← Chapters

အခန်း (၈၁)

Vol. 9 Ch. 81

အခန်း (၈၁)

Vol. 9 Ch. 81

ကယ်တော်မူပါ ဘိုးဘေးရေ…

ဘာသာပြန်သူ-Chang’e

Book 9 Chapter 81 to 90

အပိုင်း (၈၁)

လင်ချန်သေဆုံးသွားလေ၏။ အစောက ရုန်းကန်မှုသည် သူ့ရင်ထဲတွင် နောက်ဆုံးကျန်ရှိနေသည့် မကျေနပ်သော စိတ်ဆန္ဒကြောင့်သာဖြစ်သည်။

"အမွေဆက်ခံသူ... သေသွားပြီ..."

"သေစမ်း... မင်း... ကောင်းကင်ဘုံရဲ့ ဒဏ်ခတ်မှုကို မကြောက်ဘူးလား..."

ချုပ်နှောင်ခံထားရသော လင်းနို့သည် ရူးသွပ်စွာ ရုန်းကန်လာပြီး အက်ကွဲအောရှရှ အသံဖြင့် ပြောလိုက်သည်။

"ကဲ... ဒီနေရာမှာ မင်း ကိစ္စပြီးပြီ... ဆက်ပြီး ပုန်းနေလိုက်တော့..."

ကျုံးရှန် ပြောလိုက်ပြီး သူ၏ဝိညာဉ်စွမ်းအင် ကိုတစ်ချက် လှုပ်ရှားလိုက်သည်တွင် အနူးဘစ်၏ စိတ်အာရုံ ကပ်ငြိနေသော လင်းနို့ကိုယ်ပွားသည် အသတ်ခံလိုက်ရ၏။

ထို့နောက် လက်ကို ဆန့်ထုတ်ကာ ကောင်းကင်ပေါ်တွင် ပျံဝဲနေသော တိုက်ပွဲကွင်းပြင်ကိုအောက်သို့ ပြန်လည်ချထားလိုက်သည်။

ကောင်းကင်ယံတွင် လေပြေညင်းကလေးများ ဖြည်းညှင်းစွာ တိုက်ခတ်နေ၏။

ပရမ်းပတာဖြစ်နေသော မြေပြင်အထက်တွင် ကျုံးရှန်နှင့် ကျုံးကျဲ နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

မူလက လင်ချန်ပိုင်ဆိုင်သော ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ထားသည့် ကံတရားအလင်းတိုင်သည် တစစီပြိုကွဲသွား၏။

ထို့နောက် ပိုင်ရှင်အသစ် ရှာတွေ့သွားပြီး ကျုံးကျဲဆီသို့ ဆွဲငင်ခံလိုက်ရကာ သူ၏ခန္ဓာကိုယ်ထဲသို့ အရူးအမူး စီးဝင်သွားကြသည်။

ကောင်းကင်နှင့်မြေပြင်ကို ထိုးဖောက်သွားသည့် ကံတရားအလင်းတိုင်တစ်ခု ထပ်မံ ဖွဲ့စည်းသွားပြန်သည်။

အလွန် အားကောင်းသော ကံတရားကြောင့် ရွှေရောင်ကြာပွင့်များ ပွင့်လန်းလာပြီး ကျုံးကျဲ၏ ခေါင်းပေါ်သို့ ကျဆင်းလာ လေသည်။

နောက်ဆုံးတွင် ကံတရား၏ သရုပ်ကိုဖော်ဆောင်သည့် ရွှေရောင်သရဖူတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖြည်းညှင်းစွာ လည်ပတ်လာကာ ကျုံးကျဲ၏တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းများထုတ်လွှတ်လာ၏။

ကံတရားရဲ့သရဖူ…

ကျုံးရှန်၏ကိုယ်ပွားသည် သူ၏ထက်ရှသော အာရုံခံနိုင်စွမ်းဖြင့် ကျုံးကျဲ၏ ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပေါ်နေသော ကံတရားပြောင်းလဲမှုများကို အာရုံခံမိလိုက်သည်။

ယခုအချိန်၌ ကျုံးကျဲ၏ ခန္ဓာကိုယ်တွင် ထူးခြားဆန်းကြယ်သော ပြောင်းလဲမှုများ ဖြစ်ပေါ်နေ၏။

ကမ္ဘာလောကကြီးတစ်ခုလုံး၏ အခွင့်အရေးများအားလုံး သူ၏လက်ထဲတွင် ရောက်ရှိနေသကဲ့သို့ပင်။

ဤကဲ့သို့သော လူမျိုးသည် ကျင့်ကြံခြင်း မပြုလုပ်ဘဲ လမ်းထွက်လျှောက်လျှင်တောင်မှ ရှားပါးသော နတ်ဘုရားဆေးလုံးများကို ကောက်ရခြင်းမျိုးဖြစ်နိုင်ပြီး တောတောင်များ၊ ဂူများသို့ သွားလိုက်ရုံဖြင့်ပင် ရှေးဟောင်းကျွမ်းကျင်သူများ၏ အမွေအနှစ်များ၊ လျှို့ဝှက်ဂူသင်္ချိုင်းများကို တွေ့ရှိနိုင်ကာ တန်ဖိုးကြီးမားသော ရတနာများကို ရရှိနိုင်သည်။

အတိုချုပ်ပြောရလျှင် လူအများမနာလိုချင်ရလောက်အောင် ကြီးမားသော ကံ ကောင်းခြင်းမျိုးကို ပိုင်ဆိုင်ထားသူများဖြစ်၏။

သာမန်အားဖြင့် ဤကဲ့သို့သော လူမျိုးသည် နှစ်ပေါင်းတစ်သောင်းတွင် တစ်ယောက် ပေါ်ထွက်လာရန်ပင် ခဲယဉ်းလှပြီး ပေါ်ထွက်လာလျှင်လည်း ကောင်းကင်ဘုံ၏ သားတော် ဖြစ်လာစမြဲပင်။

သို့သော်လည်း ယခုအချိန်၌ ကောင်းကင်တာအို၏ ကံတရားသည် ရှုပ်ထွေးလာပြီး ကြိုတင်ခန့်မှန်း၍ မရနိုင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာနေ၏။

ယခု နှစ်အနည်းငယ်အတွင်း၌ပင် မရေမတွက်နိုင်သော ကောင်းကင်သားတော်များ ပေါ်ပေါက်လာကာ ပြင်းထန်သော ပြိုင်ဆိုင်မှုများ ဖြစ်ပွားနေကြ၏။

ဤကဲ့သို့သော ပြောင်းလဲမှုမျိုးကို ကျုံးရှန်မဆိုထားနှင့် ကံတရားနတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင် နားလည်နိုင်လိမ့်မည် မဟုတ်ပေ။

နတ်ဘုရားအဆင့်တွင် တတိယအဆင့်ရှိသည့် ကောင်းကင်တာအိုနတ်ဘုရားများသာ အနည်းငယ် ရိပ်ကောင်း ရိပ်မိပေလိမ့်မည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ သမိုင်းကြောင်းအရ ကောင်းကင်တာအို၏ ကံတရားသည် အနိမ့်ဆုံးသို့ ရောက်ပြီးမှ ပြန်လည် မြင့်တက်လာလေ့ရှိပြီး အမြင့်ဆုံးရောက်သွားလျှင် ပြန်ကျလာလိမ့်မည်ပင်။

ထိုစည်းမျဉ်းအရ ဆိုလျှင် ယခုရောက်ရှိနေသော ခေတ်သစ်ကာလ သည် ကောင်းကင်နှင့်မြေပြင်၏ ကံတရား နိမ့်ကျနေသော ကာလ ဖြစ်ပြီး ပြန်လည် မြင့်တက်လာရန်အနည်းဆုံး နှစ်ပေါင်းတစ်သန်း ကြာအုန်းမည် ဖြစ်သည်။

--------------

"ဟေ... နတ်ဘုရားတစ်သောင်းဖြစ်ရပ် မှတ်တမ်းရဲ့ ဆုလာဘ်က ဘာလို့ မရောက်လာရသေးတာလဲ..."

"ကြည့်ရတာ ငရဲတာအိုအမှတ်အသားနဲ့ ဝိညာဉ်မြင့်မြတ်ခန္ဓာရဲ့ မူလအနှစ်သာရကိုပါ ယူပေးရမယ့်ပုံပဲ..."

ထိုသို့ စဉ်းစားလိုက်ကာ လင်ချန်၏ ရွှံ့ပုံကဲ့သို့ ဖြစ်နေသော အလောင်းဘက်သို့ လက်ညှိုးထိုးလိုက်လျှင် အလောင်းထဲမှ အနက်ရောင် အလင်းလုံးတစ်လုံ ပျံသန်းထွက်ပေါ်လာပြီး ကျုံးရှန်၏ လက်ပေါ်သို့ ရောက်လာ၏။

ဤအလင်းလုံးသည် အလွန် မဲနက်နေပြီး အလင်းရောင်အားလုံးကို စုပ်ယူထားသကဲ့သို့ ဖြစ်နေကာ ပို၍ ထူးခြားသည်မှာ အလင်းလုံး၏ အလယ်ဗဟိုတွင် အမှတ်အသားတစ်ခု လင်းလက် နေခြင်းပင်။

ထိုအရာသည် ကျုံးကျဲ၏ ငရဲတာအိုအမှတ်အသား ဖြစ်ပြီး ယခုအခါ၌လင်ချန်၏ ခန္ဓာကိုယ်ထဲရှိယမမင်းစွမ်းအင်များနှင့် ပေါင်းစည်းသွားခဲ့ပြီဖြစ်ကာတစ်သားတည်း ဖြစ်သွားသဖြင့် ခွဲခြား၍ မရတော့ပေ။

လက်ထဲမှ အနက်ရောင်အလင်းလုံးသဏ္ဌာန် အနှစ်သာရစွမ်းအင်လုံးကို ကိုင်ထားရင်း ကျုံးရှန် အတွေးနက်နေမိသည်။

ဤအနှစ်သာရတွင် ငရဲတာအိုနှင့် သတ်ဖြတ်ခြင်းတာအိုရဲ့ အထူးခန္ဓာနှစ်မျိုး ပေါင်းစပ်ပါဝင်နေပြီး နောက်ထပ်ထပ်မံ၍ စစ်ဘုရင်ခန္ဓာနှင့် ပေါင်းစပ်လိုက်လျှင် မည်ကဲ့သို့သော သူတော်စင်ခန္ဓာမျိုး ဖြစ်လာမည်နည်း။

စဉ်းစားကြည့်ရုံဖြင့်ပင် ကြက်သီးထစရာ ကောင်းလှပေသည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင် တစ်ခါမှ မရှိဖူးသော စွမ်းအားအကြီးဆုံး ခန္ဓာကိုယ်တစ်ခု မွေးဖွားလာခြင်းကို ကိုယ်တိုင် ဖန်တီးပေးရမည်ဆိုသည့် အတွေးသည် စိတ်လှုပ်ရှားစရာ ကောင်းလှသည် မဟုတ်ပါလော။

ထို့အပြင် ထိုခန္ဓာကိုယ်ကို ရရှိမည့်သူသည် မိမိ၏ မျိုးဆက်သွေးသား ဖြစ်နေသေးသည်။ ထိုအကြောင်းကို တွေးမိသောအခါ ကျုံးရှန်၏ ရင်ထဲတွင် မျှော်လင့်စိတ်များ ဖြစ်ပေါ်လာရ တော့သည်။

ကျုံးရှန်တစ်ယောက် အတွေးထဲနစ်မျောနေတုန်း လင်ချန်၏ အလောင်းမှ အနက်ရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး အနက်ရောင်မျဉ်းကြောင်းအဖြစ် အဆုံးမဲ့သဲကန္တာရ၏ အတွင်းပိုင်းသို့ ပျံသန်းသွားလေသည်။

အနူးဘစ်၏ ဆက်ခံသူအမှတ်အသားပင်။ လင်ချန်သေသွားပြီးနောက် ကျုံးရှန်၏ ဖမ်းဆီးခြင်းကို မခံရခင် ထွက်ပြေးရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။ ကျုံးရှန်သည် ထိုသို့ဖြစ်လာမည်ကိုကြိုသိနေသကဲ့သို့ အေးစက်စွာ ပြုံးလိုက်သည်။

"မင်း ငြိမ်ငြိမ်နေမှာ မဟုတ်ဘူးဆိုတာ သိသားပဲ..."

"လိမ်လိမ်မာမာနဲ့...ပြန်လာခဲ့စမ်း..."

ထို့နောက် သူ့လက်ကို ဆန့်ထုတ်ပြီး ဆွဲယူလိုက်လျှင် ထွက်ပြေးနေသော အနူးဘစ်၏ဆက်ခံသူ အမှတ်အသားသည် ရုတ်တရက် ရပ်တန့်သွားကာ မမြင်ရသော သံကြိုးတစ်ချောင်းဖြင့် ချည်နှောင်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။

ထို့နောက် အရှိန်ပြင်းစွာဖြင့် နောက်ပြန်လှည့်ကာ ကျုံးရှန်ရှိရာသို့ပြန်ရောက်လာ၏။ ပြန်ရောက်လာသော အမှတ်အသားကို ကျုံးရှန်သည် လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ကာ ဖမ်းလိုက်၏။ မည်မျှပင် ရုန်းကန်နေပါစေ လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။

"ဟမ့်... ငြိမ်ငြိမ် နေစမ်း..."

ကျုံးရှန်၏ နတ်ဘုရားစိတ်အာရုံသည် အနူးဘစ်၏ဆက်ခံသူ အမှတ်အသားအတွင်းဝင်ရောက်သွားပြီး လက်ကျန်ရုန်းကန်ချင်စိတ်မှန်သမျှကို ရှင်းထုတ်ပစ်လိုက်သည်။

ထို့နောက်တွင်တော့ ကျုံးရှန်၏ လက်ထဲ၌ ငြိမ်ကျသွားလေသည်။ ဤပစ္စည်းသည် အနူးဘစ်၏ ဆက်ခံသူ အမှတ်အသား ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏ စိတ်ဆန္ဒမှ ဖန်တီးထားသော သော့တစ်ချောင်းလည်း ဖြစ်သည်။

သဲကန္တာရနတ်ဘုရားသည် ကောက်ကျစ်စဉ်းလဲပြီး သူ၏နတ်ဘုရားဝိညာဉ်ကို ထိန်းသိမ်းထားသော်လည်း

ဆက်ခံသူ အမှတ်အသားကို ပိုင်ဆိုင်ထားသူသည် နတ်ဘုရားရာထူးကို အမှန်တကယ်ရရှိမည်ဖြစ်သည်။

နတ်ဘုရားရာထူးနှင့် ကောင်းကင်တာအို၏သူတော်စင်ရာထူး။ ဤအရာနှစ်ခုသည် ယခုခေတ်ကာလတွင် တန်ဖိုးအရှိဆုံး အရာများပင်။

သို့မဟုတ်ပါက အဆင့်၉ အထွတ်အထိပ် သူတော်စင်အဆင့် (သို့) နတ်ဘုရားအဆင့် တတိယအဆင့် ကောင်းကင်တာအိုနတ်ဘုရား အထိ ကျင့်ကြံနိုင်လျှင်ပင် နတ်ဘုရားအစစ် ၊ သူတော်စင်အစစ် ဖြစ်လာနိုင်မည်မဟုတ်ဘဲ သူတော်စင်အတု၊ နတ်ဘုရားအတုများသာ ဖြစ်နေပေလိမ့်မည်။

ထိုအချိန်တွင် ကမ္ဘာတစ်ခုလုံး တိတ်တဆိတ် တုန်ခါသွားသည်ကို ကျုံးရှန် ခံစားလိုက်ရ၏။ ဟင်းလင်းပြင်သည်ပင် ပျော်ရွှင်သော ခံစားချက်များ ပြည့်နှက်နေသည်မှာကောင်းကင်တာအို၏ သားတော်တစ်ဦး မွေးဖွားလာခြင်းကို ဂုဏ်ပြုနေသကဲ့သို့ပင်။

အကယ်၍ ကံတရားကို သိမြင်နိုင်သော အထွတ်အထိပ် ကျွမ်းကျင်သူများသာ ရှိနေပါက ယခုလက်ရှိ ကျုံးကျဲ၏ ကံတရားသည် အလွန်မြင့်မားလာသည်ကို မြင်ရပေလိမ့်မည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် စုစည်းနေသော ကံတရားအလင်းတိုင်သည် ပုံမှန်ကံကောင်းခြင်းများစွာပိုင်ဆိုင်ထားသူများထက်ပင်ပို၍ အဆပေါင်းများစွာ သာလွန်နေပြီး

ကံကောင်းခြင်း၏ဘုရင် ဟုပင် ခေါ်ဆိုထိုက်ပေသည်။

ပုံမှန်ထက်ကံကောင်းခြင်းများစွာပိုင်ဆိုင်ထားသည့် မည်သူမဆို ကျုံးကျဲရှေ့ရောက်ပါက အလိုအလျောက် ဖိနှိပ်ခံရမည်ပင်။ ကံကောင်းခြင်းနှင့် ကံတရားနှင့်သက်ဆိုင်သည့် နည်းစနစ်များကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံထားသူများသာ ဤကဲ့သို့ ဖိနှိပ်မှုမျိုးကို အနည်းငယ် ခုခံနိုင်ပေလိမ့်မည်။

"ဘိုးဘေး..."

ကျုံးကျဲသည် စစ်ဘုရင်လှံရှည်ကို ကိုင်ဆောင်လျက် ကျုံးရှန်၏ ရှေ့မှောက်သို့ လျှောက်လာကာ ဒူးထောက်ချလိုက်ပြီး ဦးခိုက်လိုက်လေသည်။

"ရန်သူကို ကိုယ်တိုင် သတ်ခွင့်ရပြီး...ကိုယ့်ရဲ့ ကံတရားကို ပြောင်းလဲနိုင်ခွင့်အပြင်... စိတ်ထဲက အဖုအထစ်တွေကိုပါ ဖြေရှင်းခွင့်‌ ပေးတဲ့အတွက်... ဘိုးဘေးကို ကျေးဇူးအထူးတင်ပါတယ်..."

သူ့ရင်ထဲတွင် ကျေးဇူးတင်စိတ်များ အဆုံးမရှိ ပြည့်နှက်နေသည်။ အကယ်၍ ဘိုးဘေးသာ မရှိခဲ့လျှင် သူ သေဆုံးနေခဲ့သည်မှာ ကြာပြီဖြစ်၏။ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည်လည်း ကံတရားသားတော်နှင့် ရင်ဆိုင်မိသဖြင့် ဒုက္ခရောက်ရပေမည်။

ကောင်းကင်တာအို၏ သတ်မှတ်ချက်အရ ကံတရားသားတော်နှင့် ရန်ဘက်ပြုမိသူတိုင်းမည်သူမဆိုကံတရားသားတော်၏ ခြေနင်းတုံး ဖြစ်ရမည်ပင်။ တစ်ဖက်လူသည်လည်း ကံတရားသားတော် သို့မဟုတ် ကောင်းကင်တာအို၏သားတော် ဖြစ်နေမှသာ ယှဉ်နိုင်မည် ဖြစ်၏။

ထို့ကြောင့် ယခုကဲ့သို့ ကံတရားသား တော်တစ်ပါးဖြစ်သည့် လင်ချန်ကို သတ်ဖြတ်ချင်းမျိုးကို ဤလောကတွင် ကျုံးရှန်သာ ပြုလုပ်နိုင်‌ပေမည်။

ကုန်ကုန်ပြောရလျှင် ကျုံးရှန်သည်သာ ချွင်းချက် ဖြစ်ကာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ဖျက်နိုင်သူတစ်ဦး ဖြစ်လေ၏။

All Chapters