← Chapters

အခန်း (၃၄၃-၃၄၄)

Vol. 18 Ch. 343-344

အခန်း (၃၄၃-၃၄၄)

Vol. 18 Ch. 343-344

အပိုင်း(၃၄၃) စေ့စပ်ဆွေးနွေးခြင်းနှင့် ရှာဖွေခြင်း

"ဘာ"

လင်းဝူ၏စကားကို ကြားသောအခါ ချိုးရင်ယွဲ့က အံ့သြတုန်လှုပ်သွားပြီး ချက်ချင်း မတ်တတ်ရပ်လိုက်သည်။

ကုန်တင်သင်္ဘောတစ်စင်း...

သူမ တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားကာ ချက်ချင်း မေးလိုက်သည် "ကုန်တင်သင်္ဘောပေါ်မှာ လူရှိလား"

လင်းဝူက ခေါင်းခါပြသည် "မသိဘူး... နည်းနည်းတော့ ဝေးတယ်... ဒါပေမဲ့ လူရှိမယ်လို့ ကျွန်တော်ထင်တယ်... မဟုတ်ရင် ဒီကုန်တင်သင်္ဘောက တစ်နေရာရာမှာ တင်နေလောက်ပြီ... လီရွှေဥယျာဉ် ဝင်ပေါက်တည့်တည့်ကို ဘယ်လိုလုပ် မျောလာနိုင်မှာလဲ"

ချိုးရင်ယွဲ့က ဘာမှထပ်မပြောတော့ဘဲ ချက်ချင်း အမိန့်ပေးလိုက်သည် "ခေါင်မိုးထပ်ကို သွားမယ်"

လင်းဝူက အမြန်ခေါင်းညိတ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို သတိရသွားကာ မေးလိုက်သည် "အမချိုး... မှောင်ခိုဈေးကွက် အရောင်းအဝယ်ကရော"

"ခဏ ရပ်ထားလိုက်... သူတို့ကို ကိုယ့်အိမ်ကိုယ် ပြန်ခိုင်းလိုက်"

"နားလည်ပါပြီ"

ချိုးရင်ယွဲ့သည် အပေါ်ထပ်သို့ အလျင်အမြန် တက်သွားပြီး ခေါင်မိုးထပ်သို့ ရောက်ရှိသွား၏။

ဤခေါင်မိုးထပ်တွင် အပင်အမျိုးမျိုးကို စိုက်ပျိုးထားပြီး ကန်စွန်းဥကဲ့သို့သော သီးနှံများပင် ရှိနေသေးသည်။

ဤအရာများကို အားကိုး၍သာ သူတို့ အသက်ရှင်ရပ်တည်နေနိုင်ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။

ဤစိုက်ပျိုးသီးနှံများအပြင် ခေါင်မိုးထပ် အစွန်းတစ်လျှောက်တွင် ကင်းလှည့်နေသူ အများအပြားလည်း ရှိနေသည်။

ယခုအချိန်တွင် ကင်းလှည့်သူများအားလုံးက အဆောက်အအုံ၏ အနောက်ဘက်ခြမ်းတွင် စုရုံးနေကြပြီး အဝေးမှ ရေပြင်ကြီးကို လှမ်းကြည့်နေကြ၏။

လူတိုင်း၏မျက်နှာတွင် အံ့သြဝမ်းသာနေသည့် အရိပ်အယောင်များ ပေါ်လွင်နေပြီး လက်ညှိုးထိုးကာ တီးတိုးပြောဆိုနေကြသည်။

ထိုစဉ် ရုတ်တရက် လူတစ်ယောက်က အော်ပြောလိုက်သည် "အမချိုး လာပြီ"

ချက်ချင်းပင် လူအုပ်ကြီးက အလျင်အမြန် လူစုခွဲလိုက်ပြီး ချိုးရင်ယွဲ့ကို လှည့်ကြည့်လိုက်ကြသည်။

ချိုးရင်ယွဲ့သည် လင်းဝူနှင့် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော ချင်ဇီဟန်တို့ကို ခေါ်ကာ ခေါင်မိုးထပ် အစွန်းသို့ အမြန်လျှောက်သွားလိုက်၏။

ချိုးရင်ယွဲ့က မေးလိုက်သည် "ဘယ်သူ အရင်တွေ့တာလဲ"

လူငယ်တစ်ဦးက လက်ထောင်ကာ ဖြေလိုက်သည် "အမချိုး... ကျွန်တော် တွေ့တာ... အစက သန္ဓေပြောင်း ငါးတစ်ကောင်ကောင်များလားလို့ ထင်နေတာ... အဖြူရောင် အစက်ကလေးပဲ မြင်ရလို့လေ"

"ဒါပေမဲ့ အဲဒါက ကျွန်တော်တို့ဆီကို ပုံမှန် အချိုးကျကျ ရွေ့လာနေတာ တွေ့တော့ ပုံမှန်မဟုတ်ဘူးဆိုတာ သတိထားမိလိုက်တယ်... အဲဒါနဲ့ မှန်ပြောင်းနဲ့ ချက်ချင်း ကြည့်လိုက်တော့မှ ကုန်တင်သင်္ဘောတစ်စင်းဖြစ်နေတာကို တွေ့ရတာ"

ထိုလူငယ်၏ ရင်ဘတ်တွင် မှန်ပြောင်းတစ်လက် ချိတ်ဆွဲထားသည်မှာ သေချာနေ၏။

ကြည့်ရသည်မှာ ဒီကာတလွန် ဆိုင်မှ ဝယ်ယူထားသော ပြင်ပခရီးသွား အသုံးအဆောင်ပစ္စည်း ဖြစ်ဟန်တူသည်။

ချိုးရင်ယွဲ့က ဘာမျှဆက်မပြောတော့ဘဲ အမိန့်ပေးလိုက်သည် "မှန်ပြောင်း ပေး"

လူငယ်လေးက တွန့်ဆုတ်မနေရဲဘဲ မှန်ပြောင်းကို ချက်ချင်းဖြုတ်ကာ ချိုးရင်ယွဲ့ထံ ကမ်းပေးလိုက်သည်။

ချိုးရင်ယွဲ့က မှန်ပြောင်းကို မျက်လုံးတွင် တေ့ကာ ရေပြင်ဆီသို့ လှမ်းကြည့်လိုက်၏။

မှန်ပြောင်း၏ မြင်ကွင်းအောက်တွင် သင်္ဘောကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

၎င်းသည် အနီနှင့်အဖြူ ရောယှက်နေသော ကုန်တင်သင်္ဘောတစ်စင်း ဖြစ်သော်လည်း ကုန်တင်ခန်းအပေါ်တွင် ငါးထပ်အမြင့်ရှိ ဝါးအိမ်နှစ်လုံးကို ဆက်တိုက် ဆောက်လုပ်ထားသည်။

ဝါးအိမ်ထဲတွင် လူများပြည့်ကျပ်နေပြီး ဘယ်ဘက်ဝါးအိမ်ထဲတွင် အများအားဖြင့် အမျိုးသားများသာ ဖြစ်သည်။

ညာဘက်ဝါးအိမ်ထဲတွင်မူ အမျိုးသမီးများချည်းသာ ရှိနေ၏။

သူမက မှန်ပြောင်းကို ရွှေ့ကြည့်လိုက်ရာ သင်္ဘောဦးပိုင်းတွင် ချိတ်ဆွဲထားသော အလံကို အလျင်အမြန် သတိထားမိသွားသည်။

အဖြူရောင် အလံပေါ်တွင် ရေလှိုင်းကို ကိုယ်စားပြုသော အပြာရောင် လှိုင်းတွန့်အချို့ကို ချယ်မှုန်းထားသည်။

လှိုင်းတွန့်များ၏ အပေါ်တွင် တောင်ထွတ်သုံးခုကို ဆက်စပ်ထားပြီး "တောင်" ဟူသော စာလုံးပုံစံ ဖန်တီးထား၏။

တောင်ထွတ်၏ ညာဘက်အပေါ်ထောင့်တွင် လိမ္မော်ရောင်စပ်စပ် အနီရောင် နေဝန်းတစ်ခု ရှိနေသည်။

ချိုးရင်ယွဲ့က အနည်းငယ် မှင်သက်သွားပြီး ခေါင်းထဲတွင် ပြန်လည်စဉ်းစားကြည့်လိုက်သော်လည်း ဤသို့သော အလံမျိုးကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

တရုတ်နိုင်ငံ နယ်နိမိတ်အတွင်းတွင်လည်း ဤသို့သော အလံမျိုး ရှိကြောင်း သူမ မကြားဖူးခဲ့ချေ။

သဘာဝကျကျ စဉ်းစားကြည့်လျှင် သင်္ဘောအများစုသည် နိုင်ငံတော်အလံကိုသာ လွှင့်ထူလေ့ရှိပြီး ကိုယ်ပိုင်ဒီဇိုင်းထုတ်ထားသော အလံကို လွှင့်ထူထားရန် မဖြစ်နိုင်ပေ။

"ဒါအစိုးရ သင်္ဘောမဟုတ်ဘူး"

ချိုးရင်ယွဲ့က ချက်ချင်း သဘောပေါက်သွားကာ မျက်နှာပေါ်တွင် သတိထားစောင့်ကြည့်သည့် အရိပ်အယောင်များ ပေါ်လာပြီးနောက် ကုန်တင်သင်္ဘော၏ ကုန်းပတ်ဆီသို့ လှမ်းကြည့်လိုက်သည်။

ကုန်းပတ်ပေါ်တွင်လည်း လူအင်အား မနည်းလှဘဲ သင်္ဘောဦးနှင့် သင်္ဘောပဲ့ပိုင်းတို့တွင် ကင်းလှည့်အဖွဲ့ဝင်များ ပြည့်နှက်နေ၏။

ထိုသူများ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ၎င်းတို့၏ ကိုယ်ဟန်အနေအထားကို ကြည့်ရုံဖြင့် တက်ကြွရွှင်လန်းကာ သန်မာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူများ ဖြစ်ကြောင်း အသေအချာပင်။

ချိုးရင်ယွဲ့၏ ရင်ထဲတွင် သတိထားမှုများ ထပ်မံ မြင့်တက်လာသည်။

ဤသူများသည် အလွယ်တကူ ရန်စ၍ရမည့်သူများ မဟုတ်ပေ။

သူမက မှန်ပြောင်းကို ချိန်ညှိကာ ထိုလူအုပ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ကြိုးစားလိုက်၏။

မှန်ပြောင်း ရွေ့လျားသွားစဉ် အနားယူဆောင်တစ်ခုကို သူမ တွေ့လိုက်ရသည်။

အနားယူဆောင်ထဲတွင် လူအချို့ မတ်တတ်ရပ်နေကြပြီး ခေါင်းဆောင်မှာ အမျိုးသားတစ်ဦး ဖြစ်ဟန်တူကာ စားပွဲရှေ့တွင် ရပ်၍ တစ်စုံတစ်ရာကို ကြည့်နေပုံရသည်။

ဘေးတွင်လည်း တစ်စုံတစ်ယောက်က သူ့ကို တစ်ခုခု ရှင်းပြနေ၏။

အဝေးကြည့်မှန်ပြောင်းကို ဆွဲယူလိုက်သည်နှင့်အမျှ ချိုးရင်ယွဲ့သည် ထိုလူ၏ ရုပ်ဆင်းသွင်ပြင်ကို တဖြည်းဖြည်း ရှင်းလင်းစွာ မြင်လာရသည်။

ထိုသူ၏ မျက်နှာကျမှာ ပေါ်လွင်ထင်ရှားပြီး ရုပ်ရည်သန့်ပြန့်သော်လည်း မျက်နှာအမူအရာတွင် အထက်လူကြီးတစ်ဦး၏ သြဇာအာဏာမျိုး ရှိနေကာ မည်သူမျှ ကျူးကျော်စော်ကား၍ မရနိုင်ပုံပေါ်သည်။

ကြည့်ရသည်မှာ အသက် နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်နှစ် အရွယ်ခန့်သာ ရှိမည်ဖြစ်သော်လည်း ရင့်ကျက်တည်ငြိမ်သည့် ခံစားချက်မျိုးကို ပေးစွမ်းနေ၏။

ဤသို့သော ခံစားချက်မျိုးကို ချိုးရင်ယွဲ့သည် သူမ၏ ဖခင်ထံတွင်သာ မြင်ဖူးခဲ့သည်။

ဤသည်ကား အင်အားစုတစ်စု၏ ခေါင်းဆောင်တစ်ဦးသာလျှင် ပိုင်ဆိုင်နိုင်သည့် စရိုက်လက္ခဏာပင် ဖြစ်သည်။

"ဒီလူက ကုန်တင်သင်္ဘောရဲ့ ခေါင်းဆောင်ပဲ"

ချိုးရင်ယွဲ့က ချက်ချင်းပင် ကောက်ချက်ချလိုက်သည်။

သူမ ဆက်လက်လေ့လာရန် ပြင်လိုက်စဉ် ဘေးလူ၏ ရှင်းပြချက်ကို နားထောင်နေသော ထိုအမျိုးသားက ခေါင်းမော့လာပြီး သူမတို့ဘက်သို့ လှမ်းကြည့်လာ၏။

ချိုးရင်ယွဲ့က ရုတ်တရက် လန့်ဖြန့်သွားပြီး အသိစိတ်လွတ်ကာ မှန်ပြောင်းကို အောက်ချလိုက်မိသည်။

ချက်ချင်းပင် သူမ ပြန်လည်သတိဝင်လာပြီး သံသယဝင်သွားသည် "မဖြစ်နိုင်ဘူး... ဒီလောက်ဝေးတဲ့အကွာအဝေးကို သူ ဘယ်လိုလုပ် သတိထားမိမှာလဲ"

ထိုသို့တွေးမိပြီးနောက် မှန်ပြောင်းကို ပြန်လည်တေ့ကာ လှမ်းကြည့်လိုက်ပြန်သည်။

သို့သော်လည်း မှန်ပြောင်းမြင်ကွင်းထဲတွင် ထိုလူငယ်က သူမကို ကြည့်နေဆဲပင် ဖြစ်၏။

မျက်လုံးချင်း ဆုံမိသွားချိန်တွင် သူမ၏ နှလုံးသားက ချက်ချင်းပင် ဒိန်းဒိုင်းမြည်ကာ ခုန်ပေါက်သွားသည်။

တစ်ဖက်လူက သူမကို သေချာပေါက် အာရုံခံနိုင်နေသည်။

ထိုခဏ၌ပင် မှန်ပြောင်းထဲမှ တစ်ဖက်လူက သူမကို ရုတ်တရက် ပြုံးပြလိုက်သည်ကို တွေ့လိုက်ရ၏။

ချိုးရင်ယွဲ့က နောက်သို့ ခြေတစ်လှမ်း အမြန်ဆုတ်လိုက်မိပြီး မျက်နှာပေါ်တွင် ထိတ်လန့်မှုများ အထင်းသား ပေါ်လွင်နေသည်။

"တကယ်ပဲ ငါ့ကို မြင်နေတာလား"

မှန်ပြောင်းကို ဖယ်ချလိုက်ပြီး သူမတို့ အဆောက်အအုံနှင့် ပေရာပေါင်းများစွာ ကွာဝေးသော ကုန်တင်သင်္ဘောကို ကြည့်ရင်း မယုံနိုင်အောင် ဖြစ်နေမိသည်။

ဘေးတွင်ရပ်နေသော လင်းဝူမှာလည်း ဘယ်နေရာကနေ မှန်ပြောင်းတစ်လက် ရလာမှန်းမသိဘဲ ခဏမျှ ကြည့်ပြီးနောက် ရုတ်တရက် အာမေဍိတ်သံ ပြုလိုက်၏။

"မဟုတ်သေးဘူး... ဒီကုန်တင်သင်္ဘောကို ကျွန်တော် သိတယ်"

သူ၏စကားကြောင့် ချိုးရင်ယွဲ့က ချက်ချင်း အံ့သြသွားသည်။

"လင်းဝူ... နင် ဘာပြောလိုက်တယ်" ချိုးရင်ယွဲ့က ချက်ချင်း ထပ်မေးလိုက်၏။

ချင်ဇီဟန်တို့ အုပ်စုပင်လျှင် ဘေးမှနေ၍ အာရုံစိုက်လာကြသည်။

လင်းဝူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည် "အမချိုး... အဲဒီသင်္ဘောရဲ့ ပဲ့ပိုင်းကို ကြည့်လိုက်... အနီရောင် ဆေးသုတ်ထားတဲ့ နေရာမှာ ခြစ်ရာတစ်ခု ရှိနေတယ် မဟုတ်လား"

ထိုစကားကို ကြားသောအခါ ချိုးရင်ယွဲ့က အမြန်လှမ်းကြည့်လိုက်သည်။

ချင်ဇီဟန်ကလည်း မှန်ပြောင်းကို ယူကာ လှမ်းကြည့်လိုက်၏။

လင်းဝူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပြောလိုက်သည် "ဟိုတစ်ခေါက် လင်ကျောင်းတက္ကသိုလ်မှာ သင်္ဘောလုခဲ့တဲ့အချိန်က အကြောင်းကို မှတ်မိသေးလား"

"အဲဒီတုန်းက လက်ချောင်းကနေ လေဆာတန်း ပစ်ထုတ်နိုင်တဲ့ မိန်းမက ကျွန်တော့်ကို တိုက်ရိုက်ဖောက်ထွင်းမိမလို ဖြစ်သွားခဲ့တာ"

"အဲ့မိန်းမဘေးမှာ အသားမည်းမည်းနဲ့ ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်မိန်းမတစ်ယောက် ရှိတယ်... သူ့လက်ထဲမှာ ပုဆိန်ကြီးတစ်လက် ကိုင်ထားတာလေ"

"ကျွန်တော် သေချာ မှတ်မိတယ်... အဲဒီအချိန်တုန်းက သူက အဲ့ဒီ မီးအစွမ်းပိုင်ရှင်ရဲ့ သင်္ဘောဦးပိုင်းကို ပုဆိန်နဲ့ တစ်ချက် ခုတ်ချလိုက်တာ"

"အဲဒီပုဆိန် ခုတ်ချလိုက်တဲ့ နေရာက ဒီသင်္ဘောရဲ့ သင်္ဘောဦးပိုင်းက နေရာနဲ့ တစ်ပုံစံတည်းပဲ"

"အက်ကွဲရာကအစ အတူတူလောက်ပဲ... ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်ချင်း တူနေတော့ ကျွန်တော် အဲဒီအသားမည်းမည်း မိန်းမကို တော်တော်လေး မှတ်မိနေတာ"

"ဒီသင်္ဘောက သေချာပေါက် အဲဒီ မီးအစွမ်းပိုင်ရှင် လုယူသွားတဲ့ ကုန်တင်သင်္ဘောပဲ"

လင်းဝူက တစ်ထိုင်တည်း ပြောချလိုက်ပြီး သူ၏မျက်နှာတွင် အလွန်တရာ စိတ်လှုပ်ရှားနေပုံ ပေါ်နေ၏။

ချိုးရင်ယွဲ့က သေချာ ပြန်လည်စဉ်းစားကြည့်သော်လည်း မမှတ်မိတော့ပေ။ ထိုအချိန်က သူမ၏ ပြိုင်ဘက်မှာ အာရုံငါးပါးကို ရုပ်သိမ်းနိုင်စွမ်းရှိသော ထူးဆန်းသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။

ထိုစဉ်က အမြင်အာရုံ ရုပ်သိမ်းခံခဲ့ရသဖြင့် သေလုမျောပါး ဖြစ်ခဲ့ရရာ ဤအသေးစိတ်အချက်အလက်များကို သတိထားမိရန် အချိန်ပင် မရခဲ့ချေ။

ချင်ဇီဟန်ကမူ အနည်းငယ် မှတ်မိပုံရကာ ပြောလိုက်သည် "ကျွန်တော် နည်းနည်း မှတ်မိသလိုပဲ"

"ဒါပေမဲ့ မင်းပြောတာက ဒီသင်္ဘောက အဲဒီ မီးအစွမ်းပိုင်ရှင်ရဲ့ သင်္ဘောလို့ ပြောချင်တာလား... တခြားသူတွေက သူ့ကို အစ်ကိုဟော်လို့ ခေါ်ကြတယ် မဟုတ်လား"

"ဒီသင်္ဘောပေါ်ကလူက အဲဒီ အစ်ကိုဟော်ဆိုတဲ့လူလား... သူ ငါတို့ကို လာပြီး လက်စားချေတာလား"

ဤစကားကို ကြားလိုက်သည်နှင့် လူအားလုံး၏ မျက်နှာသွင်ပြင်များ ချက်ချင်း ပြောင်းလဲသွားကြ၏။

ထိုစကားကို ကြားသောအခါ ချိုးရင်ယွဲ့က ခုနက သူမမြင်ခဲ့ရသော လူငယ်ကို ပြန်လည်မြင်ယောင်လာပြီး ထိုအစ်ကိုဟော်ဆိုသူနှင့် လုံးဝမတူညီကြောင်း သတိထားမိလိုက်သည်။

သူမက မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည် "မဟုတ်ဘူး... ဒီသင်္ဘောပေါ်က ခေါင်းဆောင်က အဲဒီ အစ်ကိုဟော် မဟုတ်ဘူး"

"အမချိုး... သူတို့လူတွေ လာနေပြီ"

ရုတ်တရက် လူတစ်ယောက်က အော်ပြောလိုက်၏။

ချိုးရင်ယွဲ့က ချက်ချင်း လှမ်းကြည့်လိုက်ရာ တစ်ဖက်လူများက လှေငယ်တစ်စင်းကို ချလိုက်ပြီး လူရိပ်အချို့ လှေငယ်ပေါ်သို့ တက်ကာ အပိုင်း(၄) ဘက်သို့ လှော်ခတ်လာသည်ကို တွေ့လိုက်ရသည်။

သူမ၏ ရင်ထဲတွင် ထိတ်လန့်သွားကာ ချက်ချင်း အော်ဟစ်အမိန့်ပေးလိုက်သည် "မြန်မြန်... အားလုံး ရန်သူကို ရင်ဆိုင်ဖို့ ပြင်ဆင်ကြ"

လင်းဝူနှင့် ချင်ဇီဟန်တို့က ချက်ချင်း လှည့်ထွက်ကာ စတင်ပြေးလွှားပြီး အလျင်အမြန် စီစဉ်ညွှန်ကြားကြ၏။

မကြာမီတွင် အစွမ်းပိုင်ရှင် တစ်စုက လက်နက်များကိုယ်စီ ကိုင်ဆောင်ကာ အခန်းထဲမှ ထွက်ပြေးလာကြပြီး စင်္ကြံပေါ်တွင် နေရာယူလိုက်ကြသည်။

ချိုးရင်ယွဲ့က ဦးဆောင်ကာ (၂၃) လွှာသို့ ရောက်ရှိလာသည်။

ဤနေရာသည် ရေပြင်နှင့် အနီးကပ်ဆုံး အလွှာဖြစ်သည်။

ယခုအချိန်တွင် သူမ၏ အကြည့်များက လေးနက်တည်ကြည်နေပြီး တဖြည်းဖြည်း နီးကပ်လာသော လှေငယ်ကို စိုက်ကြည့်နေ၏။

ပေရာပေါင်းများစွာ အကွာအဝေးမှာ သိပ်မဝေးလှပေ။ ထိုလှေငယ်ပေါ်တွင် ရေအစွမ်းပိုင်ရှင် တစ်ဦးက ရေစီးကြောင်းကို ထိန်းချုပ်ထားသဖြင့် လူလှော်ခတ်ရန်ပင် မလိုအပ်ဘဲ အဆောက်အအုံဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။

လင်းယွမ်က လှေဦးတွင် မတ်တတ်ရပ်ကာ လီရွှေဥယျာဉ် အိမ်ရာကို ကြည့်နေပြီး သူ၏ဘေးတွင် ရပ်နေသူမှာ တင်းယန် ဖြစ်သည်။

အနောက်ဘက်တွင်မူ လီချင်းဟွာ၊ လီရှန်ယန်၊ ဟန်ရှန်းမန် အစရှိသူတို့ ရှိနေကြ၏။

ရေစီးကြောင်းကို ထိန်းချုပ်နေသူမှာ သဘာဝကျကျပင် ဟန်ရှန်းမန် ဖြစ်သည်။

တင်းယန်က မေးလိုက်သည် "ဒီအဆောက်အအုံကို လာရမယ်လို့ ရှင် ဘယ်လိုလုပ် သိတာလဲ"

လင်းယွမ်က ပြုံးကာ ဖြေလိုက်သည် "လီရွှေဥယျာဉ် တစ်ခုလုံးမှာ ဒီအဆောက်အအုံက လူတွေပဲ ငါတို့ကို သတိထားမိကြတာလေ... တခြားအဆောက်အအုံတွေထဲမှာ လူတွေ ရှိနေပေမဲ့ သတိထားရမယ့် အသိစိတ် လုံးဝ မရှိကြဘူး... ထင်ရှားတာကတော့ စည်းစနစ်မရှိတဲ့ လူတွေပဲ ဖြစ်ရမယ်"

"ဒီတစ်နေရာပဲ ထိရောက်တဲ့ စောင့်ကြည့်လေ့လာမှုနဲ့ တုံ့ပြန်မှုတွေကို စနစ်တကျ လုပ်ဆောင်နိုင်စွမ်း ရှိတာ... ဒီကိုလာပြီး ဒီအဆောက်အအုံရဲ့ ခေါင်းဆောင်နဲ့ စကားပြောတာက အထိရောက်ဆုံး ဖြစ်လိမ့်မယ်"

တင်းယန်က ထိုစကားကို ကြားသောအခါ သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည် "ဟူး... ပါမောက္ခလီ အသက်ရှင်သေးရဲ့လားဆိုတာ မသိရသေးဘူး... အခု လီရွှေဥယျာဉ်ဘက်မှာ အပိုင်း(၁) နဲ့ အပိုင်း(၂) တို့ ရေမြုပ်သွားပြီ... အပိုင်း(၃) က ဆယ့်ရှစ်ထပ် အဆောက်အအုံတွေလည်း ရေမြုပ်ကုန်ပြီ"

"လီဟန်ကျုံးက အရင်က ဘယ်မှာနေတာလဲ"

"အပိုင်း(၁) မှာပေါ့... ဘာပဲဖြစ်ဖြစ် သက်ကြီးပါမောက္ခဆိုတော့ လက်ထဲမှာ ငွေမပြတ်ဘူးလေ... သေချာပေါက် ခြံဝင်းနဲ့အိမ်မှာ နေမှာပဲ" ဟု တင်းယန်က ပြောလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ဤအချက်ကို အကြမ်းဖျင်း ခန့်မှန်းမိပြီး ဖြစ်၏။

သူက ပြောလိုက်သည် "ဒီက ခေါင်းဆောင်နဲ့ တွေ့ရင် မေးကြည့်ရုံပေါ့... ဒီပါမောက္ခလီက ကျောင်းတစ်ကျောင်းရဲ့ အဓိက မှီခိုအားထားရတဲ့သူ ဖြစ်လာနိုင်တာဆိုတော့ လုံးဝ လူဆိုး မဟုတ်နိုင်ဘူး"

"ဘာပဲဖြစ်ဖြစ် အပိုင်း(၁) မှာ အသေခံပြီး ရေကြီးတာကို ထိုင်စောင့်မနေမှာတော့ သေချာတယ်"

"သူက လွတ်မြောက်လာနိုင်ခြေ အများကြီးရှိတယ်... ဘယ်ကို ထွက်ပြေးသွားလဲ၊ အသက်ရှင်သေးရဲ့လားဆိုတာပဲ မသိရတာ"

တင်းယန်က ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်ပျက်သွားမိပြီး အမှန်တကယ်တွင် သူမအနေဖြင့် ဤကိစ္စအတွက် မျှော်လင့်ချက် သိပ်မထားရဲပေ။

အကြောင်းမှာ သူမ မှတ်မိသလောက်ဆိုလျှင် ပါမောက္ခလီ ဇနီးမောင်နှံသည် အသက်ခြောက်ဆယ်နီးပါး ရှိနေပြီဖြစ်ကာ ခွန်အားဆို၍လည်း မရှိတော့ပေ။ အခြေခံရောဂါများလည်း ရှိနေနိုင်သဖြင့် အသက်ရှင်ရန်ပင် ခက်ခဲလှသည်။

နေထိုင်ရာနေရာ ပြောင်းရွှေ့ပြီး တခြားအဆောက်အအုံများတွင် အသက်ရှင်နေထိုင်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ချေ။

သာမန်အားဖြင့် ဤသို့သော ဘေးအန္တရာယ်ကြုံတွေ့နေရသည့် အခြေအနေမျိုးတွင် ခွန်အားဗလ ပြည့်ဝသော လူငယ်များသာလျှင် အသက်ရှင်လွတ်မြောက်ရန် ပို၍လွယ်ကူလေ့ရှိသည်။

သူတို့နှစ်ဦး စကားပြောနေစဉ် အနောက်ဘက်ရှိ ထူလုံက လှမ်းအော်လိုက်သည် "ဆရာလင်းယွမ်... ကြည့်ပါဦး... သူတို့ လူအင်အားလည်း မနည်းဘူးပဲ"

လီရှန်ယန်က ဝင်ပြောလိုက်သည် "အိုး... တကယ် မနည်းဘူးပဲ... အလွှာတိုင်းမှာ ကာကွယ်ရေးတွေ လုပ်ထားတယ်"

လူတိုင်းက ခေါင်းမော့ကြည့်လိုက်ရာ တစ်ဖက်ရှိ အလွှာတိုင်းတွင် ကိုယ်ခန္ဓာ တောင့်တင်းခိုင်မာသူများက လက်နက်များကိုယ်စီ ကိုင်ဆောင်ကာ မိမိတို့ကို လေ့လာအကဲခတ်နေကြသည်ကို တွေ့လိုက်ရ၏။

ဟန်ရှန်းမန်က ဤမြင်ကွင်းကို မြင်သောအခါ ပြောလိုက်သည် "အစွမ်းပိုင်ရှင်တွေလည်း မနည်းဘူး ထင်တယ်"

လင်းယွမ်က ပြုံးကာ ပြောလိုက်သည် "ငါတို့က လူလာရှာတာပဲ... စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး"

"ဘုန်း"

ရုတ်တရက် ကျောက်ခဲတစ်လုံးက ပြင်းထန်စွာ လွင့်စင်လာပြီး လှေငယ်ရှေ့ ခြောက်ပေခန့်အကွာတွင် ကျယ်လောင်စွာ ကျဆင်းလာသည်။

ချက်ချင်းပင် ရေလှိုင်းကြီးများ ပန်းထွက်သွား၏။

လင်းဝူက အော်ဟစ်လိုက်သည် "ရပ်လိုက်စမ်း... ခင်ဗျားတို့က ဘယ်သူတွေလဲ"

ဟန်ရှန်းမန်က လင်းယွမ်ကို လှမ်းကြည့်လိုက်ရာ လင်းယွမ်က ပြောလိုက်သည် "ရပ်လိုက်ပါ"

သူမက ချက်ချင်းပင် ရေစီးကြောင်းကို ထိန်းချုပ်ထားမှုမှ ရပ်တန့်လိုက်ပြီး လှေငယ်ကို တဖြည်းဖြည်း ရပ်တန့်စေလိုက်၏။

လင်းယွမ်ဘေးရှိ တင်းယန်က လှမ်းအော်လိုက်သည် "ကျွန်မတို့က ထိုက်ယန်တောင် ခိုလှုံရေးစခန်းက လာတာပါ... အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်... ခင်ဗျားတို့ရဲ့ ခေါင်းဆောင်က ဘယ်သူများလဲ... ကျေးဇူးပြုပြီး ထွက်လာတွေ့လို့ ရမလား"

လင်းဝူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်၊ ထိုက်ယန်တောင် ခိုလှုံရေးစခန်း...

သူ၏ဘေးရှိ ချိုးရင်ယွဲ့မှာလည်း ရင်ထဲတွင် လှုပ်ရှားသွားကာ မေးလိုက်သည် "ထိုက်ယန်တောင်... ဟို အမျိုးသားသစ်တောဥယျာဉ်က ထိုက်ယန်တောင်ကို ပြောတာလား"

လင်းဝူက ခန့်မှန်းပြောဆိုလိုက်သည် "ဖြစ်နိုင်ခြေများတယ်... သူတို့ကိုယ်သူတို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းလို့ ခေါ်နေတာဆိုတော့ သူတို့က ထိုက်ယန်တောင်ကို ရောက်သွားပြီး ထိုက်ယန်တောင်မှာ ခိုလှုံရေးစခန်း တည်ဆောက်ထားတာများလား"

"ထိုက်ယန်တောင်ရဲ့ မြေမျက်နှာပြင်က ကျွန်တော်တို့ဒီထက် အများကြီး ပိုမြင့်တယ်လေ... ရေက ဆက်တိုက် တက်လာပြီး အထပ်နှစ်ဆယ်ကျော်လောက်ထိ ရေမြုပ်သွားရင်တောင် ထိုက်ယန်တောင်ကတော့ သေချာပေါက် ရေမြုပ်မှာ မဟုတ်ဘူး" ဟု ချင်ဇီဟန်ကလည်း ချက်ချင်း ခွဲခြမ်းစိတ်ဖြာလိုက်သည်။

ချိုးရင်ယွဲ့၏ မျက်လုံးများက အရောင်လက်သွားပြီး ပြောလိုက်သည် "ငါ သူတို့နဲ့ စကားပြောမယ်"

လင်းဝူက အမြန်ပြောလိုက်သည် "အမချိုး... သတိထားနော်... သူတို့က တမင်သက်သက် အမကို ထွက်လာခိုင်းပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်ရင် ဒုက္ခရောက်လိမ့်မယ်"

ချိုးရင်ယွဲ့၏ လှပသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည် "ငါက အဲ့ဒီလောက် အလွယ်တကူ အတိုက်ခိုက်ခံရမယ်ဆိုရင်တော့ သေလိုက်တာက ပိုကောင်းသေးတယ်"

ထိုသို့ပြောပြီးနောက် သူမက စင်္ကြံရှေ့သို့ ရပ်လိုက်ကာ အောက်ဘက် လှေငယ်ပေါ်ရှိ လူများကို လှမ်းအော်လိုက်သည် "ကျွန်မက ခေါင်းဆောင်ပဲ... ထိုက်ယန်တောင် ခိုလှုံရေးစခန်းဆိုတာ ထိုက်ယန်တောင် အမျိုးသားသစ်တောဥယျာဉ်က ထိုက်ယန်တောင်ကို ပြောတာလား"

တင်းယန်က အံ့သြသွားသည်၊ တစ်ဖက်အဆောက်အအုံပေါ်က ခေါင်းဆောင်က အမျိုးသမီးတစ်ဦး ဖြစ်နေမည်ဟု သူမ ထင်မထားခဲ့သဖြင့် ဤအမျိုးသမီးအပေါ်တွင် အနည်းငယ် သဘောကျသွားမိ၏။

သူမ၏ အမြင်အရ အမျိုးသမီးတစ်ဦးက ခေါင်းဆောင်ဖြစ်နေလျှင် အနည်းဆုံးတော့ လက်အောက်ခံ အမျိုးသားများက အခြားအမျိုးသမီးများကို ဖိနှိပ်ခေါင်းပုံဖြတ်ခြင်းအား ခွင့်ပြုထားမည် မဟုတ်ပေ။

သူမက ချက်ချင်း ပြုံးကာ ဖြေလိုက်သည် "ဟုတ်ပါတယ်... အဲဒီ ထိုက်ယန်တောင်ပါပဲ... ကျွန်မတို့က ထိုက်ယန်တောင်မှာ ခိုလှုံရေးစခန်း တည်ဆောက်ထားတာပါ... အခု ထွက်လာရတဲ့ အကြောင်းရင်းက အဆောက်အအုံတွေထဲမှာ ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ချင်လို့ပါ"

"ကျွန်မနာမည်က တင်းယန်ပါ... ဒီလူကတော့ ကျွန်မတို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ ခေါင်းဆောင် လင်းယွမ် ဖြစ်ပါတယ်... အမကို ဘယ်လိုများ ခေါ်ရမလဲရှင်"

ချိုးရင်ယွဲ့က တင်းယန်ကို ကြည့်လိုက်ရာ တစ်ဖက်လူ၏ ခန္ဓာကိုယ် ကောက်ကြောင်းနှင့် ရုပ်ရည်က သူမထက် မနိမ့်ကျလှသဖြင့် အနည်းငယ် အံ့အားသင့်သွားကာ ဖြေလိုက်သည် "ချိုးရင်ယွဲ့"

"အမတင်း... ကိုလင်းယွမ်... ထိုက်ယန်တောင် ခိုလှုံရေးစခန်းက နေရာအများကြီး ကျယ်လား... ရှင်တို့ စားသောက်ရေးကိစ္စတွေ ဖြေရှင်းပြီးသွားပြီလား"

တင်းယန်က ပြုံးကာ ဖြေလိုက်သည် "ထိုက်ယန်တောင်က နေရာတော့ တော်တော်ကျယ်ပါတယ်... စားသောက်ရေးပိုင်းမှာတော့ ကိုယ့်အားကိုယ်ကိုးပြီး လုံလောက်အောင် ဖြေရှင်းနိုင်နေပါပြီ"

တစ်ဖက်လူ ပြောသည်မှာ အမှန်လား အမှားလားဆိုတာ ချိုးရင်ယွဲ့ မသိသော်လည်း သူမအနေဖြင့် တစ်ဖက်လူကို လုံးလုံးလျားလျား မယုံကြည်နိုင်ပေ။

ထို့ကြောင့် သူမက ရုတ်တရက် မေးလိုက်သည် "အပြင်က ကုန်တင်သင်္ဘောက ရှင်တို့ဟာလား"

တင်းယန်က ဖြေလိုက်သည် "မှန်ပါတယ်... ကျွန်မတို့ဟာပါ"

ချိုးရင်ယွဲ့က မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်ကာ မေးလိုက်သည် "ရှင်တို့က သင်္ဘော ဘယ်ကရတာလဲ"

တင်းယန်က လင်းယွမ်ကို လှမ်းကြည့်လိုက်ရာ လင်းယွမ်က ပြောလိုက်သည် "ဒီနေရာက လင်ကျောင်းတက္ကသိုလ်နဲ့ နီးတယ်... သူက ဒီကုန်တင်သင်္ဘောကို မြင်ဖူးကောင်း မြင်ဖူးလိမ့်မယ်... အမှန်အတိုင်းပဲ ပြောလိုက်ပါ"

တင်းယန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည် "ဒီသင်္ဘောက လင်ကျောင်းတက္ကသိုလ်ရဲ့ ကုန်တင်သင်္ဘောပါ... လူတစ်စုက လုယူလာပြီး ဒီသင်္ဘောနဲ့ ကျွန်မတို့ ထိုက်ယန်တောင်ကို လာကျူးကျော်ချင်တာလေ"

ဤနေရာသို့အရောက်တွင် သူမက ခပ်ဖွဖွ ရယ်မောလိုက်သည် "နောက်တော့... ဒီသင်္ဘောက ကျွန်မတို့ဟာ ဖြစ်သွားတာပဲ"

ချိုးရင်ယွဲ့၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ တစ်ဖက်လူ၏ စကားများအရ ဤသင်္ဘော၏ မူလပိုင်ရှင်ဖြစ်သော "အစ်ကိုဟော်" မှာ တစ်ဖက်လူ၏ လက်ချက်ဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း သူမ သဘာဝကျကျပင် ခွဲခြားသိမြင်လိုက်သည်။

သို့မဟုတ်လျှင် ဤသင်္ဘောကို တစ်ဖက်လူက သိမ်းပိုက်ထားနိုင်မည် မဟုတ်ချေ။

ချိုးရင်ယွဲ့သည် "အစ်ကိုဟော်" အပေါ် မှတ်မှတ်ရရ ရှိလှသည်။ ထိုသူမှာ မီးတောက်များကို ထိန်းချုပ်နိုင်စွမ်းရှိသည့် မီးအစွမ်းပိုင်ရှင်တစ်ဦး ဖြစ်ကာ အလွန် အစွမ်းထက်လှ၏။

အစပိုင်းက သင်္ဘောကို လုယူစဉ် အဖွဲ့အသီးသီးအကြားတွင် ဤလူ၏ အစွမ်းမှာ အားလုံးနီးပါးကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည်။

နောက်ဆုံးတွင် လေဆာတန်း အစွမ်းပိုင်ဆိုင်သော အမျိုးသမီး ဝင်မပါခဲ့လျှင် ထို "အစ်ကိုဟော်" က သင်္ဘောအားလုံးကို လုယူသွားလုနီးပါးပင် ဖြစ်ခဲ့၏။

သို့သော် ဤသို့သော အစွမ်းပိုင်ရှင် ထိပ်သီးတစ်ဦးက တစ်ဖက်လူ၏ လက်ချက်ဖြင့် သေဆုံးသွားရသည်တဲ့လား...

သူမသည် ဤလူစု၏ စွမ်းရည်ကို မလွှဲမရှောင်သာ ပြန်လည်အကဲဖြတ်မိသွားသည်။

ထိုသို့တွေးမိပြီးနောက် သူမက သက်ပြင်းတစ်ချက် ရှိုက်လိုက်ကာ အနည်းငယ် သတိထားမိသွားပြီး တစ်ဖက်လူကိုလည်း ရန်ရှာလိုစိတ် မရှိတော့ချေ။

ထို့ကြောင့် သူမက ပြောလိုက်သည် "မိတ်ဆွေတို့... လောလောဆယ် ကျွန်မတို့ ဒီမှာနေရတာ အဆင်ပြေပါတယ်... ရှင်တို့ရဲ့ ကယ်ဆယ်မှု မလိုအပ်လောက်ဘူး ထင်တယ်... ရှင်တို့ တခြားအဆောက်အအုံတွေက လူတွေကို အကူအညီ လိုအပ်မလိုအပ် သွားမေးကြည့်တာ ပိုကောင်းမယ် ထင်တယ်"

တင်းယန်၏ အပြုံးက ရပ်တန့်သွားပြီး မျက်မှောင်အနည်းငယ် ကြုတ်သွားမိ၏။

အဆောက်အအုံထဲမှာ နေရတာ အဆင်ပြေတယ်တဲ့လား...

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... တစ်ဖက်လူက ဒီမှာနေတာ မီးမွေးဖို့တောင် ခက်ခဲမှာကို ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ...

သူမ၏ အပြုံးများ ပျောက်ကွယ်သွားကာ အေးစက်သော အမူအရာ ပေါ်လာသည်။

လင်းယွမ်က ဝင်ပြောလိုက်သည် "အမချိုး... ကျွန်တော်တို့ ဒီတစ်ခေါက် လာရတာက ရေထဲမှာ ပိတ်မိနေတဲ့သူတွေကို အကူအညီပေးချင်ရုံတင်မကဘူး... နောက်တစ်ချက်က ဆွေမျိုးမိတ်ဆွေတချို့ကို ရှာချင်လို့ပါ"

"ကျွန်တော် အမချိုးကို အကူအညီတစ်ခုလောက် တောင်းချင်ပါတယ်... ကျွန်တော်တို့က လီရွှေဥယျာဉ် အပိုင်း(၁) မှာ အရင်က နေခဲ့တဲ့ သက်ကြီးရွယ်အိုတစ်ဦးကို ရှာချင်လို့ပါ... အဆင်များ ပြေနိုင်မလား"

ချိုးရင်ယွဲ့က ထိုစကားကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားမိသည်။

တစ်ဖက်လူတွင် သေချာပေါက် တခြားရည်ရွယ်ချက် ရှိနေမည်ကို သူမ ခန့်မှန်းမိပြီးသား ဖြစ်ကာ အကူအညီပေးချင်သည်ဆိုသော စကားမျိုးကို သူမ တစ်လုံးမျှ မယုံကြည်ပေ။

သို့သော် တစ်ဖက်လူ၏ အခြားရည်ရွယ်ချက်က လူရှာရန် ဖြစ်နေမည်ဟု သူမ ထင်မထားခဲ့ချေ။

သူမက ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်သည် "ရှင်တို့က ဘယ်သူ့ကို ရှာချင်တာလဲ"

တင်းယန်က ချက်ချင်း ပြောလိုက်သည် "လီဟန်ကျုံးပါ... အသက် ခြောက်ဆယ်လောက်ရှိတဲ့ အဘိုးအိုပါ... သူက အရင်တုန်းက လီရွှေဥယျာဉ် အပိုင်း(၁) မှာ နေတာပါ... အမချိုး ကျေးဇူးပြုပြီး ရှာပေးဖို့ ကူညီပါဦး"

"ကျွန်မက လင်ကျောင်းတက္ကသိုလ် အင်ဂျင်နီယာမဟာဌာနက ပါမောက္ခ တင်းယန်လို့သာ ပြောလိုက်ပါ... သူ ကြားတာနဲ့ သိပါလိမ့်မယ်"

ချိုးရင်ယွဲ့က ထိုစကားကို ကြားသောအခါ မျက်ခုံးအနည်းငယ် ပင့်သွားကာ လင်းဝူနှင့် ချင်ဇီဟန်တို့ နှစ်ဦးဘက်သို့ လှည့်၍ မေးလိုက်သည် "နင်တို့ ဒီလူ့အကြောင်း ကြားဖူးလား"

လင်းဝူမှာ ဘာကြောင့်မှန်းမသိ ရင်းနှီးနေသည်ဟု ခံစားရသော်လည်း ချက်ချင်း ပြန်စဉ်းစား၍ မရနိုင်ပေ။

အမှန်တကယ်တော့ အဆောက်အအုံထဲတွင် လူများလွန်းလှသဖြင့် အကယ်၍ အစွမ်းပိုင်ရှင်သာ မဟုတ်ပါက သူ လုံးဝ မှတ်မိနိုင်မည် မဟုတ်ချေ။

ချင်ဇီဟန်ကလည်း ခေါင်းခါပြကာ ပြောလိုက်သည် "မကြားဖူးဘူး... ဒါပေမဲ့ သူတို့က ဒီအဘိုးကြီးကို ဘာလုပ်ဖို့ ရှာတာလဲ"

ချိုးရင်ယွဲ့ကလည်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် "ဒီအမျိုးသမီးက သူ့ကိုယ်သူ လင်ကျောင်းတက္ကသိုလ် အင်ဂျင်နီယာမဟာဌာနက ပါမောက္ခလို့ ပြောနေတာဆိုတော့ ဒီအဘိုးကြီးကလည်း လင်ကျောင်းတက္ကသိုလ်က လူပဲ ဖြစ်ရမယ်"

"အမချိုး... ဒါဆို ကျွန်တော်တို့ ကူညီရမလား" ဟု လင်းဝူက မေးလိုက်သည်။

ချိုးရင်ယွဲ့က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည် "နင် လူတွေကို သွားမေးခိုင်းလိုက်... အဲ့ဒီလူ ရှိမရှိ ကြည့်လိုက်... တွေ့မှ ထပ်ပြောကြတာပေါ့"

လင်းဝူက ခေါင်းညိတ်လိုက်သည် "ကောင်းပြီ... ကျွန်တော် အခုပဲ သွားလိုက်မယ်"

ထို့နောက်မှ ချိုးရင်ယွဲ့က ခေါင်းလှည့်ကာ အောက်ဘက် လှေငယ်ပေါ်သို့ လှမ်းအော်လိုက်သည် "မိတ်ဆွေတို့... ကျွန်မလူတွေ သွားစုံစမ်းနေပြီ"

သူမက ဤလူအချို့ကို အပေါ်သို့ တက်ရန် ဖိတ်ခေါ်ခြင်းမပြုဘဲ ကာကွယ်ရေး အသိစိတ်ဖြင့် သတိထားနေကြောင်း ထင်ရှားနေ၏။

လင်းယွမ်နှင့် တင်းယန်တို့ကလည်း ဂရုမစိုက်ဘဲ ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် လှေပေါ်တွင် ထိုင်ကာ စောင့်ဆိုင်းနေကြသည်။

လူတိုင်း စောင့်ဆိုင်းနေချိန်တွင် ရေအောက်မှ မှောင်မိုက်သော အရိပ်တစ်ခုက အဆောက်အအုံထဲသို့ တိတ်တဆိတ် ဝင်ရောက်သွား၏။

ကျန်းဖန်သည် ရေများပြည့်လျှံနေသော လှေကားထစ်များပေါ်မှ လျှောက်တက်လာသည်။

သူ ရေထဲမှ ထွက်လာချိန်တွင် ရေလူသားပုံစံ ဖြစ်နေသေးသော်လည်း လှေကားထစ်ပေါ်သို့ ရောက်ချိန်တွင်မူ သာမန်လူပုံစံသို့ ပြန်လည်ပြောင်းလဲသွားပြီ ဖြစ်သည်။

အပြင်ဘက်မှ ရုတ်တရက် ရောက်လာသော သင်္ဘောကြောင့် တစ်ဆောက်အအုံလုံး ယခုအချိန်အထိ ဆူညံပွက်လောရိုက်နေဆဲဖြစ်ကာ လူအများအပြားက ပြတင်းပေါက်များနှင့် စင်္ကြံအနီးသို့ သွားရောက်၍ သင်္ဘောကို ကြည့်ရှုနေကြသည်။

ထို့ကြောင့် လှေကားတစ်လျှောက်တွင် လူအရိပ်အယောင်မျှပင် မရှိသလောက် ဖြစ်နေပြီး ကျန်းဖန်သည် အဆောက်အအုံထဲသို့ အလွယ်တကူ ဝင်ရောက်လာကာ လူအုပ်ထဲသို့ ရောနှောဝင်ရောက်သွား၏။

ယခုအချိန်တွင် လင်းဝူက အစွမ်းပိုင်ရှင်အချို့ကို ခေါ်ဆောင်ကာ လူစုခွဲ၍ စတင်မေးမြန်းနေကြသည်။

လူတစ်ဦးက လှေကားထစ်များပေါ်တွင် တိုက်ရိုက်အော်ဟစ်လိုက်သည် "အားလုံး နားထောင်ကြ... အသက် ခြောက်ဆယ်လောက်ရှိတဲ့ အဘိုးကြီးတစ်ယောက်... နာမည်က လီဟန်ကျုံး... အရင်က အပိုင်း(၁) မှာ နေဖူးတဲ့လူကို မြင်ဖူးကြလား"

"အပြင်က သင်္ဘောပေါ်မှာ သူ့ကိုယ်သူ လင်ကျောင်းတက္ကသိုလ် အင်ဂျင်နီယာမဟာဌာနက ပါမောက္ခ တင်းယန်လို့ ပြောတဲ့သူက သူ့ကို တကူးတက လာရှာနေတယ်"

"လီဟန်ကျုံး... လီဟန်ကျုံးလို့ ခေါ်တဲ့လူ ရှိလား"

"အမချိုး ပြောထားတယ်... ရှာတွေ့ရင် ဆုချမယ်တဲ့... ကန်စွန်းဥ နှစ်လုံးရမယ်"

ထိုစကားကို ကြားသောအခါ ချက်ချင်းပင် လူတိုင်း စိတ်လှုပ်ရှားသွားကြပြီး တစ်ယောက်နှင့်တစ်ယောက် အလျင်အမြန် စတင်စုံစမ်းမေးမြန်းကြတော့၏။

လူအုပ်ထဲတွင် မိန်းကလေးတစ်ဦးက ထိုစကားကို ကြားလိုက်သည်နှင့် မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။

"လီဟန်ကျုံး... အဒေါ်ရှန်ရဲ့ အဘိုးကြီး နာမည်က ဒီနာမည်ပဲ မဟုတ်လား"

သူမ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသော်လည်း အခြားသူများကို ချက်ချင်း မပြောပြဘဲ အခန်းတွဲ(၃) ၏ စင်္ကြံဆီသို့ အလျင်အမြန် ပြေးသွားလိုက်၏။

အခန်းတွဲ(၃) စင်္ကြံတွင် အဝတ်စုတ်များဖြင့် ကာရံထားသော နေရာ၌ သက်ကြီးဇနီးမောင်နှံတစ်စုံ ထိုင်နေကြသည်။

အဘိုးအိုသည် ခန္ဓာကိုယ် ပိန်ချုံးနေပြီး မှန်တစ်ဖက် ကွဲအက်နေသော လိပ်ခွံကိုင်း မျက်မှန်ကို တပ်ဆင်ထားသည်။

အဘွားအိုမှာလည်း ထိုနည်းတူ ပိန်ချုံးနေကာ ထောင့်စွန်းရှိ ပလတ်စတစ်ဖျာပေါ်တွင် မှီထိုင်နေပြီး သူမ၏ လက်ချောင်းဆစ်များမှာ အနည်းငယ် ပုံပျက်နေကာ ခြေထောက်နှစ်ဖက်စလုံး ရောင်ရမ်းနေ၏။

မျက်နှာပေါ်တွင် နာကျင်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသော်လည်း မြေပြင်ပေါ်ရှိ သန္ဓေပြောင်း ငါးတစ်ကောင်၏ အကြေးခွံများကို အံကြိတ်ကာ ခွာနေဆဲဖြစ်သည်။

"အဒေါ်ရှန်... အဒေါ်ရှန်" မိန်းကလေးသည် လမ်းတစ်လျှောက် ပြေးလာရင်း ဤနေရာသို့ ရောက်ရှိလာသည်။

ရှန်ဟုန်မေက ခေါင်းမော့ကြည့်လိုက်ရာ မိန်းကလေးကို မြင်သောအခါ အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည် "ရှောင်ချွီပါလား... ဘာတွေများ ဒီလောက် ကပျာကယာ ဖြစ်လာတာလဲ... မြန်မြန် လာထိုင်"

ရှောင်ချွီဟုခေါ်သော မိန်းကလေးမှာ အမောတကောဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည် "အဒေါ်ရှန်... အရေးကြီးတယ်... ဦးလေးလီ... ဦးလေးရဲ့ နာမည်အပြည့်အစုံက ဘာလဲ"

လိပ်ခွံကိုင်းမျက်မှန်နှင့် အဘိုးအိုမှာ စိတ်ပျက်အားငယ်နေပုံရပြီး နှုတ်ခမ်းထောင့်တွင်လည်း ဒဏ်ရာများ ရှိနေကာ သူ၏ တီထွင်ဖန်တီးမှု လက်ရာများကို ယခုလေးတင် ဆုံးရှုံးလိုက်ရသဖြင့် မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်နေရာ ဤအိမ်နီးချင်း မိန်းကလေးအား ဂရုစိုက်ရန် စိတ်မပါတော့ချေ။

ထိုစကားကို ကြားသောအခါ သက်ပြင်းချကာ ပြောလိုက်သည် "သမီးက ဦးလေးကို ဦးလေးလီလို့ ခေါ်လာတာ ဒီလောက်ကြာနေပြီကို နာမည်အပြည့်အစုံကို ဘာလုပ်ဖို့ မေးတာလဲ"

ချွီလင်လင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည် "ဦးလေးလီ... ဦးလေးနာမည်က လီဟန်ကျုံး မဟုတ်လား... သမီး ဦးလေးကို ပြောပြမယ်... အပြင်မှာ သင်္ဘောတစ်စင်း ရောက်နေတယ်... သင်္ဘောပေါ်က လူတွေက အမချိုးတို့ကို လာတွေ့ပြီး ဦးလေးနာမည်ကို တပ်ပြီး လာရှာနေကြတာတဲ့"

ဆက်ရန်...

အပိုင်း(၃၄၄) ကိုယ်စီအကြံအစည်များ

"ဘာ" ထိုစကားကို ကြားသောအခါ ရှန်ဟုန်မေ၏ မျက်နှာအိုအိုလေး ဖြူရော်သွား၏။

လီဟန်ကျုံးက ပို၍ပင် ထိတ်လန့်သွားသည့်အမူအရာဖြင့် "ငါ့ကို ရှာနေတာလား... အာ... လီဟန်ကျုံးကို ရှာနေတာလား" ဟု ကမန်းကတမ်း မေးလိုက်သည်။

သူက ချက်ချင်း သတိဝင်လာပြီး အခြေအနေကို သေသေချာချာ မသိရသေးခင်မှာတော့ သူကိုယ်တိုင်က လီဟန်ကျုံးပါဟု ဝန်မခံရဲပေ။

ချွီလင်လင်က "အဘိုးနာမည်က လီဟန်ကျုံး မဟုတ်ဘူးလား" ဟု အမြန်မေးလိုက်၏။

လီဟန်ကျုံးက မဖြေရဲဘဲ "သူတို့က လီဟန်ကျုံးကို ဘာလုပ်ဖို့ ရှာနေတာလဲ" ဟု ပြန်မေးလိုက်သည်။

ချွီလင်လင်က "အပြင်ကလူတွေ ပြောတာ ကြားရသလောက်တော့ အဲဒီသင်္ဘောပေါ်မှာ မိန်းမတစ်ယောက် ပါတယ်တဲ့... သူကိုယ်သူ လင်ကျန်းတက္ကသိုလ် အင်ဂျင်နီယာဌာနက ပါမောက္ခ တင်းယန်လို့ ပြောပြီး လီဟန်ကျုံးကို ရှာနေတယ်လို့ပဲ ပြောတယ်... တခြားဘာမှတော့ မပြောဘူး" ဟု အလျင်စလို ရှင်းပြသည်။

"ဒါပေမဲ့ သမီး စောစောက စင်္ကြံလမ်းဘက်နဲ့ နီးနီးလေးမှာ ရှိနေတော့ သေသေချာချာ ကြားလိုက်ရတယ်... အဲဒီသင်္ဘောက လင်ကျန်းတက္ကသိုလ်က ကုန်တင်သင်္ဘောတဲ့... သူတို့က ထိုက်ယန်တောင် ခိုလှုံရေးစခန်းက လာတာဖြစ်ပြီး ရေထဲမှာ ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ဖို့ လာတာလို့ ပြောတယ်"

"ဒါပေမဲ့ အစ်မချူးက သူတို့ကို အပေါ်တက်ခွင့်မပေးဘူး... တစ်ဖက်လူတွေကို သတိထားနေတာ ဖြစ်မယ်"

"အဘိုးလီ... အဘိုးက တကယ်ပဲ လီဟန်ကျုံး မဟုတ်ဘူးလား"

"အစ်မချူးက အခု လူလွှတ်ပြီး အဘိုးကို နေရာအနှံ့ ရှာခိုင်းနေတယ်... အဘိုးကို ရှာတွေ့ရင် ဆုအဖြစ် ကန်စွန်းဥ နှစ်လုံး ပေးမယ်တဲ့"

ချွီလင်လင်က ကန်စွန်းဥအကြောင်း ပြောရင်း သွားရည်ကျလာကာ မသိမသာ တံတွေးမြိုချလိုက်မိသည်။

ဤစကားများကို ကြားသောအခါ လီဟန်ကျုံး၏ စိတ်ထဲတွင် ရုတ်တရက် လှုပ်ရှားသွား၏။

အင်ဂျင်နီယာဌာနမှ ပါမောက္ခ တင်းယန်ကို သူ ကောင်းကောင်း မှတ်မိနေသည်။

တင်းယန်လေးက ရုပ်ရည်လှပလွန်း၍ မဟုတ်ဘဲ ထိုအချိန်က လင်ကျန်းတက္ကသိုလ်သို့ ဝင်ရောက်လာနိုင်ပြီး မကြာမီမှာပင် ပါမောက္ခအဖြစ် သတ်မှတ်ခံရခြင်းမှာ သူမ၏ဖခင်နှင့် များစွာ သက်ဆိုင်နေသောကြောင့် ဖြစ်သည်။

လီဟန်ကျုံး၏ ပညာရေးလောကမှ နေရာမှာ မည်သူမျှ မယှဉ်နိုင်သည်ဖြစ်ရာ တင်းယန်၏ဖခင်နှင့်လည်း အလွန်ရင်းနှီးပြီး သူတို့နှစ်ဦးကြား အဆက်အသွယ် မနည်းလှပေ။

တင်းယန်က သူ့ကို ရှာနေမှန်း သိလိုက်ရသောအခါ သူ၏ ရင်ထဲတွင် ဒိန်းဒိုင်းခုန်သွားတော့သည်။

သူနှင့် တင်းယန်လေးကြား မည်သည့် ရန်ငြိုးရန်စမျှ မရှိသည့်အပြင် ရေကြီးကပ်ဘေး မတိုင်မီကပင် သူမ၏ဖခင်နှင့် မိတ်ဆွေဖြစ်ခဲ့ဖူးသည်။

တင်းယန်လေးက သူ့ကို ကယ်ဖို့ သီးသန့် လာခဲ့တာလား...

ထိုအတွေးကို သူ ချက်ချင်းပင် ဖျောက်ဖျက်ပစ်လိုက်သည်။

ကပ်ဘေးမတိုင်မီက တင်းယန်၏ဖခင်နှင့် ရင်းနှီးမှု ရှိခဲ့သည် ဆိုသော်လည်း တင်းယန်ကဲ့သို့ လူငယ်မျိုးဆက်နှင့်မူ အကြိမ်အနည်းငယ်သာ တွေ့ဖူးသည်။

တင်းယန်က သူ၏အိမ်သို့ လာရောက် ထမင်းစားဖူးပြီး သူ့ထံ လာရောက် နှုတ်ဆက်ဖူးသည်ကား မှန်၏။

သို့သော် ထိုမျှသာ ဖြစ်သည်။

ဤမျှလောက် ရင်းနှီးမှုလေးနှင့်တော့ တစ်ဖက်လူက မိုင်ပေါင်းများစွာ အဝေးကြီးကနေ သူ့ကို သီးသန့် လာကယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား...

ဤအချက်ကိုတော့ လီဟန်ကျုံးက ကောင်းစွာ သဘောပေါက်ထားသည်။

ဒါဆို တစ်ဖက်လူက သူ့ကို ဘာလို့ လာရှာတာလဲ...

တစ်ဖက်လူ သဘောကျလောက်စရာ ဘယ်လို အရည်အချင်းမျိုး သူ့ဆီမှာ ရှိနေလို့လဲ...

သူ၏ စူပါဦးနှောက် အစွမ်း၏ တုံ့ပြန်မှုအလျင်ဖြင့် အကြောင်းရင်းကို ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

"ငါ့ရဲ့ သင်္ဘောတည်ဆောက်ရေး ပညာရပ်တွေကြောင့်ပဲ"

"ငါ စူပါဦးနှောက် အစွမ်း နိုးထလာတာကို သူ မသိဘူး... ငါ့ဆီမှာ သူ့ကို ဆွဲဆောင်နိုင်မယ့် တစ်ခုတည်းသောအရာက သင်္ဘောတည်ဆောက်ရေး နယ်ပယ်က ငါ့ရဲ့ အသိပညာနဲ့ ဗဟုသုတတွေပဲ"

"ဟုတ်ပြီ... သူက လင်ကျန်းတက္ကသိုလ်က ကုန်တင်သင်္ဘောကို စီးလာတာဆိုတော့ သင်္ဘောကို ပြုပြင်ဖို့... ဒါမှမဟုတ် သင်္ဘောတွေ တည်ဆောက်ဖို့တောင် သင်္ဘောနယ်ပယ်က ကျွမ်းကျင်ပညာရှင် လိုအပ်နေမှာ သေချာတယ်"

"ဒါ မကောင်းတာတော့ မဟုတ်ဘူး"

ဤအချက်ကို သဘောပေါက်သွားသောအခါ လီဟန်ကျုံးမှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားသည်။

သူက ခေါင်းမော့ကာ ချွီလင်လင်ကို ကြည့်ပြီး သူသည် လီဟန်ကျုံးဖြစ်ကြောင်း ပြောရန် ပြင်လိုက်သည်။

ရုတ်တရက် သူ၏ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားပြီး ချူးမိန်းကလေးကို သတိရသွား၏။

"ချူးမိန်းကလေးက ဘယ်တုန်းက ဒီလောက် ကူညီချင်စိတ် ရှိသွားတာလဲ"

"တင်းယန်က ငါ့ကိုရှာဖို့ သူ ဒီလောက်တောင် အားတက်သရော ကူညီပေးနေတာက တကယ်ပဲ ကူညီချင်လို့လား"

လီဟန်ကျုံးက အနည်းငယ် တွေဝေသွားပြီးနောက် မျက်နှာအမူအရာ မပျက်စေဘဲ "ရှောင်ချွီ... သမီး တကယ်ကို ထင်ယောင်ထင်မှား ဖြစ်နေတာပါ... အဘိုးက တကယ်ပဲ လီဟန်ကျုံး မဟုတ်ပါဘူး" ဟု ပြောလိုက်သည်။

ချွီလင်လင်က အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် "အဘိုးလီ... အဘိုးသာ လီဟန်ကျုံး ဖြစ်ရင် ကောင်းမှာပဲ... အဲဒီလူတွေနဲ့ လိုက်သွားပြီး ဇိမ်ကျကျ နေရနိုင်သလို အဘွားရှန်ရဲ့ အဆစ်အမြစ်ရောင်ရောဂါလည်း ပျောက်ကင်းသွားနိုင်တယ်လေ"

"အဲဒီ အစွမ်းပိုင်ရှင်တွေထဲမှာ ကုသရေးပိုင်းဆိုင်ရာ အစွမ်း နိုးထလာတဲ့သူတွေလည်း ရှိတယ်လို့ သမီး ကြားဖူးတယ်... အဆစ်အမြစ်ရောင်ရောဂါကိုတောင် ကုသပေးနိုင်ကောင်း ကုသပေးနိုင်မှာ"

လီဟန်ကျုံးက ပြုံးလိုက်ပြီး "လူတိုင်းမှာ ကိုယ်စီ ကံကြမ္မာ ရှိကြပါတယ်... အဘိုးတို့ လင်မယားနှစ်ယောက်လည်း ကံတရားကို လက်ခံထားပါတယ်"

ထို့နောက် သူက ထရပ်လိုက်ပြီး "ဒါပေမဲ့ ကန်စွန်းဥ နှစ်လုံးတော့ အဘိုးတို့လည်း လိုချင်တယ်... လာ... အဘိုးတို့ နှစ်ယောက်တူတူ သွားရှာကြည့်ရအောင်... ဒီ လီဟန်ကျုံးဆိုတဲ့လူကို ရှာတွေ့နိုင်မလားလို့"

ချွီလင်လင်က အလျင်အမြန် ခေါင်းညိတ်ကာ "ကောင်းသားပဲ... ရှာတွေ့ရင် သမီးတို့ တစ်ယောက် တစ်လုံးစီ ခွဲစားကြတာပေါ့" ဟု ပြောလိုက်သည်။

လီဟန်ကျုံးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ၏ ဇနီးဖြစ်သူ ရှန်ဟုန်မေကို မျက်ရိပ်ပြလိုက်သည်။

ရှန်ဟုန်မေက သဘောပေါက်သွားကာ ခင်ပွန်းဖြစ်သူက ကိုယ့်နာမည်ကို ဖုံးကွယ်ထားချင်မှန်း သိလိုက်သောကြောင့် အခြားဘာမျှ ထပ်မပြောတော့ဘဲ "စောစောသွားပြီး စောစောပြန်လာနော်" ဟုသာ မှာကြားလိုက်သည်။

အဘိုးအိုနှင့် မိန်းကလေးတို့ နှစ်ဦးသား စင်္ကြံလမ်းမှ ထွက်လာပြီးနောက် အခြား အဆောက်အအုံများဘက်သို့ လျှောက်သွားကြသည်။

လီဟန်ကျုံးက ချွီလင်လင်ကို နှင်လွှတ်လိုက်ပြီး သူကိုယ်တိုင်မှာမူ ရေပြင်နှင့် နီးသော အထပ်သို့ သွားကာ ရေပြင်ထက်မှ လှေငယ်လေးကို လှမ်းမျှော်ကြည့်လိုက်သည်။

လှေငယ်ပေါ်တွင် ကိုယ်လုံးကိုယ်ပေါက် ဆွဲဆောင်မှုရှိပြီး ရုပ်ရည်လှပသော မိန်းမတစ်ယောက်က လှေဦးပိုင်း၌ ထိုင်ကာ ဤအဆောက်အအုံဘက်သို့ ကြည့်နေပြီး သူမ၏ မျက်နှာအမူအရာမှာ အလောတကြီး မရှိဘဲ တည်ငြိမ်နေသည်။

ဘေးဘက်ရှိ လူငယ်တစ်ဦးမှာ ထိုမိန်းမထက် အသက်အနည်းငယ် ငယ်ရွယ်ပုံရသော်လည်း သူ၏ ကိုယ်ပတ်ဝန်းကျင်မှ အရှိန်အဝါကား ကြီးမားလှပြီး အထက်တန်းလွှာတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သူတစ်ဦးနှင့် တူလှသည်။

ဤလူသည် ခေါင်းဆောင်ဖြစ်မည်ကို လီဟန်ကျုံးက ချက်ချင်းပင် သိမြင်နိုင်သည်။

သူ၏အကြည့်က ထိုအမျိုးသမီးကို သေသေချာချာ ကြည့်လိုက်ပြီးနောက် အမှန်တကယ်ပင် တင်းယန် ဖြစ်နေကြောင်း အတည်ပြုလိုက်နိုင်တော့သည်။

သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်တစ်ခု ရုတ်တရက် ပေါ်လာ၏။

ချက်ချင်း အော်ဟစ်အကူအညီတောင်းချင်စိတ်ကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ လူအများအပြားက သူ့ကို နေရာအနှံ့ လိုက်ရှာနေသည်ကို သူ မြင်လိုက်ရသည်။

အချို့သောသူများက သူ၏ဘက်သို့ပင် အကြည့်ရောက်လာကြပြီ ဖြစ်သည်။

အကြောင်းရင်းမှာ အလွန် ရိုးရှင်းလှသည်... သူ၏ ရုပ်ရည်သွင်ပြင်က အသက် ခြောက်ဆယ်ဝန်းကျင် အရွယ်နှင့် ကိုက်ညီနေသောကြောင့်ပင်။

"အဘိုးကြီး... ခင်ဗျား နာမည် ဘယ်လိုခေါ်လဲ"

ထင်ထားသည့်အတိုင်းပင် လူတစ်ယောက်က သူ့ရှေ့သို့ ချက်ချင်း ရောက်လာကာ သူ၏နာမည်ကို မေးမြန်းလေသည်။

လီဟန်ကျုံးက "ငါ့နာမည်က လီဆန်ကျင်း ပါ" ဟု အမြန် ဖြေလိုက်၏။

ထိုစကားကို ကြားသောအခါ ထိုသူ၏ မျက်လုံးများထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာကာ "ခွီးတဲ့မှ... ခင်ဗျားနာမည်က ဘာလို့ လီဆန်ကျင်း ဖြစ်နေရတာလဲ... လီဟန်ကျုံး ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ... တောက်" ဟု ညည်းတွားလိုက်သည်။

လီဟန်ကျုံးမှာ စကားပင် မဆိုနိုင်တော့သော်လည်း ထိုလူများနှင့် အချိန်ဖြုန်းကာ စကားမများရဲပေ။

ယခုအချိန်တွင် ရေပြင်ထက်ရှိ တင်းယန်လေးနှင့် အဆက်အသွယ်ရရန် နည်းလမ်းရှာရမည် ဖြစ်သည်။

အဓိကအချက်မှာ ချူးမိန်းကလေး သိသွားစေရန် အခွင့်မပေးနိုင်ခြင်းပင်။

ချူးမိန်းကလေးက ထိုမျှလောက် စိတ်သဘောထား မကောင်းလှကြောင်းကို သူ အမြဲတမ်း ခံစားနေရသည်။

သို့သော် ချူးမိန်းကလေး မသိအောင် သူ ဘယ်လို လုပ်ရမည်နည်း...

လီဟန်ကျုံး၏ ရင်ထဲတွင် စိုးရိမ်ပူပန်လာပြီး ရေထဲသို့ တိုက်ရိုက် ဆင်းကူးသွားချင်စိတ်များပင် ပေါက်လာတော့သည်။

သို့သော် ၎င်းမှာ လက်တွေ့မကျကြောင်း ထင်ရှားလှသည်... ရေအောက်တွင် သန္ဓေပြောင်းသားရဲများ သောင်းကျန်းနေသည်ဖြစ်ရာ ရေထဲမှ တကယ် ဆင်းကူးသွားမည်ဆိုလျှင် အလွန် အန္တရာယ် ကြီးမားလှသည်။

"ရှာတွေ့ပြီ... ရှာတွေ့ပြီ"

သူ၏ စိတ်ထဲတွင် အလွန်အမင်း စိုးရိမ်ပူပန်နေစဉ်မှာပင် အဝေးရှိ ဒုတိယ အဆောက်အအုံဘက်မှ အော်ဟစ်သံများကို ရုတ်တရက် ကြားလိုက်ရသည်။

သူ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားကာ ရှာတွေ့သွားပြီလား... ဟု တွေးလိုက်မိသည်။

သူက ဒီဘက်မှာ ရှိနေသေးတာကို ဘယ်သူက သူ့ကို ရှာတွေ့သွားတာလဲ...

သူက မသိစိတ်၏ စေခိုင်းမှုကြောင့် ထောင့်တစ်နေရာသို့ ဝင်ပုန်းလိုက်ပြီး တစ်ချိန်တည်းမှာပင် ဒုတိယ အဆောက်အအုံ၏ စင်္ကြံလမ်းဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။

ထို့နောက် တပ်မှူးလင်းဟု ခေါ်သော လူငယ်က သူ၏ ဇနီးဖြစ်သူ ရှန်ဟုန်မေကို ခေါ်ဆောင်ကာ စင်္ကြံလမ်းဘက်သို့ လျှောက်သွားနေသည်ကို သူ မြင်လိုက်ရသည်။

လီဟန်ကျုံးမှာ ချက်ချင်းပင် ထိတ်လန့်သွားကာ "ဟုန်မေ" ဟု ရေရွတ်လိုက်မိသည်။

သူက မသိစိတ်၏ စေခိုင်းမှုဖြင့် အနောက်မှ လိုက်သွားချင်သော်လည်း ချက်ချင်းပင် ပြန်ရပ်တန့်လိုက်သည်။

ဤအချိန်တွင် သူ မျက်နှာပြ၍ မရကြောင်းကို သူ သိထားသည်... အကယ်၍ သူသာ မျက်နှာပြလိုက်မည် ဆိုပါက ချူးမိန်းကလေးသည် တကယ်ကို မထီမဲ့မြင် လုပ်ရဲလာပေလိမ့်မည်။

တစ်ဖက်လူက သူ့ကို ရှာမတွေ့သေးသရွေ့ ချူးမိန်းကလေးတွင် မည်သည့် ရည်ရွယ်ချက် ရှိနေစေကာမူ ကြွက်ကိုရိုက်ချင်သော်လည်း အိုးကွဲမည်ကို စိုးရိမ်နေမည်ဖြစ်ပြီး သူ၏ ဇနီးအိုကြီးကို အန္တရာယ် ပြုဝံ့မည် မဟုတ်ပေ။

ဤနေရာအထိ တွေးမိသွားသောအခါ သူက အမြန် နောက်ဆုတ်လိုက်ပြီး လူသူကင်းမဲ့သော နေရာများဆီသို့ ဝင်ပုန်းလိုက်သည်။

လူအုပ်ကြီးထဲရှိ လူအားလုံးမှာ ဒုတိယ အဆောက်အအုံဘက်သို့ အလုအယက် ပြေးသွားကြပြီး လီဟန်ကျုံးဆိုသည်မှာ မည်သူဖြစ်ကြောင်းနှင့် မည်သူက ရှာတွေ့ခဲ့ကြောင်းကို သိချင်နေကြသည်။

လင်းဝူက လူတစ်ယောက်ကို ခိုင်း၍ ရှန်ဟုန်မေအား ဒုတိယ အဆောက်အအုံဘက်သို့ ခေါ်လာစေပြီး ချူးရင်းယွဲ့ကို ရှာတွေ့သွားသည်။

ချူးရင်းယွဲ့က ရှန်ဟုန်မေကို ကြည့်လိုက်ပြီး မျက်ခုံးအနည်းငယ် ပင့်ကာ "ဒီအဘွားက ဘယ်သူလဲ" ဟု မေးလိုက်သည်။

လင်းဝူက "အစ်မချူး... သူက လီဟန်ကျုံးရဲ့ မိန်းမတဲ့... နာမည်က ရှန်ဟုန်မေလို့ ခေါ်တယ်... အဘိုးဟွမ်... ခင်ဗျားပဲ ရှင်းပြလိုက်" ဟု လျင်မြန်စွာ ပြောလိုက်၏။

သူက လူအုပ်ထဲမှ ချွေးခံအင်္ကျီ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးကို လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။

အဘိုးဟွမ်က မျက်နှာချိုသွေးကာ အလျင်အမြန် တိုးဝင်လာပြီး "ချူးမိန်းကလေး... လူကို ကျွန်တော် ရှာတွေ့ခဲ့တာပါ... ကျွန်တော်ပါ" ဟု ကမန်းကတမ်း အော်ပြောလိုက်သည်။

သူက အဓိကကိစ္စကို အရင်မပြောဘဲ သူ၏ ကျေးဇူးကိုသာ အသားပေး ပြောဆိုလိုက်သည်။

ချူးရင်းယွဲ့က အေးစက်စက် လေသံဖြင့် "သိပြီ... ချင်ဇီဟန်... သူ့ကို ကန်စွန်းဥ နှစ်လုံး ပေးလိုက်" ဟု ပြောလိုက်၏။

ချင်ဇီဟန်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီးနောက် လူလွှတ်၍ ကန်စွန်းဥ နှစ်လုံး သွားယူခိုင်းကာ အဘိုးဟွမ်ကို ပေးလိုက်သည်။

အဘိုးဟွမ်မှာ ချက်ချင်းပင် မျက်နှာကြီး ပြုံးဖြီးသွားကာ ကန်စွန်းဥများကို အိတ်ကပ်ထဲသို့ အမြန် ထည့်လိုက်ပြီး "ချူးမိန်းကလေး... ဒီအဘွားကြီးက လီဟန်ကျုံးရဲ့ မိန်းမပါ... ရှန်ဟုန်မေလို့ ခေါ်တယ်... သူတို့နဲ့ ကျွန်တော်က အမှတ်(၁) အဆင့်ကနေ အတူတူ ရောက်လာကြတာပါ" ဟု ရယ်မောကာ ပြောလိုက်သည်။

"သူတို့အိမ်နဲ့ ကျွန်တော်တို့အိမ်က တစ်တိုက်တည်းမှာ ရှိတာပါ... အရင်တုန်းက လီဟန်ကျုံးနဲ့ ကျွန်တော် စစ်တုရင်တောင် ကစားဖူးတယ်"

"ဒါကြောင့် ဒီအဘွားကြီးက လီဟန်ကျုံးရဲ့ ဇနီးဆိုတာ ကျွန်တော် ရဲရဲကြီး အာမခံရဲတယ်"

ချူးရင်းယွဲ့က ထိုစကားကို ကြားသောအခါ ရှန်ဟုန်မေကို ကြည့်လိုက်ပြီး "အဘွား... အဘွားရဲ့ ယောက်ျားရော ဘယ်မှာလဲ" ဟု မေးလိုက်သည်။

ရှန်ဟုန်မေက ချူးရင်းယွဲ့ကို တစ်ချက် ကြည့်လိုက်ပြီး "ချူးမိန်းကလေး... အဘွားတို့က သာမန်လူတွေပါ... ဘာအဆိုးမှလည်း မလုပ်ခဲ့ဖူးပါဘူး... သမီးက အဘွားတို့ အိမ်က အဘိုးကြီးကို ဘာလုပ်ဖို့ ရှာနေတာလဲ" ဟု ပြန်မေးလိုက်၏။

ချူးရင်းယွဲ့က သူမ ငြင်းဆန်ခြင်း မရှိသည်ကို မြင်သောအခါ ဤသူသည် လီဟန်ကျုံး၏ ဇနီးအစစ် ဖြစ်ကြောင်း စိတ်ထဲတွင် သဘောပေါက်သွားသည်။

သူမက ဖော်ရွေသော အပြုံးတစ်ခုကို ပြသလိုက်ပြီး "သမီးက အဘွားရဲ့ အဘိုးကြီးကို ရှာချင်နေတာ မဟုတ်ပါဘူး... အဘွားတို့အိမ်က ရင်းနှီးတဲ့သူတစ်ယောက်က အဝေးကြီးကနေ အဘွားတို့ကို လာရှာတာပါ... လာ... ဟိုဘက်က လှေလေးကို ကြည့်လိုက်ပါဦး" ဟု ပြောလိုက်သည်။

"မြင်ရလား... လှေပေါ်က အမျိုးသမီး နာမည်က တင်းယန်တဲ့... သူ့ကိုယ်သူ လင်ကျန်းတက္ကသိုလ် အင်ဂျင်နီယာဌာနက ပါမောက္ခလို့ ပြောပြီး အဘွားတို့မိသားစုနဲ့ မိတ်ဆွေတွေလို့ ပြောတယ်... အဲဒီလို ကိစ္စမျိုး ရှိခဲ့ဖူးလား"

ရှန်ဟုန်မေက မျက်လုံးများကို မှေးကာ ရေပြင်ဘက်သို့ ကြည့်လိုက်သော်လည်း သူမ၏ အိုမင်းနေသော မျက်လုံးများက မှုန်ဝါးနေပြီဖြစ်ရာ ထိုမျှလောက် အဝေးကြီးကို မည်သို့ ရှင်းရှင်းလင်းလင်း မြင်နိုင်မည်နည်း။

သို့သော် သူမ၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွား၏... တင်းယန်ဆိုသည့် နာမည်ကို သူမ ရင်းနှီးပြီး မိသားစု နှစ်စုကြားတွင်လည်း အဆက်အသွယ် ရှိခဲ့ဖူးသည်။

သို့သော် မိမိ၏ အဘိုးကြီးက နှုတ်ဟ၍ ဝန်မခံသလို သွားရောက် အသိအမှတ်ပြုခြင်းလည်း မရှိသည်ဖြစ်ရာ တစ်ခုခု စဉ်းစားစရာ ရှိနေမည်ကို စိုးရိမ်ရသဖြင့် မိမိကိုယ်တိုင်လည်း ဖြစ်ကတတ်ဆန်း စကားမပြောရဲပေ။

ထို့ကြောင့် သူမက "အရမ်းဝေးလွန်းတော့ အဘွား သေချာ မမြင်ရဘူးကွယ်" ဟု ပြောလိုက်သည်။

"ဟီးဟီး... ဒါဆိုရင် အဘွားက ဒီ တင်းယန်ဆိုတဲ့သူကို သိလား"

ရှန်ဟုန်မေက အနည်းငယ် တွေဝေသွားပြီး ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်ကာ "ကြားတော့ ကြားဖူးတယ်... နားထဲမှာ ရင်းနှီးနေသလိုပဲ... အဘွားရဲ့ အဘိုးကြီး သိတဲ့လူ ဖြစ်နိုင်တယ်... အဘွားကတော့ သိပ်မရင်းနှီးပါဘူး" ဟု ပြောလိုက်၏။

ချူးရင်းယွဲ့၏ မျက်လုံးများ တလက်လက် တောက်ပသွားပြီး "အဘွားနဲ့ မရင်းနှီးဘူးလား... ဒါဆိုရင် သူက ခရီးအဝေးကြီးကနေ အဘွားတို့နှစ်ယောက်ကို ဘာလုပ်ဖို့ လာရှာတာလဲ" ဟု မေးလိုက်သည်။

"အဲဒါတော့... အဘွားလည်း မသိဘူးကွယ်" ရှန်ဟုန်မေက ခေါင်းခါလိုက်သည်။

ချူးရင်းယွဲ့က "အဘွားရဲ့ အဘိုးကြီးကရော လင်ကျန်းတက္ကသိုလ်က ပါမောက္ခပဲလား" ဟု ရုတ်တရက် မေးလိုက်သည်။

ရှန်ဟုန်မေက စကားမပြောသော်လည်း ဘေးနားရှိ အဘိုးဟွမ်က ချက်ချင်း ဝင်အော်ကာ "ဟုတ်တယ်... အဘိုးလီက လင်ကျန်းတက္ကသိုလ် သင်္ဘောတည်ဆောက်ရေးဌာနက ပါမောက္ခလေ... အရမ်း တော်တာ... အရင်တုန်းက လီရွှေဥယျာဉ် အပိုင်း(၁) က အိမ်ကိုတောင် ကျောင်းကနေ သူတို့မိသားစုကို ယွမ်တစ်သန်း ထောက်ပံ့ပြီး ဝယ်ပေးထားတာလို့ ကျွန်တော် ကြားဖူးတယ်"

ထိုစကားကို ကြားသောအခါ ချူးရင်းယွဲ့၏ မျက်နှာပေါ်တွင် အံ့သြသွားသည့် အရိပ်အယောင်များ ချက်ချင်း ပေါ်လာပြီး "သင်္ဘောတည်ဆောက်ရေးဌာနက ပါမောက္ခ ဟုတ်လား"

သူမက ခေါင်းလှည့်ကာ လင်းယွမ်တို့ဘက်နှင့် ထိုကုန်တင်သင်္ဘောဆီသို့ ထပ်မံ ကြည့်ရှုလိုက်သောအခါ ချက်ချင်းပင် အလင်းပေါက်သွားတော့သည်။

ဪ... ဒီလိုကိုး...

ဒီလူတွေ လီဟန်ကျုံးကို လာရှာကြတာက လီဟန်ကျုံးရဲ့ သင်္ဘောတည်ဆောက်ရေး နယ်ပယ်က ကျွမ်းကျင်ပညာရပ်တွေကြောင့် ဖြစ်ဖို့များတယ်။

သူမ၏ မျက်လုံးများ တလက်လက် တောက်ပလာပြီး ဤလီဟန်ကျုံးဆိုသူမှာ အလွန် အရည်အချင်းရှိသူ တစ်ဦးဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

အကယ်၍ မိမိအနားတွင်သာ သူ့ကို ခေါ်ထားနိုင်မည် ဆိုပါက အနာဂတ်တွင် မြူခိုးမြို့တော်ကို စူးစမ်းလေ့လာရာ၌လည်း များစွာ အသုံးဝင်နိုင်ပေလိမ့်မည်။

ဤနေရာအထိ တွေးမိသောအခါ သူမ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး "အဘွား... အဘွားရဲ့ အဘိုးကြီးကော ဘယ်ရောက်နေလဲ" ဟု ရယ်မောကာ မေးလိုက်သည်။

ရှန်ဟုန်မေသည်လည်း လူအိုဉာဏ်ရင့်သူပီပီ ဤချူးမိန်းကလေး၏ မျက်လုံးများ တောက်ပလာကာ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ တင်းယန်လေးက သူတို့ကို လာကြိုသည့်ကိစ္စမှာ ဖြစ်မြောက်ရန် ခက်ခဲသွားပြီဖြစ်ကြောင်း သိလိုက်သည်။

သူမက ရင်ထဲတွင် သက်ပြင်းချလိုက်ပြီး မိမိ၏ အဘိုးကြီးက မည်သို့မည်ပုံ ရုတ်တရက် အလိုရှိသူ များပြားလာသည်ကို နားမလည်နိုင်အောင် ဖြစ်နေမိသည်။

သို့သော် ဤအချိန်တွင် သူမသည် လီဟန်ကျုံး၏ နေရာကို သဘာဝကျကျ ထုတ်ဖော်မပြောရဲဘဲ ခါးသီးစွာ ပြုံးလိုက်ကာ "ချူးမိန်းကလေး... အဘွားလည်း မသိပါဘူးကွယ်... အဘွားက အဆစ်အမြစ်ရောင်ရောဂါ ဖြစ်နေတော့ သွားရလာရ ခက်ခဲပြီး အမြဲတမ်း တဲထဲမှာပဲ နေနေရတာပါ" ဟု ပြောလိုက်သည်။

"အဘွားရဲ့ အဘိုးကြီးက တစ်နေရာရာမှာ ငါးသွားဖမ်းနေတာ ဖြစ်မယ်"

ချူးရင်းယွဲ့က ရှန်ဟုန်မေ၏ လက်နှင့် ခြေထောက် အဆစ်အမြစ်များကို ကြည့်လိုက်ရာ ရှန်ဟုန်မေ၏ အဆစ်များမှာ ဆိုးရွားစွာ ပုံပျက်ပြီး ရောင်ရမ်းနေသည်ဖြစ်ရာ ဤသည်မှာ အဆစ်အမြစ်ရောင်ရောဂါ၏ လက္ခဏာရပ်ဖြစ်ကြောင်း ထင်ရှားနေသည်။

သူမ၏ မျက်လုံးများထဲတွင် သနားကြင်နာသည့် အရိပ်အယောင်တစ်ခု ပေါ်လာကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး "အဘွားရယ်... ဒီလောက် ဆိုးရွားနေတဲ့ ရောဂါကို ဘာလို့ သမီးတို့ကို မပြောတာလဲ... သမီးတို့က အဆောက်အအုံ တစ်ခုတည်းမှာ အတူတူ နေကြတာဆိုတော့ အချင်းချင်း ကူညီကြရမှာပေါ့" ဟု ပြောလိုက်သည်။

"ဒီလိုလုပ်... ချင်ဇီဟန်... နင် အဘွားကို ငါ့အခန်းထဲ ခေါ်သွားပြီး အနားယူခိုင်းလိုက်... ပြီးတော့ သူ့ကို အကိုက်အခဲပျောက်ဆေး နည်းနည်း ရှာတိုက်ထားလိုက်ဦး"

"လင်းဝူ... နင်က လီဟန်ကျုံးကို ဆက်ပြီး အမြန်လိုက်ရှာ... သူ့ဇနီးက ငါ့ဆီမှာ ဒဏ်ရာကုသနေတယ်လို့ သူ့ကို ပြောပြီး အမြန်လာခဲ့ဖို့ ပြောလိုက်"

လင်းဝူက သဘောပေါက်သွားကာ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

ချင်ဇီဟန်ကလည်း လျှောက်လာပြီး ရှန်ဟုန်မေအား "အဘွားရှန်... သွားရအောင်... ကျွန်တော် အဘွားကို အကိုက်အခဲပျောက်ဆေး တိုက်မယ်" ဟု ပြောလိုက်၏။

ရှန်ဟုန်မေက တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်... ဤလူများက စကားလှလှလေးတွေ ပြောဖို့တော့ တတ်သားပဲ...

သူမ၏ အဆစ်အမြစ်ရောင်ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက လီဟန်ကျုံးက ဤအစွမ်းပိုင်ရှင်များကို သွားရောက် အကူအညီတောင်းခဲ့ဖူးသည်။

သို့သော် ထိုအချိန်က အရိုက်ခံလိုက်ရသည်သာ အဖတ်တင်ပြီး သူတို့ကို မည်သည့်ဆေးမှ ပေးခဲ့ခြင်း မရှိပေ။

ယခုအချိန်တွင် တစ်ဖက်လူက ဤမျှလောက် ယဉ်ကျေးနေခြင်းမှာ သူမကို အသုံးချကာ လီဟန်ကျုံးကို ခြိမ်းခြောက်ရန် ဖြစ်နိုင်ခြေများသည်။

သူမမှာ ခဏတာမျှ ဝမ်းနည်းကြေကွဲသွားမိသည်... လူအိုသွားပြီဖြစ်၍ ဘာမှ မတတ်နိုင်တော့သည်ကို ထားလိုက်ပါတော့... ယခုမူ အသုံးမကျတော့သည့်အပြင် မိမိ၏ လက်တွဲဖော်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုပင် ဖြစ်လာရချေပြီ။

သူမ တကယ်ကို သေလိုက်ချင်စိတ်များပင် ပေါက်လာတော့သည်။

သို့သော် လီဟန်ကျုံး တစ်ယောက်တည်း ဤလောကတွင် ကျန်ရစ်ခဲ့ကာ အထီးကျန်ဆန်ပြီး စကားပြောဖော်ပင် မရှိတော့မည်ကိုလည်း သူမ အမှန်တကယ် စိုးရိမ်နေမိသည်။

ဤဘက်တွင် လင်းဝူက လူများကို သတင်းဖြန့်ခိုင်းရန် ထွက်သွားပြီးနောက် သူကိုယ်တိုင်မှာ ချူးရင်းယွဲ့၏ အနားသို့ ပြန်ရောက်လာသည်။

"အစ်မချူး... ဒီလူတွေက လီဟန်ကျုံးရဲ့ သင်္ဘောတည်ဆောက်ရေး ကျွမ်းကျင်ပညာရပ်ကို မျက်စိကျသွားတာလား"

သူသည်လည်း လူမိုက်တစ်ဦး မဟုတ်သည်ဖြစ်ရာ ဤအချက်ကို သဘာဝကျကျ ခန့်မှန်းမိနိုင်သည်။

ချူးရင်းယွဲ့က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး "သူတို့က ထိုက်ယန်တောင်ကို သိမ်းပိုက်ထားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်နေကြတယ်... အခုဆိုရင် ကုန်တင်သင်္ဘော တစ်စီးတောင် ရှိနေပြီဆိုတော့ သင်္ဘောတွေ တည်ဆောက်နိုင်တဲ့ စွမ်းရည်တွေတောင် ရှိနေလောက်ပြီ" ဟု ပြောလိုက်သည်။

"သင်္ချ ိုင်းကုန်း ခြေတစ်ဖက်လှမ်းနေတဲ့ အဘိုးကြီးတစ်ယောက်ကို ဒီလောက် အဝေးကြီးကနေ လာရှာတယ်ဆိုတာ... ဒီအဘိုးကြီးကို ခိုင်းစရာ အရေးကြီးတဲ့ ကိစ္စတွေ ရှိနေလို့သာပေါ့... မဟုတ်ရင် ဒီလို လူအင်အားကို အလဟဿ ဖြုန်းတီးနေစရာ အကြောင်းမရှိဘူး"

"ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ... လူကို ရှာတွေ့ရင် သူတို့ကို ပေးလိုက်ရမလား"

"လောစရာမလိုဘူး... လူကို အရင် ရှာတွေ့ပါစေဦး" ချူးရင်းယွဲ့က ပြုံးလိုက်သည်။

လင်းဝူက ကြားလိုက်သည်နှင့် ဘာအဓိပ္ပာယ်လဲဆိုသည်ကို သိသွားကာ ချက်ချင်း ခေါင်းညိတ်လိုက်၏။

...

မြစ်ပြင်ထက်ရှိ လှေငယ်ပေါ်တွင် တင်းယန်က သက်ပြင်းချလိုက်ပြီး "ဝူယင်ကို ခေါ်လာရမှာ... သူရဲ့ အရိပ်အစွမ်းနဲ့ဆို အထဲကို ခိုးဝင်သွားရင် အနီးကပ်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး" ဟု ပြောလိုက်သည်။

ထူလုံက "ခေါင်းဆောင်တင်း... ကျွန်တော်တို့က သာမန်လူတစ်ယောက်ကို လာရှာတာလေ... သူတို့က လွှတ်ပေးဖို့ သဘောမတူဘဲ နေပါ့မလား" ဟု မေးလိုက်၏။

ဘေးနားရှိ ဟန်ရှန်းမန်က "ပြောရခက်တယ်... အခုခေတ် လူတွေက သံမရှိလည်း သံမှို သုံးလေးချောင်းလောက်တော့ ထွက်အောင် ထုချင်တဲ့လူတွေချည်းပဲ... ဒီ ချူးမိန်းကလေးဆိုတဲ့သူ အခြေအနေကို ဘယ်လောက် နားလည်သလဲ ဆိုတာပေါ်ပဲ မူတည်တော့တယ်" ဟု ပြောလိုက်သည်။

ထူလုံက ချက်ချင်း ဆဲရေးလိုက်ကာ "ချီးတဲ့မှ... ငါတို့က ကောင်းကောင်းမွန်မွန် ပြောပြီးပြီကို... သူသာ မရိုးမသားလုပ်ရဲလို့ကတော့ ငါ ချက်ချင်း လူခေါ်ပြီး ဒီအဆောက်အအုံကို အမှုန့်ချေပစ်မယ်" ဟု ကြိမ်းဝါးလိုက်သည်။

ဟန်ရှန်းမန်က ပြုံးလိုက်သော်လည်း ဘာမှ မပြောပေ။

လင်းယွမ်က "ဟားဟား... ရှန်းမန် ပြောတာ မှန်တယ်... တစ်ဖက်လူက ဒီလောက် လွယ်လွယ်ကူကူနဲ့ လူကို ပေးလိုက်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး... သူ နည်းနည်းလောက် စုံစမ်းကြည့်လိုက်ရုံနဲ့တင် ငါတို့က ဒီပါမောက္ခ လီဟန်ကျုံးကို ဘာလုပ်ဖို့ ရှာနေတယ်ဆိုတာ သူ ခန့်မှန်းမိသွားနိုင်တယ်" ဟု ဝင်ပြောလိုက်သည်။

"သူတို့လို အဆောက်အအုံတစ်ခုထဲက ခိုလှုံရေးစခန်းအတွက်ကတော့ လီဟန်ကျုံးလို ပါမောက္ခမျိုးက သူတို့အတွက် သိပ်အသုံးဝင်လှတာ မဟုတ်ဘူး"

"အဆောက်အအုံထဲမှာ ထားထားရင်လည်း စားနပ်ရိက္ခာ ဖြုန်းတီးရုံပဲ ရှိမှာ"

"သူက ပါမောက္ခလီကို အတင်းအကျပ် ဆက်ထားဖို့တော့ မဖြစ်နိုင်ပါဘူး... တောင်းဆိုချက် တချို့ လုပ်လာဖို့ပဲ များပါတယ်"

"စောင့်ကြည့်ရတာပေါ့... အရမ်း မလွန်ကျူးဘူးဆိုရင် သူ့ကို အကျိုးအမြတ်လေး နည်းနည်း ပေးလိုက်ပါ... ဘယ်လိုပဲပြောပြော ပါမောက္ခလီရဲ့ လုံခြုံရေးက ပိုအရေးကြီးတယ်"

လူတိုင်းက တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြပြီး လီချင်းဟွာက "ကျန်းဖန်ဘက်မှာရော သဲလွန်စ ရနေပြီလား မသိဘူး" ဟု ပြောလိုက်သည်။

လင်းယွမ်က "ငါ ကျန်းဖန်ကို လွှတ်လိုက်တာက လူကို တိုက်ရိုက် သွားကယ်ခိုင်းတာ မဟုတ်ဘူး... ပါမောက္ခလီက ဒီမှာ တကယ် ရှိမရှိ အတည်ပြုဖို့ သွားခိုင်းတာ" ဟု ပြောလိုက်၏။

"ပါမောက္ခလီ ဒီမှာ ရှိနေတယ်ဆိုတာ သေချာသွားရင် သူ့ကို ခေါ်သွားဖို့ ငါတို့မှာ နည်းလမ်း ရှိမှာပါ"

သူ၏ အသံက တည်ငြိမ်နေသော်လည်း အလွန် ကြီးမားသော ယုံကြည်ချက်များ ပါဝင်နေသည်။

ဤသည်က လီချင်းဟွာကို မဆိုင်းမတွ ခေါင်းညိတ်သွားစေပြီး ဤနေရာရှိ လူများထဲတွင် လင်းယွမ်ကသာ ဤကဲ့သို့ စကားမျိုးကို ပြောဆိုရန် အခွင့်အရေး အပြည့်အဝ ရှိကြောင်း သူ ကောင်းစွာ သိထားသည်။

ဆရာလင်းသည် သူ ယခုအချိန်အထိ တွေ့ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံး အစွမ်းပိုင်ရှင်ဖြစ်ပြီး အခြားသူများဖြင့် ယှဉ်စရာပင် မလိုပေ။

ဆက်ရန်...

All Chapters