← Chapters

ကြည့်ရသည်မှာ အလွန်အရသာရှိလှသည်

Vol. 16 Ch. 158

ကြည့်ရသည်မှာ အလွန်အရသာရှိလှသည်

Vol. 16 Ch. 158

"ရော့... ဒါလေး စားကြည့်ပါဦး"

မင်ယွဲ့သည် သူမ၏ အိတ်ကပ်ထဲမှ အမဲသားခြောက်ထုပ်လေးတစ်ထုပ်ကို ထုတ်ပေးလိုက်

သည်။

၄င်းတို့မှာ ယွမ်ပေါ့ စားသုံးရန် အဆင်ပြေစေရန် တစ်ထုပ်ချင်းစီ စနစ်တကျ ထုပ်ပိုးထားသော အသားခြောက်များဖြစ်ပြီး အရသာမှာလည်း အလွန်ပင် ကောင်းမွန်လှသည်။

လျိုယဲ့သည် ဒါရိုက်တာကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမတို့မှာ စာချုပ်ချုပ်ဆိုထားသူများဖြစ်ရာ မမေမင်ပေးသော အစားအစာကို လက်ခံခွင့် ရှိ၊ မရှိ ဝေခွဲမရဖြစ်နေခြင်းပင်။

ဒါရိုက်တာ ဝူလျန်ကမူ ဘေးသို့ အကြည့်လွှဲကာ မမြင်ချင်ယောင်ဆောင်ပေးလိုက်သဖြင့် လျိုယဲ့မှာ ဝမ်းသာအားရ လက်ခံလိုက်တော့သည်။

"ကျေးဇူးတင်ပါတယ် မမင်”

လျိုယဲ့က ပျော်ရွှင်စွာ ကျေးဇူးတင်စကားဆိုရင်း ထုပ်ပိုးမှုကို ဖောက်ကာ အငမ်းမရ စားသုံးတော့သည်။

ကျိုးယိနှင့် ကျောက်လင်းတို့မှာလည်း ထိုအသားခြောက်ကို စားချင်စိတ် ပြင်းပြနေသော်လည်း ယောက်ျားရင့်မကြီးများဖြစ်၍ တောင်းဆိုရန် အရှက်ကြီးနေကြသည်ပင်။

ထို့ပြင် မင်ယွဲ့က သူမ၏ အချစ်တော်တိရစ္ဆာန်လေးကို ကျွေးမွေးနေခြင်းဖြစ်ရာ အိမ်မွေးတိရစ္ဆာန်ထံမှ အစာလုစားသကဲ့သို့ ဖြစ်

မည်ကိုလည်း စိုးရိမ်နေကြပုံရ၏။

"ငါကတော့ ဗိုက်နာမှာစိုးလို့ ဘာမှလျှောက်မစားရဲဘူး"

ထိုသို့သော သာယာသည့် အခိုက်အတန့်တွင် ကျိုးစီစီ၏ မချိတင်ကဲစကားသံက ကြားဖြတ်

ထွက်ပေါ်လာသည်။

သူမသာ တံတွေးများကို ခဏခဏ မျိုမချနေပါက သူမ၏ စကားကို မင်ယွဲ့ ယုံကြည်မိပေလိမ့်မည်။

ယွမ်ပေါ့သည် သူ့ကို ခွေးဟု ခေါ်သည်ကို အလွန်မုန်းတီးသူဖြစ်ရာ ကျိုးစီစီ၏ မနှစ်မြို့ဖွယ် အမူအရာကို မြင်သောအခါ စားလက်စ အသားခြောက်ကို ရပ်တန့်၍ သူမကို သွားဖြဲပြကာ ခြိမ်းခြောက်လိုက်သည်။

ပန်ဒါပေါက်လေးတစ်ကောင်၏ ခြိမ်းခြောက်ပုံမှာ ကြောက်စရာကောင်းမည့်အစား အလွန်ပင် ချစ်စဖွယ် ကောင်းနေတော့သည်။

မင်ယွဲ့သည် ယွမ်ပေါ့၏ ဦးခေါင်းဝိုင်းဝိုင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်မှသာ သူက ငြိမ်သက်သွားပြီး ဆက်လက်စားသောက်

တော့သည်။

ဒါရိုက်တာ ဝူလျန်ကမူ ကျိုးစီစီ၏ မိုက်မဲမှုကို ကြည့်ကာ စိတ်ပျက်နေမိသည်။

မင်ယွဲ့သည် ဤအစီအစဉ်အတွက် ယွမ်သန်း ၂၀၀ ကို အိတ်သွန်ဖာမှောက် ရင်းနှီးမြှုပ်နှံထားသူဖြစ်ကြောင်း သူမ မသိသည်မှာ ခက်လှသည်။

ညစာစားပြီးနောက် မင်ယွဲ့သည် ယွမ်ပေါ့ကို ခေါ်ကာ အပြင်သို့ ထွက်လာခဲ့သည်။

ယွမ်ပေါ့ကမူ ပျင်းရိနေသဖြင့် သစ်ပင်အောက်ရှိ မြေကြီးများကို တူးဆွနေရာ ခဏချင်းအတွင်း ကိုယ်ပေါ်တွင် မြေကြီးများ ပေကျံသွားတော့သည်။ မင်ယွဲ့ကမူ ဂရုမစိုက်ဘဲ လွှတ်ထားလိုက်သည်။

Live Stream မှ ပရိသတ်များကမူ မင်ယွဲ့ကို မြင်ချင်လှသဖြင့် ဒါရိုက်တာကို အတင်းအကျပ် တောင်းဆိုနေကြသည်။

"ဒါရိုက်တာ... အဲဒီ နတ်ဘုရားမလေးဆီကို ကင်မရာလှည့်ပေးပါဦး”

"သူ့ကို မပြရင်တော့ ကျွန်တော်တို့ Live ထဲက ထွက်သွားတော့မှာနော်”

လျိုယဲ့က မင်ယွဲ့ရှိရာသို့ လျှောက်သွားသောအခါ ကင်မရာဆရာကလည်း တစ်ပါတည်း လိုက်ပါသွားတော့သည်။

"မမင်... သူ့နာမည်က ဘယ်သူလဲဟင်”

လျိုယဲ့က မြေကြီးထဲတွင် လူးလှိမ့်နေသော ယွမ်ပေါ့ကို ကြည့်ကာ မေးလိုက်သည်။

"ယွမ်ပေါ့ လို့ ခေါ်တယ်”

ဟု မင်ယွဲ့က ပြန်ဖြေသည်။

"ထူးခြားတဲ့ အဓိပ္ပာယ်များ ရှိသလားဟင်”

"ချမ်းသာချင်လို့ ဒီနာမည်ကို ပေးထားတာပါ"

ဟု မင်ယွဲ့က ဆိုလိုက်ရာ လူတိုင်း ဆွံ့အသွားကြသည်။ ဒါရိုက်တာ ဝူလျန်ကမူ ယွမ်သန်း ၂၀၀ ရင်းနှီးထားသော သူဌေးမလေးက ချမ်းသာချင်သည်ဟု ဆိုခြင်းမှာ ဟာသတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။

ထိုစဉ် ခြံဝင်းတံခါးပြင်ပမှ ခြေသံများ ကြားလိုက်ရသဖြင့် မင်ယွဲ့က လှည့်ကြည့်လိုက်သည်။ လီယွမ်ရွာ၏ ရွာလူကြီး ရောက်ရှိလာခြင်းဖြစ်သည်။ သူသည် နွေးထွေးလှသော ဟင်းရည်အိုးတစ်လုံးကို ကိုင်ဆောင်လာခဲ့သည်။

အိုးကို ပိတ်ထားသော်လည်း မွှေးပျံ့လှသော အသားဟင်းနံ့မှာ နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။

"ဒါရိုက်တာတို့ ပင်ပန်းနေကြမှာစိုးလို့ အိမ်က ဟင်းလေး ယူလာပေးတာပါ"

ဝူလျန်က အားတုံ့အားနာနှင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။ ဤကဲ့သို့ ဆင်းရဲလှသော ရွာတွင် ကြက်၊ ဘဲ စသည်တို့ကို နှစ်သစ်ကူးမှသာ စားကြရသည်ကို သူ သိထားသည်။ ရွာလူကြီးက—

“ဧည့်သည်တွေ ရောက်လာတော့မှပဲ ကျွန်တော်တို့ရွာလေးက ပိုစည်ကားသွားတာ ရိုက်ကူးရေးအဖွဲ့ကလည်း ရွာသားတွေကို ထောက်ပံ့ကြေးတွေ ပေးထားတာဆိုတော့ ဒါလေးကတော့ ကျွန်တော်တို့ရဲ့ စေတနာပါ"

ဟု ဆိုကာ ပြုံးလျက် ပြန်သွားသည်။

"ကဲ... အားလုံးပဲ စားကြပါဦး"

ဒါရိုက်တာ၏ တိုက်တွန်းချက်ကြောင့် အနုပညာရှင်များမှာ ရွာလူကြီး၏ စေတနာဖြစ်သော ငန်းသားဟင်းရည်ကို မြိန်ယှက်စွာ စားသုံးကြတော့သည်။

ကျိုးယိက မီးဖိုချောင်ထဲမှ ပန်းကန် ၅ လုံးကို ထုတ်ယူလာခဲ့သည်။ တောရွာ၏ ရိုးရှင်းလှသော ဟင်းရည်နံ့နှင့် မီးခိုးနံ့သင်းသင်းတို့က ညချမ်း၏ အေးမြမှုကို နွေးထွေးစေသကဲ့သို့ ခံစားလိုက်ရပါတော့သည်။

All Chapters