← Chapters

အခန်း (၃၉၁၀-၃၉၁၃)

Vol. 199 Ch. 3910-3913

အခန်း (၃၉၁၀-၃၉၁၃)

Vol. 199 Ch. 3910-3913

Chapter 3910

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအကြားရှိ တိုက်ပွဲတစ်ခုတွင် သေးငယ်သော အမှားအယွင်းတစ်ခုကပင် မိုးနှင့်မြေတမျှ ကွဲပြားခြားနားခြင်းဆီသို့ ဦးတည်သွားနိုင်သည်။

"ရှေးဟောင်းအမွေးရှည်ဆင် ကောင်းကင်ဘုံကိုခြေဆောင့်နင်းခြင်း"

တုရှန်းရှန်း၏ခန္ဓာကိုယ်အတွင်းမှနေ၍ ဆင်တစ်ကောင်၏ ရှည်လျားသောဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။

"ဝူး....."

ထိုဟိန်းဟောက်သံသည် ရှေးဟောင်းအချိန်ကာလများမှ ဆင်းသက်လာပုံရကာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပြီး လေဟာနယ်ကို တုန်ခါသွားစေသည်။

"ငါ့မှာ ရှေးဟောင်းအမွေးရှည်ဆင်ရဲ့အစစ်အမှန်သွေးစက်ရှိတယ်...ရှေးဟောင်းအမွေးရှည်ဆင်တကောင်ရဲ့ခွန်အားနဲ့ ငါက အစစ်အမှန်နဂါးတစ်ကောင်ကိုတောင် ဆုတ်ဖြဲနိုင်တယ်...ဒီလောကကြီးထဲမှာ ဘယ်သူကမှ ငါ့ကို မယှဉ်ပြိုင်နိုင်ဘူး...လုယွီ မင်းနဲ့ငါ သေတဲ့အထိ တိုက်ခိုက်ကြစို့"

တုရှန်းရှန်း၏ခန္ဓာကိုယ်မှကြွက်သားများ တဖန်ထပ်၍ဖောင်းကြွလာကာ ယခုလက်ရှိအချိန်၌ သူ့၏အရပ်အမြင့်သည် သုံးမီတာနီးပါးသို့ ရောက်ရှိသွားလေပြီ။အဝေးမှာကြည့်ပါက သူသည် လူသားပုံသဏ္ဍာန်သားရဲကြီးတစ်ကောင်နှင့် တူညီနေသည်။

သူ့၏ခန္ဓာကိုယ်ပေါ်ရှိ ရှေးဟောင်းသင်္ကေတအက္ခရာများသည် ပို၍ပို၍စူးရှတောက်ပလာပေ၏။

သူသည် နတ်ဘုရားစွမ်းအားကိုထိန်းချုပ်ကာ စည်းမျဉ်းဥပဒေသများကို လျစ်လျူရှုထားသည်။

အကန့်အသတ်မရှိသော လေဟာနယ်ကို ကြေမွှပျက်စီးစေနိုင်စွမ်းရှိသော စွမ်းအားတစ်ရပ်က တုရှန်းရှန်း၏ခန္ဓာကိုယ်အတွင်း၌ ပျော်ဝင်နေသည်။ထိုစွမ်းအားကို အနည်းငယ်ထုတ်လွှတ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိလေဟာနယ်တွင် အက်ကွဲကြောင်းအမြောက်အများကို ဖြစ်ပေါ်သွားစေသည်။

ထို့နောက်မှနေ၍ သူသည် ခြေတစ်လှမ်းရှေ့တက်ကာ လုယွီကိုရိုက်နှက်ရန်အတွက် သူ့၏လက်ကို မြှောက်လိုက်သည်။

မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ လုယွီသည် လက်သီးတချက် ထိုးနှက်လိုက်၏။

သူတို့နှစ်ယောက်သည် သန့်စင်သောရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်ကို အသုံးပြု၍ အချင်းချင်းတိုက်ခိုက်နေကြခြင်းပင်။ ရုတ်တရက် ကျယ်လောင်သောပေါက်ကွဲသံတစ်သံထွက်ပေါ်လာကာ မှော်စွမ်းအားလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ထိုတိုက်ခိုက်မှုအဆုံးသတ်သွားချိန်တွင် လုယွီသည် အနည်းငယ်မျှ ရွေ့လျားသွားခြင်းမရှိချေ။သို့ရာတွင် တုရှန်းရှန်းသည် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်ရသည်။

သူ့၏လက်ယာဘက်လက်မောင်းရှိ ကြွက်သားများမှနေ၍ သွေးစီးကြောင်းတကြောင်း ယိုစီးကျလာသည်။ဤသည်ကြောင့် သူ့၏လက်တစ်ဖက်လုံးကို ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းနေပေ၏။

လုယွီသည် လက်သီးတစ်ချက်ဖြင့် တုရှန်းရှန်းကို နောက်ဆုတ်သွားစေပြီးနောက် သူသည် ရပ်တန့်ခြင်းမရှိချေ။ထိုအစား သူသည် ရှေ့သို့တိုးကာ တုရှန်းရှန်းကို ဆက်လက်၍ဖိနှိပ်ရန် ပြင်ဆင်လိုက်သည်။

"သေစမ်း"

ထိုအချိန်မှာပင် နံဘေး၌ မတ်တတ်ရပ်နေသော စုန်ကျန်းရှင်းသည် ရုတ်သရက် လုယွီထံဦးတည်၍ သူ့၏ဓားကို ဝှေ့ယမ်းလိုက်သည်။

စုန်ကျန်းရှင်း၏လက်အတွင်းရှိ ဓားရှည်မှမျက်နှာပြင်ပေါ်တွင် အနက်ရောင်မြူခိုးအလွှာတစ်လွှာ လွှမ်းခြုံနေသည်။ထိုဓားကိုကြည့်ရသည်မှာ မြူခိုးများလွှမ်းခြုံနေသည့်နှင့် တူညီကာ ထင်ယောင်ထင်မှားအရာတစ်ခုအလားဖြစ်နေပြီး အတိအကျဖမ်းဆုပ်နိုင်ရန်မဖြစ်နိုင်​ချေ။

ဤသည်မှာ လုပ်ကြံသတ်ဖြတ်ခြင်း ဓားတစ်လက်ပင်။

ခြေလှမ်းဆယ်လှမ်းအတွင်းရှိ လူတစ်ယောက်ကိုသတ်ဖြတ်ပြီးနောက် နောက်သို့ မိုင်တစ်ထောင်ခန့် ဆုတ်ခွာသွားနိုင်သည်။

တခြားလူများသည် စုန်ကျန်းရှင်းနှင့်တိုက်ခိုက်စဉ်တွင် သူ့၏ရဲတင်းပြီး အစွမ်းထက်သော ဓားအရှိန်အဝါကြောင့် လှည့်စားခြင်းခံရကာ အဆုံးသတ်၌ သူ့၏လျှို့ဝှက်ဓားကို လျစ်လျှူရှုမိသောကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသွားပေမည်။

သို့ရာတွင် လုယွီကမူ ထိတ်လန့်တကြားဖြစ်သွားခြင်းမရှိချေ။

သူ့ထံသို့ တိုးဝင်တိုက်ခိုက်လာသောဓားကို မြင်တွေ့ချိန်တွင် သူ့၏လက်ယာလက်ကိုမြှောက်ကာ သူ့ရှေ့၌ မတ်တတ်ရပ်နေသော စုန်ကျန်းရှင်းကို ဖိနှိပ်လိုက်၏။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...အရပ်ရှစ်မျက်နှာချိတ်ပိတ်ခြင်း....

ရုတ်ချည်းဆိုသလိုပင် စုန်ကျန်းရှင်း၏နံဘေးပတ်လည်ရှိ လေဟာနယ်သည် အေးခဲနေသောရေခဲလှိုဏ်ဂူတစ်ဂူအလား တောင့်တင်းသွားကာ သူ့အား အပြည့်အဝချိတ်ပိတ်လိုက်သည်။

စုန်ကျန်းရှင်းသည် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်မှ ဓားတစ်လက်ကို ကိုင်ဆောင်ထားသော ကိုယ်နေဟန်ထားမျိုး၌ ရှိနေဆဲပင်။သို့ရာတွင် သူသည် လေထု၏အလယ်၌ တောင့်တင်းသွားကာ လှုပ်ရှားနိုင်ခြင်းမရှိသောချေ။

"ဒါက နယ်မြေသခင်တစ်ယောက်ရဲ့နည်းစနစ်ပဲ...သူက တကယ့်ကိုပဲ နယ်မြေသခင်တစ်ယောက်ဖြစ်နေတာလား"

စုန်ကျန်းရှင်း၏နှလုံးခုန်သံများ လျှင်မြန်သွားသည်။သူ့၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ အစွမ်းထက်သောစွမ်းအားလှိုင်းများ ပွင့်အံ့ထွက်လာကာ သူ့အားချိတ်ပိတ်ထားသောပတ်ဝန်းကျင်မှ စွမ်းအားများကို အလျင်စလို​ချေဖျက်လိုက်သည်။

သို့ရာတွင် သူသည် အကောင်းဆုံးလုပ်ကြံသတ်ဖြတ်နိုင်သည့်အခွင့်အရေးကို လွဲချော်သွားလေပြီ။

လုယွီ၏လက်သီးချက် ထပ်မံ၍ကျရောက်သွားကာ တုရှန်းရှန်းလွင့်ထွက်သွားသည်ကို စုန်ကျန်းရှင်းသည် ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ဤတစ်ကြိမ်တွင် တုရှန်းရှန်းသည် နောက်သို့မီတာတစ်ထောင်ခန့်အကွာအဝေးသို့ လွင့်ထွက်သွားပေ၏။သူ့၏ရင်ဘတ်သည် အတွင်းသို့ချိုင့်ဝင်သွားပုံရသည်။အစွမ်းထက်သောခွန်အားလှိုင်းကြောင့် သူ့အား အကြိမ်များစွာချောင်းဆိုးသွားစေကာ သွေးများက သူ့၏ပါးစပ်မှ ယိုစီးကျလာသည်။

"ရှေးဟောင်းအမွေးရှည်ဆင်တွေက ကုန်းသတ္တဝါထဲမှာ အမြင့်မြတ်ဆုံးသက်ရှိလို့ အခေါ်ခံရဖို့ တကယ့်ကို ထိုက်တန်တာပဲ...ငါရဲ့ခွန်အားနဲ့ မင်းကို မသတ်နိုင်ခဲ့ဘူး"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။တုရှန်းရှန်း အသက်ရှင်နေသည့်အတွက် သူသည် အလွန်အမင်း စိတ်မကျေမနပ်ဖြစ်နေပေ၏။

သူသည် ရုတ်တရက် စုန်ကျန်းရှင်းကို လှည့်ကြည့်ပြီး သူ့၏လက်ချောင်းငါးချောင်းကိုဖြန့်ကာ သူ့၏အကြည့်တွင် အေးစက်တင်းမာမှုများဖြင့် ပြည့်နှက်နေသည်။

'မင်းက စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေတာကြောင့် ငါ မင်းကို ကောင်းကောင်းမွန်မွန်သေခွင့်ပေးမယ်...မင်း တိုက်ပွဲစစ်မြေပြင်ပေါ်မှာ သေဆုံးစေရမယ်"

သူ့၏လက်ချောင်းငါးချောင်းအတွင်း၌ လောကကြီးကိုဖျက်ဆီးနိုင်သော စွမ်းအားတစ်ရပ်ရှိနေသည်။

စုန်ကျန်းရှင်းသည် သူ့၏ခေါင်းထက်သို့ မိုးကြိုးတစ်စင်းဆင်းသက်လာသည့်အလား ခံစားမိသည်။သူ့၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်သည် အဆက်မပြတ်ကျုံဝင်နေကာ မိုးနှင့်မြေပြိုလဲသွားသည့်အလားပင်။ဤစွမ်းအားသည် သူ့အား စိတ်ပျက်အားငယ်မှုများကို ခံစားရစေပေ၏။

Chapter 3911

စုန်ကျန်းရှင်းသည် သူ မရွေ့လျားနိုင်တော့သည်ကို ခံစားမိလေ၏။

တိုက်ပွဲစစ်မြေပြင်၏ပတ်ဝန်းကျင်သည် တစတစ သူနှင့်ဝေးကွာသွားပုံရသည်။ပတ်ဝန်းကျင်ရှိလေဟာနယ်သည် တဖြည်းဖြည်းချင်းပြိုလဲသွားကာ မည်သည့်အရာမျှမရှိသည့်အလား အလွန်အမင်းကျုံဝင်သွားပေ၏။

ဤအချိန်အခိုက်အတန့်တွင် စုန်ကျန်းရှင်း၏အာရုံခံအင်္ဂါများအားလုံး ချိတ်ပိတ်ခံထားရသည်။အလွန်ကြီးမားသောထိတ်လန့်ကြောက်ရွံဖွယ်ရာများနှင့် ထူးဆန်းသောအတွေးအမျိုးမျိုးက သူ့၏စိတ်နှလုံးသားအနက်ရှိုင်းဆုံးနေရာမှ ပွင့်အံ့ထွက်လာသည်။

"သူက ဘာလို့ဒီလောက်ထိ အစွမ်းထက်နေတာလဲ"

စုန်းကျန်းရှင်းသည် သူ့၏စိတ်နှလုံးသားအတွင်းမှနေ၍ စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်၏။

သူ ထွက်ခွာမလာမီအချိန်တွင် အမတ်ကြီးလီကျိုးစီသည် လုယွီနှင့်ရင်ဆိုင်ရာ၌ ဂရုစိုက်ရန် သူ့အား သတိပေးခဲ့သည်။

စုန်ကျန်းရှင်းသည် အတွေ့အကြုံရင့်ကျက်ပြီး တည်ငြိမ်သော စစ်ဗိုလ်ချုပ်တစ်ယောက်ပင်။ သို့ရာတွင် သူသည် စစ်နည်းဗျူဟာကို မသိရှိသောလူတစ်ယောက် မဟုတ်သဖြင့်လုယွီ၏အသက်အရွယ်အရ သူ လွယ်လင့်တကူလှည့်စားနိုင်မည်ဟု ယူဆခဲ့သည်။

လုယွီသည် ဤကဲ့သို့ငယ်ရွယ်သောအသက်အရွယ်၌ နယ်မြေသခင်တစ်ယောက်၏စွမ်းအားကို ပိုင်ဆိုင်ထားမည်ဟု မည်သူ​မျှ မျှော်လင့်ထားမိခြင်းမရှိချေ။

ဤသည်မှာ ယေဘူယျအသိအမြင်များဖြင့် ဆန့်ကျင်နေပေ၏။

ရုတ်တရက် ခေါင်းဖြတ်ဓားသည် စုန်ကျန်းရှင်း၏နောက်ကျော၌ ထွက်ပေါ်လာသည်။အလင်းတန်းတစ်တန်း ဖျက်ခနဲတောက်ပသွားခြင်းနှင့်အတူ စုန်ကျန်းရှင်း၏ခေါင်း မြေပြင်ပေါ်သို့ ကျရောက်သွားသည်။

"ငါ သေရတော့မှာလား....ငါ အခုသေသွားပြီလား"

သူ သေဆုံးခါနီးအချိန်တွင် အတိတ်မြင်ကွင်းများက စုန်ကျန်းရှင်း၏စိတ်အတွင်း၌ အဆက်မပြတ်ထွက်ပေါ်လာသည်။

သူသည် မဟာစစ်ဗိုလ်ချုပ်ဘွဲ့ထူးကိုရရှိထားကာ သူ့၏အနာဂတ်သည် အကန့်အသတ်မရှိချေ။သူသည် အရပ်မျက်နှာအနှံ့လှည့်လည်ပြီး အမတ်ကြီးလီကျိုးစီ၏နောက်သို့ လိုက်ပါကာတိုက်ပွဲဆင်နွှဲနေခဲ့ပြီး ထန်အင်ပါယာ၏တက်သစ်စကြယ်တစ်ပွင့်ပင်။

သို့ရာတွင် အဆုံးသတ်၌ သူသည် ဤနေရာ၌ သေဆုံးရမည်ဟု သူ မျှော်လင့်မထားမိချေ။

သူ့၏ဂုဏ်ယူဖွယ်နေ့ရက်များသည်လည်း အမှုန်အမွှားများအလား ပျောက်ကွယ်သွားလေပြီ။

ထိုနောက် လုယွီသည် ထန်စစ်တပ်မှ တစ်ခြားမဟာစစ်ဗိုလ်ချုပ်တစ်ယောက်ကို သတ်ဖြတ်လိုက်၏။

"မင်းပြေးတာ အရမ်းမြန်လွန်းတယ်"

လုယွီက ရုတ်တရက် တုရှန်းရှန်းထံသို့ကြည့်လိုက်သည်။

လုယွီသည် စုန်ကျန်းရှင်းကို သတ်ဖြတ်နေသောအခြေအနေအား အခွင့်ကောင်းယူ၍ တုရှန်းရှန်းသည် လုယွီနှင့်ဝေးကွာသောနေရာသို့ အလျှင်အမြန်ဆုတ်ခွာလိုက်သည်။

တုရှန်းရှန်း၏နံဘေး၌ ဖျက်ဆီးခြင်းအမြှောက်များမှ ပျံ့လွင်လာသော စိတ်ဝိညာဥ်စွမ်းအားလှိုင်းများရှိနေသည်။မျက်စိဖြင့်မြင်နိုင်သမျှအကွာအဝေးထိ မရေမတွက်နိုင်သော စိတ်ဝိညာဉ်စွမ်းအားလှိုင်းများ စုဝေးနေကာ တဖျတ်ဖျတ်တောက်ပနေသည်။

ဘန်း...ဘန်း...ဘန်း....

ဖျက်ဆီးခြင်းအမြှောက်များ၏ အဆက်မပြတ်ပစ်ခတ်မှုအောက်တွင် ထန်စစ်တပ်သည် နောက်ဆုံး၌ တည်ငြိမ်သွားလေ၏။

လုယွီထံတွင် ပုန်းကွယ်နဂါးစစ်တပ်ဟူသော စစ်ကူများရှိနေသော်လည်း ထန်စစ်တပ်၏စစ်သည်အင်အားသည် တာယွီစစ်တပ်ထက် နှစ်ဆနီးပါးရှိနေဆဲပင်။

ထန်စစ်တပ်မှစစ်သားများ၏တစ်ဝက်နီးပါးသည် နဂါးဟိန်းသံများကြောင့် သူတို့၏စိတ်ဝိညာဥ်များ ထိခိုက်ဒဏ်ရာရရှိနေသော်လည်း သူတို့သည် အလွန်အမင်းမြင့်မားသော စွမ်းအားများကို ထုတ်ဖော်အသုံးပြုနိုင်ဆဲဖြစ်ပေ၏။

အစွမ်းထက်သော ဖျက်ဆီးခြင်းအမြောက်များ၏သက်ရောက်မှုအောက်တွင် တာယွီအင်ပါယာ၏တိုက်ခိုက်မှုများ တဖြည်းဖြည်းနှေးကွေးသွားသည်။

ဝူ....ဝူ...ဝူ...

တံပိုးခရာမှုတ်လိုက်သည် အသံများက ထန်စစ်တပ်ဘက်မှ ထွက်ပေါ်လာသည်။

ထန်စစ်တပ်သည် စတင်၍ဆုတ်ခွာနေလေပြီ။

"ပုန်းကွယ်နဂါးစစ်တပ်က နောက်မှာနေပြီးတော့ မာလင်းကြယ်နယ်မြေရဲ့ထွက်ပေါက်ကို စောင့်ကြပ်ကြစမ်း...ငှက်တစ်ကောင်တောင်မှ ထွက်သွားခွင့်မပြုနဲ့"

လုယွီက အမိန့်ပေးလိုက်၏။

"ဟုတ်ကဲ့ပါ အရှင်"

ပုန်းကွယ်နဂါးစစ်တပ်၏နဝမလွှသွားစစ်သင်္ဘောများသည် မာလင်ကျယ်နယ်မြေ၏ထွက်ပေါက်ထံသို့ ရွေလျားသွားကာ ဝင်္ကပါတစ်ခုခင်းကျင်းရန် ပြင်ဆင်လိုက်ကြသည်။

ထိုနဝမလွှသွားစစ်သင်္ဘောများပေါ်တွင် စိတ်ဝိညာဥ်အမြှောက်များသည် သစ်တောအုပ်တစ်ခုအတွင်းရှိ သစ်ပင်များအလား မားမားမတ်မတ်တည်ရှိနေသည်။ထိုအရာများကို အလွန်ထူထပ်သိပ်သည်းစွာ နေရာချထားသဖြင့် လူအများအား လွှမ်းမိုးချုပ်ကိုင်နိုင်သော ခံစားချက်မျိုးပေးစွမ်းနိုင်သည်။

တိုက်ပွဲစစ်မြေပြင်ကို ရှင်းလင်းပြီးနောက် ဤတိုက်ပွဲအတွင်းတွင် ထန်စစ်တပ်မှစစ်သည်အင်စစ်သည်ရှစ်သောင်းခန့် သေဆုံးသွားခဲ့ရသည်။

ကောင်းကင်မူဝါဒရုံးတော်၏ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းသည်လည်း အမြစ်ပြတ်​ချေမှုန်းခံရလုနီးပါးပင်။

တာယွီအင်ပါယာဘက်တွေမူ ပုန်းကွယ်နဂါးစစ်တပ်သည် အသေအပျောက်အနည်းငယ်ကိုခံစားရသော်လည်း ထန်စစ်တပ်၏ဆုံးရှုံးမှုနှင့်နှိုင်းယှဉ်ပါက ပြောပလောက်ဖွယ်မရှိချေ။

....

မာလင်းကြယ်နယ်မြေ ထန်စစ်တပ်၏ပင်မစစ်သင်္ဘော၌....

လီဖူသည် ခေါင်းဆောင်ထိုင်ခုံပေါ်၌ထိုင်နေကာ သူ့၏မျက်နှာဖြူရော်နေပြီး သူသည် ကြီးမားသောထိတ်လန့်ကြောက်ရွံ့မှုကို ရရှိခဲ့သည့်အလားပင်။

သူ့၏ရှေ့ရှိ နံဘေးတချက်တစ်ဖက်တချက်တွင်လင်းယုန်ပျံဝဲစစ်တပ်နှင့်လက်ဝဲစစ်တပ်မှ မဟာစစ်ဗိုလ်ချုပ်များ အတန်းလိုက်မတ်တတ်ရပ်နေကြကာ သူတို့အားလုံး၏မျက်နှာများသည် တည်ကြည်လေးနက်နေပေ၏။

"တပ်မှူးတု....မင်းနဲ့ဗိုလ်ချုပ်စုန်တို့ အတူပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာတောင်မှ လုယွီကို အနိုင်မယူနိုင်ခဲ့ဘူးလား"

လီဖူက မေးမြန်းသည်။

တုရှန်းရှန်းသည် နံဘေးတစ်ဖက်၌ထိုင်နေကာ သူ၏သွေးချီများသည် အဆုံးစွန်ဆုံးအဆင့်ထိ အားနည်းနေသည်။

လုယွီ၏လက်ဝါးရိုက်ချက်သည် အလွန်အစွမ်းထက်သဖြင့် သူ့၏အသက်ကို နှုတ်ယူသွားလုနီးပါးပင်။

ကံကောင်းထောက်မစွာဖြင့် ရှေးဟောင်းအမွှေးရှည်ဆင်၏အသက်စွမ်းအားသည် အလွန်အမင်းကောင်းမွန်ပေ၏။ အကယ်၍ တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သူ့၏အသက်ကိုနှုတ်ယူနိုင်စွမ်းမရှိပါက သူသည် အလျှင်အမြန် ပြန်လည်ကောင်းမွန်လာပေမည်။ဤသည်မှာရှေးဟောင်းအမွေးရှည်ဆင်၏ မွေးရာပါအရည်အချင်းဖြစ်ကာ တုရှန်းရှန်း အမွေဆက်ခံထားသောအရာပင်။

Chapter 3912

တုရှန်းရှန်းသည် အသက်ရှင်သန်နေဆဲဖြစ်သော်လည်း အပြင်းအထန်ဒဏ်ရာရရှိထားသဖြင့် တိုက်ပွဲများအတွင်းတွင် အချိန်တိုအတွင်း၌ ဝင်ရောက်ဆင်နွှဲနိုင်မည်မဟုတ်ချေ။

"သူက အရမ်းအစွမ်းထက်တယ်...အနည်းဆုံးတော့ ငါက သူ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ အလှမ်းကွာဟတယ်...ကောင်းကင်မူဝါဒရုံးတော်ရဲ့ မြင့်မြတ်အရှင်တချို့ပဲ သူ့ကိုဖိနှိပ်နိုင်လိမ့်မယ်"

တုရှန်းရှန်းက သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

လီဖူသည် သူ့၏ခေါင်းကိုခါယမ်းကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

သူသည် ကောင်းကင်မူဝါဒရုံးတော်၏သခင်လေးတစ်ယောက် ဖြစ်သော်လည်းသူ့၏အခွင့်အာဏာမှာ အကန့်အသတ်ရှိနေဆဲပင်။တပ်မှူးအဆင့်များကိုခေါ်ယူ၍ သူ့အတွက်တိုက်ခိုက်စေသည်မှာ သူ့၏အကန်အသတ်ဖြစ်သည်။

ကောင်းကင်မူဝါဒရုံးတော်၌ လျှို့ဝှက်ဆန်းကြယ်ပြီးနက်နဲသိမ်မွေ့သော မြင့်မြတ်အရှင်တစ်စုရှိနေသည်။သူတို့၏စွမ်းအားသည် အလွန်အမင်းမြင့်မားကာ ထန်အင်ပါယာ၏ထိပ်သီးတည်ရှိမှုကြီးများဖြစ်ပေ၏။

ဤလူများကို အနာဂတ်အိမ်ရှေ့စံမင်းသားအား ကူညီထောက်ပံ့ရန်အတွက် ရွေးချယ်ထားခြင်းဖြစ်သည်။

လီဖူသည် ကောင်းကင်မူဝါဒရုံးတော်၏ စစ်ဗိုလ်ချုပ်တစ်ယောက် မဟုတ်သည့်အပြင် သူသည်အိမ်ရှေ့စံမင်းသားလည်း မဟုတ်ချေ။ ထို့ကြောင့် သူ့ထံတွင် ကောင်းကင်မူဝါဒရုံးတော်၏မြင့်မြတ်အရှင်များကို ခေါ်ယူနိုင်သည့်အခွင့်အာဏာမျိုး ရှိမနေချေ။

"ဗိုလ်ချုပ်စုန်က အင်ပါယာအတွက် သစ္စာစောင့်သိပြီးတော့ ရဲရင့်တဲ့စစ်သားတစ်ယောက်ပဲ...ငါတို့ မြို့တော်ကိုပြန်ရောက်တာနဲ့ သူ့အတွက်မြင့်မြတ်တဲ့ပွဲဘွဲ့ထူးတခုကို ခန့်အပ်ပေးဖို့ အရှင်ဧကရာဇ်ကို ငါကိုယ်တိုင် တောင်းဆိုမယ်"

လီဖူက ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် လင်းယုန်ပျံဝဲစစ်တပ်မှ မဟာစစ်ဗိုလ်ချုပ်များ၏ မျက်နှာအမူအယာများ အနည်းငယ်ကောင်းမွန်သွားသည်။

အနည်းဆုံးအနေဖြင့် သူတို့၏တပ်မှူးသည် အလဟဿသေဆုံးသွားခဲ့ခြင်း မဟုတ်တော့ချေ။

"ဗိုလ်ချုပ်စုန် သေဆုံးသွားခဲ့မှတော့ ငါက လင်းယုန်ပျံဝဲစစ်တပ်ကို ဦးဆောင်မယ်...ဒီတိုက်ပွဲမှာ လုယွီက ညစ်ပတ်တဲ့လှည့်ကွက်တစ်ခုကို အသုံးပြုပြီးတော့ ငါ့ကို ရှောင်တခင်တိုက်ခိုက်ခဲ့တယ်...ဒါကြောင့် ခုလိုမျိုးကြီးမားတဲ့အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာပဲ...စစ်သားတွေကို ချက်ချင်းစုဝေးထားကြစမ်း...ငါတို့ တန်ပြန်တိုက်ခိုက်ရမယ်"

လီဖူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

သူ့၏မျက်လုံးများအတွင်းတွင် မလိုလားမှုများဖြင့် ပြည့်နှက်နေသည်။

တုရှန်းရှန်းသည် လီဖူကို သတိပေးလေ၏။

"အရှင့်သား တန်ပြန်တိုက်ခိုက်မှုတစ်ခုကို မလွဲမသွေလုပ်ရမယ်ဆိုပေမယ့်....ငါတို့ရဲ့စစ်သားအများစုက စိတ်ဝိညာဥ်တွေဒဏ်ရာရထားတယ်...တကယ်လို့ သူတို့ရဲ့စိတ်ဝိညာဥ်တွေကို ကုသမပေးနိုင်ဘူးဆိုရင် စစ်သားအများစုက နားဝေတိမ်တောင်ဖြစ်နေတဲ့ အခြေအနေမှာရှိနေလိမ့်မယ်...အဲ့ဒီလိုဆိုရင် သူတို့က တာယွီစစ်တပ်ကို ဘယ်နည်းနဲ့မှ ထိပ်တိုက်ရင်ဆိုင်နိုင်မှာမဟုတ်ဘူး"

"တပ်မှူးတု....ဘာမှ မစိုးရိမ်ပါနဲ့..ငါက စစ်သားတွေရဲ့ စိတ်ဝိညာဉ်ဒဏ်ရာတွေကို ကုသပေးဖို့အတွက် ဆေးဘက်ဆိုင်ရာအရာရှိတွေနဲ့ ဆေးပညာရှင်တွေကို စီစဉ်ပြီးသွားပြီ"

"ခန်းမထဲမှာ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေ တိုင်ပင်ဆွေးနွေးနေတယ်...ဝင်သွားလို့မရဘူး"

"ငါ့မှာ စစ်တပ်နဲ့ဆိုင်တဲ့ အရေးကြီးသတင်းပို့စရာကိစ္စရှိနေတယ်...ဒါကြောင့် ငါက ဒီကိစ္စကိုအရှင်သားဆီ သတင်းပို့ဖို့လိုအပ်တယ်..ဘေးဖယ်ပေးကြစမ်း"

ထိုအချိန်မှာပင် စည်းဝေးခန်းမ၏ပြင်ပမှနေ၍ အငြင်းပွားနေသောအသံများ ရုတ်တရက်ထွက်ပေါ်လာသည်။

လီဖူက မျက်မှောင်ကြုတ်လိုက်၏။

"အပြင်မှာ ဘာတွေ ဖြစ်နေတာလဲ...ဘာလို့ ဒီလောက်ထိ ဆူညံနေတာလဲ"

ရုတ်ချည်းဆိုသလိုပင် အစောင့်တစ်ယောက်က ခန်းမအတွင်းသို့ ဝင်ရောက်လာကာ ပြောဆိုသည်။

"အရှင်သား...ဆရာစွေ့ ရောက်လာတာပါ....သူ့မှာ အရေးကြီးကိစ္စတစ်ခု ရှိနေတာကြောင့် အရှင်သားကို တွေ့ချင်တယ်လို့ သူက ပြောနေတယ်"

"ဒါက သူလား"

လီဖူ၏မျက်ခုံးများ မြင့်တက်သွားသည်။

ဆရာစွေ့၏နာမည်သည် စွေ့ထန်ချန်းဖြစ်ကာ သူသည် တော်ဝင်မြို့တော်၏အစွမ်းထက်သောမိသားစုတစ်စုမှ ဆင်းသက်လာသူပင်။တချိန်တည်းမှာပင် သူသည် အဆင့်မြင့်ဆေးပညာရှင်တစ်ယောက်လည်း ဖြစ်နေပေ၏။

သူသည် ခေါင်းဆောင်ဆေးပညာရှင်တစ်ယောက်အဖြစ် စစ်တပ်နှင့်အတူ တိုက်ပွဲအတွင်း၌လိုက်ပါရသည်။

စည်းဝေးခန်းမကဲ့သို့ နေရာတစ်ခုသည် အရေးကြီးသော စစ်တပ်ဆိုင်ရာနေရာတစ်ခုပင်။ဆရာစွေ့သည် စစ်တပ်အတွင်း၌ မြင့်မားသောအဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်းရှိသည့်တိုင် သူသည် သာမာန်အားဖြင့် စည်းဝေးခန်းမအတွင်းသို့ ဝင်ရောက်ခွင့်မရှိချေ။

"သူ့ကို အထဲဝင်ခွင့်ပြုလိုက်စမ်း"

လီဖူက သူ့၏လက်ကို ဝှေ့ယမ်းလိုက်သည်။

မကြာမီမှာပင် စည်းဝေးခန်းမ၏ပြင်ပမှာနေ၍ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက် အတွင်းသို့ဝင်ရောက်လာသည်။

"ဆရာစွေ့....မင်း ဘာလိုအပ်လို့ ငါ့ကို လာရှာတာလဲ"

လီဖူက တည်ငြိမ်အေးဆေးသောအသံဖြင့် မေးမြန်းလိုက်၏။

စွေ့ထန်ချန်း၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်နေကာ သူက ပြောဆိုသည်။

"အရှင့်သား...ငါတို့တွေ ပြဿနာတစ်ခုနဲ့ရင်ဆိုင်နေရပြီ...ငါက ဒီသတင်းကိုရတာနဲ့ အရှင့်သားကို ချက်ချင်းလာပြီး သတင်းပို့တာပါ...အရှင်သားက ဒီကိစ္စအတွက် အပြစ်မယူဖို့ ငါ မျှော်လင့်မိတယ်"

"မင်း ဘာကိုဆိုလိုတာလဲ"

လီဖူသည်လည်း အလွန်စိုးရိမ်ပူပန်သွားပေ၏။

စွေ့ထန်ချန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ငါတို့စစ်တပ်က စစ်သားတွေရဲ့စိတ်ဝိညာဥ်တွေ ဒဏ်ရာရထားတာကြောင့် ငါက ဆေးပညာရှင်တွေကိုဦးဆောင်ပြီးတော့ စိတ်ဝိညာဥ်အားဖြည့်ဆေးလုံးတွေကို သန့်စင်ခဲ့တယ်...ငါက အချိန်တခဏလေးတောင် နှောင့်နှေးကြံ့ကြာမှုမရှိခဲ့ဘူး....ဒါပေမယ့် ငါ ဆေးလုံးတွေကို ဖော်စပ်တဲ့အချိန်မှာ တစ်ခုခုမှားယွင်းတာကို သတိပြုမိသွားတယ်....ဒီဆေးလုံးတွေကို ဖော်စပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေက ငါတို့စစ်တပ်မှာ လုံလောက်မှုမရှိဘူး"

"ဆရာစွေ့ မင်းက စိုးရိမ်လွန်နေတာပဲ...ဒါက ပါဝင်ပစ္စည်းလေးတွေပဲ မဟုတ်ဘူးလား...မာလင်းကြယ်နယ်မြေက ဆေးဘက်ဆိုင်ရာပါဝင်ပစ္စည်းတွေ ပေါကြွယ်ဝတဲ့ကြယ်နယ်မြေတစ်ခုပဲ....ငါတို့က ဒါတွေကို ငွေကြေးနဲ့ဝယ်လို့ရနိုင်တယ်...ဒါက ပြဿနာမှ မဟုတ်တာ"

"ဒါက ငွေကြေးနဲ့ဆိုင်တဲ့ကိစ္စ မဟုတ်ဘူး"

စွေ့ထန်ချန်းက သူ့၏ခေါင်းကို ခါယမ်းလိုက်သည်။

"ငါကဆေးပညာအလုပ်သင်တချို့ကို မာလင်းကြယ်နယ်မြေရဲ့ နေရာဒေသအသီးသီးကို စေလွှတ်ပြီးတော့ လိုအပ်နေတဲ့ဆေးပင်တွေကိုရှာဖွေခိုင်းခဲ့တယ်....ဒါပေမယ့် စိတ်ဝိညာဥ်အားဖြည့်ဆေးလုံးအတွက် လိုအပ်တဲ့ဆေးပင်တွေက မာလင်းကြယ်နယ်မြေတစ်ခုလုံးမှာ ရောင်းထွက်သွားတာကြောင့် ဝယ်လို့မရတော့ဘူး"

Chapter 3913

စွေ့ထန်ချန်း၏စကားကိုကြားချိန်တွင် စည်းဝေးခန်းမတစ်ခုလုံး ငြိမ်အတိကျသွားသည်။

လီဖူ၏မျက်လုံးများ ပြူးကျယ်သွားကာ သူက မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။

"ဆေးပင်တွေအကုန်လုံး ရောင်းထွက်သွားတာလား....ဒါက ကြယ်နယ်မြေတစ်ခုလေ...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

မာလင်းကြယ်နယ်မြေသည် အလွန်ကြီးမားသောကြယ်နယ်မြေတစ်ခုမဟုတ်သော်လည်း နယ်မြေကြီးငါးခုဖြင့်ဖွဲ့စည်းထားကာ ပိုင်နက်နယ်မြေသည် လွန်စွာကျယ်ဝန်းပေ၏။

ဤကဲ့သို့ကျယ်ပြန့်သော ကြယ်နယ်မြေတစ်ခုတွင် မရေမတွက်နိုင်သောဆေးပင်များရှိနေလေရာ မည်သည်ကြောင့် ညတွင်းချင်းမှာပင် ဆေးပင်များအားလုံး ရောင်းထွက်သွားသနည်း။

"အမှန်ပါပဲ....ငါလည်း ဒီကိစ္စကို အစတုန်းကတော့ မယုံကြည်နိုင်ခဲ့ဘူး...ဒါပေမယ့် နောက်ပိုင်းကျတော့ ဒေသခံဆေးဆိုင်တွေကနေတဆင့် ငါ ရှာဖွေဖော်ထုတ်နိုင်ခဲ့တာက....ဆေးပင်တွေကို စုဆောင်းပြီးတဲ့အချိန်မှာ နေရာနှစ်နေရာကို ပို့ဆောင်ရတယ် ပထမတစ်နေရာကနတ်ဆိုးဘုရင်တောင်ကြားဖြစ်ပြီးတော့ နောက်နေရာတစ်ခုက ဆေးပင်အစည်းအရုံးပဲ...အဲ့ဒီအင်အားစုနှစ်စုက မာလင်းကြယ်နယ်မြေရဲ့ဆေးပင်ဈေးကွက်ကို ချုပ်ကိုင်ထားတယ်....ဆေးပင်တွေကို ခိုးဝှက်ပြီးရောင်းချတဲ့လူတွေကို ကြီးလေးတဲ့ပြစ်မှု ကျူးလွန်သူတွေလို့ သတ်မှတ်တယ်"

"ကောလာဟလတွေအရတော့ နတ်ဆိုးဘုရင်တောင်ကြားက လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက ပျက်စီးသွားခဲ့တယ်...တောင်ကြားထဲမှာရှိတဲ့ လူတွေအားလုံး အသတ်ခံရပြီးတော့ ဂိုဏ်းရဲ့ဘဏ္ဍာတိုက်က သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့တယ်"

"ဆေးပင်အစည်းအရုံးမှာရှိတဲ့ ဆေးပင်တွေအားလုံးကိုတော့ တာယွီစစ်တပ်က ဝယ်ယူသွားခဲ့တယ်...တကယ်လို့ နောက်ထပ်ဆေးပင်တစ်သုတ်ကို ငါက လိုချင်တယ်ဆိုရင်တောင် အနည်းဆုံး တစ်နှစ်လောက်စောင့်ရမယ်လို့ သူတို့က ငါ့ကို ပြောလိုက်တယ်"

လီဖူ၏မျက်နှာအမူအယာ သိသိသာသာပျက်ယွင်းသွားကာ သူက ဒေါသတကြီးအော်ဟစ်လိုက်သည်။

"ဒါက လုယွီရဲ့အစီအစဥ်တွေပဲ ဖြစ်မယ်...သူက ငါတို့ကို နဂါးသွေးကြောတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ငါတို့စစ်တပ်ကစစ်သားတွေရဲ့စိတ်ဝိညာဥ်တွေ ဒဏ်ရာရသွားမယ်ဆိုတာ သူ ကြိုတင်ခန့်မှန်းမိမှာပဲ...ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်တဲ့ အစီအစဉ်လဲ"

အကယ်၍ တစ်စုံတစ်ယောက်၏စိတ်ဝိဉာဉ်သည် ထိခိုက်ဒဏ်ရာရရှိသည်မှာ အချိန်ကြာမြင့်သွားပါက ထိုလူ၏စိတ်နှလုံးသားအတွင်း၌ အတွင်းစိတ်နတ်ဆိုးများ မွေးဖွားလာပေမည်။ အကယ်၍ ဤသည်ကိုအချိန်အတော်ကြာလွှတ်ထားပါက ကျင့်ကြံသူများအတွက်ပင်ကြီးမားသောထိခိုက်ပျက်စီးမှုကို ဖြစ်ပွားစေပေမည်။

"အခုလက်ရှိအချိန်မှာ ဘာဆေးပင်တွေ လိုအပ်နေတာလဲ"

တုရှန်းရှန်းက မေးမြန်းသည်။

စွေ့ထန်ချန်းက ပြောဆိုလေ၏။

"ငါတို့မှာ တခြားဆေးပင်တွေကတော့ ဆေးဖော်စပ်ဖို့လုံလောက်ရုံလောက် ရှိနေတယ်...ဒါပေမယ့် မိုးကြိုးမီးနှင်းကြာပွင့်ရှိမနေဘူး...အဲ့ဒီဆေးပင်ကို သိုလှောင်သိမ်းဆည်းဖို့ မလွယ်ကူတာကြောင့်....စစ်တပ်ထဲမှာ ဒီဆေးပင်ကို အကြီးစားသိုလှောင်သိမ်းဆည်းထားတာမျိုး ရှိမနေဘူး"

"ဒါဆို အခုလိုအပ်နေတာက မိုးကြိုးမီးကြာပွင့်ပေါ့

မဟာစစ်ဗိုလ်ချုပ်များအနက်မှတစ်ယောက်က သူ့၏ခေါင်းကိုမော့ကာ ပြောဆိုသည်။

"ငါက မာလင်ကြယ်နယ်မြေရဲ့အစောင့်စစ်တပ်မှာ အရင်က တာဝန်ကျခဲ့ဖူးတယ်...မာလင်းကြယ်နယ်မြေပေါ်မှာရှိတဲ့ မိုးကြိုးတောင်ကြားမှာ မိုးကြိုးမီးနှင်းကြာပွင့်တွေ အများကြီးရှိနေတယ်ဆိုတာ ငါ မှတ်မိတယ်"

စွေ့ထန်ချန်းက ခါးသည်းစွာပြုံးကာ ပြောဆိုလိုက်၏။

"ငါက အဲ့ဒီနေရာကို စုံစမ်းစစ်ဆေးဖို့အတွက် လူတွေစေလွှတ်ပြီးပြီ..မိုးကြိုးတောင်ကြားက ရှိမနေတော့ဘူး...အရင်က မိုးကြိုးတောင်ကြားရှိခဲ့တဲ့နေရာမှာ အခု ရေအိုင်ကြီးတစ်အိုင်ဖြစ်နေပြီ"

"ဘာ...."

အစောင့်တပ်၏မဟာစစ်ဗိုလ်ချုပ် ထိတ်လန့်တုန်လှုပ်သွားသည်။

"မိုးကြိုးတောင်ကြားက မိုင်ရာနဲ့ချီပြီးရှည်လျားတာလေ...ဘယ်လိုလုပ်ပြီး ဒါက ပျောက်ကွယ်သွားတာလဲ"

သူသည် မာလင်းကြယ်နယ်မြေ၏ မြေပြင်အနေအထားကို ကောင်းစွာသိရှိထားသည်။

မိုးကြိုးတောင်ကြားသည် အကန့်အသတ်မရှိ ရှည်လျားသော နေရာတနေရာပင်။ဤကဲ့သို့နေရာမျိုးသည် အချိန်တိုအတွင်း၌ ပျောက်ကွယ်သွားရန်မှာ မဖြစ်နိုင်သောကိစ္စဖြစ်ပေ၏။

တုရှန်းရှန်းက ရုတ်တရက်ပြောဆိုသည်။

"လုယွီက နယ်မြေသခင်တစ်ယောက်ရဲ့စွမ်းအားကို ပိုင်ဆိုင်ထားတယ်...သူက တောင်တန်းတွေနဲ့ပင်လယ်တွေကို ရွှေ့ပြောင်းနိုင်စွမ်းရှိနေမှတော့...ဒီကိစ္စကို သူလုပ်ဆောင်နိုင်တယ်ဆိုတာ အံ့အားသင့်စရာမရှိဘူး"

ဤသည်မှာ လုယွီ ထပ်၍ဖြစ်နေပြန်သလော.....

လီဖူသည် သူ့၏လက်ချောင်းများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ တဖျစ်ဖျစ်အသံများကိုပင် ကြားနေရသည်။သူသည် အံ့တင်းတင်းကြိတ်ကာ သူ့၏မျက်လုံးအတွင်း၌ နာကြည်းမုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်နေပေ၏

"အရှင့်သား....ကျေးဇူးပြုပြီးတော့ ဆုံးဖြတ်ချက်ချပေးပါ"

စွေ့ထန်ချန်းက သူ့၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုလေသည်။

သူသည် ဆေးပညာရှင်တစ်ယောက်ဖြစ်သော်လည်း လိမ္မာပါးနပ်သော အိမ်ရှင်မတစ်ယောက်သည် ဆန်မရှိပါက ချက်ပြုတ်ရန်ခက်ခဲသည့်အလားပင်။ဆေးဖော်စပ်ရန်အတွက် လိုအပ်သောဆေးပင်များရှိမနေပါက သူသည် ဆေးလုံးသန့်စင်နိုင်မည်မဟုတ်ချေ။

"ငါ...."

လီဖူသည် သူ့၏ပါးစပ်ကိုဖွင့်ဟလိုက်သော်လည်း တွေဝေတုံ့ဆိုင်းနေသည်။

သူ့၏စိတ်နှလုံးသားတစ်ခုလုံး လုံးလုံးလျားလျား ဖရိုဖရဲဖြစ်နေပေ၏။သူ့၏စိတ်အတွင်း၌ လုယွီကို နာကြည်းမှုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လီဖူသည် အစစ်အမှန်ပြဿနာတစ်ရပ်ကို ရင်ဆိုင်နေရလေပြီ။

အကယ်၍ သူသည် လိုအပ်သောဆေးပင်များကိုစုဆောင်းနိုင်ခြင်းမရှိပါက စိတ်ဝိညာဥ်အားဖြည့်ဆေးလုံးများ ဖော်စပ်နိုင်တော့မည်မဟုတ်ချေ။။သူ့၏ယခုလက်ရှိအရင်းအမြစ်များဖြင့် စစ်တပ်တစ်ခုလုံးအတွက် ထောက်ပံ့ပေးရန်မှာ မည်သို့မျှမဖြစ်နိုင်ချေ။

ထိုကိစ္စကိုစဉ်းစားတွေးတောပြီးနောက် လီဖူက ရုတ်တရက် မေးမြန်းလိုက်သည်။

"အခုအချိန်မှာ ငါတို့စစ်တပ်မှာရှိတဲ့ မိုးကြိုးမီးကြာပွင့်တွေကို အသုံးပြုပြီးတော့ စိတ်ဝိညာဥ်အားဖြည့်ဆေးလုံး ဘယ်လောက်များများကိုသန့်စင်နိုင်လဲ"

စွေ့ထန်ချန်းက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

"အခုလက်ရှိ အခြေအနေအရဆိုရင်...ငါကိုယ်တိုင် သန့်စင်မယ်ဆိုရင်တောင် ဆေးလုံးငါးရာကိုပဲ အများဆုံးသန့်စင်နိုင်လိမ့်မယ်"

စိတ်ဝိညာဥ်အားဖြည့်ဆေးလုံးငါးရာ....

ထန်စစ်တပ်၏စစ်သည်အင်အားတစ်သန်းကျော်နှင့် နှိုင်းယှဉ်ပါက ဤသည်မှာ မပြောပလောက်သောပမာဏပင်။

All Chapters