွားသည်။
သို့ရာတွင် တာယွီစစ်တပ်သည် အဆက်မပြတ်နောက်ဆုတ်နေလေ၏။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လီဖူက ရယ်မောကာပြောဆိုသည်။
"သူ ကြောက်နေပြီ...သူက စစ်သားတစ်သိန်းကိုပဲခေါ်ပြီး ဒီနေရာကို ရောက်လာခဲ့တာ...ငါတို့ရဲ့စစ်သည်အင်အားတွေနဲ့နှိုင်းယှဉ်ရင် သူတို့က ဘာမှမဟုတ်ဘူး... လုယွီ မင်းရဲ့မောက်မာထောင်လွှားမှုအတွက် မင်း တန်ကြေးပြန်ပေးဆပ်ရမယ်"
"သခင်လေး...ဒါက တစ်ခုခုတော့မှားနေပြီ...အဲ့ဒီလူက ငါ့ရဲ့ဝင်္ကပါကိုချိုးဖျက်နိုင်မှတော့ သူက ဒီလိုမျိုးမလုပ်ဆောင်သင့်ဘူး"
ရွှယ်ကုံးချင်း၏မျက်နှာ သုန်မှုန်နေကာ သူက မျက်မှောင်ကြုတ်၍ ပြောဆိုလေသည်။