← Chapters

အခန်း (၂၅၃-၂၅၄)

Vol. 13 Ch. 253-254

အခန်း (၂၅၃-၂၅၄)

Vol. 13 Ch. 253-254

အပိုင်း(၂၅၃) အာဏာပြခြင်း

လင်းယွမ်က ထူလုံကို လှည့်ကြည့်လိုက်သည်... ထူလုံ၏ မျက်နှာတွင်တော့ ကြံရာမရမှုနှင့် မကျေနပ်မှုများ အပြည့်ဖြစ်နေသည်။

ဦးလေးရန် ပြောခဲ့သည်များက အမှန်ပင်ဖြစ်ကြောင်း ထင်ရှားနေသည်။

လင်းယွမ်က မေးလိုက်သည် "မင်းတို့က အဘိုးကြီးတစ်ယောက်ကိုတောင် မနိုင်ဘူးလား"

ထူလုံက ကြံရာမဲ့စွာဖြင့် "ကျွန်တော်တို့ ခိုလှုံရေးစခန်း တစ်ခုလုံးမှာ သူတစ်ယောက်ပဲ ပေါက်ကွဲသင်္ကေတကို လုပ်တတ်တာလေ... ကိုးဝူမျှော်စင်နဲ့ အရောင်းအဝယ်လုပ်တိုင်း သူ့ဆီကရတဲ့ ပေါက်ကွဲသင်္ကေတတွေကို အားကိုးပြီး မိန်ဟိုင်ဥယျာဉ်က မိန်ဟွာဝက်တွေ သိုင်းဘုရင်ဂေဟာက ကြက်နီတွေ ကြက်ဥတွေနဲ့ သွားလဲရတာကိုး"

"ဟုန်ခွေးအိုကြီးကလည်း ပြောတယ်... သူက ကျွန်တော်တို့ ဖုန်းဟွမ်ဘုရားကျောင်းရဲ့ ငွေတွင်းကြီးတဲ့... ရိုက်လို့လည်းမရ ဆဲလို့လည်းမရဘဲ အလိုလိုက်ထားရတာ"

လင်းယွမ်မှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ... အမှန်တကယ်ပင် သံပန်းရိုက်ရန် မိမိကိုယ်တိုင် မာကျောနေဖို့ လိုအပ်ပေသည်။

ဤအဘိုးကြီး တစ်သက်လုံး ဇိမ်ကျကျ နေနိုင်ခဲ့သည်မှာလည်း သူ၏ အထူးကျွမ်းကျင်လှသော သင်္ကေတပြုလုပ်သည့် စွမ်းရည်ကြောင့်ပင် ဖြစ်သည်။

သာမန်အဘိုးကြီး တစ်ယောက်သာဆိုလျှင်... သာမန်အစွမ်း နိုးထလာသည့် အဘိုးကြီးဖြစ်နေလျှင်တောင် ဤမျှလောက် အခွင့်အရေးမျိုး ရနိုင်မည် မဟုတ်ချေ။

ဟန်ရှန်းမန် အနီးရှိ ဦးလေးကောကိုပင် ကြည့်ပါ... အသက်ငါးဆယ်ကျော်နေပြီ ဖြစ်သော်လည်း ရှေ့တန်းတွင် တိုက်ပွဲဝင်နေရဆဲ မဟုတ်ပါလား။ ထို့ကြောင့်သာ ဦးလေးကောက ဟန်ရှန်းမန်အဖွဲ့၏ အဓိကလူတစ်ယောက် ဖြစ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

မိမိဘက်ရှိ ဦးလေးမာ မာကောချိုင်ကို ပြန်ကြည့်လျှင် အစွမ်းနိုးထလာခြင်း မရှိသဖြင့် ယခုအခါ ဘေးဖယ်ခံထားရသူ တစ်ဦးလို ဖြစ်နေပြီဖြစ်သည်။

အချိန်တော်တော်များများတွင် လင်းယွမ်က သူတို့ကို ဂရုမစိုက်ချင်၍ မဟုတ်ဘဲ သူတို့၏ စွမ်းဆောင်ရည်က ထိုအဆင့်တွင်သာ ရှိနေသောကြောင့် ဖြစ်သည်။ အန္တရာယ်များသော ကိစ္စအချို့ကို သာမန်လူများအနေဖြင့် သူတို့ လုံးဝမလုပ်နိုင်ကြပေ။

အချိန်ကြာလာသည်နှင့်အမျှ သူတို့မှာ တဖြည်းဖြည်း ဘေးဖယ်ခံလာရတော့သည်။

ချိုင်ကြည်လည်း ထိုနည်းတူပင် ဖြစ်ပြီး သူတို့၏ အခြေအနေမှာ အမှန်တကယ်ပင် အကျပ်ရိုက်စရာ ကောင်းလှသည်။

သူတို့နှစ်ဦးစလုံးမှာ အဖွဲ့၏ ဝါရင့်အဖွဲ့ဝင်များဟု ဆိုနိုင်သော်လည်း စွမ်းဆောင်ရည် နိမ့်ကျလွန်းသဖြင့် တဖြည်းဖြည်း ဘေးရောက်လာခဲ့ရသည်။

သို့သော် ထိုနှစ်ဦးစလုံးက ဉာဏ်ကောင်းသူများ ဖြစ်ကြပြီး နောက်တန်းမှ ဝင်ရောက်ချဉ်းကပ်ရန် သိထားကြသည်။

ချိုင်ကြည်၏ မိန်းမ ဝူချင်းနှင့် သမီးဖြစ်သူ ချိုင်ယောင်တို့က ရန်မေနှင့် အမြဲတစေ ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းထားကြသည်။

ဦးလေးမာ၏ မိန်းမ အဒေါ်ကြီးလီကလည်း ဆုန့်ဝမ်နှင့် အမြဲတမ်း ရင်းရင်းနှီးနှီး နေလေ့ရှိသည်။

ယခုအခါ သူတို့နှစ်ဦးမှာ မိမိတို့ ဇနီးသည်များ၏ ကျေးဇူးကြောင့် ခိုလှုံရေးစခန်းအတွင်း အတော်အသင့် ကောင်းမွန်သော နေရာတစ်ခုကို ရရှိထားဆဲဖြစ်ကာ သာမန် အသက်ရှင်ကျန်ရစ်သူများက သူတို့ကိုတွေ့လျှင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြရသည်။

သေချာသည်မှာ ထိုအချက်က လင်းယွမ် ချထားပေးသည့် ကင်းလှည့်အဖွဲ့ဝင်ရာထူးနှင့်လည်း အတိုင်းအတာတစ်ခုအထိ သက်ဆိုင်နေပေသည်။

ဤအရာအားလုံးကို လင်းယွမ်က မြင်တွေ့နေရသော်လည်း ပိုလျှံသော ဖြေရှင်းမှုမျိုး မလုပ်ခဲ့ပေ။ သူကိုယ်တိုင်လည်း ယခင် လုပ်ဖော်ကိုင်ဖက်များ ပိုမိုကောင်းမွန်သော ဘဝတစ်ခု ရရှိသွားသည်ကို မြင်တွေ့လိုသောကြောင့် ဖြစ်သည်။

ရန်မေက စိတ်ရှည်လက်ရှည်ဖြင့် ဦးလေးရန်၏ လမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရသော အခက်အခဲများကို နားထောင်ပေးနေသည်။ နောက်ဆုံးတွင် ရန်မေက မေးလိုက်သည် "ဦးလေးရန်... သမီးရဲ့ မိဘတွေ သတင်းကိုရော သိလား... သူတို့ အခု ဘယ်လိုနေကြလဲ"

ဦးလေးရန်က ထိုစကားကို ကြားသောအခါ ခေါင်းယမ်းလိုက်သည် "ငါ မိန်တောင်ရွာကနေ ထွက်လာတုန်းက ရေကြီးတဲ့ကိစ္စ မဖြစ်သေးဘူးလေ... အဲဒီတုန်းက နင့်မိဘတွေ မိန်တောင်ရွာမှာပဲ ရှိသေးတယ်"

"နောက်တော့ ရေကြီးလာလို့ ငါလည်း ပြန်မသွားဖြစ်တော့ဘူး... အခု ဘယ်လိုနေကြလဲ ဆိုတာတော့ မသိဘူး"

ရန်မေ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး အတင်းပြုံးကာ ပြောလိုက်သည် "ဪ... အဲလိုလား"

ရန်မေ၏ အထီးကျန်ဆန်သော မျက်နှာကို မြင်လိုက်ရသဖြင့် ဦးလေးရန်က မနေနိုင်ဘဲ ပြောလိုက်သည် "စိတ်ချပါ ရန်မေလေးရဲ့... နင့်မိဘတွေက မိန်တောင်ပေါ်ကို စောစောစီးစီး ရောက်နေလောက်ပါပြီ"

"ငါတို့တောင် ဘေးလွတ်ရာရှောင်ဖို့ တောင်ပေါ် ပြေးရမယ်ဆိုတာ သိကြသေးတာပဲ... မိန်တောင်ရွာက လူတွေက ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ"

"သူတို့က တောင်ခြေမှာ နေတာဆိုတော့ တောင်ပေါ်တက်ရတာ ငါတို့ထက် အများကြီး ပိုပြီး လွယ်ကူမြန်ဆန်မှာ သေချာပါတယ်"

ဦးလေးရန်၏ စကားကြောင့် ရန်မေ၏ စိတ်ထဲတွင် အတော်လေး နှစ်သိမ့်မှု ရသွားခဲ့သည်။ အမှန်ပင် မိန်တောင်ရွာက မိန်တောင်၏ တောင်ခြေတွင် ရှိသည်။

နောက်ပိုင်းမှ တည်ဆောက်ခဲ့သော ထိုက်ယန်တောင် အိမ်ရာများနှင့် မတူဘဲ မိန်တောင်ရွာက ကျေးရွာတစ်ရွာ၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းထားဆဲဖြစ်ကာ အလွန်အကျွံ တိုးချဲ့တည်ဆောက်ခြင်းမျိုး မရှိခဲ့ပေ။

အခြေခံအားဖြင့် အိမ်တိုင်းက ကျေးလက်စံအိမ်များဖြစ်ပြီး လယ်ကွင်းများနှင့် ခြံဝင်းများ ရှိကြသည်။

မိန်တောင်ရွာကို လင်ကျန်းမြို့ အစိုးရက ရှုခင်းသာ သဘာဝကျေးရွာအဖြစ်ပင် သတ်မှတ်ထားသဖြင့် မိန်တောင်သို့ အလည်အပတ် လာရောက်ကြသူ အများစုမှာ ထိုဒေသရှိ ကျေးလက်အိမ်များတွင် တည်းခို စားသောက်လေ့ ရှိကြသည်။

၎င်းက မိန်တောင်ရွာ၏ အဓိက ဝင်ငွေရင်းမြစ် တစ်ခုဖြစ်သည်။

ထို့အပြင် မိန်တောင်တွင် ရန်မေသီးများ ပေါများစွာ ထွက်ရှိပြီး ဇွန်လနှင့် ဇူလိုင်လ ရန်မေသီး မှည့်ချိန်ရောက်တိုင်း ခရီးသွားအများအပြားက ရန်မေသီးလာစားကြသလို မိသားစုလိုက် ကလေးများခေါ်ကာ ကိုယ်တိုင် ရန်မေသီးခူးရင်း ကျေးလက်ဘဝ၏ အရသာကို ခံစားလေ့ရှိကြသည်။

(ရန်မေသီးဆိုတာ တရုတ်ဘယ်ရီသီးကိုပြောတာပါ။ မြန်မာအခေါ်တော့ သီးသန့်မရှိဘူးထင်တယ်။ သူက တရုတ်တို့ ဂျပန်တို့မှာပဲ ပေါက်တာများတယ်။ English လို Yang Mei Berry/ Chinese BayBerry လို့ခေါ်တယ်)

ထို့ကြောင့် မိန်တောင်ရွာက တောင်ခြေတွင် အမှန်တကယ် ရှိနေပြီး အိမ်ထဲမှ ထွက်ကာ ခြေလှမ်းအနည်းငယ် လျှောက်လိုက်ရုံဖြင့် တောင်ပေါ်သို့ ရောက်နိုင်သည်။

ဦးလေးရန် ပြောသည်မှာ မှန်ပေသည်... အကယ်၍ မိန်တောင်ရွာတွင် ရေကြီးမှု ဖြစ်ပွားခဲ့ပါက ရွာသူရွာသားများမှာ ပထမဆုံး အချိန်မှာပင် မိန်တောင်ပေါ်သို့ ပြောင်းရွှေ့သွားကြမည်မှာ သေချာသည်။

ထိုအချိန်တွင် လင်းယွမ်ကလည်း လျှောက်လာပြီး ရန်မေ၏ ခါးသိမ်သိမ်လေးကို ညင်သာစွာ ဖက်လိုက်ရင်း ပြောလိုက်သည် "အမမေ... စိတ်ချလက်ချ နေပါ... မိန်တောင်ရွာက တစ်ထပ်အိမ်တွေချည်းပဲလေ... အထပ်မြင့် အဆောက်အအုံတွေ မဟုတ်ဘူး... ရေကြီးလို့ အိမ်တွေ မြုပ်သွားခဲ့ရင်တောင် အမရဲ့ မိဘတွေက ချက်ချင်း တောင်ပေါ်ကို ပြောင်းသွားမှာပါ"

"အဲဒီအချိန်တုန်းက ရေထဲမှာ သန္ဓေပြောင်း သတ္တဝါတွေ သိပ်မရှိသေးတော့ သူတို့မှာ အန္တရာယ် သိပ်ရှိမှာ မဟုတ်ပါဘူး"

ရန်မေက မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် အင်း ဟုသာ အသံပြုလိုက်သည်။ ဦးလေးရန်က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာထား အနည်းငယ် ထူးဆန်းသွားပြီး ရန်မေကို ဖက်ထားသည့် လင်းယွမ်၏ လက်မောင်းကို တစ်လှည့် လင်းယွမ်ကို တစ်လှည့် ကြည့်လိုက်သည်။

သူက ပါးစပ်ဟကာ မေးလိုက်သည် "ဟို... မင်းက လီကျစ်ချန်လား... ဘယ်လိုဖြစ်လို့ ခြောက်လလောက် မတွေ့ရတဲ့ အတောအတွင်း လူတစ်ယောက်လုံး ပြောင်းလဲသွားသလို ဖြစ်နေရတာလဲ"

လင်းယွမ် အံ့ဩသွားသလို ရန်မေလည်း ရုတ်တရက် သတိဝင်လာခဲ့သည်... ယခင်က သိကျွမ်းခဲ့ဖူးသူများ၏ အမြင်တွင် သူမက လီကျစ်ချန်၏ မိန်းမ ဖြစ်နေဆဲပင် မဟုတ်ပါလား။

ထိုအခိုက် သူမ၏ မျက်လုံးထဲတွင် အထိတ်တလန့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ပေးသိ၍မရသော လျှို့ဝှက်ချက် တစ်ခုကို အခြားသူများ သိသွားသလို ခံစားလိုက်ရသည်။

လင်းယွမ်က ရန်မေ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်၍ နှစ်သိမ့်ပေးလိုက်ရင်း ဦးလေးရန်ကို ပြုံးကာ ပြောလိုက်သည် "ဦးလေးရန် မဟုတ်လား... ကျွန်တော်က လင်းယွမ်ပါ... အမမေက အခု ကျွန်တော်နဲ့ အတူနေတာပါ"

ဦးလေးရန် တစ်ခဏ မှင်တက်သွားသော်လည်း ချက်ချင်းပင် တစ်စုံတစ်ခုကို နားလည်သွားကာ အနေခက်စွာဖြင့် အမြန်ပြောလိုက်သည် "ဪ... အေးအေး... ငါလည်း အသက်ကြီးတော့ သတိမေ့တတ်နေပြီ... တောင်းပန်ပါတယ်ကွာ... တောင်းပန်ပါတယ်"

သူက အလျင်စလို တောင်းပန်လိုက်ပြီး ရန်မေကို ကြည့်သည့် အကြည့်များတွင်လည်း အားနာမှုများ ပါဝင်နေသည်။

ရန်မေက လက်ကို အမြန်ယမ်းပြလိုက်သည် "ရ... ရပါတယ် ဦးလေးရန်... သမီး... သမီးနဲ့ လီကျစ်ချန်နဲ့က..."

သူမက မသိစိတ်အရ ရှင်းပြချင်နေသော်လည်း လင်းယွမ်က သူမ၏ လက်ဖဝါးလေးကို ဆုပ်ကိုင်လိုက်ပြီး ပြုံးကာ ပြောလိုက်သည် "ဦးလေးရန်... လမ်းတစ်လျှောက်လုံး ပင်ပန်းလာပြီပဲ... အရင်ဆုံး နားလိုက်ပါဦး"

ဦးလေးရန် အံ့ဩသွားပြီး မေးလိုက်သည် "ဒီက ခေါင်းဆောင်ကို တွေ့ရမယ်ဆို... ဟင်... မင်းက လင်းယွမ်လား"

ဦးလေးရန် ရုတ်တရက် သတိဝင်လာသည်... လမ်းတစ်လျှောက်လုံး ဤနာမည်ကို မကြာခဏ ကြားခဲ့ရသော်လည်း ခုနက ချက်ချင်း သတိမထားမိခဲ့ပေ... ယခုမူ သူ၏ရှေ့ရှိ လူငယ်လေးက ဤခိုလှုံရေးစခန်း၏ ခေါင်းဆောင် ဖြစ်နေနိုင်မည်လား ဟု ရုတ်တရက် တွေးမိသွားသည်။

သူက ထူလုံကို အနိုင်ယူခဲ့တာလား။

ဦးလေးရန်က မသိစိတ်အရ ဘေးနား မြေပြင်ပေါ်တွင် လဲကျနေသော ထူလုံကို လှမ်းကြည့်လိုက်သောအခါ သူ၏ အတွေးများ မှန်ကန်ကြောင်း ချက်ချင်း အတည်ပြုနိုင်သွားသည်။

ထို့နောက် သူက ရန်မေကို ပြန်ကြည့်လိုက်ရာ မျက်လုံးထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာသည်။

ရန်မေက သူ၏ မျက်နှာအမူအရာကို မြင်သောအခါ နှုတ်ခမ်းကို ကိုက်ကာ တစ်စုံတစ်ခု ပြောချင်နေသော်လည်း လူအများရှေ့တွင် သူမ၏ အတိတ်က ကိစ္စများမှာ သိပ်ဂုဏ်ယူစရာ မကောင်းလှသဖြင့် ပါးစပ်ဟ၍ မရဖြစ်နေသည်။

ထိုအခါ လင်းယွမ်က ရှေ့ထွက်ရပ်ကာ ပြောလိုက်သည် "ဦးလေးရန်... ကျွန်တော်က လင်းယွမ်ပါ... ဒီမှာ ဦးလေးနဲ့ ပတ်သက်တဲ့ ကိစ္စ မရှိတော့ပါဘူး... ဦးလေးက အမမေရဲ့ ဆွေမျိုးဦးလေးဆိုတော့ ကျွန်တော့်ရဲ့ ဦးလေးလည်း ဖြစ်သွားပြီပေါ့... ကျွန်တော်နဲ့ ဖုန်းဟွမ်ဘုရားကျောင်း ကြားက ရန်ငြိုးတွေက ဦးလေးအပေါ်ကို သက်ရောက်မှာ မဟုတ်ပါဘူး"

ထိုသို့ပြောပြီးနောက် သူက ဘေးရှိ ဆုန့်ဝမ်ကို ပြောလိုက်သည် "ဆုန့်ဝမ်... အောက်ထပ်က ဝါးအိမ်မှာ ဦးလေးရန်ကို အရင်သွားနားခိုင်းလိုက်ပါဦး"

ဆုန့်ဝမ်ကလည်း ရန်မေ၏ အနေခက်နေမှုကို ရိပ်မိသဖြင့် ချက်ချင်း လျှောက်လာပြီး ရန်မေကို ဖက်လိုက်ကာ ပြောလိုက်သည် "အမမေ... ညီမပဲ စီစဉ်ပေးလိုက်ပါ့မယ်"

ရန်မေက ခေါင်းညိတ်ကာ အင်း ဟု ပြန်ဖြေလိုက်သည်။ ထို့နောက် ဆုန့်ဝမ်က ဦးလေးရန်ကို ခေါ်ကာ အောက်ထပ်သို့ ဆင်းသွားသည်။

ဦးလေးရန်ကို လွှတ်လိုက်ပြီးမှ လင်းယွမ်က ရန်မေဘက်သို့ လှည့်ကာ ပြောလိုက်သည် "အမမေ... အမ ဘာကိုမှ အတင်း ရှင်းပြနေစရာ မလိုပါဘူး... ကျွန်တော့်နောက်ကို လိုက်လာတဲ့သူကို ဘယ်သူကမှ မေးခွန်းထုတ်ခွင့် မရှိဘူး"

"အမ အခန်းထဲ အရင်ပြန်နားနေလိုက်ပါ... ဒီဘက်ကို ကျွန်တော်ပဲ ဖြေရှင်းလိုက်ပါ့မယ်"

ရန်မေက မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး တုံယန်နှင့် လျှိုဖိန်ဖိန်တို့က သူမအနားသို့ သွားကာ လှိုဏ်ဂူထဲသို့ အတူတကွ ဝင်သွားကြသည်။

ထူလုံမှာ နားစွင့်ကာ အကြာကြီး နားထောင်နေသော်လည်း စိတ်ဝင်စားစရာ သတင်း တစ်ခုမှ မကြားရသဖြင့် စိတ်ထဲတွင် အနည်းငယ် ကသိကအောက် ဖြစ်နေသည်။

လင်းယွမ်နှင့် ဤရင်သားထွားထွား အိမ်ထောင်ရှင်မတို့ကြားတွင် ဇာတ်လမ်းရှိသည်ဟု သူ၏ အလိုအလျောက် သိစိတ်က ပြောနေသည်။

ထိုရင်သားထွားထွား မိန်းမတွင် ယောက်ျားရှိပြီး ယခင်ယောက်ျားက လင်း ဆိုသော မျိုးရိုး မဟုတ်ဘူးပေါ့လေ။

ဒါက ဘာကို ဆိုလိုတာလဲ။

သေစမ်း... ဒီလင်းယွမ်ကလည်း လူကောင်း မဟုတ်ဘူးပဲ။

သူ့စိတ်ထဲတွင် လင်းယွမ်အပေါ် ကြောက်ရွံ့မှုနှင့် သတိထားမှုတို့ အနည်းငယ် ပိုတိုးလာသည်။

လင်းယွမ်က သူ့ကို တစ်ချက် စွေကြည့်လိုက်သည် "မင်း တော်တော် အာရုံစိုက်ပြီး နားထောင်နေတာပဲ"

ထူလုံက အမြန် သေချင်ယောင်ဆောင်ကာ ခုနက အကန်ခံထားရသော နေရာကို ဖက်ပြီး ညည်းတွားနေလိုက်သည်။ လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်ပြီး ထိုကောင်ကို ဂရုမစိုက်တော့ပေ။

အဘယ်ကြောင့်ဆိုသော် ဟန်ရှန်းမန်က သိုင်းဘုရင်ဂေဟာမှ လူများကို ခေါ်လာသည်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။

မကြာမီ ဟန်ရှန်းမန် အပေါ်ထပ်သို့ ရောက်လာပြီး လင်းယွမ်ကို မြင်သောအခါ ပြောလိုက်သည် "ကိုလင်းယွမ်... သိုင်းဘုရင်ဂေဟာက အစွမ်းပိုင်ရှင်တွေ အကုန်ရောက်လာပါပြီ"

လင်းယွမ်က သူမကို ပြုံးပြကာ ခေါင်းညိတ်လိုက်သည် "ပင်ပန်းသွားပြီ"

ဟန်ရှန်းမန်က ခေါင်းအသာယမ်းလိုက်သည် "ရှင်က ကျွန်မတို့ကို ကယ်ခဲ့ရုံတင်မကဘူး ခိုလှုံခွင့်ပါ ပေးခဲ့တာဆိုတော့ ဒီလောက်လေးက ဘာမှ မဟုတ်ပါဘူး"

လင်းယွမ်က ခေါင်းယမ်းလိုက်သည် "အလုပ်က အလုပ်ပေါ့... ဒါနဲ့ ဝူမုန့် ထွက်သွားပြီလား"

ဟန်ရှန်းမန်က ခေါင်းညိတ်ပြသည် "သွားပါပြီ... သိုင်းဘုရင်ဂေဟာက လူတွေက သူ ထွက်သွားတာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ကြတယ်တဲ့"

"တောင်ပေါ်က ဆင်းသွားတာလား... ဒါမှမဟုတ် ပင်လယ်ထဲ ထွက်သွားပြီလား"

"ပင်လယ်ထဲ ထွက်သွားပြီ... ကျွန်မ ဟုန်မြန်ကို နောက်ကနေ လိုက်ကြည့်ခိုင်းထားတယ်... သူ သစ်သားဖောင်ငယ်လေး တစ်ခုနဲ့ အနောက်ဘက်ကို လှော်သွားတယ်"

ဟန်ရှန်းမန်က အနည်းငယ် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည် "သူ ပစ္စည်းတွေ အများကြီး ယူသွားတယ်... သိုင်းဘုရင်ဂေဟာက လူတွေ ပြောတာတော့ ရေကွင်းသင်္ကေတ အများစုကိုလည်း သူ ယူသွားတယ်တဲ့"

လင်းယွမ် သက်ပြင်းချလိုက်သည်... ဝူမုန့်က ဤမျှအထိ ပြတ်သားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အနည်းဆုံးတော့ အချိန်အတိုင်းအတာ တစ်ခုလောက် ကြာမှ သူ ထွက်သွားလိမ့်မည်ဟု ထင်ထားခဲ့သည်။ ဒီလောက် မြန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

လင်းယွမ်က ပြောလိုက်သည် "ဒီကနေ ကွမ်ဖူစစ်တပ်အခြေစိုက်စခန်းအထိက မိုင် ၃၀ ကျော်တောင် ဝေးတာ... သူ ဘယ်လောက်ပဲ စွမ်းစွမ်း သစ်သားဖောင်လေး တစ်ခုနဲ့ဆို အကြာကြီး လှော်ရမှာပဲ... ဒါကြောင့် လုံလောက်တဲ့ ပစ္စည်းတွေ ယူသွားတာ သေချာတယ်"

"ရေတွေ နေရာအနှံ့ ကြီးနေတာဆိုတော့ အချိန်မီ နားခိုစရာ နေရာ မရှာနိုင်ရင် ရေပေါ်မှာပဲ ညအိပ်ရလိမ့်မယ်... ရေထဲက မိစ္ဆာတွေကလည်း အချိန်မရွေး ပေါ်လာနိုင်တယ်... ရေကွင်းသင်္ကေတက အရေးကြီးတဲ့ အချိန်မှာ အသက်ကယ်နိုင်လို့ သူ ယူသွားတာ ဖြစ်မယ်"

ဟန်ရှန်းမန်က မနေနိုင်ဘဲ ပြောလိုက်သည် "သိုင်းဘုရင်ဂေဟာက လူတွေ ပြောတာ မှန်မမှန်တော့ ကျွန်မ သေချာမသိဘူး... ကျွမ်းရှုယွမ်ဆိုတဲ့ မိန်းမက အဲဒီလို ပြောတာပဲ"

လင်းယွမ် သံသယဝင်သွားကာ မေးလိုက်သည် "ဘာလဲ... အခု ဟိုဘက်ကို အုပ်ချုပ်နေတာ ကျွမ်းရှုယွမ် မဟုတ်ဘူးလား"

ဟန်ရှန်းမန်က ခေါင်းယမ်းလိုက်သည် "သူ သိပ်မထိန်းချုပ်နိုင်တော့သလိုပဲ"

ထိုသို့ပြောရင်း ဟန်ရှန်းမန်က ဟိုဘက်မှ ကိစ္စများကို တစ်ခေါက် ပြန်ပြောပြပြီး ကျွမ်းရှုယွမ်နှင့် လီယွဲ့ကျင်းတို့ကြားရှိ ဖုံးကွယ်ထားသော ယှဉ်ပြိုင်မှုများကို အဓိကထား ပြောပြခဲ့သည်။

လင်းယွမ်က နားထောင်ပြီးနောက် ရယ်မောလိုက်ကာ ခေါင်းယမ်းရင်း ပြောလိုက်သည် "တွေ့လား... ဒါက ကမ္ဘာပျက်ကပ်ပဲ... အရာအားလုံးက အဲ့လိုပဲ လက်တွေ့ကျတယ်"

"အရာအားလုံးက ခွန်အားအပေါ်မှာပဲ အခြေခံ တည်ဆောက်ထားတာ"

"ငါ့ဆီမှာလည်း အတူတူပဲ... လုံလောက်တဲ့ ခွန်အားမရှိရင် အင်အားကြီးတဲ့ ခိုလှုံရေးစခန်း တစ်ခု ပြည့်စုံတဲ့ တိုက်ခိုက်ရေးအဖွဲ့ တစ်ခုကို လုံးဝ တည်ဆောက်နိုင်မှာ မဟုတ်ဘူး"

ထိုသို့ပြောရင်း အောက်ထပ်တွင် စုဝေးနေကြသော လူများကို ကြည့်ကာ ပြောလိုက်သည် "သွားရအောင်... သူတို့နဲ့ သွားစကားပြောဖို့ အချိန်တန်ပြီ"

ထိုသို့ပြောပြီးနောက် သူက ထူလုံဘက်သို့ လှည့်ကာ ပြောလိုက်သည် "ထူလုံ... မင်း မျက်နှာပြရမယ့် အချိန်ရောက်ပြီ"

ထူလုံမှာ မတတ်နိုင်စွာဖြင့် ထလိုက်ရသည်... လင်းယွမ်က သူ့ကို အသုံးချပြီး အာဏာပြကာ ဩဇာလွှမ်းမိုးချင်နေမှန်း သူ ကောင်းကောင်း သိသည်။

စဉ်းစားကြည့်ပါ... ယခင်က ခိုလှုံရေးစခန်းကြီး လေးခုထဲမှ တစ်ခု၏ ခေါင်းဆောင်ဖြစ်ခဲ့သော ဖုန်းဟွမ်ဘုရားကျောင်းမှ ထူလုံပင်လျှင် ဤဆရာလင်းထံ လက်နက်ချ အရှုံးပေးခဲ့ရသည်ဆိုလျှင် အခြားဘယ်သူကများ ဖောက်ပြန်ရဲပါတော့မည်နည်း။

သို့သော် လင်းယွမ် အောက်ထပ်သို့ ဆင်းသွားပုံက ထူလုံကို မျက်လုံးများ ပြူးကျယ်သွားစေသည်။ လင်းယွမ်က ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ ဝါးအိမ်ပေါ်မှ တိုက်ရိုက် လှမ်းထွက်သွားသည်ကို သူ မြင်လိုက်ရသည်။ သို့သော် သူက မြေပြင်ပေါ်သို့ ပြုတ်ကျမသွားဘဲ လေဟာနယ်ထဲတွင် ထိုအတိုင်း ရပ်နေခဲ့သည်။

လေဟာနယ်ထဲတွင် တစ်စုံတစ်ခုက သူ့ကို ထောက်ပံ့ထားပြီး ကမ္ဘာမြေဆွဲအားကို တွန်းလှန်နိုင်စေသကဲ့သို့ ဖြစ်နေသည်။

"ဒါ... ဒါ မဖြစ်နိုင်ဘူး"

ထူလုံက မျက်လုံးများ ပြူးကျယ်သွားပြီး မယုံနိုင်အောင် ဖြစ်နေသည်။

လေပေါ် လမ်းလျှောက်တာလား။ ဒါ ဘယ်လိုလုပ် လုပ်နိုင်တာလဲ။

ဟန်ရှန်းမန်၏ သူငယ်အိမ်များလည်း ရုတ်တရက် ကျုံ့ဝင်သွားပြီး လှပသော မျက်နှာလေးထက်တွင် အံ့ဩထိတ်လန့်မှုများ အပြည့်ဖြစ်နေသည်။

လင်းယွမ်၏ ခြေထောက်များက ခြေဖျားစိုက်နေခြင်း မဟုတ်ဘဲ လေထဲတွင် မျောလွင့်နေသည့် အနေအထားမျိုး မဟုတ်ကြောင်း သူမ သတိထားမိလိုက်သည်။

မြေပြင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ခြေနှစ်ဖက်စလုံးက လေဟာနယ်ထဲတွင် တည်ငြိမ်စွာ ရပ်တည်နေခြင်း ဖြစ်သည်။

ထိုအရာက လေထုမဟုတ်ဘဲ ခြေချစရာ မြေကြီးအစစ်အမှန် တစ်ခုနှင့်ပင် တူနေသည်။

နောက်တစ်ခဏတွင် လင်းယွမ်က ထပ်မံ ခြေလှမ်းလိုက်ပြီး လေဟာနယ်ထဲတွင် အေးအေးဆေးဆေးပင် လမ်းလျှောက်သွားသည်။ လေထဲတွင် မမြင်ရသော လှေကားထစ်များ ရှိနေသကဲ့သို့ လင်းယွမ်က လှေကားအတိုင်း ဆင်းလာကာ ခိုလှုံရေးစခန်း သုံးခုမှ အစွမ်းပိုင်ရှင်များဆီသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

ဤမြင်ကွင်းက တကယ့်ကို အံ့ဩစရာ ကောင်းလွန်းလှသဖြင့် ခိုလှုံရေးစခန်း သုံးခုမှ အစွမ်းပိုင်ရှင်များအားလုံး အံ့အားသင့်သွားကြသည်။

ကျွမ်းရှုယွမ်၏ လှပသော မျက်လုံးများတွင်လည်း ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ လီယွဲ့ကျင်းမှာမူ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာတစ်ခုလုံး မယုံနိုင်ဖြစ်နေသည်။

ကျိဖုန်း၊ ဝမ်ရှောင်နှင့် ဟန်ပန်းတို့ကလည်း အလားတူပင် အံ့ဩတကြီး ဖြစ်နေကြသည်။

ပျံတာလား။

ဒီဆရာလင်းက ပျံသန်းနိုင်တာလား။

မိန်ဟိုင်ဥယျာဉ်ဘက်မှ ခုံးရှန်းတို့မှာလည်း ကြက်သီးမွှေးညင်းများ ထသွားကြပြီး လီယွဲ့ဖုန်းကို အနိုင်ယူခဲ့သည့် ဤသူက မည်ကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်နေသနည်း ဟူသည်ကို ယခုမှသာ သူတို့ သဘောပေါက်သွားကြသည်။

"ဂီး..."

ရုတ်တရက် လင်းယုန်အော်သံတစ်ခု ထွက်ပေါ်လာပြီး ထူလုံက သူ၏ ဝိညာဉ်တက်တူးကို အသက်သွင်းကာ လင်းယုန်ကြီးအဖြစ် ပြောင်းလဲလိုက်ပြီး ကောင်းကင်သို့ ပျံတက်ကာ လင်းယွမ်နောက်သို့ လိုက်သွားသည်။

အောက်ဘက်ရှိ ဖုန်းဟွမ်ဘုရားကျောင်းမှ အသက်ရှင်ကျန်ရစ်သူများက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ တစ်ယောက်ပြီးတစ်ယောက် စိတ်လှုပ်ရှားသွားကြသည်။

"အစ်ကိုကြီးထူလုံပဲ"

"ခေါင်းဆောင် အသက်ရှင်နေသေးတယ်... တကယ် အသက်ရှင်နေသေးတာပဲ"

"ခေါင်းဆောင်က ဆရာလင်းနဲ့ ပူးပေါင်းလိုက်တာလား"

"ဒါဆို ငါတို့က သုံ့ပန်းတွေ မဟုတ်တော့ဘူးပေါ့"

"တော်ပါသေးရဲ့... ခေါင်းဆောင် အသက်ရှင်နေသေးလို့"

...

ဖုန်းဟွမ်ဘုရားကျောင်းမှ လူများက စိတ်လှုပ်ရှားစွာဖြင့် တီးတိုးပြောဆိုနေကြသည်။

သို့သော် နောက်တစ်ခဏတွင် သူတို့၏ စိတ်လှုပ်ရှားနေသော အသံများ ရုတ်တရက် ပျောက်ကွယ်သွားပြီး လူတိုင်း၏ မျက်နှာပေါ်တွင် အံ့ဩမှင်တက်သည့် အရိပ်အယောင်များ ပေါ်လာသည်။

လင်းယွမ်က လေထဲတွင် ရပ်နေကာ သူ၏ လက်မောင်းကို ဆန့်ထုတ်လိုက်သည်ကို မြင်လိုက်ရသည်။

ထူလုံက လေထဲတွင် တစ်ပတ် ဝဲပျံလိုက်ပြီး တစ်ခဏမျှ တုံ့ဆိုင်းသွားသော်လည်း အမိန့်နာခံစွာဖြင့် ခန္ဓာကိုယ် အရွယ်အစားကို ကျုံ့လိုက်ကာ လင်းယွမ်ဆီသို့ အမြန်ပျံသန်းသွားပြီး လင်းယွမ်၏ လက်မောင်းပေါ်တွင် လိမ်မာစွာ ရပ်နားလိုက်သည်။

ဤမြင်ကွင်းက ဖုန်းဟွမ်ဘုရားကျောင်းမှ လူအားလုံး၏ စိတ်ထဲတွင် ရှိနေသော သူတို့၏ ခေါင်းဆောင် ထူလုံနှင့် ပတ်သက်သည့် ပုံရိပ်ကို ချက်ချင်း ပြိုကွဲသွားစေသည်။

သူတို့၏ ခေါင်းဆောင်... တစ်ချိန်က ရက်စက်ကြမ်းကြုတ်မှုများဖြင့် ကျော်ကြားခဲ့သော ထူလုံက လင်းယုန်ကြီးအဖြစ် ပြောင်းလဲပြီးနောက် အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်လို ထိုလူ၏ လက်မောင်းပေါ်သို့ ပျံသန်းသွားခဲ့သည်တဲ့လား။

ထိုအချိန်လေးအတွင်း ဖုန်းဟွမ်ဘုရားကျောင်းမှ အစွမ်းပိုင်ရှင်များအားလုံး၏ စိတ်ထဲတွင် ကြီးမားသော ကြောက်ရွံ့မှုများ ပေါ်ထွက်လာသည်။

လင်းယွမ်အပေါ် ကြောက်ရွံ့မှုများပင် ဖြစ်သည်။

လင်းယွမ်က ထူလုံ၏ လင်းယုန်ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည် "မဆိုးဘူး... မင်း တော်တော်လေး ပူးပေါင်းပါဝင်ပေးတာပဲ"

ထူလုံက ခေါင်းငုံ့ကာ လင်းယုန်အော်သံ ပြုလိုက်ပြီး စိတ်ထဲမှ အရှက်ရမှုနှင့် အနေခက်မှုတို့ကို ဖုံးကွယ်ထားလိုက်သည်။

လင်းယွမ်က လေထဲတွင် ရပ်နေရင်း အောက်ဘက်ရှိ လူများကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည် "အားလုံးပဲ... မင်းတို့ ဘာကြောင့် ဒီကို ရောက်နေရလဲ ဆိုတာ သိကြမှာပါ"

"ဟုတ်တယ်... မင်းတို့ရဲ့ ခေါင်းဆောင်တွေ အရင်က အစ်ကိုကြီးတွေက ငါ့လို အပြင်လူကို ဘယ်လို သတ်ရမလဲဆိုပြီး ကိုးဝူမျှော်စင်မှာ မဟာမိတ်ဖွဲ့ပြီး တိုင်ပင်ခဲ့ကြတယ်"

"ရလဒ်ကတော့ မင်းတို့ မြင်တဲ့အတိုင်းပဲ"

"ငါက အသက်ရှင်လျက် ပြန်ရောက်လာတယ်... သူတို့ကတော့... ဟက်ဟက်"

သူက တခစ်ခစ် ရယ်မောလိုက်ပြီး လူအားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထိုနေရာရှိ လူအားလုံးမှာ ချက်ချင်းပင် မသိစိတ်အရ ခေါင်းငုံ့သွားကြပြီး သူနှင့် မျက်လုံးချင်း မဆုံရဲကြတော့ပေ။

လင်းယွမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည် "ဒီနေ့ကစပြီး ထိုက်ယန်တောင် တစ်တောင်လုံးက ငါ့အပိုင်ပဲ... အရင်က ခိုလှုံရေးစခန်းကြီး လေးခုဆိုတာ နောက်ဆို မရှိတော့ဘူး... ဒီမှာ ခိုလှုံရေးစခန်း တစ်ခုတည်းပဲ ရှိတော့မယ်"

"အဲဒါက ငါ လင်းယွမ်ရဲ့ ခိုလှုံရေးစခန်းပဲ"

"နောက်ဆို မင်းတို့အားလုံး ငါ့အမိန့်ကို နာခံရမယ် ငါ့အုပ်ချုပ်မှုကို လက်ခံရမယ် ပြီးတော့ ငါ့စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ရမယ်"

"နားလည်လား"

အောက်ဘက်မှ မည်သူမျှ စကားမပြောရဲကြပေ။

လင်းယွမ်က ရုတ်တရက် အသံမြှင့်ကာ အော်လိုက်သည် "ငါ မေးနေတယ်... နားလည်လားလို့"

ချက်ချင်းပင် လူတိုင်း၏ ရင်ထဲတွင် တုန်လှုပ်သွားကြပြီး ကျိဖုန်း၊ ခုံးရှန်းနှင့် အခြားသူများက မသိစိတ်အရ တိုးတိုးလေး ပြန်ဖြေလိုက်ကြသည်။

"နား... နားလည်ပါတယ်"

လင်းယွမ်၏ မျက်နှာက တင်းမာသွားပြီး ရုတ်တရက် သိုင်းဘုရင်ဂေဟာဘက်ရှိ လူများကို ကြည့်ကာ အေးစက်စူးရှသော အကြည့်ဖြင့် မေးလိုက်သည် "ငါ နောက်တစ်ခေါက် ထပ်မေးမယ်... နားလည်လား"

"ဝုန်း"

ထိုအခိုက်အတန့်တွင် စိတ်စွမ်းအင် ရိုက်ခတ်မှု လှိုင်းတစ်ခုက သိုင်းဘုရင်ဂေဟာမှ လူများဆီသို့ အပြင်းအထန် ဝင်ရောက်သွားသည်။

"အား..."

"ဖူး..."

ချက်ချင်းပင် သိုင်းဘုရင်ဂေဟာမှ အစွမ်းပိုင်ရှင်များမှာ အော်ဟစ်ညည်းတွားသွားကြပြီး စိတ်စွမ်းအင် အားနည်းသူများမှာမူ ထိုနေရာ၌ပင် နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ပန်းထွက်လာကာ မျက်နှာများ ဖြူလျော့သွားကြသည်။

လူတိုင်းမှာ ခေါင်းကို ကိုင်ကာ နာကျင်စွာ အော်ဟစ်နေကြသည်။ ဤသည်မှာ လင်းယွမ်က သူ၏ စိတ်စွမ်းအင်ကို အနည်းငယ် လျှော့သုံးထားသောကြောင့်သာ ဖြစ်သည်။

ယခုလက်ရှိ သူ၏ စိတ်စွမ်းအင် အရည်အသွေးမှတ် ၅၀ ဖြင့် အဖြူရောင်အဆင့် စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း ကို အသုံးပြုလိုက်လျှင်တောင် ဤနေရာရှိ အစွမ်းပိုင်ရှင်များထဲမှ မည်သူမျှ တောင့်ခံနိုင်မည် မဟုတ်ပေ။

အကယ်၍သာ သူ အစွမ်းကုန် အသုံးပြုလိုက်ပါက ဤနေရာရှိ လူအများစုမှာ ခေါင်းပေါက်ကွဲကာ သေဆုံးသွားကြမည် ဖြစ်သည်။

ယခုအကြိမ်က အစွမ်းပြ ခြိမ်းခြောက်ရုံ သက်သက်သာ ဖြစ်သည်။ လင်းယွမ်၏ မျက်လုံးများက မီးတောက်များကဲ့သို့ တောက်ပနေပြီး သိုင်းဘုရင်ဂေဟာမှ လူများကို စူးစိုက်ကြည့်ကာ အော်လိုက်သည်

"နားလည်လား"

ဤတစ်ကြိမ်တွင်မူ ကျွမ်းရှုယွမ်က ဦးဆောင်ကာ အော်ပြောလိုက်သည် "နားလည်ပါပြီ ဆရာလင်း... ကျွန်မတို့ သိုင်းဘုရင်ဂေဟာက ရှင့်ရဲ့ ဦးဆောင်မှုကို လက်ခံပါ့မယ်"

လီယွဲ့ကျင်းနှင့် အခြားသူများကလည်း အဆက်မပြတ် လိုက်အော်ကြသည်။

"နားလည်ပါပြီ"

"သိပါပြီ"

...

လင်းယွမ်က အေးစက်စက် ရယ်မောလိုက်ပြီး အခြားသူများကို ကြည့်လိုက်သည်။ မိန်ဟိုင်ဥယျာဉ်နှင့် ဖုန်းဟွမ်ဘုရားကျောင်းမှ လူများမှာ စောစောစီးစီးပင် စည်းကမ်းတကျ ရပ်နေခဲ့ကြပြီ ဖြစ်သည်။

သူတို့လို အစွမ်းပိုင်ရှင်များက ဆရာလင်း၏ ခုနက တိုက်ခိုက်မှုအဆင့်ကို ပို၍ပင် နားလည်ကြသည်။ အကြည့်တစ်ချက်တည်းဖြင့် သိုင်းဘုရင်ဂေဟာမှ အစွမ်းပိုင်ရှင်များအားလုံးကို ချက်ချင်း သတ်နိုင်လုနီးပါး ဖြစ်ခဲ့သည် မဟုတ်ပါလား။

တစ်ဖက်လူက မည်သို့သော အစွမ်း၊ မည်သို့သော နည်းလမ်းကို အသုံးပြုခဲ့သည်ကိုပင် သူတို့ မသိကြပေ။

လင်းယွမ်က တစ်ပတ် ဝေ့ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည် "မင်းတို့ရဲ့ အရင် ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ အမှားတွေအတွက် မင်းတို့ တာဝန်ယူရမယ်"

"နောက်တစ်လတိတိ မင်းတို့ ခိုလှုံရေးစခန်းက လူတွေအကုန်လုံး ငါ့ဆီလာပြီး အလုပ်လုပ်ပေးရမယ်... ငါ့ရဲ့ ကုန်တိုက်ကြီးကို တည်ဆောက်ရမယ်"

"ငါ့ဆီမှာ တစ်လတိတိ အလုပ်လုပ်ပြီးတာနဲ့ မင်းတို့ လွတ်လပ်ခွင့် ရပြီပဲ... မင်းတို့ ဆက်နေချင်လည်း ရတယ် ထိုက်ယန်တောင်ကနေ ထွက်သွားချင်လည်း ရတယ်... ငါ ဘာမှ တားမှာ မဟုတ်ဘူး"

"ပြောခဲ့တဲ့ စကားအတိုင်းပဲ... ဆက်နေမယ့်သူတွေက ငါ့အစီအစဉ်ကို နာခံပြီး ငါ့စည်းမျဉ်းတွေကို လိုက်နာရမယ်"

"အခုကစပြီး လူတိုင်း ငါ့ကင်းလှည့်အဖွဲ့ရဲ့ အမိန့်ကို နာခံရမယ်"

"ခိုလှုံရေးစခန်း သုံးခုက ယာယီခေါင်းဆောင်တွေ နေခဲ့... ကျောက်ခိုင် မင်းက ကျန်တဲ့သူတွေကို မီးဝါးတော အနောက်ဘက်က တောင်ကြားထဲ ခေါ်သွားပြီး မူလအစီအစဉ်အတိုင်း တောင်ကိုဖောက်ပြီး ကုန်တိုက်ကြီး တည်ဆောက်ဖို့ လုပ်တော့"

ကျောက်ခိုင်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည် "နားလည်ပါပြီ အစ်ကိုလင်း"

ထိုသို့ပြောပြီးနောက် သူက အောက်ဆင်းကာ လူအားလုံးကို ချက်ချင်း စုစည်းပြီး ထွက်သွားတော့သည်။ ခိုလှုံရေးစခန်း သုံးခုမှ အသစ်ရွေးချယ်ထားသော ခေါင်းဆောင်များအဖြစ် ကျိဖုန်းနှင့် ခုံးရှန်းတို့ ကျန်ရစ်ခဲ့ကြသည်။

သို့သော် သိုင်းဘုရင်ဂေဟာဘက်တွင်မူ အနည်းငယ် ထူးဆန်းနေသည်... ကျွမ်းရှုယွမ်နှင့် လီယွဲ့ကျင်း နှစ်ဦးစလုံး မထွက်သွားဘဲ ကျန်ရစ်ခဲ့ကြသည်။

လင်းယွမ်က လှမ်းကြည့်လိုက်ပြီး အထက်စီးမှနေ၍ မေးလိုက်သည် "မင်းတို့နှစ်ယောက်က ဘာကိစ္စလဲ"

ကျွမ်းရှုယွမ်က မျက်နှာထား မကောင်းစွာဖြင့် လီယွဲ့ကျင်းကို ကြည့်ကာ မေးလိုက်သည် "ဆရာလီ... ရှင်က ဘာသဘောလဲ"

လီယွဲ့ကျင်းက သူမကို မကြည့်ဘဲ လင်းယွမ်ကိုသာ ကြည့်ကာ ပြောလိုက်သည် "ဆရာလင်း... ကျွန်တော်က သိုင်းဘုရင်ဂေဟာရဲ့ သင်္ကေတပညာရှင်ပါ... ရေကွင်းသင်္ကေတကို ဖန်တီးနိုင်ပါတယ်"

"ပြီးတော့ ကျွန်တော် သိုင်းဘုရင်ဂေဟာမှာ ဒီလောက်ကြာအောင် နေလာတာ... တကယ်တော့ သိုင်းဘုရင်ဂေဟာရဲ့ ကိစ္စတော်တော်များများကို ကျွန်တော်ပဲ တာဝန်ယူ ဖြေရှင်းပေးခဲ့တာပါ"

"ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေး တစ်ကြိမ်ပေးပါ... ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကို သက်သေပြပါ့မယ်"

ဆက်ရန်...

အပိုင်း(၂၅၄) ပြန်လည်ထူထောင်ခြင်းနှင့် အကြီးစားစီမံကိန်းကြီး

လင်းယွမ်က ပြုံးရယ်လိုက်ပြီး လီယွဲ့ကျင်းကို စိတ်ဝင်တစား ကြည့်ကာ ပြောလိုက်သည်။

"ရေကွင်းသင်္ကေတကျောက်က ခင်ဗျားလက်ရာကိုး... ဒါဆို အဲဒီ ရေကွင်းသင်္ကေတက ဘယ်သူ့ဆီမှာလဲ"

လီယွဲ့ကျင်းက ခေါင်းခါပြလိုက်ပြီး "ကျွန်တော့်ဆီမှာ မရှိတော့ပါဘူး"

လင်းယွမ်က မျက်နှာပျက်နေရှာသော ကျွမ်းရှုယွမ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။"ညီမကျွမ်း ဟုတ်တယ်နော်... ရေကွင်းသင်္ကေတက ခင်ဗျားဆီမှာလား"

ကျွမ်းရှုယွမ်က အလောတကြီး ခေါင်းခါငြင်းလိုက်ပြီး "ကျွန်မဆီမှာ မရှိပါဘူး... အစ်ကိုမုန့်... အဲ... ဝူမုန့် ယူသွားတာပါ... လင်းယွမ်ရှင့်... ကိုးဝူမျှော်စင်က ကိစ္စတွေကို ဝူမုန့်အစား ကျွန်မကပဲ အမြဲ စီမံခန့်ခွဲပေးခဲ့ရတာပါ... ကျွန်မရဲ့ အရည်အချင်းကို အားလုံးအသိပါပဲ"

"လီယွဲ့ကျင်း... ရှင် အခုလိုပြောတာ ဘာသဘောလဲ"

သူမက ပြောရင်းဆိုရင်း လီယွဲ့ကျင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်မိသည်။ လီယွဲ့ကျင်းက အာဏာလုချင်နေမှန်း သိသာလွန်းနေသည် မဟုတ်ပါလား။

သူမ သစ္စာဖောက်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။

လီယွဲ့ကျင်းက ကျွမ်းရှုယွမ်ကို ကြည့်ကာ ပြောလိုက်သည်။

"ညီမကျွမ်း... ခင်ဗျားဘာသာခင်ဗျား ပြန်မေးကြည့်ပါဦး... ဒီနှစ်ဝက်ကာလအတွင်းမှာ ကိုးဝူမျှော်စင်က ကိစ္စတွေကို ကျွန်တော်ပဲ ဦးဆောင်လုပ်ခဲ့တာ မဟုတ်ဘူးလား"

"ရှင် လျှောက်ပြောမနေနဲ့... ကိုးဝူမျှော်စင်ကို ကျွန်မလက်နဲ့ ကိုယ်တိုင် တည်ထောင်ခဲ့တာပါ... ဘယ်လိုလုပ်ပြီး ရှင့်ရဲ့ လုပ်ရပ် ဖြစ်သွားရတာလဲ"

ကျွမ်းရှုယွမ်မှာ ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲကာ အော်ဟစ်လိုက်တော့သည်။

လီယွဲ့ကျင်းက ပြုံးရင်း ခေါင်းခါလိုက်ပြီး "ညီမကျွမ်း... ခင်ဗျားက ပါးစပ်ပဲ လှုပ်ခဲ့တာပါ... ဘယ်ကိစ္စကိုများ ကိုယ်တိုင်ကိုယ်ကျ ဆင်းလုပ်ဖူးလို့လဲ"

"လုပ်ငန်းတွေကို တကယ်တမ်း တာဝန်ယူပြီး လုပ်ဆောင်ခဲ့သူက ကျွန်တော်ပါ... ခင်ဗျား သွားမေးကြည့်လိုက်လေ... ကိုးဝူမျှော်စင်က အသက်ရှင်ကျန်ရစ်သူတွေထဲမှာ ကျွန်တော့်ကို အသိအမှတ်ပြုတဲ့သူ များသလား... ခင်ဗျားကို အသိအမှတ်ပြုတဲ့သူ များသလားလို့"

"ရှင်"

ကျွမ်းရှုယွမ်မှာ မျက်နှာပျက်သွားပြီး လီယွဲ့ကျင်းကို လက်ညှိုးထိုးကာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရှာသည်။

လီယွဲ့ကျင်းက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"ညီမကျွမ်း... အခုအချိန်က အရင်လို မဟုတ်တော့ဘူး... ဝူမုန့်လည်း မရှိတော့တဲ့အတွက် ကိုးဝူမျှော်စင်ကို တိုက်ခိုက်ရေးစွမ်းရည် ဘာမှမရှိတဲ့သူတစ်ယောက်က ဦးဆောင်လို့ မရတော့ဘူး"

"ကျွန်တော်က ခင်ဗျားနဲ့ အာဏာလုနေတာ မဟုတ်ပါဘူး... လင်းယွမ်ကို ကျွန်တော့်ရဲ့ တန်ဖိုးရှိမှုကို ပြသချင်ရုံပါ... ကျွန်တော် ဘာတွေလုပ်ပေးနိုင်လဲဆိုတာ လင်းယွမ်သိမှ ကျွန်တော့်ကို နေရာပေးလို့ အဆင်ပြေမှာလေ"

"လင်းယွမ်ခင်ဗျာ... ကျွန်တော့်ကို အားသုံးရတဲ့ အလုပ်ကြမ်းတွေ ခိုင်းတာထက်စာရင် သင်္ကေတကျောက်တွေ ပြုလုပ်ခိုင်းတာက ပိုပြီး တန်ဖိုးရှိမယ်လို့ ထင်ပါတယ်"

"ဒါ့အပြင် ခင်ဗျားသာ ကျွန်တော့်ကို ယုံကြည်မယ်ဆိုရင် လူတစ်ချို့ကို ရွေးချယ်ပေးပြီး ထိုက်ယန်တောင် ဘေးကင်းလုံခြုံရေးစခန်း တည်ဆောက်ရေးမှာ ကူညီပေးခိုင်းလို့ ရပါတယ်"

"ခင်ဗျားရဲ့ ဦးဆောင်မှုအောက်မှာဆိုရင် ကိုးဝူမျှော်စင်တုန်းကထက် ပိုကောင်းအောင် လုပ်ပေးနိုင်မယ်လို့ အာမခံပါတယ်"

ကျွမ်းရှုယွမ်မှာ အလွန် စိတ်ပူသွားပြီး လင်းယွမ်ကို အလျင်အမြန် ကြည့်ကာ ပြောလိုက်သည်။

"လင်းယွမ်... ကျွန်မရဲ့ အစွမ်းကို ရှင် သိပ်မသိသေးလို့ပါ... ကျွန်မက စိတ်ဖတ်တဲ့ အစွမ်းကို ပိုင်ဆိုင်ထားတာပါ... တဖက်လူရဲ့ အတွေးတွေကို အာရုံခံနိုင်ပါတယ်"

"ကျွန်မသာ ရှိနေရင် ဘယ်သူတွေက ရှင့်ကို တကယ် သစ္စာရှိလဲ... ဘယ်သူတွေက ရှင့်အပေါ် အငြိုးအတေး ထားနေလဲ... ဘယ်သူတွေက မကောင်းကြံစည်နေလဲ ဆိုတာ ခွဲခြားပေးနိုင်ပါတယ်"

"ကျွန်မက တိုက်ခိုက်နိုင်စွမ်း မရှိပေမယ့် စခန်းဘေးကင်းဖို့အတွက် တည်ဆောက်ရေးအပိုင်းမှာတော့ အများကြီး အထောက်အကူ ပေးနိုင်မှာပါ"

လင်းယွမ်က သူတို့နှစ်ဦး၏ စိတ်ပူပန်နေသော ပုံစံများကို ကြည့်ကာ ပြုံးလိုက်မိသည်။

"ခင်ဗျားတို့နှစ်ယောက်ရဲ့ စွမ်းရည်တွေကို ကျွန်တော် သိပါပြီ... နောက်ကျရင် ခင်ဗျားတို့နဲ့ သင့်တော်တဲ့ နေရာတွေကို စီစဉ်ပေးပါ့မယ်"

"ဒါပေမယ့် အခုလက်ရှိ အရေးတကြီး လုပ်ရမှာကတော့ စစ်ရှုံးသူတွေအနေနဲ့ ပေးဆပ်ရမယ့် တာဝန်တွေကို ထမ်းဆောင်ဖို့ပါပဲ"

"အရင်တုန်းက ကျွန်တော့်ကို လုပ်ကြံဖို့ စီစဉ်ခဲ့တာတွေကို ဒီအတိုင်း ကျော်သွားမယ်လို့တော့ မထင်ဘူးမလား"

"တစ်လလောက် အလုပ်ကြမ်း အပြစ်ဒဏ် အရင်ကျခံကြပါ... တစ်လပြည့်သွားရင်တော့ ခင်ဗျားတို့အားလုံးကို လူစုပြန်ခွဲပြီးတော့ အထောက်အထားနဲ့ နေရာတွေ ပြန်ချပေးမယ်"

"အခုတော့ ခင်ဗျားတို့ရဲ့ စခန်းအသီးသီးကို ပြန်ပြီး အသက်ရှင်ကျန်ရစ်သူ အားလုံးကို ဒီကို ခေါ်လာခဲ့ကြ"

"ကျွန်တော်က ကုန်တိုက်စင်တာ အဆောက်အအုံကြီးတစ်ခုနဲ့ အကြီးစား ဘေးကင်းလုံခြုံရေးစခန်းကြီးတစ်ခု တည်ဆောက်ချင်တယ်"

ကျွမ်းရှုယွမ်နှင့် လီယွဲ့ကျင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် မတတ်သာသည့်အဆုံး ခေါင်းငုံ့လိုက်ကြရသည်။

ရှုံးနိမ့်သူများ ဖြစ်သည့်အလျောက် အပြစ်ဒဏ်တော့ ခံကြရပေမည်။

တစ်လလောက် အလုပ်ကြမ်းလုပ်ရခြင်းက လင်းယွမ်အတွက် သက်ညှာပေးရာ ရောက်နေပါပြီ။

လင်းယွမ်က ခန့်မှန်းတွက်ချက်ကြည့်လိုက်သည်။ လူဦးရေ တစ်ထောင်နီးပါးရှိသော အင်အားစုဖြင့်ဆိုလျှင် သူတည်ဆောက်လိုသော ကုန်တိုက်စင်တာနှင့် ဘေးကင်းလုံခြုံရေးစခန်းကြီးမှာ တစ်လအတွင်း အမြန်ပြီးစီးနိုင်ပေသည်။

ဤလူတစ်ထောင်နီးပါးထဲတွင် သာမန်လူများအပြင် အစွမ်းပိုင်ရှင်များစွာလည်း ပါဝင်နေသည်ကို သတိပြုရမည်။

ထိုအစွမ်းပိုင်ရှင်များသည် ခွန်အားအစွမ်းပိုင်ရှင်များ မဟုတ်ကြလျှင်တောင်မှ အစွမ်းနိုးထပြီးနောက်ပိုင်း သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ခွန်အားများက အကြီးအကျယ် တိုးတက်လာခဲ့ကြသည်။

ထို့ကြောင့် အလုပ်ကြမ်းလုပ်ရသည်မှာ သူတို့အတွက် အလွန်လွယ်ကူပေသည်။

မကြာခင်မှာပင် စခန်းကြီးသုံးခုမှ လူအားလုံးကို မီးဝါးတောသို့ စုစည်းလိုက်ကြသည်။

လင်းယွမ်၏ ညွှန်ကြားချက်အောက်တွင် ကင်းလှည့်အဖွဲ့က လုံခြုံရေးတာဝန်ယူပြီး ဟန်ရှန်းမန်၏ အဖွဲ့က လုပ်ငန်းခွင်ကို ကြီးကြပ်ကြသည်။

လူပေါင်းထောင်ချီသည် ဤတောင်ကြားချိုင့်ဝှမ်းထဲတွင် အကြီးစား စီမံကိန်းကြီးများကို စတင် လုပ်ဆောင်ကြတော့သည်။

ပထမဦးဆုံး အနေဖြင့် တောင်ကြားထဲရှိ ပေါင်းမြက်များနှင့် သစ်ပင်များကို ရှင်းလင်းရသည်။

ဤအလုပ်မှာ အလွယ်ကူဆုံးဖြစ်ပြီး သာမန်လူများပင် လုပ်ဆောင်နိုင်သည်။

ထို့နောက်တွင် မွေးမြူရေးခြံ၊ သားသတ်ရုံ၊ စိုက်ပျိုးရေးဇုန်နှင့် လူနေအိမ်ရာဇုန် စသည်ဖြင့် နေရာများကို ပိုင်းခြားသတ်မှတ်ကြသည်။

တောင်ကြားချိုင့်ဝှမ်းမှာ အလွန်ကျယ်ဝန်းသဖြင့် လူနေအိမ်ရာဇုန်ကို ရိုးရှင်းစွာပင် ဝါးများ၊ သစ်တုံးများဖြင့် အများဆုံး တည်ဆောက်ကြသည်။

ရွှံ့နွံထူသော မြေပြင်ကိုလည်း ပြုပြင်ရန် လိုအပ်သဖြင့် ကျောက်တောင်နံရံများမှ တူးဖော်ရရှိသော ကျောက်တုံးများကို တောင်ကြားမြေပြင်ပေါ်တွင် ခင်းကျင်းကာ သပ်ရပ်သော လမ်းများအဖြစ် ဖောက်လုပ်ကြသည်။

ဤလုပ်ငန်းစဉ်အတွင်း စခန်းအားလုံးမှ လူများကို လူစုခွဲလိုက်ပြီး အချင်းချင်း ပြန်လည် မိတ်ဆက်ပေးခြင်း၊ လုပ်ငန်းတာဝန် ခွဲဝေခြင်းများဖြင့် တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာစေသည်။

လင်းယွမ်၏ ဤနည်းဗျူဟာမှာ ကုန်တိုက်စင်တာ တည်ဆောက်ရေး ပြဿနာကို ဖြေရှင်းနိုင်ရုံသာမက ထိုသူများအပေါ်တွင် စွဲနေသော မူလအမှတ်အသားများကိုပါ ဖျောက်ဖျက်ပေးနိုင်ခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ လင်းယွမ်၏ အဖွဲ့သည် ထိုလူများထဲမှ အရည်အချင်းရှိသူများကို တူးဖော် ရှာဖွေနိုင်လာခဲ့သည်။

ဆောက်လုပ်ရေး အလုပ်ကြမ်းသမား လုပ်ဖူးသူ၊ ပန်းရံလုပ်ဖူးသူနှင့် ဘိလပ်မြေကိုင်ဖူးသည့် အတွေ့အကြုံရှိသူများကို ဝါးအိမ်ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ပို့လိုက်သည်။

အသက်ကြီးပိုင်းများထဲမှ စိုက်ပျိုးရေးနှင့် ပန်းမန် အတွေ့အကြုံရှိသူများကို ဆုန့်ဝမ်က ခေါ်ထုတ်သွားပြီး အဒေါ်ကြီးလီတို့ထံ အပ်နှံကာ စီမံခန့်ခွဲစေသည်။

ဇာတိမြေတွင် ဝက်မွေးမြူဖူးသူများကိုမူ မွေးမြူရေးခြံဘက်သို့ ပို့လိုက်သည်။

ထမင်းဟင်းချက်တတ်သူများကို ယာယီစားဖိုဆောင်သို့ ပို့ပြီး လူအများအတွက် ထမင်းဟင်းချက်ပြုတ်စေသည်။

စီမံခန့်ခွဲရေးနှင့် ရုံးလုပ်ငန်း အတွေ့အကြုံရှိသူများမှာမူ ယခုအချိန်တွင် ဘာမှ သုံးမရတော့ဘဲ အားလုံးလိုလို ကျောက်တုံးသယ်၊ မြေတူး အလုပ်ကြမ်းများကိုသာ ငြိမ်ကုပ်ပြီး လုပ်နေကြရသည်။

ထိုသူများကိုတော့ လောလောဆယ်တွင် စီမံခန့်ခွဲသူအဖြစ် ခန့်အပ်၍ မဖြစ်နိုင်သေးပေ။

လက်ရှိအချိန်တွင် သူတို့၏ စိတ်နေသဘောထားကို ပြုပြင်တည့်မတ်ပေးရန် လိုအပ်နေသေးသည်။

မြင့်မြတ်သော အရှိန်အဝါရှိသည့် ကျွမ်းရှုယွမ်ပင်လျှင် ဆုန့်ဝမ်၏ အဖွဲ့ထဲသို့ ဝင်ရောက်လုပ်ကိုင်နေရသည်။

မူလက သူမသည် ပန်းစိုက်ပျိုးခြင်း အတွေ့အကြုံ အတော်အတန် ရှိခဲ့သူ ဖြစ်နေသည်။

အကယ်၍သာ သူမက ဒါတွေကို နားမလည်ခဲ့ဘူးဆိုရင် အစွမ်းပိုင်ရှင် ဖြစ်နေလင့်ကစား ကျောက်တောင်တူးသည့် နေရာသို့ အပို့ခံရမှာ သေချာသည်။

ယခုအချိန်တွင် စိုက်ပျိုးရေးဇုန်၌ အဒေါ်ကြီးလီက မြေရိုင်းများ ခုတ်ထွင်ရှင်းလင်းရန် ဦးဆောင် ညွှန်ကြားနေသည်။

"ကဲ... အားလုံးပဲ လက်သွက်ကြဟေ့... မကြာခင် ဆောင်းဝင်တော့မယ်... ဒီမိုးကြီးကလည်း မတိတ်နိုင်ဘူး... ငါတို့ ဘာမှစိုက်လို့မရ ဖြစ်နေပြီ... ဒါကြောင့် ဒီရေမြောင်းတွေကို သေချာလုပ်မှရမယ်... အတော်အတန် ကျယ်ပြီး နက်အောင် တူးကြ"

"အနောက်ဘက်မှာ ပလပ်စတစ်စင်တွေ ထိုးမယ်... မိုးရေ တိုက်ရိုက်ကျတာ နည်းသွားအောင်လို့လေ... မျိုးစေ့တွေ ရေနစ်ပြီး သေကုန်လို့ မဖြစ်ဘူး"

"လင်းယွမ် ရှာဖွေပေးထားတဲ့ မျိုးစေ့တွေက ရဖို့ မလွယ်ဘူး... ငါတို့ တစ်စေ့မှ အလေအလွင့် အဖြစ်ခံလို့ မရဘူးနော်"

သူမက လူအများကို အားပေးစကား ပြောနေသလို ဆုန့်ဝမ်ကလည်း မျိုးစေ့ပျိုးထောင်ခြင်းကို တာဝန်ယူ လုပ်ဆောင်နေသည်။

သူမ၏ အစွမ်းဖြင့်ဆိုလျှင် မျိုးစေ့များကို အပင်ပေါက်အောင် လုပ်ဆောင်ရန်မှာ အလွန် လွယ်ကူလှသည်။

တစ်ခုတည်းသော ပြဿနာမှာ အပင်ပေါက်ပြီးသွားသော အပင်ငယ်လေးများကို ဂရုတစိုက် ပြုစုပျိုးထောင်ရန် လိုအပ်ခြင်းပင် ဖြစ်သည်။

ကျွမ်းရှုယွမ်က အဒေါ်ကြီးလီ အနားသို့ လျှောက်သွားပြီး အကြံပြုလိုက်သည်။"အဒေါ်ကြီးလီ... ကျွန်မမှာ အကြံတစ်ခု ရှိတယ်... ပြောသင့် မပြောသင့်တော့ မသိဘူးပေါ့လေ"

အဒေါ်ကြီးလီက လှည့်ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။

"ညည်းကလည်း... ဒီကိုရောက်နေတာ ကြာလှပြီပဲ... ဘာလို့ အားနာနေသေးတာလဲ... ပြောစရာရှိတာ ပြောသာပြော"

ကျွမ်းရှုယွမ်က အလျင်အမြန်ပင် ပြောလိုက်သည်။

"ကျွန်မ ထင်တာကတော့ စိုက်ပျိုးရေးဇုန်မှာ ရေလွှမ်းမိုးမှုမတိုင်ခင်က သာမန်အပင်တွေနဲ့ ရေလွှမ်းမိုးမှုနောက်ပိုင်း သန္ဓေပြောင်းအပင်တွေကို ခွဲပြီး စိုက်သင့်တယ်လို့ ထင်ပါတယ်"

"သန္ဓေပြောင်းအပင်တွေက တကယ်တော့ ရေလွှမ်းမိုးတာကို မကြောက်ဘူး... သူတို့အတွက် ပလပ်စတစ်စင်တွေတောင် လိုချင်မှ လိုမှာ"

"ဟို ပိန်းဥတွေနဲ့ ကိုးဝူမျှော်စင်က သယ်လာတဲ့ ကြာစွယ်တွေ၊ ကြံပင်တွေဆိုရင် မိုးရေထဲမှာ ကောင်းကောင်း ရှင်သန်နိုင်ပါတယ်"

အဒေါ်ကြီးလီက ကြားလိုက်ရသဖြင့် ခေါင်းညိတ်လိုက်ပြီး "ကျွမ်းလေး ပြောတာ ဟုတ်သားပဲ... သန္ဓေပြောင်းအပင်တွေအကြောင်း ငါက နားမလည်ဘူးလေ... ငါက သာမန်အပင်တွေပဲ စိုက်ဖူးတာ"

"အဲဒီကိစ္စကို ညည်း ဆုန့်လေးနဲ့ သွားတိုင်ပင်ကြည့်လိုက်"

"ဆုန့်လေးရေ... သမီး ဘယ်လိုသဘောရလဲ"

အဒေါ်ကြီးလီက ဆုန့်ဝမ်ဘက်သို့ လှည့်မေးလိုက်သည်။

ဆုန့်ဝမ်သည် သန္ဓေပြောင်းအပင် စိုက်ပျိုးခြင်းကို တာဝန်ယူထားသူ ဖြစ်သည်။

သူမက မတ်တတ်ထရပ်လိုက်ပြီး စဉ်းစားကာ ပြောလိုက်သည်။

"ဒီအကြံဉာဏ် မဆိုးပါဘူး... သန္ဓေပြောင်းအပင်တွေကို သာမန်အပင်တွေနဲ့ ခွဲစိုက်တာ ပိုကောင်းပါတယ်"

ကျွမ်းရှုယွမ်က ဆုန့်ဝမ် စကားပြန်ပြောမည့်အချိန်ကို စောင့်နေပုံရပြီး အခွင့်ကောင်းယူကာ အနားသို့ လျှောက်သွားလိုက်သည်။ သူမက ပြုံးရွှင်စွာဖြင့် "ညီမဆုန့်... ကျွန်မမှာ တခြားအကြံဉာဏ်တွေလည်း ရှိပါသေးတယ်... အဆင်ပြေမယ်ဆိုရင် ညဘက်ကျရင် ရှင်နဲ့ အသေးစိတ် ဆွေးနွေးလို့ ရမလား"

ဆုန့်ဝမ်က သူမကို တစ်ချက်ကြည့်လိုက်သည်။ ဤမြင့်မြတ်သော အရှိန်အဝါရှိသည့် အမျိုးသမီးအပေါ် မသိစိတ်က သတိထားနေမိသည်။

အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီး သူမအနား ကပ်လာသည်မှာ ပထမအကြိမ် မဟုတ်တော့သောကြောင့် ဖြစ်သည်။

ပြီးခဲ့တုန်းကလည်း သူမအနားကို ကပ်လာပြီး ပါးနပ်သော စကားလုံးများသုံးကာ အစ်ကိုကြီးလင်းယွမ်၏ သတင်းအချက်အလက်များကို နှိုက်ထုတ်သွားခဲ့ဖူးသည်။

ထိုအမျိုးသမီး ထွက်သွားပြီးမှ ဆုန့်ဝမ်တစ်ယောက် သတိပြန်ဝင်လာခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှစ၍ ဤအမျိုးသမီးအပေါ် ထားရှိသော သူမ၏ အမြင်မှာ သိပ်မကောင်းတော့ပေ။

ဆုန့်ဝမ်က တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။"ညဘက်က သိပ်အဆင်မပြေဘူး... ညီမကျွမ်း... ရှင် အကြံဉာဏ်ကောင်းတွေ ရှိရင်လည်း အဒေါ်ကြီးလီကိုပဲ ပြောပြလိုက်ပါ... အဒေါ်ကြီးလီကတဆင့် ကျွန်မကို ပြန်ပြောခိုင်းလိုက်မယ်လေ"

ပြောပြီးသည်နှင့် ဆုန့်ဝမ်က လီလန်ဟွာဘက် လှည့်ကာ ပြောလိုက်သည်။

"အဒေါ်ကြီးလီ... ဒီကကိစ္စတွေကို အဒေါ်ကြီးပဲ ကြည့်လုပ်ပေးပါနော်... ကျွန်မ မွေးမြူရေးခြံနဲ့ သားသတ်ရုံဘက်ကို သွားကြည့်လိုက်ဦးမယ်"

လီလန်ဟွာက လက်ကာပြလိုက်ပြီး "အေး အေး... သွားသာသွား... ဒီဘက်ကို ငါ ကြည့်လုပ်လိုက်မယ်"

"ညီမဆုန့်... ဆုန့်"

ကျွမ်းရှုယွမ်က လှမ်းခေါ်ရင်း လိုက်သွားချင်သော်လည်း စိုက်ပျိုးရေးစခန်းမှ ထွက်လိုက်သည်နှင့် ဟန်ရှန်းမန်၏ လူများက လှမ်းကြည့်လာကြသည်။

ကျွမ်းရှုယွမ်မှာ ခြေလှမ်းတုံ့သွားပြီး မကျေမနပ်ဖြင့် စိုက်ပျိုးရေးစခန်းထဲသို့ ပြန်ဝင်လာခဲ့ရသည်။

အဒေါ်ကြီးလီက ထိုမြင်ကွင်းကို ကြည့်ပြီး ခေါင်းခါလိုက်မိသည်။ သူမက သက်ပြင်းချကာ "ကျွမ်းလေးရယ်... ညည်းက လိမ္မာပါးနပ်တဲ့ ကလေးပါ... ကိုယ့်အကြံဉာဏ်တွေကို အလုပ်လုပ်တဲ့နေရာမှာပဲ ပိုသုံးစမ်းပါ"

"ငါတို့ဆီမှာက တခြားနေရာတွေနဲ့ မတူဘူး... တစ်ကိုယ်ရည် စွမ်းဆောင်ရည်ကိုပဲ ကြည့်တာ... လင်းယွမ်က မျက်နှာလိုက်ပြီး နေရာပေးတဲ့သူ မဟုတ်ဘူး"

ကျွမ်းရှုယွမ်က နေရခက်စွာ ရယ်မောလိုက်ပြီး အဒေါ်ကြီးလီအနားသို့ လျှောက်လာကာ မေးလိုက်သည်။

"လင်းယွမ်က အဲဒီလောက်တောင် လက်တွေ့ကျလို့လား"

အဒေါ်ကြီးလီက ပြုံးစစဖြင့ "လင်းယွမ်က ငယ်တယ်ဆိုပြီး အထင်မသေးနဲ့... သူက ထက်မြက်တဲ့သူ... ဘယ်လိုကိစ္စမျိုးကိုမဆို ဖြတ်သန်းဖူးပြီးသား"

"ညည်းသာ အလုပ်ကို ကောင်းကောင်းလုပ်... ကောင်းရင်ကောင်းသလို သူ အလိုလို မြင်လာပါလိမ့်မယ်"

ကျွမ်းရှုယွမ်က နှုတ်ခမ်းကို စေ့ထားလိုက်ပြီး ဂရုမစိုက်သလို နေလိုက်သည်။

သူမက အနုပညာအဖွဲ့မှာ နှစ်ပေါင်းများစွာ လုပ်ခဲ့သူမို့ ရုံးတွင်းနိုင်ငံရေး ကိစ္စတွေကို ဘယ်သူ့ထက်မဆို နောကျေနေသူ ဖြစ်သည်။

အလုပ်များများလုပ်ရင် လူကြီးမြင်မယ် ဟုတ်လား...

ဟာသတွေ လာပြောမနေစမ်းပါနဲ့။

ရှေးယခင်ကတည်းက အလုပ်လုပ်တတ်တဲ့သူက အလုပ်ပိုလုပ်ရတယ် ဆိုတာချည်းပါပဲ။

တကယ်တမ်း ရာထူးတက်သွားကြတဲ့ သူတွေထဲမှာ လက်တွေ့ အလုပ်လုပ်တဲ့သူ ဘယ်နှစ်ယောက် ပါလို့လဲ။

လင်းယွမ်ကလည်း သူမလို စိတ်ဖတ်ခြင်း အစွမ်း ရှိတာမှ မဟုတ်တာ... ဘယ်လိုလုပ် အရာအားလုံးကို သိနိုင်မှာလဲ။

သူ့အကြိုက်ကို လိုက်မလုပ်ပေးဘဲနဲ့ ဘယ်လိုလုပ် ကိုယ့်ကို သတိထားမိမှာလဲ။

တစ်လပြည့်ပြီးတဲ့အချိန်မှာ ဒီရွှံ့နွံတွေထဲမှာ မြေတူး၊ ဟင်းသီးဟင်းရွက်စိုက်တဲ့ ဘဝမျိုးနဲ့တော့ သူမ ဆက်မနေချင်တော့ပေ။

မီးဝါးတောအနီးတွင် မွေးမြူရေးခြံနှင့် သားသတ်ရုံကို တည်ဆောက်ထားကြသည်။

တောင်ကြားချိုင့်ဝှမ်းဘက်ကို လူနေအိမ်ရာဇုန်အဖြစ် သတ်မှတ်ထားသဖြင့် အနံ့အသက် ပြင်းသော ဤနေရာနှစ်ခုကို လင်းယွမ်က အထဲမှာ ထည့်မထားဘဲ လေအောက်ဘက်တွင် ရွေးချယ် တည်ဆောက်စေခဲ့သည်။

လက်ရှိတွင် တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ရေလှောင်ကန်နှင့်လည်း နီးသဖြင့် ရေရရှိရန် လွယ်ကူသောကြောင့် စတင် အသုံးပြုနေပြီ ဖြစ်သည်။

လင်းယွမ်က နေ့စဉ် သားသတ်ရုံသို့ လာရောက်ပြီး သားသတ်ခြင်း ကိစ္စကို တာဝန်ယူ လုပ်ဆောင်ပေးသည်။

သူက စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း တစ်ချက် ထုတ်သုံးလိုက်ရုံဖြင့် သန္ဓေပြောင်းသတ္တဝါ အားလုံး၏ အသက်ကို ချက်ချင်း နှုတ်ယူလိုက်နိုင်သည်။

ကျန်ရှိသည့် သားခုတ်ထစ်ခြင်း ကိစ္စများကိုတော့ တခြားလူများထံ လွှဲပေးလိုက်သည်။

ယခုအချိန်တွင် လူအင်အား အများစုမှာ စခန်းတည်ဆောက်ရေးတွင် ရောက်နေကြသဖြင့် သူခေါ်လာသည့် လူတစ်ချို့သာ ငါးဖမ်းထွက်နိုင်ကြသည်။

ထို့ကြောင့် နေ့စဉ် ဝင်ရောက်လာသည့် အမှတ်များမှာ အလွန်နည်းပါးပြီး တစ်ထောင်တောင် မပြည့်ပေ။

သို့သော် လင်းယွမ်က မလောပေ။ လဖက်ကောင်းကောင်း စားချင်လျှင် ပလောင်တောင်တက်နှေးရမည် ဆိုသည်ကို သူ နားလည်သည်။

ကုန်တိုက်စင်တာနှင့် ဘေးကင်းလုံခြုံရေးစခန်း တည်ဆောက်ပြီးစီးသွား၍ ထိုက်ယန်တောင်မှ လူများအားလုံး စနစ်တကျ ဖြစ်သွားသောအခါ လုပ်အားအများအပြား ပိုထွက်လာပေမည်။

ထိုအချိန်ကျမှ သူ့အတွက် သန္ဓေပြောင်းသတ္တဝါ ဖမ်းပေးမည့်သူ၊ အမှတ်ရှာပေးမည့်သူများ ပေါများလာပေလိမ့်မည်။

"အစ်ကိုလင်း... ဒီဘက်က လုပ်ငန်းခွင် ပြီးတာ အမြန်ဆုံးပဲနော်"

လင်းယွမ် ဘေးနားရှိ ဆုန့်ဝမ်က ကြီးမားသော မွေးမြူရေးခြံနှင့် သားသတ်ရုံ နှစ်ခုကို ကြည့်ပြီး ပြောလိုက်သည်။

လင်းယွမ်က ကုန်တိုက်စင်တာကို ဦးစားပေး မလုပ်ဘဲ သားသတ်ရုံနှင့် မွေးမြူရေးခြံကို အရင်ဆုံး လက်စသတ်ခဲ့ခြင်း ဖြစ်သည်။

လင်းယွမ်က ရယ်မောကာ "ငါတို့က နေ့တိုင်း ငါးဖမ်းပြီး ငါးသတ်နေရတာလေ... သားသတ်ရုံမရှိရင် ဘယ်ဖြစ်မလဲ... ပြီးတော့ နောက်ပိုင်းကျရင် မိလ္လာကန်တစ်ခု ထပ်လုပ်ဦးမယ်... စိုက်ပျိုးရေးခြံဘက်မှာ မြေဩဇာသုံးဖို့အတွက်လေ"

"ဟင်... အဲဒါဆို အနံ့တွေ အရမ်းနံနေမှာပေါ့" ဆုန့်ဝမ်က မေးလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ဒါကြောင့် စိုက်ပျိုးရေးခြံကို နေရောင်ကောင်းကောင်းရပြီး လေတိုက်တဲ့နေရာမှာ ထားရမှာ... မီးဝါးတော အပြင်ဘက်က လှေကားထစ် စိုက်ခင်းတွေကို ငါ ထပ်ပြီး ပြုပြင်မလို့ စဉ်းစားထားတယ်"

သူတို့နှစ်ဦးသည် အစီအစဉ်များကို ပြောဆိုရင်း လမ်းလျှောက်လာကြသည်။

စကားပြောနေစဉ် လင်းယွမ်က ဆုန့်ဝမ်၏ နူးညံ့သော လက်ကလေးကို မတော်တဆလိုလိုနှင့် လှမ်းထိလိုက်သည်။

ဆုန့်ဝမ်မှာ မျက်နှာလေး ရဲသွားသော်လည်း ငြင်းဆန်ခြင်း မရှိပေ။ ဘာမှမဖြစ်သလိုနှင့် သူ့လက်ကို တွဲလိုက်သည်။

သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ တစ်ဝက်လောက် အတိအလင်း ဖြစ်နေပြီ ဖြစ်သည်။

ရန်မေ ရှေ့တွင်သာ အနည်းငယ် ထိန်းသိမ်းကြသော်လည်း ကျန်သည့်အချိန်များတွင် လူများကို သိပ်ပြီး ဟန်ဆောင် ရှောင်ဖယ်ခြင်း မရှိတော့ပေ။

တင်းယန်ဘက်က အခြေအနေလည်း ထိုနည်းတူပင် ဖြစ်သည်။

သို့သော် တင်းယန်က စခန်းထဲတွင် အမြဲနေရသည်ကို မကြိုက်ပေ။ သူမက လူများကို ဦးဆောင်ပြီး အမဲလိုက်၊ သန္ဓေပြောင်းသတ္တဝါ ဖမ်းထွက်ရသည်ကို ပိုသဘောကျသည်။

ကိုးဝူမျှော်စင်၊ မိန်ဟိုင်ဥယျာဉ်နှင့် ဖုန်းဟွမ်ဘုရားကျောင်း သုံးနေရာလုံးတွင်လည်း စောင့်ကြပ်မည့်သူများ ထားရှိထားသည်။

ထိုနေရာများကို လင်းယွမ် လက်လွှတ်မခံလိုပေ။ ထိုက်ယန်တောင် တစ်ခုလုံးကို သိမ်းပိုက်မည် ဆိုကတည်းက ထိုနေရာများတွင် လူချထားရန် လိုအပ်သည်။

လက်ရှိ ထိုက်ယန်တောင်၏ ဖွဲ့စည်းပုံမှာ မီးဝါးတောကို ဗဟိုပြုထားပြီး ကျန်ရှိသည့် စခန်းများကို ဖြန့်ကျက်ထားသည့် ပုံစံမျိုး ဖြစ်သည်။

နေ့စဉ် လိုအပ်သော ပစ္စည်းများနှင့် အားဖြည့်ပစ္စည်းများကို မီးဝါးတောဘက်မှ ရယူကြရပြီး ကိုယ်တိုင် ငါးဖမ်း၍ မီးဝါးတောသို့ လာပို့လျှင်လည်း ရသည်။

ထို့အတွက် လင်းယွမ်က ရေမြုပ်ထားသော ကားအစုတ်အချို့ကို ထုတ်ပေးထားသည်။ ကံကောင်းသည်မှာ စခန်းထဲတွင် ကားပြင်တတ်သူများ ရှိနေသဖြင့် လျှပ်စစ် ပစ္စည်းအချို့ လဲလှယ်လိုက်ရုံဖြင့် ပြန်သုံး၍ ရနေသည်။

လက်ရှိ သယ်ယူပို့ဆောင်ရေးတွင် ဤကားအနည်းငယ်မှာ တန်ဖိုးအရှိဆုံး ဖြစ်နေသည်။

တောင်ပတ်လမ်းကိုလည်း ပြန်လည် ပြုပြင်ထားသည်။ လမ်းဘေးဝဲယာတွင် ပေါက်ရောက်နေသော နွယ်ပင်များ၊ ပေါင်းမြက်များနှင့် သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းလိုက်သဖြင့် လမ်းပုခုံးသားများ ပြန်ပေါ်လာသည်။

ကျောက်ခိုင်၊ ချိုင်ကြည်တို့ အဖွဲ့က ထိုကားများကို အလွန် သဘောကျကြသည်။ ပင်လယ်ရေဒီရေလှိုင်းများ တက်လာပါက အပြင်ဘက်တွင် ရပ်ထားသော ကားများ ပျက်စီးသွားမည်ကို စိုးရိမ်သဖြင့် အနီးအနားတွင် ကားရပ်ရန် ကျောက်ဂူကျယ်ကျယ်ကြီးများ ထွင်းထားကြသည်။

တကယ်တမ်းတော့ မလိုအပ်လှပေ။ ရေကြီးလာလျှင် လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲ ထည့်သိမ်းလိုက်ရုံသာ ရှိသည်။

သို့သော် သူတို့၏ ကားများအပေါ် တန်ဖိုးထားမှုကို နားလည်ပေးနိုင်သဖြင့် သူတို့၏ စိတ်အားထက်သန်မှုကို မတားဆီးခဲ့ပေ။

သူတို့နှစ်ဦး စခန်းအနှံ့ လျှောက်ကြည့်လိုက်ကြသည်။ ကုန်တိုက်စင်တာဘက်တွင် ၄၊ ၅ လွှာလောက် တူးဖော်ပြီးစီးနေပြီ ဖြစ်ပြီး အတွင်းဘက်တွင် ဆိုင်ခန်းအကြီးအသေး နေရာများကိုလည်း ခွဲခြားထားပြီး ဖြစ်သည်။

နံရံများကိုလည်း ဒုတိယအကြိမ် ထပ်မံ အားဖြည့်ထားသည်။ မာကျောသော မီးဝါးများ အသုံးပြုထားသည့်အပြင် မြေဓာတ် စွမ်းအင်ကျောက်တုံးများဖြင့်လည်း အားဖြည့်ထားသည်။

မီးဝါးနှင့် မြေဓာတ် စွမ်းအင်ကျောက်တုံးများကြောင့် အတွင်းပိုင်း ကျောက်နံရံများမှာ အရောင်အသွေး စုံလင်ကာ လှပနေသည်။ မီးအလင်းရောင်အတွက်လည်း လင်းယွမ်က ဝါယာကြိုးများ သွယ်တန်းရန် နေရာချန်ခိုင်းထားသည်။

မီးလုံး၊ မီးချောင်းများကတော့ သူ့ပစ္စည်းသိုလှောင်ခန်းထဲတွင် အများအပြား ရှိနေသည်။ ဟန်လုံစင်တာမှ ထွက်ခွာလာစဉ်က သူ အကုန်ကျုံးယူလာခဲ့ခြင်း ဖြစ်သည်။

ဤနေရာတွင် တည်ဆောက်ရေး ပြီးစီးသည်နှင့် စနစ်မှ မဲပေါက်ထားသော လျှပ်စစ်ထုတ်စက်များကို တပ်ဆင်လိုက်လျှင် ကုန်တိုက်စင်တာ တစ်ခုလုံးကို လျှပ်စစ်မီး ပေးနိုင်တော့မည် ဖြစ်သည်။

ကုန်တိုက်စင်တာတင် မကဘဲ တောင်ကြားထဲတွင် တူးဖော်ထားသော ကျောက်ဂူအိမ်ခန်းများ၊ ဝါးအိမ်များ၊ စိုက်ပျိုးရေးဇုန် စသည့် နေရာအားလုံးတွင် လျှပ်စစ်မီးများ တပ်ဆင်ပေးမည် ဖြစ်သည်။

ကောင်းကင်ကြီး မိုးချုပ်စပြုလာပြီ ဖြစ်သည်။ လင်းယွမ်နှင့် ဆုန့်ဝမ်တို့သည် စခန်းအနှံ့ လှည့်လည်ကြည့်ရှုပြီးနောက် မီးဝါးတောအပြင်ဘက်ရှိ ကျောက်ဂူအိမ်သို့ ပြန်လာခဲ့ကြသည်။

ရန်မေက ညစာ ချက်ပြုတ်ထားပြီး ဖြစ်သည်။ တုန်ယန်တို့နှင့်အတူ ကုန်တိုက်ဖွင့်လှစ်ချိန်တွင် ဆိုင်ခန်းတစ်ခန်းယူပြီး စီးပွားရေးလုပ်ရန် တိုင်ပင်နေကြသည်။

လင်းယွမ် ပြန်ရောက်လာပြီး သူတို့ပြောနေသည်ကို ကြားလိုက်ရသဖြင့် ပြုံးမိသွားသည်။

"အမမေ... တကယ်ကြီးလား... တကယ် ဆိုင်ဖွင့်မလို့လား"

ရန်မေက မျက်စောင်းလေးထိုးကာ ပြောလိုက်သည်။"ဒါပေါ့... တို့နဲ့ ယန်ယန်တို့ တိုင်ပင်ပြီးပြီ... ရုပ်ရှင်ရုံ ဖွင့်ကြမလို့"

"လူတွေက အခုတော့ အသက်ရှင်ဖို့ ရုန်းကန်နေကြရပေမယ့် နောက်ပိုင်း အားလပ်ချိန်တွေ ရှိလာရင် အပန်းဖြေဖို့ လိုလာမှာပဲလေ... ရုပ်ရှင်ရုံက သေချာပေါက် ဟော့မယ့် လုပ်ငန်းပဲ"

လင်းယွမ်က ရယ်ရခက် ငိုရခက်ဖြင့ "ဒါဆို ကျွန်တော်က အမတို့ဆီက မီးဖိုး ကောက်ရမှာပေါ့"

ရန်မေက လင်းယွမ်၏ လက်မောင်းကို ချိတ်လိုက်ပြီး ပြုံးစစဖြင့် ပြောလိုက်သည်။

"မောင်ကလည်း... တို့တွေကိုတော့ စပယ်ရှယ် လုပ်ပေးရမှာပေါ့... မဟုတ်ရင် စည်းကမ်းပျက်တယ် ဆိုပြီး လူတွေက တို့တွေကို အနောက်ပေါက်ကနေ ဝင်တယ်လို့ ထင်သွားရင် မကောင်းဘူးလေ"

လင်းယွမ်က မျက်နှာထား ပြောင်းသွားပြီး "အနောက်ပေါက် ဟုတ်လား"

ရန်မေ၏ အပြုံးများ ရပ်တန့်သွားသည်။ သူ ဘာတွေ တွေးနေမှန်း ချက်ချင်း သဘောပေါက်သွားပြီး မျက်နှာရဲခနဲ ဖြစ်သွားကာ ရင်ဘတ်ကို ခပ်ဖွဖွ ထုလိုက်သည်။ "မောင်လေးနော်... ဘာတွေ လျှောက်တွေးနေတာလဲ"

လင်းယွမ်က ဟီးခနဲ ရယ်လိုက်ပြီး "ဟောဗျာ... အမဘာသာ ညစ်ညစ်ပတ်ပတ် တွေးနေပြီးတော့... ကျွန်တော့်ကို လာမလွှဲနဲ့လေ"

"အရမ်းဆိုးတာပဲ"

သူမက လင်းယွမ်၏ လက်မောင်းကို ရိုက်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အမ ဒီရက်ပိုင်း ဓမ္မတာ ကိစ္စရှိနေလို့... မောင်လေး ဒီည ဆုန့်ဝမ်ဆီ သွားလိုက်နော်"

လင်းယွမ်က ရင်ထဲ နွေးခနဲ ဖြစ်သွားသော်လည်း ဟန်ဆောင်ပြီး တွန့်ဆုတ်နေသလို လုပ်လိုက်သည်။

"အဲဒါ... ကောင်းပါ့မလား"

ရန်မေက မျက်စောင်းထိုးလိုက်ပြီး "လူတောင် အိမ်ထဲ ရောက်နေပြီကို... ဘာတွေ ဟန်ဆောင်နေတာလဲ"

လွန်ခဲ့သော ဒီရေလှိုင်း တက်သည့် အချိန်ကတည်းက လင်းယွမ်က ဆုန့်ဝမ်နှင့် တုန်ယန်ကို အိမ်တွင် ခေါ်ထားလိုက်ခြင်း ဖြစ်သည်။

နောက်ပိုင်း စခန်းကြီးသုံးခုကို သိမ်းပိုက်ပြီးနောက် တင်းယန်ကလည်း အားကျမခံ လင်းယွမ်ကို ပြောပြီး သူမအတွက် အိမ်မှာ အခန်းတစ်ခန်း ချန်ထားခိုင်းသည်။ သို့သော် သူမက ဝင်တော့မနေပေ။

လင်းယွမ်က ဘာမှမပြောဘဲ အိပ်ခန်းတစ်ခန်း ထပ်တူးပေးပြီး တင်းယန်အတွက် သီးသန့် ချန်ထားပေးသည်။

တင်းယန်က သတ္တုတွင်းဧရိယာ ဒါမှမဟုတ် တခြားစခန်းတွေမှာ မရှိတဲ့အချိန်ဆိုလျှင် အိမ်ပြန်လာအိပ်လေ့ရှိသည်။

သူတို့နှစ်ဦး တရားဝင် ဘာမှမဖြစ်ကြသေးသော်လည်း နာမည်အရတော့ အတူတွဲနေကြပြီ ဖြစ်သည်။

ရန်မေကလည်း ဤထူးဆန်းသော ဆက်ဆံရေးကို လက်ခံထားပုံရသည်။

မလှမ်းမကမ်းတွင် ဟင်းပွဲပြင်နေသော ဆုန့်ဝမ်၏ မျက်နှာလေးမှာ ရဲနေပြီး လှုပ်ရှားမှုများက သိပ်မမှန်တော့ပေ။

အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သည့်အလျောက် သူတို့နှစ်ယောက် ပြောစကားများကို အကုန် ကြားနေရသည်မှာ သေချာသည်။

ယခုတော့ မကြားချင်ယောင်ဆောင်ပြီး တည်ငြိမ်နေသလို ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။

ညဘက်တွင် တင်းယန် ပြန်မလာပေ။ မိန်ဟိုင်ဥယျာဉ်တွင် တာဝန်ကျသဖြင့် အဖွဲ့ကို ဦးဆောင်ပြီး ကင်းစောင့်ရမည်ဟု လင်းယွမ်တို့ကို ကြိုပြောထားသည်။

အိမ်တွင် ရန်မေ၊ တုန်ယန်၊ ဆုန့်ဝမ်နှင့် လင်းယွမ်တို့သာ ရှိကြသည်။

ညစာက အလွန် စုံလင်လှသည်။ ဟင်းရည်၊ ဟင်းပွဲများအပြင် အသားဟင်းများလည်း ပါဝင်ပြီး အအေးဟင်းပွဲများပင် ပါသေးသည်။

တုန်ယန်က ပြန်ရောက်လာပြီး စားပွဲပေါ်မှ ဟင်းပွဲများကို ကြည့်ကာ အော်ဟစ်လိုက်သည်။"ဟယ်... ဒီနေ့ ဟင်းတွေ အများကြီးပဲ"

ရန်မေက ပြုံးရင်း "နင့်မောင်လေးရော... စားပြီးပြီလား... မစားရသေးရင် ခေါ်လိုက်လေ... တူတူစားကြတာပေါ့"

တုန်ယန်က လက်ကာပြလိုက်ပြီး "သူက ကုဖုန်း၊ အစ်ကိုကိုင်တို့နဲ့အတူ ကုန်တိုက်စင်တာဘက်မှာ ချက်ကျွေးတဲ့ ထမင်းဟင်းပဲ စားနေတယ်"

ဆုန့်ဝမ်က ဝင်ပြောလိုက်သည်။"နေ့တိုင်း အဲဒီက ထမင်းဟင်းပဲ စားနေတာ... သူ မငြီးဘူးလား"

တုန်ယန်က ရယ်မောလိုက်ပြီး "ကောင်းကောင်းနေ ကောင်းကောင်းစားရတာ ဘယ်နှရက်မှ မရှိသေးဘူးလေ... သူသာ ငြီးတယ်လို့ ပြောရဲရင် ကျွန်မ သူ့ကို အသေရိုက်မှာ... ဟင်းဟင်း"

"ဒါပေမယ့် ဟိုဘက်က ချက်ကျွေးတာလည်း ငြီးစရာမရှိပါဘူး... နေ့တိုင်း ဟင်းသုံးပွဲတောင် ပါတာလေ... အသားဟင်း၊ အရွက်ဟင်း အစုံပဲ... ဟင်းရည်လည်း ပါသေးတယ်... စခန်းကြီးသုံးခုက လူတွေ အရင်တုန်းက ဒီလောက်ကောင်းတဲ့ ထမင်းဟင်းမျိုး စားဖူးလို့လား"

"ကျွန်မ ကြားတောင် ကြားနေရတယ်... သူတို့ချင်း တိတ်တိတ်လေး ပြောနေကြတာ... ဒီက အစားအသောက်က ဒီလောက်ကောင်းမှန်းသာ သိရင် ကျွန်မတို့က ဓားနဲ့ထောက်ပြီး ခေါ်စရာတောင် မလိုဘူး... သူတို့ဘာသာ ပြေးလာကြမှာတဲ့"

"အခုဆို လူအများကြီးက စိတ်ပူနေကြတာ... တစ်လပြည့်လို့ အလုပ်ကြမ်းတာဝန် ပြီးသွားရင်၊ စီမံကိန်းကြီး ပြီးသွားရင် သူတို့ကို မောင်းထုတ်လိုက်မှာ ကြောက်နေကြတာ"

"တကယ်လို့သာ မောင်းထုတ်ခံလိုက်ရရင် ဒီလောက်ကောင်းတဲ့ ထမင်းဟင်းမျိုး ထပ်စားရတော့မှာ မဟုတ်ဘူးလေ"

ဆုန့်ဝမ်နှင့် ရန်မေတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီးနောက် သဘောကျစွာ ရယ်မောလိုက်ကြလေသည်။

ဆက်ရန်...

All Chapters