အခန်း (၂၉-၃၀)
Vol. 2 Ch. 29-30
အပိုင်း (၂၉) ခန္ဓာကိုယ်ကြံ့ခိုင်မှုတိုးလာခြင်း
ခေတ္တမျှ စဉ်းစားပြီးနောက် လင်းယွမ် ကယ်ဖို့ဆုံးဖြတ်လိုက်သည်။
ဤလူများသည် အသက်ကြီးပိုင်းများ ဖြစ်ကြသဖြင့် တိုက်ပွဲဝင်ရန် အင်အားမရှိသော်လည်း ရန်သူ၏ရန်သူသည် မိတ်ဆွေပင် ဖြစ်သည်။ လျှိုအားလုံ၏ လူများက မင်းမဲ့စရိုက် ဆန်နေကြပြီး ဤသူများမှာလည်း အနိုင်ကျင့်ခံထားရသူများ ဖြစ်သည်။
သူတို့ကို ကယ်တင်ပေးလိုက်လျှင် သူတို့သည် လျှိုအားလုံကို နည်းလမ်းမျိုးစုံဖြင့် ပြန်လည် တော်လှန်ကြပေလိမ့်မည်။ သူတို့၏ ကျေးဇူးတင်မှုကို လင်းယွမ် မလိုအပ်ချေ။ လျှိုအားလုံအတွက် ပြဿနာ ဖန်တီးပေးနိုင်လျှင်ပင် လုံလောက်ပေပြီ။
သူသည် တံခါးကို ပုတ်ကာ အော်မေးလိုက်သည်။ "အပြင်မှာ ဘယ်သူရှိလဲ"
သူ့အသံ ကြားလိုက်သည်နှင့် အပြင်မှလူများမှာ ကြောက်လန့်သွားကြပြီး စကားမပြောရဲကြတော့ပေ။
လင်းယွမ်က ထပ်မံ အော်ပြောလိုက်သည်။ "ဘယ်သူမှ မရှိဘူးလား... ဒါဆို ကျုပ် သွားပြီနော်"
ထိုအခါမှ အပြင်ဘက်မှ စိတ်လှုပ်ရှားနေသော အသံတစ်ခု ထွက်ပေါ်လာသည်။ "ရှိ... ရှိပါတယ်... ကယ်ပါဦးဗျာ... တောင်းပန်ပါတယ်... ငါတို့ကို ကယ်ကြပါဦး"
အချို့ကလည်း "မောင်ရင်... ကျိုးကျားချောင်ရော ဘယ်မှာလဲ" ဟု မေးကြသည်။
"မောင်ရင်... ကုသိုလ်ရပါတယ် ငါတို့ကို တံခါးလေး ဖွင့်ပေးပါဦး... အပြင်မှာ မိုးကလည်း သည်းလွန်းလို့... အမိုးအောက်မှာလည်း မိုးမလုံဘူးကွ"
"ဟုတ်တယ် မောင်ရင်... ငါတို့ ရေပုံးတွေလည်း အကုန် ဖြည့်ထားပြီးပါပြီ... မောင်ရင် ရှောင်ကျိုးကို ပြောပေးပါဦး... ငါတို့ကို အထဲပေးဝင်ပြီး မိုးခိုခွင့်ပေးပါလို့"
လင်းယွမ်က သူတို့စကားကို ဖြတ်ပြောလိုက်သည်။ "ကျိုးကျားချောင် သေပြီ... ဒီတံခါးကို သူ သံကြိုးနဲ့ ခတ်ထားတာ... သော့ဘယ်မှာလဲ သိတဲ့သူ ရှိလား"
ဤစကားကြားသော် အပြင်မှလူများ ခေတ္တ တိတ်ဆိတ်သွားကြသည်။ ထို့နောက် ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ "အဲ့ဒီ ခွေးတိရစ္ဆာန်ကောင် သေသွားပြီလား"
"သေတာ ကောင်းတယ်... သေတာ ကောင်းတယ်... မောင်ရင်... လျှိုအားလုံရော သေပြီလား"
"မောင်ရင်... သော့က ကျိုးကျားချောင် ကိုယ်ပေါ်မှာ ရှိတယ်... သူ အိပ်ရင်တောင် လည်ပင်းမှာ ဆွဲထားတာ ငါ မြင်ဖူးတယ်"
လင်းယွမ်က လေသံမာမာဖြင့် "သူ့အလောင်းက အောက်ထပ်ကို ကျသွားပြီ... သော့လည်း ပါသွားလောက်ပြီ... ခဏနေဦး... ကျွန်တော် သံဖြတ်ကတ်ကြေး သွားယူလိုက်မယ်"
"ကျေးဇူးပါကွာ... တကယ်ကျေးဇူးပါ... မောင်ရင့်ကို ဒူးထောက်ပါတယ်... အီး... ဟီး..." စိတ်လှုပ်ရှားနေသော အဘိုးအို တစ်ယောက်မှာ ဒူးထောက်ကာ ငိုယိုလေတော့သည်။
လင်းယွမ် လှည့်ထွက်လာခဲ့သည်။ အိမ်သို့ ပြန်မသွားဘဲ ကျိုးကျားချောင်၏ တဲထဲတွင် မွှေနှောက်ရှာဖွေကာ သံမဏိ တူရွင်း တစ်ချောင်း ရှာတွေ့ခဲ့သည်။ ထိုတူရွင်းဖြင့် သံကြိုးကို အလွယ်တကူပင် ကလော်ဖွင့်လိုက်၏။
"ချောက်" ခနဲ အသံနှင့်အတူ သံကြိုးပြုတ်ထွက်သွားပြီး သံတံခါး ပွင့်သွားတော့သည်။
သူသည် ချက်ချင်း နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး အပြင်မှလူများနှင့် ခပ်လှမ်းလှမ်းတွင် နေလိုက်သည်။ အပြင်မှ အသက်ကြီးပိုင်း ငါးဦးခန့် တိုးဝှေ့ဝင်လာကြသည်။ သူတို့မှာ မိုးရေထဲတွင် စိုရွှဲနေကြပြီ ဖြစ်၏။
သူတို့ ဝင်လာသည်နှင့်အတူ ပြင်းထန်သော လေနှင့် မိုးစက်များကလည်း လှေကားခွင်ထဲသို့ ရိုက်ခတ်ဝင်လာသည်။ ကံကောင်းသည်မှာ ယခုက နွေရာသီဖြစ်သဖြင့် အပူချိန် ရှိနေသေးရာ မိုးရေထိသော်လည်း အလွန်အစ်မင်း မချမ်းအေးပေ။
လင်းယွမ်က ထိုအဘိုးအိုများကို အကဲခတ်လိုက်သည်။ အများစုမှာ အသက် ၆၀ ကျော်များ ဖြစ်ကြပြီး တစ်ယောက်မှာ ၇၀ ကျော်လောက် ရှိနေချေပြီ။ ဆံပင်များမှာ ဖြူကာ ပါးလျနေကြပြီး တစ်ယောက်နှင့်တစ်ယောက် ထိပ်ပြောင်ပုံချင်းလည်း မတူကြပေ။
လင်းယွမ်က သူတို့ကို အကဲခတ်နေသလို သူတို့ကလည်း လင်းယွမ်ကို ပြန်ကြည့်နေကြသည်။ လင်းယွမ်မှာ လက်နက်အပြည့်အစုံ၊ ဆိုင်ကယ်ဦးထုပ် ဆောင်းထားပြီး လက်ထဲတွင်လည်း တူရွင်း ကိုင်ထားသဖြင့် သူတို့မှာ ကြောက်ရွံ့နေကြသည်။
ကျန်းမာပုံရသော အဘိုးအိုတစ်ဦးက စကားစလိုက်သည်။ "မောင်ရင်... ဘာတွေ ဖြစ်သွားလို့လဲ"
လင်းယွမ်က သူ့ကို ကြည့်ပြီး "ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ" ဟု မေးလိုက်၏။
"အော်... ငါက ကျန်းကောချန်... အားလုံးကတော့ အဘိုးကျန်းလို့ ခေါ်ကြတယ်"
လင်းယွမ်က ခေါင်းညိတ်ပြကာ "အဘိုးကျန်း... လျှိုအားလုံရဲ့ လူတွေက အခု အထပ်တိုင်းကို လိုက်ပြီး စားစရာတွေ လုနေကြတယ်... အခန်းတွေကိုလည်း အဓမ္မ သိမ်းပိုက်နေကြလို့ လူတွေ တော်တော်များများ မကျေမနပ် ဖြစ်နေကြပြီ"
"ဒီနေ့ သူတို့ ကျွန်တော့်အခန်းရှေ့အထိ လာပြီး ရန်စလို့ ကျွန်တော် သူ့လူတချို့ကို သတ်လိုက်တယ်... အဘိုးတို့လည်း သတိထားကြဦး"
ဤစကားအနည်းငယ်က အဘိုးအိုများကို ထိတ်လန့်သွားစေသည်။ ကျန်းကောချန်က "မောင်ရင်... မောင်ရင်က လူ... လူသတ်လိုက်တာလား" ဟု မဝံ့မရဲ မေးသည်။
လင်းယွမ်က ဘာမှ မပြောတော့ဘဲ "မြန်မြန် ပုန်းဖို့ နေရာရှာကြတော့... လျှိုအားလုံတို့ လက်ထဲ ထပ်အမိမခံနဲ့ဦး... သူတို့ ထပ်လာဦးမှာပဲ... တခြား အဆောင်တွေဘက်မှာ သွားပုန်းရင် ပုန်းကြ" ဟု ပြောလိုက်သည်။
ထို့နောက် သူသည် ထိုလူများကို ဆက်မစောင့်တော့ဘဲ သူတို့နှင့် မျက်နှာချင်းဆိုင်လျက်ပင် ဖြည်းဖြည်းချင်း နောက်ဆုတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
အဘိုးအိုများမှာ စိုးရိမ်တကြီးဖြင့် ဆူညံစွာ တိုင်ပင်နေကြပြီး လင်းယွမ်ကို သတိမထားမိကြတော့ပေ။
လင်းယွမ် အောက်ထပ်သို့ ပြန်ရောက်သောအခါ အဝတ်ပုံးကို မကာ သော့ဖြင့် အိမ်တံခါးကို ဖွင့်လိုက်သည်။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် မီးဖိုချောင်ထဲမှ ထိတ်လန့်တကြား အော်သံတစ်ခု ကြားလိုက်ရသည်။ "ဘယ်သူလဲ"
အချောအလှလေး ရန်မေမှာ ကြောက်လန့်တကြားဖြင့် ကြက်သွန်လှီးဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် မီးဖိုချောင်တံခါးဝတွင် ရပ်ကြည့်နေသည်။
လင်းယွမ်က တံခါးကို ပြန်ပိတ်လိုက်ပြီး "ကျွန်တော်ပါ" ဟု ပြောလိုက်သည်။
"ဟယ်... မောင်လေး"
ရန်မေမှာ ဝမ်းသာအားရ ဖြစ်သွားပြီး အမြန် ပြေးလာသည်။ လင်းယွမ်က ပုံးတစ်ပုံးကို မလာသည်ကို မြင်သောအခါ ကူညီရန် လှမ်းလာ၏။
လင်းယွမ်က "ဟိုဘက်မှာ အေးဆေး ဖြစ်သွားပြီ... အစ်မအဝတ်အစားတွေနဲ့ သုံးနေကျ အလှပြင်ပစ္စည်းတွေကို ကျွန်တော် ယူလာခဲ့တယ်" ဟု ဆိုသည်။
ရန်မေက ပုံးထဲကို ကြည့်လိုက်သောအခါ အဝတ်အစား တော်တော်များများကို တွေ့လိုက်ရသည်။ မောင်လေးက ငါ့အဝတ်တွေအထိ စဉ်းစားပေးတာပဲ... သူ့စိတ်ထဲမှာ ငါရှိနေသားပဲ ဟု တွေးကာ ရန်မေမှာ တိတ်တဆိတ် ကြည်နူးသွားပြီး ပြုံးလျက် "ကျေးဇူးတင်ပါတယ် မောင်လေးရယ်... အစ်မလည်း ပူနေတာ... ရာသီဥတုက ဒီလောက် ပူတာကို ဒီအဝတ်တစ်စုံတည်းနဲ့ ဆိုတော့ အနံ့တောင် ထွက်နေပြီ"
လင်းယွမ်က မျက်ခုံးပင့်ကာ "ဘာအနံ့လဲ... ကျွန်တော့်ကို ပေးနမ်းဦး" ဟု ပြောရင်း အလှလေးကို လှမ်းဖက်လိုက်သည်။
"အို..."
ရန်မေမှာ လန့်သွားပြီး ခါးလေးကို လိမ်ကာ လင်းယွမ်၏ ထွားကျိုင်းသော ရင်အုပ်ကို လက်နှစ်ဖက်ဖြင့် တွန်းထားလိုက်သည်။ တစ်ကိုယ်လုံး တုန်ရီသွားပြီး ဖော်မပြနိုင်သော ခံစားချက်ကြောင့် ထုံကျဉ်သွားရသည်။
လင်းယွမ်က ခေါင်းငုံ့ကာ သူမ၏ နီမြန်းသော နှုတ်ခမ်းလေးများကို အားရပါးရ စုပ်ယူ နမ်းရှိုက်လေတော့သည်။
ခဏအကြာတွင် ရန်မေမှာ အသက်ရှူပင် မဝတော့ဘဲ လင်းယွမ့်ရင်ခွင်ထဲတွင် ပျော့ခွေသွားရသည်။ "မောင်လေး... ဟို... ဒီမှာ မလုပ်ပါနဲ့... မီး... မီးမပိတ်ရသေးဘူး" ဟု မျက်နှာနီမြန်းလျက် တိုးလျှိုး အော်ဟစ်ရှာသည်။
လင်းယွမ်က သူမကို လွှတ်ပေးလိုက်ပြီး ပြုံးလျက် "ညကျမှ" ဟု နားနားကပ်၍ ပြောလိုက်သည်။
ရန်မေမှာ မျက်နှာတစ်ခုလုံး သွေးရောင်လွှမ်းသွားကာ "အစ်မ... အစ်မ ထမင်းအရင် သွားချက်လိုက်ဦးမယ်" ဟု ပြာပြာသလဲ ပြောပြီး ပြေးထွက်သွားတော့သည်။
သွယ်လျသော ခါးလေးနှင့် လှပသော တင်ပါးတို့ကို ကြည့်ရင်း လင်းယွမ်က ပြုံးလျက် မျှော်လင့်ချက် ပြည့်ဝနေသည်။ ဧည့်ခန်းသို့ ရောက်သောအခါ သူသည် နေ့စဉ်လုပ်နေကျ လေ့ကျင့်ခန်းများကို စတင်လိုက်သည်။
ဒိုက်ထိုး အကြိမ် ၅၀၀ ပြည့်သွားသောအခါ စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။
[ဒင်... ရေရှည် ကိုယ်ကာယ လေ့ကျင့်မှုကြောင့် သင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု ဝ.၁မှတ် တိုးသွားပါသည်]
လင်းယွမ် အံ့အားသင့်သွားပြီး အချက်အလက်များကို ချက်ချင်း ကြည့်လိုက်သည်။
အစ်မည် - လင်းယွမ်
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ဝ.၉
ခွန်အား - ဝ.၉
အလျင် - ဝ.၈
စိတ်စွမ်းအား - ဝ.၇
ဆင့်ကဲပြောင်းလဲခြင်း အဆင့် - ဝ%
အမှတ် - ၅ မှတ်
ပစ္စည်းသိုလှောင်ခန်း
-----------------------
လောင်ကန်းမားငရုပ်ဆီ
ဖီလေမီညွန် အမဲသားကင် (၁၀)
ခေါက်ဆွဲခြောက်ထုပ် (၁၃)
၁၀ကီလို ဆန်အိပ် (၂)
........
.......
......
စနစ်၏ အချက်အလက်များ ပြောင်းလဲသွားခဲ့ပြီ။ နဂိုက ဝ.၈ သာ ရှိသော ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် ဝ.၉ သို့ တိုးလာခဲ့သည်။ ဤအရာက သူ့ကို အံ့အားသင့်စေရုံသာမက စိတ်လှုပ်ရှားစေသည်။
"ငါ့ဘာသာ လေ့ကျင့်ရုံနဲ့ ခန္ဓာကိုယ်ရဲ့ အခြေအနေကို မြှင့်တင်နိုင်တာပဲ"
"ဒါပေမဲ့ ဒိုက်ထိုးတာ ဘယ်လောက်များများ ခွန်အား ကတော့ မတက်လာဘူးပဲ... ကြည့်ရတာ အလေးမတာမျိုး ထပ်လုပ်ရမယ် ထင်တယ်"
တခြား အချက်အလက်များကတော့ ပြောင်းလဲမှု မရှိသေးပေ။ အမှတ်တွေ ကတော့ ၅ မှတ် ရနေပြီ ဖြစ်ပြီး ပစ္စည်းစာရင်းထဲတွင်လည်း ပစ္စည်းများစွာ ရှိနေသည်။ ထိုအထဲတွင် ကံစမ်းမဲနှိုက်ထားသော ပစ္စည်းများသာမက သူကိုယ်တိုင် စနစ်ထဲသို့ ထည့်ထားသော ပစ္စည်းများလည်း ပါဝင်သည်။
လင်းယွမ်က ဆက်လက်၍ ဘားဆွဲခြင်းကို လေ့ကျင့်ပြန်သည်။ ယခင်က အကြိမ် ၅၀ ခန့်ဆိုလျှင် အားကုန်သွားလေ့ရှိသော်လည်း ယခု ခန္ဓာကိုယ်ကြံ့ခိုင်မှု ဝ.၁ တိုးလာသည်နှင့်အမျှ ခံနိုင်ရည် လည်း တိုးလာပုံရသည်။
အကြိမ် ၆၀ အထိ မနားတမ်း ဆွဲသော်လည်း ဆက်လက် ဆွဲနိုင်သေးသည်။ အကြိမ် ၇၀ ခန့်ရောက်မှသာ လက်မောင်းများ ညောင်းညာလာပြီး အားကုန်သွားတော့သည်။
သူက မကျေနပ်သလို လက်ကို ခါယမ်းရင်း "အလေးတွေ သုံးပြီး လေ့ကျင့်မှ ရတော့မယ်" ဟု ရေရွတ်လိုက်သည်။
"မောင်လေး... ထမင်းစားလို့ ရပြီ" ထိုအချိန်တွင် ရန်မေက လင်းယွမ်ကို ထမင်းစားရန် လှမ်းခေါ်လေသည်။
ထမင်းစားပွဲပေါ်တွင် မွှေးကြိုင်နေသော ထမင်းဖြူနှစ်ပန်းကန် ရှိနေသည်။ ယနေ့ ဟင်းများမှာလည်း စုံလင်လှ၏။ အသားဟင်း တစ်ခွက်နှင့် အသီးအရွက်ဟင်း တစ်ခွက် ပါဝင်သည်။ အသားဟင်းမှာ ကြက်တောင်ပံနီချက် ဖြစ်ပြီး အသီးအရွက်ဟင်းမှာ ခရမ်းချဉ်သီး ကြက်ဥကျော် ဖြစ်သည်။
ဤရိုးရှင်းသော ဟင်းနှစ်ခွက်မှာ ရေမကြီးခင်ကဆိုလျှင် အလွန် သာမန်ဆန်လှသည်။ ကြက်တောင်ပံလေးများကိုပင် လူအများက မဝယ်ကြချေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော အသားများမှာ ရေခဲရိုက်အသားများ ဖြစ်နေတတ်သောကြောင့် ဖြစ်သည်။ ခရမ်းချဉ်သီး ကြက်ဥကျော်ကမူ ထမင်းဆိုင်တိုင်းတွင် ရနိုင်သော ဈေးအပေါဆုံး ဟင်းဖြစ်သည်။
သို့သော် ယနေ့ခေတ်တွင်မူ ဤဟင်းနှစ်ခွက်ကို ငွေဘယ်လောက်ရှိရှိ ဝယ်စား၍ မရနိုင်တော့ပေ။ အပြင်က လူများဆိုလျှင် ကြက်သားနေနေသာသာ ကြက်ဥပင် မစားရသည်မှာ တစ်နှစ်ခွဲနီးပါး ရှိနေပြီ ဖြစ်၏။ ခရမ်းချဉ်သီးဆိုလျှင် ပို၍ပင် ဝေးသေးသည်။
လင်းယွမ်က ထမင်းစားရင်း "အစ်မမေ... အစ်မရဲ့ လက်ရာက တကယ် ကောင်းတာပဲ" ဟု မြည်တမ်းလျက် ကြက်တောင်ပံ တစ်ခုကို ရန်မေ့အား ခပ်ပေးလိုက်သည်။
ရန်မေမှာ အားနာသွားပြီး "အစ်မ အသားမစားဘူး... မောင်လေးပဲ စားပါ... မောင်လေးက နေ့တိုင်း လေ့ကျင့်နေရတာဆိုတော့ အားကုန်တယ်... မောင်လေးပဲ စား" ဟု ဆိုကာ ပြန်ထည့်ပေးသည်။
လင်းယွမ်က ပြုံးလျက် "ညကျရင် ပင်ပမ်းဦးမှာ... အစ်မ အသားမစားရင် ဘယ်လိုလုပ် ခံနိုင်မှာလဲ" ဟု ဆိုကာ သူမပန်းကန်ထဲ ပြန်ထည့်ပေးလိုက်သည်။
"ဟင်" ရန်မေမှာ ခဏမျှ ကြောင်သွားပြီးမှ စကား၏ အဓိပ္ပာယ်ကို သဘောပေါက်သွားကာ မျက်နှာနီမြန်းလျက် ထမင်းကိုသာ အတင်းငုံ့စားနေတော့သည်။ ထမင်းစားပွဲအောက်ရှိ ပေါက်ပြဲနေသော ခြေအိတ်ရှည် စွပ်ထားသည့် သူမ၏ အလှပဆုံး ခြေတံနှစ်ဖက်မှာလည်း အလိုအလျောက်ပင် ယှက်နွယ်သွားကြသည်။
လင်းယွမ်က တဟားဟား ရယ်မောလိုက်ပြီး အရသာရှိသော အစားအစာများကို စားရင်း အလွန်ရှက်တတ်သော အလှလေးကို စနောက်နေရသည်မှာ တကယ်ပင် ပျော်စရာ ကောင်းလှပေတော့သည်။
ဆက်ရန်...
အပိုင်း (၃၀) ညကျမှလို့ ပြောထားတယ် မဟုတ်ဘူးလား
နေ့လယ်စာ စားသောက်ပြီးနောက် လင်းယွမ်သည် လှံထိုးလေ့ကျင့်ခန်းကို စတင်လုပ်ဆောင်လေသည်။
သူ၏ နေထိုင်မှုပုံစံက အလွန်စည်းစနစ်ကျသည်။ အိမ်ထဲတွင် အလှပဂေးတစ်ဦး ရောက်ရှိနေခြင်းက သူ၏ ပုံမှန်လုပ်ရိုးလုပ်စဉ်များကို ပြောင်းလဲသွားစေခြင်း မရှိပေ။
လင်းယွမ်သည် အဓိကအားဖြင့် လှံထိုးခြင်းကို လေ့ကျင့်သည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာသည်နှင့်အမျှ ခွန်အားလေ့ကျင့်ခန်းများကိုပါ တိုးမြှင့်လုပ်ဆောင်ရန် သူရည်ရွယ်ထားသည်။
ထို့ကြောင့် အိမ်ခေါင်မိုးထပ်ရှိ ကျိုးကျားချောင်၏ တဲအတွင်းမှ ရရှိခဲ့သော သံတူရွင်းကို သံပိုက်လုံးလှံတံထဲသို့ ထိုးထည့်လိုက်ပြီး လှံတစ်ချောင်းလုံး၏ အလေးချိန်ကို တိုးမြှင့်လိုက်သည်။
ထိုသို့ ပြုလုပ်လိုက်ခြင်းကြောင့် လှံထိုးလေ့ကျင့်ရာတွင် အခက်အခဲများစွာ ပိုမိုတိုးပွားလာသော်လည်း လင်းယွမ်ကမူ အံကိုကြိတ်၍ ဇွဲမလျှော့ဘဲ ဆက်လက်လေ့ကျင့်နေဆဲပင်။
တစ်နာရီခန့် ကြာမြင့်ပြီးနောက် လက်မောင်းနှစ်ဖက်လုံး ကိုက်ခဲလာပြီး အားအင်ကုန်ခမ်းသွားမှသာ လှံရှည်ကို ချထားပြီး ထိုင်ကာ အနားယူလေတော့သည်။
ထိုအခြေအနေကို မြင်သောအခါ ရန်မေက ရေခွက်ကို အလျင်အမြန် ကမ်းပေးသည်။ ရေတိုက်ရင်း တစ်ဖက်မှလည်း သူ့ပခုံးနှင့် လက်မောင်းကြွက်သားများကို အလိုက်တသိ နှိပ်နယ်ပေးလေသည်။
လင်းယွမ်သည် သူမ၏ နှိပ်နယ်ပေးမှုကို ငြိမ်သက်စွာ ခံယူရင်း ဆိုဖာပေါ်တွင် မှီလျက် ပြောလိုက်သည်။
"ဒီည ညစာမချက်နဲ့တော့"
ရန်မေ ကြောင်သွားသော်လည်း ဘာကြောင့်လဲဟု မမေးဘဲ ခေါင်းညိတ်လိုက်သည်။
"အင်း"
"ဘာဖြစ်လို့လဲလို့ မမေးတော့ဘူးလား"
ရန်မေက ခေါင်းခါလိုက်ပြီး ပြောသည်။
"အခုချိန်မှာ စားစရာက အရမ်းရှားနေတာလေ... လူတော်တော်များများ တစ်နေ့တစ်နပ်တောင် ဝအောင် မစားနိုင်ကြဘူး ကျွန်မတို့က ခုလိုတစ်နေ့ သုံးနပ်စားနေတာက တကယ်ကို ဇိမ်ခံသလို ဖြစ်နေတာ"
"မောင်လေး... တကယ်တော့ အစ်မ မောင်လေးကို ပြောချင်နေတာ ကြာပြီ... အစ်မတို့ အစားကို ချွေတာစားတာကောင်းမယ်... ဒါဆို အစိုးရဆီက ကယ်ဆယ်ရေး လာမယ့်အချိန်ထိ စောင့်လို့ရတာပေါ့..."
လင်းယွမ်က ပြုံးလိုက်သည်။
"အစ်မ တွေးတာ လွဲနေပြီ... စားစရာ မလောက်တော့လို့ မဟုတ်ဘူး... ဒီည ဟိုဘက်ခန်းက ညစာ ဖိတ်ကျွေးမလို့"
"ရှင်... ဟိုဘက်ခန်းက ဟုတ်လား"
ရန်မေ အံ့သြသွားပြီးနောက် လီကျစ်ချန်ကို ပြေးမြင်မိသဖြင့် မျက်နှာပျက်သွားသည်။
"အစ်မ... အစ်မ မလိုက်လို့ မရဘူးလားဟင်"
သူမအနေဖြင့် ခင်ပွန်းဟောင်းနှင့် ပြန်မတွေ့ချင်တော့ပေ။ တွေ့ရလျှင် မျက်နှာပူစရာ အခြေအနေ ဖြစ်လာလိမ့်မည်။
လင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။
"ဟိုဘက်ခန်းက စားစရာတွေ ဘယ်ကရလဲ အစ်မ မသိချင်ဘူးလား"
"ဘယ်က ရတာလဲ"
"လီကျစ်ချန် ဝှက်ထားတဲ့ဟာတွေကို ချိုင်ကြည် တို့ ရှာတွေ့သွားတာလေ"
"ဘာ... သူ... သူ့ဆီမှာ စားစရာတွေ ရှိနေတာလား"
ရန်မေ ထိုစကားကို ကြားလိုက်ရသည့်အခါ မယုံကြည်နိုင်သော အမူအရာ ဖြစ်ပေါ်လာသည်။
လီကျစ်ချန်ဆီမှာသာ စားစရာတွေ ရှိနေခဲ့ရင် ဘာကြောင့် သူမကို လျှိုအားလုံ တို့ဆီ ရောင်းစားဖို့ ကြိုးစားခဲ့ရသနည်း။
ဘာကြောင့် စားစရာနဲ့လဲဖို့ သူမကို လင်းယွမ်ဆီ လွှတ်ပြီး မြှူဆွယ်ခိုင်းခဲ့ရသနည်း။
လင်းယွမ်က သူမ၏ မျက်နှာရိပ်မျက်နှာကဲ ပြောင်းလဲသွားသည်ကို ကြည့်ပြီး အေးဆေးစွာ ပြောလိုက်သည်။
"ခုထိ သဘောမပေါက်သေးဘူးလား... စားစရာက အကန့်အသတ်နဲ့ ရှိတာလေ... သူတစ်ယောက်တည်း စားရင် ရက်နည်းနည်း ပိုခံပေမယ့် နှစ်ယောက်စားရင် ဘယ်လောက်မှ ခံမှာမဟုတ်ဘူး"
"ပြီးတော့ အစ်မကို စားစရာနဲ့ လဲလိုက်ရင် သူ စားစရာ ပိုရလာဦးမယ်လေ"
"ဒီအကွက်ကို သူက ကောင်းကောင်းကြီး တွက်ချက်ထားပြီးသား"
ရန်မေ၏ မျက်ဝန်းများ နီရဲလာပြီး အမုန်းတရားများ ပြည့်နှက်လာသည်။ သူမ နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်။
"သူက တိရစ္ဆာန်ပဲ... တိရစ္ဆာန်ထက်တောင် ဆိုးတဲ့ကောင်..."
လီကျစ်ချန် ထိုသို့လုပ်ရသည့် အကြောင်းရင်းကို သူမ ကောင်းကောင်းကြီး နားလည်သွားပြီ ဖြစ်သည်။
ထို့ကြောင့်လည်း ခင်ပွန်းဟောင်းဖြစ်ခဲ့ဖူးသူ ထိုလူယုတ်မာကို အရိုးထဲထိအောင် မုန်းတီးသွားမိသည်။
သူမ အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။
"အစ်မ ဒီည လိုက်ခဲ့မယ်... အခု အစ်မ ရွေးချယ်ထားတဲ့ ယောကျ်ားက သူ့ထက် အဆပေါင်းတစ်သောင်းလောက် သာတယ်ဆိုတာ သူ့ကို ပြရမယ်"
လင်းယွမ် ရယ်မောလိုက်သည်။
"ဒီလိုပဲ ဖြစ်ရမှာပေါ့... ကျွန်တော့်နောက်ကို လိုက်မယ်လို့ ဆုံးဖြတ်ပြီးမှတော့ တခြားယောကျ်ားအကြောင်း တွေးမနေနဲ့တော့... ဒါပေမဲ့... အစ်မ သူ့ကို တွေ့ရတော့မှာ မဟုတ်ဘူး"
ရန်မေ ကြောင်သွားပြန်သည်။
"ဘာလို့လဲ"
"ချိုင်ကြည် နဲ့ အစ်ကိုမာ တို့က သူ့ကို မောင်းထုတ်လိုက်ပြီလေ... ဒီကောင့်ကို ဘေးနားမှာ ထားရတာက အချိန်ကိုက်ဗုံးကို ပိုက်ထားရသလိုပဲဆိုပြီးတော့"
ရန်မေက စိုးရိမ်တကြီး မေးလိုက်သည်။
"သူ့ကို လွှတ်ပေးလိုက်တော့ လျှိုအားလုံ ဆီ သွားပူးပေါင်းရင် ဘယ်လိုလုပ်မလဲ"
လင်းယွမ်က ပြုံးလျက် မေးလိုက်သည်။
"တကယ်လို့ သူက လျှိုအားလုံ နဲ့ပေါင်းပြီး ကျွန်တော့်ကို ဒုက္ခပေးလာရင် အစ်မ ဘယ်လိုလုပ်မလဲ"
"အစ်မ... အစ်မကတော့ မောင်လေးဘက်ကပဲ ရပ်တည်မှာပေါ့"
လင်းယွမ်က သဘောကျစွာ ရယ်မောလိုက်ပြီး ဆိုဖာပေါ်တွင် လှဲလျောင်းနေရာမှ ပြောလိုက်သည်။
"အော်... ဟုတ်လား... ဒါဆို အစ်မရဲ့ ဆုံးဖြတ်ချက် ဘယ်လောက်ခိုင်မာလဲ ပြပါလား"
"ရှင်... ဘယ်... ဘယ်လို ပြရမှာလဲ"
"ကျွန်တော့်ပေါ် ထိုင်လိုက်လေ"
"ရှင်"
ရန်မေ၏ ဖြူဝင်းသော မျက်နှာလေးမှာ ချက်ချင်းပင် ပန်းရောင်သမ်းသွားပြီး ပျာပျာသလဲ ပြောရှာသည်။
"ဟို... ဟိုလေ... ည... ညကျမှလို့ ပြောထားတယ် မဟုတ်လား"
လင်းယွမ်က သူမ၏ ပြည့်ဖြိုးသော ခန္ဓာကိုယ်ကောက်ကြောင်းကို ကြည့်ရင်း လည်ချောင်းခြောက်လာသလို ခံစားလိုက်ရသည်။
"အခု အတိုးအရင် ယူမလို့"
ရန်မေ မျက်နှာတစ်ခုလုံး ရဲရဲနီသွားပြီး အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိသည်။
သူမသည် မတတ်သာသည့်အဆုံး မတ်တတ်ရပ်လိုက်ပြီး သွယ်လျသော ခြေတံရှည်များကို မြှောက်ကာ လင်းယွမ်၏ ကိုယ်ပေါ်သို့ ခွလိုက်သည်။ ထို့နောက် သူ့ဗိုက်ပေါ်သို့ ဒူးထောက်လျက်သား ဖြည်းညှင်းစွာ ထိုင်ချလိုက်လေသည်။
ပြီးခဲ့တဲ့အကြိမ်ကလို နှိပ်နယ်ပေးရန် သူမ၏ သွယ်လျသော လက်ချောင်းလေးများကို ဆန့်ထုတ်လိုက်သည်။
သို့သော် လင်းယွမ်က အက်ကွဲကွဲအသံဖြင့် ရုတ်တရက် ပြောလိုက်သည်။
"နောက်ကို နည်းနည်းဆုတ်ပြီး ထိုင်"
ရန်မေ၏ မျက်နှာမှာ ပို၍နီရဲသွားသည်။ ခါးနှင့်ဗိုက်နေရာသည် လင်းယွမ်၏ ခန္ဓာကိုယ်တွင် အကျဉ်းဆုံးနေရာဖြစ်သည်။
နောက်ဘက်သို့ ဆုတ်လိုက်လျှင် တင်ပါးဆုံရိုးရှိသဖြင့် ခါးထက် သိသိသာသာ ပိုကျယ်သည်။
နောက်သို့ ဆုတ်ထိုင်လေလေ၊ ရန်မေ၏ ပေါင်တံနှစ်ဖက်က ပို၍ ကားပေးရလေလေ ဖြစ်သည်။
ထို့အပြင် သူမ ဝတ်ထားသည်မှာ နေ့ခင်းက ဝတ်ထားသည့် အနက်ရောင် ယူနီဖောင်း စကတ်တိုလေး ဖြစ်နေသည်။
စကတ်က ကျပ်လွန်းပြီး အသားကလည်း ဆွဲသားမဟုတ်သဖြင့် ကားလို့မရပေ။
သူမ နောက်သို့ တိုးလိုက်သည်နှင့် စကတ်အနားစက အပေါ်သို့ တရွေ့ရွေ့ လိပ်တက်သွားလေသည်။
သူမ ရှက်လွန်းသဖြင့် မျက်နှာရဲကာ အတွင်းသားပေါ်သွားမည်ကို စိုးရိမ်၍ ဗိုက်ရှေ့ရှိ စကတ်အနားစကို လက်ဖြင့် အမြန်ဖိထားလိုက်ရသည်။
ရုတ်တရက် သူမ တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တောင့်ခနဲ ဖြစ်သွားကာ မလှုပ်ရဲတော့ပေ။
လင်းယွမ်လည်း အသက်ပြင်းပြင်း ရှူလိုက်မိပြီး အသံအက်အက်ဖြင့် ပြောလိုက်သည်။
"ဆက်လုပ်လေ"
ရန်မေ မျက်နှာတစ်ခုလုံး နီမြန်းနေပြီ ဖြစ်သော်လည်း သူ၏ အမိန့်အောက်တွင် ဆက်လုပ်ရန်သာ ရှိတော့သည်။
သူမ ဆက်လုပ်ရန် ပြင်လိုက်စဉ် မျက်လုံးထောင့်မှ တစ်စုံတစ်ခုကို ရိပ်ခနဲ မြင်လိုက်ရသဖြင့် မျက်နှာထား ပြောင်းလဲသွားပြီး အာမေဋိတ် သံဖြင့် အော်လိုက်သည်။
"အဲ့တာ ဘာကြီးလဲ"
လင်းယွမ် မျက်မှောင်ကြုတ်သွားပြီး ထထိုင်ကာ သူမ ညွှန်ပြရာသို့ လှည့်ကြည့်လိုက်သည်။
ဝရံတာ ပြတင်းပေါက်ဝတွင် အနက်ရောင် အရာဝတ္ထုတစ်ခု တဝီဝီ မြည်သံပေးလျက် ပျံဝဲနေသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်၏ မျက်နှာထား ချက်ချင်း တင်းမာသွားသည်။ သူက ရန်မေကို ပွေ့ချီကာ နံရံဘေးသို့ အမြန်ပြေးကပ်လိုက်ပြီး သူ၏ လှံရှည်ကို လှမ်းဆွဲလိုက်သည်။
ထို့နောက် နံရံကို ကျောကပ်လျက် ရန်မေကို ပြောလိုက်သည်။
"အမြန် ပုန်းနေ"
ရန်မေသည် လင်းယွမ်၏ လျင်မြန်သော လှုပ်ရှားမှုကြောင့် လန့်ဖျပ်သွားပြီး ဆိုဖာပေါ်တွင် မှောက်လျက်သား ငြိမ်နေလိုက်သည်။ တစ်ချက်ကလေးမျှပင် မလှုပ်ရဲပေ။
လင်းယွမ်သည် ဝရံတာဘက်သို့ ဖြည်းဖြည်းချင်း တိုးသွားပြီး အနီးကပ် ကြည့်လိုက်မှ ဘာမှန်း သေချာမြင်ရတော့သည်။
အနက်ရောင် ဒရုန်းတစ်စင်းပင်တည်း။
ထိုဒရုန်းသည် သူ၏ ဝရံတာအတွင်းဘက်သို့ ကင်မရာဖြင့် လှမ်း၍ ရိုက်ကူးထောက်လှမ်းနေခြင်း ဖြစ်သည်။
လင်းယွမ် စိတ်ရှုပ်သွားသည်။ "တစ်ယောက်ယောက်က ဒရုန်းသုံးပြီး ငါ့အိမ်ကို ချောင်းနေတာလား"
"အဲ့တာ ဘယ်သူလဲ"
"လျှိုအားလုံ လား"
ကံကောင်းသည်မှာ အိမ်၏ ဝရံတာပြတင်းပေါက်များကို စောစောစီးစီးကတည်းက သေချာပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဒရုန်းမှာ အိမ်ထဲသို့ ဝင်မရနိုင်ပေ။
ထို့အပြင် အခန်းထဲတွင် အလင်းရောင် အားနည်းနေသဖြင့် ဒရုန်းအနေဖြင့် အထဲမှ အခြေအနေကို သေချာ မြင်ရမည်မဟုတ်ချေ။
လင်းယွမ် ထိုဒရုန်းကို စောင့်ကြည့်နေလိုက်သည်။ နောက်ဆုံးတွင် ၎င်း ဘယ်ကို ပြန်သွားမလဲ ဆိုသည်ကို သိချင်သဖြင့် ချက်ချင်း တိုက်ခိုက်ခြင်း မပြုသေးပေ။
ဒရုန်းသည် ဝရံတာကို တစ်ပတ်ပတ်ပြီး ဝင်ပေါက်မတွေ့သဖြင့် တဝီဝီ မြည်လျက် လင်းယွမ်၏ အိမ်ဝရံတာမှ ပျံသန်း ထွက်ခွာသွားလေသည်။
လင်းယွမ်သည် ပြတင်းပေါက်နားသို့ အမြန်ကပ်သွားပြီး လှမ်းကြည့်လိုက်ရာ ဒရုန်းက အိမ်နားမှ ခွာပြီးသည်နှင့် အောက်ဘက်တည့်တည့်သို့ ထိုးဆင်းသွားသည်ကို တွေ့ရသည်။
ပတ်ဝန်းကျင်က မှောင်မဲနေသဖြင့် လင်းယွမ် သေချာမမြင်ရပေ။
သို့သော် ခဏအကြာတွင် တဝီဝီမြည်သံကို ထပ်မံ ကြားလိုက်ရပြန်သည်။
ဒရုန်း ပြန်တက်လာခြင်း ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ဒရုန်းအောက်ခြေရှိ ချိတ်တွင် ပလတ်စတစ်အိတ် တစ်လုံးကို ချိတ်ဆွဲပါလာသည်ကို တွေ့လိုက်ရသည်။
လင်းယွမ် သေချာအာရုံစိုက် ကြည့်လိုက်ရာ ထိုပလတ်စတစ်အိတ်မှာ ပစ္စည်းပို့ရာတွင် သုံးသော အိတ် နှင့် တူနေသည်။
ဒရုန်းက ၃၁ ထပ်သို့ ပျံတက်လာသည်။ လင်းယွမ် မျက်လုံးကျဉ်းမြောင်းသွားသည်။
ထိုစဉ် သူ့အခန်း၏ အောက်ထပ်မှ လက်တစ်ဖက် ဆန့်ထွက်လာပြီး ပြတင်းပေါက်ကို ဖွင့်လိုက်သည်ကို တွေ့လိုက်ရသည်။
ဒရုန်းက အောက်ထပ် ပြတင်းပေါက်ထဲသို့ တန်းခနဲ ဝင်ရောက်သွားလေသည်။
"အောက်ထပ်ကလား"
လင်းယွမ် မျက်လုံးမှေးလျက် စဉ်းစားလိုက်သည်။
သူ မှတ်မိသလောက် အောက်ထပ်က လူကို တစ်ခါမှ မတွေ့ဖူးပေ။
တိုက်ခန်းပိုင်ရှင်များ ဂရု ထဲတွင် ထိုအခန်းပိုင်ရှင် စာဝင်ရေးသည်ကိုသာ တွေ့ဖူးသည်။
ထိုပိုင်ရှင်၏ အွန်လိုင်းနာမည်မှာ ဆုန်တပေါင် ဖြစ်ပြီး ဂရုထဲတွင် အမြဲတမ်း တက်ကြွစွာ စာရေးလေ့ရှိသူ ဖြစ်သည်။
လင်းယွမ်က ရန်မေဘက်သို့ လှည့်ကြည့်လိုက်သည်။ ရန်မေမှာ ဆိုဖာပေါ်တွင် မှောက်လျက်သား ရှိနေဆဲပင်။
သူမ၏ တင်ပါးဆုံမှာ ပြည့်ဖြိုးလွန်းသဖြင့် မှောက်နေသည့်တိုင် မို့မောက်ကြွတက်နေသည်။
သူ အနားသွားပြီး သူမ၏ တင်ပါးကို ပုတ်လိုက်ကာ ပြောလိုက်သည်။
"ရပြီ... ထတော့"
"မောင်လေး... အဲ့... အဲ့တာက ဘာကြီးလဲဟင်"
ရန်မေက ကြောက်ရွံ့တုန်လှုပ်စွာ မေးလိုက်သည်။
"ဒရုန်းလေ"
"ရှင်... ဒရုန်း ဟုတ်လား"
သူမ အနည်းငယ် ကြောင်သွားသည်။ အစက မသိနားမလည်သော သတ္တဝါဆန်း တစ်ကောင်ကောင်ဟု ထင်နေခဲ့မိသည်။
"အစ်မ အောက်ထပ်က အခန်းပိုင်ရှင်ကို သိလား... ဂရုထဲမှာ ခဏခဏ စာဝင်ရေးတဲ့ ဆုန်တပေါင် ဆိုတဲ့အကောင့်နာမည်နဲ့လူလေ" လင်းယွမ်က မေးလိုက်သည်။
ရန်မေက ခဏစဉ်းစားပြီးနောက် ဖြေသည်။
"သိတယ်... အောက်ထပ် ၃၁၀၁ က အခန်းပိုင်ရှင်ပဲ... နာမည်က ဆုန့်ဝမ်တဲ့ ရုပ်ရည်သန့်သန့် ကောင်မလေး တစ်ယောက်ပါ... ရေကြီးပြီးကတည်းကတော့ သူ့ကို မတွေ့ရတော့ဘူး"
"သူက ဘာအလုပ် လုပ်တာလဲ"
"အရင်တုန်းက ရပ်ကွက်ထဲမှာ ဆုံဖူးလို့ စကားပြောကြည့်တာ သူက အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်တဲ့သူ လို့ ပြောတာပဲ" ရန်မေက ပြန်စဉ်းစားရင်း ပြောပြသည်။
"တိုက်ရိုက်ထုတ်လွှင့်သူ ဟုတ်လား"
လင်းယွမ် တွေးဆလိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်သူ လုပ်တာဆိုတော့ ဒရုန်းရှိနေတာ မဆန်း။
ပုံမှန်အချိန်တုန်းက အပြင်ထွက် တိုက်ရိုက်ထုတ်လွှင့်ရင် ဝေဟင်ရှုခင်းတွေ ရိုက်ဖို့ သုံးတာ ဖြစ်လောက်သည်။
သို့သော် ဤမိန်းကလေးက ဒရုန်းကို သုံးပြီး ရေထဲက ပစ္စည်းတွေကို ဆယ်ယူနေတာဆိုလျှင်တော့ အတော်ဉာဏ်ပြေးသည်ဟု ပြောရပေမည်။
ဤသို့ဆိုလျှင် ခုနက သူ့အခန်းကို ဘာကြောင့် လာချောင်းသနည်း။
လင်းယွမ်၏ စိတ်ထဲတွင် သံသယဝင်လာသည်။ ဤမိန်းကလေးက ဒရုန်းသုံးပြီး သူခိုးလုပ်ချင်နေသလော။
ဆက်ရန်...