← Chapters

အခန်း (၁၁-၁၂)

Vol. 1 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 1 Ch. 11-12

အပိုင်း (၁၁) စားစရာတောင်းခြင်း

ရန်မေက ပိတ်ထားသော အိပ်ခန်းတံခါးကို ငေးကြည့်ရင်း လီကျစ်ချန်၏ သူမအပေါ် ဆက်ဆံခဲ့ပုံများကို ပြန်လည်တွေးတောမိကာ ဝမ်းနည်းပက်လက်ဖြစ်ရသလို နာကြည်းစိတ်များလည်း တဖွားဖွားပေါ်ပေါက်လာသည်။

သူမက ရှေးရိုးဆန်သော မိန်းမတစ်ဦးဖြစ်သည်။ ထိုစဉ်က လီကျစ်ချန်နှင့် လက်ထပ်ခဲ့ခြင်းမှာလည်း တစ်ဖက်လူတွင် နိုင်ငံပိုင်လုပ်ငန်း၌ တည်ငြိမ်သော အလုပ်အကိုင်ရှိနေခြင်းကြောင့် ဖြစ်သည်။

ထို့အပြင် သူက ဒေသခံတစ်ဦးဖြစ်သည့်အလျောက် မိဘများကလည်း အငြိမ်းစား နိုင်ငံဝန်ထမ်းများဖြစ်ကြရာ အဆက်အသွယ် ကောင်းမွန်ကြသည်။ ပင်စင်လစာအပြင် လျော်ကြေးရထားသည့် တိုက်ခန်းအများအပြားလည်း ရှိနေသဖြင့် အဘက်ဘက်မှ ပြည့်စုံနေသည်။ ထို့ကြောင့် သူမ၏မိဘများကလည်း သဘောတူကျေနပ်ခဲ့ကြခြင်း ဖြစ်၏။

သို့သော် လက်ထပ်ပြီးသည့်အခါမှ လီကျစ်ချန်က ကိစ္စတိုင်းတွင် မိဘစကားကိုသာ နားယောင်တတ်ပြီး တစ်နေ့တစ်နေ့ အစားအသောက်နှင့် အပျော်အပါးကိုသာ အာရုံစိုက်တတ်ကြောင်း သိလာရသည်။ အချိန်ရသည်နှင့် သူငယ်ချင်းများနှင့် ငါးမျှားခြင်း၊ ဖဲရိုက်ခြင်းတို့ကိုသာ လုပ်ဆောင်လေ့ရှိသည်။

ထို့ကြောင့် အိမ်ထောင်သက်တမ်း နှစ်အနည်းငယ်ကြာသည့်တိုင် သူမမှာ အထီးကျန်စွာ အိပ်စက်ခဲ့ရပြီး ရင်သွေးပင် မရရှိခဲ့ချေ။

အတူနေသည့်အချိန် ကြာလာသည်နှင့်အမျှ လီကျစ်ချန်က အိမ်ကျယ်တစ်ယောက် ဖြစ်ကြောင်း သူမ သိမြင်လာခဲ့သည်။

အပြင်လောကတွင်မူ သူက စကားကျယ်ကျယ်ပင် မပြောရဲသော်လည်း အိမ်ပြန်ရောက်သည်နှင့် သူမအပေါ် အမျိုးမျိုး အာဏာပြကာ ယောက်ျားဝါဒကို ကျင့်သုံးလေသည်။

ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာကို သူမအပေါ် အနိုင်ကျင့်မှသာ ရှာဖွေတွေ့ရှိနိုင်သကဲ့သို့ပင်။

ရေကြီးမှုဖြစ်ပွားခဲ့သည့် ဤနှစ်ဝက်ကာလအတွင်း သူ၏ထိုစရိုက်ဆိုးက အတိုင်းအဆမရှိ ပိုမိုဆိုးရွားလာခဲ့သည်။ မိုးသည်းထန်စွာ စတင်ရွာသွန်းစဉ်က အခြားသူများ အစားအသောက်နှင့် စားစရာများ လုယက်ဝယ်ယူနေကြချိန်တွင် လီကျစ်ချန်က ကိုယ်တိုင်မသွားဘဲ သူမကိုသာ သွားရောက်ဝယ်ယူရန် အတင်းအကျပ် စေခိုင်းခဲ့သည်။

ထို့နောက် တစ်လအကြာ ရေလွှမ်းမိုးလာသောအခါ အချို့က အပြင်ထွက်၍ ကယ်ဆယ်ရေးလမ်းကြောင်း ရှာဖွေကြသလို၊ အချို့ကလည်း အိမ်နီးချင်းအချင်းချင်း စည်းလုံးညီညွတ်ရန် ကြိုးပမ်းလာကြသည်။

သို့သော် လီကျစ်ချန်ကမူ ဂိမ်းဆော့ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းဖြင့်သာ အချိန်ဖြုန်းနေပြီး ထမင်းခူးပေးမှ စား၊ အဝတ်လျှော်ပေးမှ ဝတ်သည့် ဘဝဖြင့် နေထိုင်ကာ တိုက်၏အထပ်နိမ့်တွင် နေထိုင်သူများကိုပင် လှောင်ပြောင်နေခဲ့သေးသည်။

ရေကြီးမှု ဒီရေအမှတ်က တစ်စတစ်စ မြင့်တက်လာသည်နှင့်အမျှ လူအားလုံး တိုက်ခန်းထဲ၌ ပိတ်မိကုန်ကြတော့သည်။

တိုက်၏ အောက်အထပ်များ ရေမြုပ်ကုန်ပြီး အိမ်နီးချင်းများအကြား ရုတ်ရုတ်သဲသဲ ဖြစ်လာကာ လူတို့၏ ကိုယ်ကျင့်တရားများ စတင်ပျက်စီးလာချိန်တွင်...

လီကျစ်ချန်က ခေါင်းဝှက်ထားသော လိပ်တစ်ကောင်နှယ် အိမ်ထဲတွင်သာ ပုန်းအောင်းနေပြီး မကျေနပ်စရာရှိပါက သူမအပေါ်၌သာ မဲကာ ဒေါသဖြေလေ့ရှိသည်။

အိမ်ရှိစားစရာများ ပြတ်လပ်လုနီးပါးဖြစ်ကာ ဆက်လက်ရပ်တည်ရန် ခက်ခဲလာသည့်အချိန်ရောက်မှ လီကျစ်ချန်က သူမကို မျက်နှာချင်းဆိုင်အခန်းမှ လင်းယွမ်ထံ အစားအသောက်သွားချေးရန် အတင်းအကျပ် ခိုင်းစေခဲ့သည်။

ပထမအကြိမ်တွင် သူမ ဆန်တစ်အိတ် ချေးငှားလာနိုင်ခဲ့သော်လည်း အိမ်ပြန်ရောက်သည်နှင့် ထိုဆန်အိတ်ကို လီကျစ်ချန်က လုယူသွားပြီး အိပ်ခန်းထဲတွင် ဝှက်ထားလိုက်သည်။

အိမ်တွင် လက်ကျန်ရှိနေသေးသော မုန့်ပဲသရေစာများကိုလည်း လီကျစ်ချန်က သိမ်းဆည်းထားလိုက်၏။

ထမင်းချက်သည့် အခါတိုင်းတွင်လည်း လီကျစ်ချန်က ဆန်စေ့လက်တစ်ဆုပ်စာခန့်ကို ပန်းကန်လုံးအသေးထဲသို့ ထည့်ပေးပြီးမှ သူမကို ချက်ခိုင်းလေ့ရှိသည်။

ထိုဆန်ပမာဏမှာ ထမင်းအလွှာပါးပါးလေးသာ ရရှိပြီး ထိုအထဲမှ အများစုကို လီကျစ်ချန်က စားသောက်လိုက်ကာ သူမအတွက်မူ ဂျိုးကပ်နေသော ထမင်းအနည်းငယ်ကိုသာ ချန်ထားပေးတတ်သည်။

သူမမှာ ရေနွေးအနည်းငယ်ထည့်ကာ ထိုထမင်းဂျိုးကို ပြုတ်၍ ဆန်ပြုတ်ရည်ကျဲကျဲကိုသာ သောက်ရရှာသည်။

ထိုဆန်ပြုတ်ရည်ကိုပင် လီကျစ်ချန်က ရံဖန်ရံခါ လာရောက်လုယူသောက်တတ်သေးသည်။

ယခုအခါ အိမ်တွင် စားစရာဟူ၍ ဘာမျှမကျန်တော့ချေ။

လီကျစ်ချန်လည်း ဗိုက်ဆာလွန်းသဖြင့် ရူးမတတ်ဖြစ်လာကာ သူမကို လင်းယွမ်ထံသွား၍ စားစရာထပ်ချေးရန် ဇွတ်အတင်း စေခိုင်းပြန်သည်။

ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင်မူ လင်းယွမ်က ငြင်းပယ်ခဲ့သည်။

လီကျစ်ချန်သည် သာမန်အတိုင်းသွားပြော၍ မရနိုင်တော့ကြောင်း သဘောပေါက်လာသဖြင့် သူမကို ဆွဲဆောင်မှုရှိသော အဝတ်အစားများ ဝတ်ဆင်ခိုင်းပြီးမှ သွားချေးရန် ဖိအားပေးလာသည်။

သူမမှာ အလွန်ပင် ရှက်ရွံ့မိသလို လီကျစ်ချန်အပေါ်တွင်လည်း အဆုံးစွန်ထိ စိတ်ပျက်မိသွားသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ လီကျစ်ချန်က သူမသာ စားစရာရအောင် မချေးနိုင်ပါက လျှိုအားလုံတို့လူစုလက်ထဲ ထိုးအပ်လိုက်မည်ဟု ခြိမ်းခြောက်လာလေသည်။

ဤအရာက သူမကို ထိတ်လန့်တုန်လှုပ်စေပြီး မျှော်လင့်ချက်မဲ့စေခဲ့သည်။

အပြင်ဘက်တွင် ကောင်းကင်က မည်းမှောင်နေပြီး မိုးကလည်း တစိမ့်စိမ့်ရွာနေကာ ပြတင်းပေါက်မှန်များကို တဖျောက်ဖျောက် ရိုက်ခတ်နေသည်။

ရန်မေက ဆိုဖာပေါ်တွင်ထိုင်ကာ မျက်ရည်သုတ်ရင်း တိတ်တဆိတ် ငိုကြွေးနေရှာသည်။

အတန်ကြာသောအခါ အိပ်ခန်းဘက်မှ မွှေးပျံ့သော အစားအသောက်နံ့တစ်မျိုး ပျံ့လွင့်လာသည်။

ရန်မေ၏ ဗိုက်ထဲမှ "ဂွီ...ဂွီ..." ဟူသော အသံများ ထွက်ပေါ်လာ၏။ သူမက အိပ်ခန်းဘက်သို့ လှမ်းကြည့်ရင်း တံတွေးမျိုချလိုက်ကာ အိပ်ခန်းတံခါးဝသို့ ထသွားလိုက်သည်။

တံခါးကို ဖွဖွလေးခေါက်ရင်း... "ကျစ်ချန်... ရှင်... ရှင် ဘာစားနေတာလဲဟင်... ကျွန်မကို နည်းနည်းလောက် ကျွေးပါလား... ကျွန်မ ဗိုက်အရမ်းဆာနေလို့ပါ..."

"ထွက်သွားစမ်း... စားမယ်... စားမယ်နဲ့... နင့်ခေါင်းထဲမှာ စားဖို့ပဲ ရှိလား... နင့်မှာ တခြားအသုံးကျတာ ဘာရှိသေးလို့လဲ"

လီကျစ်ချန်က လှမ်းဆဲလိုက်ပြီးနောက် အခန်းထဲမှ "ရွှစ်.. ရွှစ်.." ဟူသော ဟင်းရည်သောက်သံ ထွက်ပေါ်လာသည်။

ရန်မေမှာ ပါးစပ်ထဲတွင် သွားရည်များ ဒလဟော စီးကျလာပြီး အစာအိမ်တစ်ခုလုံး ပူလောင်နေသကဲ့သို့ ဆာလောင်မှုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။

ဤသည်မှာ ခေါက်ဆွဲပြုတ်နံ့ ဆိုသည်ကို သူမ အမှတ်ရလိုက်သည်။

စားစရာပြတ်နေသည်မှာ ကြာပြီဖြစ်သော ဤအိမ်တွင် လီကျစ်ချန်က ခေါက်ဆွဲပြုတ်တစ်ထုပ်ကို တိတ်တဆိတ် ဝှက်ထားလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပေ။

ထို့အပြင် သူတစ်ယောက်တည်း တိတ်တဆိတ် ခိုးစားနေခြင်း ဖြစ်သည်။

"ကျစ်ချန်... ကျွန်မ တောင်းပန်ပါတယ်... ကျွန်မ တကယ် ဗိုက်ဆာလွန်းလို့ပါ... တစ်လုတ်လောက်ဖြစ်ဖြစ် ပေးပါ... အရည်လေး သောက်ရရင်လည်း ကျေနပ်ပါတယ်..."

အခန်းထဲရှိ လီကျစ်ချန်က ဂရုမစိုက်သည့်အပြင် ဟင်းရည်သောက်သံကိုပင် ပို၍ ကျယ်လောင်အောင် လုပ်ပြနေသည်။

ရန်မေ မည်မျှပင် တောင်းပန်နေပါစေ သူက တံခါး လုံးဝမဖွင့်ပေးခဲ့ချေ။

နောက်ဆုံး ဆယ်မိနစ်ခန့် ကြာသောအခါမှ တံခါးပွင့်လာသည်။

လီကျစ်ချန်က နှုတ်ခမ်းကို သပ်ရင်း ခေါက်ဆွဲခွက်ကို ရန်မေထံ ကမ်းပေးလိုက်ကာ လေသံအေးစက်စက်ဖြင့် ပြောလိုက်သည်။ "ငါ့ကို မသထာတတ်ဘူးလို့ ပြောဦးမလား"

ရန်မေ ဝမ်းသာအားရဖြင့် ခေါက်ဆွဲခွက်ကို လှမ်းယူလိုက်သော်လည်း ခွက်ထဲသို့ ငုံ့ကြည့်လိုက်သည်နှင့် မျက်နှာပျက်သွားတော့သည်။

ခေါက်ဆွဲခွက်ထဲတွင် ခေါက်ဆွဲဖတ် တစ်ဖတ်မှ မကျန်တော့ဘဲ ရေနွေးပူပူတစ်ခွက်သာ ကျန်ရှိပြီး အပေါ်ယံတွင် ဆီပါးပါးလေးနှင့် ဟင်းသီးဟင်းရွက် အစအနအချို့သာ ဝေ့နေသည်ကို တွေ့လိုက်ရသည်။

"ရှင်... ရှင် ကျွန်မအတွက် နည်းနည်းလေးတောင် မချန်ထားဘူးလား..."

လီကျစ်ချန် မျက်မှောင်ကြုတ်သွားပြီး ဆဲဆိုလိုက်သည်။ "နင်ဘာတွေပြောနေတာလဲ... သောက်မှာလား မသောက်ဘူးလား... မသောက်ရင် ပြန်ပေး"

ပြောပြောဆိုဆိုနှင့် ခေါက်ဆွဲခွက်ကို ပြန်လုရန် ပြင်ရင်း... "ဒီမှာ ဆီတွေ အများကြီး ကျန်နေသေးတာ နင် မျက်လုံးကန်းနေလား... ဒါကို မချန်ဘူး ခေါ်မလား... နင်မသောက်ရင် ငါ့ဘာသာ ညဘက် အစာပြေလုပ်ပြီး သောက်မယ်"

"သောက်မယ်... ကျွန်မ သောက်မယ်..."

ဆာလောင်လွန်းသဖြင့် ဗိုက်အောင့်နေပြီဖြစ်သော ရန်မေမှာ ခွက်ကို အမြန်ပြန်ဆွဲယူရန် ကြိုးစားလိုက်သည်။

သို့သော် အချိန်နှောင်းသွားခဲ့ချေပြီ။ လီကျစ်ချန်က ခေါက်ဆွဲခွက်ကို ပြန်လုယူလိုက်ပြီး သူမကို တွန်းထုတ်လိုက်သည်။

ရန်မေမှာ ဆာလောင်လွန်းသဖြင့် အားအင်ကုန်ခမ်းနေပြီဖြစ်ရာ သူတွန်းလိုက်သည်နှင့် ကြမ်းပြင်ပေါ်သို့ ပုံရက်သား လဲကျသွားတော့သည်။

သူမ၏ ရင်သားအစုံမှာ တုန်ခါသွားရာ လီကျစ်ချန်က ထိုနေရာကို စိုက်ကြည့်ရင်း ဆဲရေးလိုက်သည်။ "ငတ်နေတာ ဒီလောက်ကြာပြီကို နင့်ရဲ့ အဲ့နှစ်ခုက သေးမသွားဘူးပဲ... နင် အစားအသောက်တွေ ခိုးဝှက်ထားသေးတယ် မလား"

ရန်မေမှာ ဗိုက်ဆာလွန်းသဖြင့် ပြန်လည်ငြင်းခုံရန်ပင် အားမရှိတော့ချေ။ ဒေါသကြောင့် မျက်နှာများ နီရဲနေသော်လည်း သူ့ကို ပြန်မဆဲရဲပေ။

လီကျစ်ချန်က နှုတ်ခမ်းကို သပ်ကာ ပြောလိုက်သည်။ တကယ်တမ်းတွင် သူအလကား ပြောလိုက်ခြင်းသာဖြစ်သည်။ အိမ်တွင် စားစရာ ရှိမရှိ သူအသိဆုံး မဟုတ်ပါလား။

"ရန်မေ ငါနင့်ကိုပြောပြမယ်... ... နင့်မှာရှိတဲ့ အရင်းအနှီးကို အသုံးချတတ်ရတယ်... အခုချိန်က အရင် နှစ်ဝက်တုန်းကနဲ့ မတူတော့ဘူး... အခုချိန်မှာ အစာတစ်လုတ်က အသက်တစ်ချောင်းကို ကယ်နိုင်တယ်"

"နင့်ရဲ့ ရှေးရိုးစွဲ အယူအဆတွေကို ဖက်တွယ်မနေနဲ့တော့... စားစရာရဖို့ နည်းလမ်းကိုသာ သေချာစဉ်းစား"

"ဟိုလင်းယွမ် ဆိုတဲ့ကောင်က နင့်ကိုစိတ်ဝင်စားနေတာ... အရင်တုန်းက ငါတို့ အလုပ်တူတူသွားတော့ ဓာတ်လှေကားထဲမှာ သူ နင့်ကို ခိုးခိုးကြည့်နေတာ ငါမြင်တယ်"

"အခု နင် သေသေချာချာ ပြင်ဆင်ပြီး သူ့ကို ချိုချိုသာသာနဲ့ သွားတောင်းပန်ကြည့်... အဲကောင်က တုံးတုံးအအဆိုတော့ နင့်ကို သနားပြီး စားစရာပေးရင်ပေးမှာ... အရင်တစ်ခေါက်တုန်းကလည်း သူချေးပေးခဲ့တယ် မဟုတ်လား"

"တစ်ခါရှိရင် နှစ်ခါလည်းရှိမှာပဲ... နင့်ရဲ့ အားသာချက်ကို ကောင်းကောင်းအသုံးချတတ်ဖို့လိုတယ်... နင့်မှာရှိတဲ့ ခြေအိတ်ရှည်တွေ သိမ်းထားပြီး ဘာလုပ်မလို့လဲ... အဲဒီ ခြေအိတ်အနက်ရောင်ကို ဝတ်ပြီး ထပ်သွားစမ်းကြည့်"

လီကျစ်ချန်က ရန်မေကို အကြံပေးနေလေသည်။

ရန်မေမှာ အလွန်ပင် သိက္ခာကျသလို ခံစားလိုက်ရသည်။ ကိုယ့်ယောက်ျားဖြစ်သူက ကိုယ့်ကို သူများထံသွားပြီး စားစရာရအောင် မြှူဆွယ်ခိုင်းနေသည်တဲ့လား။

သူမ ရင်ထဲတွင် ဝမ်းနည်းဒေါသထွက်မိသော်လည်း ဘာမှမတတ်နိုင်ဖြစ်နေသည်။

လီကျစ်ချန်က သူမကို မြှူဆွယ်ခိုင်းရဲမှတော့ တကယ်တမ်း စားစရာမရပါက သူမကို လျှိုအားလုံတို့လူစုလက်ထဲ အမှန်တကယ် ပို့ပစ်ရဲသည်ကို သူမ ကောင်းကောင်းသိနေသည်။

သူမ ခေါင်းငိုက်စိုက်ချကာ ငိုကြွေးလိုက်သည်။ လီကျစ်ချန်က ခေါက်ဆွဲခွက်ကို ချထားလိုက်ပြီး ပြောလိုက်သည်။ "ဒီနေ့တော့ ဒီဟင်းရည်တစ်ခွက်ပဲ ရှိမယ်... တကယ်လို့သာ နင်စားစရာမတောင်းနိုင်ရင် မနက်ဖြန်ကျရင် ဟင်းရည်တောင် ရှိမှာမဟုတ်ဘူး... ဒါက ငါ ကြိုပြောထားတာ... ကျန်တာက နင့်သဘောပဲ"

ထိုသို့ပြောပြီးနောက် သူက နှာခေါင်းတစ်ချက်ရှုံ့ကာ အိပ်ခန်းထဲသို့ လှည့်ဝင်သွားသည်။

ရန်မေမှာ ခေတ္တမျှ ငိုကြွေးပြီးနောက် ဆာလောင်လွန်းသဖြင့် ဆက်ငိုရန်ပင် အားမရှိတော့ချေ။ ခေါက်ဆွဲပြုတ်ရည်ကို မကာ တစ်ငုံချင်းစီ သောက်လိုက်ရသည်။

အစာအိမ်ထဲသို့ အနွေးဓာတ် ဝင်ရောက်သွားမှသာ နေရထိုင်ရ အနည်းငယ် သက်သာသွားသည်။

သူမက ကုလားထိုင်ကို အားပြုကာ ထရပ်လိုက်သည်။ ပိတ်ထားသော အိပ်ခန်းတံခါးကို ကြည့်ရင်း နာကြည်းစွာဖြင့် ခေါင်းငုံ့ကာ တံခါးသွားခေါက်လိုက်သည်။

အခန်းထဲမှ လီကျစ်ချန်၏ စိတ်မရှည်သော အသံ ထွက်ပေါ်လာသည်။ "ဘာလဲ"

"ကျွန်... ကျွန်မ ခြေအိတ် လာယူတာ..."

ထိုအခါမှ လီကျစ်ချန်က ဝုန်းခနဲ ပြေးလာပြီး တံခါးဖွင့်ပေးလေသည်။ မျက်နှာတွင်လည်း အံ့သြဝမ်းသာဟန် အပြည့်ဖြင့် "နင် သဘောပေါက်သွားပြီလား"

ရန်မေက ခေါင်းငုံ့ထားပြီး ဘာမျှ ပြန်မပြောပေ။

လီကျစ်ချန်ကမူ ပြုံးဖြီးဖြီးဖြင့် သူမကို အထဲသို့ ဆွဲခေါ်လိုက်သည်။ "လာ လာ... မြန်မြန်ရွေးလိုက်... နင်ဝယ်ထားတဲ့ ခြေအိတ်တွေထဲမှာ တချို့ဟာတွေ အရမ်းရိုးလွန်းတယ်... ငါ အရင်က အရုပ်တွေ ဝယ်တုန်းက ပါလာတဲ့ ဆွဲဆောင်မှုရှိတဲ့ အဝတ်အစားတွေ ရှိတယ်... နင် ရွေးကြည့်လိုက်"

"ဒီတစ်ခု... အနက်ရောင် ပြောင်ပြောင်လက်လက်လေး... ပြီးတော့ ဒီတစ်ခု... ဇာနားကွပ်ထားတဲ့ အဖြူရောင်လေး..."

ရန်မေသည် လီကျစ်ချန်ကို ငေးမောကြည့်နေမိသည်။ သူမ၏ မျက်ဝန်းများထဲတွင် စိတ်ပျက်မှုမှသည် မျှော်လင့်ချက်မဲ့ခြင်းသို့... ထိုမှတစ်ဆင့် နောက်ဆုံးတွင် ဘာကိုမှ မခံစားရတော့သည့် ဂရုမစိုက်နိုင်သော အခြေအနေသို့ ပြောင်းလဲသွားလေတော့သည်။

ဤယောက်ျားက... စားစရာ တစ်ခုတည်းကိုသာ စိတ်ဝင်စားတော့တာပါလား။

ဆက်ရန်...

အပိုင်း (၁၂) အမမေ တစ်ခေါက် ပြန်ရောက်လာခြင်း

"ဒင်... သင် သန္ဓေပြောင်းသတ္တဝါနှစ်ကောင်ကို သတ်ဖြတ်လိုက်သည့်အတွက် ရမှတ် ၁၀ မှတ် ရရှိပါသည်"

၃၂ ထပ်ရှိ ဆိုဖာပေါ်တွင် ထိုင်နေသော လင်းယွမ်က ကံစမ်းမဲစနစ်၏ မျက်နှာပြင်ကို သံသယစိတ်ဖြင့် ကြည့်နေမိသည်။

ဤအကြောင်းကြားသံ ပေါ်ထွက်လာခဲ့သည်မှာ လွန်ခဲ့သော နာရီဝက်ခန့်၊ လျှိုအားလုံတို့လူစုနှင့် တိုက်ခိုက်နေစဉ်က ဖြစ်သည်။ ထိုစဉ်က ကြည့်ရှုရန် အချိန်မရခဲ့သော်လည်း ယခု အားလပ်သွားပြီဖြစ်၍ သေချာဂရုတစိုက် လေ့လာကြည့်လိုက်သည်။

"သင် မီးကိုအသုံးပြု၍ သန္ဓေပြောင်းလူသားတစ်ဦးကို ရှို့သတ်လိုက်သည့်အတွက် ရမှတ် ၅ မှတ် ရရှိပါသည်"

"သင် မီးကိုအသုံးပြု၍ သန္ဓေပြောင်းလူသားတစ်ဦးကို ရှို့သတ်လိုက်သည့်အတွက် ရမှတ် ၅ မှတ် ရရှိပါသည်"

အသေးစိတ်ဖော်ပြချက်များထဲတွင် ရမှတ်ရရှိရာ အရင်းအမြစ်ကို ဖော်ပြထားလေသည်။ လင်းယွမ်က ချက်ချင်းပင် မျက်လုံးအိမ် ကျဉ်းမြောင်းသွားရကာ

"သန္ဓေပြောင်း... လူသားဟုတ်လား"

လင်းယွမ်က မယုံကြည်နိုင်စွာ ဖြစ်သွားရသည်။ ယနေ့ သူ ဓာတ်ဆီလောင်း၍ မီးရှို့သတ်ဖြတ်လိုက်သော လူနှစ်ယောက်မှာ သန္ဓေပြောင်းလူသားများ ဖြစ်နေသလော။ ဘယ်နေရာများ သန္ဓေပြောင်းသွားသနည်း။ သူ ဘာကြောင့် သတိမထားမိခဲ့ရသနည်း။

တံခါးကို လာရောက်ရိုက်ချိုးခဲ့ကြသော လူများကို လင်းယွမ်က သေချာပြန်လည်စဉ်းစားကြည့်လိုက်သည်။ ခန္ဓာကိုယ်ထွားကြိုင်းသန်မာပြီး အားအင်ကြီးမားသည်မှလွဲ၍ ထိုသူများနှင့် သာမန်လူများ မည်သည့်နေရာ ကွာခြားသည်ကို သူ အမှန်တကယ် မမြင်မိခဲ့ချေ။

"လူတွေလည်း သန္ဓေပြောင်းနိုင်တာလား... သူတို့ ဘယ်လိုလုပ် သန္ဓေပြောင်းသွားကြတာလဲ"

လင်းယွမ်၏ စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုတို့ ရုတ်တရက် ဝင်ရောက်လာသည်။ သန္ဓေပြောင်းခြင်းက... အမှန်တကယ်တွင် မည်သည့်အဓိပ္ပာယ်နည်း။

ထိုစဉ်က ထိုလူများသည် ဆိုင်ကယ်စီးဦးထုပ်များ ဆောင်းထားကြပြီး ထူထဲသော ဆောင်းတွင်းအနွေးထည်များကို ဝတ်ဆင်ထားကြရာ ထူးခြားသည့်အချက်ကို သူလုံးဝ စဉ်းစား၍မရပေ။

"သေစမ်း ဘာတွေဖြစ်ကုန်တာလဲဟ... ငါရော... ငါရော သန္ဓေပြောင်းနေပြီလား"

သူက စိတ်မရှည်စွာဖြင့် မတ်တတ်ထရပ်လိုက်ပြီး အဝတ်အစားများကို ကဗျာကယာ ချွတ်ပစ်ကာ ရေချိုးခန်းမှ မှန်ရှေ့သို့ ပြေးသွားလိုက်သည်။

လင်းယွမ်က မှန်ထဲရှိ မိမိပုံရိပ်ကို သေချာကြည့်လိုက်သည်။ လွန်ခဲ့သော ခြောက်လခန့်ကနှင့် ယှဉ်လျှင် ကြွက်သားများ ပိုမိုပီပြင်လာကာ အသားအရေ ပိုစိုလာသည်မှလွဲ၍ အခြားထူးခြားသော ပြောင်းလဲမှု မရှိပေ။ သူ တစ်ကိုယ်လုံး နှံ့စပ်အောင် စစ်ဆေးကြည့်သော်လည်း ထူးခြားမှုကို ရှာမတွေ့ချေ။

"သန္ဓေပြောင်း မပြောင်း ဘယ်လိုလုပ်ကြည့်မှ သိမှာလဲ"

သူက စိတ်မထိန်းနိုင်ဘဲ စနစ်ကို ခေါ်ယူမေးမြန်းကြည့်သော်လည်း စနစ်မှာ စက်ရုပ်ဆန်သည့် ပရိုဂရမ်တစ်ခုသာ ဖြစ်ပုံရပြီး မည်သို့မေးမေး ပြန်လည်ဖြေကြားခြင်း မရှိချေ။

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ရာမှ ရုတ်တရက် မျက်လုံးများ အရောင်လက်သွားသည်။

"ဒါမှမဟုတ် နောက်တစ်ခါ သန္ဓေပြောင်းလူတစ်ယောက်ကို သတ်ပြီးရင် အလောင်းကို ပြန်သယ်လာပြီး သေချာ သုတေသန လုပ်ကြည့်ရင်ရော"

ထိုသို့ တွေးမိသည်နှင့် သူ ဆုံးဖြတ်ချက်ချလိုက်တော့သည်။ လျှိုအားလုံတို့လူစုက သူ့အား ပြဿနာ လာရှာဦးမည်မှာ သေချာသည်။ သူတို့လာမှ တုံ့ပြန်နေမည့်အစား လက်ဦးမှုရယူခြင်းက ပိုကောင်းပေလိမ့်မည်။ သူသည် သန္ဓေပြောင်းလူသားများနှင့် သာမန်လူသားများ မည်သို့ကွာခြားသည်ကို အလွန်သိချင်နေမိပြီ ဖြစ်သည်။

ထို့ပြင် မည်သည့်အကြောင်းရင်းများက လူသားများကို သန္ဓေပြောင်းစေသနည်း။ သန္ဓေပြောင်းလဲခြင်းက လူသားများအတွက် အန္တရာယ်ရှိသလော။ စိတ်ထဲတွင် အတွေးပေါင်းများစွာ လည်ပတ်နေပြီး သံသယများက တရိပ်ရိပ် ဖြတ်သန်းသွားသည်။

ထိုအချိန်မှာပင် တံခါးအပြင်ဘက်မှ တိုးညင်းသော တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဒေါက် ဒေါက် ဒေါက်..."

လင်းယွမ်က မျက်ခုံးပင့်လိုက်မိသည်။ ဤရင်းနှီးနေသော တံခါးခေါက်သံကြောင့် မည်သူဖြစ်သည်ကို ချက်ချင်း သိလိုက်ရသည်။ သူက မျက်မှောင်ကြုတ်လိုက်မိပြီး စိတ်မရှည်သလို ခံစားလိုက်ရသည်။

တစ်ဖက်ခန်းမှ လင်မယားနှစ်ယောက်ကို ငြင်းလွှတ်လိုက်ပြီးပြီ ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် မျက်နှာပြောင်တိုက်ကာ လာနေကြသေးသနည်း။

သူက ဘောင်းဘီဝတ်ကာ အပေါ်ပိုင်းဗလာကျင်းလျက် တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ မှန်မှတစ်ဆင့် အပြင်ဘက်ကို အကဲခတ်ကြည့်ရာ ရန်မေတစ်ယောက်တည်း ဖြစ်ကြောင်း သေချာမှ အတွင်းတံခါးကို ဖွင့်ပေးလိုက်သည်။

တံခါးဖွင့်လိုက်သည်နှင့် သူ မှင်သက်သွားရသည်။ ရန်မေ၏ ဝတ်စားဆင်ယင်မှုမှာ ခုနကနှင့် မတူတော့ချေ။ ဤတစ်ကြိမ်တွင်မူ သူမ၏ အပေါ်ပိုင်း၌ အဖြူရောင် ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသည်။

ရှပ်အင်္ကျီ၏ ဒီဇိုင်းမှာ ဆိုဒ်အနည်းငယ် သေးငယ်နေသဖြင့် သူမ၏ ကြီးမားထွားကြိုင်းသော ရင်သားအစုံကို လုံခြုံအောင် ဖုံးအုပ်ထားနိုင်စွမ်း မရှိချေ။ လည်ပင်းအောက်ရှိ ကြယ်သီးနှစ်လုံးမှာ တပ်၍ပင်မရတော့ဘဲ တတိယမြောက် ကြယ်သီးမှာလည်း ပြုတ်လုနီးပါး ခက်ခက်ခဲခဲ ထိန်းထားရသဖြင့် အင်္ကျီရင်ဘတ်မှာ စိန်ပုံသဏ္ဌာန် ဟပြဲ ဖြစ်နေလေသည်။

ထိုဟပြဲနေသော နေရာမှတစ်ဆင့် ပန်းရောင် အတွင်းခံလေးကို အလင်းရောင်မှိန်မှိန်အောက်တွင် မပီဝိုးတဝါး မြင်နေရသည်။

လင်းယွမ်၏ အကြည့်များက ချက်ချင်းပင် မီးတောက်ကဲ့သို့ ပူပြင်းလာပြီး ရန်မေ၏ ကိုယ်လုံးကို ကျူးကျော်နယ်ချဲ့လိုသည့် အကြည့်မျိုးဖြင့် စူးစိုက်ကြည့်ရှုလိုက်သည်။

ရန်မေသည် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသော လင်းယွမ်၏ အကြည့်များကို ထိတွေ့ကိုင်တွယ်၍ ရနိုင်သည့်အလား ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ယားယံလာကာ ကြက်သီးမွေးညင်းများ ထလာရသည်။ သူမ၏ စိတ်ထဲတွင် ပြင်းထန်သော ရှက်ရွံ့မှုတို့ ဖြစ်ပေါ်လာပြီး ပါးပြင်များ နီရဲလာကာ ရင်ဘတ်ဟနေသည်ကို လက်ဖြင့် အမြန်ကာလိုက်ရင်း ပခုံးနှစ်ဖက်ကို ကျုံ့ကာ ကြီးမားသော ရင်သားများကို ကွယ်ဝှက်ရန် ကြိုးစားလိုက်သည်။

သို့သော် သူမ၏ ရင်သားအစုံမှာ အလွန်ကြီးမားလွန်းလှသဖြင့် မည်မျှပင် ကျုံ့ထားစေကာမူ ဖုံးကွယ်၍ မရနိုင်ချေ။ ထိုသို့ ရှက်သွေးဖြာနေသော ပုံစံကပင် လင်းယွမ်၏ စိတ်ကို ပို၍ လှုံ့ဆော်ပေးနေသကဲ့သို့ ဖြစ်နေသည်။

လင်းယွမ်က မသိစိတ်ဖြင့် တံတွေးမြိုချလိုက်မိပြီး စိတ်ကိုပြန်လည်ထိန်းချုပ်ကာ လေသံမာမာဖြင့် မေးလိုက်သည်။

"အမမေ... ဘာကိစ္စ ရောက်လာပြန်တာလဲ"

"မောင်လေးရယ်... အမ... အမ တကယ် ဗိုက်ဆာလွန်းလို့ပါ..."

ရန်မေက ခေါင်းငုံ့ထားပြီး လင်းယွမ်ကို မကြည့်ရဲပေ။ မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် တိုးညင်းစွာ ပြောလိုက်သည်။

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။

"အမမေ... ကျွန်တော် စကားအကုန် ပြောပြီးပြီလေ... အခုချိန်မှာ ဘယ်သူ့အိမ်မဆို အစာရေစာ ရှားပါးနေတာပဲ... အရင်ကလည်း ကျွန်တော် ကူညီပေးခဲ့ပြီးပြီ... အခု ကျွန်တော့်အိမ်မှာလည်း စားစရာ မကျန်တော့ဘူး"

"ပြန်လိုက်ပါတော့... လျှိုအားလုံရဲ့လူတွေ မြင်သွားဦးမယ်... သူတို့က ကျွန်တော့်လောက် ပြောရဆိုရ လွယ်မှာ မဟုတ်ဘူးနော်"

ထိုသို့ပြောရင်း သူက တံခါးပိတ်ရန် ပြင်လိုက်သည်။

ရန်အေမှာ ချက်ချင်းပင် အလွန်တရာ စိုးရိမ်ထိတ်လန့်သွားပြီး "ဒုန်း" ခနဲ မြည်အောင် ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်လေသည်။ သူမက သနားစဖွယ် အသနားခံလေတော့သည်။

"မောင်လေးရယ်... အမ တကယ်ဘာလုပ်ရမှန်း မသိတော့လို့ပါ... လီကျစ်ချန်က အမကို စားစရာ လုံးဝမပေးဘူး... အမ ထမင်းမစားရတာ နှစ်ရက်ရှိပြီ... ရေပဲ သောက်နေရတာပါ... အမကို သနားပါဦးနော်... ထမင်းလေး တစ်လုပ်လောက်ဖြစ်ဖြစ် ကျွေးပါလားဟင်... အမ ရှိကြီးခိုးပါတယ်"

သူမက ထိုသို့ ဒူးထောက်လိုက်သောအခါ လှုပ်ရှားမှု ပြင်းထန်သွားသဖြင့် ဖြူဖွေးသော ရင်သားအစုံမှာ အပြင်သို့ ခုန်ထွက်လုမတတ် ဖြစ်သွားရသည်။

လင်းယွမ်၏ မျက်လုံးများက ထိုနေရာသို့ အလိုအလျောက် ရောက်ရှိသွားသည်။ ဤမိန်းမ ငတ်နေသည်မှာ ကြာပြီဖြစ်သော်လည်း ရင်သားအစုံက သေးမသွားသည်မှာ အတော်လေး ထူးဆန်းသည်ဟု သူ တွေးမိလိုက်သည်။

မျက်နှာလေးမှာ အရင်ကထက် ချောင်သွားပြီး ခန္ဓာကိုယ်လည်း အနည်းငယ် ကျသွားသည် မှန်သော်လည်း သူမ၏ ရင်သားများကမူ အရွယ်အစား လျော့ကျသွားခြင်း မရှိချေ။

လင်းယွမ်က စိတ်ခိုင်ခိုင်ထားပြီး တံခါးပိတ်ရန် ကြိုးစားသော်လည်း ရန်မေက ဆက်တိုက် အသနားခံနေသည်။ ဤတစ်ကြိမ်တွင် သူမ အမှန်တကယ် အသက်လုနေရသည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ သူမသာ လက်ဗလာဖြင့် ပြန်သွားပါက လီကျစ်ချန်က သူမကို လျှိုအားလုံတို့လူစုထံ အမှန်တကယ် ပို့ဆောင်ပစ်လိမ့်မည်။

သူမက ရှိုက်ကြီးတငင် ငိုကြွေးလျက် ပြောရှာသည်။

"မောင်လေးရယ်... အမ တကယ် ပြေးစရာမြေ မရှိတော့လို့ပါ... လီကျစ်ချန်ဆိုတဲ့ လူယုတ်မာက... သူကလေ အမကို လျှိုအားလုံတို့ဆီ ပို့ပြီး စားစရာနဲ့ လဲမလို့တဲ့... အမ တောင်းပန်ပါတယ်... ကုသိုလ်ယူပြီး ကူညီပါဦးနော်... အမကို စားစရာလေး နည်းနည်းလောက် ပေးမယ်ဆိုရင် အမ ဘာပဲဖြစ်ဖြစ် လုပ်ပေးပါ့မယ်... ပန်းကန်ဆေးမလား၊ အဝတ်လျှော် ထမင်းချက်မလား... အမ အကုန် လုပ်တတ်ပါတယ်"

လင်းယွမ် အံ့အားသင့်သွားပြီး သံသယဖြင့် မေးလိုက်သည်။

"လီကျစ်ချန်လို လူပျော့လူညံ့က အဲဒီလို လုပ်ရဲတယ်လား"

လီကျစ်ချန်ကို အထင်သေး၍ မေးခြင်းမဟုတ်။ လီကျစ်ချန်ဆိုသူနှင့် ရင်းနှီးခြင်း မရှိသော်လည်း ရေကြီးသည့် လဝက်ကာလအတွင်း လီကျစ်ချန်၏ သူရဲဘောကြောင်သော အပြုအမူများကို သူ အကြိမ်ကြိမ် မြင်ခဲ့ဖူးသည်။ လျှိုအားလုံတို့လူစုက အိမ်ရှေ့လာပြီး ဆဲဆိုစော်ကားသည်ကိုပင် လီကျစ်ချန်က ပြန်မပြောရဲခဲ့ပေ။

မိမိဇနီးသည်ကို အသုံးချပြီး သူ့ထံမှ အစားအစာ ချေးခိုင်းသည့် လူမျိုးသည် သူရဲဘောကြောင်သူ မဟုတ်လျှင် မည်သူနည်း။ သို့သော် ထိုကဲ့သို့သော လူညံ့တစ်ယောက်က ဇနီးသည်အပေါ် ဤမျှ ရက်စက်သည့် စကားမျိုး ပြောရဲလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။

ရန်မေမှာ မျက်ရည်များ စီးကျလျက် အဆက်မပြတ် တောင်းပန်နေသည်။

လင်းယွမ်က တွေဝေနေဆဲ ဖြစ်သည်။ သို့သော် ထိုနေရာမှ အသံများကြောင့် အောက်ထပ်တွင် သူ့အိမ်ကို စောင့်ကြည့်နေသူများ သတိထားမိသွားပုံရသည်။ ခြေသံများ ချက်ချင်း ထွက်ပေါ်လာသည်။ တမင် ခြေသံလုံအောင် လျှောက်နေကြသော်လည်း လင်းယွမ်နှင့် ရန်မေတို့က ချက်ချင်း ကြားလိုက်ကြသည်။

ရန်အေမှာ ကြောက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး အထိတ်တလန့် ငိုယိုလေတော့သည်။

"မောင်လေး... တောင်းပန်ပါတယ်... အမကို ကယ်ပါဦးနော်"

လင်းယွမ်က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

"အမမေ... အမြန်ပြန်တော့... နောက်ကျသွားရင် မမီပဲနေမယ်"

လင်းယွမ် တံခါးမဖွင့်ပေးမှန်း သိသောအခါ ရန်အေမှာ ကြောက်လန့်တကြား ထရပ်ကာ သူမ၏အခန်းတံခါးဆီသို့ ပြေးသွားပြီး တံခါးကို အတင်းထုလေတော့သည်။

"တံခါးဖွင့်... လီကျစ်ချန်... တံခါးမြန်မြန်ဖွင့်"

သို့သော် တံခါးတစ်ဖက်မှ လီကျစ်ချန်က အံကြိတ်ကာ လေသံတိုးတိုးဖြင့် ဟိန်းဟောက်လိုက်လေသည်။

"စားစရာ ပါမလာရင် အိမ်ထဲဝင်ဖို့ စိတ်မကူးနဲ့"

ဆက်ရန်...

All Chapters