← Chapters

အခန်း (၃၀၉-၃၁၀)

Vol. 16 Ch. 309-310

အခန်း (၃၀၉-၃၁၀)

Vol. 16 Ch. 309-310

အပိုင်း(၃၀၉) တုံယန် ဖွင့်ဟခြင်း

အိမ်သို့ ပြန်ရောက်သောအခါ ရန်မေနှင့် ဆုန့်ဝမ်တို့ကပါ အတူလိုက်ပါလာကြ၏။

ဆုန့်ဝမ်က မနေနိုင်ဘဲ ပြောလိုက်သည် "အစ်ကိုလင်း... ဒီတစ်ခေါက် ကျွန်မလည်း အစ်ကိုနဲ့အတူ လိုက်သင့်တာ"

လင်းယွမ်က ပြုံးလိုက်ရင်း "ထိုက်ယန်တောင် ခိုလှုံရေးစခန်းက နင့်ကို ပိုလိုတယ်လေ... စိုက်ခင်းထဲမှာ နင်လုပ်စရာတွေ အများကြီး ရှိသေးတယ်... နင်သာ ထွက်သွားရင် စိုက်ခင်းက ဆက်ပြီး လည်ပတ်နိုင်မှာ မဟုတ်တော့ဘူး"

ဆုန့်ဝမ်က အနည်းငယ် စိတ်ပျက်သွားသလို ဖြစ်သွားသော်လည်း လင်းယွမ်ကို မခွဲချင်သည့် စိတ်နှင့် ခိုလှုံရေးစခန်းက သူမကို လိုအပ်နေသည်ဆိုသည့် အသိကြောင့် ဝမ်းသာကျေနပ်မှုတို့က ရောယှက်နေခဲ့သည်။

တစ်ချိန်က သူမသည် လင်းယွမ်ထံမှ ပေါင်မုန့်တစ်လုံး ရရှိရန် တောင်းဆိုခဲ့ရဖူးပြီး လင်းယွမ်ကသာ သူမကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရန် သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင်မူ သူမသည် ထိုအချက်ကို အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကာ ထိုက်ယန်တောင် စိုက်ခင်း၏ မရှိမဖြစ် အရေးပါသော လူတစ်ယောက်အဖြစ် တစ်လှမ်းချင်း လျှောက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်၏။

သို့ရာတွင် လင်းယွမ်သည် သူမ၏ ပထမဆုံး အချစ်ဦးဖြစ်သလို သူမ၏ တစ်ဦးတည်းသော အမျိုးသားလည်း ဖြစ်နေသောကြောင့် လင်းယွမ်အနားတွင်သာ ကပ်ချွဲနေချင်မိသည်။

ယခင်ကဆိုလျှင် နေ့စဉ် အိမ်ပြန်ရောက်တိုင်း တွေ့နေရပြီး သူမ အိပ်ရာဝင်ရမည့် အလှည့်မဟုတ်သည့် နေ့များတွင်ပင် နေ့လယ်ဘက်၌ အိမ်သို့ ခဏပြန်လာကာ လင်းယွမ်နှင့် ချစ်ပွဲဝင်လေ့ ရှိသည်။

ယခု လင်းယွမ် ခရီးထွက်ရမည်ဆိုတော့ ဘယ်နှရက်လောက် မျက်နှာမမြင်ဘဲ နေရမည်ကို မသိသောကြောင့် သူမအနေဖြင့် နှမြောတသ ဖြစ်နေမိသည်မှာ အမှန်ပင်။

လင်းယွမ်က ပြုံးရင်း "ဒီခရီးက သိပ်အကြာကြီးတော့ မဟုတ်ပါဘူး... အလွန်ဆုံး တစ်ပတ်လောက်ဆိုရင် ပြန်ရောက်လာမှာပါ... ထိုက်ယန်တောင်ဘက်မှာ နင်တို့ ကြီးကြပ်ပေးဖို့ လိုသေးတယ်လေ... တခြားသူတွေကို လွှဲထားခဲ့ဖို့ဆိုတာ ငါမှ စိတ်မချတာ"

ဆုန့်ဝမ်က သူ့ကို ဖက်ထားလိုက်ရင်း ချွဲနွဲ့သော အသံလေးဖြင့် "ကျွန်မက အစ်ကို့ကို မခွဲနိုင်လို့ပါဆို"

လင်းယွမ်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်ပြီး "ဒါဆို ဒီည ငါနဲ့ အတူအိပ်မလား"

ဆုန့်ဝမ်တစ်ယောက် ကြက်သေ သေသွားပြီး မသိစိတ်မှပင် မေးလိုက်မိသည် "ဒီညက အမမေ အလှည့် မဟုတ်ဘူးလား"

လင်းယွမ်က ပြုံးလိုက်ကာ သူမ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည် "အတူတူ အိပ်ကြတာပေါ့... အမမေက စိတ်ဆိုးမှာ မဟုတ်ပါဘူး"

ဆုန့်ဝမ်၏ မျက်နှာလေး ချက်ချင်းပင် နီရဲသွားကာ ရှက်လွန်းလှသဖြင့် သူ့ကို တွန်းဖယ်လိုက်ရင်း "မရဘူး... မလုပ်ပါနဲ့"

လင်းယွမ်က သက်ပြင်းချလိုက်ရင်း "နောက်ထပ် တစ်ပတ်လောက်တောင် တွေ့ရတော့မှာ မဟုတ်ဘူးလေ... နင်က နောက်ဆုံးညလေးကိုတောင် ကိုယ့်ကို အဖော်မလုပ်ပေးဘဲ ရက်စက်နိုင်လို့လား"

ဆုန့်ဝမ်က ချက်ချင်းပင် နှုတ်ခမ်းလေး ဆူသွားကာ အနည်းငယ် ဗျာများသွားရ၏။

သို့သော် လူသုံးယောက် တစ်ကုတင်တည်း အတူအိပ်ရမည်ကို တွေးမိသောအခါ သူမမှာ အနေရခက်ကာ ရှက်သွေးဖြာသွားရပြီး ဤသည်မှာ အလွန် ရှက်စရာကောင်းလွန်းလှသည်။

သူတို့ စကားပြောနေချိန်တွင် ရန်မေက ဟင်းချက်ရန် စတင်ပြင်ဆင်နေပြီ ဖြစ်သည်။

မီးဖိုချောင်ထဲမှ ဒယ်အိုးခေါက်သံများနှင့် ကြော်လှော်သံများက တချွင်ချွင် ထွက်ပေါ်လာ၏။

ဤတစ်ကြိမ်တွင် ရန်မေက ဟင်းပွဲများကို အများကြီး ချက်ပြုတ်ထားသည်၊ အဘယ်ကြောင့်ဆိုသော် လင်းယွမ်၏ ပစ္စည်းသိုလှောင်ခန်းသည် အပူချိန်ကို ထိန်းထားနိုင်ကြောင်း သူမ သိထားသောကြောင့်ပင်။

သူမက ဟင်းပွဲ ဒါဇင်ပေါင်းများစွာကို ချက်ပြုတ်ထားရန် ရည်ရွယ်ထားပြီး ထိုဟင်းပွဲများကို လင်းယွမ်၏ ဟင်းလင်းပြင်ထဲသို့ ထည့်သိမ်းထားစေချင်သည်။

ထိုအခါမှသာ လင်းယွမ် စားချင်သည့်အချိန်တွင် ချက်ချင်း ထုတ်ယူစားသောက်နိုင်မည် ဖြစ်၏။

ထိုသို့ဆိုလျှင် သူမက မောင်လေးအနားတွင် မရှိလျှင်တောင်မှ မောင်လေးအနေဖြင့် နေ့စဉ် သူမ ချက်ပြုတ်ထားသော ထမင်းဟင်းများကို စားသောက်နိုင်မည် ဖြစ်သည်။

ရန်မေအတွက်တော့ ဤသည်က သူမကို အတိုင်းမသိ ပျော်ရွှင်စေသော အရာပင်။

သို့သော် သူမ မသိလိုက်သည်က တစ်စုံတစ်ယောက်သည် သူမကို ကျောချမ်းစေမည့် ညပိုင်း သုံးပွင့်ဆိုင် တိုက်ပွဲကြီးကို လျှို့ဝှက်ကြံစည်နေပြီ ဆိုတာကိုပင်။

နေ့လယ်စာက အလွန် စုံလင်လှပြီး တုံယန်လည်း အိမ်ပြန်လာကာ ဝင်စားသည်။

တုံယန်က သတင်းရထားပုံပေါ်ပြီး လင်းယွမ် ခရီးဝေးထွက်ရမည်ကို သိထားသောကြောင့် အိမ်တွင် လင်းယွမ်ကို အဝကြည့်ထားချင်သည့် ဆန္ဒများကို မထိန်းချုပ်နိုင်ခဲ့ချေ။

ထမင်းစားနေရင်း တုံယန်က မနေနိုင်ဘဲ မေးလိုက်သည် "အစ်ကိုလင်း... ဒီတစ်ခေါက် သွားတာ ကျွန်မကို ဘာလို့ မခေါ်တာလဲ"

လင်းယွမ်က ပြုံးရင်း "ထိုက်ယန်တောင်မှာ နင်လုပ်ရမယ့် တာဝန်တွေက သိပ်မလွယ်ဘူးလေ... ငါ ပြန်လာရင် ကြီးကြပ်ရေးအဖွဲ့ တစ်ခု ဖွဲ့စည်းရမယ်... ငါပြန်ရောက်ရင် ဒီရက်ပိုင်းအတွင်း နင် စုံစမ်းထားတဲ့ ရလဒ်တွေကို မြင်ချင်တယ်"

"နင်သာ သေချာလေး လုပ်နိုင်မယ်ဆိုရင် အဲဒီအချိန်ကျရင် ဒီကြီးကြပ်ရေးအဖွဲ့ ကို ဦးစီးဖို့ နင့်ကို တာဝန်ပေးမယ်"

တုံယန်တစ်ယောက် ကြက်သေ သေသွားပြီး ချက်ချင်းပင် အံ့သြဝမ်းသာသွားသော အမူအရာဖြင့် "ဟင်... တကယ်လား... တကယ်ပြောနေတာလား"

လင်းယွမ်က ပြုံးရွှင်စွာဖြင့် "တကယ်ပေါ့"

ဆုန့်ဝမ်နှင့် ရန်မေတို့ကလည်း စူးစမ်းချင်စိတ်များ ဖြစ်ပေါ်လာကာ မည်သည့် ကြီးကြပ်ရေးအဖွဲ့ လဲ ဟု ဝိုင်းဝန်းမေးမြန်းကြတော့သည်။

လင်းယွမ်က ကြီးကြပ်ရေးအဖွဲ့ ၏ လုပ်ငန်းတာဝန်များကို အကြမ်းဖျင်း ရှင်းပြလိုက်၏။

သူတို့နှစ်ဦး၏ မျက်နှာထားက ချက်ချင်း တည်တင်းသွားပြီး ဆုန့်ဝမ်က ခေါင်းညိတ်ကာ ဝေဖန်လိုက်သည် "ဒီလို ကြီးကြပ်ဖို့ကတော့ တကယ်ကို လိုအပ်တဲ့ အရာပဲ... တကယ်တော့ ခုတစ်လော စိုက်ခင်းထဲက အဒေါ်ကြီးတချို့က နည်းနည်းလေး စည်းကမ်းလျော့ရဲလာပြီး ထိန်းရခက်လာတဲ့ ပုံစံမျိုးတွေ ရှိနေတာကို ကျွန်မ သတိထားမိတယ်"

ထိုစကားကို ကြားလိုက်ရသောအခါ လင်းယွမ်က မျက်ခုံးပင့်လိုက်ရင်း မေးလိုက်သည် "ဘာတွေ ဖြစ်နေလို့လဲ"

ဆုန့်ဝမ်က သက်ပြင်းချရင်း "စိုက်ခင်းထဲက ဝန်ထမ်းတချို့က တစ်ခါတလေ ဟင်းသီးဟင်းရွက် တချို့ကို အလွယ်တကူ ခူးသွားတတ်ကြတယ်... အရေအတွက် မများပေမယ့် ဒါက စည်းကမ်းဖောက်ဖျက်တာပဲလေ"

"ဒါပေမယ့် စိုက်ခင်း ဝန်ထမ်း အများစုက အဘိုးကြီး အဘွားကြီးတွေ ဖြစ်နေတော့ သူတို့က မွေးရာပါ အိမ်ပြန်သယ်ချင်တဲ့ အကျင့်လေးတွေ ရှိတတ်ကြတယ်လေ... ကျွန်မလည်း မျက်နှာပူပူနဲ့ မပြောရက်ဘူး ဖြစ်နေတာ"

"အခု အစ်ကိုက ကြီးကြပ်ရေးအဖွဲ့ ဖွဲ့မယ်ဆိုတော့ တကယ်ကောင်းတယ်လို့ ထင်တယ်... ဒီဌာနနဲ့ မသက်ဆိုင်တဲ့ ပြင်ပလူတစ်ယောက်ကို ရှာပြီး ဒီကိစ္စကို တာဝန်ပေးလိုက်တာက လူမုန်းများနိုင်ပေမယ့် တစ်ခုလုံးဖြစ်တဲ့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို စီမံအုပ်ချုပ်တဲ့ နေရာမှာ အများကြီး အကျိုးရှိစေမှာ အသေအချာပဲ"

လင်းယွမ်က နားထောင်ပြီးနောက် စိတ်ထဲတွင် အနည်းငယ် လေးလံသွားသည်၊ အဂတိလိုက်စားမှု၏ အစပျိုးမှုများက စတင်ပေါ်ပေါက်နေပြီ ဖြစ်၏။

ဆုန့်ဝမ်က ပေါ့ပေါ့ပါးပါး ပြောပြခဲ့သော်လည်း ဝန်ထမ်းများက ဟင်းရွက်လေးများကို အလွယ်တကူ ခူးယူသွားခြင်းလောက်သာ ဖြစ်သည်။

သို့သော် ထိုသို့သော အလေ့အထမျိုး စတင်ဖြစ်ပေါ်နေပြီဖြစ်ရာ ယနေ့တွင် ဟင်းရွက်လေး နည်းနည်းဖြစ်သော်လည်း နောင်တစ်ချိန် မိန်တောင် စိုက်ခင်းများတွင် အထွက်တိုးလာပြီး စပါးကျီများ တည်ဆောက်လာခဲ့လျှင် သူတို့က အလွယ်တကူ စားနပ်ရိက္ခာများကို ယူဆောင်သွားကြမည် မဟုတ်လော။

သူ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေသည့် ကိစ္စက အမှန်တကယ်ကို မှားယွင်းမှု မရှိခဲ့ကြောင်း ထင်ရှားနေပေသည်။

ဘေးတွင်ရှိနေသော ရန်မေကလည်း မနေနိုင်ဘဲ ပြောလာသည် "တကယ်တော့ ဈေးဝယ်စင်တာဘက်မှာလည်း အဲဒီလို အရိပ်အယောင်လေးတွေ ရှိနေတယ်... အမက အဲဒါကို မဖြေရှင်းရသေးဘူး"

"ဟိုတစ်လောက အမ ပစ္စည်းတွေ စစ်တော့ ထုပ်ပိုးမထားတဲ့ ဆန်တွေ၊ ဂျုံမှုန့်တွေရဲ့ စာရင်းက နည်းနည်း လွဲနေတာကို တွေ့ရတယ်... ရောင်းရတဲ့ ပမာဏနဲ့ ခင်းကျင်းထားတဲ့ အလေးချိန်က ကွာဟနေတယ်... ဝန်ထမ်းတချို့က ဆန်နဲ့ ဂျုံမှုန့် နည်းနည်းပါးပါးကို ခိုးယူသွားတာ ဖြစ်နိုင်တယ်"

"သိပ်အများကြီး မဟုတ်ပေမယ့် ဒီလိုကိစ္စမျိုးတွေ တကယ်ရှိနေနိုင်တယ်... အမက အချိန်ရရင် သေချာလေး စစ်ဆေးကြည့်ဖို့ အမြဲ တွေးနေခဲ့ပေမယ့် အချိန်က မရဖြစ်နေတာ"

"စည်းကမ်းပိုင်းကို ခဏခဏ အလေးအနက်ထား ပြောပြခဲ့ပေမယ့် ဒီလို အစပျိုးမှုတွေကိုတော့ မတားဆီးနိုင်သေးဘူး... မောင်လေးရဲ့ ဒီကြီးကြပ်ရေးအဖွဲ့ က တကယ်ကို လိုအပ်တယ်လို့ အမ ထင်တယ်"

ရန်မေ၏ စကားကို ကြားပြီးနောက် လင်းယွမ်၏ မျက်မှောင်များက ပို၍ ကျုံ့သွားတော့သည်။

သူက လေးနက်သော အသံဖြင့် ပြောလိုက်သည် "ဈေးဝယ်စင်တာနဲ့ စိုက်ခင်းမှာ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ရတော့မယ်ထင်တယ်"

"ဒီလို ကိုယ့်အလုပ်ကနေ ပြန်ခိုးတဲ့ ကိစ္စမျိုးကို လုံးဝ လွှတ်ထားလို့ မရဘူး... ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ကလည်း အရေးတကြီး လိုအပ်နေပြီ"

လင်းယွမ်က ခဏစဉ်းစားလိုက်ပြီး တုံယန်ကို ကြည့်ကာ ပြောလိုက်သည် "ယန်ယန်... ခုနက နင့်ရဲ့ အမမေနဲ့ အမဝမ်တို့ ပြောသွားတဲ့ စကားတွေကို နင် ကြားတယ်မလား"

"ဒီကိစ္စက အရမ်း အရေးကြီးတယ်... အခု ငါ နင့်ကို တာဝန်ပေးလိုက်မယ်... နင် သေချာ လုပ်နိုင်ပါ့မလား"

တုံယန်၏ မျက်နှာထားက အနည်းငယ် လေးနက်သွားပြီး စိုးရိမ်တကြီးဖြင့် "အစ်ကိုလင်း... ကျွန်မ သေချာ မလုပ်နိုင်မှာ စိုးရိမ်တယ်"

လင်းယွမ်က ပြုံးလိုက်ရင်း "ကိစ္စမရှိပါဘူး... နင့်ကို ကူညီဖို့ လူတစ်ယောက် ရှာပေးမယ်"

တုံယန်က အံ့သြသွားကာ ကမန်းကတမ်း မေးလိုက်သည် "ဘယ်သူလဲဟင်"

ဆုန့်ဝမ်ကလည်း လင်းယွမ်ကို မနေနိုင်ဘဲ လှမ်းကြည့်လိုက်ရင်း သံသယဖြင့် မေးလိုက်သည် "ဟုတ်တယ်လေ... ဒီလို အရေးကြီးတဲ့ ကိစ္စကို ဘယ်သူက သေချာ လုပ်နိုင်မှာလဲ"

ရန်မေက နှုတ်ခမ်းလေးကို ကိုက်ထားလိုက်သည်၊ သူ ဘယ်သူ့ကို ရှာထားသလဲဆိုတာကို သူမ စောစောကတည်းက သိထားပြီးဖြစ်၏။

"ကျွမ်းရှုယွမ်"

လင်းယွမ်က ထိုအမည်ကို ပြောလိုက်သည်နှင့် ဆုန့်ဝမ်၏ မျက်ခုံးများက ချက်ချင်း ပင့်တက်သွားပြီး ရင်ထဲတွင် အန္တရာယ် တစ်ခုခုကို ခံစားလိုက်ရသည်။

သူမက မသိစိတ်မှ ရန်မေကို လှမ်းကြည့်လိုက်သည်၊ သူမ စိတ်ထဲတွင် ရန်မေကသာ မယားကြီး ဖြစ်၏။

လင်းယွမ်က ထိုကဲ့သို့ အထက်တန်းလွှာ ဆန်လှသော အမျိုးသမီးတစ်ဦး၏ နာမည်ကို ထုတ်ပြောလိုက်သဖြင့် ရန်မေ တစ်ခုခု ပြောသင့်သည် မဟုတ်လော။

ရန်မေ စကားစမှသာ သူမက ဝင်ပြောရ အဆင်ပြေမည် ဖြစ်သည်။

သို့သော် သူမ ထင်မှတ်မထားသည်က ရန်မေက မည်သည့်စကားမှ မပြောဘဲ တည်ငြိမ်သော မျက်နှာထားဖြင့် ဟင်းများကိုသာ စားနေခြင်းပင်။

ဆုန့်ဝမ်မှာ အတော်လေး စိတ်ပူသွားကာ ရန်မေကို မကြာခဏ မျက်ရိပ်ပြနေတော့သည်။

ရန်မေက သဘာဝကျစွာ မြင်တွေ့လိုက်ရပြီး မတတ်သာသည့်အဆုံး ပြုံးလိုက်ရင်း "ကဲပါ ဝမ်ဝမ်ရယ်... ဒီကိစ္စကို မောင်လေးက အမကို စောစောကတည်းက ပြောပြထားပြီးသားပါ"

ဆုန့်ဝမ်တစ်ယောက် အံ့သြမှင်တက်သွားကာ "ဟင်... အမမေ... အဲဒီမိန်းမက သာမန်လူ မဟုတ်ဘူးနော်... အစ်ကိုလင်းကို ဘာလို့ မတားတာလဲ"

လင်းယွမ်တစ်ယောက် ငိုရမလို ရယ်ရမလို ဖြစ်သွားပြီး "ဟေး ဝမ်ဝမ်... နင် ဘာတွေ ပြောနေတာလဲ... ငါက ယန်ယန်ကို ဖိအားတွေ လျော့သွားအောင် ကူညီပေးရုံတင်ပါ... နင့် ပါးစပ်ထဲကျမှ ငါကပဲ ကျွမ်းရှုယွမ်နဲ့ တစ်ခုခု ဖြစ်တော့မလို ဖြစ်နေပြီ"

ဆုန့်ဝမ်က မျက်မှောင်ကြုတ်ရင်း "အစ်ကိုလင်း... ကျွန်မ အစ်ကို့ကို မယုံတာ မဟုတ်ပါဘူး... အဲဒီမိန်းမက... အင်း... ဘယ်လို ပြောရမလဲ... တကယ်တော့ ဟိုအရင် အဲဒီမိန်းမ စိုက်ခင်းမှာ အလုပ်လုပ်နေတုန်းက သူက အေးဆေးတဲ့သူ မဟုတ်ဘူးဆိုတာကို ကျွန်မ ရိပ်မိခဲ့တယ်"

"အစ်ကို စိုက်ခင်းထဲမှာ ကျွန်မနဲ့ အဒေါ်ကြီးလီကို လာရှာတိုင်း သူက နည်းလမ်းပေါင်းစုံ သုံးပြီး အစ်ကို့အနား ကပ်ဖို့ ကြိုးစားနေတာ... သူ့မှာ မရိုးသားတဲ့ အကြံအစည်တွေ ရှိနေတယ်ဆိုတာကို ကျွန်မ စောစောကတည်းက ရိပ်မိခဲ့တာ"

"အခု အစ်ကိုက သူ့ကို ယန်ယန်နဲ့အတူ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ဖို့တောင် ခိုင်းနေသေးတယ်ဆိုတော့ ကျွန်မက ဘယ်လိုလုပ် စိတ်ချနိုင်မှာလဲ"

လင်းယွမ်တစ်ယောက် အံ့သြသွားကာ အတိတ်ကို ပြန်လည် စဉ်းစားကြည့်လိုက်ရာ ဆုန့်ဝမ် ပြောသကဲ့သို့ အမှန်ပင် ဖြစ်နေသယောင် ရှိသည်။

ယခင်က သူ စိုက်ခင်း အလုပ်များကို စစ်ဆေးရန် သွားရောက်ချိန်များတွင် ကျွမ်းရှုယွမ်သည် စိုက်ခင်း၌ အလုပ်လုပ်နေစဉ်အတွင်း သူ့အနားသို့ သိသိသာသာရော မသိမသာပါ ချဉ်းကပ်လာလေ့ ရှိသည်မှာ အမှန်ပင်။

ဒီလှပတဲ့ အထက်တန်းလွှာ အမျိုးသမီးက သူ့ကို စောစောကတည်းက မျက်စိကျနေခဲ့တာပဲ။

သူက ငိုရမလို ရယ်ရမလို ဖြစ်သွားပြီး ခေါင်းကို အသာအယာ ခါယမ်းလိုက်ကာ "စိတ်ချပါ... ငါ နင်တို့ကို ကတိပေးပါတယ်... သူ့ကို ငါတို့အိမ်ပေါက်ဝတောင် အရောက်ခံမှာ မဟုတ်ပါဘူး"

ဆုန့်ဝမ်က ထိုစကားကို ကြားသောအခါမှ တင်းကျပ်နေသော မျက်မှောင်များ ပြေလျော့သွားကာ ဝမ်းသာအားရ အပြုံးဖြင့် "အစ်ကို ပြောတဲ့အတိုင်းနော်"

လင်းယွမ်က ပြုံးရင်း "ကိုယ် ပြောတဲ့အတိုင်းပါ"

ဆုန့်ဝမ်က အလွန် ဝမ်းသာသွားကာ ပြွတ်ခနဲ မြည်အောင် မွှေးကြိုင်သော အနမ်းတစ်ပွင့် ပေးလိုက်သည်။

ထမင်းစားပွဲမှ လူအားလုံးကလည်း တစ်ခစ်ခစ် ရယ်မောလိုက်ကြ၏။

နေ့လယ်စာ စားပြီးနောက် မိသားစုဝင် အားလုံးက အပြင်မထွက်ကြတော့ဘဲ အိမ်တွင်သာ တီဗီ ကြည့်ရန် ရွေးချယ်လိုက်ကြသည်။

လင်းယွမ်က ဆိုဖာအလယ်တွင် ထိုင်နေပြီး ရန်မေက သူ၏ ဘယ်ဘက်၊ ဆုန့်ဝမ်က သူ၏ ညာဘက်တွင် မှီထိုင်နေကြ၏။

တုံယန်ကတော့ သမီးလိမ္မာလေး တစ်ယောက်လို ကော်ဇောပေါ်တွင် ထိုင်ကာ တစ်ခါတစ်ရံ လက်ဖက်ရည် ငှဲ့ပေးလိုက်၊ တစ်ခါတစ်ရံ လိမ္မော်သီး အခွံနွှာပေးလိုက်နှင့် အလုပ်ရှုပ်နေသည်။

လိမ္မော်သီးဆိုသော သစ်သီးမျိုးသည် လင်းယွမ် ကံစမ်းမဲနှိုက်ထားသည့် သစ်သီးလက်ဆောင်ထုပ်ထဲမှ ဖြစ်ပြီး တုံယန်က အလွန် နှစ်သက်စွာ စားလေ့ရှိသည်။

သူမက ကော်ဇောပေါ်တွင် ထိုင်ရင်း တီဗီထဲမှ ရယ်စရာကောင်းသော အခန်းများကို မြင်ရသောအခါ မနေနိုင်ဘဲ ခစ်ခစ်ခစ် ဟု အော်ရယ်ကာ ခန္ဓာကိုယ် နောက်သို့ လန်သွားပြီး လင်းယွမ်၏ ပေါင်ပေါ်သို့ မှီကျသွားတတ်သည်။

လင်းယွမ်ကတော့ မိန်းမလှလေးများ၏ ဝန်းရံမှုအောက်တွင် ပျော်ရွှင်ကြည်နူးစွာ စံစားနေလေ၏။

ညနေစောင်းအချိန်သို့ ရောက်သောအခါ တင်းယန်လည်း ပြန်ရောက်လာသည်။

အိမ်ထဲသို့ ဝင်ဝင်ချင်းပင် ဆိုဖာပေါ်တွင် ရန်မေနှင့် ဆုန့်ဝမ်တို့ နှစ်ဦးစလုံး လင်းယွမ်၏ အနားတွင် မှီကာ အိပ်ပျော်နေကြသည်ကို မြင်လိုက်ရသည်။

တုံယန်ကလည်း လက်ဖက်ရည်စားပွဲပေါ်တွင် မှောက်လျက် အိပ်မောကျနေပြီး ကလေးတစ်ယောက်လို ဖောင်းမို့နေသည့် လှပသော ပါးပြင်လေးပေါ်တွင် မိန်းမပျိုလေး တစ်ယောက်၏ ပန်းသွေးရောင်လေးများ သန်းနေ၏။

လင်းယွမ်ကလည်း မျက်စိမှိတ်ကာ အနားယူနေပြီး လှုပ်ရှားသံ ကြားသောအခါ သူ မျက်လုံးဖွင့်ကြည့်လိုက်ကာ သူမကို မျက်စိမှိတ်ပြလိုက်သည်။

တင်းယန်၏ မျက်နှာပေါ်တွင် အလိုအလျောက် အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။

သူမသည် အေးစက်စက် အလှပိုင်ရှင်အဖြစ် နာမည်ကြီးပြီး အပြင်ဘက်တွင် အခြားသူများကို ပြုံးပြလေ့ သိပ်မရှိဘဲ အများအားဖြင့် တည်တည်တံ့တံ့သာ နေလေ့ရှိသည်။

ဒီအိမ်လေးကို ပြန်ရောက်လာတဲ့ အချိန်မှာမှ သူမဆီတွင် နူးညံ့သည့် အပြုံးလေးတွေ ရှိလာတတ်ခြင်း ဖြစ်သည်။

သူမ၏ ရှက်သွေးဖြာကာ ချွဲနွဲ့တတ်သော အမူအရာများကတော့ လင်းယွမ်၏ ရှေ့တွင်သာ ရှိတတ်၏။

သူမ၏ စိတ်နှလုံးထဲတွင် တကယ်တော့ အထီးကျန်နေခဲ့ပြီး လူအများစုထဲတွင် သူမ တစ်ယောက်တည်းသာ အဆိုးရွားဆုံး အတွေ့အကြုံများကို ဖြတ်သန်းခဲ့ရသူ ဖြစ်သည်။

သို့သော် သူမသည် မီးထဲမှ ရုန်းထွက်လာနိုင်ခဲ့ပြီး ဆိုးရွားလှသော အခက်အခဲများထဲမှ ရုန်းထွက်ကာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ခဲ့သဖြင့် သူမ၏ စိတ်နေသဘောထား မည်မျှ ကြံ့ခိုင်သည်ကို မြင်တွေ့နိုင်ပေသည်။

သို့ရာတွင် သူမ၏ ရင်တွင်းအနက်ရှိုင်းဆုံး နေရာ၌ ဤကဲ့သို့ နွေးထွေးသော မိသားစု ပတ်ဝန်းကျင်မျိုးကို တောင့်တနေခဲ့မိသည်။

သူမက သဝန်မတိုခဲ့ဘဲ အခန်းတံခါးကို ဖွဖွလေး ပိတ်လိုက်ကာ မီးဖိုချောင်ဘက်သို့ လက်ညှိုးထိုးပြရင်း သူမ ဟင်းသွားချက်မည်ဟု အချက်ပြလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ရင်း ခန္ဓာကိုယ်ကို အသာအယာ လှုပ်ရှားလိုက်သည်။

ချက်ချင်းပင် ရန်မေနှင့် ဆုန့်ဝမ်တို့ နိုးလာကြ၏။

တင်းယန် ပြန်လာသည်ကို မြင်သောအခါ မိန်းကလေး နှစ်ဦးစလုံး အပြုံးများ ပေါ်လာကြသည်။

ဆုန့်ဝမ်က တိုးတိုးလေး မေးလိုက်သည် "အမတင်း... ပြန်ရောက်ပြီလား"

တင်းယန်က အင်း ဟု ညည်းလိုက်ရင်း "နိုးသွားကြပြီလား... အမ ဟင်းသွားချက်လိုက်ဦးမယ်"

ရန်မေက ပြုံးရင်း "အမပဲ သွားလိုက်ပါ့မယ်... ညီမလည်း တစ်နေကုန် ပင်ပန်းလာတာပဲ ရေသွားချိုးလိုက်ပါဦး"

တင်းယန်က ပြုံးလိုက်ပြီး ရန်မေကို မငြင်းဆန်တော့ပေ၊ သူမ၏ ဟင်းချက်လက်ရာက တကယ်ကို ရန်မေလောက် မကောင်းပေ။

ထို့ကြောင့် ချက်ချင်းပင် အခန်းထဲသို့ ဝင်သွားကာ ချောင်ချောင်ချိချိ အဝတ်အစား တစ်စုံကို ရှာဖွေပြီး ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။

လင်းယွမ်လည်း မတ်တတ်ရပ်လိုက်ပြီး ဟောက်ကာ အိပ်မောကျနေဆဲဖြစ်သော တုံယန်ကို ကြည့်ရင်း ရယ်မောလိုက်သည် "ဒီကောင်မလေး အိပ်မက်တွေပါ မက်နေတဲ့ပုံပဲ"

ဆုန့်ဝမ်က အားကျစွာဖြင့် ပြောလိုက်သည် "အင်းလေ... ယန်ယန်က အသက် ငယ်သေးတာကိုး... ကလေးပဲ ရှိသေးတာပေါ့"

လင်းယွမ်က လက်လှမ်းလိုက်ကာ ထိုကောင်မလေးကို အသာအယာ ပွေ့ချီလိုက်ရင်း "သူ့ကို အခန်းထဲ ပြန်ပို့လိုက်ဦးမယ်"

"အင်း... ကျွန်မ အမမေကို ဟင်းသွားကူချက်လိုက်ဦးမယ်" ဆုန့်ဝမ်က ခေါင်းညိတ်ကာ မီးဖိုချောင်ထဲသို့ ဝင်သွား၏။

လင်းယွမ်က တုံယန်ကို အခန်းထဲသို့ ပြန်ပို့ပေးပြီး ကုတင်ပေါ်တွင် အသာအယာ ချပေးလိုက်သည်။

အပေါ်သို့ ပြန်ထတော့မည့်အချိန်တွင် မမျှော်လင့်ဘဲ တုံယန်က သူ၏ လည်ပင်းကို ရုတ်တရက် လှမ်းဖက်လိုက်သည်။

လင်းယွမ်၏ ခွန်အားဖြင့်ဆိုလျှင် ခန္ဓာကိုယ်ကို အလွယ်တကူ ထိန်းထားနိုင်သည်မှာ သဘာဝပင်။

သို့သော် တုံယန်က ခွန်အားစိုက်ထုတ်နေပုံရသည်ကို သူ အသိအသာ ခံစားလိုက်ရသည်။

ထို့ကြောင့် ချက်ချင်းပင် သူမ ဆွဲချသည့်အတိုင်း ခန္ဓာကိုယ်ကို အလိုက်သင့် လွှတ်ပေးလိုက်၏။

နောက်တစ်စက္ကန့်တွင် သူသည် နူးညံ့ကာ မွှေးပျံ့သော အရာတစ်ခု၏ ရစ်ပတ်မှုကို ခံလိုက်ရတော့သည်။

မိန်းမပျိုလေး၏ ကိုယ်သင်းနံ့လေးက အလွန် ဆွဲဆောင်မှု ရှိလှပြီး ချိုမြိန်သော ရနံ့သင်းသင်းလေး ပါဝင်နေ၏။

သူမ၏ အသားအရေက ကြက်ဥလေးလို ဖြူဖွေးနေပြီး ပိုးသားလေးလို ချောမွေ့နေသည်။

သူမ၏ တိုးတိုးလေး ရေရွတ်သံကိုသာ ကြားလိုက်ရသည် "အစ်ကိုလင်း... ကျွန်မ ကလေး မဟုတ်တော့ဘူးနော်"

သူမ မျက်လုံးမဖွင့်သေးသော်လည်း ပါးပြင်လေးများက ထူးဆန်းစွာ နီရဲလာခဲ့ပြီ ဖြစ်သည်။

လင်းယွမ်က သူမ၏ ဖောင်းကြွနေသော ရင်အုပ်ကို မှီထားရင်း သူမ၏ မြန်ဆန်နေသော နှလုံးခုန်သံများကို ကြားနေရ၏။

သူမက အိပ်ချင်ယောင် ဆောင်နေခြင်း ဖြစ်သည်။

အိပ်မက်ထဲတွင် ယောင်ယမ်းပြောဆိုနေသည်နှင့် တူသော်လည်း တကယ်တမ်းတွင် သူမက ဤအခွင့်အရေးကို အသုံးချကာ ဖွင့်ဟဝန်ခံနေခြင်း ဖြစ်၏။

လင်းယွမ်၏ စိတ်ထဲတွင် အလိုလိုက်ချင်စိတ်များ ဖြစ်ပေါ်လာကာ သူမ ဖက်ထားသည်ကို ငြိမ်ခံနေလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည် "လိမ္မာပါတယ်... အစ်ကိုလင်း သိပါပြီ... အစ်ကိုလင်း ရင်ထဲမှာလည်း နင့်ကို သဘောကျပါတယ်"

သူက တုံယန်၏ ပါးပြင်လေးကို ဖွဖွလေး ပွတ်သပ်ရင်း နူးညံ့စွာ ပြောလိုက်သည်။

တုံယန်၏ မျက်နှာလေးမှာ ရှက်သွေးဖြာသွားသော်လည်း ရမ္မက်စိတ်များ မရှိဘဲ ပြောမပြတတ်အောင် နွေးထွေးမှုနှင့် တွယ်တာမှုတို့သာ ရှိနေခဲ့သည်။

သူမက မသိစိတ်မှပင် ပါးပြင်လေးဖြင့် ထိုလက်ဖဝါးကြီးကို ဖွဖွလေး ပွတ်သပ်ရင်း သူ၏ အငွေ့အသက်ကို ခံစားနေမိ၏။

ဤသည်မှာ သူမနှင့် အစ်ကိုလင်းတို့ အနီးကပ်ဆုံး ရှိနေခဲ့ခြင်းဖြစ်ပြီး သူမ အရဲရင့်ဆုံး အကြိမ်လည်း ဖြစ်ပေသည်။

လင်းယွမ်က သူမ၏ လက်လေးကို အသာအယာ ဖယ်ရှားလိုက်ကာ စောင်သေချာ ခြုံပေးလိုက်ပြီး တစ်ချက် တွေးလိုက်ပြီးနောက် သူမ၏ ကလေးတစ်ယောက်လို ဖောင်းမို့နေသည့် ပါးပြင်လေးကို တစ်ချက် နမ်းလိုက်သည်။

ထို့နောက် ရယ်မောလိုက်ကာ မတ်တတ်ရပ်ပြီး အခန်းတံခါးကို ပိတ်၍ ထွက်လာခဲ့တော့သည်။

အခန်းထဲတွင် ကုတင်ဘေး စားပွဲခုံပေါ်မှ မီးအိမ်လေးက မှိန်ပျပျ အလင်းရောင်လေးကို ထုတ်လွှတ်နေ၏။

ကုတင်ပေါ်တွင်တော့ တုံယန်က တောက်ပသော မျက်လုံးလေးများကို ဖွင့်ကြည့်လိုက်သည်။

သူမ၏ မျက်လုံးများထဲတွင် ရှက်ရွံ့မှု၊ အံ့သြဝမ်းသာမှုနှင့် နောင်တရမှုတို့ ရှိနေခဲ့၏။

"အစ်ကိုလင်း ငါ့ကို နမ်းသွားတယ်... အို... သူ့ရင်ထဲမှာလည်း ငါ ရှိနေတာပဲ"

တုံယန်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် စောင်ပုံထဲတွင် လှိမ့်လိုက်ရင်း နောင်တရစွာဖြင့် "ဒီလိုမှန်းသိရင် ခုနက ငါအရင် စပြီး နမ်းလိုက်ပါတယ်"

ချက်ချင်းပင် တစ်စုံတစ်ရာကို သတိရသွားသကဲ့သို့ သူမ၏ လည်ဝိုင်းအင်္ကျီလည်ပင်းကို လက်ညှိုးဖြင့် ခိုး၍ ဆွဲဟလိုက်ကာ သူမ၏ ပြည့်ဖြိုးမှုများကို ကြည့်လိုက်သည်။

"နည်းနည်းတော့ ကြီးလာတယ် ထင်တာပဲ... ငါ အရွယ်ရောက်နေပြီဆိုတာကို သူ ခံစားမိလောက်မှာပါနော်"

တုံယန်က ပက်လက်လှန်ကြည့်နေရသည့် အရွယ်အစားက သိပ်အဆင်မပြေသလို ခံစားရသဖြင့် ကုတင်ပေါ်မှ ထိုင်လိုက်သည်။

ချက်ချင်းပင် ရင်ဘတ်၏ အကွေးအဝိုက်က တစ်ဆခန့် ကြီးသွားသဖြင့် သူမက ကျေနပ်စွာဖြင့် အင်္ကျီလည်ပင်းကို လွှတ်လိုက်ကာ ဟိဟိ ဟု ရယ်မောလိုက်တော့သည်။

——

ဤညသည် အိပ်မပျော်နိုင်သည့် ညတစ်ည ဖြစ်သည်မှာ သေချာနေပြီး ရန်မေက အလွန် တက်ကြွစွာ တုံ့ပြန်ခဲ့သော်လည်း နှမြောစရာကောင်းသည်မှာ သူမ၏ ခွန်အားများက မလုံလောက်ခဲ့ပေ။

လင်းယွမ်က သူမကို ဖက်ထားရင်း ကုတင်ပေါ်တွင် မကြာမီ ခရီးထွက်ရမည့် အကြောင်းများကို စကားစမြည် ပြောနေခဲ့သည်။

ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ လင်းယွမ်က ပြောလိုက်သည် "ဒါနဲ့... ဒီတစ်ခေါက် ခရီးထွက်ရင် လုယွီယန်ကိုပါ ခေါ်သွားချင်တယ်"

ရန်မေတစ်ယောက် ကြက်သေ သေသွားပြီး "ယွီယန်လား... သူ့ကို ခေါ်သွားပြီး ဘာလုပ်မလို့လဲ"

လင်းယွမ်က ပြုံးရင်း "ကျွန်တော် တစ်လောက သာမန်လူတွေ မျိုးရိုးဗီဇကို နိုးထစေနိုင်တဲ့ နည်းလမ်းတစ်ခုကို တွေးမိထားတယ်... အစွမ်းနိုးထလာနိုင်တဲ့ အခွင့်အရေးကို တိုးစေတာပေါ့"

"ဒါပေမယ့် လောလောဆယ် စမ်းသပ်ဆဲ အဆင့်ပဲ ရှိသေးတယ်... ဒီနည်းလမ်းက မပြည့်စုံသေးခင် ကျွန်တော် အပြင်ကို မပေါက်ကြားစေချင်သေးဘူးလေ... ဒါကြောင့် အဲဒီကောင်မလေး ယွီယန်ကို အရင် သင်ပေးချင်တာ"

"ကျွန်တော် အရင်က လိပ်ကျွန်းမှာ သူ့အဖေ လုတရုံနဲ့ ဆုံခဲ့ဖူးတယ်... အဲဒီတုန်းက သူက သူ့သမီးကို သေချာ စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့လို့ ကျွန်တော် ကတိပေးခဲ့တယ်လေ"

"ဒါပေမယ့် အမလည်း သိတဲ့အတိုင်းပဲ... ယွီယန်က ဆွံ့အနားမကြား ကလေးမလေးလေ... သူ့ကို အလုပ်ပေးထားပြီး ဝမ်းရေး ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့ပေမယ့် ကျွန်တော်တို့နဲ့ ဝေးသွားတာနဲ့ တစ်ပြိုင်နက် သူက ရှင်သန်နိုင်စွမ်းတွေ ဆုံးရှုံးသွားမှာပဲ"

"သူ့ကို အစွမ်းနိုးထလာအောင် လုပ်ပေးနိုင်ရင် ဒီလို ခေတ်ပျက်ကြီးမှာ ရှင်သန်နိုင်ဖို့ အကူအညီ ဖြစ်လာနိုင်တယ်"

ရန်မေလည်း ထိုစကားကို ကြားသောအခါ အတော်လေး စိတ်လှုပ်ရှားသွားပြီး "သြော်... ဒီလိုကိုး... ဒါဆိုရင် အမ ခဏနေကျရင် သူ့ဆီ သွားလိုက်မယ်"

"အခု အတော် မိုးချုပ်နေပြီ... မနက်ဖြန်မှ သွားရှာလိုက်ပါ... အရင် အိပ်ကြရအောင်"

ရန်မေက ခေါင်းညိတ်လိုက်ပြီး သူ၏ ရင်ခွင်ထဲသို့ မှီရင်း မေးလိုက်သည် "ဒီနည်းလမ်းကို ဘယ်လိုများ တွေးမိသွားတာလဲ"

"သန္ဓေပြောင်းအစွမ်း လက်နက်တွေထဲကနေ စဉ်းစားမိခဲ့တာ... ကျွန်တော် သေချာလေး ပြည့်စုံအောင် လုပ်ဖို့ ရည်ရွယ်ထားတယ်... တကယ်လို့ အောင်မြင်ခဲ့ရင် အဲဒီအချိန်ကျရင် ထိုက်ယန်တောင်က လူတိုင်းကို ဖြန့်ဝေပေးမယ်... အဲဒီအချိန်ကျရင် ထိုက်ယန်တောင်က သာမန်လူတွေထဲမှာ အစွမ်းနိုးထလာမယ့် အစွမ်းပိုင်ရှင်တွေ အများကြီး တိုးလာလိမ့်မယ်"

"အဲဒီအချိန်ကျမှသာ ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ အင်အားက အကြီးအကျယ် တိုးတက်လာမှာ"

ရန်မေက စိုးရိမ်တကြီးဖြင့် "အစွမ်းပိုင်ရှင်တွေ များလာရင် ပြဿနာတွေ ဖြစ်မလာနိုင်ဘူးလား"

လင်းယွမ်က ပြုံးရင်း "ကျွန်တော် ရှိနေသရွေ့ ပြဿနာ မဖြစ်စေရပါဘူး"

ဤသည်မှာ သူ၏ အစွမ်းအစအပေါ် သူကိုယ်တိုင် ယုံကြည်မှု ရှိနေခြင်းပင်။

ညဘက်တွင် ဟိုစောင့်ဒီစောင့် စောင့်နေခဲ့သော်လည်း နောက်ဆုံးတွင် ဆုန့်ဝမ်ဆိုသော ကောင်မလေး ရောက်လာသည်ကို မတွေ့ရပေ။

သေချာသည်ကတော့ သူမ၏ အရေက ပါးလွန်းနေပြီး အတော်လေး ရှက်နေသေးခြင်း ဖြစ်၏။

လင်းယွမ်လည်း ညသန်းခေါင်ကျော်တွင် ဆုန့်ဝမ်၏ အခန်းထဲသို့ သူကိုယ်တိုင် သွားရောက်ကာ ကောင်းကောင်းကြီး နှိပ်စက်လိုက်တော့သည်။

နောက်တစ်နေ့ နံနက်စောစောတွင် ရန်မေက အစောကြီး ထွက်သွားကာ လုယွီယန်ကို သွားရောက် အကြောင်းကြားခဲ့သည်။

တင်းယန်နှင့် ဆုန့်ဝမ်တို့ကတော့ လင်းယွမ်အတွက် အတူတကွ ခရီးဆောင်အိတ် ပြင်ဆင်ပေးနေကြ၏။

တကယ်တမ်းတွင်လည်း ပြင်ဆင်စရာ သိပ်မရှိလှပေ၊ လင်းယွမ်၏ ပစ္စည်းသိုလှောင်ခန်းထဲတွင် လိုအပ်တာ အကုန်ရှိနေသည်။

သို့သော် ဆုန့်ဝမ်က ဇနီးသည်လေး တစ်ယောက်လို နေချင်သောကြောင့် လင်းယွမ်အတွက် မျက်နှာသစ် ဆပ်ပြာစသည့် ပစ္စည်းများကို အတင်း ထည့်ပေးနေသည်။

အရာအားလုံး အဆင်သင့်ဖြစ်သွားသောအခါ သူတို့ အားလုံး ဖီးနစ်သင်္ဘောပေါ်သို့ အတူတကွ ရောက်ရှိလာကြသည်။

မနေ့က စာရင်းကောက်ထားသော ဝန်ထမ်းများ အားလုံး အဆင်သင့် ဖြစ်နေကြပြီဖြစ်ကာ ဝါးအိမ်ထဲသို့ ပြောင်းရွှေ့နေထိုင်နေကြပြီ ဖြစ်ပြီး အိပ်ဆောင်များနှင့် နေ့စဉ် ကင်းစောင့်ရမည့် အလုပ်တာဝန်များကိုလည်း ခွဲဝေချထားပြီး ဖြစ်သည်။

ဤအရာများကို တင်းယန်က တာဝန်ယူ စီစဉ်ပေးထားခြင်း ဖြစ်၏။

ဟန်ရှန်းမန်နှင့် အခြားသူများကတော့ အဖွဲ့ခေါင်းဆောင်များအဖြစ် ကိုယ်စီ တာဝန်ယူထားပြီး သုံးသုတ်ခွဲ၍ အလှည့်ကျ ကင်းလှည့်ကာ ဖီးနစ်သင်္ဘောပေါ်တွင် အမြဲတမ်း ကင်းစောင့်သူ ရှိနေစေရန် သေချာအောင် လုပ်ဆောင်ထားသည်။

လင်းယွမ် သင်္ဘောပေါ်သို့ တက်လာသည်နှင့် တပြိုင်နက် အာနီမဲဇာတ်ကောင်လေးလို လှပသည့် ကောင်မလေး လုယွီယန်က စိုးရိမ်တကြီး မျက်နှာထားဖြင့် လျှောက်လာသည်ကို မြင်လိုက်ရသည်။

ရန်မေက လုယွီယန်၏ ပခုံးလေးကို ဖွဖွလေး ပုတ်ကာ သူမ၏ စိတ်လှုပ်ရှားမှုများကို နှစ်သိမ့်ပေးလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် လုယွီယန်ကလည်း လင်းယွမ်ကို သိကျွမ်းပြီး အထူးသဖြင့် လင်းယွမ်က သူမအတွက် တရားမျှတအောင် ဆောင်ရွက်ပေးခဲ့ဖူးသောကြောင့် လင်းယွမ်အပေါ် အတော်လေး ယုံကြည်မှု ရှိကာ ခင်မင်ရင်းနှီးမှုလည်း ရှိပေသည်။

လင်းယွမ်က သင်္ဘောကပ္ပတိန် အခန်းတွင် နေထိုင်မည်ဖြစ်ပြီး ပင်မအဆောက်အအုံဘက်တွင် သွားမနေပေ။

လုယွီယန်ကိုလည်း သင်္ဘောကပ္ပတိန် အခန်းတွင် နေထိုင်ရန် စီစဉ်ပေးထားပြီး လင်းယွမ်၏ စားသောက်နေထိုင်မှုများကို ဂရုစိုက်ပေးရမည့် အစေခံကောင်မလေး တစ်ယောက်လို တာဝန်ယူရမည် ဖြစ်၏။

ရေပေါ်တံတား တစ်လျှောက်တွင် ခိုလှုံရေးစခန်းမှ နေထိုင်သူ အများအပြားက လာရောက် နှုတ်ဆက်ကြသည်။

တချို့ကတော့ ပွဲလာကြည့်ကြခြင်း ဖြစ်သည်။

လူအုပ်ထဲတွင် ကျုံးဆန်းက ကုန်းပတ်ပေါ်တွင် ရပ်နေကြသော ချန်ယန်း၊ မာကျီနှင့် နိချီတို့ သုံးယောက်ကို ကြည့်ရင်း မနေနိုင်ဘဲ လက်ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည် "မင်းတို့ ယန်ကွမ်းမြို့သစ်ကို ရောက်ရင် ရှောင်လင်ကို သတ်သွားတဲ့ တရားခံကို သေချာပေါက် ဖမ်းခဲ့ကြနော်"

ချန်ယန်းနှင့် နိချီတို့က သူ့ကို လက်ဝှေ့ယမ်းပြကာ သိပြီဟု အချက်ပြလိုက်သည်။

မာကျီကတော့ အော်ပြောလိုက်သည် "ဝတုတ်... မင်း စိတ်ချထားပါ... ငါ သူတို့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး"

ဝမ်ရှောင်ယာက ထူလုံ၏ ဘေးတွင် ရပ်နေရင်း စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေသလို စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည် "အစ်ကိုထူလုံ... ကျွန်မတို့ ဒီတစ်ခေါက် ထွက်သွားရင် အန္တရာယ် မရှိလောက်ပါဘူးနော်"

ထူလုံက ထီးကို သူမဘက်သို့ အနည်းငယ် ယိမ်းပေးလိုက်ရာ သူ၏ ကိုယ်တစ်ခြမ်းလုံး မိုးရေစိုသွားသော်လည်း ဂရုမစိုက်ဘဲ ပြုံးရင်း ပြောလိုက်သည် "ဒီတစ်ခေါက် ငါတို့ ဘယ်သူနဲ့ ထွက်လာတာလဲ ဆိုတာကိုလည်း နင် ကြည့်ဦးလေ"

"ဆရာလင်း ရှိနေမှတော့ နင် စိတ်ချလက်ချ နေလို့ရပါတယ်... သူလောက် ကြောက်စရာကောင်းတဲ့ အစွမ်းပိုင်ရှင်မျိုး ငါ မတွေ့ဖူးသေးဘူး"

ဝမ်ရှောင်ယာလည်း ချက်ချင်းပင် ခစ်ခနဲ ရယ်မောလိုက်တော့သည်။

ကုန်းပတ်ပေါ်တွင် လီချင်းဟွာနှင့် ကျိုးချင်းမင်တို့က လူအုပ်ထဲမှ လင်းဝမ်ကို လှမ်းကြည့်ကာ လက်ဝှေ့ယမ်းပြလိုက်ကြသည်။

ကျိုးချင်းမင်က "ပြန်တော့လေ... ငါတို့ကို စိတ်မပူနဲ့"

လီချင်းဟွာက ပြုံးလိုက်ပြီး ဘာမှမပြောဘဲ လက်ကိုသာ ဝှေ့ယမ်းပြလိုက်ကာ ကမ်းစပ်မှ လင်းဝမ်ကလည်း လက်ဝှေ့ယမ်း၍ နှုတ်ဆက်လိုက်၏။

ထိုကဲ့သို့သော မြင်ကွင်းမျိုး ဆိပ်ကမ်းတွင် ဖြစ်ပွားနေခဲ့သည်။

သင်္ဘောဥသြသံများ ထွက်ပေါ်လာသည်နှင့်အမျှ သင်္ဘောပေါ်တွင် တောင်တန်းပုံစံ အလံတစ်ခု ဖြည်းညင်းစွာ တက်လာခဲ့သည်။

လူအားလုံး၏ စောင့်ကြည့်မှုအောက်တွင် ဖီးနစ်သင်္ဘောက ဖြည်းညင်းစွာ စတင် ထွက်ခွာသွားတော့သည်။

လှိုင်းတံပိုးများ လိမ့်တက်နေသော ရေလွှမ်းမိုးမှုများကြားတွင် လေပြင်းမုန်တိုင်းများကို ရင်ဆိုင်ကာ ဆိပ်ကမ်းမှ ထွက်ခွာပြီး အဆုံးအစမထင်နိုင်အောင် ကျယ်ပြောလှသော ရေလွှမ်းမိုးနေသည့် ရေပြင်ကြီးထဲသို့ ခုတ်မောင်းသွားလေတော့သတည်း။

ဆက်ရန်...

အပိုင်း(၃၁၀) လုယွီယန်၏ ခန္ဓာကိုယ်အချိုးအစား

"ဝေါ... ဝေါ"

ရေလှိုင်းလုံးကြီးများက တစ်လုံးပြီးတစ်လုံး ရိုက်ခတ်လာကာ အနီရောင် ဖီးနစ် သင်္ဘောကြီးကို ဝင်တိုက်နေကြ၏။

ကောင်းကင်ယံထက်တွင် တိမ်မည်းကြီးများ ဖုံးလွှမ်းနေပြီး မိုးသီးမိုးပေါက်များက သိပ်သည်းစွာ ရွာသွန်းနေသည်။

လင်းယွမ်က ကောင်းကင်မှ ကျဆင်းနေသော မိုးရေများကို ကြည့်လိုက်ပြီး လေထုထဲမှ အအေးဓာတ်ကို ခံစားလိုက်ရချိန်တွင် သူ၏မျက်လုံးများထဲ၌ တည်ကြည်လေးနက်မှု တစ်ရပ် ဖြတ်ပြေးသွားခဲ့သည်။

အပူချိန်က ထပ်မံ ကျဆင်းသွားပြန်ပြီ ဖြစ်ကာ မိုးကလည်း တဖြည်းဖြည်း တိတ်စပြုလာသည်။

"ဒေါက်... ဒေါက်... ဒေါက်..."

တံခါးခေါက်သံ ထွက်ပေါ်လာသော်လည်း စကားပြောသံတော့ မကြားရပေ။

လင်းယွမ် တံခါးဝသို့ လှမ်းကြည့်လိုက်သောအခါ လုယွီယန်က ထမင်းဟင်းများ ကိုင်ဆောင်လျက် တံခါးဝတွင် ကျက်သရေရှိစွာ ရပ်နေသည်ကို တွေ့လိုက်ရ၏။

သူမက အမည်းရောင် ဂျေကေ စကတ်နှင့် အပေါ်ပိုင်းတွင် ရေတပ်သားဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို နှစ်ဖက်ခွဲချည်ထားကာ အသားအရေက ဖြူဝင်းနေသည်။

၎င်းမှာ ပုံမှန် အာနီမဲကောင်မလေးများ၏ ပြင်ဆင်ဝတ်ဆင်မှုမျိုး ပင်ဖြစ်သည်။

အဝတ်အစားများက လျှော်ဖွပ်လွန်းသဖြင့် အနည်းငယ် အရောင်လွင့်နေပြီ ဖြစ်သော်လည်း သူမ၏ အဝတ်အစားများ အားလုံးက ဤကဲ့သို့သော အာနီမဲစတိုင်မျိုးသာ ဖြစ်ဟန်တူသည်။

လင်းယွမ်က သူမကို ပြုံးပြပြီး လက်ယပ်ခေါ်ကာ အထဲဝင်လာရန် အချက်ပြလိုက်၏။

"နင် စားပြီးပြီလား" လင်းယွမ်က မေးလိုက်သည်။

လုယွီယန် နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ပြီး စကားနားလည်နိုင်ကြောင်း သူ သိထားသည်။

လုယွီယန်က သူမ စားပြီးပြီဖြစ်ကြောင်း အချက်ပြသည့်အနေဖြင့် ခေါင်းကို အမြန်ညိတ်ပြလိုက်၏။

ထို့နောက် လင်းယွမ်က အစားအသောက်ဗန်းကို လှမ်းယူကာ စတင်စားသောက်လိုက်ပြီး စားရင်းဖြင့် "အမမေက ငါ နင့်ကို တစ်ခုခု သင်ပေးမယ်ဆိုတဲ့အကြောင်း ပြောပြသေးလား"

လုယွီယန်က သိကြောင်းပြသရန် ထပ်မံ၍ ခေါင်းညိတ်ပြလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး "ဒါကို ငါ အပြည့်အဝ နားမလည်သေးဘူး... သာမန်လူ တစ်ယောက်ယောက်ရဲ့ အကူအညီ လိုအပ်နေတာ"

"ဒီအတောအတွင်း နင် နေ့တိုင်း ငါ့ဆီလာပြီး နင့်ရဲ့ခန္ဓာကိုယ်ကို သွေးလှည့်ပတ်ပေးရင် ရပြီ"

"ကျန်တဲ့အချိန်တွေမှာ ငါ့အတွက် ရေနွေးကြမ်းတွေ အစားအသောက်တွေ အမြဲတမ်း လာပို့ပေးနေစရာ မလိုပါဘူး"

လုယွီယန်က အမြန် ခေါင်းယမ်းလိုက်ပြီးနောက် လက်ဟန်ခြေဟန်ဖြင့် တစ်စုံတစ်ရာကို ပြသလိုက်၏။

လင်းယွမ် အကြမ်းဖျင်း နားလည်လိုက်သည်မှာ သူမက ရန်မေက သူ့ကို သေချာဂရုစိုက်ရန် မှာကြားထားကြောင်း ပြောခြင်းဖြစ်မည်။

လင်းယွမ်၏ စိတ်ထဲတွင် မဆိုင်းမတွပင် ကြည်နူးသွားရပြီး ဘာမျှ ထပ်မပြောတော့ဘဲ သူမကို ကြည့်ကာ ပြုံးသာပြလိုက်သည်။

ထမင်းဟင်းများကို အလျင်အမြန် စားသောက်ပြီးနောက် လင်းယွမ်က ပန်းကန်နှင့် တူများကို ချထားလိုက်ကာ သူမကို လက်ယပ်ခေါ်လိုက်၏။

"ငါ အရင်ဆုံး နင့်ရဲ့ ကြွက်သားတွေနဲ့ အရိုးအဆစ်တွေကို စစ်ဆေးဖို့လိုတယ်"

သွေးလည်ပတ်ရာတွင် ကြွက်သားများ သန်စွမ်းလေ သွေးသားစွမ်းအင် ပိုမို အားကောင်းလေဖြစ်ပြီး လှုံ့ဆော်လမ်းညွှန်ရန် ပိုမိုလွယ်ကူလေ ဖြစ်သည်။

လုယွီယန်သည် ပိန်ပါးသွယ်လျကာ သွေးသားစွမ်းအင် အားကောင်းမည့်ပုံ မပေါ်သဖြင့် လင်းယွမ်အနေဖြင့် သူမ၏ သွေးသားစွမ်းအင် အခြေအနေကို စမ်းသပ်ကြည့်ရန် လိုအပ်သည်။

လုယွီယန်က ဘာလုပ်ရမှန်းမသိဘဲ အနားသို့ အနည်းငယ် တိုးကပ်လာခဲ့ရာ လင်းယွမ်က သူမ၏ လက်မောင်းများ၊ ပခုံးများနှင့် ကျောပြင်စသည့် နေရာများကို ဖိနှိပ်စမ်းသပ်ကာ ကြွက်သား ဖွဲ့စည်းပုံကို စစ်ဆေးလိုက်၏။

သူမ၏ ကျောပြင်ကို ဖိနှိပ်မိချိန်တွင် လင်းယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူမ၏ ကျောပြင်က ခန္ဓာကိုယ် အရွယ်အစားနှင့် မလိုက်ဖက်လောက်အောင် သိသိသာသာ ကျယ်ပြန့်တုတ်ခိုင်နေကြောင်း သတိထားမိလိုက်သည်။

လင်းယွမ်က ထူးဆန်းသည်ဟု တွေးလိုက်မိကာ "နင့်ရဲ့ ကျောက ဘာလို့ သာမန်မိန်းကလေးတွေထက် ဒီလောက်တောင် ကျယ်နေရတာလဲ" ဟု မေးလိုက်၏။

သူက လက်လှမ်း၍ စမ်းကြည့်လိုက်ရာ သူမ၏ ကျောပြင်ရှိ လက်ပြင်ရိုးတွင် တစ်စုံတစ်ခု ရစ်ပတ်ထားသကဲ့သို့ ခံစားလိုက်ရသည်။

လုယွီယန်မှာ သူ၏ အထိအတွေ့ကြောင့် မျက်နှာတစ်ပြင်လုံး ရှက်သွေးဖြာနေခဲ့ပြီဖြစ်ကာ သူ့ကိုပင် မော့မကြည့်ရဲတော့ပေ။

ထို့ကြောင့် လင်းယွမ် စကားပြောနေသော်လည်း လင်းယွမ်၏ နှုတ်ခမ်းလှုပ်ရှားမှုကို မမြင်ရသဖြင့် မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ပေ။

လင်းယွမ် ထိုအခြေအနေကို မြင်သောအခါ သူမ၏ ပခုံးကို ပုတ်ကာ ခေါင်းမော့ရန် အချက်ပြလိုက်၏။

လုယွီယန်က မျက်နှာလေး ရဲတွတ်နေလျက် အခက်တွေ့စွာဖြင့် ခေါင်းမော့လာသည်။

လင်းယွမ်၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားပြီး သူမ၏ ရင်ဘတ်တစ်ဝိုက်ကို လက်ညှိုးထိုးပြကာ "နင် တစ်ခုခု ပတ်ထားတာလား"

လုယွီယန်၏ မျက်နှာက ချက်ချင်းပင် ပို၍ နီရဲလာကာ လက်နှစ်ဖက်ဖြင့် အင်္ကျီစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ဘာပြောရမှန်း မသိဖြစ်နေတော့သည်။

လင်းယွမ် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပစ္စည်းသိုလှောင်ခန်းထဲမှ စက္ကူနှင့် ဘောပင်ကို ထုတ်ယူကာ "အဲ့ဒါတွေကို ချွတ်လိုက်ဦး... ခဏနေ ကြွက်သားတွေ လှုပ်ရှားတဲ့အခါ အရမ်း အဆင်မပြေဖြစ်လိမ့်မယ်... ငါ အရင် ထွက်သွားပေးမယ်... နင် ပြီးရင် ငါ့ကို ခေါ်လိုက်" ဟု ရေးပြလိုက်၏။

ထို့နောက် သူက အခန်းပြင်သို့ ထွက်သွားပြီး တံခါးကို ပိတ်ပေးခဲ့သည်။

လုယွီယန်က တံခါးကို အသာအယာ ခေါက်ကြည့်လိုက်ပြီး စားပွဲပေါ်ရှိ ပစ္စည်းများကို ကြည့်လိုက်ချိန်တွင် သူမ၏ မျက်နှာလေး ချက်ချင်းပင် အနည်းငယ် ရဲတက်လာပြန်၏။

သူမက ခေတ္တမျှ တွေဝေသွားသော်လည်း နောက်ဆုံးတွင် လက်လှမ်းကာ အင်္ကျီကြယ်သီးများကို ဖြုတ်လိုက်သည်။

အဖြူရောင် ရေတပ်သားဝတ်စုံ အောက်တွင် အဖြူရောင် အဝတ်စရှည်ဖြင့် တင်းကျပ်စွာ ရစ်ပတ်ထားသည်ကို တွေ့လိုက်ရပြီး ထိုသို့ ဖိသိပ်ထားမှုကြောင့် နက်ရှိုင်းသော ရင်သားအက်ကြောင်းကို ဖြစ်ပေါ်စေကာ ဖြူဝင်းနုနယ်သော အသားအရေပေါ်တွင်ပင် အနီရောင်အရာများ ထင်ကျန်နေခဲ့သည်။

သူမက ထိုအဝတ်စများကို ဖြည်းညင်းစွာ ဖြေချလိုက်သည်နှင့် တစ်ပြိုင်နက် အဖြူရောင် ယုန်ပေါက်လေး နှစ်ကောင်က ချက်ချင်းပင် ခုန်ထွက်လာခဲ့၏။

သူမက အမြန်အဆန် လက်ဖြင့် ကာကွယ်လိုက်ကာ အင်္ကျီကို လျင်မြန်စွာ ပြန်စိစေ့လိုက်ပြီး ကြယ်သီးများကို သေချာစွာ တပ်လိုက်သည်။

သို့သော် ဤသို့ ဖြေချလိုက်ခြင်းကြောင့် မူလက ချောင်ချိနေသော ရေတပ်သားဝတ်စုံမှာ သိသိသာသာ တင်းကျပ်သွားပုံပေါ်သည်။

သူမက ပခုံးကို အနည်းငယ် တွန့်လိုက်ကာ ထင်ရှားနေသော အချိုးအကွေ့များကို သေးငယ်သွားစေရန် ကြိုးစားလိုက်ပြီးနောက် သူမ၏ လည်စည်းကို သပ်ရပ်အောင် ပြင်ဆင်လိုက်၏။

အဝတ်စများကို ကိုင်ဆောင်ထားရင်း သူမက နှုတ်ခမ်းကို ကိုက်ကာ တံခါးဝသို့ လှမ်းကြည့်လိုက်သော်လည်း လင်းယွမ်ကို မခေါ်ရဲဖြစ်နေခဲ့သည်။

စိတ်ထဲတွင် အတန်ကြာအောင် အကြိတ်အနယ် တွေးတောပြီးနောက်မှသာ လုယွီယန်က တံခါးကို အသာအယာ ခေါက်လိုက်တော့သည်။

အခန်းပြင်ရှိ လင်းယွမ် အသံကြားသောအခါ တံခါးကို တွန်းဖွင့်၍ ဝင်လာခဲ့၏။

သူက မရည်ရွယ်ဘဲ လုယွီယန်၏ အပေါ်ပိုင်းကို ကြည့်မိလိုက်ရာ ချက်ချင်းပင် အံ့သြသွားခဲ့သည်။

ဤကောင်မလေး၏ သေးသွယ်နုနယ်သော ခန္ဓာကိုယ်အောက်တွင် အလွန် သိသာထင်ရှားလှသော အချိုးအကွေ့ နှစ်ခု ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

လင်းယွမ်က အကြည့်ကို အလျင်အမြန် လွှဲလိုက်ကာ စားပွဲဆီသို့ ကြည့်လိုက်မှသာ စားပွဲပေါ်တွင် ရှည်လျားသော အဝတ်စ တစ်ခု ရှိနေသည်ကို သတိထားမိလိုက်သည်။

သူ အနည်းငယ် နားမလည်ဖြစ်သွားပြီး စဉ်းစားလိုက်ကာ စာရွက်ပေါ်တွင် "ဘာလို့ ဒါကြီးနဲ့ ကိုယ်ကို ပတ်ထားရတာလဲ" ဟု ရေးလိုက်၏။

လုယွီယန် စာသားကို မြင်သောအခါ မျက်နှာတစ်ခုလုံး နီရဲသွားကာ ရှက်ရွံ့မှုကို အတင်းအကြပ် ထိန်းချုပ်ရင်း "အိမ်မှာ ဝတ်စရာ ဘရာ မရှိတော့လို့ပါ" ဟု ပြန်ရေးပြသည်။

လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီး "နင် မိန်တုဥယျာဉ်ကနေ ထွက်လာတုန်းက မယူခဲ့ဘူးလား" ဟု ရေးလိုက်၏။

လုယွီယန်က "ယူလာပါတယ်... ပြီးခဲ့တဲ့တစ်ခေါက် နေရောင်ခြည် ခိုလှုံရေးစခန်းမှာ လှန်းထားတုန်း လူတစ်ယောက်က ခိုးသွားလို့ပါ" ဟု ပြန်ရေးသည်။

လင်းယွမ် ထိုစာကို မြင်လိုက်သောအခါ မျက်နှာထား ချက်ချင်း တင်းမာသွားပြီး "ဘာလို့ ရန်မေ့ကို မပြောတာလဲ" ဟု ရေးလိုက်သည်။

"သမီး... အားနာလို့ပါ..."

(ဒီဇာတ်လမ်းမှာ အထူးသဖြင့် အသက်ငယ်တဲ့ မိန်းကလေးတွေကို အသက်အတိအကျ မပြောထားဘူး။ တုံရန်ကို အရင်က အထက်တန်းကျောင်းပြီးကာစလို့ပြောထားတော့ ၁၇/၁၈ ဝန်းကျင်လို့သတ်မှတ်လို့ရတယ်။ ဒီ အအမလေးက တုံယန်ထက်ငယ်ပုံရတော့ ၁၅/၁၆ ဝန်းကျင်လို့ပြောရမယ်ထင်တယ်)

လင်းယွမ်က လုယွီယန်ကို ကြည့်လိုက်ရာ သနားစရာကောင်းသော ဤဆွံ့အနားမကြား ကောင်မလေးမှာ ယခုအချိန်တွင် အခက်တွေ့ကာ မျက်နှာလေး နီရဲနေပြီး မျက်ရည်များပင် မျက်ဝန်းထဲတွင် ရစ်သိုင်းနေသဖြင့် အလွန် နစ်နာသနားဖွယ်ကောင်းလှသည်။

လင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်ကာ သူမ၏ နောက်ခံအခြေအနေကို တွေးမိပြီး သူမ၏ တစ်ဦးတည်းသော ဖခင်ဖြစ်သူ လိပ်ကျွန်း၌ သေဆုံးသွားခဲ့သည်ကိုလည်း ပြန်လည်သတိရသွား၏။

သူမကို ရန်မေ၏ အနီးတွင် နေရာချထားပေးကာ အလုပ်ကောင်းကောင်း တစ်ခု ရှာပေးလိုက်ခြင်းဖြင့် သူမ၏ စားဝတ်နေရေး ပြဿနာများကို ဖြေရှင်းပေးနိုင်ပြီး သူမကို စောင့်ရှောက်ပေးရာရောက်ပြီဟု သူ ထင်ခဲ့မိသည်။

သို့သော် သူမ၏ ဘဝတွင် ဤမျှလောက် များပြားသော နစ်နာမှုများ ရှိနေလိမ့်မည်ဟု သူ မတွေးမိခဲ့ပေ။

တောက်... ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ အတွင်းခံ ခိုးတဲ့လူတွေတောင် ရှိနေသေးတာလား။

သူခိုးက ယောက်ျားလား... ဒါမှမဟုတ် မိန်းမလား...

လင်းယွမ်၏ မျက်နှာထားက မှုန်ကုပ်သွားပြီး ခိုလှုံရေးစခန်းမှာ လူများလာတာနဲ့အမျှ လူစုံနေပြီပဲဟု တွေးလိုက်မိသည်။

ကြီးကြပ်ရေး အဖွဲ့အစည်း တည်ထောင်ဖို့က နောက်ကျနေခဲ့ပြီ ထင်တယ်... စောစောကတည်းက ဖွဲ့စည်းထားသင့်တာ...

ထိုသူခိုးက လုယွီယန်လို စကားမပြောနိုင်သော၊ အရှက်အကြောက်ကြီးပြီး အနေအေးသော ကောင်မလေးကို အကဲခတ်ကာ အတွင်းခံ အခိုးခံရလျှင်တောင် တိုင်တောရဲမည် မဟုတ်မှန်း သိနေပုံရသည်။

အကယ်၍ အခြားသူ တစ်ယောက်ယောက်သာ ဆိုလျှင် ရန်မေ့ကို စောစောကတည်းက ပြောပြပြီးလောက်ပြီ ဖြစ်သည်။

အနားတွင် ငုံးလေးတစ်ကောင်လို ကျုံ့ကျုံ့လေး ဖြစ်နေသော ဤကောင်မလေးကို ကြည့်ရင်း လင်းယွမ်ပင် မနေနိုင်တော့ဘဲ သနားစိတ်များ ဖြစ်ပေါ်လာခဲ့၏။

သူက စာရွက်ပေါ်တွင် "ဒါဆို ဘာလို့ အသစ် သွားမဝယ်တာလဲ" ဟု ရေးလိုက်သည်။

ကုန်တိုက်ဘက်တွင် အဝတ်အစားများ ရောင်းချနေသည်ကို သူ မှတ်မိပြီး အတွင်းခံများလည်း ရှိသင့်သည်ဟု တွေးလိုက်သည်။

လုယွီယန်က ခေတ္တမျှ တွေဝေသွားပြီးနောက် စာရွက်ပေါ်တွင် "အဆင်ပြေမယ့် အရွယ်အစား မရှိဘူး... ပြီးတော့ သမီးဆီမှာလည်း အမှတ် သိပ်များများစားစား မရှိလို့ပါ" ဟု ပြန်ရေးပြ၏။

လင်းယွမ် ကြက်သေသေသွားပြီး သူမ၏ ရင်ဘတ်ဆီသို့ မသိစိတ်မှ လှမ်းကြည့်လိုက်မိကာ ချက်ချင်းပင် နားလည်သွားခဲ့သည်။

ဒီကောင်မလေးက ကြည့်ရတာ သွယ်လျနေပေမယ့် ဒီအချိုးအကွေ့ကတော့ မသေးလှဘူးပဲ...

ပြည်တွင်းရှိ အရွယ်အစားများက ယေဘုယျအားဖြင့် သေးငယ်တတ်ပြီး သူ ကိုယ်တိုင်ကလည်း ဆိုဒ်ကြီးသည့် အရွယ်အစားများကို သီးသန့် ဖယ်ချန်ထားခဲ့ကာ ကုန်တိုက်သို့ သွားရောက် မရောင်းချခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ အိမ်ရှိ အမျိုးသမီး အချို့၏ အရွယ်အစားများမှာ မသေးငယ်သောကြောင့် လင်းယွမ်က ၎င်းတို့အတွက် ချန်ထားခဲ့ခြင်း ဖြစ်သည်။

ဤအကြောင်းကို တွေးမိပြီးနောက် လင်းယွမ်က အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း စာရွက်ပေါ်တွင် "နင် ဘယ်လောက် အရွယ်အစား ဝတ်တာလဲ" ဟု ရေးလိုက်၏။

လုယွီယန်၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားကာ လင်းယွမ်ကို ခိုးကြည့်လိုက်ပြီး သူ၏ မျက်နှာတွင် မကောင်းသော ရည်ရွယ်ချက် မရှိသည်ကို မြင်သောအခါ စိတ်သက်သာရာ ရသွားသည်နှင့် တစ်ချိန်တည်းမှာပင် အနည်းငယ် သိမ်ငယ်စိတ် ဝင်သွားလျက် စာရွက်ပေါ်တွင် "ဒီ" ဟု ရေးပြလိုက်သည်။

လင်းယွမ် အနည်းငယ် အံ့သြသွားကာ ဒီကောင်မလေးက တကယ်ကို ဖုံးကွယ်ထားနိုင်တာပဲဟု တွေးလိုက်မိ၏။

ချက်ချင်းပင် သူက ပစ္စည်းသိုလှောင်ခန်းထဲတွင် လိုက်လံရှာဖွေလိုက်ရာ "ဒီ" အရွယ်အစား ဘရာ နှစ်ထည်ကို ရှာတွေ့သွားပြီး အပြင်သို့ ထုတ်ကာ စားပွဲပေါ်တွင် တင်ပေးလိုက်သည်။

လုယွီယန် အံ့အားသင့်သွားပြီး လင်းယွမ် မည်သည့်နေရာမှ ထုတ်ယူလိုက်သည်ကို သူမ မမြင်လိုက်ရပေ။

သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ မျက်နှာတစ်ခုလုံး နီရဲသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် လင်းယွမ်က သူမကို ပေးရန် ရည်ရွယ်ကြောင်း သူမ သိလိုက်သောကြောင့် ဖြစ်သည်။

သူမအား ဤကဲ့သို့သော ကိုယ်ရေးကိုယ်တာ ပစ္စည်းမျိုးကို တစ်စုံတစ်ယောက်က ပထမဆုံးအကြိမ် ပေးဖူးခြင်း ဖြစ်၏။

သူမ၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက် တစ်ခု ပေါက်ဖွားလာခဲ့သည်။

ယခုတစ်ကြိမ်တွင် လင်းယွမ်က စာမရေးတော့ဘဲ တိုက်ရိုက်ပင် ဖွင့်ဟပြောဆိုလိုက်သည် "ဝတ်ကြည့်လိုက်ပါ... နောက်ဆို အခက်အခဲ တစ်ခုခုရှိရင် မျိုသိပ်မထားနဲ့... ငါ့ကို အကုန်ပြောပြလို့ ရတယ်... တကယ်လို့ ငါ့ကို ပြောရတာ အဆင်မပြေဘူး ထင်ရင်လည်း ရန်မေ၊ တင်းယန်၊ ဆုန့်ဝမ်တို့လို လူတွေကို ပြောပြလို့ ရပါတယ်"

"ငါ အရင် ထွက်သွားပေးမယ်... နင် လဲပြီးရင် တံခါးခေါက်ပြီး ငါ့ကို အသိပေးလိုက်ပါ"

ထိုသို့ပြောပြီးနောက် လင်းယွမ် မတ်တပ်ရပ်ကာ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

လုယွီယန်က မျက်နှာရဲရဲဖြင့် ထိုဘရာကို ကောက်ကိုင်လိုက်ပြီး နှုတ်ခမ်းကို စေ့လိုက်၏။

သူမက ကြယ်သီးများကို ဖြည်းညင်းစွာ ဖြုတ်လိုက်ပြီး အတွင်းခံကို သေချာစွာ ဝတ်ဆင်လိုက်သည်။

ချက်ချင်းပင် မူလကတည်းက မို့မောက်နေသော အချိုးအကွေ့များမှာ ဝတ်ဆင်ပြီးနောက် ပို၍ပင် ထင်ရှားလာခဲ့၏။

သူမ မျက်နှာနီမြန်းသွားပြီး မသိစိတ်မှ ပခုံးများကို ကျုံ့လိုက်မိသည်။

အာနီမဲစတိုင်ကို နှစ်သက်သော သူမအတွက် ဤကြီးမားသော ရင်သားများက အလွန် အနှောင့်အယှက် ဖြစ်စေသည်။

ဤကြီးမားသော အရာနှစ်ခုကြောင့် ကော့စ်ပလေး (Cosplay) ဝတ်စုံ အများအပြားကို သူမ ဝတ်ဆင်၍ မရဘဲ သူမ၏ စိတ်ထဲတွင် အလွန် သိမ်ငယ်နေခဲ့ရ၏။

အဝတ်အစားများ သေချာစွာ ပြန်ဝတ်ပြီးနောက် သူမ တံခါးသွားခေါက်ရန် ပြင်လိုက်စဉ် ရုတ်တရက် တစ်ခုခုကို သတိရသွားကာ စားပွဲပေါ်ရှိ ထိုစာရွက်ဆီသို့ လှည့်ကြည့်လိုက်သည်။

လုယွီယန်က အပေါ်ရှိ စာသားများကို ကြည့်ကာ မျက်နှာ အနည်းငယ် နီရဲသွားသော်လည်း စိတ်ထဲတွင်တော့ နွေးထွေးသွားခဲ့၏။

အဖေ မရှိတော့သည့် အချိန်မှစ၍ သူမကို ဤမျှလောက် ဂရုစိုက်ပေးသည့် လူတစ်ယောက် ရှိလာခြင်းမှာ ပထမဆုံးအကြိမ် ပင်ဖြစ်သည်။

ပုံမှန်အားဖြင့် ရန်မေက သူမကို အလွန် ဂရုစိုက်ပေးသော်လည်း ဤခံစားချက်နှင့်တော့ သိပ်မတူညီလှပေ။

လင်းယွမ်က ယောကျ်ားလေး တစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။

အနည်းငယ် တွေဝေသွားပြီးနောက် သူမက ထို အေဖိုး စာရွက်ကို တိတ်တဆိတ် သပ်ရပ်စွာ ခေါက်လိုက်ပြီး သူမ၏ အဖြူရောင် အဝတ်စနှင့် အတူတကွ ရစ်ပတ်သိမ်းဆည်းလိုက်သည်။

ထိုအရာများ အားလုံးကို လုပ်ဆောင်ပြီးနောက် သူမက တံခါးဝသို့ စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်ကာမှ တံခါးကို သွားခေါက်လိုက်တော့၏။

လင်းယွမ်က တံခါးကို ဖွင့်လိုက်ရာ သူ၏ အကြည့်များက သူမ၏ မို့မောက်နေသော ကောက်ကြောင်းများဆီသို့ တစ်ချက်တည်းဖြင့် ဆွဲဆောင်ခံလိုက်ရသည်။

သူ စိတ်ထဲမှ တိတ်တဆိတ် အံ့သြသွားကာ ဒါကို ဝတ်ပြီးသွားတော့လည်း အမြင်က တစ်မျိုး ပြောင်းသွားပြန်တာပဲဟု တွေးလိုက်မိ၏။

အရင်က ဒီကောင်မလေး ဒီလောက် အချိုးအစားကျလွန်းမှန်း ဘာလို့ သတိမထားမိခဲ့ပါလိမ့်...

လင်းယွမ် ပြန်လည် စဉ်းစားကြည့်လိုက်ရာ အစောပိုင်း မိန်တုဥယျာဉ်တွင် ရှိနေစဉ်ကတည်းက သူမ၌ ဤမျှ အံ့မခန်း ကောက်ကြောင်းများ ရှိနေသည်ကို သူမမြင်ခဲ့ရဖူးသကဲ့သို့ ထင်မိသည်။

အဲဒီတုန်းကရော သူမ တမင်တကာများ ဖိသိပ်ထားခဲ့တာလား။

မိန်တုဥယျာဉ်ထဲမှ အန္တရာယ်များသော အခြေအနေများကို တွေးကြည့်လိုက်လျှင် ရုပ်ဆိုးအောင် ဟန်ဆောင်နေခြင်းကသာ ပုံမှန်ဖြစ်ပုံရသည်။

အကယ်၍ ဤကောင်မလေးက ထိုအချိန်ကတည်းက ဤကဲ့သို့သော ခန္ဓာကိုယ်အချိုးအစားကောင်းကို ပြသခဲ့လျှင် လုတရုံ မည်မျှပင် အသက်နှင့်ရင်း၍ ကာကွယ်စေကာမူ သူ၏ သမီးအပေါ် သွားရည်ကျနေမည့် ထိုလူများကို တားဆီးနိုင်မည် မဟုတ်ပေ။

လင်းယွမ်၏ အတွေးများက တစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး "ကဲ... အခု စကြမယ်... နင့်ကို ငါ လှုပ်ရှားမှု တချို့ သင်ပေးမယ်... ဒီလှုပ်ရှားမှုတွေက ဘယ်လို သွေးသားစွမ်းအင် လှိုင်းဂယက်တွေကို ဖြစ်ပေါ်စေနိုင်မလဲဆိုတာ ငါ လေ့လာဖို့ လိုအပ်တယ်"

လုယွီယန်က အမြန် ခေါင်းညိတ်ပြလိုက်၏။

ချက်ချင်းပင် လင်းယွမ်က သာမန် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း အချို့ကို ရှာဖွေကာ သူမကို စတင် လေ့ကျင့်စေခဲ့သည်။

သူမ လေ့ကျင့်နေစဉ်အတွင်း လင်းယွမ်က သူ၏ စိတ်စွမ်းအင်ဖြင့် သူမ ခန္ဓာကိုယ်ထဲရှိ သွေးသားစွမ်းအင် လှိုင်းဂယက်များကို သေချာစွာ အာရုံခံ ကြည့်နေခဲ့၏။

လှုပ်ရှားမှု တစ်ခုစီ မတူညီတိုင်း ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးရှိ သွေးသားစွမ်းအင် ပြောင်းလဲမှုများကလည်း ကွဲပြားနေသည်။

လင်းယွမ်အနေဖြင့် မရေမတွက်နိုင်သော လှုပ်ရှားမှုများထဲမှ [ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်] ၏ သွေးလှည့်ပတ်ပုံကို လှုံ့ဆော်ပေးနိုင်သည့် လှုပ်ရှားမှုများကို ရွေးချယ်ရန် လိုအပ်သည်။

ဤသွေးသားစွမ်းအင်များက ပြတ်တောင်းပြတ်တောင်း ဖြစ်နေသော်လည်း လင်းယွမ်အနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီသော ဤလှုပ်ရှားမှုများကို သွေးလှည့်ပတ်ပုံ၏ လည်ပတ်မှု အခိုက်အတန့်အတိုင်း စီစဉ်ပေးရုံသာ ဖြစ်သည်။

နောက်ဆုံးတွင် လှုပ်ရှားမှုများဖြင့် သွေးသားစွမ်းအင်ကို လှုံ့ဆော်ပေးကာ လှုံ့ဆော်ရေး နည်းလမ်း၏ သွေးလှည့်ပတ်ပုံတစ်ခုလုံး လည်ပတ်မှုကို ပြီးမြောက်စေမည့် 'ကျင့်စဉ်' တစ်ရပ်အဖြစ် ပုံပေါ်လာနိုင်မည် ဖြစ်သည်။

လူ့ခန္ဓာကိုယ်တွင် ကြွက်သားများ များပြားပြီး သွေးလှည့်ပတ်ပုံကလည်း ရှုပ်ထွေးလှသဖြင့် မရေမတွက်နိုင်သော လှုပ်ရှားမှုများထဲမှ သင့်တော်မည့်အရာများကို ရွေးချယ်ထုတ်နုတ်ရခြင်းမှာ သေးငယ်သော လုပ်ငန်းစဉ် တစ်ခုတော့ မဟုတ်ပေ။

လင်းယွမ်အတွက် ဖြစ်စေ၊ လုယွီယန်အတွက် ဖြစ်စေ ဤအရာက လွယ်ကူသော ကိစ္စရပ် တစ်ခုတော့ မဟုတ်ခဲ့ချေ။

ဤမနက်ခင်း တစ်ခုလုံးတွင် လုယွီယန် တစ်ယောက် ချွေးသံတရွဲရွဲဖြင့် လေ့ကျင့်ပြီးနောက်မှသာ လင်းယွမ်က ရပ်တန့်စေကာ သူမကို အနားယူရန် ပြန်လွှတ်လိုက်သည်။

လင်းယွမ်၏ လက်ရေးမူပေါ်တွင်မူ ကိုယ်ဟန်အနေအထား ပုံကြမ်း လေးငါးခုခန့် ထွက်ပေါ်နေပြီ ဖြစ်၏။

သူက ပုံကြမ်းများကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး "လှုပ်ရှားမှုတွေ မှန်ကန်ရုံနဲ့ မရသေးဘူး... အသက်ရှူနှုန်းနဲ့ပါ တွဲဖက်လုပ်ဆောင်ဖို့ လိုအပ်လိမ့်မယ်" ဟု ရေရွတ်လိုက်သည်။

အသက်ရှူနှုန်း မတူညီသည်နှင့်အမျှ သွေးသားစွမ်းအင် တုံ့ပြန်သည့် အစိတ်အပိုင်းများကလည်း ကွဲပြားသွားကြောင်းကို လင်းယွမ် ထက်မြက်စွာ သတိပြုမိလိုက်သည်။

ထိုပုံကြမ်း အချို့တွင် သူက အသက်ရှူနှုန်းများကို စတင် မှတ်သားလိုက်၏။

လင်းယွမ် တစ်ယောက် သူ့ကိုယ်သူ သိုင်းပညာရပ် ကျင့်စဉ်တစ်ခုကို တကယ်ပဲ ဖန်တီးနေရသလို ခံစားလိုက်ရပြီး ဤခံစားချက်က အလွန်ပင် ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။

သို့သော် သူက ထိုအရာထဲတွင် ပျော်မွေ့နေပုံရပြီး ကိုယ်ပိုင် မျိုးရိုးဗီဇ လှုံ့ဆော်ရေး နည်းလမ်းတစ်ခုကို ဖန်တီးရခြင်းက အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။

သင်္ဘောနှင့် သစ်သားဖောင်တို့က တကယ်ကို လုံးဝ ကွာခြားလှသည်။

မိုင်ပေါင်း (၁၂) မိုင်ခန့် ကွာဝေးသော ခရီးစဉ်ကို သစ်သားဖောင်ဖြင့် တစ်နေ့လုံး လှော်ခတ်ရနိုင်သော်လည်း သင်္ဘောဖြင့်မူ တစ်နာရီကျော်ခန့်နှင့် ရောက်ရှိနိုင်ပြီ ဖြစ်သည်။

ယန်ကွမ်းမြို့သစ်သည် မြို့သစ် မျဉ်းကြောင်းအမှတ် (၃) ယန်ကွမ်းမြို့သစ် ဘူတာရုံ၌ တည်ရှိသည်။

သေချာသည်မှာ ယခုအချိန်တွင် မြေပြင်တစ်ခုလုံး ရေလွှမ်းမိုးနေပြီဖြစ်ကာ မြေအောက်ရထား လမ်းကြောင်းများကို လုံးဝ ခွဲခြား၍မရနိုင်တော့ပေ။

ယန်ကွမ်းမြို့သစ်၏ တည်နေရာကို ရှာတွေ့နိုင်ခြင်းမှာ ချန်ယန်းတို့ အဖွဲ့က ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို ကြည့်ကာ မနည်း ခွဲခြားမှတ်သားခဲ့ရခြင်းကြောင့်သာ ဖြစ်၏။

ယခုအခါတွင် အဆောက်အအုံ အားလုံးနီးပါး ရေလွှမ်းမိုးခံထားရပြီဖြစ်ပြီး မြင်တွေ့ရသမျှသော အဆောက်အအုံများ အားလုံးမှာ အထပ် (၂၀) အထက်ရှိသော အဆောက်အအုံကြီးများသာ ဖြစ်ကြသည်။

မှန်ပေသည်... ယခုအခါ ရေကြီးမှုက အထပ် (၂၀) ကျော်အထိ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။

မြင့်မားသော အဆောက်အအုံ အများစုမှာ ပုံစံတူညီကြပြီး အပြင်ပန်းကို ကြည့်ရုံဖြင့် ၎င်းသည် မည်သည့် ရပ်ကွက်ဖြစ်ကြောင်း ခွဲခြားရန် အလွန် ခက်ခဲလှသည်။

ချန်ယန်း၊ နိချီနှင့် မာကျီတို့သည်လည်း အကြမ်းဖျင်း ဦးတည်ရာ အရပ်မျက်နှာနှင့် ထိုက်ယန်တောင်သို့ လာရောက်စဉ်က မှတ်ဉာဏ်များကို အားကိုးကာ မနည်း ခွဲခြားမှတ်သားခဲ့ရသည်။

ဤသို့ဖြင့် သင်္ဘောက ရေလွှမ်းမိုးမှုထဲတွင် နှစ်နာရီ သုံးနာရီခန့် ကြန့်ကြာပြီးမှသာ ယန်ကွမ်းမြို့သစ်ကို ရှာတွေ့ခဲ့တော့၏။

မှန်ပါသည်... (၁၂) မိုင်ကျော်ခန့်ရှိသော ခရီးကို ဖီးနစ် သင်္ဘောကြီးက နှစ်နာရီ၊ သုံးနာရီခန့် အချိန်ယူခဲ့ရသည်။

ဖီးနစ် သင်္ဘောကြီး နှေးကွေးသောကြောင့် မဟုတ်ဘဲ လိုက်လံရှာဖွေရာတွင် အချိန်များစွာ ကုန်ဆုံးသွားသောကြောင့် ဖြစ်သည်။

လမ်းတစ်လျှောက်လုံး လူတိုင်းက အထပ်မြင့် အဆောက်အအုံ အချို့ကို တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားခဲ့ကြ၏။

သို့သော် အထပ်များစွာမှာ ပြိုကျပျက်စီးနေပြီဖြစ်ကာ အချို့သော အဆောက်အအုံများတွင် သန္ဓေပြောင်း မိစ္ဆာကောင် အမြောက်အမြား နေရာယူထားကြသည်။

ဖီးနစ် သင်္ဘောကြီးက မည်သည့် အသက်ရှင်ကျန်ရစ်သူများ၏ အကူအညီတောင်းခံမှုကိုမျှ မကြုံတွေ့ခဲ့ရသဖြင့် တင်းယန်တို့ အဖွဲ့၏ စိတ်ထဲတွင် အနည်းငယ် လေးလံသွားစေခဲ့သည်။

အဆောက်အအုံကြီးထဲတွင် ပိတ်မိနေသော အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာ သူတို့ ထင်ထားသလောက် မများပြားလှကြောင်း သိသာနေသည်။

ယန်ကွမ်းမြို့သစ်၏ အိမ်ရာစီမံကိန်းက မသေးငယ်လှဘဲ အဝေးမှ ကြည့်လိုက်လျှင် အဆောက်အအုံပေါင်း ရာနှင့်ချီ၍ ရေပြင်ထက်တွင် မားမားမတ်မတ် ရပ်တည်နေသည်ကို အံ့သြဖွယ် တွေ့မြင်ရ၏။

ထိုအထဲမှ အချို့သော အဆောက်အအုံများမှာ ပြိုကျပျက်စီးနေပြီဖြစ်ပြီး ပြင်ပမှ အင်အားတစ်ခုခုဖြင့် သိသိသာသာ ဖျက်ဆီးခံထားရသည်ကို မြင်တွေ့နိုင်သည်။

ရေထဲမှ ဧရာမ သန္ဓေပြောင်း သတ္တဝါကြီးများ ဝင်တိုက်မိ၍ ပြိုကျသွားခြင်းသာ ဖြစ်တန်ရာ၏။

အခြား တစ်ဖက်တွင်မူ အချို့သော အဆောက်အအုံများ၏ အတွင်းပိုင်း ဆက်သွယ်ရေး စင်္ကြံများမှာ ပြတ်တောက်နေကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လူတို့က တမင်တကာ ဖျက်ဆီးထားသကဲ့သို့ ရှိနေသည်။

စဉ်းစားကြည့်နိုင်သည်မှာ ဤအဆောက်အအုံများထဲတွင် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရလောက်သည့် ကြီးမားသော အကျပ်အတည်းများ ပေါ်ပေါက်ခဲ့ဖူးကြောင်းပင် ဖြစ်သည်။

သို့မဟုတ်ပါက အဆောက်အအုံကြီးကိုပင် ဖျက်ဆီးပစ်ကြမည် မဟုတ်ပေ။

သင်္ဘောကြီးက ယန်ကွမ်းမြို့သစ်နှင့် ပိုပို၍ နီးကပ်လာခဲ့သည်။

ကုန်းပတ်ပေါ်တွင် လင်းယွမ်က ယန်ကွမ်းမြို့သစ်၏ မြောက်မြားလှသော အဆောက်အအုံကြီးများကို ကြည့်ကာ "ချန်ယန်း... နိချီ... မင်းတို့ ပြောတဲ့ အသက်ရှင်ကျန်ရစ်သူတွေက ဘယ်အဆောက်အအုံမှာလဲ" ဟု မေးလိုက်၏။

ချန်ယန်းက အမြန် ပြန်ဖြေလိုက်သည် "ဦးလေးလင်း... သမီးတို့ အဲဒီတုန်းက အမှတ် (၂၁) အဆောက်အအုံကနေ ထွက်ပြေးလာခဲ့ကြတာပါ... အဲဒီအချိန်တုန်းက အဆောက်အအုံကို လျှိုမင်ယွီလို့ ခေါ်တဲ့ လူတစ်ယောက်က သိမ်းပိုက်ထားခဲ့တယ်"

"သူတို့ဆီမှာ လူအင်အား အရမ်းများတယ်... ပြီးတော့ အစွမ်းပိုင်ရှင်တွေလည်း မနည်းဘူး... ဆယ်ယောက်ကျော်လောက် ရှိမယ်... သမီးတို့ထဲက လူအတော်များများကို သူတို့က ကျေးကျွန်တွေလို ခိုင်းစားခဲ့ကြတာ... ကံကောင်းလို့ သမီးတို့ အစွမ်းတွေ နိုးထလာလို့ သူက သမီးတို့ကို သိပ်ပြီး အတင်းအကျပ် ဖိအားမပေးရဲခဲ့ဘူး"

"သမီးတို့ ထွက်လာတဲ့အချိန်တုန်းက အဆောက်အအုံထဲမှာ အစားအသောက်တွေက တော်တော်နည်းသွားပြီ... သူတို့က ငါးသားစားရတာကို ငြီးငွေ့လာလို့ အားလုံးကို ရေထဲ ဆင်းပြီး စားစရာတွေ သွားရှာခိုင်းကြတယ်"

"အသက်ရှင်ကျန်ရစ်သူ အများအပြားကတော့ ရေအောက်က သန္ဓေပြောင်း ငါးတွေရဲ့ စားသောက်တာကို ခံလိုက်ရတယ်"

ချန်ယန်း၏ မျက်ဝန်းများ အနည်းငယ် နီရဲလာကာ ဝမ်းနည်းစရာ နေရာသို့ ရောက်သွားကြောင်း သိသာနေသည်။

နိချီနှင့် မာကျီတို့လည်း အလားတူ ဝမ်းနည်းသည့်ဟန် ပေါ်လွင်နေပြီး ကြေကွဲဖွယ် ကိစ္စရပ် အချို့ ဖြစ်ပျက်ခဲ့ပုံရ၏။

လင်းယွမ်က ကောင်မလေး၏ ပခုံးကို ပုတ်ကာ "စိတ်ချပါ... ဒီလူယုတ်မာတွေကို ငါတို့ တစ်ယောက်မှ အလွတ်ပေးမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

တင်းယန်က "ကျွန်မ လူခေါ်ပြီး သွားလိုက်ပါ့မယ်" ဟု ဝင်ပြော၏။

လင်းယွမ် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် "ငါပါ လိုက်ခဲ့မယ်... နှစ်လလောက် ရှိပြီဆိုတော့ ရေထဲမှာ ပိတ်မိနေတဲ့ ဒီလူတွေ အခု ဘယ်လို အခြေအနေမျိုး ရှိနေမလဲဆိုတာ မသိရသေးဘူး" ဟု ပြောလိုက်သည်။

နှစ်လအကြာတွင် ယခု လက်ရှိ အသက်ရှင်ကျန်ရစ်သူများ၏ ဘဝနေထိုင်မှု အခြေအနေများကို လင်းယွမ် ကိုယ်တိုင် အဆောက်အအုံထဲသို့ ဝင်ရောက်ကြည့်ရှုချင်နေသည်။

လင်းယွမ်က ဦးဆောင်သွားမည် ဖြစ်သောကြောင့် အားလုံးအတွက် သဘာဝကျကျပင် ကြောက်ရွံ့စရာ ဘာမှမရှိတော့ပေ။

ထို့ကြောင့် ကျူးယွီချွမ်က လူများကို လှေငယ်ချပေးရန် အမြန် ခိုင်းစေလိုက်ပြီး လင်းယွမ်ကမူ ချန်ယန်းတို့ သုံးယောက်ကို ခေါ်ကာ လှေပေါ်သို့ တက်လိုက်၏။

ဝမ်ရှောင်ယာမှာ ကလေးသုံးယောက်ကို စိတ်မချသဖြင့် အတူတကွ လိုက်ပါသွားခဲ့သည်။

သူမ လိုက်သွားသောကြောင့် ထူလုံလည်း အလိုအလျောက် လိုက်ပါလာခဲ့၏။

လင်းယွမ်က ခေါင်းလှည့်ကာ မိန်တောင်ရွာမှ လူအချို့ကိုလည်း အတူလိုက်လာရန် တမင်တကာ ခေါ်လိုက်သည်။

သူက မိန်တောင်ရွာမှ လူများကို အပြင်လောကကြီး မည်မျှရက်စက်ကြမ်းကြုတ်ကြောင်း မြင်တွေ့စေချင်သည်။

လီရှန်ယန် ထိုစကားကို ကြားသောအခါ ကျန်းရုံရုံ၊ ရန်ဝေနှင့် ရန်ဟိုင်တို့ အချို့ကို ခေါ်ကာ လှေပေါ်သို့ တက်လာခဲ့၏။

လူတစ်စုက လှေစီးလျက် အမှတ် (၂၁) အဆောက်အအုံဘက်သို့ လှော်ခတ်သွားကြသည်။

အမှတ် (၂၁) ဘက်သို့ မရောက်မီတွင်ပင် အမှတ် (၂၁) အဆောက်အအုံပေါ်မှ လူတစ်ယောက်က အောက်ဘက်သို့ လှမ်းကြည့်နေသည်ကို မြင်လိုက်ရ၏။

ရေပြင်နှင့် နီးကပ်သော နေရာများတွင်လည်း လူအတော်များများက ငါးမျှားခြင်း၊ ငါးဖမ်းခြင်းများ ပြုလုပ်နေကြသည်။

လှေကို ရုတ်တရက် မြင်လိုက်ရသောအခါ ငါးမျှားနေသူများက အုတ်အော်သောင်းနင်း အော်ဟစ်လိုက်ကြ၏။

"လှေကြီး... လှေကြီး လာနေတယ်ဟေ့..."

"မြန်မြန်... အစ်ကိုယွီကို မြန်မြန် သွားပြော... လှေတစ်စင်း လာနေတယ်လို့..."

"ကယ်ကြပါဦး... ကယ်ကြပါဦး..."

လှေငယ်လေး ပေါ်ထွက်လာမှုက စက္ကန့်ပိုင်းအတွင်းမှာပင် စူးရှသော အော်သံများကို ထွက်ပေါ်လာစေခဲ့သည်။

အချို့က ခေါင်းဆောင်ဖြစ်သူကို သွားရောက် အကြောင်းကြားရန် ကပျာကယာ ထွက်သွားကြပြီး အချို့ကမူ ပြတင်းပေါက်များမှနေ၍ အသက်လုကာ အော်ဟစ် အကူအညီ တောင်းခံနေကြ၏။

ထင်ရှားသည်မှာ အကူအညီ တောင်းခံနေသူများက သာမန်လူများ ဖြစ်ကြပြီး ခေါင်းဆောင်ကို သွားရောက် အကြောင်းကြားသူများက အစွမ်းပိုင်ရှင်များ ဖြစ်ကြပေမည်။

လှေက တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ အဆောက်အအုံပေါ်ရှိ လူတစ်ယောက်က လှေပေါ်တွင် မတ်တပ်ရပ်နေသော ချန်ယန်းတို့ အဖွဲ့ကို မှတ်မိသွားကာ ချက်ချင်းပင် အံ့သြတကြီး အော်ဟစ်လိုက်သည်။

"ချန်ယန်း... အဲဒါ ချန်ယန်းပဲ"

"နိချီနဲ့ မာကျီလည်း ပါသေးတယ်"

"သူတို့ပဲဟေ့..."

"ဒီခွေးကောင်လေး သုံးယောက်က ထွက်ပြေးသွားကြပြီ မဟုတ်ဘူးလား... ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ"

"လှေပေါ်မှာ တခြားလူတွေလည်း ပါသေးတယ်ဟ"

အပေါ်ဆုံးထပ်၌ သတင်းရရှိသော လျှိုမင်ယွီက အခန်းထဲမှ ပြေးထွက်လာကာ ဆက်သွယ်ရေး စင်္ကြံပေါ်သို့ ရောက်ရှိလာပြီး အောက်ဘက်ရှိ လှေငယ်လေးကို လှမ်းကြည့်လိုက်၏။

သူ၏ အရပ်အမောင်းက မမြင့်မားလှဘဲ မျက်နှာပေါက်မှာ ပိန်ချုံးနေကာ အေးစက်စက် အငွေ့အသက် အနည်းငယ်ကို ဆောင်နေသည်။

သူက လှေပေါ်ရှိ လူများကို စူးစိုက်ကြည့်လိုက်ရာ ပထမဆုံး အကြည့်ဖြင့်ပင် ချန်ယန်းတို့ အဖွဲ့ကို မှတ်မိသွားခဲ့၏။

"ဟိုတစ်ခေါက်က ထွက်ပြေးသွားတဲ့ ကလေးလေးယောက်ပဲ... သူတို့က ပြန်လာရဲသေးတယ်ပေါ့လေ..."

လျှိုမင်ယွီက သံသယဖြင့် အံ့အားသင့်နေချိန်တွင် ဘေးရှိ လူလတ်ပိုင်း တစ်ယောက်က "မင်ယွီ... ဒီလူတွေ ကြည့်ရတာ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လာတဲ့ပုံမပေါ်ဘူးနော်" ဟု ပြောလိုက်သည်။

"သောက်ကျိုးနည်း... ငါတို့ဆီမှာ လူဒီလောက် အများကြီးရှိတာ... သူတို့ကို ကြောက်နေရမှာလား"

"ဒါပေါ့... အစ်ကိုယွီ ရှိနေတာကိုများ ဒီခွေးကောင်လေးတွေကို ကြောက်နေရမလား"

"အစ်ကိုယွီက စိတ်စွမ်းအင် အစွမ်းပိုင်ရှင်လေ... ကစားရင်းနဲ့တောင် သူတို့ကို သေအောင် သတ်နိုင်တယ်"

ဘေးရှိ အစွမ်းပိုင်ရှင် အချို့က လျှိုမင်ယွီကို ဝိုင်းဝန်း မြှောက်ပင့်ပေးလာကြ၏။

လျှိုမင်ယွီကလည်း အေးစက်စက် ပြုံးလိုက်ကာ "သွားမယ်... ငါတို့ အောက်ဆင်းကြစို့" ဟု ပြောလိုက်သည်။

ယခုအချိန်တွင် လင်းယွမ်တို့ လူစုက ဆက်သွယ်ရေး စင်္ကြံအနီးသို့ ချဉ်းကပ်လာခဲ့ရာ စင်္ကြံပေါ်မှ လူတစ်ယောက်က အော်ဟစ် ဟန့်တားလိုက်၏။

"ရပ်လိုက်စမ်း... ရှေ့ထပ်မတိုးနဲ့"

ဒေါသတကြီး အော်ဟစ်လိုက်သူမှာ သာမန်လူ တစ်ယောက်သာ ဖြစ်သည်။

သို့သော် သူ၏ လက်ထဲတွင် ဓားမကြီး တစ်လက်ကို ကိုင်ဆောင်ထားပြီး သူ၏ နောက်တွင်လည်း ခက်ထန်ကြမ်းကြုတ်ပုံပေါ်သော လူလေးငါးယောက်ခန့် ရှိနေ၏။

ထင်ရှားသည်မှာ သူတို့က လျှိုမင်ယွီ၏ လက်ပါးစေများ ဖြစ်သင့်သည်။

ချန်ယန်းက ဤလူကို သိထားပြီး သူမ၏ မျက်နှာပေါ်တွင် နာကြည်းမုန်းတီးမှုများ ပေါ်လွင်လာကာ "ဝေကျိရွှမ်... ကျန်းမင်ဟိုင်... မင်းတို့လို လူယုတ်မာကောင်တွေ... မင်းတို့ ဦးလေးလီနဲ့ အမရှီချီတို့ကို သေတွင်းပို့ခဲ့တာ... မင်းတို့ တိရစ္ဆာန်တွေ..." ဟု ပြောလိုက်သည်။

ဝေကျိရွှမ်ဟု ခေါ်သော လူငယ်မှာ ချန်ယန်းတို့ အဖွဲ့ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် မျက်နှာပျက်သွားကာ ထိတ်လန့်တကြားဖြင့် "ချန်ယန်း... နိချီ" ဟု အော်လိုက်၏။

သူက မသိစိတ်မှ ခြေလှမ်းအချို့ နောက်ဆုတ်သွားခဲ့သည်... သူက သာမန်လူ ဖြစ်သော်လည်း ချန်ယန်းနှင့် နိချီတို့က အစွမ်းပိုင်ရှင်များ ဖြစ်ကြသဖြင့် သူက ပြိုင်ဘက် မဟုတ်ပေ... သူက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည် "မင်းတို့က ပြန်လာရဲသေးတယ်ပေါ့လေ... အပြင်လူတွေပါ ခေါ်လာသေးတယ်... မင်းတို့ သေဖို့သာ ပြင်ထား... အစ်ကိုယွီက မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး"

စကားပြောနေရင်းဖြင့် သူက ဆက်တိုက် နောက်ဆုတ်နေခဲ့၏။

လင်းယွမ်က ချန်ယန်းတို့ အဖွဲ့အား "သူတို့နဲ့ အပိုစကားတွေ ပြောမနေနဲ့တော့... ကလဲ့စားချေစရာ ရှိတာ သွားချေကြတော့" ဟု ပြောလိုက်သည်။

ကောင်မလေးနှင့် ကောင်လေးတို့ ထိုစကားကို ကြားသောအခါ အားလုံး၏ မျက်နှာတွင် အမုန်းတရားများ ပေါ်လွင်လာကြပြီး ချက်ချင်းပင် မာကျီက ပထမဆုံး အပြေးအလွှား ထွက်သွားခဲ့၏။

သူက အလျင် အမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်သဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အထက်သို့ ခုန်တက်ကာ ဆက်သွယ်ရေး စင်္ကြံပေါ်သို့ ရောက်ရှိသွားသည်။

ဝေကျိရွှမ် ထိုအခြေအနေကို မြင်သောအခါ ချက်ချင်းပင် ထူးဆန်းသော အော်သံတစ်ခု ပြုလုပ်လိုက်ပြီး နောက်ကျောရှိ တပည့်ဖြစ်သူကို တွန်းဖယ်ကာ လှည့်ပြေးတော့၏။

ထိုတပည့်ဖြစ်သူက ထိုအခြေအနေကို မြင်သောအခါ အကူအညီ တောင်းခံကာ ငါးမျှားနေသော သက်ကြီးရွယ်အို တစ်ဦးကို အမှတ်တမဲ့ လှမ်းဆွဲလိုက်ပြီး အသံကျယ်ကြီးဖြင့် "ရှေ့မတိုးခဲ့နဲ့... မာကျီ ရှေ့မတိုးခဲ့နဲ့... မင်း ရှေ့တိုးလာရင် ဒီအဘိုးကြီးကို ငါ သတ်ပစ်လိုက်မယ်" ဟု အော်ဟစ်လိုက်သည်။

မာကျီက မျက်လုံးများ နီရဲနေလျက် ချက်ချင်းပင် ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်... သူက ထိုသက်ကြီးရွယ်အိုကို မသိသော်လည်း ဤအဘိုးအိုက ဤလူစု၏ ဖိနှိပ်မှုကို ခံရသော သနားစရာ လူတစ်ယောက် ဖြစ်မည်ကိုမူ သေချာပေါက် သိထားလေသည်။

ဆက်ရန်...

All Chapters