← Chapters

ပြေးခြင်း၊ လိုက်ခြင်း

Vol. 16 Ch. 159

ပြေးခြင်း၊ လိုက်ခြင်း

Vol. 16 Ch. 159

ဒါရိုက်တာ ဝူလျန်သည် ငန်းသားဟင်းရည်တစ်အိုးကို စားပွဲပေါ်သို့ ချထားပေးခဲ့ပြီးနောက် တာဝန်ကျေပွန်စွာပင် လှည့်ထွက်သွားတော့သည်။

အနုပညာလောက၏ စီနီယာတစ်ဦးဖြစ်သော ကျိုးယိကမူ မည်သူ့မျက်နှာကိုမျှ ထောက်ထားမနေတော့ဘဲ ပန်းကန်ထဲသို့ ဟင်းရည်များ ခပ်

ထည့်ကာ အားရပါးရ စားသောက်တော့သည်။

ကျိုးစီစီသည်လည်း ဆာလောင်မှုကို မအောင့်

နိုင်တော့ဘဲ ဟင်းအိုးထဲမှ အသားများကို စတင်

နှိုက်ယူလေသည်။

"စီစီမမက ဝိတ်ချနေတာဆို”

ကျိုးစီစီက ငန်းပေါင်ကြီးကို ဆွဲယူနေစဉ် ကျောက်လင်း၏ ခနဲ့တဲ့တဲ့ စကားသံက ထွက်ပေါ်လာသည်။

လျိုယဲ့မှာမူ စိတ်ထဲမှနေ၍ ကျောက်လင်းကို လက်မထောင်ကာ ချီးကျူးမိသည်။

ဤအတောအတွင်း ကျိုးစီစီ၏ နှိပ်စက်မှုကို ခံနေရသော်လည်း သူမက အငယ်ဆုံးဖြစ်၍ ပြန်မပြောဝံ့ခဲ့ပေ။ ကျိုးစီစီကမူ မျက်နှာပြောင်တိုက်လျက်—

“ဒီငန်းက ဒီနေ့ ငါ့ကို ထိုးဆိတ်ခဲ့တာလေ အခု ရွာလူကြီးက ငါ့ကို တောင်းပန်တဲ့အနေနဲ့ ပေးတာဆိုတော့ ငါစားတာ ဘာဖြစ်လဲ”

ဟု အဓိပ္ပာယ်မရှိ ငြင်းခုံပြန်သည်။

တကယ်တော့ ရွာလူကြီးသည် ရိုက်ကူးရေးအဖွဲ့ကို ပေးခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာက စေတနာထား၍ ဝေမျှပေးခြင်းသာ ဖြစ်သည်။

ကျိုးစီစီသည် အလုပ်မလုပ်ရရန်အတွက် သူမ၏ လက်ကို ပတ်တီးများဖြင့် ဝက်ခြေထောက်အလား ပတ်ထားပြီး ဆင်ခြေပေးနေသော်လည်း အစားအသောက်ရှေ့တွင်မူ အားလုံးကို မေ့လျော့နေပုံရသည်။

ယွမ်ပေါ့သည် ဟင်းနံ့မွှေးမွှေးကြောင့် အနားသို့ ရောက်ရှိလာရာ ကျောက်လင်းက ငန်းပေါင်

တစ်ချောင်းကို ကမ်းပေးလိုက်သည်။

ယွမ်ပေါ့က ထိုငန်းပေါင်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ မြေပြင်ပေါ်တွင် ထိုင်၍ တမြုံ့မြုံ့ ဝါးနေပုံမှာ Live Stream ကြည့်ရှုသူများကို ရူးခါသွားစေတော့သည်။

"ဒါ တကယ်ပဲ ခွေးလား ပန်ဒါနဲ့များ မှားနေတာလား”

"သူ စားနေပုံလေးက တကယ်ကို လူတစ်

ယောက်လိုပဲ”

ကျိုးစီစီမှာမူ သူမရသင့်သော ငန်းပေါင်ကို အိမ်မွေးတိရစ္ဆာန်က စားနေသဖြင့် ဒေါသတကြီးဖြစ်နေရသည်။

ထို့ပြင် ကျောက်လင်းက ကျန်ရှိသော ငန်းပေါင်တစ်ချောင်းကိုပါ လျိုယဲ့၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး—

“စားပါ ညီမလေး၊ ဝိတ်ချစရာမလိုပါဘူး ဝဝကစ်ကစ် ကလေး ဖြစ်နေတာကမှ ပိုချစ်ဖို့ကောင်းတာ"

ဟု ဆိုလိုက်ရာ ကျိုးစီစီမှာ ဒေါသကို မထိန်းနိုင်တော့ဘဲ ထမင်းစားပွဲမှ ထွက်ခွာသွားပါတော့သည်။

မင်ယွဲ့သည် ထိုမြင်ကွင်းများကို ဘေးမှနေ၍ ပြုံးစိစိဖြင့် ကြည့်နေမိသည်။ ယွမ်ပေါ့က စားသောက်ပြီးနောက် သူမထံသို့ တိုးကပ်လာသောအခါ—

“အနားမလာနဲ့ဦး သွား... အရင်ဆုံး ကိုယ်

ကိုယ်တိုင် သန့်ရှင်းရေးလုပ်လိုက်ဦး"

ဟု နှာခေါင်းရှုံ့ကာ ဆိုလိုက်သည်။

ယွမ်ပေါ့မှာ စိတ်ကောက်သလိုဖြင့် ရေပိုက်ခေါင်းဆီသို့ သွားကာ သူ၏ လက်ဖဝါးလေးများကို ဆပ်ပြာဖြင့် ပွတ်တိုက်ဆေးကြောနေပုံမှာ ကြည့်ရှုသူအားလုံးကို အံ့အားသင့်စေခဲ့သည်။

ညည့်ဦးယံတွင် မင်ယွဲ့သည် ပြတင်းပေါက်ကို ဖွင့်ကာ ကြယ်တာရာများ စုံလင်လှသော လီယွမ်ရွာ၏ ကောင်းကင်ယံကို ငေးမောနေမိသည်။

သူမသည် ထိုလှပသော ပုံရိပ်ကို ဓာတ်ပုံရိုက်ကာ WeChat Moments(တရုတ်တွင်သုံးသည် Facebook ကဲ့သို့ application) တွင် တင်လိုက်ရာ မိတ်ဆွေများစွာထံမှ မှတ်ချက်များ ဝင်လာတော့သည်။ ထိုအထဲတွင် မိုဟန်ကျိ၏ "ဘယ်မှာလဲ?" ဟူသော တိုတောင်းလှသော မေးခွန်းတစ်ခုက သူမ၏ အာရုံကို ဖမ်းစားလိုက်သည်။

မင်ယွဲ့က—

“TV ရိုက်ကူးရေးအဖွဲ့နဲ့အတူ တောရွာလေးတစ်ရွာကို ရောက်နေတာပါ"

ဟု သီးသန့်စာ ပြန်လိုက်သည်။

မိုဟန်ကျိကလည်း—

“ပျော်ခဲ့ပါ၊ အအေးမမိအောင် ဂရုစိုက်ဦး တစ်ခုခု လိုအပ်ရင် ကျွန်တော့်ကို အချိန်မရွေး ဆက်

သွယ်ပါ"

ဟု နွေးထွေးစွာ ပြန်ကြားလာသည်။

မိုဟန်ကျိသည် ဖုန်းကို ချလိုက်ပြီးနောက် လက်ထောက်လင်းကို ခေါ်ကာ မင်ယွဲ့ ရောက်ရှိနေသည့် Variety Show အကြောင်းကို စုံစမ်းခိုင်းလိုက်သည်။

လက်ထောက်လင်း၏ ချစ်သူမှာလည်း ထိုအစီအစဉ်ကို စောင့်ကြည့်နေသူဖြစ်ရာ—

“သူဌေးမလေး မင်ယွဲ့က အဲဒီမှာ ရှိနေတာပဲ ရိုက်ချက်တွေ အများကြီး မပါပေမဲ့ သူ့အလှကတော့ ထင်ရှားနေတာပဲ"

ဟု ပြန်လည် တင်ပြသည်။

လက်ထောက်လင်း၏ ချစ်သူမှာမူ သူတို့နှစ်ဦး၏ ဆက်ဆံရေးကို စိတ်ကူးယဉ်ကာ ရင်ခုန်နေတော့သည်။

"ကြည့်ရတာတော့... သူဌေးမိုက မမေမင်

နောက်ကို တကောက်ကောက် လိုက်နေတာပဲ သူက ထွက်ပြေး၊ သူက လိုက်လံရှာဖွေ... တကယ့်ကို အချစ်ဝတ္ထုထဲကလိုပါပဲလား"

လက်ထောက်လင်းက—

"နင်... 'အာဏာရှင်သူဌေးကြီးနဲ့ ကျွန်မ' ဆိုတဲ့ ဝတ္ထုတွေ ဖတ်တာ များနေပြီထင်တယ်”

ဟု ရယ်မောကာ ဆိုလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ သူ၏ သူဌေးကြီးမှာ မင်ယွဲ့အပေါ်၌ ထူးထူးခြားခြား စိတ်ဝင်စားနေသည်မှာ အမှန်ပင်ဖြစ်ကြောင်း နားလည်ထားပါတော့သည်။

All Chapters