အခန်း (၃၈၈၂-၃၈၈၅)
Vol. 197 Ch. 3882-3885
Chapter 3882
မကြာမီမှာပင် ထူထပ်သိပ်သည်းသော ဆေးရနံများက ဘဏ္ဍာတိုက်အတွင်းမှ ထွက်ပေါ်လာသည်။
လုယွီသည် ဘဏ္ဍာတိုက်အတွင်း၌ သူ့ကိုယ်သူလှောင်ပိတ်ကာ တံခါးပိတ်ထားပြီး ဆေးလုံးများဖော်စပ်၍ သူ့၏ဒဏ်ရာများကို ပြန်လည်ကုသရန် ပြင်ဆင်လိုက်သည်။
သူ့၏ဒဏ်ရာများသည် လန်ဝူရှင်းထက် ဆယ်ဆမက ပို၍ပြင်းထန်သည်။ပြင်ပလူများသည် သူ တည်ငြိမ်ပြီး စိတ်အေးအေးရှိနေသည်ကိုသာ မြင်တွေ့နိုင်သော်လည်း လုယွီကိုယ်တိုင်ကမူ သူ့၏ခန္ဓာကိုယ်ရှိ ဒဏ်ရာအခြေအနေ မည်မျှထိပြင်းထန်သည်ကို ကောင်းစွာသိရှိထားသည်။
...
ကြယ်မြစ်အတွင်းရှိ ထန်လက်ဝဲစစ်တပ်၏ပင်မစစ်စခန်း၌....
ဤအချိန်အခိုက်အတန့်တွင် လီဖူသည် ထိုင်နေကာ ကြက်သေသေနေသည်။သူ့၏မျက်လုံးများသည် သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေကာ သူ့၏ကံကြမ္မာအားလုံး ဆုံးရှုံးသွားသည့်အလားပင်။
လီဖူ၏ရှေ့တွင် ထန်လက်ဝဲစစ်တပ်၏စစ်ဗိုလ်ချုပ်ဆယ်ယောက်ကျော် မတ်တတ်ရပ်နေသည်။သူတို့၏မျက်နှာအမူအယာများသည် သုန်မှုန်နေကာ သူတို့၏ခေါင်းများကို မမော့ဝံ့ချေ။
"အရှင့်သား....လင်းယုန်ပျံဝဲအစောင့်တပ်ရဲ့ မဟာစစ်ဗိုလ်ချုပ်စုန်ကျန်းရှင်း ရောက်လာပါတယ်...သူက တံခါးရဲ့အပြင်မှာ စောင့်နေတယ်"
စစ်သားတစ်ယောက်က အတွင်းသို့ဝင်လာကာသတင်းပို့သည်။
"အထဲကို ဝင်လာခိုင်းလိုက်ပါ"
"ဟုတ်ကဲ့"
လေးလံသောသံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည့် လူထွားကြီးတစ်ယောက်သည် စစ်တဲအတွင်းသို့ အလျှင်အမြန်ဝင်ရောက်လာသည်။
"အရှင့်သားကို စုန်ကျန်းရှင်းက အရိုအသေပြုပါတယ်"
ထိုလူထွားကြီးသည် လီဖူကို ရိုသေလေးစားစွာ အရိုအသေပြုနေကာ သူ့၏အသံသည် ကျယ်လောင်ပြီးကြည်လင်ပြတ်သားပေ၏။
လီဖူသည် သူ့၏ရှေ့ရှိ ထိုစစ်ဗိုလ်ချုပ်ကိုမြင်တွေ့ချိန်၌ သူ့၏စိတ်နှလုံးသား စိတ်သက်သာရာရသွားသည်။
လင်းယုန်ပျံဝဲအစောင့်၏ မဟာစစ်ဗိုလ်ချုပ်စုန်ကျန်းရှင်း...
ဤသည်မှာ စစ်တပ်အတွင်း၌ ရွှယ်ကုံးချင်းနှင့် နာမည်ကျော်ကြားမှုခြင်းတူညီသော မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ပင်။သူသည် တစ်ချိန်က ထန်အင်ပါယာတစ်ခုလုံးကို လှုပ်ခတ်စေခဲ့သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ပေ၏။
ဤကဲ့သို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် သူ့၏နံဘေးသို့ရောက်ရှိလာသဖြင့် လီဖူသည် စိတ်သက်သာရာရသွားသကဲ့သို့ ခံစားမိသည်။
"ထုံးတမ်းစဥ်လာတွေ ဘာမှလုပ်နေဖို့မလိုဘူး...အမတ်ကြီးလီကျိုးစီက မင်းကို ဒီနေရာဆီလာဖို့ တောင်းဆိုခဲ့တာမလား...မင်းမှာ ပြောစရာသတင်းတစ်ခုခု ရှိနေသေးလား"
လီဖူက မေးမြန်းသည်။
စုန်ကျန်းရှင်းသည် လီဖူအားကာကွယ်ရန်အတွက် အမတ်ကြီးလီကျိုးစီမှ စေလွှတ်လိုက်သောလူပင်။
အမတ်ကြီးလီကျိုးစီသည် လမ်းတလျှောက်လုံးရှိ အတားအဆီးများအားလုံးကို ဖယ်ရှားနိုင်ခဲ့သော်လည်း သူသည် လီဖူ၏ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ စိတ်ချနိုင်ခြင်းမရှိချေ။
ကံကောင်းထောက်မစွာဖြင့် သူသည် ချီဘုရင်နှင့် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးပြီးပြီဖြစ်သောကြောင့် ရှေ့တန်းသည် အလွန်အမင်းပြင်းထန်ခြင်းမရှိတော့ချေ။ထို့ကြောင့် လီကျိုးစီသည် လီဖူကိုကာကွယ်ရန်အတွက် လင်းယုန်ပျံဝဲအစောင့်တပ်၏မဟာစစ်ဗိုလ်ချုပ်ကို စေလွှတ်လိုက်ခြင်းဖြစ်သည်။
"ဒီကိစ္စက အရှင့်သားရဲ့အပြစ်မဟုတ်ဘူးလို့ အရှင်အမတ်ကြီးက ပြောလိုက်ပါတယ်...ငါတို့စစ်တပ်က အကြွင်းမဲ့အသာစီးရထားခဲ့ပြီးတော့ ဘာအမှားကိုမှ မကျူးလွန်ခဲ့ဘူး...ငါတို့က အဲ့ဒီလုယွီကို လျှော့တွက်ခဲ့မိရုံလေးပဲ...အရှင်အမတ်ကြီးက သူကိုယ်တိုင် လုယွီနဲ့တွေ့ဖို့ ဆုံးဖြတ်ထားပြီးပြီ....ဒါကြောင့် ငါက ဒီနေရာကို ရောက်လာတာပါ...အရှင်အမတ်ကြီးလည်း မကြာခင် ရောက်လာလိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် စုန်ကျန်းရှင်းသည် တခြားမဟာစစ်ဗိုလ်ချုပ်များကို စောင်းငဲ့ကြည့်ကာ ပြောဆိုလေ၏။
"မဟာစစ်ဗိုလ်ချုပ်ရွှယ်က သေသွားပြီ...အခု လက်ဝဲစစ်တပ်က ငါ့ရဲ့ထိန်းချုပ်မှုအောက်ကို လာရလိမ့်မယ်"
ထန်လက်ဝဲစစ်တပ်မှ မဟာစစ်ဗိုလ်ချုပ်များသည် သူတို့၏ခေါင်းများကို ညိတ်လိုက်ကြကာ ငြင်းဆန်မှုတစ်စုံတရာမပြုဝံ့ချေ။
ကောင်းကင်ချိုးဖျက်ခံတပ်၏အရှေ့ရှိ တိုက်ပွဲပြီးဆုံးသွားချိန်တွင် ထန်လက်ဝဲစစ်တပ်မှ စစ်သားအမြောက်အများ ဒဏ်ရာရရှိထားသည်။စစ်တပ်အတွင်းရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ၏ တစ်ဝက်ခန့်လည်းသေဆုံးသွားလေ၏။ထန်အင်ပါယာမှစစ်တပ်များအကြားတွင် လက်ဝဲစစ်တပ်သည် အောက်ခြေအဆင့်သို့ပင် ကျသွားနိုင်ချေရှိသည်။အကယ်၍ လက်ဝဲစစ်တပ်၏အင်အားကို အချိန်မီပြန်လည်ဖြည့်တင်းနိုင်ခြင်းမရှိပါက အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ရန် လွန်စွာခက်ခဲပေမည်။
လီဖူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူက ဒေါသတကြီးပြောဆိုသည်။
"လုယွီမှာ ဘယ်လို ကုသိုလ်ကောင်းမှုတွေနဲ့အရည်အချင်းတွေရှိနေလို့...အမတ်ကြီးလီကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရမှာလဲ"
အမတ်ကြီးလီကျိုးစီဟူသည်မှာ မည်သူဖြစ်သနည်း....
နယ်မြေသခင်အဆင့် အစွမ်းထက်ကျင့်ကြံသူ....
ထန်အင်ပါယာ၏ ပထမအဆင့်အမတ်ကြီး....
ဧကရာဇ်၏ ကိုယ်တိုင်ကိုယ်ကျ မျိုးရိုးနာမည်ချီးမြင့်ခြင်းကို ခံထားရသူ....
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ အုပ်ချုပ်သူအရှင်ကိုပင် လီကျိုးစီသည် အနိုင်ယူနိုင်ခဲ့လေ၏။
အဆုံးသတ်၌ ချီဘုရင်သည် ခြေတစ်လှမ်းရှေ့တိုးကာ လီကျိုးစီထံ သတင်းစကားပေးပို့ခဲ့သောကြောင့် အင်ပါယာနှစ်ခုကြားတွင် ငြိမ်းချမ်းရေးဆွေးနွေးရန် အကောင်အထည်ဖော်ခဲ့ကြခြင်းဖြစ်သည်။
သို့ရာတွင် လုယွီကဲ့သို့ အသစ်ခန့်အပ်ခံရသည်မှာ မကြာသေးသော မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ကို အမတ်ကြီးလီမှ ကိုယ်တိုင်ကိုယ်ကျရင်ဆိုင်မည်ဟု ဆိုလိုက်သလော....
လီဖူ၏အမြင်အရ ဤကိစ္စသည် သူ့အားပျော်ရွှင်စေခြင်းမရှိဘဲ ထိုအစား သူ့ကို ပို၍ဒေါသထွက်သွားစေသည်။
ဤသည်မှာ လုယွီ၏နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးလိုက်သကဲ့သို့ ဖြစ်မည်ဟု သူ ယူဆမိသည်။
"အရှင့်သား...ကျေးဇူးပြုပြီးတော့ စိတ်ရှည်ရှည်ထားပါ....မင်းက ဒီနေရာမှာ ခဏလောက် ငြိမ်ငြိမ်လေးနေပြီး စောင့်ဆိုင်းပေးရမယ်...ဒီအချိန်မှာ အရှင်အမတ်ကြီးက ချီဘုရင်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့အဓိကအချက်တွေကို ညှိနှိုင်းနေတုန်းပဲ...အရှင်အမတ်ကြီးက လုယွီရဲ့ကိစ္စကို အနှေးနဲ့အမြန် ဖြေရှင်းမှာပါ"
စုန်ကျန်းရှင်းသည် လီဖူ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်ကို မြင်တွေ့ချိန်တွင် သူ့အား အလျှင်အမြန်နှစ်သိမ့်ပေးလိုက်သည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လီဖူက ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ သူ့၏မျက်လုံးများသည် သွေးနီရောင်သန်းနေပြီး စူးရှတောက်ပနေသည်။
"ဒီလုယွီလိုကောင်လောက်ကို...ဘာလို့ အမတ်ကြီးလီကိုယ်တိုင် စိတ်အနှောင့်အယှက်ဖြစ်ခံရမှာလဲ...ဒီကိစ္စကို ငါ ဖြေရှင်းမယ်"
လီဖူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
Chapter 3883
စုန်ကျန်းရှင်းက ပျာပျာသလဲ ပြောဆိုသည်။
"အရှင်အမတ်ကြီး ပြောလိုက်တာက....."
"စုန်ကျန်းရှင်း ..မင်းက သူ့ရဲ့စကားကို နားထောင်ရမှာလား ဒါမှမဟုတ် ငါ့ရဲ့စကားကိုလား....ငါက အရှေ့အောင်နိုင်ခြင်းကြယ်မြစ် စစ်ဆင်ရေးတစ်ခုလုံးရဲ့တပ်မှူးဆိုတာ မင်း မေ့သွားပြီလား"
စုန်ကျန်းရှင်းသည် သူ့၏ခေါင်းကိုငုံကာ လီဖူကို ဖြောင့်ဖျရန်ကြိုးစားလိုက်၏။
"အရှင့်သား ကျေးဇူးပြုပြီးတော့ ဂရုစိုက်နေပေးပါ...အရှင်အမတ်ကြီးက အရင်က လုယွီအကြောင်းကို သုံးသပ်ပြဖူးတယ်...သူက တော်တော်လေး အစွမ်းထက်တဲ့သူတစ်ယောက်ပဲ...သူ့ရဲ့စွမ်းအားက နယ်မြေသခင်တစ်ယောက်နဲ့တောင် ယှဉ်ပြိုင်နိုင်တယ်..သူ့လိုအန္တရာယ်များတဲ့ တည်ရှိမှုတစ်ခုကို အရှင်အမတ်ကြီးကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းပါလိမ့်မယ်"
"လုယွီမှာ အရည်အချင်းတချို့ရှိတယ်ဆိုတာ ငါ ဝန်ခံတယ်....ဒါပေမယ့် သူက လူတစ်ယောက်တည်းလေ....သူနဲ့အတူ စစ်သားတွေအများကြီးလည်း ပါမလာဘူး...ငါတို့က သူ့ကို အင်အားအသာစီးနဲ့ ဝိုင်းရံတိုက်ခိုက်ရင် သူ ရှုံးနိမ့်မှာ သေချာတယ်"
လီဖူက အေးစက်တင်းမာစွာ ပြောဆိုသည်။
စုန်ကျန်းရှင်းသည် တစ်စုံတစ်ခုကို ပြောဆိုလိုသော်လည်း လီဖူသည် ရွှေရောင်စည်းတံဆိပ်တစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်သည်အား မြင်တွေ့ချိန်တွင် သူ့၏ပါးစပ်ကို အလျှင်အမြန်ပိတ်လိုက်သည်။
ကောင်းကင်မူဝါဒအိမ်တော်၏ ရွှေစည်းတံဆိပ်....
ထိုစည်းတံဆိပ်ကို ထုတ်ဖော်ပြသချိန်တွင် ကောင်းတယ်မူဝါဒအိမ်တော်၏သခင်လေးအဆင့်အတန်းသည် မည်သည့်အရာရှိတစ်ယောက်ထက်မဆို ပို၍မြင့်မားသည်။
အမှန်အားဖြင့် ဤစည်းတံဆိပ်သက်သက်ဖြင့် မလုံလောက်ချေ။သို့ရာတွင် လီဖူသည် နာမည်ခံအရ စစ်တပ်တစ်တပ်လုံး၏တပ်မှူးဖြစ်နေပြီး အမတ်ကြီးလီကျိုးစီပင်လျှင် လီဖူ၏ထိန်းချုပ်မှုအောက်၌ ရှိနေလေ၏။
"ကောင်းကင်မူဝါဒအိမ်တော်ကနေ စစ်သားနှစ်သိန်းကိုစုစည်းပြီးပြီ...ပြီးတော့ ငါက ပတ်ဝန်းကျင်မှာရှိတဲ့ စစ်တပ်တွေကနေပြီးတော့ စစ်အင်အားရှစ်သိန်းကို ရွှေ့ပြောင်းထားတယ်... စစ်သည်အင်အားတစ်သန်း ငါ့ရဲ့လက်ထဲမှာစုစည်းမိနေပြီ....တကယ်လို့ အလောင်းတွေတောင်ပုံရာပုံဖြစ်နေရင်တောင် ငါက လုယွီသေသွားရင် ကျေနပ်ပြီ...ငါက သူ့ကို မြှုပ်နှံစရာမြေမရှိဘဲ သေစေချင်တယ်"
လီဖူက အံ့တင်းတင်းကြိတ်ကာ ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သည်။
စုန်ကျန်းရှင်း၏စိတ်နှလုံးသား လေးလံသွားသည်။
ပတ်ဝန်းကျင်ရှိစစ်တပ်များမှ စစ်သည်အင်အားရှစ်သိန်းကို စုစည်းခြင်းဆိုသည်မှာ ကြားရသကဲ့သို့ ရိုးရှင်းသောကိစ္စမျိုးမဟုတ်ချေ။
ဤသည်မှာ ပတ်ဝန်းကျင်ဒေသများရှိ ထန်အင်ပါယာအစောင့်တပ်များမှ စစ်သည်အင်အားကိုထုတ်ယူလာခြင်းဖြစ်သည်။
အကယ်၍ လုယွီကို အောင်မြင်စွာ အမြစ်ပြတ်သုတ်သင်နိုင်ပါက ကိစ္စကောင်းတစ်ခုဟု ယူဆနိုင်သည်။သို့ရာတွင် အကယ်၍ တစ်စုံတစ်ခုမှားယွင်းသွားပါက ဤသည်မှာ ကပ်ဘေးတစ်ခုဖြစ်သွားပေမည်။
လီဖူက သူ့၏လက်ကို ဝှေ့ယမ်းလိုက်၏။
"ငါက စိတ်ပိုင်းဖြတ်ပြီးပြီ...တခြားဘာမှ ထပ်ပြောနေစရာ မလိုတော့ဘူး...စစ်သားတွေအားလုံးကို စုစည်းပြီးရင် မင်းက ခေါင်းဆောင်တပ်မှူးပဲ...မဟာစစ်ဗိုလ်ချုပ်စုန် တကယ်လို့ မင်းက ဒီတိုက်ပွဲကိုနိုင်မယ်ဆိုရင် ငါက အရှင်ဧကရာဇ်ရဲ့ရှေ့မှာ မင်းရဲ့ဂုဏ်ထူးဆောင်မှုကို ပြောပြပေးမယ်"
စုန်ကျန်းရှင်းက ခါးသည်းစွာပြုံးကာ ပြောဆိုလိုက်သည်။
"နားလည်ပါပြီ"
.....
နတ်ဆိုးဘုရင်တောင်ကြားအတွင်း၌....
ပြင်းထန်သောတုန်ခါသံများက ဘဏ္ဍာတိုက်အတွင်းမှ ထွက်ပေါ်လာသည်။
ပြင်းထန်သောလေပြင်းများကြောင့် နံရံသည် ချက်ချင်းကြေမွှပျက်စီးသွားကာ ဖုန်မှုန့်အမြောက်အများ မျောလွင့်လာပေ၏။လုယွီက ဘဏ္ဍာတိုက်အတွင်းမှ ထွက်လာသည်။
သူသည် အစိမ်းရောင်ဝတ်စုံတစ်စုံကိုပြောင်းလဲ၍ ဝတ်ဆင်ပြီးလေပြီ။သူ့ကိုကြည့်ရသည်မှာ အလွန်သန့်စင်ပြီး လွတ်လပ်ပေါ့ပါးသော ကျောင်းတော်သားတစ်ယောက်နှင့် တူညီနေသည်။
"မိုးကြိုးမီးနှင်းကြာပွင့်က တကယ့်ကို အသင့်တော်ဆုံးပစ္စည်းတစ်ခုပဲ....ကြာပွင့်တစ်ရာရှစ်ပွင့် အသုံးပြုပြီးတဲ့နောက်မှာ ငါ့ရဲ့စိတ်ဝိညာဥ်က ဒဏ်ရာတွေအားလုံး ကောင်းမွန်သွားပြီ"
လုယွီက စိတ်ခံစားချက်ဖြင့် သက်ပြင်းရှိုက်ကာ သူ့၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းရောင်များ ဖြတ်ပြေးသွားသည်။
သူ့၏စိတ်ဝိညာဥ်သည် တောက်ပနေကာ သူ့၏ခန္ဓာကိုယ်တွင် မှော်စွမ်းအားများဖြင့် ပြည့်နှက်နေလေ၏။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ့၏အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေပြီ။
သို့ရာတွင် အတိတ်နှင့်မတူညီဘဲ လုယွီ၏ခန္ဓာကိုယ်တွင် အစစ်အမှန်အင်မော်တယ်တစ်ယောက်၏စွမ်းအားမျိုး ရှိနေသည်။
အကယ်၍ လုယွီသည် သူ့၏မှော်စွမ်းအားအကုန်အစင်ကို မထုတ်လွတ်လျှင်ပင် မည်သူကမျှ သူ့အား သာမန်လူတစ်ယောက်ကဲ့သို့ ဆက်ဆံတော့မည်မဟုတ်ချေ။
မိုးကြိုးမီးနှင်းကြာပွင့်သည် စိတ်ဝိညာဉ်ဒဏ်ရာများကို ကုသရာ၌ သာလွန်ထူးကဲသော အကျိုးအာနိသင်ရှိသည်။ဤသည်မှာ လုယွီသည် မည်သည်ကြောင့် မာလင်းကြယ်နယ်မြေကို ပထမဆုံးတိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်ဟူသော အကြောင်းအရင်းပင်။
သူသည် ပင်မခန်းမအတွင်းမှ ထွက်လာပြီးနောက် တုန်ခါသံတစ်သံကို ရုတ်တရက်ကြားလိုက်ရသည်။ခေါင်းဖြတ်ဓားသည် လေဟာနယ်ကိုဖြတ်သန်းကာ လုယွီ၏ရှေ့သို့ ရောက်ရှိလာပေ၏။
ဤအချိန်အခိုက်အတန့်တွင် ခေါင်းဖြတ်ဓား၏ကိုယ်ထည်တခုလုံး လတ်ဆတ်သောသွေးများဖြင့် လွှမ်းခြုံနေသည်။ဓားသွားပေါ်တွင် နတ်ဆိုးချီစွမ်းအားလှိုင်းများ တွယ်ကပ်နေကာ ဤဓားကိုကြည့်မိသော မည်သူမဆို ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီသွားပေမည်။
ခေါင်းဖြတ်ဓားသည် လတ်ဆတ်သောသွေးများကို ပြည့်နှက်သည်အထိ သောက်သုံးပြီးလေပြီ။
နတ်ဆိုးဘုရင်တောင်ကြားအတွင်း၌ ရှိနေသူများအားလုံး ခေါင်းဖြတ်သား၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ထိုနတ်ဆိုးကျင့်ကြံသူများအားလုံး သေဆုံးသွားလေပြီ။
ဤကဲ့သို့နတ်ဆိုးကျင့်ကြံသူများကို ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ သူတို့အားလုံးကို သတ်ဖြတ်ခြင်းပင်။
ခေါင်းဖြတ်ဓားနှင့်အတူ လုယွီသည် မိုးကြိုးတောင်ကြားထံသို့ တန်းတန်းမတ်မတ်ပျံသန်းလိုက်၏။
နတ်ဆိုးဘုရင်ကောင်ကြားမှ တပည့်များဖြစ်စေ ဤနေရာတွင် အလုပ်လုပ်နေသော အစေခံများဖြစ်စေ သူတို့အားလုံး ထွက်ခွာသွားကြလေပြီ။
"ရယူစမ်း"
လုယွီက သူ့၏လက်ဝါးကိုဖြန့်ကာ ဝှေ့ယမ်းလိုက်သည်။ကျယ်လောင်သောပေါက်ကွဲသံတစ်သံက သူရှေ့ရှိမီးတောင်မှ ထွက်ပေါ်လာသည်။ မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန်တုန်ခါသွားကာ မရေမတွက်နိုင်သော အက်ကွဲကြောင်းများစတင်၍ပျံ့နှံ့သွားတော့သည်။
Chapter 3884
"ဝုန်း...."
မျက်တောင်တစ်ခက်စာအချိန်အတွင်းမှာပင် တုန်ခါသံများက ပတ်ဝန်းကျင်အတွင်း၌ ပဲ့တင်ထပ်သွားသည်။
မြေပြင်တပြင်လုံး အက်ကွဲနေကာ တဝုန်းဝုန်းထနေသောချော်ရည်များမှ ထွက်ပေါ်နေသည့် လေပူလှိုင်းများသည် အက်ကွဲကြောင်းများတစ်လျှောက်စီးဆင်းကာ အထက်သို့ပျံ့နှံလာသည်။
အလွန်အမင်းကြီးမားသော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုက မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာပေ၏။
မှော်စွမ်းအားပမာဏအမြောက်အများကို လက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် သိပ်သည်းကာ အောက်ရှိကုန်းမြေအပိုင်းအစတစ်ခုကို ဖမ်းဆုပ်လိုက်သည်။
မိုင်ရာပေါင်းအနည်းငယ်အတွင်းရှိ ကုန်းမြေသည် တောင့်တင်းသွားကာ မှော်စွမ်းအားလက်ဝါးပုံရိပ်ယောင်ကြီးအတွင်းသို့ စုပ်ယူခြင်းခံလိုက်ရတော့သည်။
မကြာမီမှာပင် မိုးကြိုးတောင်ကြားသည် ဤလောကကြီးအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ထိုကုန်းမြေအစိတ်အပိုင်းသည် လုယွီ၏သိုလှောင်အိတ်အတွင်းသို့ ပြောင်းရွှေ့သွားလေပြီ။
ယခုလက်ရှိအချိန်တွင် သိုလှောင်အိတ်အတွင်းရှိကမ္ဘာငယ်လေးမှ လေဟာနယ်သည်တည်ငြိမ်နေကာ ရိုးရှင်းသောမိုးကောင်းကင်တာအိုတစ်ခုပင် ပေါက်ဖွားနေခဲ့သည်။ဤသည်မှာ ယခင်ကဲ့သို့ ရိုးရှင်းသောသိုလှောင်အိတ်တစ်အိတ်မဟုတ်တော့ဘဲ တဖြည်းဖြည်းနှင့် ကောင်းကင်ဘုံ၏ကောင်းချီးပေးခံရသော ကုန်းမြေတစ်ခုအဖြစ်သို့ ပြောင်းလဲနေလေပြီ။
ထိုမီးတောင်ကို ပိုင်ထိုကောင်းကင်ဘုံဂိုဏ်း၏အဝင်ဝအနီး၌ နေရာချထားခဲ့သည်။ မီးတောင်အတွင်း၌ မိုးကြိုးမီးနှင်းကြာပွင့်များ ရှိနေဆဲပင်။
ယခင်က မီးတောင်တည်ရှိခဲ့သောနေရာတွင်မူ ရေအိုင်ကြီးတစ်ခု ဖြစ်သွားလေပြီ။
တောင်များရွှေ့ပြောင်းခြင်း...
ပင်လယ်ချဲ့ထွင်ခြင်း....
ဤသည်မှာ မူလဘူတရှေးဟောင်းခေတ်မှ အစွမ်းထက်သော ရှေးဟောင်းအစစ်အမှန်အင်မော်တယ်များသာ စွမ်းဆောင်နိုင်သောတစ်စုံတစ်ခုပင်။
လုယွီသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်တွင်သာရှိသေးသော်လည်း သူသည် ဤလောကကြီးအတွင်း၌ တစ်ဦးတည်းသော အစစ်အမှန်အင်မော်တယ်ပင်။သူ ထုတ်ဖော်အသုံးပြုလိုက်သော နက်နဲသိမ်မွေ့သည့် မှော်စွမ်းအားများသည် သာမန်လူများယှဉ်ပြိုင်နိုင်မည့် တစ်စုံတစ်ခုမဟုတ်ချေ။
"လူကျိုးရှောင်ဆီမှာ ထိုက်ဟွာကျမ်းစာရဲ့ကူညီထောက်ပံ့ပေးမှု ရှိနေတယ်...အဲ့ဒီကောင်က တကယ့်ကို စိတ်ပျက်ဖို့ကောင်းတယ်...ငါ သူ့ကို တတ်နိုင်သမျှ အမြန်ဆုံးရှင်းထုတ်ရမယ်"
"ရှန်လင်းလုံက တကယ့်ကို အသုံးမကျဘူး...သူက ချီဘုရင်ကို သဘောတူညီချက်စာချုပ်မှာ လက်မှတ်ထိုးဖို့ တကယ်ကြီးခွင့်ပြုခဲ့ပြီးတော့ အင်ပါယာရဲ့ဂုဏ်ကျက်သရေကို ပျက်ပြားစေခဲ့တယ်"
"ဗုဒ္ဓလောကကတော့ တန်ပြန်ပေးဆပ်ဖို့ အချိန်ရောက်လာတော့မယ်"
လုယွီသည် အသက်ပြင်းပြင်းတချက်ရှိုက်ကာ သူ့၏စိတ်ခံစားချက်များကို တည်ငြိမ်အောင်ထိန်းသိမ်းပြီးနောက် သူ့၏မျက်လုံးများ တဖန်ပြန်၍ ကြည်လင်သွားတော့သည်။
အချိန်တစ်ခဏကြာပြီးနောက် လုယွီသည် ဤနေရာမှထွက်ခွာကာ ကြယ်နယ်မြေသခင်၏အိမ်တော်သို့ ပြန်သွားခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် တာယွီအင်ပါယာ၏အလံကို ကြယ်နယ်မြေသခင်အိမ်တော်ရှေ့၌စိုက်ထူထားကာ လေထုအတွင်း၌ တဖျတ်ဖျတ်လူးလွန့်နေသည်။
လုယွီသည် အိမ်တော်၏ပြင်ပ၌ ကြီးမားသော ကျားစစ်သင်္ဘောကြီးသုံးစီး ရပ်တန့်ထားသည်ကို သတိပြုမိလေ၏။
ထိုကျားစစ်သင်္ဘောများပေါ်တွင် အလံတချို့လွှင့်ထူထားသည်။ကြက်သွေးရောင်မီးတောက်နဂါးအလံအပြင် 'ယင်' ဟူသောစာလုံးကို ရေးသားထားသော တပ်မှူးအလံတစ်ခုလည်း ရှိနေသည်။
ဤသည်မှာ ယင်မိသားစုမှ စေလွှတ်လိုက်သောစစ်သင်္ဘောတစ်စင်းပင်။
ထိုစစ်သင်္ဘော၏နံဘေးတွင် စစ်သားများစုဝေးနေကာ သင်္ဘောပေါ်သို့တက်ရန်အတွက် ပြင်ဆင်နေကြသည်။
လုယွီသည် ထိုစစ်သားများ၏နံဘေးသို့ လျှောက်လှမ်းသွားရာ ချက်ချင်းဆိုသလိုပင်လူတိုင်း၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။
စစ်သားများသည် လုယွီကိုမြင်တွေ့ချိန်တွင် ဦးညွှတ်အရိုအသေပြုကာ ပြောဆိုလိုက်ကြ၏။
"အရှင်လုကို အရိုအသေပြုပါတယ်"
"ဒီသင်္ဘောပေါ်ကိုတက်ခွင့် မင်းတို့ကို ဘယ်သူက ပေးလိုက်တာလဲ"
လုယွီ၏မျက်နှာ သုန်မှုန်နေသည်။
သူ့ရှေ့ရှိ စစ်သားများ၏ဝတ်စုံများကို သူရှင်းရှင်းလင်းလင်း မြင်တွေ့ပြီးဖြစ်သည်။ဤသည်မှာ သူ ကောင်းကင်ချိုးဖျက်ခံတပ်မှခေါ်ဆောင်လာသော စစ်သားများပင်။
ဤစစ်သားများ လုပ်ဆောင်ရန်အစီအစဉ်များကို လုယွီသည် ကြိုတင်ချမှတ်ပြီးဖြစ်သည်။သူသည် ဤကြယ်နယ်မြေပေါ်၌ ဝင်္ကပါတချို့ကို ကြိုတင်၍ ခင်းကျင်းထားလိုခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် သင်္ဘောပေါ်သို့တက်ကာ ထွက်ခွာသွားရန်ပြင်ဆင်နေကြသည်။
"ကျွန်တော်တို့က သခင်လေးရဲ့သီးသန့်အစောင့်တွေပါ...ဒါက...."
စစ်သားများသည် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေကာ သူတို့၏မျက်နှာများ နီမြန်းနေပေ၏။
ကောင်းကင်ချိုးဖျက်ခံတပ်တွင် အစွမ်းထက်ဆုံးမှာ ယင်ထျန်းမင်အတွက် ဝမ်ရှင်းအမတ်ကြီးထားခဲ့သော သီးသန့်အစောင့်များပင်။ထိုသီးသန့်အစောင့်များသည် လူသုံးထောင်သာရှိသော်လည်း လုယွီခေါ်ဆောင်လာသော စစ်သားများအနက် အစွမ်းထက်ဆုံးသူများဖြစ်နေသည်။
"ငါ သူတို့ကို နောက်ဆုတ်ဖို့အမိန့်ပေးခဲ့တာပဲ...နင်က လုယွီလား"
ကျားစစ်သင်္ဘောပေါ်မှနေ၍ အနက်ရောင်သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ရုတ်တရက်ဆင်းလာသည်။
သူမ၏ဆံပင်ရှည်များသည် လေထုအတွင်း၌လူးလွန့်နေကာ သူမကိုကြည့်ရသည်မှာအေးစက်ပြီး သူရဲကောင်းဆန်သည်။
သူမသည် မောက်မာထောင်လွှားသော ငန်းတကောင်အလား သူမ၏နူးညံ့သေးသွယ်သောလည်ပင်းကို ဂုဏ်ယူဝင့်ကြွားစွာမော့ကာ ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသည့်အလား လုယွီကိုကြည့်နေလေ၏။
လုယွီက ပြောဆိုသည်။
"မင်းက ဘယ်သူလဲ"
"ငါက ယန်ဝူစစ်ဗိုလ်ချုပ်ယင်ချူးရွှေ....ငါ့ရဲ့အဖေက ဝမ်ရှင်းအမတ်ကြီးပဲ"
ယင်ချူးရွှေက အေးစက်တင်းမာစွာပြောဆိုသည်။
သူမက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီးနောက် ဆက်လက်၍ပြောဆိုလေ၏။
"တကယ်လို့ ဒီစစ်သားတွေက နင့်ရဲနောက်ကိုလိုက်မယ်ဆိုရင် ဘာမှမဟုတ်ဘဲ သေသွားရလိမ့်မယ်...ငါ ဒီနေ့လာတာ သူတို့ကို ပြန်ခေါ်သွားဖို့ပဲ"
Chapter 3885
လုယွီက ယင်ချူးရွှေကို စူးစိုက်၍ကြည့်လိုက်သည်။
"ငါရဲ့စစ်သားတွေကို အမိန့်ပေးနိုင်တဲ့အခွင့်အာဏာမျိုး မင်းကို ဘယ်သူကပေးထားတာလဲ"
လုယွီ၏တုံ့ပြန်မှုကို မြင်တွေ့ချိန်တွင် ယင်ချူးရွှေက ရုတ်တရက်မျက်မှောင်ကြုတ်လိုက်၏။
"နင် ငါ ပြောတာကို ရှင်းရှင်းလင်းလင်းမကြားဘူးလား....ငါ့ရဲ့အဖေက ဝမ်ရှင်းအမတ်ကြီးပဲ"
အကယ်၍ တခြားအချိန်ဆိုပါက သူမဖခင်၏နာမည်ကို ထုတ်ဖော်ပြောဆိုလိုက်သည်နှင့် မည်သူမည်ဝါဖြစ်နေပါစေ သူတို့သည် သူမကို ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံကြပေမည်။
သို့သော် ယခုလက်ရှိချိန်၌ လုယွီ၏ရှေ့တွင် သူမဖခင်၏နာမည်သည် အသုံးဝင်ပုံမရချေ။
လုယွီသည် ဝမ်ရှင်းအမတ်ကြီးကို အနည်းငယ်မျှဂရုစိုက်ပုံမရပေ။
"တကယ်လို့ မင်းက ဝမ်ရှင်းအမတ်ကြီးဖြစ်နေရင်တောင် ဘာမှအသုံးဝင်မှာမဟုတ်ဘူး...ငါကဒီနေရာမှာ နောက်ဆုံးဆုံးဖြတ်ချက်ချနိုင်တဲ့သူပဲ"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
ယင်ချူးရွှေ၏မျက်ခုံး မြင့်တက်သွားကာ သူမက တင်းမာခက်ထန်စွာအော်ဟစ်လိုက်သည်။
"လုယွီ နင်က ဘာသဘောလဲ...နင်က ဒီလူတွေအားလုံးကို နင်နဲ့အတူ တကယ်ကြီးသေစေချင်နေတာလား"
လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ သူက ပြောဆိုလိုက်၏။
"ငါ့ရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ မင်းက ဒီနေရာကနေပြီး စစ်သားတစ်ယောက်ကိုမှပြောင်းရွှေ့လို့မရဘူး"
"ဟား ဟား ဟား.... ငါ ရယ်ရလွန်းလို့ သေတော့မယ်....နင်က လက်ဝဲစစ်တပ်နယ်မြေကို အုပ်ချုပ်ရတဲ့ နယ်မြေခံအရာရှိလေးတစ်ယောက်အဆင့်ပဲရှိတာ...ဆရာစုန်က နင့်လိုလူမျိုးကို ဘာလို့ယုံကြည်နေလဲဆိုတာ ငါ မသိဘူး...ဒါပေမဲ့ ဒီစစ်သားတွေကတော့....သူတို့တွေအားလုံးကို ငါ့ရဲ့အဖေက ခေါ်ထားတာ....သူတို့က ငါတို့ယင်မိသားစုရဲ့အမိန့်တွေကိုပဲ နာခံရမယ်"
ယင်ချူးရွှေက မောက်မာထောင်လွှားစွာပြောဆိုသည်။
"နင့်မှာ စစ်တပ်အခွင့်အာဏာ ရှိနေတယ်ဆိုရင်တောင် ဒီစစ်သားတွေက ငါတို့ယင်မိသားစုရဲ့ သီးသန့်အစောင့်တွေပဲ...သူတို့က ငါတို့ယင်မိသားစုရဲ့အမိန့်ကိုပဲ လိုက်နာလိမ့်မယ်"
လုယွီသည် ယင်ချူးရွှေကိုကြည့်ပြီးနောက် သူမအား ဝမ်းရှင်အမတ်ကြီးမှ စေလွှတ်လိုက်ခြင်းမဟုတ်ကြောင်း သိရှိသွားတော့သည်။
ဝမ်ရှင်းအမတ်ကြီးသည် တိုက်ပွဲစစ်မြေပြင်တွင် နှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့သော ဗိုလ်ချုပ်အိုကြီးတစ်ယောက်ဖြစ်သဖြင့် သူသည်ဆက်လက်၍ တိုက်ခိုက်လိုမည်ဟု လုယွီ အတပ်ပြောဆိုနိုင်သည်။
ဝမ်ရှင်းအမတ်ကြီးသည် သူ့၏နောက်ဆုံးလက်ကျန်ခွန်အားကို အသုံးပြု၍ သေသည်အထိ ထန်အင်ပါယာနှင့်တိုက်ခိုက်သွားမည့်လူစားမျိုးပင်။
သူသည် ယခုကဲ့သို့ စစ်တပ်ကိုပြန်ရုတ်သိမ်းသည့်ကိစ္စမျိုး လုပ်ဆောင်မည်မဟုတ်ချေ။ယင်ချူးရွှေသည် သူမ၏ကိုယ်ပိုင်စိတ်ဆန္ဒဖြင့် ဤနေရာသို့ လာခြင်းဖြစ်မည်ကို သူ စိုးရိမ်မိသည်။
"ယင်ထျန်းမင်က ဘယ်နေရာမှာလဲ"
လုယွီက မေးမြန်းသည်။
ရုတ်ချည်းဆိုသလိုပင် စစ်သားတစ်ယောက်ကတုံ့ပြန်ပြောဆိုသည်။
"သခင်လေးက မာလင်းကြယ်နယ်မြေရဲ့ တောင်ပိုင်းမှာရှိနေပြီးတော့ ရန်သူကိုခခုခံကာကွယ်ဖို့ပြင်ဆင်နေပါတယ်"
"သူ့ဆီကို သတင်းပို့လိုက်စမ်း....ငါ နှစ်နာရီအတွင်းမှာ သူ့ကိုတွေ့ချင်တယ်"
"ဟုတ်ကဲ့"
လုယွီသည် ယင်ချူးရွှေကို တစ်ချက်ကြည့်ပြီးနောက် သူ့၏ခေါင်းကိုခါယမ်းလိုက်သည်။
"ငါ ဒီနေရာမှာ မင်းနဲ့အချိန်မဖြုန်းချင်ဘူး... မိန်းကလေးယင် အခုက မင်း ထွက်သွားဖို့အချိန်ကျပြီ"
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏အသံသည် အလွန်အမင်းအေးစက်တင်းမာနေကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ တိုက်ပွဲစစ်မြေပြင်၌ နှစ်ပေါင်းများစွာကြာမြင့်သည်အထိ တိုက်ခိုက်ခဲ့ခြင်းမှ ဖြစ်တည်လာသော အရှိန်အဝါတစ်ရပ်ပင်။
ယင်ချူးရွှေက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။
"နင် စစ်တပ်ထဲကို ရောက်လာတာ ဘယ်လောက်ကြာသေးလို့လဲ...နင်က ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ဒီလိုစကားမျိုး ပြောဝံ့တာလဲ...နင်ကကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကနေ ရောက်လာတာလို့ ငါ ကြားထားတယ်..နင် ဘာတွေ စဉ်းစားနေတာလဲ....အစစ်အမှန်စစ်ပွဲက နင်တို့ကျောင်းတော်မှာ သင်ခဲ့သလိုမျိုး စာရွက်ပေါ်မှာစကားပြောတာလောက် ရိုးရှင်းမှုမရှိဘူး"
ထိုသို့ပြောဆိုပြီးနောက် ယင်ချူးရွှေသည်သူမ၏ခေါင်းကိုမော့ကာ သူမကိုယ်သူမ လက်ညှိုးညွှန်လေသည်။
"ငါက ကလေးဘဝကတည်းက စစ်တပ်ထဲမှာဆယ်နှစ်ကျော် နေထိုင်ခဲ့ပြီးတော့ငါ့ရဲ့အဖေနဲ့အတူ တိုက်ခိုက်ခဲ့တယ်...အလယ်အလတ်စားဂိုဏ်းတစ်ဂိုဏ်း အသေးစားဂိုဏ်းငါးဂိုဏ်းကို ဖျက်ဆီးခဲ့ပြီးတော့ တိုက်ပွဲစစ်မြေပြင်ပေါ်မှာရန်သူစစ်ဗိုလ်ချုပ် ဆယ့်တစ်ယောက်ကိုသတ်ဖြတ်ခဲ့တယ်....ပြီးတော့ ငါရထားတဲ့ တိုက်ပွဲအောင်မြင်မှုတွေ အများကြီးရှိသေးတယ်...တိုက်ပွဲစစ်မြေပြင်အတွက် နင့်မှာ ငါနဲ့ငြင်းခုံဖို့ အဆင့်မရှိဘူး"
လုယွီက သူ့၏ခေါင်းကိုခါယမ်းကာ တုံ့ပြန်ငြင်းခုံခြင်းမပြုချေ။
ဤမိန်းကလေးပြောဆိုနေသော အောင်မြင်မှုမျိုးသည် ဖော်ပြရန်ပင်မထိုက်တန်ချေ။
ဤသည်မှာ ဂိုဏ်းငယ်လေးများနှင့် အလယ်အလတ်စားဂိုဏ်းများသာဖြစ်သည်။လုယွီသည် လက်ဝဲစစ်တပ်နယ်မြေသို့ ရောက်ရှိလာသည့်အချိန်ကတည်းက ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းကို နှိမ်နင်းပြီးဖြစ်သည်။
ရန်သူစစ်ဗိုလ်ချုပ်ဆယ့်တစ်ယောက်ဟူသော အချက်ကိုမူ သူ ထည့်သွင်းဖော်ပြရန်ပင်မလိုတော့ချေ။လုယွီ၏အဆင့်ဖြင့် သူသည် ရန်သူစစ်တပ်ဘက်မှ မဟာစစ်ဗိုလ်ချုပ်အဆင့်များကိုသာ ရင်ဆိုင်ရပေမည်။သိုင်းသူတော်စင်များနှင့် လောကီအင်မော်တယ်နယ်ပယ် စစ်ဗိုလ်ချုပ်များကိုမူ လုယွီသည် ထည့်သွင်းစဉ်းစားခြင်းပင်မပြုချေ။
လုယွီဘက်မှ ငြင်းဆန်ခြင်းမပြုသည်ကိုကြည့်ပြီး ယင်ချူးရွှေ၏မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခု ထွက်ပေါ်လာသည်။
သူမ၏တိုက်ပွဲအောင်မြင်မှုများသည် အစစ်အမှန်တိုက်ပွဲစစ်မြေပြင်မှ ရရှိခဲ့ခြင်းဖြစ်သည်။
လုယွီကမူ မည်သူဖြစ်သနည်း....
သူသည် ထိပ်သီးကျောင်းတော်သားဘွဲ့ထူးကိုရရှိထားကာ ကျုံးကော်မဟာစစ်ဗိုလ်ချုပ်ဟူသော ဘွဲ့ထူးကိုလည်းရရှိထားရုံသက်သက်ပင်။
ယင်ချူးရွှေ၏အမြင်အရ ထိုအရာများကို လုယွီထံပေးအပ်ခဲ့ခြင်းမှာ တော်ဝင်နန်းတွင်းသည် လုယွီ၏ဆရာသခင့်ဖြစ်သော စာပေသူတော်စင်ယီဟန်ကို မျက်နှာသာပေးလိုသောကြောင့်ဖြစ်ပေမည်။
Thank For Reading.