Chapters

အလုပ်နှင့် အနားယူခြင်းကို မျှတအောင်ထားခြင်း

Vol. 19 Ch. 190

အလုပ်နှင့် အနားယူခြင်းကို မျှတအောင်ထားခြင်း

Vol. 19 Ch. 190

"ယွမ်ပေါ့က ကားထဲမှာ ကျန်ခဲ့တာပါ"

မိုဟန်ကျီက အေးအေးလူလူပင် ပြန်ဖြေလိုက်သော်လည်း သူ၏လက်များမှာမူ အလုပ်ရှုပ်နေဆဲဖြစ်သည်။

သူသည် နွေးထွေးနေသေးသော နွားနို့ကို ယွမ်ပေါ့အတွက် သီးသန့်ပြင်ဆင်ထားသော ခွက်ငယ်လေးထဲသို့ လောင်းထည့်လိုက်ပြီး ကြော်ထားသော အမဲသားစတိတ်ကိုလည်း အကိုက်အခဲမရှိစေရန် အတုံးသေးသေးလေးများ စိတ်ရှည်လက်ရှည် တုံးပေးနေ၏။

"ငါ့ဘဝမှာ တစ်စုံတစ်ယောက်အတွက် အသားတုံးပေးရတာ ဒါပထမဆုံးပဲ အဲ့ဒီလူက မင်းရဲ့သခင်မ မဟုတ်ဘဲ မင်းလို အကောင်ပေါက်လေး ဖြစ်နေလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး"

ဟု သူက ခပ်တိုးတိုး ရေရွတ်ရင်း ရယ်မောလိုက်သည်။

ယွမ်ပေါ့ကမူ ထိုစကားကို ဂရုမစိုက်ဟန်ဖြင့် အသားတုံးများကိုသာ အရသာရှိရှိ စားသုံးနေတော့သည်။

နောက်တစ်နေ့ နံနက်တွင် မိုမိသားစုဝင်များ အောက်ထပ်သို့ ဆင်းလာကြသောအခါ မိုဟိန်ကျီနှင့် ယွမ်ပေါ့တို့ ထမင်းစားပွဲတွင် အတူရှိနေသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားကြသည်။

“ယွမ်ပေါ့လည်း ဒီမှာပါလား မင်ယွဲ့လေးကော ရောက်နေပြီလား"

ဟု မိုအဘွားက မျှော်လင့်တကြီး မေးမြန်းသည်။

"ယွဲ့ယွဲ့ မလာပါဘူး ယွမ်ပေါ့က မနေ့ညက ကျွန်တော်နဲ့အတူ ပြန်ပါလာတာ"

ဟု သူက ဖြေလိုက်သည်။

ယနေ့တွင် မိုဟန်ကျီသည် ထုံးစံအတိုင်း ဝတ်ဆင်လေ့ရှိသော ကုတ်အင်္ကျီဝတ်စုံကို ချွတ်၍ ပေါ့ပေါ့ပါးပါး အဝတ်အစားများကို လဲလှယ်ထားသဖြင့် ပိုမိုနုပျိုကာ ချဉ်းကပ်ရလွယ်ကူသော ပုံစံမျိုး ပေါက်နေသည်။

"ဒီနေ့ အလုပ်မသွားဘူးလား"

ဟု မိုဖခင်က မေးသောအခါ

“အလုပ်နဲ့ အနားယူခြင်းကို မျှတအောင် ထားရမယ်လေ"

ဟု မိုဟန်ကျိက ပြန်ဖြေလိုက်ရာ တစ်အိမ်သားလုံး မှင်တက်သွားရသည်။

အလုပ်ကိုသာ အဓိကထားလေ့ရှိသော သားဖြစ်သူထံမှ ဤစကားမျိုး ထွက်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။

အမှန်စင်စစ် သူသည် မင်ယွဲ့၏ အိမ်သို့ သွားရန်အတွက်သာ စိတ်အားထက်သန်နေခြင်း ဖြစ်သည်။

မင်ယွဲ့၏ တိုက်ခန်းသို့ ရောက်ရှိသောအခါ သူမသည် နူးညံ့သောအပြုံးဖြင့် ဆီးကြိုသည်။

မိုဟန်ကျီသည် လက်ဆောင်ပစ္စည်း အပြည့်ပါသော သေတ္တာကြီးနှစ်လုံးကို သယ်ဆောင်လာခဲ့သည်။ တစ်လုံးတွင် လတ်ဆတ်သော ပင်လယ်စာများနှင့် ဟင်းသီးဟင်းရွက်များပါရှိပြီး နောက်တစ်လုံးတွင်မူ အဆင့်မြင့် သစ်သီးဝလံများ ပြည့်နှက်နေ၏။

ဧည့်ခန်းအတွင်း၌ မင်ယွဲ့သည် သူမ၏ ပန်းထိုးအလုပ်ကို အာရုံစိုက်နေစဉ် မိုဟန်ကျိက ဘေးမှနေ၍ 'ကွန်ဖူးပန်ဒါ' ကာတွန်းကားကို ယွမ်ပေါ့

နှင့်အတူ ကြည့်ရှုနေသည်။

အေးချမ်းလှသော နေ့ခင်းခင်း အချိန်လေးတွင် သူတို့နှစ်ဦးကြား၌ မပြောပြနိုင်သော နွေးထွေးမှုနှင့် သဟဇာတဖြစ်မှုတို့ စီးဆင်းနေသည်။ မင်ယွဲ့က ပန်းရောင်ပိတ်သားပေါ်တွင် ရဲရဲနီသော မက်မွန်ပန်းများကို စိတ်ရှည်စွာ ထိုးနေစဉ် မိုဟိန်ကျိသည် သူမ၏ ကျော့ရှင်းသော လှုပ်ရှားမှုများကို ငေးမောကြည့်နေမိသည်။

"ဘာဖြစ်လို့လဲ... ပျင်းနေပြီလား"

ဟု မင်ယွဲ့က မေးလိုက်သောအခါ မိုဟန်ကျီက

“မပျင်းပါဘူး"

ဟု ချက်ချင်းပင် တုံ့ပြန်သည်။

သူမ၏ အနီးအနားတွင် ရှိနေရခြင်းကပင် သူ့အတွက် စိတ်အေးချမ်းမှုကို ပေးစွမ်းနေသကဲ့သို့ပင်။

နေ့လယ်စာ စားချိန်တွင် မင်ယွဲ့သည် သူမ၏ လက်ရာမွန်များဖြစ်သော အာလူးအမဲသားချက်၊ ဝက်နံရိုးချိုချဉ်နှင့် ပင်လယ်စာများကို ပြင်ဆင်

လိုက်သည်။

မိုဟန်ကျီသည် မီးဖိုချောင်အတွင်း၌ ကူညီပေးရင်း မင်ယွဲ့၏ ကျွမ်းကျင်လှသော ဓားအသုံးအနှုန်းကို ငေးမောနေရသည်။

ထမင်းစားပွဲပေါ်တွင် မိုဟန်ကျီသည် ဂဏန်းအသားများကို စိတ်ရှည်လက်ရှည် နွှာပေးပြီး ပုစွန်များကိုလည်း အခွံခွာ၍ မင်ယွဲ့၏ ပန်းကန်ထဲသို့ ထည့်ပေးနေသည်။

"ဟန်ကျီ... ကျွန်မက ရှင့်ကို ထမင်းကျွေးတာလေ အခုတော့ ရှင်ကပဲ ကျွန်မကို လိုက်ကျွေးနေသလို ဖြစ်နေပြီ"

ဟု မင်ယွဲ့က အားနာတကြီး ဆိုလိုက်သည်။

မိုဟန်ကျိက သူမကို စူးစိုက်ကြည့်ကာ အလေးအနက် ပြောလိုက်သည်။

“ကျွန်တော်က ထမင်းလာစားတာ မဟုတ်ပါဘူး၊ မင်းကို လာတွေ့တာပါ ပြီးတော့... ကိုယ်က အမျိုးသမီးတိုင်းအပေါ် ဒီလို ဂရုစိုက်တာ မဟုတ်ဘူး မင်းတစ်ယောက်တည်းကိုပဲ ဒီလို လုပ်ပေးတာပါ"

ထိုစကားကြောင့် မင်ယွဲ့၏ ရင်ထဲတွင် လှိုင်းထန်သွားရသည်။

ဤအေးစက်သော အမျိုးသားသည် သူမရှေ့တွင်မူ အတားအဆီးမဲ့သော ရိုးသားမှုများဖြင့် ဖုံးကွယ်ထားခြင်း မရှိတော့ပေ။

သူ၏ နက်မှောင်သော မျက်ဝန်းများထဲတွင် မြင်တွေ့နေရသော သံယောဇဉ်ရိပ်တို့သည် မင်ယွဲ့ကို ဆွံ့အသွားစေပြီး သူမ၏ နှလုံးသားတံခါးကို အသာအယာ ခေါက်နေသကဲ့သို့ ခံစားလိုက်ရတော့သည်။