← Chapters

အခန်း (၃၈၆၂-၃၈၆၅)

Vol. 196 Ch. 3862-3865

အခန်း (၃၈၆၂-၃၈၆၅)

Vol. 196 Ch. 3862-3865

Chapter 3862

အောင်းချမ်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"ဒါက ပင်လယ်သူတော်စင်ရဲ့တံဆိပ်ပြားအတု မဟုတ်လား...ပင်လယ်သူတော်စင်အိုကြီးက သေသွားတာ အချိန်အတော်ကြာနေပြီ... ပင်လယ်သူတော်စင်တံဆိပ်ပြားနဲ့ ပတ်သက်ပြီးတော့ ငါမသိတဲ့ကိစ္စတစ်ခုက ဘယ်လိုလုပ်ပြီးဖြစ်လာတာလဲ"

လုယွီက တည်ငြိမ်စွာတုံ့ပြန်သည်။

"မင်းက ငါ့ကို မယုံကြည်ဘူးလား"

ပင်လယ်သူတော်စင်တံဆိပ်ပြား၏ ကောင်းချီးပေးမှုကြောင့် လုယွီပြောဆိုသောစကားလုံးတိုင်းသည် ပတ်ဝန်းကျင်ရှိလေဟာနယ်ကို တုန်ခါသွားစေသည်။

အောင်းချမ်သည် ချက်ချင်းဆိုသလိုပင်သူ့၏ခေါင်းထက်ရှိ ဖိအားအရှိန်အဝါ ပိုပြီးအားကောင်းလာသည်ကို ခံစားမိသည်။

လုယွီက ပြောဆိုသည်။

"ငါက မတော်တဆ ပင်လယ်သူတော်စင်ရဲ့ သင်္ချိုင်းဂူထဲကို ချိုးဖျက်ဝင်ရောက်ခဲ့မိတယ်...ဒါကြောင့် ပင်လယ်သူတော်စင်ရဲ့ အကြွင်းအကျန်စိတ်ဝိညာဥ်ကိုယ်တိုင် ငါ့ကို ဒီတံဆိပ်ပြား ချီးမြှင့်ခဲ့တာပဲ"

ထိုစကားလုံးများကို ကြားလိုက်ချိန်တွင် ပင်လယ်နတ်ဆိုးမှော်သားရဲများအားလုံးသည် သူတို့အချင်းချင်း စတင်၍တိုင်ပင်ဆွေးနွေးလိုက်ကြ၏။

ပင်လယ်သူတော်စင်၏သင်္ချိုင်းဂူ မည်သည့်နေရာတွင်ရှိသည်ကို မည်သူတစ်ဦးတစ်ယောက်​မျှ မသိရှိချေ။

နတ်ဆိုးသားရဲမျိုးနွယ်အတွက် ဤသည်မှာ အလွန်အမင်းဆန်းကြယ်သော ကိစ္စတစ်ရပ်ပင်။ ဤသင်္ချိုင်းဂူကို လူသားကောင်လေးတစ်ယောက်မှ ရှာဖွေတွေ့ရှိသွားမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိပေ။

ယခုအချိန်တွင် လုယွီပြောဆိုသည့်စကားလုံးတိုင်း၌ ပင်လယ်သူတော်စင်တံဆိပ်ပြား၏ အရှိန်အဝါများ ရောယှက်နေသည်။

ဤအရှိန်အဝါသည် လူသားများပေါ်သို့ သက်ရောက်ခြင်းမရှိသော်လည်း နတ်ဆိုးသားရဲများ၏မျက်လုံးများအတွင်းတွင်မူ လောကကြီး၏အဆုံးသတ်သို့ ရောက်ရှိသွားသည့်အလား အလွန်တုန်လှုပ်​ချောက်ချားဖွယ်ကောင်းသည်။

"ငါ့မှာ ပင်လယ်သူတော်စင်တံဆိပ်ပြား ရှိနေတယ်..ငါက ပင်လယ်သူတော်စင်ရဲ့ဆက်ခံသူပဲ....အောင်းချမ်..မင်းက ပုန်ကန်ချင်နေတာလား"

လုယွီသည် သေမျိုးလောကအတွင်းသို့ဆင်းသက်လာသော ဧကရာဇ်တစ်ပါးအလားပင်။သူ့၏စကားလုံးများသည် တော်ဝင်အမိန့်တော်တစ်ခုနှင့်တူညီနေကာ မေးခွန်းထုတ်ဖွယ်မရှိချေ။

သို့ရာတွင် အောင်းချမ်သည် လက်သင့်မခံလိုဟန်ဖြင့် သူ့၏ခေါင်းထက်မှ ဖိအားအရှိန်အဝါကို တောင့်ခံနေလေ၏။ထို့နောက် သူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"ငါ ဒါကိုမယုံကြည်ဘူး....ငါကိုယ်တိုင် ဒါကိုစမ်းသပ်မကြည့်ရရင် လက်မခံနိုင်ဘူး"

လုယွီက အောင်းချမ်ကိုစူးစိုက်ကြည့်ကာ အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"မင်းက ဒါကို ဘယ်လိုမျိုးစမ်းသပ်ချင်တာလဲ"

အောင်းချမ်က ပြောဆိုလိုက်၏။

"ငါတို့နတ်ဆိုးသားရဲမျိုးနွယ်တွေက သွေးမျိုးဆက်ကို အလေးထားတယ်...ပင်လယ်သူတော်စင်ရဲ့တံဆိပ်ပြားက မြင့်မြတ်တဲ့ပစ္စည်းတစ်ခုပဲ...တကယ်လို့ နိမ့်ပါးတဲ့သွေးစက်က ဒီတံဆိပ်ပြားပေါ်ကိုကျသွားမယ်ဆိုရင် ဒါက အပြစ်ပေးခံရလိမ့်မယ်..ငါက နဂါးမျိုးနွယ်ရဲ့ နတ်ဆိုးဧကရာဇ်တစ်ယောက်...တကယ်လို ငါ့ရဲ့သွေးစက်က ပင်လယ်သူတော်စင်တံဆိပ်ပြားပေါ်ကို ကျသွားပြီးတော့ ဘာမှဖြစ်မလာဘူးဆိုရင် ဒါက အတုပဲ"

"ကောင်းပြီလေ မင်း ကြိုးစားကြည့်နိုင်တယ်"

လုယွီက တည်ငြိမ်အေးဆေးသောမျက်နှာအမူအယာဖြင့် ပင်လယ်သူတော်စင်တံဆိပ်ပြားကို ပစ်ပေးလိုက်သည်။

လုယွီထံတွင် အလွန်အမင်း ယုံကြည်ချက်ရှိနေသည်ကိုကြည့်ပြီး အောင်းချမ်သည် ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ်တွေဝေတုံ့ဆိုင်းနေသည်။

သို့ရာတွင် အောင်းချမ်းသည် ကျားတစ်ကောင်၏ကျောပေါ်၌ စီးနင်းပြီးဖြစ်သဖြင့် နောက်ပြန်ဆုတ်၍မရတော့ချေ။သူသည် ပင်လယ်သူတော်စင်တံဆိပ်ပြား သူ့ထံသို့ ပျံ့လွင့်လာသည်ကို မြင်တွေ့ချိန်၌ သူ၏နဂါးလက်ချောင်းကို အနည်းငယ်လှီးဖြတ်ကာ သွေးစက်တစ်စက်ကို မျောလွင့်သွားစေသည်။

ထိုသွေးစက်သည် လုံးလုံးလျားလျား နက်မှောင်နေလေ၏။ထိုအရာတွင် နဂါးမျိုးနွယ်၏ မြင့်မြတ်သောဖိအားအရှိန်အဝါ ပါဝင်နေသဖြင့် လူအများစုသည် ထိုအရာကို တိုက်ရိုက်မကြည့်ဝံ့ကြချေ။

နတ်ဆိုးသားရဲမျိုးနွယ်များအားလုံး တုန်ရီသွားကာ သူတို့၏ခေါင်းများကို အောက်သို့ငုံလိုက်ကြ၏။

နဂါးသွေးစက်ထွက်ပေါ်လာချိန်တွင် တခြားနတ်ဆိုးသားရဲများအားလုံး နောက်သို့ဆုတ်လိုက်ရသည်။

ပင်လယ်သူတော်စင်တံဆိပ်ပြား အစစ်အမှန်ဟုတ်မဟုတ်ကို စမ်းသပ်နိုင်ရန်အလို့ငှာ အောင်းချမ်သည် သူ့၏အစစ်အမှန်သွေးစက်ကို ပြတ်ပြတ်သားသားအသုံးပြုခဲ့သည်။

နဂါးသွေးစက်သည် လေဟာနယ်အတွင်း၌ ပင်လယ်သူတော်စင်တံဆိပ်ပြားထံ ဦးတည်၍ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။

ကြည့်ရသည်မှာ နဂါးသွေးစက်သည် ပင်လယ်သူတော်စင်တံဆိပ်ပြားပေါ်သို့ ကျရောက်လာတော့မည့်ပုံပင်။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် အနက်ရောင်ပင်လယ်သူတော်စင်တံဆိပ်ပြား၏မျက်နှာပြင်ပေါ်တွင် ရေးထွင်းထားသော စည်းတံဆိပ်သင်္ကေတတချို့မှနေ၍ ရုတ်တရက် ကြီးကျယ်ခမ်းနားသော အလင်းတန်းများထွက်ပေါ်လာသည်။

စူးရှတောက်ပသော အလင်းတန်းတစ်တန်းက ရုတ်တရက် အောင်းချမ်၏သွေးပေါ်သို့ ကျရောက်သွားပေ၏။

ရှဲ....ရှဲ....

အောင်းချမ် ထုတ်လွှတ်လိုက်သော နဂါးသွေးစက်သည် ထိုအလင်းတန်း၏လောင်ကျွမ်းခြင်းကိုခံရကာ ချက်ချင်းဆိုသလိုပင် အနက်ရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲပြီးပျက်ပြယ်သွားတော့သည်။

ထို့နောက် ထိုအလင်းတန်းသည် ရပ်တန့်သွားခြင်းမရှိဘဲ အောင်းချမ်၏ခန္ဓာကိုယ်ပေါ်သို့ဆက်လက်၍ ကျရောက်လာသည်။

အောင်းချမ်၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံများအားလုံးကွဲထွက်သွားကာ ထိုအလင်းတန်း၏အောက်တွင် အရည်ပျော်ကြတော့မည့်အလားပင်။

ဤသည်မှာ ပင်လယ်သူတော်စင်တံဆိပ်ပြား၏မြင့်မြတ်သောစွမ်းအားပင်။

မြင့်မြတ်သောစွမ်းအားသည် အောင်းချမ်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သည်နှင့် သူ့ထံမှာစွမ်းအားများကို တဖြည်းဖြည်းအားပျော့သွားစေသည်။

သူသည် နတ်ဆိုးဧကရာဇ်တစ်ကောင်ပင်။

သို့ရာတွင် ထိုမြင့်မြတ်သောစွမ်းအား ကျရောက်လာချိန်တွင် အောင်းချမ်သည် ရုတ်တရက် သူ့၏ကျင့်ကြံဆင့်နယ်ပယ် မတည်မငြိမ်ဖြစ်လာသည်ကို ခံစားမိသည်။

"ဒါကို ထပ်ပြီးမလုပ်ပါနဲ့တော့...ရပ်လိုက်ပါတော့...ငါ အရှုံးပေးတယ်...ငါ အရှုံးပေးပါတယ်"

အောင်းချမ်က ကျယ်လောင်စွာအော်ဟစ်လိုက်၏။

လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။ထို့နောက် သူ့၏လက်ကိုဆန့်တန်းကာ ပင်လယ်သူတော်စင်တံဆိပ်ပြားကို ပြန်၍ဆင့်ခေါ်လိုက်သည်။

ပင်လယ်သူတော်စင်တံဆိပ်ပြားသည် လုယွီ၏အတွင်းသို့ ကျရောက်သွားသည်နှင့် မူလ အနက်ရောင်တံဆိပ်ပြားတစ်ခုအသွင်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။

လုယွီ၏လက်အတွင်းရှိ ပင်လယ်သူတော်စင်တံဆိပ်ပြားကိုကြည့်နေသော အောင်းချမ်ထံတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ရစ်သိုင်းလွှမ်းခြုံနေသည်။

အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းပြီးနောက် အောင်းချမ်သည် ဦးညွှတ်အရိုအသေပြုကာ ရိုသေလေးစားစွာပြောဆိုသည်။

"အောင်းချမ်က သခင်လေးကို အရိုအသေပြုပါတယ်"

Chapter 3683

အောင်းချမ် အရိုအသေပြုလိုက်သည်နှင့် တခြားပင်လယ်နတ်ဆိုးမှော်သားရဲများအားလုံးသည်လည်း လုယွီကို ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။

အောင်းချမ်ကဲ့သို့ မြင့်မြတ်သောသွေးမျိုးဆက်ရှိသည့် နဂါးတစ်ကောင်၏သွေးစက်ပင်လျှင်အငွေ့ပြန်သွားခဲ့သည်။

ဤသည်က အစစ်အမှန်ပင်လယ်သူတော်စင်တံဆိပ်ပြားဖြစ်သည်မှာ သိသာထင်ရှားလှ၏။

"မင်းတို့အားလုံး ရူးသွားကြတာလား...မင်းတို့က ဘာလို့ သူ့ကို အရိုအသေပြုနေကြတာလဲ"

လီဖူ၏မျက်နှာ နီမြန်းနေကာ သူက အဆုတ်ကွဲလုမတတ်အော်ဟစ်လိုက်သည်။

သူသည် ထပ်မံ၍သည်းမခံနိုင်တော့ချေ။သူ့၏ထိန်းချုပ်မှုအောက်၌ရှိနေသော ပင်လယ်နတ်ဆိုးမှော်သားရဲစစ်သားများသည် လုယွီ၏ရှေ့၌ အမှန်တကယ်ကိုဒူးထောက်နေလေ၏။

ဤသည်မှာ လုံးလုံးလျားလျား သစ္စာဖောက်ခံရခြင်းပင်။

အောင်းချမ်က ရုတ်တရက် လီဖူကိုကြည့်ကာ ပြောဆိုသည်။

"တောင်းပန်ပါတယ်...သူက ငါတို့မျိုးနွယ်က ပင်လယ်သူတော်စင်ရဲ့ဆက်ခံသူဖြစ်နေတယ်...ငါတို့ သူ့ကို တိုက်ခိုက်လို့မရဘူး"

"ပင်လယ်သူတော်စင်....ပင်လယ်သူတော်စင်လား...အဲ့ဒီနတ်ဆိုးသားရဲအိုကြီးက သေသွားပြီမဟုတ်လား...မင်းတို့အားလုံးက အခုချိန်မှာ ငါတို့ထန်အင်ပါယာရဲ့ စစ်သားတွေလေ....မင်းတို့က ငါတို့အင်ပါယာကို သစ္စာဖောက်ချင်တာလား"

လီဖူသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်၏။

လီဖူ၏စကားကိုကြားချိန်တွင် အောင်းချမ်၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

"အရှင့်သား...ကျေးဇူးပြုပြီးတော့ မင်းရဲ့စကားတွေကို သတိထားပေးပါ...ငါတို့မျိုးနွယ်ရဲ့ပင်လယ်သူတော်စင်က တခြားလူတွေ စော်ကားလို့ရတဲ့သူမျိုးမဟုတ်ဘူး"

အောင်းချမ်၏နောက်ရှိ နတ်ဆိုးမှော်သားရဲများသည်လည်း ခြိမ်းခြောက်လိုသော ဟိန်းဟောက်သံများကို ဆက်တိုက်ပြုလုပ်လိုက်ကြသည်။

ရွှယ်ကုံးချင်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ငါ မင်းကို အခက်တွေ့အောင်မလုပ်ချင်ဘူး...အခုအချိန်မှာ စစ်တပ်နှစ်ခုက တိုက်ခိုက်နေကြတယ်...တကယ်လို့ မင်းက မတိုက်ခိုက်ချင်ဘူးဆိုရင်တောင် အရှင်သားကို ကာကွယ်ပေးတာကတော့ အဆင်ပြေမှာပါ...ဟုတ်တယ်မလား"

လီဖူသည် ဤကိစ္စကို နားလည်သဘောပေါက်ခြင်းမရှိချေ။သို့ရာတွင် ရွှယ်ကုံးချင်းသည် ပြင်ပသိုင်းလောက၌ နှစ်ပေါင်းများစွာကြာအောင်ကျင်လည်ကျက်စားခဲ့သည့် မွန်းစတားအိုကြီးဖြစ်သဖြင့် ပင်လယ်သူတော်စင်နှင့်ပတ်သက်ပြီး ကောင်းစွာသိရှိထားသည်။

လီကျီးသည် အောက်ဘုံမှတက်လှမ်းမလာမီ ရွှယ်ကုံးချင်းသည် နေရာအနှံ့အပြား၌ လှည့်လည်သွားလာနေခဲ့သည့် နာမည်ကျော်ကြားသောကျင့်ကြံသူတစ်ယောက်ပင်။

နတ်ဆိုးသားရဲမျိုးနွယ်များအတွက် ပင်လယ်သူတော်စင်သည် အလွန်အမင်းမြင့်မြတ်ပြီး မေးခွန်းထုတ်ဖွယ်မရှိသော တည်ရှိမှုကြီးပင်။

ဤအချိန်တွင် သူတို့သည် အောင်းကွမ်းကို ဖိအားပေး၍မရဘဲ ဆွေးနွေးညှိနှိုင်း၍သာရပေမည်။

လုယွီက ပြောဆိုသည်။

"အောင်းချမ် မင်း အခုထွက်သွားသင့်ပြီ"

"ဟုတ်ကဲ့ပါ သခင်လေး"

အောင်းချမ်သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ရိုသေလေးစားစွာ ပြောဆိုလိုက်၏။

အောင်းချမ်သည် သူ့၏အလွန်ကြီးမားသောနဂါးခန္ဓာကိုယ်ကြီးကို တွန့်လိမ်ကာ နောက်သို့ လှည့်ကြည့်ပြီးနောက် လီဖူကိုကြည့်ကာ ပြောဆိုသည်။

"ငါ ပြန်ရောက်တာနဲ့ တော်ဝင်စစ်ရေးဌာနကိုသွားပြီး အပြစ်ဒဏ်ကိုခံယူမယ်...ဒါပေမဲ့ ငါတို့နတ်ဆိုးသားရဲမျိုးနွယ်က ပင်လယ်သူတော်စင်သခင်လေးကို ဆန့်ကျင်တဲ့နေရာမှာ ဘာလှုပ်ရှားမှုမျိုးမှ လုပ်မှာမဟုတ်တော့ဘူး....နှုတ်ဆက်ခဲ့ပါတယ်"

ထိုသို့ပြောဆိုပြီးနောက် အောင်းချမ်သည် မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းသွားကာ မိုးကုတ်စက်ဝိုင်းအတွင်း၌ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

အောင်းချမ်သည် လော့ရွှေကြယ်မြစ်မှ နတ်ဆိုးသားရဲမျိုးနွယ်များအားလုံး၏ တပ်မှူးပင်။

သူ ထွက်ခွာသွားသဖြင့် ကြွင်းကျန်သော လော့ရွှေကြယ်မြစ်မှ နတ်ဆိုးသားရဲစစ်သားများအားလုံးသည် တိုက်ခိုက်ရန်အတွက် ဆန္ဒမရှိကြတော့ဘဲ နောက်သို့ဆုတ်ခွာသွားတော့သည်။

သန်းနှင့်ချီသော နတ်ဆိုးမှော်သားရဲစစ်သားများအားလုံး ထွက်ခွာသွားလေပြီ။

လီဖူ၏မျက်လုံးများ လုံးလုံးလျားလျားနီမြန်းနေကာ သူ့၏စိတ်နှလုံးသားအတွင်း၌ အလွန်ကြီးမားသောဒေါသများ လွှမ်းခြုံနေသည်။သို့ရာတွင် နတ်ဆိုးသားရဲစစ်သားများ ထွက်ခွာသွားခြင်းနှင့် ရင်ဆိုင်ရချိန်တွင် သူလုပ်ဆောင်နိုင်သောအရာဟူ၍ မရှိချေ။

ထန်စစ်တပ်၏ အင်အားအရေအတွက်အားသာချက်သည် ပျောက်ကွယ်သွားလေပြီ။

ကြွင်းကျန်သော ထန်စစ်တပ်မှအင်အားသက်သက်ဖြင့် ကောင်းကင်ချိုးဖျက်ခံတပ်မှ တာယွီစစ်သားများ၏တိုက်ခိုက်မှုကို အနည်းငယ်မျှ ခုခံကာကွယ်နိုင်မည်မဟုတ်ချေ။

"လုယွီ...."

လီဖူက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

"လီဖူ...အဲ့ဒီနေ့တုန်းက မင်း အရမ်းကံကောင်းပြီးတော့ အသက်ရှင်ရက်လွတ်မြောက်သွားခဲ့တယ်...ဒီနေ့တော့ မင်းနဲ့ငါက အဲ့ဒီကိစ္စကို ဖြေရှင်းရလိမ့်မယ်"

လုယွီသည် သူ့၏လက်နှစ်ဖက်ကို နောက်သို့ပစ်ထားကာ သူ့၏ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင်ဝတ်စုံရှည်သည် လေ​ပြည်လေညင်းနှင့်အတူ တဖျတ်ဖျတ်လူးလွန့်နေသည်။

သူသည် လှုပ်ရှားခြင်းမရှိသော်လည်း သူ့၏ဆံပင်များ ပြေလျော့သွားကာတောက်ပသော အလင်းဘီးကြီးတစ်ခုက သူ့၏နောက်ကျော၌ ထွက်ပေါ်လာသည်။ဤသည်မှာ မိုးကောင်းကင်ယံအတွင်းရှိတောက်ပသော နေမင်းကြီးအလား အလင်းတန်းများ ဖြာထွက်နေပေ၏။

လုယွီ၏ခန္ဓာကိုယ်မှနေ၍ သန်းနှင့်ချီသောသင်္ကေတအက္ခရာများ ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်၌ စုဝေးသွားသည်။ ထို့နောက် ထိုအရာများသည် ထောင်သောင်းချီသောဓားချီများအဖြစ်ပြောင်းလဲကာ မိုးကောင်းကင်ယံအတွင်း၌ ပြည့်နှက်သွားပေ၏။

ထိုဓားချီများ၏ထိပ်ဖျားဖြင့် လီဖူကိုချိန်ရွယ်ထားသည်။

ထောင်သောင်းချီသော ဓားချီမိုးများသည် လုယွီ၏မှော်စွမ်းအားများနှင့် ရောယှက်နေသည်။ သူ့၏ဓားစိတ်ဆန္ဒသည် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားကာ ချက်ချင်းဆိုသလိုပင် ပျံ့နှံ့သွားလေ၏။

ဤသည်မှာ အစစ်အမှန်အင်မော်တယ်နည်းစနစ်တစ်ခုပင်။

"လုယွီ...ငါ့ကို မင်း အလွယ်တကူအနိုင်ယူလို့ မရစေရဘူး"

လီဖူက ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ အနက်ရောင်မှော်စွမ်းအားလှိုင်းတစ်လှိုင်းက သူ့၏ခန္ဓာကိုယ်အတွင်းသို့ ရောယှက်သွားသည်။

သူ ဝတ်ဆင်ထားသောရွှေရောင်သံချပ်ကာဝတ်စုံသည် သူ့၏ကြွက်သားများ ဖောင်းကြွလာခြင်းကြောင့် အစိတ်စိတ်အမွှာမွှာကြေမွှပျက်စီးသွားသည်။လီဖူသည် မူလက နူးညံသိမ်မွေ့သော ပုံပန်းသွင်ပြင်ရှိသော်လည်း ရုတ်တရက်သူသည် နှစ်မီတာကျော်မြင့်မားသော လူထွားကြီးတယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။

လီဖူသည် တုတ်ခိုင်သန်မာပြီး အစွမ်းထက်သောကြွက်သားများကို ထုတ်ဖော်ထားကာ သူ့ကိုကြည့်ရသည်မှာ အလွန်အမင်းအရိုင်းဆန်သည်။ သူ့၏ခန္ဓာကိုယ်ပေါ်တွင် မည်းနက်နေသောသင်္ကေတအက္ခရာတစ်ခု ထွက်ပေါ်လာပြီးနောက်နဂါးနက်တစ်ကောင်သည် သူ့၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ရစ်ခွေနေသည့်အလားပင်။

Chapter 3864

"နဂါးနက် မြစ်ကိုဖြတ်သန်းခြင်း"

နဂါးဟိန်းသံတစ်သံက ရုတ်တရက် လီဖူ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။သူ့၏ခန္ဓာကိုယ်တစ်ခုလုံးကို တလိမ့်လိမ့်ထနေသော အနက်ရောင်မြူခိုးများက လွှမ်းခြုံထားသည်။သူ့၏ခန္ဓာကိုယ်မှနေ၍ တုန်လှုပ်​ချောက်ချားဖွယ်ကောင်းသော နတ်ဆိုးအရှိန်အဝါတစ်ရပ် ထွက်ပေါ်နေလေ၏။ထို့နောက် သူ လက်သီးတစ်ချက်ထိုးနှက်လိုက်ခြင်းနှင့်အတူ တုန်လှုပ်ခြောက်ချားဖွယ်ကောင်းသော နတ်ဆိုးစွမ်းအားများက ကြီးမားသောအနက်ရောင်နဂါးကြီးအဖြစ် စု​ေသွားသည်။ထိုနဂါးသည် အစွယ်ကိုဖြဲဟ၍​လက်စွယ်များကိုဝှေ့ယမ်းကာ လုယွီထံသို့ တိုးဝင်သွားသည်။

ထိုအနက်ရောင်နဂါး ဖြတ်သန်းသွားသည့် မည်သည့်နေရာတွင်မဆို ကျယ်လောင်သောအသံသည်များ မြည်ဟီးနေသည်။ပတ်ဝန်းကျင်နေရာတဝိုက်လုံး အရိုးစိမ့်လုမတတ်အေးစိမ့်သွားကာ လူအများအား အထိန်းအကွပ်မဲ့စွာ တုန်ရီသွားစေသည်။

"ရှေးဟောင်းသိုင်းပညာနည်းစနစ် နဂါးဖမ်းလက်"

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။နဂါးနက်၏တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် သူသည် ခြေတစ်လှမ်းရှေ့သို့တိုးကာ သူ့၏လက်ချောင်းများကိုဆန့်တန်း၍ လက်သည်းအသွင်ပြောင်းလဲပြီးလလေထုအတွင်းသို့ဖြတ်သန်းကာ ဖိနှိပ်လိုက်၏။

မှော်စွမ်းအားများဖြင့်ဖွဲ့စည်းထားသော ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် နဂါးနက်၏လည်ပင်းကိုဖမ်းဆုပ်ကာ အပြည့်အဝထိန်းချုပ်လိုက်တော့သည်။

ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးအတွင်းမှနဂါးနက်သည် အဆက်မပြတ်ရုန်းကန်နေကာ လုယွီ၏ထိန်းချုပ်ထားမှုကို ချိုးဖျက်လိုပုံရသည်။

မမျှော်လင့်ဘဲ လုယွီ၏ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် အလွန်အမင်းအစွမ်းထက်ကာ ထိုက်တောင်ကြီးတစ်တောင်ကဲ့သို့ လေးလံသည်။သူသည် လက်တစ်ဖက်တည်းဖြင့် နဂါးနက်ကိုဖမ်းဆုပ်ထားကာ တည်ငြိမ်နေဆဲဖြစ်သည်။လီဖူ၏တိုက်ခိုက်မှုသည် လုယွီပေါ်သို့ မည်သည့်သက်ရောက်မှုမျှ မရှိသည့်အလားပင်။

ထို့နောက် လုယွီသည် သူ့၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။

ဘန်းခနဲမြည်သံတစ်သံနဲ့အတူ လုယွီ၏ဖမ်းဆုပ်ထားခြင်းကိုခံရသော နဂါးနက်သည် ကြေမွှပျက်စီးသွားကာ နတ်ဆိုးချီများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားတော့သည်။

"ထိုက်ယွမ်လက်ဝါး..."

လုယွီသည် နဂါးနက်ကိုဖျက်ဆီးပြီးနောက် ရပ်တန့်သွားခြင်းမရှိချေ။သူသည် သူ့၏လက်ဝါးကိုမြှောက်ကာ လီဖူထံဦးတည်၍ ရိုက်နှက်လိုက်၏။

ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် မိုးကောင်းကင်ယံကို ဖြတ်သန်းကာ လီဖူထံသို့ ကျရောက်တော့မည့်အခြေအနေသို့ ရောက်ရှိသွားလေပြီ။

လီဖူ၏မျက်နှာပေါ်တွင် စိတ်ပျက်ညှိုးငယ်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

သူတို့သည် အစစ်အမှန်ရင်ဆိုင်တိုက်ခိုက်သည့်အချိန်မှသာ သူသည် လုယွီ၏လက်ဝါးအတွင်းမှာစွမ်းအားကို ခံစားမိလေ၏။

ထိုအချိန်တုန်းက အင်ပါယာနှစ်ခုအကြားရှိယှဉ်ပြိုင်ပွဲတွင် ထန်အင်ပါယာ၏ပါရမီရှင်အယောက်အနက် လီဖူနှင့်လီမင်တို့သည်သာ အသက်ရှင်ရက် လွတ်မြောက်နိုင်ခဲ့သည်။

ဤသည်မှာ လီဖူအတွက် အိပ်မက်ဆိုးကြီးတခုဖြစ်လာလေ၏။မရေမတွက်နိုင်သောညများတွင် လီဖူသည် ဤအိမ်မက်ဆိုးကြီးကို အကြိမ်ကြိမ်မြင်မက်ပြီး လန့်နိုးခဲ့ရသည်။

ယခုအချိန်၌ ထိုအိပ်မက်ဆိုးကြီးအတွင်းရှိ အရာရာတိုင်းသည် လက်တွေ့ဖြစ်လာလေပြီ။

ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီး လီဖူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်တော်မည့်အချိန်၌ ရွှယ်ကုံးချင်းသည် ရုတ်တရက်ရှေ့သို့တိုးကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။သူ့၏လက်အတွင်းမှ မှော်စွမ်းအားများသည် မီတာတစ်ရာကျော်ခန့် ရှည်လျားသော မြစ်ကြီးတစ်စင်းအသွင် ပြောင်းလဲသွားကာ လီဖူ၏ရှေ့၌ ပိတ်ဆို့ဟန့်တားလိုက်၏။

"အကန့်အသတ်မဲ့ ပင်လယ်သမုဒ္ဒရာ...ရေဥပဒေသ"

ဘုန်း....ဘုန်း...ဘုန်း...

ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် မြစ်ကြီးပေါ်သို့ ကျရောက်သွားကာ ပြင်းထန်သော ရေမြုပ်ဗုံးတစ်လုံးအလား ရုတ်တရက် ပေါက်ကွဲသွားသည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ရွှယ်ကုံးချင်းသည် လုယွီ၏တိုက်ခိုက်မှုကြောင့် တန်ပြန်ဒဏ်ကိုခံစားရကာ သူ့၏မျက်နှာ ချက်ချင်းဖြူရော်သွားသည်။သူ့၏ပါးစပ်မှ သွေးတလုတ်အန်ထုတ်လိုက်ရကာ သူ့၏မျက်နှာပေါ်တွင်လည်း လုံးလုံးလျားလျားသွေးရောင်ကင်းမဲ့နေလေပြီ။

"ရွှယ်ကုံးချင်း....မင်းက ပါရမီရှင်တစ်ယောက်ပဲ ..ထန်အင်ပါယာမှာ ဆက်နေပြီးတော့ ဒီလိုအရူးသခင်မျိုးနောက်ကိုလိုက်နေတာက ဘာအသုံးဝင်မှာလဲ..ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်....မင်း ငါ့ရဲ့လက်အောက်ကိုလာခဲ့ပါ"

လုယွီ၏အသံက ရေလှိုင်းများကိုဖြတ်သန်း၍ ထွက်ပေါ်လာသည်။

ရွှယ်ကုံးချင်းသည် နောက်သို့ခြေလှမ်းဆယ်လှမ်းခန့်ဆုတ်ပြီးမှ ရပ်တန့်လိုက်သည်။

"ငါတို့ရွှယ်မျိုးနွယ်က ထန်အင်ပါယာကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး"

ရွှယ်ကုံးချင်းက စကားတစ်လုံးချင်း အော်ဟစ်ပြောဆိုလိုက်၏။

တခြားလူများသည် ရှင်းရှင်းလင်းလင်း တွေ့မြင်မိမည်မဟုတ်သော်လည်း ရွှယ်ကုံးချင်း၏လက် တုန်ရီစပြုနေသည်။

သူ့၏ရှေ့ရှိ ရေအကာအကွယ်ကြီးသည်လည်းလုံးလုံးလျားလျားကျိုးပျက်သွားကာ အရည်ပျော်ကျသွားလုမတတ်ပင်။အစောပိုင်းက သူသည် လုယွီ၏လက်ဝါးပုံရိပ်ယောင်ကြီးကို အတင်းအကြပ် ခုခံကာကွယ်ခဲ့သည်။ဤသည်မှာ ရွှယ်ကုံးချင်း၏စွမ်းအားများကို ကုန်ခမ်းစေပြီး သူ့အား ပင်ပန်းနွမ်းနယ်မှုကိုခံစားရစေသည်။

သူသည် လုယွီ၏ပြိုင်ဘက် မဖြစ်နိုင်​ချေ။

သို့ရာတွင် ရွှယ်ကုံးချင်းသည် လီဖူ၏ရှေ့၌ ပိတ်ဆိုးဟန့်တားထားကာ သူ့အား တင်းတင်းကြပ်ကြပ်ကာကွယ်ပေးနေဆဲပင်။

"မင်း သူ့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"

လုယွီ၏မျက်လုံးများသည် စူးရှတောက်ပနေကာ ချောက်နက်ကြီးတစ်ခုအလား အလွန်အမင်းနက်ရှိုင်းနေသည်။သူ့အား တချက်ကြည့်မိသော မည်သူမဆို ထိတ်လန့်ကြောက်ရွံခြင်းကို ခံစားရပေမည်။

ရွှယ်ကုံးချင်းသည် လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် တလိမ့်လိမ့်ထနေသော မှော်စွမ်းအားများကို ခံစားမိချိန်တွင် မျက်မှောင်ကြုတ်လိုက်သည်။သူသည် လုယွီ၏စွမ်းအားကိုကြည့်ကာ တိတ်တဆိတ်သက်ပြင်းရှိုက်လိုက်၏။မည်သည်ကြောင့် လုယွီသည် ဤမျှထိ အစွမ်းထက်နေသနည်း။

ထန်အင်ပါယာ၌ နာမည်ကျော်ကြားသော စစ်ဗိုလ်ချုပ်များနှင့်ပါရမီရှင်များ မရေမတွက်နိုင်အောင်ရှိသော်လည်း လုယွီကဲ့သို့ လူငယ်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို မြင်တွေ့နိုင်ရန် အလွန်အမင်းရှားပါးသည်။

"ငါ အသက်တစ်ရှိုက်ရှုနေနိုင်သေးသရွေ့....ငါက အရှင်သားကို ကာကွယ်ရလိမ့်မယ်"

Chapter 3865

လုယွီက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။သူ့၏မျက်လုံးများအတွင်းတွင် တည်ကြည်လေးနက်သော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

လုယွီသည် သူ့၏လက်ချောင်းများကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ခေါင်းဖြတ်ဓားက သူ့၏နံဘေး၌ ထွက်ပေါ်လာသည်။ထိုဆေဘာဓားသည် တည်ငြိမ်စွာရပ်တန့်နေကာ ထိုအရာ၏မျက်နှာပြင်မှနေ၍ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒလှိုင်းများ ဖြာထွက်နေသည်။

ဤဆေဘာဓားသည် လုယွီ၏အတိတ်ဘဝမှ ထက်ရှမှုမျိုး ပြန်လည်ရရှိတော့မည့် အခြေအနေနီးပါးဖြစ်နေကာ နတ်ဆိုးဓားအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲနေလေပြီ။ဤဆေဘာဓားသည် နက်မှောင်နေကာ ဓားသွားပေါ်တွင် သွေးနီရောင်အမှတ်အသားတစ်ခု ပျံ့နှံ့နေသည်။

ထိုသွေးနီရောင်အမှတ်အသားသည် ဆေဘာဓား၏လက်ကိုင်၌ စုဝေးသွားကာ သွေးနီရောင်မျက်လုံးတစ်လုံးအဖြစ် ပြောင်းလဲသွားလေ၏။

သို့ရာတွင် ထိုမျက်လုံးသည် ပိတ်ထားကာ ပွင့်နေခြင်းမရှိချေ။ထိုမျက်လုံး အပြည့်အဝပွင့်လာချိန်မှသာ ခေါင်းဖြတ်ဆေဘာဓားသည် ယခင်ကဲ့သို့ မသေမျိုးအဆင့်မှော်လက်နက်ဖြစ်လာပေမည်။

"ဒီဓားက ငါ့ရဲ့ ဆေဘာဓားပဲဘဲ...ဒီနေ့ မင်း သွားရမယ့်လမ်းကို ငါ ဒါနဲ့ပို့ဆောင်ပေးမယ်"

သူ့၏အသံသည် တည်ငြိမ်နေသော်လည်းသူ့၏စကားလုံးများအတင်း၌ လွှမ်းမိုးချုပ်ကိုင်နိုင်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်နှင့် ပြည့်နှက်နေသည်။

လုယွီ၏အတွေးတစ်ချက်နှင့်အတူ ခေါင်းဖြတ်ဆေဘာဓား ရှေ့သို့ပျံသန်းသွားသည်။ထိုအရာသည် လျှပ်စီးအလားလျှင်မြန်ကာ ပစ်မှတ်ကိုလွဲချော်ခြင်းမရှိဘဲ ရှေ့သို့ချက်ချင်းရောက်ရှိသွားလေ၏။

ရွှယ်ကုံးချင်းသည် သူ့၏မှော်စွမ်းအားများကို အသုံးမပြုရသေးမီမှာပင် ခေါင်းဖြတ်ဆေဘာဓားသည် သူ့၏ရှေ့ရှိ လေထုအတွင်းသို့ ရောက်ရှိနေခဲ့သည်။

ဓားသွား ကျရောက်လာသည်နှင့်အတူ.....

လူတစ်ယောက်၏ခေါင်းတစ်ခေါင်း ပျံ့လွင့်သွားသည်။

ရွှယ်ကုံးချင်း၏ခန္ဓာကိုယ်ကြီး တုန်ခါသွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

သွေးများက မြေပြင်ပေါ်၌ ဖြာကျနေလေ၏။

ထန်စစ်တပ်၏နာမည်ကျော်ကြားသော မဟာစစ်ဗိုလ်ချုပ်တစ်ယောက်သည် လုယွီ၏လက်အတွင်း၌ သေဆုံးသွားရပေပြီ။

လုယွီသည် အစောပိုင်းက လက်ဝါးရိုက်ချက်တွင် သူ့၏ခွန်အားပြည့်ကို ထည့်သွင်းအသုံးပြုထားသည်။မြေကမ္ဘာအင်မော်တယ် အထွတ်အထိပ်အဆင့်တစ်ယောက်၏ ပြင်းထန်သောမှော်စွမ်းအားများနှင့် သိုင်းပညာသူတော်စင်တစ်ယောက်၏ရုပ်ခန္ဓာကိုယ်ခွန်အားတို့ ပေါင်းစပ်ထားခြင်းကြောင့် ထိုလက်ဝါးရိုက်ချက်သည် အလွန်ပြင်းထန်ပြီး ဟန့်တား၍မရနိုင်​ချေ။

ရွှယ်ကုံးချင်းသည် ထိုလက်ဝါးရိုက်ချက်ကို အတင်းအကြပ်ခုခံကာကွယ်ခဲ့သည်။ သူ့၏ခန္ဓာကိုယ်သည် အပြင်းအထန်ဒဏ်ရာရရှိသွားကာ သူ၏စိတ်ဝိညာဥ်တွင်လည်း ပြန်လည်ကောင်းမွန်လာနိုင်ခြင်းမရှိသော ဒဏ်ရာမျိုးကိုရရှိသွားခဲ့သည်။

ရွှယ်ကုံးချင်း အပြင်းအထန် ဒဏ်ရာရရှိနေသည့်အချက်ကို အခွင့်ကောင်းယူ၍ လုယွီသည် ခေါင်းဖြတ်ဆေဘာသားဖြင့် ရန်သူမဟာစစ်ဗိုလ်ချုပ်၏ခေါင်းကို ဖြတ်တောက်ခဲ့သည်။

ရွှယ်ကုံးချင်း၏အလောင်း မြေပြင်ပေါ်သို့လဲကျသွားသည်။သူ့၏နောက်ရှိ လီဖူ၏ထိတ်လန့်ကြောက်ရွံ့နေသောမျက်နှာ ပေါ်လွင်လာသည်။

တစ်ချိန်က လီဖူသည် ချမ်းသာကြွယ်ဝသောမိသားစုတစ်စု၏ သခင်လေးတစ်ယောက်ပင်။ နောက်ပိုင်း၌ လီကျီးသည် ကောင်းကင်ဘုံနယ်မြေသို့တက်လှမ်းလာကာ ထန်အင်ပါယာကိုတည်ထောင်ခဲ့သည်။ထိုအချိန်မှစ၍ ဖုံးကွယ်နေသည့် ချမ်းသာကြွယ်ဝသောမိသားစုများနှင့်မြင့်မြတ်သူများသည် အဆင့်အတန်းမြင့်မားကာ ထင်ရှားကျော်ကြားလာခဲ့သည်။

လီမိသားစု၏ပါရမီရှင်တယောက်ဖြစ်သော လီဖူသည် ငယ်ရွယ်စဉ်ကတည်းက အလွန်အံ့အားသင့်ဖွယ်ကောင်းသော ပါရမီအရည်အချင်းကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။

သူ့အား လီမိသားစု၏ 'ချီလင်သားတော်'ဟု ခေါ်ဆိုကြသည်။သူသည် နည်းဗျူဟာများကို တတ်ကျွမ်းထားသည့်အပြင် ကျင့်ကြံဆင့်နယ်ပယ်သည်လည်း နက်နဲသိမ်မွေ့သည်။လီမိသားစုသည် သူ့အပေါ် ကြီးမားသောမျှော်လင့်ချက်များ ထားခဲ့ကြသည်။

လီဖူသည် မင်းသားတစ်ပါးအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် တော်ဝင်မိသားစု၏စောင့်ရှောက်ခြင်းကိုခံယူရကာ အရင်းအမြစ်အမြောက်အများကို လက်ခံရရှိခဲ့သည်။နောက်ပိုင်းတွင် သူသည် ကောင်းကင်မူဝါဒရုံးတော်သို့ ဝင်ရောက်ပြီးနောက် လီဖူသည် အရင်းအမြစ်များကိုတောင်ပုံရာပုံရရှိလာခဲ့ကာ သူ၏ခွန်အားသည်လည်း အဆများစွာ ခုန်ပျံကျော်လွှား၍ မြင့်တက်လာခဲ့သည်။

ထို့ပြင် လီဖူကို ကာကွယ်ပေးမည့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများလည်း အစဉ်အမြဲရှိနေလေ၏။

ယခင်အင်ပါယာနှစ်ခုကြားမှ ယှဉ်ပြိုင်ပွဲနှင့်ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးမှလွဲ၍ လီဖူသည် အန္တရာယ်ရှိသောအခြေအနေမျိုးသို့ တစ်ကြိမ်တစ်ခါမျှ ကျရောက်ဖူးခြင်းမရှိချေ။

လီဖူ အန္တရာယ်အတွင်းသို့ ကျရောက်ခဲ့သော နှစ်ကြိမ်လုံးသည် လုယွီ၏လက်ချက်ကြောင့် ဖြစ်ပေ၏။

ရွှယ်ကုံးချင်းသည် လီဖူကို ကာကွယ်ပေးရင်း သေဆုံးသွားလေပြီ။ဤအချိန်အခိုက်အတန့်တွင် လီဖူသည် သူ့ထံသို့ သေခြင်းတရားဆင်းသက်လာသည်ကို အမှန်တကယ်ခံစားမိသည်။

"လုယွီ ဒီတစ်ကြိမ်မှာ ငါ ရှုံးနိမ့်တာကို ငါ ဝန်ခံတယ်...ငါ့ကိုလွှတ်ပေးပါ...ငါက စစ်သည်တွေအားလုံးကို ပြန်ရုတ်သိမ်းပြီးတော့ အခုချိန်ကနေစပြီး ကောင်းကင်ချိုးဖျက်ခံတပ်ကို ဘယ်တော့မှ မတိုက်ခိုက်တော့ဘူး"

လီဖူသည် သူ့၏တည်ငြိမ်အေးဆေးမှုကိုထိန်းသိမ်းထားဆဲဖြစ်ကာ လုယွီကို နူးညံ့ညင်သာစွာပြောဆိုသည်။

လုယွီက လီဖူကို စောင်းငဲ့ကြည့်ကာ အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"ရွှယ်ကုံးချင်းက မင်း​အတွက်နဲ့ သေဆုံးသွားခဲ့ရတာ....မင်းက သူ့အတွက် ငါ့ကို လက်စားမချေချင်ဘူးလား"

"သူက လက်အောက်ငယ်သားတစ်ယောက်ပဲ....သူ ငါ့အတွက်သေသင့်တာက ဖြစ်သင့်တဲ့ကိစ္စပဲ...ငါက အရှင်သခင်ဖြစ်ပြီးတော့ သူက လက်အောက်ငယ်သားတစ်ယောက်....ဒီလောကကြီးမှာ လက်အောက်ငယ်သားတွေက အရှင်သခင်အတွက် သေပေးရတာပဲ... အရှင်သခင်တစ်ယောက်က အရင်သေရတဲ့ကိစ္စမျိုး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ"

လီဖူသည် သဘောမတူလိုဟန်ဖြင့် သူ့၏ခေါင်းကို ခါယမ်းလိုက်သည်။

သနားစဖွယ်ကောင်းသော ရွှယ်ကုံးချင်းသည် အလွန်အမင်း သစ္စာစောင့်သိခဲ့သော်လည်း ဤကဲ့သို့ အဆုံးသတ်သွားခဲ့ရသည်။

လုယွီ၏အကြည့် တစတစပို၍အေးစက်တင်းမာလာသည်။သို့ရာတွင် သူသည် လီဖူကို ဆက်လက်၍ စူးစိုက်ကြည့်နေခြင်း မပြုတော့ဘဲထိုအစား သူ၏အကြည့်သည် လီဖူ၏နောက်သို့ ကျရောက်သွားသည်။

"မင်းတို့က ဘယ်သူတွေလဲ"

သူ၏အသံသည် အလွန်ကျယ်လောင်ကာ အစွမ်းထက်ပေ၏။သူ ပြောဆိုလိုက်သော စကားတစ်လုံးချင်းစီတိုင်းသည် တည်ကြည်ပြတ်သားကာ အားမာန်ပြည့်ဝသည်။

လီဖူ၏နောက်ရှိလေဟာနယ် ရုတ်တရက်ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ထိုလေဟာနယ်အတွင်းမှနေ၍ လူနှစ်ယောက်ထွက်လာသည်။

လက်ဝဲဘက်တွင် ကြေးနီသံချပ်ကာဝတ်စုံကိုဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတယောက်ရှိနေသည်။သူသည် ကြမ်းတမ်းသောပုံပန်းသွင်ပြင်ရှိကာ လူတစ်ယောက်စာအရွယ်အစားရှိသော ပုဆိန်ကြီးတလက်ကို သူ့၏နောက်ကျော၌ လွယ်ထားသည်။သူ့ထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။

လက်ယာဘက်မှလူသည် အနက်ရောင်ဝတ်စုံဝတ်လူကြီးတစ်ယောက်ပင်။သူ့ကိုကြည့်ရသည်မှာ ပိန်ပါးပြီး သူ့၏မျက်နှာ အနည်းငယ်ဖြူရော်နေသည်။သူ့၏ခါးတွင် ဓားရှည်တစ်လက်ကိုချိတ်ဆွဲထားကာ အရာရှိစစ်ဖိနပ်တစ်စုံကိုစီးထားသည်။သူ့၏ခေါင်းထက်တွင် ခေါင်းဆောင်းတစ်လုံးကိုဆောင်းထားကာ လင်းယုန်တစ်ကောင်ကဲ့သို့ စူးရှသောမျက်လုံးတစ်စုံဖြင့်ရလုယွီကို စူးစိုက်၍ကြည့်နေလေ၏။

"ကောင်းကင်မူဝါဒရုံးတော်...တုရှန်းရှန်း"

"စည်းကမ်းထိန်းသိမ်းရေးဋ္ဌာန...ယဲ့ကွမ်ကျီး"

Thank For Reading.

All Chapters