← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အပိုင်း (၅) သွေးဆောင်ခြင်း

လင်းယွမ်က လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်မိ၏။ ဤနှစ်ဝက်တာ ကာလအတွင်း သူ အခန်းအပြင်ဘက်သို့ ခြေဦးလုံးဝမလှည့်ခဲ့သလောက်ပင်။

တံခါးအပြင်ဘက် လောကတွင်ကား ဖြစ်ရပ်ဆိုးများစွာ ဖြစ်ပွားခဲ့ပြီးပြီ ဖြစ်သည်။ အိမ်နီးနားချင်း အချို့က စိတ်ရိုင်းဝင်ကာ မကောင်းဆိုးဝါးများအဖြစ် ပြောင်းလဲသွားကြပြီး လူသတ်၊ လုယက်မှုများကို ကျူးလွန်နေကြသည်။ အချို့ကမူ အားနွဲ့ချင်ယောင်ဆောင်ကာ သူ့တံခါးဝတွင် အသနားခံ ငိုယိုရင်း အထဲသို့ ဝင်ရောက်ခိုလှုံခွင့် ရရန် ကြိုးပမ်းကြသည်။ ထို့ပြင် တံခါးကို အတင်းဖျက်ဆီး ဝင်ရောက်ကာ သူ့ကို အကြမ်းဖက် ဖြေရှင်းပစ်ချင်နေသည့် လူရမ်းကားများလည်း ရှိနေတတ်သည်။

ပြင်ပလောကသည် မည်မျှ ရှုပ်ထွေးပွေလီနေကြောင်း သူ ကောင်းကောင်းကြီး သိထား၏။

၃၂ ထပ်ထိ မြင့်မားသော ဤတိုက်ကြီးတွင် အထပ်တိုင်း လူမနေကြသော်လည်း အနည်းဆုံးတော့ တိုက်ခန်းထက်ဝက်ခန့်တွင် လူနေထိုင်ကြသည်။ သူ နေထိုင်ရာ ဤတိုက်အဆောက်အအုံသည် အထပ်တိုင်းတွင် အခန်းနှစ်ခန်း မျက်နှာချင်းဆိုင်သည့် ပုံစံဖြစ်ပြီး စုစုပေါင်း တဖက်လျှင် (၆)ခန်းဆီ တည်ဆောက်ထားခြင်း ဖြစ်သည်။ မျက်နှာချင်းဆိုင် ၆ခန်းအတွဲလိုက် နှစ်ခုကြားတွင် စင်္ကြံလမ်းဖြင့် ချိတ်ဆက်ထားသည်ဖြစ်ရာ တစ်ထပ်လျှင် အနည်းဆုံး မိသားစု (၁၂) စု နေထိုင်ကြသည်ဟု ဆိုနိုင်သည်။

သို့ဖြစ်ရာ တိုက်တစ်လုံးလုံးတွင် အခန်းပေါင်း ၃၈၄ ခန်း ရှိပေလိမ့်မည်။ ပုံမှန် လူနေထိုင်မှုနှုန်းထားဖြင့် တွက်ချက်ကြည့်လျှင် အနည်းဆုံး မိသားစု ၁၉၂ စုခန့် ရှိနေနိုင်သည်။

"ကံကောင်းတာတစ်ခုက ဒီအိမ်ရာစီမံကိန်းက မဖြစ်မနေ နေထိုင်လိုတဲ့သူတွေအတွက် ဦးတည်ထားတာမျိုးဆိုတော့ ဝယ်တဲ့သူအများစုက တိုက်ခန်းရင်းနှီးမြှုပ်နှံသူတွေနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေတဲ့ အတွဲတွေ များတယ်..."

"ရင်းနှီးမြှုပ်နှံသူတွေက ဒီမှာ လာနေမှာ မဟုတ်တော့ အဲဒီလူတွေကို ထည့်တွက်စရာ မလိုဘူး... တကယ်နေတဲ့သူတွေက တိုက်ရဲ့တစ်ဝက်လောက်ပဲ ရှိတယ်... "

"တကယ်လို့ အတွဲတွေပဲ ဆိုရင်တောင် တစ်ခန်းကို ၂ ယောက်နှုန်းနဲ့ တွက်ရင် ဒီတိုက်ထဲမှာ အနည်းဆုံး လူ ၃၈၄ ယောက်လောက်တော့ ရှိနေမှာပဲ..."

လင်းယွမ်က စဉ်းစားခန်း ဖွင့်နေမိသည်။ သို့သော် ဤတွက်ချက်မှုသည် ခန့်မှန်းခြေမျှသာ ဖြစ်ပြီး လက်တွေ့တွင် လူဦးရေက ဤပမာဏထက် များပြားနိုင်ကြောင်း သူ သိသည်။ အဘယ်ကြောင့်ဆိုသော် သူ သိထားသလောက် မိန်တုဥယျာဉ်တွင် အိမ်ဝယ်သူ အများစုမှာ ကလေးမွေးပြီးကာစ မိသားစုများ ဖြစ်ကြသောကြောင့် ပင်တည်း။ သူတို့က ကလေး ကျောင်းအပ်နှံရာတွင် အဆင်ပြေစေရန် အိမ်ထောင်စုစာရင်း ဝင်ချင်ကြသဖြင့် ဤနေရာကို ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့သော မိသားစုမျိုးတွင် အိမ်သား ၃ ယောက်မက ရှိနိုင်ပြီး ကလေးထိန်းပေးမည့် ဘိုးဘွားများပါ အတူနေထိုင်လေ့ ရှိကြသည်။ ထို့ကြောင့် လူဦးရေမှာ သူ တွက်ချက်ထားသည်ထက် ပိုများပေလိမ့်မည်။

ရေကြီးရေလျှံသည့် ဘေးအန္တရာယ်ကြောင့် သေဆုံးရသူ အရေအတွက်မှာမူ ထင်ထားသလောက် မများပြားလှပေ။ အကြောင်းမှာ သည်းထန်စွာ ရွာသွန်းသော မိုးကြောင့် ဖြစ်ပေါ်လာသည့် ရေကြီးမှုက ရုတ်တရက် ချက်ချင်းကြီး ဖြစ်ပေါ်လာခြင်း မဟုတ်သောကြောင့် လူအများစုသည် မိမိတို့အထပ် ရေမမြုပ်မီကပင် အပေါ်ထပ်များသို့ ကြိုတင် ပြေးတက် ပုန်းရှောင်နိုင်ခဲ့ကြသည်။ ရိက္ခာရှာရန် အပြင်ထွက်ရင်း ရေဘေးသင့်ကာ အပြင်မှာ သေဆုံးသွားသူ အနည်းငယ် ရှိသည်ကို ဖယ်ထားလိုက်လျှင် သေဆုံးသူ အများစုမှာ နေရာလုကြရင်း၊ ရိက္ခာလုကြရင်း အချင်းချင်း သတ်ဖြတ်ကြရာမှ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်မှု ပျက်ပြားသွားချိန်တွင် ခွန်အားကသာ အရာရာကို ဆုံးဖြတ်နိုင်သည့် လက်နက်ဖြစ်လာပြီး လူ့အသက်သည် တန်ဖိုးမဲ့သထက် မဲ့လာခဲ့ရသည်။

လင်းယွမ်သည် နေ့စဉ်နေ့တိုင်း တိုက်၏ အမိုးထပ်မှ လူတို့၏ သွေးပျက်ဖွယ် အော်ဟစ်သံများနှင့် စင်္ကြံလမ်းများပေါ်မှ ညည်းညူသံသဲ့သဲ့များကို အခန်းထဲမှနေ၍ ကြားနေရသည်။ ဤနှစ်ဝက်တာ ကာလအတွင်း တံခါးပေါက်ရှိ ''ချောင်းကြည့်ပေါက်'' မှန်ဘီလူးမှတစ်ဆင့် မရှုမလှ မြင်ကွင်းပေါင်းများစွာကို သူ မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။ ထို့ကြောင့်လည်း သူက ကိုယ်ကာယ ကြံ့ခိုင်မှုကို အသည်းအသန် လေ့ကျင့်ပြီး တိုက်ခိုက်စွမ်းရည် တိုးတက်အောင် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ စနစ် ပေါ်ပေါက်လာခြင်းက သူ့ကို ဆုံးဖြတ်ချက် တစ်ခုခု မချမဖြစ် ချရတော့မည့် အခြေအနေသို့ တွန်းပို့လိုက်လေပြီ။ သူ အပြင်ထွက်ဖို့ နည်းလမ်းရှာရတော့မည်။ သန္ဓေပြောင်းလဲသွားသော သတ္တဝါများကို သတ်ဖြတ်ဖို့ သူနည်းလမ်းရှာရတော့မည်။

"သန္ဓေပြောင်း သတ္တဝါတွေ..."

လင်းယွမ်က ထိုင်ရာမှထကာ အဝတ်အစားများကို သေသေချာချာ ဝတ်ဆင်လိုက်သည်။ ရင်ဘတ်နှင့် ပေါင်ကြားနေရာများတွင် ပလပ်စတစ်ဖော့တုံး အချို့ကို ထိုးထည့်လိုက်၏။ ဤသို့ပြုလုပ်ခြင်းက ရိုးရှင်းသော ကာကွယ်မှု ရနိုင်သည့်အပြင် ကံမကောင်း အကြောင်းမလှ၍ ရေထဲပြုတ်ကျခဲ့လျှင်လည်း ရေပေါ်ပေါ်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သည်။ ထို့ပြင် စင်္ကြံလမ်းများတွင် မီးအလင်းရောင်မရှိဘဲ မှောင်မည်းနေချိန်၌ တစ်စုံတစ်ယောက်က နောက်မှ အလစ်ဝင်ရိုက်ခြင်းကို ကာကွယ်နိုင်ရန် ဆိုင်ကယ်စီး ဦးထုပ်ကို အထူးတလည် ထုတ်၍ ဆောင်းလိုက်သည်။

တစ်ကိုယ်လုံး ကိရိယာအပြည့် တပ်ဆင်ပြီးနောက် ကျောပေါ်တွင် ကြိုးတစ်ခွေကို လွယ်လိုက်သည်။ လက်ထဲတွင်မူ သံပိုက်လုံးနှင့် ကြက်သွန်လှီးဓားကို ဂဟေဆက်ထားသော လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ကာ ဘေးနားမှ ဓာတ်မီးကိုပါ ယူလိုက်သည်။ ယခုဆိုလျှင် အားလုံး အဆင်သင့် ဖြစ်လေပြီ။

ယခုတစ်ခေါက် အပြင်ထွက်ရခြင်း၏ ပထမ ရည်ရွယ်ချက်မှာ အောက်ထပ်သို့ ဆင်းမည့်လမ်းကြောင်းကို စူးစမ်းရန် ဖြစ်ပြီး၊ ဒုတိယ ရည်ရွယ်ချက်ကျွန်မှသာ သန္ဓေပြောင်း သတ္တဝါများကို ရှာဖွေရန် ဖြစ်သည်။

လင်းယွမ်က တံခါးဝတွင် ရပ်ကာ အပြင်ဘက်မှ လှုပ်ရှားသံများကို ခေတ္တမျှ နားစွင့်နေလိုက်သည်။ လူသံသူသံ မကြားရမှသာ တံခါးကို ဖွဖွလေး ဖွင့်လိုက်၏။ သံပန်းတံခါးကြားမှတစ်ဆင့် အပြင်သို့ ချောင်းကြည့်လိုက်သောအခါ စင်္ကြံလမ်းတစ်ခုလုံး မှောင်မည်း တိတ်ဆိတ်နေပြီး တစုံတရာ မီးရှို့ထားသည့် အနံ့မျိုးလည်း တခါတရံ ရနေတတ်ရာ ယခင်က တစ်စုံတစ်ယောက် ဤနေရာတွင် မီးမွှေး၍ ချက်ပြုတ်ခဲ့ပုံ ရသည်။

သူက ထိုအရာများကို ဂရုမစိုက်တော့ဘဲ သံပန်းတံခါးကို ဖွဖွလေးဟကာ အခန်းတံခါးကို ဖြည်းညှင်းစွာ ပြန်ပိတ်လိုက်သည်။ သော့ဆွဲဖြုတ်ပြီးနောက် လင်းယွမ်က ဓာတ်မီးကို ချက်ချင်း မဖွင့်သေးဘဲ လှေကားထိပ်တွင် ငြိမ်သက်စွာ ရပ်နေလိုက်သည်။

အပေါ်ထပ်ဆီမှ မိုးသည်းထန်စွာ ရွာသွန်းနေသော တဖြောင်းဖြောင်းအသံများကို ကြားနေရပြီး အောက်ထပ်ဆီမှမူ စကားပြောသံသဲ့သဲ့ကို ကြားနေရသည်။

လင်းယွမ်က အရေးပေါ်ထွက်ပေါက် လှေကားဘက်သို့ လျှောက်သွားလိုက်သည်။ ထွက်ပေါက်တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ငန်ကျိကျိ ပင်လယ်ရေငွေ့ အနံ့များ နှာခေါင်းထဲသို့ အလုအယက် တိုးဝင်လာကြ၏။ ထို့အပြင် ဆိုးရွားသော အပုပ်နံ့အချို့လည်း ရောနှော ပါဝင်နေသည်။ ထိုစဉ် လှေကားထစ်များဆီမှ လှုပ်ရှားသံအချို့ကို သဲ့သဲ့ကြားလိုက်ရပြီး သူ့မျက်မှောင်တို့ အနည်းငယ် ကြုတ်သွားမိသည်။ သူက ချက်ချင်းပင် ဓာတ်မီးဖွင့်ကာ လှေကားလမ်းကြောင်းကို သတိကြီးစွာဖြင့် လှမ်းထိုးကြည့်လိုက်သည်။

လှေကားလမ်းတစ်လျှောက် နေရာအနှံ့တွင် စွန့်ပစ်အမှိုက်များ ပွထနေသည်ကို တွေ့ရပြီး မူလက ဖြူဖွေးခဲ့ဖူးသော နံရံများပေါ်တွင်လည်း မှိုများ တက်နေလေပြီ။ အထပ်နှစ်ခုကြား လှေကားအကွေ့တွင် အမှိုက်များဖြင့် ဖို့ပြီး ခပ်မြင့်မြင့် ပြုလုပ်ထားသော နေရာလပ်တစ်ခု ရှိသည်။ ထိုနေရာတွင် ရိုးရှင်းသော အိပ်ရာတစ်ခု ပြင်ဆင်ထားသည်ကို တွေ့လိုက်ရ၏။

ထိုအိပ်ရာကျဉ်းကျဉ်းလေးပေါ်တွင် အမျိုးသမီးနှစ်ဦး လဲလျောင်းနေကြသည်။ ဓာတ်မီးအလင်းရောင် သူတို့အပေါ် ကျရောက်သွားချိန်တွင် နှစ်ယောက်စလုံးက အလိုအလျောက်ပင် လက်ဖြင့် မျက်လုံးများကို ကာလိုက်ကြသည်။

ထိုအထဲမှ အမျိုးသမီးတစ်ဦးက "ကျွန်မ ယောကျ်ားက အစ်ကိုအားလုံရဲ့ လူနော်... ရှင် မဟုတ်တာလုပ်ဖို့မစဉ်းစားနဲ့" ဟု လှမ်းအော်ပြောလိုက်သည်။

ကျန်တစ်ဦးကမူ စကားတစ်ခွန်းမျှ မဆိုဘဲ ထောင့်တစ်နေရာသို့သာ တိုးကပ်သွားရှာသည်။

လင်းယွမ်က ထိုအမျိုးသမီးနှစ်ယောက်ကို သေချာ ကြည့်လိုက်မိသည်။ ရင်းနှီးနေသလိုလို ရှိ၏။ စကားလှမ်းပြောသူမှာ တတိယထပ်မှ အမျိုးသမီးဖြစ်ပုံရပြီး စကားမပြောဘဲ ငြိမ်နေသူမှာ စတုတ္ထထပ်မှ အမျိုးသမီး ဖြစ်ဟန်တူသည်။ ထိုအမျိုးသမီးနှစ်ဦးစလုံးတွင် တူညီသော အချက်တစ်ချက် ရှိနေသည်။ ထိုအရာမှာ သူမတို့၏ ရင်သားများမှာ သိသိသာသာ ထွားကြိုင်းနေကြခြင်းပင်။

စကားပြောသော အမျိုးသမီးက အသက်ခပ်ကြီးကြီးဖြစ်ပြီး ၃၅ နှစ်စွန်းစွန်းခန့် ရှိပေလိမ့်မည်။ စတုတ္ထထပ်မှ အမျိုးသမီးကမူ အသက် ၂၀ ကျော်သာ ရှိဦးမည်ဖြစ်ပြီး ရုပ်ရည်အားဖြင့် မဆိုးလှပေ။

တတိယထပ်မှ အမျိုးသမီး ပြောလိုက်သည့် ''အစ်ကိုအားလုံ'' ဆိုသူက မည်သူမှန်း လင်းယွမ် သိသည်။

လျှိုအားလုံ... မိန်တုဥယျာဉ်၏ အိမ်ရာစီမံခန့်ခွဲရေးမှူး ဖြစ်ပြီး ဤတိုက်တွင်ပင် နေထိုင်သူဖြစ်သည်။ ရေကြီးမှု မဖြစ်ခင်က လင်းယွမ်သည် လျှိုအားလုံနှင့် အိမ်ရာဝင်းထဲတွင် မကြာခဏ ဆုံဖူးသည်။ လျှိုအားလုံက ခန္ဓာကိုယ် ထွားကျိုင်းသန်မာပြီး ကိုယ်ကာယလေ့ကျင့်ခန်း လုပ်လေ့ရှိပုံရသည်။ အခန်းပိုင်ရှင်များအပေါ် အလွန် ယဉ်ကျေးပျူငှာပြီး အိမ်ရာနေထိုင်သူများ၏ ''ဂရုချက်'' ထဲတွင်လည်း အတော်လေး တက်ကြွစွာ ပါဝင်လေ့ရှိသူ ဖြစ်သည်။ သို့သော် ရေဘေးသင့်ပြီးနောက်တွင်မူ ထိုလူသည် ဝန်ထမ်းအချို့ကို ဦးဆောင်ကာ အိမ်ရာရှေ့ရှိ ကုန်စုံဆိုင်မှ ပစ္စည်းအများအပြားကို ဝင်ရောက်လုယက်ခဲ့သည်။ ထိုအချိန်မှ စတင်ကာ သူ၏နာမည်က တဖြည်းဖြည်း ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။ ဤနှစ်ဝက်တာ ကာလအတွင်း သူသည် ဤတိုက်အဆောက်အအုံတွင် ဩဇာအကြီးဆုံး လူတစ်ယောက် ဖြစ်လာခဲ့သည်။

"မင်းတို့ နာမည် ဘယ်လိုခေါ်လဲ" လင်းယွမ်က အသံနက်ကြီးဖြင့် မေးလိုက်သည်။

အမျိုးသမီးနှစ်ယောက် ကြောင်အမ်းသွားကြ၏။ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးက "အစ်ကို... ကျွန်မ အရင်က ၃ လွှာမှာ ငှားနေတဲ့သူပါ... နာမည်က ဖန်းမေချင်းတဲ့... ဒီတစ်ယောက်ကတော့ ၄ လွှာက အခန်းပိုင်ရှင် တင်းယန်ပဲ... ကဲ... ညီမတင်း... အစ်ကို့ကို နှုတ်ဆက်လိုက်ဦးလေ" ဟု ကပျာကယာ ပြောလိုက်သည်။

ညီမတင်းဟု ခေါ်သော အမျိုးသမီးက "မင်္ဂလာပါ အစ်ကို" ဟု အေးတိအေးစက် ပြန်နှုတ်ဆက်သည်။ သူမ၏ အသံတွင် ခံစားချက်မပါဘဲ စက်ရုပ်ဆန်နေ၏။

လင်းယွမ်က တင်းယန်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထိုအမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ထိခိုက်ဒဏ်ရာ ရထားပုံပေါ်သည်။ ဤခြောက်လတာ ကာလအတွင်း မျှော်လင့်ချက်မဲ့သော ဖြစ်ရပ်ဆိုးများနှင့် ကြုံတွေ့ခဲ့ရသည်မှာ သေချာသလောက်ပင်။

"အစ်ကို... အစ်ကိုက အပေါ်ထပ်က အခန်းပိုင်ရှင်လား... အစ်ကို့ အခန်းမှာ နေရာလွတ် ကျန်သေးလား... ကျွန်မတို့နှစ်ယောက်မှာ နေစရာမရှိတော့လို့ပါ... အခန်းတွေလည်း ရေမြုပ်ကုန်ပြီ... အစ်ကိုရယ်... ကုသိုလ်ယူတဲ့ အနေနဲ့ ကျွန်မတို့ကို အခန်းတစ်ခန်းလောက် ပေးနေပါလားဟင်... ကျွန်မတို့ ဘာခိုင်းခိုင်း အကုန် လုပ်ပေးပါ့မယ်"

ဖန်းမေချင်းက ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်ချရင်း သနားစဖွယ် မျက်နှာထားဖြင့် တောင်းပန်ရှာသည်။ ထိုသို့ လှုပ်ရှားလိုက်စဉ် သူမ ကိုယ်ပေါ်မှ စောင်ပါးလေး လျောကျသွားကာ ပါးလွှာသော တီရှပ်အင်္ကျီအောက်မှ ခန္ဓာကိုယ်ကို အထင်းသား ပေါ်သွားစေသည်။ တီရှပ်၏ လည်ပင်းပေါက်က ကျယ်လွန်းသဖြင့် ဖွေးဥနေသော ရင်သားအဝိုက်အဝန်းနှင့် နက်ရှိုင်းသော ရင်ကြားမြောင်းကို မြင်လိုက်ရသည်။ ပိုဆိုးသည်မှာ သူမသည် အတွင်းခံ ဝတ်ဆင်မထားဘဲ ဗလာကျင်းနေခြင်း ဖြစ်သဖြင့် မောက်ကြွနေသော ရင်သားထိပ်ဖျားအရာများပင် ထင်ရှားစွာ ပေါ်လွင်နေ၏။

လင်းယွမ်သည် မိန်းမသားများနှင့် ကင်းကွာနေသည်မှာ ခြောက်လပင် ရှိခဲ့ပြီဖြစ်ရာ ဤမြင်ကွင်းကြောင့် ရုတ်တရက် သွေးသားများ ဆူပွက်သွားသလို ခံစားလိုက်ရသည်။ သူက ခေတ္တမျှ စိုက်ကြည့်နေပြီးမှ "ဒီတိုက်မှာ အခန်းလွတ်တွေ အများကြီး ရှိသေးတယ်မလား" ဟု စကားလမ်းကြောင်း လွှဲမေးလိုက်သည်။

ဖန်းမေချင်းက "သူများတွေ ဦးကုန်ကြပြီလေ... ကျွန်မတို့က မိန်းမသားတွေဆိုတော့ ဘာတတ်နိုင်မှာလဲ..." ဟု ငိုသံပါကြီးဖြင့် ဖြေသည်။

လင်းယွမ်က ထိုကိစ္စကို ဆက်မဆွေးနွေးလိုတော့သဖြင့် "လျှိုအားလုံ ဘယ်မှာနေလဲ" ဟု မေးလိုက်သည်။

ဖန်းမေချင်းက ချက်ချင်းပြန်မဖြေဘဲ နေရာမှ ကုန်းထကာ လင်းယွမ် ရှိရာဘက်သို့ တိုးကပ်လာရန် ကြိုးစားသည်။ "အစ်ကို... ကျွန်မ တကယ် ဘာမဆို လုပ်ပေးနိုင်ပါတယ်... နေစရာလေးရယ် စားစရာလေးရယ်သာ ပေးပါ... ကျွန်မ အစ်ကို့အတွက် ကျွန်ခံဆို ခံပေးနိုင်တယ်... အစ်ကို ဘယ်လိုပုံစံနဲ့ ဖြစ်ချင်လဲ... ကျွန်မ အကုန်..."

သူမ စကားမဆုံးခင်မှာပင် လင်းယွမ်က သံပိုက်လုံးလှံရှည်ကို မြှောက်ကာ သူမ၏ ရင်ဘက်နေရာဆီသို့ တည့်တည့်ချိန်လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။

"အဲဒီမှာ ရပ်နေ... မလှုပ်နဲ့... ငါ မေးတာပဲ ဖြေ"

ဆက်ရန်...

အပိုင်း (၆) အခန်းဖောက်ခံရလုနီးပါး

ဖန်းမေချင်း တစ်ကိုယ်လုံး တုန်ယင်သွားသည်။ အေးစက်လှသော ဓားသွားအရောင်ကြောင့် မျက်နှာသွေးမရှိတော့ဘဲ ဖြူဖျော့သွားကာ ကြမ်းပြင်ပေါ်သို့ ပုံရက်သား ပြန်လဲကျသွားသည်။ စကားပင် တခွန်းမှ မဟရဲတော့။

ထိုအချိန်တွင် ဘေးနားမှ တင်းယန်က ဝင်ပြောလိုက်သည်။ "လျှိုအားလုံက ၁၁ လွှာ၊ ၁၄ လွှာ၊ ၂၁ လွှာနဲ့ ၂၈ လွှာတွေမှာ အခန်းတွေ ယူထားတယ်... သူက အခန်းတွေကို ခဏခဏ ပြောင်းပြီး နေတတ်တယ်"

လင်းယွမ် အံ့ဩသွားပြီး တင်းယန်ကို လှမ်းကြည့်လိုက်သည်။ "အခန်းလွတ်တွေ အများကြီး ကျန်နေသေးတာလား... ခေါင်မိုးထပ်က လူတွေနဲ့ စင်္ကြံလမ်းက လူတွေ အဲ့ဒီအခန်းတွေမှာ ဝင်မနေကြဘူးလား"

"မိုးတွေအရမ်း ရွာပြီးနောက်ပိုင်း ဘယ်သူမှ ခေါင်မိုးထပ်မှာ မနေရဲကြတော့ဘူး... မိုးရေခံဖို့ အခိုင်းခံထားရတဲ့ သက်ကြီးပိုင်းတွေနဲ့ မသန်စွမ်းတချို့လောက်ပဲ အပေါ်မှာ ကျန်ခဲ့တော့တာ... လူအများစုက စင်္ကြံလမ်းတွေပေါ် ရောက်ကုန်ကြပြီ"

တင်းယန်က ဆက်ပြောသည်။ "အောက်ဘက်မှာ အခန်းလွတ်တွေ အများကြီး ရှိသေးတယ်... ဒါပေမဲ့ အကုန်လုံးကို လျှိုအားလုံတို့အဖွဲ့က ထိန်းချုပ်ထားတာ... သူတို့ ပေးနေမှ နေရတာ"

လင်းယွမ် မျက်ခုံးပင့်လိုက်သည်။ "ဘယ်သူမှ မဆန့်ကျင်ကြဘူးလား"

"သူတို့က လူအင်အား များတယ်လေ"

လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။ "သူတို့ဆီမှာ ရိက္ခာတွေ ဘယ်လောက် ကျန်သေးလဲ"

"သိပ်မကျန်တော့ဘူး... အခုဆို သူတို့က တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ရှာနေကြပြီ... ရှင် အရင်က အခန်းထဲမှာပဲ ပုန်းနေတာမလား... သတိထားနော်... သိပ်မကြာခင် သူတို့ ရှင့်အခန်းဆီ ရောက်လာလိမ့်မယ်"

ထိုစကားကြောင့် လင်းယွမ်သည် တင်းယန်ကို သေချာ ဂရုစိုက်ကြည့်မိသွားသည်။ ဤအမျိုးသမီးသည် ရုပ်ရည်သန့်ပြန့်သော်လည်း အာဟာရပြတ်လပ်နေပုံ ရသည်။ မျက်နှာဖြူဖျော့ကာ နှုတ်ခမ်းများ အက်ကွဲနေသည်။ ဘေးနားမှ ဖန်းမေချင်းလောက်ပင် ရေရေလည်လည် မရှိလှ။

လင်းယွမ် မေးလိုက်သည်။ "အောက်ထပ်မှာ လူများလား"

"နည်းနည်းများတယ်... အရည်အချင်း နည်းနည်းရှိတဲ့လူတွေက လျှိုအားလုံကို ဖားပြီး အခန်းရအောင် ယူကြတယ်... ဘာအရည်အချင်းမှ မရှိတဲ့ လူတွေက လှေကားထစ်မှာပဲ အိပ်ကြတယ်... အဆိုးဆုံးကတော့ စင်္ကြံလမ်းမှာ နေရတဲ့ လူတွေပဲ... အဲ့ဒီမှာက ကြမ်းပြင်တွေ ရေတွေစိုနေပြီး လေတိုက်ရင် အကာမရှိတော့ မိုးပက်တယ်လေ... ဒါပေမဲ့ ခေါင်မိုးထပ်ထက်တော့ သာပါသေးတယ်"

လင်းယွမ် နောက်ထပ် မေးခွန်းအချို့ မေးမြန်းလိုက်ရာ ပတ်ဝန်းကျင် အခြေအနေကို အတော်အတန် နားလည်သွားသည်။ သူ အောက်ထပ်သို့ ဆက်မဆင်းတော့။ တင်းယန်ပြောစကားအရ အောက်ထပ်တွင် လျှိုအားလုံ၏ လူတွေ များပြားလေရာ သူကဲ့သို့ လူစိမ်းတစ်ယောက် ဆင်းသွားပါက ဝိုင်းဝန်း တိုက်ခိုက်ခံရနိုင်သည်။

ထို့ကြောင့် စင်္ကြံလမ်းဘက်သို့သာ တစ်ချက်သွားကြည့်လိုက်ရာ လူအများအပြား ပုန်းခိုနေကြသည်ကို တွေ့လိုက်ရသည်။ စင်္ကြံလမ်းတွင် အကာအကွယ် မရှိသဖြင့် လူအများစုသည် ပလပ်စတစ်အိတ်များကို ဆက်ကာ တဲထိုးပြီး မိုးဒဏ်လေဒဏ်ကို ကာကွယ်နေကြရသည်။ နေစရာနေရာဟူ၍ ဖြစ်သလို ဖန်တီးထားကြသည်။

(ဒီ စင်္ကြံလမ်း ဆိုတာက အခုတိုက်ရဲ့ အလွှာတိုင်းမှာရှိပြီး ဒီဘက်အခန်းတွေရှိတဲ့တိုက်နေရာကနေ ဟိုဘက်အခန်းတွေရှိတဲ့တိုက်နေရာကို ကူးလို့ရတဲ့ လျှောက်လမ်းကိုပြောတာပါ။ အဲ့ဒီလျှောက်လမ်းက ဝန်းရံတာ သဘောမျိုးဖြစ်ပြီး အမိုးရှိပေမယ့် အကာအရံက လူခါးလောက်ပဲရှိတော့ မိုးရွာလို့လေတိုက်ရင် မိုးပက်ပါတယ်။ နမူနာအနေနဲ့ပြောရရင် မြန်မာနိုင်ငံက လမ်းကူးကုန်းကျော်တံတားတွေလိုမျိုးပါပဲ။ သူတို့က အလုံပိတ်မဟုတ်ပါဘူး)

တော်သေးသည်မှာ အလွှာတိုင်းရှိ စင်္ကြံလမ်းများသည် ကျယ်ဝန်းသဖြင့် မိသားစုအလိုက် စုဝေးနေထိုင်ကြခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် စင်္ကြံလမ်းတစ်ခုတွင် မိသားစု နှစ်စု၊ သုံးစုခန့် စုနေကြပြီး အချင်းချင်း ရိုင်းပင်းကူညီနေကြပုံ ရသည်။

လင်းယွမ် ရောက်လာသည်နှင့် ထိုအလွှာရှိ စင်္ကြံလမ်းမှ လူတစ်ယောက် သတိထားမိသွားသည်။ ထိုသူသည် ချက်ချင်းပင် သတိဝီရိယဖြင့် မတ်တတ်ထရပ်ကာ ဘေးနားရှိ ဟင်းလှီးဓားမကြီးကို ကောက်ကိုင်လိုက်တော့သည်။

"အစ်ကိုမာ" သူက လှမ်းအော်လိုက်ရာ ဘေးနားရှိ မိုးကာတဲအောက်မှ အသက်ငါးဆယ်ကျော် ထိပ်ပြောင်ပြောင် လူကြီးတစ်ယောက် ထွက်လာသည်။ ထိုလူကြီး လက်ထဲတွင်လည်း သစ်သီးလှီးဓားတစ်ချောင်း ပါလာပြီး လင်းယွမ်ကို သတိထားကြည့်နေသည်။

"မင်း ဘယ်သူလဲ" ဓားမကိုင်ထားသူက အသံမာမာဖြင့် မေးလိုက်သည်။

လင်းယွမ်က ထိုနှစ်ယောက်ကို အကဲခတ်ကြည့်လိုက်သည်။ ဓားမကိုင်ထားသူမှာ အသက်လေးဆယ်ကျော်ခန့် ရှိပြီး ကြွက်သားအမြှောင်းမြှောင်းနှင့် ဖြစ်သော်လည်း အစာရေစာ ငတ်ပြတ်ထားသဖြင့် ပိန်လှီနေသည်။ ထိပ်ပြောင်ပြောင် လူကြီးကိုလည်း သူ မြင်ဖူးသည်။ ယခင်က ဓာတ်လှေကားထဲတွင် တွေ့ဖူးသည်။ သို့သော် လွန်ခဲ့သော ခြောက်လကနှင့် ယှဉ်လျှင် သိသိသာသာ ပိန်ကျသွားပြီး ယခင်က ဗိုက်ရွှဲရွှဲသည် ယခုအခါ ဗိုက်ပူရုံသာ ရှိတော့သည်။

လင်းယွမ် စဉ်းစားလိုက်ပြီး ပြန်ဖြေသည်။ "ကျွန်တော်က အပေါ်ထပ် ၃၂၀၁ ကပါ"

ထိုနှစ်ယောက် မျက်လုံးပြူးသွားကြသည်။ အထူးသဖြင့် အစ်ကိုမာဆိုသူက အံ့ဩတကြီး ပြောလိုက်သည်။ "မင်းက ၃၂၀၁ က ခေါင်းမာတဲ့ကောင် ဆိုတာလား"

လင်းယွမ် နားမလည်စွာဖြင့် ပြန်မေးလိုက်သည်။ "ဘာကို ပြောတာလဲဗျ"

အစ်ကိုမာက ဘာမှ မပြော။ ဓားမကိုင်ထားသူက ဝင်ပြောသည်။ "မနက်က လျှိုအားလုံရဲ့ လူတွေ မင်းဆီ တက်လာကြတယ်မလား... ငါတို့ အသံတွေ ကြားလိုက်ရတယ်... မင်းက ဝူဟွတို့ကို ဒဏ်ရာရအောင်လုပ်ပြီး မောင်းထုတ်လိုက်တယ်ဆို... လျှိုအားလုံက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"

လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ "အရင်ကလည်း ကျွန်တော် သူတို့ကို ဒဏ်ရာရအောင်လုပ်ဖူးတာပဲ... ကျွန်တော်တို့က ရန်ငြိုးဖွဲ့နေတာ ကြာပြီ"

ဓားမကိုင်ထားသူက ခေါင်းခါသည်။ "ဒီတစ်ခါ မတူဘူး... လျှိုအားလုံက လူတွေအများကြီး ခေါ်ပြီး အလွှာတိုင်းကို ရှင်းလင်းရေး လုပ်နေပြီ... မနေ့က ၂၇ လွှာအထိ ရှင်းပြီးသွားပြီ... ဒီနေ့တော့ ၃၂ လွှာအထိ တစ်ရှိန်ထိုး တက်လာလိမ့်မယ်... မင်း အခန်းထဲမှာ ပုန်းနေလည်း အလကားပဲ"

"ငါသာ မင်းနေရာမှာဆိုရင်တော့ အခန်းပြန်ပြီး ရိက္ခာတွေ ကိုအမြန် ဖွက်ထားလိုက်ပြီ"

လင်းယွမ် စိတ်လေးသွားသည်။ "လျှိုအားလုံဆီမှာ လူအင်အား များလား"

"အယောက် ၂၀ ကျော်လောက် ရှိတယ်... အကုန်လုံးက ဒီတိုက်က အိမ်ငှားတွေချည်းပဲ... အများစုက လူကောင်ထွားပြီး သန်မာတဲ့ကောင်တွေ" ဟု အစ်ကိုမာက ဝင်ပြောသည်။

"ခင်ဗျားတို့ရော ဘာလို့ သူတို့နဲ့မပေါင်းတာလဲ" လင်းယွမ် မေးလိုက်သည်။

အစ်ကိုမာက ဘာမှ ပြန်မဖြေဘဲ တဲဘက်ကိုသာ လှမ်းကြည့်လိုက်သည်။

ဓားမကိုင်ထားသူက ပြောသည်။ "လျှိုအားလုံရဲ့ အဓိကလူတွေက သန်မာထွားကျိုင်းတဲ့သူတွေချည်းပဲလေ... သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေကို လက်မခံဘူး"

"ခင်ဗျားက မသန်မာလို့လား" ဓားမကိုင်ထားသူက လေသံအေးအေးဖြင့် ပြောသည်။

"ငါ့မှာ မိန်းမနဲ့ ကလေး ရှိတယ်" ထိုစကားကို ကြားမှ လင်းယွမ် သဘောပေါက်သွားသည်။ လျှိုအားလုံက လူစုနေသော်လည်း လူတိုင်းကို လက်ခံသည် မဟုတ်။ ပထမအချက်အနေဖြင့် သန်မာထွားကျိုင်းသူ ဖြစ်ရမည်။ ဒုတိယအချက်မှာ မိသားစု ဝန်ထုတ်ဝန်ပိုး မရှိသူ ဖြစ်ရမည်။ ထိုသို့ လုပ်ဆောင်ခြင်းမှာ ရိက္ခာခြိုးခြံချင်၍ ဖြစ်တန်ရာ၏။ လူတစ်ယောက်စာ ကျွေးရသည်နှင့် မိသားစုတစ်စုစာ ကျွေးရသည်မှာ များစွာ ကွာခြားသည် မဟုတ်ပါလော။

"ညီလေး... ငါတို့ မိတ်ဆွေဖွဲ့ရအောင်... ဒီခေတ်ကြီးမှာ တစ်ယောက်ထဲ လှုပ်ရှားလို့ မရဘူး... ငါ့နာမည်က ချိုင်ကြည် ပါ" ချိုင်ကြည်သည် ဓားမကို ပြန်သိမ်းလိုက်ပြီး လင်းယွမ်ထံ လက်ကမ်းပေးလိုက်သည်။

ဘေးနားမှ အစ်ကိုမာ ဆိုသူကလည်း ခေါင်းညိတ်ထောက်ခံသည်။ "ငါ့နာမည်က မာကောချိုင် မောင်ရင်... ရှောင်ချိုင် ပြောတာ အမှန်ပဲ... ငါတို့ ကျန်တဲ့လူတွေသာ မစည်းလုံးရင် လျှိုအားလုံတို့အဖွဲ့က စည်းမရှိ ဝါးမရှိ သောင်းကျန်းနေလိမ့်မယ်"

လင်းယွမ်က သူတို့နှင့် လက်ဆွဲနှုတ်ဆက်ခြင်း မပြုဘဲ လှေကားဘက်သို့ ခြေလှမ်း ဆုတ်လိုက်သည်။ "ကျွန်တော် လျှိုအားလုံကို စောင့်နေလိုက်မယ်"

ပြောပြီးသည်နှင့် အပေါ်ထပ်သို့ ပြန်တက်သွားတော့သည်။ သူ အလွန် တည်ငြိမ်နေသည်။ ဤလူနှစ်ယောက်နှင့် သူသည် အရင်းနှီးကြီး မဟုတ်သဖြင့် သူတို့စကား မည်ရွှေ့မည်မျှ မှန်သည်၊ မှားသည် ကို မည်သူမျှ အာမခံနိုင်ခြင်း မရှိ။ သူက သူများပြောစကားကို လွယ်လွယ်နှင့် ယုံကြည်တတ်သူ မဟုတ်။ သို့သော် မနက်က လူနှစ်ယောက် သူ့အခန်းကို အတင်းဝင်ရန် ကြိုးစားခဲ့သည်မှာ အမှန်ပင် ဖြစ်သဖြင့် သတိမထား၍ မဖြစ်တော့ပေ။

"ကြည့်ရတာ ငါဒီနေ့ အပြင်ထွက်လို့ မဖြစ်တော့တဲ့ပုံပဲ... လျှိုအားလုံ..." လင်းယွမ်၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

အခန်းပြန်ရောက်၍ လှေကားထစ်များ အဆုံးသို့ ရောက်သည်နှင့် မော့ကြည့်လိုက်ရာ... သူ့တိုက်ခန်းရှေ့ တံခါးပေါက်တွင် ပိန်လှီသော လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုလူသည် သူ၏ တိုက်ခန်းတံခါး ချောင်းကြည့်ပေါက်ကို သူခိုးဆန်ဆန် ချောင်းမြောင်း ကြည့်ရှုနေလေသည်။

"လီကျစ်ချန်"

တံခါးရှေ့မှ လူရိပ်သည် တစ်ကိုယ်လုံး တုန်သွားသည်။ ချက်ချင်း လှည့်ကြည့်လိုက်ရာ လက်နက်အပြည့်အစုံ ဝတ်ဆင်ထားသော လင်းယွမ်ကို တွေ့လိုက်ရသဖြင့် မျက်နှာ ဖြူဖျော့သွားပြီး ချွေးစေးများ ပျံလာသည်။ နှုတ်ဆက်စကားပင် မပြောရဲဘဲ သူ့အခန်းဘက်သို့ အပြေးအလွှား ပြေးဝင်သွားတော့သည်။ လင်းယွမ် ဘာမှ မမေးလိုက်ရခင်မှာပင် ''ဝုန်း'' ခနဲ တံခါးပိတ်သံ ကြားလိုက်ရပြီး ထိုလူ သူ့တိုက်ခန်းထဲ ဝင်ပြေးသွားလေသည်။

လင်းယွမ် မျက်နှာအမူအရာ တင်းမာသွားသည်။ သူ့တိုက်ခန်းတံခါးရှေ့သို့ အမြန်သွားကြည့်လိုက်ရာ ချောင်းကြည့်ပေါက်တွင် သံနန်းကြိုးတစ်ချောင်း ထိုးစိုက်လျက်သား တန်းလန်းကျန်နေသည်ကို တွေ့လိုက်ရသည်။ သံနန်းကြိုးကို ဆွဲထုတ်ကြည့်လိုက်ရာ အတွင်းပိုင်းသို့ ထိုးထည့်သည့် အပိုင်းကို ချိတ်ကောက်သဏ္ဍာန် ကွေးထားသည်ကို တွေ့ရသည်။

လင်းယွမ် ဒေါသထွက်သွားသည်။ "ဒီကောင်က သော့ဖျက်ပြီး ခိုးဝင်ဖို့ ကြံနေတာပဲ"

"ဝုန်း"

ဒေါသအရှိန်ဖြင့် လင်းယွမ် လှည့်ထွက်ကာ မျက်နှာချင်းဆိုင် အခန်းတံခါးကို ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် ကန်ထည့်လိုက်သည်။

"အမလေး" တံခါးတစ်ဖက်မှ မိန်းမတစ်ယောက်၏ လန့်ဖျပ်အော်သံ ထွက်ပေါ်လာသည်။

လင်းယွမ် ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ "လီကျစ်ချန်... ခွေးမသား... ငါ အရင်က မင်းကို ဆန်တစ်အိတ် ချေးပေးဖူးတာကို ကျေးဇူးမတင်တဲ့အပြင် အခု ငါ့တိုက်ခန်းကိုပါ ဖောက်ဝင်ဖို့ကြံစည်ရဲတယ်ပေါ့ဟုတ်လား"

အခန်းထဲမှ လူများမှာ အသံပင် မထွက်ရဲကြပေ။ လင်းယွမ်သာ အထဲကို မြင်ရလျှင် လီကျစ်ချန် တစ်ယောက် တံခါးဘုကို အသေအလဲ ဆွဲကိုင်ထားပြီး တုန်တုန်ယင်ယင် ဖြစ်နေသည်ကို တွေ့ရပေမည်။ မလှမ်းမကမ်းတွင် ရန်မေ ဆိုသူ အမျိုးသမီးမှာ ကြမ်းပြင်ပေါ်တွင် ပုံရက်သား လဲကျနေပြီး မျက်နှာတွင် သွေးဆုတ်ကာ ဖြူဖျော့နေသည်။

လင်းယွမ် ဒေါသအိုး ပေါက်ကွဲနေပြီ ဖြစ်သည်။ သံတံခါးကို ထပ်မံ၍ ကန်ကျောက်လိုက်သည်။ အထဲမှ လီကျစ်ချန်မှာ အသက်ရှူသံပင် မကြားရအောင် ငြိမ်နေသည်။

လင်းယွမ် မျက်လုံးများ အေးစက်နေသည်။ တော်သေးသည်က သူ အပြင်အကြာကြီး မသွားမိ၍သာ၊ မဟုတ်လျှင် အခန်းပါ အဖောက်ခံရတော့မည်။ လီကျစ်ချန် ဆိုသောကောင်ကို မှတ်လောက်သားလောက်အောင် ပညာမပေးလျှင် လင်းယွမ် ဒေါသပြေမည် မဟုတ်။

သူသည် သံတံခါးကို စိုက်ကြည့်ရင်း မျက်လုံးများ အရောင်လက်သွားသည်။ ရုတ်တရက် သူ့နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားကာ အပြုံးတစ်ခု ပေါ်လာသည်။ သူက လှမ်းပြောလိုက်သည်။ "လီကျစ်ချန်... မင်းနဲ့ မင်းမိန်းမ စားစရာ မရှိတော့ဘူးမလား"

"ဟက်... မင်းက စားစရာလိုချင်တာများ ဘာလို့ ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲကွ"

"ဒီလိုလုပ်... မင်း အခန်းတံခါးဖွင့်လိုက်... ငါ့ဆီမှာ စားစရာ နည်းနည်း ကျန်သေးတယ်... မင်းတို့ကို ခွဲပေးလို့ ရတယ်"

အခန်းထဲမှ လီကျစ်ချန်မှာ ထိုစကားကို ကြားသည်နှင့် မျက်နှာအမူအရာ ပြောင်းသွားသည်။ ကြောက်ရွံ့ခြင်းနှင့် ဝမ်းသာခြင်း ရောပြွန်းသွားပြီး တံခါးကို ကာထားရင်း လှမ်းအော်မေးလိုက်သည်။ "လင်းယွမ်... မင်း ပြောတာ တကယ်လား... မင်း... မင်း တကယ်ပဲ ငါတို့ကို စားစရာပေးမလို့လား"

လင်းယွမ်က ပြုံးလိုက်သည်။ "ငါတို့က အိမ်နီးချင်းတွေပဲလေ... ငါတို့ချင်း မစည်းလုံးရင် အပြင်လူတွေရဲ့ အနိုင်ကျင့်တာ ခံရမှာပေါ့"

ဆက်ရန်...

All Chapters