← Chapters

အခန်း (၇၆၃-၇၆၄)

Vol. 39 Ch. 763-764

အခန်း (၇၆၃-၇၆၄)

Vol. 39 Ch. 763-764

အပိုင်း(၇၆၃) နှစ်သက်မြတ်နိုးခြင်း

လင်းယွမ်ကလည်း ဤမြင်ကွင်းကို ကြည့်ရင်း အံ့သြမှင်သက်သွားပြီး သူ၏ခေါင်းထဲတွင် လင်းယာ၏ ပြည့်ဖြိုးစိုရွှဲနေသော ခန္ဓာကိုယ်အလှက နေရာယူသွားသည်။

ဖြူဝင်းနေသော အသားအရေ၊ ကြိုးတစ်ချောင်းအင်္ကျီအောက်ရှိ ကြီးမားထွားကျိုင်းသော ရင်သားအစုံနှင့်အတူ စိုစွတ်နေသော ရေစက်များကြောင့် အင်္ကျီလေးမှာ သူမ၏ကိုယ်လုံးလေးနှင့် တစ်သားတည်း ကပ်နေလေသည်။

ထိုမြင်ကွင်းများက လင်းယွမ်၏ စိတ်ကူးထဲသို့ အဆက်မပြတ် ဝင်ရောက်လာရာ သူ၏ နှလုံးခုန်နှုန်းများပင် အနည်းငယ် မြန်ဆန်လာရ၏။

ခေါင်းထဲတွင် လင်းယာကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က သူမအိမ်၏ ရေချိုးခန်းထဲတွင် မြင်တွေ့ခဲ့ရသော ဆွဲဆောင်မှုရှိလှသည့် မြင်ကွင်းကိုပါ မနေနိုင်ဘဲ ပြန်လည်အမှတ်ရလာမိသည်။

သူ၏မျက်နှာက ထူးဆန်းနေပြီး လင်းယာတစ်ယောက် အဘယ်ကြောင့် ရုတ်တရက်ကြီး ဤကဲ့သို့သော အဝတ်အစားမျိုး ဝတ်ဆင်ကာ ထွက်လာရသနည်းဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေသည်။

ထိုအချိန်တွင် အခန်းတံခါးကို ပိတ်လိုက်သော လင်းယာမှာမူ တစ်ကိုယ်လုံး ဖြူဝင်းနေသော အသားအရေများက ကျက်အောင်ပြုတ်ထားသည့် ပုစွန်တစ်ကောင်လို နီရဲနေပြီး မျက်နှာတစ်ခုလုံးလည်း ပူထူနေလေပြီ။

သူမ၏ လှပသော မျက်ဝန်းအစုံမှာ အရည်လဲ့နေပြီး ရှက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်းများဖြင့် ပြည့်နှက်နေ၏။

"ဘယ်လိုလုပ်ရမလဲ... ဘယ်လိုလုပ်ရမလဲ... သူများ ငါသူ့ကို မြူဆွယ်နေတယ်လို့ အထင်လွဲသွားမလားမသိဘူး"

လင်းယာမှာ ငိုချင်လျက် လက်သည်မပေါ် ဖြစ်နေရပြီး နှလုံးခုန်များ အရမ်းမြန်ကာ ခေါင်းထဲတွင်လည်း အတွေးပေါင်းစုံ ဝင်ရောက်နေသဖြင့် တံခါးကိုမှီလျက် ဘာလုပ်ရမှန်းမသိအောင် မှင်သက်နေမိသည်။

အတန်ကြာပြီးနောက်မှသာ သူမက သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်ကိုပြန်စုစည်းကာ မိမိ၏ ဗီရိုထဲမှ သင့်တော်မည့် အဝတ်အစားများကို ထုတ်ယူလိုက်သည်။

လင်းယွမ်၏အိမ်တွင် နေထိုင်ရသည်ဖြစ်ရာ မလိုအပ်သော အထင်လွဲမှုများ မဖြစ်ပေါ်စေရန်အတွက် သူမက လင်းယွမ်နှင့် အမြဲတမ်း ခပ်ခွာခွာနေခဲ့ခြင်း ဖြစ်သည်။

သူမ ယူဆောင်လာသော အဝတ်အစားများကအစ ရင်ဘတ်ဟိုက်လွန်းသည့်အရာများ တစ်ခုမျှမပါဘဲ အလွန်လုံခြုံသော ဒီဇိုင်းများသာ ဖြစ်သည်။

ကြိုးတစ်ချောင်းအင်္ကျီနှင့် အတွင်းခံဆိုသည်မှာ အထဲတွင်သာ ဝတ်ဆင်ရသောအရာများဖြစ်ပြီး သူမ တစ်ခါမှ အပြင်ဘက်တွင် ထုတ်မဝတ်ခဲ့ဖူးပေ။

ဤမျှအထိ သတိထားကာကွယ်နေသည့်ကြားမှ ဤသို့သော ကိစ္စမျိုး ဖြစ်သွားခဲ့ရသည်မှာ တကယ်ကိုပင်... သူမကို စကားပြောစရာမရှိအောင် ဖြစ်သွားစေသည်။

ဂျင်းဘောင်းဘီတစ်ထည်နှင့် အပေါ်ပိုင်းတွင် လည်ပင်းမြင့် ဆွယ်တာတစ်ထည်ကို လဲလှယ်ဝတ်ဆင်လိုက်ပြီး မှန်ရှေ့သို့သွားကာ တစ်ပတ်လှည့်ကြည့်လိုက်ရာ လက်နှင့် လည်ပင်းအထက်ပိုင်းမှလွဲ၍ အသားအရေ တစ်စက်မျှပင် မပေါ်တော့ဘဲ အလွန်တင့်တယ်လုံခြုံသွားလေပြီ။

သို့သော် ဘာကြောင့်မှန်းမသိဘဲ သူမကိုယ်တိုင်ကတော့ ဘာမှ ဝတ်ဆင်မထားသကဲ့သို့ ခံစားနေရဆဲပင်။

ခဏနေလျှင် လင်းယွမ်နှင့် မျက်နှာချင်းဆိုင် တွေ့ရတော့မည်ကို တွေးမိလိုက်တိုင်း သူမ တစ်ကိုယ်လုံး တောင့်တင်းလာရသည်။

"ငါ ဘယ်လို ရှင်းပြရမလဲ"

သူမက အသက်သုံးဆယ်နား နီးကပ်နေပြီဖြစ်ပြီး ပုံမှန်ဆိုလျှင် မည်မျှပင် ကြီးမားသော ပြဿနာများနှင့်ကြုံတွေ့ရပါစေ တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်ဖြေရှင်းနိုင်သူ ဖြစ်သည်။

သို့သော် အချစ်ရေးနှင့် ပတ်သက်လာလျှင်မူ အတွေ့အကြုံမရှိသေးသော လူသစ်လေးတစ်ယောက်လို ဖြစ်နေရှာသည်။

ယခုအချိန်တွင်တော့ ဤကဲ့သို့သော ကိစ္စမျိုးကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်နည်းဆိုတာကို မသိတော့လောက်အောင် ပြာယာခတ်နေလေပြီ။

သို့သော် ဤသည်မှာလည်း ပုံမှန်ပင်ဖြစ်သည်။ မည်သူမျှ မိမိ တစ်ခါမှ မကြုံဖူးသော ကိစ္စရပ်များကို မွေးရာပါ ကျွမ်းကျင်စွာ ဖြေရှင်းနိုင်စွမ်း မရှိကြပေ။

စာအုပ်များထဲတွင်လည်း ဤသို့သော ဖြစ်ရပ်မျိုးကို သင်ကြားပေးထားခြင်း မရှိချေ။

ကမ္ဘာပျက်ကပ်ဘေး မတိုင်မီက မြို့ပြ၏ လှပသော အမျိုးသမီးတစ်ဦးအနေဖြင့် သူမ၏ လုပ်ငန်းခွင်စွမ်းဆောင်ရည်က အလွန်တော်သည့်အပြင် ရုပ်ရည်နှင့် ခန္ဓာကိုယ် အချိုးအစားကလည်း ပြီးပြည့်စုံလွန်းလှသဖြင့် လင်းယာတစ်ယောက် ယောကျာ်းများကို လိုက်လံပိုးပန်းရန် လုံးဝ မလိုအပ်ခဲ့ပေ။

အမြဲတမ်း ယောကျာ်းများကသာ သူမကို လိုက်လံပိုးပန်းခဲ့ကြပြီး သူမကတော့ ထိုသူများ၏ ချဉ်းကပ်မှုများကို မမြင်ချင်ယောင်ဆောင်ကာ အေးအေးဆေးဆေးပင် တုံ့ပြန်ခဲ့သည်။

သို့သော် လင်းယွမ်နှင့် ပတ်သက်လာလျှင်တော့ သူမက ထိုသို့ အေးအေးဆေးဆေး မနေနိုင်တော့ပေ။

မထင်မှတ်ဘဲ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသော ရင်ခုန်စရာ အဖြစ်အပျက်များက သူမ၏ ငြိမ်သက်နေသော နှလုံးသားကို လှိုင်းဂယက်လေးများ ထသွားစေခဲ့သည်မှာ ကြာပြီဖြစ်သည်။

ယခုတစ်ကြိမ်တွင်လည်း အားလုံးနီးပါး မြင်တွေ့ခံလိုက်ရပြန်ရာ သူမ၏ ရင်ထဲမှ ခံစားချက်များကို မည်သို့မျှ မထိန်းချုပ်နိုင်တော့ခြင်း ဖြစ်သည်။

လူတွေက ပြောတတ်ကြသည်။ မိမိ နှစ်သက်မြတ်နိုးရသော သူ၏ရှေ့တွင် ပထမဆုံး ခံစားရတတ်သည့် ခံစားချက်မှာ သိမ်ငယ်ခြင်းပင် ဖြစ်သည်ဟု။

ဤစကားမှာ အတိုင်းအတာ တစ်ခုအထိ မှန်ကန်မှုရှိလှသည်။

လင်းယာလိုမျိုး ခိုင်မာပြတ်သားသော အမျိုးသမီးပင်လျှင် လင်းယွမ်လို ယောကျာ်းမျိုးနှင့် တွေ့ဆုံရချိန်တွင် သိမ်ငယ်စိတ်လေးတစ်ခု ဖြစ်ပေါ်လာခြင်းကို ရှောင်လွှဲ၍ မရနိုင်ခဲ့ပေ။

အကြောင်းမှာ ဤယောကျာ်းက အရမ်းကို ပြီးပြည့်စုံလွန်းနေသောကြောင့် ဖြစ်သည်။

တစ်ဦးချင်း တိုက်ခိုက်ရေးစွမ်းရည်တွင်လည်း သူက လင်းယာ မြင်တွေ့ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံး ယောကျာ်းတစ်ယောက်ဟု ဆို၍ရသည်။

ဤကမ္ဘာပျက်ကပ်ဘေးကာလကြီးထဲတွင် ဤအချက်က မိန်းမများကို အဆွဲဆောင်နိုင်ဆုံး အရာတစ်ခုပင် ဖြစ်သည်။

ဩဇာအာဏာပိုင်းတွင်လည်း ဤယောကျာ်းက ယခုအခါ လင်ကျောင်းမြို့ တစ်ခုလုံးကို စုစည်းအုပ်ချုပ်ထားနိုင်ပြီဖြစ်ရာ အရာရာကို အစိုးရသော ဘုရင်တစ်ပါးဟု တင်စားလျှင်တောင် မှားမည် မထင်ပေ။

ဤအချက်သည်လည်း အမျိုးသမီးများအတွက် အလွန် အသက်ပါလှသည့် ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။

ပို၍ အရေးကြီးသည့်အချက်မှာ ဤယောကျာ်းက သူမထက်ပင် အသက်ငယ်နေသေးခြင်း ဖြစ်သည်။

သူ့အနားရှိ အမျိုးသမီးများကလည်း တစ်ယောက်ထက် တစ်ယောက် ပို၍ လှပဆွဲဆောင်မှုရှိကာ ခန္ဓာကိုယ်အချိုးအစားလည်း ပြေပြစ်လှပကြသည်။

ထို့ကြောင့် လင်းယာ၏ ရင်ထဲ အနက်ရှိုင်းဆုံးနေရာတွင် သိမ်ငယ်စိတ်များ ကိန်းအောင်းနေခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူမသည် အနည်းငယ်လည်း စိတ်မလုံ ဖြစ်နေရသည်။

အဘယ်ကြောင့်ဆိုသော် ရန်မေက သူမကို ညီအစ်မအရင်းအချာတစ်ယောက်လို ဆက်ဆံပေးထားသလို သူမက ကလေးငယ် လင်းဟုန်၏ မွေးစားမိခင်လည်း ဖြစ်နေသောကြောင့်ပင်။

ဤသို့သော ရှုပ်ထွေးလှသည့် ပတ်သက်မှုကြီးကြောင့် သူမရင်ထဲမှ အနည်းငယ်သော ခံစားချက်လေးများသည် ဘယ်သောအခါမှ လှိုင်းကြီးလေကြီး မထစေရန် သူမ ထိန်းချုပ်ထားခဲ့ရသည်။

လင်းယွမ်နှင့် မျက်နှာချင်းဆိုင် တွေ့ရချိန်တွင် သူမသည် အေးအေးဆေးဆေး မနေနိုင်တော့ချေ။

သို့သော် သူမ၏ ကိုယ်ပေါ်ရှိ အချုပ်အနှောင်မျိုးစုံကြောင့် သတ်မှတ်ထားသော စည်းမျဉ်းကို တစ်ဖဝါးမျှပင် မကျူးလွန်ရဲခဲ့ပေ။

ထို့ကြောင့် ယခုကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

"ဒေါက်... ဒေါက်... ဒေါက်"

ရုတ်တရက် အခန်းတံခါး ခေါက်သံ ထွက်ပေါ်လာ၏။

လင်းယာ တစ်ကိုယ်လုံး ဆတ်ခနဲ တုန်တက်သွားပြီး နှလုံးခုန်များ အရမ်းမြန်လာကာ သူခိုးလူမိသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမက ထိတ်လန့်တကြားဖြင့် မေးလိုက်သည်။ "ဘယ်သူလဲ"

"လင်းယာ... နင် အခန်းထဲမှာ ရှိလား... နေမကောင်းလို့လား... နင်နေလို့ မကောင်းရင် ငါတို့ကို ပြောဖို့ မမေ့နဲ့နော်... ထမင်းဟင်းတွေတော့ ငါ ချက်ပြီးပြီ"

တံခါးအပြင်ဘက်မှ ရန်မေ၏ အသံ ထွက်ပေါ်လာသည်။

ထိုအသံကြောင့် လင်းယာ လန့်သွားပြီး မိမိလက်ကောက်ဝတ်ရှိ လက်ပတ်နာရီကို အလျင်အမြန် ကြည့်လိုက်မိသည်။

ထိုအခါမှသာ ညနေ ခြောက်နာရီပင် ထိုးနေပြီဖြစ်ကြောင်း သူမ သတိထားမိလိုက်တော့သည်။

သူမ တစ်ယောက်တည်း အတွေးနယ်ချဲ့နေခဲ့သည်မှာ တစ်နာရီနီးပါးပင် ရှိနေခဲ့ပြီဖြစ်သည်။

"အို... လင်းယာရယ်... နင် ဘာတွေ ရူးနှမ်းနေတာလဲ"

သူမသည် မိမိ၏ ခေါင်းကို မနေနိုင်ဘဲ ခေါက်လိုက်ပြီးနောက် တံခါးဖွင့်ရန် အလျင်အမြန် ရှေ့သို့ တိုးသွားလိုက်သည်။

တံခါးဝတွင် ရပ်နေသော ရန်မေကို တွေ့လိုက်ရပြီး သူမက စိုးရိမ်တကြီးဖြင့် မေးလေသည်။ "လင်းယာ... နင် ဘာမှမဖြစ်ဘူးမလား... လင်းယွမ်က နင် အခန်းထဲကနေ လုံးဝ ထွက်မလာဘူးလို့ ပြောလို့ ငါ စိတ်မချတာနဲ့ လာကြည့်တာ"

လင်းယာက ခေါင်းသွက်သွက်ရမ်းပြလိုက်ပြီး မျက်နှာလေး အနည်းငယ် နီရဲလျက် ဖြေလိုက်သည်။ "ဘာ... ဘာမှမဖြစ်ပါဘူး... ငါ နည်းနည်း... ခေါင်းနည်းနည်းမူးနေလို့ပါ... ဘာမှ မဖြစ်ပါဘူး"

ရန်မေ၏ မျက်နှာထား လေးနက်သွားပြီး ဆိုလေသည်။ "အဲဒါ ဘယ်လိုလုပ် ဘာမှမဖြစ်တာလဲ... ငါတို့တွေက အစွမ်းပိုင်ရှင်တွေလေ... ခန္ဓာကိုယ်က ပုံမှန်ဆိုရင် ခေါင်းမူးတာ ဖျားနာတာမျိုး ဖြစ်လေ့ဖြစ်ထ မရှိဘူး... နင် လုံးဝ ပေါ့ဆလို့ မရဘူးနော်"

"နင် အခုလို ဖြစ်နေတာဆိုတော့... မောင်လေးကို ခေါ်ပြီး ဒေါက်တာရန်ဆီ သွားပြခိုင်းလိုက်မယ်... ဆေးစစ်တာ ဘာညာ လုပ်ရအောင်"

လင်းယွမ်နှင့် နှစ်ယောက်တည်း အတူရှိနေရမည်ဟု ကြားလိုက်ရသဖြင့် လင်းယာမှာ လန့်ဖျပ်သွားပြီး လက်ကို အမြန်ခါယမ်းလိုက်သည်။ "မလိုပါဘူး... တကယ် မလိုပါဘူး"

"အို... ဒါတွေ မပြောပါနဲ့တော့... ငါ ထမင်းသွားချက်လိုက်ဦးမယ်... ထမင်းသွားချက်လိုက်ဦးမယ်"

သူမက မီးဖိုချောင်ဘက်သို့ အလျင်အမြန် လျှောက်သွားလိုက်သည်။

ရန်မေက ထွက်သွားသော သူမ၏ ကျောပြင်ကို သံသယဖြင့် ကြည့်ရင်း လှမ်းအော်လိုက်သည်။ "ထမင်းဟင်းတွေ ငါ ချက်ပြီးပြီလေ"

"အာ... ဒါဆို ငါ ထမင်းသွားခူးလိုက်မယ်" လင်းယာ၏ ကျောပြင်လေးသည် မီးဖိုချောင်ထဲသို့ ကမန်းကတန်း ဝင်ရောက်သွားတော့သည်။

ရန်မေက ဤမြင်ကွင်းကို ကြည့်ရင်း သူမ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရပြီး မိမိကို ရှောင်ဖယ်နေသကဲ့သို့ ထင်မှတ်လိုက်မိသည်။

သူမ၏ ရင်ထဲတွင် လှုပ်ခတ်သွားပြီး ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကာ ကလေးနှင့် ဆော့ကစားနေသော လင်းယွမ်ရှိရာ ဧည့်ခန်းဘက်သို့ မရဲတရဲ လှမ်းကြည့်လိုက်မိသည်။

သူမ၏ ဉာဏ်ရည်နှင့်ဆိုလျှင် ကိစ္စအချို့ကို သဘာဝကျကျ ခန့်မှန်းမိနိုင်ပေသည်။

သူမ အိမ်ပြန်မရောက်လာမီက ဤအိမ်တွင် လင်းယာနှင့် လင်းယွမ် နှစ်ယောက်တည်းသာ ရှိနေခဲ့ခြင်း ဖြစ်သည်။

လင်းယာ ဤသို့ ဖြစ်နေခြင်းသည် လင်းယွမ်နှင့် သက်ဆိုင်သည်မှလွဲ၍ အခြား ဘာနှင့်မျှ မပတ်သက်နိုင်ချေ။

ရန်မေ သက်ပြင်းတစ်ချက် ချလိုက်ပြီး လင်းယွမ်နှင့် သားဖြစ်သူကို လှမ်းကြည့်ကာ နောက်ဆုံးတွင် ကျေနပ်စွာ ပြုံးလိုက်လေသည်။

"ငါ့မှာ သူရယ် ကလေးရယ် ရှိနေပြီပဲ... ဘာကို ထပ်ပြီး လောဘတက်နေရဦးမှာလဲ"

"သူက ဒီလောက် တော်နေမှတော့ သူ့အနားမှာ မိန်းမတွေ ဝိုင်းဝိုင်းလည်နေမှာက သေချာနေတာပဲ"

"သူ့ရင်ထဲမှာ ငါတို့ သားအမိနှစ်ယောက် ရှိနေသေးသရွေ့ ဒါက ဘာနဲ့မှ လဲလို့မရတဲ့ အရာပဲ"

ရန်မေ ပြုံးလိုက်မိသည်။ အကယ်၍ သူမသာ ဤကိစ္စများအတွက် ပြဿနာရှာပြီး ရန်ဖြစ်မည်ဆိုပါက ၎င်းသည် သူမနှင့် လင်းယွမ်ကြားရှိ သံယောဇဉ်ကို အထိခိုက်စေဆုံး အရာဖြစ်သွားမည်ကို သူမ၏ စိတ်ထဲတွင် ရှင်းလင်းစွာ သိထားသည်။

ယောကျာ်းတစ်ယောက်၏ နှလုံးသားကို ရန်ဖြစ်ပြဿနာရှာရုံဖြင့် ပြန်လည်ရယူနိုင်သည်ဆိုတာ ဘယ်သောအခါမှ မရှိခဲ့ပေ။

ယောကျာ်းတစ်ယောက်၏ နှလုံးသားကို ချည်နှောင်ထားချင်လျှင် ဤသို့သော အရာများကို အားမကိုးသင့်ချေ။

ယခု သူမ သေချာပေါက် သိထားသည်မှာ လင်းယာနှင့် လင်းယွမ်တို့ကြားတွင် မည်သည့်ကိစ္စမှ ဖြစ်မသွားခဲ့ခြင်းပင်။

ရင်ခုန်စရာ အဖြစ်အပျက်လေးတစ်ခုသာ ဖြစ်ခဲ့လောက်ပြီး ၎င်းမှာ တမင်တကာ လုပ်ယူခြင်းမျိုး မဟုတ်ဘဲ မထင်မှတ်ဘဲ ဖြစ်သွားခြင်းမျိုးသာ ဖြစ်နိုင်ခြေ အများဆုံးပင်။

ထိုအချက်ကို တွေးမိသွားသောအခါ ရန်မေ၏ အပြုံးသည် ပို၍ပင် ပေါ့ပါးလွတ်လပ်သွားတော့သည်။

"လင်းယာ... ငါပဲ လုပ်လိုက်ပါ့မယ်... နင်လည်း တစ်နေ့လုံး ပင်ပန်းထားတာ... သွားနားလိုက်ပါဦး"

သူမက မီးဖိုချောင်ဘက်သို့ လျှောက်သွားရင်း ပြုံးကာ ပြောလိုက်သည်။

လင်းယာက အလျင်အမြန် ပြန်ပြောသည်။ "မလိုပါဘူး... မလိုပါဘူး... နင် ကလေးဆီ သွားနေလိုက်ပါ... ကိုလင်းယွမ်လည်း အခုမှ ပြန်ရောက်တာဆိုတော့ နင်တို့ လင်မယား နှစ်ယောက်လည်း မတွေ့ရတာ ကြာပြီလေ... ဒီအလုပ်တွေ ငါ့ကိုပဲ ပေးထားလိုက်ပါ"

ရန်မေက ထွက်မသွားဘဲ ပြုံးကာ ဆိုလေသည်။ "ဒါတွေ ဘာလို့ ပြောနေတာလဲ... ငါက နင့်ကို အမြဲတမ်း ငါ့ရဲ့ အချစ်ဆုံး ညီမလေးတစ်ယောက်လို သဘောထားတာပါ... နင် ငါ့ဆီမှာ နေလာတာလည်း ဒီလောက်ကြာပြီပဲ... ငါက နင့်ကို မိသားစုဝင် တစ်ယောက်လို သတ်မှတ်ထားတာပါ"

ပြောရင်းဆိုရင်းနှင့် သူမက လင်းယာ၏ လက်ထဲမှ ပန်းကန်နှင့် တူများကို လှမ်းယူလိုက်ပြီး ပြုံးလျက် "နင် လက်သွားဆေးလိုက်... ခဏနေရင် ထမင်းစားဖို့ ပြင်ရအောင်" ဟု ပြောလိုက်သည်။

လင်းယာသည် ရန်မေ၏ ရိုးသားစစ်မှန်သော အပြုံးကို ကြည့်ရင်း အနည်းငယ် စိတ်မလုံဖြစ်သွားသလို နောင်တလည်း အနည်းငယ် ရသွားမိသည်။

"ငါ ဘာမှ မလုပ်ခဲ့ပါဘူး... ငါ့သူငယ်ချင်းအပေါ် ဘာအပြစ်မှလုပ်မထားပါဘူး"

သူမ စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဖြေတွေးလိုက်သည်။

စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးများ တဖြည်းဖြည်း လျော့ကျသွားပြီးနောက် သူမသည်လည်း ပို၍ သက်သောင့်သက်သာ ဖြစ်လာတော့သည်။

နှစ်ယောက်သား ရယ်မောပြောဆိုနေကြပြီး ယခင်က အခြေအနေအတိုင်း ပြန်ဖြစ်သွားသကဲ့သို့ပင်။

သို့သော် လင်းယာ၏ စိတ်ထဲတွင်မူ ရန်မေက မိမိ၏ အချစ်ဆုံး သူငယ်ချင်းဖြစ်ပြီး လင်းယွမ်သည် ထိုအချစ်ဆုံး သူငယ်ချင်း၏ ယောကျာ်းဖြစ်ကြောင်း အဆက်မပြတ် သတိပေးနေမိသည်။

မိမိအနေဖြင့် ရန်မေအပေါ် တောင်းပန်စရာ ကိစ္စမျိုးကို လုံးဝ မလုပ်မိစေရန် သတိထားရမည်။

သူမသည် လင်းယွမ်အပေါ် ထားရှိသော ခံစားချက်များကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ပြီး ယခင်ကလို နူးညံ့သိမ်မွေ့သော လင်းယာတစ်ယောက်အဖြစ်သို့ ပြန်လည် ရောက်ရှိသွားသည်။

ရန်မေသည် ဤအချက်ကို သတိထားမိလိုက်ပြီး လင်းယာအပေါ် မနေနိုင်ဘဲ ပို၍ပင် ကောင်းမွန်စွာ ဆက်ဆံလာတော့သည်။

အမှန်တကယ်တော့ ရန်မေ၏ နည်းလမ်းက အလွန် ပါးနပ်လှသည်ဟု ဆိုရမည်။

သူမသည် ရန်ဖြစ်ပြဿနာ မရှာခဲ့သလို ထိုဖြစ်နိုင်ခြေများကိုလည်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟမပြောခဲ့ပေ။

ယင်းအစား တစ်ဖက်လူနှင့် ရိုးသားစစ်မှန်စွာ မိတ်ဆွေဖွဲ့ပြီး အချစ်ဆုံး သူငယ်ချင်းများ ဖြစ်လာရန်သာ ရွေးချယ်ခဲ့သည်။

လင်းယာသည် ဟန်ဆောင်ကောင်းသော မိန်းမတစ်ယောက် မဟုတ်သလို နည်းလမ်းပေါင်းစုံ သုံးတတ်သည့် မိန်းမမျိုးလည်း မဟုတ်ကြောင်း သူမ ရှင်းလင်းစွာ သိထားသည်။

လင်းယာသည် နူးညံ့သိမ်မွေ့ပြီး အသိဉာဏ်ရှိသော အမျိုးသမီးတစ်ဦး ဖြစ်သည့်အပြင် စည်းမျဉ်းစည်းကမ်းရှိပြီး အသိတရားနှင့် ကိုယ်ကျင့်တရား ပြည့်ဝသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

သူမက လင်းယာအပေါ် ပို၍ ကောင်းလေလေ၊ လင်းယာကလည်း သူမအပေါ် တောင်းပန်စရာ ကိစ္စမျိုးကို ပို၍ မလုပ်ရဲလေလေ ဖြစ်မည်။

ဝန်ခံရမည်ဆိုလျှင် ရန်မေသည် ဈေးဝယ်စင်တာကို စီမံခန့်ခွဲလာခဲ့သည်မှာ ကြာပြီဖြစ်ရာ စွမ်းရည်အချို့ကို ကောင်းစွာ လေ့ကျင့်နိုင်ခဲ့ပြီ ဖြစ်သည်။

သေချာသည်ကတော့ ဤအရာအားလုံးသည် လင်းယွမ်ဘက်မှ မည်သည့် လှုပ်ရှားမှုမျှ မရှိခြင်းအပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။

အကယ်၍ လင်းယွမ်ကသာ တစ်ခုခု လှုပ်ရှားလာခဲ့လျှင် သူမ ဘာလုပ်လုပ် အသုံးဝင်မည် မဟုတ်ကြောင်း ရန်မေ ကောင်းကောင်း သိထားသည်။

လင်းယွမ်လို ယောကျာ်းမျိုးကို မည်သူကမျှ ငြင်းဆန်နိုင်စွမ်း မရှိကြပေ။

ထိုအချက်ကို တွေးမိသောအခါ ရန်မေက ကလေးနှင့် ဆော့ကစားနေသော လင်းယွမ်ကို မတတ်သာသည့် အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်မိသည်။

တစ်ခါတစ်ရံတွင် သူ့ကို ဤမျှလောက် မတော်စေချင်ဘူးဟု သူမ တကယ် ဆန္ဒပြုမိသည်။

"ဟယ်... မွှေးလိုက်တာ"

"အမလင်းယာ... ဒီနေ့ ဘာဟင်းတွေ ချက်ထားလဲ"

တံခါးအပြင်ဘက်မှ ဆုန့်ဝမ်နှင့် တုံယန်တို့၏ အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ထိုမိန်းကလေးနှစ်ယောက်သည် ဒီနေ့ အတူတူ ပြန်လာကြခြင်း ဖြစ်သည်။

အိမ်ထဲ ဝင်ဝင်ချင်းပင် အခန်းထဲမှ ထမင်းဟင်း အနံ့အသက်များကို သူတို့ ရှူရှိုက်မိသွားကြသည်။

ဆုန့်ဝမ်သည် ဆံခြည်မျှင်လောက် အသေးစိတ် အကဲခတ်တတ်သူဖြစ်ရာ ဖိနပ်စင်ဘေးရှိ ယောကျာ်းစီး အားကစားဖိနပ်တစ်ရန်ကို မြင်မြင်ချင်းပင် သတိထားမိလိုက်သည်။

သူမ ချက်ချင်း ဝမ်းသာသွားပြီး ဧည့်ခန်းဘက်သို့ မော့ကြည့်လိုက်ရာ မိမိ နေ့စဉ်ရက်ဆက် လွမ်းဆွတ်နေရသော ယောကျာ်းဖြစ်သူကို မြင်တွေ့လိုက်ရသဖြင့် ချက်ချင်း အော်ဟစ်လိုက်တော့သည်။ "အစ်ကိုလင်းယွမ်"

လင်းယွမ်လည်း ထရပ်လိုက်ပြီး ပြုံးလျက် "ပြန်လာကြပြီလား" ဟု နှုတ်ဆက်လိုက်သည်။

သူသည် လင်းဟုန်လေးကို ပွေ့ချီကာ ဆုန့်ဝမ်ရှိရာသို့ လျှောက်သွားလိုက်သည်။

ဆုန့်ဝမ်က အကျယ်ကြီး အော်ဟစ်လိုက်ပြီး ဖိနပ်ချွတ်ကာ အိမ်စီးဖိနပ်ပင် မစီးနိုင်တော့ဘဲ သူ၏ ရင်ခွင်ထဲသို့ အတင်း ခုန်ဝင်သွားတော့သည်။

လင်းယွမ်ကလည်း ပြုံးလျက် သူမကို ဖက်ထားလိုက်ပြီး သူမ၏ လှပသော ပါးပြင်လေးကို နမ်းရှိုက်လိုက်သည်။

ဆုန့်ဝမ်က ခစ်ခစ် ဟု ရယ်မောနေစဉ် လင်းဟုန်လေးကလည်း တိုးဝှေ့လာပြီး အီအီအာအာဖြင့် သူမကို နမ်းရန် ကြိုးစားနေသည်။

ဆုန့်ဝမ်မှာ ချက်ချင်း ပျော်ရွှင်သွားပြီး လင်းဟုန်လေးကို အမြန် ပွေ့ချီလိုက်ကာ ပြုံးလျက် "တုတုလေး... အန်တီဆုန့်ကို လွမ်းနေလား... မွ"

သူမသည် လင်းဟုန်လေး၏ ဖြူဖြူဖွေးဖွေး ပါးဖောင်းဖောင်းလေးကို မညှာမတာ နမ်းရှိုက်လိုက်သည်။

ထိုအခါ လင်းဟုန်လေးမှာ တခစ်ခစ်ဖြင့် အဆက်မပြတ် ရယ်မောနေတော့သည်။

ထိုအချိန်တွင် တုံယန်လည်း အပြေးရောက်လာပြီး ဝမ်းသာအားရဖြင့် "အစ်ကိုလင်း" ဟု အော်ခေါ်လိုက်သည်။

လင်းယွမ်က လက်လှမ်းလိုက်ပြီး သူမကိုလည်း ပွေ့ဖက်လိုက်သည်။

သို့သော် တုံယန်က လက်ကို မလွှတ်ဘဲ သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်နေသည်။

လင်းယွမ် မနေနိုင်ဘဲ ရယ်မောလိုက်ပြီး သူမ၏ ပါးပြင်လေးကို အားရပါးရ နမ်းလိုက်လေသည်။

ထိုအခါမှသာ တုံယန်တစ်ယောက် ဟီးဟီး ဟု ရယ်မောတော့သည်။

ဘေးနားမှ ဆုန့်ဝမ်က ခိုးရယ်လိုက်ပြီး "ကဲပါ... နင့်ရဲ့သနားစရာရုပ်ကိုလည်း ကြည့်ပါဦး" ဟု ပြောလိုက်သည်။

တုံယန်က မျက်ခုံးပင့်ပြလိုက်ပြီး ဟီးဟီး ဟု ရယ်မောလျက် "ငါက သနားစရာလေးလေ... ဟီးဟီး" ဟု ပြန်ပြောသည်။

ရန်မေက ထိုအချိန်တွင် မီးဖိုချောင်ထဲမှ ထွက်လာပြီး ပြုံးလျက် "မြန်မြန် လာကြတော့... ထမင်းစားဖို့ ပြင်ရအောင်" ဟု ပြောလိုက်သည်။

"လာပြီ... လာပြီ"

လူတိုင်းသည် ဧည့်ခန်းရှိ ထမင်းစားပွဲပေါ်တွင် ချက်ချင်း စုရုံးရောက်ရှိလာကြပြီးနောက် ဤရက်ပိုင်းအတွင်း မိမိတို့ အလုပ်ရှုပ်နေခဲ့ရသည့် ကိစ္စများကို အပြန်အလှန် ပြောပြကြလေသည်။

စကားပြောနေသည့် ကြားထဲတွင် လင်းဟုန်လေး၏ ဆူညံအော်ဟစ်သံများက အခါအားလျော်စွာ ရောယှက်နေသည်။

လင်းယာသည် ထိုလူအုပ်ကြားတွင် ရှိနေရသည်ကို စိတ်အေးချမ်းမှု ခံစားရပြီး ဤသို့သော နေ့ရက်များကို အမြဲတမ်း ဆက်လက် ဖြတ်သန်းသွားချင်မိသည်။

လင်းယွမ်၏ ဤအိမ်လေးတွင် မိသားစုတစ်စု၏ နွေးထွေးမှုကို သူမ ခံစားရသည်။

ဤနေရာတွင် ကမ္ဘာပျက်ကပ်ဘေးအောက်ရှိ ရက်စက်ကြမ်းကြုတ်မှုများ မရှိသလို သူမနှင့် ရှန်ယွင်ရှီးတို့ နေထိုင်ခဲ့သော အိမ်လေးထဲမှ အထီးကျန်ဆန်မှုများလည်း မရှိပေ။

သူမသည် ဤနေရာကို အလွန်နှစ်သက်သည်။ ဤမိသားစု၏ အငွေ့အသက်ကို နှစ်သက်သလို ချစ်စရာကောင်းသော လင်းဟုန်လေးကိုလည်း နှစ်သက်သည်။ သတိထားစရာမလိုဘဲ လွတ်လပ်စွာ စကားပြောဆိုနေကြသော ညီအစ်မများကိုလည်း နှစ်သက်မြတ်နိုးမိသည်။

ထို့အပြင်... ထိုလူကိုလည်း နှစ်သက်မိသည်။

ဆက်ရန်...

အပိုင်း(၇၆၄) သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ ရလဒ်များ

ထမင်းစားနေစဉ် လင်းယာ၏ အကြည့်များက လင်းယွမ်၏ အကြည့်များနှင့် ရံဖန်ရံခါ ဆုံတွေ့သွားတတ်၏။

သူမက ချက်ချင်း ခေါင်းငုံ့ကာ သူ၏ ထူးဆန်းသော အကြည့်ကို ရှောင်ဖယ်သွားပြီး ပါးပြင်များ အနည်းငယ် နီမြန်းသွားသည်။

လင်းယွမ်ကလည်း မိမိကိုယ်တိုင် ဤသို့ ပြုမူနေခြင်းက သိပ်မကောင်းမှန်း သိထားသဖြင့် အကြည့်လွှဲလိုက်ပြီး ရန်မေ၊ ဆုန့်ဝမ် နှင့် တုံယန် တို့ သုံးဦးနှင့်သာ တတ်နိုင်သမျှ စကားပိုပြောရန် ကြိုးစားလိုက်သည်။

ရံဖန်ရံခါတွင် လင်းဟုန်လေးကိုလည်း သွားရောက် ကျီစယ်လိုက်သေး၏။

"အစ်ကိုလင်း... ဒါဆို လင်ကျောင်းမှာ အခု ကျွန်မတို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်း တစ်ခုတည်းပဲ ရှိတော့တာပေါ့" တုံယန်က အလောတကြီး မေးလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ကာ ပြုံးလိုက်၏။ "ဟုတ်တယ်... အခုဆိုရင် ငါတို့ ထိုက်ယန်တောင်က လင်ကျောင်းတစ်မြို့လုံးကို အမှန်တကယ် စည်းလုံးသိမ်းသွင်းနိုင်သွားပြီ"

"ရှေ့ဆက်ပြီးတော့ သင်္ကေတနည်းပညာနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးကို အဓိကထား ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်"

"အင်းပေါ့... လေထဲက ရေပေါ်ကျွန်းတွေက ငါတို့ရဲ့ မဟာဗျူဟာ ပစ်မှတ်သစ် ဖြစ်လာလိမ့်မယ်... အချိန်တိုအတွင်းမှာ ငါတို့ လေကြောင်းစိုးမိုးမှုကို ပြန်လုယူရမယ်"

ဆုန့်ဝမ်က မေးလာသည်။ "အခု လေကြောင်းစိုးမိုးမှုအပိုင်းမှာ ကျွန်မတို့ရဲ့ ရန်သူတွေက မုန်ယာကုမ္ပဏီ နဲ့ ခိုက်ရီနည်းပညာကုမ္ပဏီ တို့ပဲလား"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်၏။ "မုန်ယာကုမ္ပဏီက အရင်က လေဟုန်စီး ငါးလိပ်စွန်ကျွန်းကို သိမ်းပိုက်ထားခဲ့တာ... အခုတော့ ငါတို့ သိမ်းလိုက်နိုင်ပြီ"

"ဒါပေမဲ့ ကျိုးဟောင်ရန်နဲ့ ယွီဝမ်ထောင်တို့ရဲ့ ထွက်ဆိုချက်တွေအရ သူတို့က တစ်လတစ်ခါ မုန်ယာကုမ္ပဏီ ရုံးချုပ်ကို သတင်းပို့ရတယ်"

"ဒါကြောင့် တစ်လအတွင်းမှာ မုန်ယာကုမ္ပဏီ ရုံးချုပ်က လူလွှတ်လိုက်ဖို့ များတယ်... အဲဒီအချိန်ကျရင် လေဟုန်စီး ငါးလိပ်စွန်ကျွန်းရဲ့ အခြေအနေကို ဖုံးကွယ်ထားလို့ ရတော့မှာ မဟုတ်ဘူး"

"ခိုက်ရီနည်းပညာကုမ္ပဏီက လူတွေကတော့ ငရဲကျွန်းကို သိမ်းပိုက်ထားပြီး နတ်သစ်ပင်ကျွန်းမှာတောင် တပ်စွဲထားပြီ... ရှေ့ဆက်ပြီးတော့ ငါတို့ ဒီကျွန်းနှစ်ကျွန်းကို သိမ်းပိုက်နိုင်ဖို့ နည်းလမ်းရှာရမယ်"

"အချုပ်ပြောရရင် အချိန်က တော်တော်လေး ကပ်သီးကပ်သတ် ဖြစ်နေတုန်းပဲ... ကံကောင်းတာက ဒါတွေအကုန်လုံးက လေပေါ်ကျွန်းတွေပေါ်က တိုက်ပွဲတွေဆိုတော့ ရေပေါ်ကျွန်းတွေနဲ့ ဘာမှမဆိုင်ဘူး"

"မင်းတို့က အိမ်ကို သေချာစောင့်ရှောက်ပေးပြီး ရေပေါ်ကျွန်းကို ဖွံ့ဖြိုးအောင် လုပ်ပေးကြ... လေပေါ်က ကိစ္စတွေကိုတော့ ငါ့တာဝန်သာထားလိုက်"

ထမင်းဝိုင်းတွင် အားလုံးက စားသောက်ရင်း စကားစမြည် ပြောဆိုနေကြရာ တစ်နာရီနီးပါး ကြာမှပင် စားသောက်ပြီးစီးသွားကြ၏။

လင်းယာက ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းရန် အစပျိုးထရပ်လိုက်ပြီး အခြားအမျိုးသမီးများကလည်း အားမနေဘဲ အားလုံး ဝိုင်းဝန်းကူညီပေးကြသည်။

လင်းယွမ် တစ်ယောက်တည်းသာ ဘာအလုပ်မှ မရှိသဖြင့် လင်းဟုန်လေးကို ပွေ့ချီကာ အပြင်သို့ လမ်းလျှောက်ထွက်လာခဲ့၏။

ဈေးဝယ်စင်တာ ရင်ပြင်ပေါ်သို့ ရောက်သောအခါ ဈေးဆိုင်တန်း အတော်များများကို ဖွင့်လှစ်ထားကြပြီဖြစ်သည်။ လူများက သုံးလေးယောက် တစ်စုစီ စုဝေးနေကြပြီး အသားကင် စားနေကြသည်။

အရက်သေစာများတော့ မရှိပေ... အဓိကမှာ အရက်က အလွန် ဈေးကြီးလွန်းလှပြီး အထူးသဖြင့် ဆန်အရက်များ ဖြစ်နေသောကြောင့်ပင်။

ယခုအခါတွင် ဆန်စပါးသည် တန်ဖိုးကြီးမားသော အရာဖြစ်ရာ မည်သူမျှ အရက်ချက်ရန် အသုံးမပြုရက်ကြချေ။

လင်းယွမ်က တစ်ပတ်လှည့်လည် ကြည့်ရှုလိုက်သည်။ လူအတော်များများက လင်းယွမ်ကို မြင်သည်နှင့် တကွဲတပြားစီ နှုတ်ဆက်ကြသော်လည်း အနည်းငယ် ကြောက်ရွံ့နေပုံ ရ၏။

ထို့ကြောင့် လင်းယွမ်က ရင်ပြင်မှ ထွက်ခွာလာပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန သို့ သွားရောက် လည်ပတ်လိုက်သည်။

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန နှင့် လက်နက်စက်ရုံမှ လူများက မျိုးဆက်သစ် ယာဉ်ပျံနှင့် ကင်းစောင့်စက်ရုပ်များ ဖန်တီးရေးကို အတူတကွ ဆွေးနွေးနေကြသည်။

ယွီဝမ်ထောင်အား လင်းယွမ်က ထိန်းချုပ်ထားပြီး ဖြစ်သည်။ ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတ၏ ခြယ်လှယ်မှုအောက်တွင် သူက ဤနှစ်များအတွင်း သူ၏ သုတေသန ရလဒ်များကို အလွန် ပူးပေါင်းဆောင်ရွက်ကာ ဖွင့်ဟဝန်ခံခဲ့၏။

ကင်းစောင့်စက်ရုပ်၏ ပုံစံထုတ်လုပ်မှု အစီအစဉ်များကိုပင် ထုတ်ပေးခဲ့သည်။

ထို့ကြောင့် ယခုအခါ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန တစ်ခုလုံးမှာ အလွန် အလုပ်များနေပြီး တစ်ခါတစ်ရံ ညလုံးပေါက် မီးလင်းထိန်နေတတ်သည်။

လက်နက်စက်ရုံကမူ ပို၍ပင် အလုပ်များနေပြီး ထုတ်လုပ်ရေးလိုင်းများ အားလုံးကို အပြည့်အဝ ဖွင့်လှစ်ထားရသည်။

ယာဉ်ပျံ၏ အစိတ်အပိုင်းများကို ထုတ်လုပ်ရုံသာမက သံချပ်ကာကားများနှင့် လက်နက်မျိုးစုံကိုပါ ထုတ်လုပ်နေရ၏။

ယခု ကင်းစောင့်စက်ရုပ်များပါ ပေါ်ထွက်လာသဖြင့် လက်နက်စက်ရုံ တစ်ခုလုံး၏ အတိုင်းအတာမှာ အဆပေါင်းများစွာ ပိုမို ကြီးမားကျယ်ပြန့်လာခဲ့သည်။

လင်းယွမ်သည် ရန်မေ၏ အစီရင်ခံစာအရ ယခု ထိုက်ယန်တောင်၏ ဘဏ္ဍာရေး အများစုကို လက်နက်စက်ရုံပေါ်တွင် ရင်းနှီးမြှုပ်နှံထားကြောင်း သိလိုက်ရသည်။

လင်းယွမ် ကိုယ်တိုင်လည်း ဤအရာက ရှောင်လွှဲ၍ မရနိုင်သော ကိစ္စဖြစ်ကြောင်း ကောင်းစွာ နားလည်ထား၏။

ထိုက်ယန်တောင်ကို လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေလိုပါက စစ်လက်နက် တပ်ဆင်မှုများကို လျော့ရဲထား၍ လုံးဝ မဖြစ်ပေ။

ယခု အပြင်ဘက်တွင် မုန်ယာကုမ္ပဏီ၊ ခိုက်ရီနည်းပညာ စသည့် အင်အားစုများက မသမာသော မျက်လုံးများဖြင့် စောင့်ကြည့်နေကြသည်။

နက်ရှိုင်းသော ပင်လယ်ကြမ်းပြင်ထဲတွင်လည်း အစွမ်းထက်သော သန္ဓေပြောင်း သတ္တဝါများက ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည်။

လေပေါ်ကျွန်းများဘက်တွင်လည်း ကောင်းကင်ချောက်နက် သားရဲကြီးများ၏ တိုက်ခိုက်မှုမျိုးစုံ ရှိနေသေးသည်။

လုံလောက်သော စစ်ရေးအင်အား မရှိပါက လက်ရှိ ပိုင်နက်နယ်မြေကို ကာကွယ်ထိန်းသိမ်းထားနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် စစ်ရေးအင်အားကို မဖြစ်မနေ အပြင်းအထန် တိုးချဲ့တည်ဆောက်ရမည် ဖြစ်သည်။

"ဆရာလင်း... ကြည့်ပါဦး... ဒါက ယွီဝမ်ထောင် ပေးတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ကျွန်တော်တို့ တီထွင်ထားတဲ့ ထိုက်ယန်တောင် ကင်းစောင့်စက်ရုပ်ပဲ"

လင်းယွမ်က လင်းဟုန်လေးကို ပွေ့ချီရင်း သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန အခန်းထဲတွင် မတ်တတ်ရပ်နေသော ပေ ၅၀ နီးပါး မြင့်မားသည့် ကင်းစောင့်စက်ရုပ် နမူနာပုံစံကို လှမ်းကြည့်လိုက်၏။

ကင်းစောင့်စက်ရုပ်၏ ပုံသဏ္ဌာန်မှာ ဧရာမ ဘီလူးကြီးတစ်ကောင်၏ ပုံစံအတိုင်း ရှိနေဆဲဖြစ်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို အကြေးခွံပုံစံ သတ္တုများဖြင့် ပြုလုပ်ထားသည်။

အကြေးခွံတိုင်း၏ အတွင်းဘက်တွင် အထူး သင်္ကေတများကို ရေးထွင်းထား၏။

တစ်ကိုယ်လုံးမှ အေးစက်သော သတ္တုအငွေ့အသက်များ ဖြာထွက်နေပြီး အနာဂတ်ကမ္ဘာမှ စက်ရုပ်တစ်ရုပ်နှင့် အလွန် တူညီနေသည်။

"ဒီ ကင်းစောင့်စက်ရုပ်ရဲ့ အစွမ်းအစက ဘယ်လိုနေလဲ"

လင်းယွမ်က မေးမြန်းလိုက်သည်။

"ပမာဏ အတိုင်းအတာအရ ပြောရရင်... တကယ်လို့သူ့ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတဲ့ စွမ်းအင်ကျောက်တုံး တွေရဲ့ စွမ်းအားကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်မယ်ဆိုရင်... မိုးကြိုးမုန်တိုင်း အကြိမ်တစ်ရာနဲ့ ညီမျှတဲ့ အဖျက်စွမ်းအားအထိ ရောက်နိုင်တယ်"

"တစ်ကြိမ် တိုက်ခိုက်မှုက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၃၀ ရာခိုင်နှုန်းလောက် ရှိတဲ့ အစွမ်းပိုင်ရှင်ထက် သေချာပေါက် သာလွန်တယ်... တိကျတဲ့ စမ်းသပ်ချက် အချက်အလက်တွေတော့ မထွက်လာသေးဘူး... ဒါက ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်သက်သက်ပဲ... စမ်းသပ်မှုတွေ ဆက်လုပ်ဖို့ လိုသေးတယ်"

လင်းယွမ်က မျက်ခုံးပင့်လိုက်၏။ "ဒီထက် ထပ်မြှင့်လို့ ရနိုင်သေးလား"

သီအိုရီ အချက်အလက်များက ဤမျှသာ ရှိနေပါက လက်တွေ့ စမ်းသပ်ချက် ရလဒ်များမှာ သေချာပေါက် ပိုနည်းသွားမည်ဖြစ်ပြီး သီအိုရီထက် ပိုများလာနိုင်စရာ အကြောင်းမရှိသည်ကို လင်းယွမ် ကောင်းစွာ သိထားသည်။

အဘယ်ကြောင့်ဆိုသော် စက်ယန္တရား လည်ပတ်နေစဉ်အတွင်း စွမ်းအင် ဆုံးရှုံးမှုများ၊ အသုံးပြုမှု စွမ်းဆောင်ရည် မပြည့်ဝမှုများ စသည့် ပြဿနာများ အသေအချာ ဖြစ်ပေါ်လာမည် ဖြစ်သောကြောင့်ပင်။

ပါမောက္ခ လီဟန်ကျုံး က ဖြေလာသည်။ "သီအိုရီအရတော့ ဆက်ပြီး မြှင့်တင်လို့ ရနိုင်ပါတယ်... သူ့ကိုယ်ပေါ်က သင်္ကေတအစီအရင် ဖွဲ့စည်းပုံကို ဆက်လက် အဆင့်မြှင့်တင်နိုင်မယ်ဆိုရင် သို့မဟုတ် ပိုမြင့်တဲ့ အဆင့်ရှိတဲ့ သင်္ကေတအစီအရင် တွေကို ရှာတွေ့နိုင်မယ်ဆိုရင် သူ့ရဲ့ စွမ်းအားက အလိုအလျောက် ထပ်တက်လာမှာပါ"

"ဒါပေမဲ့ ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ သင်္ကေတတိုက်ထဲက... ရှိပြီးသား တီထွင်ထားတဲ့ သင်္ကေတအစီအရင်တွေထဲမှာ ပိုစွမ်းအားကြီးတဲ့ အစီအရင် မရှိတော့ဘူး"

ထိုစကားကို ကြားသောအခါ လင်းယွမ်၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွား၏။

ထိုက်ယန်တောင်တွင် ယခုအခါ သင်္ကေတအရိုး များစွာ သိုလှောင်ထားပြီး ဖြစ်သည်။

သားသတ်ရုံက နေ့စဉ်နှင့်အမျှ သန္ဓေပြောင်း သားရဲ အမြောက်အမြားကို သတ်ဖြတ်နေပြီး ရေလွှမ်းမိုးမှုထဲမှ အစွမ်းထက်သော သန္ဓေပြောင်း သားရဲများကိုပါ အမဲလိုက် ရှင်းလင်းနိုင်နေပြီ ဖြစ်သည်။

ဤမျှ အချိန်ကြာလာသည်နှင့်အမျှ ထိုက်ယန်တောင်က သင်္ကေတအရိုး အမြောက်အမြားကို စုဆောင်းရရှိထားပြီး ဖြစ်သည်။

သင်္ကေတအရိုး အမျိုးအစား တိုင်းကို သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနရှိ သင်္ကေတတိုက်သို့ ပို့ဆောင်ကာ သုတေသနပြု ခွဲခြမ်းစိတ်ဖြာကြရသည်။

ထို့နောက် သီးသန့် သုတေသီများက သင်္ကေတ ပေါင်းစပ်မှုများကို လေ့လာပြီး အစီအရင်သစ်များ ဖန်တီးနိုင်ခြင်း ရှိမရှိကို သုတေသနပြုကြရသည်။

၎င်းက ရင့်ကျက် အထိုင်ကျနေသော အဖွဲ့အစည်းတစ်ခု ဖြစ်နေလေပြီ။

သို့သော် သင်္ကေတအရိုးပေါ်ရှိ သင်္ကေတများတွင်လည်း အားနည်းချက်၊ အားသာချက် ကွာခြားမှုများ ရှိနေသည်။

သင်္ကေတ အမျိုးအစား တိုင်းကို အသေအချာ လေ့လာဆင်ခြင်ပါက ၎င်းတို့ထံမှ အစွမ်း တစ်ခုကိုပင် သင်ယူရရှိနိုင်သည်။

သို့သော် ထိုအစွမ်းများတွင်လည်း အရည်အသွေး ကွာခြားမှုများ ရှိနေပြန်သည်။

လင်းယွမ် ကံစမ်းမဲနှိုက်၍ ရရှိခဲ့သော သင်္ကေတ အစွမ်းများ သို့မဟုတ် သင်္ကေတအရိုးများထံမှ သူကိုယ်တိုင် နားလည်သဘောပေါက်ခဲ့သော အစွမ်းများ ကဲ့သို့ပင်။

ထိုအစွမ်းများမှာ အဖြူရောင်အဆင့်မှစ၍ အစိမ်းရောင်အဆင့်၊ ထို့နောက် ရွှေရောင်အဆင့်အထိ ဤသင်္ကေတ အစွမ်း၏ အရည်အသွေးကို ကိုယ်စားပြုနေကြသည်။

အရည်အသွေး ပိုမြင့်လေလေ၊ ဤသင်္ကေတမှာ ပိုမို ရှားပါးလေလေ ဖြစ်ကြောင်း ကိုယ်စားပြုလေ့ ရှိသည်။

သေချာသည်မှာ ရှားပါးတိုင်း အစွမ်းထက်မည်ဟု မဆိုလိုပေ။

သို့သော် အခြေအနေ အများစုတွင်မူ အရည်အသွေး ပိုမြင့်လေ၊ သင်္ကေတ ပိုမို အစွမ်းထက်လေ ဟူသော စည်းမျဉ်းကို လိုက်နာနေဆဲ ဖြစ်သည်။

ဥပမာအားဖြင့် လင်းယွမ် လက်ထဲရှိ ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတဆိုလျှင် ၎င်း၏ အရည်အသွေးက ရွှေရောင်အဆင့် သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။

ဤသင်္ကေတ၏ အစွမ်းအာနိသင်မှာလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြီးမားလှပြီး ပစ်မှတ် သေဆုံးသွားလျှင်တောင်မှ ၎င်း၏ ဝိညာဉ်မှာ သင်္ကေတ၏ ချုပ်ကိုင်မှုအောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

သို့သော် တိုက်ပွဲအတွင်း တိုက်ရိုက် အသုံးပြုမည်ဆိုပါက လက်တွေ့တွင် အသုံးချရန် အလွန် ခက်ခဲလှသည်။

အဘယ်ကြောင့်ဆိုသော် ပစ်မှတ်ထားခံရသူက သင့်အား သင်္ကေတကို သူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းနိုင်ရန် အရူးတစ်ယောက်လို ရပ်စောင့်နေမည် မဟုတ်သောကြောင့်ပင်။

ထို့ကြောင့် သင်္ကေတ တစ်ခု ရှားပါးတိုင်း တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ရာတွင် အသုံးပြုနိုင်မည်ဟု တပ်အပ်မဆိုနိုင်ပေ။

ယခုလက်ရှိ ထိုက်ယန်တောင်၏ သင်္ကေတတိုက်ထဲတွင် အများစုမှာ အဖြူရောင်အဆင့် သင်္ကေတအရိုးများ ဖြစ်ကြပြီး အစိမ်းရောင်အဆင့် သင်္ကေတအရိုး အနည်းငယ်သာ ရှိကာ ရွှေရောင်အဆင့် သင်္ကေတအရိုး ဆိုလျှင်မူ တစ်ခုမျှပင် မရှိချေ။

ရွှေရောင်အဆင့် အရည်အသွေးရှိသော သင်္ကေတအရိုးများသည် သာမန် သန္ဓေပြောင်း သားရဲများထံမှ ထွက်ပေါ်လာနိုင်သည့် အရာများ မဟုတ်တော့ပေ။

ယခုလက်ရှိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန အတွက် အခက်တွေ့နေရသည့် အချက်မှာ ဤ ကင်းစောင့်စက်ရုပ် ပေါ်တွင် ရေးထွင်းရန်အတွက် အရည်အသွေးမြင့် သင်္ကေတအစီအရင် မယ်မယ်ရရ မရှိခြင်းပင် ဖြစ်သည်။

လင်းယွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။ "သင်္ကေတအစီအရင် အပိုင်းကိုတော့ ကျွန်တော် နည်းလမ်းရှာပေးပါ့မယ်"

"ဒါပေမဲ့ ဒီ ကင်းစောင့်စက်ရုပ် ပေါ်မှာ သင်္ကေတ ဘယ်နှအုပ်စုလောက် ရေးထွင်းလို့ ရမလဲ"

ပါမောက္ခ လီဟန်ကျုံး က ရှင်းပြလာသည်။ "အဲဒါက သင်္ကေတအစီအရင် ထဲမှာ ပါဝင်တဲ့ သင်္ကေတ အရေအတွက်နဲ့ ဖွဲ့စည်းပုံအပေါ် မူတည်တယ်"

"ကင်းစောင့်စက်ရုပ်ရဲ့ လည်ပတ်မှု အခြေခံသဘောတရားက တကယ်တော့ ရွေ့လျား အစီအရင် စခန်းတစ်ခုလိုပါပဲ"

"ယွီဝမ်ထောင် ပေးခဲ့တဲ့ အချက်အလက်တွေအရ ဆိုရရင်... သင်္ကေတအစီအရင် တွေအားလုံးကို ကင်းစောင့်စက်ရုပ်ရဲ့ အကြေးခွံချပ်ဝတ် တွေထဲမှာ ထည့်သွင်းဖွဲ့စည်းထားတာနဲ့ အတူတူပါပဲ"

"မတူညီတဲ့ ရန်သူတွေနဲ့ ကြုံတွေ့လာရတဲ့အခါ... ချက်ချင်းဆိုသလို မတူညီတဲ့ အစီအရင် ပုံစံတွေကို ဆင့်ခေါ်ပြီး ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ပြုလုပ်နိုင်ပါတယ်"

"သေချာတာကတော့... အစီအရင်တွေအပြင် ကင်းစောင့်စက်ရုပ် အတွက် အဆင့်မြင့် ဉာဏ်ရည်တု အကဲဖြတ်စနစ် တစ်ခု လုပ်ပေးဖို့လည်း လိုအပ်တယ်"

"ကံကောင်းတာက ကပ်ဘေးမတိုင်ခင်က ဉာဏ်ရည်တု စနစ်တွေက တော်တော်လေး အဆင့်မြင့်နေတာပဲ... ပစ်မှတ်ကို အကဲဖြတ်ဖို့အတွက် ဉာဏ်ရည်တုကို သုံးလို့ရပြီး... ကင်းစောင့်စက်ရုပ်က ပစ်မှတ်ကို ရှင်းလင်းဖို့ လိုက်ဖက်တဲ့ အစီအရင်ပုံစံကို... အလိုအလျောက် အသက်ဝင်အောင် လုပ်ဆောင်ပေးနိုင်တယ်"

"ဥပမာအနေနဲ့... ပစ်မှတ်က မီးဓာတ် သန္ဓေပြောင်းစွမ်းအင် ပိုင်ရှင်ဖြစ်ပြီး တစ်ဖက်လူက မီးတောက်တွေကို ဆင့်ခေါ်လိုက်တာနဲ့... ကင်းစောင့်စက်ရုပ်ရဲ့ ခန္ဓာကိုယ်ထဲက အပူချိန်အာရုံခံ ကိရိယာတွေက ဒီအပူချိန် အပြောင်းအလဲကို အာရုံခံမိသွားမယ်"

"အဲဒီနောက်မှာ ရေဓာတ် အစီအရင်... ဒါမှမဟုတ် ရေခဲဓာတ် အစီအရင် ကို အလိုအလျောက် ပြောင်းလဲလိုက်ပြီး... ပစ်မှတ်ထား တိုက်ခိုက်မှုကို ပြုလုပ်နိုင်မှာပါ"

"ဒါဆို ရန်သူက စတိုက်တာကိုစောင့်ပြီးမှ... ကင်းစောင့်စက်ရုပ်က ပြန်တိုက်ခိုက်နိုင်မှာပေါ့" လင်းယွမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ပါမောက္ခ လီဟန်ကျုံး က ပြုံးလိုက်၏။ "စောင့်စရာမလိုပါဘူး... ကင်းစောင့်စက်ရုပ်မှာ ပုံမှန် တိုက်ခိုက်ရေးစနစ်ကို ထည့်သွင်းထားမှာပါ... အဲဒါက အကာအကွယ် အစီအရင်နဲ့ ခွန်အား အစီအရင်တွေကို ပေါင်းစပ်ထားတဲ့ ပုံစံမျိုးပါ"

"ဒီစနစ်မှာဆိုရင် မိမိကိုယ်ကို အကာအကွယ်ပေးနိုင်စွမ်း ရှိသလို... တစ်ချိန်တည်းမှာပဲ ခွန်အားသုံး တိုက်ခိုက်မှုတွေကိုပါ လုပ်ဆောင်နိုင်ပါတယ်"

"ဒါ့အပြင် ကင်းစောင့်စက်ရုပ်မှာ နောက်ထပ် အားသာချက်တစ်ခု ရှိသေးတယ်"

"သူတို့မှာ လူတွေလို ဦးနှောက်ဖွဲ့စည်းပုံ မရှိတဲ့အတွက်... စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်တွေရဲ့ နှောင့်ယှက်တာကို မခံရဘူး"

"တစ်ဖက်လူက စိတ်အဝေးထိန်းအစွမ်း ပိုင်ရှင် မဟုတ်သရွေ့... ကင်းစောင့်စက်ရုပ်ရဲ့ အလွယ်တကူ အနိုင်ယူတာကို ခံရမှာပဲ"

"အနာဂတ်မှာ စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်တွေ ကင်းစောင့်စက်ရုပ်နဲ့ ကြုံလာရင်တော့ သတိထားဖို့လိုတယ်"

လင်းယွမ်လည်း နားထောင်ပြီးနောက် ခံစားချက်ပြင်းပြစွာဖြင့် ခေါင်းညိတ်လိုက်မိ၏။ "ဒါကတော့ အမှန်ပဲ... ကင်းစောင့်စက်ရုပ်တွေက အနာဂတ် စစ်ပွဲတွေအတွက် အဓိက စက်ရုပ်တွေ ဖြစ်လာတော့မှာ"

"ဘယ်တော့လောက် အများအပြား ထုတ်လုပ်နိုင်မလဲ" လင်းယွမ်က မေးမြန်းလိုက်သည်။

ပါမောက္ခ လီဟန်ကျုံး က ခေါင်းခါလိုက်၏။ "ကင်းစောင့်စက်ရုပ်တွေအတွက် သတ္တုပစ္စည်းတွေ အများကြီး လိုအပ်သလို... အထောက်အပံ့အနေနဲ့ စွမ်းအင်ကျောက်တုံး တွေလည်း အများကြီး လိုတယ်"

"လက်ရှိ စွမ်းအင်ကျောက်တုံး အပိုင်းမှာတော့... ကျွန်တော်တို့ဆီမှာ သိုလှောင်ထားတာ အများကြီး ရှိတယ်... ဒါပေမဲ့ သတ္တုတွေကတော့ နည်းနည်း ရှားနေတယ်"

"အပြင်က ပစ္စည်းရှာဖွေရေးအဖွဲ့တွေနဲ့ ကြေးစားတပ်ဖွဲ့တွေကို... အရင်ခေတ်က သတ္တုတွေ သွားဆယ်ဖို့ ကျွန်တော် တာဝန်ပေးထားပြီးပါပြီ... မကြာခင် ရလဒ်ထွက်လာမှာပါ"

လင်းယွမ်က မနေနိုင်ဘဲ မေးလိုက်သည်။ "အရင်ခေတ်က သတ္တုတွေက အသုံးဝင်လို့လား... ဒီသတ္တုတွေရဲ့ ကာကွယ်နိုင်စွမ်းက အစွမ်းပိုင်ရှင်တွေအတွက်တော့ ဘာမှ မဟုတ်ဘူးမလား"

ပါမောက္ခ လီဟန်ကျုံး က ပြုံးလိုက်၏။ "ဆရာလင်း မသိသေးတာ ဖြစ်မှာပါ... အရင်ခေတ်က သတ္တုတွေကလည်း သန္ဓေပြောင်းစွမ်းအင်တွေ တိုက်စားထားလို့ တချို့တလေ သန္ဓေပြောင်းလဲတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်"

"ပြီးတော့ ကျွန်တော်တို့ သတ္တုဟောင်းတွေကို ဆယ်ယူပြီးရင်လည်း တန်းပြီး မသုံးဘူး... ပြုပြင်မွမ်းမံတာတွေ လုပ်ဆောင်ဖို့ လိုသေးတယ်"

"ပြုပြင်မွမ်းမံတာတွေ ဟုတ်လား"

"ဟုတ်တယ်... ဒီသတ္တုတွေကို အရည်ကျိုပြီးတာနဲ့ သန္ဓေပြောင်း သားရဲတွေရဲ့ အရိုးမှုန့်တွေ၊ စွမ်းအင်ကျောက်တုံး အမှုန့်တွေ ပေါင်းထည့်ရတယ်... တစ်ခါတလေ သွေးသလင်းကျောက် အမှုန့်တွေတောင် ထည့်ပြီး အရည်ကျိုရတာ... ပြီးမှ ပုံစံခွက်လောင်းရတာပါ"

"ဒီလိုမျိုး ရရှိလာတဲ့ သတ္တုတွေက ပိုမာကျောတဲ့ သတ္တိရှိပြီး... သန္ဓေပြောင်းစွမ်းအင် စီးဆင်းတဲ့ အပိုင်းမှာလည်း တော်တော့်ကို ထူးခြားပြောင်မြောက်တဲ့ အာနိသင် ရှိပါတယ်"

"လောလောဆယ်တော့ ဒီနည်းပညာတွေကို ထိုက်ယန်တောင် အမှတ်(၂) ယာဉ်ပျံ... ထိုက်ယန်တောင် ရေတပ်... ရေငုပ်သင်္ဘော စတဲ့ နယ်ပယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပါပြီ"

လင်းယွမ်တစ်ယောက် အံ့အားသင့်သွားမိ၏။ မသိမသာဖြင့်ပင် သူ အဓိကထား ပြုစုပျိုးထောင်ပေးခဲ့သော သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန က ဤမျှများပြားသော တီထွင်ဖန်တီးမှုများကို ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်တကား။

သူ၏ မျက်နှာပေါ်တွင် ဝမ်းသာပီတိဖြစ်မှုများ အပြည့်အဝ ပေါ်လွင်လာပြီး ပြုံးကာ ပြောလိုက်သည်။ "ဒါဆို မဆိုးဘူးပဲ"

ပါမောက္ခ လီဟန်ကျုံး ကလည်း ရယ်မောလိုက်၏။ "ဆရာလင်း အစွမ်းကုန် ပံ့ပိုးကူညီထားလို့သာ မဟုတ်ရင် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာန ကလည်း ရေရှည်ရပ်တည်ဖို့ မလွယ်ပါဘူး"

"ဒါနဲ့... ကျွန်တော့်ဆီမှာ အရေးကြီးတဲ့ စီမံကိန်းတစ်ခု ရှိသေးတယ်... ဆရာလင်း ကိုယ်တိုင် အတည်ပြုပေးဖို့ လိုအပ်တယ်"

လင်းယွမ် အံ့ဩသွားသည်။ ပါမောက္ခ လီဟန်ကျုံး ဤမျှ သတိကြီးစွာ ထားနေသည်မှာ အလွန် ရှားပါးလှသဖြင့် ချက်ချင်း မေးလိုက်၏။ "ဘာ စီမံကိန်းလဲ"

"ဓာတ်မဲ့ ကင်းစောင့်စက်ရုပ် စီမံကိန်းပါ"

ဆက်ရန်...

All Chapters