← Chapters

အလွန်အကျွံ စဉ်းစားမိခြင်း

Vol. 18 Ch. 179

အလွန်အကျွံ စဉ်းစားမိခြင်း

Vol. 18 Ch. 179

"ဘယ်လိုလဲ... ငါပြောသားပဲ အဲဒီကလေးက မှားနှိပ်မိတာ မဟုတ်ပါဘူးဆိုတာ"

ဆိုင်ဝန်ထမ်းတစ်ဦးက သူ၏လုပ်ဖော်ကိုင်ဖက်ကို တံတောင်နှင့်တွတ်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

ဖုန်းဖြေကြားခဲ့သူမှာမူ အံ့အားသင့်နေဆဲ ဖြစ်သော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာကာ

“ဟုတ်ပါပြီ... ဒါဆိုရင် ဒီအော်ဒါကြီးက အတည်ဖြစ်သွားပြီပေါ့ မြန်မြန်ပြင်ဆင်ကြရအောင်"

ဟု ဆိုကာ မီးဖိုချောင်သို့ အပြေးအလွှား သွားလေတော့သည်။

မီးဖိုချောင်အတွင်း၌ ဒယ်အိုးများမှာ အပူရှိန်ကြောင့် အခိုးအငွေ့များ ထွက်ပေါ်နေပြီး ဟင်းချက်သံများမှာ ဆူညံလျက်ရှိသည်။

ဤမျှ များပြားလှသော အမှာစာကို အရသာမပျက်စေရန် အချိန်နှင့်တစ်ပြေးညီ ဖန်တီးပေးရမည် မဟုတ်ပါလား။

သူတို့၏ အဓိကဖောက်သည်ကြီးဖြစ်သော ယွမ်ပေါ့မှာမူ အိမ်၌ ဒိန်ချဉ်တစ်ပုလင်းကို အေးအေးလူလူ သောက်သုံးရင်း မင်ယွဲ့နှင့်အတူ ဖျော်ဖြေရေးအစီအစဉ်ကို စောင့်စားနေလေသည်။

ထုတ်လွှင့်မှု စတင်သည်နှင့် ပရိသတ်များ၏ မှတ်ချက်များမှာ ဖန်သားပြင်ပေါ်တွင် ပလူပျံလာတော့သည်။

"ရိုက်ကူးရေးအဖွဲ့ကတော့ တကယ့်ကို သူဌေးကြီးတွေပဲ ဒီလို အပျော်စီးသင်္ဘောကြီးတွေ၊ ခမ်းနားတဲ့ ဗီလာကြီးတွေဆိုတာ ငါတို့အတွက်တော့ အိပ်မက်တောင် မမက်ရဲစရာပဲ"

"ဒါတွေအားလုံးက မစ္စမင်ယွဲ့ရဲ့ ပံ့ပိုးမှုတွေလား သူက ဒီအစီအစဉ်ရဲ့ ရင်းနှီးမြှုပ်နှံသူ မဟုတ်

လား"

ပရိသတ်အချို့က မင်ယွဲ့ကို ချီးကျူးနေစဉ်တွင် ဝေဖန်တိုက်ခိုက်လိုသူများကလည်း ပါဝင်လာသည်။

“သူက ပထမအချီမှာပဲ ရင်းနှီးမြှုပ်နှံတာပါဒုတိယအချီမှာ မဟုတ်တော့ဘူး ပြီးတော့ ဒီဗီလာက မိုမိသားစုပိုင်တာ၊ လွန်ခဲ့တဲ့ နှစ်နှစ်က ရောင်းလိုက်တာလို့ အွန်လိုင်းမှာ ရှာကြည့်လို့ရတယ်

မင်ယွဲ့ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ယန်

ကျင်းက မိုမိသားစုကိုတော့ မမီနိုင်ပါဘူး"

ဒါရိုက်တာ ဝူလျန်သည် နောက်ကွယ်မှနေ၍ ဤမှတ်ချက်များကို ကြည့်ရင်း ပြုံးလိုက်မိသည်။

ထို့နောက် တရားဝင် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်လိုက်သည်။

[ ရိုက်ကူးရေးအဖွဲ့ - မစ္စမင်ယွဲ့သည် ကျွန်ုပ်တို့၏ ဖျော်ဖြေရေးအစီအစဉ် တစ်ခုလုံးအတွက် ရင်းနှီးမြှုပ်နှံသူ ဖြစ်ပါသည်။ ]

ဤစာသားလေးတစ်ကြောင်းမှာ ကဲ့ရဲ့လိုသူများ၏ ပါးကို ရိုက်လိုက်သကဲ့သို့ပင်။

ပရိသတ်များမှာလည်း

“မျက်နှာကို အချက်ပေါင်းများစွာ အရိုက်ခံလိုက်ရသလိုပဲ"

ဟု ဟာသလုပ်ကာ ပြောဆိုကြသည်။

ထို့ပြင် အပျော်စီးသင်္ဘောကြီး၏ အမည်မှာ 'မင်ယွဲ့' ဟု အမည်ပေးထားကြောင်း သိလိုက်ရသောအခါ ပရိသတ်များ၏ အံ့အားသင့်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

ထိုစဉ် မိုဟန်ကျီသည်လည်း သူ၏ တရားဝင်အကောင့်မှတစ်ဆင့် မှတ်ချက်တစ်ခု ပေးပို့လိုက်

သည်။

"ပင်လယ်ကမ်းခြေက ဗီလာက ကျွန်တော့်နာမည်နဲ့ ဖြစ်ပေမယ့် စီမံခန့်ခွဲပိုင်ခွင့် အားလုံးကို မစ္စမင်ယွဲ့ဆီ လွှဲပြောင်းပေးအပ်ထားပြီးသားပါ"

ဤမှတ်ချက်ကြောင့် အွန်လိုင်းလောကတစ်ခုလုံး ပွက်လောရိုက်သွားတော့သည်။

"CEO မို ကိုယ်တိုင် မှတ်ချက်ပေးတာပဲ”

“သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုက ဘာလဲ"

"ပိုင်ဆိုင်မှုတွေကိုပါ လွှဲပေးထားတယ်ဆိုရင် သူတို့က ချစ်သူတွေ ဖြစ်နေကြပြီလား"

စသည်ဖြင့် ထင်ကြေးအမျိုးမျိုး ပေးလာကြသည်။

မိုဟန်ကျီသည် ထိုဆွေးနွေးချက်များကို ကြည့်

ရင်း သဘောကျစွာ ပြုံးနေမိသည်။

လက်ထောက်လင်မှာမူ မိမိ၏ အထက်လူကြီးသည် မင်ယွဲ့နှင့် ပတ်သက်လျှင် ကလေးတစ်ယောက်ကဲ့သို့ စိတ်ဝင်စားနေသည်ကို ကျင့်သားရနေပြီ ဖြစ်သည်။

မင်ယွဲ့သည်လည်း အွန်လိုင်းပေါ်မှ စကားများကို မြင်သောအခါ မိုဟန်ကျီနှင့် ပတ်သက်၍ ပြန်လည်စဉ်းစားမိသည်။

“သူက တကယ်ပဲ ငါ့အပေါ် ခံစားချက် ရှိနေတာလား ဟုတ်မယ်မထင်ပါဘူး... ငါ အများကြီး စဉ်းစားနေတာလည်း ဖြစ်နိုင်ပါတယ် အထင်မှားရင် ရှက်စရာကြီး ဖြစ်သွားဦးမယ်"

ဟု ရေရွတ်ကာ အတွေးများကို ခါထုတ်လိုက်

သည်။

"တင့်တောင်..."

အိမ်ရှေ့ရှိ လူခေါ်ခေါင်းလောင်းသံကြောင့် ယွမ်ပေါ့သည် ဆိုဖာပေါ်မှနေ၍ လျှပ်စီးကဲ့သို့ ပြေးထွက်သွားသည်။

သို့သော် မိမိမှာ ပန်ဒါတစ်ကောင် ဖြစ်နေသဖြင့် လူမြင်၍ မဖြစ်သည်ကို သတိရကာ တံခါးဘေးတွင် အသာပုန်း၍ မင်ယွဲ့ကို အကူအညီတောင်းသော အမူအရာ လုပ်ပြလေသည်။

မင်ယွဲ့သည် ရယ်မောကာ တံခါးကို ဖွင့်

ပေးလိုက်သည်။

အစားအသောက် ပို့ဆောင်သူများမှာ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြရာ နောက်ဆုံးတွင် ကော်ဖီစားပွဲကြီးပေါ်၌ အစားအသောက်များနှင့် နွားနို့လက်ဖက်ရည်များ ပြည့်နှက်သွားတော့သည်။

"ယွဲ့ယွဲ့... ဒါက အရမ်းအရသာရှိတယ်၊ သောက်ကြည့်ဦး"

ယွမ်ပေါ့က နွားနို့လက်ဖက်ရည်ခွက်ကို လှမ်းပေးသည်။

မင်ယွဲ့သည် နွားနို့လက်ဖက်ရည်ကို သောက်ရင်း ဖျော်ဖြေရေးအစီအစဉ်ကို ဆက်လက်ကြည့်ရှုသည်။ အစီအစဉ်အတွင်း၌ ဧည့်သည်များမှာ အပျော်စီးသင်္ဘောပေါ်တွင် အိပ်စက်ရန်အတွက် အခန်းများကို မဲနှိုက်ရသည်။

ကျိုးစီစီသည်

“အိပ်မက်ဆန်သော မင်းသမီးလေးအခန်း"

ကို မဲနှိုက်မိရာ သူ၏ မျက်နှာမှာ ညိုမှောင်သွားသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရင်ထဲမှာလည်း မင်းသမီးလေးတစ်ယောက် ရှိတာပဲလေ"

ဟု ပြောလိုက်သဖြင့် ပရိသတ်များ ရယ်မောကြရသည်။

လျိုယဲ့မှာမူ "ရှေးဟောင်းတောအုပ်" အခန်းကို ရရှိရာ သူမ၏ အခန်းမှာ သစ်ပင်ငုတ်တိုစားပွဲ၊ သစ်သားရေချိုးကန်နှင့် ကြိုးပုခက်ကုတင်တို့ဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။

မင်ယွဲ့သည် ရိုက်ကူးရေးအဖွဲ့၏ ထူးဆန်းသော အစီအစဉ်များကို ကြည့်ရင်း တခိခိ ရယ်မောနေမိသည်။

သူမ၏ ရည်မှန်းချက်မှာ ဤကဲ့သို့ အေးချမ်းပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်ရန်နှင့် သူမ ချစ်ခင်မြတ်နိုးသော ပညာရပ်များကို ဆက်လက်ဆည်းပူးသွားရန်ပင် ဖြစ်သည်။

ယွမ်ပေါ့သည်လည်း လက်နှစ်ဖက်လုံးဖြင့် အစားအသောက်များကို မြိန်ယှက်စွာ စားသောက်နေရင်း သူတို့နှစ်ဦး၏ အေးချမ်းလှသော ညချမ်းလေးမှာ ကုန်ဆုံးနေတော့သည်။

All Chapters