အခန်း (၉၅-၉၆)
Vol. 5 Ch. 95-96
အပိုင်း (၉၅) အစွမ်းအစကို စမ်းသပ်ခြင်းနှင့် မိုးသည်းကြားကဆန္ဒ
"ယားးးးးး"
လင်းယွမ်က အားကုန်သုံးကာ အော်ဟစ်လိုက်ပြီး အလေးချိန် ၃ တန်ခန့်ရှိသော စတီးရေကန်ကြီးကို ရုတ်တရက် မလိုက်လေ၏။
သူ၏ လက်မောင်းကြွက်သားများသည် ဖောင်းကြွလာပြီး မျက်နှာထားမှာလည်း ကြမ်းတမ်းခက်ထန်လို့နေသည်။ သူက ခြေထောက်ဖြင့် မြေကြီးကို ဆောင့်နင်းလိုက်ကာ လက်မောင်းနှစ်ဖက်ကို အပေါ်သို့ မြှောက်တင်လိုက်တော့သည်။
ရုတ်ခြည်းပင် ရေကန်ကြီးသည် သူ၏ ခါးအထက်သို့ ကြွတက်သွားလေ၏။
"ဘုန်း"
စက္ကန့်အနည်းငယ်မျှ တောင့်ခံထားပြီးနောက် ရေကန်ကြီးကို ပြန်ချလိုက်သည်။
လင်းယွမ်တစ်ကိုယ်လုံး အမောဆို့ကာ အသက်ရှူသံများ ပြင်းထန်နေပြီး မျက်နှာတစ်ခုလုံးလည်း နီရဲလို့နေသည်။
ဒါသည် ခန္ဓာကိုယ်အတွင်း သွေးလေလည်ပတ်မှု မြန်ဆန်လွန်းသောကြောင့် ဖြစ်ပေါ်လာသည့် အပူရှိန်ပင် ဖြစ်၏။
လင်းယွမ်၏ မျက်လုံးများတွင် စူးရှသော အရောင်အဝါများ လင်းလက်နေပြီး မိမိလက်များကို ပြန်ကြည့်ကာ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်မိသည်။
"ငါ့ခွန်အားတွေ အများကြီး တိုးလာတာပဲ... လက်မောင်းနှစ်ဖက်ကို အားကုန်သုံးလိုက်ရင် ၃ တန်လောက်ရှိတဲ့ ရေကန်ကြီးကိုတောင် လွယ်လွယ်ကူကူ မနိုင်ပါလား"
"ငါ့ရဲ့ အခုလက်ရှိ ခွန်အားနဲ့ဆိုရင် ဒီတိုက်တစ်ခုလုံးမှာ ငါ့ကို ယှဉ်နိုင်မယ့်သူ မရှိလောက်တော့ဘူး"
"တင်းယန် သူ့အစွမ်းကို သုံးရင်တောင် ဒီလောက်ပေါက်ကွဲအားပြင်းတဲ့ အဆင့်ကို ရောက်နိုင်မှာ မဟုတ်ဘူး"
ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ခွန်အား အရည်အသွေးမှတ်များသည် ၅ မှတ်နီးပါးအထိ တိုးတက်လာခဲ့ပြီး ၎င်းသည် သာမန်လူတစ်ယောက်ထက် ငါးဆခန့် ပိုမိုစွမ်းဆောင်နိုင်သည့် ပမာဏဖြစ်သည်။
ယခုအချိန်၌ ဤတိုက်အဆောက်အအုံထဲတွင် သူသည် ဘုရင်တစ်ပါးကဲ့သို့ လိုရာကို သွားလာနိုင်ပြီ ဖြစ်၏။
ထို့အပြင် ဂလော့ခ် ပစ္စတိုသေနတ်ပါ ရှိနေသေးရာ မည်သူက သူ့ကို ယှဉ်ပြိုင်ရဲမည်နည်း။
"မနက်ဖြန်ကျရင် တိုက် ၇၆ တစ်ခုလုံးက တိုက်တွဲ ၆ ခုစလုံးကို ရှင်းလင်းပြီး လူတိုင်းကို ငါ့အတွက် ငါးဖမ်းခိုင်းရမယ်"
"ငါးတွေ ပိုဖမ်းမိလာရင် အရည်အသွေးမှတ်တွေကို ထပ်မဲဖောက်ပြီး ဒီတိုက်ကနေ မထွက်ခင် အရည်အသွေးမှတ်အားလုံး ၁၀ မှတ်အထက် ရောက်အောင် ကြိုးစားရမယ်"
လင်းယွမ်က စိတ်ထဲတွင် ဆုံးဖြတ်ချက် ခိုင်မာစွာချလိုက်ပြီးနောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသည့် ရေကြီးရေလျှံမှုများကို လှည့်ကြည့်လိုက်သည်။
မိုးကြိုးသံတစ်ချက် ဂျိမ်းခနဲ မြည်ဟည်းသွားပြီး သူက လှိုင်းတံပိုးများ ထန်နေသော ရေပြင်ကို စိုက်ကြည့်နေမိ၏။
ရေအောက်တွင် တစ်ချက်မျှ အရိပ်ပြပြီး ပျောက်ကွယ်သွားသော ကြီးမားသည့် အရိပ်မည်းကြီးကြောင့် သူ၏ မျက်နှာထား အနည်းငယ် တည်သွားသည်။
ယခင်က ဒရုန်းဖြင့် ရိုက်ကူးခဲ့စဉ်က ရေအောက်တွင် ပေ ၂၀ ကျော်ခန့် ရှည်လျားသော ဧရာမသတ္တဝါကြီးများ ရှိနေသည်ကို တွေ့ခဲ့ရဖူးသည်။
အကယ်၍ သစ်ဖောင်လုပ်ပြီးသွားလို့ သူတို့ရေထဲဆင်းကြသည့်အခါ ထိုသတ္တဝါများ၏ တိုက်ခိုက်ခြင်းကို ခံရမလားဆိုသည်ကိုမူ မခန့်မှန်းနိုင်ပေ။
တကယ်လို့များ အဲ့ဒီလို ဧရာမသတ္တဝါကြီးတွေရဲ့ တိုက်ခိုက်တာကို ခံရရင် ကိုယ်ပိုင်အစွမ်းအစသာ မရှိပါက ဒီရေပြင်ကျယ်ကြီးထဲမှာ သေလမ်းပဲ ရှိတော့မည် ဖြစ်၏။
ထို့ကြောင့် သူသည် အစွမ်းအစ တိုးတက်စေရန် ပြင်းပြသော ဆန္ဒ ရှိနေဆဲဖြစ်သည်။
"ပြီးတော့ လူအင်အား... ငါ့အတွက် အမှတ်တွေရဖို့ ငါးဖမ်းပေးမယ့် လူအင်အား အများကြီး လိုသေးတယ်"
"နှမြောစရာကောင်းတာက ငါဒီကနေ ထွက်သွားမယ့်အခါကျရင် သစ်ဖောင်ရဲ့ အရွယ်အစားကြောင့် လူအများကြီးကို ခေါ်သွားနိုင်မှာ မဟုတ်ဘူး"
လင်းယွမ်က သက်ပြင်းတစ်ချက်ချလိုက်သော်လည်း တခြားနည်းလမ်းမရှိပေ။ တကယ်တမ်း ထိုအခြေအနေရောက်လာလျှင် ရွေးချယ်စွန့်လွှတ်မှုများ ပြုလုပ်ရပေလိမ့်မည်။
လူတိုင်းကို ကယ်တင်ရန် မဖြစ်နိုင်သည့်အတွက် မိမိအနီးနားရှိ လူရင်းများကိုသာ ဦးစားပေး ခေါ်ထုတ်သွားရမည် ဖြစ်၏။
"ငါ့ရဲ့ အမြန်နှုန်းကို စမ်းကြည့်ရအောင်"
လင်းယွမ်က စိတ်ထဲရှိ အတွေးများကို ဖယ်ရှားလိုက်ပြီး အသက်ရှူနှုန်း မှန်သွားသည်နှင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သွေးလေကို စုစည်းကာ ရုတ်တရက် လျှပ်စီးလက်သကဲ့သို့ လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။
"ဝှီး... ဝှီးး... ဝှီး"
လက်သီးချက်များသည် လေထုကို ခွင်းလျက် မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းနေပြီး ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
လေထုထဲတွင် အားအင်များ ပြင်းထန်လွန်းသဖြင့် သူ၏ လက်သီးချက်များသည် မျက်စိဖြင့် မမြင်နိုင်လောက်အောင် လျင်မြန်ကာ အရိပ်များပင် ထွက်ပေါ်လာ၏။
"တစ်စက္ကန့်အတွင်းမှာ လက်သီးချက် ကိုးချက်"
လင်းယွမ်၏ လက်သီးက လေထဲတွင် ရပ်တန့်သွားသည်။ သူ၏ မျက်လုံးများသည် လျှပ်စီးကဲ့သို့ တောက်ပနေပြီး အံ့အားသင့် ဝမ်းသာနေမိသည်။
သာမန်လူတစ်ယောက် လက်သီးတစ်ချက်ထိုးရန် ဝ.၅ စက္ကန့်မှ ၁ စက္ကန့် ကြာမြင့်သော်လည်း သူ၏ လျင်မြန်မှု အရည်အသွေးသည် ငါးဆခန့် မြင့်တက်လာသဖြင့် ကိုးချက်တိတိ ထိုးနှက်နိုင်ခဲ့ပြီ ဖြစ်သည်။
ဤမျှမြန်ဆန်သော အမြန်နှုန်းကြောင့် သာမန်လူများအဖို့ သူ၏ လက်သီးရိပ်ကိုသာ မြင်တွေ့နိုင်ပေလိမ့်မည်။
သူ၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး မြေပြင်ကို ဆောင့်ကန်ကာ ကိုယ်ကို ရှေ့သို့ ပစ်လွှတ်လိုက်သည်။
"ဒုန်း..."
သူရပ်နေခဲ့သော နေရာတွင် လူပုံသဏ္ဌာန် လေဟာနယ်တစ်ခု ဖြစ်ပေါ်ကျန်ရစ်ခဲ့ပြီး မိုးစက်များပင် ထိုခဏ၌ ဓားဖြင့် ပိုင်းဖြတ်ခံလိုက်ရသကဲ့သို့ ပြတ်တောက်သွားကြ၏။
လေထဲတွင် အဖြူရောင် ရေငွေ့တန်းတစ်ခု ဖြစ်ပေါ်သွားပြီး ၎င်းသည် လူခန္ဓာကိုယ်ပုံစံ အမြန်နှုန်းလမ်းကြောင်းတစ်ခု ဖြစ်သည်။
လင်းယွမ်သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ပေ ၂၀ ကျော် အကွာအဝေးသို့ ရောက်ရှိသွားလေသည်။
"ငါ့ရဲ့ ခုန်ပျံနိုင်စွမ်းကလည်း လေးငါးဆလောက် တက်လာပါလား... ခြေတစ်လှမ်းလှမ်းလိုက်တာနဲ့ ၁၀ ပေလောက် ရောက်သွားတယ်... သိုင်းဝတ္ထုတွေထဲက သိုင်းသမားတွေနဲ့ ယှဉ်လို့ရနေပြီပဲ"
"ငါ့ရဲ့ ခြေလှမ်းအမြန်နှုန်းနဲ့ အစွမ်းကုန် ပြေးမယ်ဆိုရင် ကားတစ်စီးထက် ပိုနှေးမှာ မဟုတ်ဘူး"
"ဒါတောင် သာမန်ပုံစံပဲ ရှိသေးတာ... အားကုန်သုံးပြီး ခုန်လိုက်မယ်ဆိုရင် ပေ ၃၀ လောက်အထိ ရောက်လောက်တယ်"
လင်းယွမ်က ပြုံးရွှင်စွာဖြင့် တစ်ဖက်ရှိ အဆောင် ၇၆ ကို လှမ်းကြည့်လိုက်သည်။ အဆောက်အအုံနှစ်ခုကြား အကွာအဝေးကို တွက်ချက်ကြည့်ပြီးနောက် ခေါင်းပြန်ခါလိုက်မိ၏။
"ဒီအကွာအဝေးက ဝေးလွန်းနေသေးတယ်... ခုန်ကူးလို့ ရနိုင်မှာ မဟုတ်ဘူး"
"တိုက်နှစ်ခုကြားက ပေ ၃၀၀ ကျော်လောက် ဝေးတာ... ငါ့ရဲ့ အရည်အသွေးမှတ်တွေ ၁၀ ကျော်သွားရင်တောင် မလွယ်လောက်ဘူး"
ရုတ်တရက် တိုက်နှစ်ခုကြား သွယ်တန်းထားသော ကြိုးကို ကြည့်မိပြီး စိတ်ကူးတစ်ခု ရသွားသည်။
"ငါ့ရဲ့ အခုလက်ရှိ လက်မောင်းအားနဲ့ဆိုရင် ကြိုးကို ကိုင်ပြီး တွယ်တက်သွားရင်တော့ ရနိုင်တယ်"
သို့သော် ချက်ချင်းပင် ခေါင်းပြန်ခါလိုက်သည်။
"အရမ်း အန္တရာယ်များလွန်းတယ်... လမ်းတစ်ဝက်မှာ ရေထဲ ပြုတ်ကျသွားရင်"
သူ မစွန့်စားလိုပေ။ တစ်ဖက်တိုက်က အဘိုးကြီး၏ အစွမ်းအစကလည်း မရေရာသေးသဖြင့် အလွယ်တကူ မသွားခြင်းက ပိုကောင်းပေလိမ့်မည်။
ယခုအခါ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ခွန်အားနှင့် လျင်မြန်မှုတို့ကို စမ်းသပ်ပြီးပြီဖြစ်ရာ သိသိသာသာ တိုးတက်လာသည်ကို တွေ့ရသည်။
စိတ်စွမ်းအင် အရည်အသွေးမှတ်မှာမူ ယခုတစ်ကြိမ်တွင် ၇.၇ အထိ ရောက်ရှိလာသဖြင့် စိတ်စွမ်းအားများ အဆပေါင်းများစွာ ကြီးမားလာသည်ကို သူ ထင်ထင်ရှားရှား ခံစားနေရ၏။
သူ့အကြည့်က ဘေးနားရှိ ရေပိုက်တစ်ခုအပေါ်သို့ ရောက်ရှိသွားသည်။
စိတ်စွမ်းအင်ကို ချက်ချင်း လွှတ်ထုတ်လိုက်ပြီး ရေပိုက်ကို လေပေါ်သို့ မြှောက်တင်ရန် ကြိုးစားလိုက်သည်။
ရေပိုက်သည် အနည်းငယ် တုန်ခါသွားပြီး လင်းယွမ်၏ စူးစိုက်မှုအောက်တွင် တကယ်ပင် ဖြည်းညှင်းစွာ ကြွတက်လာလေသည်။
သို့သော် လင်းယွမ်၏ ရှေ့သို့ ရောက်သည်နှင့် ဗွမ်းခနဲ အသံမြည်ကာ ပြန်ပြုတ်ကျသွားတော့၏။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။
"စိတ်စွမ်းအင်က သိပ်မကောင်းသေးဘူးပဲ... စိတ်နဲ့ ရုပ်ဝတ္ထုကို လှုပ်ရှားဖို့က အားအရမ်းကုန်လွန်းတယ်"
သူက မျက်မှောင်နှစ်ခုကြားကို လက်ဖြင့် နှိပ်နယ်လိုက်ရင်း...
"ဒီရေပိုက်က အရမ်းလေးတာလဲပါတယ်... ပေါ့ပါးတာလေးနဲ့ အရင်စမ်းကြည့်တာ ပိုကောင်းမယ်"
ထို့နောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သံမှိုတစ်ချောင်းကို တွေ့လိုက်ရသည်။
ချက်ချင်းပင် စိတ်စွမ်းအားကို အသုံးပြုပြီး သံမှိုကို ထိန်းချုပ်လိုက်သည်။
ယခုတစ်ကြိမ်တွင်မူ သံမှိုကို လွယ်ကူစွာပင် လေပေါ်သို့ ပျံဝဲစေနိုင်ပြီး ယခင်က သွားကြားထိုးတံကို ထိန်းချုပ်ခဲ့စဉ်ကထက် များစွာ ချောမွေ့သက်သာနေသည်။
"စိတ်စွမ်းအင် သက်ရောက်နိုင်တဲ့ အကွာအဝေးကို စမ်းကြည့်ရမယ်"
သူက စိတ်စွမ်းအင်ကို ဖြန့်ကျက်လိုက်ရာ သံမှိုသည် လေထဲတွင် ဝီခနဲ မြည်ကာ လည်ပတ်နေပြီး သူ့ဘေးမှ အဝေးသို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။
၂၅ ပေခန့် အကွာသို့ ရောက်သောအခါ လင်းယွမ်သည် သံမှိုအပေါ် ထိန်းချုပ်နိုင်စွမ်း ရုတ်တရက် ပျက်ပြယ်သွားတော့သည်။
ဂလွမ်းခနဲ အသံနှင့်အတူ သံမှိုသည် မြေပြင်ပေါ်သို့ ကျသွားပြီး ရေများ စင်တက်လာသည်။
လင်းယွမ်၏ မျက်နှာ အနည်းငယ် ဖြူဖျော့သွားသော်လည်း မျက်လုံးများကမူ အရောင်တောက်နေ၏။
"အကွာအဝေး အကန့်အသတ်က ၂၅ ပေ ဝန်းကျင်ပဲ... ဒီအကွာအဝေးအတွင်းမှာဆိုရင် ငါ့စိတ်စွမ်းအားနဲ့ သံမှိုကို ထိန်းချုပ်ပြီး လိုရာကို ပစ်လွှတ်နိုင်တယ်"
ဒါက ဂလော့ခ် ၁၇ ပစ္စတို သေနတ်ထက်တောင် ပိုအသုံးဝင်သေးသည်။
ယခု သူ့တွင်ရှိသော ဂလော့ခ် ၁၇ ၌ ကျည်ဆံ သိပ်မကျန်တော့။
မူလက ဤသေနတ်တွင် ကျည် ၁၇ တောင့်သာ ပါရှိပြီး သန္ဓေပြောင်းလူသားများနှင့် သတ္တဝါများကို တိုက်ခိုက်ရာ၌ ၁၃၊ ၁၄ တောင့်ခန့် သုံးစွဲခဲ့ပြီးဖြစ်သည်။
ယခုအခါ ၃၊ ၄ တောင့်ခန့်သာ ကျန်ရှိတော့၏။
မူလက ပစ္စည်းကိရိယာများကို ထပ်မဲဖောက်ရန် စိတ်ကူးခဲ့သော်လည်း မဲဖောက်ခြင်း၏ မရေရာမှုများကြောင့် လက်လျှော့ခဲ့ရသည်။
လိုချင်တာကို ရွေးချယ်ပြီး မဲဖောက်ရန်အတွက် အမှတ် ၁၀၀၀ ပေးရမည်ဆိုသည်ကိုလည်း သူ နှမြောနေမိသည်။
ကျည်ဆံဆိုသည်မှာ သုံးလိုက်လျှင် ကုန်သွားမည့်အရာဖြစ်ရာ ဤအမှတ် ၁၀၀၀ သည် အလဟဿ ဖြစ်သွားပေလိမ့်မည်။
သို့သော် အရည်အသွေးမှတ်များ လဲလှယ်ခြင်းကမူ သူ့အစွမ်းအစကို ထာဝရ တိုးတက်စေမည့်အရာ ဖြစ်၏။
ထို့ကြောင့် နှိုင်းယှဉ်ကြည့်လျှင် အမှတ်များကို အရည်အသွေးမှတ် လဲလှယ်ရာတွင် သုံးရန် ပိုမိုလိုလားမိသည်။
"အခုတော့ အဆင်ပြေသွားပြီ... ဂလော့ခ် ၁၇ မရှိရင်တောင် ငါ့ရဲ့ စိတ်စွမ်းအားနဲ့ သံမှိုတို့ ဘလိတ်ဓားတို့ကို ထိန်းချုပ်ပြီး ပစ်လွှတ်လိုက်ရင် သေနတ်လိုပဲ ထိရောက်နိုင်တယ်... သံမဏိအပ်တွေ လုပ်ပြီး သုံးရင်လည်း ရတာပဲ"
လင်းယွမ်က ကျေနပ်အားရသွားသည်။ စိတ်စွမ်းအင် အကြိမ်ကြိမ် တိုးတက်လာမှုသည် နောက်ဆုံးတွင် တိုက်ခိုက်ရေးစွမ်းရည်အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီ ဖြစ်သည်။
သူက မိုးစက်များ ဖုံးလွှမ်းနေသော ကောင်းကင်ကို မော့ကြည့်ရင်း အတွေးတစ်ခု ဝင်လာကာ လက်ကို ရှေ့သို့ ဆန့်တန်းလိုက်၏။
ချက်ချင်းပင် စိတ်စွမ်းအင် သက်ရောက်သွားပြီး လေထဲမှ မိုးစက်များအားလုံးသည် ရပ်တန့်သွားကြလေသည်။
သူ့ပတ်လည် ၂၅ ပေ အဝန်းအဝိုင်းအတွင်း မိုးရေများသည် အပြင်ဘက်တွင်သာ ရပ်တန့်နေကြသည်။
ထိုမြင်ကွင်းသည် သူအရင်က ကြည့်ဖူးသော တစ်တော့ ဗီဒီယိုများထဲမှ အထူးပြုလုပ်ချက် များကဲ့သို့ ဆန်းကြယ်လှပနေ၏။
လင်းယွမ်က နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားပြီး တစ်ဖက်တိုက်မှ အဘိုးကြီးလင်းကို သတိရလိုက်မိသည်။
"အဲ့ဒီ အဘိုးကြီးက နတ်တွေ ဘိုးတော်တွေ အကြောင်းပြပြီး ခြောက်လှန့်နေတာ... သူ့ရဲ့ သန္ဓေပြောင်းအစွမ်းကို သုံးပြီး တန်ခိုးရှင်ပုံစံ ဖမ်းနေတာများလား"
"ဒါသေချာသလောက်ပဲ"
အဘိုးကြီးလင်းဆိုသော ဟန်ဆောင်ကောင်းသည့် လူလည်ကြီးသည် သန္ဓေပြောင်းအစွမ်းကို အသုံးပြုကာ ပညာသည်ယောင် ဆောင်နေခြင်းဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။
ဒါပေမယ့် အဲ့ဒီအဘိုးကြီးရဲ့ ရွှေရောင်အလင်းတန်း အစွမ်းက ဘာအကျိုးသက်ရောက်မှု ရှိသလဲ... တိုက်ခိုက်နိုင်စွမ်းရော ပြင်းထန်ရဲ့လား ဆိုတာကိုတော့ မသိရသေးပေ။
အဘယ်ကြောင့်ဆိုသော် ထိုရွှေရောင်အလင်းသည် သူ၏ စိတ်စွမ်းအင်နှင့် မတူကွဲပြားနေသောကြောင့် ဖြစ်သည်။
လင်းယွမ်သည် စိတ်စွမ်းအင်ကို အသုံးပြုသည့် နည်းလမ်းမျိုးစုံကို ဆက်လက်စမ်းသပ်နေပြီး တိုးတက်လာသော အစွမ်းအစများနှင့် အသားကျစေရန် ကြိုးစားနေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ ခေါင်မိုးပေါ်ရောက်နေသည်မှာ နှစ်နာရီကျော် ကြာမြင့်သွားခဲ့သည်။
၄.၈ အထိ ရှိလာသော ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးမှတ်ကြောင့် သူ၏ ခံနိုင်ရည်မှာ အလွန်ကောင်းမွန်နေပြီး နှစ်နာရီကြာ လှုပ်ရှားထားသော်လည်း ကြားထဲတွင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် အနားယူလိုက်ရုံဖြင့် အားအင်များ ပြည့်ဝလာခဲ့သည်။
"အရည်အသွေးမှတ်တွေ ညီတူမျှတူ တိုးတက်တာကမှ တကယ့်လမ်းမှန်ပဲ"
ယခင်က ခွန်အားတစ်ခုတည်းကိုသာ တိုးမြှင့်ခဲ့စဉ်က ခွန်အားကြီးမားလာသော်လည်း လက်သီးဆယ်ချက်လောက် ထိုးပြီးသည်နှင့် မောပန်းသွားခဲ့ရသည်ကို ပြန်တွေးမိသည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် ခံနိုင်ရည်ကို ဆုံးဖြတ်ပေးပြီး အခြားသော အရည်အသွေးမှတ်များအပေါ်တွင်လည်း အရေးပါသော သက်ရောက်မှုရှိကြောင်း ထင်ရှားနေ၏။
"မောင်လေး"
အစွမ်းအစများကို လေ့ကျင့်နေသော လင်းယွမ်သည် ရုတ်တရက် ခေါင်မိုးထပ် လှေကားပေါက်ဝဆီမှ ရန်မေ၏ အသံကို ကြားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်ရာ ရန်မေသည် လှေကားပေါက်ဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် အဖြူရောင် တီရှပ်ပါးပါးလေးနှင့် ဂျင်းဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။
အလုပ်လုပ်ရန် အဆင်ပြေစေမည့် ဝတ်စုံဖြစ်သော်လည်း ယခုအချိန်တွင်မူ တင်းရင်းသော တင်ပါးအလှနှင့် ဖြောင့်စင်းသော ပေါင်တံများသည် ဂျင်းဘောင်းဘီအောက်တွင် ယောက်ျားသားတို့ ရင်ဖိုစရာ ကောက်ကြောင်းများအဖြစ် ပေါ်လွင်နေ၏။
သူမက လှမ်းအော်ပြောလိုက်သည်။ "မောင်လေး... အောက်မှာ ငါးတွေ သိမ်းပြီးသွားပြီ... အချိန်လည်း နောက်ကျနေပြီဆိုတော့ နားကြရအောင်လေ"
လင်းယွမ်က ပြုံးလိုက်မိသည်။ ဒီနေ့ စိတ်အခြေအနေ ကြည်လင်နေသဖြင့် ရန်မေကို လက်ယပ်ခေါ်လိုက်၏။ "အမမေ... ဒီကို လာဦး"
ရန်မေက အပြင်ဘက်တွင် ရွာသွန်းနေသော မိုးသည်းကြီးကို ကြည့်ကာ တွန့်ဆုတ်နေသော်လည်း စကားနားခံစွာဖြင့် မိုးရေထဲသို့ လျှောက်လှမ်းလာခဲ့သည်။
သည်းထန်သောမိုးရေများသည် သူမ၏ ခန္ဓာကိုယ်ကို ချက်ချင်း ရွှဲနစ်သွားစေပြီး မူလက ပွပွချောင်ချောင်ရှိသော တီရှပ်သည် သူမ၏ ကိုယ်လုံးပေါ်သို့ ကပ်သွားတော့သည်။
အဖြူရောင် တီရှပ်သည် ရေစိုသွားသောအခါ အကြည်ရောင်ကဲ့သို့ ဖြစ်သွားပြီး အတွင်းမှ ဝတ်ဆင်ထားသော ပန်းနုရောင် အတွင်းခံလေးကို မထင်မရှား မြင်တွေ့နေရ၏။
ရင်ဘတ်မှ အလှတရားများသည်လည်း မှုန်ဝါးဝါး ပုံသဏ္ဌာန်ဖြင့် ပေါ်လွင်လာသည်။
"မောင်လေး... မိုးတွေ အရမ်းသည်းနေတယ်... ပြန်ရအောင်လေကွယ်... ဖျားကုန်လိမ့်မယ်"
ရန်မေက အော်ပြောလိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းပေါ်မြှောက်ကာ မိုးရေများကို ကာကွယ်ထားသည်။
လင်းယွမ်က ဟားခနဲ ရယ်မောလိုက်ပြီး "အမကို စိတ်ဝင်စားစရာလေး တစ်ခု ပြမယ်"
သူက ရန်မေ၏ ဘေးနားသို့ လျှောက်သွားလိုက်ပြီး လက်ငါးချောင်းကို ဖြန့်ကာ ကောင်းကင်သို့ ထောင်လိုက်သည်။
ရုတ်ခြည်းပင် သူတို့နှစ်ဦး၏ ခေါင်းပေါ်၌ အကြည်ရောင် အကာအကွယ်အတားအဆီးတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ဖြစ်သွား၏။
မိုးရေများသည် တဖျောက်ဖျောက် ကျဆင်းနေသော်လည်း မှန်ချပ်တစ်ခုကို ရိုက်ခတ်နေရသကဲ့သို့ ဖြစ်နေပြီး သူတို့နှစ်ဦး၏ ကိုယ်ပေါ်သို့ လုံးဝ ကျရောက်လာခြင်း မရှိတော့ပေ။
ရန်မေသည် အံ့အားသင့်စွာ မျက်လုံးပြူးသွားပြီး ရေရွတ်လိုက်မိသည်။ "ဒါ... ဒါ ဘာကြီးလဲ"
သူမက လက်ကို ဆန့်ထုတ်ကာ ခြေဖျားထောက်ပြီး လင်းယွမ်၏ လက်ဝါးအထက်ရှိ အကြည်ရောင် နေရာလွတ်ကို စမ်းသပ်ကြည့်ရန် ကြိုးစားသည်။
သို့သော် အရပ်အမောင်း ကွာခြားမှုကြောင့် လက်လှမ်းပြီး ခြေဖျားထောက်လိုက်သည့်တိုင် လင်းယွမ်၏ လက်ဝါးနှင့် အတော်လေး လိုနေသေးသည်။
ထို့ကြောင့် သူမသည် မနေနိုင်တော့ဘဲ ခုန်လိုက်ကာ လင်းယွမ်၏ လက်ဝါးအထက်တွင် ဘာရှိနေသလဲဆိုသည်ကို စမ်းသပ်ရန် ကြိုးစားတော့သည်။
ထိုသို့ ခုန်လိုက်သောအခါ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါသွားပြီး ရင်ဖိုစရာ အလှတရားများကလည်း တုန်ခါသွားကြ၏။
လင်းယွမ်က ငုံ့ကြည့်လိုက်ရာ ထိုမြင်ကွင်းကို တွေ့လိုက်ရသဖြင့် အသက်ရှူသံများ မြန်ဆန်လာရတော့သည်။
မိုးသည်းည... ရေစိုနေတဲ့ အဝတ်အစား... လူငယ်မောင်မယ်နှစ်ဦး...
သူ၏ ခေါင်းထဲတွင် ''မိုးသည်းည၏ သံယောဇဉ်'' ကဲ့သို့သော စကားလုံးများ ဖြတ်ပြေးသွားပြီး ရင်ခုန်သံများ မြန်ဆန်လာသည်။
ရန်မေသည် သူ့အခြေအနေကို သတိမထားမိသေးဘဲ နောက်တစ်ကြိမ် ထပ်ခုန်ကာ ထိုအကြည်ရောင် အကာအကွယ်ကို စမ်းသပ်ရန် ကြိုးစားနေဆဲဖြစ်သည်။
ရုတ်တရက် သူမ၏ ခါးကို တစ်စုံတစ်ရာက တင်းကျပ်စွာ ဖက်တွယ်လိုက်ပြီး လင်းယွမ်က သူမကို လက်တစ်ဖက်တည်းဖြင့် ပွေ့ချီလိုက်လေသည်။
"အမယ်လေး"
ရန်မေက လန့်ဖျပ်ပြီး အော်လိုက်မိသည်။ ထို့နောက် မော့ကြည့်လိုက်ရာ လင်းယွမ်၏ စားမတတ် ဝါးမတတ် ကြည့်နေသော မျက်လုံးများကို တွေ့လိုက်ရ၏။
ထိုအမျိုးသမီးသည် ကြောင်အမ်းသွားပြီး မိမိ၏ ရေစိုနေသော တီရှပ်ကို ငုံ့ကြည့်လိုက်မိရာ ရှက်သွေးဖြာသွားပြီး အခြေအနေကို နားလည်လိုက်တော့သည်။ သူမက အထစ်ထစ် အငေါ့ငေါ့ဖြင့်... "မောင်လေး... ဒီ... ဒီနေရာကြီးမှာတော့ မလုပ်ပါနဲ့"
စကားပင် မဆုံးလိုက်၊ လင်းယွမ်က သူမကို ပွေ့ချီလျက်သားဖြင့် သူ၏ အခန်းရှိရာသို့ ပြေးထွက်သွားတော့သည်။
......................................................................................................
နောက်တစ်နေ့ မနက်ခင်းတွင် လင်းယွမ်သည် လန်းဆန်းတက်ကြွစွာဖြင့် အိပ်ရာထလာခဲ့သည်။ ကြမ်းပြင်ပေါ်တွင် ရေစိုနေသော တီရှပ်မှာမူ စုတ်ပြဲနေပြီ ဖြစ်၏။
အပြာရောင် ဂျင်းဘောင်းဘီ ကျပ်ကျပ်လေးမှာလည်း ပေါင်ကြားနေရာတွင် စုတ်ပြဲသွားခဲ့ပြီဖြစ်သည်။
မနေ့ညက တိုက်ပွဲ မည်မျှပြင်းထန်ခဲ့သည်ကို သက်သေပြနေသယောင် ရှိသည်။
ကုတင်ပေါ်မှ အမျိုးသမီးမှာမူ ပင်ပန်းနွမ်းနယ်လွန်းသဖြင့် မထနိုင်တော့ဘဲ လင်းယွမ်ကို ကြည့်ကာ ပြောရှာသည်။ "အမ... အမ ထမင်းထချက်ပေးမယ်"
သူမက အတင်းကုန်းရုန်းထရန် ကြိုးစားသော်လည်း လက်မောင်းကို လှုပ်လိုက်သည်နှင့် တစ်ကိုယ်လုံး ကိုက်ခဲနေသည်ကို ခံစားလိုက်ရ၏။
လင်းယွမ်က ရယ်မောလိုက်ပြီး "ထားလိုက်ပါတော့... မနေ့က အမ ပေါက်စီတွေ လုပ်ထားတယ် မဟုတ်လား... ကျွန်တော် အဲ့ဒါပဲ စားပြီး အမဲသားကင်လေး လုပ်စားလိုက်ပါ့မယ်"
ဟူဝေမင်၏ အိမ်တွင် တစေးမှုန့်များ ရှိနေသဖြင့် လင်းယွမ်ကို လာရောက် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ရန်မေက အိမ်မှုကိစ္စ နိုင်နင်းသူပီပီ တစေးမှုန့်ရသည်နှင့် အိမ်တွင်ရှိသော ဂျုံမှုန့်၊ အမဲသားတို့ဖြင့် အမဲသားပေါက်စီ အများအပြားကို လုပ်ကာ ရေခဲသေတ္တာထဲတွင် ထည့်သိမ်းထားခဲ့သည်။
ယခုမှပင် သူမ စိတ်သက်သာရာ ရသွားတော့သည်။ တော်သေးတာပေါ့၊ မနေ့က ပေါက်စီတွေ လုပ်ထားမိလို့။
မဟုတ်ရင် ဒီနေ့ လင်းယွမ်စားဖို့ ချက်ပြုတ်ပေးနိုင်မည့် အားအင် သူမမှာ မရှိတော့ပေ။
လင်းယွမ်က အဝတ်အစား ဝတ်ရင်း ပြုံးစစ ပြောလိုက်သည်။ "အမမေ... အမလည်း ခန္ဓာကိုယ်ကို လေ့ကျင့်ခန်း ပိုလုပ်သင့်နေပြီ... မနေ့ညက သိပ်တောင် မကြမ်းရသေးဘူး... နှစ်ချီလောက်ပဲ ရှိသေးတာကို အမက မောနေပြီ"
ရန်မေ၏ မျက်နှာတစ်ခုလုံး နီရဲသွားပြီး ရှက်ရမ်းရမ်းကာ ပြန်ပြောလိုက်သည်။ "မောင်လေးကလည်း တစ်ခါလုပ်ရင် တစ်နာရီ၊ နှစ်နာရီလောက် ကြာတာ... အဲ့လောက်ကြာကြီးကို ဘယ်သူက ခံနိုင်မှာလဲ"
လင်းယွမ်က ဟားခနဲ ရယ်မောလိုက်သည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးမှ ရရှိလာသော ခံနိုင်ရည်နှင့် ပြန်လည်ပြည့်ဖြိုးမှု စွမ်းအား၏ ကောင်းကျိုးများကို မနေ့ညက သူ ကိုယ်တိုင်ကိုယ်ကျ ခံစားသိရှိခဲ့ရသည်။
တစ်နာရီ၊ နှစ်နာရီဆိုသည်မှာ အသေးအဖွဲမျှသာ ဖြစ်၏။
"အမမေ... ဒီလိုဆိုရင်တော့ မဖြစ်သေးဘူးနော်... ဒီလောက်အချိန်လေးနဲ့ မနိုင်တော့ဘူးဆိုရင်... ကျွန်တော် နောက်ထပ် ညီမလေးတွေ ရှာပေးရမလား"
လင်းယွမ်က စနောက်လိုက်ရာ ရန်မေ၏ မျက်နှာထား အနည်းငယ် ပျက်သွားသော်လည်း ဘာမှ မတတ်နိုင်ပေ။
သူမက အားယူပြုံးလိုက်ပြီး... "ရှာပါ ရှာပါ... မောင်လေး သဘောပါပဲ... နောက်ထပ် နှစ်ယောက်လောက် ထပ်ရှာလိုက်ပါ... အမတစ်ယောက်တည်းနဲ့တော့ မောင်လေးကို နိုင်မှာ မဟုတ်ဘူး"
မိမိချစ်သူကို တခြားသူနှင့် မျှဝေသုံးစွဲလိုသည့် အမျိုးသမီး မည်သူ ရှိပါမည်နည်း။
ရန်မေ မည်မျှပင် သဘောထားကြီးပါစေ၊ အိမ်မှုကိစ္စ နိုင်နင်းပါစေ၊ စိတ်ထဲတွင်တော့ ခံစားရမည်မှာ အမှန်ပင်။
သို့သော် လင်းယွမ်သည် သူမ၏ ခင်ပွန်းမဟုတ်ကြောင်း သူမ သိထားသည်။ သူမအနေဖြင့် သူ့ကို ချုပ်ချယ်ပိုင်ခွင့် ဘယ်မှာ ရှိပါမည်နည်း။
အဓိကအချက်က... သူမအနေဖြင့် ခုတင်ပေါ်က ကိစ္စ၌ပင် သူ့ကို ပြည့်ဝအောင် ဖြည့်ဆည်းမပေးနိုင်ပေ။
ထိုအချက်ကို တွေးမိပြီး သူမ စိတ်ဆင်းရဲသွားသော်လည်း တခြားနည်းလမ်း မရှိပေ။
လင်းယွမ်က သူမ စိတ်မကောင်းဖြစ်သွားသည်ကို မြင်တော့ ပြုံးကာ နှစ်သိမ့်လိုက်သည်။ "ဘာတွေ တွေးနေတာလဲ... ကျွန်တော် စတာပါဗျာ... အခုလို အခြေအနေမျိုးမှာ အမတစ်ယောက်ကို ကောင်းကောင်း စောင့်ရှောက်နိုင်ဖို့တောင် မလွယ်ပါဘူး... လောလောဆယ်တော့ နောက်ထပ် လူထပ်ရှာဖို့ အစီအစဉ် မရှိပါဘူး"
"အမ ပြန်အိပ်လိုက်ဦး... ဒီနေ့ ကျွန်တော်ပဲ ချက်လိုက်မယ်"
ထိုအခါမှ ရန်မေ စိတ်ပျော်ရွှင်သွားပြီး မျက်ဝန်းများတွင် ချစ်ရိပ်များ သမ်းကာ ပြောလိုက်သည်။ "မောင်လေးက အမအပေါ် တကယ်ကောင်းတာပဲ... ဒါပေမယ့် အမပဲ ထချက်ပေးပါ့မယ်"
ပြောရင်းဆိုရင်း သူမက ဂျင်းဘောင်းဘီကို လှမ်းယူလိုက်သော်လည်း ဘောင်းဘီခွကြား စုတ်ပြဲနေသည်ကို မြင်လိုက်ရသဖြင့် မျက်နှာလေး နီရဲသွားပြန်သည်။
သူမက ညည်းညူရင်း ပြောလိုက်သည်။ "မောင်လေးကလည်း ဘာစိတ်ကူးပေါက်လဲ မသိဘူး... ဘောင်းဘီဝတ်လျက်တန်းလန်းကြီး လုပ်ရတယ်လို့... ကြည့်ပါဦး ဘောင်းဘီ အကောင်းလေးတစ်ထည် စုတ်ပြဲသွားပြီ"
လင်းယွမ်က ရယ်မောလိုက်သည်။ "ဟားဟားဟား... ယောက်ျားတွေက ဘာလို့ ပုံတူဝတ်တာ (cosplay) ကို ကြိုက်လဲ သိလား... မိန်းမတွေက အဝတ်အစားမပါရင် အကုန်တူတူပဲ... အဝတ်အစား ဝတ်ထားမှ ပိုဆွဲဆောင်မှု ရှိတာဗျ"
"ကဲပါ... နောက်ကျရင် အဝတ်တွေအများကြီး ပြန်ရှာပေးပါ့မယ်"
ရန်မေက နားမလည်စွာဖြင့် ကြည့်နေမိသည်။ ယောက်ျားလေးတွေရဲ့ ထူးဆန်းတဲ့ အကြိုက်ကို သူမ သဘောမပေါက်ပေ။
ဤအမျိုးသမီးသည် အိမ်ထောင်သည်တစ်ဦး၏ ကိုယ်လုံးကိုယ်ပေါက် ရှိသော်လည်း အတွေ့အကြုံပိုင်းတွင်မူ လိုအပ်ချက်များ ရှိနေသေးသည်။
လင်းယွမ်အနေဖြင့် အစကနေ ပြန်လည် သင်ကြားပေးရဦးမည် ဖြစ်၏။
မနက်စာကို ကောင်းမွန်စွာ စားသောက်ပြီးနောက် အမဲသားပေါက်စီကြီး အတော်များများကို စားပြီးသည့်တိုင် လင်းယွမ်သည် သူ၏ စားသောက်နိုင်စွမ်း ပိုမိုကြီးမားလာသည်ကို သတိထားမိလိုက်သည်။
အရည်အသွေးမှတ်များ တိုးတက်လာသည်နှင့်အမျှ ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်မားလာပြီး အစာအိမ်ကလည်း ပိုမို ကြီးမားလာပုံရသည်။
ထိုအချက်က သူ့ကို တွေးတောမိစေသည်။ "သန္ဓေပြောင်းပြီး ဆင့်ကဲပြောင်းလဲလာတာနဲ့အမျှ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကလည်း အဆင့်မြှင့်လာတာလား"
"ဒါဆိုရင် တင်းယန်တို့လို သန္ဓေပြောင်းစွမ်းရည် ရရှိထားသူတွေလည်း သူတို့ရဲ့ စားသောက်နိုင်စွမ်းတွေ ပိုကြီးမားလာလောက်တယ်"
"အခုလို ပစ္စည်းပြတ်လပ်နေတဲ့အချိန်မှာ သူတို့ စားစရာဆိုလို့ သန္ဓေပြောင်းငါးတွေပဲ ရှိတော့မှာ"
"သန္ဓေပြောင်းသတ္တဝါတွေကို စားလေလေ... သူတို့ရဲ့ သန္ဓေပြောင်းလဲမှု အဆင့်မြင့်လေလေ ဖြစ်ပြီး အစွမ်းအစတွေလည်း ပိုကြီးလာလေလေ ဖြစ်မှာပဲ"
"တင်းယန် အခု ဘယ်လောက်အထိ အစွမ်းထက်နေပြီလဲ မသိဘူး"
လင်းယွမ် စားသောက်ပြီးနောက် ဤအချက်များကို တွေးမိလိုက်သည်နှင့် မနေ့ညက အစွမ်းအစများ တိုးတက်လာမှုကြောင့် ရရှိထားသော လုံခြုံစိတ်ချရမှုသည် ရုတ်ခြည်း ပျောက်ကွယ်သွားတော့သည်။
ယင်းအစား အရေးတကြီး လိုအပ်ချက်များက နေရာဝင်ယူလာ၏။
သန္ဓေပြောင်းအစွမ်း ရှိသူများသည် သန္ဓေပြောင်းသတ္တဝါများကို စားသုံးခြင်းဖြင့် စွမ်းအားများ သိသိသာသာ တိုးတက်လာနိုင်ပေသည်။
ငါ့ရဲ့ တိုးတက်မှုက နှေးနေသေးတာပဲ...
"ဒီနေ့ တခြားတိုက်တွဲတွေကို သိမ်းပိုက်ပြီး လူတိုင်းကို ငါ့အတွက် ငါးဖမ်းခိုင်းရမယ်"
"ဒါနဲ့... ငါ့မှာ ကျန်နေတဲ့ အမှတ်တွေနဲ့ ပစ္စည်းနည်းနည်းလောက် လဲလှယ်ဦးမှ... လျှိုအားလုံဆီက ရထားတဲ့ ပစ္စည်းတွေလည်း ကုန်သလောက် ရှိနေပြီ"
သူ့တွင် ကျန်ရှိသော အမှတ်မှာ ၄၈၂ မှတ်သာ ရှိသဖြင့် အမှတ် ၁၀၀၀ တန် ပစ္စည်းရွေးချယ်ခွင့် မဲဖောက်ခြင်းကို ပြုလုပ်၍ မရနိုင်ပေ။
ထို့ကြောင့် အမှတ် ၁၀၀ တန် ကံစမ်းမဲဘီးတွင်သာ ကံစမ်းရတော့မည် ဖြစ်သည်။
အပြင်မထွက်မီ အမှတ် ၁၀၀ တန် ကံစမ်းမဲ လေးကြိမ် နှိုက်လိုက်သည်။
ဒီတစ်ခါ ကံ သိပ်မကောင်းလှပေ။ အရည်အသွေးမှတ်များ မပေါက်သလို သန္ဓေပြောင်းအပင်များနှင့် လက်နက်ကိရိယာများလည်း မရရှိခဲ့ချေ။
ဂျုံမှုန့် ၁ တန်၊ ဝက်သား ၁ တန်၊ မုန့်ပဲသရေစာ ၁ တန်နှင့် ကျောက်မီးသွေး ၁ တန်တို့သာ ရရှိခဲ့သည်။
ထိုအထဲမှ ကျောက်မီးသွေး ၁ တန် ရလိုက်ခြင်းက သူ့ကို အံ့အားသင့် ဝမ်းသာစေခဲ့သည်။
လက်ရှိအချိန်တွင် လူအများစုသည် မီးမွှေးရန်အတွက် သစ်သားပြားများ၊ စက္ကူများနှင့် အဝတ်အစားဟောင်းများကိုသာ အသုံးပြုနေကြရသည်။
ထိုပစ္စည်းများသည် သုံးလိုက်လျှင် ကုန်သွားမည့်အရာများဖြစ်ပြီး လူအတော်များများတွင် မီးမွှေးစရာ ဘာမှ မကျန်တော့သဖြင့် ရေပေါ်တွင် မျောပါလာသော အမှိုက်များကို ဆယ်ယူပြီး မီးမွှေးနေကြရသည့် အခြေအနေ ဖြစ်သည်။
လင်းယွမ်၏ အိမ်တွင် မီးစက်ရှိပြီး ဓာတ်ဆီဖြင့် မောင်းနှင်ကာ ထမင်းဟင်းချက်ရာတွင် လျှပ်စစ်မီးဖို၊ ပေါင်းအိုးတို့ကို အသုံးပြုသဖြင့် လောင်စာအတွက် မပူရပေ။
သို့သော် ရှိသမျှ ဓာတ်ဆီပေပါ လေးလုံးမှာ ကုန်ဆုံးမှု အလွန်မြန်ဆန်ပြီး နှစ်ရက် သုံးရက်အတွင်းမှာပင် ပေပါကြီး တစ်လုံး ကုန်သွားခဲ့ပြီ ဖြစ်သည်။
မတတ်နိုင်ပေ။ သူ့အိမ်ရှိ ငါးကင်စက် ဆယ်လုံးကျော်မှာ ငါးကင်ရန် လိုအပ်သလို ရေခဲသေတ္တာနှင့် ရေခဲပုံးများ အအေးဓာတ်ပေးရန်အတွက်လည်း လျှပ်စစ်မီး လိုအပ်နေသည်။
"နောက်ကျရင် အမှတ်တွေ လုံလောက်အောင် စုပြီး ဓာတ်ဆီကို သီးသန့် ရွေးချယ်ပြီး မဲဖောက်မှ ဖြစ်မယ်"
လင်းယွမ် စိတ်ထဲတွင် တေးမှတ်လိုက်သည်။ လျှပ်စစ်မီးသုံးစွဲမှုသည် မရှိမဖြစ် လိုအပ်ချက်ဖြစ်ပြီး လျှော့ချ၍ မရနိုင်ပေ။
စားသောက်ပြီးနောက် လင်းယွမ်က ရန်မေကို ပြောလိုက်သည်။ "အမမေ... ကျွန်တော် သွားတော့မယ်... အိမ်မှာ ဂရုစိုက်နေနော်... ဘာပြဿနာမှ ရှိရင် ကျောက်ခိုင်တို့ကို လှမ်းအော်လိုက်"
ရန်မေက ပြုံးကာ ပြောလိုက်သည်။ "စိတ်ချပါ မောင်လေးရဲ့... ကျောက်ခိုင်က စင်္ကြံလမ်းမှာ စောင့်နေတာပဲဟာ... ဘာမှ မဖြစ်ပါဘူး"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် သူ၏ အဖွဲ့ငယ်လေးသည် နာမည်ရနေပြီဖြစ်ရာ သာမန်လူများအနေဖြင့် ပြဿနာ လာရှာရဲမည် မဟုတ်ပေ။
အထူးသဖြင့် သူ့တွင် သေနတ်ရှိမှန်း သိထားကြသဖြင့် မျက်စိကန်းပြီး သေချင်နေသူမှလွဲ၍ သူ့အိမ်ရှေ့ လာရှုပ်ရဲသူ မရှိသလောက်ပင်။
အခန်း ၃၂၀၂ သို့ ရောက်သောအခါ မီးဖိုချောင်ထဲမှ ထွက်လာသော ချိုင်ယောင်ကို တွေ့လိုက်ရသဖြင့် လင်းယွမ်က ပြုံးပြလိုက်သည်။ "ချိုင်ယောက်လေး... စောစောစီးစီး ထလို့ပါလား"
ချိုင်ယောင်က ချိုသာစွာ ပြုံးပြရင်း "ကိုကိုလင်းယွမ်... သမီး ၆ နာရီကတည်းက ထတာ... အားလုံးအတွက် မနက်စာတောင် ချက်ပေးပြီးသွားပြီ"
ဒုက္ခဆင်းရဲသည် လူကို ရင့်ကျက်စေတတ်၏။ ရေမကြီးခင် အေးချမ်းသည့် အချိန်ကာလတုန်းကဆိုလျှင် ချိုင်ယောင့်အရွယ် မိန်းကလေးသည် နေ့လည်စာ စားချိန်လောက်မှ အိပ်ရာထလေ့ ရှိကြသည်။
ယခု သူမသည် မိဘများ၏ အိမ်မှုကိစ္စများကို စောစောစီးစီး ထကူရမှန်း သိတတ်နေလေပြီ။
ဆက်ရန်...
အပိုင်း (၉၆) ကျန်းကောချန် အကူအညီတောင်းခြင်းနှင့် သန္ဓေပြောင်း ရွှေစပါးအုံးမြွေ
လင်းယွမ်က ပြုံးလိုက်ပြီး "နင့်မိဘတွေရော" ဟု မေးလိုက်သည်။
"ဖေဖေက မနက်စာစားပြီးတာနဲ့ ပစ္စည်းတွေ သယ်ဖို့ အောက်ထပ်ဆင်းသွားတယ်... အခန်းဆယ်ခန်းကျော်လောက်က သစ်သားပြားတွေ ဖြုတ်ဖို့ကျန်သေးလို့ ဒီနေ့ အပြီးဖြုတ်မယ် ပြောတယ်"
"ဦးလေးမာက အမိုးပေါ်မှာ သစ်သားပြားတွေ ရိုက်နေတယ်... အဒေါ်ကြီးလီက အောက်ထပ် စိုက်ခင်းထဲမှာ အပင်တွေ ကြည့်နေတယ်"
"ဒါဆို နင့်အမေရော"
"မေမေက အောက်ထပ်ကို သွားတယ်... ဒေါ်လေးဆုန့်ဝမ်တို့နဲ့ ငါးဖမ်းသွားတာ... ကိုကိုလင်းယွမ်... ဟိုဘက်မှာ ငါးသတ်စရာရှိရင် လာခဲ့မယ်တဲ့... အားတဲ့အချိန် ငါးမျှားချင်လို့ပါတဲ့"
လင်းယွမ်က ရယ်မောကာ "ရပါတယ်... အားတဲ့အချိန် သူတို့ဘာသာ စီစဉ်ကြပါစေ... ငါက လူတွေကို အနားမပေးဘဲ ခိုင်းစားတဲ့ အရင်းရှင်သူဌေးမှ မဟုတ်တာ" ဟု ပြောလိုက်သည်။
ချိုင်ယောင်က ထိုစကားကြောင့် တခစ်ခစ် ရယ်မောလေသည်။
ထိုစဉ် စာကြည့်ခန်းငယ် တံခါးပွင့်လာပြီး အနက်ရောင်ကိုယ်ကြပ် ဝတ်ဆင်ထားသည့် တင်းယန် ထွက်လာသည်။ "ချိုင်ယောင်... ဘာတွေများ ဒီလောက် ပျော်နေတာလဲ"
သူမက အသံကြား၍ ထွက်လာခြင်း ဖြစ်သည်။
"ဒေါ်လေးတင်းယန်... ကိုကိုလင်းယွမ် လာလို့ သမီးပျော်နေတာ"
တင်းယန်က ချိုင်ယောင်၏ ခေါင်းကို ပွတ်သပ်လိုက်ရင်း "နင်ကတော့လေ... အပြောကောင်းချက်" ဟု ဆိုသည်။
ထို့နောက် သူမက လင်းယွမ်ကို လှမ်းကြည့်လိုက်ပြီး ရုတ်တရက် မျက်ခုံးပင့်ကာ အံ့အားသင့်စွာ မေးလိုက်သည်။ "ရှင် အရပ်နည်းနည်း ရှည်လာသလိုပဲ"
လင်းယွမ် ကြောင်သွားသည်။ "ဟုတ်လား"
တင်းယန်က သူ့ရှေ့သို့ လျှောက်လာပြီး သူမ၏ ခေါင်းနှင့် လင်းယွမ်၏ လည်ပင်းကို ယှဉ်ကြည့်ကာ ချက်ချင်း ပြောလိုက်သည်။ "သေချာပေါက် ရှည်လာတာ... အရင်က ကျွန်မအရပ် ရှင့်မေးစေ့လောက်ပဲ ရှိတာ"
သူမ၏ လေသံက အတော်လေး သေချာနေပုံရသည်။
လင်းယွမ်က နှာခေါင်းကို ပွတ်သပ်လိုက်မိသည်။ အရည်အသွေးမှတ်တွေ တိုးလာပြီးနောက် ခန္ဓာကိုယ်က ဒုတိယအကြိမ် ဖွံ့ဖြိုးလာခြင်း ဖြစ်လေမလား။
"ဖြစ်နိုင်တယ်... အဲ့ဒါထားလိုက်ဦး... ဒီနေ့ ကျန်နေတဲ့ တိုက်ခန်းတွဲတွေကို ရှင်းလင်းရေးလုပ်မလို့... နင် အားလား"
တင်းယန်က မျက်လုံးအရောင်လက်သွားပြီး "ကျွန်မလည်း ရှင့်ကို ရှာမလို့ပဲ... မနေ့က ကျွန်မတို့လုပ်တာ နည်းနည်းနှေးတယ်... ဒီနေ့ အရှိန်တင်မှ ရမယ်" ဟု ပြောသည်။
လင်းယွမ် ပြုံးလိုက်ပြီး "ဒါဆို သွားကြစို့" ဟု ပြောလိုက်သည်။
နှစ်ယောက်သား အခန်းတံခါးဝသို့ ထွက်လာကြပြီး ချိုင်ယောင်ကို တံခါးသေချာပိတ်ရန် မှာကြားကာ စင်္ကြံလမ်းအတိုင်း လျှောက်သွားကြသည်။
စင်္ကြံလမ်းဝသို့ ရောက်သောအခါ ကျောက်ခိုင်ကို နှုတ်ဆက်လိုက်ပြီး တိုက်ခန်းတွဲ (၂) ဘက်သို့ ကူးသွားကြသည်။
စင်္ကြံလမ်းကို ဖြတ်ကျော်လိုက်သည်နှင့် ကျန်းဖန်နှင့် ဝမ်လီလီတို့ကို တွေ့လိုက်ရသည်။
သူတို့နှစ်ဦးက တိုက်ခန်းတွဲ (၂) ကို စောင့်ကြပ်နေခြင်းဖြစ်ပြီး အဖိုးကြီးအိုတချို့ကို တားဆီးကာ စကားပြောနေကြသည်။
လင်းယွမ်နှင့် တင်းယန် လာသည်ကို မြင်သောအခါ ဝမ်လီလီက ချက်ချင်း ပြေးလာပြီး "အစ်ကိုလင်းယွမ်... အမတင်း... ဒီဦးလေးကြီးက အစ်ကိုလင်းယွမ်ကို သိတယ်ဆိုပြီး တွေ့ခွင့်တောင်းနေလို့... ကျွန်မတို့လည်း အနှောင့်အယှက် ဖြစ်မှာစိုးလို့ မခေါ်ရဲတာနဲ့... တစ်ချက်လောက် လာကြည့်ပေးပါဦး" ဟု ပြောသည်။
လင်းယွမ် လှမ်းကြည့်လိုက်သောအခါ လူအုပ်ထဲမှ အဖိုးကြီးတစ်ယောက်ကို ချက်ချင်း မှတ်မိလိုက်သည်။
"ကျန်းကောချန်"
ဤအဖိုးကြီးမှာ လင်းယွမ် အမိုးပေါ်မှ လွှတ်ပေးခဲ့သော လူအုပ်ထဲမှ တစ်ယောက်ဖြစ်သည်။
ကျန်းကောချန်က လင်းယွမ်ကို တွေ့လိုက်ရပြီး လင်းယွမ်က သူ့ကို မှတ်မိနေသေးကြောင်း သိလိုက်ရသောအခါ ဝမ်းသာအားရ ဖြစ်သွားသည်။ သူက ရှေ့သို့ အမြန်တိုးလာပြီး "မောင်လင်းယွမ်... ဦးလေး ကျန်းကောချန်ပါ... မင်း ဦးလေးကို မှတ်မိသေးတာပဲ" ဟု ပြောလေသည်။
လင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး "အဲ့ဒီတုန်းက ခင်ဗျားတို့ကို လွှတ်ပေးလိုက်ပြီး နောက်ပိုင်း ပြန်မတွေ့တော့ဘူး... ဘယ်တွေ ရောက်သွားကြတာလဲ" ဟု မေးလိုက်သည်။
ကျန်းကောချန်က မျက်နှာငယ်လေးဖြင့် "ဦးလေးတို့လည်း ကြောက်လွန်းလို့ပါ... မင်းနဲ့ လျှိုအားလုံကြားက ကိစ္စတွေကို ဝင်မပါရဲတာနဲ့ တိုက်ခန်းတွဲ (၃) ဘက်ကို ထွက်ပြေးသွားကြတာ" ဟု ဖြေသည်။
သူက အမှန်အတိုင်း ပြောပြလိုက်ခြင်း ဖြစ်သော်လည်း လင်းယွမ်က သူ့ကို တစ်ချက် စူးစမ်းကြည့်လိုက်သည်။
ထိုစဉ်က ဤလူများကို လွှတ်ပေးခဲ့ခြင်းမှာ လျှိုအားလုံကို တိုက်ခိုက်ရာတွင် မိမိဘက်က အင်အားရှိကြောင်း ပြသလို၍ ဖြစ်သည်။ သို့သော် ထိုလူစုမှာ သူရဲဘောကြောင်လွန်းပြီး အရိပ်အယောင်ပင် မမြင်ရအောင် ထွက်ပြေးပျောက်ကွယ်သွားခဲ့ကြသည်။
ထို့ကြောင့် လင်းယွမ်သည် ထိုအဖိုးကြီးများကို စိတ်ထဲတွင် အထင်သေးမိသည်။
လျှိုအားလုံ၏ နှိပ်စက်မှုကို သေလုမျောပါး ခံခဲ့ရသော်လည်း လွတ်မြောက်လာချိန်တွင် ပြန်လည်ခုခံလိုစိတ် မရှိသူများဖြစ်ရာ အာရုံစိုက်နေရန် မတန်ပေ။
လင်းယွမ်က တည်ငြိမ်စွာဖြင့် "အခု လျှိုအားလုံလည်း ကျွန်တော် သတ်လိုက်ပြီ... ဒီတိုက်ထဲမှာ ခင်ဗျားတို့ကို ခြိမ်းခြောက်မယ့်သူ မရှိတော့ဘူး... စိတ်ချလက်ချ ငါးဖမ်းပြီး ပစ္စည်းတွေ ရှာလို့ရပြီ" ဟု ပြောလိုက်သည်။
ကျန်းကောချန်က ခါးသီးစွာ ပြုံးလိုက်ပြီး "မောင်လင်းယွမ်... ဘယ်မှာ အန္တရာယ်ကင်းရမှာလဲ... မင်းက တိုက်ခန်းတွဲ (၁) မှာပဲ နေတော့ ဟိုဘက် (၄) (၅) (၆) က အခြေအနေတွေကို မသိဘူး" ဟု ပြောသည်။
"ခင်ဗျားပြောချင်တာက" လင်းယွမ် မျက်မှောင်ကြုတ်သွားသည်။
ကျန်းကောချန်က ဆက်ပြောသည်။ "တကယ်တော့ လျှိုအားလုံ ရှိကတည်းက တိုက်ခန်းတွဲ (၆) မှာ လူတစ်စု ရှိတယ်... သူတို့ရဲ့ ယုတ်မာရိုင်းစိုင်းချက်က လျှိုအားလုံထက် မလျော့ဘူး"
"လျှိုအားလုံတောင် အဲ့ဒီတုန်းက တိုက်ခန်းတွဲ (၁) (၂) (၃) မှာပဲ ဗိုလ်ကျရဲတာ... ဟိုဘက် (၄) (၅) (၆) ကို မသွားရဲတာက အဲ့ဒီလူစု ရှိနေလို့ပဲ"
လင်းယွမ် အံ့ဩသွားသည်။ လျှိုအားလုံကို သတ်ပြီးနောက် ဤတိုက်တွင် ခြိမ်းခြောက်မှု မရှိတော့ဟု သူ ထင်မှတ်ခဲ့သည်။ တိုက်ခန်းတွဲ (၄)၊ (၅)၊ (၆) ဘက်တွင် လျှိုအားလုံအဖွဲ့နှင့် ယှဉ်နိုင်သော နောက်ထပ် လူတစ်စု ရှိနေလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
သူက ဝမ်လီလီဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ပြီး "ဝမ်လီလီ... ကျန်းဖန်... ခင်ဗျားတို့ အဲ့ဒီလူစုအကြောင်း သိလား" ဟု မေးလိုက်သည်။
ကျန်းကောချန်၏ စကားကို လွယ်လွယ်နှင့် မယုံကြည်နိုင်သဖြင့် ဝမ်လီလီကို တိုက်ရိုက် မေးမြန်းလိုက်ခြင်း ဖြစ်သည်။
ဝမ်လီလီက ခေါင်းညိတ်သည်။ "သူပြောတာ ဝမ်ကျဲအဖွဲ့ ဖြစ်မယ်... ဝမ်ကျဲက တိုက်ခန်းတွဲ (၆) အပေါ်ဆုံးထပ်မှာ နေတာ... သူ့လက်အောက်မှာ ချန်ဟုန်တို့ ကျိုးဝမ်တို့လို လူမိုက်တွေ ရှိတယ်"
ကျန်းဖန်ကလည်း ဝင်ပြောသည်။ "အစ်ကိုလင်းယွမ်... အဲ့ဒီလူစုက တော်တော်ရက်စက်တယ်... တိုက်ခန်းတွဲ (၃) နဲ့ (၄) ကြားက စင်္ကြံလမ်းကို ပိတ်ထားပြီး အထပ်တိုင်းမှာ လူစောင့်ချထားတယ်"
"လျှိုအားလုံ ရှိတုန်းက သူတို့နဲ့ ပြဿနာမဖြစ်အောင် တိုက်ခန်းတွဲ (၃) ကို ကြားခံနယ်မြေအဖြစ် သဘောထားပြီး ဟိုဘက် (၄) (၅) (၆) ကို ဝမ်ကျဲအဖွဲ့ လက်ထဲ လွှတ်ပေးထားခဲ့တာ"
"တိုက်ခန်းတွဲ (၁) နဲ့ (၂) ကို လျှိုအားလုံ ထိန်းချုပ်ထားပြီး တိုက်ခန်းတွဲ (၃) ကတော့ အတော်လေး ရှုပ်ထွေးတဲ့ နေရာပေါ့"
"ကျွန်တော်တို့တုန်းကလည်း ကြားညပ်ပြီး နေခဲ့ရတာ"
လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး ကျန်းကောချန်ကို ပြန်ကြည့်ကာ "ခင်ဗျား ကျွန်တော့်ကို ရှာတာ ကိစ္စရှိလို့မလား" ဟု မေးလိုက်သည်။
ကျန်းကောချန်က အကြောင်းမဲ့သက်သက် လာရှာခြင်း မဖြစ်နိုင်သလို ဝမ်ကျဲအဖွဲ့အကြောင်း ထုတ်ပြောလာသည်မှာ သေချာပေါက် အကြောင်းကိစ္စ ရှိ၍ဖြစ်သည်။
ကျန်းကောချန်က ဝမ်းနည်းပက်လက်ဖြင့် "မောင်လင်းယွမ်က လူတိုင်းအတွက် ရှေ့ထွက်ပြီး လျှိုအားလုံလို လူမိုက်တွေကို ရှင်းပစ်တယ်လို့ ကြားတယ်... ဒီတိုက်ကြီးကို ပြန်လည်ပြုပြင်ပြီး အခက်အခဲရှိရင် ပြောပါဆိုလို့ ဦးလေး မျက်နှာပြောင်တိုက်ပြီး အကူအညီ လာတောင်းတာပါ... ဦးလေးရဲ့ သနားစရာကောင်းတဲ့ တူမလေးကို ကယ်ပေးပါကွာ" ဟု တောင်းပန်လေသည်။
လင်းယွမ်က မျက်နှာထားမပျက်ဘဲ "ဪ... ခင်ဗျားတူမ ဘာဖြစ်လို့လဲ" ဟု မေးသည်။
"ဦးလေးမှာ တူမလေးတစ်ယောက် ရှိတယ်... နာမည်က ကျန်းယွမ်ယွမ် တဲ့... တိုက်ခန်းတွဲ (၆) မှာ နေတာ... အဆက်အသွယ် ပြတ်နေတာ ကြာပြီ... သူတို့ပြောတာတော့ ဝမ်ကျဲနားမှာ တွေ့တယ်တဲ့"
"ဦးလေးတူမလေး ဝမ်ကျဲတို့ လက်ထဲမှာ အနိုင်ကျင့်ခံနေရပြီ ထင်တယ်"
"တက္ကသိုလ် ဘွဲ့ရကာစပဲ ရှိသေးတဲ့ ကလေးမလေးက လူယုတ်မာတွေ လက်ထဲမှာ အစော်ကားခံနေရပြီ... ဦး... ဦးလေးဖြစ်တဲ့သူက သုံးစားမရပါဘူးကွာ"
သူက ပြောရင်းဆိုရင်း မျက်ရည်များ ကျလာရာ အတော်လေး သနားစရာကောင်းနေသည်။
ဘေးနားမှ ဝမ်လီလီပင် မျက်ရည်ဝဲလာပြီး "ဝမ်ကျဲအဖွဲ့ထဲက ကျိုးဝမ် ဆိုတဲ့လူက မိန်းမ အရမ်းလိုက်စားတဲ့ နှာဘူးကောင်လို့ နာမည်ကြီးတယ်... သူ့လက်ထဲ ရောက်သွားရင်တော့... ဟင်း" ဟု ညည်းတွားမိသည်။
သူမ ဆက်မပြောရက်တော့ပေ။ ကျန်းဖန်ကတော့ ဝင်မပြောဘဲ လင်းယွမ် ဆုံးဖြတ်မည်ကိုသာ စောင့်နေသည်။
လင်းယွမ်က ထူးခြားသော မျက်နှာအမူအရာ မပြသော်လည်း ဘေးနားရှိ တင်းယန်မှာ မျက်လုံးများ နီရဲလာပြီး ဒေါသထွက်နေပြီ ဖြစ်သည်။
သူမသည် အမျိုးသမီးများကို စော်ကားသည့် လူယုတ်မာများကို အမုန်းဆုံးဖြစ်သည်။
"ဒုန်း"
တင်းယန်က လက်ရန်းကို လက်သီးဖြင့် ထိုးချလိုက်ပြီး "လူယုတ်မာတွေ... သေသင့်တဲ့ကောင်တွေ" ဟု ဆဲရေးလိုက်သည်။
"လင်းယွမ်... အဲ့ဒီ တိရစ္ဆာန်တွေကို အခုပဲ သွားသတ်ရအောင်"
လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်သည်။ တင်းယန်သည် သန္ဓေပြောင်းလဲမှု လုပ်ငန်းစဉ်ကြောင့်လော၊ သို့မဟုတ် သူမ၏ ကိုယ်ပိုင် အတွေ့အကြုံများကြောင့်လော မသိ၊ သူမ၏ စိတ်နေစိတ်ထား ပိုမိုကြမ်းတမ်းလာပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်လာသည်ကို လင်းယွမ် သတိပြုမိလိုက်သည်။
"သန္ဓေပြောင်းလဲမှု အဆင့်တက်လာတာက စိတ်နေစိတ်ထားကိုပါ သက်ရောက်စေတာလား..."
"ငါက သူ့ရဲ့ သန္ဓေပြောင်း အစွမ်းနိုးထမှု လုပ်ငန်းစဉ်ကို ဖြတ်တောက်ခဲ့ပေမယ့် အဲ့ဒီအချိန်က ဖြစ်ခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ ကမောက်ကမဖြစ်မှုက အမာရွတ်ကျန်ခဲ့ပြီး ဒေါသကြီးတာတွေ၊ သတ်ဖြတ်ချင်စိတ်တွေ တိုးလာစေတာလား..."
လင်းယွမ် စိတ်ထဲ သံသယဝင်သွားသော်လည်း နှုတ်မှမူ "မလောနဲ့... ဒီလောက်လူအများကြီးကို စုစည်းထားနိုင်တဲ့ ဝမ်ကျဲဆိုတဲ့လူက သာမန်တော့ မဟုတ်လောက်ဘူး... ကျန်းကောချန်... ခင်ဗျား အဲ့ဒီလူအကြောင်း ဘယ်လောက်သိလဲ" ဟု မေးလိုက်သည်။
ကျန်းကောချန်က အလျင်အမြန်ပင် "ဝမ်ကျဲက အနေအထိုင် လျှို့ဝှက်တယ်... သူ့ကို မြင်ဖူးတဲ့လူ နည်းသလို သိတာလည်း နည်းတယ်"
"ဒါပေမဲ့ သူ့ဘေးမှာ လက်ပါးစေနှစ်ယောက် ရှိတယ်... တစ်ယောက်က ချန်ဟုန်၊ နောက်တစ်ယောက်က ကျိုးဝမ်"
"အဲ့ဒီနှစ်ယောက်က မကောင်းမှု ဒုစရိုက်တွေ အကုန်လုပ်တယ်... ဝမ်ကျဲအဖွဲ့ရဲ့ ယုတ်မာမှု တော်တော်များများကို သူတို့ပဲ လုပ်ကြတာ"
"ချန်ဟုန် ဆိုတဲ့ကောင်က ရက်စက်တယ်... လူသတ်ရင် မျက်တောင်မခတ်ဘူး"
"မနေ့ကပဲ တိုက်ခန်းတွဲ (၄) စင်္ကြံလမ်းဝမှာ ကောင်လေးတစ်ယောက်ကို ပုဆိန်နဲ့ ခေါင်းဖြတ်သတ်ပြတယ်... တိုက်ခန်းတွဲ (၃) ဘက်ကို ထွက်ပြေးချင်တဲ့ အခန်းပိုင်ရှင်တွေကို ခြိမ်းခြောက်တာလေ"
"နောက် ကျိုးဝမ် ဆိုတဲ့ကောင်... အဲ့ဒီလူက ဝမ်လီလီ ပြောသလိုပဲ မိန်းမ အရမ်းလိုက်စားတယ်... တိုက်ခန်းတွဲ (၄)၊ (၅)၊ (၆) မှာတင် သူတစ်ယောက်တည်း ပိုင်တဲ့အခန်း သုံးခန်းရှိတယ်... သူ သိမ်းပိုက်ထားတဲ့ မိန်းမတွေဆိုရင် ဆယ်ယောက်ကျော်လောက် ရှိမယ်"
လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ သူ သိချင်သည့် အချက်အလက်ကို မကြားရသေးပေ။
ထို့ကြောင့် တဲ့တိုးပင် မေးလိုက်သည်။ "ဝမ်ကျဲအဖွဲ့မှာ လူဘယ်နှယောက် ရှိလဲ... သန္ဓေပြောင်း အစွမ်းရှိတဲ့သူ ပါလား"
"အဲ့ဒါက"
ကျန်းကောချန် စကားဆွံ့အသွားသည်။ ထိုသတင်းအချက်အလက်များကို သူက မည်သို့ သိနိုင်မည်နည်း။
လင်းယွမ်က ဝမ်လီလီနှင့် ကျန်းဖန်ကို လှမ်းကြည့်လိုက်သည်။
သူတို့နှစ်ဦးကလည်း ခေါင်းခါပြကြသည်။ သူတို့လည်း ဘာမှမသိကြပေ။
လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အမြဲတမ်း သတိကြီးစွာ ထားတတ်သူဖြစ်သည်။ ယခုအခါ အရည်အသွေးမှတ်များ တိုးလာပြီး စွမ်းအားမြင့်တက်လာသော်လည်း ကိုယ့်ကိုယ်ကိုယ် အနိုင်ယူ၍ မရနိုင်သူဟု မာန်တက်မနေပေ။
သန္ဓေပြောင်း အစွမ်းများက ဆန်းကြယ်လှသည်။ ရွှီလီဟွာဆိုလျှင် သူတစ်ပါး ခန္ဓာကိုယ်ထဲ ကပ်ပါးတွယ်ပြီး အသက်ရှင်နိုင်သည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။
ထူးဆန်းသော အစွမ်းရှိသည့် သန္ဓေပြောင်းလူသားနှင့် တိုးပြီး ဘာမှန်းမသိလိုက်ဘဲ အသတ်ခံလိုက်ရမည့် အဖြစ်မျိုး အဖြစ်မခံနိုင်ပေ။
သူက ကျန်းကောချန်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ခင်ဗျားကို ကူညီဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ဒါပေမဲ့ ဝမ်ကျဲအဖွဲ့ရဲ့ တကယ့် အတွင်းရေးသတင်းတွေ ကျွန်တော့်ကို အရင်ပေးရမယ်"
ကျန်းကောချန်က လင်းယွမ်ကို ကြောင်ငေးကြည့်နေမိသည်။ ဤလူငယ်လေးသည် လျှိုအားလုံကို သတ်နိုင်ခဲ့သဖြင့် စိတ်သဘောထားပြည့်ဝပြီး မတရားမှုကို မလိုလားသူ ဖြစ်မည်ဟု ထင်ခဲ့သည်။
မိမိ၏ ဒုက္ခကို ရင်ဖွင့်လိုက်သည်နှင့် ချက်ချင်း ဒေါသထွက်ပြီး ကူညီလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။
လင်းယွမ်က သူ့အား သတင်းစုံစမ်းခိုင်းလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
ရုတ်တရက် တုံ့ပြန်ရန် ခက်ခဲသွားပြီး နေရာတွင် ကြက်သေသေနေမိသည်။
တင်းယန်က မနေနိုင်တော့ဘဲ "လင်းယွမ်... ကျွန်မပြောတာက သူတို့ဆီ တန်းသွားပြီး ချလိုက်ရင် ပြီးတာပဲကို... ဝမ်ကျဲအဖွဲ့က ဘာတတ်နိုင်မှာမို့လို့လဲ... ရင်ဆိုင်ကြည့်ရင် သိတာပဲ" ဟု ပြောလိုက်သည်။
လင်းယွမ်က မျက်မှောင်ကြုတ်ကာ တင်းယန်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ "လျှိုအားလုံတောင် သန္ဓေပြောင်းအစွမ်း နိုးထလုနီးပါး ဖြစ်ခဲ့သေးတာ... ဒီ ဝမ်ကျဲအဖွဲ့က ဒီလောက်ကြာကြာ ရပ်တည်နိုင်နေတာ... ပြီးတော့ သန္ဓေပြောင်းငါးတွေ စားလာတာ ကြာပြီ... သူတို့ထဲမှာ သန္ဓေပြောင်းအစွမ်းရတဲ့သူ မရှိဘူးဆိုတာ ငါတော့ မယုံဘူး"
"ဆယ်ပုံ ရှစ်ပုံလောက်က ဝမ်ကျဲဆိုတဲ့ကောင်က သန္ဓေပြောင်းလူသား ဖြစ်နေလောက်တယ်... ငါတို့က သူ့အစွမ်းကိုလည်း မသိ... ဘာလက်နက်ရှိမှန်း မသိဘဲ စွတ်သွားတိုက်လို့ ငါတို့က သူတို့ပြိုင်ဘက် မဟုတ်ခဲ့ရင် ငါတို့ရဲ့ အားနည်းချက်ကို ဖော်ပြသလို ဖြစ်မသွားဘူးလား"
"အဲ့ဒီအခါကျ သူတို့က အခွင့်ကောင်းယူပြီး တိုက်ခန်းတွဲ (၁) ကို ဝင်သိမ်းရင် နင်နဲ့ငါက လွတ်အောင် ပြေးနိုင်ပေမယ့် ကျန်တဲ့လူတွေက ဘယ်လိုလုပ်မလဲ"
တင်းယန် ကြောင်သွားပြီး ပြန်မပြောတတ်တော့ပေ။
လင်းယွမ်က ဆက်ပြောသည်။ "နင် အစွမ်းတွေရလာပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လာတာ မှန်တယ်... ဒါပေမဲ့ နင်က ဘယ်သူမှ မယှဉ်နိုင်တဲ့သူ ဖြစ်သွားတာ မဟုတ်ဘူး... ရွှီလီဟွာ ကိစ္စကို မေ့သွားပြီလား"
"သူ့ရဲ့ ကပ်ပါးတွယ်တဲ့အစွမ်းက နင့်ကို လှည့်စားဖို့ လွယ်လွယ်လေးပဲ... တကယ်လို့သာ အဲ့ဒီတုန်းက သူက နင့်ကို ရုတ်တရက် တိုက်ခိုက်ခဲ့ရင် နင် ကာကွယ်နိုင်မှာလား"
"တင်းယန်... နင့်စိတ်ကို ပြင်မှရမယ်... သန္ဓေပြောင်းအစွမ်း ရလာတာနဲ့ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းပြီလို့ မထင်နဲ့"
"နင် အစွမ်းရသလို တခြားသူတွေလည်း ရနိုင်တယ်"
"သတိနဲ့ ရန်သူအပေါ်လေးစားစိတ် ကင်းမဲ့သွားရင် သေဖို့ နီးစပ်သွားပြီပဲ"
"တခုခု မဆုံးဖြတ်ခင် သေလား ရှင်လား မသိရသေးတဲ့ နင့်မိဘတွေကို ထည့်စဉ်းစားဦး"
လင်းယွမ်၏ စကားများက အတော်လေး ပြင်းထန်လေသည်။
တင်းယန်၏ အသက်ရှူသံ ခေတ္တရပ်သွားပြီး မျက်နှာပျက်သွားသည်။
လင်းယွမ်က လူတစ်ဖက်သားကို စိတ်ဆိုးခြင်း၊ မျက်နှာထားတင်းခြင်းမျိုး ရှားသည်။
ယနေ့ ပြောလိုက်သော စကားများက သူမကို မျက်နှာသာ လုံးဝမပေးခြင်း ဖြစ်သည်။
တင်းယန် ရင်ထဲတွင် အကြောင်းမဲ့ ထိတ်လန့်သွားမိသည်။
သူမ မျက်နှာပျက်သွားပြီး ခေါင်းငုံ့ကာ ဒီရက်ပိုင်း သူမ၏ ပြောင်းလဲမှုများကို ပြန်စဉ်းစားလိုက်သည်။
ဖန်းမေချင်းကို သတ်ပြီးကတည်းက သူမ အတော်လေး ပြောင်းလဲသွားခဲ့သည်။
ပိုမိုအေးစက်လာသည်၊ အသက်ကို တန်ဖိုးမထားတော့သလို ပိုပြီး ရက်စက်ကြမ်းကြုတ်လာသည်။
အမဝူ၊ အစ်ကိုချိုင်၊ အဒေါ်ကြီးလီတို့ သူမနှင့် အနေဝေးသွားသည်ကို သူမ ခံစားမိသည်။
အရင်က သူမ သိပ်အလေးမထားခဲ့ပေ။ သူမ၌ အစွမ်းရှိလာ၍ သူတို့ ကြောက်ရွံ့ကြသည်မှာ ပုံမှန်ဟုသာ တွေးခဲ့သည်။
သို့သော် ယခု ပြန်စဉ်းစားကြည့်လျှင် သူတို့ ကြောက်ရွံ့သည်မှာ အမှန်ဖြစ်သော်လည်း လေးစားမှု မည်မျှပါသနည်း။
ကိုယ့်စိတ်နေစိတ်ထား တကယ်ပဲ ပြဿနာရှိနေပြီလား။
လင်းယွမ်က တင်းယန်ကို ဆက်အာရုံမစိုက်တော့ဘဲ ကျန်းကောချန်ဘက် လှည့်ပြောလိုက်သည်။ "ခင်ဗျား အခြေအနေကို အရင်သွားစုံစမ်းလိုက်ဦး... ကျွန်တော်တို့ ဒီနေ့ တိုက်ခန်းတွဲ (၃) ကို ရှင်းလင်းရေး လုပ်ရဦးမယ်"
ကျန်းကောချန်က ပါးစပ်ဟလိုက်ပြီး "မောင်လင်းယွမ်... ဦး"
"သွားကြစို့"
လင်းယွမ်က တင်းယန်ကို ခေါ်ပြီး ထွက်သွားလိုက်သည်။ ကျန်းကောချန်ကို စကားဆက်ပြောခွင့် မပေးတော့ပေ။
ဒီအဖိုးကြီးက သူ့ကို စေတနာ့ဝမ်ထမ်း လိုက်လုပ်နေသည်ဟု ထင်နေသလား။
သူ့တူမကို ကယ်ခိုင်းရုံနှင့် ကိုယ်က သွားကယ်ရမည်လား။
လာနောက်နေတာလား... ဟိုဘက်က ဝမ်ကျဲအဖွဲ့ အခြေအနေကိုတောင် သေချာမသိရသေးဘဲ စွတ်သွားလို့ အန္တရာယ်ရှိရင် ဘယ်လိုလုပ်မလဲ။
တင်းယန်က လင်းယွမ်နောက်သို့ အမြန်လိုက်ပါသွားသည်။ နှစ်ယောက်သား တိုက်ခန်းတွဲ (၂) နှင့် (၃) ကြားရှိ စင်္ကြံလမ်းကို ဖြတ်ပြီး တိုက်ခန်းတွဲ (၃) သို့ ရောက်လာကြသည်။
ပုံမှန်အတိုင်း တင်းယန်က တံခါးခေါက်ပြီး လင်းယွမ်က သေနတ်ကိုင်ကာ အနောက်မှ စောင့်သည်။
တံခါးမဖွင့်ပေးသူများကို တင်းယန်က အစွမ်းသုံးကာ လက်သီးဖြင့်ထိုးပြီး အတင်းဖွင့်သည်။
သို့သော် လူအများစုကတော့ အလိုက်တသိပင် လင်းယွမ်လက်ထဲတွင် သေနတ်ပါသည်ကို မြင်သည်နှင့် တံခါးဖွင့်ပေးကြသည်။
တကယ်တမ်း ခေါင်းမာပြီး မဖွင့်ပေးသူများမှာ မရိုးသားသူများ၊ သို့မဟုတ် ယုတ်မာသော အလုပ်များကို လုပ်ထားသူများသာ ဖြစ်သည်။
ထိုကဲ့သို့ လူစားမျိုးနှင့် တွေ့ပါက လင်းယွမ်က လက်မတွန့်ပေ။ တင်းယန်နှင့် ပူးပေါင်းကာ ထိုလူယုတ်မာများကို နေရာမှာပင် အပြတ်ရှင်းပစ်သည်။
အခန်းစဉ်လိုက် တံခါးခေါက်ရင်း နောက်ပိုင်းတွင် လင်းယွမ်တို့ လိုက်လံရှင်းလင်းရေး လုပ်နေသည်ကို ကြားသိလာကြသည်။ အထူးသဖြင့် တံခါးဖွင့်ပေးသော်လည်း လင်းယွမ်တို့က ပစ္စည်းများကို အတင်းအဓမ္မ လုယူခြင်းမရှိသည်ကို မြင်သောအခါ အခန်းပိုင်ရှင်များက လင်းယွမ်တို့၏ လုပ်ရပ်ကို လက်ခံလာကြသည်။
ထို့ကြောင့် ဆူညံစွာဖြင့် လင်းယွမ်နှင့် တင်းယန်နောက်သို့ လိုက်ပါကာ ဝိုင်းဝန်းကူညီကြတော့သည်။
တချို့ဆိုလျှင် ဘယ်အထပ်က ဘယ်သူကတော့ ဘာမကောင်းမှု လုပ်ထားကြောင်း တိုင်တန်းကြသည်အထိ ရှိလာသည်။
ကိစ္စသေးအဖွဲများကို လင်းယွမ် ဝင်မပါသော်လည်း လူသတ်လုယက်ခြင်း၊ အမျိုးသမီးများကို စော်ကားခြင်း စသည့် ကြီးလေးသော ပြစ်မှုများကိုမူ ဝင်ရောက်ဖြေရှင်းပေးသည်။
အစားအစာ ခိုးယူခြင်း၊ စကားများ ရန်ဖြစ်ခြင်းများကိုတော့ လင်းယွမ် အရေးမလုပ်ပေ။
အောက်ထပ်တွင် ငါးဖမ်းနိုင်ကြောင်း၊ ငါးမစားချင်ပါက တိုက်ခန်းတွဲ (၁) သို့ လာရောက်၍ မိမိထံတွင် စားစရာနှင့် လာလဲနိုင်ကြောင်း သတိပေးရုံသာ လုပ်သည်။
ထပ်မံ၍ ခိုးယူခြင်း၊ ရန်ဖြစ်ခြင်းများ ပြုလုပ်ပါက ဝင်ရောက်ဖြေရှင်းမည်ဟု ပြောဆိုသည်။
အစပိုင်းတွင် အလေးမထားသူများ ရှိသော်လည်း လင်းယွမ်က ရာဇဝတ်မှု ကျူးလွန်သူအချို့ကို တကယ်သတ်ပြလိုက်သောအခါမှ ကြောက်လန့်သွားကြပြီး လင်းယွမ်၏ စကားကို မပေါ့ဆရဲတော့ပေ။
ထိုသို့ဖြင့် လင်းယွမ်တို့နှစ်ဦး တိုက်ခန်းများ ရှင်းလင်းသည့်နှုန်း ပိုမြန်လာသည်။
တိုက်ခန်းတွဲ (၃)၊ (၂၃) ထပ်။
မိန်းကလေးတစ်ယောက် ကြောက်လန့်တကြား တံခါးဖွင့်ပေးပြီး လင်းယွမ်နှင့် တင်းယန်ကို ကြည့်နေသည်။
လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "ခင်ဗျား ကြောက်နေတာလား" ဟု မေးလိုက်သည်။
ထိုမိန်းကလေး နှုတ်ခမ်းများ တုန်ရီသွားပြီး ခေါင်းကို ဆက်တိုက်ခါပြသည်။ "မ... မဟုတ်ပါဘူး"
လင်းယွမ်က သူမကို ကြည့်ပြီး အခန်းထဲသို့ မေးငေါ့ပြလိုက်သည်။ "ခင်ဗျား တစ်ယောက်တည်း နေတာလား"
"ဟု... ဟုတ်ကဲ့... တစ်ယောက်တည်းပါ"
လင်းယွမ် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ယခုအချိန်တွင် တစ်ယောက်တည်း နေထိုင်သည့် အမျိုးသမီး ရှားပါးလှသည်။
ထိုကဲ့သို့ အမျိုးသမီးမျိုးသည် အခြားသူများ၏ သားကောင် ဖြစ်လေ့ရှိသည်။
လင်းယွမ်က တင်းယန်ကို ကြည့်ပြီး ဝင်စစ်ဆေးရန် အချက်ပြလိုက်သည်။
တင်းယန်က ခေါင်းညိတ်ပြီး "ငါ အထဲဝင်ကြည့်လို့ ရမလား" ဟု မေးသည်။
မိန်းကလေးက နောက်ဆုတ်ပေးလိုက်ပြီး တင်းယန်ကို အထဲဝင်ခွင့် ပြုလိုက်သည်။
တင်းယန် အိမ်ထဲ တစ်ပတ်ပတ်ကြည့်သော်လည်း ထူးခြားမှု မတွေ့သဖြင့် ပြန်ထွက်လာကာ လင်းယွမ်ကို ကြည့်ပြီး ခေါင်းခါပြသည်။
"ဘာမှ ထူးထူးခြားခြား မရှိဘူး"
လင်းယွမ်က မိန်းကလေးကို စိုက်ကြည့်လိုက်ပြီး မျက်လုံးများ မှေးကျဉ်းသွားသည်။
သူ၏ စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ ပတ်ဝန်းကျင် (၂၅) ပေခန့်အတွင်း မည်သည့်အရာကမျှ သူ၏ အာရုံခံနိုင်စွမ်းကို မတားဆီးနိုင်ပေ။
လင်းယွမ် အခန်းထဲသို့ ဝင်လိုက်သည်နှင့် နှာခေါင်းရှုံ့လိုက်မိသည်။ ထူးဆန်းသော အနံ့တစ်ခုကို ရလိုက်သည်။
လူ အနံ့မဟုတ်ပေ။
သူ့စိတ်ထဲ သံသယဝင်သွားပြီး အိပ်ခန်းဘက်သို့ လျှောက်သွားကာ "ငါ ဝင်ကြည့်လို့ ရမလား" ဟု မေးလိုက်သည်။
"ရ... ရပါတယ်"
လင်းယွမ် ခေါင်းညိတ်ပြီး အိပ်ခန်းထဲသို့ ဝင်ရန် ပြင်လိုက်သည်။
အိပ်ခန်းဝသို့ ရောက်သည်နှင့် ခြေလှမ်းတုံ့ခနဲ ရပ်တန့်သွားပြီး မျက်နှာထား ချက်ချင်း ပြောင်းလဲကာ ဘေးနားရှိ ဗီရိုဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဗီရိုတံခါး ဖွင့်လိုက်"
သူက ထိုမိန်းကလေးကို အော်ဟစ် အမိန့်ပေးလိုက်ရာ မိန်းကလေးမှာ တစ်ကိုယ်လုံး တုန်သွားလေသည်။
"မဟုတ်ဘူး... တောင်းပန်ပါတယ်... အားဟွမ်က သန္ဓေပြောင်းသတ္တဝါ မဟုတ်ပါဘူး... ဘယ်သူ့ကိုမှ ရန်မပြုဖူးပါဘူး"
မိန်းကလေးက ကြမ်းပြင်ပေါ် ဒူးထောက်ကျကာ အော်ဟစ်ငိုယိုလေတော့သည်။
"ဝုန်း"
ဗီရိုထဲမှ အကောင်က မိန်းကလေး၏ ငိုယိုတောင်းပန်သံကို ကြားသောအခါ ဗီရိုတံခါးကို ပြင်းထန်စွာ လှုပ်ခါလိုက်သည်။
ဗီရိုကြီး တစ်ခုလုံး ဝုန်းဒိုင်းကြဲကာ လှုပ်ခါသွားပြီး တံခါးရွက်များ တဒုန်းဒုန်း မြည်ဟီးသွားသည်။
တင်းယန် ချက်ချင်း သတိဝင်သွားပြီး လက်သီးတွင် အစွမ်းများ လင်းလက်လာသည်။
သူမက မိန်းကလေးကို ဆွဲထူလိုက်ပြီး "အထဲမှာ ဘာကောင်လဲ" ဟု အော်မေးသည်။
မိန်းကလေးက ကြောက်လန့်တကြား ငိုရင်း "ကျွန်မ မွေးထားတဲ့ အားဟွမ် ပါ... အားဟွမ်က ဘယ်သူ့ကိုမှ ဒုက္ခမပေးဖူးပါဘူး... ကျွန်မ ရှာလာတဲ့ ငါးတွေပဲ ကျွေးတာပါ" ဟု ပြောသည်။
လင်းယွမ်က "အားဟွမ် ဆိုတာ ဘာကောင်လဲ" ဟု ထပ်မေးသည်။
"စပါးအုံးမြွေ... ရွှေစပါးအုံးမြွေပါ" ဟု မိန်းကလေးက ငိုရင်း ဖြေသည်။
လင်းယွမ် မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။ ရွှေစပါးအုံးမြွေ ဟုတ်လား။
အခန်းပိုင်ရှင်များ ဂရုထဲတွင် တစ်ယောက်ယောက်က ရွှေစပါးအုံးမြွေ မွေးထားသည်ဟု ပြောဖူးကြောင်း သူ ရုတ်တရက် သတိရလိုက်သည်။
သို့သော် စပါးအုံးမြွေ မွေးထားသူမှာ ဤကဲ့သို့ နွဲ့နွဲ့နှောင်းနှောင်း မိန်းကလေးတစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
လင်းယွမ် မျက်နှာထား တင်းမာသွားသည်။ ရွှေစပါးအုံးမြွေက သန္ဓေပြောင်းငါးများကို စားထားလျှင် သေချာပေါက် သန္ဓေပြောင်းလဲနေပြီ ဖြစ်သည်။
သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ဗီရိုနှင့် ခပ်ခွာခွာ နေလိုက်သည်။ ထို့နောက် မိန်းကလေးဘက် လှည့်ကာ "သွား... ဗီရိုတံခါး သွားဖွင့်" ဟု အမိန့်ပေးလိုက်သည်။
တင်းယန်ကလည်း မိန်းကလေးကို လွှတ်ပေးလိုက်ပြီး သတိကြီးစွာဖြင့် စောင့်ကြည့်နေသည်။
မိန်းကလေးမှာ မတတ်သာတော့ဘဲ ငိုယိုရင်း အိပ်ခန်းထဲသို့ ဝင်သွားသည်။ ပါးစပ်မှလည်း တတွတ်တွတ် တောင်းပန်နေသည်။ "သူက တကယ်လိမ္မာပါတယ်... လူကို ဒုက္ခမပေးဖူးပါဘူး"
"အရင်က လူဆိုးတွေ ရောက်လာတုန်းကလည်း အားဟွမ်ကပဲ ခြောက်လှန့်ပြီး မောင်းထုတ်ပေးတာ"
"သူက ကျွန်မအသက်ကို ကယ်ဖူးတယ်... တောင်းပန်ပါတယ်... သူ့ကို ဒုက္ခမပေးပါနဲ့... တောင်းပန်ပါတယ်ရှင်"
ပြောရင်းဆိုရင်း သူမက ဗီရိုရှေ့သို့ ရောက်သွားပြီး တံခါးကို ဆွဲဖွင့်လိုက်သည်။
ဗီရိုထဲတွင် အဝတ်အစားများ ပြည့်နှက်နေပြီး အဝတ်များအောက်တွင် လက်မောင်းလုံးခန့်ရှိသော ရွှေရောင် စပါးအုံးမြွေကြီး တစ်ကောင်ကို တွေ့လိုက်ရသည်။
ရွှေစပါးအုံးမြွေကြီးက ဗီရိုတံခါး ပွင့်သွားသည်နှင့် ခေါင်းထောင်လာပြီး အပြင်သို့ လျှောခနဲ ထွက်လာသည်။
မြွေမျက်လုံးအိမ်များဖြင့် မိန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ ရှေ့သို့ လျှောတိုက်ကာ ရောက်ရှိလာသည်။ ထို့နောက် တံခါးဝဘက်ကို စိုက်ကြည့်လိုက်သည်။
ထိုမြွေကြီးက မိန်းကလေးကို အကာအကွယ်ပေးသည့်အနေအထားဖြင့် ကာဆီးထားလိုက်ခြင်း ဖြစ်သည်။
လင်းယွမ် မျက်ခုံးပင့်လိုက်မိသည်။
ရွှေစပါးအုံးမြွေကြီးက အရှည် (၈) ပေ၊ (၉) ပေခန့်ရှိပြီး ခေါင်းထောင်လိုက်ပါက လူတစ်ပိုင်းလောက်အထိ မြင့်သည်။
ယခုအခါ လျှာနှစ်ခွကို ထုတ်ကာ ရှူးရှူးရှားရှား အသံပြုရင်း လင်းယွမ်ကို စိုက်ကြည့်နေသည်။
ဤနေရာတွင် လင်းယွမ်သည် အန္တရာယ်အရှိဆုံးလူဖြစ်ကြောင်း ၎င်း သိနေပုံရသည်။
ဒီမြွေ... သေချာပေါက် သန္ဓေပြောင်းနေပြီ။ ပြီးတော့ ဉာဏ်ရည်ဉာဏ်သွေးလည်း ရှိနေသည်။
ဆက်ရန်...