← Chapters

အခန်း (၃၉၀၂-၃၉၀၅)

Vol. 198 Ch. 3902-3905

အခန်း (၃၉၀၂-၃၉၀၅)

Vol. 198 Ch. 3902-3905

Chapter 3902

"စစ်ပြေးတွေအားလုံး သေဒဏ်ပေးခံရမယ်...မင်းတို့အားလုံး ပြန်လာကြစမ်း"

အခြေအနေကို အဖတ်ဆယ်ရန်ခက်ခဲနေသည်ကိုမြင်တွေ့ချိန်တွင် စုန်ကျန်းရှင်းသည် လေထုအတွင်းသို့ ရုတ်တရက် ခုန်တက်ကာ သူ့၏လက်အတွင်းရှိတာကို ဓားရှည်ကိုဝှေ့ယမ်းပြီး ထွက်ပြေးသွားသောစစ်သားတချို့ကိုသတ်ဖြတ်လိုက်၏။တချိန်တည်းမှာပင် သူ့၏အသံသည် ကျယ်လောင်ပြီးကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။

သူသည် အစောင့်တပ်ဆယ့်ခြောက်တပ်၏ မဟာစစ်ဗိုလ်ချုပ်များအနက်မှ တစ်ယောက်ဖြစ်သဖြင့် သူ့၏စကားများသည် စစ်သားများကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ဟန့်တားနိုင်စွမ်းရှိသည်။

စုန်ကျန်းရှင်း၏အော်သံနှင့်အတူ စစ်သားအမြောက်အများသည် စစ်သင်္ဘောများထံသို့ပြန်လာကြသည်။

သို့ရာတွင် သူတို့၏စိတ်ဓာတ်များသည်အောက်ခြေထိ ကျဆင်းနေလေပြီ။

ဘုန်း...ဘုန်း...ဘုန်း....

မိုးကောင်းကင်ယံအတွင်း၌ စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များမှ အလင်းတန်းများသည် နေရာအနှံ့အပြား၌ရှိနေကာ တစ်ခုနှင့်တစ်ခု ရောယှက်နေသည်။

စိတ်ဝိညာဥ်ကျောက်သုံးအမြှောက်များသည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့် ကြာမြင့်ခဲ့ပြီးသည့်တိုင် ထိုအရာများမှ မီးတောက်စွမ်းအားများသည် အားပျော့သွားမည့်ပုံမရချေ။

"မဖြစ်နိုင်ဘူး....လုယွီဆီမှာ စိတ်ဝိညာဥ်သွေးကြော ရှိနေတာလား....ဘယ်လိုလုပ်ပြီးတော့ သူက ဒီလောက်ထိ အချိန်အကြာကြီးတိုက်ခိုက်နိုင်တာလဲ...ငါ့ဆီမှာတောင်မှ စိတ်ဝိညာဉ်ကျောက်တုံးတွေ ဒီလောက်ထိအများကြီးမရှိဘူး"

လီဖူ၏မျက်လုံးများ နီမြန်းနေသည်။သူသည် ဤကိစ္စကို မည်သို့မျှ နားလည်သဘောပေါက်နိုင်ခြင်းမရှိချေ။

သူသည် ထန်အင်ပါယာ၏ကောင်းကင်မူဝါဒရုံးတော်မှ သခင်လေးတစ်ယောက်ဖြစ်သော်လည်းသူပိုင်ဆိုင်ထားသော အရင်းအမြစ်များသည် တာယွီအင်ပါယာမှ ဒေသခံအရာရှိတစ်ယောက်ဖြစ်သော လုယွီကို ယှဉ်ပြိုင်နိုင်ခြင်းမရှိချေ။

ဤသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း....

"အရှင့်သား....လုယွီက ငါတို့ကို ဒီနေရာမှာ ခြုံခိုတိုက်ခိုက်ဖို့ ရွေးချယ်ခဲ့မှတော့ သူက ဒီအတွက်ကြိုတင်ပြင်ဆင်ထားလိမ့်မယ်....သူ့ကို ရှောင်တိမ်းသွားတာ ပိုကောင်းလိမ့်မယ်...ငါတို့တွေ ဆုတ်ခွာပြီးမှ အစီအစဉ်တွေထပ်လုပ်ဖို့ ငါ အကြံပေးချင်တယ်"

စုန်ကျန်းရှင်းက ပြောဆိုသည်။

သူသည် ဤနေရာမှ ဆုတ်ခွာလိုပေ၏။သူတို့စစ်တပ်သည် ဆိုးဆိုးရွားရွားအခြေအနေမျိုးဖြင့် ရင်ဆိုင်ရသည်ထက် ဘေးကင်းလုံခြုံစွာ ဆုတ်ခွာရသည်က ပို၍ကောင်းမွန်ပေမည်။

"မရဘူး....ငါ ဒီတကြိမ်မှာ ရှုံးနိမ့်လို့မဖြစ်ဘူး... ဒီစိတ်ဝိညာဥ်အမြှောက်လေးတွေလောက်နဲ့ ငါ့ကိုဟန့်တားဖို့ဆိုတာ မဖြစ်နိုင်ဘူး"

လီဖူသည် ရုတ်တရက် သူ့၏လက်အတွင်းရှိ အခွင့်အာဏာစည်းတံဆိပ်ကိုမြှောက်ကာ ပင်မစစ်သင်္ဘော၏ကုန်းပတ်ပေါ်သို့ ရောက်ရှိသွားသည်။ထို့နောက် သူက ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"ရှောင်လက်ရွေးစင်စစ်သားတစ်သောင်း ထွက်လာခဲ့စမ်း"

ဝုန်း....

စစ်သင်္ဘောကုန်းပတ်ပေါ်ရှိ အဆောက်အအုံတစ်လုံးအတွင်းမှ ကြီးမားသောတံခါးတစ်ချပ် ရုတ်တရက်ပွင့်သွားသည်။

ထိုတံခါးကြီး၏နံဘေးတွင် မတ်တတ်ရပ်နေသော ထန်စစ်သားများပင်လျှင် အံ့အားသင့်စွာဖြင့် နောက်သို့ဆုတ်လိုက်ကြကာ တံခါး၏နောက်ရှိမြင်ကွင်းကို ကြည့်လိုက်ကြ၏။

ထိုတံခါး၏နောက်တွင် ရွှေရောင်နဂါးသံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်များနှင့်စစ်သားများ အတန်းလိုက်ရှိနေသည်။

သူတို့၏အင်အားသည် တစ်သောင်းခန့်ရှိနေပေ၏။

ထိုစစ်သည်များအားလုံးသည် ရွှေရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားကာ သင်္ဘောပေါ်ရှိအဆောက်အအုံအတွင်း၌ တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေသည်။အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက ထိုလူများအားလုံးထံတွင် စည်းချက်မှန်ကန်သော အသက်ရှူနှုန်းများရှိနေကြောင်း သတိပြုမိပေမည်။

သူတို့သည် ကောင်းကင်မူဝါဒရုံးတော်၏လက်အောက်ရှိ လက်ရွေးစင်ရှောင်စစ်သားတစ်သောင်းပင်။

ထိုလူများသည် ထန်အင်ပါယာ၏တော်ဝင်စစ်တပ်အတွင်းမှ ရွေးချယ်ခြင်းခံထားရသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဖြစ်ပေ၏။

ထန်အင်ပါယာ၏တော်ဝင်မိသားစုမှ လူနည်းစုကသာ ဤစစ်သားများကို ထိန်းချုပ်နိုင်စွမ်းရှိသည်။

လူဆယ်ယောက်သည် အုပ်စုတစ်စု လူတစ်ရာသည် ဖွဲ့စည်းပုံတစ်ခုဖြစ်ကာ လူတစ်သောင်းသည် စစ်တပ်တစ်တပ်ပင်။

သူတို့သည် ထန်စစ်တပ်မှ ရှောင်လက်ရွေးစင်စစ်သားများဖြစ်သဖြင့် သူတို့အသုံးပြုသောမှော်လက်နက်များသည် သာလွန်ထူးကဲပေ၏။

ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းသည် ရန်သူစစ်သည်အင်အားတစ်သိန်းကို ခြေမွှဖျက်ဆီးနိုင်စွမ်းရှိသည်။

ကောင်းကင်ချိုးဖျက်ခံတပ်ရှေ့တွင် လီဖူသည် သတိလက်လွတ်နေမိကာ သူ့အား ကူညီထောက်ပံ့ပေးရန်အတွက် ဤလက်ရွေးစင်ရှောင်စစ်သားတစ်စုကို ဆင့်ခေါ်ခဲ့ခြင်းမရှိချေ။

သို့ရာတွင် သူ့အား ကောင်းကင်မူဝါဒရုံးတော်မှ တုရှန်းရှန်းတို့မှ ကယ်တင်ပြီးနောက် လီဖူသည် လက်ရွေးစင်ရှောင်စစ်သားတစ်သောင်းကိုသူ့၏လက်အောက်သို့ရွှေ့ပြောင်းထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။

အပေါ်ယံတွင် ဤစစ်သားများသည် လီဖူကို ကာကွယ်ရန်အတွက်ပင်။သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်မှာ ဤစစ်သားများသည် လုယွီအတွက် လီဖူမှပြင်ဆင်ထားသော ထက်ရှသည့်ဓားတစ်လက်ဖြစ်သည်။

"မင်းတို့အားလုံး တိုက်ခိုက်ကြစမ်း...ပစ်မှတ်က လုယွီပဲ....သတ်ကြတော့"

လီဖူက လုယွီကို လက်ညှိုးညွှန်ပြကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ဟုတ်ကဲ့ပါ အရှင့်သား"

ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းသည် သံပြိုင်အော်ဟစ်ကာ တုံပြန်လိုက်​ကြ၏။

ထို့နောက်မှနေ၍ ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းသည် သူတို့ရှေ့ရှိ မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားကာ ရွှေရောင်အလင်းတန်းများအဖြစ်သို့ပြောင်းလဲပြီး လုယွီထံသို့ တိုးဝင်သွားကြသည်။

ရှောင်လက်ရွေးစင်စစ်သားတစ်သောင်း တိုက်ခိုက်စဉ်တွင် သာမန်ထန်စစ်သားများနှင့် ကွဲပြားခြားနားသည်ကို တွေ့မြင်နိုင်သည်။

သူတို့၏ရွေ့လျားမှုအရှိန်နှုန်းသည် အလွန်အမင်း လျှင်မြန်ပေ၏။စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များ၏စွမ်းအားသည် တုန်လှုပ်​ချောက်ချားဖွယ်ကောင်းသော်လည်း ရှောင်လက်ရွေးစင်စစ်သားတစ်သောင်း၏အရိပ်ကိုပင် ထိခတ်နိုင်စွမ်းမရှိချေ။

ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းသည် ဓားရှည်တလက်အလား အတူတကွစုဝေးကာမိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားပြီးတိမ်စိုင်များကို တန်းတန်းမတ်မတ် ထွင်းဖောက်သွားသည်။

"အမ်...ထန်စစ်တပ်မှာ ဝှက်ဖဲတစ်ချပ်ရှိနေသေးတာပါလား...သူတို့က ဒီနေရာကို ရောက်လာကြတော့မယ်"

ကျားစစ်သင်္ဘောပေါ်တွင်ရှိနေသော မဟာစစ်ဗိုလ်ချုပ်တစ်ယောက်က ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

တခြားတာယွီစစ်သားများသည်လည်း အလွန်စိတ်လှုပ်ရှားနေပေ၏။

သူတို့ဘက်တွင် စစ်သည်အင်အားတစ်သိန်းသာရှိသည်။

လုယွီသည် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များကို အဆက်မပြတ်ပစ်ခတ်ကာ စိတ်ဝိညာဉ်ကျောက်တုံးများကို ပြတ်လပ်စေခြင်းမရှိသဖြင့် သူတို့ဘက်မှ အားသာနေခဲ့သည်။သို့ရာတွင် အဆုံးသတ်၌ သူတို့သည် အနီးကပ်တိုက်ပွဲတစ်ခုကို မလွှဲမရှောင်သာ ရင်ဆိုင်ရတော့ပေမည်။

Chapter 3903

သို့ရာတွင် အကယ်၍ အနီးကပ်တိုက်ပွဲကို အမှန်တကယ်ဆင်နွှဲရပါက တာယွီအင်ပါယာဘက်မှာလူအင်အားမျှဖြင့် ထန်စစ်တပ်ကိုရင်ဆိုင်ရန်လုံလောက်မည်မဟုတ်ချေ။

ဤကိစ္စသည် အလွန်သိသာရှင်းလင်းပေ၏။ထန်စစ်တပ်ဘက်မှာ ရှောင်လက်ရွေးစင်စစ်သားများသည် တာယွီအင်ပါယာ၏ခံစစ်ကို ချိုးဖျက်ဝင်ရောက်နိုင်သည်နှင့် ကြွင်းကျန်သည့်စစ်သားများအားလုံး ရှေ့သို့တိုးဝင်လာကြပေမည်။ထိုအချိန်ကျပါက တာယွီဘက်မှ စစ်သည်အင်အားတစ်သိန်းမျှဖြင့် ထန်စစ်သားများကို မည်သို့မျှရင်ဆိုင်နိုင်မည်မဟုတ်ပေ။

"အရှင်...ငါတို့ အရှေ့ကိုထွက်ပြီး တိုက်ခိုက်ကြမလား"

မဟာစစ်ဗိုလ်ချုပ်များအနက်မှတချို့သည် ရှောင်လက်ရွေးစင်စစ်သားတစ်သောင်း ပြေးဝင်လာသည်ကို မြင်တွေ့ချိန်တွင် သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်လိုက်ကြ၏။

ဤသည်မှာ ယခင်က သူတို့ရင်ဆိုင်တိုက်ခိုက်ခဲ့ရသော သာမန်ထန်စစ်သားများနှင့် ကွဲပြားခြားနားသည်။

ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းအနက်မှ တစ်ယောက်ချင်းစီသည် ထန်စစ်တပ်၏လက်ရွေးစင်တစ်ယောက်ပင်။

"နည်းနည်းလောက် ထပ်စောင့်လိုက်ကြအုံး"

လုယွီသည် သူ့ထံပြေးဝင်လာသော ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းကို ကြည့်လိုက်၏။သူ့၏မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်းမရှိဘဲ စစ်သင်္ဘော၏ရွက်တိုင်ကို သူ့၏လက်ချောင်းများဖြင့် အဆက်မပြတ်တို့ထိနေသည်။

လုယွီ အလွန်တည်ငြိမ်နေသည်ကိုကြည့်ပြီး လက်ရှိနေရာတွင်ရှိနေသော တာယွီစစ်သားများသည် အနည်းငယ်စိတ်အေးချမ်းသွားသကဲ့သို့ ခံစားမိသည်။

လုယွီသည် သူတို့၏ အမာခံကျောရိုးပင်။

ဘုန်း...ဘုန်း....ဘုန်း....

စိတ်ဝိညာဥ်အမြှောက်များ၏ပစ်ခတ်မှုအောက်တွင် ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းသည် အသေအပျောက်အလွန်နည်းပါးစွာဖြင့် လုယွီထံသို့ အလျှင်အမြန်ချဉ်းကပ်လာသည်။

"ဗိုလ်ချုပ်စုန်....ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းက ရန်သူတွေဘက်ကို တိုးဝင်သွားပြီ... သူတို့ကို ကူညီပေးဖို့အတွက် တခြားလူတွေကိုချက်ချင်းစေလွှတ်လိုက်စမ်း"

လီဖူက အော်ဟစ်လိုက်သည်။

တိုးဝင်သွားပြီဟု ဆိုလိုက်သလော....

စုန်ကျန်းရှင်းသည် မိုးကောင်းကင်ယံအတွင်းရှိမြင်ကွင်းကိုကြည့်ကာ သူ့၏မျက်လုံးများအတွင်းတွင် အံ့အားသင့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

သူ့၏အမြင်အရ လုယွီသည် ဤနေရာ၌ ခြုံခိုတိုက်ခိုက်ရန် စီစဉ်ထားသည်။ထို့ကြောင့် လုယွီသည် ထန်စစ်သားများကို သူ့ထံ တိုးဝင်တိုက်ခိုက်ခွင့် မည်သို့မျှခွင့်ပြုမည်မဟုတ်ချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုစစ်သားများသည် အလွန်လွယ်ကူစွာ တိုးဝင်သွားနိုင်ခဲ့သလော....

ဤသည်မှာ မည်သို့မျှ မဖြစ်နိုင်သည်ကိစ္စပင်။

"အရမ်းလွယ်မနေဘူးလား...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ....ဒီကိစ္စရဲ့နောက်ကွယ်မှာ လှည့်ကွက်တစ်ခုရှိနေနိုင်တယ်"

စုန်ကျန်းရှင်း၏မျက်လုံးများအတွင်းတွင် ဝေခွဲရခက်နေမှုများ ထင်ဟပ်နေကာ သူသည် တွေဝေတုံ့ဆိုင်းနေပေ၏။

စုန်ကျန်းရှင်း တွေဝေတုံ့ဆိုင်းနေသည်ကို မြင်တွေ့ချိန်၌ လီဖူသည် သူ့အား ထပ်မံ၍ဂရုမစိုက်တော့ချေ။သူသည် ချက်ချင်းဆိုသလိုပင်သူ့၏အခွင့်အာဏာစည်းတံဆိပ်ကို အသုံးပြု၍ အော်ဟစ်လိုက်သည်။

"မဟာစစ်ဗိုလ်ချုပ်တွေအားလုံး....လုယွီကိုတိုက်ခိုက်ကြစမ်း"

သူသည် တိုက်ခိုက်မှုကို စတင်ပြီးဖြစ်သည်။

ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းသည် လီဖူ၏ဝှက်ဖဲတစ်ချပ်ပင်။

ဤတန်ကြေးသည် ကြီးမားကာ ထန်တော်ဝင်စစ်တပ်၏လင်းယုန်ပျံဝဲအစောင့်တပ်သည် အကယ်၍ အသေအ​ပျောက် များပြားပါက လီဖူသည် ကောင်းကင်မူဝါဒရုံးတော်၏သခင်လေးဖြစ်နေသည့်တိုင် သူသည် အပြစ်ပေးခံရပေမည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ လီဖူသည် ထိုကိစ္စကို ဂရုမစိုက်တော့ချေ။

သူသည် လုယွီကိုသတ်ဖြတ်နိုင်သရွေ့ မည်သည့်တန်ကြေးကို သူ ပေးဆပ်ရပါစေ ဤသည်မှာထိုက်တန်သည်။

လီဖူ၏အမိန့်ကိုကြားချိန်တွင် စစ်သင်္ဘောများပေါ်ရှိမဟာစစ်ဗိုလ်ချုပ်များသည် စုန်ကျန်းရှင်းထံသို့ ကြည့်လိုက်ကြသည်။

စုန်ကျန်းရှင်းသည် သူ့၏ဦးရေပြား ထုံကျင်လာသည်ကို ခံစားမိလေ၏။

သို့ရာတွင် လီဖူ၏ရူးသွပ်နေသောအကြည့်ကို မြင်တွေ့ချိန်၌ စုန်ကျန်းရှင်းသည် သူ့ထံ၌ တခြားရွေးချယ်စရာမရှိတော့သည်ကို သိရှိလိုက်သည်။

"ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းနောက်ကို လိုက်ပြီးတော့ တိုက်ခိုက်ကြစို့"

စုန်ကျန်းရှင်းသည် ရှေ့ဆုံးမှဦးဆောင်၍ တိုးဝင်တိုက်ခိုက်လိုက်သည်။

ကြွင်းကျန်သော ထန်အင်ပါယာဘက်မှမဟာစစ်ဗိုလ်ချုပ်များသည်လည်း စုန်ကျန်းရှင်း၏နောက်သို့ နီးကပ်စွာ လိုက်ပါသွားကြသည်။

"လုယွီ....ငါ မင်းကို မြှုပ်နှံစရာမြေမရှိဘဲ သေအောင်လုပ်ပြမယ်"

လီဖူသည် လုယွီကိုကြည့်ကာ ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်၏။

သို့ရာတွင် သူသည် လုယွီနှင့်အကြည့်ချင်းဆုံတွေ့ချိန်၌ သူ အနည်းငယ်ထိတ်လန့်တုန်လှုပ်သွားသည်။

လုယွီသည် အေးစက်ပြီးခံစားချက်ကင်းမဲ့သောအကြည့်ဖြင့် သူ့အား စူးစိုက်ကြည့်နေသည်ကို လီဖူသည် ရုတ်တရက် ခံစားမိလေ၏။

"မင်းက ခြေတစ်လှမ်းမှားနေတုန်းပဲ...ဒါက မင်းရဲ့စစ်အင်အားအကုန်ပဲလား"

လုယွီက သူ့၏လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် သူ့၏နောက်မှနေ၍ ကျယ်လောင်သောလေဟာနယ်ဆုတ်ဖြဲသံကြီး ထွက်ပေါ်လာသည်။

မှောင်မည်းနေသော ကြယ်တာရာမိုးကောင်းကင်ယံအတွင်းမှနေ၍ ကြီးမားသောနဝမလွှသွားစစ်သင်္ဘောကြီးများ ထွက်ပေါ်လာသည်။

ထိုနဝမလွှသွားစစ်သင်္ဘောကြီးများပေါ်တွင် ရွက်တိုင်များ အလံများဖြင့် ပြည့်နှက်နေကာ မိုးကောင်းကင်ယံတခွင်လုံးကို လွှမ်းခြုံသွားသည်။

ဤမြင်ကွင်းကြောင့်....

ထန်စစ်တပ်သာမက တာယွီစစ်တပ်မှလူများသည်လည်း ကြက်သေသေသွားလေ၏။

သူတို့၏နောက်၌ စစ်တပ်ကြီးတစ်တပ်ပုန်းအောင်းနေသည်ကို သူတို့ အနည်းငယ်မျှသတိပြုမိခြင်းမရှိချေ။

နဝမလွှသွားစစ်သင်္ဘောသည် ကျားစစ်သင်္ဘောထက် ဆယ်ဆနီးပါး ပို၍ကြီးမားသည်။ဤကဲ့သို့အလွန်ကြီးမားသော စစ်သင်္ဘောကြီး​နှင့် နှိုင်းယှဥ်ပါက ကျားစစ်သင်္ဘောများသည် အလွန်အမင်းသေးငယ်သွားပေ၏။

ကြယ်တာရာကောင်းကင်ယံတွင် မှောင်မည်းနေဆဲဖြစ်သောကြောင့် နဝမလွှသွားစစ်သင်္ဘောကြီးများတည်ရှိနေမှုကို ယခင်က ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ခဲ့ခြင်းမရှိချေ။

စုန်ကျန်းရှင်းသည် အံ့အားသင့်တုန်လှုပ်သွားကာတင်းမာခက်ထန်သောအသံဖြင့် အော်ဟစ်လိုက်သည်။

"မင်းတို့က ဘယ်သူတွေလဲ"

အဝေးတစ်နေရာတွင်ရှိနေသော နဝမလွှသွားစစ်သင်္ဘောများမှနေ၍ ကျယ်လောင်သောတံပိုးခရာသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

"ငါက လုကျင်းရှန့်....ပုန်းကွဲနဂါးစစ်တပ် ပထမတပ်ခွဲရဲ့တပ်မှူးပဲ"

"ပုန်းကွယ်နဂါးစစ်တပ်...ဒုတိယတပ်ခွဲ မဟာစစ်ဗိုလ်ချုပ်သိုက်ဖုန်း"

"ပုန်းကွယ်နဂါးစစ်တပ်...တတိယတပ်ခွဲ စစ်ဗိုလ်ချုပ်တဲ့ ချောင်ပေါင်"

"ပုန်းကွယ်နဂါးစစ်တပ်...စတုတ္ထတပ်ခွဲ တပ်မှူးအောင်းကွမ်း"

Chapter 3904

ကျယ်လောင်သောအသံများနှင့်အတူ အမှောင်ထုအတွင်းမှ ထွက်ပေါ်လာသော စစ်သင်္ဘောများသည် နောက်ဆုံး၌ အစစ်အမှန်ပုံပန်းသွင်ပြင်များ ပေါ်လွင်လာလေပြီ။

ထိုနဝမလွှသွားစစ်သင်္ဘောများအားလုံးပေါ်တွင် အသိသာအထင်ရှားဆုံးတစ်ခုမှာ 'လု'ဟူသောစာလုံးပါသည့် ကြက်သွေးရောင်တပ်မှူးအလံပင်။

ဧရာမနဝမလွှသွားစစ်သင်္ဘောဆယ့်နှစ်စီးသည် ကြယ်တာယာကောင်းကင်ယံအတွင်း၌ မားမားမတ်မတ်ရပ်တည်နေကာ မာလင်းကြယ်နယ်မြေတစ်ခုလုံး၏ထွက်ပေါက်များကို ပိတ်ဆို့ထားသည်။

"ဒါက လုယွီရဲ့စစ်ကူတွေလား...သူက ဘယ်နေရာကနေပြီးတော့ ဒီလောက်ထိများပြားတဲ့ စစ်ကူတွေကို ရသွားတာလဲ"

စုန်ကျန်းရှင်းသည် အံ့အားသင့်တုန်လှုပ်သွားပေ၏။

နဝမလွှသွားစစ်သင်္ဘောသည် တာယွီတော်ဝင်နန်းတွင်း၏ အကြီးမားဆုံးစစ်သင်္ဘောပင်။

မိုးကြိုးဝေလအမတ်ကြီးရှားဟိုလီပင်လျှင် စစ်တပ်ကိုဦးဆောင်၍တိုက်ခိုက်စဉ်၌ ဤကဲ့သို့စစ်သင်္ဘောများကို အသုံးပြုနိုင်ခဲ့ခြင်းမရှိချေ။

သို့ရာတွင် လုယွီကမူ ထိုစစ်သင်္ဘောများကိုဤနေရာသို့ ပြောင်းရွှေ့လာခဲ့သည်။

ယခုလက်ရှိလုယွီသည် ယခင်ကဲ့သို့ တယောက်တည်းတိုက်ခိုက်ရသော ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ချေ။သူထံ၌ အဆက်အသွယ်အမြောက်အများ ရှိနေလေပြီ။

စာပေသူတော်စင်ယီဟန်၏ တပည့်တစ်ယောက် ဟူသော နာမည်ဂုဏ်သတင်းသက်သက်ဖြင့် သူ့၏နာမည်ကို ကောင်းကင်ဘုံနယ်မြေတစ်ခွင်လုံးအနှံ ပျံ့နှံ့သွားစေရန် လုံလောက်သည်။

ထို့ပြင် ရေခဲမင်းသားချိုင်လုံရှင်း ဖူကျစ်ရွှယ် နတ်ဘုရားဓားအမတ်ကြီးနှင့် မိုးကြိုးဝေလအမတ်ကြီးတို့၏ သြဇာအာဏာများကြောင့် လုယွီသည် တခြားစစ်တပ်များမှနဝမလွှသွားစစ်သင်္ဘောများကို အလျှင်အမြန် ဆင့်ခေါ်နိုင်ခဲ့သည်။

ပုန်းကွယ်နဂါးစစ်တပ်တွင် လူအင်အားတစ်သန်းထိ ချဲ့ထွင်ထားနိုင်လေပြီ။

ထိုစစ်တပ်တွင် အဓိကတပ်ခွဲလေးခုကို လုယွီ၏လက်အောက်ငယ်သားများမှ ဦးဆောင်သည်။လက်ရွေးစင်နဂါးနက်စစ်တပ်ကိုမူ ဖေးထျန်ကွမ်းမှဦးဆောင်ကာ လုယွီ၏သက်တော်စောင့်များအဖြစ် အရည်အချင်းအရှိဆုံးလူများကို ရွေးထုတ်ထားသည်။

လုယွီသည် ကောင်းကင်ချိုးဖျက်ခံတပ်သို့ရောက်ရှိချိန်မှစ၍ သူ့၏အဓိကတပ်ခွဲလေးခုကိုမာလင်းကြယ်နယ်မြေပေါ်၌ စုဝေးရန် စီစဉ်ထားပြီးဖြစ်သည်။

အစွမ်းထက်သော စစ်သည်အင်အားရှစ်သိန်းသည် မာလင်းကြယ်နယ်မြေပေါ်၌ စုဝေးနေပေ၏။

ရုတ်ချင်းဆိုသလိုပင် လုယွီနှင့်လီဖုအကြားမှ အင်အားကွာခြားချက် ပျောက်ကွယ်သွားသည်။

"ဒါဆိုရင် အရှင်လုက ဒီကိစ္စအတွက် ပြင်ဆင်ပြီးသား ဖြစ်နေတာပဲ"

"သူက ဒီစစ်တပ်ကြီးကို ဘယ်နေရာကနေ ရလာတာလဲ...တော်ဝင်မြို့တော်မှာရှိတဲ့ တော်ဝင်စစ်တပ်ကပဲ ဒီလိုစစ်သင်္ဘောတွေကို အသုံးပြုဖို့ အရည်အချင်းပြည့်မီမှာကို ငါ စိုးရိမ်မိတယ်"

ကောင်းကင်ချိုးဖျက်ခံတပ်မှ စစ်သားများသည် သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြ၏။

သို့ရာတွင် သူတို့၏စိတ်နှလုံးသားများ အနည်းငယ် တည်ငြိမ်အေးချမ်းသွားသည်။ အနည်းဆုံးအနေဖြင့် ယခုရောက်ရှိလာသောစစ်သားများသည် သူတို့နှင့်တစ်ဖက်တည်းဖြစ်နေသည်။

"လုယွီ....တကယ်လို့ မင်းမှာ စစ်ကူတွေရှိနေရင်တောင် ဘာလုပ်ရမှာလဲ...ငါ့ရဲ့ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းက ပြိုင်ဘက်ကင်းတယ်...ဘယ်သူကမှ သူတို့ကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး"

လီဖူသည် နှလုံးကွဲကြေလုမတတ် ကျယ်လောင်စွာအော်ဟစ်လိုက်၏။

ဤကိစ္စများအားလုံးသည် သူ့၏မျှော်လင့်ချက်ထက် ကျော်လွန်နေသည်။

လီဖုသည် သာလွန်ထူးကဲသော လူတစ်ယောက်ဖြစ်သော်လည်း သူသည် လုယွီ၏လက်အောက်၌ အကြိမ်များစွာရှုံးနိမ့်ခဲ့ရသည်။သူ့အား ပို၍ဒေါသထွက်စေသောအရာမှာ လုယွီ၏လုပ်ရပ်များသည် သူ့၏ခန့်မှန်းချက်များထက် အစဉ်အမြဲကျော်လွန်နေခြင်းပင်။

ဤကဲ့သို့ကိစ္စများကြောင့် လီဖူသည် သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ရူးသွပ်လုနီးပါးဖြစ်နေလေပြီ။

မိုးကောင်းကင်ယံအတွင်း၌....

ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းသည် လီဖူ၏မျှော်လင့်ချက်များကိုခစိတ်ပျက်သွားစေခြင်းမရှိချေ။ထိုစစ်သားများသည် အတူတကွပူးပေါင်းကာ ဝင်္ကပါတစ်ခုကိုဖွဲ့စည်းပြီး ထက်ရှသော ဓားရှည်တစ်လက်အသွင်ပြောင်းလဲ၍ ပုန်းကွယ်နဂါးစစ်တပ်ထံဦးတည်ကာ ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်သည်။

လီဖူ၏မျက်နှာပေါ်တွင် ယုံကြည်ချက်ရှိသောအပြုံးတစ်ခု ထင်ဟပ်လာသည်။

ဤရှောင်လက်ရွေးစင်စစ်သားတစ်သောင်းသည် ထန်အင်ပါယာမှ ဂရုတစိုက်မြေတောင်မြှောက်ထားသော လက်ရွေးစင်စစ်သားများပင်။သူတို့အနက်မှ တစ်ယောက်ချင်းစီကို တော်ဝင်စစ်တပ်မှ ရွေးထုတ်ထားခြင်းဖြစ်သည်။သူတို့သည် ပြင်းထန်သောတိုက်ပွဲများကို တိုက်ခိုက်ခဲ့သည့်တိုင် တကြိမ်တစ်ခါမျှရှုံးနိမ့်ခဲ့ဖူးခြင်းမရှိချေ။

လုကျင်းရှန့်၏ပထမတပ်ခွဲသည် အရှေ့ဆုံး၌ရှိနေလေ၏။

သူသည် သူ့ရှေ့ရှိ ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းကိုကြည့်ကာ သူ့၏လက်ကိုဝှေ့ယမ်းပြီး အော်ဟစ်လိုက်၏။

"ဝင်္ကပါ ဖွဲ့စည်းစမ်း"

ဘုန်း...ဘုန်း....ဘုန်း....

စစ်ဖိနပ်များနှင့်ကြမ်းပြင်ရိုက်ခတ်မိသည့် အသံများကို စစ်သင်္ဘောကုန်းပတ်ပေါ်မှ ကြားနိုင်သည်။

နဝမလွှသွားစစ်သင်္ဘောကြီး၏ ကုန်းပတ်ပေါ်တွင် သံချပ်ကာဝတ်စုံများ ဝတ်ဆင်ထားသောစစ်သားတစ်စု ထွက်ပေါ်လာသည်။သူတို့ကိုကြည့်ရသည်မှာ တည်ကြည်လေးနက်ပြီး တည်ငြိမ်ပေ၏။

ထိုစစ်သားတစ်ယောက်စီ၏နောက်တွင် ဓားအိမ်တစ်ခုစီရှိနေသည်။

ထိုစစ်သားများသည် မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်ပြီးနောက် သူတို့၏နောက်ကျောများပေါ်ရှိ ဓားအိမ်များမှ ကျယ်လောင်သောအသံများ မြည်ဟီးလာသည်။ထို့နောက် အေးစက်စက်အလင်းတန်းများ ဖြာထွက်နေသော ဓားပျံများထွက်ပေါ်လာကာ လေထုအတွင်း၌ မျောလွင့်နေသည်။

ထိုဓားပျံများ၏အရည်အသွေးသည်အလွန်အမင်းမြင့်မားကာ နဂါးဖြူများ၏ပုံရိပ်ယောင်များကိုပင် ဝိုးတဝါးတွေ့မြင်နိုင်ပေ၏။နဂါးဖြူများသည် ဓားများ၏နံဘေးပတ်လည်တွင် ရှေ့နောက်လူးလွန့်နေကာ တုန်လှုပ်​ချောက်ချားဖွယ်နဂါးဟိန်းသံများကို အဆက်မပြတ်ထုတ်လွှတ်နေသည်။

ဤဓားပျံများသည် အမှန်အားဖြင့် စိတ်ဝင်ညာဥ်ချိတ်ဆက်ခြင်းအဆင့် မှော်လက်နက်များပင်။

လီဖူသည် ကြက်သေသေသွားလေ၏။

စုန်ကျန်းရှင်းသည်လည်း ကြက်သေသေသွားသည်။

လုယွီ၏နောက်တွင်ရှိနေသော ကောင်းကင်ချိုးဖျက်ခံတပ်မှ တာယွီစစ်သားများပင်လျှင် ကြက်သေသေသွားသည်။

လီဖူသည် သွေးအန်ထွက်လုနီးပါးအခြေအနေသို့ ရောက်ရှိသွားလေပြီ။သူ့၏မျက်လုံး ပြူးကျယ်နေကာ လေထုအတွင်း၌ပျံဝဲနေသော စိတ်ဝိညာဉ်ချိတ်ဆက်ခြင်းအဆင့်ဓါးပျံများကို စူးစိုက်၍ကြည့်နေသည်။

"သူက ဒီလောက်ထိများပြားတဲ့ စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် မှော်လက်နက်တွေကို ဘယ်နေရာကနေ ရလာတာလဲ...ဒါက မဖြစ်နိုင်ဘူး"

Chapter 3905

စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် မှော်ရတနာထက် တစ်ဆင့်မြင့်သွားပါက ဧကရာဇ်အဆင့်ပင်။

စိတ်ဝိညာဉ်ချိတ်ဆက်ခြင်းအဆင့် မှော်ရတနာများတွင် အားသာချက်များနှင့်အားနည်းချက်များရှိသည်။သို့ရာတွင် ဤအဆင့်သို့ ရောက်ရှိလာသော ရတနာတစ်ခုကို အလွန်အမင်းအဖိုးတန်ရှားပါးသည်ဟု ချွင်းချက်မရှိယူဆနိုင်ပေ၏။

ထိုအဆင့်ရတနာတစ်ခုစီတွင် စိတ်ဝိညာဉ်တစ်ကောင်ရှိနေသည်။လက်နက်စိတ်ဝိညာဉ်မွေးဖွားလာသည်နှင့် ထိုအရာသည် သာမန်မှော်လက်နက်တစ်ခုနှင့် အလွန်အမင်းကွဲပြားခြားနားသွားပေမည်။

ပြင်ပဂိုဏ်းအင်အားစုလောကတွင် အတွေ့အကြုံရင့်ကျက်သည့် ဂိုဏ်းချုပ်များနှင့်အကြီးအကဲတစ်ချို့သာ ဤကဲ့သို့ စိတ်ဝိညာဉ်ချိတ်ဆက်ခြင်းအဆင့် မှော်ရတနာများကို ကိုင်ဆောင်နိုင်ကြသည်။

လီဖူသည် နဝမလွှသွားစစ်သင်္ဘောကြီး၏ရှေ့၌ ဒီရေလှိုင်းတစ်ခုအလား မျောလွင့်နေသော စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် မှော်လက်နက်များကိုကြည့်ပြီး မနာလိုအားကျဖြစ်နေမိသည်။

သူသည် ကောင်းကင်မူဝါဒရုံးတော်၏သခင်လေးတစ်ယောက်ဖြစ်သည့်တိုင် သူ့ထံတွင် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် မှော်ရတနာခြောက်ခုခုနစ်ခုခန့်သာ ရှိပေ၏။

သို့ရာတွင် ဤနဝမလွှသွားစစ်သင်္ဘောကြီးပေါ်တွင် အနည်းဆုံးအနေဖြင့် ထိုအဆင့်ရတနာမျိုး သောင်းနှင့်ချီ၍ရှိနေသည်။

"လုယွီ....တကယ်လို့ မင်းမှာ စစ်ကူတွေရှိနေရင်တောင် ဘာလုပ်နိုင်မှာလဲ...ငါက မင်းရဲ့လူတွေကို ချေမှုန်းပြီးတာနဲ့ မင်းကို ချက်ချင်းသတ်ပစ်မယ်"

လီဖူက အော်ဟစ်လိုက်သည်။

သို့ရာတွင် သူ၏အသံပျက်ပြယ်သွားသောအချိန်မှာပင် လုယွီ၏လက် အောက်သို့ညင်သာစွာ ကျရောက်သွားသည်ကို သူ မြင်တွေ့မိလေ၏။

လုယွီ၏လက် ကျရောက်သွားသည်နှင့် မရေမတွက်နိုင်သောဓားပျံများမှ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဓားချီလှိုင်းများကို ချက်ချင်းထုတ်လွှတ်လိုက်ကာ ထန်စစ်သားများရှိနေသောနေရာသို့ ဦးတည်၍တိုးဝင်သွားသည်။

ပတ်ဝန်းကျင်နေရာတဝိုက်တွင် တုန်လှုပ်ချောက်ချားဖွယ် ဓားစိတ်ဆန္ဒများ ထွက်ပေါ်နေကာ မိုးကောင်းကင်ယံအတွင်းရှိ နေရာအနှံအပြား၌ ပြည့်နှက်နေသည်ကို လူတစ်ယောက်၏သာမန်မျက်လုံးဖြင့်ပင် တွေ့မြင်နိုင်ပေမည်။

ရှောင်လက်ရွေးစင်စစ်သားတစ်သောင်း၏တိုက်ပွဲဝင်္ကပါသည် ထက်ရှသောဓားချီလှိုင်းများ၏ ဖျက်ဆီးခြင်းကို ချက်ချင်းခံလိုက်ရတော့သည်။

ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းသည် အစွမ်းထက်သော်လည်း ဓားချီလှိုင်းများ၏ ဖြတ်တောက်ခြင်းကိုခံရပြီးနောက် သူတို့သည် သွေးသံတရဲရဲဖြစ်သွားလေ၏။

ရှေ့ဆုံးမှတိုးဝင်သွားသော ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းမှ တချို့သည် ဓားချီလှိုင်းများအောက်တွင် သေဆုံးသွားခဲ့ကာ သွေးများနှင့်ခြေပြတ်လက်ပြတ်များက နေရာအနှံ့အပြားသို့ ပျံလွင့်သွားသည်။

ဝှစ်...ဝှစ်...ဝှစ်...

ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းအနက် တစ်ထောင်ကျော်ခန့် သေကြေပျက်စီးသွားခဲ့သည်။

"သူတို့ရဲ့ခုခံကာကွယ်မှုကို ချိုးဖျက်ပြီးတော့ လုယွီကို အရင်ဆုံးသတ်ကြစမ်း"

လီဖူက စစ်တပ်၏နောက်မှနေ၍ အမိန့်ပေးလိုက်သည်။

လီဖူ၏အမိန့်ကိုကြားချိန်တွင် ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် သူတို့ကိုယ်သူတို့တည်ငြိမ်အောင်ထိန်းသိမ်းကာ လုယွီကို တိုက်ခိုက်လိုက်ကြသည်။

ဘုန်း....ဘုန်း....ဘုန်း...

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် ပတ်ဝန်းကျင်ရှိ နဝမလွှသွားစစ်သင်္ဘောကြီးများ ထပ်မံ၍ရွေ့လျားသွားသည်။

တခြားတပ်ခွဲသုံးခုမှ စစ်သင်္ဘောများသည် ရှေ့သို့တိုးဝင်လာကာ လုယွီ၏မိုးကောင်းကင်ယံအတွင်း၌ တင်းတင်းကြပ်ကြပ် ပိတ်ဆို့ဟန့်တားလိုက်သည်။

ရှောင်လက်ရွေးစင်စစ်သားတစ်သောင်း၏ ထိတ်လန့်တုန်လှုပ်နေသောအကြည့်များအောက်တွင် တခြားတပ်ခွဲသုံးခုမှ စစ်သားများသည် သူတို့၏မှော်လက်နက်များကို ဆင့်ခေါ်လိုက်ကြ၏။

ထိုမှော်လက်နက်များသည် ဆေဘာဓားများ လှံများ ဓားပျံများစသဖြင့် အမျိုးအစားစုံညင်သော်လည်း ထိုအရာများအားလုံးသည် ချွင်းချက်မရှိ အဆင့်မြင့်မှော်ရတနာများ ဖြစ်နေသည်။

အားအနည်းဆုံးမှော်လက်နက်ပင်လျှင် ထိပ်တန်းအဆင့်၌ ရှိနေသည်။

မှော်ရတနာအမြောက်အများ အတူတကွစုဝေးသွားသဖြင့် နဝမလွှသွားစစ်သင်္ဘောများ၏ကုန်းပတ်များပေါ်တွင် မှော်လက်နက်များမှအလင်းရောင်များဖြင့် တောက်ပနေသည်။

လီဖူ၏မျက်နှာ သေလုမတတ် ဖြူရော်သွားကာ သူက ညည်းတွားလိုက်၏။

"မဖြစ်နိုင်ဘူး...ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး"

သူသည် ကောင်းကင်မူဝါဒရုံးတော်၏သခင်လေးတစ်ယောက် ဖြစ်နေသည့်တိုင် သူ့၏စစ်တပ်ကို ဤမျှထိ လက်နက်များတပ်ဆင်ပေးထားရန်မှာ မည်သို့မျှမဖြစ်နိုင်ချေ။

လုယွီ၏ယခုလက်ရှိချမ်းသာကြွယ်ဝမှုသည် တာယွီအင်ပါယာ၏အချမ်းသာဆုံးလူများအနက်မှတစ်ယောက်ဖြစ်နိုင်သည်ကို သူ သိရှိနိုင်မည်မဟုတ်ချေ။

လုယွီထံတွင် မည်သို့မျှ ကုန်ခမ်းသွားနိုင်ခြင်းမရှိသော စိတ်ဝိညာဥ်သွေးကြောတစ်ခုရှိနေသည်။

တာယွီအင်ပါယာ၏တော်ဝင်မြို့တော်မှ ချမ်းသာကြွယ်ဝဆုံး ရှမိသားစုထံတွင်ပင် စိတ်ဝိညာဥ်သွေးကြောငါးခုသာရှိသည်။

ထို့ပြင် လုယွီသည် ယခင်က စွန့်စားခန်းများမှတဆင့် တာအိုသခင်တစ်ယောက်၏ရတနာများကိုရရှိခဲ့ရာ သူ့၏ချမ်းသာကြွယ်ဝမှုကို နှစ်ဆတိုးသွားစေခဲ့သည်။

ပြောရမည်ဆိုလျှင် လုယွီတစ်ယောက်တည်း၏ ချမ်းသာကြွယ်ဝမှုသည် သူ့အား တော်ဝင်မြို့တော်အတွင်း၌ ထိပ်သီးမိသားစုရှစ်စုအနက်မှ တစ်စုအဖြစ် ရပ်တည်နိုင်ရန် လုံလောက်ပေ၏။

ပုန်းကွယ်နဂါးတပ်ခွဲကမူ ဤသည်မှာ လုယွီ အရင်းအမြစ်အမြောက်အများ ကုန်ကျခံ၍ တည်ဆောက်ထားသော စစ်တပ်တစ်တပ်ပင်။

အတိတ်တွင် လုယွီသည် စွန့်စားခန်းများမှတဆင့် စိတ်ဝိညာဥ်ကျောက်တုံးများအပြင် သူ ရရှိခဲ့သောရတနာအများစုမှာ စိတ်ဝိညာဉ်ချိတ်ဆက်ခြင်းအဆင့်မှော်ရတနာများပင်။

လုယွီသည် ယခုလက်ရှိချိန်တွင် အလွန်အမင်းကြီးမားသော လက်နက်တိုက်ကြီးကို ပိုင်ဆိုင်ထားသည်ဟုပင် ဆိုနိုင်သည်။

ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားရှစ်သိန်းအနက် နှစ်သိန်းထံတွင် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် မှော်ရတနာများကို ထောက်ပံ့ပေးထားသည်။ကြွင်းကျန်သောစစ်သားခြောက်သိမ်းထံတွင်မူ အနည်းဆုံးအနေဖြင့် စစ်သားတစ်ယောက်စီထံတွင် ထိပ်တန်းအဆင့်မှော်ရတနာတစ်ခုစီရှိနေသည်။

ဤမှော်လက်နက်များသည် ကြီးကျယ်ခမ်းနားပြီးအဖိုးတန်ရှားပါးသောအရာများပင်။

ဖြစ်နိုင်သည်မှာ တာယွီအင်ပါယာတွင် နဂါးအစောင့်တပ်သည်သာ လုယွီ၏ပုန်းကွယ်နဂါးစစ်တပ်နှင့် ချမ်းသာကြွယ်ဝမှုခြင်း ယှဉ်ပြိုင်နိုင်ပေမည်။

Thank For Reading.

All Chapters