လူကြီးတွေ အိမ်မှာရှိပါသလား
Vol. 18 Ch. 178
"ယွဲ့ယွဲ့... သမီးကတော့ တကယ်ကို အံ့ဩဖို့ကောင်းတဲ့ ကလေးမလေးပဲ"
ဆရာကတော်သည် ဝတ်စုံ၏ လက်ရာကိုကြည့်ကာ မဆုံးနိုင်သော ချီးမွမ်းစကားများဖြင့် ဝမ်းသာအားရ ဆိုရှာသည်။
ဆရာကြီးပိုင်သည်လည်း ဝတ်စုံ၏ အချိုးအစားနှင့် ဒီဇိုင်းမှာ ကျွမ်းကျင်သော ပညာရှင်ကြီးတစ်ဦး၏ လက်ရာနှင့်မခြား သပ်ရပ်လှပနေသည်ကို တွေ့ရသဖြင့် မှင်သက်လျက် ရှိနေတော့သည်။
"စီနီယာအစ်ကို... ဝတ်ကြည့်ပါဦး"
မင်ယွဲ့က ပြုံးလျက် တိုက်တွန်းလိုက်သည်။
ပိုင်ကျင်းသည်လည်း ထိုဝတ်စုံကို အလွန်ပင် စိတ်ဝင်တစား ရှိနေသည်ဖြစ်ရာ အိပ်ခန်းအတွင်းသို့ဝင်၍ လဲလှယ်လိုက်သည်။
ခဏအကြာတွင် အခန်းထဲသို့ ပြန်လည်ထွက်ခွာလာသော ပိုင်ကျင်း၏ အသွင်အပြင်မှာ ရုတ်
ချည်းပင် ပြောင်းလဲသွားခဲ့သည်။
လေယူလေသိမ်း တည်ငြိမ်အေးဆေးသည့် ပညာရှိသခင်လေးတစ်ဦးအလား ခန့်ညားထည်ဝါနေပြီး သူ၏ ဆံပင်ရှည်များမှာလည်း ရှေးဟောင်းဝတ်စုံနှင့် အလွန်ပင် လိုက်ဖက်ညီလှသည်။
"စီနီယာအစ်ကို... ဒီဘက်ကို ခဏလာပါဦး၊ ကျွန်မ ဆံထိုး ထိုးပေးမယ်"
မင်ယွဲ့က လက်ယပ်ခေါ်လိုက်ရာ ပိုင်ကျင်းက အလိုက်သင့်ပင် အနားသို့ တိုးကပ်လာသည်။
မင်ယွဲ့သည် ကျောက်စိမ်းဖြူဆံထိုးလေးကို အသာအယာ ဆွဲယူ၍ သူ၏ ဆံနွယ်များကို စနစ်တကျ ထုံးဖွဲ့ပေးလိုက်သည်။
"တကယ့်ကို ထူးခြားသွားတာပဲ"
ဆရာကတော်က လက်ခုပ်တီးကာ အားပေးသည်။
ဆရာကြီးသည်လည်း ကျေနပ်စွာ ခေါင်းညိတ်ပြလေသည်။
"ဆရာကတော်... ကျွန်မ အားတဲ့အခါကျရင် ဆရာကတော်အတွက်လည်း ရိုးရာဝတ်စုံလေး တစ်စုံလောက် ချုပ်ပေးပါဦးမယ်"
ဟု မင်ယွဲ့က ကတိပေးလိုက်ရာ ဆရာကတော်ကလည်း ဝမ်းသာအားရ စောင့်စားနေမည်
ဖြစ်ကြောင်း ပြောဆိုလေသည်။
နေအိမ်သို့ ပြန်ရောက်ပြီးနောက် စီနီယာအစ်ကို ကျောက်လင်းကျန့်ထံမှ ဖုန်းဝင်လာသည်။
"ညီမလေး... ငါတို့ရဲ့ သုတေသနစာတမ်း ပုံနှိပ်
ထုတ်ဝေခြင်း ခံရပြီဟေ့"
ကျောက်လင်းကျန့်၏ အသံမှာ ဖုန်းထဲမှပင် ခုန်ပေါက်နေမတတ် စိတ်လှုပ်ရှားမှုများ ပြည့်
နှက်နေသည်။
သို့သော် မင်ယွဲ့ကမူ အေးဆေးတည်ငြိမ်စွာပင်
"ဒါက တကယ်ကို ဂုဏ်ယူစရာပဲနော်"
ဟု ပြန်လည် တုံ့ပြန်လိုက်သည်။
"ညီမလေးမင်ယွဲ့... မင်းက ဘာလို့ ဒီလောက်တောင် တည်ငြိမ်နေရတာလဲ နည်းနည်းလောက်တောင် စိတ်မလှုပ်ရှားဘူးလား"
စီနီယာကျောက်က မင်ယွဲ့၏ တုံ့ပြန်မှုကို အားမလိုအားမရ ဖြစ်နေပုံရသည်။
"ဝါး... ကျွန်မတို့ တကယ်တော်တာပဲ ကျွန်မတို့ အဖွဲ့က အရမ်း အစွမ်းထက်တာပဲနော် စာမူက တကယ်ပဲ လက်ခံပြီး ပုံနှိပ်ထုတ်ဝေခြင်း ခံရတာပေါ့”
မင်ယွဲ့က ဟန်ဆောင်ပန်ဆောင် အသံကို မြှင့်၍ ပြောလိုက်ရာ စီနီယာကျောက်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားပြီး
“တော်ပြီ... တော်ပြီ၊ ဟန်မဆောင်ပါနဲ့တော့"
ဟု ဆိုကာ စနောက်ကြလေသည်။
ထိုနေ့ညနေတွင် အောင်ပွဲခံသည့်အနေဖြင့် နေ့လယ်စာ အတူတူစားရန် ချိန်းဆိုခဲ့ကြသည်။
အားလပ်ရက်ဖြစ်သော်လည်း မင်ယွဲ့မှာ အနားမယူနိုင်သေးပေ။ ဆရာကြီး၏ အကြံပြုချက်အတိုင်း သူမ၏ တေးသံစဉ်များကို ပိုမိုပြည့်စုံစေရန် ပြင်ဆင်နေစဉ်တွင် ဒါရိုက်တာ ဝူလျန်၏ ဖျော်ဖြေရေးအစီအစဉ် ဒုတိယပိုင်း ထုတ်လွှင့်
ချိန်သို့ ရောက်ရှိလာသည်။
ထိုစဉ် ယွမ်ပေါ့သည် သူမအနားသို့ ရောက်လာပြီး လည်ပင်းတွင် ဆွဲထားသော ဖုန်းကို ထုတ်ကာ အစားအသောက်များကို အစီအရီ မှာယူတော့သည်။
ကြက်သားဆီပြန်ထမင်း၊ ပုစွန်ဟင်း၊ စတိတ်နှင့် နွားနို့လက်ဖက်ရည် စသည်ဖြင့် ဆိုင်အများအပြားမှ မှာယူလိုက်သည်။
ဆိုင်ရှင်မှာ အော်ဒါအမြောက်အမြားကို မြင်သောအခါ ဝမ်းသာသွားသော်လည်း စိတ်ချရစေရန် ဖုန်းဆက်၍ အတည်ပြုသည်။
"ဟဲလို... ဘာကိစ္စလဲ"
ယွမ်ပေါ့၏ ကလေးသံလေးက ဖုန်းထဲမှ ထွက်ပေါ်သွားသည်။
ဆိုင်ဝန်ထမ်းမှာ ကလေးတစ်ယောက်မှ မှာယူခြင်း
ဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်ပျက်သွားကာ
"ကလေးလေး... ဒါကို မင်းမှာတာလား"
ဟု မေးမြန်းသည်။
"ဟုတ်တယ်၊ မြန်မြန်လုပ်ပေး၊ ဗိုက်ဆာနေပြီ"
ယွမ်ပေါ့က ဇွတ်အတင်း ခိုင်းစေတော့သည်။
"အဲဒါ... အိမ်မှာ လူကြီးတွေရှိလား"
ဆိုင်ဝန်ထမ်းက စိုးရိမ်တကြီး မေးမြန်းရှာသည်။
ယခင်က ကလေးများ အမှာမှားခြင်းကြောင့် မိဘများက ပြဿနာရှာခဲ့ဖူးသဖြင့် သူတို့မှာ သတိထားနေရခြင်းဖြစ်သည်။
"ရှိတယ်”
ယွမ်ပေါ့က Tablet ကို အာရုံစိုက်နေသော မင်ယွဲ့ကို တစ်ချက်ကြည့်ကာ ဖြေလိုက်ပြီး ဖုန်းကို မင်ယွဲ့ထံ ကမ်းပေးလိုက်သည်။
"ဟဲလို..."
မင်ယွဲ့၏ ယဉ်ကျေးသိမ်မွေ့သော အသံလေး ထွက်ပေါ်သွားသည်။
"ဟဲလို... အခု မှာယူထားတဲ့ အော်ဒါက ယွမ်
တစ်ထောင်ဖိုးလောက် ရှိနေလို့ပါ ကလေးက မှားမှာမိတာလားလို့ သိချင်လို့ပါ"
"ကျွန်မ သိပါတယ်၊ အဆင်သင့်ဖြစ်ရင် ပို့ပေးလိုက်ပါရှင်"
မင်ယွဲ့က အေးဆေးစွာပင် ပြန်ပြောလိုက်သည်။
"သိတယ်... ဟုတ်လား"
ဆိုင်ဝန်ထမ်းမှာ အံ့အားသင့်သွားရသည်။
ယွမ်တစ်ထောင်ဖိုးမျှ များပြားသော အစားအသောက်များကို ကလေးတစ်ယောက်အတွက် ခွင့်ပြုပေးနိုင်သော မိဘ၏ သဘောထားကြီးမှုကို သူတို့ မည်သို့မျှ နားမလည်နိုင်ဘဲ ကြောင်အမ်းအမ်းဖြင့်သာ ဖုန်းကို ချလိုက်ရလေတော့သည်။