← Chapters

အခန်း (၃၉၄၂-၃၉၄၅)

Vol. 200 Ch. 3942-3945

အခန်း (၃၉၄၂-၃၉၄၅)

Vol. 200 Ch. 3942-3945

Chapter 3942

ရွှပ်...ရွှပ်....ရွှပ်....

ဓားရှည်များက ခန္ဓာကိုယ်များအတွင်းသို့ ဖောက်ဝင်သွားသောအသံများ ထွက်ပေါ်လာခြင်းနှင့်အတူ ထန်စစ်သားများသည် သူတို့၏ဒဏ်ရာများကိုဆုပ်ကိုင်ကာ နာကျင်မှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

"ဒီသူခိုးတွေကို သတ်ကြစမ်း"

"အတူတူ တိုက်ခိုက်ကြစို့..တစ်ယောက်မှ အသက်ရှင်ရက်ချန်မထားနဲ့"

ဤအချိန်အခိုက်အတန့်တွင် ကျင့်ကြံသူများသည် တဟုန်ထိုးပြေးလာကာ ထန်စစ်သားများထံသို့ဦးတည်၍ တိုက်ခိုက်လိုက်ကြသည်။

ယခုလက်ရှိနေရာတွင်ရှိနေသော ထန်စစ်သားများသည် သူတို့အားတိုက်ခိုက်ဝံ့သောသူများ ရှိနေမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိချေ။

ထန်အင်ပါယာ၏တော်ဝင်စစ်တပ်သည် ပြင်ပကျင့်ကြံခြင်းလောကမှ ဂိုဏ်းများ၏ တိုက်ခိုက်ခြင်းကိုခံရမည်ဟု သူတို့ မျှော်လင့်ထားမိခြင်းမရှိပေ။

ဤကဲ့သို့ကိစ္စမျိုးသည် ယခင်က တစ်ကြိမ်တခါမျှ ဖြစ်ပွားခဲ့ဖူးခြင်းမရှိချေ။

ထန်စစ်သားများသည် ထိတ်လန်တုန်လှုပ်သွားကာ တန်ပြန်တိုက်ခိုက်ရန်အတွက် ချက်ချင်းပြင်ဆင်လိုက်ကြသည်။သို့ရာတွင် တစ်ဖက်ရန်သူများသည် အလွန်အမင်းရက်စက်ကြမ်းကြုတ်မည်ဟု သူတို့မမျှော်လင့်မထားမိပေ။တိုက်ပွဲစတင်တိုက်ခိုက်ခဲ့သည့်အချိန်မှစ၍ သူတို့သည် အရှုံးဖြင့် နောက်သို့ဆုတ်ခွာနေရသည်။သူတို့သည် တစ်ဖက်ရန်သူများအတွက် ပြိုင်ဘက်မဖြစ်နိုင်​ချေ။

"မင်းတို့က ပုန်ကန်ချင်တာလား"

စစ်ဗိုလ်ချုပ်တစ်ယောက်သည် အကောင်းဆုံးကြိုးစားကာ သူ့ရှေ့ရှိ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကိုသတ်ဖြတ်လိုက်သည်။သို့ရာတွင် ထိုလူလဲကျသွားချိန်တွင် တခြားလုပ်ကြံသတ်ဖြတ်သူသုံး လေးယောက်က သူ့ထံသို့ တိုးဝင်လာပေ၏။

စစ်ဗိုလ်ချုပ်သည် ရုတ်တရက် ပတ်ဝန်းကျင်ရှိစောင့်ကြည့်နေသူများထံမှ မျက်လုံးအကြည့်များကို တွေ့မြင်မိသည်။

ထိုလူများ၏မျက်လုံးများသည် အလွန်အမင်းအေးစက်တင်းမာနေကာ သူတို့သည် ပြပွဲကောင်းတစ်ခုကို စောင့်ကြည့်နေရသည်အလားပင်။

ထန်စစ်တပ်ကိုကူညီရန်အတွက် မည်သူတစ်ဦးတစ်ယောက်မျှ ရောက်ရှိလာခြင်းမရှိချေ။

ဤရက်များအတွင်းတွင် ထန်စစ်သားများသည် ဆေးဆိုင်များကို အဆက်မပြတ်လုယက်ခဲ့သည်။ဤသည်ကြောင့် မရေမတွက်နိုင်သောလူများသည် ထန်စစ်သားများအပေါ် နားကျည်းမုန်းတီးနေကြ၏။

တစ်ခုသိထားရမည်မှာ မာလင်းကြယ်နယ်မြေပေါ်ရှိ ကျင့်ကြံသူအမြောက်အများသည် ဆေးပင်စီးပွားရေးစျေးကွက်တွင် ပါဝင်ပတ်သက်နေခြင်းပင်။

ယခုအချိန်၌ ဆေးပင်စျေးကွက်သည် ထန်စစ်သားများကြောင့် ဤမျှအဆင့်ထိ ဖျက်ဆီးခြင်းခံလိုက်ရသည်။ဤသည်မှာ ကျင့်ကြံသူအမြောက်အများ၏ဝင်ငွေများအပေါ် အကြီးအကျယ်ထိခိုက်မှု ဖြစ်ပွားစေသည်။

"အစည်းအရုံးခေါင်းဆောင်ချောင်ရဲ့အမိန့်အရ ထန်စစ်သားတွေအားလုံးကို သတ်ပစ်ရမယ်...ထန်စစ်သားတစ်ယောက်ကို သတ်ဖြတ်နိုင်တဲ့လူက အင်မော်တယ်ကျောက်တုံးသုံးထောင် ဆုလာဘ်ရရှိမယ်...ထန်စစ်တပ်ရဲ့စစ်ဗိုလ်ချုပ်တစ်ယောက်ကို သတ်ဖြတ်နိုင်ရင် အင်မော်တယ်ကျောက်တုံးတစ်သန်း ဆုလာဘ်ချီးမြှင့်ခံရမယ်"

"မင်းတို့ သတ်နိုင်သမျှ အများဆုံး သတ်ကြစမ်း... ကိစ္စပြီးတာနဲ့ သူတို့ရဲ့ခေါင်းတွေကိုယူပြီးတော့ ဆေးပညာအစည်းအရုံးကိုသွားပြီး မင်းတို့ရဲ့ဆုလာဘ်တွေကို ထုတ်ယူကြတော့"

မြို့အတွင်း၌ရှိသော လူအမြောက်အများသည် စတင်၍ ကျယ်လောင်စွာအော်ဟစ်လိုက်ကြ၏။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်မှစောင့်ကြည့်နေကြသောကျင့်ကြံသူများ စတင်၍လှုပ်လှုပ်ရွရွဖြစ်လာကြသည်။

ကျင့်ကြံသူအများစုသည် စိုးရိမ်ပူပန်နေဆဲဖြစ်သဖြင့် သူတို့၏မိတ်ဆွေများနှင့်မိသားစုများကိုဤအကြောင်းနှင့်ပတ်သက်ပြီး မေးမြန်းလိုက်သည်။

"မင်းက ဘာကိုစိုးရိမ်ပူပန်နေတာလဲ....ရွှေရောင်နေမင်းဂိုဏ်းက ကျန်းရှောင်ဝူကို တစ်ချက်ကြည့်လိုက်အုံး...သူက အပြင်စည်းတစ်ပည့်တစ်ယောက်အဆင့်ပဲ ရှိသေးတယ်...အဲဒီကောင်လေးက ထန်စစ်တပ်ရဲ့စစ်တန်းလျားတစ်ခုထဲကို ခိုးဝင်သွားမယ်လို့ ဘယ်သူက တွေးမိမှာလဲ... သူက အဆိပ်ခတ်ပြီးတော့ စစ်ဗိုလ်ချုပ်တစ်ယောက်နဲ့စစ်သားငါးယောက်ကို သေဆုံးစေခဲ့တယ်...ဒါကြောင့် သူက အင်မော်တယ်ကျောက်တုံးတစ်သန်းကျော် ရသွားပြီ...အခုအချိန်မှာ အဲ့ဒီအင်မော်တယ်ကျောက်တုံးတွေနဲ့ဆိုရင် သူ့ရဲ့ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်လိမ့်မယ်...သူက ပျော်ရွှင်မှုဂိုဏ်းက အမျိုးသမီးကျင့်ကြံသူတစ်ယောက်နဲ့တောင် လက်ထပ်ဖို့စီစဉ်နေပြီ"

"ဒါက အမှန်ပဲလား...အစည်းအရုံးခေါင်းဆောင်ချောင်က ချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်ဆိုတာ ငါ သိပေမယ့် ဒီလိုလုပ်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

"မင်း မသိဘူးလား...အစည်းအရုံးခေါင်းဆောင်ချောင်ရဲ့သားက ထန်စစ်တပ်ကြောင့် ဒဏ်ရာရသွားတယ်...သားကောင်းတစ်ယောက်က မသန်မစွမ်းဖြစ်တဲ့လူတစ်ယောက်ဖြစ်တဲ့အထိ ရိုက်နှက်ခံလိုက်ရတယ်...သူ့ရဲ့ချွေးမကလည်း အရမ်းဝမ်းနည်းကြေကွဲသွားတဲ့ဒဏ်နဲ့ မီးမဖွားနိုင်ဘဲ သေဆုံးသွားခဲ့ရတယ်...ငါ့ရဲ့အမြင်အရဆိုရင် ထန်စစ်တပ်လုပ်တဲ့ကိစ္စတွေက လူသားတွေရဲ့လုပ်ရပ်မျိုး မဟုတ်တော့ဘူး"

"ဒါပေမဲ့ တကယ်လို့ ငါ လှုပ်ရှားမှုတစ်ခု လုပ်လိုက်တယ်ဆိုရင်...ထန်စစ်တပ်က ငါ့ကိုလက်စားလာချေနိုင်တယ် မဟုတ်ဘူးလား"

"မင်း ဘာတွေကြောက်နေတာလဲ...ဒီကိစ္စမှာ လူတွေအများကြီး ပါဝင်ပတ်သက်နေမှတော့ ....တကယ်လို့ ထန်စစ်တပ်က လက်စားချေချင်တယ်ဆိုရင်တောင် သူတို့လုပ်နိုင်မလုပ်နိုင်ပေါ်မှာ မူတည်သေးတယ်....တကယ်လို့ မင်း ကြောက်နေတယ်ဆိုရင် ငါနဲ့မပူးပေါင်းနဲ့...ငါက တခြားတယောက်ကိုရှာပြီး အဖွဲ့ဖွဲ့လိုက်မယ်"

"မလုပ်နဲ့...ငါ့ကို အတူခေါ်သွားပေးပါ"

ဤဆုကြေးထုတ်မှုသည် မာလင်းကြယ်နယ်မြေအနှံ့ ပျံ့နှံ့သွားခဲ့သည်။

ဆေးပင်များစုဆောင်းရန်အတွက် ထန်စစ်တပ်မှစေလွှတ်လိုက်သော အဖွဲ့များသည်လည်း လုပ်ကြံသတ်ဖြတ်ခြင်း ခံရလေ၏။

ယခုအချိန်တွင် ထန်စစ်သားများ ပြင်ပသို့ထွက်လာစဉ်၌ တခြားကျင့်ကြံသူများ၏အမြင်တွင် သူတို့သည် စစ်သားများမဟုတ်တော့ချေ။။သူတို့သည် လမ်းလျှောက်နေသော အင်မော်တယ်ကျောက်တုံးပုံကြီးများသက်သက်ပင်။

ဤအင်မော်တယ်ကျောက်တုံးများသည် ကျင့်ကြံသူများအားလုံး၏စိတ်အာရုံကို လှုံ့ဆော်ပေးနိုင်စွမ်းရှိသည်။

"မင်းက ထပ်စစ်သားတွေကို သတ်နိုင်တယ်...ငါက ဘာလို့ မသတ်နိုင်ရမှာလဲ"

တချို့လူများသည် တခြားလူများမှ ထန်စစ်သားများကိုသတ်ဖြတ်ပြီးနောက် ချမ်းသာကြွယ်ဝသွားသည်ကို မြင်တွေ့ချိန်၌ သူတို့၏အသိစိတ်များ လွတ်ကင်းသွားသည်။

တချို့ဂိုဏ်းများသည် သူတို့၏နောက်လိုက်တပည့်များအကြား၌ အဖွဲ့များဖွဲ့စည်းထားကာလေလွင့်ကျင့်ကြံသူများသည် သုံးယောက်ငါးယောက်အဖွဲ့စသဖြင့် ပူးပေါင်းထားလေ၏

ဤအချိန်အခိုက်အတန့်တွင် မာလင်းကြယ်နယ်မြေတစ်ခုလုံးအတွင်း၌ ထန်စစ်သားများကိုအမဲလိုက်သောအဖွဲ့များဖြင့် ပြည့်နှက်နေတော့သည်။

ယခုအချိန်၌ ဆေးပင်စျေးကွက်သည် ထန်စစ်သားများကြောင့် ဤမျှအဆင့်ထိ ဖျက်ဆီးခြင်းခံလိုက်ရသည်။ဤသည်မှာ ကျင့်ကြံသူအမြောက်အများ၏ဝင်ငွေများအပေါ် အကြီးအကျယ်ထိခိုက်မှု ဖြစ်ပွားစေသည်။

Chapter 3943

ထန်စစ်စခန်း၌..

ထန်စစ်ဗိုလ်ချုပ်တစ်စုသည် ဖြူရော်နေသောမျက်နှာများနှင့် လီဖူ၏ရှေ့၌ မတ်တတ်ရပ်နေကာ သူတို့ကိုကြည့်ရသည်မှာ မျက်ကွင်းများ အလွန်အမင်း​ချောင်ကျနေပေ၏။

"ဒီသုံးရက်အတွင်းမှာ ငါတို့ရဲ့စစ်သားတစ်သိန်းကျော်လောက် ဆုံးရှုံးသွားတယ်လို့ မင်းတို့ ပြောလိုက်တာလား"

လီဖူ၏မျက်လုံးများ ပြူးကျယ်နေကာ သူ့၏နားကိုပင် သူ မယုံနိုင်တော့ချေ။

လုယွီ၏တာယွီစစ်တပ်နှင့် တိုက်ခိုက်ခဲ့သောတိုက်ပွဲအတွင်း၌ပင် ဤမျှထိ လူအမြောက်အများ ဆုံးရှုံးသွားခဲ့ခြင်းမရှိချေ။

"ထန်စစ်သားတချို့က ဆေးပင်တွေလုယက်ဖို့သွားတဲ့အချိန်မှာ ​ချောင်ခွင်းရဲ့သားကို မတော်တဆ ထိခိုက်ဒဏ်ရာရစေပြီးတော့...သူ့ရဲ့ချွေးမကို ဆုံးရှုံးသွားစေခဲ့တယ်လို့ ငါ ကြားထားတယ်"

"ချောင်ခွင်းက မာလင်းကြယ်နယ်မြေပေါ်မှာ အကြီးမားဆုံး ဆေးပင်ကုန်သည်တစ်ယောက်ဖြစ်ပြီးတော့ ချမ်းသာကြွယ်ဝဆုံး လူတစ်ယောက်ပဲ...အခုအချိန်မှာ သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုအသုံးပြုပြီးတော့ ငါတို့စစ်သားတွေရဲ့ခေါင်းတွေအပေါ် ဆုကြေးထုတ်ထားတယ်...ငါတို့စစ်ဗိုလ်ချုပ်တွေရဲ့အဆင့်တွေကို အခြေခံပြီးတော့ အဆင့်မြင့်လေလေ ရတဲ့ဆုလာဘ်က အင်မော်တယ်ကျောက်တုံးသန်းတရာကျော်အထိ ရှိနေတယ်"

လီဖူ၏ရှေ့တွင်ရှိနေသော စစ်ဗိုလ်ချုပ်များအားလုံး၏ခန္ဓာကိုယ်များ တုန်ရီနေသည်။

သူတို့သည် တခြားထန်စစ်သားများ မည်ကဲ့သို့ဖြစ်ပွားသွားခဲ့သည်ကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီးဖြစ်သည်။

သူတို့ မည်သည့်နေရာသို့သွားသည်ဖြစ်စေ လမ်းမပေါ်တွင် ကြွက်များအလား ပုန်းကွယ်နေရပြီး လူများသည် သူတို့ကိုမြင်တွေ့သည်နှင့် ကျယ်လောင်စွာအော်ဟစ်နေကြသည်။

အတိတ်တွင် သူတို့အပေါ်၌ရှိနေသည့် ထန်စစ်သားများဟူသော ဂုဏ်ကျက်သရေသည် ယခုအချိန်၌ သေစေနိုင်သောအဆိပ်ပြင်းတစ်ခု ဖြစ်နေလေပြီ။မရေမတွက်နိုင်သောလူများသည်ငွေကြေးဖြင့်လဲလှယ်နိုင်ရန်အတွက် သူတို့၏ခေါင်းများကို အလိုရှိနေကြ၏။

သူတို့ ပြင်ပသို့ထွက်သည်နှင့် လမ်းတလျှောက်၌ ခြုံခိုတိုက်ခိုက်မှုအမြောက်အများကို ကြုံတွေ့ခဲ့ရသည်။

သူတို့သည် အချိန်တခဏခန့် အနားယူရန် ကြံရွယ်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်သည် သူတို့အား ထပ်မံ၍အဆိပ်ခတ်လေ၏။

ထန်စစ်တပ်၏ စစ်တမ်းလျားတစ်ခုအတွင်းသို့ သူတို့ကိုယ်သူတို့ ထန်စစ်သားများအယောင်ဆောင်၍ဝင်လာကာ ခြုံခိုတိုက်ခိုက်သောလူတချို့ပင်ရှိနေသည်။

"အဲဒီလူတစ်သိန်းကျော်က ငါတို့တွက်ချက်နိုင်တဲ့ အရေအတွက်ပဲရှိသေးတယ်...အခု စစ်စခန်းရဲ့ပြင်ပမှာ လူတွေအများကြီး ပုန်းအောင်ပြီးတော့ ငါတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေတယ်...တကယ်လို့ ငါတို့ထဲကတစ်ယောက်ယောက်က အပြင်ကိုတစ်ယောက်တည်း ထွက်သွားမယ်ဆိုရင် သူတို့က အုပ်စုဖွဲ့ပြီး ချက်ချင်းတိုက်ခိုက်ကြလိမ့်မယ်"

စစ်ဗိုလ်ချုပ်တစ်ယောက်က သက်ပြင်းတစ်ချက်ရှိုက်ကာ သူ့၏ခေါင်းကို ခါယမ်းလိုက်၏။

"ချောင်ခွင်း...မာလင်းကြယ်နယ်မြေပေါ်က ချမ်းသာကြွယ်ဝဆုံးလူလား"

လီဖူက ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သည်။

"ကုန်သည်တစ်ယောက်ကများ....သူက သေချင်နေတာလား...သူက ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ထန်အင်ပါယာတွေရဲ့စစ်သားတွေကို ဆုကြေးထုတ်ဝံ့တာလဲ"

ဤသည်မှာ လီဖူ၏အောက်ခြေစည်းကို လာရောက်ထိတွေ့ခြင်းပင်။

"အဲ့ဒီလိုဆိုရင် မင်းတို့က ဒီနေရာကိုလာပြီး ဘာလို့ စိုးရိမ်ပူပန်တကြီး ပြောနေတာလဲ.... တစ်ယောက်ယောက်ကို လွှတ်ပြီးတော့ ဖြေရှင်းလိုက်လေ...ထန်စစ်တပ်ကို ပုန်ကန်ဝံ့တဲ့ ဘယ်သူမဆို သေရမယ်"

လီဖူ၏မျက်လုံးများအတွင်း၌ သွေးနီရောင်သန်းနေသည်။

စစ်ဗိုလ်ချုပ်တစ်ယောက်က မျက်မှောင်ကြုတ်၍ ပြောဆိုသည်။

"အရှင့်သား...အခုတိုက်ခိုက်နေတဲ့ လူတွေက အရိုးရှင်းဆုံးပြောရမယ်ဆိုရင် အများကြီးပဲ....သူတို့ထဲမှာ လူတန်းစားမျိုးစုံပါဝင်တယ်...တကယ်လို့ ငါတို့က တန်ပြန်တိုက်ခိုက်ချင်တယ်ဆိုရင် အနည်းဆုံးတော့ ငါတို့ရဲ့ရန်သူက ဘယ်သူဘယ်ဝါဆိုတာ သိထားသင့်တယ်"

လီဖူက အေးစက်စက်နှာတချက်မှုတ်လိုက်၏။

"ဒါက ဆေးပညာအစည်းအရုံးခေါင်းဆောင်ချောင်ခွင်းရဲ့လက်ချက် မဟုတ်လား...စစ်သားတွေကို ခေါ်သွားပြီးတော့ သူ့ရဲ့ဆေးပညာအစည်းအရုံးကို ဖျက်ဆီးလိုက်စမ်း"

"ငါတို့က စစ်သည်တွေကို အင်အားအမြောက်အများ စေလွှတ်ရမယ်...သူတို့အတွက် ဘယ်အရာက ကောင်းတယ်ဆိုတာမသိတဲ့ အဲ့ဒီပြင်ပကျင့်ကြံခြင်းလောကရဲ့ဂိုဏ်းတွေကို ငါတို့ထန်အင်ပါယာ ဘယ်လောက်ထိအစွမ်းထက်တယ်ဆိုတာ သိအောင်ပြရမယ်"

"ဟုတ်ကဲ့ပါ အရှင်သား...."

....

နောက်တစ်နေ့၌...

လက်ဝဲစစ်တပ်နှင့်လင်းယုန်ပျံဝဲစစ်တပ်မှ စစ်သားသုံးသိန်းသည် ကြီးကျယ်ခမ်းနားသော အင်အားစုဖွဲ့မှုနှင့် ဆေးပညာအစည်းအရုံးထံသို့ ဦးတည်၍ ချီတက်သွားကြသည်။

စစ်သင်္ဘောများထံမှ အမြှောက်များ၏အလင်းရောင်များနှင့်အတူ ဆေးပညာအစည်းအရုံးရှိသော နေရာတစ်ခုလုံး ခြစ်ခြစ်တောက်ပူပြင်းသော မြေပြင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဆေးပညာအစည်းအရုံးတွင်ရှိနေသည့် ထောင်သောင်းချီသောအဖွဲ့ဝင်များအပြင် ပြင်ပဂိုဏ်းအင်အားစုများမှ မရေမတွက်နိုင်သောလူများလည်း သတ်ဖြတ်ခံရသည်။သွေးများနှင့်အလောင်းများက နေရာအနှံ့အပြား၌ ပြန့်ကျဲနေပေ၏။

ဤတစ်ကြိမ်၌ ထန်စစ်တပ်သည် ပတ်ဝန်းကျင်ရှိဂိုဏ်းအင်အားစုများကို ဖိနှိပ်နိုင်ရန်အလို့ငှာ အင်အားများစွာ အသုံးပြုခဲ့သည်။

ဖျက်ဆီးခြင်းအမြှောက်များ၏ အင်အားမြှင့်တင်ပေးမှုအောက်တွင် ကျင့်ကြံခြင်းဂိုဏ်းများမှလူများသည် ထန်စစ်တပ်ကို အနည်းငယ်မျှယှဉ်ပြိုင်နိုင်ခြင်းမရှိချေ။အမြှောက်ဆန်များမှမီးတောက်များအောက်တွင် သူတို့သည် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြလေ၏။

"ဒါက ထန်အင်ပါယာကို ပုန်ကန်တဲ့အတွက် ရလဒ်ပဲ"

စစ်ဗိုလ်ချုပ်တစ်ယောက်သည် သူ၏လက်အတွင်းရှိ လှံရှည်ကိုမြှောက်ကာ ခုခံတိုက်ခိုက်နေသော ဂိုဏ်းချုပ်တစ်ယောက်ကို မြေပြင်၌ထိုးစိုက်လိုက်သည်။

နေရာအနှံ့ ပြန့်ကျဲနေသော အလောင်းများကို ချန်ထားခဲ့ကာ ထန်စစ်သားများသည် မောက်မာထောင်လွှားစွာဖြင့် စစ်စခန်းထံသို့ ပြန်လာခဲ့ကြတော့သည်။

......

ဤအချိန်အခိုက်အတန့်တွင် တာယွီစစ်တပ်သည်လည်း မာလင်း​ကြယ်နယ်မြေပေါ်၌ ဖြစ်ပွားနေသော တိုက်ပွဲသတင်းအချက်အလက်များကို လက်ခံရရှိခဲ့သည်။

"အရှင်...ထန်စစ်တပ်က နောက်ဆုံးတော့ မာလင်းကြယ်နယ်မြေပေါ်က ဂိုဏ်းအင်အားစုတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လာခဲ့ပြီ"

အောင်ကွမ်းသည် စိတ်လှုပ်ရှားစွာဖြင့် စစ်စခန်းထံသို့ အပြေးလာကာ လုယွီထံသို့ သတင်းပို့သည်။

လုယွီသည် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေကာ သူ၏မှော်စွမ်းအားများကို ထိန်းညှိနေသည်။

ထိုသတင်းကိုကြားချိန်တွင် လုယွီ၏မျက်ခုံး အနည်းငယ်သာမြင့်တက်သွားပြီး သူက ပြောဆိုလေ၏။

"လုကျင်းရှန့်နဲ့တခြားလူတွေအားလုံးကို ပြန်လာဖို့ပြောလိုက်စမ်း...စစ်သည်တွေအားလုံး မာလင်းကြယ်နယ်မြေပေါ်က ထန်စစ်တပ်ကိုတိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားရမယ်"

Chapter 3944

မြို့အတွင်း၌ ယခင်က ဆေးပညာအစည်းအရုံးတည်ရှိသောနေရာသည် ယခုချိန်၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခံရသော မြေတလင်းကြီးတစ်ခုပင်။

မြို့အတွင်း၌ ပုန်ကန်ထကြွနေသော ဂိုဏ်းများအားလုံးကို ခြိမ်းခြောက်နိုင်ရန်အလို့ငှာ ထန်စစ်တပ်သည် အနည်းငယ်မျှထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ခြင်းမရှိချေ။သူတို့သည် ထိုလူများ၏အထောက်အထားများကို စုံစမ်းစစ်ဆေးခြင်းမပြုဘဲ မြင်မြင်သမျှ လူများအားလုံးကို သတ်ဖြတ်ခဲ့လေ၏။

ထန်စစ်တပ်မှစစ်သားများသည် ခြုံခိုတိုက်ခိုက်မှုများကို မကြာခဏ ခံစားခဲ့ရသဖြင့် သူတို့သည် ညအချိန်၌ပင် ကောင်းမွန်စွာအိပ်ပျော်နိုင်ခဲ့ခြင်းမရှိချေ။ဤအချိန်အခိုက်အတန့်တွင် သူတို့၏ဒေါသများကို ဖွင့်ထုတ်စရာ ရရှိသွားလေပြီ။

ဤအခြေအနေကို အခွင့်ကောင်းယူ၍ ထန်စစ်သားများသည် သူတို့၏ဒေါသများကို ပြင်ပကျင့်ကြံခြင်းလောကရှိဂိုဏ်းများပေါ်သို့ ပုံချလိုက်ကြသည်။

ထန်စစ်သားများ ထွက်ခွာသွားပြီးနောက် အချိန်အတော်ကြာမှသာ အနီးအနားရှိလူများ ပြင်ပသို့ ​ထွက်လာဝံ့သည်။

"စီနီယာအစ်ကိုကျန်းက အသတ်ခံလိုက်ရပြီ... အမြှောက်ဆန်တွေကြောင့် သူရဲ့ခန္ဓာကိုယ်က အသွေးအသားတွေအဖြစ်နဲ့ တစစီပြန့်ကျဲသွားခဲ့တယ်...သူက ကိုယ်လက်အင်္ဂါပြည့်စုံတဲ့အလောင်းတစ်လောင်းအဖြစ်တောင် မကျန်ခဲ့တော့ဘူး"

"ထန်စစ်တပ်က အရမ်းရက်စက်ကြမ်းကြုတ်တာပဲ...သူတို့က အမျိုးသမီးတွေ အသက်ကြီးသူတွေနဲ့ ကလေးတွေကိုတောင် အလွတ်မပေးခဲ့ဘူး"

"သူတို့က သူခိုးဓားပြတွေနဲ့အတူတူပဲ...ဆေးပညာအစည်းအရုံးမှာ အရင်က ဆေးပင်တွေအမြောက်အများရှိခဲ့ပေမယ့်....သူတို့က အရင်ဆုံး လူတွေကိုသတ်ဖြတ်ပြီးတော့ ဆေးပင်တွေကို လုယူခဲ့တယ်"

ပြင်ပဂိုဏ်းအင်အားစုများမှ တချို့လူများသည် မြို့အနှံ့ရှာဖွေကြပြီးနောက် ထန်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကိုကြည့်ပြီး ထိတ်လန့်ကြောက်ရွံ့နေကြသည်။

မြို့အတွင်း၌ သူတို့၏ဆွေမျိုးများ မိတ်ဆွေများကို သတ်ဖြတ်ခြင်းခံလိုက်ရသော လူများသည် နာကြည်းမုန်းတီးမှုကြောင့် အံ့တင်းတင်းကြိတ်ထားကြသည်။သူတို့သည် ယခုချက်ချင်း ထန်စစ်တပ်ကို အမြစ်ပြတ်​ချေမှုန်းကာ လက်စားချေနိုင်ရန် ဆုတောင်းနေကြသည်။

လီဖူသည် ပြင်ပဂိုဏ်းအင်အားစုများကို ခြိမ်းခြောက်ရန်အတွက် လျှပ်ပြက်သကဲ့သို့ လျှင်မြန်သောနည်းလမ်းကို အသုံးပြုခဲ့သည်။သို့ရာတွင် လူထုသည် နာကျည်းမုန်းတီးမှုကြောင့် ရုန်းရင်းဆန်ခတ်မှုများ ပို၍ကြီးထွားလာမည်ဟု သူ မျှော်လင့်မထားမိချေ။

....

ဤအချိန်အခိုက်အတန့်တွင် ထိုသတင်းများကိုကြားမိသော တုရှန်းရှန်းနှင့်ယဲ့ကွမ်ကျီးတို့သည် စစ်စခန်းသို့ အလျှင်အမြန်ပြန်ရောက်လာလေ၏။

သူတို့သည် မာလင်းကြယ်နယ်မြေပေါ်၌ လှောင်ပိတ်မိနေသဖြင့် သေဆုံးရန်အတွက် ထိုင်စောင့်မနေနိုင်​ချေ။ထိုအစား သူတို့သည် အရပ်မျက်နှာအဘက်ဘက်သို့သွားကာ ထွက်လမ်းတစ်ခုကို ရှာဖွေနေကြခြင်းဖြစ်သည်။

သို့ရာတွင် တာယွီစစ်သားများသည် ဤကြယ်နယ်‌မြေ၏မိုးကောင်းကင်ယံတခွင်လုံးကို တင်းတင်းကြပ်ကြပ် ဝိုင်းရံပိတ်ဆို့ထားမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

တခြားလမ်းကြောင်းများအားလုံးကိုလည်း ယခင်ကတည်းက ချိတ်ပိတ်ထားပြီးဖြစ်သည်။

မိုးကောင်းကင်ယံအတွင်းရှိ တစ်ခုတည်းသောထွက်ပေါက်ကို တာယွီအင်ပါယာမှစစ်သားများက အခိုင်အမာပိတ်ဆို့ထားသည်။

တုရှန်းရှန်းနှင့်ယဲ့ကွမ်ကျီးတို့သည် ကြယ်နယ်မြေတစ်ခုလုံးအနှံ့ လှည့်ပတ်၍ရှာဖွေခဲ့သော်လည်း အချည်းနှီးပြန်လာခဲ့ရလေ၏။

"အရှင့်သား...ငါတို့ထွက်သွားတာ သုံးရက်ပဲကြာသေးတယ်...ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ကြီးကိစ္စတွေ ဖြစ်သွားခဲ့တာလဲ"

တုရှန်းရှန်းက သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

လီဖူက အနည်းငယ်မျှ ဂရုစိုက်ခြင်းမရှိဘဲ တုံ့ပြန်ပြောဆိုလေသည်။

"ဒါက ပြင်ပဂိုဏ်းအင်အားစုတချို့ရဲ့တန်ပြန်တိုက်ခိုက်မှုသက်သက်ပဲ...အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်စရာ ဘာရှိလို့လဲ"

ထိုစကားကိုကြားချိန်တွင် တုရှန်းရှန်းက ခါးသည်းစွာပြုံးလိုက်၏။

"အရှင့်သား ငါထွက်မသွားခင်တုန်းက ငါ မင်းကိုသတိပေးခဲ့တယ်...ပြင်ပကျင့်ကြံခြင်းလောကက ဂိုဏ်းအင်အားစုတွေကို ထပ်ပြီးရန်မစဖို့ ငါ မင်းကို ပြောခဲ့တယ်..မင်းအခုလုပ်လိုက်တာက ငါတို့ရဲ့စစ်တပ်ကို မာလင်းကြယ်နယ်မြေပေါ်မှာရှိတဲ့ ဂိုဏ်းအင်အားစုတွေအားလုံးနဲ့ ရန်သူတွေဖြစ်သွားစေပြီ"

လီဖူက ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး ပြောဆိုလိုက်၏။

"ဟား ဟား ဟား...ဒါဆိုရင်လည်း ဘာဖြစ်လာမှာမလို့လဲ....သူတို့က ပြင်ပဂိုဏ်းအင်အားစုလေးတွေလေ...ဒီတကြိမ်မှာ ငါက သူတို့ကိုပြင်းပြင်းထန်ထန်​ ချေမှုန်းခဲ့ပြီးပြီ...သူတို့က ငါတို့ရဲ့စစ်တပ်ကို ထပ်ပြီးတိုက်ခိုက်ဝံ့မယ်လို့ ငါ မထင်ဘူး"

"မဟုတ်ဘူး အခုအချိန်မှာ အခြေအနေရဲ့သဘောသဘာဝက အရမ်းကွဲပြားခြားနားသွားပြီ"

တုရှန်းရှန်းက အလေးနက်ထားသောအသံဖြင့်ပြောဆိုသည်။

"အစောပိုင်းက ငါတို့ရဲ့စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့လူတွေက သူတို့ရဲ့အကျိုးအမြတ်တွေကို လုယက်ခံရတာကြောင့်ပဲ"

"ငါတို့က အဲ့ဒါကိုခုခံကာကွယ်ပြီးတော့ ပုန်ကန်သူခေါင်းဆောင်တချို့ကို အပြစ်ပေးရမယ်...ဒါ့ပြင် ချောင်ခွင်းထက်ပိုပြီး ဆုလာဘ်တွေကို တိုးမြှင့်ပေးလိုက်တာနဲ့ ငါတို့ရဲ့စစ်တပ်က လက်ဦးမှုယူနိုင်လိမ့်မယ်"

"အခုအချိန်မှာတော့ ငါတို့ရဲ့စစ်တပ်က မြို့ထဲမှာအစုလိုက်အပြုံအလိုက် သတ်ဖြတ်မှုကြီးကိုကျူးလွန်ခဲ့တယ်...ဒါက နက်ရှိုင်းတဲ့ နာကျည်းမုန်းတီးမှုတွေကို လူတွေရဲ့စိတ်နှလုံးသားထဲမှာအမြစ်တွယ်သွားစေခဲ့ပြီ....ဒါတင်မကဘူး အရင်က လှုပ်ရှားမှုမပြုခဲ့တဲ့ ပြင်ပဂိုဏ်းအင်အားစုက လူတွေကလည်း ဒီရန်ငြိုးကိုဖြေရှင်းဖို့ ကြိုးစားကြမှာကို ငါ စိုးရိမ်မိတယ်...သူတို့က အရာအားလုံးရင်းပြီး ငါတို့ကို တိုက်ခိုက်ကြလိမ့်မယ်...အဲ့ဒီအချိန်ကျရင် ငါတို့က သူတို့ရဲ့ဝိုင်းရံတိုက်ခိုက်တာကို ခံယူရလိမ့်မယ်"

လီဖူ၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။

သို့ရာတွင် သူသည် တည်ငြိမ်သောအသံဖြင့် ဆက်လက်၍ ပြောဆိုနေဆဲပင်။

"ချောင်ခွင်းက ကုန်သည်လေးတစ်ယောက်ပဲလေ....ငါက သူ့ကို ဘာလို့ကြောက်နေရမှာလဲ"

"ဆေးပင်ကုန်သည်တစ်ယောက်က ကြောက်စရာ ဘာမှမရှိဘူး...ဒါပေမဲ့ အစစ်အမှန် ကြောက်ဖို့ကောင်းတဲ့အရာက သူ့ရဲ့အဆက်အသွယ်တွေပဲ"

တုရှန်းရှန်းက ရုတ်တရက် တစ်စုံတစ်ခုကိုတွေးတောမိသွားကာ အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ငါ သိပြီ...ငါတို့တွေ ဒီမာလင်းကြယ်နယ်မြေကို ရောက်တဲ့အချိန်က စတင်ပြီးတော့ အပြောင်းအလဲတွေအများကြီးနဲ့ ကြုံတွေ့ခဲ့ရတာ အံ့အားသင့်စရာမရှိတော့ဘူး...ဒီကိစ္စတွေအားလုံးရဲ့နောက်ကွယ်မှာ လုယွီရှိနေမှာကို ငါ စိုးရိမ်မိတယ်"

ဝုန်း....

ထိုအချိန်မှာပင် ကျယ်လောင်သော တုန်ခါသံကြီးတစ်သံက စစ်စခန်း၏ပြင်ပ၌ မြည်ဟီးသွားသည်။

Chapter 3945

ဝုန်း.....

ထန်စစ်စခန်းတည်ရှိရာ မြေပြင်တပြင်လုံးပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။

ခန်းမ၏ပြင်ပတွင် ထန်စစ်သားများ၏ထိတ်လန့်တကြားအော်သံများ ထွက်ပေါ်နေသည်ကို ကြားနေရသည်။

"မကောင်းတော့ဘူး"

တုရှန်းရှန်းသည် ပြင်ပရှိအော်သံများကို ကြားချိန်တွင် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ချက်ချင်း နားလည်သဘောပေါက်သွားသဖြင့် အလျင်စလို ပြေးထွက်လိုက်သည်။

ယွဲ့ကွမ်ကျီးသည် သူ့ကိုယ်သူဖုံးကွယ်ကာ လီဖူကို ဆက်လက်၍ ကာကွယ်စောင့်ရှောက်လိုက်၏။

ပြင်ပရှိ ထန်စစ်စခန်းတစ်ခုလုံး အလွန်ကြီးမားသော ပြောင်းလဲမှုတစ်ခုနှင့် ကြုံတွေ့နေရသည်။

ထန်စစ်စခန်း၏ပတ်ဝန်းကျင်တွင် ထူထပ်သိပ်သည်းသောမြူခိုးများ ရုတ်တရက်ထွက်ပေါ်လာကာ စစ်စခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ထန်စခန်းတွင် စစ်သားအမြောက်အများရှိနေသည်။စစ်စခန်းတစ်ခုလုံးကို မိုင်ထောင်နှင့်ချီအကွာအဝေးထိ ဖြန့်ကျက်ထားကာ အဆုံးသတ်ကို မည်သူတစ်ဦးတစ်ယောက်မျှ မမြင်တွေ့နိုင်ချေ။မြူခိုးများအကြားတွင် စစ်သားများ၏ တိုက်ခိုက်နေသံများနှင့် စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများကို အဆက်မပြတ် ကြားနေရသည်။

"ဒီလိုမျိုး ထူထပ်သိပ်သည်းတဲ့မြူခိုးတွေက စစ်စခန်းရဲ့အပြင်ကို ဘယ်ချိန်က ရောက်နေတာလဲ"

ထိုအချိန်အခိုက်အတန့်တွင် လီဖူသည်လည်း ခန်းမ၏ပြင်ပသို့ ပြေးထွက်လာသည်။စစ်စခန်းတစ်ခုလုံးကို ထူထပ်သိပ်သည်းသော မြူခိုးများက လွှမ်းခြုံထားသည်ကို သူ မြင်တွေ့ချိန်၌ ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။

"အရှင့်သား...စစ်စခန်းထဲကို အပြင်ကနေကျူးကျော်ဝင်လာတဲ့ လူတွေအများကြီး ရှိနေတယ်...သူတို့က မြင်မြင်သမျှစစ်သားတွေအားလုံးကို သတ်ဖြတ်နေကြတယ်...အဲ့ဒီလူတွေက စစ်စခန်းရဲ့အလယ်ကို ရောက်လာတော့မယ်"

ခန္ဓာကိုယ်တစ်ခုလုံး သွေးများစိုရွှဲနေသည့် ထန်ဗိုလ်ချုပ်တစ်ယောက်က ပြေးဝင်လာသည်။သူသည် လီဖူထံသို့ မရောက်သေးမီမှာပင် ဒဏ်ရာအပြင်းအထန်ရရှိထားခြင်းကြောင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

တစ်စုံတစ်ယောက်သည် သူ့အားကူညီပေးရန်အတွက် ထိုနေရာသို့ သွားလိုက်သော်လည်း ထိုစစ်ဗိုလ်ချုပ်သည် ရုတ်တရက်ခုန်ထကာ သူ့၏ဓားမှနေ၍ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။

"လီဖူ....သေစမ်း"

ထိုစစ်ဗိုလ်ချုပ်သည် ထန်စစ်တပ်မှမဟုတ်ချေ။သို့ရာတွင် သူသည် ထန်စစ်ဗိုလ်ချုပ်တစ်ယောက်၏သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားလေ၏။

ဒေါင်....

ထိုဓားချက်သည် လီဖူ၏အနီးသို့ ချဉ်းကပ်မသွားနိုင်သေးမီမှာပင် နောက်တွင်ရှိနေသော ယဲ့ကွမ်ကျီးသည် တိုက်ခိုက်လိုက်ကာသူ့၏လက်ချောင်းများ လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ဓားချီများကို ကြေမွှပျက်စီးသွားစေသည်။

တိုက်ခိုက်မှုမအောင်မြင်သည်ကိုကြည့်ပြီး ထန်စစ်ဗိုလ်ချုပ်ဝတ်စုံကို ဝတ်ဆင်ထားသော လုပ်ကြံသတ်ဖြတ်သူ၏ မျက်လုံးများအတွင်း၌ ရက်စက်ကြမ်းကြုတ်မှုများ ထင်ဟပ်လာသည်။သူသည် သူ့၏ခါးမှ အဝတ်အိတ်တစ်လုံးကိုဖြုတ်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတဝိုက်၌ အဆိပ်ရှိသောမြူခိုးများမြင့်တက်လာသည်။

ရှောင်လက်ရွေးစင်စစ်သားများသည် လီဖူကို ကာကွယ်ရန်အတွက် ရှေ့သို့တိုးဝင်လာကြသည်။သို့ရာတွင် သူတို့သည် အဆိပ်မြူခိုးများကို ထိတွေ့မိသည်နှင့် ဒယိမ်းဒယိုင်ဖြစ်ကာ မြေပြင်ပေါ်သို့လဲကျသွားမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

"လမ်းလွဲကျင့်ကြံသူ...အခုချက်ချင်း နောက်ဆုတ်စမ်း"

ယဲ့ကွမ်ကျီးက အေးစက်စက်အော်ငေါက်ကာ သူ၏အင်္ကျီလက်ကို ခါးယမ်းလိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူ့၏ခန္ဓာကိုယ်ကိုဖြတ်သန်းပြီး လေပြင်းတစ်ရပ်တိုက်ခတ်လာကာ ပတ်ဝန်းကျင်တွင်ရှိနေသည့် အဆိပ်ရှိသောမြူခိုးများအားလုံးကို ပျက်ပြယ်သွားစေသည်။

လုပ်ကြံသတ်ဖြတ်မှုနှစ်ခုလုံး မအောင်မြင်သည်ကို မြင်တွေ့သော်လည်း ထိုလုပ်ကြံသတ်ဖြတ်သူသည် လက်လျှော့အရှုံးပေးခြင်းမရှိချေ။သူသည် လက်စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းကာ မှော်မန္တန်တစ်ပုဒ်ကိုရွတ်ဆိုရန် ဟန်ပြင်လိုက်၏။

"ငါ မရှိတော့ဘူးလို့ မင်းတို့ ထင်နေကြတာလား"

ထိုအချိန်မှာပင် တုရှန်းရှန်းက ရုတ်တရက်ရောက်ရှိလာသည်။သူ့၏လက်အတွင်းရှိ ဆေဘာဓားရှည်မှ ဓားချီတစ်လှိုင်း ထွက်ပေါ်သွားခြင်းနှင့်အတူ ထိုလုပ်ကြံသတ်ဖြတ်သူ၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်တော့သည်။

ဝှစ်....

ခပ်အုပ်အုပ်အသံတစ်သံနှင့်အတူ လုပ်ကြံသတ်ဖြတ်သူ၏ခန္ဓာကိုယ်သည် အလယ်မှဖြတ်တောက်ခြင်းခံလိုက်ရကာ အသွေးအသားများက နေရာအနှံ့အပြားသို့ ပြန်ကျဲသွားသည်။

ထိုလုပ်ကြံသတ်ဖြတ်သူသည် နောက်ဆုံး၌ သေဆုံးသွားခဲ့လေပြီ။

သို့ရာတွင် မလှမ်းမကမ်းရှိ မြူခိုးများအကြား၌ တိုက်ခိုက်သံများနှင့်အော်ဟစ်သံများက အဆက်မပြတ် မြည်ဟီးနေဆဲပင်။

"လက်ထောက်တပ်မှူးဝမ်....မင်း ဘာလို့ ရုတ်တရက်ကြီး ငါ့ကို တိုက်ခိုက်တာလဲ"

"ငါက လုပ်ကြံသတ်ဖြတ်သူ မဟုတ်ဘူး...ငါက လုပ်ကြံသတ်ဖြတ်သူ မဟုတ်ဘူး...ငါတို့က အတူတူပဲလေ"

တုရှန်းရှန်းသည် သူ့၏နတ်ဘုရားစိတ်အာရုံကို ချက်ချင်းထုတ်လွှတ်လိုက်၏။ရုတ်ချည်းဆိုသလိုပင် သူ့၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

စစ်စခန်းတခုလုံးအတွင်း၌ ထန်စစ်တပ်၏သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသူများဖြင့် ပြည့်နှက်နေကာ သူတို့အားလုံးသည် အချင်းချင်းတိုက်ခိုက်နေကြလေ၏။

ပြင်ပကျင့်ကြံခြင်းလောကရှိ ဂိုဏ်းအင်အားစုများမှ လူများသည် ထန်စစ်တပ်၏သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ကာ စစ်စခန်းအတွင်းသို့ ခိုးဝင်လာကြခြင်းဖြစ်သည်။

ဤအချိန်အခိုက်အတန့်တွင် ထန်စစ်စခန်းတစ်ခုလုံး ကသောင်းကနင်းဖြစ်နေလေပြီ။

ထန်စစ်သားများသည် အိပ်ပျော်နေရာမှ နိုးထလာသောအချိန်၌ ပတ်ဝန်းကျင်ရှိ စစ်စခန်းတစ်ခုလုံး မြူခိုးများအကြားသို့ ကျရောက်နေပြီဖြစ်ကြောင်း တွေ့မြင်မိသဖြင့် ထိတ်လန့်ကြောက်ရွံ့သွားကြသည်။ထို့နောက်မှနေ၍ သူတို့နှင့်တူညီသော သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည့် အယောင်ဆောင်များသည် ဓားများဖြင့် သူတို့ကို ချိန်ရွယ်ထားကြောင်း သိရှိလိုက်ရသည်။

ထန်စစ်သားများအားလုံး အန္တရာယ်အတွင်း၌ ကျရောက်နေလေပြီ။

ယခုအချိန်၌ ထန်စစ်သားများသည် တခြားမည်သည့်တစ်ယောက်ကိုမျှ အယုံအကြည်မရှိတော့ချေ။သူတို့ရှေ့ရှိလူသည် သူတို့၏စစ်ဗိုလ်ချုပ်နှင့်တူညီနေသည့်တိုင် အတုအယောင်ဟုတ်မဟုတ်ကို မည်သူမျှ အာမခံနိုင်ခြင်းမရှိချေ။

Thank For Reading.

All Chapters