အခန်း (၁၆၅-၁၆၆)
Vol. 9 Ch. 165-166
အပိုင်း (၁၆၅) ဝမ်ဝေတုန်းအဖွဲ့၏ သတင်းအချက်အလက်များနှင့် ချင်ကျင်းအဖွဲ့အား ပညာပေးခြင်း
လင်းယွမ်က သဘောပေါက်နားလည်သွား၏။ အဆင့်မြင့်ဟိုတယ်ကြီးတစ်ခုတွင် ဟိုတယ်မန်နေဂျာ ရာထူးကို ရယူနိုင်သည်မှာ ရုပ်ရည်နှင့် ခန္ဓာကိုယ်အချိုးအစားကလည်း ထည့်သွင်းစဉ်းစားရမည့် အချက်များ ဖြစ်နေသောကြောင့်ပင်။
ချင်ကျင်းက ဤမျှ လှပနေပြီး ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းနေသည်မှာ အံ့သြစရာ မရှိတော့ပေ။
ထို ယွဲ့ဖုန်းနှင့် ဝမ်ချီတို့ သူမကို ကြည့်နေကြသည့် အကြည့်များထဲတွင် တပ်မက်မှုများ ထင်ရှားစွာ ပါဝင်နေသည်။
လင်းယွမ်က မေးလိုက်၏။
"ဝမ်ဝေတုန်းက ဘယ်လိုအစွမ်းမျိုး ရှိတာလဲ"
ချင်ကျင်းက လေးနက်သော မျက်နှာထားဖြင့် ဆိုသည်။
"ဝမ်ဝေတုန်းရဲ့ အစွမ်းက အရမ်းထူးခြားတယ် အရိပ် လို့ ခေါ်တယ် သူ့ခန္ဓာကိုယ် အစိတ်အပိုင်း ဘယ်နေရာကိုမဆို အရိပ်အဖြစ် ပြောင်းလဲနိုင်ပြီး ဓာတ်ငွေ့ ဒါမှမဟုတ် စွမ်းအင်ပုံစံမျိုး ဖြစ်သွားစေတာ"
"ဘယ်လို ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုးကမှ သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူး ပြောင်းပြန်အနေနဲ့ သူက တိုက်ခိုက်ရင်တော့ တခြားသူတွေ ဒဏ်ရာရနိုင်တယ်"
လင်းယွမ်က မျက်ခုံးပင့်လိုက်၏။
"အရိပ်"
သူ တစ်ခါမှ မမြင်ဖူးသည့် ထူးဆန်းသော အစွမ်းတစ်ခု ဖြစ်နေပြန်ပြီ။
ဤအစွမ်းမှာ ကြားရသည်မှာပင် စိတ်ဝင်စားစရာ ကောင်းလှသည်။
ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို လစ်လျူရှုနိုင်ခြင်းမှာ အခြေအနေ အတော်များများတွင် အလွန်စွမ်းအားကြီးမားသည်မှာ သေချာသည်။
သို့သော် လင်းယွမ်က ဤအစွမ်းကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းကို ချက်ချင်းပင် စဉ်းစားမိလိုက်၏။
ထိုအရာမှာ စိတ်စွမ်းအင်ပင် ဖြစ်သည်။
စိတ်စွမ်းအင်ဖြင့် စိတ်ပင်လယ်နှင့် အသိစိတ်အာရုံကို တိုက်ရိုက်တိုက်ခိုက်ခြင်း ဖြစ်သည်။ တစ်ဖက်လူက အရိပ် ပြုလုပ်ပြီး ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ရှောင်လွှဲနိုင်သော်လည်း အသိစိတ်နှင့် တွေးခေါ်မှုတို့က ရှိနေဦးမည် ဖြစ်ရာ စိတ်စွမ်းအင် သက်ရောက်မှုအောက်သို့ ကျရောက်နိုင်ပေသည်။
ထိုအချက်ကို လင်းယွမ်က ပြောပြရန် ပြင်လိုက်စဉ်မှာပင် ချင်ကျင်းက ဦးစွာ ပြောလာခဲ့သည်။
"စိတ်စွမ်းအင် တိုက်ခိုက်မှုသာ မဟုတ်ရင် သူ့ကို ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး"
"ကံဆိုးတာက ကျွန်မလူတွေထဲမှာ အဲ့ဒီလို ကျွမ်းကျင်သူမျိုး ရှိမနေဘူး"
"ပြီးတော့ သူ့ဘေးနားမှာ အစွမ်းပိုင်ရှင်တွေ အများကြီး ရှိသေးတယ် အဲ့ဒီအထဲက တစ်ယောက်ဆိုရင် စိတ်စွမ်းအင် အကာအကွယ်အစွမ်း ရှိတယ်"
"သူ့နားမှာ အဲ့ဒီလူတွေ ရှိနေသရွေ့ သူ့ကို ထိပါးဖို့က အရမ်းခက်တယ်"
"သူ့ဘေးနားက အစွမ်းပိုင်ရှင်တွေအကြောင်း ပြောပါဦး" ဟု လင်းယွမ်က ဆိုသည်။
"သူ့နားမှာ အစွမ်းပိုင်ရှင် ငါးယောက်ရှိတယ် သူ့ညီ ဝမ်ဝေကျွင်း၊ ရန်မင်လို့ခေါ်တဲ့ ကြက်ပေါင်းဟင်းရည်ဆိုင်ရှင်၊ လုံခြုံရေးအဖွဲ့ဝင် ကျိုးယဲ့၊ အားကစား အမျိုးသမီး နည်းပြ လျှိုမေ့ရှင်း၊ ပြီးတော့ ဝူရှင်းရှင်း ဆိုတဲ့လူကတော့ ဘာလုပ်တဲ့သူလဲ မသိဘူး ရေမကြီးခင်တည်းက ကျွန်မတို့ ဟိုတယ်မှာပဲ တည်းနေတာ"
"သူတို့က ဘယ်လိုအစွမ်းတွေ ရှိကြတာလဲ"
တင်းယန်က ဘယ်အချိန်ကတည်းက ရောက်လာမှန်းမသိဘဲ ဝင်မေးလိုက်၏။
သူမနှင့်အတူ ကျောက်ခိုင်၊ ရန်ဆန်းမင် နှင့် ရှီဟိုင်ကျူး တို့ပါ ပါလာကြသည်။
ချင်ကျင်းက ထိုလူများကို တစ်ချက်ကြည့်လိုက်သည်။ ဤလူများမှာ လင်းယွမ်အဖွဲ့၏ အဓိက အဖွဲ့ဝင်များ ဖြစ်လောက်မည်ဟု သူမ ခန့်မှန်းလိုက်၏။
ထို့နောက် သူမက ဆက်ပြောသည်။
"ဝမ်ဝေကျွင်းက ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်ပဲ ခွန်အားက အဆမတန် ကြီးမားတယ် ဒါပေမဲ့ သူ့အရပ်က သိပ်မရှည်ဘူး အစွမ်းမနိုးထခင်တုန်းကတော့ သိမ်ငယ်စိတ်ရှိပြီး အနေအေးတဲ့သူပဲ အစွမ်းနိုးထပြီးတဲ့ နောက်မှာ အရမ်းရက်စက်ကြမ်းကြုတ်လာတယ် ပြီးတော့ မိန်းမတွေကို အရမ်းမုန်းတယ်"
"ရေမကြီးခင်တုန်းက မိန်းမတစ်ယောက်ယောက်ဆီကနေ စိတ်ဒဏ်ရာ ရခဲ့ဖူးတယ်လို့ အားလုံးက သံသယရှိကြတယ်"
"ရှင်တို့ပြောတဲ့ လူသတ်ပြီး အလောင်းပစ်ချတာ သူပဲ ဖြစ်ဖို့များတယ်"
"ကျွန်မတို့ဆီက အသက်ရှင်ကျန်ရစ်သူတွေထဲမှာ အမျိုးသမီး အတော်များများက သူ့လက်ချက်နဲ့ ဒုက္ခရောက်ခဲ့ကြရတာ"
လင်းယွမ်က မေးလိုက်၏။ "ခွန်အားကြီးတာ တစ်ခုတည်းလား"
"အရမ်းကြီးတာ" ချင်ကျင်းက အလေးအနက်ထား၍ ပြောသည်။ "သူက (၁) တန် လေးတဲ့ စကျင်ကျောက်ပြားကြီးကို လက်တစ်ဖက်တည်းနဲ့ မနိုင်တယ် လူကို ဖမ်းဆွဲလိုက်ရင် ကလေးကစားစရာလိုပဲ ဘယ်သူမဆို သူ့လက်သီးနဲ့ အထိုးခံလိုက်ရရင် အကာအကွယ်အစွမ်း မရှိဘူးဆိုရင် သေချာပေါက် သေမှာပဲ"
လင်းယွမ်က "အော်" ဟုသာ ရေရွတ်လိုက်၏။ လက်တစ်ဖက်တည်းဖြင့် (၁) တန် မနိုင်သည်မှာ သူ၏ ခွန်အား အရေအသွေးမှတ် (၁၀) မှတ် မပြည့်ခင်ကတည်းက လုပ်နိုင်ခဲ့သည့် အရာဖြစ်သည်။
ဤကဲ့သို့ ခွန်အားသက်သက် အမျိုးအစား အစွမ်းပိုင်ရှင်များကို သိပ်ပြီး ခြိမ်းခြောက်မှု ရှိသည်ဟု မယူဆပေ။
သို့သော် အစွမ်းပိုင်ရှင် အများစုအတွက်မူ အစောပိုင်းကာလတွင် ခွန်အားအမျိုးအစား၊ အလျင်အမျိုးအစား စသည့် အစွမ်းရှင်များမှာ ဖျက်ဆီးနိုင်စွမ်း အလွန်မြင့်မားကြသည်။
ပြောင်းပြန်အားဖြင့် စိတ်စွမ်းအင် အစွမ်းရှင်များမှာမူ လုံလောက်သော စိတ်စွမ်းအင် ပံ့ပိုးမှုမရှိပါက ရေရှည်တိုက်ပွဲ ဝင်နိုင်မည် မဟုတ်ပေ။
လင်းယွမ်သာမက တင်းယန်နှင့် အခြားသူများလည်း အလားတူ တွေးလိုက်ကြ၏။
ခွန်အား မည်မျှပင်ကြီးစေကာမူ သာမန်လူသားခန္ဓာကိုယ်သာ ဖြစ်နေသေးသဖြင့် ဒဏ်ရာရနိုင်၊ သေဆုံးနိုင်ပေသည်။
ထို့ပြင် ခွန်အားကြီးသော်လည်း တစ်ဖက်လူကို ထိမှန်အောင် ထိုးနိုင်မှ အသုံးဝင်မည် ဖြစ်သည်။
"ကြက်ပေါင်းဟင်းရည်ဆိုင်ရှင် ရန်မင် ကရော" လင်းယွမ်က မေးလိုက်သည်။
ချင်ကျင်း၏ မျက်နှာထားက ချက်ချင်း တည်ကြည်လေးနက်သွား၏။
"ဒီလူကိုတော့ ရှင်တို့ သေချာဂရုစိုက်ရမယ် သူက စွမ်းအင်ဗုံးတွေ ဖန်တီးနိုင်တဲ့ အစွမ်းရှိတယ်"
"သူပစ်ပေါက်လိုက်တဲ့ ဘယ်ပစ္စည်းကိုမဆို သတိထား"
"စွမ်းအင်ဗုံး" လင်းယွမ်က မျက်ခုံးပင့်လိုက်သည်။
ရှီဟိုင်ကျူးက မနေနိုင်ဘဲ ဝင်မေးလိုက်၏။ "တကယ့် ဗုံးလား ပေါက်ကွဲအားက ဘယ်လောက်လဲ"
"ပေါက်ကွဲအား အရမ်းပြင်းတယ် ပေါက်ကွဲတဲ့ အတိုင်းအတာက (၁၅) ပေကနေ (၃၀) ပေလောက်အထိ ရှိတယ် ရိုက်ခတ်မှုအားကလည်း ကြီးတယ် သာမန် လက်ပစ်ဗုံးတစ်လုံးရဲ့ ပေါက်ကွဲအားထက် မလျော့ဘူး" ဟု ချင်ကျင်းက ပြောသည်။
လင်းယွမ်က သူမကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး မေးလိုက်၏။
"အော် မန်နေဂျာချင်က လက်ပစ်ဗုံး ပေါက်ကွဲတာကို မြင်ဖူးလို့လား"
"ဒါ" ချင်ကျင်းမှာ စကားဆွံ့အသွား၏။ သူမက လက်ပစ်ဗုံး ပေါက်ကွဲသည်ကို မမြင်ဖူးသော်လည်း လင်းယွမ်တို့ သတိထားမိစေရန် တင်စားပြောဆိုလိုက်ခြင်း ဖြစ်သည်။
ချင်ကျင်း၏ အနောက်တွင် ရပ်နေသော ယွဲ့ဖုန်းမှာ ချင်ကျင်း အမေးခံလိုက်ရသဖြင့် ဒေါသထွက်လာပြီး မနေနိုင်ဘဲ ဝင်ပြောလေသည်။
"အမချင်က ခင်ဗျားတို့ကို စေတနာနဲ့ သတင်းလာပေးတာ ခင်ဗျားတို့ နားမထောင်ချင်ရင်လည်း ပြောပေါ့ဗျာ ဘာလို့ လာပြီး ရစ်နေတာလဲ ခင်ဗျားတို့ကရော လက်ပစ်ဗုံး ပေါက်ကွဲတာ မြင်ဖူးလို့လား"
"ရန်မင်ရဲ့ စွမ်းအင်ဗုံး ပေါက်ကွဲအားက ဝမ်ဝေကျွင်း အစွမ်းကုန် ထိုးတဲ့ လက်သီးထက်တောင် ပိုပြင်းတယ် အမချင်က ခင်ဗျားတို့ကို ဂရုစိုက်စေချင်လို့ ပြောတာကို ခင်ဗျားက ဘာလို့ ထေ့ငေါ့ ပြောနေတာလဲ"
ချင်ကျင်းက ယွဲ့ဖုန်းကို အလျင်အမြန် တားလိုက်၏။
"ယွဲ့ဖုန်း... တော်တော့"
သူမက ပါးစပ်ဖြင့် တားလိုက်သော်လည်း စိတ်ထဲတွင် ကျေနပ်သွား၏။
သူမ၏ စိတ်ထဲတွင်လည်း လင်းယွမ်တို့အဖွဲ့မှာ သူမ၏ စေတနာကို နားမလည်ဘဲ ကောင်းကောင်းမွန်မွန် မဆက်ဆံဟု ခံစားနေရသည်။
သူမကို လက်ပစ်ဗုံး ပေါက်ကွဲသည်ကို မမြင်ဖူးဘူးလားဟုပင် လှောင်ပြောင်လိုက်သေးသည်။
လင်းယွမ်က ယွဲ့ဖုန်းကို မော့ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်ကာ ပြောလိုက်၏။
"ချာတိတ်... ငါလိုချင်တာက တိကျတဲ့ သတင်းအချက်အလက် ချဲ့ကားပြောဆိုထားတာတွေ မဟုတ်ဘူး"
"အရှိထက် ပိုပြောထားတဲ့ သတင်းအချက်အလက်တွေက ရန်သူ့ရဲ့ အင်အားကို တွက်ချက်တဲ့အခါ အမှားအယွင်းတွေ ဖြစ်စေနိုင်တယ် အဲ့ဒီအချက်က အသက်အန္တရာယ် ထိခိုက်နိုင်တယ်"
ယွဲ့ဖုန်းက သည်းမခံနိုင်တော့ဘဲ ချင်ကျင်းကို ပြောလိုက်၏။
"အမချင် ဒီလူတွေက ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးလွန်းနေပြီ ပြောလို့မရတော့ဘူး ကျွန်တော်တို့က စေတနာနဲ့ သတင်းပေးတာကို သူတို့က ဒီလို ပြောနေမှတော့ ဆွေးနွေးစရာ ဘာရှိတော့မှာလဲ"
ချင်ကျင်းက စိတ်ထဲတွင် သက်ပြင်းချလိုက်၏။ သူမက ဝမ်ဝေတုန်းကို ရင်ဆိုင်ရန် ဤလူစု၏ အကူအညီ လိုအပ်နေသေးရာ မျက်နှာပျက်အောင် မလုပ်ချင်ပေ။
ထို့ကြောင့် သူမက ပြောလိုက်သည်။
"အားလုံးမှာ ဘုံရန်သူ ရှိနေတာပဲ... လင်းယွမ် ကျွန်မက ချဲ့ကားပြောတာ မဟုတ်ပါဘူး... ရန်မင်ရဲ့ အစွမ်းက လျှော့တွက်လို့မရဘူး ဆိုတာကို သတိပေးချင်ရုံပါ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
"သဘောပေါက်ပြီ... မန်နေဂျာချင်ကလည်း စေတနာနဲ့ဆိုတော့ ဒီလိုလုပ်... တင်းယန် နင် တစ်ချက်လောက် ထုတ်ပြလိုက်ပါဦး သူတို့မြင်သွားအောင်လို့"
တင်းယန်မှာ ကြားလိုက်ရသဖြင့် အနည်းငယ် ကြောင်သွားသော်လည်း ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။ ဘာကြောင့်လဲ ဟူ၍လည်း မမေးပေ။ ဘေးတစ်ဖက်သို့ လျှောက်သွားလိုက်ပြီးမှ မေးလိုက်သည်။
"ဟိုဘက် နံရံကို ထိုးလိုက်ရမလား"
လင်းယွမ်က ခေါင်းညိတ်ပြသည်။ "ရတယ်"
နောက်တစ်ခဏတွင် တင်းယန်၏ လက်သီးပေါ်၌ အစွမ်းသွင်းခြင်း အလင်းရောင်များ လင်းလက်လာ၏။
ချင်ကျင်းတို့ တုံ့ပြန်ချိန်ပင် မရလိုက်ခင်မှာပင် သူမက လက်သီးဖြင့် အားကုန် ပစ်သွင်းလိုက်ချေပြီ။
"ဝုန်း"
လေထုတစ်ခုလုံး တုန်ခါမြည်ဟီးသွားပြီး အစွမ်းသွင်း အလင်းရောင်များ လွှမ်းခြုံထားသော လက်သီးစွမ်းအားက ပေါက်ကွဲထွက်သွားသည်။
လေဖိအားအမြောက်တစ်ချက်က နံရံပေါ်သို့ ပြင်းထန်စွာ ပေါက်ကွဲကျရောက်သွား၏။
"ဝုန်း" "ဒိုင်း"
နံရံတစ်ခုလုံး ပေါက်ကွဲပွင့်ထွက်သွားပြီး အုတ်နံရံမှာ ကြေမွသွားကာ ဘိလပ်မြေစများ လွင့်စဉ်ထွက်လာပြီး အုတ်ခဲများ ကွဲအက်ကုန်သည်။
လေဖိအားအမြောက်လက်သီး၏ ပေါက်ကွဲမှု အရှိန်ကြောင့် ဖြစ်ပေါ်လာသော လေပြင်းများက လူတိုင်း၏ ဆံပင်များကို လွင့်ပါသွားစေ၏။
ဤလက်သီးချက်ကြောင့် ချင်ကျင်းမှာ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး ထိုင်ရာမှ ရုတ်တရက် ထရပ်လိုက်မိသည်။
ယွဲ့ဖုန်း၏ ဒေါသထွက်နေသော မျက်နှာထားမှာလည်း အေးခဲသွားပြီး မျက်နှာတစ်ခုလုံး အံ့သြမှုများဖြင့် ဖုံးလွှမ်းသွား၏။
ဘေးလူအစွမ်းပိုင်ရှင် ဝမ်ချီ ဆိုလျှင် ကြောက်လန့်လွန်းသဖြင့် မသိစိတ်မှ သူ့အစွမ်းကို ထုတ်သုံးလိုက်ပြီး လူအများ သတိမထားမိအောင် နေလိုက်မိသည်။
ချင်ကျင်း၏ လက်အောက်မှ သာမန်လူ သုံးယောက်မှာမူ ကြောက်လန့်တကြား နောက်ဆုတ်သွားကြပြီး ချင်ကျင်းနှင့် ယွဲ့ဖုန်းတို့၏ နောက်တွင် ဝင်ပုန်းလိုက်ကြ၏။
လင်းယွမ်၏ ဘေးနားရှိ ရန်ဆန်းမင်၊ ရှီဟိုင်ကျူး တို့ပင်လျှင် ပါးစပ်အဟောင်းသားဖြင့် အံ့သြမှင်သက်နေကြသည်။
သူတို့သည်လည်း လင်းယွမ်၏ လက်အောက်ငယ်သား အစွမ်းပိုင်ရှင်များ တိုက်ခိုက်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
တင်းယန်၏ အစွမ်းသွင်း လေဖိအားအမြောက်မှာ လူတိုင်းကို မှင်သက်သွားစေခဲ့သည်။
ရန်ဆန်းမင်က တင်းယန်ကို တစ်လှည့်၊ လင်းယွမ်ကို တစ်လှည့်၊ ထို့နောက် ကျောက်ခိုင်ကို တစ်လှည့် ကြည့်လိုက်မိသည်။
သူ့စိတ်ထဲတွင် ခါးသီးစွာ ပြုံးလိုက်မိ၏။ သူတို့တွေ ဟိုဘက်အဆောက်အဦးကို ကူးရဲသည်မှာ အဆန်းမဟုတ်ပေ။ လင်းယွမ်၏ ဘေးနားတွင် ဤမျှ အစွမ်းထက်သော သူများ ရှိနေခြင်းကြောင့်ပင်။
သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်မိပြီး မထားသင့်သော ရည်မှန်းချက် အချို့ကို ငြှိမ်းသတ်လိုက်ရတော့သည်။
လင်းယွမ်က စားပွဲကို ခပ်ဖွဖွ ခေါက်လိုက်ပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်၏။
သူက ထိုင်ရာမှထပြီး ချင်ကျင်းထံသို့ လျှောက်သွားလိုက်သည်။ ချင်ကျင်းက မသိစိတ်ဖြင့် ခြေတစ်လှမ်း နောက်ဆုတ်လိုက်မိသည်။
သို့သော် ချက်ချင်းပင် တစ်စုံတစ်ခုကို သတိဝင်လာပြီး ခြေလှမ်းကို ပြန်ထိန်းကာ လင်းယွမ်ကို မော့ကြည့်လိုက်၏။ သူမအနေဖြင့် အရေးနိမ့်သွားသည်ဟု မထင်စေလိုပေ။
လင်းယွမ်က သူမနှင့် အကြည့်ချင်းဆုံလိုက်ပြီး ရုတ်တရက် ပြုံးလိုက်ကာ ဘေးနားရှိ ယွဲ့ဖုန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
သူ့ခန္ဓာကိုယ်က ကြီးမားထွားကျိုင်းပြီး ယွဲ့ဖုန်းထက် ခေါင်းတစ်လုံးစာခန့် ပိုမြင့်သည်။
ယခုကဲ့သို့ အနီးကပ်အနေအထားတွင် အရပ်အမောင်း ကွာခြားချက်က ပို၍ သိသာနေ၏။
လင်းယွမ်က ငုံ့ကြည့်လိုက်သည့်အခါ ဖိအားပေးမှုက ပို၍ ပြင်းထန်လာသည်။
ယွဲ့ဖုန်းမှာ ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသကဲ့သို့ ကျောချမ်းသွားပြီး ကြက်သီးမွေးညင်းများ ထသွား၏။
လင်းယွမ်က ပါးစပ်ကို ဖြဲ၍ ပြုံးကာ ဖြည်းညင်းစွာ မေးလိုက်သည်။
"မင်းပြောတဲ့ လက်ပစ်ဗုံး ပေါက်ကွဲအားက ငါ့သူငယ်ချင်း အခုထိုးလိုက်တဲ့ လက်သီးလောက် ပြင်းရဲ့လား"
ယွဲ့ဖုန်းမှာ ပါးစပ်ဟလိုက်သော်လည်း လည်ချောင်းထဲတွင် သလိပ်တစ်ဆို့နေသကဲ့သို့ စကားထွက်မလာတော့ပေ။
နောက်ဆုံးတွင် ချင်ကျင်းကသာ အခြေအနေကို ထိန်းနိုင်လိုက်ပြီး ဘယ်ဘက်သို့ ခြေတစ်လှမ်းတိုးကာ ယွဲ့ဖုန်းကို ကြည့်နေသော လင်းယွမ်၏ အကြည့်ကို ဝင်ကာလိုက်သည်။
သူမ၏ အရပ်မှာ ယွဲ့ဖုန်းနှင့် မတိမ်းမယိမ်း (၅) ပေ (၈) လက်မခန့် ရှိသည်။
လင်းယွမ်ထက် အများကြီး ပုနေသော်လည်း သူမ၏ ဟန်ပန်အရှိန်အဝါက ယွဲ့ဖုန်းထက် များစွာ သာလွန်သည်။
သူမက မော့ကြည့်ပြီး လင်းယွမ်နှင့် အကြည့်ချင်းဆုံလိုက်၏။ မျက်နှာပေါ်တွင် ထိတ်လန့်ဟန်မပြဘဲ ပြုံး၍ ဆိုသည်။
"လင်းယွမ်ရဲ့ ဘေးနားမှာ တကယ့် ကျားမြီးဆွဲရဲတဲ့ လူစွမ်းကောင်းတွေ ရှိနေတာပဲ ကျွန်မက လင်းယွမ်ရဲ့ သူငယ်ချင်းတွေကို လျှော့တွက်မိသွားတယ်"
"ရန်မင်ရဲ့ စွမ်းအင်ဗုံးကလည်း ဒီလောက်ပါပဲ လင်းယွမ်တို့အတွက်တော့ စိုးရိမ်စရာ မဟုတ်လောက်ပါဘူး"
လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်သည်။ အလွန်နီးကပ်နေသဖြင့် တစ်ဖက်လူ၏ ကိုယ်သင်းနံ့ ရေမွှေးနံ့သင်းသင်းလေးကို ရလိုက်၏။
အနံ့က သိပ်မပြင်းသော်လည်း သူ၏ အာရုံခံနိုင်စွမ်းက မြင့်မားသဖြင့် ရလိုက်ခြင်း ဖြစ်သည်။
သူက ပြုံးလိုက်ပြီး နောက်လှည့်ကာ ပြန်ထိုင်လိုက်၏။
"မန်နေဂျာချင်... ကျွန်တော်မေးတာကိုပဲ ဖြေပေးရင် ရပါပြီ... ကိုယ်ပိုင် သုံးသပ်ချက်တွေ ထည့်ပြောစရာ မလိုဘူး"
"ကဲ ကျန်တဲ့ အစွမ်းပိုင်ရှင်တွေအကြောင်း ဆက်ပြောပါဦး"
ချင်ကျင်းက ပြုံး၍ ပြန်ထိုင်လိုက်သော်လည်း လက်နှစ်ဖက်ကိုမူ မသိမသာ ဆုပ်နယ်လိုက်မိသည်။
ခုနက အဖြစ်အပျက်မှာ လင်းယွမ်က တမင် ရန်ရှာသလို ထင်ရသော်လည်း အမှန်တကယ်တွင် ထိုသို့မဟုတ်မှန်း သူမ သိလိုက်သည်။
လင်းယွမ်က ဤနည်းလမ်းကို သုံး၍ သူတို့အား အင်အားပြလိုက်ခြင်း ဖြစ်သည်။
သူက ဤနည်းဖြင့် ဒီနေရာတွင် ဘယ်သူက ခေါင်းဆောင်လဲ ဆိုသည်ကို သူမအား အသိပေးလိုက်ခြင်း ဖြစ်သည်။
ဒီနည်းလမ်းက အတော်လေး ထိရောက်သည်။ အနည်းဆုံးတော့ သူမနောက်မှ ယွဲ့ဖုန်းမှာ အာခံရဲခြင်း မရှိတော့ပေ။
ချင်ကျင်းက အသက်ပြင်းပြင်း ရှူလိုက်၏။ သူမရှေ့မှ ဤအမျိုးသားသည် ဝမ်ဝေတုန်းထက်ပင် ပို၍ အာဏာဆန်ပြီး ဗိုလ်ကျချင်သေးသည်။
သူမက လင်းယွမ်ကို လေးနက်စွာ တစ်ချက်ကြည့်ပြီး ဆက်ပြောလိုက်၏။
"ကျန်တဲ့ သုံးယောက်ကတော့ ကျိုးယဲ့၊ လျှိုမေ့ရှင်း နဲ့ ဝူရှင်းရှင်း တို့ပဲ"
"အဲ့ဒီအထဲမှာ ကျိုးယဲ့ရဲ့ အစွမ်းက ပစ်ခွင်းခြင်း ဒါမှမဟုတ် ပစ်ပေါက်ခြင်းပဲ... အတိအကျတော့ ကျွန်မ မသိဘူး သိတာတစ်ခုက သူ့လက်ထဲမှာ လေးခွတစ်လက် ရှိတယ် ဖန်ဂေါ်လီလုံးတွေကို ကျည်ဆန်အဖြစ် သုံးပြီး ပစ်ရင် ရာနှုန်းပြည့် ထိမှန်တယ်... ပစ်အားလည်း အရမ်းပြင်းတယ်"
"ပြီးတော့ သူက ပစ္စည်းတွေကို ပစ်ပေါက်ရင်လည်း အရမ်းတော်တယ်... ဓားမ၊ ဓားမြှောင် ဘာပဲဖြစ်ဖြစ် ပြိုင်ဘက်ရဲ့ ကိုယ်ပေါ်ကို တိတိကျကျ စိုက်ဝင်အောင် ပစ်နိုင်တယ်"
"လျှိုမေ့ရှင်း ကတော့ ဝမ်ဝေတုန်း လက်အောက်က တစ်ဦးတည်းသော စိတ်စွမ်းအင် အစွမ်းပိုင်ရှင်ပဲ... သူ့ရဲ့ စိတ်စွမ်းအင်က အရမ်းခိုင်မာတဲ့ အကာအကွယ်တစ်ခုကို ဖန်တီးနိုင်တယ်... ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုရော စိတ်စွမ်းအင် တိုက်ခိုက်မှုရော နှစ်မျိုးစလုံးကို ကာကွယ်နိုင်တယ်"
"ဝူရှင်းရှင်း ကတော့ နှံကောင်လိုမျိုး အစွမ်းရှိတယ် သူ့လက်မောင်းနှစ်ဖက်က ဓားသွားတွေလို ပြောင်းလဲနိုင်ပြီး အရမ်းထက်မြက်တယ်... ပြီးတော့ ခုန်နိုင်စွမ်းလည်း အရမ်းကောင်းတယ်... တစ်ထပ်လောက် အမြင့်ကို အလွယ်တကူ ခုန်တက်နိုင်တယ်"
"ဒါကြောင့် သူ့ကို 'နှံကောင်' ဆိုတဲ့ နာမည်ပြောင် ပေးထားကြတယ်"
"ဒါပေမဲ့ သူ့ကို အရမ်းမုန်းတဲ့ တချို့လူတွေကတော့ သူ့ကို 'သေနတ်သမား' လို့ ခေါ်ကြတယ်"
ကျောက်ခိုင်က နားမလည်စွာဖြင့် မေးလိုက်၏။ "သေနတ်သမား... အဲ့ဒါ ဘာသဘောလဲ သူ့အစွမ်းနဲ့ ဆိုင်တာလား"
လင်းယွမ်ကလည်း ချင်ကျင်းကို လှမ်းကြည့်လိုက်သည်။
"သေနတ်သမား ဆိုတဲ့ နာမည်ပြောင်က ဘာသဘောလဲ သူ့အစွမ်းနဲ့ ပတ်သက်နေတာလား"
ချင်ကျင်းက ခေါင်းခါလိုက်ပြီး မျက်နှာထားက တစ်မျိုးဖြစ်သွား၏။
"မဟုတ်ဘူး အဲ့ဒီနာမည်က သူ့အစွမ်းနဲ့ မဆိုင်ဘူး အဲ... မဆိုင်ဘူးလို့လည်း ပြောလို့မရဘူး ဘယ်လိုပြောရမလဲ"
"သူ့ရဲ့ သန္ဓေပြောင်းအစွမ်းနဲ့ မဆိုင်ပေမဲ့ တခြား စွမ်းဆောင်ရည်တစ်ခုနဲ့ ဆိုင်တယ်"
"ဟမ်" လင်းယွမ်က နားမလည်သဖြင့် ချင်ကျင်းကို ကြည့်လိုက်သည်။
ချင်ကျင်းမှာ ပါးစပ်မှ ထုတ်ပြောရန် ခက်ခဲနေပြီး ဘယ်လိုပြောရမလဲ ဝေခွဲမရ ဖြစ်နေ၏။
နောက်ဆုံးတွင် ယွဲ့ဖုန်းက ဝင်ပြောလိုက်သည်။ သူက လင်းယွမ်ကို တစ်ချက်ကြည့်ပြီးမှ ပြော၏။
"ကျွန်တော်ပဲ ပြောပြလိုက်ပါမယ်... အပေါ်ထပ်က အသက်ရှင်ကျန်ရစ်သူတွေကြားမှာ ပြောနေကြတာက... ဝူရှင်းရှင်းက သုက်လွှတ်မြန်တဲ့သူတဲ့ သုံးစက္ကန့်တောင် မခံဘူးတဲ့ လျှပ်တစ်ပြက်သေနတ်သမားတဲ့"
"အရင်တုန်းက အမျိုးသမီးတစ်ယောက်ကို သူ့အခန်းထဲ အတင်းဆွဲခေါ်သွားပြီး နှစ်မိနစ်တောင် မကြာဘူး ပြန်လွှတ်လိုက်တယ်တဲ့"
"အဲ့ဒီအမျိုးသမီး ပြောတာကတော့... ဝူရှင်းရှင်းက ထုတ်တောင်မထုတ်ရသေးဘူး ကိစ္စပြီးသွားပြီတဲ့"
"ဒါကြောင့် သူ့ကို သေနတ်သမား လို့ ခေါ်ကြတာ"
ရှိနေသော အမျိုးသားအားလုံး ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။
တချို့လူများ၏ မျက်နှာများမှာမူ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး တခြားလူများကို မလုံမလဲ ကြည့်လိုက်မိကြ၏။
လင်းယွမ်လည်း မနေနိုင်ဘဲ ပြုံးလိုက်မိသည်။ ဒီသတင်းအချက်အလက်က တကယ်တော့ မရှိလည်း ဖြစ်သည်။
သို့သော် လင်းယွမ်က အသုံးဝင်သည်ဟု ယူဆသည်။ တိုက်ခိုက်ကြသည့်အခါ ဒီအကြောင်းကို ပြောပြီး စိတ်ဓာတ်ရေးရာ တိုက်ခိုက်ပါက ဝူရှင်းရှင်းဆိုသူ သည်းခံနိုင်မည် မဟုတ်ဘဲ ဟာကွက်များ ပေါ်လာနိုင်သည်။
"တခြားဟာတွေရော"
ချင်ကျင်းက ခေါင်းခါလိုက်သည်။ "မရှိတော့ဘူး ကျန်တာတွေက သာမန်လူတွေပဲ... သူတို့အကုန်လုံးက ဝမ်ဝေတုန်း လူစုရဲ့ ခြိမ်းခြောက် အနိုင်ကျင့်တာ ခံနေရတဲ့သူတွေပဲ... လှပတဲ့ အမျိုးသမီးတွေဆိုရင် သူတို့ရဲ့ ကစားစရာ ဖြစ်ကုန်ကြပြီ"
"ယောက်ျားလေးတွေကျတော့ ကျွန်တွေအဖြစ် သူတို့ခိုင်းတာ လုပ်ပေးနေရတယ်"
"အပေါ်မှာ နောက်ထပ် အထပ် (၂၀) လောက် ကျန်သေးတော့... ဟိုတယ်တွေ မီးဖိုချောင်တွေနဲ့ ဆိုင်ခန်းတွေ ရှိနေတာမို့ ... စားစရာက လောလောဆယ် မပြတ်သေးဘူး"
"ဒါပေမဲ့ နှစ်လလောက် ရှိပြီဆိုတော့... သူတို့ စားစရာတွေလည်း ကုန်ခါနီးလောက်ပြီ... ဒါကြောင့် အောက်ဆင်းပြီး ငါးဖမ်းဖို့ စိတ်လောနေကြတာ"
"ကျွန်မ ထင်တာကတော့... သူတို့က ရှင်တို့ကို အတင်းဝင်ခိုင်းတာက (၂၈) လွှာက သန္ဓေပြောင်းသတ္တဝါ 'ရန်ရွှယ်' ရဲ့ အာရုံကို ရှင်တို့နဲ့ လွှဲချင်လို့ ဖြစ်မယ်"
"နောက်တစ်ခုက... သူတို့က ရှင်တို့ဆီက စားစရာတွေကို လုချင်တာလည်း ဖြစ်နိုင်တယ်"
ချင်ကျင်းက ဝမ်ဝေတုန်းတို့၏ ရည်ရွယ်ချက်ကို လင်းယွမ်တို့အတွက် ဆန်းစစ်ပေးလိုက်သည်။
လင်းယွမ်က ချက်ချင်းပင် ထပ်မေးလိုက်၏။ "(၂၈) လွှာက သန္ဓေပြောင်းသတ္တဝါ 'ရန်ရွှယ်' ဆိုတာက... ဘယ်လို အခြေအနေမျိုးလဲ"
ချင်ကျင်းက သက်ပြင်းချလိုက်သည်။
"အဲ့ဒါလည်း သနားစရာ ကလေးပါ"
"သူ့အမေ လျန်ဟုန် လူတွေဝိုင်းဖိအားပေးလို့ ရူးသွပ်ပြီး သန္ဓေပြောင်း သတ္တဝါ ဖြစ်သွားတာကို မျက်စိရှေ့မှာ မြင်လိုက်ရတော့... သူလည်း လန့်ပြီး ကြောင်သွားရှာတယ်... ပြီးတော့ ယိုင်နဲ့နဲ့နဲ့ ထွက်ပြေးသွားတာ"
"နောက်ဆုံးကျတော့ သူလည်း... သန္ဓေပြောင်း သတ္တဝါ ဖြစ်သွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
"သူက ကလေးဖြစ်နေသေးလို့လား မသိဘူး (၂၈) လွှာမှာပဲ နေနေတာ"
"ဘာလို့ အဲ့ဒီမှာပဲ နေနေတာလဲ" တင်းယန်က ဖြတ်မေးလိုက်သည်။
ချင်ကျင်းက တင်းယန်ကို အတော်လေး ဖြုံသွားသည်။ ခုနက လေဖိအားအမြောက်လက်သီး၏ စွမ်းအားမှာ မသေးလှပေ။ သူမ၏ ဒေါသကွင်း စွမ်းအားနှင့် ယှဉ်လျှင်ပင် အားမလျော့ပေ။
သူမက စိတ်ရှည်လက်ရှည် ပြောပြလိုက်သည်။ "(၂၈) လွှာက ကာတွန်းမြို့တော်လေ အဲ့ဒီမှာ ကလေးကစားကွင်းတွေ အရုပ်အိမ်တွေတင်မကဘူး ဂိမ်းစင်တာတွေလည်း ရှိတယ်"
"သူ အဲ့ဒီမှာပဲ နေနေတာက အရင်တုန်းက မှတ်ဉာဏ်တွေ ကျန်နေသေးလို့ ဖြစ်မယ်"
"အဲ့လို နေနေလို့လည်း တော်သေးတယ်... မဟုတ်ရင် သူသာ လျှောက်သွားနေရင်... ဝမ်ဝေတုန်းတို့တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
လင်းယွမ်က ချက်ချင်းမေးလိုက်၏။ "သူ့ရဲ့ အစွမ်းက ဘာလဲဆိုတာ ကျွန်တော် သိချင်တယ်"
"သူ့အစွမ်းကို ဘယ်လိုခေါ်လဲတော့ ကျွန်မတို့ မသိဘူး... (၂၈) လွှာကို ဝင်သွားပြီး သူ့အကြည့်ခံရတဲ့ လူတိုင်း ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်မထိန်းချုပ်နိုင်တော့ဘဲ အရုပ်တွေလို ဖြစ်သွားတာ"
"သူက အရုပ်တွေကို ကစားရတာ ကြိုက်တယ်... သူ ကစားလို့ ရိုးသွားရင်တော့ ရက်ရက်စက်စက် တစ်စစီ ဆွဲဖြဲပစ်လိုက်တာ"
"တစ်ခါတလေ သူဗိုက်ဆာရင်လည်း... သူတို့ကို စားပစ်တတ်တယ်"
ချင်ကျင်းက နောက်ဆုံးစကားကို ပြောလိုက်သည့်အခါ သူမ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လာ၏။
လင်းယွမ်လည်း မျက်နှာထား တည်သွားသည်။ အသက်ရှင်နေသူကို အရုပ်အဖြစ် သဘောထားသည်တဲ့လား။
ဒါ ဘယ်လိုအစွမ်းမျိုးလဲ။
စိတ်စွမ်းအင် ဗီဇပြောင်းလဲခြင်းကနေ ရလာတဲ့ အစွမ်းမျိုးလား။
လင်းယွမ်က ထပ်မေးလိုက်သည်။ "သူ့အစွမ်းက ဘယ်လောက်အကွာအဝေးထိ သက်ရောက်မှု ရှိလဲ"
"(၂၈) လွှာ တစ်ခုလုံးက သူ့ရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိတယ်"
"လှေကားတွေရော ပါလား"
"ဟုတ်တယ်... လှေကားတွေကိုလည်း သူအာရုံခံနိုင်တယ်"
လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်၏။
"ဒါဆို ခင်ဗျားတို့က သူ့အာရုံခံနိုင်စွမ်းကို ရှောင်ပြီး ဘယ်လိုလုပ် အပေါ်ကနေ ထွက်ပြေးလာနိုင်တာလဲ"
ချင်ကျင်းမှာ ကြောင်သွားပြီး ငြိမ်ကျသွားသည်။
ဒီမေးခွန်းကို သူမ သိပ်မဖြေချင်ပေ။ အဘယ်ကြောင့်ဆိုသော် ဒါက ဝမ်ချီ၏ ဘေးလူ အစွမ်းနှင့် ပတ်သက်နေသောကြောင့် ဖြစ်သည်။
ဝမ်ချီက သူမ၏ ဝှက်ဖဲဖြစ်သည်။
သို့သော် ဤမျှ အရေးကြီးသော ကိစ္စကို လင်းယွမ်က လျစ်လျူရှုထားမည် မဟုတ်ပေ။
သူက စိတ်မလောဘဲ ချင်ကျင်းကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။
"မန်နေဂျာချင်... ခင်ဗျားပြောသလိုပဲ ဝမ်ဝေတုန်းတို့လူစုက ကျွန်တော်တို့ရဲ့ ဘုံရန်သူတွေပဲ"
"ဒီလူတွေကို မသတ်သရွေ့ ကျွန်တော်တို့ အေးအေးဆေးဆေး နေရမှာ မဟုတ်ဘူး"
"ခင်ဗျားက ဒီမှာ အသက်ဆက်ရှင်ချင်ရင် ဝမ်ဝေတုန်းကို ရင်ဆိုင်ရမယ်... ကျွန်တော်က ဒီကနေ ထွက်သွားချင်ရင် သူ့ကို ဖယ်ရှားပစ်ရမယ်... မဟုတ်ရင် သူက လူသတ်ပြီး သန္ဓေပြောင်းသတ္တဝါတွေကို ဆွဲဆောင်ရင် ကျွန်တော့်ဖောင် ပျက်စီးသွားလိမ့်မယ်"
"ကျွန်တော်တို့ရဲ့ အကျိုးစီးပွားက တူတူပဲလေ... ခင်ဗျားက ကျွန်တော့်ကို ဖုံးကွယ်ထားစရာ ဘာလိုလို့လဲ"
ချင်ကျင်းက မျက်မှောင်ကြုတ်လိုက်ပြီး စဉ်းစားနေပုံရသည်။ နောက်ဆုံးတွင် ဘေးနားရှိ ဝမ်ချီကို လှမ်းကြည့်လိုက်၏။
ဝမ်ချီက ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ရှေ့သို့ ထွက်လာခဲ့သည်။
"အမချင်... ကျွန်တော်ပဲ သူ့ကို ပြောပြလိုက်ပါ့မယ်"
သူ စကားပြောလိုက်မှ လင်းယွမ်ကလွဲပြီး ကျန်လူများက ချင်ကျင်း၏ အနောက်တွင် ဒီလိုလူတစ်ယောက် ရှိနေသေးသည်ကို သတိထားမိသွားကြသည်။
တစ်ခဏချင်းမှာပင် အားလုံး ကြောင်အသွားကြ၏။
ကျောက်ခိုင်က မနေနိုင်ဘဲ ပြောလိုက်သည်။ "ဒီလူ ဘယ်က ထွက်လာတာလဲ"
တင်းယန်လည်း သံသယဖြင့် ဝမ်ချီကို ကြည့်လိုက်ပြီး သူ့ပုံစံကို မှတ်ထားရန် ကြိုးစားလိုက်သည်။
ရန်ဆန်းမင် မျက်နှာပျက်သွားပြီး ဝမ်ချီကို သတိထားကာ ကြည့်လိုက်၏။
လင်းယွမ်က ဝမ်ချီကို ကြည့်လိုက်သည်။ မျက်နှာထား မပြောင်းလဲသော်လည်း စိတ်ထဲတွင် အံ့သြနေမိသည်။
အမှန်အတိုင်း ပြောရလျှင် ခုနက ချင်ကျင်းနှင့် စကားပြောနေစဉ် သူပင်လျှင် ဒီလူ ရှိနေသည်ကို မေ့လုနီးပါး ဖြစ်သွားခဲ့သည်။
ဒီလူ့ဆီမှာ မွေးရာပါ လမ်းသွားလမ်းလာ ပုံစံမျိုး ရှိနေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ချက်ချင်း မေ့ပျောက်သွားနိုင်သည့် အငွေ့အသက်မျိုး ရှိသည်။
"လင်းယွမ်... ကျွန်တော်က ဝမ်ချီပါ ကျွန်တော့် အစွမ်းကို ခင်ဗျားတို့ ရိပ်မိလောက်မှာပါ"
"ကျွန်တော့်ရဲ့ တည်ရှိမှုက အရမ်းမှေးမှိန်လွန်းတယ်... အားလုံးက ကျွန်တော့်ကို ဘေးလူ လို့ ခေါ်ကြတယ်... ကျွန်တော် အစွမ်းထုတ်လိုက်ရင် ကျွန်တော့်ရဲ့ တည်ရှိမှုကို အနိမ့်ဆုံးအထိ လျှော့ချလို့ရတယ်"
"ကျွန်တော် ထိ့လိုက်တဲ့ လူ... ဒါမှမဟုတ် ပစ္စည်းတွေကိုပါ တည်ရှိမှု လျှော့ချပေးနိုင်တယ်"
"ကျွန်တော်တို့ 'ရန်ရွှယ်' ရဲ့ အာရုံကို ရှောင်ပြီး ထွက်လာနိုင်တာက... ဒီအစွမ်းကြောင့်ပဲ"
လင်းယွမ် အံ့သြသွားပြီး ဝမ်ချီကို အပေါ်အောက် ကြည့်လိုက်၏။
ဝမ်ချီက ပိန်ပိန်ပါးပါးနှင့် တီရှပ်အွပွကို ဝတ်ထားရာ ရပ်နေသည်မှာ အဝတ်လှန်းစင်တစ်ခုနှင့် တူသည်။
နံရံထောင့်မှာသာ သွားရပ်နေလိုက်လျှင် နံရံတွင် ချိတ်ထားတဲ့ အင်္ကျီတစ်ထည်ဟု ထင်ရလောက်သည်။
လင်းယွမ်က တအံ့တဩဖြင့် ပြောလိုက်၏။ "ဘေးလူ တဲ့လား... ဒီနေ့တော့ တကယ့်ကို ဗဟုသုတ ရသွားပြီ ဒီလိုအစွမ်းမျိုး ရှိလိမ့်မယ်လို့ ထင်မထားဘူး တကယ်စွမ်းတာပဲ"
ဝမ်ချီက ပြုံးလိုက်ပြီး ပြောသည်။
"လင်းယွမ်က မြှောက်နေပြန်ပါပြီ... ခင်ဗျား ကျွန်တော့်ကို သတိထားမိနေတာ ကြာပြီမလား... အခွင့်အရေးရတုံး ကျွန်တော် ခင်ဗျားကို ပြန်မေးချင်တာ တစ်ခုရှိတယ်... ကျွန်တော့်အစွမ်းကို ခင်ဗျား ဘယ်လိုလုပ်ပြီး အဖြေရှာလိုက်တာလဲ"
ဤစကားကို ကြားလိုက်ရသည့်အခါ အားလုံးက အံ့သြတကြီးဖြင့် လင်းယွမ်ကို ကြည့်လိုက်ကြ၏။
လင်းယွမ်က တစ်ဖက်လူရဲ့ အစွမ်းကို အဖြေရှာလိုက်တယ် ဟုတ်လား။
ချင်ကျင်းက အာမေဋိတ် သံဖြင့် ရေရွတ်လိုက်သည်။
"ဘာ... သူက နင့်ကို တောက်လျှောက် သတိထားမိနေတာလား"
ဆက်ရန်...
အပိုင်း (၁၆၆) လူစုခွဲခြင်းနှင့် ရန်မေ၏ အစွမ်းနိုးထမှု
တင်းယန်နှင့် အခြားသူများမှာ အံ့အားသင့်သွားကြသော်လည်း တစ်ဖက်တွင်လည်း ဖြစ်သင့်ဖြစ်ထိုက်သည်ဟု တွေးလိုက်မိကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုသူမှာ လင်းယွမ် ဖြစ်နေသောကြောင့်ပင်။
သူတို့သည် လင်းယွမ်အပေါ် အရာရာပုံအပ်ကာ ယုံကြည်အားကိုးထားကြသူများ ဖြစ်သည်။ လင်းယွမ်၏ စွမ်းဆောင်နိုင်ရည်အပေါ် သူတို့ထားရှိသည့် ယုံကြည်မှုမှာ အတိုင်းအဆမရှိပေ။
တစ်နေ့နေ့တွင် လင်းယွမ်က ကောင်းကင်ပေါ်သို့ ပျံတက်သွားလျှင်ပင် သူတို့အနေဖြင့် ခဏတာသာ အံ့သြကြမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဒါက ဖြစ်ရိုးဖြစ်စဉ်တစ်ခုဟုသာ မှတ်ယူကြပေလိမ့်မည်။
လင်းယွမ်နှင့် စတင်သိကျွမ်းချိန်မှ ယခုအချိန်အထိ လင်းယွမ်သည် သူတို့အတွက် အံ့အားသင့်စရာများကို အကြိမ်ကြိမ် ဖန်တီးပေးခဲ့ပြီး သူတို့၏ အသိပညာ ဗဟုသုတများကို ရိုက်ချိုးပစ်ခဲ့သည်။
ဂလော့ခ်သေနတ်၊ ဟင်းလင်းပြင်အစွမ်း၊ လျှိုအားလုံကို သတ်ဖြတ်ခဲ့ခြင်း၊ ဝမ်ကျဲကို ရှင်းလင်းခဲ့ခြင်းနှင့် အသားတောင်ဘီလူးကြီးကို အနိုင်ယူခဲ့ခြင်း...
ထိုအဖြစ်အပျက်များအနက် တစ်ခုကိုသာ သီးသန့်ထုတ်ပြောလျှင်ပင် လူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေရန် လုံလောက်ပေသည်။
သို့သော် လင်းယွမ်က ထိုအရာအားလုံးကို လုပ်ဆောင်နိုင်ခဲ့သည်။
ယခုကိစ္စမှာ သန္ဓေပြောင်းလူသားတစ်ယောက်၏ အစွမ်းကို ချိုးဖျက်လိုက်ခြင်းမျှသာ ဖြစ်သည့်အတွက် သိပ်ပြီး ထူးဆန်းလှသည်တော့ မဟုတ်ပေ။
သို့သော် ချင်ကျင်းတို့အဖွဲ့မှာမူ အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်နေကြတော့သည်။
အထူးသဖြင့် ချင်ကျင်းပင် ဖြစ်သည်။ သူမ၏ တုန်လှုပ်မှုများထဲတွင် အံ့သြခြင်းအပြင် လင်းယွမ်အပေါ် ကြောက်ရွံ့ထိတ်လန့်မှုများက ပို၍ များပြားနေသည်။
လင်းယွမ်က ဝမ်ချီ၏ "ဘေးလူ" အစွမ်းကို ဖောက်ထွင်းမြင်နိုင်ခဲ့ခြင်းက သူမအတွက် ဝှက်ဖဲတစ်ချပ် ဆုံးရှုံးသွားရခြင်းနှင့် အတူတူပင် ဖြစ်သည်။
လင်းယွမ်တို့ရှေ့တွင် သူမအနေဖြင့် ဦးဆောင်နိုင်မည့် အခွင့်အရေး လုံးဝမရှိတော့ပေ။
လင်းယွမ်ကမူ သူတို့၏ အတွေးများကို ဂရုမစိုက်ဘဲ ဝမ်ချီကိုသာ ကြည့်လျက် ပြောလိုက်သည်။
"ခင်ဗျားရဲ့ ဒီအစွမ်းက စိတ်အစွမ်း အစွမ်းတစ်မျိုးလို့ ပြောလို့ရတယ်"
"စိတ်အစွမ်းကို အသုံးပြုပြီး ကိုယ့်ရဲ့ တည်ရှိမှုကို ဖုံးကွယ်ထားနိုင်တာက တကယ်ကို အံ့သြဖို့ကောင်းတဲ့ အစွမ်းပဲ"
"ဒါပေမဲ့ ခင်ဗျားထက် စိတ်အစွမ်းပိုမြင့်တဲ့သူနဲ့ တွေ့ပြီး တစ်ဖက်လူကသာ ခင်ဗျားကို သတိထားကြည့်မယ်ဆိုရင် ခင်ဗျားရဲ့ ဒီအစွမ်းက သိသိသာသာ လျော့နည်းသွားလိမ့်မယ်"
ထို့နောက် သူက ရုတ်တရက် ပြုံးလိုက်ကာ...
"ကံမကောင်းစွာနဲ့ပဲ... ကျွန်တော့်ရဲ့ စိတ်အစွမ်းက မဆိုးဘူးလို့ ပြောလို့ရတယ်... ဒါကြောင့် ခင်ဗျားရဲ့ အစွမ်းကို ချိုးဖျက်ဖို့ဆိုတာ သိပ်ခက်ခဲတဲ့ကိစ္စ မဟုတ်ဘူး"
ဝမ်ချီသည် ထိုစကားကို ကြားသောအခါ လင်းယွမ်ကို အံ့သြတကြီး ကြည့်လိုက်ပြီး...
"ကိုလင်းယွမ်က စိတ်အစွမ်း သန္ဓေပြောင်းလူသား ဖြစ်နေမယ်လို့ ထင်မထားမိဘူး"
ထို့နောက် သူသည် တစ်စုံတစ်ခုကို သတိရသွားပြီး နားလည်သွားသည့် အမူအရာဖြင့်...
"ဒါကြောင့်လည်း ကိုလင်းယွမ်က လျန်ဟုန် လက်ထဲကနေ သူ့လူကို ပြန်ကယ်လာနိုင်တာကိုး... ကြည့်ရတာ လင်းယွမ်ရဲ့ စိတ်အစွမ်းက အကာအကွယ်ဘက်ကို ပိုအားသန်တဲ့ပုံပဲ"
သူ၏ စကားများက ချီးကျူးနေပုံ ပေါက်သော်လည်း အမှန်တကယ်တွင် လင်းယွမ်၏ အစွမ်းက မည်သည့်အရာဖြစ်ကြောင်း အကဲခတ် စမ်းသပ်နေခြင်း ဖြစ်သည်။
ဝမ်ချီ၏ ဉာဏ်နီဉာဏ်နက်များက ယွဲ့ဖုန်းထက် ပို၍သာလွန်သည်ဟု ဆိုရပေမည်။
လင်းယွမ်က အသာအယာ ပြုံးလိုက်သော်လည်း ထိုချီးကျူးစကားများကို အရေးတယူ တုံ့ပြန်ခြင်း မပြုပေ။
တစ်ဖက်လူက မည်သို့ပင် တွေးတောနေပါစေ သူ၏ အစွမ်းအစစ်အမှန်ကို ထုတ်ဖော်ပြသမည် မဟုတ်ချေ။
သူက ဝမ်ချီကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"ကံကောင်းသွားတာပါ... ဝမ်ချီရဲ့ ဒီအစွမ်းက (၂၈) ထပ်ကို ဖြတ်ကျော်နိုင်တယ်ဆိုတော့ နောက်ဆက်တွဲကိစ္စတွေက ဖြေရှင်းရ လွယ်ကူသွားပြီ"
"မန်နေဂျာချင်... ဝမ်ဝေတုန်းလူစုက ခင်ဗျားနဲ့ကျုပ်ရဲ့ ဘုံရန်သူတွေပဲ... ကျွန်တော်တို့ အတူ အပေါ်တက်ပြီး သူတို့ကို ရှင်းပစ်ကြမယ်... ဒါနှစ်ဖက်လုံးအတွက် အကျိုးရှိမယ့်ကိစ္စပဲ... ဘယ်လိုလဲ"
ချင်ကျင်း၏ မျက်ဝန်းများ အရောင်လက်သွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဒါပေါ့... အဲ့ဒီလိုလုပ်တာ အကောင်းဆုံးပဲ"
"ဒါပေမဲ့ လင်းယွမ်... ဝမ်ချီရဲ့ အစွမ်းက တစ်ခါသယ်ရင် လူနှစ်ယောက် သုံးယောက်လောက်ပဲ ရတာ... ရှင်တို့ဘက်က လူအင်အားများတော့ တချို့ကို ထားခဲ့ရလိမ့်မယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။
"အားလုံးတက်လာဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး... သန္ဓေပြောင်းလူသားတွေကို ရင်ဆိုင်ဖို့အတွက် သန္ဓေပြောင်းလူသားတွေနဲ့ပဲ ဖြစ်မှာ"
"ကျွန်တော့်ဘက်က သုံးလေးယောက်လောက် ရွေးထုတ်လိုက်မယ်... အဲဒီအချိန်ကျရင် ဝမ်ချီကတော့ တစ်ခေါက်မက ပြေးပေးရလိမ့်မယ်"
ဝမ်ချီက မျက်လုံးကို ကစားလိုက်ရင်း...
"ဒါက ပြဿနာ မရှိပါဘူး"
ချင်ကျင်းက ဆက်ပြောသည်။
"ဟုတ်ပြီ... ဒါဆို ကျွန်မတို့ဘက်က ကျွန်မရယ် ဝမ်ချီရယ် လိုက်ခဲ့မယ်... ယွဲ့ဖုန်းကတော့ ကျန်ခဲ့တဲ့ ကျွန်မလူတွေကို စောင့်ရှောက်ဖို့ နေခဲ့လိမ့်မယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ချင်ကျင်း၏ အနောက်ရှိ သာမန်လူသုံးယောက်ကို လှမ်းကြည့်ကာ ပြုံးလိုက်သည်။
"ဒါနဲ့... ဒီလူသုံးယောက်ကို ဘယ်လိုခေါ်လဲ မမေးရသေးဘူး"
ချင်ကျင်းက ပြုံးရွှင်စွာဖြင့် မိတ်ဆက်ပေးသည်။
"ဒီ အသက်ကြီးကြီးတစ်ယောက်က ချန်မန်... ဒီကောင်မလေးက ယွီရှင်းရီ... ဒီအမကြီးကတော့ ဝမ်ဖန်တဲ့"
လင်းယွမ်က ထိုသုံးယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ချန်မန်ဆိုသူမှာ အသက် လေးဆယ်ဝန်းကျင် လူလတ်ပိုင်းအရွယ်ဖြစ်ပြီး ရိုးသားပုံရသည်။ လူကို မော့ကြည့်သည့်အခါ အကြည့်လွှဲတတ်ပြီး လင်းယွမ်တို့လူစုကို ကြောက်ရွံ့နေပုံရသည်။
ယွီရှင်းရီဆိုသည့် ကောင်မလေးမှာ အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး ရုပ်ရည်က သာမန်မျှသာ ဖြစ်သော်လည်း ငယ်ရွယ်နုပျိုမှုကြောင့် ကြည့်ပျော်ရှုပျော်ရှိသည်။ သူမသည် ယွဲ့ဖုန်း၏ အနောက်တွင် ကြောက်လန့်တကြား ဝင်ပုန်းနေသည်။
ဝမ်ဖန်ဆိုသည့် အမကြီးမှာလည်း အသက် လေးဆယ်ကျော်အရွယ်ရှိပြီး မျက်နှာပေါ်တွင် အရေးအကြောင်း အနည်းငယ်ရှိကာ ခန္ဓာကိုယ် ပြည့်ဖြိုးသည်။ သူမက ယဉ်ကျေးစွာ နှုတ်ဆက်လာသည်။
"မင်္ဂလာပါ... ကျွန်မနာမည် ဝမ်ဖန် ပါ... တခြားသူတွေကတော့ အမဝမ် လို့ ခေါ်ကြတယ်"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ သူတို့၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ရုံဖြင့် ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရပေ။
ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။ သန္ဓေပြောင်းလဲမှု မအောင်မြင်သူများမှလွဲ၍ ကျန်သူများမှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု ကြီးကြီးမားမား မရှိကြပေ။
လက်ရှိအချိန်အထိ သူမြင်တွေ့ခဲ့ရသည့် ထူးခြားပြောင်းလဲမှုဟူ၍ ရေခဲအစွမ်းပိုင်ရှင် ကျောက်ခိုင်၏ ဆံပင်များ အပြာရောင် ပြောင်းသွားခြင်းသာ ရှိသေးသည်။
အခြား ထူးခြားသော အခြေအနေမျိုး မတွေ့ရသေးပေ။
"ဟုတ်ပြီ... ဒါဆို အားလုံး ခဏလောက် အနားယူကြတာပေါ့... ကျွန်တော်တို့ဘက်ကလည်း အပေါ်လိုက်မယ့် လူစာရင်းကို တိုင်ပင်လိုက်ဦးမယ်"
"ကောင်းပါပြီ"
ချင်ကျင်းက ပြုံးကာ နောက်သို့ ဆုတ်ပေးလိုက်သည်။ ထို့နောက် ယွဲ့ဖုန်း၊ ဝမ်ချီတို့ကို ခေါ်ဆောင်ကာ ထိုနေရာမှ အမြန်ထွက်ခွာသွားပြီး လင်းယွမ်တို့အတွက် နေရာဖယ်ပေးလိုက်သည်။
လင်းယွမ်သည် သန္ဓေပြောင်းလူသားများ အားလုံးနှင့် ကင်းလှည့်ခေါင်းဆောင်များကို ခေါ်ယူလိုက်သည်။
သူက ကင်းလှည့်ခေါင်းဆောင် တစ်ဦးချင်းစီကို မေးမြန်းလိုက်သည်။
"အားလုံး စစ်ဆေးပြီးပြီလား... လူဘယ်လောက် ဆုံးရှုံးသွားလဲ"
တင်းယန်က ဦးစွာ တင်ပြသည်။
"ကျွန်မဘက်ကတော့ ထိခိုက်သေဆုံးတာ မရှိဘူး... အားလုံး ပါလာပါတယ်"
ကျောက်ခိုင်ကလည်း ဝင်ပြောသည်။
"အောက်ထပ်မှာ ကျန်ခဲ့တဲ့သူတွေကိုလည်း ပြန်ခေါ်လာနိုင်ခဲ့ပြီ... ကျွန်တော့်ဘက်က လူ ၂ ယောက် ပျောက်နေတယ်... ရေကြီးတဲ့ထဲ မျောပါသွားပုံရတယ်"
လျှိုဖိန်ဖိန်က ဝမ်းနည်းစွာဖြင့် ပြောသည်။
"ကျွန်မဘက်က လူ ၂ ယောက် လျော့သွားတယ်... ဦးလေးကြီး တစ်ယောက်နဲ့ အမကြီး တစ်ယောက်ပါ"
သူမသည် ကိုယ့်အဖွဲ့သားများကို ကောင်းစွာ မစောင့်ရှောက်နိုင်ခဲ့သဖြင့် မိမိကိုယ်ကို အပြစ်တင်နေမိသည်။
စတင်ထွက်ခွာကတည်းက လင်းယွမ်သည် လူအားလုံးကို စီမံခန့်ခွဲမှုများ ပြုလုပ်ထားခဲ့သည်။
လိုက်ပါလာသူ အားလုံးကို အဖွဲ့ပြန်ဖွဲ့စည်းပေးခဲ့ပြီး မူလ ကင်းလှည့်ခေါင်းဆောင်များကပင် ဆက်လက် ဦးစီးစေခဲ့သည်။
ဆုန့်ဝမ်က လျှိုဖိန်ဖိန်၏ လက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်ပြီးနောက် ပြောသည်။
"ကျွန်မဘက်ကတော့ လူမလျော့ပါဘူး"
ထို့နောက် ဝူချင်းနှင့် ဝမ်အန်းတို့အဖွဲ့မှ ဝူချင်းက ပြောသည်။
"လင်းယွမ်... ကျွန်မတို့ဘက်ကလည်း လူမလျော့ဘူး"
လင်းယွမ် အံ့အားသင့်သွားပြီး ပြုံးကာ ပြောလိုက်သည်။
"မဆိုးဘူးပဲ"
သူတို့အဖွဲ့တွင် ကာကွယ်ပေးမည့် သန္ဓေပြောင်းလူသား တစ်ဦးမှ မပါဝင်သော်လည်း လူအားလုံး ဘေးကင်းသည်မှာ ကံကောင်းလွန်းသည်ဟု ဆိုရမည်။
ဝူချင်းက အလျင်အမြန်ပင် ပြုံးကာ ပြောသည်။
"ဟွမ်ဟန်ရဲ့ ကျေးဇူးကြောင့်ပါ... သူ့ရဲ့ သန္ဓေပြောင်း ရွှေစပါးအုံးမြွေကြီးက လူအများကြီးကို ကယ်ပေးခဲ့တာလေ"
ဟွမ်ဟန်က ချက်ချင်းပင် နှိမ့်ချကာ ပြောသည်။
"အားဟွမ်က ရေကူး ဒီလောက်ကျွမ်းကျင်မယ်လို့ ကျွန်မလည်း မထင်ထားဘူး"
လင်းယွမ်က သူမကို ပြုံးကာ ချီးကျူးစကား ပြောကြားလိုက်ပြီးနောက် သူမဘေးတွင် ဝပ်နေသော ရွှေစပါးအုံးမြွေကြီးကို ကြည့်လိုက်သည်။ သူ၏ စိတ်အစွမ်းဖြင့် မြွေကြီး၏ စိတ်ပင်လယ်ကို ထိတွေ့ကာ ချီးကျူးသည့် ခံစားချက်ကို ပေးပို့လိုက်သည်။
ရွှေစပါးအုံးမြွေကြီးက ခေါင်းထောင်လာပြီး လင်းယွမ်ကို ပျင်းရိပျင်းတွဲ ကြည့်ကာ ပြန်လည် ဝပ်ဆင်းသွားသည်။ အတော်ပင် မာန်တက်နေသည့်ပုံပင်။
လင်းယွမ်က ဂရုမစိုက်ဘဲ ပြုံးရုံသာ ပြုံးလိုက်ပြီး ဦးလေးမာဘက်သို့ လှည့်ကြည့်လိုက်သည်။
ဦးလေးမာက သက်ပြင်းချကာ ပြောသည်။
"ငါတို့အဖွဲ့က ငါးယောက် ပျောက်သွားတယ်"
ချိုင်ကြည်ကလည်း သက်ပြင်းချရင်း...
"သက်ကြီးရွယ်အိုတချို့ ပါသွားတယ်ဗျာ"
လင်းယွမ် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ စာရင်းချုပ်လိုက်လျှင် ယခုတစ်ခေါက် ရေဘဝဲဘီလူးကြီး တိုက်ခိုက်မှုကြောင့် လူ ၉ ဦး တိတိ ဆုံးရှုံးခဲ့ရသည်။
ဖောင်များ ဆိုက်ကပ်ထားသည့်နေရာတွင် ရေပေါ် ပေါလောပေါ်နေသော အလောင်းအချို့ကို သူတွေ့ခဲ့ရသည်။ ထိုသူများမှာ ပျောက်ဆုံးနေသူများ ဖြစ်လောက်သည်။
"ဒီအကြွေးကို ဟန်လုံစင်တာက လူတွေဆီမှာ စာရင်းရှင်းရမယ်"
လင်းယွမ်က မျက်နှာထား တင်းမာခက်ထန်စွာဖြင့် ပြောလိုက်သည်။
ထိုသူများသည် သူ့ကို ယုံကြည်သဖြင့် အဆောက်အအုံမှ စွန့်ခွာကာ ထိုက်ယန်တောင်သို့ လိုက်ပါလာကြခြင်း ဖြစ်သည်။
လူများကို ကောင်းစွာ မကာကွယ်ပေးနိုင်ခဲ့သဖြင့် သူ့ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေသည်။
တင်းယန်က ချက်ချင်းပင် ပြောသည်။
"လင်းယွမ်... ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်... ဒီ ဝမ်ဝေတုန်းအဖွဲ့ကို ပြန်ပေးဆပ်ခိုင်းရမယ်"
"ကျွန်တော်လည်း လိုက်မယ်" ကျောက်ခိုင်ကလည်း ချက်ချင်း ထပြောသည်။
တုံယန်က ပါးစပ်ဟကာ တစ်စုံတစ်ခု ပြောရန်ပြင်လိုက်သော်လည်း ရန်ဆန်းမင်က ဖြတ်ပြောလိုက်သည်။
"လင်းယွမ်... ကျွန်တော်တို့ တိုက် (၇၅) က လည်း လူသုံးယောက် ဆုံးရှုံးခဲ့ရတယ်... ဒီကလဲ့စားကို ကျွန်တော်တို့လည်း ပြန်ချေချင်တယ်... ကျွန်တော်နဲ့ ကျောက်ခိုင် လိုက်ခဲ့မယ်"
ရှီဟိုင်ကျူးနှင့် ရန်ဆန်းမင်တို့ ရှေ့ထွက်လာကြသည်။ သူတို့နှစ်ဦးစလုံး၏ မျက်နှာတွင် ဒေါသများ အထင်းသား ပေါ်နေသည်။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး တုံယန်ကို ကြည့်ကာ မေးလိုက်သည်။
"တိုက် (၇၅) ဘက်က ဘယ်လိုလဲ... အထိအခိုက် ရှိလား"
"လူတွေတော့ ဘာမှမဖြစ်ပါဘူး... ဒါပေမဲ့... စုဆောင်းထားတဲ့ အစားအစာတွေ တော်တော်များများ ရေစိုကုန်ပြီ"
သူမက မျက်ရည်ဝဲကာ ဝမ်းနည်းပက်လက် ပြောရှာသည်။
တိုက် (၇၇) မှ လူများအဖို့ အစားအစာသည် မိုးကောင်းကင်ထက်ပင် ပိုကြီးမားသည်။
သူတို့သည် လူလူချင်း ပြန်စားရသည့် အခက်ခဲဆုံး၊ အမှောင်မိုက်ဆုံး အချိန်ကာလများကို ဖြတ်သန်းခဲ့ရသူများ ဖြစ်သဖြင့် အစားအစာကို အသက်ထက်ပင် ပိုတန်ဖိုးထားကြသည်။
ထို့ကြောင့် အစားအစာများ ရေစိုသွားခြင်းက သူတို့အတွက် ပို၍ နှလုံးနာစရာ ဖြစ်နေသည်။
လင်းယွမ်က နှစ်သိမ့်လိုက်သည်။
"အစားအစာအတွက် စိတ်မပူနဲ့... ကျွန်တော်တို့ (၂၄) ထပ်မှာ အစားအသောက်တွေ အများကြီး ရှာတွေ့ထားတယ်... တစ်လလောက်တော့ စားလောက်ပါတယ်... ထိုက်ယန်တောင် ရောက်လို့ ခြေချစရာနေရာရရင် အစားအစာအတွက် ပူစရာမလိုတော့ဘူး"
"အခုလောလောဆယ် လူက အဓိကပဲ... လူရှိရင် မျှော်လင့်ချက် ရှိတယ်"
သူက လူအုပ်ကြီးကို ကြည့်ကာ ဆက်ပြောသည်။
"ဝမ်ဝေတုန်းလူစုကို သေချာပေါက် သင်ခန်းစာ ကောင်းကောင်း ပေးရမယ်... ဒါပေမဲ့ စောစောက မန်နေဂျာချင် ပြောသွားတာ ခင်ဗျားတို့လည်း ကြားတယ်မလား"
"ဝမ်ချီရဲ့ အစွမ်းက တစ်ခါသယ်ရင် လူနှစ်ယောက် သုံးယောက်ပဲ ရတာ"
"ပြီးတော့ ပြဿနာတစ်ခုကို ကျွန်တော် တွေးမိတယ်... ကျွန်တော်တို့ လူတွေအကုန်လုံး တက်သွားလို့ မဖြစ်ဘူး... တချို့ သန္ဓေပြောင်းလူသားတွေက ဒီမှာကျန်ခဲ့ပြီး ကျန်တဲ့သူတွေကို စောင့်ရှောက်ပေးဖို့ လိုတယ်"
"ကျွန်တော့် အစီအစဉ်ကတော့ ကျွန်တော်တို့ အဖွဲ့နှစ်ဖွဲ့ ခွဲကြမယ်... ကျွန်တော်ရယ်၊ တင်းယန်၊ လျှိုဖိန်ဖိန်၊ ကုဖုန်း၊ ရှီဟိုင်ကျူး... ကျွန်တော်တို့ လေးယောက် အပေါ်တက်မယ်"
"ဒေါက်တာရန်၊ ကျောက်ခိုင်၊ ဆုန့်ဝမ်၊ တုံယန်၊ တာအိုဆရာလင်း... ခင်ဗျားတို့က ဒီမှာနေခဲ့ပြီး လူတွေကို စောင့်ရှောက်ပေးပါ"
လင်းယွမ် ပြောပြီးသည်နှင့် ကျောက်ခိုင်က မနေနိုင်တော့ဘဲ ဝင်ပြောသည်။
"အစ်ကိုလင်း... ကျွန်တော်က ဘာလို့ နေခဲ့ရမှာလဲ... အစ်ကိုနဲ့အတူ လိုက်ချင်တယ်"
ရန်ဆန်းမင်က သံသယဖြင့် မေးသည်။
"လင်းယွမ်... ဒီလို စီစဉ်တာက... တစ်ခုခုကို ကာကွယ်ဖို့လား"
လင်းယွမ်က ရန်ဆန်းမင်ကို သဘောကျစွာ ကြည့်လိုက်ပြီး...
"ဒေါက်တာရန်... ခင်ဗျားနဲ့ ကျောက်ခိုင်ရဲ့ အစွမ်းတွေက တိုက်ခိုက်နိုင်စွမ်း မြင့်တယ်... ဆုန့်ဝမ်က ကုသနိုင်စွမ်းရှိတယ်... တုံယန်က အန္တရာယ်ကို ကြိုတင် သိမြင်နိုင်တယ်... တာအိုဆရာလင်းက... အဟမ်း... ခင်ဗျားတို့ဘက်ကလည်း ပြည့်စုံလုံလောက်တဲ့ တိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလို့ ရနေတာပဲ"
"ကောင်းကောင်း ပေါင်းတိုက်နိုင်ရင်... သာမန် သန္ဓေပြောင်းလူသားတွေက... ခင်ဗျားတို့ကို ထိခိုက်အောင်လုပ်ဖို့ ခက်ခဲလိမ့်မယ်"
"ကျွန်တော်တို့ကို တစ်ယောက်ယောက်က ချောင်းတိုက်မှာ စိုးရိမ်လို့လား" ရန်ဆန်းမင်က အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ကာ...
"ဟန်လုံစင်တာက အရမ်းကျယ်တယ်... ဒီထဲမှာ ဘယ်လိုလူတွေ ပုန်းအောင်းနေလဲ ဘယ်သူသိမှာလဲ... ကျွန်တော်တို့လို အပြင်က ဧည့်သည်တွေက (၂၄) ထပ်ကို ရှင်းလင်းပြီး အစားအစာတွေ အများကြီး ရထားတော့ မသမာတဲ့ စိတ်တွေ ဝင်လာမယ့်လူတွေ ရှိနိုင်တယ်လေ"
"နောက်တစ်ချက်က ဒီဟန်လုံစင်တာထဲမှာ လူတင်မကဘူး... သန္ဓေပြောင်း သတ္တဝါတွေလည်း ရှိနေနိုင်တယ်... ခင်ဗျားတို့ ဒီမှာကျန်ခဲ့ပြီး လူတွေကို စောင့်ရှောက်ပေးမှ ကျွန်တော် စိတ်ချနိုင်မှာ"
ကျောက်ခိုင်က မနေနိုင်စွာ ထပ်ပြောသည်။
"အစ်ကိုလင်း... ကျွန်တော့်ကို ခေါ်သွားပါဗျာ... ဖိန်ဖိန်ကို ထားခဲ့လို့ ရတာပဲ"
လင်းယွမ်က အံ့သြသွားပြီး ရယ်မောကာ မေးလိုက်သည်။
"ဘာလဲ... စိတ်ပူနေတာလား"
လျှိုဖိန်ဖိန်ကမူ ကျောက်ခိုင်ကို ဝမ်းသာအားရ ကြည့်လိုက်သည်။ ကျောက်ခိုင်က သူမနှင့် လူချင်းလဲရန် အလိုအလျောက် ပြောလာမည်ဟု ထင်မထားခဲ့ပေ။
ယခုတစ်ခေါက် အပေါ်တက်ပြီး ဝမ်ဝေတုန်းလူစုနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ အန္တရာယ်များမည်မှာ သေချာသည်။
အစ်ကိုခိုင်က သူမကို စိတ်မချ၍ ဖြစ်မည်။
လျှိုဖိန်ဖိန်၏ ရင်ထဲတွင် ပျော်ရွှင်ကြည်နူးသွားပြီး ကျောက်ခိုင်ကို ကြည့်သည့် မျက်ဝန်းများတွင် ချစ်ရိပ်များ ပြည့်နှက်သွားသည်။
ကျောက်ခိုင်၏ မျက်နှာမှာ ရဲခနဲဖြစ်သွားပြီး အလျင်အမြန်ပင် ရှင်းပြသည်။
"မဟုတ်ပါဘူး... ကျွန်တော်က အဲဒီသဘော ပြောတာ မဟုတ်ပါဘူး... ဖိန်ဖိန်က မိန်းကလေးလေ... ရန်ဖြစ်တိုက်ခိုက်ရမယ်ဆိုရင် ကျွန်တော်တို့ ယောကျာ်းလေးတွေက ပိုပြီး လှုပ်ရှားရတာ အဆင်ပြေမှာမို့ပါ"
လင်းယွမ်က ပြုံးလိုက်ပြီး ကျောက်ခိုင်၏ ပခုံးကို ပုတ်ကာ...
"ငါ ဒီလို စီစဉ်ရတာ အကြောင်း ရှိတယ်ကွ"
"မန်နေဂျာချင် ပြောသွားတာ မင်း မကြားဘူးလား... အပေါ်ထပ်က ဝမ်ဝေတုန်းက အရိပ် အစွမ်း ရှိတယ်... စိတ်အစွမ်း တိုက်ခိုက်မှုကလွဲရင် တခြား ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေက သူ့ကို ထိခိုက်အောင်လုပ်ဖို့ ခက်ခဲတယ်"
"ဖိန်ဖိန်ရဲ့ စိတ်ဝင်္ကပါက အဲဒီအချိန်ကျရင် အရေးပါလာလိမ့်မယ်... သူမကမှ ငါတို့ရဲ့ တိုက်စစ်အတွက် အဓိက ဝှက်ဖဲပဲ"
"ကျန်တဲ့ သန္ဓေပြောင်းလူသားတွေအတွက် မပူနဲ့... ငါနဲ့ တင်းယန်က တိုက်စစ်ဆင်မယ်... ရှီဟိုင်ကျူးက ဖိန်ဖိန်ကို ကာကွယ်ပေးပြီး ကုဖုန်းက မြေပြင်အနေအထား ဖန်တီးကာကွယ်ပေးလိမ့်မယ်"
"မင်းဘက်ကသာ ပိုအရေးကြီးတာ... မင်းတို့ လူစုထဲမှာ မင်းရဲ့ ရေခဲအစွမ်း တစ်ခုတည်းကသာ ရေခဲနံရံ ဖန်တီးပြီး ခံစစ်ယူနိုင်စွမ်း ရှိတာ... ဒါကြောင့် အထူးသတိထားမှ ရမယ်"
ထိုအခါမှ ကျောက်ခိုင်သည် လင်းယွမ်၏ စီစဉ်ရသည့် ရည်ရွယ်ချက်ကို နားလည်သွားပြီး ခေါင်းညိတ်လိုက်သည်။
"အစ်ကိုလင်း... ကျွန်တော် သဘောပေါက်ပြီ... စိတ်ချပါ... ကျွန်တော့်အသက် ပေးရရင်တောင် လူအားလုံးကို ကာကွယ်ပေးပါ့မယ်"
လင်းယွမ်က သူ့ပခုံးကို ပုတ်ပေးလိုက်သည်။
"တတ်နိုင်သလောက် ကြိုးစားရင် ရပါပြီ"
"ကဲ... တခြားသူတွေ ဘာမေးစရာ ရှိသေးလဲ"
အားလုံးက ခေါင်းခါလိုက်ကြသည်။ ဆုန့်ဝမ်က လင်းယွမ်ကို ကြည့်ကာ ပြောချင်သော်လည်း မပြောရဲ ဖြစ်နေသည်။
သူမအနေဖြင့် ဂရုစိုက်ဖို့ မှာကြားချင်သော်လည်း လူအများကြီးရှေ့တွင် မည်သို့ ပြောရမည်ကို မသိဖြစ်နေသည်။
တုံယန်ကမူ ပွင့်လင်းသူဖြစ်ပြီး အသက်ကလည်း ငယ်သေးသဖြင့် ဘာမှ ဝန်လေးမနေဘဲ မျက်ရည်ဝဲကာ ပြောလိုက်သည်။
"အစ်ကိုလင်း... အားလုံးပဲ ဂရုစိုက်ကြပါနော်"
လင်းယွမ်က သူမကို ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။
"နင်လည်း နင့်မောင်လေးကို သေချာ ဂရုစိုက်ဦး"
"ဟုတ်ကဲ့... ဂရုစိုက်ပါ့မယ်" တုံယန်က ဝမ်းသာအားရ ခေါင်းညိတ်ပြသည်။
"ကဲ... အားလုံးပဲ ခဏလောက် အနားယူလိုက်ကြဦး... ကျွန်တော် ခဏနေရင် မန်နေဂျာချင်ကို သွားရှာပြီး ထွက်ခွာဖို့ ကိစ္စ တိုင်ပင်လိုက်ဦးမယ်"
လူအုပ်ကြီး လူစုကွဲသွားကြပြီး အကာအကွယ်ပစ္စည်းများကို စတင် ပြင်ဆင်ကြတော့သည်။
လူရှင်းသွားသည့် အချိန်ကို အခွင့်ကောင်းယူကာ လင်းယွမ်သည် ရန်မေကို ဆွဲခေါ်ပြီး လူကွယ်ရာသို့ သွားလိုက်သည်။
"အမမေ... ခဏနေရင် ကျွန်တော်တို့ အပေါ်တက်တော့မယ်... ဒါပေမဲ့ အမကို သိပ်စိတ်မချဘူး ဖြစ်နေတယ်"
ရန်မေ၏ ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွားပြီး အလျင်အမြန် ပြောလိုက်သည်။
"မောင်လေး... စိတ်မပူပါနဲ့... ကျောက်ခိုင်တို့ ရှိနေတာပဲကို"
လင်းယွမ်က ခေါင်းခါလိုက်သည်။
"အမက သန္ဓေပြောင်းအစွမ်း မနိုးထသေးတဲ့ သာမန်လူတစ်ယောက်လေ... ကျောက်ခိုင်တို့က လူအများကြီးကို စောင့်ရှောက်ရမှာဆိုတော့ လူတိုင်းကို ဂရုစိုက်နိုင်ဖို့ ခက်လိမ့်မယ်"
"မောင်လေးရယ်... အမက... အမက အသုံးမကျလို့ပါ... ဒီလောက်ကြာတာတောင် အစွမ်း မနိုးထနိုင်သေးဘူး"
ရန်မေသည် မိမိကိုယ်ကို အပြစ်တင်ကာ ရှက်ရွံ့နေမိသည်။ သူမသည် ဝန်ထုပ်ဝန်ပိုး တစ်ခုလို ဖြစ်နေပြီး အရာရာတွင် မောင်လေးကို ဒုက္ခပေးနေမိသည်ဟု ခံစားနေရသည်။
လင်းယွမ်က သူမကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး...
"ဘာတွေ ပြောနေတာလဲဗျာ... ကျွန်တော်က အန္တရာယ်ရှိတဲ့ နေရာတွေကို အမကို ပေးမသွားဘဲ တား ထားလို့ အမ အစွမ်းမနိုးထနိုင်တာပါ"
"ထားလိုက်ပါတော့... ဒီတစ်ခေါက် (၂၄) ထပ်မှာ သန္ဓေပြောင်း အသီးတစ်လုံး ကျွန်တော် ရခဲ့တယ်... အမမေ... ဒါကို စားလိုက်"
ပြောရင်းဆိုရင်း လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲမှ လူဦးနှောက်ပုံစံ အသီးကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။
သူ အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက် ရန်မေကို သန္ဓေပြောင်းလူသား တစ်ယောက် ဖြစ်လာစေရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သို့မဟုတ်ပါက ရန်မေသည် ရှင်သန် ရပ်တည်နိုင်စွမ်း မရှိသည့် သာမန်လူအဖြစ် ဆက်ရှိနေမည်ဖြစ်ပြီး သူ့အတွက် အမြဲတမ်း စိတ်ပူစရာ ဖြစ်နေပေလိမ့်မည်။
ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ အစွမ်းနိုးထသူများ များပြားလာပြီး သူကိုယ်တိုင်လည်း ပိုမို စွမ်းအားကြီးလာသည်။
အမမေသာ သာမန်လူအဖြစ် ဆက်ရှိနေပါက သူ့ခြေလှမ်းများကို မီအောင်လိုက်နိုင်ရန် ခက်ခဲပေလိမ့်မည်။
ဆင့်ကဲပြောင်းလဲခြင်း လမ်းခရီးတွင် သူ့ကို နက်နက်ရှိုင်းရှိုင်း ချစ်ခင်သည့် ဤအမျိုးသမီးကို သူ အဆုံးရှုံး မခံနိုင်ပေ။
ရန်မေသည် သန္ဓေပြောင်း အသီးအကြောင်း ကြားလိုက်ရသည့်အခါ အလွန်အံ့သြသွားပြီး...
"ဒါ... မောင်လေး သန္ဓေပြောင်းအသီး ထပ်တွေ့လာတာလား"
သူမက လင်းယွမ် လက်ထဲရှိ သန္ဓေပြောင်း အသီးကို ငုံ့ကြည့်လိုက်ရာ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
"ဟင်... ဒီအသီးက... ဘာလို့... ဘာလို့ ဒီလို ပုံစံကြီးလဲ"
ဤ သန္ဓေပြောင်းအသီးမှာ လူဦးနှောက်နှင့် အလွန်တူသဖြင့် ရုတ်တရက် ကြည့်လိုက်လျှင် အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှသည်။
ရန်မေ ကြောက်ရွံ့သွားပြီး ချက်ချင်း မယူရဲဖြစ်သွားသည်။
လင်းယွမ်က နှစ်သိမ့်လိုက်သည်။
"ဒီအသီးက ပုံစံသာ ကြောက်စရာ ကောင်းတာပါ... တကယ်တော့ အပင်ပေါ်က ပေါက်တဲ့အသီးပါ... ကျွန်တော် ကိုယ်တိုင် ခူးလာတာ... စိတ်ချ"
"ဒီလိုပုံစံ ဖြစ်နေတာက သူ့ရဲ့ အာနိသင်နဲ့ သက်ဆိုင်လိမ့်မယ်လို့ ကျွန်တော် သံသယရှိတယ်"
"ဒါက စိတ်စွမ်းအင်နဲ့ ပတ်သက်တဲ့ သန္ဓေပြောင်းအသီး ဖြစ်ဖို့များတယ်"
ရန်မေ မော့ကြည့်လိုက်သည်။ သူမ၏ ရင်ထဲတွင် ကြည်နူးမှုများ လှိုင်းထနေသည်။
သန္ဓေပြောင်း အသီး၏ တန်ဖိုးကြီးမားပုံကို သူမ ကောင်းကောင်း သိသည်။
လင်းယွမ်သည် ဤအသီးကို ရရှိထားသော်လည်း တွန့်ဆုတ်ခြင်းမရှိဘဲ သူမအတွက် ချန်ထားပေးခဲ့သည်။
ဤအချက်က လင်းယွမ်၏ စိတ်ထဲတွင် သူမ မည်မျှ အရေးပါသည်။ဆိုသည်ကို သက်သေပြနေသည်။
သူမ မျက်ရည်ဝဲလာပြီး...
"မောင်လေး... နင် အမအပေါ် အရမ်းကောင်းတာပဲကွယ်"
"အမက... အမက မသန့်ရှင်းတဲ့ မိန်းမတစ်ယောက်ပါ... မောင်လေးက အမရဲ့ အတိတ်ကို ရွံတာမျိုးမရှိဘဲ စားစရာတွေ ပေးတယ်... လုံခြုံတဲ့ နေရာထိုင်ခင်း ပေးတယ်... အမ အရင်ဘဝက ဘာကုသိုလ်တွေ လုပ်ခဲ့လို့ မောင်လေးနဲ့ အိမ်နီးချင်း လာဖြစ်ရလဲ မသိပါဘူး"
လင်းယွမ်က ရယ်မောလိုက်သည်။
"အမမေ... ကျွန်တော့်မှာလည်း ကိုယ်ကျိုးကြည့်တဲ့ စိတ်ကူးလေး ရှိပါတယ်ဗျ"
"ဟင်" ရန်မေက နားမလည်စွာဖြင့် လင်းယွမ်ကို မော့ကြည့်လိုက်သည်။
လင်းယွမ်က လေသံတိုးတိုးဖြင့် ရယ်ကာ ပြောသည်။
"ဒီ သန္ဓေပြောင်းအသီးကို စားပြီးရင် အမရဲ့ အစွမ်းတွေ နိုးထလာပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုတွေလည်း အများကြီး တိုးလာမှာ... အဲဒီအခါကျရင် ညဘက်တွေမှာ... အချိန်ကြာကြာ ခံနိုင်ရည်ရှိလာမှာ"
ရန်မေ၏ မျက်နှာလေးမှာ ချက်ချင်းပင် ရဲတက်သွားပြီး ရှက်သွေးဖြာသွားသည်။
"နင်... နင်ကတော့လေ... သူများက ကြည်နူးနေပါတယ်ဆိုမှ... လူဆိုးလေး"
ရန်မေမှာ ရယ်ရခက် ငိုရခက် ဖြစ်နေသော်လည်း စိတ်ထဲတွင် လှုပ်ရှားသွားသည်။
အိပ်ခန်းတွင်း ချစ်တင်းနှောမှုများတွင် သူမ၏ စွမ်းဆောင်ရည်မှာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုဆိုးလာသည်ဟု ခံစားနေရသည်။
လင်းယွမ်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးတက်လာသည်နှင့်အမျှ သူမအနေဖြင့် ခံနိုင်ရည်မရှိဘဲ အရေးနိမ့်ရစမြဲ ဖြစ်သည်။
လင်းယွမ်ကို အခြားညီမလေး တစ်ယောက်လောက် ထပ်ရှာပြီး ဝန်ထုတ်ဝန်ပိုး မျှဝေခံစားခိုင်းရန် အကြိမ်ကြိမ် ပြောချင်ခဲ့မိသည်။
သို့သော်လည်း စိတ်ထဲတွင် ကိုယ့်ချစ်သူကို သူများလက်ထဲ ထည့်မပေးရက်သဖြင့် ယခုအထိ ကြိတ်မှိတ် သည်းခံနေခဲ့ရခြင်း ဖြစ်သည်။
ယခု ဤအသီးကို စားလိုက်လျှင် မိမိ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးတက်လာပြီး မောင်လေး၏ စည်းချက်ကို ဖြည်းဖြည်းချင်း လိုက်မီနိုင်ကောင်းပါရဲ့...
ထိုသို့ တွေးလိုက်မိသည်နှင့် သူမ၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး အသီးကို ချက်ချင်း လှမ်းယူလိုက်သည်။
"အမ စားလိုက်မယ်"
"ဟုတ်ပြီ... ကျွန်တော် စောင့်ကြည့်ပေးမယ်"
ရန်မေသည် သန္ဓေပြောင်း အသီးကို ကိုင်ကာ တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံးစုံမှိတ်ကာ အနံ့ခံကြည့်လိုက်သည်။
အသီးပုံစံက ကြောက်စရာ ကောင်းသော်လည်း အနံ့ကတော့ ပိန္နဲသီးလိုလို မွှေးကြိုင်ချိုမြိန်နေသည်။
သူမ ပါးစပ်ဟကာ ဖွဖွလေး ကိုက်လိုက်သည်။
အေးမြသည့် ခံစားမှုနှင့်အတူ ဂျယ်လီကဲ့သို့ ချဉ်ပြုံးပြုံး အရသာကို ခံစားလိုက်ရသည်။
တစ်ကိုက် စားပြီးနောက် နောက်တစ်ကိုက် ထပ်စားသည်။
လက်သီးဆုပ် အရွယ်အစားရှိသော အသီးမှာ ခဏချင်းပင် ကုန်သွားလေသည်။
သန္ဓေပြောင်း အသီးတွင် အစေ့များ မပါရှိပေ။
သူမ အကုန်စားပြီးနောက် မျက်လုံးဖွင့်ကာ လင်းယွမ်ကို ပုတ်ခတ်ပုတ်ခတ် ကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။
"နိုးထလာပြီလား... အမ အစွမ်း နိုးထလာပြီလား"
ပြောရင်းဆိုရင်း သူမ၏ လက်ဖဝါးနှင့် ခန္ဓာကိုယ်ကို ငုံ့ကြည့်ကာ ပြောင်းလဲမှု တစ်စုံတစ်ရာ ရှိမရှိ ရှာဖွေနေသည်။
"အမ ဘာခံစားရလဲ"
လင်းယွမ်က အလျင်အမြန် မေးလိုက်သည်။
ရန်မေက ခေါင်းခါလိုက်သည်။
"ဘာမှ မခံစားရပါဘူး... အမ... အမ... အ"
စကားမဆုံးခင်မှာပင် သူမ၏ မျက်လုံးများ ပြာဝေသွားပြီး ခေါင်းမူးမိုက်သွားသည်။
ခန္ဓာကိုယ်တစ်ခုလုံး ယိုင်နဲ့သွားကာ ကြမ်းပြင်ပေါ်သို့ ပြိုကျသွားတော့သည်။
လင်းယွမ်က သူမကို အမြဲအာရုံစိုက်နေသဖြင့် ပျော့ပျောင်းသော သူမ၏ ခါးလေးကို လှမ်းဖက်ကာ ထိန်းထားလိုက်နိုင်သည်။
"အမမေ... အမမေ"
ရန်မေသည် လင်းယွမ်၏ ရင်ခွင်ထဲတွင် အိပ်ပျော်သွားသကဲ့သို့ ငြိမ်သက်နေသည်။ အသက်ရှူသံ ပုံမှန်ရှိပြီး မည်သည့် ထူးခြားမှုမှ မတွေ့ရပေ။
"ဆေးစွမ်းပြနေပြီ ထင်တယ်... သန္ဓေပြောင်း အသီးက သူ့ကို အစွမ်းနိုးထအောင် ကူညီပေးနေတာပဲ"
လင်းယွမ်က သူမကို ပွေ့ချီလိုက်ပြီး ကုလားထိုင်တစ်လုံးပေါ်တွင် တင်ပေးလိုက်သည်။ ထို့နောက် သူမဘေးတွင် ထိုင်ကာ စောင့်ကြည့်နေလိုက်သည်။
ဤ သန္ဓေပြောင်းအသီးက ရန်မေကို မည်သည့်အစွမ်းမျိုး ပေးမည်ကို သူလည်း သိချင်နေသည်။
"စိတ်စွမ်းအင်နဲ့ပတ်သတ်တဲ့ အစွမ်း ဖြစ်ဖို့များတယ်"
သန္ဓေပြောင်း အသီး၏ ပုံသဏ္ဍာန်ကြောင့် လင်းယွမ် ထိုသို့သာ ခန့်မှန်းမိသည်။
အချိန်များ ကုန်ဆုံးသွားပြီး ၁၀ မိနစ်ခန့် အကြာတွင် ရန်မေ၏ ကိုယ်လုံးလေးမှာ ရုတ်တရက် တုန်ခါသွားသည်။
လင်းယွမ် အလျင်အမြန် ကြည့်လိုက်သည်။
သူမ၏ ဆံနွယ်များမှာ လေမတိုက်ဘဲ အလိုအလျောက် လွင့်ပျံလာသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။ ဒါက စိတ်စွမ်းအင်များ အားကောင်းလာပြီး ဦးနှောက်ထဲမှ လျှံကျလာသည့် လက္ခဏာရပ်ပင်။
ရန်မေ တစ်ကယ်ပင် စိတ်စွမ်းအင် အစွမ်း နိုးထလာပြီ ဖြစ်ကြောင်း သူ ချက်ချင်း နားလည်လိုက်သည်။
ဆက်ရန်...