← Chapters

ဟော... လေယာဉ်ပျံကြီး

Vol. 17 Ch. 166

ဟော... လေယာဉ်ပျံကြီး

Vol. 17 Ch. 166

မင်ယွဲ့သည် ဓာတ်ပုံအချို့ ရိုက်ကူးပြီးနောက် ပြန်လာခဲ့သည်။

ဒါရိုက်တာ ဝူလျန်မှာမူ သူမ၏ ဝက်ဘ်စာမျက်နှာ ပြုပြင်မွမ်းမံမှု အပြီးသတ်မည်ကို အနားတွင် ရိုသေစွာ ထိုင်စောင့်နေ၏။

အဆင့်မြင့် ကွန်ပျူတာ နည်းပညာရပ်များကိုပင် ကျွမ်းကျင်ပိုင်နိုင်ထားသော မင်ယွဲ့အတွက်မူ ဤမျှလောက်သော လုပ်ဆောင်ချက်များမှာ အပျော်တမ်း ကစားစရာမျှသာ ဖြစ်သည်။

သူမ၏ သွယ်လျသော လက်ချောင်းများသည် ကီးဘုတ်ပေါ်တွင် ကခုန်သွားကြပြီး ဓာတ်ပုံများကို အနုစိတ် ပြင်ဆင်ကာ ဝက်ဘ်စာမျက်နှာကို ပိုမိုပြည့်စုံ သပ္ပာယ်သွားစေသည်။

# မေတ္တာကို ရှာဖွေစို့၊ မေတ္တာကို ဝေမျှစို့#

မင်ယွဲ့သည် ရှည်လျားလှသော ဟောပြောချက်များကို မရေးသားခဲ့ချေ။ သူမသည် ယွမ်ပေါ့ကျေးရွာ၏ အခြေအနေနှင့် လိုအပ်ချက်များကိုသာ တိကျစွာ မိတ်ဆက်ပေးခဲ့သည်။

အွန်လိုင်းအသုံးပြုသူများက မင်ယွဲ့ ပရဟိတဖောင်ဒေးရှင်း၏ ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုကြသောအခါ ယွမ်ပေါ့ကျေးရွာအတွက် သီးသန့်ကဏ္ဍတစ်ခုကို ပညာရေးနှင့် နေ့စဉ်ဘဝဟူ၍ ခွဲခြားကာ လျင်မြန်စွာ ဖန်တီးထားသည်ကို တွေ့ရသဖြင့် ဖောင်ဒေးရှင်း၏ လုပ်နိုင်စွမ်းအပေါ် အံ့သြချီးကျူးမိကြသည်။

ဖောင်ဒေးရှင်းမှ ဝန်ထမ်းများပင်လျှင် မိမိတို့ ဝက်ဘ်ဆိုဒ်၏ လုံခြုံရေးစနစ်နှင့် အခင်းအကျင်းများမှာ ရုတ်တရက် အဆင့်မြင့်သွားသည်ကို တွေ့ရသဖြင့် အံ့အားသင့်နေကြသည်။

ရွှီခယ်က ဝန်ထမ်းများအား ဖုန်းဆက်၍ -

“အားလုံး စိတ်အေးအေးထားကြပါ ဒါဟာ အကြီးအကဲကိုယ်တိုင် ဝက်ဘ်ဆိုဒ်ကို အဆင့်

မြှင့်တင်လိုက်တာပဲ သူဌေးရဲ့ စွမ်းဆောင်ရည်ကို မင်းတို့အားလုံး အတုယူထားကြစမ်း”

ဟု ညွှန်ကြားလိုက်သည်။

အလှူငွေများမှာ အရှိန်အဟုန်ဖြင့် စီးဝင်လာပြီး ဖောင်ဒေးရှင်းကလည်း ငွေစာရင်း တစ်ပြားတစ်ချပ်မကျန် ပွင့်လင်းမြင်သာစွာ ဖော်ပြပေးခဲ့သည်။

ထိုသတင်းကို ကြားရသောအခါ ရွာလူကြီးမှာ ကျေးဇူးတင်လွန်းသဖြင့် ရွာလုံးကျွတ် အစည်းအဝေး ခေါ်ယူလိုက်တော့သည်။

သူတို့သည် ရိုက်ကူးရေးအဖွဲ့သား အားလုံးကို ဖိတ်ကြားကာ ရွာသူရွာသားများ စုပေါင်းချက်ပြုတ်ထားသော ကျေးလက်ဟင်းလျာများဖြင့် စည်ကားသိုက်မြိုက်စွာ ဧည့်ခံကြသည်။

ကျိုးယိနှင့် အဖွဲ့သားများမှာ မြိန်ယှက်စွာ စားသောက်နေကြသော်လည်း လီထျန်မှာမူ ငွေသိန်းချီ လှူဒါန်းလိုက်ရသည်ကို နှမြောတသဖြစ်ကာ စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲနေဆဲပင်။

“မမမင်၊ ရွာက ကလေးတွေကိုယ်စား တကယ်ပဲ ကျေးဇူးတင်ပါတယ်”

ရွာလူကြီးသည် မျက်ရည်များ ဝဲလျက် မင်ယွဲ့ကို အလေးအနက် အရိုအသေပြုသည်။

မင်ယွဲ့က ချက်ချင်းပင် သူ့ကို ထိန်းမလိုက်ပြီး

“ရွာလူကြီးကလည်း အားနာစရာကြီးရှင်”

ဟု ယဉ်ကျေးစွာ ဆိုလိုက်သည်။

ယွမ်ပေါ့သည် မင်ယွဲ့၏ ရင်ခွင်ထဲတွင် လဲလျောင်းကာ မွှေးကြိုင်လှသော ကြက်စွပ်ပြုတ်နံ့ကြောင့် နှာခေါင်းကလေး တရှုံ့ရှုံ့လုပ်၍ သွားရည်ကျနေတော့သည်။

ရိုက်ကူးရေး၏ နောက်ဆုံးနေ့သို့ ရောက်ရှိလာသောအခါ အားလုံးမှာ သံယောဇဉ်တွယ်ကာ ခွဲခွာရန် ဝန်လေးနေကြသည်။ ဤရွာကလေးတွင် သူတို့ ဝက်စာကျွေးခဲ့ကြသည်၊ သစ်ပင်တက်ခဲ့ကြသည်၊ ထင်းခုတ်ခဲ့ကြသည်။

အရေးအကြီးဆုံးမှာ ဆင်းရဲနွမ်းပါးလှသော ဤအရပ်ဒေသသို့ မျှော်လင့်ချက် အလင်းတန်းကို ဆောင်ကြဉ်းပေးနိုင်ခဲ့ခြင်းပင်။

“ဟော... ဟိုမှာကြည့်၊ လေယာဉ်ပျံကြီး”

ကလေးငယ်တစ်ဦး၏ အော်သံကြောင့် အားလုံး အပေါ်သို့ မော့ကြည့်လိုက်ကြသည်။

မင်ယွဲ့ မော့ကြည့်လိုက်သောအခါ တကယ်ပင် ဟယ်လီကော်ပတာတစ်စီးမှာ ကျယ်လောင်သော အင်ဂျင်သံနှင့်အတူ တဖြည်းဖြည်း နီးကပ်လာနေသည်ကို မြင်လိုက်ရသည်။

လူတိုင်းက မင်ယွဲ့ကို ဝိုင်းကြည့်ကြ၏။ မင်ယွဲ့ကမူ

“ဒါ... ဒါကတော့ ကျွန်မလည်း မသိဘူးရှင်”

ဟု အံ့သြစွာ ဆိုလိုက်သည်။

ဟယ်လီကော်ပတာမှာ ဖြည်းညှင်းစွာ နိမ့်ဆင်းလာပြီး လှေကားတစ်ခု လျှောကျလာသည်။

ထိုလှေကားပေါ်မှ ပထမဆုံး ဆင်းလာသူမှာ မင်ယွဲ့ မသိသောသူ ဖြစ်သော်လည်း ဒုတိယတစ်ဦးမှာမူ သူမ အလွန်ရင်းနှီးသောသူ ဖြစ်

နေသည်။

နောက်ဆုံးတွင် စမတ်ကျလှသော ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် လှေကားပေါ်မှ အသာအယာ ခုန်ဆင်းလိုက်သည်။ သူသည် ဝတ်စုံပေါ်မှ ဖုန်မှုန့်အချို့ကို ခါထုတ်လိုက်ပြီး မင်ယွဲ့ထံသို့ စူးစိုက်ကြည့်ကာ လျှောက်လှမ်းလာသည်။

“ဟန်ကျီ”

မင်ယွဲ့မှာ အံ့အားသင့်လွန်းသဖြင့် အာမေဍိတ်သံ ထွက်သွားသည်။ လင်ကျင်း ရောက်လာသည်မှာ ထူးဆန်းနေပြီဟု ထင်မှတ်ထားသော်လည်း မိုဟန်ကျီကိုယ်တိုင် ရောက်လာလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။

“မတွေ့ရတာ ကြာပြီနော်၊ ယွဲ့ယွဲ့”

မိုဟန်ကျီသည် သူမ၏ အရှေ့တွင် ရပ်တန့်

လိုက်ပြီး နွေးထွေးသော အကြည့်များဖြင့် လက်

နှစ်ဖက်ကို ဖွင့်ဟကာ ကြိုဆိုလိုက်သည်။

မင်ယွဲ့သည် ‘ယွဲ့ယွဲ့’ ဟူသော ခေါ်ဝေါ်မှုကြောင့် အနည်းငယ် အံ့သြသွားသော်လည်း ငြင်းဆန်ခြင်း မပြုဘဲ ပြုံးလျက် ပြန်လည် ဖက်လဲတကင်း နှုတ်ဆက်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော ပရိသတ်များမှာလည်း ရူးသွပ်မတတ် ဖြစ်သွားကြတော့သည်။

“အား... ရူးတော့မှာပဲ တကယ့်ကို လိုက်ဖက်တဲ့ အလှနတ်ဘုရားနဲ့ နတ်သမီးလေးပဲ ဒါ ရှင်ယောင်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ မဟုတ်လား”

“ယန်ကျင်းရဲ့ နံပါတ်တစ် လူပျိုကြီးပဲ ငါ့အိပ်မက်ထဲက ချစ်သူကြီးက ရိုက်ကူးရေးထဲကို ဒီလို ပေါ်တင်ကြီး ဝင်လာတာလား”

ဒါရိုက်တာ ဝူလျန်မှာမူ ကံကောင်းခြင်းနတ်မင်းကြီး မစလေသလားဟု ထင်မှတ်ရလောက်အောင်ပင် ထိတ်လန့်ဝမ်းသာ ဖြစ်နေမိသည်။

ကျန်းမင်းကမူ မိုဟန်ကျီကဲ့သို့သော ဩဇာရှိသူတစ်ဦးက မင်ယွဲ့ကို ကာကွယ်ပေးထားမည်ဆိုလျှင် အနုပညာလောက၏ လှိုင်းတံပိုးများကြားတွင် သူမ လုံခြုံလိမ့်မည်ဟု တွေးကာ ကျေနပ်နေတော့သည်။

တစ်ဖက်တွင်မူ ကျိုးစီစီ၏ ဘဝမှာ ပျက်သုဉ်းသွားခဲ့ပြီဖြစ်သည်။ သူမသည် ငွေရှင်ကြီးတစ်ဦးနှင့် ပတ်သက်မှုရှိပြီး ထိုသူ၏ ရည်းစားကို ကိုယ်ဝန်ပျက်ကျအောင် လုပ်ဆောင်ခဲ့သည်ဟူသော သတင်းဆိုးများမှာ တဟုန်ထိုး ပျံ့နှံ့သွားတော့သည်။

မင်ယွဲ့ကို တိုက်ခိုက်ရန် လူငှားခဲ့သော သူမ၏ လုပ်ရပ်မှာ မိုဟန်ကျီ၏ အမျက်ဒေါသကို နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီ။

“အားလုံး ပြီးသွားပြီ... ငါတော့ ဘဝပျက်ပြီ”

ဟု ကျိုးစီစီက ရှိုက်ကြီးတငင် ငိုကြွေးနေသော်လည်း သူမကို ကူညီမည့်သူ တစ်ဦးမျှ မရှိတော့ချေ။

ဟယ်လီကော်ပတာမှာ ချက်ချင်း ပြန်မထွက်သွားသေးဘဲ လက်ထောက်လင်က ရွာသားများအား ဘေးကင်းရာသို့ ရွှေ့ခိုင်းလိုက်သည်။

မိမိ၏ သူဌေးမှာ မမမင်နှင့် စကားပြောရန် အချိန်ယူနေချိန်တွင် သူသည်လည်း အဆင်သင့် ပါလာသော ထောက်ပံ့ရေးပစ္စည်း အိတ်ကြီးများကို ကောင်းကင်ပေါ်မှ ဖြည်းညှင်းစွာ ချပေးလိုက်တော့သည်။

All Chapters