မိသားစုမှတ်တမ်းဓာတ်ပုံ
Vol. 16 Ch. 152
[ဒီဆုလာဘ်ကို ယွမ်ပေါ့ကိုပဲ ပေးလိုက်ရင် ကောင်းမလား]
မင်ယွဲ့က ပြုံးလျက် မေးလိုက်သောအခါ
[တကယ်လား]
ယွမ်ပေါ့မှာ အတိုင်းမသိ ဝမ်းသာသွားရှာသည်။
ဂုဏ်သတင်းရမှတ် ၅ မှတ်ဆိုသည်မှာ စနစ်၏ အရောင်းအဝယ်ဆိုင်တွင် သူနှစ်သက်သော အရသာရှိသည့် အစားအစာများကို အမြောက်အမြား ဝယ်ယူရန် လုံလောက်သော ပမာဏဖြစ်ပေသည်။
[တကယ်ပေါ့၊ ဒီတစ်ခေါက် ကလေးတွေကို ပျော်အောင်ထားပေးတာ နင်ပဲဥစ္စာ]
ယွမ်ပေါ့၏ ပျော်ရွှင်နေသော မျက်နှာလေးကို ကြည့်ကာ မင်ယွဲ့လည်း လိုက်လျောညီထွေ ပြုံးမိသည်။ ရမှတ်တစ်မှတ်လျှင် ယွမ် ၁ သိန်းနှင့် ညီမျှရာ ယွမ်ပေါ့အတွက်မူ ဤသည်မှာ သုံးမကုန်ဖြုန်းမကုန်နိုင်သော ရတနာသိုက်ကြီးပင် ဖြစ်တော့၏။
မင်ယွဲ့ အိမ်သို့ပြန်ရောက်သောအခါ မိသားစုဝင်များမှာ ခြံဝန်းအတွင်း၌ စုံစုံလင်လင်ရှိနေကြပြီး စကားစမြည် ပြောဆိုနေကြသည်ကို မြင်လိုက်ရသည်။ ထိုရှားပါးလှသော မိသားစုဆုံစည်းမှုကို သူမက ဖုန်းဖြင့် ဗီဒီယိုရိုက်ကာ မှတ်တမ်းတင်ထားလိုက်သည်။
"ကျွန်မတို့ မိသားစုဓာတ်ပုံ ရိုက်ကြရအောင်”
မင်ယွဲ့က အကြံပြုလိုက်ပြီးနောက် အိမ်ထဲမှ ကင်မရာဒေါက်တိုင် ကို ယူဆောင်လာကာ နေရာချလိုက်သည်။
"အဘိုးနဲ့ အဘွားက အလယ်မှာ ထိုင်ပါ၊ မင်
ကျောက်နဲ့ မင်ချန်က အရှေ့ကို လာခဲ့ကြ”
သူမသည် ကင်မရာကို ချိန်ညှိရင်း ညွှန်ကြားချက်များ ပေးနေသည်။
မိသားစုဝင်များ အစီအစဉ်တကျ နေရာယူပြီးသောအခါ မင်ယွဲ့က ကင်မရာမှ အချိန်ကို သတ်မှတ်လိုက်ပြီး လွတ်နေသော နေရာလေးသို့ အပြေးအလွှား သွားထိုင်လိုက်ကြ၏။
မီးရောင်ဖျော့ဖျော့အောက်တွင် ပျော်ရွှင်စွာ ရယ်မောနေကြသော မိသားစုဝင်များ၏ ပုံရိပ်မှာ ကင်မရာထဲ၌ ထာဝရအမှတ်အသားအဖြစ် ကျန်ရစ်သွားတော့သည်။
"သိပ်လှတာပဲအေ”
အဘွားဖြစ်သူက ပီတိအပြုံးဖြင့် ဆိုသည်။
မင်ယွဲ့၏ မိခင်မှာလည်း မင်္ဂလာဆောင်တုန်းကနှင့် သူမမွေးကင်းစတုန်းက အမှတ်တရပုံများမှအပ ယခုကဲ့သို့ ဓာတ်ပုံမရိုက်ဖြစ်သည်မှာ ကြာပြီဖြစ်သည်။
ထို့နောက် မင်ယွဲ့သည် အဘိုးနှင့် အဘွားကို သီးသန့်တစ်ပုံ၊ မိသားစုတစ်စုချင်းစီကို တစ်ပုံစီဖြင့် စုံလင်စွာ ရိုက်ကူးပေးလိုက်ရာ အားလုံးက ကျေနပ်အားရနေကြသည်ပင်။
"ညီမလေး... စာမေးပွဲအတွက် ပြင်ဆင်နေတာ ဘယ်လိုလဲ”
မင်ယွဲ့သည် ဝမ်းကွဲညီမဖြစ်သူ ကျန်းမင်းကို ရိုးရိုးဘွဲ့တစ်ခုထက်စာလျှင် ပညာရေးနှင့်ပတ်သက်သော တက္ကသိုလ်တစ်ခုခုသို့ တက်
ရောက်ရန် တိုက်တွန်းထား၏။
ကျန်းမင်းက မူကြိုကျောင်းကို စီမံခန့်ခွဲရန် ရည်မှန်းချက်ထားသည်ဖြစ်ရာ 'ကလေးသူငယ်
ပညာရေး' အထူးပြုဘာသာရပ်ကို စနစ်တကျ လေ့လာထားရန် လိုအပ်သည် မဟုတ်ပေလော။
"အဆင်ပြေပါတယ် မမ၊ အခု စမ်းသပ်စာမေးပွဲတွေမှာ အမှတ် ၄၅၀ လောက် ရနေပြီ”
ကျန်းမင်းက ယုံကြည်မှုအပြည့်နှင့် ပြန်ဖြေလိုက်၏။
စာမေးပွဲဖြေဆိုရန် ၄ လကျော် လိုသေးသည်ဖြစ်ရာ သူမအနေဖြင့် ပို၍ တိုးတက်လာမည်မှာ အသေအချာပင်။
မင်ယွဲ့က သူမကို ငွေကြေးပူပန်စရာမလိုဘဲ ပညာရေးကိုသာ အာရုံစိုက်ရန် အခွင့်အလမ်း ပေးထားခြင်းဖြစ်သည်။
ကျန်းမင်းအနေဖြင့် ကျောင်းပြီးသွားလျှင် အန်
ရှင်းမူကြိုကျောင်းကို တိုက်ရိုက်စီမံခန့်ခွဲခွင့် ရရှိမည်။
"ကောင်းပြီလေ၊ နင်ကျောင်းပြီးဖို့က အနည်းဆုံး ၃ နှစ်လောက် လိုသေးတာဆိုတော့ အဲဒီအတောအတွင်းမှာ နင့်ကိုယ်စား စီမံပေးမယ့်သူတစ်ယောက်ကို ငါတို့ ရှာရမယ်”
ကျန်းမင်းသည် သူမ၏ ကျေးဇူးရှင် မင်ယွဲ့ကို ကျေးဇူးတင်မဆုံး ဖြစ်နေရသည်။
မင်ယွဲ့သာ မကူညီခဲ့ပါက သူမသည် သာမန်မူကြိုဆရာမတစ်ဦးအဖြစ် ဘဝကို ရုန်းကန်နေရကာ နောက်ဆုံးတွင် အိမ်ထောင်ကျပြီး သာမန်ဘဝဖြင့်သာ အဆုံးသတ်သွားပေလိမ့်မည်။ ယခုမူ သူမတွင် အဆင့်မြင့်မားသော အနာဂတ် ရည်မှန်းချက်တစ်ခု ရှိနေပြီဖြစ်သည်ပင်။
[ယွဲ့ယွဲ့... ယာယီကျောင်းအုပ်နေရာအတွက် သင့်တော်တဲ့သူတွေကို ငါ ရှာထားပေးတယ်]
မင်ယွဲ့၏ ရှေ့မှောက်ရှိ ပွင့်လင်းမြင်သာသော ဖန်သားပြင်ပေါ်တွင် ကိုယ်ရေးရာဇဝင် ၅ ခု ပေါ်လာသည်။ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၁ ဦး ဖြစ်သည်။ မင်ယွဲ့သည် အမျိုးသမီးများကိုသာ ပို၍ ဦးစားပေးလိုသည်။
ခေတ်ဟောင်းအတွေးအခေါ်များနှင့် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကြောင့် အမျိုးသမီးများမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတတ်သဖြင့် သူမ၏ မူကြိုကျောင်းက အမျိုးသမီးများအတွက် နေရာတစ်ခု ဖြစ်စေချင်၏။
"သူတို့ကို သွားတွေ့ကြရအောင်”
မင်ယွဲ့သည် ကျန်းမင်းကို ခေါ်ကာ မြို့ထဲရှိ ချိန်းဆိုထားသော နေရာသို့ မောင်းနှင်လာခဲ့သည်။ သီးသန့်ခန်းအတွင်း ရောက်သောအခါ လျှောက်ထားသူ ၅ ဦးစလုံးမှာ ကြိုတင်ရောက်ရှိနေကြပြီး ဤအလုပ်အပေါ် အလေးထားမှုကို ပြသနေကြသည်။
"လူကြီးမင်းတို့ရဲ့ အခြေအနေကို အကျဉ်းချုပ် ရှင်းပြပေးပါဦး”
မင်ယွဲ့၏ တိုတောင်းပြတ်သားသော စကားအဆုံးတွင် ပထမဆုံး အမျိုးသမီးက စတင် မိတ်ဆက်သည်။
"ကျွန်မ နာမည်က ကျိုးဟုန်ပါ အသက် ၃၅ နှစ်ရှိပါပြီ၊ ၈ နှစ်အရွယ် သားလေးတစ်ယောက် ရှိပါတယ် ဆရာအတတ်သင်ကောလိပ်က ဘွဲ့ရထားပြီး အထက်တန်းပြလက်မှတ်ရော မူကြိုဆရာမလက်မှတ်ပါ ရှိပါတယ်..."
ထို့နောက် နောက်တစ်ဦးက—
“ကျွန်မ နာမည်က လျိုဖန်ပါ အသက် ၃၀ ပါ၊ စာရင်းကိုင်ဘွဲ့ ရထားပြီး မူကြိုဆရာမလက်မှတ်လည်း ရှိပါတယ်..."
ဟု အသီးသီး မိတ်ဆက်ကြသည်။
မင်ယွဲ့က လျှောက်ထားသူများကို သေချာစစ်ဆေးကြည့်ပြီးနောက်—
"မစ္စကျိုး... ကျွန်မတို့ရဲ့ အန်ရှင်းမူကြိုကျောင်းအကြောင်း ဘယ်လောက်သိထားလဲ”
ဟု မေးမြန်းလိုက်သည်။
ကျိုးဟုန်က စိတ်အားထက်သန်စွာဖြင့်—
“အန်ရှင်းမူကြိုကျောင်းက ကျွန်မတို့ခရိုင်မှာ အကြီးဆုံးကျောင်း ဖြစ်လာမှာပါ အကောင်းဆုံး ဆရာ၊ ဆရာမတွေနဲ့ ခေတ်မီတဲ့ သင်ကြားနည်းစနစ်တွေ ရှိနေတဲ့အတွက် အနာဂတ်မှာ ထိပ်တန်းကျောင်းတစ်ကျောင်း ဖြစ်လာမှာကို ယုံကြည်ပါတယ်"
ဟု ဖြေကြားသည်။
မင်ယွဲ့က ကျိုးဟုန်ကို စိုက်ကြည့်ရင်း ခပ်ပြင်းပြင်းမေးခွန်းတစ်ခု မေးလိုက်သည်။
"မစ္စကျိုးက ဒီထဲမှာ အသက်အကြီးဆုံးပဲ ကျန်တဲ့သူတွေထက် သာလွန်တဲ့ အားသာချက်က ဘာလဲဆိုတာ ပြောပြပေးပါဦး”
ကျိုးဟုန်က တည်ငြိမ်စွာပင်—
“ကျန်တဲ့သူတွေက ငယ်ရွယ်သေးတော့ ပြင်ပလောကကို ထွက်ချင်တဲ့ စိတ်ဆန္ဒတွေ ရှိနေဦးမှာပါ ဒါပေမဲ့ ကျွန်မကတော့ အသက်အရွယ်အရရော မိသားစုအခြေအနေအရရော တည်ငြိမ်တဲ့ဘဝကို ပိုင်ဆိုင်ချင်တဲ့အရွယ် ရောက်နေပါပြီ မြို့ကြီးတွေမှာ နှစ်ပေါင်းများစွာ လုပ်သက်အတွေ့အကြုံရှိတဲ့အတွက် တည်ငြိမ်မှုရော အတွေ့အကြုံပိုင်းမှာပါ ကျွန်မက အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်"
ဟု ပြန်ဖြေလိုက်သည်။
ကျန်သော လျှောက်ထားသူ ၄ ဦးမှာ ကျိုးဟုန်၏ ပြတ်သားလှသော တုံ့ပြန်မှုကြောင့် အံ့အားသင့်ကာ ချွေးပြန်သွားကြတော့သည်။
မင်ယွဲ့သည် ကျိုးဟုန်၏ ပြတ်သားသော စိတ်ဓာတ်နှင့် အတွေ့အကြုံကို သဘောကျမိသည်။
ကျောင်းအုပ်တစ်ယောက်အတွက် တည်ငြိမ်မှုနှင့် ရေရှည်စီမံနိုင်စွမ်းမှာ အရေးကြီးဆုံး မဟုတ်ပါလား။
"ဒါဆိုရင်... ကျန်တဲ့သူတွေကရော ဘာပြောချင်သေးလဲ”
မင်ယွဲ့၏ အကြည့်များက ကျန်ရှိသူများထံသို့ ရောက်ရှိသွားရာ သူတို့အားလုံးမှာ ရုတ်ချည်းပင် စိုးရိမ်စိတ်များ မြင့်တက်လာကြပါတော့သည်။