← Chapters

အခန်း (၃၈၅၈-၃၈၆၁)

Vol. 196 Ch. 3858-3861

အခန်း (၃၈၅၈-၃၈၆၁)

Vol. 196 Ch. 3858-3861

Chapter 3858

လီဖူက အနည်းငယ်အံ့အားသင့်သွားကာ ပြောဆိုသည်။

"ဒါက မင်းရဲ့ဝင်င်္ကပါမှာ ဟာကွက်တွေမရှိတော့တာကြောင့် သူတို့နောက်ဆုတ်သွားတာ မဟုတ်လား...ငါတို့က သူတို့ကို နောက်ဆုတ်ဖို့အခွင့်အရေး မပေးသင့်ဘူး...ငါတို့က အဲ့ဒီအခွင့်အရေးကိုယူပြီး သူ့ကိုလိုက်ဖမ်းသင့်တယ်"

ရွှယ်ကုံးချင်းက သူ့၏ခေါင်းကို ခါယမ်းလိုက်သည်။

"တစ်ခုခုတော့ မှားနေပြီ...ငါက ငါ့ဝင်္ကပါရဲ့စွမ်းအားကို ငါ သိတယ်...သူ့ဆီမှာ ငါ့ရဲ့ဝင်္ကပါကိုချိုးဖျက်နိုင်တဲ့အရည်အချင်းမျိုး အဆင့်တစ်ခုထိ ရှိနေတယ်...ဒီလိုမျိုး နိမ့်ကျတဲ့အမှားအယွင်းကို သူလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

ရွှယ်ကုံးချင်း၏မျက်နှာအမူအယာကိုကြည့်ပြီး လီဖူက အထင်အမြင်သေးစွာဖြင့် နှာတချက်မှုတ်လိုက်သည်။

ရွှယ်ကုံးချင်းသည် ထန်စစ်တပ်အတွင်းတွင် သတိအလွန်ကြီးသူဟု နာမည်ကြီးသူပင်။

လီဖူက သရော်တော်တော်ပြောဆိုသည်။

"ဗိုလ်ချုပ်ရွှယ်....ငါ့အထင်တော့ မင်းအတွေးလွန်နေပြီ....လုယွီက အသက်နှစ်ဆယ်လောက်ပဲရှိသေးတာ....သူက ဘယ်လောက်ပဲ ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်နေပါစေ...အရာအားလုံးမှာ ပြီးပြည့်စုံနေဖို့ဆိုတာ မဖြစ်နိုင်ဘူး"

သူ၏အမြင်အရ ရွှယ်ကုံးချင်းသည် အလွန်သတိကြီးစွာထားနေသဖြင့် လုယွီကို ဤမျှအဆင့်ထိ ထိတ်လန့်ကြောက်ရွံ့နေခြင်းဖြစ်ပေမည်။

ရွှယ်ကုံးချင်းက သက်ပြင်းတစ်ချက်ရှိုက်ကာပြောဆိုသည်။

"ငါ အ​တွေးလွန်နေတာဖြစ်ဖို့ ငါ မျှော်လင့်မိပါတယ်"

ထိုသို့ပြောဆိုပြီးနောက် ရွှယ်ကုံးချင်းသည် သူ့၏လက်အတွင်းရှိ ဝင်္ကပါအလံကိုမြှောက်ကာ တိုက်ခိုက်ရန်အတွက် အမိန့်ထုတ်ပြန်လိုက်သည်။

လုယွီ နောက်ဆုတ်သွားသောကိစ္စမှာ သူ့၏ဘဝတစ်သက်စာတွင် တစ်ကြိမ်သာရရှိနိုင်သောအခွင့်အရေးပင်။

သူသည် အခွင့်ကောင်းတစ်ခုကိုရှာဖွေကာ လုယွီ၏စစ်တပ်ကို အစွမ်းကုန်တိုက်ခိုက်နိုင်ပါက တချက်တည်းဖြင့် အနိုင်ယူနိုင်ပေမည်။

ထိုက်ကျိနဂါး ဝါးမြိုခြင်းဝင်္ကပါ...

ရွှယ်ကုံးချင်း၏အမိန့်ပေးမှုအောက်တွင် စစ်သားအမြောက်အများသည် ထူထပ်သိမ်းသည်းသော မြူခိုးများအကြားမှ လျှောက်လှမ်းထွက်လာကာ လုယွီကို အစွမ်းကုန်တိုက်ခိုက်လိုက်ကြ၏။

လုယွီတို့ဘက်ခြမ်းတွင်မူ တိုက်ခိုက်ခြင်းနှင့်နောက်ဆုတ်ခြင်းကိုသာ ပြုလုပ်နေသည်။သူတို့လှုပ်ရှားနေသောနယ်မြေသည် တစတစပို၍ကျဉ်းမြောင်းလာကာ သူတို့သည် ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါ၏အစွန်အဖျားကို ရောက်ရှိလာသည်။

ဝမ်းသာအားရဟစ်ကြွေးသံများက ထန်စစ်တပ်အတွင်းမှ ထွက်ပေါ်လာသည်။

လီဖူသည် အလွန်ပျော်ရွှင်သွားကာ သူ့၏နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ပြောဆိုလိုက်သည်။

"လုယွီကိုသတ်နိုင်တဲ့ ဘယ်သူ့ကိုမဆို...ငါက အဲ့ဒီလူကို အင်မော်တယ်ကျောက်တုံးသန်းတစ်ရာ ဆုချီးမြှင့်မယ်"

အင်မော်တယ်ကျောက်တုံးသန်းတစ်ရာဟူသည်မှာ မိသားစုငယ်တစ်စု၏ ချမ်းသာကြွယ်ဝမှုနှင့် ညီမျှသည်။

ထန်စစ်တပ်မှ စစ်သားများအားလုံး ရူးသွပ်သွားသောအခြေအနေသို့ ရောက်ရှိသွားပေ၏။

သို့ရာတွင် ရွှယ်ကုံးချင်းသည် မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ထားကာ သူ့၏စိတ်နှလုံးသားအတွင်း၌ စိတ်မအေးသကဲ့သို့ ခံစားနေရသည်။

မသိစိတ်မှနေ၍ ရွှယ်ကုံးချင်းသည် လုယွီ၏အင်္ကျီလက်စအတွင်းတွင် လှည့်ကွက်တချို့ရှိနေမည်ဟု သူ သိရှိထားသည်။သို့ရာတွင် လုယွီသည် မည်သို့ပြုလုပ်ရန် ကြံရွယ်နေသည်ကို သူ ခန့်မှန်း၍မရချေ။

"သူက စစ်သားတစ်သိန်းကိုပဲ ဦးဆောင်ပြီးတော့ ရောက်လာတာ...ပြီးတော့ သူက ဒီနေရာအထိ တိုက်ခိုက်သတ်ဖြတ်ပြီးတော့ ရောက်လာခဲ့တယ်...

အခုအချိန်မှာ သူက အန္တရာယ်ရှိတဲ့အခြေအနေထဲကို ကျရောက်နေပြီ...ဒါတောင်မှ သူကဘာလုပ်ဖို့ စီစဉ်နေတာလဲ"

ရွှယ်ကုံးချင်းသည် လေးနက်စွာစဉ်းစားတွေးတောနေလေ၏။

ရုတ်တရက် ရွှယ်ကုံးချင်းသည် လုယွီထံသို့ ကြည့်လိုက်သည်။

လုယွီသည် မြူခိုးများအကြား၌ရှိနေကာ သူ့၏ပုံရိပ်မှာ လုံးလုံးလျားလျားဝေဝါးနေသည်။

ပတ်ဝန်းကျင်ရှိ မြူခိုးများသည် နတ်ဘုရားစိတ်အာရုံကိုဖြတ်တောက်နိုင်သော အကျိုးအာနိသင်မျိုးရှိနေသည်။အကယ်၍ တခြားလူများသည် မည်သည့်နေရာတွင်ရှိသည်ကို ကြည့်လိုလျှင်ပင် မြူခိုးများကိုဖြတ်သန်း၍ ထွင်းဖောက်မြင်နိုင်စွမ်းရှိမည်မဟုတ်​ချေ။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် လုယွီ၏အကြည့်သည် မြူခိုးများအကြားမှဖြတ်သန်းကာ သူ့၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသည်ကို ရွှယ်ကုံးချင်းက ရှင်းရှင်းလင်းလင်းခံစားမိသည်။

ထို့နောက် လုယွီသည် လီဖူကို ကြည့်နေလေ၏။

ဤအချိန်အခိုက်အတန့်တွင် ရွှယ်ကုံး၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသည်။

လုယွီ၏ပစ်မှတ်သည် လီဖူဖြစ်နေဆဲပင်။

ဤသည်မှာ အံ့အားသင့်စရာမရှိချေ။လီဖူ၏အဆင့်အတန်းသည် အင်ပါယာ၏မင်းသားတစ်ပါးပင်။အကယ်၍ လီဖူသာ ဖမ်းဆီးခံရပါက ထောင်သောင်းချီသော စစ်သားများကို သတ်ဖြတ်သည်ထက် ပို၍ကောင်းမွန်ပေမည်။

"သခင်လေး...မင်း ဒီနေရာမှာ ကြာကြာဆက်နေလို့မရတော့ဘူး"

ရွှယ်ကုံးချင်းက စိုးရိမ်ပူပန်တကြီးပြောဆိုသည်။

လီဖူသည် ထိုကိစ္စကိုနားလည်သဘောပေါက်ခြင်းမရှိချေ။

'ဘာလို့လဲ....အခုချိန်မှာ လုယွီက ငါတို့ရဲ့တင်းကြပ်တဲ့ဝင်္ကပါထဲကို ရောက်နေတယ်... တကယ်လို့ သူ့မှာ အတောင်ပံပါရင် သူ ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်မှာလဲ"

လီဖူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။

"ငါက လုယွီ....ငါ့ရှေ့မှာ သေသွားတာကို ငါရဲ့မျက်လုံးနဲ့ကြည့်ချင်တယ်"

သို့ရာတွင် စကားအဆုံးသတ်သွားသောအချိန်မှာပင် ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသောတိုက်ပွဲခေါ်သံတစ်သံက ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါအတွင်းမှ ရုတ်တရက်ထွက်ပေါ်လာသည်။

လီဖူက သူ၏ခေါင်းကိုလှည့်ကာ ဝင်္ကပါအတွင်းသို့ကြည့်လိုက်၏။သူ့၏မျက်နှာပေါ်ရှိအပြုံး ရုတ်တရက် တောင့်တင်းသွားသည်။

မည်သည့်အချိန်က စတင်ရမှန်းမသိသော်လည်း နောက်ဆုတ်သွားသော တာယွီစစ်တပ်သည် တန်ပြန်တိုက်ခိုက်မှုကို စတင်ခဲ့သည်။

တာယွီစစ်သားတစ်သိန်းသည် ထက်ရှသောဓားများနှင့် ထန်စစ်သားများကို ထိုးစိုက်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် ထန်စစ်တပ်၏ဝင်္ကပါသည် ဖရိုဖရဲဖြစ်စပြုလာလေ၏။

Chapter 3859

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ့၏ခန္ဓာကိုယ်မှ စွမ်းအားများအားလုံးကိုအသုံးပြုပြီးဖြစ်သည်။သူ့ထံတွင် ထုတ်ဖော်အသုံးပြုရန်အတွက် စွမ်းအားအနည်းငယ်မျှ မကျန်ရှိတော့ချေ။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုယွီသည် သူ့၏အင်္ကျီလက်ကြားမှ ဆေးလုံးအမြောက်အများကိုထုတ်ယူ၍ ထိုအရာများအားလုံးကို ဝါးမြိုလိုက်သည်။

ထိုဆေးလုံးများ၏ အရည်အသွေးသည်အလွန်အမင်း မြင့်မားပေ၏။ထိုအရာများအားလုံးကို ဝါးမြိုပြီးနောက် ပြင်းထန်သောဆေးစွမ်းအားများသည် ချက်ချင်းဆိုသလိုပင် တလိမ့်လိမ့်ထနေသော မှော်စွမ်းအားများအဖြစ်သို့ပြောင်းလဲသွားကာ သူ့၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအားများဖြင့် ပြည်နှက်သွားသည်။

လုယွီသည် သူ့၏လက်ဝါးကိုမြှောက်လိုက်ရာ ပေတစ်သောင်းကျော်ခန့်ရှည်လျားသော ဓားချီတစ်လှိုင်းက သူ့၏လက်ဝါးမှ ပွင့်အံ့ထွက်လာသည်။

ထိုဓားချီသည် မိုးကောင်းကင်ယံအတွင်းသို့မြင့်တက်သွားကာ တိမ်စိုင်များအတွင်းသို့ တန်းတန်းမတ်မတ် ထွင်းဖောက်သွားသည်။

သူ့ထံတွင် မိုးထိမြင့်မားသော စိတ်ဆန္ဒမျိုးရှိနေကာ သူသည် အင်မော်တယ်တစ်ယောက်ကို အတွေးတချက်ဖြင့် သတ်ဖြတ်နိုင်စွမ်းရှိသည့်အလားပင်။

လုယွီ၏ရှေ့တွင် မတ်တတ်ရပ်နေသည့် သိန်းနှင့်ချီသော ထန်စစ်သားများသည် သူတို့၏ခန္ဓာကိုယ်များကို တောက်ပသောဓားချီအလင်းတန်းတစ်ခုမှ လွှမ်းခြုံသွားသည်ကို ခံစားမိသည်။

ထိုဓားချီအလင်းတန်း၏ဖြတ်သန်းသွားခြင်းခံရသော မည်သည့်နေရာမဆို ထောပတ်ကိုဖြတ်တောက်သွားသည့် ဓားပူတစ်လက်အလားပင်။လုယွီ၏ရှေ့ရှိ ထန်စစ်သားများသည် မည်မျှပင် ခိုင်ခံမာကြောသော သံချပ်ကာဝတ်စုံများကိုဝတ်ဆင်ထားသည်ဖြစ်စေ သူတို့၏မှော်စွမ်းအားအကာအကွယ်များ မည်မျှထူထပ်သိပ်သည်းသည်ဖြစ်စေ ဤဓားချီအလင်းတန်းကို မည်သို့မျှ ကာကွယ်နိုင်စွမ်းမရှိချေ။

ဝှစ်...ဝှစ်...ဝှစ်....

ဓားချီအလင်းတန်းဖြတ်သန်းသွားခြင်း၏အောက်တွင် မြောက်များစွာသောခေါင်းများ မြေပြင်ပေါ်သို့ပြုတ်ကျသွားကာ သွေးများက မြစ်ပြင်တမျှစီးဆင်းနေသည်။

ဤအချိန်အခိုက်အတန့်တွင် တာယွီစစ်သားတစ်သိန်း၏ရှေ့ရှိ မြေပြင်၌ မည်သည့်ထန်စစ်သားမျှမရှိတော့ဘဲ နေရာလွတ်သွားသည်။

လုယွီသည် ထန်စစ်သားများ၏တင်းကျပ်သော ဝိုင်းရံပိတ်ဆို့ထားမှုကို ချိုးဖျက်လိုက်၏။

"သတ်စမ်း"

လန်ဝူရှင်းသည် သူ့၏ဆေဘာဓားကိုကိုင်မြှောက်ကာ လုယွီ၏နောက်သို့ လိုက်ပါသွားသည်။

တခြားလူများသည်လည်း စိတ်အားတက်ကြွစွာဖြင့် သူ့၏နောက်မှ ထပ်ချပ်မကွာလိုက်ပြီး ထန်စစ်သားများကို တိုက်ခိုက်နေသည်။

အကယ်၍ တစ်စုံတစ်ယောက်သည်မိုးကောင်းကင်ယံမှနေ၍ အောက်သို့ငုံကြည့်ပါက ထန်စစ်တပ်၏ကြီးမားသော ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါကြီးသည် တဖြည်းဖြည်းတာယွီစစ်တပ်၏ဝါးမြိုခြင်းကို ခံနေရသည်အား မြင်တွေ့ရပေမည်။

"ဗိုလ်ချုပ်ရွှယ်....သူက ဝင်္ကပါထဲမှာ ပိတ်မိနေတာ မဟုတ်ဘူးလား...ဘယ်လိုလုပ်ပြီးတော့ သူ အပြင်ကို ထွက်လာတာလဲ"

လီဖူက ထိတ်လန့်တကြားပြောဆိုသည်။

သို့ရာတွင် ရွှယ်ကုံးချင်းသည် သူ့အားတုံ့ပြန်အဖြေပေးခြင်းမရှိချေ။

ရွှယ်ကုံးချင်း၏မျက်လုံးများသည် သွေးနီရောင်သန်းနေကာ သူ၏နဖူးပေါ်တွင် ဇောချွေးများဖြင့် ရွှဲနစ်နေသည်။

ရွှယ်ကုံးချင်းသည် သူ့၏လက်တွင်းရှိအလံကို အဆက်မပြတ်ဝှေ့ယမ်းနေကာ သူ့၏လက်အောက်ရှိ စစ်သားများကို အမိန့်ပေးနေလေ၏။

သို့ရာတွင် သူ့ရှေ့ရှိမြင်ကွင်းသည် သူ မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။

"သခင်လေး...ဒီနေရာကနေ အမြန်ဆုံးထွက်သွားတာ ပိုကောင်းလိမ့်မယ်...သူ ဒီဝင်္ကပါကိုချိုးဖျက်နိုင်ဖို့ အချိန်သိပ်ကြာတော့မှာမဟုတ်ဘူး"

ရွှယ်ကုံးချင်းက ရုတ်တရက် သက်ပြင်းတချက်ရှိုက်လိုက်သည်။

"အမ်...ဘာလို့လဲ"

လီဖူ၏မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေသည်။

ရွှယ်ကုံးချင်းသည် သူ့၏မျက်လုံးကိုမှိတ်လိုက်ကာ သူ့၏မျက်နှာပေါ်တွင် နာကျင်ကြေကွဲသော အမူအယာမျိုးရှိနေသည်။

"ငါရဲ့ဒီဝင်္ကပါကို ချိုးဖျက်ဖို့ ခက်ခဲရတဲ့အကြောင်းအရင်းက ချိုးဖျက်နိုင်တဲ့ အသက်တံခါးက အဆက်မပြတ်ပြောင်းလဲနေတာကြောင့်ပဲ"

"အရင်က သူ ဒီဝင်္ကပါကိုချိုးဖျက်နိုင်ခဲ့တာက ကံကောင်းမှုကြောင့်လို့ ငါ တွေးထင်ခဲ့တာ.... ဒါပေမဲ့ အခုကြည့်ရသလောက်တော့ အဲ့ဒီလိုဟုတ်ပုံမရဘူး...သူက ငါ့ရဲ့ဝင်္ကပါကို အပြည့်အဝ ထွင်းဖောက်မြင်နိုင်ခဲ့တယ်"

"သူ့ဆီမှာ လူအင်အားတစ်သိန်းပဲရှိပေမယ့် ဒါက အဝတ်စကိုဖြတ်တောက်တဲ့ ဓားတလက်နဲ့အတူတူပဲ...ငါးလက်​မဓားမြှောင်တိုတစ်ချောင်းကတောင်မှ ပေတစ်ထောင်အရှည်ရှိတဲ့ အဖြူရောင်ပိုးစကို ဖြတ်တောက်နိုင်တယ်...လုယွီက တန်ကြေးအနည်းဆုံးပေးဆပ်ပြီးတော့ ငါ့ရဲ့ဝင်္ကပါကို ချိုးဖျက်ချင်တာပဲ"

"အား..."

စူးရှနာကျင်စွာအော်ဟစ်လိုက်သော အသံများက မြူခိုးများအကြားမှ ထွက်ပေါ်လာသည်။

"သခင်လေး အရင်ဆုံးထွက်သွားကြစို့"

ရွှယ်ကုံးချင်းသည် မျက်မှောင်ကြုတ်လိုက်ကာ လီဖူကိုဆုပ်ကိုင်၍ သူတို့၏နေရာမှ အလျှင်အမြန်ထွက်ခွာလိုက်သည်။

သူတို့၏ပင်မစစ်တပ်သည် ယခင်က လျှပ်စီးမိုးကြိုးများကြောင့် ပျက်စီးသွားခဲ့ရသည်။ယခုအချိန်၌ သူတို့မတ်တတ်ရပ်နေသောနေရာသည် ယာယီတည်ဆောက်ထားခြင်း ဖြစ်ပေ၏။

သို့ရာတွင် ဤနေရာသည် ဘေးကင်းလုံခြုံခြင်း မရှိတော့ချေ။

လီဖူ ထွက်ခွာသွားသော အချိန်အခိုက်အတန့်မှာပင် သူ့ရှေ့ရှိ မြူခိုးများ ရုတ်တရက်ကွဲထွက်သွားသည်။

ဘုန်း....

သူ့၏နံဘေးပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို သူ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရတော့သည်။

မြူခိုးများ ပျက်ပြယ်သွားချိန်တွင် လုယွီသည် စစ်သားများ၏အလယ်မှနေ၍ ပင်မစစ်တဲထံသို့ ပြေးဝင်လာခဲ့သည်။

သူ့၏နောက်ရှိ တာယွီစစ်သားများသည်လည်း ထန်စစ်သားများ၏ ဝိုင်းရံပိတ်ဆို့ထားမှုကိုချိုးဖျက်ကာ လုယွီ၏နောက်၌ မတ်တပ်ရပ်နေကြလေ၏။

တာယွီစစ်တပ်မှ လူများ၏မျက်နှာများပေါ်တွင် အံ့အားသင့်နေသော အမူအယာများရှိနေသည်။

သူတို့သည် နောက်ဆုံး၌ ထန်စစ်တပ်၏ဝင်္ကပါကို အမှန်တကယ် ချိုးဖျက်နိုင်ခဲ့သလော....

အဆုံးသတ်၌ တာယွီစစ်တပ်များကို ထိတ်လန့်တုန်လှုပ်စေခဲ့သော ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါသည် ပြိုင်ဘက်ကင်းမဟုတ်ချေ။

ဤအချိန်အခိုက်အတန့်တွင် လုယွီနှင့်လီဖူတို့သည် နောက်ဆုံး၌ မလှမ်းမကမ်းအကွာအဝေးမှနေ၍ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

လီဖူ၏မျက်နှာပေါ်၌ ဆိုးရွားသောအမူအယာတစ်ရပ် ထွက်ပေါ်လာသည်။

သူသည် လုယွီကို တဖန်ထပ်၍ ရှုံးနိမ့်ရပြန်လေပြီ။

သူ့ထံတွင် စစ်သည်အင်အားအရေအတွက်အားသာချက်နှင့် ဝင်္ကပါ၏ကူညီထောက်ပံ့မှုတို့ ရှိနေသော်လည်း သူသည် လုယွီကို ရှုံးနိမ့်ရဆဲပင်။

Chapter 3860

လီဖူ၏စိတ်နှလုံးသားအတွင်းမှ ဝမ်းနည်းကြေကွဲမှုကို မည်သူမျှမသိရှိနိုင်​ချေ။

ရွှယ်ကုံးချင်းသည် သူ့၏ဦးရေပြားထုံကျင်လာသည်ကို ခံစားမိကာ သူ့၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်းစိုးရိမ်ပူပန်နေသည်။

လုယွီသည် သူနှင့် အနည်းငယ်ဝေးကွာသောနေရာတွင်ရှိနေသော်လည်း လုယွီ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် ကျစ်လစ်သိပ်သည်းသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို သူ ရှင်းရှင်းလင်းလင်းခံစားမိသည်။

"လော့ရွှေကြယ်မြစ်က နတ်ဆိုးသားရဲစစ်သားတွေ...သခင်လေးကို အမြန်ဆုံးကာကွယ်ပေးကြစမ်း"

ရွှယ်ကုံးချင်းက ကျယ်လောင်စွာအော်ဟစ်လိုက်၏။

ထန်လက်ဝဲစစ်တပ်၏ ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါကြီးသည် ကျိုးပျက်သွားပြီးဖြစ်သည်။

ယခုအချိန်တွင် လုယွီကိုဟန့်တားရန်အတွက် ပို၍အရေးကြီးသောအရာ မရှိတော့ချေ။

ဝုန်း....

တစ်လိမ့်လိမ့်ထနေသော လေလှိုင်းသံများက ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသည်။မြောက်များစွာသော ရေပေါ်နဂါးများနှင့်ပင်လယ်နတ်ဆိုးမှော်သားရဲများသည် လုယွီ၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားလိုက်ကြ၏။

ဤနေရာတွင် နတ်ဆိုးသားရဲစစ်သားအင်အားတစ်သန်းခန့်ရှိနေသည်။

ဤကဲ့သို့ အရေအတွက်အများပြားသော ရန်သူများနှင့်ရင်ဆိုင်ရချိန်တွင် လုယွီ၏ဘက်ခြမ်းမှလူများသည် များစွာသေးငယ်နေပုံရသည်။

မျက်စိတဆုံးအကွာအဝေးထိ တောင်တန်းနှင့်လွင်ပြင်များအားလုံးတွင် နတ်ဆိုးသားရဲများဖြင့် ပြည်နှက်နေသည်။ကြီးမားသောစစ်သင်္ဘောကြီးနှင့်တူညီသည့် ဧရာမနတ်ဆိုးမှော်သားရဲများသည် ကောင်းကင်နှင့်နေရောင်ကိုပင်ပိတ်ဖုံးနေကာ သူတို့ထံ၌ ကြီးကျယ်ခမ်းနားသောအရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

ဝေါင်း.....

ဒေါသတကြီးဟိန်းဟောက်သံတစ်သံက နတ်ဆိုးသားရဲများအကြားရှိ တိမ်တိုက်များအတွင်းမှ ပဲ့တင်ထပ်လာသည်။

မရေမတွက်နိုင်သော နတ်ဆိုးမှော်သားရဲများသည် နောက်သို့ဆုတ်ကာ လမ်းဖွင့်ပေးလိုက်ကြ၏။

လေထုအတွင်းမှနေ၍ မိုးပြာရောင်နဂါးတစ်ကောင် ထွက်ပေါ်လာသည်။သူ့၏မျက်လုံးများသည် စူးရှတောက်ပနေကာ သူ့၏နဖူးပေါ်တွင် လျှပ်စီးမိုးကြိုးအလင်းတန်းများ လွှမ်းခြုံနေသည်။

မိုးပြာနဂါးသည် သူ့၏ခေါင်းကိုမော့ကာ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ရပ်ကို ဖြန့်ကျက်လိုက်သည်။သူ၏ထွက်ပေါ်လာမှုကြောင့် နတ်ဆိုးသားရဲ့များ၏အထက်ရှိ လေထုကို ထိုင်းမှိုင်းသွားစေသည်။

ထိုမိုးပြာနဂါးထံ၌ လက်ချောင်းလေး​ချောင်းရှိကာ သူ့၏သွေးမျိုးဆက်သည် အလွန်မြင့်မြတ်ပေ၏။သူသည် အောင်းကွမ်းကဲ့သို့ လက်သည်းငါး​ချောင်းရွှေရောင်နဂါးမျိုးနွယ်၏နောက် ဒုတိယနေရာတွင် ရှိနေလေ၏။

"ငါက အောင်းချမ်...ပင်လယ်နတ်ဆိုးမှော်သားရဲမျိုးနွယ်တွေရဲ့ ခေါင်းဆောင်အသစ်ပဲ"

မိုးပြာနဂါးသည် လူသားဘာသာစကားဖြင့်ပြောဆိုကာ သူ့၏အသံသည် ထိုင်းမှိုင်းပြီးအက်ရှရှဖြစ်နေကာ ပတ်ဝန်းကျင်ရှိလေထုကို အဆက်မပြတ်တုန်ခါနေစေသည်။ဤနဂါး၏စွမ်းအားသည် အလွန်အမင်းလွှမ်းမိုးချုပ်ကိုင်နိုင်ပေ၏။

အောင်းမျိုးရိုးနာမည်ရှိနေခြင်းကြောင့် သူ့၏မြင့်မြတ်သော နဂါးမျိုးနွယ်အဆင့်အတန်းကို သက်သေပြနေသည်။

သူသည် ဟိုင်ရှန်းကြယ်နယ်မြေမှ နတ်ဆိုးသားရဲများအားလုံး၏အရှင်သခင်ပင်။

အောင်းချမ်သည် သူ့၏ခေါင်းကိုမော့ကာဘတင်းမာခက်ထန်စွာပြောဆိုသည်။

"လူသားတွေ...ဒီအရှင်က မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်...မင်းတို့ အခုချက်ချင်းထွက်သွားမယ်ဆိုရင် ငါက မင်းတို့ရဲ့အသက်ကို ချမ်းသာပေးမယ်"

သူ စကားပြောဆိုနေစဉ်တွင် သူ့ထံမှနေ၍ အကန့်အသတ်မရှိသော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။

အမှန်အားဖြင့် အောင်းချမ်ထံတွင် ထိုကဲ့သို့ပြောဆိုနိုင်သော စွမ်းအားမျိုးရှိပေ၏။

အောင်းချမ် ထွက်ပေါ်လာသောအချိန်တွင် ပတ်ဝန်းကျင်ရှိ လေဟာနယ်ပုံပျက်သွားပုံရသည်။ဤသည်မှာ ရွှယ်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် ရောက်ရှိလာသည်နှင့်တူညီသည်။

နတ်ဆိုးမျိုးနွယ်၏နတ်စိုးသားရဲဧကရာဇ် အထွတ်အထိပ်အဆင့်သည် ကျင့်ကြံဆင့်နယ်ပယ်တူအတွင်းရှိ လူသားကျင့်ကြံသူများထက် များစွာပို၍သန်မာအားကောင်းသည်။

သူသည် နဂါးမျိုးနွယ်အတွင်း၌ သွေးမျိုးဆက်မြင့်မားကာ နတ်ဘုရားစွမ်းရည်များ ဆုပ်ကိုင်ထားနိုင်သည့်အချက်ကို ထည့်သွင်းပြောဆိုရန်ပင်မလိုအပ်တော့ချေ။အောင်းချမ်သည် နက်နဲသိမ်မွေ့ပြီးအစွမ်းထက်သော နတ်ဆိုးမှော်သားရဲတစ်ကောင်ပင်။

ရွှယ်ကုံးချင်းသည် လီဖူကိုကာကွယ်ကာ လော့ရွှေနတ်ဆိုးသားရဲစစ်သားများ၏နောက်သို့ ရောက်ရှိသွားသည်။သူသည် ထိတ်လန့်တုန်လှုပ်နေသောအခြေအနေ၌ ရှိနေဆဲပင်။

သို့ရာတွင် အောင်းချမ်၏ကာကွယ်ပေးမှုအောက်၌ သူတို့သည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားကာ သက်ပြင်းတချက်ရှိုက်လိုက်သည်။

လုယွီသည် အောင်းချမ်၏နောက်၌ရှိနေသော လီဖူကိုတစ်ချက်ကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။

"မင်းက သူ့ကို ကာကွယ်ပေးချင်တာလား"

သူ့၏အကြည့်ကိုမြင်တွေ့ချိန်တွင် အောင်းချမ်သည် ချက်ချင်းဒေါသူပုန်ထသွားလေ၏။

သူသည် မြင့်မြတ်သော နဂါးဧကရာဇ်တစ်ကောင်ဖြစ်ကာ နယ်မြေသခင်အဆင့်သို့ရောက်ရှိရန်အတွက် ခြေတစ်လှမ်းအကွာသာလိုအပ်တော့သည်။

ရွှယ်ကုံးချင်ပင်လျှင် သူ့အားတွေ့ဆုံချိန်၌ ရိုသေလေးစားစွာဆက်ဆံရကာ ရိုင်းပျစွာပြုမူဝံ့ခြင်းမရှိချေ။

"မင်းက သေချင်နေတာလား"

အောင်းချမ်၏ကြီးမားသောနဂါးခေါင်းကြီးက လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။

သွေးညှီနံများက လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ စတင်၍ပျံ့နှံ့သွားသည်။အောင်းချမ်၏သွားများတွင် သွေးများဖြင့်စွန်းထင်းနေလေ၏။

အစွမ်းထက်သော ဖိအားအချိန်အဝါတစ်ရပ်ကလည်း ချက်ချင်းဆိုသလိုပင် လုယွီ၏ခေါင်းထက်သို့ ကျရောက်လာသည်။

လုယွီသာမက လန်ဝူရှင်းနှင့်တခြားသူများသည်လည်း သူတို့ပေါ်သို့ ဆင်းသက်လာသော အစွမ်းထက်သည့် ဖိအားအရှိန်အဝါကို ခံစားမိသည်။

လန်ဝူရှင်းကဲ့သို့ အကြောက်အလန့်ကင်းမဲ့သော တစ်စုံတစ်ယောက်ပင်လျှင် အသက်ရှူမွန်းကျပ်လာသည်ကို ခံစားမိလေ၏။

တစ်ဖက်ရန်သူ၏စွမ်းအားမှာ အလွန်သန်မာအားကောင်းနေသည်။

ဤမိုးပြာနဂါးသည် အောင်းကွမ်းထက်ပင်ပို၍သန်မာအားကောင်းပေ၏။

ထိုနဂါးသည် သူ့၏လက်ချောင်းတစ်ချောင်းကိုမြှောက်လိုက်ပါက လက်ရှိနေရာတွင်ရှိနေသော တာယွီစစ်သားများအားလုံးကို သတ်ဖြတ်နိုင်ပေမည်။

လုယွီကမူ တည်ငြိမ်နေဆဲပင်။ရုတ်ချည်းဆိုသလိုပင် အနက်ရောင်တံဆိပ်ပြားတစ်ခုက သူ့၏လက်အတွင်း၌ ထွက်ပေါ်လာသည်။

ထိုတံဆိပ်ပြားပေါ်တွင် 'ပင်လယ်သူတော်စင်"ဟူသော စာလုံးများကို ရေးသားထားသည်။

ပင်လယ်သူတော်စင်၏တံဆိပ်ပြား...

ဤတံဆိပ်ပြားကို အတိတ်တွင် လော့ရွှေကြယ်မြစ်အတွင်း၌ ပင်လယ်သူတော်စင်မှနေ၍ လုယွီကိုပေးအပ်ခဲ့ခြင်းပင်။

ဤတံဆိပ်ပြားကြောင့် သူသည် ပင်လယ်သူတော်စင်၏ဆက်ခံသူ ဖြစ်လာခဲ့သည်။

ပင်လယ်သူတော်စင်တံဆိပ်ပြားမှနေ၍ အလင်းတန်းများထွက်ပေါ်လာကာ လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။

"ငါ့ကို ဒီလိုပုံစံမျိုးနဲ့ စကားပြောဝံ့တဲ့သတ္တိမျိုး မင်းကို ဘယ်သူက ပေးထားတာလဲ"

ထိုအလင်းတန်း၏လွှမ်းခြုံမှုအောက်တွင် လုယွီသည် ဧကရာဇ်တစ်ပါးနှင့်တူညီနေပေ၏။

ကြီးမားသောဖိအားအရှိန်အဝါတစ်ရပ်က အောင်းချမ်ပေါ်သို့ ကျရောက်သွားသည်။ဤအချိန်အခိုက်အတန့်တွင် သူ့၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံးမှနေ၍ အက်ကွဲသံများထွက်ပေါ်လာကာ သူ့၏နဂါးခန္ဓာကိုယ်ကြီးကို လုယွီ၏ရှေ့၌ ဝပ်တွားလိုက်ရတော့သည်။

Chapter 3861

အောင်းချမ်ချည်း သက်သက်မဟုတ်ချေ။

အောင်းချမ်၏နောက်ရှိ ပင်လယ်နတ်ဆိုးသားရဲ့များသည်လည်း သူတို့၏ဂုဏ်ယူဝင့်ကြွားရသော ခေါင်းများကိုငုံ့ကာ နာခံတိုးလျှိုးစွာဖြင့်ဦးညွှတ်ထားရလေ၏။

ထိုနတ်ဆိုးသားရဲများအနက်မှ တချို့သည် ဒူးမထောက်လိုကြချေ။သို့ရာတွင် သူတို့ပေါ်သို့ ကျရောက်လာသော အစွမ်းထက်သည့်အားလှိုင်းတစ်ရပ်ကိုခံစားမိကာ သူတို့သည် သွေးမြူများအဖြစ်သို့ ကြေမွှပျက်စီးသွားတော့သည်။

သန်းနှင့်ချီသော ပင်လယ်နတ်ဆိုးမှော်သားရဲများအားလုံး အရှုံးပေးအညံ့ခံလိုက်ကြသည်မှာ အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခုပင်။

လုယွီ၏နောက်ရှိ တာယွီစစ်သားများပင်လျှင် သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်တော့ချေ။

ဤသည်မှာ ပင်လယ်နတ်ဆိုးမှော်သားရဲတစ်သန်းပင်။

သူတို့သည် ကြယ်မြစ်အတွင်း၌ စုဝေးနေကြကာ အရေအတွက် အကန့်အသတ်မရှိချေ။

တာယွီစစ်သားများအားလုံးသည် တိုက်ခိုက်ရန် ပြင်ဆင်ထားကြသော်လည်း မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နတ်ဆိုးသားရဲများအားလုံး အရှုံးပေးအညံ့ခံလိုက်မည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။

အထူးသဖြင့် အောင်းချမ်သည် နဂါးဧကရာဇ်တစ်ကောင်ပင်။

ဤအချိန်အခိုက်အတန့်တွင် အောင်းချမ်သည် မြေပြင်ပေါ်၌ လဲလျောင်းနေသည်။ သူ့၏ကြီးမားသော နဂါးခေါင်းကြီးတွင် တောက်ပနေသောအလင်းရောင် ပျောက်ကွယ်သွားကာ သူသည် လုယွီကို စေ့စေ့မကြည့်ဝံ့ချေ။

မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသနည်း။

"မင်းတို့ ဘာလုပ်နေကြတာလဲ...တိုက်ခိုက်ကြစမ်း...သူ့ကို သတ်ကြတော့လေ"

လီဖူက အသံကုန်ဟစ်၍ အော်ဟစ်ကြုံးဝါးလိုက်သည်။

သူသည် တကြိမ်ပြီးတကြိမ် ရှုံးနိမ့်ခဲ့ရသည်။ဤသည်မှာ လီဖူ၏စိတ်နှလုံးသားအတွင်းရှိ ဂုဏ်ယူဝင့်ကြွားမှုကို ပျက်စီးသွားစေခဲ့သည်။

ဤတစ်ကြိမ်တွင် သူ့၏ဘက်၌ ပင်လယ်နတ်ဆိုးမှော်သားရဲတစ်သန်းရှိနေသည်။မူလက လုယွီကိုသတ်ဖြတ်သည့်ကိစ္စသည် အလွန်အမင်းလွယ်ကူမည်ဟု သူ တွေးထင်ခဲ့သည်။သို့ရာတွင်အဆုံးသတ်၌ လုယွီသည် ဤကိစ္စကို အလွန်လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့မည်ဟု သူ မျှော်လင့်မထားမိချေ။

သို့ရာတွင် မည်သည့်နတ်ဆိုးသားရဲကမျှ လီဖူ၏အမိန့်ကို မနာခံကြတော့ချေ။

ပင်လယ်နတ်ဆိုးသားရဲများအားလုံးသည် မြေပြင်ပေါ်၌ လဲလျောင်းနေပြီး အလွန်အမင်းတိတ်ဆိတ်ငြိမ်သက်နေကာ မလှုပ်ရှားနိုင်တော့ပေ။

ရွှယ်ကုံးချင်း၏မျက်နှာ သုန်မှုန်နေကာ သူသည်လီဖူကို သူ့၏နောက်သို့ပို့၍ အခိုင်အမာကာကွယ်ပေးလိုက်သည်။

ထိုနောက် သူသည် လုယွီကိုကြည့်လိုက်၏။ဤလူငယ်လေး၏လုပ်ရပ်များသည် သူ မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။

ရွှယ်ကုံးချင်း၏စိတ်နှလုံးသားအတွင်းတွင် လုယွီနှင့်ပတ်သက်ပြီး အန္တရာယ်အငွေ့အသက်တစ်ခုက အစဉ်အမြဲရစ်သိုင်းလွှမ်းခြုံနေခဲ့သည်။

"ဝေါင်း...."

အောင်းချမ်သည် အားကုန်ရုန်းကန်၍ သူ့၏ခေါင်းကိုမော့ကာ သူ့၏နဂါးမျက်လုံးအတွင်းတွင် မလိုလားမှုများနှင့် ပြည့်နှက်နေသည်။

သူ့၏အဆင့်အတန်းသည် အလွန်မြင့်မြတ်ကာ နတ်ဆိုးသားရဲမျိုးနွယ်တစ်စုလုံးကို အထင်အမြင်သေးနိုင်စွမ်းရှိသည်။သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် သူသည် လူသားတစ်ယောက်၏ရှေ့၌ ဝတ်တွားနေရလေ၏။

ဤသည်မှာ သူ့အတွက် အရှက်တကွဲဖြစ်ရသောကိစ္စပင်။

"တိတ်တိတ်နေကြစမ်း"

လုယွီက မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။

ပင်လယ်သူတော်စင်တံဆိပ်ပြား၏ လွှမ်းမိုးမှုအောက်တွင် ထိုမှော်မန္တန်၏အသံက ပျံ့နှံ့သွားလေ၏။

လုယွီ၏ ပင်လယ်သူတော်စင်တံဆိပ်ပြားမှဖိအားအရှိန်အဝါအောက်တွင် အောင်းချမ်၏နဂါးစွမ်းအားများသည် ပြင်းထန်သောမုန်တိုင်းကြားမှ ပင်လယ်အတွင်းတွင် အချိန်မရွေးတိမ်းမှောက်သွားနိုင်သော လှေငယ်လေးတစ်စင်းအလားဖြစ်နေသည်။

"အဟွတ်...အဟွတ်...အဟွတ်...."

အောင်းချမ်သည် ပြင်းပြင်းထန်ထန်ချောင်းဆိုးလိုက်ကာ သူ့၏ပါးစပ်မှ သွေးများယိုစီးကျလာသည်။

သူ့၏မျက်လုံးများအတွင်းတွင် ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်လာပေ၏။

ထိုလူငယ်သည် လူသားတစ်ယောက်ပင်။ထို့ပြင်သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အောင်းချမ်လောက် မြင့်မားခြင်းမရှိသည်ကို ထည့်သွင်းဖော်ပြရန်မလိုတော့ချေ။

သို့ရာတွင် အောင်းချမ်သည် လုယွီထံမှလာသော မကြုံစဖူးဖိအားအရှိန်အဝါမျိုးကို ခံစားမိသည်။ ဤအရှိန်အဝါသည် သူနှင့်အလွန်ရင်းနှီးကျွမ်းဝင်ပြီး အစွမ်းထွက်ပေ၏။

ဤသည်မှာ လုယွီ၏ကိုယ်ပိုင်စွမ်းအား မဟုတ်သည်မှာလည်း သိသာထင်ရှားသည်။

အောင်းချမ်သည် သူ့၏မျက်လုံးကို ခက်ခက်ခဲခဲလှည့်ကြည့်လိုက်ရာ လုယွီ၏လက်အတွင်းရှိတံဆိပ်ပြားကို မြင်တွေ့မိသည်။

ပင်လယ်သူတော်စင်တံဆိပ်ပြားကို မြင်တွေ့ချိန်တွင် အောင်းချမ်သည် ချက်ချင်းထိတ်လန့်တုန်လှုပ်သွားပေ၏။

အတိတ်တွင် လော့ရွှေကြယ်မြစ်မှ နတ်ဆိုးသားရဲမျိုးနွယ်များအားလုံးသည် ပင်လယ်သူတော်စင်၏ခေါင်းဆောင်မှုနောက်သို့ လိုက်ကြရသည်။

သူသည် လူသားမျိုးနွယ်အကြားရှိ သူတော်စင်တစ်ယောက်၏ အဆင့်အတန်းနှင့်တူညီသည်။ ပင်လယ်သူတော်စင်၏ အဆင့်အတန်းသည် နတ်ဆိုးသားရဲမျိုးနွယ်များကြား၌ ပြိုင်ဘက်ကင်းဖြစ်ကာ အလွန်ရိုသေလေးစားခံရသူတစ်ယောက်ပင်။

အောင်းချမ်သည် နဂါးဧကရာဇ်တစ်ယောက်ဖြစ်သော်လည်း သူသည် ပင်လယ်သူတော်စင်၏ရှေ့၌ ကလေးတစ်ယောက်သာဖြစ်သည်။

ပင်လယ်သူတော်စင်သေဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း သူသည် နတ်ဆိုးသားရဲမျိုးနွယ်များ၏စိတ်နှလုံးသားအတွင်း၌ အထူးမြင့်မြတ်သောအဆင့်အတန်းတွင် ရှိနေဆဲပင်။

ဤတံဆိပ်ပြားကို အောင်းချမ်သည် ယခင်က မြင်တွေ့ဖူးလေ၏။

တာယွီအင်ပါယာ၏ လူသားဧကရာဇ်ဓားနှင့်တူညီစွာ ဤပင်လယ်သူတော်စင်တံဆိပ်ပြားသည်လည်း ပင်လယ်သူတော်စင်ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာသကဲ့သို့ပင်။

သို့ရာတွင် ပင်လယ်သူတော်စင်၏တံဆိပ်ပြားကို နတ်ဆိုးသားရဲမျိုးနွယ်များအနက်မှ တစ်စုံတစ်ယောက် ရရှိသွားသည်ဟု အောင်းချမ်သည် တစ်ကြိမ်တစ်ခါမျှမကြားခဲ့ဖူးချေ။

ဤသည်မှာ နတ်ဆိုးသားရဲမျိုးနွယ်၏ သခင်လေးအဆင့်အတန်းနှင့်ညီမျှကာ ပင်လယ်သူတော်စင်၏ဆက်ခံသူဖြစ်သည်။ထို့ကြောင့် ဤတံဆိပ်ပြားကို သူသည် အလွန်အမင်း သတိကြီးစွာထားမိလေ၏။

ပင်လယ်သူတော်စင် သေဆုံးသွားချိန်တွင် ဆက်ခံသူမကျန်ရှိခဲ့သဖြင့် လော့ရွှေကြယ်မြစ်မှ နတ်ဆိုးသားရဲများအားလုံးသည် ပြန့်ကျဲသွားသောသဲမှုန်များအလား အကွဲကွဲအပြားပြားဖြစ်သွားကာ မျိုးနွယ်တစ်ခုစီတွင် အရှင်သခင်တစ်ယောက်စီရှိနေသည်။

သို့ရာတွင် လုယွီသည် လူသားတစ်ယောက်ဖြစ်သည်မှာ သိသာထင်ရှားလှ၏။မည်သည်ကြောင့် သူသည် ပင်လယ်သူတော်စင်တံဆိပ်ပြားကို ရရှိထားသနည်း။

All Chapters