← Chapters

အခန်း (၃၈၉၈-၃၉၀၁)

Vol. 198 Ch. 3898-3901

အခန်း (၃၈၉၈-၃၉၀၁)

Vol. 198 Ch. 3898-3901

Chapter 3898

သွေးဓားဘိုးဘေး၏မျက်နှာအမူအယာအရ သူသည် လိမ်ညာပြောနေပုံမရချေ။

"မင်းက တာယွီစစ်တပ်ကို မောင်းထုတ်နိုင်မယ်လို့ မင်း ထင်နေတာလား...မဖြစ်နိုင်ဘူး"

စုန်ကျန်းရှင်းသည် သူ့၏ခေါင်းကိုခါယမ်းကာ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်တစ်ရပ်က သူ့၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

အမတ်ကြီးလီကျိုးစီပင်လျှင် မြင့်မားစွာမှတ်ချက်ပေးထားသော ရန်သူဖြစ်သည့် လုယွီသည် ဤှအမှိုက်တစ်စုမှမောင်းထုတ်နိုင်မည့် လူစားမျိုး မဟုတ်ချေ။

တစ်ခုတည်းသောဖြစ်နိုင်ချေမှာ လုယွီသည် ရှောင်တခင်ဝင်ရောက်တိုက်ခိုက်မည်ကို အာရုံခံမိသဖြင့် သူ့၏လက်အောက်ငယ်သားများနှင့်အတူ ထွက်ခွာသွားခြင်းဖြစ်ပေမည်။

"စစ်သည်တွေအားလုံး...တိုက်ခိုက်တာကို ရပ်လိုက်ကြစမ်း"

စုန်ကျန်းရှင်းက ရုတ်တရက် အော်ဟစ်လိုက်၏။

စစ်သင်္ဘောများအပေါ်မှ ပစ်ခတ်နေသော မြှားမိုးများနှင့်ဖျက်ဆီးခြင်းအမြောက်များအားလုံး ချက်ချင်းရပ်တန့်သွားသည်။

"အရှင်....ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ကူညီပေးပါဦး....ကျွန်တော်က သွေးတွေအများကြီး ဆုံးရှုံးလိုက်ရပြီ”

သွေးဓားဘိုးဘေးက ခါးသည်းသောအမူအယာဖြင့် တောင်းပန်လိုက်သည်။အစောပိုင်းက သူခံစားခဲ့ရသော ဓားချက်သည် သူ့အားသတ်ဖြတ်ရန် လုံလောက်သည်။

သို့ရာတွင် စုန်ကျန်းရှင်းသည် သူ့အားဂရုစိုက်ရန်အတွက် အချိန်မရှိတော့ချေ။သူသည် စစ်သင်္ဘောပေါ်သို့ခုန်တက်ကာ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားသော ကြယ်နယ်မြေအရှင်အိမ်တော်ထံသို့ ရောက်ရှိသွားသည်။

ဝှစ်....ဝှစ်...ဝှစ်....

မြောက်များစွာသော အလင်းတန်းများသည် စစ်သင်္ဘောပေါ်မှ ကျရောက်လာကာ ကြယ်နယ်မြေအရှင်အိမ်တော်တစ်ခုလုံးကို နေ့အချိန်အလား လင်းထိန်သွားစေသည်။

ယခုလက်ရှိအချိန်တွင် ကြယ်နယ်မြေအရှင်အိမ်တော်သည် မူလပုံပန်းသွင်ပြင်မျိုး၌ ရှိမနေတော့ချေ။

မြင့်မားသောအဆောက်အအုံများသည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားကာ ဖုန်မှုန်များက ညှော်နံများနှင့်ရောယှက်၍ လေထုအတွင်း၌ လွှမ်းခြုံနေသည်။

ဖျက်ဆီးခြင်းအမြောက်များ၏ရိုက်ခတ်မှုအောက်တွင် ကြယ်နယ်မြေအရှင်အိမ်တော် တောင့်မခံနိုင်သည်မှာ သဘာဝကျသောကိစ္စပင်။

သို့ရာတွင် စုန်ကျန်းရှင်းသည် သူ့၏နံဘေးပတ်ဝန်းကျင်မှ ထိခိုက်ပျက်စီးနေသော အဆောက်အအုံများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ခြင်းမရှိချေ။

သူ့၏အကြည့်သည် ကြယ်နယ်မြေအရှင်အိမ်တော်၏မြေပြင်ပေါ်၌ ပြန့်ကျဲနေသောအလောင်းများပေါ်သို့ ကျရောက်သွားသည်။သူသည် အလောင်းများကိုလှန်၍ တစ်ချက်ကြည့်လိုက်သည်။

ကျင့်ကြံသူအများစုသည် ဖျက်ဆီးခြင်းအမြောက်များမှ စိတ်ဝိညာဉ်မီးတောက်လှိုင်းများဖြင့် ရိုက်ခတ်ခြင်းကို အချိန်မီရှောင်တိမ်းနိုင်ခြင်း မရှိသောကြောင့် သူတို့၏ခြေပြတ်လက်ပြတ်များသာ ကြွင်းကျန်ခဲ့သည်။တချို့ကျင့်ကြံသူများ၏အလောင်းများသည် မီးသွေးတုံးဘဝသို့ပင် ပြောင်းလဲသွားလေပြီ။

အမြှောက်ဆန်မီးတောက်များ၏ရိုက်ခတ်ခြင်းမှ အသက်ရှင်လွတ်မြောက်လာသည့်တိုင် သူတို့၏ခန္ဓာကိုယ်များကို မြှားများဖြင့်ဖုံးလွှမ်းနေသော ကျင့်ကြံသူတချို့လည်း ရှိနေပေ၏။

ထက်ရှသောမြှားများသည် သူတို့၏ခန္ဓာကိုယ်များအတွင်းသို့ စိုက်ဝင်သွားကာ သူတို့၏အသက်များကို ချက်ချင်းနှုတ်ယူသွားခဲ့သည်။

ထိုသို့ဆိုသည့်တိုင် ထိုအလောင်းများ၏မျက်နှာများကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။

ဤလူများသည် တာယွီအင်ပါယာမှစစ်သားများ မဟုတ်ချေ။

သူတို့၏ခန္ဓာကိုယ်များပေါ်တွင် မည်သည့်သံချပ်ကာဝတ်စုံမှ ဝတ်ဆင်မထားသည့်အပြင် သူတို့အနက်မှတချို့သည် နတ်ဆိုးကျင့်ကြံနည်းစနစ်ကို ကျင့်ကြံသူများဖြစ်သည်။ဤသည်မှာ တာယွီစစ်တပ်တွင် လုံးလုံးလျားလျားခွင့်ပြုမထားသော ကိစ္စဖြစ်ပေ၏။

သူတို့သည် လူမှား၍ တိုက်ခိုက်မိလေပြီ။

"ဗိုလ်ချုပ်စုန်...စစ်တပ်ကိုရပ်တန့်ဖို့အတွက် မင်း ဘာလို့ အမိန့်ပေးလိုက်တာလဲ"

ထိုအချိန်မှာပင် လီဖူသည် သူ့၏နောက်လိုက်များနှင့်အတူ အပြေးရောက်ရှိလာသည်။

စုန်ကျန်းရှင်းသည် အလွန်သတိကြီးသူတစ်ယောက်ပင်။သူ့၏ဘေးကင်းလုံခြုံမှုကို အာမခံချက်ရနိုင်ရန်အလို့ငှာ သူအားကာကွယ်ပေးရန်အတွက် မဟာစစ်ဗိုလ်ချုပ်ခြောက်ယောက်ကို စီစဉ်ပေးခဲ့သည်။

ထို့ပြင် လီဖူထံတွင် ကိုယ်ရံတော်တချို့ရှိနှင့်ပြီးဖြစ်သောကြောင့် သူ့၏နောက်သို့ လိုက်ပါလာသော လူအမြောက်အများရှိနေပေ၏။

စုန်ကျန်းရှင်းက သက်ပြင်းတချက်ရှိုက်လိုက်သည်။

"အရှင့်သား...ကြည့်ရတာတော့ ငါတို့က လုယွီရဲ့အစီအစဉ်ထဲကို ကျရောက်သွားတဲ့ပုံပဲ"

"အစီအစဉ်....လုယွီလား....သူက မာလင်းကြယ်နယ်မြေကို သိမ်းပိုက်ထားတာ မဟုတ်ဘူးလား....သူက ဘယ်လိုလုပ်ပြီးတော့ ငါတို့ရဲ့ရှောင်တခင်ဝင်ရောက်တိုက်ခိုက်မှုကို ထွင်းဖောက်မြင်နိုင်တာလဲ"

လီဖူ၏မျက်လုံးများသည် မယုံကြည်နိုင်မှု​ကြောင့် ပြူးကျယ်နေသည်။

လီဖူ၏အခြေအနေကိုကြည့်ပြီး စုန်ကျန်းရှင်းသည် သူ့၏စိတ်နှလုံးသားအတွင်းမှနေ၍ လေးလံသော သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

အကယ်၍ သူသည် ဤမျှထိ ကြီးမားသောတိုက်ပွဲတစ်ခုကို တိုက်ခိုက်လိုပါက အနည်းဆုံးအနေဖြင့် အခြေအနေကိုကြိုတင်၍ စုံစမ်းစစ်ဆေးရန်အတွက် ကင်းထောက်တချို့ကို စေလွှတ်ရပေမည်။

သို့ရာတွင် လီဖူသည် ဤကြိုတင်ပြင်ဆင်မှုကို ပြုလုပ်ရန် ငြင်းဆန်ခဲ့သည်။

ထို့ပြင် အကယ်၍ လုယွီသည် ထိုကင်းထောက်များ၏တည်ရှိမှုကို အာရုံခံမိသွားပါက သူတို့၏ရှောင်တခင်ဝင်ရောက်တိုက်ခိုက်မှုသည် အလုပ်ဖြစ်မည်မဟုတ်ချေ။

သန်းနှင့်ချီသောစစ်သားများသည် မျက်ကန်းများအလား အမှောင်အတွင်း၌ ပြုမူဆောင်ရွက်ခဲ့ကြသည်။သူတို့သည် မည်သူများအားတိုက်ခိုက်မိသည်ကို မသိခဲ့ကြချေ။

"အရှင်အမတ်ကြီး အာရုံစိုက်တဲ့သူလို့ မျှော်လင့်ထားတဲ့အတိုင်းပဲ....ဒီပုံအတိုင်းဆိုရင် ငါတို့က အရေးမသာတဲ့အခြေအနေမျိုးကို ရောက်သွားပြီ"

စုန်ကျန်းရှင်း၏မျက်နှာအမူအယာ သုန်မှုန်နေသည်။

"အမ်...."

လီဖူက မျက်မှောင်ကြုတ်လိုက်၏။

စုန်ကျန်းရှင်းက ပြောဆိုသည်။

"အရှင့်သား...တကယ်လို့ သူကသာ ငါတို့နဲ့ထိပ်တိုက်တိုက်ခိုက်မယ်ဆိုရင် ငါက သူ့ကို ကြောက်နေမှာမဟုတ်ဘူး....ဒါပေမယ့် အခုအချိန်မှာ အလင်းနဲ့အမှောင်ပြောင်းလဲနေပြီးတော့ ငါတို့က အလင်းထဲမှာရောက်နေတယ်...သူတို့က အမှောင်ထဲမှာ...သူတို့ဘာပဲလုပ်လုပ် သူတို့ဘက်က အရမ်းအရေးသာနေတယ်"

Chapter 3899

လီဖူက တည်ငြိမ်စွာပြောဆိုသည်။

"တကယ်လို့ သူကအဝေးကိုထွက်ပြေးသွားတယ်ဆိုရင်တော့ ငါတို့က သူ့ကိုရှာရလိမ့်မယ်....သူ့ရဲ့လက်အောက်မှာ စစ်သည်အင်အားတစ်သိန်းပဲရှိနေတာ....ငါတို့ သူ့ကိုရှာတွေ့နိုင်သရွေ့ သူ့ကိုဖျက်ဆီးဖို့ဆိုတာ အရမ်းလွယ်ကူတယ်"

စုန်ကျန်းရှင်းက သူ့၏ခေါင်းကိုခါယမ်းကာ သက်ပြင်းရှိုက်လိုက်သည်။

"ငါက သူ အဝေးကိုထွက်ပြေးသွားမှာ စိုးရိမ်ပူပန်နေတာမဟုတ်ဘူး....သူ့မှာ တခြားအကွက်ချကြံစည်မှုတွေ ရှိနေမှာကိုပဲ"

"ဟား ဟား ဟား...ဗိုလ်ချုပ်စုန် ငါ့အထင်တော့ မင်း အတွေးလွန်နေပြီ....သူ့မှာ စစ်သားတွေအများကြီး မရှိဘူး...တကယ်လို့ သူက သတ္တိကောင်းတဲ့သူဆိုရင်တောင် ငါတို့ကို ထိဝံ့မှာမဟုတ်ဘူး...မင်း စိတ်အေးအေးထားလို့ရတယ်"

လီဖူက ကျယ်လောင်စွာအော်ဟစ်ရယ်မော်လိုက်၏။

ယခုအချိန်တွင် သူ့ထံ၌ မောက်မာဝံ့ကြွားနိုင်သော အခြေအနေမျိုးရှိနေသည်။

စစ်သည်အင်အားဆယ့်ရှစ်သိန်း....

အကယ်၍ သူတို့သည် လူသားဒီရေလှိုင်းကိုအသုံးပြု၍ တိုက်ခိုက်လျှင်ပင် လုယွီသေဆုံးသွားအောင် ခြေမွှဖျက်ဆီးနိုင်ပေမည်။

စုန်ကျန်းရှင်း၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သောအမူအယာမျိုးရှိနေဆဲဖြစ်ကာ သူက အကြံပေးလိုက်သည်။

"အရှင့်သား...ငါတို့က စစ်စခန်းကို အရင်ဆုံးပြန်ပြီးတော့မှ....လူတွေကိုစေလွှတ်ပြီးတော့ လုယွီကိုခြေရာခံပြီး အစီအစဉ်တွေဆွဲတာ ပိုကောင်းလိမ့်မယ်"

"မရဘူး"

လီဖူက သူ့၏လက်ကို ဝှေ့ယမ်းလိုက်၏။

"ငါက စစ်တပ်ကိုဦးဆောင်ပြီးတော့ ဒီနေရာထိရောက်လာပြီ....ငါတို့ကိုမြင်တာနဲ့ လုယွီက ထွက်ပြေးသွားခဲ့တယ်...ဒါက အရမ်းကောင်းတဲ့အခြေအနေတစ်ခုပဲ..ငါတို့က အခု တော်ဝင်နန်းတွင်းကို သတင်းတစ်ခုပေးပို့ရမယ်...သူတို့ကို ပြောလိုက်စမ်း...ငါက...."

လီဖူ၏စကားအဆုံးမသတ်သေးမီမှာပင် သူ့တို့မတ်တတ်ရပ်နေသောမြေပြင် ရုတ်တရက်ပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။

ဝုန်း....

မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

ကြယ်နယ်မြေအရှင်အိမ်တော်၏ပတ်ဝန်းကျင်ရှိတောင်တန်းများအားလုံးလည်းပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။

ယခုလက်ရှိအချိန်တွင် ညအချိန်သာရှိသေးသော်လည်း တောက်ပသောအလင်းတန်းတစ်တန်းသည် ရုတ်တရက် မိုးကုတ်စက်ဝိုင်းအတွင်း၌ ထွက်ပေါ်လာပေ၏။ထို့နောက် ကြယ်နယ်မြေအရှင်အိမ်တော်တစ်ခုလုံး၏ပတ်ဝန်းကျင်တဝိုက်လုံးကို နေ့အချိန်အလား လင်းထိန်သွားစေသည်။

"ဘာတွေ ဖြစ်နေတာလဲ"

လီဖူသည် ထိတ်လန့်တုန်လှုပ်သွားကာ အလျင်စလို အော်ဟစ်လိုက်သည်။

စုန်ကျန်းရှင်းက သူသည် မဟာရန်သူတော်ကြီးတစ်ယောက်နှင့် ရင်ဆိုင်မိပြီဟု ချက်ချင်းခံစားမိသည်။သူသည် မျက်မှောင်ကြုတ်ကာ အာရုံခံလိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအားများ ဖရိုဖရဲဖြစ်စပြုနေသည်ကို ရှာဖွေတွေ့ရှိမိလေ၏။

"ဒါက လုယွီရဲ့အကြံအစည်ဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်...အရှင့်သား အရင်ဆုံးသွားကြစို့"

စုန်ကျန်းရှင်းက လီဖူကိုဖြောင့်ဖျရန် ကြိုးစားလိုက်သည်။

"သွားရမှာလား...ငါက လုယွီရဲ့ဖိအားပေးမှုကြောင့် ထပ်ပြီးထွက်သွားရအုံးမှာလား...ငါက ခုထိ သူ့ရဲ့လူတွေကိုတောင် မမြင်ရသေးဘူး"

လီဖူက အံ့တင်းတင်းကြိတ်ကာ သူ့၏မျက်နှာပေါ်တွင် မလိုလားမှုများဖြင့် ပြည့်နှက်နေသည်။

သို့ရာတွင် ဤအချိန်အခိုက်အတန့်မှာပင် အဝေးတစ်နေရာရှိမြေပြင် ရုတ်တရက်အက်ကွဲသွားသည်။နဂါးသွေးကြောတစ်ခုသည် ထိုအက်ကွဲကြောင်းမှတိုးထွက်လာကာ ကြီးမားသောကျောက်တုံးကြီးတစ်တုံးကိုပစ်လိုက်ပြီး ထန်စစ်တပ်၏စစ်သင်္ဘောတစ်စီးထံသို့ ကျရောက်သွားစေသည်။

အရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားပေ၏။

ထန်စစ်တပ်၏စစ်သင်္ဘောပေါ်တွင် စစ်သားများဖြင့် ပြည့်နှက်နေသည်။သို့ရာတွင် သူတို့ တုံ့ပြန်နိုင်ခြင်း မရှိသေးမီမှာပင် ဘုန်းခနဲမြည်သံကြီးနှင့်အတူ ကြီးမားသောကျောက်တုံးကြီးတစ်တုံးက သူတို့ပေါ်သို့ ကျရောက်လာသည်။

ကျယ်လောင်သောတုန်ခါသံကြီးနှင့်အတူ စစ်သင်္ဘောပေါ်များနေ၍ စူးရနာကျင်စွာအော်ဟစ်လိုက်သံများ ထွက်ပေါ်လာပြီးနောက် ကြီးမားသော စစ်သင်္ဘောကြီးတစ်စီးလုံး ချက်ချင်းကြေမွှပျက်စီးသွားတော့သည်။

ဝေါင်း...

ဝေါင်း....

နဂါးဟိန်းသံများကလည်း မြေပြင်၏နက်ရှိုင်းသောနေရာမှ ထွက်ပေါ်လာကာ တိမ်တိုက်များကိုဖြတ်သန်း၍ ပဲ့တင်ထပ်နေသည်။

နဂါးသွေးကြောများအားလုံးသည် နက်ရှိုင်းစွာအိပ်မောကျနေရာမှ နိုးထလာသည့်အလားပင်။ သူတို့သည် လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်၏ထိန်းချုပ်ခြင်းကို ခံနေရသည့်အလား ထန်စစ်တပ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေလေ၏။

"အရှင်သား....မြန်မြန်ထွက်သွားကြစို့"

စုန်ကျန်းရှင်းသည် တုံ့ဆိုင်းမနေဝံ့​ချေ။သူသည် ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သော လီဖူကိုဆုပ်ကိုင်၍ ပင်မစစ်သင်္ဘောထံဦးတည်ပြီး ပျံသန်းသွားလိုက်သည်။

ပင်မစစ်သင်္ဘောထံသို့ ရောက်ရှိပြီးနောက် လူတိုင်းသည် ထိတ်လန့်တုန်လှုပ်နေဆဲပင်။သူတို့အားလုံးသည် သူတို့ထွက်ခွာလာသောနေရာသို့ ကြည့်လိုက်ကြ၏။

ကြယ်နယ်မြေအရှင်အိမ်တော်တည်ရှိသော ဗဟိုချက်နေရာရှိ မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ထွက်ပေါ်လာကာ တဖြည်းဖြည်းပြန့်ကားသွားသည်။

ထိုအက်ကွဲကြောင်းများမှနေ၍ နဂါးသွေးကြောအမြောက်အများ မြေပြင်မှတိုးထွက်လာသည်။

မြေပြင်တပြင်လုံး အက်ကွဲသွားကာ သောင်းနှင့်ချီသောနဂါးသွေးကြောများ စုဝေးနေပေ၏။

နဂါးသွေးကြောအမြောက်အများသည် ကောင်းကင်နှင့်မြေပြင်အကြား၌ ထူးဆန်းသောအပြုအမူများဖြင့် ဂုဏ်ယူဝံ့ကြွားစွာ မတ်တတ်ရပ်နေကြသည်။

နဂါးသွေးကြောများသည် လောကကြီးအတွင်း၌ နက်နဲသိမ်မွေ့သောနည်းစနစ်များဖြင့် သဘာဝအလျောက်ဖြစ်တည်လာသော စိတ်ဝိညာဉ်သက်ရှိများပင်။သူတို့သည် ရှည်လျားပြီးမြေအောက်၌နစ်မြုပ်နေကာ နယ်မြေတစ်ခု၏ကံကြမ္မာကို ဖော်ပြနိုင်စွမ်းရှိသည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌....

မူလက နူးညံ့သိမ်မွေ့ကာ နှိမ့်ချနေခဲ့သော နဂါးသွေးကြောသည် ဤအချိန်အခိုက်အတန့်တွင် သူတို့၏ခေါင်းများကို မော့ထားကြသည်။သူတို့၏ခံစားချက်ကင်းမဲ့သော မျက်လုံးများဖြင့် ထန်စစ်တပ်ကို စူးစိုက်၍ကြည့်နေလေ၏။

ထို့နောက်မှနေ၍ ကျယ်လောင်သောနဂါးဟိန်းသံများက နဂါးသွေးကြောများ၏ပါးစပ်များမှထွက်ပေါ်လာသည်။

Chapter 3900

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင်အလွန်ကျယ်လောင်သော နဂါးဟိန်းသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ဤအချိန်အခိုက်အတန့်တွင် သောင်းနှင့်ချီသောထန်စစ်သားများကို အလွန်ကျယ်လောင်သောနဂါးဟိန်းသံများက လွမ်းခြုံသွားလေ၏။

တုန်ခါနေသောအသံများသည် နားစည်ကွဲလုမတတ်ပင်။

ဤသည်မှာ အသံလှိုင်းတိုက်ခိုက်မှုတစ်ခုပင်။ဤတိုက်ခိုက်မှုအောက်တွင် ထန်စစ်သားများ၏ခုခံကာကွယ်မှုများသည် အလွန်အမင်း အားနည်းနေပေ၏။

သူတို့သည် ကြယ်နယ်မြေပေါ်သို့ ရောက်ရှိချိန်မှာပင် ဤကဲ့သို့တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရမည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ မျှော်လင့်ထားမိခြင်းမရှိချေ။

ရှေ့ဆုံးတွင်ရှိနေသော ရှေ့ပြေးစစ်တပ်မှ စစ်သားများအားလုံး၏ နားစည်များပေါက်ကွဲသွားသည်။ထိုစစ်သားများထံတွင် စွမ်းအားတချို့ရှိသော်လည်း ကြီးကျယ်ခမ်းနားသောနဂါးဟိန်းသံများအောက်တွင် သူတို့၏စိတ်ဝိညာဥ်များ တုန်ခါသွားကာ မြေပြင်ပေါ်သို့လဲကျပြီး သတိလစ်မေ့​မျောသွားတော့သည်။

ဝုန်း....

မည်သူတစ်ဦးတစ်ယောက်၏ထိန်းချုပ်မှုများမရှိဘဲ မူလက လေထု၏အလယ်တွင်မျောလွင့်နေသော စစ်သင်္ဘောများသည် လှုပ်ယမ်းပြုလာကာ မတည်ငြိမ်တော့ဘဲ ပြိုလဲလုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေလေပြီ။

တချို့စစ်သင်္ဘောများသည် သူတို့၏မူလလမ်းကြောင်းများမှ သွေဖည်သွားပြီး မြေပြင်ပေါ်သို့ပြုတ်ကျကာ ကျယ်လောင်သောပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ဤကဲ့သို့ အသံလှိုင်းတိုက်ခိုက်မှုအောက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ သူတို့၏ဟန်ချက်ကို ထိန်းသိမ်းထားနိုင်စွမ်းမရှိတော့ချေ။

လူတစ်ယောက်ပြီးတစ်ယောက်လဲကျသွားကာ ဒီရေလှိုင်းတလှိုင်းနှင့်တူညီသော ထန်စစ်တပ်ကြီးသည် ကသောင်းကနင်းဖြစ်နေလေ၏။

စုန်ကျန်းရှင်းကဲ့သို့ အစွမ်းထက်သောကျင့်ကြံသူတစ်ယောက်ပင်လျှင် သူ့၏ဦးနှောက်များစူးရှနာကျင်လာသည်ကို ခံစားမိသည်။

သူသည် မှော်စွမ်းအားများကိုအသုံးပြု၍ သူ့၏နားများကို ပိတ်ဆို့ထားသည့်တိုင် အသုံးမဝင်ဖြစ်နေဆဲပင်။

ဘုန်း....

ဤအချိန်အခိုက်အတန့်တွင် စုန်ကျန်းရှင်း၏နောက်တွင်ရှိသော မဟာစစ်ဗိုလ်ချုပ်များအားလုံး ယိမ်းယိုင်သွားသည်။သူတို့အနက်မှတချို့သည် မြေပြင်ပေါ်သို့လဲကျသွားပေ၏။

"ဒါက ဘာတွေဖြစ်နေတာလဲ"

လီဖူ၏မျက်နှာ စက္ကူတစ်ရွက်ကဲ့သို့ ဖြူရော်နေသည်။

သူ့၏ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်မူဝါဒရုံးတော် အခွင့်အာဏာစည်းတံဆိပ်သည် လေထုအတွင်း၌ မျောလွင့်နေကာ ရွှေရောင်အလင်းလွှာတစ်လွှာကိုထုတ်လွှတ်ထားပြီး လီဖူကို အခိုင်အမာကာကွယ်ပေးထားသည်။

ဤသည်မှာ ကောင်းကင်မူဝါဒရုံးတော် အခွင့်အာဏာစည်းတံဆိပ်မှနေ၍ သူ့၏အရှင်သခင်ဖြစ်သူကို အလိုအလျောက်ကာကွယ်ခြင်းပင်။

သို့ရာတွင် လီဖူထံတွင် ကောင်းကင်မူဝါဒရုံးတော်၏အခွင့်အာဏာစည်းတံဆိပ်ရှိနေသော်လည်း တခြားသူများထံတွင် ရှိမနေ​ချေ။

ထိုစည်းတံဆိပ်၏ကာကွယ်မှုအောက်၌ ရှိမနေသောခစစ်ဗိုလ်ချုပ်များနှင့်စစ်သားများအားလုံးမြေပြင်ပေါ်သို့ လဲကျသွားသည်။ကျင့်ကြံဆင့်နယ်ပယ်အားနည်းသော စစ်သားတချို့သည် ချက်ချင်းသတိလစ်မေ့​မျောသွားပေ၏။

"ဒါက လုယွီရဲ့လှည့်ကွက်တစ်ခုဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"

စုန်ကျန်းရှင်းက ပျက်ယွင်းနေသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

စုန်ကျန်းရှင်းသည် ရုတ်တရက် သူ့၏ဓားကို ဝှေ့ယမ်းကာ ပတ်ဝန်းကျင်ရှိ နဂါးသွေးကြောများကို ဖြတ်တောက်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် သူ့၏လက်အတွင်းရှိ ဓားချီသည် အလွန်ထက်ရှပေ၏။ဤသည်မှာထောင်နှင့်ချီသော ဓားချီများကို အတူတကွစုဝေးထားသဖြင့် တုန်လှုပ်​ချောက်ချားဖွယ်ကောင်းပြီး စွမ်းအားပြင်းထန်သည်။ဤနဂါးသွေးကြောများသည် ကောင်းကင်နှင့်မြေပြင်အကြားမှ မွေးဖွားလာသော စိတ်ဝိညာဥ်သက်ရှိများသာဖြစ်သည်။သူတို့ထံတွင် ကျစ်လစ်မာကျောခြင်းနှင့်ထက်ရှခြင်း ရှိမနေချေ။စုန်ကျန်းရှင်း၏လက်ချက်ဖြင့် နဂါးသွေးကြောအမြောက်အ​များ ပျက်စီးသွားတော့သည်။

"စစ်သည်တွေအားလုံး ..နောက်ဆုတ်ကြစမ်း"

စုန်ကျန်းရှင်းက အော်ဟစ်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် စစ်သင်္ဘောတစ်စီးစီပေါ်တွင်ရှိနေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံး အသိဝင်လာကြသည်။

သူတို့၏ဦးနှောက်များသည် ဖရိုဖရဲအခြေအနေတွင် ရှိနေသော်လည်း စုန်ကျန်းရှင်း၏အမိန့်ကို သူတို့ ကြားနိုင်သည်။သူတို့သည် နဂါးဟိန်းသံများ၏သက်‌ရောက်မှုမှ လွတ်မြောက်စေရန် သူတို့၏စစ်သင်္ဘောများကို ရှောင်တိမ်းလိုက်ကြသည်။

ဘုန်း...ဘုန်း...ဘုန်း....

နဂါးသွေးကြောများထံသို့ တိုးဝင်သွားသောကြီးမားသည့်စစ်သင်္ဘောများထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများရှိနေသော်လည်း သူတို့သည် အဆုံးသတ်၌ ရှုံးနိမ့်ခဲ့ရပေ၏။

ဤအချိန်အခိုက်အတန့်တွင် စစ်သင်္ဘောများသည် တိုက်ပွဲဝင်ဝင်္ကပါကို မည်သို့မျှခင်းကျင်းနိုင်စွမ်းမရှိတော့ချေ။သူတို့သည် ဒယိမ်းဒယိုင်ဖြင့် ရှေ့သို့မောင်းနှင်သွားကာ မာလင်းကြယ်နယ်မြေ၏အစွန်အဖျားသို့ ရောက်ရှိသွားသည်။

"ငါ့ရဲ့ခေါင်းတွေ မူးဝေနေတယ်"

"ငါ ဘာလို့ ချမ်းလာသလိုမျိုး ခံစားနေရတာလဲ...ဒါက အရမ်းအေးတယ်...ကြည့်ရတာတော့ ငါ့ရဲ့စိတ်ဝိညာဥ် ဒဏ်ရာရသွားတဲ့ပုံပဲ"

စစ်သင်္ဘောကုန်းပတ်များပေါ်ရှိ ထန်စစ်ဗိုလ်ချုပ်တချို့သည် ဒယိမ်းဒယိုင်ဖြစ်နေကာ သူတို့၏မျက်နှာများ ဖြူရော်နေသည်။

သူတို့၏မှော်စွမ်းအားများလှည့်ပတ်နေမှု ရပ်တန့်သွားပုံရသည်။သူတို့သည် မှော်စွမ်းအားများကို ထုတ်ဖော်အသုံးပြုလိုသည့်တိုင် သူတို့၏စိတ်ဝိညာဥ် အနက်ရှိုင်းဆုံးနေရာမှလာသော စူးရှနာကျင်မှုကို ခံစားမိလေ၏။

သူတို့၏စိတ်ဝိညာဉ်များ ဒဏ်ရာရရှိသွားလေပြီ။

ထို့ပြင် ဤသည်မှာ စစ်ဗိုလ်ချုပ်အဆင့်သာရှိသေးသည်။

ကျင့်ကြံဆင့်နယ်ပယ်အားနည်းသူများဖြစ်သည့် စစ်သားများ၏အခြေအနေမှာ ပို၍ပင်ဆိုးဝါးသည်။သူတို့အနက်မှအများစုသည် သတိလစ်မေ့​မျောသွားလေပြီ။

ထန်စစ်တပ်မှ စစ်သင်္ဘောများသည် ဆိုးရွားသောအခြေအနေဖြင့် မာလင်းကြယ်နယ်မြေ၏အစွန်အဖျားသို့ ရောက်ရှိသွားသည်။သူတို့သည် မာလင်းကြယ်နယ်မြေမှ ထွက်ခွာသွားနိုင်တော့မည်ဖြစ်ကာ အဝေးရှိကြယ်တာရာကောင်းကင်ကို ဝိုးတဝါးတွေ့မြင်နေရသည်။

"မကောင်းတော့ဘူး...အဲ့ဒီနေရာမှာ တစ်ယောက်ယောက်ရှိနေတယ်"

စုန်ကျန်းရှင်းသည် မျက်မှောင်ကြုတ်လိုက်၏။ သူ့၏မျက်လုံးများသည် လျှပ်စီးတန်းတစ်တန်းအလား စူးရှနေကာ အဝေးတစ်နေရာရှိ ကြယ်တာရာကောင်းကင်ယံကို ကြည့်လိုက်သည်။

ထိုကြယ်တာရာကောင်းကင်၏အောက်၌ လူတစ်ယောက် မတ်တတ်ရပ်နေသည်။

ဤလူသည် လုယွီဖြစ်နေသည်မှာ အတိအကျပင်။

Chapter 3901

"လုယွီ...."

လုယွီကိုမြင်တွေ့လိုက်သော အချိန်အခိုက်အတန့်တွင် လီဖူ၏မျက်လုံးများ နီမြန်းသွားကာ ဒေါသတကြီးအော်ဟစ်လိုက်၏။

ထန်စစ်တပ်၏တပ်မှူးဖြစ်သော လီဖူသည် သူ့၏စစ်သားများကိုခေါ်ဆောင်ကာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်လျှောက် စစ်ရေးအောင်မြင်မှုအမြောက်အများကို စုဆောင်းနိုင်ခဲ့သည်။

ဤသည်မှာ ထန်စစ်တပ်ဘက်မှနေ၍ အနိုင်ရရှိရန် အာမခံနိုင်သလောက်နီးပါးဖြစ်နေသော အခြေအနေတစ်ရပ်ပင်။

သို့ရာတွင် လုယွီထွက်ပေါ်လာသောအချိန်မှစတင်၍ အရာအားလုံးပြောင်းလဲသွားခဲ့သည်။

ကောင်းကင်မူဝါဒရုံးတော်၏ မြင့်မြတ်သောသခင်လေးတစ်ယောက်ဖြစ်သော သူသည် သံချပ်ကာကြေမွှပျက်စီးကာ အသတ်ခံရလုနီးပါးအခြေအနေသို့ပင် ရောက်ရှိခဲ့သည်။သူ့အား တိုက်ပွဲကွင်းပြင်မှ‌နေ၍ အလွန်ဆိုးဝါးသောအခြေအနေမျိုးဖြင့် တခြားလူများမှ ကယ်ထုတ်ခဲ့ရလေ၏။

ထန်လက်ဝဲစစ်တပ်၏မဟာစစ်ဗိုလ်ချုပ်ဖြစ်သော ရွှယ်ကုန်းချင်းပင်လျှင် သတ်ဖြတ်ခြင်းခံခဲ့ရသည်။

ဤကဲ့သို့ ရလဒ်တစ်ခုသည် ရိုးရှင်းစွာပြောရပါက ကြေကွဲဝမ်းနည်းဖွယ်ရာပင်။

အကယ်၍ သူသည် ကောင်းကင်မူဝါဒရုံးတော်သို့ ပြန်လည်ရောက်ရှိသွားပါက သူ အပြစ်ပေးခံရနိုင်သည့်အပြင် ဆက်ခံသူဖြစ်လာနိုင်သော သူ့၏အနာဂတ်လမ်းကြောင်းအပေါ် သက်ရောက်မှုများ ရှိလာနိုင်သည်။

ဤအချိန်အခိုက်အတန့်တွင် ရန်သူများဆုံတွေ့နေသဖြင့် သူတို့၏မျက်လုံးများ ချွင်းချက်မရှိနီမြန်းနေသည်။

"ဖျက်ဆီးခြင်းအမြှောက်တွေအားလုံးကို အသက်သွင်းပြီးတော့ သူ့ကို ​တစစီဖြစ်အောင်ပစ်ခတ်ကြစမ်း"

လီဖူက အဆုတ်ကွဲလုမတတ် ကျယ်လောင်စွာအော်ဟစ်လိုက်၏။

သို့ရာတွင် အစောပိုင်းက ထောင်သောင်းချီသောနဂါးဟိန်းသံများကို ရင်ဆိုင်ကြုံတွေ့ရပြီးနောက် ထန်စစ်တပ်၏စစ်သားများအနက်မှ အများစုသည် စိတ်ဝိညာဥ်များတုန်ရီနေသော အခြေအနေ၌ရှိနေဆဲပင်။

သူတို့အနက်မှတချို့၏ခေါင်းများသည်ကြည်လင်နေသည့်တိုင် သူတို့ ခြေတစ်လှမ်းရှေ့တက်လိုက်သော အချိန်အခိုက်အတန့်၌ သူတို့၏ခန္ဓာကိုယ်များ အားနည်းနေသည်ကို ခံစားမိသည်။

အမွေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့်ကြာပြီးနောက် ဖျက်ဆီးခြင်းအမြောက်များအားလုံးကို ချိန်ရွယ်ပြီးဖြစ်သော်လည်း စိတ်ဝိညာဥ်ကျောက်တုံးများကို ဖြည့်တင်းရခြင်းမရှိသေးချေ။

စစ်သားများ၏လုပ်ဆောင်နိုင်စွမ်း ကျဆင်းသွားမှုသည် အလွန်သိသာထင်ရှားပေ၏။

"သတ်စမ်း"

လီဖူက ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် တုန်ခါနေသောအသံများက ရုတ်တရက်မိုးကောင်းကင်ယံအတွင်းမှ မြည်ဟီးလာသည်။

ဘုန်း ..ဘုန်း....ဘုန်း....

အနက်ရောင်ပုံရိပ်တချို့သည် အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာပေ၏။

ထိုနေရာတွင် ကျားစစ်သင်္ဘောသုံးစီးရှိနေသည်။ ထိုအရာများပေါ်တွင် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များကို အသက်သွင်းထားပြီးဖြစ်ကာ အောက်ရှိထန်စစ်တပ်ကို ချိန်ရွယ်ထားသည်။

တာယွီစစ်တပ်သည် ခြုံခိုတိုက်ခိုက်ရန်အတွက် စောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

လီဖူသည် ကျားစစ်သင်္ဘောများပေါ်ရှိ ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်ကျောက်သုံးအမြှောက်များကို မြင်တွေ့ချိန်တွင်သူ့၏စိတ်နှလုံးသား တုန်ရီသွားသည်။

ထိုစစ်သင်္ဘောများပေါ်တွင် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက် အလက်နှစ်ရာကျော်ခန့်ရှိနေပေ၏။

ကျားစစ်သင်္ဘောတစ်စီးစီ၏ ကုန်းပတ်ပေါ်တွင် ထူထပ်သိပ်သည်းသော အမြှောက်ဆန်အရံအတားများလည်း ရှိနေသည်။စိတ်ဝိညာဥ်ကျောက်တုံးများ လောင်ကျွမ်းရာမှထွက်ပေါ်လာသော အလင်းတန်းများသည် ထိုအမြှောက်​များအတွင်း၌ သိပ်သည်းနေသည်။

မိုးကောင်းကင်ယံအတွင်း၌ မရေမတွက်နိုင်သောအလင်းတန်းများ တောက်ပသွားသည်။

"ပစ်ခတ်တော့"

လုယွီက အမိန့်ပေးလိုက်သည်။

ဘုန်း...ဘုန်း....ဘုန်း....

တာယွီစစ်သားများသည် စိတ်ဝိညာဥ်ကျောက်တုံးအမြောက်များကို ထန်စစ်တပ်ထံဦးတည်ပြီး ပစ်ခတ်လိုက်တော့သည်။

ထန်စစ်သားအများစုသည် ထိတ်လန့်တုန်လှုပ်ပြီး စိတ်ဝိညာဥ်ထိခိုက်ပျက်စီးနေသော အခြေအနေ၌ ရှိနေဆဲပင်။သူတို့သည် စစ်သင်္ဘောများကို ထိန်းချုပ်နေဆဲဖြစ်သော်လည်း ရှောင်တိမ်းရန်အတွက် အချိန်မရှိကြချေ။

ဘန်း....ဘန်း....ဘန်း...

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အလွန်ကျယ်လောင်သော ပေါက်ကွဲသံများက ပတ်ဝန်းကျင်အတွင်း၌ မြည်ဟီးလာသည်။

ထိုပေါက်ကွဲမှုများ၏နောက်မှနေ၍ ရှေ့ဆုံးတွင်ရှိနေသော ထန်စစ်သင်္ဘောတချို့သည် အပိုင်းအစများအဖြစ်သို့ ချက်ချင်းကြေမွှပျက်စီးသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

စစ်သင်္ဘောများပေါ်ရှိ ထန်စစ်သားများအနက်မှ တချို့၏ခန္ဓာကိုယ်များသည် ကြေမွှပျက်စီးသွားကာ သွေးသံတရဲရဲဖြစ်သွားလေပြီ။

သူတို့သည် တာယွီအင်ပါယာမှ ကျားစစ်သင်္ဘောများနှင့် တွေ့ဆုံမိသောအချိန်မှာပင် ထန်စစ်သင်္ဘောငါးစီး ကြေမွှပျက်စီးသွားသည်။

နောက်ဘက်တွင်ရှိနေသော ထန်စစ်တပ်မှစစ်သင်္ဘောများသည် ဤအခြေအနေကို အခွင့်ကောင်းယူ၍ သူတို့၏စစ်သင်္ဘောများပေါ်ရှိ ခုခံကာကွယ်ရေးဝင်္ကပါများကို အသက်သွင်းလိုက်ကြသည်။သို့ရာတွင် သူတို့သည် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များမှ အလင်းတန်းများ၏ရိုက်ခတ်ခြင်းကိုခံရဆဲဖြစ်ကာ စစ်သင်္ဘောများအားလုံး ဒယိမ်းဒယိုင်ဖြစ်နေသည်။

"ခွေးမသား...အဲ့ဒီနေရာကို ကြည့်လိုက်ကြစမ်း... အဲ့ဒီကနေ ငါတို့ကို ပစ်ခတ်နေတာပဲ"

"နောက်ကိုပြန်လှည့်ပြီးတော့ ရှောင်တိမ်းကြစမ်း ...ရှေ့ကနေရာတစ်ခုလုံး အမြှောက်တွေပစ်ခတ်ထားတဲ့ မီးတောက်တွေနဲ့လွှမ်းခြုံနေတယ်"

ထိတ်လန့်တကြားအော်ဟစ်သံများက ထန်စစ်တပ်၏စစ်သင်္ဘောများထံမှ ထွက်ပေါ်နေသည်။

ထန်စစ်တပ်၏တိုက်ပွဲဝင် ဝင်္ကပါကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်နေလေပြီ။

ထန်စစ်တပ်မှစစ်သားတချို့သည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံ့နေသဖြင့် ထွက်ပြေးရန်အတွက် နောက်သို့ချာခနဲလှည့်လိုက်ကြသည်။

စစ်သင်္ဘောများအနက်မှ တစ်စီးထွက်ပြေးသွားပြီးနောက် ဒုတိယ တတိယအနေဖြင့် လိုက်ပါသွားသည်မှာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စပင်။

အကြီးစားဆုတ်ခွာမှုကြီး စတင်၍ဖြစ်ပွားနေလေပြီ။

သာမန်အ​ချိန်အခါတွင် ဤကဲ့သို့ အခြေအနေတစ်ရပ်ကို စစ်တပ်ကိုဦးဆောင်သည့် မဟာစစ်ဗိုလ်ချုပ်များမှ အလျှင်အမြန်ဖိနှိပ်နိုင်စွမ်းရှိသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုမဟာစစ်ဗိုလ်ချုပ်များပင်လျှင် သေလုမတတ်ထိတ်လန့်ကြောက်ရွံနေကာ သူတို့၏မျက်နှာများ ဖြူရော်နေသည်။တချို့မဟာစစ်ဗိုလ်ချုပ်များသည်ထွက်ပြေးနိုင်ရန်ပင် အရည်အချင်းမရှိချေ။

All Chapters