အခန်း (၃၈၆၆-၃၈၆၉)
Vol. 197 Ch. 3866-3869
Chapter 3866
ထန်အင်ပါယာတွင် အဓိကအင်အားစုနှစ်စုရှိသည်။ထိုအင်အားစုနှစ်စုမှာ ကောင်းကင်မူဝါဒရုံးတော်နှင့် စည်းကမ်းထိန်းသိမ်းရေးဌာနတို့ပင်။
ကောင်းကင်မူဝါဒရုံးတော်သည် မူလက အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း နောက်ပိုင်းတွင် လီကျီးမှ ထန်အင်ပါယာကို တည်ထောင်လိုက်ခြင်းနှင့်အတူ အချုပ်အချာကင်းမဲ့သော တရားဝင်အင်အားစုတစ်ခုဖြစ်လာခဲ့သည်။တော်ဝင်မိသားစုမှမျိုးဆက်များသည် နန်းမွေကိုဆက်ခံနိုင်ရန် ယှဉ်ပြိုင်ရာ၌ အရည်အချင်းရှိစေရန်အတွက် ကောင်းကင်မူဝါဒရုံးတော်၏သခင်လေးများအဖြစ် ခန့်အပ်ခြင်းခံရသည်။
ကောင်းကင်မူဝါဒရုံးတော်တွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ တိမ်စိုင်များကဲ့သို့ပေါများသည်။သခင်လေးအဖြစ် ခန့်အပ်ခြင်းခံသူများကို ထန်ဧကရာဇ်လီကျီးကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းဖြစ်ကာ နန်းမွေကိုဆက်ခံမည့်လူများအဖြစ် မြေတောင်မြှောက်ပေးခဲ့သည်။ဤရုံးတော်၏သဘောသဘာဝသည် တာယွီတော်ဝင်နန်းတွင်းမှ အရှေ့ပိုင်းနန်းဆောင်နှင့်အလွန်တူညီသည်။
စည်းကမ်းထိန်းသိမ်းရေးဌာနသည် တခြား အုပ်ချုပ်ရေးရုံးတော်တစ်ခုပင်။ထိုရုံးတော်မှအဖွဲ့ဝင်များသည် များသောအားဖြင့် ပုန်းလျှိုးကွယ်လျှိုးနေကြကာ လုပ်ကြံသတ်ဖြတ်ရာ၌ထူးချွန်ကြပြီး ထန်အင်ပါယာ အတွင်း၌ သမာသမတ်မကျသောကိစ္စများကို ကိုင်တွယ်ဖြေရှင်းသည်။
ဤဌာနမှ လူများ၏တာဝန်သည် တာယွီအင်ပါယာ၏နဂါးအစောင့်တပ်နှင့် အလွန်တူညီသည်။သူတို့သည် ဧကရာဇ်၏သီးသန့်စစ်သားများဖြစ်သည်။
အတိတ်တွင် စစ်ရေးအမတ်ကြီးသီထျန်းသည် ဤစည်းကမ်းထိန်းသိမ်းရေးဌာနမှ လူများ၏လက်အတွင်း၌ သေဆုံးခဲ့ရသည်။
"မင်းတို့နှစ်ယောက်က သူ့ကို ကာကွယ်ပေးချင်တာလား"
လုယွီက အလေးအနက်ထားသောအသံဖြင့် မေးမြန်းသည်။
တုရှန်းရှန်းက ပြောဆိုသည်။
"လူငယ်လေး မင်းက ခွင့်လွှတ်သင့်တဲ့အချိန်ကျရင် ခွင့်လွှတ်နိုင်ရမယ်...စစ်တပ်နှစ်ခု တိုက်ခိုက်တဲ့အချိန်မှာ မင်းက အနိုင်ရလဒ်ကို ရသွားပြီးပြီ...ဒါက လုံလောက်နေပြီလေ...တကယ်လို့ မင်းက သခင်လေးကို သတ်လိုက်မယ်ဆိုရင် ငါတို့အင်ပါယာနဲ့ သေခြင်းရှင်ခြင်းသွေးကြွေးရန်ငြိုးတစ်ခုကို မင်း လက်ခံရလိမ့်မယ်...ဒီလောကကြီးတစ်ခုလုံးမှာ မင်း နေစရာနေရာရှိတော့မှာမဟုတ်ဘူး"
သူ့၏အသံသည် ကြမ်းတမ်းပြီးအစွမ်းထက်ကာ သူ စကားပြောဆိုလိုက်သည်နှင့် သတ်ဖြတ်လိုခြင်းအရှိန်အဝါတစ်ရပ်က လူ၏မျက်နှာကိုလာရောက်ရိုက်ခတ်သည်။
"တော်သင့်ပြီ...ဒီနေရာမှာပဲ ရပ်လိုက်ကြရအောင်...လီဖူရဲ့အဆင့်အတန်းက မြင့်မြတ်တယ်...သူ့ကို မင်းရဲ့လက်ထဲမှာသေဖို့ ငါတို့ ခွင့်မပြုနိုင်ဘူး"
စည်းကမ်းထိန်းသိမ်းရေးမှူး ယဲ့ကွမ်ကျီးသည်လည်း ပြောဆိုကာ သူ့၏အသံသည် အနည်းငယ်မိန်းမဆန်သော်လည်း ပြင်းထန်သည်။
ဤလူနှစ်ယောက်၏ခွန်အားသည် အလွန်အမင်းကြီးမားကာ သူတို့နှစ်ယောက် တစ်ချိန်တည်းထွက်ပေါ်လာသဖြင့် လောကကြီးပင် အရောင်ပြောင်းလဲသွားခဲ့သည်။
အထူးသဖြင့် စည်းကမ်းထိန်းသိမ်းရေးမှူးယဲ့ကွမ်ကျီးပင်။သူ့၏အရှိန်အဝါသည် ယိုစိမ့်ထွက်လာခြင်းမရှိသော်လည်း သူသည် တုရှန်းရှန်းထက် ခြိမ်းခြောက်နိုင်မှုပို၍ကြီးမားသည်။
ယဲ့ကွမ်ကျ၏နောက်တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများပျော်ဝင်နေသော ဓားချီတစ်လှိုင်းရှိနေသည်။ထိုဓားချီသည် လုယွီကိုပစ်မှတ်ထားနေကာ တိုက်ခိုက်ရန်အတွက် အခွင့်ကောင်းတစ်ခုကို စောင့်ဆိုင်းနေခဲ့သည်။
လုယွီက လီဖူကိုကြည့်တာ အေးစက်တင်းမာစွာပြောဆိုလိုက်၏။
"ငါက တကယ်တော့ သူ့ကို ဒီနေ့ လွှတ်မပေးချင်ဘူး"
"ဒီလိုဆိုမှတော့ ငါတို့ လက်တွေ့ပဲဖြေရှင်းကြတာပေါ့"
ယဲ့ကွမ်ကျီး၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားသည်။
သူ့၏မျက်လုံးအတွင်း၌ ဖုံးကွယ်ထားသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပွင့်အံ့ထွက်လာသည်။သူ့၏နောက်မှဓားချီသည် ပျံ့လွင့်လာကာ လုယွီထံဦးတည်၍ တိုးဝင်လာသည်။
ယဲ့ကွမ်ကျီး၏နောက်ရှိ တုရှန်းရှန်းသည်လည်း ဒေါသတကြီး အော်ဟစ်လိုက်၏။သူသည် သူ့၏နောက်ကျောမှ ဓားရှည်ကိုဆွဲထုတ်ကာ လုယွီထံဦးတည်၍ အားကုန်ခုတ်ပိုင်းလိုက်သည်။
လုယွီသည် မသန့်စင်သောလေတချို့ကို မှုတ်ထုတ်ပြီးနောက် ရုတ်တရက် ခြေလှမ်းရှေ့တိုးလိုက်သည်။သူ့၏လက်ဝါးတွင် ချက်ချင်းဆိုသလိုပင် တောက်ပသောရွှေရောင်အလင်းတန်းများ လွှမ်းခြုံသွားသည်။
ထို့နောက် လုယွီသည် လက်သီးတချက်ကိုအားကုန်ထိုးနှက်လိုက်ရာ သူ့ထံတိုးဝင်လာသောဓားချီ လွင့်ထွက်သွားလေ၏။
ထိုဓားချီသည် အကန့်အသတ်မရှိသောစွမ်းအားကို သယ်ဆောင်၍ လေဟာနယ်ကိုဖြတ်သန်းကာ လုယွီထံ တိုးဝင်လာခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ထိုဓားချီသည် လုယွီ၏လက်နှင့်ထိတွေ့မိချိန်တွင် သတ္တုအချင်းချင်းရိုက်ခတ်မိသည့်အသံကဲ့သို့ ထွက်ပေါ်လာကာ ဘန်းခနဲမြည်သံနှင့်အတူ ထိုအရာလွင့်ထွက်သွားတော့သည်။
ထိုနောက် လုယွီသည် ခေါင်းဖြတ်ဓားကိုဆင့်ခေါ်ကာ သူ့လက်အတွင်း၌ကိုင်ဆောင်ပြီး တုရှန်း ရှန်း၏ဓားနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုက်သည်။
"လုယွီ...မင်းက တာယွီအင်ပါယာရဲ့ထိပ်သီးကျောင်းတော်သားလို့ ငါ ကြားထားတယ်...မင်းရဲ့အရည်အချင်းကို ငါ့ကို စမ်းသပ်ခွင့်ပြုပါ"
တုရှန်းရှန်း၏စွမ်းအားများ ပွင့်အံ့ထွက်လာကာ ပြင်းထန်သောသွေးချီလှိုင်းများမှနေ၍ အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားသည်။
တုရှန်းရှန်းသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ဖြစ်ကာ သူ့၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် သိုင်းပညာသူတော်စင်အဆင့်သို့ ရောက်ရှိနေလေပြီ။
ဤသည်မှာ သိုင်းပညာသူတော်စင်အဆင့်သို့ရောက်ရှိနေသော ကျင့်ကြံသူကို လုယွီ မြင်တွေ့ရသည့် ဒုတိယအကြိမ်ပင်။ရှေးဟောင်းအလယ်ခေတ်အတွင်း၌ ဖရိုဖရဲဖြစ်မှုများစွာကိုကြုံတွေ့ရပြီးနောက် ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်အမြောက်အများ ပျောက်ကွယ်သွားခဲ့သည်။အလွန်နည်းပါးသောလူတချို့သာလျှင် ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်များ၏ လျို့ဝှက်ချက်များကို ထုတ်ဖော်နိုင်ကြသည်။
လုယွီ ယခင်က ကြုံတွေ့ခဲ့ရသည့်ကျင့်ကြံသူမှာ ရှမိသားစု၏ရှထန်ကန်းပင်။
သို့ရာတွင် တုရှန်းရှန်းသည် ရှထန်ကန်းထက် များစွာပို၍ သန်မာအားကောင်းသည်မှာ သိသာထင်ရှားလှ၏။
တုရှန်းရှန်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသောသတ်ဖြတ်လိုခြင်းအရှိန်အဝါများမှတဆင့် သူသည် တိုက်ပွဲစစ်မြေပြင်ပေါ်ရှိ အလောင်းပုံကြီးနှင့် သွေးပင်လယ်ကြီးမှ ထွက်လာသောထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း မြင်တွေ့နိုင်သည်။
Chapter 3867
ဒေါင်...
နှစ်ဖက်စလုံးမှ ဆေဘာဓားရှည်များ ပြင်းပြင်းထန်ထန်ထိတွေ့မိချိန်တွင် ကျယ်လောင်သောအသံကြီးတစ်သံ ထွက်ပေါ်လာသည်။
တုရှန်းရှန်းသည် သူ့၏လက်ကောက်ဝတ် တင်းကြပ်လာသည်ကို ခံစားမိကာ သူ့၏စွမ်းအားများအားလုံး ကုန်ခမ်းသွားသည့်အလားပင်။
"ဘယ်လောက်တောင် ကြီးမားတဲ့စွမ်းအားလဲ"
တုရှန်းရှန်း၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
ကောင်းကင်မူဝါဒရုံးတော်၌ သူ့၏အဆင့်အတန်းသည် အလွန်မြင့်မားကာ သူ့အား 'ရက်စက်သောလေ့ကျင့်ရေးဘိုးဘေး'ဟု လူသိများကျော်ကြားသည်။သူ့၏ရုပ်ခန္ဓာကိုယ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံပြီးဖြစ်သည်။
မူလက သူ့၏ရုပ်ခန္ဓာကိုယ်ခွန်အားဖြင့် အရာရာတိုင်းကို လွှမ်းမိုးချုပ်ကိုင်နိုင်မည်ဟု သူ တွေးထင်ခဲ့သည်။သို့ရာတွင် ယခုလက်ရှိချိန်၌သူသည် လုယွီကဲ့သို့ ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ကြုံတွေ့ရလေ၏။
ဒေါင်...ဒေါင်...ဒေါင်...
နှစ်ဖက်စလုံးသည် တိုက်ကွက်ပေါင်းဆယ်နှင့်ချီ၍ ဆက်လက်ဖလှယ်လိုက်ကြသည်။
လုယွီ၏ဆေဘာဓားနည်းစနစ်သည် တုရှန်းရှန်း၏နည်းစနစ်နှင့် အလွန်တူညီသည်။အဆုံးသတ်၌ သူတို့နှစ်ယောက်လုံးသည် သူတို့၏ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့် တိုက်ခိုက်နေကြခြင်း ဖြစ်ပေ၏။
သို့ရာတွင် တိုက်ကွက်အနည်းငယ်ခန့် တိုက်ခိုက်ပြီးနောက် တုရှန်းရှန်းသည် တဖြည်းဖြည်းအရေးနိမ့်တော့မည့် အခြေအနေမျိုးသို့ ကျရောက်သွားခဲ့သည်။
"ဒါက မင်းမှာရှိတဲ့ ခွန်အားအကုန်ပဲလား"
လုယွီက အေးစက်တင်းမာစွာပြောဆိုသည်။
တုရှန်းရှန်းသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သော်လည်း သူသည် လုယွီ၏ဖိနှိပ်ထားခြင်းကို ခံထားရဆဲဖြစ်သဖြင့်သူ့၏ခေါင်းကိုပင် မမော့နိုင်တော့ချေ။
နံဘေးတစ်ဖက်၌ မတ်တတ်ရပ်နေသော ယဲ့ကွမ်ကျီးသည် အခွင့်ကောင်းတစ်ခုကိုရှာဖွေကာ လုယွီကို သူ့၏ဓားပျံဖြင့် ထပ်မံ၍တိုက်ခိုက်လိုက်သည်။
"အရှင်...ငါ မင်းကို ကူညီပေးမယ်"
လန်ဝူရှင်းသည် ပြေးဝင်လာကာ သူ့၏ဆေဘာဓားကိုဆုပ်ကိုင်၍ ယဲ့ကွမ်ကျီးနှင့်တိုက်ခိုက်လိုက်၏။
တခြားမဟာစစ်ဗိုလ်ချုပ်များသည်လည်း ပျံသန်းလာကာ တုရှန်းရှန်းနှင့်ယဲ့ကွမ်ကျီးတို့ကို ဝိုင်းရံတိုက်ခိုက်လိုက်ကြသည်။
တုရှန်းရှန်းသည် တာယွီအင်ပါယာဘက်မှလူများ ပို၍ရောက်ရှိလာသည်ကို မြင်တွေ့ချိန်တွင် သူသည် အလွန်အမင်းစိုးရိမ်ပူပန်သွားသည်။သူသည် လီဖူကိုဆုပ်ကိုင်ကာ ချက်ချင်းဆိုသလိုပင် နောက်သို့ဆုတ်လိုက်၏။
ယဲ့ကွမ်ကျီးသည်လည်း တိုက်ခိုက်ရင်း နောက်သို့အဆက်မပြတ်ဆုတ်ခွာနေသည်။
ဤပတ်ဝန်းကျင်တွင်ရှိနေသော ထန်စစ်တပ်မှ ထိပ်သီးကျင့်ကြံသူတချို့သည်လည်း စုဝေးလာကာ တုရှန်းရှန်းတို့ကို ကူညီလိုက်ကြသည်။ဤနေရာတွင် ဖရိုဖရဲတိုက်ပွဲတစ်ခု ထပ်မံ၍ဖြစ်ပွားလာတော့သည်။
သို့ရာတွင် တုရှန်းရှန်းသည် အလွန်လျှင်မြန်စွာနောက်ဆုတ်နေကာ သူတို့သည် တိုက်ခိုက်ရန်အတွက် အနည်းငယ်မျှရည်ရွယ်မထားချေ။သူတို့ ဤနေရာသို့လာရသည့် ရည်ရွယ်ချက်သည် လီဖူကို ကယ်တင်ရန်ပင်။
"လီဖူ....မင်း ဒီနေ့ အလွယ်တကူ ထွက်မသွားနိုင်စေရဘူး"
လုယွီ၏အသံသည် ရုတ်တရက် လီဖူ၏နားနံဘေး၌ ပေါက်ကွဲသွားသည်။
လီဖူ၏မျက်နှာ ချက်ချင်းဖြူရော်သွားသည်။သူသည် ကြက်ပေါက်လေးတစ်ကောင်အလား တုရှန်းရန်း၏ဆုပ်ကိုင်ခြင်းကို ခံထားရလေ၏။သူသည် လုယွီနှင့် အတန်ငယ်ဝေးကွာသောနေရာတွင် ရောက်ရှိနေသော်လည်း လုယွီ၏စကားများကို သူ ကြားချိန်တွင် ထိတ်လန့်ကြောက်ရွံ့မှုကိုခံစားရဆဲပင်။
"မြန်မြန် ထွက်သွားကြစို့...မြန်မြန်ထွက်သွားကြရအောင်"
လီဖူက ထပ်ခါတလဲလဲ တိုက်တွန်းနှိုးဆော်လိုက်သည်။
လီဖူသည် တစ်စုံတစ်ခုပြောဆိုရန်ပင် မလိုအပ်ဘဲ တုရှန်းရှန်းသည် သူ့၏ဆုတ်ခွာနေသောအရှိန်နှုန်းကို အစွမ်းကုန်မြှင့်တင်လိုက်၏။
သူတို့နှစ်ယောက်သည် သူတို့၏အရှိန်နှုန်းများကို အကန့်အသတ်ထိရောက်အောင် တွန်းပို့ထားသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့သည် မိုင်တရာခန့်ဝေးကွာသောနေရာသို့ ရောက်ရှိသွားလေပြီ။
ဤအချိန်အခိုက်အတန့်တွင် သူတို့သည် လုယွီကို ဝိုးတဝါးသာ မြင်တွေ့နိုင်တော့သည်။
သို့ရာတွင် လုယွီ၏မျက်လုံးများသည် လီဖူရှိနေသောတည်နေရာကို မိုင်သောင်းနှင့်ချီဝေးကွာသောနေရာ၌ရှိနေလျှင်ပင် တိကျစွာမြင်တွေ့နိုင်စွမ်းရှိသည်။
မီတာသောင်းနှင့်ချီရှည်လျားသော ခရမ်းရောင်ချီများက လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ သူ့၏ရှေ့၌ စုဝေးသွားသည်။လုယွီသည် သူ့၏လက်တစ်ဖက်ဖြင့် စက်ဝိုင်းပုံစံတစ်ခုကို ရေးဆွဲလိုက်၏။သူ့၏လက်ဝါး ကျရောက်သွားသည်နှင့်အတူ ခရမ်းရောင်မှော်စွမ်းအားများသည် တလိမ့်လိမ့်ထနေသော မြစ်တစ်စင်းအလား လေထုအတွင်း၌ တဝုန်းဝုန်းလှည့်ပတ်နေသည်။
ထိုခရမ်းရောင်ချီများအတွင်းမှနေ၍ အစိမ်းရောင်နွားရိုင်းတကောင်ကို စီးနင်းထားသော ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် တစတစပြိုလဲသွားကာ လုယွီ၏မှော်မန္တန်မှစွမ်းအားကို တောင့်မခံနိုင်တော့သည့်အလားပင်။
ဤသည်မှာ အင်မော်တယ်မှော်မန္တန်တစ်ပုဒ်ကို အသုံးပြု၍ ဖန်တီးထားသော ရှေးဟောင်းတာအိုသူတော်စင်ပုံရိပ်ယောင်တစ်ခုပင်။
တာအိုသူတော်စင် ဆင်းသက်လာချိန်တွင် မြောက်များစွာသော သဘာဝလွန်ပုံရိပ်များက ကောင်းကင်နှင့်မြေပြင်အကြား၌ ထွက်ပေါ်လာခဲ့သည်။
ဤတာအိုသူတော်စင်သည် လုယွီ ယခင်ကအသုံးပြုခဲ့သော နည်းစနစ်ဖြစ်သည့် ကောင်းကင်ဘုံဆရာသခင်၏လမ်းကြောင်းနှင့် ကွဲပြားခြားနားသည်။
ကောင်းကင်ဘုံဆရာသခင်သည် လျှပ်စီးမိုးကြိုးနည်းစနစ်ကို အသုံးပြုကာ နတ်ဆိုးများကို အမြစ်ပြတ်ချေမှုန်းနိုင်စွမ်းရှိသည်။ဤတာအိုသူတော်စင်နည်းစနစ်သည်မူ စွမ်းအားများကိုချေဖျက်သည့်နည်းလမ်းကို အသုံးပြုသည်။
ဤစနစ်သည် လောကကြီးအတွင်းရှိ စွမ်းအားများအားလုံးကို ချေဖျက်နိုင်စွမ်းရှိသည်။
အစိမ်းရောင်နွားရိုင်း၏ကျောပေါ်တွင်ရှိနေသော တာအိုသူတော်စင်ပုံရိပ်ယောင်ကြီးမှနေ၍ သူ့၏လက်ဝါးကို ဖြည်းညှင်းစွာသွန်းထုတ်လိုက်၏။သူ့၏လက်ဝါးမှနေ၍ ခရမ်းရောင်ချီအလင်းတန်းများ တဖြည်းဖြည်းစီးဆင်းလာသည်။
ရှေးဟောင်းအင်မော်တယ်မှော်မန္တန်...အရှေ့အရပ်မှမြင့်တက်လာသော ခရမ်းရောင်ချီ
ကျယ်လောင်သောဘန်းခနဲမြည်သံကြီးနှင့်အတူ ခရမ်းရောင်အခိုးအငွေ့များသည် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားကာ ကောင်းကင်နှင့်မြေပြင်အကြား၌ ပြည့်နှက်သွားသည်။
လုယွီနှင့်လီဖူအကြားတွင် မိုင်ပေါင်းထောင်နှင့်ချီ၍ ဝေးကွာနေသော်လည်း မြေပြင်တစ်ခုလုံးတုန်ခါသွားကာ လေဟာနယ်ကြေမွှပျက်စီးသွားသည်။
ရုတ်ချည်းဆိုသလိုပင် ထိုခရမ်းရောင်ချီစွမ်းအားလှိုင်းသည် လီဖူ၏နံဘေးသို့ ရောက်ရှိသွားပေ၏။
တုရှန်းရှန်းနှင့်ယဲ့ကွမ်ကျီးတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြကာ သူတို့၏မျက်လုံးများအတွင်းတွင် ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူတို့သည် သူတို့ရှေ့သို့ရောက်ရှိလာသော လက်ဝါးရိုက်ချက်မှ ကြီးကျယ်ခမ်းနားသောစွမ်းအားကို ခံစားမိလေ၏။
Chapter 3868
"အရှင့်သားကို ကာကွယ်ကြစမ်း"
တုရှန်းရှန်းနှင့်ယဲ့ကွမ်ကျီးတို့နှစ်ယောက်လုံး တပြိုင်နက်တည်း နောက်သို့လှည့်လိုက်ကြကာ အရှေ့အရပ်မှခရမ်းရောင်ချီ၏စွမ်းအားကို ခုခံရန်အတွက် သူတို့၏အကောင်းဆုံးမှော်မန္တန်များကို အသုံးပြုလိုက်ကြသည်။
သို့ရာတွင် သူတို့၏မှော်မန္တန်များ လေထုအတွင်းသို့ မြင့်တက်သွားသောအချိန်တွင် ထိုအရာများအားလုံးသည် လေထုအတွင်းမှခရမ်းရောင်ချီကြောင့် ပျက်ပြယ်သွားသည်။
အရာအားလုံးသည် မဟာတာအိုမှ ဆင်းသက်လာခြင်းပင်။
အရှေ့အရပ်မှခရမ်းရောင်ချီနည်းစနစ်သည် မဟာတာအိုဥပဒေသများမှ ပြောင်းလဲလာသောအရာရာတိုင်းကို ချိုးဖျက်နိုင်စွမ်းရှိသည်။
တုရှန်းရှန်းနှင့်ယဲ့ကွမ်ကျီးတို့သည် ခရမ်းရောင်ချီများအကြားတွင် လေပြင်းမုန်တိုင်းတစ်ခုအတွင်းသို့ ရောက်ရှိနေသည့်အလား ယိမ်းယိုင်နေသည်။သူတို့၏ခန္ဓာကိုယ်များ ဒယိမ်းဒယိုင်ဖြစ်နေကာ မြေပြင်ပေါ်သို့ အချိန်မရွေးလဲကျသွားတော့မည့်အလားပင်။
တခြားတစ်ဖက်တွင် လီဖူ၏အခြေအနေသည်ပို၍ဆိုးဝါးပေ၏။
ဤလူသုံးယောက်အနက် သူ့၏ကျင့်ကြံဆင့်နယ်ပယ်သည် အားအနည်းဆုံးပင်။
ထို့ပြင် လုယွီ၏မှော်မန္တန်သည် လီဖူကိုပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ယခုလက်ရှိအချိန်၌ လီဖူသည် တိုက်ခိုက်ခံရမှု၏အလယ်ဗဟို၌ ရှိနေသည်။လီဖူသည် သူ့၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်နှစ်ခုလုံး ပင်လယ်ပြင်အကြား၌ အချိန်မရွေးတိမ်းမှောက်သွားနိုင်သော လှေငယ်လေးတစ်စင်းနှင့်တူညီနေသည်ဟု ခံစားမိလေ၏။
လီဖူသည် စူးရှနာကျင်စွာအော်ဟစ်ကာ မိုးကောင်းကင်ယံမှနေ၍ မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။ကျယ်လောင်သောဘန်းခနဲမြည်သံကြီးနှင့်အတူ သူသည် မြေကြီးအတွင်းသို့နစ်ဝင်သွားကာ နက်ရှိုင်းသောကျေနပ်ကြီးတစ်ခုထွက်ပေါ်လာသည်
ကျင့်ကြံသူများသည် လုံချီနယ်ပယ်သို့ချိုးဖျက်ဝင်ရောက်နိုင်သည်နှင့် သူတို့၏မှော်ရတနာများကိုအသုံးပြုကာ လေထုအတွင်း၌ပျံသန်းနိုင်စွမ်းရှိသည်။
ထို့နောက် သူတို့သည် တာအိုဒုတိယဆင့်သို့ချိုးဖျက်ဝင်ရောက်နိုင်သည်နှင့် လေထုအတွင်း၌ မတ်တတ်ရပ်နိုင်စွမ်းရှိပေ၏။
သို့ရာတွင် လုယွီ အသုံးပြုလိုက်သောခရမ်းရောင်ချီများအကြားတွင် လီဖူ မှီခိုအားထားနေသော မှော်စွမ်းအားများအားလုံးသည် လုံးလုံးလျားလျားအသုံးမဝင်ချေ။
လီဖူသည် လေထုအတွင်း၌ သူ့၏ပျံသန်းနေမှုကို ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ချေ။
အကယ်၍ သူသည် သာမန်လူတစ်ယောက်ဖြစ်ပါက သူ သေဆုံးသွားပြီးဖြစ်ပေမည်။
သို့ရာတွင် လီဖူ မြေပြင်ပေါ်သို့ ကျရောက်လာသော အချိန်အခိုက်အတန့်၌ သူ့၏ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော သံချပ်ကာဝတ်စုံမှ တောက်ပသောအလင်းတန်းများ ထွက်လာသည်။ထိုအလင်းတန်းများသည် အကာအကွယ်အလွှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ လီဖူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်သိုင်းလွှမ်းခြုံသွားသည်။
ကောင်းကင်မူဝါဒရုံးတော်၏သခင်လေးတစ်ယောက်ဖြစ်သော လီဖူထံတွင် အစွမ်းထက်သည့် မှော်ရတနာများရှိနေသည်။ဤအရာများသည် သူ့၏ဘေးကင်းလုံခြုံမှုအတွက် အာမခံချက်များ ဖြစ်ပေ၏။
သို့ရာတွင် ဤတိုက်ခိုက်မှုကြောင့် သူ အသက်သေဆုံးခဲ့ခြင်းမရှိသော်လည်း သူ့၏စိတ်ဝိညာဉ်ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့သည်။
လီဖူသည် နားဝေတိမ်တောင်ဖြစ်နေကာ သူသည် မည်ကဲ့သို့စဉ်းစားတွေးသောရမည်ကို မသိရှိသောချေ။သူ့၏မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် ဝေဝါးနေကာ သူ့၏စိတ်ဖရိုဖရဲဖြစ်နေသည်။
မိုးကောင်းကင်ယံအတွင်းမှ ခရမ်းရောင်ချီစွမ်းအားများ ထပ်မံ၍ပြောင်းလဲသွားသည်။
ကြီးကျယ်ခမ်းနားသော ခရမ်းရောင်ချီစွမ်းအားများသည်အသင်းသို့ ထက်ရှသောဓားတစ်လက်အသွင်သို့ ပြောင်းလဲသွားကာ လီဖူထံဦးတည်၍ တိုးဝင်သွားသည်။
ဤဓားချက်သည် အနည်းငယ်မျှနောက်တွန့်သွားခြင်းမရှိဘဲ လီဖူ၏အသက်ကို ယူဆောင်တော့မည်အလားပင်။
ယခုလက်ရှိချိန်၌ လီဖူသည် လုံးလုံးလျားလျားတုန်လှုပ်ချောက်ချားနေသော အခြေအနေမျိုး၌ရှိနေသည်။သူသည် ကြက်သေသေနေကာ သူ့ထံသို့ တိုးဝင်လာသောဓားချီကို စူးစိုက်ကြည့်နေပြီး မည်ကဲ့သို့ရှောင်တိမ်းရမည်ကို မသိတော့ချေ။
တုရှန်းရှန်းသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။သူသည် အင်အားကုန်အသုံးပြု၍ အပြေးသွားလိုက်သည်။တစ်ချိန်တည်းမှာပင် သူ့၏လက်အတွင်းရှိ အဆောင်လက်ဖွဲ့တစ်ခုကို ဆုတ်ဖြဲလိုက်သည်။
ထိုအဆောင်လက်ဖွဲ့ စုတ်ပြဲသွားချိန်တွင် တောက်ပသော အလင်းတန်းတစ်တန်းထွက်ပေါ်လာကာ သူတို့၏နံဘေးပတ်လည်ရှိ လေဟာနယ် ပုံပျက်သွားသည်။
လေဟာနယ်ကူးပြောင်းခြင်း အဆောင်လက်ဖွဲ့...
ဤသည်မှာ အဆောင်လက်ဖွဲ့တာအို၏ ထိပ်သီးအစွမ်းထက်ပညာရှင်တစ်ယောက် လုပ်ဆောင်ထားသော အဆောင်လက်ဖွဲ့တစ်ခုပင်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် တုရှန်းရှန်း ယဲ့ကွမ်ကျီးနှင့် လီဖူတို့၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်ကျစ်လစ်သိပ်သည်းသွားကာ ကြည်လင်သောအကာအကွယ်အလွှာတစ်ခုအဖြစ် ဖွဲ့စည်းထားသည်။ပတ်ဝန်းကျင်ရှိ ခရမ်းရောင်အခိုးအငွေ့များသည် ဤအကာအကွယ်အလွှာအတွင်းသို့ အနည်းငယ်မျှ သက်ရောက်နိုင်ခြင်းမရှိချေ။
ဤကြည်လင်သောလေဟာနယ်နယ်မြေသည် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားတော့သည်။
အဝေးတစ်နေရာတွင်ရှိနေသော လုယွီသည် သူ့၏လက်ကို ပြန်ရုတ်သိမ်းလိုက်သော်လည်း သူ့၏မျက်နှာအမူအယာ တည်ငြိမ်နေဆဲပင်။
ကောင်းကင်မူဝါဒရုံးတော်၏ သခင်လေးတစ်ယောက်ဖြစ်သော လီဖူထံတွင် အသက်ကယ်မှော်ရတနာအမြောက်အများရှိနေသည်မှာ ထူးဆန်းသောကိစ္စတစ်ရပ် မဟုတ်ချေ။
လုယွီ၏ရည်မှန်းချက်ပန်းတိုင်သည် လီဖူကိုသတ်ဖြတ်ရန်အတွက် မဟုတ်ပေ။
လီဖူကိုထွက်ခွာသွားစေပြီးမှသာ သူသည် နောက်ထပ်အစီအစဉ်ကို စတင်နိုင်ပေမည်။
တိုက်ပွဲစစ်မြေပြင်ပေါ်၌ အခြေအနေသည်ချက်ချင်းပြောင်းပြန် ဖြစ်သွားလေ၏။
လီဖူ ရှုံးနိမ့်သွားကာ ရွှယ်ကုံးချင်းသည်သတ်ဖြတ်ခံလိုက်ရပြီးနောက် ကြွင်းကျန်နေသောစစ်သားများသည်လည်း ခေါင်းဆောင်မရှိတော့သောကြောင့် ပြန့်ကျဲနေသည်။
တာယွီဘက်မှစစ်သားများအားလုံး စိတ်အားတက်ကြွနေသည်။သူတို့သည် ထန်စစ်သားများနောက်သို့ လိုက်လံဖမ်းဆီးရန်ဟန်ပြင်လိုက်သော်လည်း လုယွီက သူတို့ကို တားဆီးဟန့်တားလိုက်၏။
"ထွက်ပြေးသွားတဲ့ ရန်သူတွေနောက်ကို လိုက်ဖမ်းစရာမလိုဘူး...တစ်ယောက်ယောက်ကိုလွှတ်ပြီးတော့ ဒီနေရာမှာ ထန်စစ်တပ်ကျန်ခဲ့တဲ့အထောက်အပံ့ပစ္စည်းတွေကို သိမ်းယူဖို့ ကောင်းကင်ချိုးဖျက်ခံတပ်ကို အကြောင်းကြားလိုက်စမ်း"
လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။
တခြားမဟာစစ်ဗိုလ်ချုပ်များသည်လည်း ခေါင်းညိတ်လိုက်ကြကာ သူတို့သည် ကောင်းတယ်ချိုးဖျက်ခံတပ်ကို အကြောင်းကြားရန်အတွက် စစ်သားများကို အရင်ဆုံးစေလွှတ်လိုက်တော့သည်။
Chapter 3869
ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်ချိုးဖျက်ခံတပ်မှ စစ်သားများအားလုံးသည် လုယွီကို အပြည့်အဝ ယုံကြည်လက်ခံနေကြလေပြီ။
မြေပြင်ပေါ်၌ ရွှယ်ကုံးချင်း၏ ခေါင်းပြတ်အလောင်းကြီးသည် တောင့်တင်းကာ မလှုပ်မယှက်ရှိနေဆဲပင်။
သွေးများက မြေပြင်ပေါ်၌ စီးဆင်းနေသည်။ဤသည်မှာ တချိန်က ကောင်းကင်ချိုးဖျက်ခံတပ်၏နံပါတ်တစ်ရန်သူတော်ကြီးဖြစ်ခဲ့သော်လည်း ယခုအချိန်၌ သူသည် လုယွီ၏လက်အတွင်း၌ သေဆုံးသွားရလေပြီ။
"အရှင်လု ရန်သူတွေရှုံးနိမ့်သွားပြီဆိုမှတော့...ကျေးဇူးပြုပြီး ငါ့ရဲ့အဖေကို မြန်မြန်လေးကယ်တင်ပေးပါ"
ယင်ထျန်းမင်က နောက်ဆုံး၌ပြောဆိုသည်။
ဝမ်ရှင်းအမတ်ကြီးသည် ထန်စစ်တပ်၏ဝိုင်းရံပိတ်ဆို့ထားမှုကို ရက်ပေါင်းများစွာကြာအောင်ခံထားရကာ ကောင်းကင်ချိုးဖျက်ခံတပ်သို့ ပြန်လာနိုင်ခြင်းမရှိချေ။
ယခုလက်ရှိအချိန်တွင် ကြီးမားသောအခက်အခဲများနှင့်အတူ တာယွီစစ်တပ်သည် နောက်ဆုံး၌ အသာစီးပြန်လည်ရယူနိုင်ခဲ့သည်။ယခုအချိန်တွင် သူတို့သည် အချင်းချင်းပြန်လည်ချိတ်ဆက်ကာ ဝမ်ရှင်းအမတ်ကြီးကို ကယ်တင်ရပေမည်။
မမျှော်လင့်ဘဲ လုယွီက အေးစက်တင်းမာစွာ ပြောဆိုလေ၏။
"ထန်စစ်တပ်က ပျက်စီးသွားပြီလား...သူတို့ဘက်မှာ သန်းနဲ့ချီတဲ့စစ်သားတွေ ကျန်နေသေးတယ် မဟုတ်ဘူးလား"
လူတိုင်းသည် အစပထမ၌ ကြက်သေသေသွားပြီးနောက် လုယွီကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။
မြေပြင်ပေါ်တွင် အလောင်းများ ပြန့်ကြဲနေကာ ထန်စစ်တပ်၏အဝါရောင်နဂါးအလံသည် နံဘေးတဘက်သို့လဲကျကာ ပျက်စီးနေလေ၏။
ဤသည်ကို ကြီးမားသောအောင်မြင်မှုဟု ယူဆနိုင်သည်မဟုတ်လော....
လုယွီက ပြောဆိုသည်။
"ငါ လိုချင်တဲ့အရာက ကြီးမားတဲ့အောင်မြင်မှုကြီးတစ်ခုပဲ...ထန်စစ်တပ်တစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်တဲ့ အောင်မြင်မှုကြီးတစ်ခု... တကယ်လို့ ငါတို့ရဲ့ရှေ့မှာရှိနေတဲ့ အောင်မြင်မှုက မင်းတို့အတွက် လုံလောက်ပြီလို့ ယူဆတယ်ဆိုရင် မင်းတို့အားလုံး ထွက်သွားလို့ရတယ်...ငါ့နောက်ကို လိုက်စရာမလိုဘူး"
ဤအချိန်အခိုက်အတန့်တွင် လူတိုင်းသည် သူတို့၏စိတ်နှလုံးသားများ ချမ်းစိမ့်တုန်ရီလာမှုကို ခံစားမိလေသည်။
လုယွီ၏ရည်ရွယ်ချက်သည် ဤမျှထိကြီးမားမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိချေ။
လက်ရှိနေရာတွင်ရှိနေသူများအနက် လူအားလုံးနီးပါးသည် ထန်စစ်တပ်ကို တားဆီးဟန့်တားနိုင်သရွေ့ အဆင်ပြေပြီဟု သူတို့၏မသိစိတ်များမှတွေးတောထားကြသည်။သူတို့သည် ထန်စစ်တပ်ကို အမြစ်ပျက်ချေမှုန်းရန် မဆိုထားနှင့် တန်ပြန်တိုက်ခိုက်ရန်ပင် တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိပေ။
သို့ရာတွင် ယခုလက်ရှိအချိန်၌ မြေပြင်ပေါ်၌ ပြန့်ကြဲနေသော ထန်စစ်သားများ၏အလောင်းများကိုကြည့်ပြီး သူတို့၏ခန္ဓာကိုယ်အတွင်းမှ သွေးများ တဖန်ပြန်၍ဆူပွက်လာသည်။
ဤကဲ့သို့ လူတစ်ယောက်၏ဦးဆောင်မှုနောက်ကိုလိုက်ရသည်မှာ စစ်သားများအားလုံး မျှော်လင့်တောင့်တဆုံးအရာပင်။
စစ်သားများအားလုံး စိတ်ဓာတ်တက်ကြွနေကြသည်။
ဤအချိန်အခိုက်အတန့်တွင် ယင်ထျန်းမင်၏မျက်လုံးများအတွင်း၌ပင် မီးတောက်များလောင်ကျွမ်းနေသည့်အလား တောက်ပနေသည်။
သူသည် ယခင်က အမတ်ကြီးအိမ်တော်၏လူပေါ်ကျော့တယောက်ပင်။သူသည် ယခင်က တိုက်ပွဲတချို့ကို တိုက်ခိုက်ဖူးသော်လည်း အစဥ်အမြဲ သက်သောင့်သက်သာရှိသောဘဝ၌ နေထိုင်ခဲ့ရတာ အစစ်အမှန်သွေးလွှမ်းသောတိုက်ပွဲမျိုးကို ကြုံတွေ့ခဲ့ဖူးခြင်းမရှိချေ။
အစောပိုင်းက ယင်ထျန်းမင်သည် ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါကို အားကုန်တိုက်ခိုက်ခဲ့သည်။ထို့ကြောင့် သူသည် သွေးနှင့်အောင်မြင်မှု၏အရသာကို သိရှိသွားလေပြီ။
ယင်ထျန်းမင်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"ဒါပေမဲ့ ငါ့ရဲ့အဖေ....."
"မင်းရဲ့အဖေက အမတ်ကြီးတစ်ယောက်ဖြစ်ပြီးတော့ ခံတပ်တစ်ခုရဲ့တပ်မှူးပဲ...တကယ်လို့ သူ ရှုံးနိမ့်သွားရင် အပြစ်တွေအားလုံးကို သူ ခံယူရလိမ့်မယ်...ပြီးတော့ အခုချိန်မှာ ငါ တိုက်ခိုက်ခဲ့တာကြောင့် ထန်စစ်တပ်ရဲ့ပင်မအင်အားစု အင်အားလျော့နည်းသွားလိမ့်မယ်...ဒီတကြိမ်မှာ တောင် ဝမ်ရှင်းအမတ်ကြီးက ရှုံးနိမ့်နေတုန်းပဲဆိုရင် ဒါက သူ့အသုံးမကျတာလို့ ဆိုလိုတာပဲ...သူ့ကိုကယ်တင်ဖို့အတွက် ငါ့ရဲ့အဖိုးတန်ရှားပါးတဲ့အချိန်တွေကို ဖြုန်းတီးဖို့မထိုက်တန်ဘူး"
လုယွီက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
အကယ်၍ တခြားအချိန်တွင်ဆိုပါက တစ်စုံတစ်ယောက်သည် ဝမ်ရှင်းအမတ်ကြီးနှင့်ပတ်သက်သောကိစ္စများကို ဤကဲ့သို့ ပြောဆိုနိုင်မည်မဟုတ်ချေ။ထိုလူသည် ကောင်းကင်ချိုးဖျက်ခံတပ်မှ စစ်သားများ၏ဝိုင်းရံတိုက်ခိုက်မှုကိုခံရမည်မှာ သေချာပေါက်ပင်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ လူတိုင်း၏မျက်နှာအမူအယာများ အလွန်တည်ငြိမ်အေးဆေးနေသည်။မည်သူကမျှ ဤကိစ္စနှင့်ပတ်သက်ပြီး မှားယွင်းသည်ဟု မခံစားရချေ။
ယင်ထျန်းမင်သည် ပတ်ဝန်းကျင်ရှိစစ်သားများ၏မျက်နှာအမူအယာများကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။ထို့နောက် ခံတပ်တစ်ခုလုံးမှ စစ်သားများ၏ ယခုလက်ရှိစိတ်ဆန္ဒများကို ဝမ်ရှင်းအမတ်ကြီး မပိုင်ဆိုင်နိုင်တော့ကြောင်း သူ နောက်ဆုံး၌နားလည်သဘောပေါက်သွားခဲ့သည်။
"ငါတို့က အရှင်လုရဲ့အစီအစဉ်တွေကို နာခံပါ့မယ်"
ယင်ထျန်းမင်က သက်ပြင်းတချက်ရှိုက်လိုက်၏
လုယွီသည် ယင်ထျန်းမင်နှင့်အချိန်ဖြုန်းလိုခြင်းမရှိချေ။ထို့ကြောင့် သူက အလျှင်အမြန်ပြောဆိုလိုက်သည်။
"ငါကို ကြယ်မြေပုံ ယူလာပေးစမ်း"
အလွန်လျှင်မြန်စွာဖြင့် လက်ထောက်တပ်မှူးတစ်ယောက်သည် လုယွီထံသို့ ကြယ်မြေပုံတစ်ခုကိုလက်ကမ်းပေးလေ၏။
လုယွီသညိ ကြယ်မြေပုံပေါ်ရှိ ကြယ်နယ်မြေတစ်ခု၏တည်နေရာကို သူ့၏လက်ညှိုးဖြင့်ထောက်ပြလိုက်သည်။
"စစ်သားတွေအားလုံး...မာလင်းကြယ်နယ်မြေကို တိုက်ခိုက်မယ်"
.....
တာယွီစစ်သားများသည် အချိန်တခဏကြာ အနားယူပြီးနောက် ချက်ချင်းဆိုသလိုပင် မာလင်းကြယ်နယ်မြေကိုဦးတည်၍ တိုက်ခိုက်လိုက်ကြသည်။
ဤတိုက်ခိုက်မှုဖြစ်စဥ်တွင် လုယွီသည် သူ့၏ ပန်းချီပညာရပ်အရည်အချင်းကို ထပ်မံ၍ပြသခဲ့သည်။
ကောင်းကင်ချိုးဖျက်ခံတပ်တွင်ရှိနေသော စစ်သင်္ဘောကို ဝမ်ရှင်းအမတ်ကြီးမှ ယူဆောင်သွားခဲ့သည်
သို့ရာတွင် စစ်သည်အင်အားတစ်သိန်းသည် အနက်ရောင်မင်စစ်သင်္ဘောကြီးပေါ်တွင်စီးနင်း၍ ချက်ချင်းဆိုသလိုပင် မာလင်းကြယ်နယ်မြေထံသို့ ထွက်ခွာနိုင်ခဲ့သည်။
မာလင်းကြယ်နယ်မြေသည် သူတို့၏ရှေ့၌ရှိနေလေပြီ။
....
ကောင်းကင်ဘုံပြက္ခဒိန်...၉၉နှစ်မြောက်
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်နှင့် ထန်အင်ပါယာတို့သည် ယာယီငြိမ်းချမ်းရေးရယူကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
တာယွီအင်ပါယာမှချီဘုရင်နှင့် ထန်အင်ပါယာမှအမတ်ကြီးလီကျိုးစီတို့သည် အနက်ရောင်မိုသဘောတူညီချက်စာချုပ်ကို အနက်ရောင်မိုခံတပ်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
တာယွီအင်ပါယာဘက်မှနေ၍ စစ်လျော်ကြေးအဖြစ် နယ်မြေတစ်ခုကိုပေးအပ်ရသည်။
ထိုနေ့တွင် မရေမတွက်နိုင်သော တာယွီစစ်သားများသည် အရှက်တကွဲဖြစ်ရသည့်ဒဏ်ကို တောင့်မခံနိုင်တော့သဖြင့် သူတို့ကိုယ်သူတို့ သတ်သေသွားကြလေ၏။
ထိုနေ့တွင် ပြင်ပကျင့်ကြံခြင်းလောကမှ မရေမတွက်နိုင်သောဂိုဏ်းအင်အားစုများသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၌ ကသောင်းကနင်းအပြုအမူများကို လုပ်ဆောင်ခဲ့သဖြင့် ဖရိုဖရဲကိစ္စများ မြင့်တက်လာခဲ့သည်။
ထိုနေ့တွင် တာယွီ၏အဓိကနယ်မြေဆယ့်ကိုးခုသည် လက်နက်ချလိုက်ကာ မည်သည့်ခုခံမှုမှမရှိဘဲ အရှုံးပေးလိုက်ကြသည်။
ထိုနေ့တွင် လုယွီတစ်ယောက်တည်းကသာ တိုက်ခိုက်နေဆဲပင်။