← Chapters

အခန်း (၃၈၉၄-၃၈၉၇)

Vol. 198 Ch. 3894-3897

အခန်း (၃၈၉၄-၃၈၉၇)

Vol. 198 Ch. 3894-3897

Chapter 3894

သူက နယ်မြေသခင်တစ်ယောက်ဖြစ်နေရင်တောင် ငါတို့ဘက်မှာ လူအင်အားများတယ်...တကယ်လို့ ငါတို့အတူတူပူးပေါင်းပြီးတော့ သူ့ကိုတိုက်ခိုက်မယ်ဆိုရင် သူ သေရမှာသေချာတယ်"

လီဖူသည် သူ့၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ သူ့၏လက်ချောင်းများပင်အဖြူရောင်သို့ ပြောင်းလဲနေသည်။

"အဲ့ဒီစုံစမ်းထောက်လှမ်းမှုတွေ ပြီးတဲ့အချိန်မှာ...အရှင်အမတ်ကြီးက လုယွီကို အထူးသီးသန့်လေ့လာထားပြီးတော့...သူက အန္တရာယ်အရမ်းများတယ်လို့ ကောက်ချက်ချထားခဲ့တယ်"

စုန်ကျန်းရှင်းသည် သူ့၏အင်္ကျီလက်ကြားမှ စာလိပ်တစ်ခုကို​ထုတ်ယူပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"ဒါက လွန်ခဲ့တဲ့ နာရီအနည်းငယ်လောက်တုန်းက အရှင်အမတ်ကြီး အထူးသီးသန့်ပေးပို့လိုက်တဲ့စာပဲ"

"အဲ့ဒီစာကို မြန်မြန်ယူလာခဲ့စမ်း"

လီဖူ၏မျက်လုံးများ တောက်ပသွားသည်။

အမတ်ကြီးလီကျိုးစီသည် ထန်စစ်တပ်၌ နာမည်ကျော်ကြားသော စစ်ဗိုလ်ချုပ်တစ်ယောက်ပင်။

အမတ်ကြီးသည် သူ့အား ကောင်းမွန်သောအစီအစဉ်များကို အကြံပေးထားခြင်းဖြစ်နိုင်သည်။

သူသည် စာလိပ်ကိုဖြန့်ကြည့်ပြီးနောက် ထိုအရာပေါ်တွင် စာကြောင်းနှစ်ကြောင်းသာ ရေးသားထားသည်ကို မြင်တွေ့လိုက်ရသည်။

"ဒီငယ်သားက အရှင့်သားကို ပိုပြီးဂရုစိုက်ဖို့နဲ့တိုက်ခိုက်မှုကို အချိန်တစ်ခုထိ အချိန်ဆွဲထားဖို့အကြံပေးချင်တယ်...ဒီငယ်သားက ဆွေးနွေးတိုင်ပင်မှုတွေ အဆုံးသတ်သွားတဲ့အချိန်မှာ အရှင့်သားနဲ့ပူးပေါင်းပြီးတော့ စစ်သည်တွေကိုအသုံးပြုပြီး လုယွီကို တိုက်ခိုက်ပါ့မယ်"

ဤစာတွင်ပါရှိသည်မှာ လီဖူကို စစ်သည်များအသုံးပြုသည့်ကိစ္စအား ရပ်တန့်ရန် စာကြောင်းများ အမှန်တကယ်ဖြစ်နေသလော....

လီဖူသည် သူ့၏လက်ချောင်းများ ပြင်းထန်စွာတုန်ခါလာသည်ကို ခံစားမိလေ၏။

လီကျိုးစီ၏စိတ်နှလုံးသားအတွင်း၌ သူ လီဖူသည် လုယွီနှင့်မယှဉ်ပြိုင်နိုင်သူတစ်ယောက် ဖြစ်နေသလော....

သူ့ထံတွင် စစ်သည်အင်အားတစ်သန်းကျော်ရှိနေသည့်တိုင် လုယွီကိုအနိုင်ရရန်မှာ မဖြစ်နိုင်သလော....

"သခင်လေး...အရှင်အမတ်ကြီးပြောတာ အမှန်ပဲ...ငါတို့ ပိုပြီးဂရုစိုက်သင့်တယ်"

စုန်ကျန်းရှင်းက ဖြောင့်ဖျလိုက်သည်။

"မဟုတ်ဘူး"

လီဖူက သူ့၏ခေါင်းကိုမော့လိုက်ရာ သူ့၏မျက်လုံးများသည် သွေးနီရောင်သန်းနေပေ၏။

"အမတ်ကြီးလီကျိုးစီက စစ်သည်တွေကိုအသုံးပြုတဲ့နေရာမှာ သတိကြီးပေမယ့် သူကအချက်တစ်ချက်ကိုတော့ လျစ်လျှူရှုထားခဲ့တယ်....တာယွီအင်ပါယာနဲ့ ထန်အင်ပါယာကြားကတိုက်ပွဲ ရပ်တန့်သွားပေမယ့် ငါနဲ့လုယွီကတော့ တိုက်ခိုက်နေတုန်းပဲ"

"အခုအချိန်မှာ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးက ငါ့ကို အာရုံစိုက်နေကြတယ်...တကယ်လို့ ငါက တိုက်ခိုက်ဖို့ကို အချိန်ဆွဲလိုက်မယ်ဆိုရင် တခြားလူတွေက ငါ လုယွီကိုကြောက်နေတယ်လို့ ထင်ကြလိမ့်မယ်...ဒါက စစ်သားတွေရဲ့စိတ်ဓါတ်တွေကို ပျက်ပြားသွားစေနိုင်တယ်...ဒါ့ပြင် ငါတို့အင်ပါယာရဲ့နာမည်ဂုဏ်သတင်းကိုတောင် သက်ရောက်မှုရှိလာနိုင်တယ်"

လီဖူက စုန်ကျန်းရှင်းကို ကြည့်လိုက်သည်။

"မင်းက ငါ့ရဲ့အမိန့်ကို မနာခံချင်တာလား"

စုန်ကျန်းရှင်း၏နဖူးပေါ်တွင် ဇောချွေးများ ထွက်ပေါ်လာသည်။

တိုက်ပွဲကြီးတခုနှင့်ရင်ဆိုင်ရတော့မည့်အချိန်တွင် သူသည် ရန်သူဘက်မှကြိုတင်ပြင်ဆင်ထားမည်ကို ကြောက်ရွံထိတ်လန့်နေခဲ့သည်။

ဤသည်မှာ ထန်အင်ပါယာ၏စစ်တပ်ဥပဒေအရ ကြီးလေးသောရာဇဝတ်မှုတစ်ခုပင်။

စုန်ကျန်းရှင်းသည် စံပြစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ကာ အရာရာတိုင်းကို စစ်ဗျူဟာအမြင်အရသာ ဝေဖန်သုံးသပ်သည်။သို့ရာတွင် သူသည် ဤကိစ္စ၏သက်ရောက်လာနိုင်မှုကို လျစ်လျူရှုခဲ့မိလေ၏။

အကယ်၍ လုယွီထံတွင် စစ်သည်အင်အားတစ်သိန်းသာရှိသော်လည်း သန်းနှင့်ချီသောစစ်သည်အင်အားရှိသည့် ထန်စစ်တပ်သည် ထိတ်လန့်ကြောက်ရွံ့ပြီး ရပ်တန့်နေခဲ့သည် ဆိုပါစို့။ဤသို့သာ အမှန်တကယ်ဖြစ်လာပါက လုယွီကို နာမည်ကျော်ကြားသွားစေရန် လုံလောက်သည့်အပြင် စုန်ကျန်းရှင်း တို့သည်လည်း အရှက်ရခြင်းကို ခံစားရပေမည်။

"အခုညမှာပဲ တိုက်ခိုက်ကြရအောင်...ဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ လုယွီကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်ကြမယ်"

လီဖူက အံ့တင်းတင်းကြိတ်ကာ အမိန့်ပေးလိုက်သည်။

"စစ်သည်တွေအားလုံး တိုက်ခိုက်ကြစမ်း...ငါတို့ ထပ်ပြီးစောင့်ဆိုင်းနေလို့ မရတော့ဘူး...မနက်နေထွက်ခင်မှာ ငါတို့က မာလင်းကြယ်နယ်မြေကို အမြန်သွားရမယ်...ဗိုလ်ချုပ်စုန် မင်းရဲ့နာမည်ဂုဏ်သတင်းနဲ့ ထန်အင်ပါယာတစ်ခုလုံးရဲ့နာမည်ဂုဏ်သတင်းက ဒီတိုက်ပွဲအပေါ်မှာမူတည်နေတယ်"

....

မာလင်းကြယ်နယ်မြေ သောင်းစုမှူးရုံးတော်တစ်ခု၌....

ဤနေရာသည် မာလင်းကြယ်နယ်မြေ၏ အစွန်အဖျားတွင်တည်ရှိကာ ရှေ့တန်းသို့ကင်းထောက်များ စုံစမ်းထောက်လှမ်းရန်သွားချိန်၌ ရပ်နားစခန်းအဖြစ် အသုံးပြုသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီဦးဆောင်သော စစ်သားတစ်သိန်းသည် စခန်းအတွင်းတွင်တိတ်ဆိတ်ငြိမ်သက်စွာ ပုန်းအောင်းနေကာ မာလင်းကြယ်နယ်မြေအတွင်းရှိ လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေကြသည်။

ဤစစ်စခန်းတစ်ခုလုံးကို ကြီးမားသောဖုံးကွယ်ဝင်္ကပါကြီးဖြင့် လွမ်းခြုံထားသဖြင့် ပြင်ပလောကမှ လူများသည် ဤနေရာ၏တည်ရှိမှုကိုမြင်တွေ့နိုင်ရန် အလွန်အမင်းခက်ခဲပေမည်။

"အရှင် မျှော်လင့်ထားသလိုပဲ...ထန်စစ်တပ်က ညတွင်းချင်း ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတယ်"

မဟာစစ်ဗိုလ်ချုပ်တစ်ယောက်က ထိတ်လန့်တကြားပြောဆိုသည်။

ကြွင်းကျန်သောစစ်သားများသည်လည်း ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသောမျက်နှာများဖြင့် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ကြ၏။

သူတို့၏မျက်လုံးများဖြင့် မြင်နိုင်သမျှအကွာအဝေးအဆုံးထိ သန်းနှင့်ချီသော ထန်စစ်သားများ စုဝေးနေသည်။မရေမတွက်နိုင်သောစစ်သင်္ဘောများသည် ခံတပ်ကြီးတစ်ခုအလား မားမားမတ်မတ်တည်ရှိနေကာ မာလင်းကြယ်နယ်မြေရှိသို့ဦးတည်၍ ချီတက်လာကြသည်။

ဤကဲ့သို့စစ်တပ်အရွယ်အစားသည် ကောင်းကင်ချိုးဖျက်ခံတပ်၏မြို့ရိုးအထက်၌မတ်တပ်ရပ်နေလျှင်ပင် ကြီးမားသောတောင်ကြီးတစ်လုံး ပြိုလဲလာသည့်အလား ဖိအားအရှိန်အဝါကို ခံစားရပေမည်။

ယင်ထျန်းမင်သည် စောင့်ကြည့်မျှော်စင်တခုအတွင်း၌ မတ်တတ်ရပ်နေကာ မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာသော စစ်သင်္ဘောများကိုကြည့်လိုက်သည်။သူသည် နေရာမှာပင် ကြက်သေသေသွားလေ၏။

"ထျန်းမင်...နင်က စောင့်ပဲကြည့်နေစမ်းပါ..ဒါက နင့်အတွက် နာမည်တစ်ခုကျန်အောင် ငါအခွင့်အရေး မပေးချင်လို့မဟုတ်ဘူး...နောင်အနာဂတ်ကျရင် နင် အကောင်းဆုံးကြိုးစားနိုင်တယ်...ဒါပေမယ့် အခုအချိန်မှာ ဒီလိုစစ်တပ်မျိုးနဲ့တိုက်ခိုက်ဖို့ဆိုတာက သေချာပေါက် သေလမ်းရှာတာပဲ...ငါ ဒီကိစ္စကို နင်ကောင်းဖို့အတွက် လုပ်ခဲ့တာပါ"

ယင်ချူးရွှေသည် ယင်ထျန်းမင်၏ပခုံးကိုပုတ်ကာ တည်ငြိမ်စွာပြောဆိုသည်။

Chapter 3895

လုယွီ၏မျက်နှာအမူအယာသည် တည်ငြိမ်နေဆဲဖြစ်ကာ သူသည် အဝေးတစ်နေရာရှိ ထန်စစ်တပ်ကို ကြည့်လိုက်သည်။

ဤစစ်တပ်သည် အင်အားကြီးမားကာ ကြယ်နယ်မြေအရှင်အိမ်တော်သို့ တန်းတန်းမတ်မတ်ဦးတည်၍ ချီတက်နေသည်။သို့ရာတွင် ထိုစစ်တပ်ကြီးသည် လေဟာနယ်တစ်နေရာအတွင်း၌ ပုန်းအောင်းနေသော ရှေ့တန်းကင်းစခန်းတစ်ခုကို အာရုံစိုက်မိခြင်းမရှိချေ။

"အရှင်....ငါတို့က ကြယ်နယ်မြေအရှင်အိမ်တော်ရဲ့အနားမှာရှိတဲ့ ကင်းထောက်တွေစီကတဆင့် ဓားနတ်ဆိုးဂိုဏ်းက သွေးဓားဘိုးဘေးနဲ့တခြားကျင့်ကြံသူတွေ ရောက်လာတယ်လို့ သတင်းရထားတယ်...ဘဏ္ဍာတိုက်ထဲက ရတနာတွေကိုခွဲဝေဖို့ကိစ္စအတွက်နဲ့ သူတို့ကြားမှာ အငြင်းပွားနေကြတယ်..သူတို့က ကြယ်နယ်မြေအရှင်အိမ်တော်ထဲမှာ စတင်ပြီးတော့တိုက်ခိုက်နေကြပြီ"

ကင်းထောက်တယောက်က လုယွီ၏အနီးသို့ရောက်လာကာ သတင်းပို့သည်။

မဟာစစ်ဗိုလ်ချုပ်တယောက်သည် ထိုကိစ္စကိုစဉ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်သည်။

"ဖြစ်နိုင်တာတော့ မင်းက အဲ့ဒီပြင်ပဂိုဏ်းတွေကိုအသုံးပြုပြီးတော့ ထန်စစ်တပ်ကိုတိုက်ခိုက်ချင်တာလား...ငါ ပွင့်လင်းလင်းပြောမိတဲ့အတွက် ငါ့ကိုခွင့်လွှတ်ပေးပါ...အဲ့ဒီပြင်ပဂိုဏ်းတွေက လူတွေက သူရဲဘောကြောင်တဲ့ငကြောက်ကောင်တွေပဲ...သူတို့က ထန်စစ်တပ်ကို နည်းနည်းလေးတောင် ဟန့်တားထားနိုင်မှာမဟုတ်ဘူး"

"အဲ့ဒီဂိုဏ်းတွေမှာရှိတဲ့ ကျင့်ကြံသူတွေက ထန်စစ်တပ်ရဲ့ပြိုင်ဘက် မဖြစ်နိုင်တာ သဘာဝကျတာပဲလေ...ဒါပေမယ့် သူတို့က အစပိုင်းမှာ ထန်စစ်တပ်ကို ဖရိုဖရဲဖြစ်သွားစေဖို့ ငါ ရည်ရွယ်ထားရုံလေးပဲ....ငါက သူတို့ကို အသုံးချပြီးတော့ ထန်စစ်တပ်ရဲ့အစီအစဉ်တွေကို အနှောင့်အယှက်ပေးရမယ်"

လုယွီက အလေးအနက်ထားသောအသံဖြင့်ပြောဆိုသည်။

တခြားလူများသည် ထိုစကားကိုကြားချိန်တွင် အံ့အားသင့်တုန်လှုပ်စွာဖြင့် လုယွီကို ကြည့်လိုက်ကြ၏။

ဤသည်မှာ အစသာရှိသေးသည်ဟု ဆိုလိုက်သလော...

ဤသည်မှတဆင့် လုယွီထံတွင် တခြားပို၍ကောင်းမွန်သော အစီအစဉ်များ ရှိနေသည်ဟု ဆိုလိုသည်မဟုတ်လော....

"လန်ဝူရှင်းဆီကို သတင်းတစ်ခု ပေးပို့လိုက်ကြစမ်း...အချိန်ကျလာရင် ငါတို့က အစီအစဉ်အတိုင်း ဆောင်ရွက်ရမယ်"

လုယွီက အလေးအနက်ထားသောအသံဖြင့်ပြောဆိုလိုက်၏

....

မာလင်းကြယ်နယ်မြေ....

မနက်သုံးနာရီခွဲ....

ထန်စစ်တပ်မှရှေ့ပြေးစစ်တပ်သည် နောက်ဆုံး၌ မာလင်းကြယ်နယ်မြေအစွန်အဖျားသို့ ရောက်ရှိလာသည်။

စစ်တပ်၏အရှေ့ဆုံးတွင် ကြီးမားသောစစ်သင်္ဘောကြီးသုံးစီးရှိနေကာ ထိုအရာများပေါ်တွင် မြောက်များစွာသောအမြှောက်များကို နေရာချထားသည်။ကုန်းပတ်ပေါ်တွင် အမျိုးအစားစုံလင်သော ဒူးလေးများရှိနေကာသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။

လီဖူသည် ကုန်းပတ်ပေါ်၌မတ်တတ်ရပ်နေကာ မာလင်းကြယ်နယ်မြေထံသို့ စစ်သင်္ဘောကြီးများ ချဥ်းကပ်သွားသည်ကို စောင့်ကြည့်ကာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

"အရှင်သား....ကျွန်တော် ကြယ်နယ်မြေအရှင်အိမ်တော်မှာ ကျင့်ကြံသူတချို့ကို ရှာတွေ့ခဲ့တယ်....သူတို့က ကြယ်နယ်မြေအရှင်အိမ်တော်ရဲ့ဘဏ္ဍာတိုက်ထဲက ရတနာတွေကို ရွှေ့ပြောင်းနေပုံရတယ်"

ကင်းထောက်တယောက်က သတင်းပို့သည်။

လီဖူ၏မျက်လုံးများတောက်ပသွားကာ ရယ်မောလိုက်သည်။

"လုယွီ....မင်းက သူရဲကောင်းတစ်ယောက်လို့ ငါထင်ခဲ့တာ....မင်းက ငတုံးတစ်ယောက်ဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး...ဒီလိုအခြေအနေမျိုးမှာ ငါ မင်းကို ရှောင်တခင်ဝင်ရောက်တိုက်ခိုက်မယ်လို့ မင်း ထင်ထားမှာမဟုတ်ဘူး"

"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...ဖျက်ဆီးခြင်းအမြောက်တွေအားလုံးကို အသက်သွင်းပြီးတော့ ကြယ်နယ်မြေအိမ်တော်ကို ပျက်စီးသွားအောင် ပစ်ခတ်ကြစမ်း"

လီဖူက ရဲတင်းစွာအမိန့်ထုတ်ပြန်လိုက်သည်။

ဖျက်ဆီးခြင်းအမြှောက်များသည် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များဖြင့် အလွန်တူညီပေ၏။ထိုအမြှောက်များကို လောင်စာဖြည့်ရန်အတွက် စိတ်ဝိညာဥ်ကျောက်တုံးများဖြင့် ဝင်္ကပါဖွဲ့စည်းပုံများကို အသုံးပြုရသည်။

ဘုန်း...ဘုန်း....

လီဖူ အမိန့်ထုတ်ပြန်ပြီးနောက် စစ်သင်္ဘောများပေါ်ရှိ အမြှောက်များကို ချက်ချင်းဆိုသလိုပင်ကြယ်နယ်မြေအရှင်အိမ်တော်ထံဦးတည်၍ ချိန်ရွယ်လိုက်ကြသည်။

စစ်သားများသည် စိတ်ဝိညာဥ်ကျောက်တုံးများကို ရွှေ့ပြောင်းကာ ဖျက်ဆီးခြင်းအမြောက်များအတွင်းသို့ ​ဖြည့်တင်းနေကြလေ၏။

မိုးကောင်းကင်ယံအတွင်း၌ စစ်သင်္ဘောကြီးများကို နေရာအနှံ့အပြားတွင် တွေ့မြင်နိုင်သည်။

ဤစစ်သင်္ဘောကြီးများ လေဟာနယ်ကိုဆုတ်ဖြဲ၍မောင်းနှင်လာသော အသံများကို ဖုံးကွယ်ထား၍မရနိုင်ချေ။

ဤအချိန်အခိုက်အတန့်တွင် ကြယ်နယ်မြေအရှင်အိမ်တော်အတွင်းရှိ ပြင်ပဂိုဏ်းအင်အားစုများမှ ကျင့်ကြံသူများသည် ထိုအသံကိုကြားချိန်၌ သူတို့၏ခေါင်းများကို မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။

"ဒါက ဘာအသံလဲ"

"ကြည့်ကြအုံး...မိုးကောင်းကင်ယံထဲမှာ ဘာတွေရှိနေတာလဲ"

ထိုကျင့်ကြံသူများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မိုးကောင်းကင်ယံထံ မော့ကြည့်လိုက်ကြသည်။

ဤအချိန်အခိုက်အတန့်တွင် ထိုဖျက်ဆီးခြင်းအမြှောက်များအတွင်းတွင် စိတ်ဝိညာဥ်စွမ်းအားများ စုဝေးလာခြင်းမှတဆင့် အလင်းတန်းများအလွန်လျှင်မြန်စွာ သိပ်သည်းနေလေပြီ။

ပြင်ပဂိုဏ်းအင်အားစုများမှ ကျင့်ကြံသူများ၏တုံ့ပြန်မှုကို စောင့်ဆိုင်းခြင်းမရှိဘဲ အလင်းတန်းများသည် လေဟာနယ်ကိုဆုတ်ဖြဲ၍ ဖြတ်သန်းလာကာ မြေပြင်ပေါ်သို့ချက်ချင်းကျရောက်လာသည်။

ဘုန်း..ဘုန်း...ဘုန်း.....

မြေပြင်တစ်ခုလုံး တုန်ခါသွားပေ၏။မျက်တောင်တစ်ခတ်စာလအချိန်အတွင်းမှာပင် ကြယ်နယ်မြေအရှင်အိမ်တော်တစ်ခုလုံးကို အစွမ်းထက်သော စိတ်ဝိညာဥ်မီးတောက်လှိုင်းများဖြင့် လွှမ်းခြုံသွားတော့သည်။

ပြင်ပဂိုဏ်းအင်အားစုများ၏ ကျင့်ကြံသူများအနက်မှအများစုသည် အချိန်မီတုံ့ပြန်နိုင်ခြင်းမရှိသဖြင့် ပြင်းထန်သော စိတ်ဝိညာဥ်မီးတောက်လှိုင်းများအောက်တွင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။သူတို့သည် အော်ဟစ်ရန်ပင် အခွင့်အရေးမရရှိခဲ့ချေ။

ဖျက်ဆီးခြင်းအမြောက်များမှစွမ်းအားများသည် မိုးကောင်းကင်ယံအတွင်း၌ ပြည့်နှက်နေချိန်တွင် သွေးဓားဘိုးဘေးနှင့်တခြားဂိုဏ်းခေါင်းဆောင်များသည် ဘဏ္ဍာတိုက်အတွင်းမှပျံသန်း၍ထွက်လာကြသည်။

သွေးဓားဘိုးဘေးသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူ့၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက်ကျဉ်းမြောင်းသွားကာ အော်ဟစ်လိုက်၏။

"မကောင်းတော့ဘူး....ဒါက ထောင်ချောက်တစ်ခုပဲ...တော်ဝင်နန်းတွင်းက ငါတို့ကို ခြုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်ထားတာပါလား"

သူသည် ခြေတစ်လှမ်းရှေ့တက်လိုက်ပြီးနောက် သူ့၏လက်အတွင်းရှိ ဓားရှည်မှနေ၍ သွေးနီရောင်အလင်းတန်းများ ပွင့်အံ့ထွက်လာပြီးမိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။ဤအလင်းတန်းများသည် လေထုကိုဖြတ်သန်း၍ ဖျက်ဆီးခြင်းအမြောက်များမှစွမ်းအားများကို ဆုတ်ဖြဲလိုက်၏။

Chapter 3896

တခြားဂိုဏ်းချုပ်များသည်လည်း သူတို့၏တပည့်များကို ကာကွယ်လိုက်ကြ၏။

သို့ရာတွင် သူတို့သည် တပည့်များအနက်မှအနည်းစုကိုသာ ကာကွယ်နိုင်ခဲ့သည်။

ကျင့်ကြံသူအများစုသည် ဖျက်ဆီးခြင်းအမြောက်များ၏ပစ်ခတ်မှုအောက်တွင် သေဆုံးသွားရကာ သူတို့၏အလောင်းများပင် ကြွင်းကျန်ခဲ့ခြင်းမရှိချေ။

ခမ်းနားထည်ဝါသော ကြယ်နယ်မြေအရှင်အိမ်တော်သည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

သွေးဓားဘိုးဘေးသည် သူ့၏ခေါင်းကိုမော့ကာ မိုးကောင်းကင်ယံအတွင်းသို့ ကြည့်လိုက်သည်။ သူသည် စစ်သင်္ဘောအမြောက်အများနှင့် သူတို့ထံသို့ ချိန်းရွယ်ထားသော ထောင်သောင်းချီသည့် ထက်ရှသောမြှားများကို မြင်တွေ့မိစေ၏။

"သူတို့အားလုံးကို သတ်လိုက်စမ်း"

လီဖူ၏အသံက စစ်သင်္ဘောပေါ်မှ ထွက်ပေါ်လာသည်။

သွေးဓားဘိုးဘေးသည် ထိုအသံကိုကြားချိန်တွင် သူ့၏စိတ်နှလုံးသား အေးစက်တင်းမာသွားသည်။ထို့နောက်မှနေ၍ မြှားများသည် အလွန်လျင်မြန်သောအရှိန်ဖြင့် မိုးကောင်းကင်ယံအတွင်းမှ ကျရောက်လာသည်။

ဖျက်ဆီးခြင်းအမြောက်များ၏မီးတောက်လှိုင်းများအောက်မှ အသက်ရှင်သန်လာသော ကျင့်ကြံသူများသည် သွေးအိုင်များအတွင်းသို့တစ်ယောက်ပြီးတစ်ယောက် လဲကျသွားပေ၏။သူတို့သည် မြှားများ၏ရိုက်ခတ်မှုကို ခံရသောကြောင့် မြေပြင်ပေါ်သို့ လဲကျသွားခြင်းပင်။

သွေးဓားဘိုးဘေးက သူ့၏ဓားကိုမြှောက်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။မိုးကောင်းကင်ယံအတွင်းရှိ နေရာအနှံ့အပြားတွင် စစ်သင်္ဘောများရှိနေသည်။

သူတို့သည် ဝိုင်းရံခံထားရလေပြီ။

"ဖောက်ထွက်ကြစို့"

သွေးဓားဘိုးဘေးသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ ဝိုင်းရံထားမှုကို တရကြမ်း​ဖောက်ထွက်လိုက်သည်။

သွေးဓားဘိုးဘေး၏ လှုပ်ရှားမှု့ကို မြင်တွေ့ချိန်တွင် တခြားသူများသည်လည်း သူ၏နောက်မှ လိုက်ပါသွားကြသည်။

ဤကဲ့သို့အခြေအနေအထားအတွင်းတွင် သူတို့သည် ဝိုင်းရံပိတ်ဆို့ထားမှုအတွင်း၌ ဆက်လက်၍နေထိုင်ပါက သူတို့အားလုံး သေဆုံးသွားပေမည်။

"ဟား ဟား ဟား...လုယွီဆီမှာ တကယ့်ကိုပဲ လူအများကြီး ရှိမနေတာပါလား...ငါတို့ရဲ့ရှောင်တခင်ဝင်ရောက်တိုက်ခိုက်မှုက အကျိုးသက်ရောက်မှုရှိတယ်...မင်းတို့အားလုံး မြှားတွေကုန်တဲ့အထိ ပစ်ခတ်ကြစမ်း...လုယွီသေသွားတာကို ငါ့ရဲ့မျက်လုံးနဲ့ ငါကိုယ်တိုင် မြင်တွေ့ချင်တယ်"

မြေပြင်ပေါ်မှထွက်ပေါ်နေသော စူးရှကျယ်လောင်သည့် အော်ဟစ်သံများကိုကြားချိန်တွင် လီဖူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။

ယခုအချိန်တွင် မိုးကောင်းကင်ယံတခွင်လုံး မှောင်မည်းနေပေ၏။

သွေးဓားဘိုးဘေးသည် ရှေ့သို့တရကြမ်းတိုးဝင်သွားသော်လည်း လီဖူ၏ပင်မစစ်သင်္ဘောနှင့်နှိုင်းယှဉ်ပါက သူတို့အကြားရှိ အကွာအဝေးသည် အလွန်ဝေးကွာနေဆဲပင်။

လီဖူရှိနေသောတည်နေရာကို သူသည် ပုံရိပ်ယောင်တစ်ခုမျှသာ မြင်တွေ့နိုင်သည်။

"အရှင့်သား....ဒီနေရာကို တိုးဝင်လာတဲ့ ကျင့်ကြံသူတစ်ယောက်ရှိနေတယ်"

လက်ဝဲစစ်တပ်မှ စစ်ဗိုလ်ချုပ်တစ်ယောက်က လီဖူထံသို့ရောက်လာပြီး သတင်းပို့သည်။

စုန်ကျန်းရှင်းသည် ရှေ့သို့တိုးကာ သူ့၏ခါးမှဓားရှည်ကို ဆွဲထုတ်လိုက်သည်။ထိုဓားရှည်၏ဓားသွားပေါ်တွင် မီးတောက်များ တောက်လောင်နေပေ၏။

"ငါ သွားပြီးတော့ သူနဲ့ရင်ဆိုင်လိုက်မယ်"

ထိုစကားနှင့်အတူ စုန်ကျန်းရှင်းသည် စစ်သင်္ဘော၏ပြင်ပသို့ ပျံသန်းသွားတော့သည်။

သူ့၏နောက်တွင် လင်းယုန်ပျံဝဲအစောင့်တပ်မှစစ်ဗိုလ်ချုပ်ဆယ်ယောက်ကျော် လိုက်ပါသွားသည်။

ထန်စစ်တပ်၏တိုက်ပွဲဝင်ဝင်္ကပါရှေ့သို့ ရောက်ရှိချိန်တွင် သွေးဓားဘိုးဘေးသည် နောက်ဆုံး၌ ထန်စစ်တပ်၏ရှေ့ပြေးစစ်တပ်နှင့် ရင်ဆိုင်မိလေ၏။

သွေးဓားဘိုးဘေးသည် မာလင်းကြယ်နယ်မြေပေါ်တွင် နာမည်ကျော်ကြားသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။ထောင်သောင်းချီသောစစ်သားများနှင့် ရပ်ဆိုင်နေရသည့်တိုင် သူသည် သူတို့ကို စိတ်အေးလက်အေး ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိသည်။

ဘန်း...ဘန်း....ဘန်း

ထန်စစ်တပ်၏ရှေ့ပြေးစစ်တပ်သည် အချိန်တခဏခန့် သတိလွတ်သွားသဖြင့် သွေးဓားဘိုးဘေး၏သတ်ဖြတ်ခြင်းကိုခံရကာ သွေးများက နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားသည်။

သွေးဓားဘိုးဘေး၏နောက်တွင် ဂိုဏ်းချုပ်ဆယ်ယောက်ကျော်ရှိနေကာ သူတို့အားလုံး ထိတ်လန့်တကြားဖြစ်နေပြီး ထွက်ပြေးရန်ပြင်ဆင်နေကြသည်။

ယခင်က သူတို့၏စိတ်ဓာတ်များ တက်ကြွနေခဲ့ကာ အုပ်ချုပ်ရေးအရာရှိများကို မြက်ပင်များအလား ဆက်ဆံခဲ့ကြ၏။

သို့ရာတွင် တော်ဝင်နန်းတွင်းမှနေ၍ စစ်တပ်တစ်ခုကို အမှန်တကယ်စေလွှတ်လိုက်ချိန်၌ ဤစစ်တပ်ကြီး မည်မျှထိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ကို သူတို့ သိရှိသွားလေပြီ။

"ဘေးဖယ်ကြစမ်း"

သွေးဓားဘိုးဘေးသည် သူ့ရှေ့ရှိ မြင်မြင်သမျှစစ်သားများအားလုံးကို သတ်ဖြတ်နေခဲ့သည်။သူ့၏မျက်နှာပေါ်တွင် သွေးများဖြင့် စွန်းထင်းနေပေ၏။

သို့ရာတွင် သူသည် ရှေ့ပြေးစစ်တပ်ကို ထိုးဖောက်ပြီးနောက် နောက်ထပ်နေရာတစ်ခုသို့ ဝင်ရောက်ပြီးချိန်တွင် သူ ရုတ်တရက် နေရာမှာပင်တောင့်တင်းသွားသည်။

သူ့၏ရှေ့တွင်အလွန်များပြားသောစစ်သင်္ဘောများ ရှိနေသည်။

အစောပိုင်းက သူရင်ဆိုင်ခဲ့ရသည်မှာ ရှေ့ပြေးစစ်သင်္ဘောများသာ ဖြစ်ပေ၏။ယခုအချိန်တွင် သွေးဓားဘိုးဘေး၏ရှေ့၌ ထန်စစ်တပ်မှစစ်သင်္ဘောအမြောက်အများ ရှိနေသည်။

ဤသည်မှာ စစ်သည်အင်အားတစ်သန်းခန့်ရှိသော အင်အားကြီးမားသည့်စစ်တပ်ကြီးဖြစ်ကြောင်း အကြည့်တချက်ဖြင့်ပင် တွေ့မြင်နိုင်သည်။

"တာယွီစစ်တပ်မှာ စစ်သည်အင်အားတစ်သိန်းပဲရှိတယ်လို့ မင်း ပြောခဲ့တာ မဟုတ်ဘူးလား"

ဂိုဏ်းချုပ်တယောက်က အော်ငေါက်လိုက်သည်။

သို့ရာတွင် မည်သူကမျှ ရှင်းပြနိုင်ခြင်းမရှိချေ။

သူတို့ရှေ့မှ စစ်တပ်ကြီးသည် မည်သည့်နည်းနှင့်မျှ စစ်သည်အင်အားတစ်သိန်းသာရှိသောစစ်တပ်တစ်တပ် မဖြစ်နိုင်​ချေ။

သွေးဓားဘိုးဘေးထံတွင် ခွန်အားအမြောက်အများ မကျန်ရှိတော့ပေ။သူသည် ထန်စစ်တပ်၏ဝိုင်းရံထားခြင်းကိုခံရကာ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိတော့ချေ။

ထိုအချိန်မှာပင် ဓားအလင်းတန်းတစ်တန်းက မိုးကုတ်စက်ဝိုင်းကို ဖြတ်သန်း၍ ပျံ့လွင့်လာသည်။

ဝှစ်....

ရုတ်ချည်းဆိုသလိုပင် သွေးဓားဘိုးဘေး၏လက်တစ်ဖက် ပြတ်တောက်သွားသည်။

"ငါက ထန်အင်ပါယာ လင်းယုန်ပျံဝဲအစောင့်တပ်ရဲ့မဟာစစ်ဗိုလ်ချုပ် စုန်ကျန်းရှင်းပဲ...မင်းတို့အားလုံး အဝိုင်းခံထားရပြီ...အခုချက်ချင်း အသေခံကြစမ်း"

အလွန်အမင်းကျယ်လောင်သော အသံတစ်သံက မိုးကောင်းကင်ယံအတွင်းမှ ထွက်ပေါ်လာသည်။

သွေးဓားဘိုးဘေး "....."

Chapter 3897

သွေးဓားဘိုးဘေး၏မျက်လုံးများ ပြူးကျယ်သွားကာ သူ့၏နားကိုပင် သူ မယုံကြည်နိုင်တော့ချေ။

ဖြစ်နိုင်သည်မှာ သူ၏ရှေ့ရှိ စစ်တပ်ကြီးသည် ထန်စစ်တပ်ဖြစ်နေသလော....

မိုးကောင်းကင်ယံသည် မှောင်မည်းနေကာ ထန်စစ်တပ် ရောက်ရှိလာသည်မှာ ရုတ်တရက်ဆန်သဖြင့် သူသည် သူတို့အား ခွဲခြားသိမြင်နိုင်ရန်အချိန်မရရှိခဲ့ချေ။မသိလိုက်မသိဘာသာဖြင့် ဤသည်မှာ တာယွီစစ်တပ်ဟု သူ တွေးထင်ခဲ့သည်။

ဤသည်မှာ နားလည်မှုလွဲမှားခြင်းတခုပင်။

အရာရာတိုင်းသည် နားလည်မှုလွဲမှားခြင်းဖြစ်ပေ၏။

"မလုပ်ပါနဲ့....ငါက....."

သွေးဓားဘိုးဘေးသည် ရှင်းပြရန်အတွက်ဟန်ပြင်လိုက်သော်လည်း စုန်ကျန်းရှင်းသည် တိုက်ခိုက်မှုကို ထုတ်လွှတ်ပြီးဖြစ်မည်ဟု သူ မျှော်လင့်မထားမိချေ။

စူးရှသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က စုန်ကျန်းရှင်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

လင်းယုန်ပျံဝဲစစ်တပ်မှ စစ်သားများနှင့် လက်ဝဲစစ်တပ်မှ စစ်သားများသည်လည်း အဆုံးသတ်တွင် စိတ်ဝမ်းကွဲပြားနေခြင်းမရှိချေ။မည်သို့ပင်ဆိုစေကာမူ သူတို့သည် ထန်အင်ပါယာ၏တောင်ပိုင်းဒေသကြီးရှိ အစောင့်တပ်ဆယ့်ခြောက်တပ်မှ အမာခံကျောရိုးများဖြစ်နေဆဲပင်။

စုန်ကျန်းရှင်းသည် လင်းယုန်ပျံဝဲအစောင့်တပ်၏တပ်မှူးပင်။သူသည် စစ်နည်းဗျူဟာများကို နားလည်သဘောပေါက်ထားရုံသာမကသူ့၏ခွန်အားသည် သာမန်မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ထက် များစွာပို၍ကျော်လွန်သည်။

ဤအချိန်အခိုက်အတန့်တွင် စုန်ကျန်းရှင်း၏ဓားမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။

အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် အစိုင်အခဲအဖြစ်သို့ ရောက်လုနီးပါးဖြစ်နေကာ သူ့၏လက်အတွင်းရှိဓားကို ပို၍တောက်ပနေစေသည်။

ထိုနောက် စုန်ကျန်းရှင်းသည် သူ့၏ဓားကို ပြင်းထန်စွာလွဲယမ်းလိုက်၏။

ဘုန်း....

ပေတစ်သောင်းကျော်ခန့်ရှည်လျားသော ဓားချီတစ်လှိုင်းသည် မိုးကောင်းကင်ယံကိုဖြတ်သန်းကာ သွေးဓားဘိုးဘေးရှိနေသောနေရာသို့ ဦးတည်၍ကျရောက်လာသည်။

ဤအချိန်အခိုက်အတန့်တွင် သွေးဓားဘိုးဘေးသည် သူ့၏ဆံပင်များ အဆုံးထိထောင်မတ်သွားသည်ကို ခံစားရကာ သူ့၏နှလုံးခုန်နှုန်းများလျှင်မြန်လာပေ၏။ရုတ်ချည်းဆိုသလိုပင် မကြုံစဖူး အန္တရာယ်အငွေ့အသက်တစ်ခုက သူ့ထံသို့ ချဉ်းကပ်လာသည်ကို သူ ခံစားမိသည်။

"ပြိုင်ဘက်ကင်းသွေးဓား....."

သွေးဓားဘိုးဘေးက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူသည် သူ့၏သွေးဓားကို အလျှင်အမြန်မြှောက်ကာ ဓားချီများဖြင့် ဓားဝင်္ကပါတစ်ခုကိုဖွဲ့စည်းပြီး သူ့၏ခန္ဓာကိုယ်ကို ကာကွယ်လိုက်၏

နှစ်ဖက်စလုံး၏ဓားချီလှိုင်းများ ချက်ချင်းဖီလာဆန့်ကျင်ရိုက်ခတ်မိသွားတော့သည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် အက်ကွဲသံများထွက်ပေါ်လာသည်။သွေးဓားဘိုးဘေး၏နံဘေးပတ်လည်ရှိ ဓားဝင်္ကပါကြီးမှ ဓားချီလှိုင်းများ တစ်ခုပြီးတစ်ခု ကြေမွှပျက်စီးသွားသည်။

ဓားချီလှိုင်းများဖြင့် ဖွဲ့စည်းထားသော ဓားဝင်္ကပါသည် ကြီးကျယ်ခမ်းနားပုံရသော်လည်း စုန်ကျန်းရှင်း၏ဓားချီဖြင့် ရင်ဆိုင်ရချိန်တွင် နုနယ်သော စက္ကူအပိုင်းအစလေးများအလားမျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ကြေမွှပျက်စီးသွားသည်။

ဝှစ်....

ထက်ရှသော ဓားချီတစ်လှိုင်းသည် သွေးဓားဘိုးဘေး၏ပခုံးကို ထွင်းဖောက်သွားပေ၏။

သွေးဓားဘိုးဘေးက စူးရှနာကျင်စွာ အော်ဟစ်လိုက်သည်။သူသည် စစ်သင်္ဘောတစ်စီး၏ကုန်းပတ်၌ စိုက်ဝင်နေကာ မလှုပ်ရှားနိုင်တော့ချေ။

မာလင်းကြယ်နယ်မြေ၏ နံပါတ်တစ်ထိပ်သီးကျင့်ကြံသူဟု ခေါ်ဆိုနိုင်သူသည် ထန်‌အင်အင်ပါယာ၏နာမည်ကျော်ကြားသော မဟာစစ်ဗိုလ်ချုပ်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် နှိုင်းယှဉ်ပြစရာမရှိသည်အထိ အားနည်းနေသည်။

ဝှစ်....ဝှစ်....ဝှစ်...

လင်းယုန်ပျံဝဲအစောင့်တပ်မှ တခြားမဟာစစ်ဗိုလ်ချုပ်များသည်လည်း ရှေ့သို့တိုးလာကာ တိုက်ပွဲကို အလျှင်အမြန် အဆုံးသတ်လိုက်ကြသည်။

သွေးဓားဘိုးဘေး၏နောက်သို့ လိုက်ပါလာသော ဂိုဏ်းချုပ်များ၏အခြေအနေသည် ပို၍ပင်ဆိုးဝါးပေ၏။သူတို့အားလုံးသည် သတ်ဖြတ်ခြင်းခံလိုက်ရကာ တန်ပြန်တိုက်ခိုက်ရန်ပင် အခွင့်အရေးမရရှိခဲ့ချေ။

"တာယွီအင်ပါယာရဲ့ မဟာစစ်ဗိုလ်ချုပ်တွေက ဘာလို့ ဒီလောက်ထိ အားနည်းနေတာလဲ"

စုန်ကျန်းရှင်းက မျက်မှောင်ကြုတ်လိုက်သည်။

သူ့ရှေ့ရှိ လူများဆီမှ ခုခံကာကွယ်မှုသည် သူ စိတ်ကူးယဥ်တွေးတောထားသည်နှင့် များစွာကွဲပြားခြားနားနေသည်။

တစ်ဖက်ရန်သူများသည် သတိလက်လွတ်ဖြစ်နေချိန်၌ တိုက်ခိုက်ခံရသည်ဆိုသည့်တိုင် ဤမျှထိ အားနည်းမနေသင့်ချေ။

"မတိုက်ခိုက်ကြပါနဲ့တော့....ငါက တာယွီစစ်တပ်က လူမဟုတ်ဘူး...ငါတို့က တစ်ဖက်တည်းပဲ...ငါက မင်းတို့ဘက်ကလူပါ"

သွေးဓားဘိုးဘေး၏လက်နှစ်ဖက်မှ တစ်ဖက်သည်ပြတ်တောက်သွားကာ သွေးများက သူ၏ပခုံးမှနေ၍ ယိုစီးကျနေသည်။

သို့ရာတွင် သူသည် အသံကုန်အော်ဟစ်လိုက်ကာ တစ်ချိန်တည်းမှာပင် သူ့အား ထန်အင်ပါယာမှ ချီးမြှင့်ထားသော ဗဟိုကုန်းမြေ၏အရာရှိစည်းတံဆိပ်ကို ထုတ်ယူလိုက်သည်။

ဤကဲ့သို့လူစားမျိုးသည် ပေါင်းပင်တစ်ပင်ထက် ပို၍အဖိုးတန်ခြင်းမရှိချေ။

အတိတ်တွင် ထန်အင်ပါယာမှစစ်တပ်များ ဤနေရာတွင် စခန်းချချိန်၌ ဤကျင့်ကြံသူများကိုခေါ်ယူ၍ အသုံးခဲ့ခြင်းကြောင့်သာ သူ့အား ဤကဲ့သို့ အရာရှိရာထူးတစ်ခုကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

သူ့၏အရာရှိရာထူးသည် အရေးမပါလှသော်လည်း အရာရှိစည်းတံဆိပ်သည် အစစ်အမှန်ဖြစ်နေဆဲပင်။

စုန်ကျန်းရှင်းသည် သူ့၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်သွားပြီးနောက် ချက်ချင်းဆိုသလိုပင် ရှေ့ကိုတိုးသွားကာ စစ်ဆေးလိုက်၏။ထိုတံဆိပ်ပြားသည် အမှန်တကယ်ကိုပင် အစစ်အမှန်ဖြစ်နေကြောင်း သူ ရှာဖွေတွေ့ရှိမိသည်။

"မင်းတို့က ဒီနေရာမှာ ဘာလုပ်နေကြတာလဲ"

စုန်ကျန်းရှင်းက ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် သွေးဓားဘိုးဘေးသည် အလွန်အမင်းမှားယွင်းသွားပြီဟု ခံစားနေရကာ သူ့၏စိတ်နှလုံးသား မွန်းကြပ်လာသည်။သူက ခါးသည်းသောမျက်နှာအမူအယာဖြင့် ပြောဆိုလိုက်၏။

"အရှင်...တာယွီစစ်တပ်က ဒီနေရာကို ကျူးကျော်ဝင်ရောက်လာတယ်လို့ ငါ ကြားထားတယ်...ငါက ထန်စစ်တပ်ရဲ့တော်ဝင်နန်းတွင်းကို ကူညီဖို့အတွက်နဲ့ ဒီနေရာမှာရှိတဲ့ တာယွီစစ်တပ်ကို လာပြီးမောင်းထုတ်တာပါ"

သူ့၏စိတ်နှလုံးသားအတွင်းတွင် ကြီးမားသောနောင်တများဖြင့် ပြည့်နှက်နေသည်။

သူသည် အကျိုးအမြတ်များကို မရရှိခဲ့သည့်အပြင် ထိုအစား တာယွီစစ်တပ်ဟု အထင်မှားခံခဲ့ရသည်။သူတို့ဘက်တွင် ကြီးမားသောဆုံးရှုံးမှုများကို ရင်ဆိုင်ခဲ့ရပြီးနောက် ဤသည်မှာ ထန်အင်ပါယာဘက်မှ တိုက်ခိုက်မှုဖြစ်နေသည်။

All Chapters