← Chapters

ပင်လယ်ကမ်းခြေဗီလာ

Vol. 18 Ch. 173

ပင်လယ်ကမ်းခြေဗီလာ

Vol. 18 Ch. 173

"မစ္စမင်ယွဲ့... ဒါက... ဒါကတော့ ကျွန်တော်တို့ ငှားဖို့ မတတ်နိုင်လောက်ဘူး ထင်တယ်ဗျာ"

ဝူလျန်သည် တုန်လှုပ်ချောက်ချားစွာ ဆိုရှာသည်။

သူတို့၏ ရိုက်ကူးရေးအဖွဲ့သည် ဤမျှ ခမ်းနားထည်ဝါလှသော အပျော်စီးသင်္ဘောကြီးကို အသုံးပြုရန် မထိုက်တန်ဟု သူ တွေးတောနေမိခြင်း ဖြစ်သည်။

"ရှင်ကလည်း နောက်နေပြန်ပြီ ကျွန်မက ငှားပေးတာ မဟုတ်ဘူး၊ အလကား ပေးသုံးတာပါ"

မင်ယွဲ့အတွက် ငွေကြေးဟူသည် အရေးမပါတော့ပေ။

သူမသည် ဤသင်္ဘောကြီးကို ရရှိပြီးကတည်းက အသုံးမပြုဖြစ်သလောက်ပင်။ တာဝန်ခံက စနစ်တကျ စီမံပေးနေသဖြင့် သူမအနေဖြင့် ဝင်ငွေဝင်လာသည်ကို ကြည့်ရုံမှတစ်ပါး အခြား ပူပန်စရာ မရှိပေ။

ဝူလျန်နှင့် ဒါရိုက်တာ စုန့်ချီတို့မှာမူ သင်္ဘောပေါ်ရှိ ပြင်ဆင်မှုများကို ကြည့်ကာ အံ့အားသင့်၍ မဆုံးတော့ပေ။

"ဒါနဲ့... သင်္ဘောပေါ်မှာ အပြင်အဆင် အမျိုးမျိုးနဲ့ အခန်းတွေ ရှိတယ် ရှင်တို့ အဲဒီမှာ သုံးရက်

လောက် တည်းလို့ ရအောင် စီစဉ်ပေးမယ်

ဝန်ဆောင်မှုပေးဖို့ ဝန်ထမ်း ဘယ်နှစ်

ယောက်လောက် လိုမလဲ"

"ဆယ်ယောက်လောက်ဆို ရပါပြီ"

ဟု ဝူလျန်က အားနာနာဖြင့် ဖြေသည်။

မင်ယွဲ့က သင်္ဘောကြီးကိုပင် အလကား ပေးသုံးနေပြီဖြစ်ရာ ဝန်ထမ်းများပါ တောင်းဆိုရန် သူ အတော်ပင် ဝန်လေးနေမိသည်။

"ကျွန်မ အယောက်နှစ်ဆယ် ပေးထားလိုက်မယ် ဒါမှ သင်္ဘောပေါ်က လုပ်ငန်းစဉ်တွေ အဆင်ပြေမှာပေါ့"

ဟု မင်ယွဲ့က လက်တစ်ချက် ဝှေ့ယမ်းကာ ဆုံးဖြတ်လိုက်သည်။

ဝူလျန်သည် ဤမျှ ရက်ရောသောသူမျိုးနှင့် တစ်ခါမျှ မဆုံဖူးခဲ့ပေ။ စာချုပ်ကိုပင် သတိမထားမိခင်မှာပင် အမြန်ဆုံး ချုပ်ဆိုပြီးစီးသွားတော့သည်။

"ဗီလာကိုရော သွားကြည့်ပြီးပြီလား"

ဟု မင်ယွဲ့က ရုတ်တရက် သတိရကာ မေးလိုက်သည်။

မိုဟန်ကျီက သူ၏ ကမ်းခြေဗီလာကို အသုံးပြုရန် ကမ်းလှမ်းထားသည် မဟုတ်ပါလား။

"မစ္စတာမိုနဲ့တော့ အဆက်အသွယ် မရသေးဘူးခင်ဗျာ"

ဒါရိုက်တာ စုန့်ချီသည် သူ၏ တပည့်ဖြစ်သူ ဝူလျန်မှာ ယခုနှစ်တွင် မင်ယွဲ့နှင့် မိုဟန်ကျီကဲ့သို့သော ပုဂ္ဂိုလ်ထူးများနှင့် ဆုံတွေ့ရသဖြင့် ကံကောင်းလွန်းလှသည်ဟု တိတ်တဆိတ် ချီးကျူးနေမိသည်။

ဝူလျန်သာ သိလျှင်မူ သူ၏ အကြီးမားဆုံးသော ကံကောင်းမှုမှာ မိမိအပေါ် စေတနာထားသော ဆရာကောင်းတစ်ဦးနှင့် ဆုံတွေ့ရခြင်းဖြစ်ကြောင်း ပြန်လည် ပြောဆိုပေလိမ့်မည်။

"ဗီလာက ဒီနားတင်ပဲ ဖြစ်မှာပါ ကျွန်မ ဖုန်းဆက်ပြီး မေးပေးမယ်"

ထိုစဉ် မိုဟန်ကျီထံမှ ဖုန်းဝင်လာသည်။

ဝူလျန်က ဖုန်းကို မင်ယွဲ့ထံ ကမ်းပေးလိုက်ရာ သူမက အံ့အားသင့်စွာဖြင့် ကိုင်လိုက်၏။

"ယွဲ့ယွဲ့... ကိုယ် အခု အစည်းအဝေး လုပ်နေလို့မင်း အဲဒီမှာ ရှိနေတယ်ဆိုတာ ကြားလို့ သော့တွေကို လူလွှတ်ပြီး ပို့ခိုင်းလိုက်မယ် သူတို့ကို လိုက်ပြပေးလို့ ရမလား"

မိုဟန်ကျီသည် ရုံးခန်းထိုင်ခုံတွင် ထိုင်ကာ တည်ကြည်သော အမူအရာဖြင့် ဖုန်းပြောနေခြင်း ဖြစ်သည်။ လက်ထောက်လင်ကလည်း ဘေးတွင် စာရွက်စာတမ်းများ ကိုင်ကာ အသင့် စောင့်ဆိုင်းနေသည်။

"ရပါတယ်... ကျွန်မလည်း ဘာမှ လုပ်စရာ မရှိတာနဲ့ အတော်ပဲ"

မိုဟန်ကျီသည် ကိုယ်တိုင် သွားရောက် လိုက်ပြလိုသော်လည်း အရေးကြီးသော အစည်းအဝေးရှိ၍ မသွားနိုင်ရှာပေ။

ခဏအကြာတွင် လက်ထောက်လင် ရောက်ရှိလာပြီး သော့များကို မင်ယွဲ့ထံ အပ်နှံသည်။

"လက်ထောက်လင်... ရှင် ရောက်လာပြီပဲ၊ သူတို့နဲ့အတူ ဗီလာကို လိုက်ကြည့်ပေးပါဦးလား"

ဟု မင်ယွဲ့က ဆိုသည်။

"မစ္စမင်... ကျွန်တော် အလုပ်ပြန်ရမှာမို့လို့ပါတကယ်ပဲ အားနာပါတယ်ခင်ဗျာ"

ဟု ဆိုကာ လက်ထောက်လင်သည် သော့ကို အပ်ပြီး အလျင်အမြန်ပင် ပြန်လည် ထွက်ခွာသွားတော့သည်။

ထို့နောက် မိုဟန်ကျီထံမှ စကားဝှက်နံပါတ် "002469" ဟူသော မက်ဆေ့ခ်ျ ဝင်လာသည်။

"သိပြီ"

ဟု မင်ယွဲ့က ပြန်စာ ပို့လိုက်သည်။

"ကူညီပေးလို့ ကျေးဇူးတင်ပါတယ် နောက်မှ ထမင်းတစ်နပ် လိုက်ကျွေးပါ့မယ်"

ဟု မိုဟန်ကျီက ဆိုကာ အစည်းအဝေးခန်းထဲသို့ ဝင်သွားသည်။

မင်ယွဲ့သည် ဒါရိုက်တာနှစ်ဦးကို ခေါ်ဆောင်ကာ ကမ်းခြေဗီလာဆီသို့ မောင်းနှင်ခဲ့သည်။

ကားအတွင်း၌ ဝူလျန်နှင့် စုန့်ချီတို့မှာ မင်ယွဲ့နှင့် မိုဟန်ကျီတို့၏ ပတ်သက်မှုကို စပ်စုနေကြသော်လည်း မင်ယွဲ့ရှေ့တွင်မူ မမေးရဲကြပေ။

"ဆရာ... မစ္စတာမိုက မစ္စမင်ကို သဘောကျနေတာ ထင်တယ်"

ဟု ဝူလျန်က တိုးတိုးလေး ဆိုသည်။

စုန့်ချီကလည်း ခေါင်းညိတ် ထောက်ခံ၏။

“သူတို့က ငါတို့အပေါ် ကောင်းကြတာပဲ၊ ကျေးဇူးသိတတ်ဖို့ပဲ လိုတယ်"

ဟု ဆရာတပည့်နှစ်ဦး သဘောတူ ဆုံးဖြတ်

လိုက်ကြသည်။

ဗီလာသို့ ရောက်သောအခါ မင်ယွဲ့က တံခါးဖွင့်၍ အထဲသို့ ဖိတ်ခေါ်သည်။ အိမ်ထဲတွင် မည်သူမျှ မရှိဘဲ သပ်ရပ်သန့်ရှင်းနေ၏။

မိုဟန်ကျီတွင် အိမ်ခြံမြေများလွန်းသဖြင့် ဤနေရာကိုပင် ဂရုမစိုက်နိုင်ပုံရသည်။

ဒါရိုက်တာ စုန့်ချီမှာမူ ရုပ်ရှင်ရိုက်ကွင်းများတွင် ခမ်းနားသော အိမ်ကြီးအိမ်ကောင်းများစွာ မြင်ဖူးသဖြင့် တည်ငြိမ်နေသော်လည်း ဝူလျန်မှာမူ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။

မင်ယွဲ့သည် သူတို့ကို လိုက်လံပြသပြီးနောက် အိမ်သို့ ပြန်လာခဲ့သည်။ အိမ်သို့ ပြန်ရောက်

သောအခါ ယွမ်ပေါ့သည် အမြန်ပြေးထွက်

လာ၏။ ၎င်း၏ ဗိုက်ဆာနေသော အမူအရာကို မြင်သည်နှင့် မင်ယွဲ့ သိလိုက်သည်။

ယွမ်ပေါ့သည် စနစ်ဟင်းလင်းပြင်ထဲမှ ဝက်

လက်ပေါင်းကို ထုတ်ယူကာ အေပရွန်အင်္ကျီ လေး ဝတ်လျက် မြိန်ရည်ယှက်ရည် စားသောက်နေတော့သည်။

မင်ယွဲ့သည်လည်း မိမိအတွက် အသင့်စား ဟော့ပေါ့ လေးကို ပြင်ဆင်လိုက်သည်။ ဟော့ပေါ့အိုးလေး ဆူပွက်လာသောအခါ ယွမ်ပေါ့က နှာခေါင်းလေး တရှုံ့ရှုံ့လုပ်ကာ လှမ်းကြည့်လာပြန်သည်။

မင်ယွဲ့က ရယ်မောရင်း ယွမ်ပေါ့အတွက်လည်း တစ်ပွဲ ပြင်ပေးလိုက်၏။

"ယွဲ့ယွဲ့... ဒါက သိပ်မွှေးတာပဲ၊ တစ်ခါမှ မစားဖူးဘူး"

ယွမ်ပေါ့သည် မင်ယွဲ့အား မြှောက်ပင့်စကားများ ဆိုနေသဖြင့် မင်ယွဲ့လည်း သဘောကျကာ ကိတ်မုန့်လေးပါ ထုတ်ပေးလိုက်သည်။

ယွမ်ပေါ့သည် ဝလာမည်ကို မကြောက်ဘဲ အကုန်လုံးကို အားရပါးရ စားသောက်နေတော့သည်။

စားသောက်ပြီးနောက် မင်ယွဲ့သည် ရေချိုးသန့်စင်ကာ အိပ်ရာသို့ မဝင်သေးဘဲ အတုမဲ့ လေ့လာရေးခန်းအတွင်းသို့ ဝင်ရောက်လိုက်သည်။ ယခုတစ်ကြိမ်တွင် သူမ ရရှိသည့် စွမ်းရည်မှာ "ဆူးကျိုး ပန်းထိုးပညာ" ပင် ဖြစ်သည်။

ပညာရပ်များ ဦးနှောက်ထဲသို့ စီးဝင်လာသောအခါ သူမသည် အရင်ကကဲ့သို့ နာကျင်ခြင်း မရှိတော့ဘဲ အနည်းငယ် ပြည့်တင်းသွားသကဲ့သို့သာ ခံစားရသည်။

ဆူးကျိုးပန်းထိုးပညာသည် ရှေးဟောင်း လက်မှုပညာတစ်ရပ် ဖြစ်ပြီး အမျိုးသား အမွေအနှစ် တစ်ခုလည်း ဖြစ်သည်။

မင်ယွဲ့သည် မျက်မှောင်ကြုတ်ကာ စိတ်အာရုံထဲ၌ နူးညံ့သိမ်မွေ့သော ပန်းထိုးဒီဇိုင်းများ၊ အပ်ချက်များနှင့် အရောင်အသွေး စပ်ဟန်များကို လေ့လာနေမိသည်။

ပိုးသားချည်မျှင်များ၏ တောက်ပမှု၊ အပ်ချက်များ၏ သိမ်မွေ့မှုနှင့် အနုစိတ်သော လက်ရာများကို မြင်တွေ့ရသောအခါ မင်ယွဲ့မှာ အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။

သူမသည် စနစ်ဆိုင်မှ ပန်းထိုးရန် လိုအပ်သော အပ်၊ ချည်နှင့် ပိုးသားစများကို ဂုဏ်သတင်းရမှတ် တစ်မှတ်ပေးကာ ဝယ်ယူလိုက်တော့သည်။

သူမ၏ မျက်ဝန်းများတွင် ကိုယ်ပိုင် ဖန်တီးမှုအသစ်တစ်ခုကို စတင်လိုသော ရည်မှန်းချက်

ရိပ်များ တောက်ပနေလေသည်။

All Chapters