အခန်း (၉၀)
Vol. 9 Ch. 90
အပိုင်း (၉၀)
ချင်ထျန်းတောင်ထွတ် တောင်ခြေ။
နောက်ဆုံး၌ ကျုံးရှန်နှင့်အတူ တောင်ပေါ်မှ ဆင်းရန် အရွေးခံရသော မိစ္ဆာကြီးများ စုဝေးပွဲပြီးစီးသွားလေသည်။ မရေမတွက်နိုင်သော မိစ္ဆာများထဲမှ တစ်သောင်းမပြည့်သော အရေအတွက်ကိုသာ ရွေးချယ်နိုင်ခဲ့၏။ သို့သော် သူတို့အားလုံးသည် လက်ရွေးစင်များထဲမှ အကောင်းဆုံးလက်ရွေးစင်များပင် ဖြစ်ပြီး အနည်းဆုံး နိယာမနယ်ပယ် အဆင့် ၁၃ ရှိသူများဖြစ်ကာ ပြင်ပလောကရှိ ဂိုဏ်းကြီးများတွင်ဆိုလျှင် အပြင်အကြီးအကဲရာထူးကိုပင် အလွယ်တကူရနိုင်ကြသည်။
ထိုမိစ္ဆာများသည် ကြီးမားသောခန္ဓာကိုယ်နှင့် ခွန်အားပိုင်ဆိုင်ကာ ကြောက်မက်ဖွယ်ကောင်းသော အရိုင်းဆန်သည့် အရှိန်အဝါများ ထုတ်လွှတ်နေကြသည်။
သို့ဖြစ်၍ ဤ မိစ္ဆာကြီးတစ်ကောင်သည်ပင် ကျင့်ကြံခြင်းအဆင့်တူညီသော ဟွမ်ရှားကျွမ်းကျင်သူ ၃ ဦးကို တစ်ပြိုင်တည်း ယှဉ်ပြိုင်နိုင်စွမ်းရှိ၏။
"ဆရာ... မိစ္ဆာအားလုံး အဆင်သင့် ဖြစ်ပါပြီ... သူတို့ကို စစ်တပ်တစ်ခုအဖြစ် စုစည်းထားပါတယ်..."
"ချင်ထျန်းတောင်ထွတ်က သတ္တဝါတွေနဲ့ မိစ္ဆာသူတော်စင်တွေကို အဆင့်လိုက် တပ်မှူးတွေ ခန့်အပ်ပြီး ကွပ်ကဲခိုင်းထားပါတယ်... အချိန်မရွေး ထွက်ခွာနိုင်ပါပြီ..."
ရွေ့ဝူတီသည် ကျုံးရှန်၏ ရှေ့တွင် ရပ်ကာ အခြေအနေကို သတင်းပို့လိုက်သည်။ သူသည် ကျုံးရှန်အနေဖြင့် အဘယ်ကြောင့် ရုတ်တရက် စစ်တပ်ကြီး စုစည်းပြီး တောင်ပေါ်မှ ဆင်းချင်ရသလဲ ဆိုသည်ကို မမေးမြန်းခဲ့ပေ။ ဆရာ့အမိန့်ဖြစ်လျှင် မည်သည့်အရာမဆို ခြွင်းချက်မရှိ ယုံကြည်ပြီး နာခံမည် ဖြစ်သည်။
"ကောင်းတယ်..."
"ဝူတီ... မင်းကတော့ လိုက်စရာ မလိုပါဘူး... နောက် ၁၀ နှစ်ဆိုရင် မင်းရဲ့ မင်္ဂလာပွဲ ကျင်းပရတော့မယ်... မင်္ဂလာဆောင်နီးနေတဲ့သူက ငါနဲ့အတူ လိုက်ပြီး တိုက်ခိုက်နေလို့ မကောင်းပါဘူး..."
"ဘုန်း..."
ကျုံးရှန် စကားဆုံးသည်နှင့် ရွေ့ဝူတီသည် ချက်ချင်း ဒူးထောက်ချလိုက်သည်။
"ဆရာ... ကျွန်တော် ဆရာ့ကို ဆရာတစ်ယောက်လိုရော ဖခင်တစ်ယောက်လိုပါ သဘောထားပါတယ်..."
"ဆရာသာ ပြုစုပျိုးထောင် မပေးခဲ့ရင် ကျွန်တော် ကံဆိုးမိုးမှောင်ကျပြီး သေနေတာ ကြာပါပြီ..."
"အခု ချင်ထျန်းတောင်ထွတ်က လောကကြီးထဲကို ပြန်ဝင်တော့မယ်.. ကျွန်တော် ရွေ့ဝူတီ ဘယ်လိုလုပ် ဒီလိုကြီးမားတဲ့အခွင့်အရေးကို လက်လွတ်ခံလို့ ဖြစ်မလဲ..."
"နောက်ပြီး ဆရာကိုယ်တိုင် လိုက်ပါလာမှတော့ တပည့်ရဲ့ အသက်အန္တရာယ်အတွက် စိတ်ပူစရာ မလိုပါဘူး..."
"တပည့် ဆရာ့အတွက် အသက်ပေးဖို့ အဆင်သင့်ပါပဲ..."
ရွေ့ဝူတီ၏မျက်လုံးများသည် တောက်ပနေပြီး စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ဝဲနေခဲ့သည်။
သူတော်စင်အဆင့် ၄ ကျွမ်းကျင်သူတစ်ဦး ဖြစ်သော ရွေ့ဝူတီကို ဤမျှ ခံစားရစေနိုင်သူမှာ လောကြီးတွင် ကျုံးရှန် တစ်ဦးတည်းသာ ရှိသည်။
"ကောင်းပြီလေ..."
ရွေ့ဝူတီ၏ စစ်မှန်သော ဆန္ဒကို မြင်လိုက်ရသဖြင့် ကျုံးရှန် ဆက်မပြောတော့ပေ။ သူ မတ်တတ်ထရပ်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်လျှင် ကောင်းကင်ပေါ်၌ စစ်သင်္ဘောတစ်စင်း ပေါ်လာသည်။
ဤသင်္ဘောသည် အလွန် လက်ရာမြောက်လှပြီး တစ်စင်းလုံး မဲနက်နေကာ အလင်းပြန်ခြင်း လုံးဝ မရှိပေ။ သင်္ဘောအတွင်းပိုင်း၌ အထပ်ပေါင်း ရာချီရှိပြီး အထပ်တိုင်းတွင် မဲနက်နေသော ဝိညာဉ်စွမ်းအင်အမြောက်များ ၈၁ လက်စီ တပ်ဆင်ထားရာ စုစုပေါင်း အမြောက် တစ်သောင်းခန့် ရှိပေသည်။ အဆင့်အမြင့်ဆုံး ပစ်ခတ်အားရှိသော စစ်သင်္ဘောတစ်စင်း ဖြစ်ကြောင်း သိသာလှ၏။
"ဒါကိုးဆင့်ပြောင်းလဲ စစ်သင်္ဘောပဲ... ဟင်းလင်းပြင်ကို ထိုးဖောက်သွားလာနိုင်တဲ့ စစ်လက်နက်တစ်ခုပေါ့..."
"လူတစ်သိန်းလောက် တင်ဆောင်နိုင်တဲ့အတွက်... ဒီမှာရှိတဲ့မိစ္ဆာတွေ အကုန်လုံး တင်ဖို့ လုံလောက်ပါတယ်..."
"ဒါ့အပြင်အတွင်းထဲမှာ တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေး ပေါင်းစပ်ထားတဲ့ အစီအရင်တွေ ရေးထိုးထားပြီး... လိုအပ်တဲ့ ပစ္စည်းတွေလည်း အပြည့်အစုံပါ ပါပြီးသား..."
" ကောင်းပြီ...ဒါကို မင်းယူသွားပြီး....နည်းနည်းလောက် ပြုပြင်မွမ်းမံလိုက် အာ့ဆိုရင် ပုံမှန်အတိုင်း မောင်းနှင်လို့ ရလိမ့်မယ်..."
"နာရီဝက်နေရင် ငါတို့ ထွက်ခွာကြတာပေါ့..."
ကျုံးရှန် လက်ကို ဝှေ့ယမ်းပြီး စစ်သင်္ဘောကို ရွေ့ဝူတီထံ ပေးအပ်လိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ..."
--------------
နန်ယန်စီရင်စု အနောက်ဘက်နယ်စပ်နှင့် မိုင်တစ်သန်းခန့် ကွာဝေးသော နေရာ။
ပေ ၆ သောင်းခန့် ကြီးမားသော စစ်သင်္ဘောကြီးတစ်စင်းသည် ဟင်းလင်းပြင်ကို ထိုးဖောက်ပြီး ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်ထွက်လာသည်။ အောက်ဘက်ရှိ မိုင်တစ်ထောင်ခန့် ကျယ်ဝန်းသော လွင်ပြင်တွင်တော့လူဦးရေ သိန်းချီပါဝင်သော စစ်တပ်နှစ်ဖက်သည် သေရေးရှင်ရေး တိုက်ပွဲဝင်နေကြ၏။
"ဟွမ်ရှားကုန်သည်အသင်းက ခွေးကောင်တွေ... ဒီနေ့ မင်းတို့ခေါင်းဆောင်ရဲ့ ခွေးခေါင်းကို ဖြတ်ပြီး တောထဲမှာ ချိတ်ထားပစ်မယ်... အလောင်းကို နှစ်တစ်ရာလောက် နေပူလှန်းပစ်မယ်..."
ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသော စစ်သူကြီးတစ်ဦးသည် ဓားချီများကို ထုတ် တိုက်ခိုက်လိုက်သည်။ သူဖြတ်သန်းသွားသော နေရာတိုင်းရှိ လူနှင့်မြင်းများ လဲကျကုန်ကာ ခန္ဓာကိုယ်များ ပြတ်တောက်ကုန်၏။ သူသည် နိယာမနယ်ပယ် အဆင့် ၆ ဝိညာဉ်စုစည်းခြင်းနှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ဖြစ်ကာ အင်မော်တယ်မင်းဆက်ငယ်တစ်ခုခုမှ ဆင်းသက်လာသောစစ်သူကြီး ဖြစ်ပုံရသည်။
"ဟမ့်... ရွေ့ဟွားမင်းဆက် အသေးစားလေးကများ လာအာချောင်နေသေးတယ်... ဟွမ်ရှားစစ်တပ်ကြီး ရောက်လာတာနဲ့ မင်းတို့အကုန်လုံး အရိုးစု ဖြစ်ကုန်မှာကွ..."
အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် လှံရှည်ကို ကိုင်ဆောင်ကာ ငွေရောင်သံချပ်ကာ စစ်သူကြီးကို အပြင်းအထန် ခုခံနေခဲ့သည်။
ရုတ်တရက်ဆိုသလိုပင် လူတိုင်း၏ ရင်ထဲတွင် တုန်လှုပ်ဖွယ်ရာ ခံစားချက်တစ်ခုခံစားလိုက်ရကာ လင်းထိန်နေသော ကောင်းကင်ကြီးသည် မဲမှောင်သွား၏။
လူတိုင်း တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ရာ ပေသောင်းချီ ကြီးမားသော စစ်သင်္ဘောကြီးတစ်စင်း ကောင်းကင်ကို ဖြတ်သန်းရွက်လွှင့်လာနေသည်ကို တွေ့လိုက်ရ၏။
သင်္ဘောကြီး၏ ကြီးမားသော အရွယ်အစားကြောင့် မိုင်ရာချီသော ကောင်းကင်ပြင်ကို ဖုံးလွှမ်းသွားခြင်းပင် ဖြစ်သည်။
ကျုံးရှန်သည် သင်္ဘောဦးပိုင်းတွင် ရပ်ကာ အဝေးကို လှမ်းကြည့်နေသည်။ ကျွမ်းလီ သည် လူပုံစံ ပြောင်းလဲထားပြီး ကျုံးရှန်၏ အနောက်တွင် လှပစွာ ရပ်နေသည်။
"သခင်... လူသားတွေထဲက ဟွမ်ရှားလူမျိုးစုနဲ့ ပူးပေါင်းနေတဲ့ သစ္စာဖောက် အင်အားစု အကုန်လုံးကို ကျွန်မ စာရင်းပြုစုထားပါတယ်..."
"အောက်ဘက်က အနက်ရောင်ဝတ်ထားတဲ့ အဖွဲ့က သစ္စာဖောက်တွေထဲကတစ်ဖွဲ့ဖြစ်နဲ့ ဟွမ်ရှားကုန်သည်အသင်းရဲ့ အဖွဲ့ခွဲတစ်ခုပါ..."
"သူတို့က ရွေ့ဟွားအင်မော်တယ်မင်းဆက်နဲ့ တိုက်ခိုက်နေကြတာပါ..."
"သခင် ဆုံးဖြတ်ပေးပါ..."
ကျုံးရှန် မျက်လုံးကို မှေးလိုက်သည်။
"သားရဲတစ်ထောင် တပ်ဖွဲ့တစ်ဖွဲ့ လွှတ်လိုက်... လူသားသစ္စာဖောက် အကုန်လုံးကို တစ်ယောက်မှ အလွတ်မပေးနဲ့... သတ်ပစ်..."
"အမိန့်အတိုင်းပါ..."
ကျွမ်းလီ နောက်ဆုတ်သွားသည်။
စစ်သင်္ဘောပေါ်မှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ထွက်ပေါ်လာရာ တိုက်ခိုက်နေသော နှစ်ဖက်စလုံး ရင်တုန်သွားကြပြီး လက်နက်များ လွတ်ကျကုန်ကာနောက်သို့ ဆုတ်မိလိုက်ကြသည်။
ထိုအချိန်တွင် ကောင်းကင်ပေါ်မှ ဖြည်းညှင်းစွာ ရွေ့လျားနေသော စစ်သင်္ဘောကြီး ရပ်တန့်သွား၏။ မကြာလိုက် သင်္ဘောကုန်းပတ်၏ အထပ်တစ်ခုမှ အမဲစက်လေး များ တစ်ထောင်ခန့် ပျံထွက်လာကြသည်။ တစ်ကောင်ချင်းစီသည် ကြီးမားသော ခန္ဓာကိုယ်ပိုင်ဆိုင်ထားသည့် မိစ္ဆာသားရဲကြီးများ ဖြစ်ပြီး အမြောက်ဆန်များကဲ့သို့ အနက်ရောင်ဝတ်စုံအဖွဲ့များကြားသို့ ကျဆင်းသွားလေ၏။
"ဟီးဟီးဟီး... သေကြစမ်း..."
" ဝေါင်း..."
"အူး..."
"ကျီကျီကျီ..."
သားရဲတစ်ထောင် ဟိန်းဟောက်လိုက်ကြသည်။ ကြက်အုပ်ထဲသို့ ဝံပုလွေ ဝင်သွားသကဲ့သို့ပင်ဖြစ်သွား၏။ ထိုစစ်သားများသည် သာမန် သိုင်းပညာရှင်အဆင့်သာ ရှိကြသဖြင့် ကျဆင်းလာကြသည့် မိစ္ဆာသားရဲကြီးများကိုလုံးဝ ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။ မိစ္ဆာသားရဲကြီးများ လက်တစ်ဖက် လှုပ်ရှားလိုက်ရုံဖြင့် လူရာချီ သေဆုံးကုန်ကြသည်။
မကြာမီတွင် ဟွမ်ရှားကုန်သည်အသင်း၏ လူနှစ်သိန်းကျော်ပါဝင်သော တပ်ဖွဲ့ကြီးမှာ ပြောင်စင်အောင် သုတ်သင်ရှင်းလင်းခံလိုက်ရကာ မြေပြင်တစ်ခုလုံး ပုံပျက်ပန်းပျက်အလောင်းများနှင့် ပြည့်နှက်သွားလေသည်။ သွေးများသည် ချောင်းငယ်လေးသဖွယ် စီးဆင်းပြီး မြေနိမ့်ပိုင်းတွင် စုဝေးသွားကာ သေခြင်းတရား အငွေ့အသက်များနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါများ ဖြစ်ပေါ်လာသည်။
ရွေ့ဟွားအင်မော်တယ်မင်းဆက်မှ လူများသည် ကြောက်လန့်တကြား ထွက်ပြေးရန် ပြင်လိုက်ကြသည်။ ထိုအချိန်မှပင် ထိုမိစ္ဆာသားရဲကြီးများသည် ဟွမ်ရှားကုန်သည်အသင်းမှ သစ္စာဖောက်များကိုသာ တိုက်ခိုက်ပြီး သူတို့ကို မတိုက်ခိုက်မှန်း သတိထားမိလိုက်ကြသည်။
"မိစ္ဆာသူတော်စင်ကြီး တစ်ပါးပါးက သနားလို့များလား..."
"ရက်စက်ကြမ်းကြုတ်တဲ့ ဟွမ်ရှားလူမျိုးစုရဲ့လုပ်ရပ်တွေကို မကြည့်ရက်လို့များလား.."
ငွေရောင်သံချပ်ကာ စစ်သူကြီးစိတ်ထဲတွင် သံသယဝင်သွားကာတွေးလိုက်မိသည်။ သို့သော် ချက်ချင်းပင် ခေါင်းခါလိုက်ပြန်၏။ မိစ္ဆာသားရဲတွေရဲ့ မျက်လုံးထဲတွင် လူသားနဲ့ ဟွမ်ရှားလူမျိုးစုနှစ်ခုလုံးသည် အတူတူပင်ဖြစ်ကာ အရသာရှိတဲ့ အစားအစာတွေပဲဖြစ်သည်။
မိစ္ဆာသားရဲကြီးများသည် ဟွမ်ရှားကုန်သည်အသင်းမှ သစ္စာဖောက်များကို သတ်ဖြတ်ပြီးနောက် ဘေးဘီဝဲယာပင် မကြည့်ဘဲ စစ်သင်္ဘောပေါ်သို့ ပြန်တက်သွားကြလျှင်ကောင်းကင်ယံမှ တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာ၏။
"ဒီနေရာက လူသားသစ္စာဖောက်တွေကို ရှင်းလင်းပြီးပြီ... ကျန်တဲ့အလောင်းတွေကို ရှင်းလင်းမီးရှို့ပစ်လိုက်ကြ... မဟုတ်ရင် တစ်နှစ်မကြာခင် ဒီနေရာက ဝိညာဉ်ဆိုးတွေ မွေးဖွားရာ နေရာ ဖြစ်သွားလိမ့်မယ်..."
မိုးခြိမ်းသံကဲ့သို့အသံသည် ရွေ့ဟွားအင်မော်တယ်မင်းဆက် စစ်သည်တိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားလေသည်။
"အစွမ်းထက်ပုဂ္ဂိုလ်ကြီး... ငါတို့ လူသားတွေရဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကြီးပဲ..."
"ကျွန်တော်တို့လို နိမ့်ကျတဲ့အသက် တွေကိုကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ..."
ငွေရောင်သံချပ်ကာ စစ်သူကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်လိုက်လျှင် သူ့အနောက်မှ စစ်သည် သောင်းချီသည်လည်း လိုက်ပါ ဒူးထောက်လိုက်ကြသည်။
စစ်သင်္ဘောကြီးသည် မရပ်တန့်ခဲ့ချေ။
ဤနေရာသည် အနောက်ဘက်နယ်စပ်၏ တိုက်ပွဲဇုန်အတွင်း ရောက်ရှိနေပြီ ဖြစ်ကာ စစ်သင်္ဘောသည် ဟင်းလင်းပြင်ကို ထိုးဖောက်၍ မရတော့။ သို့နှင့် ဦးတည်ချက် ပြောင်းလိုက်ပြီး ဟွမ်ရှားကုန်သည်အသင်း၏ ဌာနချုပ်ရှိရာသို့ အရှိန်ပြင်းစွာ မောင်းနှင်သွားလေသည်။
Thank For Reading.