အခန်း (၁၁၃-၁၁၄)
Vol. 6 Ch. 113-114
အပိုင်း (၁၁၃) အမှတ်တစ်သောင်း ကံစမ်းခြင်းနှင့် ကြွက်သားပေါက်ကွဲသိုင်း
[ဒင်... သင်၏ အမှတ်များ တစ်သောင်းပြည့်သွားသည်ကို တွေ့ရှိရပါသဖြင့် အမှတ်တစ်သောင်းတန် ကံစမ်းမဲဘီးကို ပြပေးရမလား]
လင်းယွမ်က မျက်မှောင်တစ်ချက် တွန့်သွားပြီး သူလုပ်နေသည်များကို ချက်ချင်း ရပ်လိုက်သည်။
မူလက စနစ်ကို ခေါ်ယူပြီး သီးသန့် အရည်အသွေးမှတ် မဲနှိုက်ရန် ရည်ရွယ်ထားသော်လည်း ရုတ်တရက် ပေါ်လာသော အသိပေးချက်ကြောင့် သူ စိတ်ဝင်စားသွားသည်။
"ပြပေး"
သူက ခဏမျှ စဉ်းစားပြီးနောက် ချက်ချင်းမဲမနှိုက်သေးဘဲ အမှတ်တစ်သောင်းတန် ကံစမ်းမဲဘီးက ဘယ်လိုပုံစံလဲဆိုတာကို အရင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ကြည့်ရုံသက်သက်က အမှတ်ကုန်တာမှ မဟုတ်တာ။
"ရွှပ်"
စနစ်၏ ကံစမ်းမဲဘီးကြီးက လင်းယွမ်၏ မြင်ကွင်းထဲသို့ ချက်ချင်း ရောက်ရှိလာသည်။
ကံစမ်းမဲဘီးကြီးပေါ်တွင် ကဏ္ဍသစ်များစွာ ပါဝင်နေသည်ကို တွေ့လိုက်ရသည်။
ပစ္စည်းကဏ္ဍတွင် အမှတ်တစ်သောင်းတန် ကံစမ်းမဲဘီးမှ ပြသထားသော ပစ္စည်းများမှာ တန်ချိန် ၁၀၀ အထိ ရှိနေသည်။
လက်နက်ကဏ္ဍတွင် ပစ္စတိုကဲ့သို့သော ပစ္စည်းများကို မတွေ့ရတော့ဘဲ ထူးဆန်းသော ပစ္စည်းများ ပေါ်လာသည်။
မိုးကြိုးကျောက်မျက်၊ မီးလျှံကျောက်မျက်၊ သိပ်သည်းဆမြင့် အရိုးဓား ကဲ့သို့သော ပစ္စည်းများ ဖြစ်သည်။
ကြည့်ရသည်မှာ နည်းပညာပစ္စည်းများ မဟုတ်တော့ဘဲ အစွမ်းနှင့် တွဲဖက်အသုံးပြုရမည့် လက်နက်ပစ္စည်းကိရိယာများ ဖြစ်ပုံရသည်။
လင်းယွမ်၏ စိတ်ထဲတွင် လိုချင်တပ်မက်စိတ်များ တဖွားဖွား ပေါ်လာသည်။
ထိုပစ္စည်းတွေက ဘာလုပ်လို့ရမှန်း သေချာမသိသေးသော်လည်း အမှတ်တစ်သောင်းတန် ကံစမ်းမဲဘီးထဲ ပါဝင်နေမှတော့ သေချာပေါက် သာမန်ပစ္စည်းတွေ မဖြစ်နိုင်ပေ။
သူက အောက်ဘက်သို့ ဆက်ကြည့်လိုက်ရာ အသစ်ပေါ်လာသော ကဏ္ဍတစ်ခုက သူ့အကြည့်ကို ဖမ်းစားလိုက်သည်။
"သိုင်းပညာကဏ္ဍ"
သူ မျက်လုံးပြူးသွားသည်။ ထိုနေရာတွင် သိုင်းပညာရပ် များက အထင်းသား ပေါ်နေသည်။
"ဒါ... ဒါတွေက သိုင်းပညာတွေလား"
လင်းယွမ်က တဖျပ်ဖျပ် လက်နေသော သိုင်းပညာများကို အလျင်အမြန် လိုက်ကြည့်လိုက်သည်။ သိုင်းပညာနာမည်များကို မမြင်ရဘဲ တလက်လက်တောက်ပနေသော အလင်းလုံးများကိုသာ မြင်နေရသည်။
ထိုအထဲတွင် အများစုက အဖြူရောင် အလင်းလုံးများဖြစ်ပြီး အနည်းငယ်က အဖြူရောင်တွင် အစိမ်းရောင် သန်းနေသည်။
လင်းယွမ်၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး သိုင်းပညာတစ်ခုလောက် မဲနှိုက်ကြည့်ချင်စိတ် ပြင်းပြလာသည်။
"စနစ်... သီးသန့်သိုင်းပညာမဲနှိုက်မယ်ဆိုရင် အမှတ်ဘယ်လောက်လိုလဲ"
[ဒင်... သီးသန့်သိုင်းပညာကဏ္ဍမှ ဆုမဲနှိုက်ယူရန်အတွက် အမှတ် ၁၀၀၀၀ ကျသင့်ပါမည်]
လင်းယွမ်က တုံ့ဆိုင်းသွားသည်။ သူ့တွင် စုစုပေါင်း အမှတ် တစ်သောင်းလေးထောင်ကျော်သာ ရှိရာ အမှတ်တစ်သောင်းကို တန်းသုံးလိုက်ရမည်ဆိုတော့ နှမြောသွားသည်။
အဘယ်ကြောင့်ဆိုသော် ဤအမှတ်များအားလုံးကို အရည်အသွေးမှတ် မဲနှိုက်ရာတွင် သုံးလိုက်ပါက သူ ၁၀ မှတ်တိတိ ရရှိနိုင်သည်။
ထိုအချိန်ကျရင် သူ့ခွန်အားက မိုးနဲ့မြေလို ကွာခြားသွားမှာ သေချာသည်။
သို့သော် သိုင်းပညာဆိုသည့်အရာက အစွမ်းကို သာမန်ကာလျှံကာ အသုံးပြုခြင်းမဟုတ်ဘဲ သီးခြားနည်းစနစ်များ ပါဝင်နေပုံရသည်။
လင်းယွမ်က ယနေ့တွေ့ခဲ့ရသည့် လိပ်ကို ပြန်သတိရသွားသည်။
"အဲ့ဒီ သန္ဓေပြောင်းလိပ်က စိတ်စွမ်းအင်အစွမ်း နိုးထခဲ့တာ... ပြီးတော့ ထူးခြားတဲ့ သိုင်းပညာ တစ်ခု ရထားပုံပဲ"
"သူက စိတ်စွမ်းအင်ကို အသုံးပြုပြီး အကာအကွယ်တစ်ခုလိုမျိုး ဖန်တီးနိုင်တယ်"
လင်းယွမ်က စဉ်းစားခန်းဖွင့်လိုက်သည်။ ယနေ့တွေ့ခဲ့ရသည့် သန္ဓေပြောင်းလိပ်၏ စိတ်စွမ်းအင်သည် အလွန်ဆုံးရှိလှ ၂ မှတ်၊ ၃ မှတ်ခန့်သာ ရှိသည်။
ထိုပမာဏလောက်ကို သူ၏ ၇.၇ ရှိသော စိတ်စွမ်းအင်ဖြင့် လွယ်လွယ်လေး ဖျက်ဆီးပစ်နိုင်သည်။
သို့သော် ထိုလိပ်က စိတ်စွမ်းအင်ဖြင့် ဖန်တီးထားသော အကာအကွယ်မှာ အတော်လေး ခိုင်မာသည်ဟု သူ ခံစားခဲ့ရသည်။
သူ၏ စိတ်စွမ်းအင်က လိပ်၏ ဦးနှောက်ထဲသို့ ဝင်ရောက်ချိန်တွင် သိသိသာသာ ခုခံမှုမျိုး ကြုံတွေ့ခဲ့ရသည်။
နောက်ဆုံးတွင် သူ အနိုင်ရခဲ့သော်လည်း သူ၏ စိတ်စွမ်းအင်က အဆမတန် များပြားနေ၍သာ နိုင်ခဲ့ခြင်းဖြစ်ကြောင်း လင်းယွမ် နားလည်သည်။
အကယ်၍ သူ့စိတ်စွမ်းအင်သာ ထိုလိပ်ပေါက်စနှင့် တန်းတူလောက်ရှိမည်ဆိုလျှင်၊ သို့မဟုတ် အနည်းငယ်သာ သာလွန်မည်ဆိုလျှင် ထို စိတ်စွမ်းအင်အတားအဆီးကို ဖြိုခွင်းနိုင်လိမ့်မည် မဟုတ်ပေ။
ဒါကို ကြည့်ခြင်းအားဖြင့် ထိုလိပ်၏ စိတ်စွမ်းအင်အတားအဆီးသည် သာမန်အစွမ်းမဟုတ်ဘဲ တစ်စုံတစ်ခုသော သိုင်းပညာ ဖြစ်ကြောင်း သိသာနေသည်။
ထိုကဲ့သို့သော သိုင်းပညာများသည် စိတ်စွမ်းအင် အသုံးပြုမှုကို များစွာ ထိရောက်စေပုံရသည်။
လက်ရှိတွင် လင်းယွမ်၏ အရည်အသွေးမှတ်များ မနိမ့်သော်လည်း သူ့ခန္ဓာကိုယ်တွင် နည်းစနစ်ကျသော သိုင်းပညာဟူ၍ တစ်ခုမျှ မရှိသေးပေ။
သူ ရန်သူများကို သတ်ဖြတ်ရာတွင် သူ၏ မြင့်မားသော အရည်အသွေးမှတ်များဖြင့်သာ အနိုင်ယူခဲ့ခြင်းဖြစ်သည်။
တကယ်တမ်းတော့ သူ့ပြိုင်ဘက်များကလည်း ကြက်ပေါက်ငှက်ပေါက်များသာ ဖြစ်ကြပြီး သိုင်းပညာ ကို နားလည်သူ မရှိကြပေ။
ဒါနဲ့... ရွှီလီဟွာရဲ့ ကပ်ပါးကောင် တွယ်ကပ်တဲ့အစွမ်းကရော သိုင်းပညာတစ်ခုလို့ သတ်မှတ်လို့ရမလား။
ပြီးတော့ ဝမ်ကျဲရဲ့ ထင်ယောင်ထင်မှား မြင်စေတဲ့အစွမ်း၊ လျှိုဖိန်ဖိန်ရဲ့ စိတ်စွမ်းအင် ဝင်္ကပါအစွမ်း။
စဉ်းစားကြည့်လျှင် ထိုသူများသည် စိတ်စွမ်းအင်မြင့်မားသူများ ဖြစ်ကြသော်လည်း မတူညီသော အစွမ်းသတ္တိများကို ပြသနိုင်ကြသည်။
ဒါတွေက သိုင်းပညာတွေများလား။
"တကယ်လို့ ငါသာ သိုင်းပညာတစ်ခုခု မဲပေါက်သွားရင်... အဲ့ဒီသိုင်းပညာကို တန်းပြီးတတ်မြောက်သွားမယ်လို့ ဆိုလိုတာလား"
"ဥပမာ ရွှီလီဟွာရဲ့ ကပ်ပါးကောင်အစွမ်းက သိုင်းပညာတစ်ခုပဲထား"
"ငါသာ အဲ့ဒီသိုင်းပညာကို မဲပေါက်သွားရင်... ငါ့ရဲ့ ၇.၇ ရှိတဲ့ စိတ်စွမ်းအင်နဲ့ဆို ရွှီလီဟွာထက် အဆအများကြီး ပိုကြမ်းတဲ့ ကပ်ပါးကောင်အစွမ်းကို သုံးနိုင်မှာ"
ရုတ်တရက် သူ၏ စိတ်နှလုံးများ ပူနွေးလာသည်။
အသေအချာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် သူ ဆုံးဖြတ်ချက်ချလိုက်သည်။
"အမှတ်တစ်သောင်းဆိုလည်း တစ်သောင်းပေါ့ကွာ... နောက်ရက်တွေကျရင် တိုက်ခန်းပိုင်ရှင်တွေက ငါးတွေ လာလဲကြဦးမှာပဲ"
"သူတို့ဆီကနေ သန္ဓေပြောင်းငါးတွေ အများကြီးရနေသရွေ့ ငါ အမှတ်တွေ ပြတ်လပ်မှာ မဟုတ်ဘူး"
"သိုင်းပညာတစ်ခုလောက် စမ်းပြီး မဲနှိုက်ကြည့်မယ်"
လင်းယွမ်က စနစ်ကို ချက်ချင်း အမိန့်ပေးလိုက်သည်။
"စနစ်... သီးသန့်သိုင်းပညာကဏ္ဍကနေ မဲနှိုက်မယ်"
[ဒင်... သိုင်းပညာကဏ္ဍ မဲနှိုက်ခြင်း စတင်ပါပြီ...]
နောက်တစ်ခဏတွင် ကံစမ်းမဲဘီးကြီးပေါ်ရှိ အခြားအရာများအားလုံး ပျောက်ကွယ်သွားပြီး သိုင်းပညာကဏ္ဍတစ်ခုတည်းသာ ကျန်ရှိတော့သည်။
သိုင်းပညာကဏ္ဍအတွင်းတွင် မရေမတွက်နိုင်သော အဖြူရောင် အလင်းလုံးများက တောက်ပစွာ လည်ပတ်နေသည်။
လင်းယွမ်၏ အမှတ်တစ်သောင်း ပျောက်ကွယ်သွားပြီးနောက် ရုတ်တရက် အဖြူရောင် အလင်းလုံးတစ်ခု ရွေးချယ်ခံလိုက်ရသည်။
[ဒင်... ဂုဏ်ယူပါသည်။ သင်သည် အဖြူရောင်အဆင့် သိုင်းပညာ ကြွက်သားပေါက်ကွဲသိုင်း ကို မဲပေါက်သွားပါသည်]
[ဒင်... သင် သိုင်းပညာရရှိသွားသည်ကို တွေ့ရှိရပါသဖြင့် သိုင်းပညာကို အလိုအလျောက် ဖွင့်လှစ်ပေးလိုက်ပါသည်။ အရည်အသွေးပြဇယားကို မွမ်းမံပြီးပါပြီ]
ဆက်တိုက်ထွက်ပေါ်လာသော အသိပေးချက်အသံနှစ်ခုကြောင့် လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။
သူက အရည်အသွေးပြဇယားကို အလျင်အမြန် ကြည့်လိုက်သည်။
အမည် - လင်းယွမ်
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၄.၈
ခွန်အား - ၄.၉
အလျင် - ၄.၈
စိတ်စွမ်းအင် - ၇.၇
သိုင်းပညာ - ကြွက်သားပေါက်ကွဲသိုင်း
သန္ဓေပြောင်းလဲနှုန်း - ၁၈%
အမှတ် - ၄၃၈၆ မှတ်
ကံစမ်းမဲရရှိထားသောပစ္စည်းများ
ဂျုံမှုန့် - ၁ တန်
ဝက်သား - ၁ တန်
မုန့်မျိုးစုံအိတ် - ၁ တန်
ကျောက်မီးသွေး - ၁ တန်
ဂလော့ပစ္စတို၊ ဓာတ်ဆီ (၃) ပုံး...
ထင်ထားသည့်အတိုင်းပင် စနစ်၏ဇယားတွင် သိုင်းပညာတစ်ခု ပိုလာသည်။
လက်ရှိ သိုင်းပညာတွင် ကြွက်သားပေါက်ကွဲသိုင်း ဟူသော အစွမ်းတစ်ခု ရှိနေသည်။
သူက စိတ်အာရုံကို ထိုအစွမ်းပေါ်သို့ အလိုအလျောက် နှစ်မြှုပ်လိုက်သည်။
အမည် - ကြွက်သားပေါက်ကွဲသိုင်း
သိုင်းအရည်အသွေး - အဖြူရောင်
လိုအပ်ချက် - ခွန်အား ၂ မှတ်
ခန္ဓာကိုယ်ကြံ့ခိုင်မှု ၂ မှတ်
အာနိသင် - ကြွက်သားစွမ်းအားကို ပေါက်ကွဲစေခြင်းနှင့် အချိန်တိုအတွင်း ခွန်အားကို မူလပမာဏ၏ နှစ်ဆအထိ ကျော်လွန်ရောက်ရှိစေသည်။
ထိုအချိန်မှာပင် ထူးဆန်းသော ခံစားမှုတစ်ခု လင်းယွမ်၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။
ကြွက်သားများ ပေါက်ကွဲထွက်မတတ် အားထုတ်ရမည့် နည်းစနစ်တစ်ခုကို အလိုအလျောက် တတ်မြောက်သွားသလို ခံစားလိုက်ရသည်။
ဤနည်းစနစ်က သူ၏ ခွန်အားကို ယာယီအားဖြင့် နှစ်ဆ တိုးသွားစေနိုင်သည်။
လင်းယွမ်က စဉ်းစားလိုက်သည်။
"ဆိုလိုတာက... ငါ့ရဲ့ လက်ရှိ ခွန်အားက ၄.၉ ရှိတယ်... ဒါပေမဲ့ ငါ ကြွက်သားပေါက်ကွဲသိုင်း ကို သုံးလိုက်တာနဲ့ တစ်ပြိုင်နက်... ငါ့ရဲ့ခွန်အားက ၉.၈ အထိ ရောက်သွားမယ်"
သူ့မျက်ဝန်းများ တောက်ပလာပြီး စိတ်ထဲတွင် စိတ်လှုပ်ရှားလာသည်။
"ခွန်အား သက်သက်ကိုပဲ တိုးစေတဲ့ အစွမ်းလား"
"ဒီလို ခွန်အားတိုးတာက ငါ့ရဲ့ မူလခွန်အားအပေါ် အခြေခံထားတာပဲ... ဆိုလိုတာက ငါ့ရဲ့ မူလခွန်အား များလေလေ... နှစ်ဆတိုးမယ့် ပမာဏက များလေလေပေါ့"
လင်းယွမ် ချက်ချင်း သဘောပေါက်သွားသည်။ ဒီအစွမ်းက ကြည့်လိုက်ရင် အသုံးမဝင်သလိုလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ အဲ့လိုမဟုတ်။
လက်ရှိအနေအထားအရ နှစ်ဆတိုးတာက ခွန်အား ၄.၉ မှတ်ပဲ ပိုရတယ်ဆိုပြီး အထင်မသေးသင့်။
ကြည့်လိုက်ရင် အမှတ်တစ်သောင်း သုံးလိုက်ရပြီး ခွန်အား ၄.၉ မှတ်ပဲ ယာယီပိုရသလို ဖြစ်နေသည်။
ဒါပေမဲ့ တကယ်တမ်း တွက်ကြည့်ရင် အဲ့လိုမဟုတ်။
အခုချိန်မှာ သူ့ခွန်အားက ၄.၉ ရှိနေလို့သာ။ နောက်ပိုင်းကျရင်ရော။
နောက်ပိုင်းတွင် အမှတ်တွေ ဆက်တိုက်ရလာပြီး သီးသန့်အရည်အသွေးမှတ်တွေ မဲနှိုက်လာသည်နှင့်အမျှ သူ့ခွန်အားက သေချာပေါက် များလာတော့မည်။
ဥပမာ သူ့ခွန်အားက ၁၀ မှတ် ရောက်သွားချိန်မှာ ကြွက်သားပေါက်ကွဲသိုင်း ကို သုံးလိုက်ရင် သူ့ခွန်အားက ၂၀ အထိ တန်းရောက်သွားမည်။
ဒီလိုနဲ့ သူ့ခွန်အားက ၁၀၀ အထိ ရောက်သွားခဲ့ရင်ရော။
၁၀၀၀ အထိ ရောက်သွားခဲ့ရင်ရော။
အဲ့ဒီအချိန်ကျရင် တိုးလာမယ့် ပမာဏက နည်းပါ့မလား။
ဒါကြောင့် ဒီအစွမ်းအတွက် အမှတ် ၁၀၀၀၀ ပေးလိုက်ရတာက လုံးဝ တန်သည်။ အလွန်တန်သည်။
နောက်ပိုင်းရောက်လေ ဒီအစွမ်းက ပိုကြမ်းလေ ဖြစ်လာမည်။
လင်းယွမ်က သဘောကျစွာ ပြုံးလိုက်ပြီး သိုင်းပညာကဏ္ဍ ကံစမ်းမဲဘီးကို တစ်ချက်ကြည့်လိုက်သည်။ အထဲတွင် မရေမတွက်နိုင်သော အဖြူရောင် အလင်းလုံးများနှင့် အနည်းငယ်သော အစိမ်းရောင်သန်းသည့် အလင်းလုံးများ ရှိနေဆဲ။
သူ့မျက်လုံးများ အရောင်တောက်နေသည်။
"အဖြူရောင်ထဲမှာ အစိမ်းရောင်သန်းနေတဲ့ အစွမ်းတွေက... သေချာပေါက် အရည်အသွေး ပိုမြင့်မှာပဲ"
"ဒီကြွက်သားပေါက်ကွဲသိုင်း က အဖြူရောင်အဆင့်ပဲ ရှိတာတောင် ဒီလောက် မိုက်နေပြီ... အစိမ်းရောင်ပါတဲ့ သိုင်းပညာတွေဆို ဘယ်လောက်တောင် ကြမ်းလိုက်မလဲ"
လင်းယွမ် စိတ်လှုပ်ရှားနေသော်လည်း လက်ရှိတွင် သူ့အမှတ်များက လေးထောင်ကျော်သာ ကျန်တော့သည်။
"သိုင်းပညာတွေက ကောင်းတော့ ကောင်းပါရဲ့... ဒါပေမဲ့ အမှတ်ကုန်တာ ကြမ်းလွန်းတယ်"
သူက နှမြောတသသဖြင့် စနစ်ကို လှမ်းခေါ်လိုက်သည်။
"စနစ်... သီးသန့် အရည်အသွေးမှတ် မဲနှိုက်မယ်"
ကျန်တဲ့ အမှတ် လေးထောင်ကျော်ကိုတော့ အရည်အသွေးမှတ်တွေပဲ မဲနှိုက်လိုက်တော့မည်။
[ဒင်... သီးသန့်အရည်အသွေးမှတ် ကံစမ်းမဲဘီးကို ရွေးချယ်ထားပါသည်။ ချက်ချင်း မဲနှိုက်မလား]
"နှိုက်မယ်"
ရွှပ်...
ကံစမ်းမဲဘီးက အရှိန်ပြင်းစွာ လည်ပတ်သွားပြီး အရည်အသွေး ၅ မျိုး ကဏ္ဍကြားတွင် ညွှန်တံက ရပ်တန့်သွားသည်။
[ဒင်... ဂုဏ်ယူပါသည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၁ မှတ် မဲပေါက်သွားပါသည်]
[ဒင်... ဂုဏ်ယူပါသည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၁ မှတ် မဲပေါက်သွားပါသည်]
[ဒင်... ဂုဏ်ယူပါသည်။ ခွန်အား ၁ မှတ် မဲပေါက်သွားပါသည်]
[ဒင်... ဂုဏ်ယူပါသည်။ စိတ်စွမ်းအင် ၁ မှတ် မဲပေါက်သွားပါသည်]
လေးကြိမ်ဆက်တိုက် မဲနှိုက်ရာတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှု ၂ မှတ်၊ ခွန်အား ၁ မှတ်နှင့် စိတ်စွမ်းအင် ၁ မှတ် ရရှိလိုက်သည်။
လင်းယွမ် ကျေနပ်သွားသည်။ "မဆိုးဘူး... စိတ်စွမ်းအင် ၁ မှတ် ပါတယ်"
ယခုအချိန်တွင် သူ ကောင်းကောင်း နားလည်သွားပြီဖြစ်သည်။ အရည်အသွေးအမျိုးမျိုးထဲတွင် စိတ်စွမ်းအင်ဆိုသည့် အရာက အဆန်းကြယ်ဆုံး ဖြစ်သည်။
စိတ်စွမ်းအင်ပိုင်းဆိုင်ရာ အစွမ်းနိုးထလာသူများကို ကြည့်လိုက်လျှင် သူတို့၏ အစွမ်းများက ထူးဆန်းအံ့သြဖွယ် ကောင်းလှပြီး ကာကွယ်ရန် ခက်ခဲလှသည်။
ဒါကိုကြည့်ခြင်းအားဖြင့် စိတ်စွမ်းအင်မြင့်မားခြင်းက ဘယ်လောက်အရေးကြီးလဲဆိုတာ သိသာသည်။
လင်းယွမ်က သူ့စိတ်စွမ်းအင်ကို မြှင့်တင်ချင်နေသည်။
ဒါမှသာ ထူးဆန်းသော စိတ်စွမ်းအင် အစွမ်းများနှင့် ကြုံတွေ့လာရသည့်အခါ ခုခံကာကွယ်နိုင်မည် ဖြစ်သည်။
ရရှိလာသော အရည်အသွေးမှတ်များကို သက်ဆိုင်ရာ နေရာများသို့ ပေါင်းထည့်လိုက်သည်နှင့် လင်းယွမ်၏ ခန္ဓာကိုယ်ထဲတွင် အပူစီးကြောင်းများ စီးဆင်းသွားပြီး ဦးနှောက်ထဲတွင်လည်း အေးမြသော ခံစားမှုများ ဖြစ်ပေါ်လာသည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှု ၂ မှတ် တိုးလာသဖြင့် ခန္ဓာကိုယ်၏ လုပ်ဆောင်နိုင်စွမ်းများ ထပ်မံ မြင့်တက်လာသည်။
အသက်စွမ်းအားများ ပိုမို ပြည့်ဝလာပြီး အားအင်များ ပိုမို ကောင်းမွန်လာသည်။ ခံနိုင်ရည်နှင့် နှလုံး၊ အဆုတ် အစွမ်းများလည်း တိုးတက်လာသည်။
ခုနလေးကမှ အိပ်ရာပေါ်တွင် စစ်ခင်းထား၍ ကုန်ဆုံးသွားသော အားအင်များမှာ ယခုအခါ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားသည်။
သို့သော် မိန်းမလှလေးမှာမူ ဒဏ်မခံနိုင်တော့သဖြင့် လင်းယွမ်ခမျာ ဓားသွားထက်နေသော်လည်း ထုတ်မသုံးရဘဲ သက်ပြင်းချနေရတော့သည်။
ခွန်အား ၁ မှတ် တိုးလာမှုက ကြွက်သားပြောင်းလဲမှုကို သိပ်မသိသာစေသော်လည်း ကြွက်သားသိပ်သည်းဆ ပိုများလာသည်ကို လင်းယွမ် ခံစားမိသည်။
စိတ်စွမ်းအင်ပိုင်းကိုမူ သူ စမ်းသပ်ကြည့်လိုက်ရာ စိတ်စွမ်းအင် ပြင်းအား သိသိသာသာ တိုးတက်လာသည်။
စိတ်အာရုံခံနိုင်စွမ်း အကွာအဝေးက ၃ ပေခန့် ပိုကျယ်လာပြီး လက်ရှိတွင် ပေ ၃၀ ဝန်းကျင်အထိ ရောက်ရှိနေပြီဖြစ်သည်။
သို့သော် သူ အသစ်တစ်ခု တွေ့ရှိလိုက်ရသည်။ စိတ်စွမ်းအင်ဖြင့် နံရံများကို ဖြတ်သန်းကြည့်သည့်အခါ အားနည်းသွားသည်ကို ခံစားလိုက်ရသည်။
ကြည့်ရသည်မှာ စိတ်စွမ်းအင်သည် အရာဝတ္ထုအခဲများထက် လေထုထဲတွင် ကူးလူးသွားလာမှု ပိုကောင်းပုံရသည်။
ဆိုလိုသည်မှာ စိတ်စွမ်းအင်ကို အသုံးပြုပြီး အရာဝတ္ထုများကို ဖောက်ထွင်းမြင်နိုင်သည့် ''ဖောက်ထွင်းမျက်လုံး'' ကဲ့သို့သော အစွမ်းမျိုးရရန် အတော်လေး ခက်ခဲမည့်ပုံပင်။
လင်းယွမ်က ရန်မေ၏ စကပ်စဘက်သို့ အကြည့်လွှဲလိုက်ပြီး စိတ်စွမ်းအင်ကို ထပ်မံ လေ့ကျင့်ကြည့်သည်။
စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ကာ အနက်ရောင် ဇာစကပ်စလေးကို ကိုင်တွယ်ကြည့်ပြီး ပေါင်ကြားခွဆုံ နေရာသို့ ဖြည်းဖြည်းချင်း တိုးဝင်ကြည့်သည်။
အိပ်ပျော်နေသော ရန်မေက ကိုယ်တစ်ဖက် လှည့်လိုက်ရင်း ညည်းညူလိုက်သည်။
"မောင်လေး... မနောက်နဲ့တော့... အစ်မ နားပါရစေဦး"
လင်းယွမ်က ပြုံးလိုက်ပြီး သူမကို လွှတ်ပေးလိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ကာ အိပ်စက်လိုက်တော့သည်။
(Skill ကို သိုင်းပညာလို့ လောလောဆယ် မင်မင် ပြန်ထားပါတယ်)
............................................................................................................
တိုက် (၇၅)၊ ညဉ့်နက်သန်းခေါင်ယံအချိန်ဖြစ်၍ အိမ်တိုင်းလိုလို မီးမှောင်ကျနေသည်။
ယခုလို ရေကြီးနေသော ကာလတွင် ဂတ်စ် မရှိတော့သဖြင့် လောင်စာဆိုသည်မှာ အလွန်တန်ဖိုးရှိသော အရာများ ဖြစ်လာသည်။
လူတော်တော်များများက အိမ်ထဲတွင် မီးရှို့လို့ရသည့် ပစ္စည်းမှန်သမျှကို ရှို့ပြီးသွားကြပြီ။
ယခုအခါ ထမင်းချက်မှသာ မီးမွှေးကြပြီး ကျန်သည့်အချိန်များတွင် လောင်စာကို ချွေတာနေကြရသည်။
သို့သော် တိန့်ဟူက ၇၅ ဆောင်၏ အာဏာရှင်တစ်ဦး ဖြစ်သည့်အားလျော်စွာ လောင်စာ မရှားပါးပေ။
သူ၏ လူများက တိုက် ၇၅၏ တိုက်တွဲ ၄ တွဲကို သိမ်းပိုက်ထားပြီး ရေပေါ်တွင် မျောပါလာသော ပစ္စည်းများကို ဆယ်ယူရရှိထားသည်။
သစ်သားပြားများ၊ ပလတ်စတစ်ပြားများ၊ ဖော့တုံးများ အစုံရှိသဖြင့် လောလောဆယ် လောင်စာ မပူရပေ။
ညဉ့်နက်နေပြီ ဖြစ်သော်လည်း သူ့ဧည့်ခန်းထဲတွင် ဖယောင်းတိုင်တစ်တိုင် ထွန်းထားသဖြင့် အခန်းက လင်းနေသည်။
သူက ဆိုဖာပေါ်တွင် ထိုင်နေပြီး သူ့ဘေးတစ်ဖက်တစ်ချက်စီတွင် အလွန်လှပသော မိန်းကလေး နှစ်ယောက်က သူ့ခြေသလုံးကြွက်သားများကို နှိပ်နယ်ပေးနေကြသည်။
ဆိုဖာအနောက်တွင်လည်း သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က သူ့နားထင်ကို နှိပ်နယ်ပေးနေသည်။
တိန့်ဟူသည် အစွမ်းရပြီးနောက်ပိုင်းတွင် မောက်မာရိုင်းစိုင်းလာပြီး ထင်ရာစိုင်းလာခဲ့သည်။
အစားအသောက်လုသည်၊ လူသတ်သည်၊ သူများမယားကို သိမ်းပိုက်သည်၊ အိမ်နီးချင်း အမျိုးသမီးများကို ဒုက္ခပေးသည်။ လုပ်နိုင်သမျှ မိုက်ရိုင်းမှု အကုန်လုပ်ခဲ့သည်။
ဘေးနားရှိ အမျိုးသမီးသုံးယောက်စလုံးသည် သူ အနိုင်ကျင့် လုယူထားသူများ ဖြစ်သည်။
ယခင်က သူသည် အငှားယာဉ်မောင်းသူတစ်ဦးသာ ဖြစ်ပြီး ရံဖန်ရံခါမှသာ မိန်းမချောလေးများ လိုက်ပါစီးနင်းသဖြင့် မျက်စိအစာကျွေးခွင့် ရခဲ့သူဖြစ်သည်။
ထိုအချိန်က အွန်လိုင်းတွင် ခရီးသည်နှင့် ယာဉ်မောင်းကြား ပဋိပက္ခများ ပြင်းထန်နေချိန်ဖြစ်ပြီး တချို့မိန်းမများက ယုတ္တိမရှိ ရစ်တတ်ကြသည်။ စကားနှစ်ခွန်းလောက် ပိုပြောမိသည်နှင့် ဗီဒီယိုရိုက်ကာ အွန်လိုင်းတင်ပြီး အနိုင်ကျင့်တတ်ကြသည်။
ထို့ကြောင့် ထိုစဉ်က သူသည် အလွန်သတိထားရပြီး အမျိုးသမီးခရီးသည်များကို တင်ရလျှင် စကားတစ်ခွန်းမှ မပြောရဲခဲ့ပေ။
အမျိုးသမီးခရီးသည်က အဝတ်အစား တိုတိုပြတ်ပြတ် ဝတ်ထားလျှင်ပင် နောက်ကြည့်မှန်ကနေ ခိုးကြည့်ရုံလောက်သာ တတ်နိုင်ခဲ့သည်။
သို့သော် ယခုအခါ အခြေအနေများ ပြောင်းလဲသွားပြီဖြစ်သည်။ အစွမ်းရလာစဉ်က သူသည် သတိထားနေခဲ့သေးသည်။ အစားအသောက်လောက်သာ လုရဲပြီး လူသတ်ရန် ဝန်လေးခဲ့သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ နိုင်ငံတော်ကယ်ဆယ်ရေးအဖွဲ့ ရောက်မလာနိုင်တော့မှန်း သိလာပြီး သူ့ကို ထိန်းချုပ်မည့်သူ မရှိတော့ကြောင်း နားလည်လာသည်။
တစ်ခါက လှေကားခွင်တွင် အမျိုးသားတစ်ဦးဆီမှ အစားအသောက် လုယူခဲ့ဖူးသည်။ ထိုသူ၏ မိန်းမက ငိုယိုအသနားခံပြီး ဒါက သူတို့မိသားစုအတွက် နောက်ဆုံးလက်ကျန် အစာလေးပါဟု ပြောခဲ့သည်။
သူက ဂရုမစိုက်ဘဲ ထိုအမျိုးသားကို တွန်းထုတ်ခဲ့သည်။
ထိုမိန်းမက သူ့ကို အသေအလဲ ဆွဲထားသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ "ဗြိ" ခနဲ အသံနှင့်အတူ ထိုမိန်းမ၏ အင်္ကျီ စုတ်ပြဲသွားသည်။
ရုတ်တရက် ဖွေးဥနေသော ရင်သားအစုံ ပေါ်ထွက်လာသည်။
ထိုမြင်ကွင်းက သူ့မျက်လုံးများကို ပြူးကျယ်သွားစေသည်။
တိရစ္ဆာန်စိတ်က လူစိတ်ကို လွှမ်းမိုးသွားပြီး ထိုမိန်းမကို အခန်းထဲ ဆွဲခေါ်ကာ အော်ဟစ်ငိုယိုနေသည့်ကြားမှ အဓမ္မကျင့်ခဲ့သည်။
ထိုအချိန်မှစ၍ သူသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့သည်။ ခွန်အားကြီးမားသော အစွမ်းရှိနေသဖြင့် တိုက်ခန်းတွဲတစ်ခုလုံး၏ နံပါတ်တစ် လူဆိုးစာရင်းဝင် ဖြစ်လာသည်။
အချိန်ကြာလာသည်နှင့်အမျှ သူ့နောက်လိုက်များ များလာသည်။
ယခုဆိုလျှင် သူ့လူအင်အားက ဒါဇင်နှင့်ချီ ရှိနေပြီး တိုက်တွဲ ၃ မှ ၆ အထိ ၄ ခုလုံးကို သိမ်းပိုက်ထားနိုင်သည်။
သူ့မိန်းမများကိုလည်း တစ်ယောက်ပြီးတစ်ယောက် လဲလှယ်ခဲ့ရာ နောက်ဆုံးတွင် သူ့အကြိုက်နှင့်ထပ်တူကျပြီး သူ့ဘေးတွင် ကျန်ရစ်သူဟူ၍ ဤအမျိုးသမီးချော ၃ ဦးသာ ရှိတော့သည်။
စားစရာသောက်စရာ မပူရ၊ ကစားစရာ မိန်းမလည်း ရှိသည်မို့ အင်တာနက်လိုင်း မရှိသည်ကလွဲရင် ဒီရေကြီးတဲ့ ဘေးဒုက္ခကြီးက သိပ်မဆိုးလှဘူးဟု တိန့်ဟူ တွေးမိသည်။
တာအိုဆရာလင်းတို့အဖွဲ့သာ မရှိရင် သူ ပိုပျော်မိမှာ သေချာသည်။
အတွေးစတို့ကို ပြန်သိမ်းလိုက်ချိန်တွင် အနောက်မှ အမျိုးသမီးက တိုးတိုးလေး ပြောလာသည်။
"ကိုကြီးဟူ... အောက်က ကလေးတွေ ပြောနေကြတာ ကြားတယ်... တာအိုဆရာလင်းတို့အဖွဲ့က ဟိုဘက် တိုက် ၇၆ က လူတွေနဲ့ အဆက်အသွယ် ရနေပုံပဲ... တိုက် ၇၆ ဘက်က ပစ္စည်းတွေတောင် ရနေတယ်တဲ့"
တိန့်ဟူက မျက်လုံးမဖွင့်ဘဲ အေးစက်စွာ ရယ်မောလိုက်သည်။
"ပေါက်ကရတွေ... အခုလို ပစ္စည်းရှားပါးနေတဲ့အချိန်မှာ ဘယ်သူကများ အဲ့လောက် ငတုံးလုပ်ပြီး သူများကို ပစ္စည်းပေးမလဲကွ"
"မင်ရှု... တာအိုဆရာလင်းရဲ့ လှည့်ကွက်ကို မယုံနဲ့... သူက အဲ့လို ကောလာဟလတွေ လွှင့်ပြီး သူ့မှာ အပြင်အားကိုး ရှိတယ်ဆိုပြီး ငါ ထင်အောင်လို့ အသံပေးနေတာ"
လျန်မင်ရှုက အလျင်အမြန် ပြောလိုက်သည်။
"မဟုတ်ဘူး ကိုကြီးဟူ... ဒီတစ်ခါတော့ တကယ်ထင်တယ်... ကျွန်မ ဒီနေ့ ခေါင်မိုးပေါ်ကနေ လှမ်းမြင်လိုက်တာ... တိုက်ခန်းတွဲ ၁ ဘက်ကနေ ဟိုဘက် တိုက် ၇၆ ကို ကြိုးတစ်ချောင်း သွယ်တန်းထားတာ တွေ့တယ်"
"ပြီးတော့ ဒီရက်ပိုင်း တာအိုဆရာလင်းတို့ လှုပ်ရှားမှုတွေ များနေတယ်... ရေထဲက သတ္တဝါတွေကိုလည်း အများကြီး လိုက်ဝယ်နေကြတယ်"
တိန့်ဟူ မျက်လုံးပွင့်သွားပြီး လျန်မင်ရှုကို လှည့်ကြည့်လိုက်သည်။
"မင်း ပြောတာ တကယ်လား"
"တကယ်ပါဆို... မယုံရင် ရှောင်ယန်နဲ့ လင်လင်ကို မေးကြည့်"
တိန့်ဟူက ဘေးနားမှ မိန်းကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။
ယွီရှောင်ယန်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "ကျွန်မလည်း အပြင်ကလူတွေ ပြောတာ ကြားမိတယ်... ဒါပေမဲ့ ခေါင်မိုးပေါ်တော့ တက်မကြည့်ရဲဘူး"
ကျူးလင်လင်ကလည်း ဝင်ပြောသည်။ "အစ်ကိုကျန့်တို့ ပြောနေကြတာ ကျွန်မလည်း ကြားတယ်... အဲ့တုန်းကတော့ သိပ်သတိမထားမိလိုက်ဘူး"
တိန့်ဟူ၏ မျက်နှာထား တင်းမာသွားပြီး မေးစေ့ကို ပွတ်သပ်လိုက်သည်။
"တာအိုဆရာလင်းရဲ့ အစွမ်းက ဘယ်လောက်ထိ ကြမ်းလဲဆိုတာ အခုထိ ငါ သေချာမသိရသေးဘူး... ဒီကာလတစ်လျှောက်လုံး ငါတို့က ဖိအားပေးနေတာတောင် သူက တစ်လှမ်းချင်းစီပဲ ဆုတ်သွားတာ... သူ့ရဲ့ ရွှေရောင်အလင်းတန်း အစွမ်းက သိပ်မကြမ်းလောက်ဘူး ထင်တာပဲ"
"အခု ပြင်ပအကူအညီပါ ယူနေပြီဆိုတော့... သူ့ကို ဒီတိုင်း လွှတ်ထားလို့ မဖြစ်တော့ဘူး"
လျန်မင်ရှုက ဝင်ပြောသည်။ "ကိုကြီးဟူ... ကိုကြီးမှာ အကြံရှိလား"
တိန့်ဟူက စဉ်းစားလိုက်သည်။ "ငါ စဉ်းစားကြည့်ဦးမယ်"
သူ့စိတ်ထဲတွင် ထိတ်လန့်မှုအနည်းငယ် ရှိနေသည်။ တာအိုဆရာလင်း၏ ရွှေရောင်အလင်းတန်း အစွမ်းက ကြည့်ရတာ အတော်လေး ကြမ်းပုံရသည်။ တကယ်တမ်းကျတော့ သူတို့နှစ်ယောက် ထိပ်တိုက် မတွေ့ဖူးကြပေ။
တာအိုဆရာလင်းက သူ့ကိုယ်သူ တာအိုဆရာပါဟု ပြောဆိုပြီး ရွှေရောင်အလင်းတန်းကို ဓားပျံအဖြစ် ပြောင်းလိုက်၊ မန္တန်စက္ကူအဖြစ် ပြောင်းလိုက် လုပ်ပြနေသည်မှာ တကယ်ကို ကြောက်စရာကောင်းသည်။
ယခု တာအိုဆရာလင်းက တခြားတိုက်နှင့်ပါ ဆက်သွယ်မိနေပြီဆိုတော့ နောက်ဆို ပိုပြီး အင်အားကြီးလာတော့မည် မဟုတ်လား။
တိန့်ဟူ စိတ်လှုပ်ရှားလာသည်။ စိတ်ထဲတွင် ဂနာမငြိမ် ဖြစ်လာသည်။
တခြားတိုက်မှ လူများက သူ့စကား နားထောင်မည် မဟုတ်ပေ။ သူ့တွင်လည်း ချက်ချင်း လက်ငင်း အကြံဉာဏ်မရှိ။
ကြွက်သားသာ ရှိပြီး ဦးနှောက်မရှိသော တိန့်ဟူတစ်ယောက် အကြံမထုတ်နိုင်မှန်း လျန်မင်ရှု ရိပ်မိသွားသည်။ သူမက ဖြည့်စွက်ပြောလိုက်သည်။
"ကိုကြီးဟူ... ကျွန်မမှာ အကြံတစ်ခု ရှိတယ်"
တိန့်ဟူက သူမကို ကြည့်လိုက်သည်။ "ဘာအကြံလဲ"
"တာအိုဆရာလင်းက ဟိုဘက်တိုက်နဲ့ ဆက်သွယ်ဖို့ အဲ့ဒီကြိုးကိုပဲ အဓိက သုံးနေရတာ မဟုတ်လား... ကျွန်မတို့သာ အဲ့ဒီကြိုးကို ဖြတ်လိုက်ရင် သူ့အဆက်အသွယ် ပြတ်သွားပြီပေါ့"
တိန့်ဟူ မျက်လုံးများ အရောင်လက်သွားသည်။ "အေး... မိုက်တယ်ဟ"
ကျူးလင်လင်က စိုးရိမ်တကြီး ဝင်ပြောသည်။ "မမမင်ရှု... တာအိုဆရာလင်းက အဲ့ဒီအဆက်အသွယ်ကို အရေးထားတယ်ဆိုရင် ကြိုးဖြတ်ဖို့က မလွယ်လောက်ဘူးနော်"
လျန်မင်ရှုက ပါးစပ်ကို အုပ်ပြီး ရယ်လိုက်သည်။
"ဒါ လွယ်ပါတယ်... ကိုကြီးဟူ... ကျွန်မတို့ ဟိုဘက်မှာ အသံဗလံပေးပြီး ဒီဘက်ကနေ ဝင်တိုက်တဲ့ 'အရှေ့က အသံပေးပြီး အနောက်ကို ဝင်တိုက်တဲ့' နည်းဗျူဟာ သုံးလိုက်ရင် ရတာပဲ"
"အရှေ့မှာ အသံပေးပြီး အနောက်ကို ဝင်တိုက်မယ်... ဘာအဓိပ္ပာယ်လဲ"
လျန်မင်ရှုက တိန့်ဟူ၏ နားနားကပ်ပြီး တီးတိုး ပြောလိုက်သည်။
"အစ်ကိုကျန့်၊ ကောင်းချန်ဖိန် နဲ့လော်ဝေ... သူတို့ကို တိုက်တွဲ ၂၊ ၁၃ လွှာမှာ ပြဿနာသွားရှာခိုင်းလိုက်မယ်... ပြဿနာကို ကြီးကြီးကျယ်ကျယ် ဖြစ်အောင်လုပ်ပြီး တာအိုဆရာလင်းတို့အဖွဲ့ကို ၁၃ လွှာဆီ ရောက်လာအောင် မျှားခေါ်လိုက်ပေါ့... ပြီးရင် ကိုကြီးဟူက ခေါင်မိုးပေါ်ကနေ သွားပြီး ကြိုးကို ဖြတ်ချလိုက်ရင် ပြီးပြီလေ"
တိန့်ဟူ နားထောင်လေ ပိုသဘောကျလေ ဖြစ်လာသည်။
သူက ဟားတိုက်ရယ်မောလိုက်ပြီး လျန်မင်ရှုကို ပွေ့ဖက်လိုက်သည်။
"ဟားဟားဟား... မင်ရှု... ကိုကြီး မင်းကို အချစ်ပိုရကျိုး နပ်တာပဲ... မင်းရဲ့ အကြံက သိပ်ကောင်းတယ်... ဒီည ကိုကြီး မင်းကို ဆုချမယ်"
ပြောပြောဆိုဆိုနှင့် လျန်မင်ရှု၏ အဝတ်အစားများကို အငမ်းမရ ဆွဲဖြဲလေတော့သည်။
လျန်မင်ရှုကလည်း အလိုက်သင့်ပင် "မလုပ်ပါနဲ့... မလုပ်ပါနဲ့" ဟု ပါးစပ်က အော်နေသော်လည်း ကိုယ်ဟန်အမူအရာက ဖိတ်ခေါ်နေသဖြင့် တိန့်ဟူ၏ စိတ်ဆန္ဒများ ပိုမို ပြင်းပြလာသည်။
ဘေးနားရှိ ယွီရှောင်ယန်နှင့် ကျူးလင်လင်တို့လည်း မလွတ်မြောက်နိုင်ကြပေ။ တိန့်ဟူက သူတို့၏ တင်ပါးများကို ရိုက်ပုတ်လိုက်ရာ နှစ်ယောက်သား ဆိုဖာပေါ်တွင် လိမ္မာစွာ မှောက်လျက် အနေအထား ယူလိုက်ကြသည်။
အခန်းထဲတွင် တဏှာရာဂ အသံဗလံများ ဖုံးလွှမ်းသွားတော့သည်။
ဆက်ရန်...
အပိုင်း (၁၁၄) ချိုင်ကြည်၏ တောင်းပန်စကားနှင့် ဆုန့်ဝမ်အား လေ့ကျင့်ပေးခြင်း
လင်းယွမ် အိပ်ရာနိုးလာတော့ ရင်ဘတ်ထဲ လေးလံနေသလို ခံစားလိုက်ရသည်။
သူ ငုံ့ကြည့်လိုက်မိရာ ရန်မေသည် ရေဘဝဲတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်ကို တစ်စောင်းလှည့်ကာ သူမ၏ သွယ်လျရှည်လျားသော ခြေတံများဖြင့် သူ့ခါးကို ချိတ်တွယ်ထားပြီး သွယ်လျသော လက်မောင်းများကလည်း သူ့ညာဘက်လက်မောင်းကို ဖက်တွယ်ထားသည်ကို တွေ့လိုက်ရသည်။
သူမ၏ ဖွံ့ထွားသောအရာနှစ်ခုက သူ့လက်မောင်းကို တင်းကြပ်စွာ ဖိကပ်ထားလျက် ရှိသည်။
လင်းယွမ် ပြုံးလိုက်ပြီး ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
သည်းထန်စွာ ရွာသွန်းနေသော မိုးသံများကို တဝုန်းဝုန်း ကြားနေရဆဲ ဖြစ်ပြီး ယနေ့တွင်လည်း မိုးမစဲသေးပေ။
ကောင်းကင်ကြီးက အုံ့မှိုင်းနေသဖြင့် အချိန်ကို ခန့်မှန်းရခက်ခဲနေသည်။
ကုတင်ခေါင်းရင်းရှိ လက်ပတ်နာရီကို လှမ်းယူကြည့်လိုက်တော့ မနက် ၈ နာရီကျော်နေပြီ ဖြစ်သည်။
မနေ့က ဆုန့်ဝမ်နှင့် တိုက်ခေါင်မိုးပေါ်တွင် လက်တွေ့လေ့ကျင့်ခန်းလုပ်ရန် ချိန်းဆိုထားသည်ကို သတိရသွားသဖြင့် လင်းယွမ် အိပ်ရာထရန် ပြင်လိုက်သည်။
သူ လှုပ်ရှားလိုက်သဖြင့် ရန်မေလည်း နိုးသွားသည်။
ရန်မေက အိပ်မှုန်စုံဖွားဖြင့် မေးလိုက်သည်။ "ဘယ်နှနာရီ ရှိပြီလဲ"
"၈ နာရီကျော်ပြီ"
ရန်မေသည် မနေ့ညက သန်းခေါင်ကျော်မှ အိပ်ခဲ့ရသဖြင့် အလွန် ပင်ပန်းနေသော်လည်း အိပ်ချင်မူးတူးဖြင့် ထထိုင်လိုက်ပြီး ပြောသည်။ "ဒါဆို အမလည်း ထတော့မယ်... ဒီနေ့ ဆားနယ်ပြီး အခြောက်ခံရမယ့် ငါးတွေ အများကြီး ရှိသေးတယ်"
လင်းယွမ်က ရယ်မောလိုက်ပြီး ပြောသည်။ "ပင်ပန်းနေရင် ပိုအိပ်လိုက်ပါ... အဲဒီအလုပ်တွေက အမဝူတို့ကို ခိုင်းလိုက်လည်း ရတာပဲ"
"မရပါဘူး... အဲဒါဆို အမက ဘာမှအသုံးမဝင်တဲ့လူ ဖြစ်သွားမှာပေါ့" ရန်မေက ခေါင်းခါယမ်းကာ ငြင်းဆန်သည်။ သူမသည် ဘာမှမလုပ်ဘဲ ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ပေ။
လင်းယွမ်က ပြုံးစစဖြင့် ပြောလိုက်သည်။ "ဘယ်သူက မင်း အသုံးမဝင်ဘူးလို့ ပြောလဲ... အမ အားမွေးထားမှ ညဘက် ကျွန်တော့်ကို ပြုစုပေးနိုင်မှာပေါ့... အဲဒါက တော်တော်အသုံးဝင်တာပဲ"
ရန်မေ၏ မျက်နှာလေး ရဲခနဲဖြစ်သွားပြီး ရှက်သွေးဖြာစွာဖြင့် သူ့ကို ကိုက်လိုက်သည်။ "သူများ သားသမီးကိုနော်... ဟွန့်"
နှစ်ယောက်သား အီစီကလီ စနောက်နေကြရင်း နောက်တစ်ချီ ဆက်မိလုနီးပါး ဖြစ်သွားသည်။
ရန်မေက ပါးနပ်စွာဖြင့် ထိုအခြေအနေကို အဆုံးသတ်လိုက်ပြီး မနက်စာပြင်ဆင်ရန် အိပ်ရာမှ အမြန်ထွက်ပြေးလေသည်။
လင်းယွမ်လည်း အဝတ်အစားလဲဝတ်ပြီး ဧည့်ခန်းထဲထွက်ကာ လေ့ကျင့်ခန်း စလုပ်သည်။
သူသည် အရည်အသွေးမှတ်များ ရရှိနိုင်သည့် အခွင့်အရေးရှိသော်လည်း နေ့စဉ်လေ့ကျင့်ခန်း လုပ်ခြင်းကို လက်မလွှတ်ခဲ့ပေ။
နေ့စဉ် မနက်ခင်းတိုင်း၌ အေရိုးဗစ် လေ့ကျင့်ခန်းများကို သူ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
သို့သော် ယခုအခါ ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာသည်နှင့်အမျှ သာမန်လေ့ကျင့်ခန်းများက သူ့အတွက် ထိရောက်မှု သိပ်မရှိတော့ပေ။
သာမန်လူများ အစွမ်းကုန် အားထုတ်လုပ်ဆောင်ရမည့် လေ့ကျင့်ခန်းပမာဏသည် သူ့အတွက် အသက်ရှူ အနည်းငယ် မြန်လာရုံသာ ရှိသည်။
သာမန် လေ့ကျင့်ခန်းပမာဏဖြင့် ဆိုလျှင် သူ့နှလုံးခုန်နှုန်းက ၉၀ ထိရောက်ရန်ပင် ခဲယဉ်းလှသည်။
ကံကောင်းသည်မှာ သူ့ကြွက်သားသိပ်သည်းဆ အများအပြား တိုးလာသဖြင့် ကိုယ်အလေးချိန်လည်း မနည်းလှပေ။
အကျဉ်းသား လေ့ကျင့်ခန်းနည်းစနစ်က သူ့အတွက် ထိရောက်မှု ရှိနေဆဲဖြစ်သည်။
မနက်စာကို အာဟာရပြည့်ဝစွာ စားသုံးပြီး ပရိုတင်းအတွက် နို့နှင့် ကြက်ဥကို အဓိကထားသည်။
ခွန်အားဖြည့်စာအတွက် ပေါက်စီနှင့် ပန်ကိတ်များကို အဓိကထား စားသုံးသည်။
သူ့ အရည်အသွေးများ မြင့်တက်လာသည်နှင့်အမျှ စားသောက်နိုင်စွမ်းကလည်း ပိုမိုကြီးမားလာသည်။
ကံကောင်းသည်မှာ သူ့လက်ထဲတွင် ရိက္ခာအများအပြား ရှိနေသေးသည်။ ဆန်၊ ဝက်သား၊ ဂျုံမှုန့်များ အစုံအလင်ရှိပြီး ဟင်းသီးဟင်းရွက် လက်ဆောင်ထုတ်များကြောင့် ဟင်းသီးဟင်းရွက် အမျိုးအစားလည်း မနည်းလှပေ။
အာဟာရအပိုင်းတွင် သူ့အနေဖြင့် မျှတညီညွတ်သည်ဟု ဆိုနိုင်သည်။
"နို့နဲ့ ကြက်ဥတော့ သိပ်မကျန်တော့ဘူး... စားသောက်ကုန် ပစ္စည်းတွေကို နောက်တစ်ခါ ထပ်မဲဖောက်ဖို့ နည်းလမ်းရှာရဦးမယ်"
လင်းယွမ် စိတ်ထဲမှ တေးမှတ်လိုက်သည်။ နို့နှင့် ကြက်ဥသည် ပရိုတင်းကြွယ်ဝသော အစားအစာများဖြစ်ပြီး မနက်ခင်းတိုင်း မရှိမဖြစ် လိုအပ်သည်။
သန္ဓေပြောင်း သတ္တဝါများ၏ အသားကိုမူ သူ လောလောဆယ် မစားဖြစ်သေးပေ။
သန္ဓေပြောင်း အစွမ်းနိုးထလာချိန်တွင် ဖြစ်ပေါ်တတ်သော စိတ်ဖောက်ပြန်မှု အန္တရာယ်သည် သန္ဓေပြောင်း သတ္တဝါများ၏ အသားကို အလွန်အကျွံ စားသုံးခြင်းနှင့် သက်ဆိုင်နိုင်သည်ဟု သူ ထင်မြင်မိသည်။
မည်သို့ပင်ဖြစ်စေ သူ စားစရာ ရှိနေသေးသမျှတော့ ထိုအန္တရာယ်ကို စွန့်စားမည် မဟုတ်ပေ။
မနက်စာ စားပြီးချိန်တွင် ကိုးနာရီ ထိုးလုနီးပါး ဖြစ်နေပြီ။
တံခါးဖွင့်လိုက်သည်နှင့် အပြင်ဘက်တွင် အစားအသောက် လဲလှယ်ရန် စောင့်ဆိုင်းနေကြသော ငါးဖမ်းသမား အများအပြားကို တွေ့လိုက်ရသည်။
လူတိုင်းက လင်းယွမ်ကို ဝိုင်းဝန်း နှုတ်ဆက်ကြသော်လည်း လင်းယွမ်က ခေါင်းသာ အနည်းငယ် ငြိမ့်ပြလိုက်သည်။ ဤလူများနှင့် သိပ်ပြီး ရင်းရင်းနှီးနှီး နေစရာ မလိုဟု သူ ယူဆသည်။
သူ့အနေဖြင့် သဘောကောင်းသော လူကြီးလူကောင်း ပုံစံဖမ်းရန် အစီအစဉ်မရှိပေ။ ဤလူများသည် လေသင့်ရာ ရိမ်းမည့် မြက်ပင်များသာ ဖြစ်ပြီး အကျိုးရှိမည့်အချိန်တွင် ကိုယ့်နား လာကပ်ကြလိမ့်မည်။
ကယ်ဆယ်ရေးအဖွဲ့ တကယ်ရောက်လာပါက မိနစ်ပိုင်းအတွင်း သူ့ကို သစ္စာဖောက်သွားနိုင်သူများ ဖြစ်သည်။
မျက်နှာချင်းဆိုင် တံခါးပွင့်လာပြီး ဝူချင်းနှင့် ချိုင်ကြည်တို့ ထွက်လာကြသည်။
ဝူချင်းက လင်းယွမ်ကို မြင်သောအခါ မျက်နှာ အနည်းငယ် ပျက်နေပြီး လင်းယွမ်ကို နှုတ်ဆက်သည်။ "ဟို... လင်းယွမ်... နိုးပြီလား"
လင်းယွမ်က ပြုံးပြလိုက်သည်။ "နိုးပြီ အမဝူ... ထုံးစံအတိုင်းပါပဲ... ငါးတွေကို အရင်စာရင်းကောက်ပြီး သိမ်းထားလိုက်ပါ... ကျွန်တော် ပြန်လာမှ သတ်ပေးမယ်"
"အေးအေး... စိတ်ချပါ... အစ်မ နားလည်ပါတယ်"
"ဟို... လင်းယွမ်... မနေ့က ကိစ္စအတွက် တောင်းပန်ပါတယ်ကွယ်... အစ်မ ဝင်မပြောသင့်ပါဘူး"
လင်းယွမ် ခဏမျှ ကြောင်သွားပြီးမှ ဝူချင်း ဆိုလိုသည်မှာ ကျန်းလန်ကျွမ်း ကိစ္စဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သူ ပြုံးလိုက်ပြီး ပြောသည်။ "ကိုယ့်လူတွေပဲဟာ... အားနာစရာ စကားတွေ ပြောမနေပါနဲ့"
ထို့နောက် သူက ချိုင်ကြည်ကို လှမ်းခေါ်လိုက်သည်။ "အစ်ကိုချိုင်... ဦးလေးမာကော"
ချိုင်ကြည်က အလျင်အမြန် ဖြေသည်။ "သူ တိုက်တွဲ ၆ ဘက်ကို သွားနှင့်ပြီ"
လင်းယွမ် အံ့သြသွားသည်။ "အစ်ကိုချိုင် လိုက်မသွားဘူးလား"
ချိုင်ကြည်က ပါးစပ်ဟလိုက်ပြီး တစ်စုံတစ်ခု ပြောချင်နေပုံ ရသည်။
လင်းယွမ် သဘောပေါက်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော်နဲ့ တိုက်ခေါင်မိုးပေါ် ခဏလိုက်ခဲ့"
"အင်း... အင်း"
နှစ်ယောက်သား တိုက်ခေါင်မိုးပေါ်သို့ တက်ခဲ့ကြသည်။ ခေါင်မိုးပေါ် ရောက်သည်နှင့် မိုးသည်းထန်စွာ ရွာသွန်းနေသည်ကို မြင်လိုက်ရပြီး ကြမ်းပြင်ပေါ်တွင် ရေများက ခြေမျက်စိအထိ မြင့်တက်နေပြီ ဖြစ်သည်။
ဘေးပတ်လည်တွင် ရေထွက်ပေါက်များ ဖောက်ထားသော်လည်း စီးထွက်သည့်ရေက မိုးရွာသည့်နှုန်းကို အမီသဖြင့် ခေါင်မိုးပေါ်တွင် ရေအိုင်နေခြင်း ဖြစ်သည်။
ခေါင်မိုးထပ် လှေကားထိပ်တွင် အဆင့်ဆင့် မြှင့်ထားသောကြောင့်သာ လှေကားခွင်ထဲသို့ ရေမဝင်ခြင်း ဖြစ်သည်။
နှစ်ယောက်သား သည်းထန်စွာ ရွာနေသော မိုးကို ကြည့်ရင်း ချိုင်ကြည်က စတင် ပြောကြားသည်။ "လင်းယွမ်... မနေ့က ကိစ္စအတွက် ငါမိန်းမကို အကြီးအကျယ် ဆူလိုက်ပြီးပြီ"
လင်းယွမ် မျက်ခုံးပင့်လိုက်ပြီး ရယ်မောကာ ပြောသည်။ "အစ်ကိုချိုင်ရာ... ဘာဖြစ်လို့လဲ... အမဝူက ဘာမှလည်း လုပ်တာ မဟုတ်ဘဲ"
ချိုင်ကြည်က သက်ပြင်းချလိုက်သည်။ "ငါ ပြန်ရောက်တော့ သေချာမေးကြည့်တာ... သူ ကျန်းလန်ကျွမ်းဆီက လာဘ်ယူထားလို့ ဝင်ပြောပေးတာတဲ့"
လင်းယွမ်က ထိုစကားကို ကြားသော်လည်း ပြုံးရုံသာ ပြုံးနေလိုက်သည်။
ချိုင်ကြည်က ဆက်ပြောသည်။ "ငါတို့ ဒီနေ့လို အသက်ရှင်နေရတာ လွယ်ကူတာ မဟုတ်ဘူးဆိုတာ ငါ သိတယ်... အစကတည်းက မင်းနဲ့အတူ လျှိုအားလုံကို မတိုက်ခိုက်ခဲ့ရင် အခုချိန်လောက်ဆို ငါတို့ မိသားစု လျှောက်လမ်းမှာ သေလုမြောပါး ဖြစ်နေလောက်ပြီ"
"တစ်ခါတလေ ငါလည်း မိန်းမတွေ ဘာတွေးနေလဲ နားမလည်တော့ဘူး... ငါတို့မိသားစု မင်းနောက်လိုက်နေရတာ စားရေးသောက်ရေး မပူရတော့ဘူး... ဒီကွန်ကရစ် လှောင်အိမ်ကြီးထဲကနေ ထွက်သွားဖို့ အခွင့်အရေးလည်း ရှိနေပြီဟာကို သူက ပြဿနာရှာချင်နေသေးတယ်"
"အမျိုးသမီးလစဉ်သုံးပစ္စည်းတွေနဲ့ တစ်ရှူးလိပ် နည်းနည်းလောက် လိုချင်တာနဲ့ ဒီလိုလုပ်ရပ်မျိုး လုပ်ရတယ်လို့... တော်တော် ပြောမရဆိုမရပါပဲဗျာ"
သူ့မျက်နှာတွင် ဒေါသအပြည့်ဖြင့် ပြောနေသည်။
လင်းယွမ်က သူ့ပခုံးကို ပုတ်လိုက်ပြီး ရယ်မောကာ ပြောသည်။ "အစ်ကိုချိုင်... တော်ပါတော့ဗျာ"
"ကျွန်တော်တို့ ဒီအဆင့်ထိ ရောက်လာဖို့ဆိုတာ ဘယ်သူ့အတွက်မှ မလွယ်ကူခဲ့ပါဘူး"
"အမှန်အတိုင်း ပြောရရင် ကျွန်တော်တတ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာ ခင်ဗျားတို့လို မိတ်ဆွေတွေကို ကူညီဖို့ဆိုတာ ကျွန်တော် ဘယ်တော့မှ ဝန်လေးမှာ မဟုတ်ပါဘူး"
"အမဝူကိစ္စလည်း ပြီးသွားပါပြီ... ထပ်မပြောပါနဲ့တော့"
"ခင်ဗျားတို့ ကျွန်တော့်နောက်လိုက်နေပြီး ဘာအကျိုးအမြတ်မှ မရဘူးဆိုရင် ကြာလာတဲ့အခါ ဒီအဖွဲ့အစည်းက တည်မြဲမှာ မဟုတ်ဘူးလေ"
"ကျွန်တော် မျှော်လင့်တာက နောက်တစ်ခါ ကိစ္စတစ်ခုခု ရှိလာရင် ပွင့်ပွင့်လင်းလင်း ပြောစေချင်တာပါ... အမမေတို့... တခြားလူတွေကို ကြားခံသုံးပြီး ကျွန်တော့်ကို လာမထိန်းချုပ်စေချင်ဘူး"
"သဘောပေါက်တယ်မလား"
ချိုင်ကြည်က အလျင်အမြန် ခေါင်းငြိမ့်သည်။ "စိတ်ချပါ... နောက်တစ်ခါ ဘယ်တော့မှ မဖြစ်စေရပါဘူး"
လင်းယွမ် ပြုံးလိုက်သည်။ "ကျွန်တော် ခင်ဗျားကို ယုံပါတယ် အစ်ကိုချိုင်"
သူသည် မိုးသည်းထန်စွာ ရွာနေသည်ကို လှမ်းမျှော်ကြည့်ရင်း သက်ပြင်းချလိုက်သည်။ "တကယ်တော့ ကျွန်တော်က လူတွေကို ဦးဆောင်ရတာ... အဖွဲ့အစည်း ထူထောင်ရတာ သိပ်စိတ်မဝင်စားဘူး"
"အဲဒါတွေ လုပ်ပြီဆိုရင် အဆက်အသွယ်အားကိုးတာတွေ... အကျိုးစီးပွား လုတာတွေ ရှိလာစမြဲပဲ"
"ရန်သူကိုဆိုရင် ကျွန်တော် လက်မတွန့်တမ်း သတ်ရဲတယ်... အယောက်တစ်ရာ... တစ်ထောင်... တစ်သောင်းမက သတ်ပစ်ဖို့ ဝန်မလေးဘူး"
"ဒါပေမဲ့ မိတ်ဆွေဟောင်းတွေရဲ့ သစ္စာဖောက်မှုကမှ ရင်နာစရာ အကောင်းဆုံးပဲ"
"ဒါကြောင့် ကျွန်တော်က တစ်ခါတလေကျရင် မိတ်ဆွေမရှိရင် နေပါစေ... ဒီလို သစ္စာဖောက်တာမျိုးတော့ အကြုံမခံနိုင်ဘူးလို့ တွေးမိတယ်"
ပြောရင်းဖြင့် သူ ရုတ်တရက် ရယ်မောလိုက်ပြီး လှည့်ကြည့်ကာ ပြောသည်။ "တကယ်တော့ ကျွန်တော်က တစ်ကိုယ်တော်သမား ဖြစ်ဖို့ ပိုသင့်တော်တယ် မဟုတ်ဘူးလား"
"တစ်ယောက်တည်း လွတ်လွတ်လပ်လပ်ပဲ... ကျွန်တော့်မှာ ပစ္စည်းသိုလှောင်ခန်း အစွမ်းရှိတော့ ပစ္စည်းသိမ်းရတာလည်း လွယ်တယ်... ပုပ်သိုးမှာလည်း မပူရဘူး... လူအုပ်ကြီးကို ဘာကိစ္စ ခေါ်ထားရမှာလဲ"
ချိုင်ကြည်မှာ ကြားရသောစကားများကြောင့် ခေါင်းနပန်းကြီးပြီး ရင်တုန်သွားရသည်။
အိမ်ပြန်ရောက်လျှင်ရောက်ချင်း မိန်းမဖြစ်သူကို ခွေးအော်သလို အော်ပစ်ပြီး လင်းယွမ်ရှေ့တွင် ဒူးထောက်တောင်းပန်ခိုင်းချင်စိတ် ပေါက်သွားသည်။
လင်းယွမ် ပြောသည့်စကားတိုင်းသည် ရင်ဖွင့်စကားများဟု ထင်ရသော်လည်း ထိုစကားများနောက်ကွယ်တွင် မည်သည့်အဓိပ္ပာယ် ပါဝင်နေသည်ကို ချိုင်ကြည်သာလျှင် အသိဆုံးဖြစ်သည်။
လင်းယွမ်က နောက်နေခြင်း မဟုတ်။ သူသည် တကယ်ပင် တစ်ကိုယ်တော် ရပ်တည်နိုင်သည့် စွမ်းရည်ရှိသူဖြစ်သည်။
မိမိနှင့် မိန်းမဖြစ်သူ ဝူချင်းတို့မှာ တစ်ယောက်မျှ စွမ်းအင်နိုးထလာသူများ မဟုတ်ကြပေ။
ယခုလို နေရာမျိုးနှင့် အခွင့်အရေးမျိုး ရနေခြင်းမှာ လင်းယွမ်က သံယောဇဉ် ထားသောကြောင့်သာ ဖြစ်သည်။
သို့မဟုတ်ပါက သူတို့လို ဝန်ထုတ်ဝန်ပိုး မိသားစုကို လင်းယွမ်က ဘာကြောင့် ခေါ်ထားရမည်နည်း။
ချိုင်ကြည်က ခါးသက်စွာ ပြုံးရင်း ပြောလိုက်သည်။ "လင်းယွမ်... မင်း အဲဒီလို မတွေးပါနဲ့ကွာ... ဒီကိစ္စက ငါ့အတွက်လည်း သတိပေးလိုက်သလိုပါပဲ... အဖွဲ့အစည်း ကြီးလာရင် စိတ်ညစ်စရာ ကိစ္စတွေ ရှိလာမှာပါပဲ"
"ဒါပေမဲ့ အခုလို ခေတ်ပျက်ကြီးထဲမှာ တစ်ယောက်တည်းဆိုရင် လက်ခုပ်တီးလို့ မမြည်ပါဘူး... စည်းလုံးမှ အင်အားက ပိုကြီးမှာပါ"
"မင်း စိတ်ချပါ... ငါ အာမခံပါတယ်... နောက်ဆို ငါ့အိမ်ကနေ ဒီလိုကိစ္စမျိုး ဘယ်တော့မှ ထပ်မဖြစ်စေရဘူး"
"နောက်ဆို ငါ့အိမ်တင် မကဘူး... ဘယ်သူမဆို အဖွဲ့ရဲ့ အကျိုးစီးပွားကို ထိခိုက်ပြီး ကိုယ်ကျိုးရှာတာမျိုး လုပ်ရဲရင် ငါ ချိုင်ကြည်က ပထမဆုံး ဆုံးမပစ်မယ်"
လင်းယွမ် ရယ်မောလိုက်သည်။ "အစ်ကိုချိုင်... ကျွန်တော်က ခံစားချက်လေး ပြောပြရုံပါ... စိတ်မလှုပ်ရှားပါနဲ့"
"ပြောနေကျ စကားအတိုင်းပါပဲ... အားလုံးက ကိုယ့်လူတွေပဲဟာ... ပြီးသွားတဲ့ကိစ္စလည်း ပြီးပါစေတော့... စိတ်ထဲ ထားမနေပါနဲ့"
"အေးပါ အေးပါ... ငါ မင်းသဘောအတိုင်း လုပ်ပါ့မယ်" ချိုင်ကြည်က အလျင်အမြန် ပြန်ပြောသည်။
နှစ်ယောက်သား စကားနည်းနည်း ထပ်ပြောနေစဉ်မှာပင် ဆုန့်ဝမ် တက်လာသည်ကို တွေ့လိုက်ရသည်။
"အစ်အစ်ကိုလင်းယွမ်... အစ်ကိုချိုင်ကြည်"
သူမက နှစ်ယောက်စလုံးကို နှုတ်ဆက်လိုက်ရာ လင်းယွမ်က ခေါင်းငြိမ့်ပြလိုက်သည်။
ချိုင်ကြည်က အလိုက်တသိဖြင့် ပြောသည်။ "ဒါဆို ငါ ဦးလေးမာကို ဖောင်လုပ်ဖို့ သွားကူလိုက်ဦးမယ်... မင်းတို့ ပြောစရာရှိတာ ပြောကြလေ"
ချိုင်ကြည် ထွက်သွားသည်ကို ကြည့်ရင်း လင်းယွမ် သက်ပြင်းချလိုက်မိသည်။
သူ စောစောက နောက်ပြောင်ပြောဆိုခဲ့ခြင်း မဟုတ်ပေ။ အဖွဲ့အစည်းကို ဦးဆောင်ရသည်မှာ တကယ်ပင် ပင်ပန်းလှသည်။
လူတိုင်းတွင် ကိုယ်ပိုင်အတွေးအခေါ်များ ရှိကြရာ လူတိုင်း၏ စိတ်ကို သူ မထိန်းချုပ်နိုင်ပေ။
လူဆိုသည်မှာ အကျိုးစီးပွားနောက်ကို လိုက်တတ်ကြစမြဲ ဖြစ်သည်။ ခေတ်ကာလ ပျက်ပြားလေလေ လူတွေက ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်လေလေ ဖြစ်သည်။
ထို့ကြောင့် ဝူချင်း၏ လုပ်ရပ်ကို သူ နားလည်ပေးနိုင်သည်။
သူ ကိုယ်တိုင်လည်း ဤအဖွဲ့အစည်းကို စတင်ထူထောင်စဉ်က ကိုယ့်အကျိုးစီးပွားအတွက် စဉ်းစားခဲ့သည် မဟုတ်ပါလော။
ဒါတွေက အပြစ်ပြောစရာ မရှိပေ။
သို့သော် နားလည်ပေးနိုင်သည်က တစ်ပိုင်း၊ ကိုယ့်ခေါင်းပေါ်တက်ပြီး အကျိုးစီးပွား လာထိပါးသည်ကိုမူ သူ အလွန်စိတ်ပျက်သည်။
လင်းယွမ် စိတ်မကြည်သည်ကို သတိထားမိပုံရသော ဆုန့်ဝမ်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ "အစ်အစ်ကိုလင်းယွမ်... ကျွန်မတို့ လေ့ကျင့်ဦးမှာလားဟင်"
လင်းယွမ် သတိပြန်ဝင်လာပြီး စိတ်ညစ်စရာများကို ဖိနှိပ်လျက် သူမကို ပြုံးပြလိုက်သည်။ "လေ့ကျင့်ရမှာပေါ့... ငါနဲ့လိုက်ခဲ့"
သူသည် မိုးရေထဲသို့ လမ်းလျှောက်ထွက်သွားလိုက်သည်။ ကောင်းကင်မှ ကျဆင်းလာသော မိုးရေစက်များသည် သူ့ခေါင်းပေါ်သို့ ရောက်သည့်အခါ ဘေးနှစ်ဖက်သို့ အလိုအလျောက် ကွဲထွက်သွားကြသည်။
ထိုအံ့သြဖွယ် မြင်ကွင်းကြောင့် ဆုန့်ဝမ် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"အစ်အစ်ကိုလင်းယွမ်... ရှင်... ရှင် ဘယ်လိုလုပ်လိုက်တာလဲ"
လင်းယွမ် ပြုံးလိုက်သည်။ "စိတ်စွမ်းအင်ကို အသုံးပြုပုံတစ်မျိုးပါပဲ"
"ဟင်... ရှင်လည်း အစွမ်းနိုးထလာပြီလား... စိတ်စွမ်းအင် နိုးထလာတာလား"
ဆုန့်ဝမ် အံ့သြတကြီး မေးလိုက်မိသည်။
လင်းယွမ်က ပြုံး၍ ဖြေသည်။ "အင်း... နိုးထလာပြီ... ဒါပေမဲ့ စိတ်စွမ်းအင်သက်သက်တော့ မဟုတ်ဘူး... စိတ်စွမ်းအင်နဲ့ ဆက်စပ်နေတဲ့ အစွမ်းမျိုးပေါ့... ငါ့စိတ်စွမ်းအင်က သာမန်လူတွေထက် ပိုသန်မာတယ်"
"ထားပါတော့... ဒီဘက်ကို လာကြည့်... ဒီအပင်တချို့က ပုပ်နေပြီ... နင် ထိန်းချုပ်လို့ ရမလား ကြည့်လိုက်ဦး"
ဆုန့်ဝမ် အပြေးလေး လိုက်လာသည်။ မိုးသည်းထန်စွာ ရွာနေသော်လည်း သူမတွင် ထီးပါလာသဖြင့် အဆင်ပြေနေသည်။
သက်တံ့ရောင်ထီးလေးကို ဆောင်းလျက် နံရံထောင့်သို့ ရောက်လာပြီး ပုပ်သိုးနေသော အပင်များကို မြင်လိုက်ရသည့်အခါ သူမ နှမြောတသ ဖြစ်သွားသည်။
"နှမြောစရာကြီး... ဒီလောက် ပုပ်ကုန်ပြီလား... စောစောစီးစီး ကျွန်မအခန်းထဲ ရွှေ့ထားလိုက်ရမှာ"
သူမသည် အပင်ပုံထဲတွင် အလျင်အမြန် မွှေနှောက်ရှာဖွေလိုက်သည်။
အသက်ရှင်သေးသောအပင် ကျန်ဖို့တော့ မလွယ်ကူပေ။ အကြောင်းမှာ လင်းယွမ်က စောစောစီးစီးကတည်းက တစ်ခေါက် မွှေနှောက်ထားပြီး ဖြစ်သောကြောင့်ပင်။
လင်းယွမ်က ပြောလိုက်သည်။ "နင့်ရဲ့ သန္ဓေပြောင်းစွမ်းအင်ကို သုံးပြီး ဒီအပင်တွေကို အာရုံခံကြည့်... ကယ်လို့ရမယ့်အပင် ရှိမလားလို့"
ဆုန့်ဝမ်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်... ဟုတ်... ကျွန်မ ကြည့်လိုက်မယ်"
သူမ မျက်လုံးများကို မှိတ်လိုက်ရာ စိတ်စွမ်းအင်လှိုင်းတစ်ခု ပျံ့နှံ့ထွက်ပေါ်လာသည်ကို လင်းယွမ် ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူမ၏ လက်ဖဝါးမှ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။
လင်းယွမ်၏ စိတ်စွမ်းအင်က ထိုနေရာသို့ ဖြန့်ကျက်သွားပြီး သူမ၏ စွမ်းအင်ကို အကဲခတ်လိုက်သည်။
"ဆုန့်ဝမ်ရဲ့ စိတ်စွမ်းအင် ပမာဏက ၅ မှတ်လောက် ရှိမယ်... ကြည့်ရတာ အသစ်နိုးထလာတဲ့ စွမ်းအင်ရှင် အများစုက နိုးထစမှာတင် ၅ မှတ်လောက်အထိ အမြန်တိုးတက်လာကြပုံပဲ"
"ဒါပေမဲ့ ဆုန့်ဝမ်ရဲ့ စိတ်စွမ်းအင်ထဲမှာ အစိမ်းရောင် အလင်းတန်းတွေ ပါနေတယ်... ဒါက သူမ အပင်တွေကို ထိန်းချုပ်နိုင်တဲ့ အကြောင်းရင်း ဖြစ်လိမ့်မယ်"
"ဒါက တခြား စိတ်စွမ်းအင် သက်သက်သမားတွေနဲ့ မတူဘူး... ဒါကြောင့် ဒီအရာကို သိုင်းပညာရပ်လို့ သတ်မှတ်ရမလား"
လင်းယွမ် ခန့်မှန်းတွေးဆနေသော်လည်း အတိအကျ သတ်မှတ်ရန် ခက်ခဲနေသည်။
အဘယ်ကြောင့်ဆိုသော် ထိုစိတ်စွမ်းအင်ထဲတွင် အစိမ်းရောင် စွမ်းအင်အစုအဝေး ပါဝင်နေသောကြောင့် ဖြစ်သည်။
ထိုအစိမ်းရောင် စွမ်းအင်သည် စိတ်စွမ်းအင် သက်သက်မဟုတ်ဘဲ ဒြပ်ရှိသော စွမ်းအင်အသွင်ဆောင်နေသည်။
ထိုအချက်ကို ဆုန့်ဝမ်၏ လက်ဖဝါးမှ အစိမ်းရောင် အလင်းတန်းများက သက်သေပြနေသည်။
ဆုန့်ဝမ်၏ စိတ်စွမ်းအင် ပျံ့နှံ့သွားသည်နှင့်အမျှ အစိမ်းရောင် စွမ်းအင်အစုအဝေးကလည်း စိတ်စွမ်းအင် လမ်းညွှန်မှုနောက်သို့ လိုက်ပါပျံ့နှံ့သွားသည်။
ရုတ်တရက် ထောင့်စွန်းတစ်နေရာရှိ ခြောက်သွေ့နေသော နွယ်ပင်အိုးတစ်လုံးထဲမှ အစိမ်းရောင် အညှောင့်တစ်ခုသည် မိုးစက်များကို အန်တုလျက် မြေကြီးထဲမှ ထိုးထွက်လာသည်။
"ဒီမှာ နွယ်ပင်တစ်ပင် ရှင်နေသေးတယ်"
ဆုန့်ဝမ် ဝမ်းသာအားရ အော်ပြောလိုက်ပြီး သူမ၏ စွမ်းအင်ဖြင့် နွယ်ပင်၏ ကြီးထွားမှုကို သူမရှိရာဘက်သို့ ဦးတည်စေလိုက်သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် နွယ်ပင်သည် အံ့သြဖွယ် အရှိန်အဟုန်ဖြင့် ကြီးထွားလာပြီး သူမဘေးနားသို့ ရောက်ရှိလာသည်။
ထိုနွယ်ပင်သည် သက်ရှိသတ္တဝါတစ်ကောင်ကဲ့သို့ သူမဘေးတွင် ဝိုင်းပတ်နေသည်။
လင်းယွမ် ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြသွားသည်။
"ဒီလောက် မြန်မြန် ကြီးလာတာ နင့်ရဲ့ အစွမ်းကြောင့်လား"
ဆုန့်ဝမ် ခေါင်းငြိမ့်ပြသည်။ "ဟုတ်တယ်... သူက ကျွန်မရဲ့ စွမ်းအင်ကို စုပ်ယူလိုက်လို့ ကျွန်မစကား နားထောင်နေတာ"
လင်းယွမ် စဉ်းစားလိုက်ပြီး မေးသည်။ "ဘယ်လောက်အထိ ကြီးအောင် လုပ်နိုင်လဲ"
"အင်း... လုံးပတ်က ဒီလောက်ပဲရတယ်... နွယ်ပင်က ဒီထက်ပိုပြီး မတုတ်နိုင်တော့ဘူး"
"အရှည်ကတော့ ပိုရှည်အောင် လုပ်လို့ရတယ်... ဒါပေမဲ့ ကျွန်မရဲ့ စွမ်းအင် မလောက်တော့ဘူး"
ဆုန့်ဝမ်က မျက်နှာငယ်လေးဖြင့် ပြောရှာသည်။
လင်းယွမ် တွေးဆလိုက်သည်။ ဤစွမ်းအင်က အပင်ကြီးထွားမှုကို အားပေးပြီး အပင်ကို ထိန်းချုပ်နိုင်သည်။
သို့သော် အားနည်းချက်မှာ စွမ်းအင်ကုန်ဆုံးမှု များပြားခြင်းပင်။ ခုနကနေ အခုထိ ဤနွယ်ပင်က ပေ ၃၀ ခန့် ရှည်ထွက်လာခဲ့သည်။
ရလဒ်အနေဖြင့် ဆုန့်ဝမ်စွမ်းအင်အတော်များများ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
လင်းယွမ် ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဆုန့်ဝမ်က မေးလိုက်သည်။ "အစ်ကိုလင်းယွမ်... ကျွန်မရဲ့ အစွမ်းက သိပ်အသုံးမဝင်ဘူးလားဟင်"
"အခုချိန်မှာ အပင်တွေကလည်း ရှားပါးနေတာ... ကျွန်မက အပင်ကို မြန်မြန်ကြီးအောင်ပဲ လုပ်နိုင်တာဆိုတော့"
လင်းယွမ် သတိပြန်ဝင်လာပြီး ပြုံးကာ ပြောလိုက်သည်။ "ဘယ်ဟုတ်မှာလဲ... နင့်ရဲ့ အစွမ်းက အရမ်းအသုံးဝင်တာပေါ့"
"ဟုတ်ပြီ... နင် အဲဒီအပင်ကို ထိန်းချုပ်ပြီး ငါကို တိုက်ခိုက်ကြည့်"
ဆုန့်ဝမ် ကြောင်သွားသည်။ "တိုက်ခိုက်ရမယ်... ဘယ်လို တိုက်ခိုက်ရမှာလဲ"
"ဒီနွယ်ပင်ကို ကြိမ်လုံးတစ်ချောင်းလို သဘောထားလိုက်... ရုပ်ရှင်ထဲက သိုင်းသမားတွေ ကြိမ်လုံးကစားတာ မြင်ဖူးတယ်မလား... နင်အဲ့ဒါနဲ့ ရိုက်နှက်လို့ရတယ်... ရစ်ပတ်လို့ရတယ်... ချည်နှောင်လို့ရတယ်"
ဆုန့်ဝမ်၏ မျက်လုံးများ အရောင်တောက်သွားပြီး အလျင်အမြန် ပြောသည်။ "ကျွန်မ စမ်းကြည့်မယ်"
ထို့နောက် သူမက နွယ်ပင်ကို ထိန်းချုပ်လိုက်ရာ နွယ်ပင်ရှည်ကြီးက လင်းယွမ်ထံသို့ ရိုက်ခတ်လာသည်။
လင်းယွမ်က ရှောင်တိမ်းခြင်းမရှိဘဲ ရပ်နေရင်းမှ ရိုက်ခတ်လာသော နွယ်ပင်ကို လက်ဖြင့် ဖမ်းဆွဲလိုက်သည်။
"ဖြောင်း" ခနဲ အသံမြည်ကာ နွယ်ပင်က လင်းယွမ်၏ လက်မောင်းကို ရိုက်မိသွားသည်။
သို့သော် လင်းယွမ်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ခံနိုင်ရည်အရ ဤမျှလောက် တိုက်ခိုက်မှုက အပျော့စားသာ ဖြစ်သည်။
လင်းယွမ်က အော်ပြောလိုက်သည်။ "ဆက်လုပ်"
ဆုန့်ဝမ်က နွယ်ပင်ကို ပြန်ဆွဲယူရန် ကြိုးစားလိုက်သည်။
သို့သော် လင်းယွမ်က တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် "ထောက်" ခနဲ အသံမြည်ကာ နွယ်ပင် ပြတ်ထွက်သွားသည်။
လင်းယွမ် ခေါင်းခါလိုက်ပြီး ပြောသည်။ "ပြန်ဆွဲယူခိုင်းတာ မဟုတ်ဘူး... သူက ငါ့လက်ကို ရစ်ပတ်မိနေပြီဆိုရင် နင်က ဆက်ပြီးထိန်းချုပ်ကာ ဦးတည်ချက်ပြောင်းပြီး ငါ့ရဲ့ တခြားနေရာတွေကို ဆက်ရစ်ပတ်ရမှာ"
"ကြိုးတုပ်တတ်တယ် မဟုတ်လား... ငါ့လက်နှစ်ဖက်ကို ချည်နှောင်လိုက်... ဒါမှမဟုတ် နွယ်ပင်ကို သုံးပြီး ငါ့လည်ပင်းကို ရစ်ပတ်ပြီး ညှစ်လိုက်"
"ဒါတွေ အကုန်လုံးက ရန်သူကို ထိန်းချုပ်နိုင်တဲ့ နည်းတွေပဲ"
"နောက်ပြီး နွယ်ပင် ပြတ်သွားရင် နင်ကချက်ချင်း တုံ့ပြန်ပြီး အပိုင်းသစ်တစ်ခု ထပ်ထွက်လာအောင် လုပ်ရမယ်"
"နောက်တစ်ခေါက် ပြန်လုပ်"
လင်းယွမ်၏ ဆူပူသင်ကြားမှုကြောင့် ဆုန့်ဝမ်လည်း မျက်နှာထားတင်းသွားပြီး လင်းယွမ် သင်ပေးသည့် နည်းလမ်းများကို အမြန်သင်ယူလိုက်သည်။
ဒုတိယအကြိမ် ပြန်စမ်းသောအခါ သူမ ထိန်းချုပ်သော နွယ်ပင်မှာ သိသိသာသာ လှုပ်ရှားမှု ပိုကောင်းလာသည်။
လင်းယွမ်၏ ခန္ဓာကိုယ်ကို ထိမိသည်နှင့် တရှိန်ထိုး ရှည်ထွက်လာကာ လင်းယွမ်၏ လက်နှစ်ဖက်ကို ရစ်ပတ်ပြီး လည်ပင်းဆီသို့ အလျင်အမြန် တက်လာသည်။
ထိုမျှမက သူမက ဉာဏ်ကွန့်မြူးပြီး နွယ်ပင်ကို လင်းယွမ်၏ ပါးစပ်၊ နှာခေါင်းနှင့် နားများထဲသို့ ထိုးဝင်စေရန် ကြိုးစားလိုက်သေးသည်။
ဤကဲ့သို့ ဒွါရပေါက်များကို တိုက်ခိုက်သည့် နည်းလမ်းကတော့ မဆိုးလှပေ။
လင်းယွမ် စိတ်ကျေနပ်သွားသည်။ နောက်တစ်စက္ကန့်တွင် သူက အားကုန်ထုတ်ကာ လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။
"ထောက်... ထောက်... ထောက်"
နွယ်ပင်များ တစ်စစီ ပြတ်ထွက်သွားပြီး မြေကြီးပေါ်သို့ ပြန့်ကျဲကျသွားသည်။
ဆုန့်ဝမ်သည် လင်းယွမ်၏ သင်ကြားမှုကို မှတ်မိနေသဖြင့် နွယ်ပင်အသစ်များ ထပ်မံထွက်ပေါ်လာအောင် အလျင်အမြန် လုပ်ဆောင်လိုက်သည်။
သို့သော် ထိုအချိန်တိုလေးအတွင်းမှာပင် လင်းယွမ်က သူမဆီသို့ ပြေးဝင်လာပြီ ဖြစ်သည်။
သူသည် အစွမ်းကုန် အရှိန်မတင်ဘဲ သာမန်လူတစ်ယောက်၏ အပြေးနှုန်းဖြင့်သာ ပြေးဝင်လာခြင်း ဖြစ်သည်။
ဆုန့်ဝမ် ပြာသွားပြီး လက်ကိုင်ခြေကိုင်မိကာ နွယ်ပင်ကို ပြန်လှည့်ပြီး လင်းယွမ်ကို ရစ်ပတ်ရန် ကြိုးစားသည်။
လင်းယွမ်က ပြေးဝင်လာရင်း သတိပေးလိုက်သည်။ "ကြောင်ပြီး ရပ်မနေနဲ့... နင်က အပင်မဟုတ်ဘူးလေ... ရန်သူ ပြေးလာရင် နင် ထွက်မပြေးတတ်ဘူးလား"
ဆုန့်ဝမ် သတိဝင်လာပြီး နောက်လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ လည်ပင်း တင်းခနဲ ဖြစ်သွားပြီး လက်ကြီးတစ်ဖက်က သူမ၏ ဂုတ်ပိုးကို ဖမ်းဆွဲထားလိုက်ပြီ ဖြစ်သည်။
ဆုန့်ဝမ် လန့်ဖျပ်သွားပြီး လက်ထဲမှ ထီးပါ လွတ်ကျသွားသည်။
ထီးလွတ်သွားသည်နှင့် သည်းထန်သော မိုးရေများက သူမတစ်ကိုယ်လုံးကို စိုရွှဲသွားစေပြီး ကြွက်စုတ်ကဲ့သို့ ဖြစ်သွားစေသည်။
ပွယောင်းယောင်း တီရှပ်အင်္ကျီသည် မိုးရေဖိအားကြောင့် သူမ၏ ကောက်ကြောင်းအဖုအထစ်များပေါ်တွင် ကပ်ငြိသွားသည်။
အင်္ကျီအောက်မှ အဖြူရောင် ဘရာစီယာနှင့်တကွ ဖွံ့ထွားမို့မောက်သော ရင်သားအစုံကို သဲ့သဲ့လေး မြင်နေရသည်။
"အို"
ဆုန့်ဝမ် အာမေဋိတ် ဥိလိုက်မိသည်။
လင်းယွမ်က စိတ်စွမ်းအင် အကာအကွယ်ဖြင့် သူမကို မိုးကွယ်ပေးလိုက်သည်။
သူ့အကြည့်က ထိုခမ်းနားထည်ဝါသော နေရာကို ဖြတ်ခနဲ ကြည့်လိုက်ပြီးမှ မသိမသာ လက်လွှတ်ပေးလိုက်ကာ ပြောသည်။ "မှတ်ထား... တိုက်ခိုက်ပြီဆိုရင် ထွက်ပြေးမယ်ဆိုရင်တောင် ရန်သူကို ဘယ်တော့မှ ကျောမပေးနဲ့"
"နောက်ပြီး ငါ လိုက်လာတုန်းက နင် ထွက်ပြေးတာအပြင် အပင်တွေကို သုံးပြီး အတားအဆီးတွေ လုပ်လို့ရသေးတယ်"
"နွယ်ပင်နဲ့ လည်ပင်းကိုညှစ်ဖို့... လက်ကိုချည်ဖို့ချည်းပဲ မစဉ်းစားနဲ့"
"ငါ့ခြေထောက်တွေကို ရစ်ပတ်ပြီး လမ်းမှာ ဟန့်တားလို့လည်း ရတယ်"
ဆုန့်ဝမ်သည် အပြစ်လုပ်ထားသော ကလေးငယ်တစ်ဦးလို မျက်နှာလေးရဲကာ ခေါင်းကို တငြိမ့်ငြိမ့် လုပ်နေသည်။
သူမ၏ လက်နှစ်ဖက်က အလိုအလျောက် ရင်ဘတ်ကို ပိုက်ထားလိုက်ပြီး ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။
သို့သော် ထိုသို့လုပ်လိုက်ခြင်းက သူမ၏ ရင်သားအစုံကို ပိုမို ပူးကပ်သွားစေမှန်း သူမ သတိမထားမိပေ။
ရေစိုနေသဖြင့် ရင်သားကြားမှ လျှိုမြောင်သည် ပိုမိုထင်ရှားပြီး ဆွဲဆောင်မှု ရှိနေသည်။
လင်းယွမ် ချောင်းဟန့်လိုက်ပြီး ပြောသည်။ "ဒီနေ့တော့ ဒီလောက်ပဲ... ပြန်ရောက်ရင် သေချာ ပြန်စဉ်းစားကြည့်"
"ဒီရက်ပိုင်း အဒေါ်ကြီးလီတို့ဘက်ကို မကြာခဏ သွားကြည့်... အပင်ခန်းထဲမှာ အပင်တွေ အများကြီး ရှိတယ်... တိုက်ခိုက်ဖို့ သင့်တော်မယ့် အပင်မျိုး ရှိမလားလို့ ရှာကြည့်"
"အခုသုံးတဲ့ နွယ်ပင်လို သာမန်အပင်တွေက ပျော့လွန်းတယ်... ဆွဲဖြတ်ဖို့ အရမ်းလွယ်တယ်"
"ဟုတ်... ဟုတ်... ကျွန်မ သိပါပြီ" ဆုန့်ဝမ်က မျက်နှာရဲရဲဖြင့် ခေါင်းငြိမ့်သည်။
"အင်း... ပြန်တော့"
ဆုန့်ဝမ်က ထီးကို ကောက်ယူပြီး ထွက်ပြေးရန် ပြင်လိုက်သည်။
ရုတ်တရက် လင်းယွမ် တစ်ခုခုကို သတိရသွားပြီး လှမ်းခေါ်လိုက်သည်။ "နေဦး"
ဆုန့်ဝမ် ကြောင်သွားပြီး လင်းယွမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
လင်းယွမ်က သူဝတ်ထားသော တီရှပ်ကို ချွတ်လိုက်ပြီး သူမကို ကမ်းပေးလိုက်သည်။ "ငါ့အင်္ကျီ ဝတ်သွားလိုက်... အောက်ထပ်မှာ လူတွေ ရှုပ်နေတာ... ကြည့်လို့ မကောင်းဘူး"
ဆုန့်ဝမ်က သူမ၏ စိုရွှဲနေသော ခန္ဓာကိုယ်အထက်ပိုင်းကို ငုံ့ကြည့်လိုက်ရာ ဆွဲဆောင်မှုရှိသော မျက်နှာလေးတစ်ခုလုံး နီရဲသွားလေသည်။
"ကျေး... ကျေးဇူးပါ"
ဆက်ရန်...