← Chapters

အခန်း (၃၉၁၈-၃၉၂၁)

Vol. 199 Ch. 3918-3921

အခန်း (၃၉၁၈-၃၉၂၁)

Vol. 199 Ch. 3918-3921

Chapter 3918

လုယွီသည် စစ်တပ်တစ်တပ်လုံး၏စိတ်ကို ရရှိပြီးဖြစ်သည်။

ဤစစ်ဗိုလ်ချုပ်များသည် ယခင်က ဝမ်ရှင်းအမတ်ကြီး၏နောက်သို့ လိုက်ခဲ့ကြသော်လည်း ယခုချိန်တွင် သူတို့သည် လုယွီ၏နောက်သို့ စိတ်ရောကိုယ်ပါလိုက်ရန် ရွေးချယ်ခဲ့ကြသည်။

"ဟွန့်..."

ထိုမြင်ကွင်းကိုကြည့်ပြီး ယင်ချူးရွှေသည် သူမ၏စိတ်နှလုံးသားအတွင်းမှ ဒေါသများကို ဖိနှိပ်မထားနိုင်တော့ချေ။သူမသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူမ၏အင်္ကျီလက်ကိုခါယမ်းပြီး ထွက်ခွာသွားတော့သည်။

"အရှင့်ကို အရိုအသေပြုပါတယ်"

စစ်ဗိုလ်ချုပ်များအားလုံး လုယွီကိုဦးညွှတ်အရိုအသေပြုပြီးနောက် လုကျင်းရှန့်က ရှေ့သို့ထွက်လာသည်။

"အရှင်....ငါတို့က နောက်ဆုံးရသတင်းတွေကို ကြားထားတယ်....ဝူတင်းအမတ်ကြီးက ဒီနေရာနဲ့ဝေးကွာတဲ့ အနက်ရောင်မိုခံတပ်မှာ ရှိနေတယ်...ဒါကြောင့် သူက ဒီနေရာကို ချက်ချင်းမလာနိုင်ဘူး...ဒါပေမယ့် သူက အနီးအနားမှာရှိတဲ့ ထန်စစ်တပ်တွေဆီကို သတင်းပေးပို့ပြီးတော့ လီဖူကို အမြန်ဆုံးစစ်ကူပေးဖို့ အမိန့်ထုတ်ပြန်ထားတယ်"

"ငါတို့စစ်တပ်က ဘယ်လိုပဲဖြစ်ဖြစ် ထန်အင်ပါယာရဲ့နယ်မြေထဲကိုရောက်နေတယ်...အခုချိန်မှာ သူတို့က အကြီးစားတိုက်ခိုက်မှုတွေကို ပြုလုပ်ပြီးတော့ ငါတို့ကို ဝိုင်းရံတိုက်ခိုက်မှာသေချာတယ်"

လုယွီသည် ခေါင်းဆောင်ထိုင်ခုံ၌ထိုင်နေကာ အောက်ရှိစစ်ဗိုလ်ချုပ်များကို ကြည့်လိုက်သည်။ထို့နောက် သူက မေးမြန်းလိုက်၏။

"မင်းတို့ ကြောက်နေကြလား"

ပုန်းကွယ်နဂါးစစ်တပ်မှ လုကျင်းရှန့်နှင့်တခြားစစ်ဗိုလ်ချုပ်များသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။

"ငါတို့ မကြောက်ပါဘူး"

ပုန်းကွယ်နဂါးစစ်တပ်ကို ကွယ်ဝှက်ထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သာမန်အားဖြင့် သူတို့သည် လေ့ကျင့်ခြင်းအပြင် လေကျင့်၍သာနေရသည်။

အစစ်အမှန်ကြမ်းတမ်းသော တိုက်ပွဲတစ်ပွဲရှိလာရန်မှာ သူတို့အတွက် မလွယ်ကူချေ။ထို့ကြောင့် လူအများစုသည် သူတို့၏စစ်ရေးအောင်မြင်မှုများ ရရှိရန်အတွက် တိုက်ခိုက်လိုကြသည်။

ပုန်းကွယ်နဂါးစစ်တပ်၏ သတ်ဖြတ်လိုခြင်းအရှိန်အဝါများနှင့် နှိုင်းယှဉ်ပါက ကောင်းကင်ချိုးဖျက်ခံတပ်မှ စစ်ဗိုလ်ချုပ်များသည် အချိန်တခဏခန့် ကြက်သေသေနေလေ၏။

‌ဤသည်မှာ ထန်စစ်တပ်ဘက်မှရောက်ရှိလာမည့် စစ်ကူအင်အားတစ်သန်းပင်။မည်သည်ကြောင့် ဤလူများသည် ရူးသွပ်လုမတတ်စိတ်အားတက်ကြွနေကြသနည်း။

"ဒါက အမှန်ပဲ...မင်းတို့တွေ အောင်ပွဲယူနိုင်သလောက် များများယူကြပါ"

လုယွီက သဲခုံစားပွဲကို လက်ညှိုးညွှန်ပြကာ တည်ငြိမ်စွာပြောဆိုသည်။

"အထူးသီးသန့်စီစဉ်ထားတဲ့ အရာတွေအားလုံးက ဒီနေရာမှာရှိနေတယ်...မင်းတို့အားလုံး တစ်ချက်ကြည့်လိုက်ကြအုံး"

စစ်ဗိုလ်ချုပ်များအားလုံးသည် သဲခုံစားပွဲ၏နံဘေးပတ်လည်၌ မတ်တတ်ရိုက်လိုက်ကြ၏။

ယခုရောက်ရှိလာမည့် စစ်ကူများအားလုံးအတွက် သူတို့အား မဟာစစ်ဗိုလ်ချုပ်များမှ ပိတ်ဆို့ဟန့်တားရပေမည်။တပ်ရင်းတစ်ခုစီတိုင်းအတွက် အထူးသီးသန့်ပစ်မှတ်ရှိနေသည်။

လုယွီသည် အမှန်တကယ်ကိုပင် ဤကိစ္စအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။

လုကျင်းရှန့်က ရုတ်တရက် အံ့အားသင့်သွားသောအသံဖြင့် ပြောဆိုသည်။

"အရှင်....ငါတို့အားလုံးက အပြင်ကိုထွက်ပြီးတော့ စစ်ကူတွေကို တိုက်ခိုက်ရမယ်...ဒါဆိုရင် မာလင်းကြယ်နယ်မြေပေါ်မှာရှိတဲ့ လီဖူရဲ့စစ်သည်အင်အားတစ်သန်းကျော်ရှိတဲ့ စစ်တပ်ကို ဘယ်လိုလုပ်ကြမလဲ"

ထိုအချိန်ကျမှသာ စစ်ဗိုလ်ချုပ်များအားလုံး အဓိကသော့ချက်ကို နားလည်သဘောပေါက်သွားသည်

လုယွီသည် သူ့၏အင်အားစုများအားလုံးကို ပြင်ပသို့စေလွှတ်လိုက်ပေ၏။

ဆိုလိုရင်းမှာ လုယွီ၏နံဘေးတွင် မည်သည့်စစ်သားမျှ ကျန်ရှိနေမည်မဟုတ်ချေ။

ထို့ကြောင့် မာလင်းကြယ်နယ်မြေပေါ်ရှိ လီဖူ၏စစ်တပ်ကို လုယွီသည် မည်သည်နည်းဖြင့် ရင်ဆိုင်မည်နည်း။

လုယွီက ခပ်​ဖျော့​ဖျော့ပြုံးလိုက်သည်။

"မာလင်းကြယ်နယ်မြေအတွက်ကတော့ ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ်"

"ဘာ...."

စစ်ဗိုလ်ချုပ်အများစုသည် သူတို့၏နားများကိုပင် သူတို့ မယုံကြည်နိုင်တော့ချေ။

ဤသည်မှာ အင်အားတစ်သန်းကျော်ရှိသည် အားကောင်းသောစစ်တပ်တစ်တပ်ပင်။

လုယွီ၏ယခုလက်ရှိခွန်အားသည် နယ်မြေသခင်တစ်ယောက် ဖြစ်နေသည်ကို မဆိုထားနှင့်အကယ်၍ အဆင့်မြင့်နယ်မြေသခင်တချို့ဖြစ်နေလျှင်ပင် ဤကဲ့သို့ အင်အားကြီးမားသောစစ်တပ်တစ်တပ်ကို တစ်ယောက်တည်းဖြင့် ရင်ဆိုင်ဝံ့မည်မဟုတ်ချေ။

စစ်သည်အင်အားများပြားလာပါက မြစ်ပြင်ကိုဖြတ်ကူးနိုင်ပြီး စစ်ဗိုလ်ချုပ်များကိုလည်း သတ်ဖြတ်နိုင်စွမ်းရှိသည်။

စစ်သည်အင်အားသည် တိကျသောပမာဏတစ်ခုသို့ရောက်ရှိလာပါက အရေအတွက်အားသာချက်ဖြင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို သေဆုံးသည်အထိ ခြေမွှဖျက်ဆီးရန် လုံလောက်သည်။

အောင်ကွမ်းက ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလေသည်။

"အရှင်...ငါက မင်းနဲ့အတူကျန်ခဲ့ပြီးတော့ တိုက်ခိုက်မယ်"

တခြားစစ်ဗိုလ်ချုပ်များသည်လည်း ရှေ့သို့တိုးလာကာ လုယွီကို အကူအညီပေးလိုကြသည်။

လုယွီက သူ့၏ခေါင်းကို ခါယမ်းလိုက်၏။

"ငါက အဲ့ဒီတိုက်ပွဲထဲမှာ ငါကိုယ်တိုင် ပါဝင်ဆင်နွှဲဖို့ မလိုအပ်ဘူး...လီဖူရဲ့စစ်တပ်က သူ့အလိုလို ပျက်စီးပြိုလဲသွားလိမ့်မယ်"

"အမ်...."

လက်ရှိနေရာတွင်ရှိနေသော မဟာစစ်ဗိုလ်ချုပ်များအားလုံး ဇဝေဇဝါဖြစ်သွားသည်။

လုယွီသည် ဤကိစ္စကို ရှင်းပြခြင်းမပြုချေ။သူ့၏အကြည့်သည် မိုးကောင်းကင်ယံပေါ်ရှိ တိမ်တိုက်အလွှာများကိုဖြတ်သန်း၍ မာလင်းကြယ်နယ်မြေ၏တစ်နေရာထံသို့ ကျရောက်သွားသည်။

.....

ကောင်းကင်ဘုံပြက္ခဒိန် ကိုးဆယ့်ကိုးနှစ်မြောက် ဒဿ‌မလ....

လုယွီသည် ထန်စစ်သားရှစ်သောင်းကိုသတ်ဖြတ်ကာ လီဖူကို လှောင်ပိတ်ထားသောသတင်းသည် တောမီးအလား ကောင်းကင်ဘုံနယ်မြေတစ်ခွင်လုံးအနှံ့ ပျံ့နှံ့သွားသည်။

ဤအချိန်အခိုက်အတန့်တွင် မရေမတွက်နိုင်သော တာယွီစစ်သားများ ဝမ်းသာပျော်ရွှင်နေကြကာ တချို့ဆိုလျှင် ပျော်ရွှင်မှုကြောင့်မျက်ရည်များပင် စီးကျလာသည်။

အနက်ရောင်မိုသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် တာယွီအင်ပါယာ၏စစ်သားများခေါင်းထက်သို့ ကျရောက်နေသော အရှက်ရမှုများအားလုံးကို နောက်ဆုံး၌ ဖယ်ရှားရှင်းလင်းနိုင်ခဲ့လေပြီ။

တချိန်တည်းမှာပင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ရှေ့တန်းကို စောင့်ကြပ်နေသော နယ်စပ်အစောင့်များသည် ထန်စစ်တပ်မှနေ၍ အကြီးဆုံးစစ်ပွဲတစ်ခုဆင်နွှဲရန် ပြင်ဆင်နေသည်ကို သတိပြုမိသွားသည်။

"သူတို့က နေရာတစ်နေရာကို ဦးတည်ပြီးတော့ ချီတက်နေကြတာပဲ"

စစ်ဗိုလ်ချုပ်တစ်ယောက်က ပြောဆိုသည်။

ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၏ အာရုံစူးစိုက်မှုသည် မာလင်းကြယ်နယ်မြေပေါ်တွင်ရှိနေလေ၏။

Chapter 3919

အရှေ့ပိုင်းနွေဦးခံတပ်....

မနက်စောစောအချိန်၌ ဝမ်ရှင်းအမတ်ကြီးယင်ကျန်းသဲသည် စစ်ဗိုလ်ချုပ်များကိုစုဝေးကာ အရေးကြီးကိစ္စများကို တိုင်ပင်ဆွေးနွေးနေကြသည်။

"အရှင်အမတ်ကြီး....ဒီမနက်မှာ ကင်းထောက်တွေဆီကနေရတဲ့ သတင်းအရဆိုရင် ငါတို့တွေကိုဝိုင်းရံပိတ်ဆို့ထားတဲ့ ထန်စစ်သားတွေအားလုံး ထွက်ခွာသွားကြပြီ....သူတို့ရဲ့လမ်းကြောင်းအရကြည့်ရင် သူတို့က မာလင်းကြယ်နယ်မြေကို ဦးတည်ပြီးတော့ ရွေ့လျားနေတာပဲ"

စစ်ဗိုလ်ချုပ်တစ်ယောက်က ပြောဆိုသည်။

သူတို့အား ဝိုင်းရံပိတ်ဆို့ထားသော ထန်စစ်တပ်သည် နောက်ဆုံး၌ ဆုတ်ခွာသွားလေပြီ။

သို့ရာတွင် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏မျက်နှာများထက်တွင် တည်ကြည်လေးနက်မှုများရှိနေသည်။

အကြောင်းအရင်းမှာ ယင်ထျန်းမင်နှင့်ယင်ချူးရွှေတို့သည် မာလင်းကြယ်နယ်မြေပေါ်၌ ရှိနေသောကြောင့်ပင်။

သူတို့သည် ဝမ်ရှင်းအမတ်ကြီး၏သားနှင့်သမီးဖြစ်သော်လည်း ယခုချိန်၌ သူတို့သည် ရန်သူ၏နယ်မြေအတွင်း၌ ရောက်ရှိနေသည်။

"အရှင်အမတ်ကြီး....ငါတို့တွေ ကောင်းကင်ချိုးဖျက်ခံတပ်ကို ပြန်ကြမလား"

စစ်ဗိုလ်ချုပ်တစ်ယောက်က မေးမြန်းသည်။

ဝမ်ရှင်းအမတ်ကြီးက သူ့၏ခေါင်းကို ခါယမ်းလိုက်သည်။

"ထန်စစ်တပ်က ဆုတ်ခွာသွားပြီဆိုမှတော့ ကောင်းကင်ချိုးဖျက်ခံတပ်ကို ခုခံကာကွယ်နေရင်လည်း ဘာမှအသုံးဝင်မှာမဟုတ်ဘူး...စုန်ချင်းဖုန်းဆီကို သတင်းတစ်ခုပေးပို့လိုက်စမ်း....ခံတပ်ထဲမှာရှိတဲ့ သီးသန့်စစ်တန်းလျားတွေက စစ်သားတွေအားလုံးကို မြို့ပြင်ထွက်လာပြီးတော့ ငါနဲ့အတူတိုက်ခိုက်ဖို့ တောင်းဆိုလိုက်စမ်း"

လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များအားလုံး စိတ်အားတက်ကြွနေကြသည်။

သူတို့သည် ဤနေရာ၌ အချိန်အတော်ကြာလှောင်ပိတ်ခံထားရကာ နောက်ဆုံး၌ သူတို့ တန်ပြန်တိုက်ခိုက်ရန်အတွက် အခွင့်အရေးတစ်ခု ရရှိလာလေပြီ။

စစ်ဗိုလ်ချုပ်များအနက်မှ တယောက်က ရုတ်တရက်ပြောဆိုသည်။

"အရှင်အမတ်ကြီး....ငါက လက်ရွေးစင်တပ်စုတစ်စုကို ခေါ်သွားပြီးတော့ သခင်မလေးနဲ့သခင်လေးတို့ကို အရင်ဆုံး ကယ်တင်လိုက်ရမလား...အချိန်ကျလာရင် အကုန်လုံးဖရိုဖရဲဖြစ်နေလိမ့်မယ်...သခင်မလေးနဲ့သခင်လေးတို့က အန္တရာယ်နဲ့ရင်ဆိုင်ရမှာ မလွဲမသွေပဲ"

ဝမ်ရှင်းအမတ်ကြီး၏မျက်နှာ သုန်မှုန်သွားကာ သူက ပြောဆိုလိုက်၏။

"သူတို့က စစ်တပ်ရဲ့အဖွဲ့ဝင်တွေဖြစ်နေမှတော့ သူတို့မှာ ဘာအခွင့်ထူးမှ မရှိစေရဘူး...ငါတို့က ဘာလို့ သူတို့ကို အရင်ဆုံးကယ်တင်ရမှာလဲ..စစ်သားတွေအားလုံးက ငါ့ရဲ့အမိန့်ကို နာခံရမယ်...ဘယ်သူမှ ချွင်းချက်မရှိဘူး"

"ဟုတ်ကဲ့"

လက်ရှိနေရာတွင်ရှိနေသူများအားလုံးထံတွင် တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ဝမ်ရှင်းအမတ်ကြီးသည် သူ့၏သားသမီးများကိုပင် ဂရုမစိုက်လေရာ သူတို့သည် မည်သည့်စကားမျှ ထပ်မံပြောဆိုရန် မလိုအပ်တော့ချေ။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် စစ်သားတစ်ယောက်၏အော်သံက ပြင်ပမှထွက်ပေါ်လာသည်။

"အရှင်အမတ်ကြီး...ချီဘုရင်စေလွှတ်လိုက်တဲ့ သံတမန်ရောက်လာပါတယ်"

ချီဘုရင်၏သံတမန်ဟု ဆိုသလော....

ဝမ်ရှင်းအမတ်ကြီးသည် မတ်တတ်ထရပ်ကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"သူ့ကို ခန်းမထဲဝင်ဖို့ ဖိတ်ခေါ်လိုက်ပါ"

စစ်ရေးအရာရှိတစ်ယောက်သည် ခန်းမအတွင်းသို့ဝင်လာကာ သူ့၏လက်အတွင်း၌ ရွှေရောင်စာလိပ်တစ်လိပ်ကို ကိုင်ဆောင်ထားသည်။

"ချီဘုရင်အိမ်တော်ရဲ့အရာရှိစုန့်ကျီးမိုက ဝမ်ရှင်းအမတ်ကြီးကို အရိုအသေပြုပါတယ်"

စစ်ရေးအရာရှိက အပြုံးနှင့်ဦးညွှတ်အရိုအသေပြုလေ၏။

ဝမ်ရှင်းအမတ်ကြီးက စုန့်ကျီးမို၏နောက်သို့ ကြည့်လိုက်သည်။

သူ့၏နောက်တွင် သက်တော်စောင့်နှစ်ယောက်ရှိနေသည်။

ထိုသက်တော်စောင့်နှစ်ယောက်သည် အနက်ရောင်ငါးပျံဝတ်စုံကိုဝတ်ဆင်ထားကာ သူတို့၏ခါးများတွင် ဆေဘာဓားရှည်များကို ချိတ်ဆွဲထားသည်။သူတို့၏ခေါင်းများထံမှနေ၍ ပါးလွှာသောအနက်ရောင်မျက်နှာလွှားဇာကို လွှမ်းခြုံထားကာ စုန့်ကျီးမို၏နောက်တွင် အမူအယာကင်းမဲ့စွာဖြင့် မတ်တပ်ရပ်နေလေ၏။

ဘုရင်တစ်ပါးဖြစ်သော ချီဘုရင်ထံတွင် သူ့၏ကိုယ်ပိုင် ကျင်းရီနဂါးအစောင့်များရှိနေသည်။

ဤသည်မှာ တော်ဝင်အခွင့်အာဏာ၏ အထိန်းအမှတ်သင်္ကေတပင်။ကျင်းရီနဂါးအစောင့်များသည် တော်ဝင်စစ်တပ်ဖြစ်ကာ သူတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူတို့၏နောက်ရှိ အခွင့်အာဏာကြီးမားသောပုဂ္ဂိုလ်ကို ကိုယ်စားပြုသည်။

ဤသည်မှာ တရားစီရင်ရေးဌာနကြီးသုံးခုကို လျစ်လျူရှု၍ လူများကို တိုက်ရိုက်ဖမ်းဆီးနိုင်သော ဧကရာဇ်မင်း၏လက်အောက်ရှိ ပန်းထိုးနဂါးအစောင့်တပ်နှင့်တူညီသည်။သူတို့၏ဖမ်းဆီးခြင်းကိုခံရကာ တော်ဝင်အကျဉ်းထောင်သို့ရောက်ရှိသွားသော လူများသည် အသက်ရှင်ရန်အတွက် သေးငယ်သောအခွင့်အရေးသာရှိပေ၏။

စစ်ဗိုလ်ချုပ်များသည် ကျင်းရီနဂါးအစောင့်များ ဝင်ရောက်လာသည်ကို မြင်တွေ့ချိန်တွင် သူတို့၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။သူတို့သည် ထိုကျင်းရီနဂါးအစောင့်များကို စေ့စေ့မကြည့်ဝံ့ကြချေ။

"ဘာကိစ္စရှိလို့ ချီဘုရင်ရဲ့သံတမန်က ငါ့ကို လာရှာတာလဲ"

ဝမ်ရှင်းအမတ်ကြီးက မေးမြန်းသည်။

စုန့်ကျီးမိုသည် ခပ်ဖျော့​ဖျော့ပြုံးကာ သူ့၏လက်အတွင်းရှိ ရွှေရောင်စာလိပ်ကို မြှောက်လိုက်၏။

"အရှင်က အမိန့်တော်တစ်ခုပါးလိုက်ပါတယ်"

ဝုန်း....

လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များအားလုံး မတ်တတ်ထရပ်လိုက်ကြကာ သူတို့၏မျက်နှာအမူအယာများ တည်ကြည်လေးနက်နေသည်။

ချီဘုရင်သည် ဧကရာဇ်မင်းမဟုတ်သော်လည်း သူသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ဘုရင်တစ်ပါးဖြစ်ကာ တော်ဝင်မျိုးနွယ်၏မိသားစုဝင်တစ်ယောက်ပင်။မည်သူမဆို သူ့၏အမိန့်တော်ကို အလေးအနက်ထား၍ ဆက်ဆံရပေမည်။

စုန့်ကျီးမိုက အမိန့်တော်ကိုဖြန့်ကာ ကျယ်လောင်စွာထုတ်ပြန်ကြေငြာလိုက်သည်။

"လုယွီက အခွင့်အာဏာမရှိဘဲနဲ့ စစ်သားတွေကိုစေလွှတ်ပြီးတော့ အင်ပါယာနှစ်ခုကြားက ငြိမ်းချမ်းရေးကို အနှောက်အယှက်ပြုခဲ့တယ်...သူက ခွင့်မလွတ်နိုင်တဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တဲ့လူပဲ...ထန်စစ်တပ်က အဲ့ဒီလူကို အမြစ်ပြတ်သုတ်သင်ချင်တာ မှန်ကန်တဲ့လုပ်ရပ်တစ်ခုပဲ....တာယွီစစ်တပ်မှာရှိတဲ့ စစ်သားတွေအားလုံး ဘယ်လိုနည်းနဲ့မဆို လုယွီကို ကူညီပေးခွင့်မပြုဘူး...အမိန့်ကိုမလိုက်နာတဲ့ ဘယ်သူမဆို စစ်တပ်စည်းမျဥ်းဥပဒေအရ အပြစ်ပေးခံရမယ်"

ထိုစကားလုံးများထွက်ပေါ်လာချိန်၌ လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များအားလုံး ကြက်သေသေသွားသည်။

သူတို့သည် စုန့်ကျီးမိုကို စူးစိုက်၍ကြည့်နေကြကာ သူတို့၏နားများကိုပင် သူတို့မယုံကြည်နိုင်သည့်အလားပင်။

လုယွီသည် စစ်သားများကိုဦးဆောင်ကာ ထန်စစ်တပ်၏အတွင်းပိုင်းနယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့သည်။သူသည် ဆုံးရှုံးသွားသောနယ်မြေကို ပြန်လည်ရယူနိုင်ခဲ့ရုံသာမက ထန်စစ်သားအမြောက်အများကိုလည်း သေကြေပျက်စီးစေခဲ့သည်။

ဤကဲ့သို့ ကြီးမားသောစစ်ရေးအောင်မြင်မှုတွင် သူသည် မည်သည့်ဂုဏ်ထူးဘွဲ့ထူးမှမရခဲ့ရုံသာမက အပြစ်သားဟုပင် တံဆိပ်ကပ်ခံလိုက်ရသလော....

Chapter 3920

ဤနေရာတွင်ရှိနေသော လူအများစုသည် စစ်တပ်မှစစ်ဗိုလ်ချုပ်များပင်။

အချိန်တစ်ခဏကြာ စဉ်းစား​တွေးတောပြီးနောက် ချီဘုရင်၏အမိန့်တော်သည် မည်မျှထိအဓိပ္ပာယ်မရှိကြောင်း သူတို့အားလုံး နားလည်သဘောပေါက်သွားသည်။

စစ်ရေးအောင်မြင်မှုများရရှိခဲ့သော လူတစ်ယောက်သည် သူ့၏လုပ်ရပ်ကြောင့် ဆုလာဘ်မရရှိခဲ့ရုံသာမက ပြစ်ဒဏ်ပေးခြင်းလည်း ခံရပေမည်။

အဓိကအချက်မှာ ထန်စစ်တပ်သည် လုယွီကိုတိုက်ခိုက်လိုသည့် ကိစ္စအတွက် ချီဘုရင်က ဤသည်မှာ မှန်ကန်သောလုပ်ရပ်ဟု ဖော်ပြထားသည်။ဤကိစ္စသည် အဓိပ္ပာယ်မရှိရုံသာမက ထန်အင်ပါယာကို အလွန်အမင်း ခယဝပ်တွားနေခြင်းလည်းဖြစ်သည်။

"ငြိမ်းချမ်းရေးလား....သူတို့က ငြိမ်းချမ်းရေးကိုလိုချင်နေမှတော့ ထန်အင်ပါယာက သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်ပေးရမှာမဟုတ်ဘူးလား....လက်ဝဲစစ်တပ်နယ်မြေထဲမှာ ရှိတဲ့ ကြယ်နယ်မြေကိုးခုက ထန်စစ်တပ်ရဲ့လက်ထဲကိုရောက်နေတယ်...ဘာလို့ ငါတို့က ပြန်ပြီးမတိုက်ခိုက်ရတာလဲ"

စစ်ဗိုလ်ချုပ်တစ်ယောက်က ဒေါသတကြီးအော်ဟစ်လိုက်၏။

သူ့၏နောက်ရှိ တခြားစစ်ဗိုလ်ချုပ်များ၏မျက်နှာများပေါ်တွင်လည်း ဒေါသထွက်နေသောအမူအယာများ ရှိနေသည်။

စုန့်ကျီးမို၏မျက်နှာ အေးစက်တင်းမာသွားသည်။

မင်းပြောလိုက်တဲ့ စကားတွေရဲ့ ရည်ရွယ်ချက်ကဘာလဲ....မင်းက ချီဘုရင်ရဲ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေတာလား"

"တပ်မှူးလုက လီဖူကို ဝိုင်းရံပိတ်ဆို့ထားမှတော့ ငါတို့အားလုံးက သူ့ကိုကူညီပြီးတော့ ရန်သူတွေကို ချေမှုန်းပေးသင့်တာ မဟုတ်ဘူးလား...သူက လီဖူကိုဖျက်ဆီးနိုင်တာနဲ့ တိုက်ပွဲကို ငါတို့အလှည့်အပြောင်း လုပ်နိုင်လိမ့်မယ်"

ထိုစစ်ဗိုလ်ချုပ်က ခေါင်းမာမာဖြင့်ပြောဆိုသည်။

စုန့်ကျီးမိုက အထင်အမြင်ပေးသောအမူအယာဖြင့် နှာတချက်မှုတ်လိုက်၏။

"ဟမ့်...ကောင်းကင်မူဝါဒရုံးတော်ရဲ့ သခင်လေး တစ်ယောက်ဖြစ်တဲ့ လီဖူရဲ့နံဘေးမှာ မရေတွက်နိုင်တဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ ရှိနေတယ်.....လုယွီက ကံကောင်းမှုကြောင့် တိုက်ပွဲတစ်ပွဲကို အောင်နိုင်ခဲ့တယ်...ဒါပေမယ့် သူက ဘယ်လိုလုပ်ပြီးတော့ လီဖူအတွက် ပြိုင်ဘက်ဖြစ်နိုင်မှာလဲ...သူ ရှုံးနိမ့်ရမယ်ဆိုတာ သတ်မှတ်ပြီးသားပဲ"

ရှုံးနိမ့်ရမည်ဟု ဆိုသလော...

စစ်ဗိုလ်ချုပ်များ၏မျက်လုံးများ ပြူးကျယ်သွားသည်။တိုက်ပွဲစတင်ခြင်းမပြုရသေးမီမှာပင် သူတို့၏ဘက်မှနေ၍ အရှုံးကိုထုတ်ပြန်ကြော်ငြာသည့်ကိစ္စမျိုး သူတို့ တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ခဲ့ဖူးခြင်းမရှိချေ။

ဤသည်မှာ တစ်ဖက်ရန်သူများ၏စိတ်ဓာတ်ကိုမြင့်တက်စေပြီး သူတို့၏နာမည်ဂုဏ်သတင်းကို ညှိုးနွမ်းစေသည်မဟုတ်လော....

"မင်းက လက်မခံနိုင်ဘူးဆိုတာ ငါ သိတယ်...မင်းက ချီဘုရင်ရဲ့အမိန့်နဲ့ပတ်သက်ပြီးတော့ အရမ်းစိတ်မကျေမနပ်ဖြစ်နေတဲ့ပုံပဲ...ဖြစ်နိုင်တာတော့ မင်းက အင်ပါယာနှစ်ခုကြားက သဘောတူညီချက်ကို ချိုးဖျက်ချင်တာလား...

အခုချိန်မှာ မင်းတို့က တော်ဝင်အမိန့်တော်ကိုနာခံလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်....မဟုတ်ရင်တော့ မင်းတို့အားလုံးကို တော်ဝင်အကျဉ်းထောင်ဆီ ပို့ရလိမ့်မယ်"

စုန့်ကျီးမိုက ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

'တော်ဝင်အကျဉ်းထောင်'ဟူသော စကားကိုကြားချိန်တွင် လူတိုင်း၏စိတ်နှလုံးသားများ တုန်ရီသွားသည်။

ဤသည်မှာ စာပေအရာရှိဖြစ်စေ စစ်ရေးအရာရှိဖြစ်စေ တာယွီအင်ပါယာမှအရာရှိများအားလုံး၏ အိပ်မက်ဆိုးကြီးပင်။

ကျင်းရီနဂါးအစောင့်နှစ်ယောက်သည် ရှေ့သို့တိုးလာကာ ထိုစစ်ဗိုလ်ချုပ်ကိုဖမ်းဆီးရန် ဟန်ပြင်လိုက်သည်။

မည်သည့်စစ်ဗိုလ်ချုပ်ကမျှ ခြေလှမ်းရှေ့တိုး၍ သူတို့ကို ဟန့်တားဝံ့ခြင်းမရှိချေ။

ကျင်းရီနဂါးအစောင့်များသည် ချီဘုရင်၏အခွင့်အာဏာကို ကိုယ်စားပြုသည်။ဤကိစ္စကို ကြားဝင်စွက်ဖက်ဝံ့သော မည်သူမဆိုပုန်ကန်သည်ဟု သတ်မှတ်ခံရပေမည်။

"တော်သင့်ပြီ...ဒါက နားလည်မှုလွဲမှားတာလေးတစ်ခုပဲ...ရပ်လိုက်ကြတော့"

ဝမ်ရှင်းအမတ်ကြီးက ရုတ်တရက် အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

ကျင်းရီနဂါးအစောင့်နှစ်ယောက်သည် သူတို့၏ခြေလှမ်းများကိုရပ်တန့်လိုက်ကြကာ ရှေ့သို့တိုးလာခြင်း မရှိတော့ချေ။

တခြားမဟာစစ်ဗိုလ်ချုပ်များသည် သူတို့၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ထွက်ခွာသွားကြပြီး သူတို့ကိုကြည့်ရသည်မှာ သေဒဏ်မှလွတ်ကင်းသွားကြသည့်အလားပင်။

"ငါက ချီဘုရင်ရဲ့အမိန့်တော်ကို နာခံတယ်...ငါက ငါ့ရဲ့စစ်တပ်ကိုဦးဆောင်ပြီးတော့ ကောင်းကင်ချိုးဖျက်ခံတပ်ကို ပြန်တော့မယ်"

ဝမ်ရှင်းအမတ်ကြီးက ပြောဆိုသည်။

မမျှော်လင့်ဘဲ စုန့်ကျီးမိုသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ ပြောဆိုလိုက်၏။

"အမတ်ကြီးက အခုပြန်လို့မရဘူး...အနက်ရောင်မိုသဘောတူညီချက်အရ ငါတို့က စစ်လျော်ကြေးအဖြစ် ကောင်းကင်ချိုးဖျက်ခံတပ်ကို ထန်အင်ပါယာဆီပေးဖို့ သဘောတူညီပြီးပြီ....အခုအချိန်မှာ ကောင်းကင်ချိုးဖျက်ခံတပ်က ထန်အင်ပါယာရဲ့အပိုင်ဖြစ်သွားပြီ...တာယွီစစ်တပ်ရဲ့ လိုအပ်ချက်တွေအရ မင်းက အခုချိန်မှာ အရှေ့ပိုင်းနွေဦးခံတပ်မှာပဲ နေရမယ်"

ဘုန်း....

စုန့်ကျီးမို၏စကား အဆုံးသတ်သွားသောအချိန်မှာပင် အစွမ်းထက်သော ဖိအားအရှိန်အဝါတစ်ရပ်က သူ့၏ခေါင်းထက်သို့ ဆင်းသက်လာသည်။

ဤအချိန်အခိုက်အတန့်တွင် စုန့်ကျီးမို၏မျက်နှာအမူအယာပြောင်းလဲသွားသည်။ဤစွမ်းအားသည် တောင်များနှင့်မြစ်များကိုပင် ဖျက်စီးနိုင်စွမ်းရှိကာ အလွန်ကြီးကျယ်ခမ်းနားသဖြင့် သူ အသက်ပင်မရှုနိုင်တော့ချေ။

သူ့၏နံဘေးရှိ ကျင်းရီနဂါးအစောင့်နှစ်ယောက်ပင်လျှင် သူနှင့်တူညီသော ဖိအားအရှိန်အဝါကို ခံစားနေရသည်။

"ဝမ်ရှင်းအမတ်ကြီး....မင်း...."

စုန့်ကျီးမို၏မျက်လုံးများ ပြူးကျယ်သွားကာ သူက အံ့တင်းတင်းကြိတ်ပြီး အော်ဟစ်လိုက်သည်။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် စုန့်ကျီးမို၏ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်နေသော ဖိအားအရှိန်အဝါ ရုတ်တရက်ပျောက်ကွယ်သွားလေ၏။

ဤဖိအားအရှိန်အဝါ ရုတ်တရက် အတိုးအလျော့ဖြစ်သွားခြင်းကြောင့် သူ၏နှလုံးခုန်နှုန်းကို လျှင်မြန်သွားစေကာ သူသည် ကူကယ်ရာမဲ့စွာဖြင့် သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။

"ပြန်သွားပြီးတော့ ငါက အမိန့်တော်ကိုလက်ခံတယ်လို့ ချီဘုရင်ကို ပြောလိုက်စမ်း...ဒါပေမယ့် တကယ်လို့ သူ ဒီလိုလုပ်မယ်ဆိုရင် အနှေးနဲ့အမြန် သူ တန်ကြေးပြန်ပေးဆပ်ရလိမ့်မယ်"

ဝမ်ရှင်းအမတ်ကြီးသည် ချက်ချင်းဆိုသလိုပင် ထုတ်ပြန်ကြော်ငြာလိုက်ကာ စုန့်ကျီးမိုကို ခန်းမ၏ပြင်ပသို့ မောင်းထုတ်လိုက်သည်။

Chapter 3921

ထန်စစ်တပ်မှတပ်ရင်းများသည် မာလင်းကြယ်နယ်မြေထံသို့ဦးတည်၍ ချီတက်နေကြသည်။

လက်ဝဲစစ်တပ်နယ်မြေအတွင်းရှိ တာယွီစစ်တပ်များအားလုံးသည် သုဿန်တစ်စပြင်အလား တိတ်ဆိတ်ငြိမ်သက်နေကြ၏။

ချီဘုရင်သည် နယ်မြေဒေသအသီးသီးမှ အုပ်ချုပ်သူအရှင်များထံသို့ သံတမန်များစေလွှတ်၍ မည်သူတစ်ဦးတစ်ယောက်မျှ လုယွီကို ကူညီထောက်ပံ့ပေးခွင့်မပြုဟု အမိန့်ထုတ်ပြန်ထားခဲ့သည်။

ဤသည်မှာ အလွန်ကြေကွဲဝမ်းနည်းဖွယ်ကောင်းသောကိစ္စပင်။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သည် တာယွီအင်ပါယာ၏ ပိုင်နက်နယ်မြေဖြစ်သဖြင့် တော်ဝင်စစ်တပ်မှတပ်ရင်းများသည် စစ်ပွဲအတွင်း၌ ပါဝင်ဆင်နွှဲလိုကြသည်။သို့ရာတွင် သူတို့သည် ချီဘုရင်၏အမိန့်တော်ကို မလွန်ဆန်နိုင်ကြသဖြင့် လုယွီ၏လှုပ်ရှားမှုများကို တိတ်တဆိတ်စောင့်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

....

မာလင်းကြယ်နယ်မြေ...ထန်စစ်တပ်၏စစ်စခန်း၌....

ပျက်စီးသွားခဲ့သော ကြယ်နယ်မြေအရှင်အိမ်တော် အပျက်အစီးများ၏နံဘေးတွင် ထန်စစ်တပ်သည် ယာယီစစ်တမ်းလျားအမြောက်အများကိုတည်ဆောက်၍ စစ်သည်များကိုစခန်းချထားခဲ့သည်။

လီဖူကိုကာကွယ်ပေးရန်အတွက် စစ်စခန်းတစ်ခုလုံးကို တင်းကြပ်စွာစီစဉ်ထားသည်။စစ်စခန်း၏အစွန်ဆုံးနယ်မြေ၌ သာမန်စစ်သားများကိုနေရာချထားပြီး ထို့နောက် လင်းယုန်ပျံဝဲအစောင့်တပ်နှင့် နောက်ဆုံး၌ လက်ဝဲစစ်တပ်အစောင့်တပ်ရှိနေသည်။အတွင်းဆုံးနယ်မြေ၌ နေရာချထားသည်မှာ ကောင်းကင်မူဝါဒအိမ်တော်၏ ရှောင်လက်ရွေးစင်စစ်သားများပင်။

ဤခုခံကာကွယ်မှုအလွှာများသည် ချို့ယွင်းချက်ကင်းမဲ့ပေ၏။

ထန်စစ်တပ်မှစစ်သားများအားလုံးထံတွင် ခိုင်မာသော ယုံကြည်ချက်တစ်ခုရှိနေသည်။သူတို့သည် ဝူတင်းအမတ်ကြီး ရောက်ရှိလာသည့်အချိန်ထိ တောင့်ခံနိုင်သရွေ့ ဤစစ်ပွဲကို သူတို့အောင်မြင်နိုင်ပေမည်။

ဤအချိန်အခိုက်အတန့်တွင် စစ်စခန်းအတွင်း၌ စစ်သားတချို့သည် ပလ္လင်ခွေထိုင်ကာ တိတ်ဆိတ်ငြိမ်သက်စွာ ကျင့်ကြံနေကြသည်။

ရုတ်တရက် စစ်သားတစ်ယောက်သည်ပြင်းပြင်းထန်ထန်ချောင်းဆိုးကာ သွေးတစ်လုတ်အန်ထုတ်လိုက်သည်။

"ဒါက ဘယ်လောက်တောင် ဆိုးရွားတဲ့စိတ်ဝိညာဥ်အားဖြည့်ဆေးလုံးလဲ....ဒီဆေးလုံးက လုံးဝအသုံးမဝင်ဘူး...ငါက ဒီဆေးလုံးကိုသောက်သုံးပြီးတော့ အချိန်လေးနာရီလောက် ​ချေဖျက်ခဲ့တာတောင် ဆေးလုံးထဲမှာပါတဲ့ မသန့်စင်မှုတွေကိုပဲ စုပ်ယူနိုင်ခဲ့တယ်...အဆုံးသတ်ကျတော့ ဒီဆေးလုံးက ငါ့ရဲ့စိတ်ဝိညာဥ်ကို ပြန်ကောင်းမလာစေရုံတင်မကဘူး...ငါ့ရဲ့မှော်စွမ်းအားတွေကိုလည်း အများကြီးကုန်ဆုံးသွားစေခဲ့တယ်"

စစ်သားတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်၍ ဆဲဆိုလိုက်သည်။

"ဒါက အမှန်ပဲ...ဘာလို့လဲတော့ ငါမသိဘူး...ငါ ဒီဆေးလုံးကို သောက်ပြီးတဲ့နောက်မှာ ငါရဲ့စိတ်ဝိညာဉ်က ပိုပြီးတောင် ထိခိုက်ဒဏ်ရာရသွားသလိုမျိုး ခံစားရတယ်"

"ဆေးခန်းမက အရူးအိုကြီးတွေက ဘာပြင်ဆင်ပေးမှုမှမရှိဘူး...သူတို့မှာ အသိစိတ်ကင်းမဲ့နေပြီးတော့ ဆေးပင်တွေအတွက် ကျသင့်ငွေတွေကို ဖြတ်စားနေတာပဲဖြစ်မယ်"

ပတ်ဝန်းကျင်ရှိစစ်သားများအားလုံးသည် ဒေါသတကြီးဖြင့် ဆဲဆိုနေကြ၏။

"ငါတို့ရထားတဲ့ဆေးလုံးတွေက အနိမ့်ဆုံးအဆင့်တွေ ဖြစ်ပြီးတော့...ရှောင်လက်ရွေးစင်စစ်သားတွေကပဲ ထိပ်တန်းအဆင့်စိတ်ဝိညာဥ်အားဖြည့်ဆေစလုံးကိုရဖို့ အရည်အချင်းပြည့်မီတယ်လို့ ငါ ကြားထားတယ်"

ကတုံးပြောင်စစ်သားတစ်ယောက်က ရုတ်တရက် ပြောဆိုသည်။

"ဘာလို့လဲ....ငါတို့အားလုံးက မင်းသားလီဖူအတွက် အလုပ်လုပ်ပေးနေတာပဲလေ...ယေဘူယျကျကျပြောမယ်ဆိုရင် ငါတို့မှာ ဒီဆေးလုံးလေးတွေလောက်တော့ ပြတ်လပ်မနေသင့်ဘူး...ဟုတ်တယ်မလား"

တခြားစစ်သားတစ်ယောက်က ပြောဆိုသည်။

ကတုံးပြောင်စစ်သားက သရော်တော်အမူအယာဖြင့် ပြောဆိုလေ၏။

"တကယ်လို့ ငါ ပြောပြမယ်ဆိုရင်တောင် မင်း နားလည်နိုင်မှာမဟုတ်ဘူး...မင်းသားလီဖူရဲ့အဆင့်အတန်းက မြင့်မြတ်တယ်...ဒါပေမယ့် သူ့ရဲ့ငွေကြေးတွေကို ရှောင်လက်ရွေးစင်စစ်သားတွေကို မြေတောင်မြှောက်ပေးတဲ့နေရာမှာပဲ အသုံးပြုတယ်...အဲ့ဒီလက်ရွေးစင်တွေကပဲ သူ နန်းမွေဆက်ခံတဲ့နေရာမှာ အမှန်တကယ် ကူညီပေးနိုင်မှာလေ...ငါတို့ကလား...ငါတို့က အစေခံတွေနဲ့ အများကြီးကွဲပြားခြားနားမှူးမရှိဘူး"

"ဒီတကြိမ်မှာ မြေကြီးထဲကနေပြီးတော့ နဂါးသွေးကြောတွေ အများကြီးထွက်လာတာကြောင့် စစ်သားတွေအားလုံးရဲ့စိတ်ဝိညာဉ်တွေ ဒဏ်ရာရသွားခဲ့တယ်...မင်း သေချာတွေးကြည့်စမ်း...ငါတို့ဘက်မှာ လူအင်အားတစ်သန်းကျော်ရှိနေတယ်...တကယ်လို့ မင်းသားလီဖူက ငါတို့အားလုံးအတွက် ကောင်းမွန်တဲ့ဆေးလုံးတွေ အသုံးပြုချင်တယ်ဆိုရင် သူ ဘယ်လောက်တောင် ငွေကုန်ကြေးကျများလိမ့်မလဲ...သူက ငါတို့အပေါ် ငွေကြေးတွေ အသုံးမပြုချင်တာပဲဖြစ်မယ်"

ထိုစကားများကိုကြားချိန်တွင် လူတိုင်း၏စိတ်နှလုံးသားအတွင်း၌ ဒေါသလှိုင်းများရိုက်ခတ်သွားသည်။

"ဒါပေမယ့် ဒါက ကောလဟာလတစ်ခုပဲလေ....ဟုတ်တယ်မလား...ရှောင်လက်ရွေးစင်စစ်သားတွေရထားတဲ့ ဆေးလုံးတွေကလည်း ငါတို့နဲ့အတူတူပဲဖြစ်မယ်လို့ ငါ ထင်တယ်"

တစ်စုံတစ်ယောက်က စောဒကတက်လေသည်။

ကတုံးပြောင်စစ်သားက လှောင်ပြောင်သရော်လိုက်၏။

"ဒါဆိုရင်လည်း ငါတို့ သွားကြည့်ကြတာပေါ့...ငါ ကြားထားတာတော့ အဲ့ဒီရှောင်လက်ရွေးစင်စစ်သားတွေဆီမှာ

လုံလောက်တဲ့စိတ်ဝိညာဉ်အားဖြည့်ဆေးလုံးတွေ ရှိနေတယ်"

"မင်း ငါပြောတာကို မယုံကြည်ဘူးလား...တိုက်ပွဲကြီးတခုပြီးသွားတဲ့အချိန်မှာ ငါတို့က နှစ်သိမ့်ကြေးငွေတွေနဲ့ဆုလာဘ်တွေရခဲ့လို့လား...အစတုန်းကတော့ ငါ ဒီနေရာကိုလာခဲ့တာ မင်းသားလီဖူကိုကူညီပြီးတော့ ကံကြမ္မာကောင်းတစ်ခုကို ရှာဖွေချင်လို့ပဲ....ဒါပေမယ့် အဆုံးသတ်ကျတော့ ငါက သူ့ဆီကနေ စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကိုတောင် မရခဲ့ဖူးဘူး...ငါတို့ရဲ့မဟာစစ်ဗိုလ်ချုပ် ရှိနေတဲ့အချိန်တုန်းကတောင် သူ ဘာဆုလာဘ်ကိုမှရတာ ငါ မမြင်ဖူးဘူး...အခုချိန်မှာ ငါတို့ရဲ့မဟာစစ်ဗိုလ်ချုပ်က သေသွားပြီ...ငါတို့အတွက် ဘာဆုလာဘ်မှာာမရနိုင်တော့မှာကို ငါ စိုးရိမ်မိတယ်"

လက်ရှိနေရာတွင်ရှိနေသော စစ်သားများအကြားတွင် လင်းယုန်ပျံဝဲအစောင့်စစ်သားများ လက်ဝဲစစ်တပ်မှစစ်သားများနှင့် နေရာသေသအသီးသီးရှိအစောင့်တပ်များမှ စစ်သားများရှိနေသည်။

ကတုံးပြောင်စစ်သား၏စကားများကို ကြားချိန်၌ ထိုစစ်သားများအနက်မှအများစု၏မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုနှင့်မယုံကြည်နိုင်မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။

All Chapters