← Chapters

မင်း ဒီမှာ ဘာလာလုပ်နေတာလဲ

Vol. 17 Ch. 161

မင်း ဒီမှာ ဘာလာလုပ်နေတာလဲ

Vol. 17 Ch. 161

ယခင်က ဤနေရာသည် သီးနှံခြံကြီးတစ်ခု ဖြစ်ခဲ့ဖူးသည်။

မင်ယွဲ့၏ စိတ်ကူးထဲတွင် သစ်သီးဝလံဆိုသည်မှာ ငွေဖော်နိုင်သော ပစ္စည်းများပင်။ သို့သော် သူမသည် တောင်စွန်းတွင် ရပ်တဦးတည်း ငေးမောကြည့်ရှုမိသောအခါ မြင်ကွင်းတစ်ခုလုံးတွင် ဟိုးအဝေးဆီသို့ ထပ်ဆင့်နေသော တောင်တန်းကြီးများကိုသာ မြင်တွေ့ရသည်။ ထိုမျှ ခေါင်ဖျားလှသော တောင်ကြားလမ်းများမှတစ်ဆင့် သစ်သီးများကို ပြင်ပသို့ သယ်ယူပို့ဆောင်ရန်မှာ ခဲယဉ်းလွန်းလှသည်ကို သူမ ရိပ်မိလိုက်၏။

ထိုရွာသားများထဲတွင် ရင်းနှီးသော မျက်နှာတစ်ခုကို မင်ယွဲ့ မြင်လိုက်ပြီး သူသည် ရှင်းအာ၏ ဖခင်ဖြစ်ပြီး သူ့နောက်တွင် သမီးငယ်လေးက တကောက်ကောက် လိုက်ပါနေသည်။

“ဒါတွေကို အပြင်ထွက်ရောင်းဖို့ ပြင်နေကြတာလား”

မင်ယွဲ့က လှမ်းမေးလိုက်မှ ရွာသားများမှာ ဘေးတွင် ရပ်နေသော သူမကို သတိထားမိသွားကြသည်။ သူမသည် သူတို့နှင့် မတူဘဲ အလွန်တရာ တင့်တယ် မြင့်မြတ်လှသော မိန်းကလေးတစ်ဦး ဖြစ်နေသည်မဟုတ်ပါလား။

ရိုးသားအေးဆေးသော ရွာသားများမှာ မင်ယွဲ့ကို မြင်သော် အနည်းငယ် ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ ထိုစဉ် ဖော်ရွေသော အဘွားအိုတစ်ဦးက ပြုံးရွှင်စွာဖြင့် ပြောလာ၏။

“မြို့ပေါ်တက်ရောင်းဖို့ ပြင်နေကြတာပါကွယ်၊ ရသလောက်လေးတော့ ရောင်းကြည့်ရမှာပေါ့”

သို့သော် ဤအရပ်သည် အလွန်ဝေးလံခေါင်သီလှရာ သစ်သီးစျေးနှုန်းမှာ များစွာ ရရှိနိုင်လိမ့်မည်

မဟုတ်ကြောင်း ခန့်မှန်းရုံဖြင့် သိသာနေသည်။

မင်ယွဲ့က ဘာမှ ထပ်မပြောတော့ဘဲ ရွာသားများ လိမ္မော်သီးခူးနေသည်ကိုသာ တိတ်ဆိတ်စွာ စောင့်ကြည့်နေမိသည်။

“ဒါတွေကို အပြင်ကို ဘယ်လိုသယ်သွားမှာလဲ”

ကွန်ကရစ်လမ်းမှာ ဤရွာအထိပင် မရောက်သေးရာ အိမ်ခြေတိုင်းဆီသို့ လမ်းပေါက်ရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။

ဒေသန္တရ ဘဏ္ဍာရေး အခြေအနေမှာ အလွန်ပင် ချို့တဲ့လှသဖြင့် လမ်းပန်းဆက်သွယ်ရေးကို အထောက်အပံ့ မပေးနိုင်သည်မှာ သိသာလှသည်။ မင်ယွဲ့သည် သူမ၏ ဇာတိထက်ပင် ပိုမို ဆင်းရဲနွမ်းပါးလှသော ဤအရပ်သို့ ရောက်ရှိလာသောအခါ စိတ်ထဲ၌ မည်သို့ ခံစားရသည်ကိုပင် ဖော်ပြရန် ခက်ခဲနေမိသည်။

“လက်တွန်းလှည်းတွေနဲ့ပဲ သယ်သွားရမှာပါ”

ကားဖြင့် မောင်းဝင်လျှင်ပင် နာရီဝက်ခန့် ကြာမြင့်သော ခရီးကို လက်တွန်းလှည်းများဖြင့် တရွတ်တိုက် ဆွဲသွားရမည်ဆိုသော အဖြစ်မှာ တွေးကြည့်ရုံနှင့်ပင် ပင်ပန်းလှသည်။ မင်ယွဲ့သည် ယွမ်ပေါ့ကို ပွေ့ချီကာ ဒါရိုက်တာ ဝူလျန်ထံသို့ ထွက်လာခဲ့တော့သည်။

“ရွာသားတွေ သစ်သီးရောင်းဖို့ မြို့ကို သွားချင်နေကြတယ်။ ရိုက်ကူးရေးအဖွဲ့ရဲ့ ကားတွေကို ခေတ္တ ငှားပေးလို့ ရမလား”

ရိုက်ကူးရေးအဖွဲ့တွင် ပစ္စည်းကိရိယာများ သယ်ယူရန်အတွက် ကားအများအပြား ရှိနေသည်။ ဝူလျန်သည် ခဏမျှ စဉ်းစားပြီးနောက် အကြံတစ်ခု ရသွားသည်။

“ကျွန်တော်တို့ အဖွဲ့ကပဲ ဒီလိမ္မော်သီးတွေကို တတ်နိုင်သမျှ အကုန်ဝယ်လိုက်မယ်လေ”

ဝူလျန်သည် မင်ယွဲ့နောက်မှ လိုက်ပါ၍ သစ်သီးခြံသို့ ရောက်လာခဲ့သည်။

ရွာလူကြီးနှင့် ညှိနှိုင်းဆွေးနွေးပြီးနောက် ရွာသားများမှာ ဝူလျန်၏ စေတနာကို နားလည်သွားပြီး အလွန်အမင်း ကျေးဇူးတင်ရှိနေကြတော့သည်။ ဝူလျန်သည် စိတ်ထားကောင်းသူပီပီ လိမ္မော်သီးများကို စျေးကွက်ပေါက်စျေး အမြင့်ဆုံးဖြင့် ဝယ်ယူပေးခဲ့သည်။ ရွာသားများမှာ ယနေ့ကဲ့သို့ နတ်ကောင်းနတ်မြတ် မစသူနှင့် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ပိုမိုတက်ကြွစွာဖြင့် သစ်သီးများကို သွက်သွက်လက်လက်

ခူးကြတော့သည်။

လိမ္မော်သီးတောင်းများကို ကြည့်ရင်း ဝူလျန်က ဧည့်သည်အနုပညာရှင်များကို လှမ်းခေါ်လိုက်သည်။ ကျိုးစီစီနှင့် အဖွဲ့သားများ ရောက်လာသောအခါ ရွာသားများကို ကူညီ၍ ပစ္စည်းသယ်ပေးရမည်ဟု ထင်မှတ်ကာ မျက်နှာများ ညှိုးငယ်သွားကြသည်။

“ဒီနေ့ မွန်းလွဲပိုင်း တာဝန်ကတော့ ရွာသားတွေရဲ့ လိမ္မော်သီးတွေကို ကူရောင်းပေးရမှာပါ အဖွဲ့တစ်ဖွဲ့ကို လိမ္မော်သီး ပိဿာ ၂၅ ခန့်ရောင်းရမယ် စျေးနှုန်းကိုတော့ ကိုယ့်စိတ်ကြိုက် သတ်မှတ်

နိုင်ပါတယ် ဒါပေမဲ့ တစ်ခုသတိထားရမှာက အဲဒီရောင်းရတဲ့ ပိုက်ဆံဟာ မင်းတို့ရဲ့ ညစာအတွက်ပဲ ဖြစ်လိမ့်မယ်”

ဒါရိုက်တာ၏ စကားကြောင့် သူတို့ ပို၍ စိတ်ပျက်သွားကြသည်။ သစ်သီးရောင်းရသည်ထက် ကိုယ်လက်လှုပ်ရှား အလုပ်ကြမ်းလုပ်ရသည်ကမှ ပို၍ သက်သာဦးမည်ဟု တွေးမိကြသည်။

“ဒါက မြို့မှမဟုတ်တာ၊ ဘယ်လိုလုပ် ရောင်းထွက်မှာလဲ တွေးကြည့်တာနဲ့တင် ခေါင်းကို ကိုက်လာတာပဲ”

ရိုက်ကူးရေးအဖွဲ့သည် လုံးဝတော့ ရက်စက်စွာမလုပ်ခဲ့ချေ။

အနည်းဆုံးတော့ လက်တွန်းလှည်းဖြင့် ရောင်းခိုင်းခြင်း မဟုတ်ဘဲ အဖွဲ့တိုင်းအတွက် ကားတစ်စီးစီ စီစဉ်ပေးခဲ့သည်။ မင်ယွဲ့မှာမူ သူတို့နှင့်အတူ မလိုက်ပါဘဲ ဒါရိုက်တာနှင့်အတူ ရွာထဲတွင်သာ ကျန်ရစ်ခဲ့သည်။

ဓာတ်ပုံဆရာသည် ကားနောက်မှ လိုက်ပါသွားပြီး ကားသုံးစီးမှာ ခရီးစတင်ခဲ့ကြသည်။ မင်ယွဲ့သည် မော်နီတာအခန်းထဲမှနေ၍ သူတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေ၏။ အစပိုင်းတွင် သူတို့သည် အလွန်တက်ကြွစွာဖြင့် စျေးရောင်းခဲ့ကြသော်လည်း မည်သူမျှ ဝယ်ယူခြင်းမရှိသည်ကို တွေ့သောအခါ တဖြည်းဖြည်းနှင့် စိတ်ဓာတ်ကျလာကြသည်။

ဆင်းရဲနွမ်းပါးသော အရပ်ဒေသများတွင် သစ်သီးနှင့် ပန်းမန်များထက် စားဝတ်နေရေးကသာ အဓိက ဖြစ်နေတတ်သည်။

ကျိုးစီစီသည် သူမ၏ မျက်နှာကို ပဝါဖြင့် အုပ်ထားသဖြင့် ဒေသခံများက သူမကို အနုပညာရှင်တစ်ဦးမှန်းပင် မသိကြချေ။ လီထျန်မှာမူ အသံကုန်ဟစ်၍ စျေးခေါ်ရင်း မောပန်းနွမ်းနယ်နေပြီဖြစ်သည်။

နောက်ဆုံးတွင် လျိုယဲ့တစ်ယောက်သာ ဆက်လက်၍ အော်ဟစ်ရောင်းချနေစဉ် မျက်လုံးတောက်ပသော အဘွားအိုတစ်ဦးသည် မြေးငယ်လေးကို လက်ဆွဲ၍ လျှောက်လာသည်။

“မင်းတို့ လိမ္မော်သီးက တစ်ပိဿာ ဘယ်လောက်လဲ”

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လျိုယဲ့ အံ့အားသင့်သွားသည်။

“အဘွား၊ တစ်ပိဿာကို ၃ ယွမ်ပါ”

ကျိုးစီစီက ချက်ချင်း ရှေ့တိုးလာပြီး ပြောလိုက်သည်။

“အရင်မြည်းကြည့်ပါဦး၊ ရွာသားတွေ ကိုယ်တိုင်

စိုက်ထားတာမို့ လတ်လတ်ဆတ်ဆတ်ပဲ”

အဘွားအိုက တုံ့ဆိုင်းနေစဉ် ကျိုးစီစီက ထပ်ပြောပြန်သည်။

“၃ ယွမ်ဆိုတာ တကယ်တန်တာပါ ဒီလောက်တောင် မဝယ်နိုင်ရင် ဘယ်လိုသစ်သီးမျိုး စားနိုင်မှာလဲ”

ထိုမြင်ကွင်းကို ကြည့်နေသော ပရိသတ်များကြားတွင် အငြင်းပွားမှုများ ဖြစ်လာတော့သည်။

“ဒီစကားပြောတဲ့သူက ရူးနေတာလား ဒါက ဆင်းရဲတဲ့ တောင်ပေါ်ဒေသလေ တောထဲမှာ ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတဲ့သူတွေက သစ်သီးအတွက် ဒီလောက်ငွေကို ဘယ်လိုသုံးနိုင်မှာလဲ”

“နယ်မြေအလိုက် ကုန်စျေးနှုန်း မတူတာကို မသိဘူးလား”

ကျိုးစီစီ၏ ပရိသတ်များမှာ ယခုတစ်ကြိမ်တွင် ပြန်လည်မချေပနိုင်တော့ချေ။

အဘယ်ကြောင့်ဆိုသော် လူမှုကွန်ရက် အသုံးပြုသူအများစုမှာ ဆင်းရဲနွမ်းပါးသူများအပေါ် စာနာစိတ် ရှိနေကြသောကြောင့်ဖြစ်သည်။

“အဘွား၊ တစ်ပိဿာကို ၁.၅ ယွမ်ပဲ ပေးပါ”

လျိုယဲ့က လိမ္မော်သီးတစ်လုံးကို အခွံနွှာ၍ ကမ်းပေးလိုက်သည်။

“အဘွား မြည်းကြည့်ပါဦး”

လျိုယဲ့သည် ရိုက်ကူးရေးအဖွဲ့က ရွာသားများကို အရှုံးခံခိုင်းမည်မဟုတ်ကြောင်း ရိပ်မိသဖြင့် စျေးနှုန်းကို ဂရုမစိုက်တော့ဘဲ အရောင်းသွက်ရန်သာ အာရုံစိုက်လိုက်သည်။ သို့မှသာ သူတို့ ညစာ စားရမည်မဟုတ်ပါလား။

“ဒါဆို သုံးပိဿာလောက် ပေးပါဦး”

အဘွားအိုက တစ်မြွှာမြည်းကြည့်ပြီးနောက် အရသာကို သဘောကျကာ ဝယ်ယူသွားသည်။

လျိုယဲ့သည် လက်ထဲသို့ ရောက်လာသော ၄.၅ ယွမ်ကို ကြည့်ပြီး ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျချင်လာသည်။

ယခင်ကဆိုလျှင် ထိုမျှလောက်သော ငွေပမာဏကို သူမ မျက်စိထဲပင် ထည့်မည်မဟုတ်သော်လည်း ယခုမူ ထိုငွေကလေးကပင် သူမအတွက် အလွန်အရေးကြီးနေသည်။ ငွေပမာဏထက် အနည်းဆုံးတော့ ဆန်ဝယ်ရန် ငွေရရှိသွားပြီ ဖြစ်သည်။

“ဒီလောက်စျေးပေါပေါနဲ့ ရောင်းရလား၊ နင်စျေးကွက်အခြေအနေကို နားရောနားလည်ရဲ့လား”

ကျိုးစီစီက သူမ၏ မျက်နှာပွင့်လန်းမှုကို လုယူခံလိုက်ရသည်ဟု ထင်မှတ်ကာ မကျေမနပ် ရန်တွေ့တော့သည်။ သို့သော် လျိုယဲ့မှာမူ ဗိုက်ဆာခံရန် ဆန္ဒမရှိတော့ချေ။

“နင် သဘောမတူရင် ငါတို့ သုံးယောက် ခွဲရောင်းကြမလား”

ထိုစကားကြောင့် ကျိုးစီစီနှင့် လီထျန်တို့ မျက်နှာပျက်သွားကြသည်။

တစ်ဖက်တွင်မူ ကျိုးယိနှင့် ကျောက်လင်းကျန့်တို့ အဖွဲ့က မူလတန်းကျောင်းရှေ့တွင် စျေးဆိုင်ဖွင့်ထားသည်။ ကလေးလာကြိုသော မိဘအချို့က ဝယ်ယူသွားကြသဖြင့် သူတို့မှာ အတော်လေး ရောင်းကောင်းနေသည်။ နေဝင်ချိန်သို့ ရောက်သောအခါ အဖွဲ့နှစ်ဖွဲ့လုံး သတ်မှတ်ထားသော တာဝန်ကို အပြည့်အဝ မပြီးမြောက်ခဲ့ကြချေ။

ဝူလျန်သည် သူတို့ကို အလွန်အမင်း အခက်အခဲ မတွေ့စေလိုသဖြင့် သိမ်းဆည်းပြီး ပြန်လာရန် ခွင့်ပြုလိုက်သည်။ ကျိုးယိအဖွဲ့က ၂၈ ယွမ် ရရှိပြီး လျိုယဲ့အဖွဲ့ကမူ ၁၀ ယွမ်သာ ရရှိခဲ့သည်။

“အခုရတဲ့ ပိုက်ဆံနဲ့ ညစာအတွက် လိုတာဝယ်ကြပါ ညစာကိုတော့ ကိုယ်တိုင်ချက်စားရပါမယ်”

ကျိုးယိသည် ရရှိသောငွေဖြင့် ငါးတစ်ကောင်ကို ၁၂ ယွမ်ဖြင့် ဝယ်ယူကာ အိမ်သို့ ပြန်ခဲ့သည်။ လျိုယဲ့ကမူ ၁၀ ယွမ်ဖြင့် ဟင်းသီးဟင်းရွက်နှင့် ဆန်၊ ကြက်ဥ ဝယ်လိုသော်လည်း ကျိုးစီစီနှင့် လီထျန်တို့က ထိုငွေကို မည်သို့သုံးမည်ဟု ငြင်းခုန်နေကြသည်။

အရှုံးပေးလိုက်ရသော လျိုယဲ့မှာ စိတ်ပျက်စွာဖြင့်သာ တိတ်ဆိတ်နေတော့သည်။

လီထျန်က ၁၀ ယွမ်ထဲမှ ၅ ယွမ်ကို သုံး၍ မုန့်နှစ်ခု ဝယ်ခဲ့သည်။ လျိုယဲ့ မစားလျှင်လည်း သူတို့က ဝယ်ပေးမည်မဟုတ်ကြောင်း ပြောသောကြောင့် စိတ်နာနာဖြင့်သာ စားလိုက်ရသည်။ ကျန်ရှိသော ၅ ယွမ်ဖြင့် အသားဝယ်ရန် မလုံလောက်သဖြင့် ပဲပြားနှစ်တုံးနှင့် ဆန်အနည်းငယ်သာ ဝယ်နိုင်ခဲ့သည်။

ကျိုးယိအဖွဲ့မှာမူ ငါးဟင်းအပြင် ကျန်ရှိသော ၁၆ ယွမ်ဖြင့် ရွာထဲတွင် လှည့်လည်ကာ ဟင်းခတ်အမွှေးအကြိုင်များနှင့် ကြက်ဥတစ်အိတ်ကို စျေးပေါပေါဖြင့် ဝယ်နိုင်ခဲ့ကြသည်။

လျိုယဲ့သည် ကျိုးယိတို့အိမ်မှ ငါးဟင်းနံ့ကို ရသောအခါ မိမိရှေ့ရှိ ပဲပြားဟင်းရည်နှင့် ပဲပြားကြော်ကို ကြည့်ကာ ဒေါသထွက်လာတော့သည်။

“ဒါက ဘာအရသာမှလည်း မရှိဘူး၊ လူသုံးယောက် စားဖို့ကလည်း မလုံလောက်ဘူး တစ်နေ့လုံး ပင်ပန်းထားတာတောင် ဗိုက်ဝအောင် မစားရဘူးလား”

အခြားတစ်ဖက်တွင်မူ ကျောက်လင်းကျန့်၏ လက်ရာကောင်းမွန်မှုကြောင့် ကျိုးယိတို့မှာ အလွန်ကျေနပ်နေကြသည်။ တောရွာ၏ ကုန်စျေးနှုန်းမှာ အလွန်သက်သာလှသဖြင့် သူတို့တွင် စားစရာများ ပိုလျှံနေသေးသည်။

လျိုယဲ့သည် အားကိုးရာမဲ့စွာဖြင့် ဟင်းရည်ကို ငေးကြည့်နေမိသည်။ သူမသည် ဤလူမိုက်နှစ်ယောက်နှင့်အတူ ဆက်မနေလိုတော့ချေ။ ထိုစဉ် မင်ယွဲ့သည် လျိုယဲ့၏ သနားစဖွယ် အခြေအနေကို ကြည့်ကာ သက်ပြင်းချရင်း ယွမ်ပေါ့ကို အချက်ပြလိုက်သည်။

ယွမ်ပေါ့သည် လျိုယဲ့အနားသို့ လျင်မြန်စွာ ပြေးသွား၏။ ကျိုးစီစီက ယွမ်ပေါ့ကို ရိုက်ထုတ်ရန် ပြင်လိုက်သော်လည်း ယွမ်ပေါ့က သူမကို ဂရုမစိုက်ဘဲ အမဲသားခြောက်ထုပ်ကို ချပေးကာ ထွက်ခွာသွားသည်။

လျိုယဲ့သည် အမဲသားခြောက်ကို ကြည့်ရင်း မင်ယွဲ့ကို မျက်ရည်ဝဲလျက် လှမ်းကြည့်မိသည်။

မင်ယွဲ့က လျိုယဲ့ ကို အကြိမ်ကြိမ် ကူညီနေသည်ကို မြင်သောအခါ ကျိုးစီစီ၏ ရင်ထဲတွင် မနာလိုစိတ်နှင့် ယုတ်မာသော အကြံအစည်များ ပေါ်ပေါက်လာတော့သည်။

“မမမင်၊ ကျွန်မတို့က ဒီအစီအစဉ်မှာ ဧည့်သည်

အဖြစ် လာတာလေ မမ ဒီမှာ ရှိနေရတဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲဆိုတာ ပြောပြလို့ ရမလား”

တစ်နေ့လုံး ပြဿနာသာ ရှာနေသော ထိုမိန်းကလေးက မိမိကို ပစ်မှတ်ထားလာလိမ့်မည်ဟု မင်ယွဲ့ မထင်ထားခဲ့ပေ။ သူမက အေးစက်တည်ငြိမ်သော လေသံဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

“ငါက ရင်းနှီးမြှုပ်နှံသူတစ်ယောက်ပဲ၊ မင်းမှာ ငါ့ကို စစ်ဆေးမေးမြန်းပိုင်ခွင့် မရှိဘူး”

All Chapters