← Chapters

အခန်း (၈၇)

Vol. 9 Ch. 87

အခန်း (၈၇)

Vol. 9 Ch. 87

အပိုင်း (၈၇)

အကြီးအကဲနှစ်ဦးသည် အနည်းငယ် တွေဝေသွားကြသည်။ ဤခရီးသည် ဟွမ်ရှားလူမျိုးစုများနှင့် စစ်တိုက်ရန် သွားခြင်းဖြစ်ပြီး ပျော်ပွဲစားခရီးထွက်ခြင်း မဟုတ်ပေ။မြင့်မြတ်နယ်မြေတစ်ခုလုံး အင်အားအကုန်ထုတ်သုံးရမည့်စစ်ပွဲဖြစ်ကာ အခြေအနေတွေရှုပ်ထွေးနေသောစစ်မြေပြင်၌ ကျုံးကျဲ၏ လုံခြုံရေးကို အာမခံရန် ခက်ခဲလှသည်။ အန္တရာယ်ရှိမည်မှာ ပြောစရာပင်မလိုတော့ချေ။

သို့ဖြစ်ရာ ကျုံးကျဲလိုထူးချွန်သည့် ပါရမီရှင်ကို စစ်ထွက်ရာတွင် လိုက်ပါခွင့်ပြုခြင်းသည် သိပ်မသင့်တော်လှပေ။

"အာကျဲ... မင်း မြင့်မြတ်နယ်မြေထဲမှာပဲ နေခဲ့ပါလား..."

ထိုစကားထွက်လာသည်နှင့် ကျုံးကျဲ၏ မျက်ခုံးများ တွန့်ချိုးသွားပြီး သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်လာ၏။ ထိုအရှိန်အဝါသည် သာမန်မျက်စိဖြင့်ပင်မြင်ရမတတ်ထူထပ်လာပြီး လေပြင်းများပင် တိုက်ခတ်လာသည်။ နိယာမနယ်ပယ် အဆင့် ၂၃ သို့ ရောက်နေသော ဝဲ၊ယာ အကြီးအကဲနှစ်ဦးပင်လျှင်ရင်တုန်သွားကြသည်။

"အာကျဲရဲ့ ခန္ဓာကိုယ်ပေါ်က...သတ်... သတ်ဖြတ်ခြင်း အရှိန်အဝါက တော်တော်ပြင်းထန်ပါလား..."

"ဒီအရှိန်အဝါက...လူတစ်သောင်းကို သတ်ဖြတ်ထားမှ ရနိုင်တဲ့ အရှိန်အဝါလား..."

"မ... မဟုတ်ဘူး... ဒါ အနည်းဆုံး လူတစ်သိန်းလောက် သတ်ဖြတ်ထားမှ ရနိုင်တဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါပဲ..."

အကြီးအကဲနှစ်ဦး ခြေတစ်လှမ်း နောက်ဆုတ်မိသွားကာ ကံကောင်းခြင်း၏ ဘုရင်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် မွေးရာပါ အားနည်းချက် ရှိနေသကဲ့သို့ ခေါင်းငုံ့ပေးရသည်။ ထိုအရာကား ကျင့်ကြံခြင်းအဆင့်နှင့်ပင် ဖြည့်ဆည်း၍ မရနိုင်သော ဖိအားပေးမှုပင် ဖြစ်သည်။

ကျုံးကျဲသည် တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် လေးနက်စွာ ပြောလိုက်သည်။

"အခုလို လူမျိုးခြားတွေ အလုံးအရင်းနဲ့ ကျူးကျော်လာချိန်မှာ ဂိုဏ်းတစ်ခုလုံး အင်အားကုန် ထွက်တိုက်နေကြတာ... ကျွန်တော် ကျုံးကျဲက ဘယ်လိုလုပ် နောက်မှာ ကျန်နေခဲ့ရမှာလဲ..."

"လူသားမျိုးနွယ်ရဲ့ တာဝန်... မျိုးဆက်သစ်တစ်‌ယောက်ရဲ့တာဝန်ပဲလေ... ဘယ်လိုလုပ် သေမှာ ကြောက်ပြီး ပုန်းနေရမှာလဲ..."

သူ့စကားများသည် အလွန် ပြတ်သားနေသည်။ ဝဲ ၊ ယာ အကြီးအကဲနှစ်ဦး ခေတ္တမျှ စဉ်းစားလိုက်ကြပြီး နောက်ဆုံးတွင် သူ၏တောင်းဆိုမှုကို လက်ခံလိုက်ကြသည်။

"ကောင်းပြီလေ... ဒါပေမဲ့ စိတ်လိုက်မာန်ပါ မလုပ်ရဘူးနော်..."

"အာကျဲ.... ယာဘက်အကြီးအကဲရယ်... အထွတ်အထိပ်အကြီးအကဲ သုံးယောက်ရယ်နဲ့အတူ မွမ်းမံထားတဲ့ မုဖုန်းယင်ထျန်းလှေနဲ့လိုက်သွားလိုက်..."

ဘယ်ဘက်အကြီးအကဲက သေချာမှာကြားလိုက်သည်။

ထိုအခါမှ ကျုံးကျဲ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ညာဘက်အကြီးအကဲနောက်သို့ လိုက်ကာ အဆင့်မြှင့်တင်ထားသော စစ်လှေပေါ်သို့ တက်သွားလေသည်။ ယခုတစ်ကြိမ်တွင် ဂိုဏ်းအတွင်း၌ အထွတ်အထိပ်အကြီးအကဲ ၁၈ ဦးအနက် ၁၂ ဦး လိုက်ပါသွားမည်ဖြစ်ပြီး ၆ ဦးမှာ ဂိုဏ်းစောင့်အစီအရင်နှင့် အရပ်မျက်နှာခြောက်ဖက် နတ်ဘုရားချေမှုန်းရေးအစီအရင်ကို ထိန်းချုပ်ရန် ကျန်ရစ်ခဲ့မည် ဖြစ်သည်။

နာရီဝက်ခန့် ကြာပြီးသောအခါစစ်လှေအားလုံး ပြင်ဆင်ပြီးစီးသွားလေသည်။ စစ်လှေတိုင်းတွင် ကြီးမားသော ကျုံး ဟူသည့်စာလုံးပါသည့် အလံများ လွှင့်ထူထားကြသည်။

စစ်လှေ ရာပေါင်းများစွာသည် အစီအရီ တန်းစီနေကြ၏။ လူအပြည့်မပါသော စစ်လှေများက အပြင်ဘက်မှ ဝန်းရံထားပြီးလူအပြည့်ပါသော စစ်လှေအစင်း ၁၀၀ ကျော်ကို အလယ်တွင် ထားကာ ကာကွယ်ပေးထားသည်။ ဤသို့ဖြင့်ခမ်းနားကြီးကျယ်သော စစ်တပ်ကြီးသည် အနောက်ဘက်နယ်စပ်သို့ အရှိန်အဟုန်ဖြင့် ချီတက်သွားလေသည်။

ယခုအချိန်တွင် ညရောက်နေပြီဖြစ်သည်။ ကောင်းကင်ပေါ်ရှိ လှေပျံစစ်တပ်သည် ကြယ်များကိုပင် ဖုံးကွယ်သွားစေပြီး ရောင်စုံအလင်းများ ဖြာထွက်နေရာကောင်းကင်ယံတွင် ရောင်စုံတိမ်တိုက်များ လွင့်မျောနေသကဲ့သို့ဖြစ် နေသည်။ များပြားလှသော စစ်လှေများ တစ်ချိန်တည်းပျံသန်းလာမှုကြောင့် ပြင်းထန်သောလေပြင်းများဖြစ်‌ ပေါ်လာကာ မိုင်ထောင်ချီတိုင်အောင် ရိုက်ခတ်သွားလေသည်။ အရှိန်အဝါ မည်မျှကြီးမားကြောင်း သိသာလှသည်။

ယင်ထျန်းလှေ၏ အမြန်နှုန်းဖြင့်ဆိုလျှင် နာရီပိုင်းအတွင်း အနောက်ဘက်နယ်စပ်သို့ ရောက်ရှိနိုင်သည်။ ထျန်းမြို့တော်အနေဖြင့် မြင့်မြတ်နယ်မြေမှ စစ်တပ်ကြီး ရောက်လာသည်အထိ နာရီပိုင်းလောက် ဆက်လက် တောင့်ခံထားနိုင်ဖို့သာ မျှော်လင့်ရတော့သည်။

--------------

ချင်ထျန်းတောင်ထွတ်။

ကောင်းကင်ယံတွင် လမင်း၏နို့နှစ်ရောင် အလင်းရောင်သည် ချင်ထျန်းတောင်ထွတ်ပေါ်သို့ ဖြာကျနေကာ တောင်တစ်ခုလုံးနတ်ဘုရားအလင်းရောင်များဖြင့် တောက်ပနေ၏။

ယနေ့ည ချင်ထျန်းတောင်ထွတ်သည် အနည်းငယ် ထူးခြားနေသည်။

တောင်ပေါ်ရှိ ရှေးဟောင်းသတ္တဝါကြီးများ၊ မိစ္ဆာသူတော်စင်များနှင့် ထူးဆန်းသော သတ္တဝါများသည် တောင်ခြေတွင် စုဝေးနေကြကာ အသင့်အနေအထားဖြင့် တောင်ခြေအနီးတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေကြ၏။ ရံဖန်ရံခါတွင် ခေါင်းမော့ကာ တောင်ခါးပန်းနေရာကို စိုးရိမ်တကြီး မော့ကြည့်တတ်ကြ‌သေးသည်။

"အပျင်းမကြီးနဲ့..."

"သခင်က ကျင့်ကြံခြင်းရဲ့ အရေးကြီးတဲ့ အဆင့်ကို ရောက်နေပြီ... အားလုံး သတိထားကြ..."

"ယင်ကောင်တစ်ကောင်တောင် ဝင်ခွင့်မပေးနဲ့..."

"သခင့်ကို နှောင့်ယှက်မိရင် အားလုံး သေဒဏ်ပဲ..."

ဝက်မည်းကြီးသည် မိစ္ဆာပုံစံသို့ ပြောင်းလဲကာ လက်တစ်ဖက်တွင် ဒိုင်း၊ နောက်တစ်ဖက်တွင် လှံတိုကို ကိုင်ဆောင်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဘေးနားရှိ မျောက်များနှင့် ကြက်များသည် ချက်ချင်း နိုးကြားလာပြီး နေရာအနှံ့ ဖြန့်ကြက်လိုက်ကာ အတွင်း ၃ ထပ်၊ အပြင် ၃ ထပ်ဖြင့် ချင်ထျန်းတောင်ထွတ်ကို လုံခြုံစွာ ဝိုင်းရံထားလိုက်ကြ၏။

ဓားသွားကဲ့သို့ စူးရှနေ သောမျက်လုံးများဖြင့်ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြကာတစ်စုံတစ်ယောက် ကျူးကျော်လာခဲ့လျှင် နည်းနည်းမျှအလွတ်မပေးဘူး ဆိုသည့် သဘောဖြစ်သည်။

--------------

ချင်ထျန်းတောင်ထွတ် ထိပ်ဆုံးတွင်ဖြစ်သည်။

ကျူးကျီနှင့် ရွေ့ဝူတီ တို့ နှစ်ဦးသည် နတ်ဘုရားအလင်းတောအုပ် အပြင်ဘက်တွင် ရပ်နေပြီး အလယ်ဗဟိုတွင် တင်ပျဉ်ခွေထိုင်နေသော ကျုံးရှန်ကို စိတ်ပါဝင်စားစွာ ကြည့်ရှုနေကြသည်။ ကျုံးရှန်၏ ခေါင်းပေါ်၌ လျှို့ဝှက်သင်္ကေတများ ပေါ်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် လှပသော တောင်တန်းမြစ်ချောင်းများ၊ စကြဝဠာကမ္ဘာများ၊ ထိုကမ္ဘာအနန္တရှိ သက်ရှိသတ္တဝါများ၊ လူ၊ မိစ္ဆာ၊ နတ်ဆိုး၊ နတ်ဘုရား၊ အင်မော်တယ်များ အဖြစ် ပြောင်းလဲသွားသည်။

ထို့‌နောက်သက်ရှိသတ္တဝါအားလုံးသည် သံသရာမှ လွတ်မြောက်လိုသော အသံဖြင့်အော်ဟစ်လိုက်ကြသည်။ သူတို့၏အသံထဲတွင် လွတ်လပ်မှု၊ ပေါ့ပါးမှု၊အချုပ်အနှောင်ကင်းမှု တို့ကို တောင့်တသော မူလစိတ်နှင့် ဆန္ဒများ ပါဝင်နေသည်။ ထိုဆန္ဒများသည် သူတို့ကိုယ်တိုင် သတိမထားမိသော အရာများ ဖြစ်သော်လည်း လျှို့ဝှက်သင်္ကေတများက ပုံဖော်ပြသနေခြင်းပင် ဖြစ်သည်။

"ဆရာ ကျင့်ကြံနေတာ ဘာပညာရပ်လဲမသိဘူး... ဖြစ်ပေါ်လာတဲ့ ပုံရိပ်တွေက အံ့သြစရာကောင်းပြီး... ထူးဆန်းလိုက်တာ..."

ရွေ့ဝူတီ၏ တစ်ကိုယ်လုံးတွင် ဓားအလင်းများ တောက်ပလာပြီး ဉာဏ်အလင်းတစ်ခု ရရှိသွားသကဲ့သို့ မသိစိတ်မှနေ၍ လိုက်ပါကျင့်ကြံလိုက်လျှင် ဓားအလင်းများ ဖျက်ခနဲလက်သွားပြီး ထက်မြက်သော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် ကျူးကျီ၏ ဘေးနားတွင် သွားရောက်ပျံဝဲ နေလေသည်။

"မင်းကတော့လေ... သခင့်ကို ကောင်းကောင်း မစောင့်ဘဲ ဘာတွေ လျှောက်လုပ်နေတာလဲ..."

"ငြိမ်ငြိမ်လေး နေစမ်းပါ..."

ကျူးကျီက လက်သည်းပေါ်ရှိ အမွေးများကို လျှာဖြင့်လျက်ရင်း သတိပေးလိုက်သည်။

"သိပါပြီ ဦးလေးကျူးရဲ့..."

"ဦးလေးနဲ့ ကျွန်တော် ရှိနေမှတော့ ဘယ်သူက လာရှုပ်ရဲမှာလဲ..."

ပြောပြီးသည်နှင့် ရွေ့ဝူတီသည် လူပုံစံ ပြန်ပြောင်းလိုက်ကာ နတ်ဘုရားအလင်းတောအုပ် အပြင်ဘက်ရှိ ကျူးကျီနှင့်မျက်နှာခြင်းဆိုင်တစ်ဖက်ခြမ်းတွင် ဝင်ထိုင်လိုက်၏။

သူ့အနောက်တွင် မြင့်မြတ်သောတံခါးမကြီး ဖြည်းညှင်းစွာ ပေါ်လာသည်။ ထိုအရာကို ကျူးကျီမြင်သောအခါ မျက်လုံး ဖွင့်လိုက်ပြီး သူလည်း မြင့်မြတ်သောတံခါးမကြီးကို ဆင့်ခေါ်လိုက်၏။ သူတော်စင်အဆင့် ၃ ကျွမ်းကျင်သူ နှစ်ဦးပင် ဖြစ်သည်။

အပြင်လောကတွင်ဆိုလျှင် နယ်မြေအရှင်သခင်များ ဖြစ်ကြပြီး ရှည်လျားသောသက်တမ်းရှိကာ အဆုံးမဲ့ ဟင်းလင်းပြင်တွင် လှည့်လည်သွားလာနိုင်‌သောသူများ ဖြစ်သည်။ ထို့အပြင်ပရမ်းပတာနယ်မြေ ထဲတွင်ပင် အနည်းငယ် စူးစမ်းလေ့လာနိုင် သေး၏။

ထိုကဲ့သို့ ပုဂ္ဂိုလ်များ၏ စောင့်ကြပ်ပေးခံရမှတော့ အင်မော်တယ်တောင် တစ်သန်း အနီးအနားတွင် မဆိုထားနှင့် နန်ယန်စီရင်စုတစ်ခုလုံးရှိ အင်အားစုအားလုံး ပေါင်းစည်းပြီး ချင်ထျန်းတောင်ထွတ်ကို လာရောက်တိုက်ခိုက်လျှင်ပင် ဤနေရာ၌ သေပွဲဝင်ရရုံသာ ရှိပေမည်။

--------------

ကျုံးရှန်သည် ပြင်ပကမ္ဘာမှ အရာအားလုံးကို အာရုံမစိုက်ဘဲငြိမ်သက်စွာ ထိုင်နေခဲ့ကာ အထွတ်အထိပ်ကျင့်စဉ်ကို လှည့်ပတ်‌ ကျင့်ကြံနေ၏။ မရေမတွက်နိုင်သော နတ်ဘုရားအလင်းများသည် သူ့ခန္ဓာကိုယ်ကို လာရောက်ရိုက်ခတ်နေကြသည်။သို့သော် ခြစ်ရာတစ်ခုပင် ဖြစ်အောင် မလုပ်နိုင်ဘဲ သူ၏ ခန္ဓာကိုယ်ကို ပို၍ တောက်ပလာအောင်သာ ပြုလုပ်ပေးနေသည်။

ကျုံးရှန်၏ ခန္ဓာကိုယ်ထဲတွင် မိမိကိုယ်ကို ကိုယ်စားပြုသော အမှုန်အမွှားပေါင်း သန်း ၈၁၀ ရှိနေပြီး ထိုအမှုန်အမွှားများသည် ကြယ်များကဲ့သို့ ကျုံးရှန်၏ ခန္ဓာကိုယ်ထဲတွင် ပုံသဏ္ဌာန်တစ်ခုအဖြစ် ဖွဲ့စည်းနေရာယူထားသည်။ ကျုံရှန် အသက်ရှူလိုက်တိုင်း ထို အမှုန်အမွှားကြယ်‌လေးများသည် အဆုံးမဲ့ စွမ်းအားများကို ခန္ဓာကိုယ်အနှံ့ပို့လွှတ်ပေးနေသည်။

အမှုန်အမွှားတစ်ခု လင်းလက်လာတိုင်း သူတော်စင်အဆင့် ၁ ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားကို ရရှိခြင်းနှင့် အတူတူပင် ဖြစ်သည်။ ယခု ကျုံးရှန်၏ ခန္ဓာကိုယ်ထဲတွင် အမှုန်အမွှား သန်း ၈၀၀ အတိအကျ လင်းလက်နေပြီ ဖြစ်သည်။ ထို့အပြင် သူ၏ ကျင့်စဉ် လည်ပတ်နေသည်နှင့်အမျှ မူလက မှေးမှိန်နေသော အမှုန်အမွှားများသည် တစ်ခုပြီးတစ်ခု ဆက်တိုက် လင်းလက်လာနေသည်။

၈၀၁သန်း..

၈၀၂သန်း ...

၈၀၉ သန်း...

ပြီးပြည့်စုံစွာ ပြောင်းလဲရန် အမှုန်အမွှား တစ်ခုသာ လိုတော့သည်။

"မူလအတ္တက နုပျိုမှု.. မိမိအတ္တက မိုက်ရူးရဲဆန်ခြင်း.. စစ်မှန်သောအတ္တက ရင့်ကျက်မှု၊ အတ္တမဲ့ခြင်းက ပြီးပြည့်စုံခြင်း..."

"ငါ အခု နိယာမနယ်ပယ် အဆင့် ၂၈ရယ် သူတော်စင်တစ်ပိုင်း ခန္ဓာကိုပိုင်ဆိုင်ထားပြီး.. ခန္ဓာကိုယ်ထဲမှာလည်း မိမိအတ္တစွမ်းအား ၈၀၉သန်း ရှိနေပြီ... စွမ်းအားရဲ့ အထွတ်အထိပ်ပဲ... ဒီစွမ်းအားနဲ့ဆိုရင်ကမ္ဘာအများကြီးကိုတောင် ဖျက်ဆီးပစ်နိုင်တယ်..."

"နတ်ဘုရားအတုအယောင် ဆိုရင်တောင် ငါ့လက်ထဲမှာ ဖုန်မှုန့် ဖြစ်သွားရမယ်..."

"စစ်မှန်သော နတ်ဘုရား ဆိုရင်တောင် ငါ ယှဉ်ပြိုင်နိုင်တယ်..."

"မိမိအတ္တကနေ စစ်မှန်‌သောအတ္တ အဖြစ် ပြောင်းလဲနိုင်ရင်... တစ်ခုတည်း ပြောင်းလဲနိုင်ရင်တောင် စစ်မှန်သော နတ်ဘုရားကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်လိမ့်မယ်..."

"နဂါးမဲ့နှလုံးသားကျင့်စဉ် က တကယ့်ကို ကျင့်စဉ်အားလုံးရဲ့ အခြေခံအုတ်မြစ်ပါလား..."

"သူ့မှာ ပါဝင်တာက ကျင့်စဉ်တင် မကဘူး... ယဉ်ကျေးမှုတစ်ခုလုံး ပါဝင်နေတာပဲ..."

ကျုံးရှန် မျက်လုံးကို ဖွင့်လိုက်ပြီး မတ်တတ်ထရပ်ကာ မောက်မာသော အကြည့်ဖြင့်ကောင်းကင်သို့ ကြည့်လိုက်သည်။

သူ့ခေါင်းပေါ်ရှိ သက်ရှိသတ္တဝါအပေါင်း၏ ပုံရိပ်များသည်လည်း သူ့နှင့်အတူ ကောင်းကင်နှင့်မြေပြင်ကြားကို လှမ်းမျှော်ကြည့်လိုက်သလိုမျိုး ထူးဆန်းသော ပုံရိပ်အမျိုးမျိုးသည် ပေါ်လိုက်ပျောက်လိုက်ဖြင့် ဖြစ်ပေါ်နေ၏။

All Chapters