← Chapters

အခန်း (၇၉-၈၀)

Vol. 4 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 4 Ch. 79-80

အပိုင်း (၇၉) ငါးပေးပြီး ဆန်ယူ၊ ထပ်မံ မဲနှိုက်ခြင်း

"ဒေါက်... ဒေါက်... ဒေါက်..."

(၃၂၀၁) တံခါးကို တစ်စုံတစ်ယောက်က လာခေါက်သည်။

ရန်မေက အလျင်အမြန် ထရပ်လိုက်ပြီး "အမ သွားကြည့်လိုက်မယ်" ဟု ပြောလိုက်သည်။

သူမက အပေါ်ထပ်အင်္ကျီကို အလောတကြီး ဝတ်ဆင်ပြီး အိပ်ခန်းထဲမှ ပြေးထွက်သွားသည်။

လင်းယွမ်မှာ ရယ်ရခက် ငိုရခက်ဖြစ်နေသော်လည်း သူမ သဘောအတိုင်း လွှတ်ထားလိုက်သည်။

ဧည့်ခန်းသို့ ရောက်သောအခါ ရန်မေ သက်ပြင်းချလိုက်မိသည်။

တံခါးခေါက်သံ ထပ်ကြားရသဖြင့် "လာပါပြီ... လာပါပြီ..." ဟု လှမ်းအော်လိုက်သည်။

သူမက အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ပြီး ဆံပင်ကို သပ်တင်ကာ တံခါးဝသို့ လျှောက်သွားလိုက်သည်။

တံခါးချောင်းကြည့်ပေါက် မှတစ်ဆင့် ကြည့်လိုက်ပြီးမှ တံခါးဖွင့်ပေးလိုက်သည်။ "တင်းယန်... နင်ပဲ"

တင်းယန်က ရန်မေကို မြင်သောအခါ ပြုံးလိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ် ရန်မေ၏ မျက်နှာကို ကြည့်မိပြီး အံ့သြသွားသည်။ "ရန်မေ... နင့်ပါးစပ်က ဘာဖြစ်တာလဲ"

"ဟင်... ဘာ... ဘာဖြစ်လို့လဲ"

ရန်မေက ချက်ချင်း ပြာသွားပြီး ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်။

တင်းယန်က ထူးဆန်းနေသဖြင့် "နင့်နှုတ်ခမ်းက ရဲနေတယ်... နည်းနည်းလည်း ရောင်နေသလိုပဲ" ဟု ပြောလိုက်သည်။

ရန်မေက ချက်ချင်း ကျောခိုင်းလိုက်ပြီး "ေဩာ်... အဲဒါက... ငါ ဟင်းအသစ်တစ်မျိုး စမ်းချက်ကြည့်တာလေ... ငရုတ်သီးဆော့စ် ပုလင်းတစ်ပုလင်း တွေ့လို့... အဲဒါ မြည်းကြည့်တာ" ဟု ဗလုံးဗထွေး ဖြေရှင်းချက်ပေးသည်။

တင်းယန်က သဘောပေါက်သွားပြီး "ဂရုစိုက်ဦးလေ... နွေရာသီမှာ ငရုတ်သီး သိပ်မစားနဲ့... အပူကန်တတ်တယ်" ဟု ပြောလိုက်သည်။

ထို့နောက် "ဘာထွေထွေထူးထူးမှတော့ မဟုတ်ပါဘူး... လင်းယွမ်ကို လာမေးတာ...တိုက်တွဲတွဲ (၂) ဘက်ကို ဘယ်တော့လောက် သွားမလဲလို့လေ" ဟု ပြောသည်။

ရန်မေက "မောင်လေး... မောင်လေး... တင်းယန် နင့်ကို လာရှာတာ" ဟု အော်ခေါ်လိုက်သည်။

လင်းယွမ်က အပြင်မှ အသံများကို ကြားရသဖြင့် အိပ်ခန်းထဲမှ ထွက်လာသည်။

တင်းယန်က လင်းယွမ် အပေါ်ပိုင်းဗလာကျင်းနှင့် ထွက်လာသည်ကို မြင်သောအခါ ကြောင်သွားသည်။

ထို့နောက် ရန်မေ၏ ရဲရဲနီကာ ရောင်ရမ်းနေသော နှုတ်ခမ်းကို ပြန်သတိရသွားပြီး မျက်နှာတစ်ခုလုံး ရဲခနဲ ဖြစ်သွားသည်။

သူမက လင်းယွမ်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး ချက်ချင်း လှည့်ထွက်သွားတော့သည်။

လင်းယွမ် ကြောင်သွားပြီး "ဟင်... ဘာလို့ ပြန်သွားတာလဲ" ဟု မေးလိုက်သည်။

ရန်မေက လှည့်ကြည့်လိုက်ရာ "ဒုန်း" ခနဲ တံခါးပိတ်သံကိုသာ ကြားလိုက်ရပြီး (၃၂၀၂) တံခါးမကြီး ပိတ်သွားပြီ ဖြစ်သည်။

သူမ၏ မျက်နှာလေး ရဲနေရာမှ ပိုရဲလာပြီး ခြေဆောင့်ကာ "သွားပါပြီ... သွားပါပြီ... သူ ရိပ်မိသွားပြီ ထင်တယ်" ဟု ပျာပျာသလဲ ပြောလေသည်။

လင်းယွမ်က နားမလည်နိုင်စွာဖြင့် "ဘာကို ရိပ်မိသွားတာလဲ" ဟု မေးသည်။

ရန်မေက သူ့ကို စိတ်ဆိုးမာန်ဆိုး ကြည့်လိုက်ပြီး "အမနှုတ်ခမ်းကို ကြည့်ဦးလေ... ဟွန့်..."

စကားပင် မဆုံးလိုက်၊ လင်းယွမ်က ခေါင်းငုံ့ကာ သူမ၏ နှုတ်ခမ်းကို ပိတ်ဆို့လိုက်ပြန်သည်။

သို့သော် စက္ကန့်ပိုင်းလောက်သာ ကြာလိုက်သည်။ အပြင်မှ တံခါးခေါက်သံ ထပ်ကြားရပြန်သည်။

လင်းယွမ် မျက်မှောင်ကြုတ်လိုက်ပြီး ရုန်းကန်နေသော ရန်မေကို လွှတ်ပေးလိုက်ကာ တံခါးပေါက်မှန်ဘီလူးမှတစ်ဆင့် ကြည့်လိုက်သည်။

အပြင်တွင် ရောက်နေသူမှာ တင်းယန် မဟုတ်ဘဲ ယခင်က တွေ့ဖူးသော တိုက်တွဲ(၁)မှ ပိုင်ရှင်များ ဖြစ်နေသည်။

လင်းယွမ် မျက်ခုံးပင့်လိုက်ပြီး ရန်မေအား "အိပ်ခန်းထဲ ဝင်နေလိုက်" ဟု ပြောလိုက်သည်။

ရန်မေက အခြေအနေကို သဘောပေါက်သွားပြီး "သတိထားနော်" ဟု မှာကြားကာ အိပ်ခန်းထဲသို့ ဝင်သွားသည်။

လင်းယွမ် တံခါးဖွင့်လိုက်ပြီး အပြင်မှ လူနှစ်ယောက်ကို ကြည့်လိုက်သည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးမှာ (၁၉) ထပ်မှ ပိုင်ရှင်များ ဖြစ်ကြသည်။

တစ်ယောက်က ဟူဝေမင်၊ နောက်တစ်ယောက်က လျှိုတနန် ဖြစ်ဟန်တူသည်။

"ခင်ဗျားတို့ ဘာကိစ္စရှိလို့လဲ"

ဟူဝေမင်က ပြုံးဖြဲဖြဲဖြင့် "ဟိုလေ... ညီလေးလင်း... ညီလေးအရင်က ပြောဖူးတဲ့ ငါးနဲ့ စားစရာ လဲမယ်ဆိုတာ တကယ်လား" ဟု မေးလိုက်သည်။

လင်းယွမ် မျက်ခုံးပင့်လိုက်ပြီး ပြုံးကာ "ဒါပေါ့... တကယ်ပြောတာ... ဘာလဲ... ခင်ဗျားတို့ ငါးရလာလို့လား" ဟု ပြန်မေးလိုက်သည်။

ဟူဝေမင်က ခေါင်းညိတ်ပြပြီး "ငါတို့ အောက်ထပ်မှာ ငါးသွားမျှားတာ ကံကောင်းလို့ သုံးကောင်ရလာတယ်... ဟေ့ကောင် လျှိုတနန်" ဟု ပြောလိုက်သည်။

လျှိုတနန်က ညာဘက်လက်ကို မြှောက်ပြလိုက်သည်။ သူ့လက်တွင် ရေပုံးတစ်ပုံး ပါလာသည်။

ရေပုံးထဲတွင် အရှင်လတ်လတ် ခုန်ပေါက်နေသော သန္ဓေပြောင်း ငါးသေတ္တာ သုံးကောင် ရှိနေသည်။

လင်းယွမ် ပြုံးလိုက်ပြီး "သုံးကောင်တောင်လား... အကောင်တွေက မသေးဘူးပဲ" ဟု ပြောလိုက်သည်။

လျှိုတနန်က စိတ်လှုပ်ရှားစွာဖြင့် "ညီလေးလင်း... ဒီငါးသုံးကောင်ဆိုရင် ဘာစားစရာနဲ့ လဲလို့ရမလဲ" ဟု မေးသည်။

လင်းယွမ် စဉ်းစားလိုက်ပြီး "ခင်ဗျားတို့က သရေစာ လိုချင်တာလား... အဓိက ဆန်တို့ ဂျုံတို့ လိုချင်တာလား" ဟု မေးလိုက်သည်။

လျှိုတနန်က "သရေစာဆိုရင် ဘယ်လိုလဲပေးလဲ... ဆန်တို့ ဂျုံတို့ ကရော" ဟု အလျင်အမြန် မေးသည်။

လင်းယွမ်က "သရေစာဆိုရင်တော့ အများကြီးရှိတယ်... ခေါက်ဆွဲခြောက်၊ ကြက်ခြေထောက်၊ နေကြာစေ့၊ ချောကလက်၊ ဝေဖာ၊ ဘီစကွတ် စသဖြင့်ပေါ့... အချိုရည်လည်း ရှိတယ်... ငါးတစ်ကောင်ဆိုရင် သရေစာ နှစ်ထုပ် ရမယ်" ဟု ရှင်းပြသည်။

"အဓိက အစားအစာဆိုရင်တော့ ဆန်၊ ဂျုံမှုန့်၊ ပဲနီလေး၊ ပြောင်းဆန်၊ ပြောင်းမှုန့်တွေ ရှိတယ်... ဆန်နဲ့ ဂျုံမှုန့် လိုချင်ရင်တော့ ငါး ငါးကောင်ပေးမှ ဆန်တစ်ခွက် ရမယ်"

"ကျန်တာတွေကတော့ ငါးဆယ်ကောင်ပေးမှ တစ်ခွက်ရမယ်"

ဆန်တစ်ခွက်ဆိုလျှင် ထမင်းအများကြီး ချက်လို့ရပြီး မိသားစု သုံးယောက် တစ်နပ်စာ ကောင်းကောင်း လောက်င့သည်။

(သူပြောတဲ့ ဆန်တစ်ခွက်ဆိုတာ ပြည်ဝက်လောက်ရှိနိုင်တယ်)

အသီးနှံများကတော့ ရှားပါးသည်။

လင်းယွမ်သည် လျှိုအားလုံ၏ ပစ္စည်းများထဲတွင် ထိုအရာများကို သိပ်မတွေ့ခဲ့ရပေ။

ထိုကောက်ပဲသီးနှံများသည် ဆန်နှင့် ဂျုံမှုန့်ကဲ့သို့ (၁၀) ပေါင်အိတ်၊ (၂၀) ပေါင်အိတ်ကြီးများဖြင့် လာသည်မဟုတ်။

စည်သွတ်ဘူးများ သို့မဟုတ် အိတ်အသေးလေးများဖြင့်သာ လာသည်။

ပစ္စည်းနည်းပါးသဖြင့် ဈေးကြီးသည်မှာ သဘာဝပင်။

ဟူဝေမင်၏ မျက်နှာ မကောင်းတော့ပေ။ ဈေးကြီးလွန်းသည်ဟု သူ ထင်မိသည်။

ငါးငါးကောင်ဆိုလျှင် သူတို့ နှစ်ရက်လောက် စားလို့ရသည်။

ဒါကို ဆန် သို့မဟုတ် ဂျုံမှုန့်နှင့် လဲလိုက်လျှင် တစ်နပ်စာသာ စားရတော့မည်။

လင်းယွမ်က မလောပေ။ ပြုံးလျက် "လဲချင်မှ လဲပါ... ကျွန်တော် အတင်းအကျပ် မလုပ်ပါဘူး" ဟု ပြောလိုက်သည်။

"ဒါပေမဲ့ တစ်ခု သတိပေးလိုက်မယ်... ကျွန်တော့်ဆီမှာ ဆန်နဲ့ ဂျုံမှုန့်က အကန့်အသတ်နဲ့ ရှိတာ... ဦးသူယူစနစ်ပဲ... နောက်ကျမှ လာလဲရင် ကုန်သွားလောက်ပြီ"

ဟူဝေမင် ကြောင်သွားပြီးမှ သဘောပေါက်လိုက်သည်။

ဟုတ်သားပဲ။ ရေထဲက ငါးဆိုတာက အချိန်မရွေး ဖမ်းလို့ရတယ်။

ဒါပေမဲ့ လင်းယွမ့်ဆီက ဆန်နဲ့ ဂျုံမှုန့်က ပြန်ဖြည့်လို့ရတဲ့ ပစ္စည်းတွေ မဟုတ်ဘူး။

စားလိုက်ရင် ကုန်သွားမယ့်ဟာတွေပဲ။

ရှားပါးပစ္စည်းဆိုတော့ ဈေးကြီးတာ မဆန်းပါဘူးလေ။

ဘေးမှ လျှိုတနန်လည်း သဘောပေါက်သွားပြီး နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။ "ငါးကို အကောင်ရေနဲ့ပဲ တွက်တာလား... အလေးချိန်နဲ့ မတွက်ဘူးလား... ဆယ်ပေါင်လေးတဲ့ ငါးနဲ့ တစ်ပေါင်လေးတဲ့ ငါးက အတူတူပဲလား"

လင်းယွမ်က ပြုံးလိုက်ပြီး "အတူတူပဲ... အရှင်ဖြစ်ဖို့ပဲ လိုတယ်" ဟု ဖြေသည်။

လျှိုတနန်နှင့် ဟူဝေမင်တို့ အံ့အားသင့်သွားကြသည်။

ဒါ ဘယ်လိုအချိုးအစားလဲ။

အစားအစာ လဲလှယ်ရာမှာ အလေးချိန်နဲ့ မတွက်တာ ဘယ်တုန်းက ရှိဖူးလို့လဲ။

ဒါဆိုရင် ငါးကြီးကြီးရရင် ကိုယ်စားလိုက်ပြီး ငါးသေးသေးလေးတွေကို လာလဲရင် အမြတ်ကြီး ထွက်ပြီပေါ့။

လင်းယွမ်က ပြုံးနေသည်။ ငါးအကြီးအသေးကို သူ ဂရုမစိုက်ပေ။

ငါးကြီးတိုင်း သန္ဓေပြောင်းနှုန်း မြင့်သည်ဟု မဆိုလိုပေ။

သူ လိုအပ်သည်မှာ အမှတ်များ ဖြစ်သည်။ ငါးတစ်ကောင်သည် အမှတ်တစ်မှတ်ကို ကိုယ်စားပြုသည်။

ထို့ကြောင့် အရေအတွက်က အလေးချိန်ထက် ပိုအရေးကြီးသည်။

"ခင်ဗျားတို့ လဲမှာလား" ဟု သူတို့ စဉ်းစားနေသည်ကို မြင်သောအခါ လင်းယွမ်က မေးလိုက်သည်။

ဟူဝေမင်က စဉ်းစားလိုက်ပြီး ဘေးနားမှ လျှိုတနန်ကို ကြည့်လိုက်သည်။

လျှိုတနန်က ခေါင်းညိတ်ပြလိုက်သဖြင့် ဟူဝေမင်က "အိမ်မှာ ငါးနှစ်ကောင် ကျန်သေးတယ်... အဲဒါ ပြန်ယူလိုက်ဦးမယ်... ခဏလောက် စောင့်ပေးပါ" ဟု ပြောလိုက်သည်။

လင်းယွမ်က ပြုံးပြီး "ကောင်းပြီ... စောင့်နေမယ်" ဟု ပြောသည်။

ဟူဝေမင်က ငါးယူရန် အောက်ထပ်သို့ အလျင်အမြန် ဆင်းသွားသည်။

လင်းယွမ် စိတ်ထဲတွင် ရယ်ချင်သွားသည်။ ဒီလူနှစ်ယောက်က တော်တော် သတိကြီးတာပဲ။ ငါးတွေ အကုန်အလုခံရမှာ ကြောက်လို့ သုံးကောင်ပဲ ယူလာကြတာကိုး။

ဒီလို ဉာဏ်နီဉာဏ်နက်လေးလောက်တော့ သူ တစ်ချက်ကြည့်ရုံနှင့် သိသည်။

ဒါပေမဲ့လည်း အပြစ်ပြောစရာ မရှိပေ။ ယခုလို အခြေအနေမျိုးတွင် ဘယ်သူက ဘယ်သူ့ကို ယုံရဲမှာလဲ။

လင်းယွမ်က သူတို့၏ ယုံကြည်မှုကို မရသေးသဖြင့် သူတို့ သတိထားနေကြသည်မှာ သဘာဝပင်။

အချိန်ကြာလာပြီး အရောင်းအဝယ် အကြိမ်ကြိမ် လုပ်ဖြစ်ကြလျှင် တဖြည်းဖြည်း ယုံကြည်လာကြလိမ့်မည်။

လင်းယွမ်က စိတ်မလောပေ။

မကြာမီ ဟူဝေမင် ပြန်ရောက်လာသည်။ နောက်ထပ် ရေပုံးတစ်ပုံး ပါလာပြီး ပုံးထဲတွင် ပင်လယ်ကကတစ်ငါး နှစ်ကောင် ရှိနေသည်။

ထိုကကတစ်ငါးများသည် အကောင်မသေးပေ။ လျှိုတနန်လက်ထဲမှ ငါးသေတ္တာများထက် အများကြီး ပိုကြီးသည်။

ဒါကြောင့်လည်း အစကတည်းက ယူမလာခြင်းဖြစ်မည်။

"ညီလေးလင်း... ကြည့်ပါဦး... ဒီငါးငါးကောင်ဆိုရင် ဆန်တစ်ခွက် ရမလား" ဟု ဟူဝေမင်က မေးလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်ပြပြီး "ရတယ်... စောင့်ဦး" ဟု ပြောသည်။

သူက အိပ်ခန်းဘက်သို့ လှည့်ပြီး "အမမေ... ဆန်တစ်ခွက်လောက် ယူလာပေးပါဦး" ဟု လှမ်းအော်လိုက်သည်။

ရန်မေက ပြန်ထူးပြီး တံခါးဝသို့ စပ်စုကြည့်လိုက်သည်။ သူမ ဘာမှ မမေးဘဲ မီးဖိုချောင်ထဲ ဝင်သွားကာ လင်းယွမ် မှာသည့်အတိုင်း ဆန်ချိန်ခွက်တစ်ခွက် မောက်မောက် ယူလာပေးသည်။

လင်းယွမ်က ဟူဝေမင်တို့ကို ကြည့်ပြီး "ထည့်စရာ ပါလာလား" ဟု မေးလိုက်သည်။

ဟူဝေမင်က သူ့ကိုယ်သူ စမ်းကြည့်လိုက်သော်လည်း ဘာမှ ပါမလာပေ။

လျှိုတနန်က ချက်ချင်း အကြံရပြီး အင်္ကျီစကို မကာ "ကျွန်တော့်အင်္ကျီထဲပဲ ထည့်ပေးလိုက်ပါ" ဟု ပြောသည်။

လင်းယွမ်က ပြုံးပြီး ဆန်များကို သူ့အင်္ကျီစပေါ် လောင်းထည့်ပေးလိုက်သည်။

လျှိုတနန်က အင်္ကျီစဖြင့် ဆန်များကို ပိုက်ထားရင်း ဝမ်းသာပီတိ ဖြစ်နေသည်။

ဟူဝေမင်လည်း ပြုံးပျော်သွားပြီး "ကျေးဇူးတင်ပါတယ် ညီလေးလင်း... ကျေးဇူးအများကြီး တင်ပါတယ်... ညီလေးက လျှိုအားလုံနဲ့ တကယ် မတူဘူး" ဟု ပြောသည်။

လင်းယွမ်က ပြုံးလိုက်ပြီး "ချီးကျူးတယ်လို့ပဲ သဘောထားလိုက်ပါ့မယ်... ကဲ ငါးတွေ ရပြီဆိုတော့ ပြန်ကြတော့လေ... သူများတွေ မမြင်စေနဲ့ဦး... လမ်းမှာ ဂရုစိုက်ကြ" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့... ကျေးဇူးပါဗျာ"

သူတို့နှစ်ဦး ကျေးဇူးတင်စကား ဆိုပြီး ငါးများကို သွန်ပေးကာ ပုံးလွတ်များ ဆွဲ၍ ပျော်ရွှင်စွာ ဆင်းသွားကြတော့သည်။

လင်းယွမ်သည် ငါးများကို မီးဖိုချောင်သို့ ယူသွားပြီး ချက်ချင်း သတ်ပစ်လိုက်သည်။

မကြာမီ စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။

[ဒင်... သင် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်သဖြင့် အမှတ် (၇) မှတ် ရရှိပါသည်]

[ဒင်... သင် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်သဖြင့် အမှတ် (၈) မှတ် ရရှိပါသည်]

...............................................................................................................

စနစ်၏ အသိပေးသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ငါး ငါးကောင် သတ်ပြီးသည့်အခါ လင်းယွမ်သည် စုစုပေါင်း အမှတ် (၄၂) မှတ် ရရှိလိုက်သည်။

သူ၏ မျက်နှာထား တည်သွားသည်။ "ငါးသေတ္တာငါးနဲ့ ကကတစ်ငါးတွေရဲ့ အမှတ်တွေက အရင်ကထက် ပိုများလာပါလား"

"စနစ်က သန္ဓေပြောင်းနှုန်းပေါ် မူတည်ပြီး အမှတ်ပေးတာဆိုရင် ဒီရက်ပိုင်းလေးအတွင်းမှာ ငါးတွေရဲ့ သန္ဓေပြောင်းနှုန်းက အရှိန်အဟုန်နဲ့ မြင့်တက်လာတယ်ဆိုတဲ့ သဘောလား"

ဤတွေ့ရှိချက်က လင်းယွမ့်စိတ်ကို လေးလံသွားစေသည်။

ဤမျှ မြန်ဆန်သော သန္ဓေပြောင်းနှုန်းက သူ့ကို ထိတ်လန့်စေသည်။

သန္ဓေပြောင်းနှုန်း မြင့်မားလေလေ သန္ဓေပြောင်းသတ္တဝါများ ပို၍ ကြမ်းတမ်းလေလေ ဖြစ်ကြောင်း သူသိသည်။

ဝမ်ယန်မေက သက်သေပင်။ ယခု ငါးများလည်း ထိုနည်းအတိုင်း ဖြစ်လာနိုင်သည်။

"သစ်သားဖောင်ကို အမြန်ဆုံး လုပ်မှ ဖြစ်တော့မယ်"

လင်းယွမ့်ရင်ထဲတွင် အရေးပေါ် လိုအပ်ချက်တစ်ခု ပေါ်ပေါက်လာသည်။ သန္ဓေပြောင်းငါးများ ပိုမို ကြမ်းတမ်းလာသည်နှင့်အမျှ ခရီးသွားလာရန် ပိုမို ခက်ခဲလာမည် ဖြစ်သည်။

သူသည် သစ်သားဖောင်ကို အမြန်ဆုံး အသင့်ပြင်ဆင်ထားပြီး ဤတိုက်မှ စောစောစီးစီး ထွက်ခွာနိုင်ရန် ကြိုးစားရမည်။

ယခုလက်ရှိတွင် အားလုံးသည်တိုက်တွဲပေါ်တွင် ခိုလှုံနေကြပြီး ရေပြင်နှင့် ဝေးကွာနေသဖြင့် လုံခြုံသည်ဟု ထင်ရသည်။

သို့သော် ၎င်းသည် ရေနွေးအိုးထဲမှ ဖားသူငယ်ကဲ့သို့သာ ဖြစ်သည်။တိုက်တွဲပေါ်တွင် ထာဝရ နေနိုင်မည် မဟုတ်ပေ။

ရိက္ခာများ ကုန်ခန်းသွားလျှင် ထွက်ခွာရမည်သာ ဖြစ်သည်။

ထိုအချိန်ကျမှ ပင်လယ်ထဲတွင် သန္ဓေပြောင်းငါးများက မည်မျှ ကြောက်စရာကောင်းနေမည်ကို မည်သူ သိနိုင်မည်နည်း။

ထိုအချိန်ကျမှ ဘေးကင်းစွာ ထွက်ခွာနိုင်ပါဦးမည်လား။

လင်းယွမ် မစွန့်စားချင်ပေ။

ထို့ပြင် အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေဆဲဖြစ်ပြီး ရေမျက်နှာပြင်သည်လည်း ဆက်လက် မြင့်တက်နေသည်။

ရေမျက်နှာပြင်သည် (၃၂) ထပ်အထိ ရောက်လာခဲ့လျှင်ကော။

ထိုအခါကျမှ ခြေချစရာနေရာပင် ရှိတော့မည် မဟုတ်။

"ထွက်သွားမှ ဖြစ်မယ်"

သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စိုးရိမ်စိတ်များကို ဖိနှိပ်ထားလိုက်သည်။

ထိုအချိန်တွင် ရန်မေက မီးဖိုချောင်ထဲ ဝင်လာပြီး သူ ငါးသတ်နေသည်ကို မြင်သောအခါ "မောင်လေး... ထားလိုက်... အမ လုပ်လိုက်မယ်... မီးဖိုချောင်ကိစ္စ အမကို လွှဲထားလိုက်ပါ" ဟု ပြောလိုက်သည်။

သူမက အပြေးလေး လာပြီး လင်းယွမ့်လက်ထဲမှ ဓားကို လုယူလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး "ဒီသန္ဓေပြောင်းငါးတွေက အရမ်း ကြမ်းတယ်... သွားတွေကလည်း ထက်တယ်... သာမန်လူတွေဆို အကိုက်ခံရတတ်တယ်" ဟု သတိပေးလိုက်သည်။

ရန်မေလည်း ကြောက်လန့်သွားပြီး "ဟုတ်ပါရဲ့... ခုနက ဒီငါးတွေကို ရိုက်သတ်တာတောင် မသေဘူး" ဟု ပြောသည်။

လင်းယွမ်က "နောက်ကျရင် လူတွေ ငါးလာလဲရင် ကျွန်တော်ပဲ သတ်ပေးမယ်... သေပြီးမှ အမ ကိုင်တွယ်ချက်ပြုတ်ပေါ့" ဟု ပြောလိုက်သည်။

ရန်မေက ထိုစကားကို ကြားသောအခါ ရင်ထဲတွင် ကြည်နူးသွားသည်။

မောင်လေးက တကယ့် ယောက်ျားကောင်းလေးပါလား။ ငါ့ကို ဂရုစိုက်တတ်တယ်။ ငါးကိုက်မှာ စိုးလို့ ကိုယ်တိုင် လုပ်ပေးရှာတယ်။

သူမ ပြုံးလိုက်မိပြီး "ကောင်းပါပြီရှင်... မောင်လေး သဘောအတိုင်းပါပဲ" ဟု ချိုသာစွာ ပြောလိုက်သည်။

"ကျွန်တော့်သဘောအတိုင်း ဟုတ်လား" ဟု လင်းယွမ်က ရယ်မောကာ မေးလိုက်သည်။

ရန်မေက "ဟုတ်ပါတယ်ဆို... အမက မောင်လေးသဘောအတိုင်းပါပဲ" ဟု ဖြေသည်။

"ဒါဆိုရင် နောက်ကျရင် ကုတင်ပေါ်ရောက်ရင် ကျွန်တော် ခေါ်စေချင်တဲ့အတိုင်း ခေါ်ပေးရမယ်နော်"

"ဟင်... ဘာ... ဘာခေါ်ရမှာလဲ"

"ယောက်ျားလို့ ခေါ်... ပြီးတော့ ဒက်ဒီ လို့ ခေါ်"

"ဟာ... မောင်လေးက ကဲတယ်ကွာ..."

နှစ်ဦးသား ခဏတာ ရယ်မောကျီစယ်ကြပြီးနောက် ရန်မေမှာ ရှက်သွေးဖြာကာ ဘာလုပ်ရမှန်း မသိတော့ပေ။

ဒီမှာနေရင် အလုပ်ရှုပ်တယ် ဆိုသည့် အကြောင်းပြချက်ဖြင့် သူမက လင်းယွမ်ကို မီးဖိုချောင်ထဲမှ အတင်းတွန်းထုတ်လိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး သူမ၏ စွင့်ကားသော တင်ပါးကို ပုတ်လိုက်ကာ မီးဖိုချောင်မှ ထွက်ခွာလာခဲ့သည်။

ဧည့်ခန်းသို့ ရောက်သောအခါ စနစ်၏ မျက်နှာပြင် ကို ဖွင့်လိုက်သည်။

အမည် - လင်းယွမ်

ခန္ဓာကိုယ်ကြံ့ခိုင်မှု - ဝ.၈

ခွန်အား - ၂.၉

အလျင် - ဝ.၈

စိတ်စွမ်းအား - ၁.၇

သန္ဓေပြောင်းလဲနှုန်း - ၃%

အမှတ် - ၉၈ မှတ်

ပစ္စည်းသိုလှောင်ခန်း

-----------------------

ဓာတ်ဆီ (၄) ပုံး

ဂလော့ - ၁၇ သေနတ်

လောင်ကန်းမားငရုပ်ဆီ

ဖီလေမီညွန် အမဲသားကင် (၁၀)

ခေါက်ဆွဲခြောက်ထုပ် (၁၃)

၁၀ကီလို ဆန်အိပ် (၂)

တစ်ရှူးလိပ်

ဆပ်ပြာ

........

....

..

သူ၏ အမှတ်ကို ဦးစွာ ကြည့်လိုက်သည်။ စုစုပေါင်း အမှတ် (၁၀၀) ပြည့်လုနီးပါး ဖြစ်နေပြီ။ (၁၀၀) မှတ်ပေးရသော ကံစမ်းမဲဘီးရှိ သန္ဓေပြောင်းစတော်ဘယ်ရီသီးနှင့် လွတ်လပ်စွာ ပေါင်းထည့်နိုင်သော ဘုံအရေအသွေးမှတ် များကို လိုချင်သဖြင့် မဲနှိုက်ချင်စိတ် ပေါ်လာသည်။

သို့သော် သူ စိတ်ကို ထိန်းချုပ်လိုက်သည်။

"ရိက္ခာတွေကို အရင် မဲနှိုက်မယ်... နောက်ပိုင်းကျရင် ငါးနဲ့ ရိက္ခာ လာလဲမယ့်လူတွေ အများကြီး ရှိလာမှာ... ရိက္ခာ အလုံအလောက် ရှိနေဖို့ လိုတယ်"

"ငါးတွေ အများကြီး ရလာရင် အမှတ်တွေလည်း အများကြီး တက်လာမှာပဲ... အဲဒီကျမှ အရေအသွေးမှတ် တွေကို မဲနှိုက်တော့မယ်"

လင်းယွမ်ခေါင်းထဲတွင် ရှင်းလင်းသော အစီအစဉ်တစ်ခု ရှိနေသည်။

ယခုအခါ (၁)တိုက်တွဲ၏ ပြင်ပရန်သူများကို ရှင်းလင်းပြီးပြီဖြစ်၍ လက်တလော ကာလအတွင်း သူ့ကို ခြိမ်းခြောက်နိုင်မည့်အရာ မရှိတော့ပေ။

ဤအချိန်ကို အခွင့်ကောင်းယူပြီး အမှတ်များများ စုဆောင်းကာ မဲနှိုက်၍ စွမ်းရည်မြှင့်တင်ရမည်။

သန္ဓေပြောင်းလဲမှု တိုးတက်နှုန်းကို ကြည့်လိုက်ရာ (၃%) သာ ရှိသေးသည်။

လင်းယွမ် စိတ်သက်သာရာ ရသွားသည်။ အရေအသွေးမှတ် တစ်မှတ်တိုးတိုင်း သန္ဓေပြောင်းလဲမှု တိုးတက်နှုန်း (၁%) တက်လာသည်ကို သူ သတိထားမိသည်။

"သန္ဓေပြောင်းတာက ကောင်းလား ဆိုးလား သေချာ မသိရသေးခင်တော့ အဲဒီနှုန်းကို မတက်အောင် ထိန်းထားတာ အကောင်းဆုံးပဲ"

သန္ဓေပြောင်းလဲမှု တိုးတက်နှုန်း မြင့်မားလာခြင်းသည် စွမ်းရည်ကို တိုးတက်စေမည်ဟု သူ ခန့်မှန်းမိသည်။

သို့သော် သန္ဓေပြောင်းလဲချိန်တွင် ဖြစ်ပေါ်လာမည့် စိတ်ဖောက်ပြန်မှု အန္တရာယ်ကြောင့် သူ တွန့်ဆုတ်နေခြင်း ဖြစ်သည်။

ယခုအခါ စနစ်၏ မျက်နှာပြင်မှတစ်ဆင့် အရည်အချင်းများကိုတိုက်ရိုက် တိုးမြှင့်နိုင်ပြီ ဖြစ်သဖြင့် စွန့်စားရမည့်လမ်းကို မရွေးချယ်ချင်ပေ။

"စိတ်ကြိုက် ပေါင်းထည့်နိုင်တဲ့ ဘုံအရေအသွေးမှတ်တွေ အများကြီး ရလို့ စိတ်စွမ်းအားကို မြှင့်တင်လိုက်နိုင်ရင် အဲဒီ စိတ်ဖောက်ပြန်မှု အန္တရာယ်ကို ကျော်လွှားနိုင်မလားပဲ"

သူ စိတ်ထဲတွင် တွေးတောမိသော်လည်း သေချာရေရာမှု မရှိပေ။

စိတ်စွမ်းအား မြင့်တက်လာခြင်းကြောင့် စိတ်ဖောက်ပြန်မှု အန္တရာယ်ကလည်း လိုက်ပါ မြင့်တက်လာလျှင် မည်သို့ လုပ်မည်နည်း။

ခေါင်းခါလိုက်ပြီး စိတ်ရှုပ်စရာ အတွေးများကို ဖယ်ရှားလိုက်သည်။ ထို့နောက် "စနစ်... (၅၀) မှတ်တန် ကံစမ်းမဲဘီးကို ဖွင့်" ဟု စိတ်ထဲမှ ရေရွတ်လိုက်သည်။

(၅၀) မှတ်တန် ကံစမ်းမဲဘီးတွင် ရိက္ခာအမြောက်အမြားကို ပြသထားသည်။ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသည်ဖြင့် အစုံအလင် ပါဝင်သည်။

အဓိက အစားအစာများသာမက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် လက်နက်ကိရိယာများလည်း စုံလင်စွာ ပါဝင်သည်။

သို့သော် (၁၀၀) မှတ်တန် ကံစမ်းမဲဘီးတွင် ပါဝင်သော ခေတ်မီလက်နက်များနှင့် ယှဉ်လျှင် (၅၀) မှတ်တန် ကံစမ်းမဲဘီးမှ လက်နက်များသည် ရှေးဟောင်းလက်နက်များသာ ဖြစ်သည်။

လင်းယွမ် ကြည့်လိုက်ရာ ဓား၊ လှံ၊ ပုဆိန်၊ ချိတ် စသည်တို့အပြင် ခေတ်မီလေး၊ မြှားနှင့် စက်လေး များလည်း ပါဝင်သည်ကို တွေ့ရသည်။

ထို့ပြင် ပစ္စည်းကိရိယာ ကဏ္ဍတွင် စက်မှုလုပ်ငန်းသုံး စက်ခုံများ၊ အလိုအလျောက် ပုံလောင်းစက်များ ပါဝင်နေသည်။

သို့သော် ထိုပစ္စည်းများ မဲပေါက်နိုင်ခြေ အလွန်နည်းပါးပြီး အရေအသွေးမှတ် မဲပေါက်နိုင်ခြေထက် အနည်းငယ်သာ ပိုများသည်။

လင်းယွမ်က သူ့အမှတ်ကို ကြည့်လိုက်ပြီး တွေဝေမနေဘဲ မဲနှိုက်လိုက်သည်။

"မဲနှိုက်မယ်"

ကံစမ်းမဲဘီးသည် လျင်မြန်စွာ လည်ပတ်သွားပြီး သူ့မျက်လုံးများက အရေအသွေးမှတ် ကဏ္ဍကို စိုက်ကြည့်နေသည်။

သို့သော် ကံမပါခဲ့ပေ။ မြှားတံသည် အစားအစာ ကဏ္ဍတွင် ရပ်တန့်သွားသည်။

[ဒင်... သင် ဝူချန်ဆန် ပေါင် (၁၁၀၀) မဲပေါက်ပါသည်]

လင်းယွမ် ပြုံးလိုက်သည်။ "မဆိုးပါဘူး... ဝူချန်ဆန် ပေါင် (၁၁၀၀) ဆိုရင် တော်တော်ကြာကြာ စားလို့ရပြီ"

"တခြားတိုက်တွဲက လူတွေ ငါးလာလဲရင်တောင် အများကြီး လဲပေးလို့ ရတယ်"

သူက လက်ကျန်အမှတ် (၄၈) မှတ်ကို ကြည့်လိုက်ပြီး အကုန်သုံးပစ်ရန် ဆုံးဖြတ်လိုက်သည်။

ကံကောင်းလျှင် (၂၀) မှတ်တည်းနဲ့ အရေအသွေးမှတ် တစ်မှတ်လောက် ရနိုင်သည်။

သူ ကံစမ်းလိုစိတ်ဖြင့် စနစ်ကို ခေါ်လိုက်သည်။

"(၂၀) မှတ်တန် ကံစမ်းမဲဘီးကို ပြောင်းမယ်"

ကံစမ်းမဲဘီးအသစ် ပေါ်လာပြီး ပစ္စည်းအမျိုးအစားစုံလင်စွာ ပြသထားသည်။

အစားအစာ ပစ္စည်းအားလုံး၏ ယူနစ်မှာ (၄၄) ပေါင် ဖြစ်သည်။

လင်းယွမ် တစ်ခုခုကို သတိပြုမိသွားသည်။ "ယူနစ်က အမှတ်နဲ့ ဆက်စပ်နေတာလား"

"အမှတ် ၁၀တန်ဆိုရင် (၂၂) ပေါင်လား... ဟို ဖီလေမီညွန် အမဲသား တစ်သေတ္တာကလည်း (၂၂) ပေါင်လောက် ရှိပုံရတယ်"

"အမှတ် ၅၀ဆိုရင် ပေါင် (၁၁၀၀)... အမှတ် ၁၀၀ဆိုရင် (၁) တန်"

လင်းယွမ်သည် စနစ်၏ ပုံသေနည်းကို ရိပ်စားမိသလို ခံစားလိုက်ရသည်။

ချက်ချင်းပင် မဲနှိုက်လိုက်သည်။

[ဒင်... သင် ဟင်းသီးဟင်းရွက် လက်ဆောင်ထုပ် (၄၄) ပေါင် မဲပေါက်ပါသည်]

လင်းယွမ် ဝမ်းသာသွားပြီး ဟင်းသီးဟင်းရွက် လက်ဆောင်ထုပ်ကို ကြည့်လိုက်သည်။

လက်ဆောင်ထုပ်ထဲတွင် မုန်လာဥ၊ မုန်ညင်း၊ ခရမ်းသီး၊ ငရုတ်ပွနှင့် ခရမ်းချဉ်သီး စုစုပေါင်း (၅) မျိုးပါဝင်ပြီး တစ်မျိုးလျှင် (၉) ပေါင်ခန့် ပါဝင်သည်။

"ဒါ ကောင်းတာပဲ... ရေကြီးတာ ကြာလာတာနဲ့ အစားအစာတွေ ရှားပါးလာတယ်... ဟင်းသီးဟင်းရွက်ဆိုတာ သိမ်းဆည်းဖို့ ခက်ခဲလို့ ရှာတွေ့ဖို့ မဖြစ်နိုင်တော့ဘူး"

"ဒါပေမဲ့ ခန္ဓာကိုယ်ရဲ့ ဓာတ်တွေ မျှတဖို့အတွက် ဗီတာမင် လိုအပ်တယ်... ဟင်းသီးဟင်းရွက် မစားဘဲ နေလို့မရဘူး"

"ဒီ ဟင်းသီးဟင်းရွက် (၄၄) ပေါင်က အချိန်ကိုက် ရောက်လာတာပဲ"

လင်းယွမ် ကျေနပ်သွားသည်။ တစ်စုံတစ်ယောက်က ငါးနှင့် ဟင်းသီးဟင်းရွက် လဲချင်လျှင် ဂရမ်အလိုက် တွက်ချက်ပြီး လဲလှယ်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။

"နောက်တစ်ခေါက်... စနစ်... ဆက်နှိုက်မယ်"

ကံစမ်းမဲဘီး လည်ပတ်သွားသည်။ ခဏအကြာတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။

ယခုတစ်ကြိမ်တွင်ကား လင်းယွမ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်လှုပ်ရှားမှုများ ပေါ်လွင်လာတော့သည်။

ဆက်ရန်...

အပိုင်း (၈၀) သန္ဓေပြောင်း အပင်မျိုးစေ့ မဲပေါက်ခြင်းနှင့် ဆုန့်ဝမ် စားစရာလာတောင်းခြင်း

[ဒင်... သင် သန္ဓေပြောင်း အပင်မျိုးစေ့တစ်ထုပ် မဲပေါက်ပါသည်]

ရုတ်တရက် ရရှိလာသော ဤဆုမဲကြောင့် လင်းယွမ်တစ်ယောက် အံ့သြဝမ်းသာ ဖြစ်သွားရသည်။

သန္ဓေပြောင်း အပင်မျိုးစေ့ ဟုတ်လား။

သူသည် ကံစမ်းမဲဘီးကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။ စောစောက သူ ကံစမ်းမဲဘီးတစ်ခုလုံးကို အကြမ်းဖျင်း ကြည့်ခဲ့သော်လည်း ဤဆုမဲ ပါနေသည်ကို သတိမထားမိခဲ့ပေ။

နောက်ဆုံးတွင် အလွန်သေးငယ်သော ဧရိယာလေးတစ်ခု၌ ဤသန္ဓေပြောင်း အပင်မျိုးစေ့ ဆုမဲကို ရှာတွေ့သွားသည်။

လင်းယွမ်သည် အပင်မျိုးစေ့ကို အမြန်ထုတ်ယူပြီး စစ်ဆေးကြည့်လိုက်သည်။

[သန္ဓေပြောင်း နေကြာပန်း]

ဖော်ပြချက် - နေရောင်ခြည် ထုတ်လုပ်ပေးနိုင်သော နေကြာပန်းများကို စိုက်ပျိုးနိုင်သည်။

အရေအတွက် - အစေ့ ၂၀

ရှင်သန်နှုန်း - ၂၀%

စိုက်ပျိုးရမည့် ပတ်ဝန်းကျင် - မြေကြီးရှိသောနေရာ

လင်းယွမ်သည် မျိုးစေ့ထုပ်ပါ ဖော်ပြချက်ကို ကြောင်တောင်တောင် ကြည့်နေမိသည်။

"နေရောင်ခြည် ထုတ်ပေးတဲ့ နေကြာပန်း ဟုတ်လား... ဒါက..."

"နေကြာပန်းဆိုတာ နေကြာစေ့ ထုတ်ပေးရမှာ မဟုတ်ဘူးလား... ဘာလို့ နေရောင်ခြည် ထုတ်ပေးရတာလဲ"

"ဒါမှမဟုတ် သူက အလင်းရောင် ထုတ်ပေးနိုင်တာများလား"

လင်းယွမ် သံသယဖြစ်စွာဖြင့် အိတ်ကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် မျိုးစေ့ အခု ၂၀ တိတိ ရှိနေသည်။

"ရှင်သန်နှုန်းက ၂၀% တည်းဆိုတော့ နည်းနည်းတော့ နည်းတာပဲ"

"ဒါပေမဲ့ ကံစမ်းမဲဘီးပေါ်မှာ ဒီလောက် ပေါက်ဖို့ရာခိုင်နှုန်းနည်းတာ... အရေအသွေးမှတ် ပေါက်ဖို့ထက်တောင် ရာခိုင်နှုန်းနည်းနေသေးတယ် ဆိုတော့ ဒါက ရှားပါးပစ္စည်း ဖြစ်လောက်တယ်"

လင်းယွမ်က မတုံးပေ။ ပုံမှန်အားဖြင့် မဲပေါက်ရန် ခက်ခဲလေ ပိုကောင်းသော ပစ္စည်းဖြစ်လေပင်။

သူက သန္ဓေပြောင်း နေကြာစေ့များကို သိမ်းဆည်းလိုက်ပြီး ဘယ်ညာ ဝေ့ကြည့်လိုက်ရာ ချက်ချင်းပင် မျက်နှာပျက်သွားသည်။

"နေဦး... မြေကြီးတဲ့လား"

သူ ရုတ်တရက် အချက်တစ်ခုကို သတိထားမိလိုက်သည်။ သူ့အိမ်ထဲမှာ... မြေကြီး တစ်စက်မှ မရှိပါလား။

အပြင်ဘက်တွင်လည်း ရေကြီးရေလျှံမှုကြောင့် ကမ္ဘာမြေကြီးတစ်ခုလုံး ရေလွှမ်းမိုးခံထားရပြီး မြေကြီးဟူ၍ မရှိတော့ပေ။

"ရေလွှမ်းမိုးမှုအောက်မှာ ကမ္ဘာပေါ်က သက်ရှိတွေ အကုန်လုံး သန္ဓေပြောင်းလဲနေကြပုံရတယ်... တိရစ္ဆာန်တွေရော ရေသတ္တဝါတွေတင်မကဘူး အပင်တွေပါ အသားကုန် ပြောင်းလဲနေကြပြီ"

"ဒါပေမဲ့ မြေကြီးမရှိရင် အပင်တွေ ဘယ်လိုအသက်ရှင်မလဲ"

လင်းယွမ် စိတ်လေးသွားသည်။ ဤသန္ဓေပြောင်း နေကြာပန်းက မြေကြီးရှိရုံဖြင့် ရှင်သန်နိုင်သည်ဆိုတော့ ကြည့်ရတာ လွယ်ကူမလိုလိုပင်။ သို့သော် ရေကြီးနေချိန်တွင် မြေကြီးရဖို့က အတော်ခက်ခဲနေသည်။

အနာဂတ်တွင် မြေကြီးကလည်း ရှားပါးသော အရင်းအမြစ်တစ်ခု ဖြစ်လာလေမလားဟု လင်းယွမ် တွေးမိလိုက်သည်။

"မဖြစ်ဘူး... ငါ မြေကြီး နည်းနည်းလောက် စုဆောင်းထားမှ ရမယ်... နောင်ကျရင် သန္ဓေပြောင်းအပင်တွေ စိုက်တာပဲဖြစ်ဖြစ်... ရိုးရိုးဟင်းသီးဟင်းရွက် စိုက်တာပဲဖြစ်ဖြစ် သုံးလို့ရအောင် မြေကြီး နည်းနည်းလောက်တော့ ဆောင်ထားသင့်တယ်"

လင်းယွမ် သက်ပြင်းချလိုက်သည်။ မိုးက ဘယ်တော့မှ တိတ်မည်မသိ။ ထိုက်ယန်တောင်တန်းကြီးများ ရေမြုပ်သွားမလား။ တကယ်လို့ ထိုက်ယန်တောင်တန်းသာ ရေမြုပ်သွားခဲ့လျှင် မြေကြီးရှာဖို့ လုံးဝမဖြစ်နိုင်တော့ပေ။

ဒါမှမဟုတ် ပင်လယ်အောက်ကြမ်းပြင်က နှုန်းမြေသွားယူရမလား။ လုံးဝမဖြစ်... ပင်လယ်အောက်က သန္ဓေပြောင်းငါးတွေက သူ့ကို အရှင်လတ်လတ် ဝါးစားသွားလိမ့်မည်။

"ငါမှတ်မိသလောက် ဒီတိုက်ထဲမှာ ပန်းစိုက်တဲ့အိမ်တွေ မနည်းဘူး... ပန်းအိုးတွေထဲမှာ မြေကြီး ရှိလောက်တယ်"

လင်းယွမ် ထိုကိစ္စကို မှတ်ထားလိုက်သည်။ ခဏနေ တင်းယန်နှင့်အတူ အပြင်ထွက်တဲ့အခါ လမ်းကြုံ မြေကြီးပါ စုဆောင်းရမည်။

စဉ်းစားနေတုန်းမှာပင် တံခါးခေါက်သံတစ်ခု ကြားလိုက်ရသည်။ တံခါးခေါက်သံက အလွန်တိုးညှင်းပြီး သူများကြားသွားမှာ ကြောက်နေသည့်ပုံပင်။

လင်းယွမ် ထရပ်လိုက်ပြီး တံခါးပေါက်ဆီ လျှောက်သွားကာ တံခါးချောင်းကြည့်ပေါက်မှတစ်ဆင့် ကြည့်လိုက်ရာ မျက်ခုံးပင့်မိသွားသည်။

"သူပဲ"

တံခါးဖွင့်လိုက်သည်နှင့် နံရံကို ခက်ခက်ခဲခဲ တွဲခိုထားပြီး ဗိုက်ကိုဖိလျက် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသော ဆုန့်ဝမ်ကို တွေ့လိုက်ရသည်။

"ရှင်... ရှင် နေကောင်းလား... ကျွန်မက အောက်ထပ်က ပိုင်ရှင် ဆုန့်ဝမ်ပါ... ဟိုလေ... ဒရုန်းနဲ့ ရှင့်ဆီက စားစရာလှမ်းလဲတဲ့ တစ်ယောက်ပါ"

သူမ၏ မျက်နှာက ပုံမှန်မဟုတ်ဘဲ သွေးဆုတ်ဖြူရော်နေသည်။ ဗိုက်ဆာလို့ ဖြစ်တာမျိုးမဟုတ်ဘဲ နေမကောင်းဖြစ်နေသည့် ပုံပင်။

လင်းယွမ်က သံတံခါးကို ချက်ချင်းမဖွင့်ပေးဘဲ မေးလိုက်သည်။ "ခင်ဗျားကိုး... ကျွန်တော် မှတ်မိပါတယ်... စုန့်တပေါင် မဟုတ်လား"

ဆုန့်ဝမ်က ခါးသီးစွာ ပြုံးလိုက်သည်။ "အဲဒါ ကျွန်မ အွန်လိုင်းနာမည်ပါ... နာမည်အရင်းက ဆုန့်ဝမ်ပါ... ဟိုလေ... အဒေါ်ကြီးလီ ရှိလားဟင်"

လင်းယွမ် ခေါင်းခါလိုက်သည်။ "အဒေါ်ကြီးလီက ဟိုဘက်ခန်းမှာ နေတာ... ဘာကိစ္စရှိလို့လဲ"

"ကျွန်မ... ကျွန်မ အစားမှားပြီး ဗိုက်နာနေလို့ပါ"

လင်းယွမ် အံ့သြသွားသည်။ "ခင်ဗျား ဘာစားလိုက်လို့လဲ"

"ပေါင်မုန့်ပါ... မနေ့က စားလို့ကျန်တဲ့ ပေါင်မုန့်တစ်တုံး ကျန်တာကို နှမြောလို့ မစားရက်ဘဲ ပါးစပ်ပိတ် သိမ်းထားလိုက်တာ... ဒီနေ့မှ ပြန်စားမလို့လေ"

"ဒါပေမဲ့ တစ်ရက်ပဲ ရှိသေးတာကို မှုတက်သွားမယ်လို့ မထင်ထားမိဘူး... ကျွန်မ ဗိုက်အရမ်းနာနေလို့... တခြားနည်းလမ်း မရှိတော့တာနဲ့... ရှင်... ရှင်တို့ဆီမှာ ဝမ်းပိတ်ဆေး ရှိမလားလို့ပါ"

လင်းယွမ် သဘောပေါက်လိုက်သည်။ အခုက ဇူလိုင်လ ရောက်နေပြီ။ အပြင်မှာ မိုးတွေသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်နေသော်လည်း ရာသီဥတုက ပူအိုက်နေဆဲပင်။ ရေခဲသေတ္တာမရှိ၊ လေအေးပေးစက် မရှိဘဲနှင့် အစားအစာများကို ကြာရှည်သိမ်းထားဖို့ ခက်ခဲသည်။

သို့သော် ပုံမှန်ဆိုလျှင် ပေါင်မုန့်လို စားသောက်ကုန်မျိုးက တာရှည်ခံဆေးတွေ ပါဝင်တတ်သည့်အတွက် တစ်ရက်တည်းနှင့် ပုပ်သိုးသွားစရာ အကြောင်းမရှိပေ။

လင်းယွမ် စဉ်းစားခန်း ဝင်သွားပြီးမှ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။

"နေဦး... အခုက သက်ရှိတွေ သန္ဓေပြောင်းနေတာလေ... ငါးတွေ၊ ကြောင်တွေ၊ လူတွေ သန္ဓေပြောင်းနိုင်ပြီး သန္ဓေပြောင်း အပင်တွေတောင် ပေါ်လာသေးတာပဲ... အဏုဇီဝပိုးမွှားတွေကရော ဘာလို့ သန္ဓေမပြောင်းနိုင်ရမှာလဲ"

လင်းယွမ် စိတ်လေးသွားသည်။ အဏုဇီဝပိုးမွှားများလည်း ဆင့်ကဲပြောင်းလဲနေကြပုံရသည်။ သူတို့သည် စက်မှုလုပ်ငန်းသုံး တာရှည်ခံဆေးများကို ကျော်လွှားနိုင်ပြီး လျင်မြန်စွာ ပေါက်ဖွားလာကြခြင်း ဖြစ်နိုင်သည်။

အစားအစာများကို လတ်ဆတ်အောင် ထားရှိရေးက အခက်အခဲကြီးတစ်ခု ဖြစ်လာချေပြီ။

လင်းယွမ် သက်ပြင်းချလိုက်မိသည်။ တော်သေးသည်က သူ့အိမ်တွင် ရေခဲသေတ္တာ ရှိနေသေးပြီး သူ့တွင် "ပစ္စည်းသိုလှောင်ခန်း" ရှိနေသေး၍သာ။ မဟုတ်လျှင် ခေါင်းခဲစရာပင်။

စဉ်းစားနေတုန်းမှာပင် တံခါးရှေ့မှ ဆုန့်ဝမ်သည် ဆက်ပြီး တောင့်မခံနိုင်တော့ဘဲ ခြေထောက်များ ပျော့ခွေကာ ကြမ်းပြင်ပေါ်သို့ ခွေခနဲ လဲကျသွားသည်။

လင်းယွမ် လန့်သွားပြီး သံတံခါးကို အမြန်ဖွင့်ကာ သူမကို တွဲထူလိုက်သည်။ သူမ၏ ပြောင်ချောနေသော နဖူးပြင်ကို စမ်းကြည့်လိုက်ရာ ပူကျစ်နေသည်။

လင်းယွမ် လှမ်းအော်လိုက်သည်။ "အမမေ... အမမေ"

ရန်မေသည် မီးဖိုချောင်ထဲမှ အပြေးထွက်လာသည်။ အပြင်ဘက်မှ မြင်ကွင်းကို မြင်လိုက်ရသဖြင့် လန့်သွားလေသည်။ လက်တွင် ငါးညှီနံ့များ စွဲနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အပြေးရောက်လာသည်။

"ဆုန့်ဝမ် လား... အို... ဘာဖြစ်တာလဲဟင်... သူ ဘာဖြစ်သွားတာလဲ"

လင်းယွမ်က ဆုန့်ဝမ်ကို ပွေ့ချီလိုက်ပြီး ဧည့်ခန်းထဲမှ ဆိုဖာပေါ်သို့ အမြန်တင်ပေးလိုက်သည်။ "အဖျားတက်နေတာ... ပေါင်မုန့်မှိုတက်တာ စားမိပြီး ဝမ်းသွားနေတယ်လို့ ပြောတယ်"

"အမ... ဟိုဘက်ခန်းက အဒေါ်ကြီးလီတို့ကို သွားခေါ်လိုက်... ဆေးသေတ္တာပါ ယူခဲ့ခိုင်းနော်"

ရန်မေ ခေါင်းညိတ်လိုက်သည်။ "အင်း... အင်း... အမ အခုပဲ သွားခေါ်လိုက်မယ်"

သူမက တစ်ဖက်ခန်းသို့ အမြန်ပြေးပြီး လူသွားခေါ်သည်။ ခဏကြာတော့ အဒေါ်ကြီးလီ၊ ဝူချင်းနှင့် တင်းယန်တို့ ရောက်လာကြသည်။ ကျောက်ခိုင်နှင့် ဦးလေးမာမှလွဲ၍ ချိုင်ယောင်ပါ ရောက်လာသည်။

ဆိုဖာပေါ်တွင် လဲလျောင်းနေသော ဆုန့်ဝမ်ကိုကြည့်ပြီး ချိုင်ယောင်က "မေမေ... ဒီမမက အရမ်းလှတာပဲနော်" ဟု ပြောလိုက်သည်။

ဆုန့်ဝမ်သည် အိမ်နေရင်း ညဝတ်အင်္ကျီကို ဝတ်ဆင်ထားသည်။ ရေခဲပိုးသားဖြင့် ချုပ်လုပ်ထားသော ဒူးဖုံး စကတ်တိုလေး ဖြစ်သည်။ လည်ပင်းပေါက်က ဗွီ ပုံသဏ္ဌာန် နက်ရှိုင်းပြီး ရင်ဘတ်အနားကွပ် ပါရှိသည်။ ဆိုဖာပေါ်တွင် လဲလျောင်းနေသော သူမ၏ ရင်အစုံသည် ဘေးသို့ အနည်းငယ် ကားထွက်နေသော်လည်း ရန်မေထက် မလျော့သော အရွယ်အစားဖြင့် ထည်ဝါနေဆဲပင်။

ကြည့်ရတာ သူမ အတော်လေး နေမကောင်းဖြစ်နေပြီး အဝတ်အစားပင် မလဲနိုင်တော့ဘဲ အကူအညီ လာတောင်းခြင်း ဖြစ်ပုံရသည်။

လင်းယွမ်က အဒေါ်ကြီးလီတို့ကို ကြည့်ပြီး မေးလိုက်သည်။ "သူ ဝမ်းသွားနေတယ် ပြောတယ်... ကျွန်တော်ကြည့်ရသလောက် ကိုယ်လည်း ပူနေတယ်... အဒေါ်ကြီးလီ... ဒီလိုအခြေအနေမျိုး အတွေ့အကြုံရှိလား"

အဒေါ်ကြီးလီက အသက်အရွယ်ရနေပြီဖြစ်၍ ဘဝအတွေ့အကြုံ စုံလင်လှသည်။ သာမန် ခေါင်းကိုက်ဖျားနာခြင်းများအတွက် လူကြီးများတွင် ကုသနည်း ကိုယ်စီ ရှိကြသည်။

သူမက ချက်ချင်းပြောလိုက်သည်။ "အဲဒါ အစာမှားတာပဲ... ပြီးတော့ အအေးမိပြီး ဖျားတာလည်း ဖြစ်နိုင်တယ်... မောင်လင်း... နင့်အိမ်မှာ ရေခဲသေတ္တာ ရှိတယ်မလား... ရေခဲနည်းနည်းလောက် ခွဲပြီး မျက်နှာသုတ်ပဝါနဲ့ထုပ်လိုက်... ပြီးရင် သူ့ကို ကပ်ပေးလိုက်ပါ... အရင်ဆုံး အပူကျအောင်လုပ်ရမယ်... ဒါမှ အဖျားကြောင့် ဦးနှောက်မထိခိုက်မှာ... ဝူချင်း... ဆေးသေတ္တာထဲမှာ အဖျားကျဆေး ပါလား"

"ကျွန်မ ကြည့်လိုက်ဦးမယ်... ဟာ တွေ့ပြီ...ဝမ်းပိတ်ဆေး ရှိတယ်"

ဝူချင်းက ဆေးသေတ္တာကို မွှေနှောက်ရှာဖွေလိုက်ရာ ဆေးတစ်ဘူး တွေ့သဖြင့် အမြန်ကမ်းပေးလိုက်သည်။

"သူ့ကို အမြန်ဖျော်တိုက်လိုက်" အဒေါ်ကြီးလီက ဆုန့်ဝမ်ကို တွဲပေးရင်း ညွှန်ကြားလိုက်သည်။

လင်းယွမ်က ဆေးသေတ္တာကို ကြည့်ရင်း အတွေးဝင်သွားသည်။ ဆေးဝါးတွေကလည်း ပြန်လည်ဖြည့်တင်း၍ မရနိုင်သော အရင်းအမြစ်များ ဖြစ်လာပြီ။ လွန်ခဲ့သည့် ရက်များက အခန်းပေါင်းများစွာကို ရှာဖွေခဲ့သော်လည်း ဆေးဝါးနှင့် ဆေးသေတ္တာများကို သိပ်မတွေ့ခဲ့ရပေ။

"ကြည့်ရတာ လူတွေက မတုံးကြဘူးပဲ... ဆေးဝါးတွေက နောင်ကျရင် အသက်ကယ်နိုင်မယ်ဆိုတာ သိကြတော့ ကိုယ်နဲ့မကွာ ဆောင်ထားကြတာနေမှာ"

သူ ချက်ချင်း သဘောပေါက်လိုက်သည်။ ပုံမှန်မိသားစုတိုင်းတွင် အိမ်သုံးဆေးသေတ္တာတော့ ရှိစမြဲပင်။ ဆေးသေတ္တာမရှိလျှင်တောင် အနည်းဆုံး ခေါင်းကိုက်ပျောက်ဆေး၊ အဖျားကျဆေး၊ ချောင်းဆိုးပျောက်ဆေး စသည်တို့တော့ ရှိကြသည်။

သို့သော် သူနှင့် ချိုင်ကြည်၊ ကျောက်ခိုင်၊ တင်းယန်တို့ ပစ္စည်းရှာဖွေရာတွင် ဆေးဝါးအမျိုးအစားကို ရှာတွေ့ဖို့ အလွန်ခက်ခဲခဲ့သည်။ အကြောင်းရင်းကတော့ ရှင်းနေပါသည်။ လူတော်တော်များများက ဉာဏ်ကောင်းကြသည်။ ဆေးဝါးက အသက်ကယ်နိုင်ပြီး အနာဂတ်တွင် တန်ဖိုးရှိသော အရင်းအမြစ် ဖြစ်လာမည်ကို သိကြသည်လေ။

လူအများ ဝိုင်းဝန်းပြုစုပေးလိုက်သဖြင့် နောက်ဆုံးတွင် ဆုန့်ဝမ် သတိရလာသည်။

သူမ မှုန်ဝါးဝါး မျက်လုံးများကို ဖွင့်လိုက်ရာ လူအများကြီး ဝိုင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ အချိန်ကြာမြင့်စွာ တစ်ယောက်တည်း နေခဲ့ရသဖြင့် အသိစိတ်ကြောင့် အော်ဟစ်လိုက်မိမလို ဖြစ်သွားသည်။ သို့သော် အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး ပါးစပ်ပိတ်လိုက်သည်။

လူအုပ်ကြီးကို ကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာများဖြစ်သည့် အဒေါ်ကြီးလီနှင့် ရန်မေတို့ကို တွေ့လိုက်ရသဖြင့် စိတ်အေးသွားသည်။

"အဒေါ်ကြီးလီ... အမရန်မေ..."

သူမ ထရန် ကြိုးစားလိုက်သော်လည်း ခြေလက်များ အားမရှိသဖြင့် ပြန်လဲကျသွားသည်။

ရန်မေက အနားသို့ လျှောက်သွားပြီး သူမကို ထိန်းပေးရင်း "ဆုန့်ဝမ်... မလှုပ်နဲ့ဦး... အရင် အနားယူလိုက်ဦး" ဟု ပြောသည်။

အဒေါ်ကြီးလီကလည်း သက်ပြင်းချရင်း "သမီးရယ်... ထမင်းမစားတာ ဘယ်နှရက်ရှိပြီလဲ... ပိန်လိုက်တာကွယ်" ဟု ဆိုသည်။

သူမ မှတ်မိသလောက် ဆုန့်ဝမ်ဆိုတာ အင်တာနက်ပေါ်က ပြောကြသလို ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုး မိန်းမချောလေးဖြစ်သည်။ အခုတော့ ပိန်လွန်းလို့ အရိုးပေါ် အရေတင် ဖြစ်လုနီးပါး ဖြစ်နေပြီ။

ဒါပေမဲ့ ရင်ဘတ်က အသားဆိုင်တွေကတော့ သိပ်ပိန်သွားပုံ မရပေ။

(မူရင်းစာရေးဆရာက ကျော်ကြီးဖြစ်မယ်)

အဒေါ်ကြီးလီ ပြောပြီးသည်နှင့် ဆုန့်ဝမ်၏ ဗိုက်ထဲမှ တဂွီဂွီ အသံများ ထွက်ပေါ်လာသည်။ ဆုန့်ဝမ် မျက်နှာပျက်သွားပြီး နာကျင်မှုကို အောင့်အီးလျက် ထရပ်ကာ "ကျွန်မ... ကျွန်မ အိမ်သာသွားချင်လို့" ဟု ပြောလိုက်သည်။

အဒေါ်ကြီးလီက "သမီးကို တိုက်ထားတဲ့ ဝမ်းပိတ်ဆေးက ဘေးထွက်ဆိုးကျိုး ရှိတယ်... ရန်မေ... ငါနဲ့အတူ သူ့ကို ဝိုင်းတွဲပေးရအောင်" ဟု ပြောလိုက်သည်။

ထို့နောက် နှစ်ယောက်သား ဆုန့်ဝမ်ကို အိမ်သာဆီသို့ တွဲပို့ပေးကြသည်။

အခန်းထဲတွင် ချိုင်ကြည်နှင့် လင်းယွမ်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဧည့်ခန်းထဲမှ ထွက်ကာ စင်္ကြံလမ်း ဘက်သို့ တိတ်တဆိတ် ထွက်လာကြသည်။

ချိုင်ကြည်က ဆေးလိပ်တစ်လိပ် ထုတ်လိုက်ပြီး လင်းယွမ်ကို ကမ်းပေးလိုက်သည်။ "တစ်လိပ်လောက် ဖွာဦးမလား"

လင်းယွမ် ခေါင်းခါလိုက်သည်။ "ကျွန်တော် ဖြတ်လိုက်ပြီ"

ချိုင်ကြည် ကြောင်သွားသည်။ "ဖြတ်လိုက်ပြီ ဟုတ်လား"

လင်းယွမ် ပြုံးလိုက်သည်။ "ဆေးလိပ်ဆိုတာ နောင်ကျရင် ဇိမ်ခံပစ္စည်း ဖြစ်လာမှာလေ... နောင်ကျမှ မသောက်ရလို့ ခံစားနေရမယ့်အစား အခုကတည်းက ဖြတ်လိုက်တာ ပိုကောင်းတယ်"

တကယ်တော့ သူက ဆေးလိပ်သိပ်စွဲသူ မဟုတ်ပေ။ ရေလွှမ်းမိုးမှု ကာလဝက်အတွင်း သူ အစောကြီးကတည်းက ဖြတ်လိုက်ပြီးဖြစ်သည်။

ချိုင်ကြည်က စဉ်းစားလိုက်ပြီး ဆေးလိပ်ကို ပြန်သိမ်းလိုက်သည်။ "မင်းပြောတာ ဟုတ်တယ်... တော်ကြာ တိုက်ရခိုက်ရမယ့်အချိန်ကျမှ ဆေးလိပ်သောက်ချင်စိတ် ပေါ်လာရင် အသက်အန္တရာယ် ရှိနိုင်တယ်... ငါလည်း ဖြတ်လိုက်ပါတော့မယ်ကွာ"

ဆေးလိပ်ပြန်သိမ်းပြီးနောက် လင်းယွမ်အခန်းဘက်သို့ လှမ်းကြည့်ကာ မေးလိုက်သည်။ "အဲဒီအမျိုးသမီးကို မင်းဘယ်လိုလုပ်မလဲ"

လင်းယွမ် နားမလည်စွာဖြင့် "ဘာကို ဘယ်လိုလုပ်ရမှာလဲ"

"သူက မိန်းမသားတစ်ယောက်တည်းလေ... ပြီးတော့ အရမ်းလှတယ်... တစ်ယောက်တည်း နေတာဆိုတော့ အန္တရာယ်များတယ်"

လင်းယွမ် ပြုံးလိုက်သည်။ "အစ်ကိုချိုင်က သနားသွားတာလား"

ချိုင်ကြည်က ဟားဟား ရယ်မောလိုက်ပြီး ခေါင်းခါသည်။ "တော်ပါကွာ... ငါက မင်းရဲ့ အစ်မဝူနဲ့ သမီးလေးယောက်ယောက် ကို လုပ်ကျွေးနေရတာနဲ့တင် လုံလောက်နေပါပြီ... သူများကို သနားဖို့ မတတ်နိုင်ပါဘူး"

"ငါက မင်းကို ပြောတာပါ... မင်းက အရည်အချင်းရှိတဲ့သူပဲလေ... အခုက ရေမကြီးခင် အချိန်တွေနဲ့ မတူတော့ဘူး... အရည်အချင်းရှိတဲ့ ယောက်ျားတွေက အရင်းအမြစ်တွေကို ပိုမိုပိုင်ဆိုင်ရတာ သဘာဝပဲ"

လင်းယွမ် ပြုံးလိုက်သည်။ ဤသဘောကို သူနားလည်သည်။

"ဒီလောကကြီးမှာ မိန်းမလှတွေ အများကြီးရှိတာပဲ... အကုန်လုံးကို လိုက်သိမ်းပိုက်နေရမှာလား"

"ထားလိုက်ပါဗျာ... အခုလို ဘေးဒုက္ခကြီး ကြုံနေရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်တောင် မနည်းဂရုစိုက်နေရတာ... အဲဒီကိစ္စတွေ စဉ်းစားဖို့ စိတ်မပါပါဘူး"

ချိုင်ကြည်က လင်းယွမ်ကို ကြည့်ပြီး စိတ်ထဲမှ လေးစားသွားသည်။ လင်းယွမ်အရွယ်နှင့် ဒီလောက်အစွမ်းရှိလျှင် ဖြားယောင်းမှုများကို တောင့်ခံနိုင်မည် မဟုတ်ဟု ထင်ခဲ့သည်။

တကယ်တော့ သူစောစောက ပြောခဲ့သည့် စကားများက စမ်းသပ်သည့် သဘောလည်း ပါဝင်သည်။ လင်းယွမ်၏ စိတ်နေသဘောထား ပြောင်းလဲသွားခြင်း ရှိမရှိ၊ လျှိုအားလုံကဲ့သို့ အမျိုးသမီးများကို ကစားစရာအဖြစ် သတ်မှတ်လာမလားဆိုတာ သိချင်၍ ဖြစ်သည်။

တော်သေးသည်က လင်းယွမ်သည် သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ပေ။ ဤလူငယ်လေးက အရင်ကလိုပဲ သတိကြီးပြီး စည်းစောင့်တတ်သော လူငယ်လေး ဖြစ်နေဆဲပင်။ ဒီလိုလူမျိုးနားမှာ နေမှသာ အသက်ကြာကြာ ရှင်နိုင်မည်။

သူ သက်ပြင်းချလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။ "ဒီနေ့ ဆုန့်ဝမ်ကိစ္စက ငါ့ကို သတိပေးလိုက်သလိုပဲ... ငါတို့ ဆေးဝါးတွေ အမြန်ရှာစုထားမှ ရမယ်... ရေကြီးတာက ပြန်မကျတော့ဘူးဆိုရင် ဆေးဝါးတွေက ထပ်မရနိုင်တော့တဲ့ အရင်းအမြစ်တွေ ဖြစ်လာတော့မယ်... ငါတို့လက်ထဲမှာ ဆေးဝါးတချို့ ရှိထားဖို့ လိုတယ်"

လင်းယွမ် ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် သိပါတယ်... ဒါပေမဲ့ ဒီရက်ပိုင်း ပစ္စည်းရှာတုန်းက ဆေးတွေ တွေ့တာ အရမ်းနည်းတယ်"

ချိုင်ကြည် ခေါင်းညိတ်ပြီး လေးနက်စွာ ပြောသည်။ "ငါလည်း သတိထားမိတယ်... လူတွေက မတုံးကြဘူး... ဒီဆေးတွေက တစ်လုံးသောက်လိုက်ရင် တစ်လုံးလျော့သွားမယ်ဆိုတာ သိကြတယ်... ပြီးတော့ ဆေးက နေရာလည်း သိပ်မယူတော့ ထွက်ပြေးတဲ့အခါ ကိုယ်နဲ့မကွာ ယူသွားကြမှာပဲ"

လင်းယွမ် စဉ်းစားလိုက်ပြီး "ကျွန်တော်မှတ်မိသလောက် အဒေါ်ကြီးလီမှာ ဆီးချိုရောဂါရှိတယ် မဟုတ်လား... သူက ဆေးပုံမှန်သောက်နေရမှာ... ဒီလောက်ကြာပြီဆိုတော့ သူ့ဆေးတွေ ကျန်သေးရဲ့လား"

ချိုင်ကြည် ခေါင်းခါသည်။ "ဦးလေးမာ ပြောပြဖူးတယ်... အဒေါ်ကြီးလီရဲ့ အင်ဆူလင်က ပြတ်တာကြာပြီတဲ့... တော်သေးတာက အခု စားစရာ သိပ်မရှိတော့ သူ့သွေးတွင်းသကြားဓာတ်က အတော်လေး ငြိမ်နေတယ် ပြောရမယ်"

"ဒါပေမဲ့ ဆီးချိုသမားဆိုတာ မင်းသိတဲ့အတိုင်းပဲ... ဗိုက်မြန်မြန်ဆာတယ်... ဗိုက်ဆာရင် စားချင်တယ်... စားလိုက်ရင် သကြားဓာတ် တက်လာရော"

"ဒီရက်ပိုင်း အဒေါ်ကြီးလီ တော်တော်လေး ခံစားနေရတယ်ပြောတယ်... ဦးလေးမာက ငါ့ကို မှာထားတယ်... ပစ္စည်းရှာရင်း အင်ဆူလင်တွေ့ရင် သူ့အတွက် ချန်ထားပေးပါတဲ့... ဒါပေမဲ့ အခုထိ ငါမတွေ့သေးဘူး"

လင်းယွမ် ခေါင်းညိတ်လိုက်သည်။ "ဆီးချိုဆိုတာ အဖြစ်များတဲ့ရောဂါပဲလေ... တကယ်တမ်းရှာရင် ဒီတိုက်ထဲမှာ ရှိဦးမှာပါ... ဦးလေးမာကို မပူဖို့ ပြောလိုက်... နောက်ကျရင် တခြား တိုက်တွဲ တွေဘက် သွားကြည့်ကြတာပေါ့"

"မရရင်တောင် သူ့မှာ စားစရာတွေ ရှိနေတာပဲ... အဲဒါနဲ့ လဲလို့ရတာပဲလေ"

ချိုင်ကြည် ခေါင်းညိတ်လိုက်ပြီး "တိုက်တွဲ (၂) ဘက်ကို ဘယ်တော့သွားမလဲ" ဟု မေးသည်။

"နေ့လယ်ပိုင်းလောက်ပေါ့"

"ဒါဆို ငါလည်း မင်းတို့နဲ့အတူ လိုက်ခဲ့မယ်... တိုက်တွဲ (၁) ဘက်မှာ ပစ္စည်းတွေ ကုန်သလောက် ရှိနေပြီ... ကျန်တာဆိုလို့ သစ်သားတို့ ဘာတို့ပဲ ရှိတော့တာ... အဲဒါတွေက ရေရှည်လုပ်ရမယ့် အလုပ်ဆိုတော့ လောစရာမလိုဘူး"

"သိပြီ... ထွက်ခါနီးရင် ကျွန်တော် လာခေါ်မယ်"

နှစ်ယောက်သား ထွေရာလေးပါး ပြောနေကြရင်း ခဏကြာလျှင် ဝူချင်းက အိမ်ထဲဝင်ရန် လှမ်းခေါ်သည်။

လင်းယွမ်က ဆိုဖာပေါ်ရှိ ဆုန့်ဝမ်ကို ကြည့်လိုက်ရာ သူမ၏ မျက်နှာ အတော်လေး ပြန်ကောင်းလာပြီး သွေးရောင်လွှမ်းလာသည်ကို တွေ့ရသည်။ သူမ၏ လက်ထဲတွင် သစ်တော်သီးသကြား ဖျော်ရည်တစ်ဘူး ကိုင်ထားသည်။

ရန်မေသည် လင်းယွမ်ဘေးနား လျှောက်လာပြီး စိုးရိမ်တကြီးဖြင့် ပြောသည်။

"ဆောရီးပါ မောင်လေးရယ်... အမက မောင်လေးပေးထားတဲ့ ဖျော်ရည်ကို သူ့ကို တိုက်လိုက်မိတယ်... အဒေါ်ကြီးလီက သူ သွေးတွင်းသကြားဓာတ် ကျနေနိုင်တယ်လို့ ပြောလို့..."

သူမကိုယ်တိုင်လည်း သွေးတွင်းသကြားဓာတ် ကျဖူးသဖြင့် ထိုဒုက္ခကို ကောင်းကောင်းသိသည်။ ထို့ကြောင့် စိတ်မကောင်းဖြစ်ပြီး လင်းယွမ် သူမအတွက် ပြင်ဆင်ပေးထားသည့် ဖျော်ရည်ကို ဆုန့်ဝမ်အား ပေးလိုက်မိခြင်းဖြစ်သည်။

သို့သော် သူမလက်ထဲရှိ ပစ္စည်းအားလုံးသည် လင်းယွမ်ပေးထားခြင်းဖြစ်ကြောင်း သူမ ကောင်းကောင်းသိသည်။ ထို့ကြောင့် စိတ်မလုံဖြစ်ကာ လင်းယွမ့်ထံ အရင်လာပြီး အပြစ်ဝန်ခံခြင်းဖြစ်သည်။

လင်းယွမ်က လက်ကာပြလိုက်ပြီး "ကိစ္စမရှိဘူး... လူအသက်ကယ်ဖို့က အရေးကြီးတာပဲ" ဟု ပြောလိုက်သည်။

သစ်တော်သီးဖျော်ရည် တစ်ဘူးလောက်ကို လင်းယွမ် သဘောထားကြီးနိုင်သည်။

ရန်မေ စိတ်သက်သာရာ ရသွားသည်။ ထို့နောက် တိုးတိုးလေး ထပ်ပြောသည်။ "ဆုန့်ဝမ်က ရာသီလာနေတာလေ... သွေးဆင်းတာ များနေတယ်... သွေးတွင်းသကြားဓာတ်ကျတာ အဲဒါကြောင့်လည်း ပါမယ်... အိမ်မှာကလည်း လစဉ်သုံးပစ္စည်း မရှိတော့ သူ့အတွင်းခံက ပေသွားတယ်... အဲဒါနဲ့ အမက အမရဲ့ အတွင်းခံတစ်ထည် သူ့ကို ပေးလိုက်တယ်"

လင်းယွမ် မျက်ခုံးပင့်လိုက်သည်။ "ဘယ်တစ်ထည်လဲ"

ရန်မေ မျက်နှာရဲသွားသည်။ "ဟို... ဟိုလေ... လွန်ခဲ့တဲ့ နှစ်ရက်က မောင်လေး ဝတ်ခိုင်းတဲ့ တစ်ထည်လေ..."

လင်းယွမ် စူးစိုက်ကြည့်လိုက်သည်။ "အမ တမင်လုပ်တာမလား... ကျွန်တော် အဲဒီအထည်ကို ကြိုက်မှန်းသိလို့မလား"

ရန်မေ၏ မျက်လုံးများက တောင်းပန်တိုးလျှိုးသည့် အကြည့်ဖြင့် ကြည့်နေသည်။ "အမ တမင်လုပ်တာ မဟုတ်ပါဘူး..."

လူအုပ်ကြီးသည် လင်းယွမ့်အိမ်တွင် ခဏထိုင်ပြီးနောက် ကိုယ့်အိမ်ကိုယ် ပြန်သွားကြသည်။

အဒေါ်ကြီးလီကတော့ ပြန်မသွားသေးပေ။ ဆုန့်ဝမ်က သူမကို ဆွဲထားသောကြောင့် ဖြစ်သည်။ အဒေါ်ကြီးလီ နားမလည်သော်လည်း ဆုန့်ဝမ်က အသနားခံသည့် မျက်နှာထားဖြင့် ကြည့်နေသဖြင့် နေခဲ့လိုက်သည်။

တခြားသူများ ပြန်သွားကြသောအခါ အိမ်ထဲတွင် ဆုန့်ဝမ်၊ အဒေါ်ကြီးလီ၊ ရန်မေနှင့် လင်းယွမ် လေးယောက်သာ ကျန်ရစ်သည်။

အဒေါ်ကြီးလီက "သမီး... ဘာပြောစရာ ရှိလို့လဲ" ဟု မေးလိုက်သည်။

ဆုန့်ဝမ် မျက်နှာရဲနေပြီး ပြောရခက်နေသည်။ ခဏကြာမှ ဗလုံးဗထွေးဖြင့် ပြောလာသည်။ "အဒေါ်ကြီးလီ... အမရန်မေ... ကျွန်မ... ကျွန်မ သိပါတယ်... အခု အားလုံးက ဒုက္ခရောက်နေကြတာ... လူတော်တော်များများမှာ... စားစရာ မရှိကြဘူးဆိုတာ"

"ဒါပေမဲ့... ဒါပေမဲ့ ကျွန်မမှာ တကယ်ပဲ တခြားနည်းလမ်း မရှိတော့လို့ပါ... ကျွန်မအိမ်မှာ စားလို့ရတာ အကုန်စားပြီးပြီ... အခု ကျွန်မမှာ စားစရာ ဘာတစ်ခုမှ မကျန်တော့ဘူး... ရှင်တို့... ရှင်တို့ ကျွန်မကို... စားစရာလေး နည်းနည်းလောက် ချေးပေးလို့ ရမလားဟင်"

ထိုစကားကို ကြားလိုက်ရသောအခါ လင်းယွမ် ကြောင်သွားသည်။

နောက်ထပ် စားစရာလာချေးတဲ့ တစ်ယောက်ပါလား...

(ကျော်ကြီးအကြိုက်လာပြန်ပြီ)

ဆက်ရန်...

All Chapters