အခန်း (၃၉၂၂-၃၉၂၅)
Vol. 199 Ch. 3922-3925
Chapter 3922
ထန်စစ်တပ်၏ထုံးတန်းစဉ်လာအရ တိုက်ပွဲတစ်ခုပြီးဆုံးသည်နှင့် စစ်ရေးအောင်မြင်မှုများအလိုက် ဆုလာဘ်များကို အချိန်မီပေးအပ်ရသည်။
ဤသည်မှာ စစ်သားများကို ပို၍သစ္စာရှိပြီးရဲရင့်လာစေရန် လှုံ့ဆော်ပေးခြင်းပင်။
မူလက ဤကဲ့သို့ထုံးတမ်းစဉ်လာတစ်ရပ် ရှိခဲ့သော်လည်း ယခုလက်ရှိအချိန်တွင် စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးကိုပင် ပေးအပ်ခဲ့ခြင်းမရှိချေ။
ကတုံးပြောင်စစ်သားကပြောဆိုသည်။
"ငါက ဘဏ္ဍာရေးဌာနကိုသွားပြီးတော့ ဒီအကြောင်းကို မေးမြန်းခဲ့ပြီးပြီ...ဘဏ္ဍာရေးဌာနကလူတွေက ငါ့ကိုပြောလိုက်တယ်...ငါတို့အတွက် ဘာဆုလာဘ်ခွဲဝေမှုမှ ရှိမနေဘူး...ကြည့်ရတာတော့ မင်းသားလီဖူ ငါတို့ကိုဆင့်ခေါ်ထားတာက ငါတို့ရဲ့အကူအညီကိုရဖို့အတွက် နာမည်ခံပဲဖြစ်မယ်...သူက ငါတို့ကို ခြူးတစ်ပြားတောင် ဆုလာဘ်ပေးချင်တဲ့ပုံမရဘူး"
ထိုစကားကိုကြားချင်တွင် လက်ရှိနေရာတွင်ရှိနေသော စစ်သားများအားလုံး၏မျက်လုံးများ တဖြည်းဖြည်းမှုန်မှိုင်းသွားသည်။
လူအများစုအတွက် ဘွဲ့ထူးဂုဏ်ထူးများမရစေကာမူ မည်သည့်အကျိုးကျေးဇူးမျှ မရရှိခြင်းသည် အလွန်ဆိုးဝါးသောကိစ္စပင်။
စစ်တပ်သည် သူတို့အား မည်သည့်အကျိုးကျေးဇူးမှ မပေးနိုင်ပါက မည်သည်ကြောင့် သူတို့သည် လေလွင့်ကျင့်ကြံသူဂိုဏ်းတစ်ဂိုဏ်းသို့ မဝင်ဘဲနေရမည်နည်း။အနည်းဆုံးအနေဖြင့် သူတို့သည် ပို၍လွတ်လွတ်လပ်လပ်နေနိုင်ပေမည်။
ထန်စစ်တပ်၏ စစ်သားများအပေါ်ဆက်ဆံမှုသည် ယေဘုယျအားဖြင့် သာမန်ဂိုဏ်းများမှသူတို့၏ဂိုဏ်းသားများအပေါ် ဆက်ဆံသည်ထက် ပို၍ကောင်းမွန်သည်။ဤသည်မှာ ကျင့်ကြံသူများ စစ်တပ်အတွင်းသို့ဝင်ရောက်ရန် ဆွဲဆောင်ခြင်းခံရသော အဓိကအကြောင်းအရင်းပင်။
သို့ရာတွင် ယခုချိန်၌ သူတို့အတွက် မည်သည့်အကျိုးကျေးဇူးမျှ ရှိမနေချေ။
စစ်သားအများစု၏ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ချက်ချင်းဆိုသလိုပင် တစ်ဝက်ခန့်လျော့ကျသွားခဲ့သည်။
ဝေါင်း...ဝေါင်း....
ထိုအချိန်မှာပင် နတ်ဆိုးသားရဲတစ်ကောင် ဟိန်းဟောက်လိုက်သော အသံတစ်သံက အဝေးတစ်နေရာမှနေ၍ ရုတ်တရက်ထွက်ပေါ်လာသည်။
မည်သူမျှ ဝင်ရောက်ခွင့်မရှိသော နေရာတစ်နေရာဖြစ်သည့် စစ်စခန်းအတွင်းတွင် နတ်ဆိုးသားရဲတစ်ကောင်သည် ဆူပူသောင်းကြမ်းနေပေ၏။’
ထိုနတ်ဆိုးသားရဲ၏အထက်တွင် ရွှေရောင်သံချပ်ကာဝတ်စစ်သားတစ်ယောက် ထိုင်နေကာ ပျင်းတိပျင်းရွဲအမူအယာဖြင့် ထိုနတ်ဆိုးသားရဲကို ထိန်းချုပ်နေသည်။သူသည် စစ်စခန်းအတွင်း၌ လူအမြောက်အများရှိနေသည့်တိုင် အနည်းငယ်မျှဂရုမစိုက်ချေ။
"မြန်မြန်ဘေးကိုဖယ်ကြစမ်း...ဒါက ရှောင်လက်ရွေးစင်စစ်တပ်ကပဲ"
"မြန်မြန်လေး အဝေးမှာပုန်းနေကြတော့...သူတို့က မင်းသားလီဖူရဲ့ သီးသန့်စစ်သားတွေ...တကယ်လို့ သူတို့ တက်နင်းတာကိုခံရပြီးတော့ ငါတို့ သေသွားမယ်ဆိုရင်တောင် အလဟဿသေရတာပဲဖြစ်လိမ့်မယ်"
စစ်သားများသည် နံဘေးဘက်သို့ အလျှင်အမြန်ပြေးထွက်ကာ လမ်းဖယ်ပေးလိုက်ကြသည်။
ရှောင်လက်ရွေးစင်စစ်တပ်သည် မြင့်မြတ်သောအဆင့်အတန်းရှိသဖြင့် သူတို့၏စစ်ဗိုလ်ချုပ်များပင်လျှင် ထိုစစ်သားများအား လွယ်လင့်တကူ ရန်စစော်ကားဝံ့ခြင်းမရှိချေ။
စစ်သားများအားလုံးသည် အလျှင်အမြန်ပြေးထွက်ခဲ့ကြသော်လည်း ငယ်ရွယ်သောစစ်သားတစ်ယောက်သည် လူအုပ်အကြား၌ညပ်နေပြီး ခြေတစ်လှမ်းခန့် နောက်ကျသွားခဲ့သည်။
"အား..."
ထိုစစ်သားငယ်လေးသည် အချိန်မီရှောင်တိမ်းနိုင်ခြင်းမရှိသဖြင့် နတ်ဆိုးမှော်သားရဲ၏ဝင်တိုက်ခြင်းကိုခံရပြီး လွင့်ထွက်သွားခဲ့သည်။
လူတိုင်းသည် ကျယ်လောင်သောဘုန်းခနဲမြည်သံကြီးကို ကြားလိုက်ရပြီးနောက် ထိုစစ်သားငယ်လေးသည် အဝေးသို့ဆယ်မီတာခန့် လွင့်ထွက်သွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။သူသည် မြေပြင်ပေါ်၌ လဲကျနေကာ အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိတော့ချေ။
တစ်စုံတစ်ယောက်သည် ရှေ့သို့အလျင်အမြန်သွားကာ ထိုစစ်သားငယ်လေးကို ဆွဲထူလိုက်၏။သို့ရာတွင် သူ ရောက်ရှိသွားသောအချိန်၌ မြေပြင်ပေါ်၌ လဲကျနေသောစစ်သားငယ်လေး၏ရင်ဘတ် အလွန်လျင်မြန်စွာ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်ကို သူ မြင်တွေ့မိလေ၏။အချိန်တခဏကြာပြီးနောက် ထိုစစ်သားငယ်လေး၏အသက်ရှူမှု ရပ်တန့်သွားတော့သည်။
"သူ...သူ သေသွားပြီ"
ထိုစစ်သားငယ်လေးအား ကူညီပေးရန်အတွက် အပြေးသွားသောလူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
ဤမတော်တဆကိစ္စကြောင့် စစ်သားငယ်လေး သေဆုံးသွားလေပြီ။
နတ်ဆိုးသားရဲပေါ်၌ထိုင်နေသော ရှောင်လက်ရွေးစင်စစ်သားသည် သူ့၏ခေါင်းကိုမော့ကာ အေးစက်တင်းမာစွာဖြင့် ပတ်ဝန်းကျင်မှလူများကိုကြည့်လေသည်။
"နိမ့်ကျတဲ့ ပုရွက်ဆိတ်တစ်ကောင်က ငါ့ကို လမ်းပိတ်ထားဝံ့တာလား....မင်းတို့အားလုံး ထွက်သွားကြစမ်း"
အစောပိုင်းက မကျေမနပ်စကားများကို ပြောဆိုခဲ့သော ကတုံးပြောင်စစ်သားသည် ချက်ချင်းဆိုသလိုပင် ရှေ့သို့ခုန်ထွက်လာကာ ကျယ်လောင်စွာဆဲဆိုလိုက်၏။
"မင်းက လူတစ်ယောက်ကို သေအောင်လုပ်ခဲ့တယ်...မင်း ထွက်သွားလို့မရဘူး...မင်းက လူတစ်ယောက်ကို သေအောင်လုပ်ပြီးမှတော့ မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်"
ဤစကားသည် မရေမတွက်နိုင်သောစစ်သားများ၏ဒေါသများကို မြင့်တက်စေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ကောင်းကင်မူဝါဒရုံးတော်၏ ရှောင်လက်ရွေးစင်စစ်သားများသည် စစ်တပ်အတွင်း၌ မြင့်မားသောအဆင့်အတန်းရှိသည်။
ဥပမာအနေဖြင့် အကယ်၍ ရှောင်လက်ရွေးစင်စစ်သားတစ်ယောက်သည် ရာဇဝတ်မှုတစ်ခုကိုကျူးလွန်ခဲ့လျှင်ပင် ဒေသခံအာဏာပိုင်များသည် သူတို့အား အပြစ်ပေး၍မရချေ။ရှောင်လက်ရွေးစင်စစ်သားများကို အုပ်ချုပ်သော စစ်ဗိုလ်ချုပ်များသာလျှင် သူတို့ကိုအပြစ်ပေးရန် အရည်အချင်းပြည့်မီသည်။
ပြောရမည်ဆိုလျှင် အကယ်၍ ရှောင်လက်ရွေးစင်စစ်သားတစ်ယောက်သည် လူအများတိုက်ခိုက်ရာမှရရှိလာသော စစ်ရေးအောင်မြင်မှုတစ်ခုကို စိတ်ဝင်စားသည်ဆိုပါက ထိုလူသည် စကားတစ်ခွန်းပြောဆိုရန်သာလိုအပ်သည်။ထိုတိုက်ပွဲ၏အကျိုးအမြတ်များအားလုံးသည် ရှောင်လက်ရွေးစင်စစ်သား၏ခေါင်းထက်သို့ ရောက်ရှိသွားပေမည်။
တော်ဝင်အခွင့်အာဏာ၏လက်အောက်တွင် ဖွဲ့စည်းထားခြင်းဖြစ်သဖြင့် ဤစစ်တပ်ကိုမျိုးနွယ်စုခြောက်စုမှ အမတ်ကြီးကိုးယောက်က စီမံအုပ်ချုပ်သည်။
ဤသည်မှာ ကောင်းကင်မူဝါဒရုံးတော်၏အဆင့်အတန်းပင်။
အချိန်များကြာလာသည်နှင့်အမျှ ရှောင်လက်ရွေးစင်စစ်သားများသည် ပို၍ပို၍မောက်မှာထောင်လွှားလာကြသည်။သူတို့သည် သာမန်စစ်သားများကို အနည်းငယ်မျှဂရုမစိုက်တော့ဘဲ ဆူပူကြိမ်းမောင်းခြင်း ဆဲရေးတိုင်းထွာခြင်းတို့ကို မကြာခဏပြုလုပ်ကြလေ၏။
သို့ရာတွင် စစ်သားများအားလုံးသည် လူသားများဖြစ်လေရာ မည်သည်ကြောင့် သူတို့သည်အခွင့်ထူးခံများ ဖြစ်နေနိုင်မည်နည်း။
ဤသည်မှာ အချိန်အတော်ကြာကွယ်ဝှက်ထားခဲ့သော ပေါက်ကွဲစေသည့်ယမ်းစည်တစ်ခုသည် ယခုအချိန်၌ ဖောက်ခွဲရန် အခွင့်အရေးရရှိသွားသည့်အလားပင်။
ပတ်ဝန်းကျင်၌ စစ်သားများ ပို၍ပို၍စုဝေးလာသည်။
လက်ဝဲစစ်တပ်မှစစ်သားများ လင်းယုန်ပျံဝဲစစ်တပ်မှစစ်သားများနှင့် အမျိုးမျိုးသောအစောင့်တပ်များမှစစ်သားများ.....
မရေမတွက်နိုင်သောစစ်သားများ၏မျက်လုံးအကြည်များသည် နတ်ဆိုးသားရဲကိုစီးနင်းလာသော ရှောင်လက်ရွေးစင်စစ်သားထံ၌ စူးစိုက်၍ကျရောက်နေသည်။
"မင်းက တစ်ယောက်ယောက်ကို သတ်လိုက်တယ်ဆိုရင် မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်...ဒီနေ့ မင်းထွက်သွားဖို့ မစဉ်းစားနဲ့"
ကတုံးပြောင်စစ်သားက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
Chapter 3923
လူအုပ်ကြီးအကြားမှနေ၍ ဆူညံပွက်လောရိုက်နေသောအသံများ ထွက်ပေါ်လာသည်။
လူအများသည် ဒေါသထွက်နေသော မျက်လုံးအကြည့်များဖြင့် ကောင်းကင်မူဝါဒရုံးတော်မှ ရှောင်လက်ရွေးစင်စစ်သားကိုကြည့်ကာ သူ့အား အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲလိုကြသည်။
"မောင်လေး...ဘာဖြစ်သွားတာလဲ...မောင်လေး...ထပါအုံး"
ရုတ်တရက် လူအုပ်အကြားမှနေ၍ အမျိုးသမီးစစ်သားတစ်ယောက် တိုးထွက်လာကာ သေဆုံးသွားသော စစ်သားငယ်လေး၏အလောင်းနံဘေးသို့ အပြေးရောက်လာသည်။
ထိုအမျိုးသမီးစစ်သား မည်မျှထိလှုပ်ယမ်းနေသည်ဖြစ်စေ စစ်သားငယ်လေး၏ခန္ဓာကိုယ်သည် အေးစက်ပြီး အသက်စွမ်းအားအနည်းငယ်မျှ မရှိတော့ချေ။
အမျိုးသမီးစစ်သားသည် ကျယ်လောင်စွာအော်ဟစ်ငိုယိုရင်း စစ်သားငယ်လေး၏အလောင်းနံဘေးတွင် လဲကျသွားတော့သည်။သူမသည် ငိုကြွေးရင်း သတိလစ်မေ့မျောသွားခြင်းပင်။
"ဘာတွေဖြစ်နေတာလဲ....မင်းတို့အားလုံး ဘာလို့ငြင်းခုံနေကြတာလဲ"
ထိုအချိန်မှာပင် စစ်ဗိုလ်ချုပ်တစ်ယောက်ရောက်ရှိလာကာ သူ့၏မျက်နှာသည် အေးစက်တင်းမာနေပေ၏။
ဤနေရာ၌ လူများ ပို၍ပို၍စုဝေးလာကာ မည်သည့်ပြဿနာဖြစ်ပွားခဲ့သည်ကို သိရှိလိုကြသည်။
"ဗိုလ်ချုပ်...ဒီရှောင်လက်ရွေးစင်စစ်သားက စစ်စခန်းထဲမှာ နတ်ဆိုးသားရဲတစ်ကောင်ကို ထင်ရာစိုင်းခွင့်ပြုထားတယ်...သူက လူတစ်ယောက်ကိုတောင် သတ်လိုက်တယ်...ကျေးဇူးပြုပြီးတော့ သူ့ကို အပြစ်ပေးပါ"
"ဗိုလ်ချုပ်...ကျေးဇူးပြုပြီးတော့ တရားမျှတမှုကို ရှာဖွေပေးပါ"
စစ်သားအမြောက်အများသည် တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။
စစ်ဗိုလ်ချုပ်သည် ချက်ချင်းဆိုသလိုပင် ဖိအားတစ်ရပ်ကို ခံစားမိသည်။သူသည် အဆင့်နိမ့်သော ပဉ္စမအဆင့်စစ်ဗိုလ်ချုပ်တစ်ယောက်သာ ဖြစ်သဖြင့် မြင့်မားသောအဆင့်အတန်းရှိသည့် ရှောင်လက်ရွေးစင်စစ်သားကို ရင်ဆိုင်ရချိန်တွင် သူသည် ခြေရာခြင်းတိုင်း၍ မတ်တပ်ရပ်နိုင်စွမ်းမရှိချေ။
"သူတို့ပြောသွားတာတွေက အမှန်ပဲလား
စစ်ဗိုလ်ချုပ်သည် ရှောင်လက်ရွေးစင်စစ်သားကိုကြည့်ကာ မေးမြန်းလိုက်သည်။
ထိုရှောင်လက်ရွေးစင်စစ်သားသည် သံချပ်ကာခေါင်းဆောင်တခုကို ဆောင်းထားသဖြင့် မည်သူကမျှ သူ့၏မျက်နှာကို မမြင်တွေ့နိုင်ချေ။
ထိုခေါင်းဆောင်းအတွင်းမှ အေးစက်စက်မျက်လုံးတစ်စုံကိုသာ သူတို့အားလုံး တွေ့မြင်နိုင်သည်။
"ငါ့မှာ အရေးပေါ်ကိစ္စတစ်ခု လုပ်စရာရှိနေတယ်...ဒါကြောင့် ငါ့ရဲ့လမ်းကြောင်းကို ပိတ်ဆို့တာက အပြစ်ပေးခံရသင့်တဲ့ ကြီးလေးတဲ့ပြစ်မှုတစ်ခုပဲ...တကယ်လို့ သူက ငါ့မှော်သားရဲနဲ့ဝင်တိုက်ခံရတာကြောင့် သေသွားခဲ့တယ်ဆိုရင်တောင် သူက ဒါနဲ့ ထိုက်တန်လို့ပဲ...ဘာပြောစရာရှိသေးလဲ"
ရှောင်လက်ရွေးစင်စစ်သားက သရော်တော်တော်ပြောဆိုသည်။
သူသည် ဤကိစ္စကို အမှန်တကယ်ဝန်ခံလိုက်ပေ၏။
စစ်ဗိုလ်ချုပ်သည်လည်း ဒေါသထွက်သွားသည်။
"စစ်စခန်းထဲမှာ မင်းရဲ့မှော်သားရဲကို ပြေးလွှားခွင့်မပြုသင့်ဘူး...တကယ်လို့ မင်းကတစ်ယောက်ယောက်ကို သတ်လိုက်တယ်ဆိုရင် မင်း ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်...ငါနဲ့အတူ စစ်ရေးတရားစီရင်ရေးဌာနကို လိုက်ခဲ့စမ်း"
ထိုသို့ပြောဆိုပြီးနောက် စစ်ဗိုလ်ချုပ်သည် ရှောင်လက်ရွေးစင်စစ်သားကို ထိန်းချုပ်ရန်အတွက် ရှေ့သို့တိုးလိုက်သည်။
မမျှော်လင့်ဘဲ ရှောင်လက်ရွေးစင်စစ်သား၏မျက်နှာပေါ်တွင် အထင်အမြင်သေးသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။သူသည် သူ့၏ခါးမှတံဆိပ်ပြားကိုထုတ်ယူကာ အေးစက်တင်းမာစွာ ပြောဆိုလေ၏။
"တကယ်လို့ မင်းက ငါ့ကို ထိဝံ့တယ်ဆိုရင် ကြိုးစားကြည့်နိုင်တယ်"
ဤတံဆိပ်ပြားသည် ရွှေရောင်ရှိကာ ဤအရာကို ရွှေဖြင့်သွန်းလုပ်ထားခြင်းဖြစ်သည်။
တံဆိပ်ပြား၏မျက်နှာပြင်ပေါ်၌ ရစ်ခွေနေသောနဂါးတစ်ကောင်၏ပုံကို ထွင်းထုထားသည်။ အောက်ခြေ၌ 'ကောင်းကင်မူဝါဒရုံးတော် ရှောင်လက်ရွေးစင်စစ်တပ် လက်ထောက်တပ်မှူး'ဟူသောစာလုံးပါရှိသည်။
စစ်ဗိုလ်ချုပ်တစ်ယောက်၏အဆင့်အတန်းသည် သာမာန်အားဖြင့် စစ်ဗိုလ်ချုပ်တစ်ယောက်လောက် မြင့်မားခြင်းမရှိချေ။သို့ရာတွင် ရှောင်လက်ရွေးစင်စစ်သားများအကြားတွင် လက်ထောက်တပ်မှူးတစ်ယောက် ဖြစ်လာရန်မှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအကြားမှ ထိပ်သီးတစ်ယောက်ပင်။
ခွန်အားအရဖြစ်စေ အဆင့်တန်းအရဖြစ်စေ ဤသည်မှာ သူရှေ့ရှိစစ်ဗိုလ်ချုပ်ထက် များစွာပို၍မြင့်မားသည်။
စစ်ဗိုလ်ချုပ်၏မျက်နှာ ချက်ချင်းဖြူရော်သွားသည်။
"ငါက ဒီကိစ္စကို မဟာစစ်ဗိုလ်ချုပ်ဆီ သတင်းပို့ရလိမ့်မယ်"
ထိုစစ်ဗိုလ်ချုပ်သည် အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သော်လည်း သူသည် ရှေ့သို့ဆက်၍မတိုးဝံ့တော့ချေ။
သူ့၏ခွန်အားဖြင့် မဟာစစ်ဗိုလ်ချုပ်၏နာမည်ကိုအသုံးပြု၍ ခြိမ်းခြောက်ရုံသာ တတ်နိုင်သည်။သို့ရာတွင် သူသည် ရှောင်လက်ရွေးစင်စစ်သားနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုမျှ လုပ်ဆောင်နိုင်စွမ်းမရှိပေ။
"မင်း ကြိုက်သလိုလုပ်နိုင်တယ်"
ရှောင်လက်ရွေးစင်စစ်သားသည် သရော်တော်တော်ပြောဆိုကာ နတ်ဆိုးသားရဲကိုစီးနင်းပြီး ထွက်ခွာသွားရန်ဟန်ပြင်လိုက်သည်။
ပတ်ဝန်းကျင်တွင်ရှိနေသော စစ်သားများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။
သူတို့သည် ဤကိစ္စကို နားလည်သဘောပေါက်ခြင်းမရှိချေ။လူသတ်သမားသည်သူတို့၏ရှေ့၌ရှိနေသည့်တိုင် သူ့အား အပြစ်မပေးနိုင်ဟု ဆိုသလော။
စစ်သားများ ထွက်ခွာမသွားသည်ကို မြင်တွေ့ချိန်၌ ရှောင်လက်ရွေးစင်စစ်သားက သရော်တော်တော်ပြုံးလိုက်၏။သူသည် ရုတ်တရက် သူ့၏ခါးမှကြာပွတ်ရှည်ကိုဆွဲထုတ်ကာ ပတ်ဝန်းကျင်ရှိစစ်သားများကို ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည်။
ဖြောင်း....
ဤတကြိမ်တွင် စစ်သားများသည် အချိန်မီရှောင်တိမ်းနိုင်ခြင်းမရှိသဖြင့် ရိုက်နှက်ခံရပြီး သူတို့၏အသားများ စုတ်ပြဲသွားသည်။
ပြင်းထန်သောစွမ်းအားကြောင့် သူတို့သည်မြေပြင်ပေါ်သို့ လဲကျသွားပေ၏။
ကြွင်းကျန်သောစစ်သားများသည် သူတို့၏မှော်စွမ်းအားများကိုအသုံးပြု၍ မှော်စွမ်းအားအကာအကွယ်များကိုဖွဲ့စည်းပြီး သူတို့၏ခန္ဓာကိုယ်များကို လွှမ်းခြုံသွားစေသည်။
ဖြောင်း....ဖြောင်း...ဖြောင်း...
ကံအကြောင်းမလှစွာဖြင့် ရှောင်လက်ရွေးစင်စစ်သား၏ခွန်အားသည် လက်ရှိနေရာတွင်ရှိနေသော တခြားစစ်သားများအားလုံးထက် များစွာပို၍သာလွန်နေသည်။
ကြာပွတ်ရှည်သည် လေထုကိုဖြတ်သန်း၍ စူးရှသောလေတိုးသံနှင့်အတူ ကျရောက်လာသည်။ စစ်သားများ၏ရှေ့ရှိ မှော်စွမ်းအားအကာအကွယ်များအားလုံး တစ်ခုပြီးတစ်ခု ကြေမွှပျက်စီးသွားသည်။
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတဝိုက်မှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
"စိတ်ဝိညာဉ်တွေ ဒဏ်ရာရပြီးတော့ အားနည်းနေတဲ့ အမှိုက်တစ်သိုက်ကများ...ငါ့ကိုဟန့်တားဖို့ ကြိုးစားချင်တာလား....မင်းတို့က သေလမ်းရှာနေကြတာပဲ"
ရှောင်လက်ရွေးစင်စစ်သားသည် သူ့၏ခေါင်းကိုမော့ကာ ကျယ်လောင်စွာအော်ငေါက်လိုက်၏။
Chapter 3924
ဤရှောင်လက်ရွေးစင်စစ်သားထံတွင် စွမ်းအားများဖြင့် ပြည့်နှက်နေကာ တခြားစစ်သားများကဲ့သို့ အားနည်းနေခြင်းမရှိချေ။
စစ်သားအမြောက်အများသည် ဆိုးဆိုးရွားရွားစုတ်ပြတ်သွားသည်ကိုကြည့်ပြီး ရှောင်လက်ရွေးစင်စစ်သားသည် စိတ်ကျေနပ်စွာဖြင့်ပြုံးကာ မောက်မာထောင်လွှားသောအမူအယာဖြင့် ထွက်ခွာသွားတော့သည်။
မည်သူကမျှ သူ့ကို ဟန့်တားဝံ့ခြင်းမရှိချေ။
ယခုလက်ရှိနေရာတွင်ရှိနေသော စစ်သားများအနက်မှတချို့၏ခန္ဓာကိုယ်များပေါ်တွင် သွေးထွက်သံယိုဒဏ်ရာများရှိနေကာ သူတို့၏မျက်လုံးများအတွင်းတွင် နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
သူတို့သည် ဒေါသထွက်နေသော်လည်း တစ်စုံတစ်ခုကိုမျှ ပြောဆိုဝံ့ခြင်းမရှိချေ။
ဒေါသများက စစ်သားများ၏စိတ်နှလုံးသားများအတွင်းတွင် မြင့်တက်လာသည်။
ရုတ်တရက် ကတုံးပြောင်စစ်သားက ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"သူက စိတ်ဝိညာဥ်ဒဏ်ရာရထားတာတောင် ဘာလို့ ဒီလောက်ထိကြီးမားတဲ့စွမ်းအားကို ထုတ်ဖော်အသုံးပြုနိုင်တာလဲ....ကောလဟာလတွေက အမှန်ဖြစ်နေပုံပဲ....ရှောင်လက်ရွေးစင်စစ်သားတွေရတဲ့ စိတ်ဝိညာဥ်အားဖြည့်ဆေးလုံးတွေက ငါတို့ရထားတာတွေနဲ့ မတူဘူး"
စစ်စခန်းအတွင်း၌ ပျံ့နှံ့နေသော ကောလဟာလတစ်ခုရှိသည်။စိတ်ဝိညာဥ်အားဖြည့်ဆေးလုံး ဖော်စပ်ရန်အတွက် လိုအပ်သောဆေးပင်များ ပြတ်လပ်နေသည်။ထို့ကြောင့် အစစ်အမှန်စိတ်ဝိညာဥ်အားဖြည့်ဆေးလုံးများကို ရှောင်လက်ရွေးစင်စစ်သားများကိုသာ ထောက်ပံ့ပေးနိုင်ပေ၏။
ယခင်က ဤကောလဟာလကိုမယုံကြည်သော စစ်သားအမြောက်အများရှိနေဆဲပင်။
သို့ရာတွင် ဤရှောင်လက်ရွေးစင်စစ်သား၏ စွမ်းအားကိုကြည့်ပြီး စစ်သားအများစုသည် တပြိုင်နက်တည်း သံသယဝင်လာကြတော့သည်။
.....
တာယွီအင်ပါယာ၏စစ်စခန်း၌....
လုယွီသည် ကြယ်မြေပုံတစ်ခု၏ရှေ့၌ ပလ္လင်ခွေထိုင်နေကာ ကျင့်ကြံနေသည်။သူ့၏နဖူးထက်ရှိ ခရမ်းရောင်ပွင့်ဖတ်များမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်နေပေ၏။
လုယွီထံတွင် ရှေးဟောင်းတာအိုကျမ်းစာသုံးခုအနက်မှ နှစ်ခုရှိနေလေပြီ။
ကောလဟာလများအရ အကယ်၍ သူသည် ရှေးဟောင်းကျမ်းစာသုံးခုလုံးကို ရရှိပါက ရှေးဟောင်းခေတ်အတွင်းမှ ထာဝရအသက်၏လျှို့ဝှက်ချက်ကို ရရှိနိုင်ကာ အမြင့်မြတ်ဆုံးမဟာတာအိုကို အောင်မြင်ပြီးမြောက်နိုင်ပေမည်။
လုယွီ၏ခန္ဓာကိုယ်အတွင်း၌ မှော်စွမ်းအားများက အဆက်မပြတ် လှည့်ပတ်နေသည်။
လုယွီ အသက်ရှုသွင်းရှုထုတ်ပြုလုပ်လိုက်သောအချိန်တိုင်း သူ့၏မှော်စွမ်းအားများ ပို၍အားကောင်းလာပေ၏။
သို့ရာတွင် လုယွီသည် 'ထိုက်ဟွာကျမ်းစာ'၏ မပြည့်စုံသော တစ်စိတ်တစ်ပိုင်းကိုသာ ရရှိထားခြင်းဖြစ်သည်။ထို့ကြောင့် သူသည် ထိုက်ဟွာကျမ်းစာ၏အစစ်အမှန်စွမ်းအားကို အပြည့်အဝထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိချေ။
ထိုအချိန်မှာပင် အောင်းကွမ်းက ခန်းမအတွင်းသို့ ပျံသန်းလာသည်။
"အရှင် မျှော်လင့်ထားသလိုပဲ...စစ်ကူရောက်လာတဲ့ ထန်စစ်တပ်ရဲ့တပ်ရင်းတွေအားလုံး စုဝေးနေကြပြီ....သူတို့က တောင်ခါးပန်းတွေကနေပြီးတော့ ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတယ်...ကံကောင်းထောက်မပြီးတော့ အရှင်က ရန်သူတွေရဲ့တိုက်ခိုက်မယ့်လမ်းကြောင်းကို ကြိုပြီးခန့်မှန်းပေးနိုင်ခဲ့တယ်....အခုအချိန်မှာ ထန်စစ်တပ်ကရှေ့တိုးလာတာကြောင့် အသင့်စောင့်ကြပ်နေတဲ့ ငါတို့လူတွေနဲ့ တိုက်ပွဲထိတွေ့မှု ဖြစ်ပွားခဲ့တယ်...စစ်ကူရောက်လာတဲ့ ထန်စစ်သားတွေရဲ့အများစုက ကြီးမားတဲ့ဆုံးရှုံးမှုတွေ ခံစားရပြီးတော့ အရှုံးနဲ့ဆုတ်ခွာသွားကြတယ်"
အောင်ကွမ်းက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
လုယွီက တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။
"အဲ့ဒီထန်စစ်သားတွေက ယာယီစုစည်းထားတာကြောင့် သရဲဘောကြောင်တဲ့ အမှိုက်လေးတစ်သိုက်ပဲ...သူတို့ကို အနိုင်ယူနိုင်တယ်ဆိုတာ ဖြစ်သင့်တဲ့ကိစ္စပဲလေ...တကယ်လို့ ဝူတင်းအမတ်ကြီးကိုယ်တိုင် ရောက်မလာဘူးဆိုရင် ဘယ်သူက ငါ့ကို ယှဉ်ပြိုင်နိုင်မှာမလို့လဲ"
ထိုစကားများကိုပြောဆိုလိုက်ချိန်တွင် လုယွီ၏မျက်နှာပေါ်၌ လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါတစ်ရပ် ထင်ဟပ်နေသည်။
သို့ရာတွင် ဤစကားကိုပြောဆိုသူမှာ လုယွီဖြစ်နေသဖြင့် သူ့ထံတွင် ဤကဲ့သို့စကားမျိုး ပြောဆိုနိုင်သော စွမ်းအားရှိနေသည်။
အောင်းကွမ်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ စိတ်လှုပ်ရှားစွာပြောဆိုလေ၏။
"အရှင်...မာလင်းကြယ်နယ်မြေပေါ်မှာရှိတဲ့ ထန်စစ်တပ်ရဲ့စစ်စခန်းထဲကို ငါ့ကို တိုက်ရိုက်ဝင်တိုက်ခိုက်ခွင့်ပြုပါလား...တခြားလူတွေက တိုက်ခိုက်နေတာကို ငါ မြင်နေရပြီးတော့...ငါက နောက်မှာ သစ်တုံးကြီးတစ်တုံးလို နေရတဲ့အတွက် ငါ အရမ်းပျင်းရိငြီးငွေ့နေပြီ"
လုယွီက သူ့၏ခေါင်းကို ခါယမ်းလိုက်သည်။
"ထန်စစ်တပ်ရဲ့စိတ်ဓာတ်က ခုချိန်မှာ အလုံးစုံပြိုလဲမသွားသေးဘူး...အခု မင်းလှုပ်ရှားဖို့အတွက် အချိန်မကျသေးဘူး"
အောင်းကွမ်း၏မျက်လုံးများ ပြူးကျယ်သွားသည်။
"အရှင်...ဝူတင်းအမတ်ကြီးက ရက်အနည်းငယ်အကြာမှာ ရောက်လာတော့မယ်...ဒီလောက်အချိန်တိုလေးအတွင်းမှာ သန်းနဲ့ချီတဲ့ ထန်စစ်သားတွေရဲ့စိတ်ဓာတ်က ပြိုလဲသွားနိုင်တာလား"
သူသည် လုယွီနှင့်အတူ အောက်ဘုံမှနေ၍ တက်လှမ်းလာသူပင်။
လုယွီ၏ထူးချွန်ပြောင်မြောက်သောနည်းလမ်းများကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီးနောက် အောင်းကွမ်းသည် သူ့၏စိတ်အတွင်း၌ ကြိုတင်ပြင်ဆင်မှုအမြောက်အများကို ပြုလုပ်ပြီးဖြစ်သည်။သို့ရာတွင် သူ မည်သို့ပင်စဉ်းစားတွေးတောနေပါစေ ဤကိစ္စအပေါ် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သန်းနှင့်ချီသည့် အလွန်အင်အားကောင်းသောစစ်တပ်ကြီးသည် သူတို့၏ရှေ့၌ ရှိနေသည်။သူတို့သည် စစ်သားတစ်ယောက်ကိုပင် စေလွှတ်ခြင်းမရှိဘဲ ရန်သူစစ်တပ်၏စိတ်ဓာတ်ကို မည်သည့်နည်းဖြင့် ပြိုလဲအောင်ပြုလုပ်နိုင်မည်နည်း။
"မိုင်ထောင်နဲ့ချီပြီးရှည်လျားတဲ့ ရေကာတာတစ်ခုက ပုရွက်ဆိတ်တစ်ကောင်ရဲ့အသိုက်ကြောင့် ပြိုလဲနိုင်တယ်...အဲ့ဒီရေကာတာက ပိုပြီးကြီးမားလေလေ ကျိုးပဲ့ပျက်စီးဖို့ ပိုလွယ်လေလေပဲ...သူ့စစ်သားတွေရဲ့စိတ်ဓာတ်တွေ ပျက်စီးပြိုလဲသွားတာရဲ့အကျိုးဆက်တွေကို လီဖူက မကြာခင်မှာသိရလိမ့်မယ်"
လုယွီသည် သူ့၏လက်အတွင်းရှိ ဟင်္သာပြဒါးစုတ်တံကို သာမန်ကာလျှံကာ အောက်သို့ချလိုက်သည်။
သူ၏ရှေ့ရှိ ကြယ်မြေပုံပေါ်တွင် အမှတ်အသားမျိုးစုံဖြင့် ပြည့်နှက်နေသည်။
ထို့ပြင် ယခုလက်ရှိ လုယွီ၏စုတ်တံ ကျရောက်သွားသောနေရာသည် အံ့အားသင့်ဖွယ်ကောင်းစွာပင် ထိုအမှတ်အသားများ၏ အလယ်ဗဟိုဖြစ်နေကာ အလွန်အမင်းသိသာထင်ရှားသည်။
Chapter 3925
ထန်စစ်တပ်....စည်းဝေးခန်းမ....
ခလွမ်...
လီဖူသည် သူ့၏လက်အတွင်းရှိ လဖက်ရည်ခွက်ကို မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်ပေါက်လိုက်၏။သူ့၏မျက်လုံးတစ်စုံသည် နီမြန်းနေကာ ဒေါသထွက်နေသော သားရဲကြီးတစ်ကောင်အလားပင်။
သူ့၏ရှေ့တွင် ရှောင်လက်ရွေးစင်စစ်သားများသည် မြေပြင်ပေါ်၌ဒူးထောက်နေကာ သူတို့၏ခေါင်းများကို မမော့ဝံ့ကြချေ။သူတို့၏မျက်နှာများပေါ်တွင် ရှက်ရွံ့မှုများဖြင့်ပြည့်နှက်နေသည်။
"တစ်ရက်...တစ်ရက်အတွင်းမှာ မင်းတို့ကောင်တွေက အနားမှာရှိတဲ့မြို့ကိုသွားပြီးတော့ လောင်းကစားလုပ်ခဲ့တယ်...တကယ်လို့ ဒေသခံလောင်းကစားရုံတာဝန်ခံကသာ ငါ့ကို လာမရှာခဲ့ဘူးဆိုရင်...ဒီလောက်ထိ ရှက်စရာကောင်းတဲ့ကိစ္စမျိုး ရှိတယ်ဆိုတာ ငါ သိမှာမဟုတ်ဘူး"
လီဖူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ်ရှိနေကာ သူ့၏ဒေါသတကြီးအော်ဟစ်သံက ခန်းမအတွင်း၌ ပဲ့တင်ထပ်နေသည်။
လီဖူ၏နောက်တွင် စစ်ဗိုလ်ချုပ်တချို့မတ်တတ်ရပ်နေကာ သူတို့အားလုံးသည် မျက်မှောင်ကြုတ်ထားလေ၏။
သာမန်အားဖြင့် စစ်သားများသည် အားလပ်ချိန်များတွင် ပြင်ပသို့ခိုးထွက်ကာ အချိန်မီပြန်လာလေ့ရှိသည်။စစ်ဗိုလ်ချုပ်အများစုသည် ထိုကိစ္စများကို သိရှိထားကြသော်လည်း သူတို့သည် မမြင်ချင်ယောင်ဆောင်ထားကြသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သာမန်နှင့်ကွဲပြားခြားနားသည်။
ဤသည်မှာ စစ်ပွဲတစ်ခုဆင်နွှဲနေခြင်းဖြစ်ကာ လုယွီနှင့်တိုက်ခိုက်ရမည့် အရေးကြီးအချိန်အခိုက်အတန့်ပင်။
ဤရှောင်သရွေးစင်စစ်သားများသည် ညအချိန်ကိုအခွင့်ကောင်းယူ၍ ပြင်ပသို့ပြေးထွက်ကာကြီးမားသောလောင်းကစားများကို ပြုလုပ်ခဲ့ကြသည်။အဆုံးသတ်၌ သူတို့၏လောင်းကြေးငွေများအားလုံးရှုံးနိမ့်ခဲ့ကာ သူတို့၏မှော်ရတနာများပင်လျှင် လောင်းကစားရုံ၏လက်အတွင်းသို့ကျရောက်သွားသည်။
လီဖူ ဒေါသထွက်နေရုံသာမက တုရှန်းရှန်းပင်လျှင် အရှက်ရမှုကို ခံစားနေရသည်။
"မင်းတို့ကောင်တွေ တစ်ယောက်ချင်းစီက အမြဲတမ်း မောက်မာထောင်လွှားနေတဲ့ကောင်တွေ မဟုတ်ဘူးလား...မင်းတို့က မိုးကောင်းကင်ရဲ့အောက်မှာ ပြိုင်ဘက်ကင်းဖြစ်နေပြီလို့ မင်းတို့အားလုံး ထင်နေကြတာလား.. အခု မင်းတို့ ဘာစကားမှ ဘာလို့ မပြောကြတော့တာလဲ...ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ...ငါတို့ထန်အင်ပါယာရဲ့ ကောင်းကင်မူဝါဒရုံးတော်က မင်းတို့လိုမျိုး ငတုံးတွေကို တကယ်ကြီးမွေးထုတ်ပေးထားတာပဲ"
လီဖူသည် သူ့၏စားပွဲကို ပြင်းပြင်းထန်ထန်ရိုက်ပုတ်လိုက်ရာ ထိုစားပွဲသည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားသည်။
တုရှန်းရှန်း၏မျက်နှာအမူအယာသည်လည်း သုန်မှုန်နေပေ၏။
"မင်းတို့ကောင်တွေကို ဒီကိစ္စရဲ့အတိမ်အနက် ငါပြောပြီးပြီ မဟုတ်ဘူးလား...ဘာလို့ မင်းတို့က ခိုးထွက်ကြတာလဲ"
ရှောင်စစ်သားများအနက်မှတစ်ယောက်က သူ့၏ခေါင်းကိုငုံ့ကာ ရှက်ရွံမှုများ ပြည့်နှက်နေသောအသံဖြင့် ပြောဆိုသည်။
"ငါတို့က အဲ့ဒီကိစ္စကို တခြားလူတွေဆီက ကြားခဲ့တာပါ...ဒီအနားကမြို့ထဲမှာ ကြီးမားတဲ့လောင်းကစားရုံတစ်ခုရှိတယ်လို့ ငါတို့ ကြားခဲ့တယ်...ကောလဟာလတွေအရ အဲ့ဒီလောင်းကစားရုံမှာ စိတ်ဝိညာဉ်ချိတ်ဆက်ခြင်းအဆင့်မှော်လက်နက်တစ်ခု ရှိနေတယ်...အလောင်းအစားကိုအနိုင်ရတဲ့ ဘယ်သူမဆို စိတ်ဝိညာဉ်ချိတ်ဆက်ခြင်းအဆင့်မှော်လက်နက်တစ်ခုကို ရနိုင်လိမ့်မယ်...ငါတို့က အဲ့ဒီစိတ်ဝိညာဥ်ချိတ်ဆက်ခြင်းမှော်ရတနာကို လိုချင်နေတာ အချိန်အတော်ကြာနေပြီ...ဒါကြောင့် ငါတို့ သွားခဲ့မိတာပါ"
"စိတ်ဝိညာဉ်ချိတ်ဆက်ခြင်းအဆင့် မှော်ရတနာလား"
တချို့သောအကြောင်းအရင်းများကြောင့် ထိုစကားလုံးများ ထွက်ပေါ်လာချိန်တွင် လက်ရှိနေရာတွင် ရှိနေသောလူများအားလုံး တပြိုင်နက်တည်း တွေးတောလိုက်ကြသည်။သူတို့သည် ထိုနေ့တုန်းက မိုးကောင်းကင်ယံအတွင်း၌ ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများအသုံးပြုခဲ့သော စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် မှော်ရတနာများ၏စွမ်းအားကို တွေ့မြင်ပြီးဖြစ်သည်။
ဤမြင်ကွင်းသည် သူတို့၏စိတ်များအတွင်း၌ နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်ခဲ့ပေ၏။
တုရှန်းရှန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက လောင်းကစားရုံရဲ့လှည့်စားမှု ဖြစ်နိုင်တယ်...မင်းတို့ကောင်တွေက ဒါကို အလွယ်တကူ ယုံကြည်ကြတာလား"
ရှောင်လက်ရွေးစင်စစ်သားတစ်ယောက်က သူ၏ခေါင်းကိုငုံကာ ပြောဆိုသည်။
"အစတုန်းကတော့ ငါတို့တွေလည်း ဒီကိစ္စကို မယုံကြည်ကြဘူး...နောက်ပိုင်းကျတော့ လက်ဝဲစစ်တပ်ကစစ်သားတချို့ဆီကနေပြီးတော့ သူတို့က ပြင်ပမှာ လောင်းကစားလုပ်တာကနေအဆင့်မြင့်စိတ်ဝိညာဉ်မှော်ရတနာတွေ ရခဲ့တာကို ငါတို့မြင်တွေ့ခဲ့ရတယ်...ငါတို့က သူတို့ကို မနာလိုအားကျဖြစ်ပြီးတော့ သူတို့ရဲ့သွေးဆောင်မှုကို တောင့်မခံနိုင်တော့ဘူး...ဒါကြောင့် ငါတို့ ခိုးထွက်ခဲ့တာပါ"
ထိုသို့ပြောဆိုပြီးနောက် ရှောင်လက်ရွေးစင်စစ်သား၏မျက်နှာနီမြန်းသွားကာ သူ့၏ခေါင်းဖြင့် မြေပြင်ကို ပြင်းပြင်းထန်ထန်တိုက်လိုက်၏။
"ဒီငယ်သားက အကြိမ်ပေါင်းတစ်သောင်းမက သေဖို့ထိုက်တန်ပါတယ်...ကျေးဇူးပြုပြီးတော့ အရှင်သားနဲ့တပ်မှူးက ငါ့ကို အပြစ်ပေးပါ"
"တကယ်လို့ မင်း သေချင်တယ်ဆိုရင်လည်း ကောင်းပြီလေ...လာကြစမ်း...သူတို့အားလုံးကို ဆွဲထုတ်ပြီးတော့ သတ်လိုက်စမ်း"
လီဖူသည် ဒေါသများကြောင့် လောင်ကျွမ်းနေသဖြင့် ကျယ်လောင်စွာအော်ဟစ်၍ အမိန့်ပေးလေသည်။
တုရှန်းရှန်းက သူ့၏လက်ကိုဝှေ့ယမ်းကာ အလေးနက်ထားသောအသံဖြင့် ပြောဆိုသည်။
"အရှင့်သား...တစ်ခုခုတော့ မှားနေပြီ"
"ဟမ့်...ဘာမှားနေလို့လဲ"
လီဖူက နှာတစ်ချက်မှုတ်လိုက်သည်။
တုရှန်းရှန်းက မျက်မှောင်ကြုတ်၍ ပြောဆိုလေ၏။
"သာမန်အခြေအနေနဲ့အချိန်အခါတွေမှာဆိုရင် လောင်းကစားရုံနဲ့လေလံအိမ်တွေက အဖိုးတန်ရှားပါတဲ့ ရတနာတွေကို အသုံးပြုလေ့ရှိတယ်... ရလဒ်အနေနဲ့က သူတို့က အဲ့ဒီလှည့်စားမှုနဲ့ ပိုပြီးများပြားတဲ့လူတွေကို လောင်းကစားလုပ်ဖို့ ဆွဲဆောင်နိုင်တယ်....ဒါပေမယ့် အဲ့ဒီရတနာတွေကိုရဖို့ဆိုတာ အရမ်းခက်ခဲတယ်...ကံအရမ်းကောင်းတယ်လူမှပဲ အဲ့ဒီရတနာတွေကိုရဖို့ အခွင့်အရေးတစ်ခုရှိလိမ့်မယ်...တခြားလူတွေကတော့ အနိုင်ရနိုင်တဲ့အခွင့်အရေး ဘယ်လိုမှမရှိနိုင်ဘူး"
တုရှန်းရှန်းက ရှောင်လက်ရွေးစင်စစ်သားကို ကြည့်လိုက်သည်။
"မင်း ခုဏကပြောခဲ့တဲ့ စကားအရဆိုရင်...လက်ဝဲစစ်တပ်ကစစ်သားတွေဘယ်လောက်များများက စိတ်ဝိညာဉ်ရတနာတွေကိုရခဲ့တာလဲ"
ရှောင်လက်ရွေးစင်စစ်သားသည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။
"သူတို့ရခဲ့တဲ့ရတနာတွေက ဆယ်ခုကျော်လောက်ရှိမယ်...ပြီးတော့ အဲ့ဒီလက်ဝဲစစ်တပ်က စစ်သားတွေကို ဦးဆောင်တဲ့လူက ကတုံးပြောင်နဲ့ကောင်ပဲ...ငါ ဒါကို ရှင်းရှင်းလင်းလင်းမှတ်မိတယ်"
Thank For Reading.