မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့သည်မှာ လများစွာကြာမြင့်ပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လာခဲ့သည်။ အာတိတ်ဒေသရှိ ရေခဲတောင်များ လုံးဝပျော်ကျသွားကာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ပင်လယ်ရေများ မြစ်၊ ချောင်းများထဲသို့ ပြန်လည်ဝင်ရောက်လာသည်။ အာတိတ်ရေခဲအတွင်းတွင် အစဉ်အဆက်ပိတ်မိနေခဲ့သည့် ရှေးဟောင်းပိုးမွှားများ ပြန်လည်အသက်ဝင်လာကာ ဇီဝဗေဒဆိုင်ရာ ပြောင်းလဲမှုများနှင့် မျိုးရိုးဆင့်ကဲပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ထိုအဖြစ်ကြောင့် လူအားလုံးသည် အိမ်အတွင်းပိတ်မိနေပြီး အပြင်ထွက်ရန် မဖြစ်နိုင်တော့ပေ။ လင်းယွမ်သည် ထင်မှတ်မထားဘဲ ကံစမ်းမဲစနစ် နိုးထလာခဲ့သည်။ ထိုစနစ်မှ နေ့စဉ်အသုံးအဆောင်ပစ္စည်းများသာမက ခန္ဓာကိုယ်ဆိုင်ရာ အရေအသွေးများကိုပါ ရရှိခဲ့သည်။ လူအားလုံး အစားအသောက်မလုံလောက်ဘဲ အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင်... လင်းယွမ်သည် အသားခြောက်ကို စားပြီး ဝိုင်နီကိုသောက်ကာ အဟာရအပြည့်ဖြင့် နေ့စဉ်ဘဝကို အေးဆေးကျော်ဖြတ်နေသည်။ တစ်ညတွင်... အလွန်လှပပြီး ဆွဲဆောင်မှုရှိသည့် အိမ်နီးချင်းအမျိုးသမီးတစ်ဦးက အခန်းတံခါးကို လာခေါက်ပြီး "မောင်လေးရေ… အမမှာ ဆန်နည်းနေလို့ နည်းနည်းလောက်ချေးပေးလို့ ရမလားဟင်" ဟု တိုးတိုးလေး ပြောလာသည်။ လီယွမ်က ပြန်လည်မေးမြန်းလိုက်သည်။ "အခုချိန်မှာ လူတိုင်း အစားအသောက်ရှားပါးနေတာကို… အစ်မက လက်ဗလာနဲ့ လာချေးတာလား" ဒီဇာတ်လမ်းကို ကမ္ဘာပျက်ခေတ်၊ သဘာဝလွန်အစွမ်း၊ လျှို့ဝှက်ဆန်းကြယ်မှုတွေ ဧရာမသတ္တဝါကြီးတွေနဲ့ဖွဲ့စည်းထားပြီး စည်းမျဉ်းဥပဒေတွေပျက်စီးသွားတဲ့အချိန်မှာ ပေါက်ကွဲထွက်လာတဲ့ လူသားတွေရဲ့ အရိုင်းစိတ်တွေကို မတူညီတဲ့ နိုးထလာတဲ့စွမ်းအားတွေကိုအားကိုးပြီး ဘယ်လိုကြီးနိုင်ငယ်ညှင်း မင်းမဲ့စရိုက်တွေလုပ်မလဲ အထပ်၃၀ကျော်မြင့်တဲ့တိုက်ကြီးရဲ့ အခန်းလေးထဲမှာ ပိတ်မိနေတဲ့ လင်းယွမ်ကရော ဘယ်လိုအစွမ်းနိုးထလာမလဲ သူ့စနစ်ကနေရာ တကယ်အားကိုးရပါ့မလား အခန်းအပြင်ဘက်က စွမ်းအားကြီးပြီး စိတ်ထင်သလိုပြုမူနေတဲ့ သန္ဓေပြောင်းလူသားတွေကို သူဘယ်လိုရင်ဆိုင်ပြီး အသက်ရှင်အောင်လုပ်မလဲ အပြင်ဘက်မှာရေထဲမှာရော ဘယ်လိုသတ္တဝါကြီးတွေစောင့်ကြိုနေလဲ ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ဖတ်ရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းက ဟာရမ်ဇာတ်လမ်းဖြစ်ပြီးတော့ အခုထွက်ထားတဲ့အပိုင်းအထိ လူမျိုးရေးခွဲခြားတာတွေ လုံးဝမပါဘူးလို့ အာမခံပါတယ်။

