← Chapters

အခန်း (၃၈၇၄-၃၈၇၇)

Vol. 197 Ch. 3874-3877

အခန်း (၃၈၇၄-၃၈၇၇)

Vol. 197 Ch. 3874-3877

Chapter 3874

"မာလင်းကြယ်နယ်မြေရဲ့မြေပုံက ဒီမှာပါ"

ယင်ထျန်းမင်သည် သူ့၏အင်္ကျီလက်ကြားမှာစာလိပ်တစ်လိပ်ကို အလျင်စလို ထုတ်ပေးလိုက်သည်။

ထိုစာလိပ်ကိုဖြန့်လိုက်ချိန်တွင် အမှန်တကယ်ကိုပင် မာလင်းကြယ်နယ်မြေ၏ နေရာဒေသအနေအထားများကို အသေးစိတ်ကျကျမှတ်တမ်းတင်ထားသည်ကို တွေ့မြင်ရပေ၏။ဤမြေပုံပေါ်တွင် တချို့နေရာများအတွင်းရှိ အရင်းအမြစ်များခွဲဝေခြင်းအပြင် စစ်နည်းဗျူဟာကျသော အစီအစဥ်အမျိုးမျိုးလည်းပါဝင်သည်။

ပြင်ပကျင့်ကြံခြင်းလောကမှ ဂိုဏ်းတချို့ထံတွင် ဤကဲ့သို့မြေပုံများရှိနိုင်သော်လည်း ယေဘုယျအနေအထားများကိုသာ မှတ်သားထားကာ အုပ်ချုပ်ရေးရုံးတော်၏မြေပုံများကဲ့သို့ တိကျရှင်းလင်းခြင်းမရှိချေ။

လုယွီသည် ထိုမြေပုံကို တစ်ချက်ကြည့်ပြီးနောက် သူ၏ပစ်မှတ်ကို အလျှင်အမြန်ရွေးချယ်လိုက်သည်။

မိုးကြိုးတောင်ကြား....

ဤသည်မှာ မိုးကြိုးမီးကြာပွင့်များ ထုတ်လုပ်သည့်နေရာတစ်ခုပင်။

ထန်စစ်တပ်သည် မာလင်းကြယ်နယ်မြေကိုသိမ်းပိုက်ပြီးနောက် မိုးကြိုးမီးကြာပွင့်ရောင်းချမှုများကို ပိတ်ဆို့ဟန့်တားခဲ့သည်။မိုးကြိုးမီးကြာပွင့်များအားလုံးကို ထန်အင်ပါယာသို့ ပို့ဆောင်ရလေ၏။

ဆန့်ကျင်ဘက်အနေဖြင့် တာယွီအင်ပါယာဘက်တွင် မိုးကြိုးမီးနှင်းကြာပွင့်များ လုံးလုံးလျားလျား ပြတ်လပ်သွားသဖြင့် ဤဆေးပင်၏ဈေးနှုန်း အလွန်အမင်းမြင့်မားလာခဲ့သည်။

ဤကဲ့သို့အချိန်မျိုးတွင်ဆေးပညာရှင်များသည် ဤဆေးပင်နေရာတွင် တခြားအရာများနှင့်အစားထိုးရန် ကြိုးစားကြတော့သည်။

သို့ရာတွင် တချို့သော အထူးဆေးလုံးများတွင် အလွန်အမင်းတင်းကျပ်သော ဆေးမယ်များလိုအပ်ကာ မိုးကြိုးမီးနှင်းကြာပွင့်၏နေရာတွင် တခြားဆေးပင်များနှင့် အစားထိုး၍မရချေ။

ရေရှည်ကိုကြည့်ပါက တာယွီအင်ပါယာတွင် ကုန်သွယ်မှုဖြင့် စီးပွားရေးအရ အလွန်ဆိုးဝါးသောအခြေအနေသို့ ရောက်ရှိသွားနိုင်သည်။

ဤသည်မှာ မည်သည်ကြောင့် လုယွီသည် မာလင်းကြယ်နယ်မြေကို ပထမဆုံးတိုက်ခိုက်ရန်အတွက် ရွေးချယ်ခဲ့ရသည်ဟူသော အကြောင်းအရင်းပင်။

"ထန်စစ်တပ်က ဘာလို့ မိုးကြိုးတောင်ကြားမှာ ခုခံကာကွယ်မှုတစ်ခုတလေတောင် မထားတာလဲ"

လုယွီက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။

သို့ရာတွင် လုယွီသည် ဤကိစ္စ၏နောက်ကွယ်မှအကြောင်းအရင်းကို အလျှင်အမြန်ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။

စီးပွားရေးလုပ်ငန်းတစ်ခုသည် စစ်နည်းဗျူဟာအရ ကြီးမားသော အကျိုးသက်ရောက်မှုရှိသည်ကို မည်သူမဆို တွေ့မြင်နိုင်မည်မဟုတ်ချေ။

စစ်ဗိုလ်ချုပ်အများစုသည် နည်းဗျူဟာကျသောနယ်မြေတစ်ခုကိုသာ တွေ့မြင်နိုင်သည်။သူတို့သည် တိုက်ခိုက်လိုသည်ဖြစ်စေ ခုခံလိုသည်ဖြစ်စေ အချက်အချာကျသောနေရာများကိုသာ ကြည့်ရှု၍ရွေးချယ်လေ့ရှိသည်။

ထန်စစ်တပ်၏အင်အားသည် အကန့်အသတ်ရှိသဖြင့် မိုးကြိုးတောင်ကြားကို ကာကွယ်စောင့်ကြပ်ရန်အတွက် စစ်သားအမြောက်အများစေလွှတ်ထားရန်မှာ မဖြစ်နိုင်​ချေ။

"ငါ မကြာခင် ပြန်လာခဲ့မယ်....မင်းတို့ကောင်တွေက ငါ မင်းတို့ကို ပေးထားတဲ့ ဝင်္ကပါဖွဲ့စည်းပုံအတိုင်း ဆက်ပြီးခင်းကျင်းထားကြစမ်း...ငါ မင်းတို့ကို အမိန့်မပေးမချင်း မင်းတို့ ရပ်တန့်လို့မရဘူး"

လုယွီက အမိန့်ပေးလိုက်သည်။

"နားလည်ပါပြီ"

လူတိုင်း တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။

....

မာလင်းကြယ်နယ်မြေ...မိုးကြိုးတောင်ကြား..

ဤတောင်ကြားသည် နက်ရှိုင်းသောတောအုပ်ကြီးတစ်ခုအတွင်း၌ ပုန်းကွယ်၍တည်ရှိနေသည်။

ဤတောအုပ်ကြီး၏အထက်ရှိ မိုးကောင်းကင်ယံအတွင်းတွင် ထူထပ်သိပ်သည်းသော မြူခိုးများ လွှမ်းခြုံနေသည်။ဤသည်မှာ အမှန်အားဖြင့် သဘာဝယင်ဝင်္ကပါတစ်ခုပင်။ဤနေရာ၌ ယင်ချီများ အလွန်ပေါကြွယ်ဝသဖြင့်အချိန်များကြာညောင်းလာချိန်တွင် ထူထပ်သိပ်သည်းသောမြူခိုးများ ထွက်ပေါ်လာခဲ့သည်။

မိုးကောင်းကင်ယံအတွင်း၌ နေမင်းကြီးထွန်းလင်းတောက်ပနေသည့်တိုင် နေရောင်ခြည်သည် ထိုမြူခိုးများကိုဖြတ်သန်း၍ ဤနယ်မြေပေါ်သို့ ကျရောက်နိုင်ခြင်းမရှိချေ။

လုယွီသည် မိုးကြိုးတောင်ကြား၏အထက်ရှိမိုးကောင်းကင်ယံအတွင်း၌ ပျံသန်းနေကာ ချက်ချင်းဆိုသလိုပင် သူ့၏ပတ်ဝန်းကျင် အေးစက်လာသည်ကို သူ ခံစားမိလေ၏။

အဝေးတစ်နေရာ၌ တိမ်စိုင်များအတွင်းထိမြင့်မားသော မီးတောင်ကြီးတစ်တောင်ရှိနေကာ မိုးကြိုးပစ်ခတ်သံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်နေသည်။

"မိုးကြိုးမီးနှင်းကြာပွင့် ရှင်သန်ကြီးထွားတဲ့ပတ်ဝန်းကျင်က အရမ်းကြမ်းတမ်းတယ်...ဒါက အရမ်းအေးစက်တဲ့ ကုန်းမြေတစ်ခုရှိဖို့ လိုအပ်တဲ့အပြင် မိုးကြိုးနဲ့မီး စွမ်းအားနှစ်ခုလုံး ရှိနေဖို့လည်း လိုအပ်တယ်...ကောင်းကင်ဘုံနယ်မြေက ကြီးမားကျယ်ပြန့်ပေမယ့် အဲ့ဒီလိုမျိုးအခြေအနေတွေနဲ့ တိုက်ဆိုင်တဲ့နေရာဆိုလို့ ဒီနေရာတစ်ခုပဲရှိမှာကို ငါ စိုးရိမ်မိတယ်"

လုယွီသည် ထိုနေရာကိုတစ်ချက်ကြည့်ပြီးနောက် သူသည် မှန်ကန်သောနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိသွားသည်။

မိုးကြိုးလှိုင်းများက မြေပြင်ပေါ်သို့အဆက်မပြတ် ရိုက်ခတ်နေသည်။

အဝေးတစ်နေရာရှိ မီးတောင်သည် ဆူပွက်နေပေ၏။မိုးကောင်းကင်ယံအတွင်း၌ တိမ်မည်းများလွှမ်းခြုံနေကာ မိုးကြိုးလှိုင်းများကမိုးကောင်းကင်ယံမှ အဆက်မပြတ်ကျဆင်းနေသည်။

ဤသည်ကြောင့် ပတ်ဝန်းကျင်သည် ယခုကဲ့သို့အေးစက်ပြီးထိုင်းမှိုင်းသောနေရာမျိုး ဖြစ်နေလေ၏။

ပူပြင်းသောချော်ရည်များသည် မီးတောင်ပေါက်ဝမှနေ၍ ပတ်ဝန်းကျင်သို့ကျရောက်လာကာ ထူထပ်သိပ်သည်းသော တောအုပ်ကြီးသို့အရောက်တွင် ရပ်တန့်သွားသည်။ဤနေရာတွင်အလွန်အမင်းပူခြင်းနှင့်အလွန်အမင်းအေးစက်ခြင်းတို့ကို သိသာထင်ရှားစွာ တွေ့မြင်နိုင်သည်။ ဤသည်ကိုမှော်ဆန်သော မြင်ကွင်းတစ်ခုဟုပင် ပြောဆိုနိုင်ပေ၏။

တောအုပ်ကြီးအတွင်းမှနေ၍ စူးရှသောလေတိုးသံများကို ကြားနေရသည်။

ဤကဲ့သို့ပတ်ဝန်းကျင်မျိုးတွင် နတ်ဆိုးသားရဲတချို့ရှိနေကာ အခွင့်ကောင်းတခုကိုရှာဖွေ၍ လှုပ်ရှားရန်အတွက် ချောင်းမြောင်းနေမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

လုယွီသည် မိုးကောင်းကင်ယံအတွင်း၌ မြင့်မားသောနေရာတွင် ပျံသန်းနေသည်။သူသည် အလွန်သိသာထင်ရှားစွာရှိနေသောကြောင့် အစွမ်းထက်သောနတ်ဆိုးသားရဲ့အမြောက်အများက သူ့ကို ပစ်မှတ်ထားနေလေ၏။

"မသေချင်တဲ့ကောင်တွေအားလုံး ထွက်သွားကြစမ်း"

လုယွီက သူ့၏နတ်ဘုရားစိတ်အာရုံကို ထုတ်ဖော်အသုံးပြုကာ ဖြန့်ကျက်လိုက်သည်။

သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့် ရုပ်ခန္ဓာကိုယ်ခွန်အားနှင့် မြေကမ္ဘာအင်မော်တယ် အထွတ်အထိပ်အဆင့် မှော်စွမ်းအားများက ချက်ချင်းပွင့်အံ့ထွက်လာသည်။

ဤအချိန်အခိုက်အတန့်တွင် ထူထပ်သိပ်သည်းသောတောအုပ်ကြီးတစ်ခုလုံး ဆောင်းရာသီအတွင်းမှ ရှိခိုးကောင်များအလား တိတ်ဆိတ်ငြိမ်သက်သွားသည်။နတ်ဆိုးမှော်သားရဲများအားလုံးသည် မြေပြင်ပေါ်၌ ဝပ်တွားနေကြကာ သူတို့သည် ရှေ့သို့ခြေတစ်လှမ်းမတိုးဝံ့ကြတော့​ချေ။

Chapter 3875

အဝေးတစ်နေရာတွင်ရှိနေသော မိုးကြိုးတောင်ကြားကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်သည်။

တချွင်ချွင်အသံများကလည်း မီးတောင်ပေါက်ဝမှနေ၍ ထွက်ပေါ်နေသည်။တစ်စုံတစ်ယောက်သည် ထိုအသံများကို မိုင်အနည်းငယ်ဝေးကွာသောနေရာမှပင် ရှင်းရှင်းလင်းလင်းကြားနိုင်ပေမည်။

လုယွီသည် မီးတောင်၏အထက်ရှိ မိုးကောင်းကင်ယံအတွင်း၌ တိတ်တဆိတ်ပျံသန်းသွားလိုက်ရာ မီးတောင်အတွင်းရှိမြင်ကွင်းများကို ချက်ချင်းတွေ့မြင်လိုက်ရသည်။

ပူပြင်းသောအခိုးအငွေ့လှိုင်းများက မီးတောင်ပေါက်ဝမှနေ၍ ဖြာထွက်နေသည်။

မီးတောင်အတွင်း၌ ချော်ရည်များသည် ခေါက်တုံ့ခေါက်ပြန်စီးဆင်းနေကာ ပူနွေးသောလေလှိုင်းများက ထိုချော်ရည်များမှထွက်ပေါ်လာပြီး လေထုအတွင်းသို့မျောလွင့်သွားသည်။

မီးတောင်၏အထက်ရှိ လေဟာနယ်ပင်လျှင် သက်ရောက်ခြင်းခံရပုံဖြင့် ပြင်းထန်သောလှိုင်းဂယက်များ ထွက်ပေါ်နေလေ၏။

ဤကဲ့သို့ကြမ်းတမ်းသော ပတ်ဝန်းကျင်မျိုးတွင် မီးတောင်၏နံဘေးပတ်လည်၌ပျံသန်းကာ မိုးကြိုးမီးနှင်းကြာပွင့်များကို ခူးဆွတ်နေသောအ​စေခံတစ်စု အမှန်တကယ်ကိုရှိနေခဲ့သည်။

ထိုအစေခံများ၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်အားနည်းကာ သူတို့သည် ပါးလွှာသောအဝတ်အစားများကို ဝတ်ဆင်ထားသည်။သူတို့သည် ရိုးရှင်းသောမှော်စွမ်းအားဒိုင်းများကိုအသုံးပြု၍သာ ခြစ်ခြစ်တောက်ပူပြင်းသောလေလှိုင်းများကို ကာကွယ်နေရလေ၏။

ဤအချိန်အခိုက်အတန့်တွင် အစေခံတစ်ယောက်၏နဖူးပေါ်၌ ချွေးများရွှဲနစ်နေကာ သူ့၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် အကန့်အသတ်အခြေအနေသို့ ရောက်ရှိသွားလေပြီ။သူသည်မိုးကောင်းကင်ယံအတွင်းမှ အောက်သို့ပြုတ်ကျသွားတော့သည်။

"ဝုန်း...."

သူသည် ချော်ရည်များအတွင်းသို့ ကျရောက်သွားသဖြင့် သူ၏ခြေထောက် ချက်ချင်းအရည်ပျော်သွားသည်။သူသည် ကျယ်လောင်စွာတစ်ချက်အော်ဟစ်ပြီးနောက် သူ့၏ခန္ဓာကိုယ်တစ်ခုလုံးသည် အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားပေ၏။

"မြန်မြန်အလုပ်လုပ်ကြစမ်း...ပျင်းရိမနေကြနဲ့"

"မင်းတို့ ဘာကို ကြည့်နေတာလဲ...အဲ့ဒီနေရာမှာ မင်း ဖြစ်ချင်လို့လား"

အစေခံများ၏နံဘေးတွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော ကျင့်ကြံသူတချို့ရှိနေကာ သူတို့၏လက်များအတွင်း၌ ကြာပွတ်ရှည်များကိုကိုင်ဆောင်ထားပြီး အဆက်မပြတ်စောင့်ကြည့်နေသည်။

သူတို့သည် ကြိုးစားပမ်းစားအလုပ်မလုပ်သော အစေခံတစ်ယောက်ကို မြင်တွေ့သည်နှင့် သူတို့၏လက်များအတွင်းမှ ကြာပွတ်များဖြင့် ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည်။သူတို့သည် ထိုအစေခံများ၏နောက်ကျောများစုတ်ပြတ်သတ်သည့် အခြေအနေမျိုးထိ ရိုက်နှက်လေ၏။ထိုအချိန်ကျမှသာ သူတို့သည် အစေခံများအားရိုက်နှက်မှုကို ရပ်တန့်ကြသည်။

မိုးကြိုးမီးနှင်းကြာပွင့်များကို ခူးဆွတ်ရသည်မှာ လွယ်ကူသောကိစ္စတရပ်မဟုတ်ချေ။

ဤကဲ့သို့ အဖိုးတန်ဆေးပင်မျိုးသည် ကောင်းကင်နှင့်မြေပြင်အကြားမှ စိတ်ဝိညာဉ်ပစ္စည်းတစ်ခုဖြစ်သည်။ထိုအရာများသည် ပေါက်ဖွားလာသော အချိန်အခိုက်အတန့်မှာပင် အသိစိတ်တစ်စွန်းတစ်စပါရှိသည်။

မိုးကြိုးမီးနှင်းကြာပွင့်အများစုသည် မီးတောင်၏တောင်နံရံများအတွင်းတွင် နက်ရှိုင်းစွာပုန်းကွယ်နေလေ့ရှိသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် မိုးကြိုးမီးနှင်းကြာပွင့်များကို ခူးဆွတ်လိုပါက တောင်နံရံများကိုဖြတ်တောက်ကာ ထိုအရာများကို ထုတ်ယူရပေမည်။ထို့နောက် သူတို့သည် အစေ့များကို ထိုတောင်နံရံ၏ အက်ကွဲကြောင်းများအတွင်းသို့ ပြန်ထည့်ကာ မြေကြီးများဖြင့်ဖုံးအုပ်ရပေမည်။

ဤလုပ်ငန်းစဉ်ကို လုပ်ဆောင်သောလူများသည် အလွန်အမင်း သတိကြီးစွာထားရန်လိုအပ်သည်။အကယ်၍ ထိုလူများသည် သတိလက်လွတ်ဖြစ်ကာ မိုးကြိုးမီးနှင်းကြာပွင့်၏ဖွဲ့စည်းတည်ဆောက်ပုံကို ဖျက်ဆီးလိုက်သကဲ့သို့ဖြစ်သွားပေမည်။

ဤနေရာရှိ အစေခံများသည် တာဝန်မပြီးဆုံးမချင်း ပြင်ပသို့ထွက်ခွင့်မရှိချေ။

"အမှိုက်တသိုက်ပဲ...ကြည့်ရတာတော့ ဒီနှစ်အတွက် ထောက်ပံ့မှုက လုံလောက်မယ့်ပုံမရဘူး"

အဖြူရောင်ဝတ်စုံဝတ်တပည့်များ၏ခေါင်းဆောင်က အော်ဟစ်ကြုံဝါးလိုက်၏။

"စီနီယာအစ်ကိုကြီး...ဂိုဏ်းကနေပြီးတော့ တခြားဂိုဏ်းငယ်လေးတွေကို ဖျက်ဆီးဖို့ လူတွေလွှတ်လိုက်ပြီ...ငါအထင်တော့ တခြားအစေခံအုပ်စုတစ်ခု မကြာခင် ရောက်လာလိမ့်မယ်"

"ဒါဆိုရင်လည်း သူတို့ကို အရှိန်မြှင့်ပြီးလုပ်ခိုင်းလိုက်စမ်း....ဒီတစ်ခေါက် ဖမ်းလာတဲ့အ​စေခံတွေက အရမ်းနှေးကွေးတာပဲ"

အဖြူရောင်ဝတ်စုံဝတ် တပည့်ခေါင်းဆောင်က တင်းမာခက်ထန်သောလေသံဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် ခရမ်းရောင်အလင်းတန်းတစ်တန်းက သူ့၏မျက်လုံးအတွင်း၌ ရုတ်တရက်ဖြတ်ပြေးသွားသည်။

"မင်းတို့ကောင်တွေ ဒီနေရာမှာနေပြီး အရင်ဆုံး စောင့်ကြည့်ထားကြစမ်း...ငါ့မှာ လုပ်စရာကိစ္စတစ်ခု ရှိနေတယ်...ဒါကြောင့် ငါက ဂိုဏ်းဆီကိုခဏလောက်ပြန်လိုက်ဦးမယ်"

တပည့်ခေါင်းဆောင်က ပြောဆိုသည်။

"ဟုတ်ကဲ့ပါ စီနီယာအစ်ကိုကြီး"

တပည့်ခေါင်းဆောင် မည်သည့်နေရာသို့သွားမည်ကို မည်သူကမျှ ဂရုမစိုက်ကြချေ။ထိုတပည့်ခေါင်းဆောင်၏မျက်လုံးများ ခရမ်းရောင်သို့ ပြောင်းလဲသွားသည်ကိုလည်း မည်သူကမျှ သတိမပြုမိပေ။

လုယွီသည် သီရှား၏ပုံစံခုနစ်ဆယ့်နှစ်မျိုး ပြောင်းလဲခြင်းနည်းစနစ်ကို အသုံးပြုခဲ့သည်။ သူသည် ဖုန်မှုန့်တစ်ခုအသွင်သို့ ပြောင်းလဲကာ ထိုတပည့်ခေါင်းဆောင်၏ပခုံး၌ တွယ်ကပ်လိုက်၏။

ထို့နောက် သူ့၏စိတ်ဝိညာဥ်မှစွမ်းအားဖြင့် ထိုတပည့်ခေါင်းဆောင်ကို ထိန်းချုပ်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် မှတ်ဉာဏ်အမြောက်အများက လုယွီ၏စိတ်အတွင်းသို့ တိုးဝင်လာသည်။

ဤလူ၏နာမည်သည် ချမ်ရှန်းဖြစ်ပြီး သူသည်နာမည်ကျော်ကြားသော နတ်ဆိုးဂိုဏ်းဖြစ်သည့် နတ်ဆိုးဘုရင်တောင်ကြားမှ တပည့်တစ်ယောက်ပင်။

နတ်ဆိုးဘုရင်တောင်ကြားသည် ယခုလက်ရှိချိန်တွင် မာလင်ကြယ်နယ်မြေပေါ်၌ နာမည်ကျော်ကြားလာသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။

သူတို့သည် မာလင်ကြယ်နယ်မြေပေါ်ရှိ ဆေးဥယျာဥ်အမြောက်အများကိုထိန်းချုပ်ကာ ကြယ်နယ်မြေတစ်ခုလုံးပေါ်ရှိ ဆေးပင်များထုတ်လုပ်မှုကို လက်ဝါးကြီးအုပ်ထားသဖြင့် အကျိုးအမြတ်များစွာ ရရှိထားသည်။

ထိုမျှသာမက နတ်ဆိုးဘုရင်တောင်ကြားမှ တပည့်များသည် အလွန်အမင်းရက်စက်ကြမ်းကြုတ်ပေ၏။သူတို့၏ရည်မှန်းချက်ပန်းတိုင် အောင်မြင်ရန်အတွက် ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်ကြသည်။ထိုဂိုဏ်းမှတပည့်များသည် အနီးအနားရှိဂိုဏ်းများကို မကြာခဏကျူးကျော်တိုက်ခိုက်ကာ ဖျက်ဆီးခဲ့သည်။သူတို့သည် တခြားဂိုဏ်းများမှလူများကို ကျွန်များအဖြစ်ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်လေ၏။

Chapter 3876

ချမ်ရှန်းသည်လည်း နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပင်။

သူသည် နတ်ဆိုးဘုရင်တောင်ကြားသို့ မဝင်ရောက်မီအချိန်တွင် လေဟာနယ်ဓားပြတစ်ယောက် ဖြစ်ခဲ့သည်။နောက်ပိုင်းတွင် သူသည် အုပ်ချုပ်ရေးရုံးတော်၏ ဝရမ်းထုတ်ခြင်းကို ခံရလေ၏။ထို့ကြောင့် သူသည် ကူကယ်ရာမဲ့စွာဖြင့် နတ်ဆိုးဘုရင်တောင်ကြားသို့ ဝင်ရောက်ခဲ့ရသည်။

ထို့နောက် ချမ်ရှန်းသည် သူ့၏ရက်စက်ယုတ်မာမှုနှင့်ဆုံးဖြတ်ချက်ပြတ်သားမှုတို့ကို မှီခို၍ အချိန်တိုအတွင်းမှာပင် နတ်ဆိုးဘုရင်တောင်ကြားမှ တောင်ကြားသခင်၏တပည့်ရင်းတစ်ယောက် ဖြစ်လာခဲ့သည်။

ချမ်ရှန်းအဆင့်အတန်းသည် တဖြည်းဖြည်းမြင့်တက်လာသည်နှင့်အမျှ သူ့၏စိတ်အခြေအနေသည်လည်း ပို၍မောက်မာထောင်လွှားလာသည်။

တာယွီအင်ပါယာနှင့်ထန်အင်ပါယာတို့ စစ်ပွဲဖြစ်ပွားချိန်တွင် အုပ်ချုပ်ရေးရုံးတော်၏အစောင့်တပ်များ အဝေးသို့ထွက်ခွာသွားသဖြင့် မူလက ဖိနှပ်ခံထားရသော ဂိုဏ်းတချို့သည် စတင်၍ထကြွလာပေ၏။

အထူးသဖြင့် မာလင်းကြယ်နယ်မြေကို ထန်စစ်တပ်မှ သိမ်းပိုက်ပြီးနောက် ကြယ်နယ်မြေတစ်ခုလုံး ဖရိုဖရဲအခြေအနေအတွင်းသို့ ကျရောက်သွားသည်။

တာယွီအင်ပါယာမှအရာရှိများသည် ထန်အင်ပါယာထံတွင် အညံ့ခံလိုက်ခြင်း ထွက်ပြေးခြင်းသို့မဟုတ် တိုက်ပွဲတွင်သေဆုံးသွားခြင်း စသည်တို့ တစ်ခုမဟုတ်တစ်ခုဖြစ်သွားခဲ့သည်။ထန်စစ်တပ်သည် ဤကြယ်နယ်မြေကို လွှဲပြောင်းယူပြီးနောက် ကြယ်နယ်မြေသခင်အိမ်တော်၏ပရဝုဏ်အတွင်းကို စောင့်ကြပ်ရန်သာ စစ်သားများစေလွှတ်ခဲ့ပြီး တခြားနေရာများကို ဂရုစိုက်ခြင်းမရှိချေ။

ရလဒ်အနေဖြင့် ပြင်ပဂိုဏ်းအင်အားစုများသည် လှုပ်ရှားလာကြကာ အချိန်အတော်ကြာဖုံးကွယ်ထားခဲ့သော သူတို့၏အစွယ်များကို ထုတ်ဖော်လိုက်ကြသည်။

ချမ်ရှန်း၏မှတ်ဥာဏ်များအရ လုယွီသည် ထိုမြင်ကွင်းများကို ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရသည်။ဤလူသည် ကိုယ်ရေးကိုယ်တာရန်ငြိုးတစ်ခုအတွက်ဖြင့် သူ့၏ရန်သူမိသားစုတစ်စုလုံးကို သတ်ဖြတ်ခဲ့သည်။သူသည် အပြစ်ကင်းစင်သောကလေးတစ်ယောက်ကိုပင် အလွတ်ပေးခဲ့ခြင်းမရှိချေ။ထို့ပြင် သူ့၏ရန်သူများ နေထိုင်သော မြို့ကိုလည်း သက်ရောက်မှုရှိစေကာ အပြစ်ကင်းစင်သော မြို့သူမြို့သားတချို့ကိုလည်း လက်လွတ်စပယ်သတ်ဖြတ်ခဲ့သည်။

သူသည် လေဟာနယ်ဓားပြဖြစ်နေစဉ်အချိန်ကတည်းက ရေးမှတ်ထားရန် ခက်ခဲသည်အထိ များပြားသောသွေးကြွေးရန်ငြိုးများရှိခဲ့သည်။

ဤကဲ့သို့လူတစ်ယောက်သည် အုပ်ချုပ်ရေးရုံးတော်၏ ဝရမ်းထုတ်ထားခံရသောစာရင်းမှ အလိုရှိသူတစ်ယောက်ပင်။

"မိုးကြိုးမီးနှင်းကြာပွင့်လို စစ်နည်းဗျူဟာကျတဲ့ အရင်းအမြစ်မျိုးကို နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းက တကယ်ကြီး ထိန်းချုပ်ထားတာပါလား...ဒါက တော်တော်ဆိုးရွားတဲ့ကိစ္စပဲ"

လုယွီက ကူကယ်ရာမဲ့စွာဖြင့် သူ့၏ခေါင်းကိုခါယမ်းလိုက်၏။

ဤကဲ့သို့ အဖိုးတန်သောဆေးပင်တစ်မျိုးကို ပြင်ပကျင့်ကြံခြင်းလောကရှိ ဂိုဏ်းတစ်ဂိုဏ်းမှထိန်းချုပ်ကာ လက်ဝါးကြီးအုပ်ထားခဲ့သည်။ထို့နောက် သူတို့သည် ဤဆေးပင်၏ဈေးနှုန်းကိုမြှင့်တင်ကာ ကံကြမ္မာကောင်းတစ်ခုကို ရှာဖွေခဲ့လေ၏။

လုယွီ၏ထိန်းချုပ်မှုအောက်တွင် ချမ်ရှန်းသည် အလွန်လျင်မြန်စွာဖြင့် နတ်ဆိုးဘုရင်တောင်ကြားဂိုဏ်းသို့ဦးတည်၍ ပျံသန်းသွားခဲ့သည်။

ဤဂိုဏ်းကို အလွန်အမင်းကွယ်ဝှက်၍ တည်ဆောက်ထားသည်။ဤဂိုဏ်းကို အမှန်တကယ်ကိုပင် ဟောင်းနွမ်းစုတ်ပြတ်နေသော ဘုရားကျောင်းတစ်ခုအတွင်း၌ ကွယ်ဝှက်ထားလေ၏။ဤနေရာကို အပြင်ပန်းကြည့်ပါကာဗုဒ္ဓဘုရားကျောင်းတစ်ခုနှင့် တူညီသော်လည်း အတွင်းတွင်မူ တခြားကမ္ဘာလောကတစ်ခုရှိနေသည်။

ဘုရားကျောင်း၏အနောက်ဖက်ခြံဝန်းမှ လျှောက်လှမ်းသွားပါက ကျယ်ပြန့်သောတောင်ကြားတစ်ခုအတွင်းသို့ ရောက်ရှိသွားပေမည်။

အပေါ်ယံတွင် ဘုရားကျောင်းအတွင်း၌ ဗုဒ္ဓအလင်းတန်းများနှင့် တောက်ပနေကာ မြင့်မြတ်ပြီး တည်ကြည်လေးနက်သည်။သို့ရာတွင်အကယ်၍ တစ်စုံတစ်ယောက်သည် တောင်ကြားအတွင်းသို့ ခြေချလိုက်ပါက ထူထပ်သိပ်သည်းသော ယင်စွမ်းအားများကို ခံစားရမည်ဖြစ်ကာ ထိုလူ၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားပေမည်။

အဖြူရောင်အရိုးများကို မြေပြင်ပေါ်ရှိ နေရာအနှံ့အပြား၌ တွေ့မြင်နိုင်သည်။တောင်ကြားအတွင်းရှိ တောင်နံရံပေါ်တွင် အလောင်းတစ်လောင်းကို ချိတ်ဆွဲထားလေ၏။

ချမ်ရှန်းသည် ဤနေရာသို့ လျှောက်လှမ်းလာသော လမ်းတလျှောက်လုံးတွင် သူ့ကိုမြင်တွေ့သည့် မည်သူမဆို သူ့အား ဦးညွှတ်အရိုအသေပြုကြသည်။

"စီနီယာအစ်ကိုကြီး..."

"စီနီယာအစ်ကိုကြီးကို အရိုအသေပြုပါတယ်"

ချမ်ရှန်းကိုကြည့်နေသော ထိုတပည့်များ၏မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ရှိနေသည်။

တောင်ကြားသခင်၏တပည့်ရင်းဖြစ်သော ချမ်ရှန်း၏အဆင့်အတန်းသည် နတ်ဆိုးဘုရင်တောင်ကြား၌ လူအများ၏အထက်တွင်ရှိသည်ဟုပြောဆိုနိုင်သည်။

ထိုတပည့်များသည် သူ့အား စီနီယာအစ်ကိုကြီးဟု နာမည်တပ်‌ခေါ်ဆိုနေကြသော်လည်း အကယ်၍ ချမ်ရှန်းသည် ဒေါသထွက်သွားပါက သူတို့အတွက် အဆုံးသတ်ကောင်းမည်မဟုတ်ချေ။

တချိန်က ချမ်ရှန်းကို သူ့၏ကိုယ်ပိုင်ခွန်အားဖြင့်စိန်ခေါ်ဝံ့သော အတွင်းစည်းတပည့်တစ်ယောက်ရှိခဲ့ဖူးသည်။

သို့ရာတွင် ချမ်ရှန်းသည် ပြင်ပကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်းများစွာကြာအောင် ကျင်လည်ကျက်စားခဲ့သော ရုန့်ရင်းကြမ်းတမ်းသူတစ်ယောက်ဖြစ်မည်ဟု ထိုအတွင်းစည်းတပည့်သည် မည်သည့်ကြောင့် မျှော်လင့်ထားမိမည်နည်း။မည်သည်နည်းဖြင့် သူ့၏ခေါင်းထက်သို့ တစ်စုံတစ်ယောက်မှ တက်နင်းလာမည်ကို သူ သည်းခံနိုင်မည်နည်း။ချမ်ရှန်းသည် ထိုအတွင်းစည်းတပည့်ကို ညတွင်းချင်းသတ်ဖြတ်ကာ ထိုတပည့်၏မိသားစုကိုလည်း ရှာဖွေခဲ့သည်။သူသည် ထိုအတွင်းစည်းတပည့်၏မိသားစုတစ်စုလုံးကို သတ်ဖြတ်ကာ သူတို့၏အလောင်းများအားလုံးကို နတ်ဆိုးဘုရင်တောင်ကြားအတွင်း၌ ချိတ်ဆွဲထားခဲ့သည်။

ထိုလုပ်ရပ်များကို ပြုလုပ်ခဲ့သည့်အတိုင်း ချမ်ရှန်းသည် အပြစ်ပေးခြင်းမခံရချေ။ထိုအစား နတ်ဆိုးဘုရင်တောင်ကြားသခင်သည် သူ့အား ပို၍ပင် သဘောကျနှစ်ခြိုက်လာခဲ့သည်။

ချမ်ရှန်းက မေးမြန်းသည်။

"ဆရာသခင် ဘယ်နေရာမှာရှိနေလဲ"

"တောင်ကြားသခင်က ပင်မခန်းမထဲမှာ ကျီးကန်းနက်ဘုရင်နဲ့ စကားပြောနေပါတယ်"

ထိုတပည့်က အလျင်စလိုပြောဆိုသည်။

"ကောင်းပြီလေ"

ချမ်ရှန်းသည် ခေါင်းညိတ်ပြပြီးနောက် ခြေလှမ်းကျဲကြီးများနှင့် ပင်မခန်းမထံသို့ဦးတည်၍ ထွက်ခွာသွားတော့သည်။

နတ်ဆိုးဘုရင်တောင်ကြားအတွင်း၌ ပုန်းကွယ်နေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများရှိသော်လည်း ချမ်ရှန်းကိုမြင်တွေ့ချိန်တွင် သူ့အား တားဆီးဟန့်တားရန်အတွက် မည်သူတစ်ဦးတစ်ယောက်မျှ ထွက်လာခြင်းမရှိချေ။

Chapter 3877

ပင်မခန်းမအတွင်း၌....

နတ်ဆိုးဘုရင်တောင်ကြားသခင်နှင့် အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်သည် ခေါင်းဆောင်ထိုင်ခုံများ၌ထိုင်ကာ တစ်စုံတစ်ခုကို တိုင်ပင်ဆွေးနွေးနေကြသည်။

အနက်ရောင်ဝတ်စုံဝတ်လူ၏မျက်လုံးများသည် စိမ်းပြာရောင်ရှိကာ သာမန်လူသားတစ်ယောက်၏မျက်လုံးများနှင့် လုံးလုံးလျားလျားကွဲပြားခြားနားသည်။သူ့၏ခန္ဓာကိုယ်သည် အလွန်တုတ်ခိုင်သန်မာကာ သာမန်လူသားတစ်ယောက်ထက် အဆများစွာပို၍ သန်မာအားကောင်းသည်။သူ့၏စကားလုံးများအတွင်းတွင် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။

သူသည် မာလင်းကြယ်နယ်မြေရှိ နတ်ဆိုးမှော်သားရဲများ၏ခေါင်းဆောင် ကျီးကန်းနက်ဘုရင်ပင်။

"ကျီးကန်းနက်ဘုရင် ငါတို့ မတွေ့တာ အချိန်အတော်ကြာနေပြီ....ဒီနေ့ကျမှ မင်း ဘာလို့ ရုတ်တရက်ကြီး လာလည်တာလဲ"

နတ်ဆိုးဘုရင်တောင်ကြားအရှင်မှ မေးမြန်းသည်။

နတ်ဆိုးဘုရင်တောင်ကြားအရှင်သည် ရုန့်ရင်းကြမ်းတမ်းသော စိတ်နေသဘောထားရှိသည့် လူလတ်ပိုင်းကြီးတစ်ယောက်ပင်။သူ့အား မြင်တွေ့မိသော မည်သူမဆို သူသည် ပေါ့ပေါ့တန်တန်ဆက်ဆံ၍ရမည့် လူစားမျိုး မဟုတ်ကြောင်း သိရှိကြပေမည်။

ကျီးကန်းနက်ဘုရင်က ရယ်မောပြီးပြောဆိုသည်။

"တောင်ကြားအရှင်...မင်း ခုလောက်ထိ သိသာနေတဲ့ကိစ္စကို မေးနေတာလဲ...ငါ ဘာလို့ လာရတယ်ဆိုတာ မင်းက ငါ့ထက် ပိုသိမှာပါ....အန်းစီရင်စုရဲ့စီရင်စုသခင်မိသားစုတွေရဲ့ စိတ်ဝိညာဉ်တွေက မင်းရဲ့လက်ထဲမှာ မဟုတ်လား"

နတ်ဆိုးဘုရင်တောင်ကြားအရှင်၏မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

"ဒါက အမှန်ပဲ....အန်းစီရင်စုသခင်ရဲ့မိသားစုကို ငါ သတ်ဖြတ်ခဲ့မှတော့ သူတို့ရဲ့စိတ်ဝိညာဉ်တွေက ငါ့ရဲ့လက်ထဲမှာရှိနေတာ ပုံမှန်ကိစ္စပဲလေ... ဒါပေမဲ့ မင်းက ဘာလို့ သူ့ရဲ့စိတ်ဝိညာဉ်ကို လိုချင်နေတာလဲ"

"ဟား ဟား ဟား...ဘာလို့လဲ ဟုတ်လား...အန်းစီရင်စုသခင်ဆိုတဲ့ကောင်က ငါ့ကို ခြုံခိုတိုက်ခိုက်ပြီးတော့ အကျဉ်းထောင်ထဲမှာ နှစ်သုံးဆယ်ပိတ်လှောင်ထားခဲ့တယ်...ငါ အဲ့ဒီနှစ်သုံးဆယ်လုံး တရက်မှ အလင်းရောင်ကိုလမမြင်တွေ့ခဲ့ရဘူး....ဒါတွေအားလုံးက အဲ့ဒီခွေးမသားကြောင့်ပဲ...ငါက ဘာလုပ်ချင်တယ်လို့ မင်း ထင်လဲ"

ကျီးကန်းနက်ဘုရင်၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ် ထွက်ပေါ်လာသည်။

"ငါက သူ့ကို ငါ့ရဲ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့ချင်တယ်...သူက ငါ့ရဲ့လက်ထဲမှာ နာကြင်မှုကိုခံစားပြီးတော့ သေပါရစေလို့ တောင်းပန်တဲ့အထိ ငါ လုပ်ပြမယ်"

"ငါ မင်းကို ဖိအားမပေးချင်ဘူး...ငါကို တန်ကြေးတစ်ခုပြောပြီးတော့ သူတို့မိသားစုတစ်စုလုံးရဲ့စိတ်ဝိညာဥ်တွေ ငါ့ဆီကို လွှဲပြောင်းပေးပါ"

နတ်ဆိုးဘုရင်တောင်ကြားအရှင်သည် အချိန်တခဏကြာ စဉ်းစားတွေးတောပြီးနောက် ရုတ်တရက် အပြုံးနှင့်ပြောဆိုသည်။

"ကျီးကန်းနက်ဘုရင် အရင်ကတည်းက မင်းနဲ့ငါ က မိတ်ဆွေတွေဖြစ်ခဲ့တာပဲ....တန်ကြေးတစ်ခုတောင်းဆိုဖို့ဆိုတာ အရမ်းရိုင်းပြရာကျတယ်... ဒါက စိတ်ဝိညာဥ်လေး တချို့ပဲလေ...ငါ သူတို့ကို မင်းဆီပေးဖို့ ကပ်တွက်နေမှာမဟုတ်ဘူး"

ထိုသို့ပြောဆိုပြီးနောက် နတ်ဆိုးဘုရင်တောင်ကြားအရှင်သည် ခန်းမအတွင်းရှိတစ်နေရာကိုဦးတည်၍ လက်ဖြင့်ဆွဲဆုပ်သည့် သင်္ကေတမျိုး ပြုလုပ်လိုက်သည်။

ထိုနေရာမှ လေဟာနယ်သည် ရုတ်တရက် ကျွံ့ဝင်သွားကာ အလွန်နက်ရှိုင်းသောကျင်းနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုကျင်းနက်ကြီး၏နောက်တွင် နောက်ထပ်ကြေးချွတ်သန့်စင်ဘုံ လေဟာနယ်တခုရှိနေလေ၏။

အနက်ရောင်လေဟာနယ်အတွင်းတွင် စိတ်ဝိညာဉ်များ မျောလွင့်နေကာ စူးရှနာကျင်စွာအော်ဟစ်နေကြသည်။ဤသည်မှာ အလွန်တုန်လှုပ်​ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

"ဒါကနာတယ်...ဒါက အရမ်းနာတယ်...ကျေးဇူးပြုပြီးတော့ ငါ့ကို သတ်လိုက်ပါ"

"ငါ့ကို အပြင်ထုတ်ပေးကြပါ...ငါက မင်းတို့ဆီမှာ လက်အောက်ခံဖို့ လိုလားပါတယ်"

ထိုငိုကြွေးမြည်တမ်းသံများကိုကြားချိန်တွင် နတ်ဆိုးဘုရင်တောင်ကြားအရှင်က အေးစက်စက်နှာတစ်ချက် မှုတ်လိုက်သည်။သူသည် သူ၏လက်ကိုဆန့်တန်းကာ ဆွဲဆုပ်လိုက်၏။စိတ်ဝိညာဉ်ဆယ်ကောင်ကျော်က ချက်ချင်းဆိုသလိုပင် သူ့၏လက်အတွင်းသို့ ကျရောက်လာသည်။

သူ့၏လက်အတွင်း၌ ထိုစိတ်ဝိညာဥ်များသည် ကြိုးများဖြင့် ချည်နှောင်ထားခြင်းခံရပုံရကာ လှုပ်ရှားနိုင်ခြင်းမရှိချေ။

ထိုစိတ်ဝိညာဥ်ဆယ်ကောင်ကျော်တွင် အမျိုးသားနှင့်အမျိုးသမီးများ ပါဝင်သည်။ထိုစိတ်ဝိညာဥ်များအနက်မှတချို့သည် ကြောင်စီစီဖြစ်နေကာ ပြိုလဲလုဆဲဆဲ အခြေအနေအထိ ညှဉ်းပန်းနှိပ်စက်ခြင်း ခံထားရသည်။

ကျီးကန်းနက်ဘုရင်သည် ထိုစိတ်ဝိညာဉ်များအကြားမှ လူတစ်ယောက်ကိုမြင်တွေ့ချိန်တွင်ရုတ်တရက်ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး ပြောဆိုလိုက်၏။

"အန်းစီရင်စုသခင်...ငါ အကျဉ်းထောင်ကို ဖောက်ထွက်ခဲ့တဲ့အချိန်တုန်းက မင်းက အနှေးနဲ့အမြန် ငါ့ရဲ့လက်ထဲကို ကျရောက်ရလိမ့်မယ်လို့ ငါ ပြောခဲ့တယ် မဟုတ်လား"

ထိုသို့ပြောဆိုပြီးနောက် ကျီးကန်းနက်ဘုရင်သည် သူ့၏လက်ကိုမြှောက်ကာ ထိုစိတ်ဝိညာဥ်များကို ဆွဲဆုပ်လိုက်သည်။

သို့သော် ထိုအချိန်အခိုက်အတန့်မှာပင် နတ်ဆိုးဘုရင်တောင်ကြားအရှင်သည် ရုတ်တရက် သူ့၏လက်ကို ပြန်ရုတ်သိမ်းလေသည်။

"တောင်ကြားအရှင်....ဒါက ဘာသဘောလဲ"

ကျီးကန်းနက်ဘုရင်က မျက်မှောင်ကြုတ်လိုက်သည်။

နတ်ဆိုးဘုရင်တောင်ကြားအရှင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"ငါက မင်းကို ဒီစိတ်ဝိညာဉ်တွေ ပေးနိုင်တယ်....ဒါပေမဲ့ မင်းရဲ့အကူအညီလိုအပ်တဲ့ကိစ္စတစ်ခု ငါ့မှာ ရှိနေတယ်"

ကျီးကန်းနက်ဘုရင်၏မျက်နှာ သုန်မှုန်သွားသည်။

"မင်းက ငါ့ကို ဘာကိစ္စအတွက် ကူညီပေးစေချင်တာလဲ"

"ဒီမနက်ခင်းမှာ တာယွီစစ်သားတွေက မာလင်းကြယ်နယ်မြေပေါ်က ထန်စစ်သားတွေကို တန်ပြန်တိုက်ခိုက်ခဲ့ပြီးတော့ ကြယ်နယ်မြေအရှင်သခင်အိမ်တော်မှာ တပ်စွဲထားခဲ့တယ်...အခု ကြယ်အိမ်တော်တစ်ခုလုံးဖရိုဖရဲဖြစ်နေတဲ့ကိစ္စကို မင်း သိလား"

ကျီးကန်းနက်ဘုရင်က အထင်အမြင်သေးစွာ ပြောဆိုလိုက်၏။

"ဒီကိစ္စကို ငါ သိတာပေါ့...ဒါပေမဲ့အဲဒါက စစ်တပ်နှစ်ခုကြားကတိုက်ပွဲတစ်ခုလေ..မင်းတို့ငါတို့နဲ့ ဘာသက်ဆိုင်လို့လဲ...သူတို့ဟာ သူတို့ဆန္ဒရှိတဲ့အတိုင်း လုပ်ကြပါစေ"

ပြင်ပကျင့်ကြံခြင်းလောကရှိ ဂိုဏ်းအများစု၏အမြင်၌ ထန်အင်ပါယာနှင့်တာယွီအင်ပါယာတို့သည် များစွာကွဲပြားခြားနားခြင်းမရှိချေ။

ကျင့်ကြံခြင်းနိုင်ငံများ၏တော်ဝင်နန်းတွင်းများနှင့် ပြင်ပဂိုဏ်းအင်အားစုများသည် မကျေအေးနိုင်သောရန်သူတော်များဖြစ်ရန် ကံကြမ္မာရှိပြီးဖြစ်ရာ သူတို့အကြားတွင် ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ရန်မှာ မဖြစ်နိုင်​ချေ။

All Chapters