← Chapters

ကျွန်မကို သဘောကျနေတာလား

Vol. 19 Ch. 183

ကျွန်မကို သဘောကျနေတာလား

Vol. 19 Ch. 183

"ယွမ်ပေါ့... မပြေးနဲ့လေ"

အောက်ထပ်မှ ဆူညံသံများကို မနှစ်သက်သဖြင့် အပေါ်ထပ်တွင် အိပ်မောကျနေသော ယွမ်ပေါ့ကို သွားရောက်ကြည့်ရှုသည့် မိုယွိမှာ အံ့အားသင့်သွားရသည်။

အစားအသောက်နံ့ကို ရလိုက်သည်နှင့် မျက်လုံးဝိုင်းလေးများ ပွင့်လာကာ လျှပ်တစ်ပြက်အတွင်း အောက်ထပ်သို့ ပြေးဆင်းသွားသော ထိုသတ္တဝါငယ်လေးနောက်သို့ သူမ အမီလိုက်ရန် ကြိုးစားနေရ၏။

ဧည့်ခံပွဲခန်းမအတွင်းသို့ မည်သည့်အရာမှန်းမသိသော အရာတစ်ခု ဒုန်းစိုင်းဝင်ရောက်လာမှုကြောင့် အမျိုးသမီးငယ်အချို့မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

"အမလေး... ဒါ ဘယ်ကလာတဲ့ သားရဲလဲ အမြန်မောင်းထုတ်ကြပါ"

ဟူသော အသံကြောင့် အစားအသောက်နံ့နောက်သို့ တစိုက်မတ်မတ် လာနေသော ယွမ်ပေါ့မှာ ချက်ချင်း ရပ်တန့်သွားသည်။

ဧည့်သည်တော်များ အနီးကပ်ကြည့်လိုက်သောအခါမှသာ ထိုသတ္တဝါလေး၏ ပုံပန်းသဏ္ဌာန်မှာ ပေါ်လွင်လာသည်။

“ဒါ... ဒါက ပန်ဒါလေး မဟုတ်လား"

သူတို့ မျက်စိမှားနေခြင်းလော။ ခမ်းနားလှသော မွေးနေ့ပွဲအတွင်း ပန်ဒါတစ်ကောင် ရောက်ရှိနေခြင်းမှာ မယုံကြည်နိုင်စရာပင်။

"မင်ယွဲ့မမ..."

မိုယွိသည် အမောတကော ပြေးဆင်းလာပြီး အခြေအနေကို ရှင်းပြသည်။

မင်ယွဲ့သည် မိုအဘွားအို၏ ပွဲတော်ကို နှောင့်ယှက်မိလုနီးပါးဖြစ်သော ယွမ်ပေါ့ကို ကြည့်ကာ ခပ်တင်းတင်း ဆုံးမလိုက်သည်။

"ယွမ်ပေါ့... နိုးလာရင် ပြောရမှာပေါ့၊ ဘာလို့ ဒီလောက် ဆူညံအောင် လုပ်ရတာလဲ"

ယွမ်ပေါင်သည် မင်ယွဲ့၏ ဆူပူမှုကို ခံလိုက်ရသဖြင့် စိတ်ကောက်ကာ မိုဟန်ကျီ၏ ပခုံးပေါ်သို့ ခုန်တက်လိုက်ပြီး သူ၏ လည်ပင်းကို အသာအယာ ပွတ်သီးပွတ်သပ် လုပ်နေတော့သည်။

လူအများမှာ မိုဥက္ကဋ္ဌ၏ တန်ဖိုးကြီး ဝတ်စုံပေါ်သို့ တက်နင်းနေသော ထိုသတ္တဝါလေးအတွက် စိုးရိမ်မကင်း ဖြစ်သွားကြသော်လည်း မိုဟန်ကျိကမူ နူးညံ့စွာပင် ပြန်လည် ပွတ်သပ်ပေးနေ၏။

"မိုဥက္ကဋ္ဌ... ဒါက ခင်ဗျားရဲ့ အိမ်မွေးတိရစ္ဆာန်လား"

ဟု စီးပွားရေးသမားတစ်ဦးက ကပ်၍ မေးမြန်းသည်။

"ကျွန်တော့် သူငယ်ချင်းရဲ့ အကောင်လေးပါ"

ဟု မိုဟန်ကျီက ဖြေဆိုသော်လည်း သူ၏ အကြည့်တို့သည် မင်ယွဲ့ထံ၌သာ စွဲမြဲနေသည်။

ဤသည်ကို မြင်သော ဝါရင့်စီးပွားရေးသမားများက ထို "သူငယ်ချင်း" ဟူသော စကားရပ်တွင် "ချစ်သူ" ဟူသော အဓိပ္ပာယ်ကို ကိုယ်စီ ထည့်သွင်း နားလည်လိုက်ကြတော့သည်။

"ဒါက မျိုးရိုးဗီဇ ပြောင်းလဲထားတဲ့ ခွေးတစ်မျိုးပါ"

ဟု မိုဟန်ကျီက အတည်ပေါက် ပြောလိုက်သောအခါ မည်သူမျှ မငြင်းရဲကြဘဲ ခေါင်းတငြိတ်ငြိတ်ဖြင့်သာ

ထောက်ခံလိုက်ကြရသည်။

မင်ယွဲ့သည် မိုယွိကို ယွမ်ပေါ့အား အစားအစာ ကျွေးရန် ခွင့်ပြုလိုက်ရာ ယွမ်ပေါ့သည်လည်း လိမ္မာယဉ်ကျေးစွာဖြင့် မိုယွိ၏ ရင်ခွင်ထဲသို့ ခုန်ဝင်သွားကာ အနုပညာဆန်လှသော အစားအသောက်များ ရှိရာသို့ ထွက်ခွာသွားလေသည်။

ဂီတသံစဉ်များ စတင်လိုက်သည်နှင့် ခန်းမအလယ်တွင် ကကွက်များ စတင်လာသည်။ မိုဟန်ကျိသည် သူရဲကောင်းတစ်ဦးကဲ့သို့ မင်ယွဲ့အား ကခုန်ရန် ဖိတ်ခေါ်လိုက်သည်။

"မင်ယွဲ့လေး... မင်းရဲ့ သူရဲကောင်းနဲ့အတူ ကခုန်ပေးဖို့ ဆန္ဒရှိပါသလား"

မင်ယွဲ့သည် ပြုံးလျက် သူ၏လက်ကို ဆုပ်ကိုင်

လိုက်သည်။

သာယာသော တေးသွားနှင့်အတူ သူတို့နှစ်ဦး၏ လှုပ်ရှားမှုများသည် ဟန်ချက်ညီညီ စီးမျောနေကြသည်။ မိုဟိန်ကျိသည် မင်ယွဲ့ကို အသာအယာ လှည့်လိုက်စဉ် သူတို့နှစ်ဦး၏ အသက်ရှုသံများ ထိစပ်လုနီးပါး ဖြစ်သွားသည်။

ဤသည်မှာ မင်ယွဲ့အတွက် ဆန့်ကျင်ဘက်လိင်တစ်ဦးနှင့် ပထမဆုံးအကြိမ် ဤမျှ နီးကပ်စွာ ရှိနေခြင်း ဖြစ်သဖြင့် သူမ၏ နှလုံးခုန်သံမှာ ဗုံတီးသံကဲ့သို့ ကျယ်လောင်နေ၏။

သူတို့၏ ကကွက်များသည် စနစ်တကျ လေ့ကျင့်ထားသော ပညာရှင်များအလား ကျော့ရှင်းလှပလွန်းလှသဖြင့် ပတ်ဝန်းကျင်မှ လူများပင် ကခုန်ခြင်းကို ရပ်တန့်ကာ ငေးမောကြည့်ရှုနေရသည်။

မင်ယွဲ့၏ ဂါဝန်ပေါ်ရှိ စိန်ပွင့်ကလေးများသည် မီးရောင်အောက်တွင် ဂလက်ဆီတစ်ခုသဖွယ် တောက်ပနေပြီး မိုဟိန်ကျိ၏ သန်မာသော လက်မောင်းများသည် သူမအတွက် ခိုင်ခံ့သော အကိုင်းအခက်တစ်ခုသဖွယ် ဖြစ်နေသည်။

"မင်း တကယ်ပဲ ကိုယ့်ကို မနှစ်သက်ဘူးလား"

မိုဟန်ကျီသည် မင်ယွဲ့၏ နားနားသို့ တိုးကပ်ကာ တိုးညှင်းစွာ မေးလိုက်သည်။

သူ၏ နွေးထွေးသော အသက်ရှုသံက မင်ယွဲ့၏ လည်ပင်းသားနုနုကို ထိတွေ့လိုက်သောအခါ သူမ၏ တစ်ကိုယ်လုံး နီမြန်းသွားရသည်။

မင်ယွဲ့သည် တစ်ခါမျှ ထည့်သွင်း စဉ်းစားခြင်း မရှိခဲ့သော ဤမေးခွန်းကြောင့် ခေတ္တမျှ ဆွံ့အသွားပြီးမှ ပြန်လည် မေးခွန်းထုတ်လိုက်သည်။

“ရှင်... ကျွန်မကို သဘောကျနေတာလား"

"ဟုတ်တယ်... ကိုယ် မင်းကို တကယ် သဘောကျတာ ကိုယ့်ကို အခွင့်အရေးလေး တစ်ခုလောက် ပေးလို့ မရဘူးလား"

ဟု မိုဟန်ကျီက အလေးအနက် ဆိုလိုက်သည်။

မင်ယွဲ့သည် မိုဟန်ကျီကဲ့သို့သော ထူးချွန်ထက်မြက်သည့် အမျိုးသားတစ်ဦး၏ ဖွင့်ဟမှုကို ခံလိုက်ရသဖြင့် ရင်ထဲတွင် လှိုင်းထန်သွားရသည်။

သူမသည် သိပ္ပံပညာလောကတွင် အောင်မြင်ရန် ရည်မှန်းချက်ကြီးမားသူ ဖြစ်သော်လည်း ဤလူသား၏ နွေးထွေးမှုရှေ့တွင် သူမ၏ စိတ်ဓာတ်များ အရည်ပျော်ကျလုနီးပါး ဖြစ်

နေသည်။

"ကျွန်မ ခုလောလောဆယ် ရည်းစားမထားချင်သေးဘူး"

ဟု သူမက ဆိုလိုက်သော်လည်း မိုဟန်ကျီက လက်မလျှော့ဘဲ

“ဒါဆိုရင် မင်းကို လိုက်ခွင့်တော့ ပေးနိုင်မလားကိုယ့်ကို အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်၊ မခန့် ဆိုတာကိုတော့ နောက်မှ မင်း ဆုံးဖြတ်ပေါ့"

ဟု နောက်ပြောင်သလိုလိုဖြင့် အလေးအနက် တောင်းဆိုလိုက်သည်။

တေးသံစဉ်သည် နိဂုံးချုပ်သို့ ရောက်ရှိလာပြီး သူတို့၏ ကကွက်မှာလည်း လှပစွာ ပြီးဆုံးသွားသည်။ ခန်းမတစ်ခုလုံးတွင် လက်ခုပ်သံများ ဟိန်းထွက်သွား၏။

မင်ယွဲ့သည် မိုဟန်ကျီ၏ ပုခုံးကို အသာအယာ မှီလျက် သူ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ဖြေကြားလိုက်သည်။

"ကောင်းပါပြီ... ကျွန်မရဲ့ အနာဂတ် ရည်းစားလောင်းကြီးရှင်"

All Chapters