မည်သို့သော ပတ်သက်မှုမျိုးနည်း
Vol. 17 Ch. 169
"သူ့ကို ဆက်မမွေးချင်တော့ဘူးဆိုရင် အချိန်မရွေး ကျွန်မကို ဆက်သွယ်လိုက်နော်"
မင်ယွဲ့သည် ကားအပြင်ဘက်တွင် ရပ်လျက် လက်ဖြင့် ဖုန်းဆက်ရန် အချက်ပြရင်း ပြောလိုက်သည်။
"အင်း... ဒါနဲ့ ယွမ်ပေါ့က ဘာတွေစားလဲ၊ ကိုယ် အထူးသတိထားရမယ့် အချက်တွေရော ရှိလား"
မိုဟန်ကျီသည် ပထမဆုံးအကြိမ် အချစ်တော်တိရစ္ဆာန်လေးကို စောင့်ရှောက်ရမည် ဖြစ်သဖြင့် အနည်းငယ် စိုးထိတ်နေမိသည်။
ယွမ်ပေါ့၏ အမွှေးနုနုလေးများကို ပွတ်သပ်နေသော သူ၏ လက်ချောင်းများမှာပင် အနည်းငယ် တုန်ယင်နေ၏။
"စိတ်ပူမနေပါနဲ့၊ ယွမ်ပေါ့က မွေးရတာ သိပ်
လွယ်တယ်၊ ဘာကျွေးကျွေး စားတတ်တယ်"
သူ၏ တည်ကြည်လေးနက်လွန်းသော အမူအရာကို မြင်သောအခါ မင်ယွဲ့က သဘောကျစွာ ရယ်မောလိုက်သည်။
"ကျွန်မ သွားတော့မယ် ရှင်လည်း ခပ်ပြုံးပြုံးလေး နေဦးမှပေါ့၊ ပြုံးနေတဲ့အချိန်ဆို ရှင်က ပိုကြည့်ကောင်းတယ်"
ထွက်ခွာမသွားမီ သူမက နှုတ်ဆက်စကား ဆိုလိုက်သည်။ ထိုစကားကြောင့် မိုဟန်ကျီ၏ မျက်နှာတွင် အံ့အားသင့်မှုတို့ ဖြတ်သန်းသွားရသည်။
ငါက တကယ်ပဲ တည်တင်းလွန်းနေတာလား
မင်ယွဲ့ ထွက်ခွာသွားသည့် ကျောပြင်လေးကို ငေးကြည့်ရင်း မိုဟန်ကျီက မေးမြန်းလိုက်၏။
"မစ္စတာမို... ဟို... နည်းနည်းတော့ တည်ပါတယ်
ခင်ဗျာ"
လက်ထောက်လင်က အားနာနာဖြင့် ဖြေလိုက်သည်။ အမှန်စင်စစ် "နည်းနည်း" မကဘဲ အလွန်အမင်း ခက်ထန်လှခြင်း ဖြစ်၏။ မစ္စမင်၏ ရှေ့တွင်မို့သာ ဥက္ကဋ္ဌမိုသည် ဤမျှအထိ နူးညံ့နေခြင်း ဖြစ်သည်။
"ဒါဆိုရင် ကိုယ် တကယ်ပဲ ပိုပြုံးသင့်တာပေါ့"
လက်ထောက်လင်မှာ စိတ်ထဲမှ သာဓုခေါ်နေမိသည်။
သူဌေး၏ ချောမောသော ရုပ်ရည်ကို ပြုံးရယ်
ခြင်း မရှိဘဲ ဖြုန်းတီးနေသည်မှာ နှမြောစရာပင်။
မစ္စမင်၏ စကားတစ်ခွန်းက သူဌေးအပေါ် မည်မျှ သက်ရောက်မှု ရှိသည်ကို သိသာလှသည်။
"အချစ်တော် တိရစ္ဆာန်ဆိုင်ကို မောင်းပါ"
ဥက္ကဋ္ဌမို၏ အမိန့်ကြောင့် လက်ထောက်လင်သည် ကားကို အလျင်အမြန်ပင် ဆိုင်ဘက်သို့ ဦးတည်လိုက်တော့သည်။
ယွမ်ပေါ့သည် အိပ်ရာမှ နိုးလာသောအခါ မိမိကိုယ်ကိုယ် မြင့်မားသော နေရာတစ်ခုတွင် ရောက်ရှိနေကြောင်း သိလိုက်ရသည်။
ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မိုဟန်ကျီ၏ တန်ဖိုးကြီး ဝတ်စုံကိုသာ မြင်ရသဖြင့် သူ၏ ရင်ခွင်ထဲသို့ ရောက်နေကြောင်း သဘောပေါက်သွားသည်။
မိုဟန်ကျီသည်လည်း ရင်ခွင်ထဲမှ လှုပ်ရှားမှုကို သတိပြုမိကာ ငုံ့ကြည့်ပြီး ယွမ်ပေါ့၏ ခေါင်းလုံးလုံးလေးကို သာသာယာယာ ပွတ်သပ်
ပေးလိုက်သည်။
"လူကြီးမင်း... ဘာများ လိုအပ်ပါသလဲ"
ဆိုင်ဝန်ထမ်း မိန်းကလေးက ချက်ချင်းပင် လာရောက် နှုတ်ဆက်သည်။
မိုဟန်ကျီသည်လည်း မည်သည့်ပစ္စည်းများ ဝယ်ရမည်ကို မသိသော်လည်း မင်ယွဲ့က ယုံကြည်စိတ်ချစွာ အပ်နှံခဲ့သဖြင့် အကောင်းဆုံး ပြင်ဆင်ပေးလိုသော ဆန္ဒ ပြင်းပြနေသည်။
လက်ထောက်လင်မှာမူ ဘာမှလုပ်စရာ မရှိဘဲ အနောက်မှ အရုပ်တစ်ရုပ်ကဲ့သို့သာ လိုက်ပါနေရတော့သည်။
"အခုပြောတဲ့ ပစ္စည်းအားလုံးကို ဝယ်မယ်၊ ပြီးတော့ ဒီလိပ်စာအတိုင်း ပို့ပေးပါ"
မိုဟန်ကျီက လိပ်စာကတ်ကို ကမ်းပေးလိုက်သည်။ ဆိုင်ဝန်ထမ်းများမှာ မယုံနိုင်လောက်အောင်ပင် စိတ်လှုပ်ရှားသွားကြသည်။ သူတို့သည် တစ်ခါမျှ မကြုံဖူးသော ရက်ရောမှုမျိုးကို မြင်တွေ့လိုက်ရခြင်း ဖြစ်၏။
ထိုသူသည် တိရစ္ဆာန်လေးအတွက် ယွမ် ၃ သိန်းခန့် တန်ဖိုးရှိသော ပစ္စည်းများကို တစ်ထိုင်တည်း ဝယ်ယူသွားခြင်း ဖြစ်သည်။
မိုဟန်ကျီသည် နေအိမ်သို့ ပြန်ရောက်သောအခါ အဘွားဖြစ်သူက စောင့်ကြိုနေသည်။
"နေ့လယ် ၂ နာရီမှာ ဆိုက်မယ်ဆိုပြီး ဘာလို့ အခုမှ ပြန်ရောက်တာလဲ"
အဘွားမိုက မေးမြန်းရင်း မီးဖိုချောင်မှ အစားအသောက်များကို ပြင်ဆင်ခိုင်းလိုက်သည်။ ထိုစဉ် မြေးဖြစ်သူ၏ လက်ထဲမှ အကောင်လေးကို သတိပြုမိသွား၏။
"မင်း... အကောင်လေး မွေးထားတာလား"
တည်ငြိမ်လွန်းသော မြေးဖြစ်သူ၏ ပုံစံနှင့် အချစ်တော်တိရစ္ဆာန် မွေးမြူခြင်းမှာ လုံးဝပင် မလိုက်ဖက်သယောင် ရှိသည်။
"ဒါက သူငယ်ချင်းတစ်ယောက်ရဲ့ အကောင်လေးပါ၊ ခဏ စောင့်ရှောက်ပေးဖို့ အပ်ထားတာ ဆိုင်
ဝင်နေလို့ နည်းနည်း နောက်ကျသွားတာပါ"
မိုဟန်ကျီက ထိုင်လိုက်ရင်း ယွမ်ပေါ့ကို ပေါင်ပေါ်တွင် သဘာဝကျကျ တင်ထားလိုက်သည်။ အဘွားမိုမှာ သူမ၏ တိကျလွန်းသော မြေးဖြစ်သူ၏ ထူးခြားသော အပြုအမူကို ကြည့်ကာ အံ့အားသင့်နေမိသည်။
"ကျိကျိ... ပြန်ရောက်ပြီလား"
ထိုခေါ်သံကြောင့် မိုဟန်ကျီ မျက်မှောင်ကြုတ်သွားသည်။
“မေမေ... ကျွန်တော့်ကို အဲဒီနာမည်နဲ့ မခေါ်ပါနဲ့လို့ ပြောထားတယ်လေ"
ဟု သက်ပြင်းချရင်း ဆိုလိုက်သည်။
ထိုအမည်မှာ သူငယ်ချင်းများ ရှေ့တွင် သူ့ကို အရှက်ရစေသော အမည်ပြောင် ဖြစ်သည်။
"သူက ငယ်ငယ်တုန်းက ချစ်ဖို့ကောင်းသလောက် အခုကျတော့ အရာရှိကြီးတစ်ယောက်လို အမြဲ တည်တင်းနေတာပဲ"
ဟု မိုမိခင်က ညည်းတွားလိုက်သည်။ မိုဖခင်ကမူ သူမ၏ ပခုံးကို အသာအယာ ပုတ်လျက် နှစ်သိမ့်ပေးနေ၏။
"ဟော... မင်းပေါင်ပေါ်က အကောင်လေးက ဘာလဲ၊ ပန်ဒါလေးလား"
ထိုစကားကြောင့် ယွမ်ပေါ့က ခေါင်းလေးကို မော့ကာ မိုဟန်ကျီ၏ ရင်ခွင်ထဲမှ ထွက်၍ ကြည့်လိုက်သည်။
"ပန်ဒါ..”
မိုမိခင်၏ မျက်ဝန်းများ ဝိုင်းစက်သွားကာ အနားသို့ အပြေးလာသည်။
“အို... ငါ့သားက ပန်ဒါတောင် မွေးနိုင်နေပြီလား၊ တကယ်ပဲ တော်လိုက်တာ"
ဟု ချီးကျူးလေတော့သည်။
"မိန်းမရယ်... ဒါက ဖြစ်နိုင်ပါ့မလား"
ဟု မိုဖခင်က ခပ်အုပ်အုပ် ပြောလိုက်မှသာ မိုမိခင်က သူမ အထင်မှားသွားကြောင်း သိလိုက်ရသည်။
သို့သော်လည်း ပန်ဒါကို ချစ်မြတ်နိုးသော သူမအတွက် ယွမ်ပေါ့က အစားထိုးစရာ အလှလေး ဖြစ်နေသည်။
"အား... ယွမ်ပေါ့! အစ်ကိုကြီး... ဘာလို့ ယွမ်ပေါ့ကို ခေါ်လာတာလဲ"
ဆံပင်နှစ်ဖက် ထုံးထားသော မိန်းကလေးငယ်လေး (မိုယွဲ့) သည် မီးရှူးမီးပန်းလေးကဲ့သို့ ပြေးဝင်လာသည်။
"ဖြည်းဖြည်းလာပါ သမီးရယ်"
ဟု အနောက်မှ လိုက်လာသော အမျိုးသမီးက သတိပေးသည်။
"အစ်ကို... ဒါ မင်ယွဲ့မမရဲ့ ရွှေတုံးလေး မဟုတ်လား အစ်ကိုက မမနဲ့ သိနေတာပေါ့၊ ကျွန်မအတွက် မမဆီက လက်မှတ်လေး တောင်းပေးပါဦးနော်"
မိုဟန်ကျီ ဘာမှ မပြောရသေးခင်မှာပင် မိုယွဲ့က တတွတ်တွတ် မေးခွန်းထုတ်နေတော့သည်။ မိုမိခင်သည် တစ်ခုခု ထူးခြားနေပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။
"ရှောင်ယွဲ့... သမီးပြောတဲ့ မင်ယွဲ့ဆိုတာ ဘယ်သူလဲ မင်းအစ်ကိုနဲ့ ဘယ်လို ပတ်သက်တာလဲ"
နှစ်ပေါင်းများစွာအတွင်း သားဖြစ်သူ၏ ဘဝထဲတွင် အမျိုးသမီးတစ်ဦး၏ အမည်ကို ပထမဆုံးအကြိမ် ကြားရခြင်း ဖြစ်သည်။
"မင်ယွဲ့မမက အရမ်းလှတာ၊ ပြီးတော့ ပေကျင်းတက္ကသိုလ်က ကျောင်းသူလေ သမီးလည်း အဲဒီကျောင်းကိုပဲ တက်ချင်တာ"
မိုယွဲ့က ဂုဏ်ယူစွာ ပြောပြနေသည်။
မိုမိခင်သည် ထိုမိန်းကလေးမှာ သားဖြစ်သူ၏ အချစ်တော်တိရစ္ဆာန်ကိုပင် စောင့်ရှောက်ပေးရသည်အထိ ရင်းနှီးနေကြောင်း သိလိုက်ရသောအခါ သူတို့ကြားတွင် ပတ်သက်မှုတစ်ခု ရှိနေပြီဟု တွေးတောမိသည်။
"ဟန်ကျီ... မင်းနဲ့ အဲဒီ မစ္စမင်ယွဲ့နဲ့က ဘယ်လို ပတ်သက်မှုမျိုးလဲ"
မိုမိခင်၏ မေးခွန်းကြောင့် လူတိုင်း၏ အကြည့်များက မိုဟန်ကျီထံသို့ ရောက်ရှိသွားသည်။
"လောလောဆယ်တော့ ဘာမှ မဟုတ်သေးပါဘူး"
မိုဟန်ကျီ၏ အသံတွင် အနည်းငယ် စိတ်မကောင်းဖြစ်ဟန် ပါဝင်နေသည်။
သူသည် မိန်းကလေးများနှင့် ဆက်ဆံရာတွင် မကျွမ်းကျင်သဖြင့် သူတို့နှစ်ဦးကြား တိုးတက်မှုက သိပ်မရှိသေးပေ။
"လောလောဆယ် ဘာမှ မဟုတ်သေးဘူးဆိုတာက... ရှေ့ဆက်ပြီး ပတ်သက်ချင်တယ်လို့ ဆိုလိုတာလား။ ချစ်သူအဖြစ်လား ဒါမှမဟုတ် ဇနီးမယားအဖြစ်လား"
အတွေ့အကြုံရှိသော မိုမိခင်၏ မေးခွန်းက ထိမှန်လွန်းလှသည်။
မိုဟန်ကျီက တည်ငြိမ်သော မျက်ဝန်းများဖြင့်
"နှစ်ခုလုံးပါ"
ဟု ဖြေလိုက်သည်။
သူသည် အရင်ဆုံး ချစ်သူအဖြစ်၊ ထို့နောက် ဇနီးမယားအဖြစ် သူမနှင့်အတူ ရှိနေလိုခြင်း ဖြစ်၏။ သူသည် မင်ယွဲ့၏ ဆွဲဆောင်မှုအောက်တွင် လုံးဝ ကျရှုံးနေပြီ ဖြစ်သည်။
"ဒါဆိုရင်လည်း လွယ်တာပဲ၊ လိုက်လေ”
မိုမိခင်က လက်ခုပ်တီးကာ အားပေးသည်။
ထို့နောက် မိုယွဲ့အား မင်ယွဲ့အကြောင်း အသေးစိတ် မေးမြန်းတော့သည်။
"မမက သီချင်းလည်း ရေးတတ်တယ်၊ တေးသံလည်း ပြင်တတ်တယ်၊ ပြီးတော့ ပေကျင်းတက္ကသိုလ်က ပါရမီရှင်မလေးပဲ ယွမ်ပေါ့က မမရဲ့ အချစ်တော်လေ"
မိုမိခင်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် သားဖြစ်သူ၏ အမြင်ကို ချီးကျူးနေမိသည်။
“ကဲ... အားလုံး အတူတူ အစီအစဉ်ကို ကြည့်ကြရအောင်"
မိုဟန်ကျီမှာမူ ထိုအစီအစဉ်ကို ရင်ဆိုင်ရန် အနည်းငယ် တွန့်ဆုတ်နေမိသည်။
အထူးသဖြင့် နောက်ဆုံးနေ့၏ ရိုက်ကူးချက်များကို လူကြီးများ မမြင်စေလိုပေ။ သို့သော်လည်း မိုယွဲ့က ချက်ချင်းပင် အပိုင်းသစ်ကို ဖွင့်လိုက်
တော့သည်။
"ဒီမိန်းကလေးက တကယ် လှတာပဲ ဟန်ကျီ မျက်စိစူးတာပဲ"
ဟု အဒေါ်ဖြစ်သူက ချီးကျူးသည်။
"သူက စိတ်ထားလည်း ကောင်းပုံရတယ်၊ သမီးကောင်းလေးပဲ"
ဟု အဘွားမိုကလည်း ကရုဏာသက်စွာ ဆိုသည်။
မိုမိခင်မှာမူ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်
"ငါ့အခန်းထဲက ဓာတ်ပုံဘောင်ကို သွားယူပေးစမ်း"
ဟု ထူးဆန်းစွာ အမိန့်ပေးလိုက်တော့သည်။