အခန်း (၃၀၃-၃၀၄)
Vol. 16 Ch. 303-304
အပိုင်း(၃၀၃) လုံးဝအရှုံးပေးသွားခြင်းနှင့် တုံယန်၏ အစီရင်ခံစာ
လျှပ်စစ်မီးက လူသားတို့၏ နည်းပညာတိုးတက်မှုသမိုင်းတွင် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်၏။
စက်မှုခေတ်၏ အခြေခံအုတ်မြစ်များထဲမှ တစ်ခုလည်း ဖြစ်ပေသည်။
လီချင်းဟွာက တောက်ပနေသော နီယွန်မီးရောင်များနှင့် ဧရာမဝါးအိမ်ကြီးထဲမှ ထွက်ပေါ်လာသော အလင်းရောင်ကို လှမ်းကြည့်လိုက်သည်။
သူ၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများ ထသွားပြီး ကြက်သီးများပင် ထလာခဲ့၏။
၎င်းက ကြောက်ရွံ့ခြင်းကဲ့သို့သော ခံစားချက်မျိုးကြောင့် မဟုတ်ပေ။
အလွန်အမင်း စိတ်လှုပ်ရှားမှု... တုန်လှုပ်ချောက်ချားမှုနှင့် မယုံကြည်နိုင်လောက်အောင် အံ့သြမှုတို့ကြောင့် ဖြစ်သည်။
ကမ္ဘာ့ရေလွှမ်းမိုးမှုကြီး ဖြစ်ပွားခဲ့သည်မှာ ယခုဆိုလျှင် နှစ်ဝက်ခန့်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ပြင်ပကမ္ဘာတွင် ရေလွှမ်းမိုးမှု ဒုတိယအပတ်ကတည်းက လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် ဤထိုက်ယန်တောင်၏ အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာတွင် လျှပ်စစ်မီး ရှိနေဆဲပင်။
ဖီးနစ်သင်္ဘောပေါ်တွင်ပင် ဒီဇယ်မီးစက် တစ်လုံးသာ ရှိခဲ့သည်။
ထို့ပြင် ဒီဇယ်ဆီ မရှိသောကြောင့် ၎င်းကို တစ်ကြိမ်တစ်ခါမျှပင် အသုံးမပြုနိုင်ခဲ့ပေ။
ရေလွှမ်းမိုးမှုကြီးပြီးနောက်ပိုင်း လီချင်းဟွာ တစ်ယောက် လင်းထိန်နေသော လျှပ်စစ်မီးကို ပထမဆုံးအကြိမ် ပြန်လည်မြင်တွေ့ရခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေ၏။
ထို့ကြောင့်ပင် သူက ဤမျှလောက် စိတ်လှုပ်ရှားကာ မယုံကြည်နိုင်ဖြစ်နေရခြင်း ဖြစ်သည်။
သူ၏ အံ့သြတကြီး ရေရွတ်သံနှင့်အတူ...
ကျိုးချင်းမင်နှင့် လင်းဝမ်တို့လည်း ရုတ်တရက် သတိဝင်လာခဲ့ကြ၏။
"ဟာ... သူတို့ဆီမှာ မီးရှိတယ်... သူတို့ဆီမှာ ဘယ်လိုလုပ် မီးရှိနေရတာလဲ"
"ဒီနေရာမှာ တကယ်ကြီး လျှပ်စစ်မီး ရှိနေတာလား... တကယ်ကြီး ရှိနေတာပဲ"
လင်းဝမ်ကလည်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
လျှပ်စစ်မီး ရှိနေခြင်းက ယဉ်ကျေးမှု လူ့အဖွဲ့အစည်း ဆက်လက်တည်ရှိနေသေးကြောင်းကို ဆိုလိုခြင်းပင်။
ခေတ်သစ်လူ့အဖွဲ့အစည်းတွင် လူတို့သည် လျှပ်စစ်မီးနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေခဲ့ပြီ ဖြစ်သည်။
လက်ကိုင်ဖုန်းများ... ကွန်ပျူတာများ... ထမင်းပေါင်းအိုးများ... လျှပ်စစ်မီးဖိုများ... သင်တွေးကြည့်၍ရနိုင်သော အရာအားလုံးနီးပါးက လျှပ်စစ်မီးကို အသုံးပြုရပေသည်။
လျှပ်စစ်မီးက ခေတ်သစ်လူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ် ဖြစ်၏။
၎င်းက တစ်ခုလုံးသော လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် လိုအပ်သော အရာတစ်ခု ဖြစ်ပေသည်။
ထိုက်ယန်တောင်တွင် လျှပ်စစ်မီး ရှိနေခြင်းက သူတို့အနေဖြင့် ခေတ်သစ်လူ့အဖွဲ့အစည်းဆီသို့ ပြန်လည်ဝင်ရောက်နိုင်မည့် အလားအလာ ရှိနေကြောင်းကို ဖော်ပြနေပေ၏။
ခေတ်သစ်လူ့အဖွဲ့အစည်းဆီသို့ ပြန်လည်မဝင်ရောက်နိုင်လျှင်တောင် အနည်းဆုံးတော့ ယဉ်ကျေးမှုအဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ကြောက်မက်ဖွယ်ကောင်းသော ကျောက်ခေတ်ဆီသို့ ပြန်လည်ဆုတ်ယုတ်သွားမည် မဟုတ်ပေ။
ဤအချိန်တွင် ထိုက်ယန်တောင် ခိုလှုံရေးစခန်းက စခန်းသူစခန်းသားများကို မည်သည့်အတွက်ကြောင့် ဤမျှကြီးမားသော မျှော်လင့်ချက်များ ပေးစွမ်းနိုင်သနည်းဆိုသည်ကို သူ သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။
ဤသည်က အသက်ရှင်သန်ရန် မျှော်လင့်ချက်တစ်ခုတည်း မဟုတ်ဘဲ လူသားယဉ်ကျေးမှု မီးရှူးတိုင် ပြန်လည်လင်းလက်လာမည့် မျှော်လင့်ချက်ပင် ဖြစ်ပေသည်။
လီချင်းဟွာ၏ အသက်ရှူနှုန်းများ မြန်ဆန်လာပြီး သူက မသိစိတ်၏ စေ့ဆော်မှုအရ ဟိုဘက်ရှိ ဈေးဝယ်စင်တာဆီသို့ လျှောက်သွားလိုက်၏။
လင်းဝမ်နှင့် ကျိုးချင်းမင်တို့ကလည်း ချက်ချင်းပင် နောက်မှ လိုက်သွားခဲ့ကြပြီး သူတို့နှစ်ဦး၏ နှလုံးသားများက ဒိန်းဒိုင်းခုန်နေလျက် ဈေးဝယ်စင်တာကြီးထဲသို့ ဝင်ရောက်သွားကြသည်။
ဝါးအိမ်ကြီး၏ နေရာအကျယ်အဝန်းက အလွန်ကြီးမားလှပြီး အထဲသို့ ဝင်ရောက်သွားချိန်မှသာ အတွင်းပိုင်းတွင် လုံးဝကွဲပြားခြားနားသော ကမ္ဘာသစ်တစ်ခု ရှိနေကြောင်းကို သူတို့ တွေ့လိုက်ရ၏။
ကြမ်းခင်းများနှင့် နံရံကပ်ပြားများကို ခင်းကျင်းထားရုံသာမက မျက်စိကျိန်းမတတ် များပြားလှသော ကုန်ပစ္စည်းများ... အဖြူရောင် မီးမောင်းကြီးများနှင့် အလုပ်စတင်လုပ်ကိုင်နေကြသော ဝန်ထမ်းများကိုပါ မြင်တွေ့လိုက်ရသည်။
ထိုလူသုံးယောက်က အတွင်းသို့ ဝင်ရောက်သွားပြီး ဈေးဝယ်စင်တာကြီးထဲတွင် စီးမျောနစ်မွန်းသွားကြတော့၏။
......
"ကဲ... ဒီဘက်ကတော့ ကျွန်မတို့ရဲ့ ထိုက်ယန်တောင် ဈေးဝယ်စင်တာကြီးပါပဲ"
တုံယန်က ဧရာမဝါးအိမ်ကြီးကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ "ဈေးဝယ်စင်တာကို တောင်နံရံကို မှီပြီး ဆောက်ထားတာ... အပြင်ဘက်က ဝါးအိမ်ဖြစ်ပေမယ့် အတွင်းဘက်ကတော့ လိုဏ်ဂူထဲကို တူးဖော်ပြီး ဖွဲ့စည်းထားတဲ့ နေရာဖြစ်တယ်"
"ဒီထဲမှာ ပစ္စည်းတွေ အစုံအလင်ရှိတယ်... နေ့စဉ်သုံးပစ္စည်းတွေကနေ တခြားလိုအပ်တဲ့ ပစ္စည်းအမျိုးမျိုးအထိ အကုန်ရနိုင်တယ်... ရှင်တို့ အမှတ်တွေ အလုံအလောက် ရှာနိုင်ပြီဆိုတာနဲ့ ကြိုက်သလောက် ဝယ်လို့ရပြီပေါ့"
"ပြီးတော့ စတုတ္ထထပ်မှာ ဖျော်ဖြေရေးဇုန်လည်း ရှိသေးတယ်... ရုပ်ရှင်ကြည့်လို့ရရုံတင်မကဘူး ကာရာအိုကေပါ ဆိုလို့ရသေးတယ်"
တုံယန်က ဝမ်ရှောင်ယာတို့အဖွဲ့ကို ၎င်းတို့ရှေ့ရှိ ဈေးဝယ်စင်တာကြီးအကြောင်း မိတ်ဆက်ပေးနေခဲ့သည်။
ဝမ်ရှောင်ယာက မျက်လုံးများ ပြူးကျယ်သွားပြီး ဈေးဝယ်စင်တာကြီးကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေမိ၏။
"ဒီနေရာမှာ ဈေးဝယ်စင်တာကြီး ရှိနေတာလား"
နိချီကလည်း အံ့သြတုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ "အမတုံယန်... အမတို့ဆီမှာ ဘယ်လိုလုပ် မီးရှိနေတာလဲ... ပြီးတော့ ဒီလောက်များပြားတဲ့ ပစ္စည်းတွေကရော ဘယ်လိုလုပ် ရှိနေတာလဲ"
"အမတုံယန်... အမတို့ ဒါတွေကို ဘယ်လိုများ လုပ်ခဲ့တာလဲ... ဒါက တကယ်ကို ရင်သပ်ရှုမောစရာပဲ"
"အမတုံယန်... အပြင်ဘက်မှာ မီးပြတ်သွားတာ ကြာလှပြီ... အမတို့ဆီမှာကျတော့ ဘယ်လိုလုပ် မီးရှိနေရတာလဲ"
သူတို့အဖွဲ့က အံ့သြချီးကျူးနေရင်း တစ်ယောက်တစ်ပေါက်ဖြင့် မေးခွန်းများ ဆက်တိုက်မေးလာကြသည်။
တုံယန်က ဟားဟားရယ်မောလိုက်ရင်း ပြန်ဖြေ၏။ "ပစ္စည်းတွေကို အစ်ကိုလင်းယွမ် ရှာလာပေးတာလေ... လျှပ်စစ်မီးက ဘယ်လိုရလာလဲဆိုတာကတော့ ကျွန်မတို့ ထိုက်ယန်တောင်ရဲ့ လျှို့ဝှက်ချက်ပေါ့"
"လာ... ကျွန်မ ရှင်တို့ကို မြေညီထပ်မှာ တစ်ခုခု အရင်သွားစားရအောင် ခေါ်သွားပေးမယ်... ဒီက အစားအသောက်တွေက အရမ်းအရသာရှိတာ"
သူမက လူငါးယောက်ကို ခေါ်ဆောင်ကာ မြေညီထပ်ရှိ စားသောက်တန်းဆီသို့ ဝင်သွားခဲ့သည်။
ရက်အနည်းငယ်အတွင်းမှာပင် စားသောက်တန်း၌ ဆိုင်ခန်းအသစ်များစွာ ထပ်တိုးလာခဲ့၏။ ပေါက်စီဆိုင်နှင့် ခေါက်ဆွဲဆိုင်များသာမက အကင်ဆိုင်... ဟော့ပေါ့ဆိုင်... ငါးကင်ဆိုင်နှင့် နို့လက်ဖက်ရည်ဆိုင်များပါ ထပ်တိုးလာခဲ့သည်။
ဤမျှ စုံလင်လှသော ဟင်းလျာများကို မြင်လိုက်ရသဖြင့် သူတို့အဖွဲ့မှာ အစာစားချင်စိတ်များ တဖွားဖွားပေါ်လာပြီး သွားရည်များပင် မြိုချနေရတော့၏။
"ဘုရားရေ... ဟော့ပေါ့ဆိုင်တောင် ရှိနေတာပဲ... အမတို့ဆီက တကယ်ပဲ... နတ်ပြည်များလား" မာကျီက မနေနိုင်တော့ဘဲ အံ့သြတကြီး အော်ဟစ်လိုက်သည်။
ချန်ယန်းကလည်း နို့လက်ဖက်ရည်ဆိုင်ဘက်သို့ မကြည့်ဘဲ မနေနိုင်တော့ပေ။ ထိုဆိုင်တွင် ချိတ်ဆွဲထားသော အမည်မှာ "ကောပိုင်ကျွမ်း" ဖြစ်၏။
"ဘယ်လိုလုပ် နို့လက်ဖက်ရည်တောင် ရှိနေရတာလဲ" သူမက မနေနိုင်တော့ဘဲ ပြောလိုက်သည်။
တုံယန်က ရယ်မောကာ ရှင်းပြ၏။ "နို့လက်ဖက်ရည်ဆိုင်ကို ခိုလှုံရေးစခန်းက လူအနည်းစု စုပေါင်းဖွင့်ထားတာ... သူတို့က အာဟာရဖြည့်ရည်ကို အဓိကရောင်းတာလေ... ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ ဖျော်ရည်တစ်မျိုးပေါ့... အရမ်းအရောင်းသွက်တယ်"
"ရိုးရိုး နို့လက်ဖက်ရည်လည်း ရှိတယ်... ကျွန်မတို့ဆီမှာ ပိန်းဥ သီးသန့်စိုက်တဲ့သူတွေ ရှိတော့ ပိန်းဥ နို့လက်ဖက်ရည်တွေလည်း သူတို့ လုပ်ရောင်းကြတယ်"
"ဟော့ပေါ့ဆိုင်ကတော့ ရှင်းပါတယ်... ဟော့ပေါ့အနှစ်က နည်းနည်း ရှားပါးတာကလွဲရင် ဟင်းသီးဟင်းရွက်တွေနဲ့ အသားတွေက တော်တော်လေး ဈေးပေါနေပါပြီ"
"ရှင်တို့ အမှတ် မလောက်ရင် နောက်ပိုင်းကျရင် စားသောက်ရုံမှာ သွားစားပေါ့... အဲဒီစားသောက်ရုံက ကျွန်မတို့ ထိုက်ယန်တောင်က တရားဝင်ဖွင့်ထားတာဆိုတော့ ဈေးနှုန်းလည်း သက်သာတယ်"
"ပြီးတော့ အရသာလည်း မဆိုးပါဘူး... ရှင်တို့ အဲဒီမှာလည်း ဟင်းတွေ မှာစားလို့ ရတာပဲ"
သူမက စားသောက်ရုံတွင် စားသောက်ရန် အထူးတလည် တိုက်တွန်းနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် သူမ၏ အစ်ကိုလင်းယွမ် ရင်းနှီးမြှုပ်နှံထားသော နေရာဖြစ်သောကြောင့်ပင်။
အသုံးပြုလိုက်သမျှ အမှတ်များအားလုံးက နောက်ဆုံးတွင် အစ်ကိုလင်းယွမ်၏ စာရင်းထဲသို့ ဝင်သွားမည် ဖြစ်၏။
အစ်ကိုလင်းယွမ်တွင် ဤအမှတ်များ မလိုအပ်သော်လည်း တုံယန်ကမူ သူမကိုယ်သူမ အစ်ကိုလင်းယွမ်၏ လူဟု သတ်မှတ်ထားသဖြင့် ကိုယ့်ဆီက ငွေကြေးကို သူစိမ်းများထံသို့ မရောက်စေချင်ပေ။
ထို့နောက် သူမက သူတို့အဖွဲ့ကို ခေါ်ဆောင်ကာ စားကောင်းသောက်ဖွယ်များဖြင့် ပြည့်နှက်နေသော နံနက်စာ တစ်နပ်ကို ကျွေးမွေးခဲ့သည်။
နိချီ... ချန်ယန်း... ဝမ်ရှောင်ယာ... မာကျီနှင့် ကျုံးဆန်းတို့ ငါးယောက်လုံး ဤမျှ အရသာရှိလှသော နံနက်စာကို မစားရသည်မှာ နှစ်ဝက်ကျော်ခန့်ပင် ရှိနေခဲ့ပြီ ဖြစ်၏။
ဤနှစ်ဝက်အတွင်း သူတို့သည် ဝမ်းဝအောင်ပင် မစားခဲ့ရရာ ဤမျှများပြားလှသော အစားအသောက်မျိုးစုံကို မည်သည့်အချိန်က စားခဲ့ရပါမည်နည်း။
ခဏအကြာတွင် သူတို့အားလုံး ဗိုက်ကားသည်အထိ စားသောက်လိုက်ကြပြီး လျှာကိုပါ မျိုချမိမတတ် စားကောင်းနေခဲ့သည်။
"ခဏနေ ထမင်းစားပြီးရင် အပေါ်ထပ်က စူပါမားကတ်ကို လိုက်ပြပေးမယ်... ဖျော်ဖြေရေးဇုန်ကိုလည်း သွားကြည့်ကြတာပေါ့"
"အင်းအင်း... ကောင်းတာပေါ့... ကောင်းတာပေါ့" ဝမ်ရှောင်ယာက မျှော်လင့်တကြီး မျက်နှာထားဖြင့် ခေါင်းကို ဆက်တိုက်ညိတ်ပြလိုက်၏။
လူငယ်အဖွဲ့ဝင် လေးယောက်ကလည်း မျက်လုံးများ ပြူးကျယ်နေပြီး သွားရောက်ကြည့်ရှုရန် စိတ်အားထက်သန်နေကြသည်။
သူတို့က ဤထိုက်ယန်တောင်ကို စူးစမ်းလေ့လာလိုစိတ်များဖြင့် အပြည့်အဝ ဖုံးလွှမ်းနေခဲ့၏။
ကမ္ဘာသစ်တစ်ခုဆီသို့ ရောက်ရှိသွားသကဲ့သို့ပင် ဖြစ်သည်။
......
ဈေးဝယ်စင်တာထဲမှ ထွက်လာချိန်တွင် လီချင်းဟွာ... ကျိုးချင်းမင်နှင့် လင်းဝမ်တို့ သုံးယောက်မှာ ကြောင်တောင်တောင် ဖြစ်နေကြဆဲပင်။
ထိုနေရာရှိ မျက်စိကျိန်းမတတ် များပြားလှသော ပစ္စည်းများက ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ ယုံကြည်မှု အရင်းအမြစ်မှာ မည်သည့်အရာဖြစ်ကြောင်းကို လီချင်းဟွာအား လုံးဝ နားလည်သဘောပေါက်သွားစေခဲ့၏။
လင်းယွမ်၏ ဟင်းလင်းပြင်အစွမ်း ကျွမ်းကျင်မှုအဆင့်က သူ စိတ်ကူးထားသည်ထက် များစွာ သာလွန်နေလိမ့်မည်ဆိုသည်ကို ဤအချိန်တွင် သူ ရှင်းလင်းစွာ သိလိုက်ရသည်။
တစ်ဖက်လူ၏ ဟင်းလင်းပြင် နေရာလွတ်ထဲတွင် ပစ္စည်းမည်မျှကို သိမ်းဆည်းထားခဲ့သနည်း။
ဈေးဝယ်စင်တာကြီးတစ်ခုကို ဖွင့်လှစ်နိုင်သည်အထိပင်တည်း။
ထိုအခါမှသာ ယခင်က ဖီးနစ်သင်္ဘောပေါ်မှ အစ်ကိုဟော်နှင့် သူသည် မည်မျှ ရယ်စရာကောင်းခဲ့သနည်းဆိုသည်ကို သူ သဘောပေါက်သွားခဲ့တော့၏။
သူတို့က ကိုယ့်အင်အားကိုကိုယ်မသိဘဲ ထိုက်ယန်တောင်ကဲ့သို့သော ဧရာမအင်အားစုကြီးကို လာရောက်ရန်စဖို့ ကြံစည်ခဲ့ကြသည်လေ။
လင်းဝမ်က သက်ပြင်းတစ်ချက်ချလိုက်ရင်း ပြောသည်။ "ဈေးဝယ်ထွက်ရတဲ့ ခံစားချက်မျိုး မရတာ တကယ်ကို ကြာလှပြီ... ဆိုင်တွေဆိုတာ ဘယ်လိုပုံစံမျိုးလဲဆိုတာတောင် ကျွန်မ မေ့တော့မယ်"
ကျိုးချင်းမင်ကလည်း သွားရည်မြိုချလိုက်ရင်း ပြောလိုက်၏။ "အထဲက မုန့်တွေထဲက တစ်ထုပ်လောက်ကို အပြင်မှာ ချထားလိုက်ရင်ပဲ တိုက်ခန်းကလူတွေ သွေးထွက်သံယိုဖြစ်တဲ့အထိ လုယက်ကြမှာ... ဒါပေမဲ့ ဒီမှာကျတော့ အပြည့်စီထားတာပဲ"
လင်းဝမ်က ပြောသည်။ "ဟူး... အရင်က ကျွန်မ ဒီမှာ နေဖို့ဆန့်ကျင်ခဲ့မိတာ တကယ်ကို မှားတာပဲ... ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ ဒီလို ဈေးဝယ်စင်တာကြီးရှိပြီး ဒီလို နေထိုင်မှုအခြေအနေတွေ ရှိတယ်ဆိုတာသာ သိခဲ့ရင် ကိုလင်းယွမ် အတင်းအကျပ် ခိုင်းစရာတောင် မလိုပါဘူး... ကျွန်မကို ဒီမှာနေခွင့်ပြုပါလို့ ကိုယ့်ဘာသာကိုယ် တောင်းဆိုမိမှာပဲ"
ကျိုးချင်းမင်က နှုတ်ခမ်းကိုကိုက်လိုက်ရင်း ခါးသီးစွာဖြင့် ပြောလိုက်၏။ "ငါ အခုများ သူ့ဆီသွားပြီး ဒီဘက်ကို ပြောင်းနေခွင့်ပြုပါလို့ တောင်းဆိုရင် သူ သဘောတူပါ့မလား"
လင်းဝမ်က သူ့ကို မျက်စောင်းထိုးလိုက်သည်။ "ရှင်က ပြစ်ဒဏ်ကျခံနေရတုန်းပဲ ရှိသေးတာလေ... သူတို့က ရှင့်ကို စောင့်ကြည့်နေတုန်းပဲ"
ကျိုးချင်းမင်က ဘာမှမတတ်နိုင်ဘဲ သက်ပြင်းချလိုက်ရင်း ပြော၏။ "မိန်တောင်ရဲ့ အခြေအနေက ဒီဘက်နဲ့ ယှဉ်ရင် တခြားစီပဲ"
လီချင်းဟွာက သူတို့နှစ်ယောက်၏ ဆွေးနွေးသံများကို ကြားသည့်အခါ စိတ်ထဲမှ ရှုပ်ထွေးနေသော ခံစားချက်များကို သိမ်းဆည်းလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောလိုက်သည်။ "အနည်းဆုံးတော့ ငါတို့ကလည်း ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ အဖွဲ့ဝင်တွေ ဖြစ်နေပြီပဲ မဟုတ်ဘူးလား"
"အခုလောလောဆယ် ထိုက်ယန်တောင်မှာ လာမနေနိုင်သေးရင်တောင် ငါတို့ရဲ့ စွမ်းရည်တွေနဲ့ဆိုရင် ဒီလူတွေကြားထဲမှာ ထင်ပေါ်လာဖို့ဆိုတာ မခက်ခဲနိုင်ပါဘူး"
"အစောကြီးမဟုတ်ရင်တောင် တစ်နေ့နေ့တော့ ငါတို့ ထိုက်ယန်တောင်မှာ လာနေနိုင်ရမှာပေါ့"
ကျိုးချင်းမင်နှင့် လင်းဝမ်တို့က အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး ချက်ချင်းပင် မျှော်လင့်ချက်မီးတောက်များ တောက်လောင်လာခဲ့ကြ၏။
မှန်ပေသည်။ သူတို့ သုံးယောက်က အစွမ်းပိုင်ရှင်များ ဖြစ်ကြသည်လေ။
ပြစ်ဒဏ်ကျခံရမည့်အချိန်က တစ်လသာဖြစ်ပြီး ထိုတစ်လ ကုန်ဆုံးသွားသည်နှင့် သူတို့က ထိုက်ယန်တောင်၏ တရားဝင်အဖွဲ့ဝင်များ ဖြစ်လာနိုင်ပြီ ဖြစ်၏။
ထိုအချိန်ရောက်လျှင် သူတို့၏ စွမ်းရည်များကို ပြသရမည့်အချိန်ပင် ဖြစ်သည်။
လင်းဝမ်က ပြောသည်။ "မိန်တောင်ကလည်း နောက်ပိုင်းကျရင် ထိုက်ယန်တောင် ခိုလှုံရေးစခန်းလိုပဲ စည်ကားလာနိုင်တာပဲ... ရှင်တို့ မမေ့ကြနဲ့... ကိုလင်းယွမ်က အခုမှ မိန်တောင်ကို ရထားတာဆိုပေမယ့် ပြုပြင်ပြောင်းလဲမှုတွေကို အကြီးအကျယ် စလုပ်နေပြီလေ"
"သူ့ရဲ့ အနေအထားကို ကြည့်ရတာ မိန်တောင်ကို သေချာပေါက် အကြီးအကျယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ့်ပုံပဲ... ကျွန်မထင်တာတော့ မိန်တောင်မှာလည်း အခွင့်အရေး မရှိတာတော့ မဟုတ်ဘူး"
ကျိုးချင်းမင်ကလည်း ချက်ချင်း ခေါင်းညိတ်လိုက်ရင်း ပြော၏။ "မှန်တယ်... ယွင်ချွမ်ဘုရားကျောင်းက သူတို့ရဲ့ ဆောက်လုပ်ရေး ပရောဂျက်က သေးသေးလေး မဟုတ်ဘူး... ငါတို့အဖွဲ့ရယ်... ယွင်ချွမ်ဘုရားကျောင်းက မူလမိန်တောင်ရွာက လူတွေရယ် ပေါင်းလိုက်ရင် လူရာချီတောင် ရှိနေပြီ"
"ဒီလောက် လူအများကြီး ဝိုင်းဝန်းတည်ဆောက်ကြမယ်ဆိုတာက အသေးအဖွဲကိစ္စမှ မဟုတ်တာ"
လီချင်းဟွာက ခေါင်းအနည်းငယ်ညိတ်လိုက်ကာ မျက်လုံးများ အရောင်လက်သွားရင်း ပြောလိုက်သည်။ "မင်းတို့ ပြောတာ မှန်တယ်... သူက ဒီလောက် အကြီးအကျယ် လုပ်နေတာဆိုတော့ မိန်တောင်အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားထားတာ သေချာတယ်"
"သွားမယ်... ငါတို့ ပြန်ကြရအောင်... နောက်လာမယ့် တစ်လအတွင်းမှာ သေချာလေး ကြိုးစားပြီး မိန်တောင်မှာ ခြေကုပ်မြဲအောင် အရင်ဆုံး လုပ်ရမယ်"
"ခေါင်းဆောင်ကျောက် ပြောသလိုပဲ... ဒီနေရာက လင်ကျန်းမြို့မှာ အကောင်းဆုံး ခိုလှုံရေးစခန်း ဖြစ်လာလိမ့်မယ်... လောလောဆယ်တော့ တခြားစခန်းတစ်ခုကို ရှာတွေ့ဖို့ ခက်တယ်"
"ဒီနေရာက ငါတို့ နေထိုင်ဖို့ ထိုက်တန်တဲ့ နေရာပဲ"
လူအနည်းငယ်က ဈေးဝယ်စင်တာအောက်သို့ ဆင်းလာစဉ် သက်ကြီးရွယ်အို အများအပြားက မလှမ်းမကမ်းရှိ တဲကြီးတစ်ခုဆီသို့ သွားနေကြသည်ကို ရုတ်တရက် တွေ့လိုက်ရ၏။
အချို့လူများက ခေါက်ထိုင်ခုံများပင် ကိုယ်တိုင်ယူဆောင်လာကြပြီး လူအတော်များများကလည်း အဝတ်အစားများထည့်ထားသော ဇလုံများကို ပိုက်ထားကြသည်။
ကျိုးချင်းမင်က ထူးဆန်းသလိုဖြင့် မေးလိုက်သည်။ "ဟိုဘက်က တဲကြီးက ဘာလုပ်ဖို့လဲ"
လီချင်းဟွာ၏ မျက်လုံးများ အရောင်လက်သွားပြီး ပြောလိုက်၏။ "လာ... ငါတို့ သွားကြည့်ကြရအောင်"
လူသုံးယောက်က ချက်ချင်းပင် မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ဧရိယာကျယ်ဝန်းသော တဲကြီးဆီသို့ ပြေးသွားကြသည်။
တဲကြီးနားသို့ ရောက်သည်နှင့် ပူနွေးသော လေလှိုင်းများ ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရ၏။
သုံးယောက်လုံး အံ့သြသွားကြသည်။ ဤအထဲတွင် မည်သို့လုပ်၍ ဤမျှ နွေးထွေးနေရသနည်း။
တဲကြီးအောက်ရှိ စင်္ကြံလမ်းပေါ်သို့ လျှောက်သွားပြီး သူတို့သုံးယောက်က ကိုယ်ပေါ်မှ မိုးရေများကို ခါထုတ်လိုက်ကာ တံခါးမကြီးဆီသို့ လျှောက်သွားလိုက်ကြသည်။
တံခါးကိုဖွင့်၍ အထဲသို့ ဝင်သွားလိုက်သည်နှင့် ရုတ်တရက် နွေးထွေးသော နေရောင်ခြည်က သူတို့သုံးယောက်၏ ကိုယ်ပေါ်သို့ ကျရောက်လာသဖြင့် သုံးယောက်လုံး၏ ရင်ထဲတွင် တုန်ခါသွားတော့၏။
လီချင်းဟွာက သူ၏ကိုယ်ပေါ်သို့ ငုံ့ကြည့်လိုက်ရာ နွေးထွေးသော နေရောင်ခြည်က သူ၏ကိုယ်ပေါ်သို့ ဖြာကျနေပြီး မြေကြီးပေါ်တွင် ခိုင်ခံ့သော မြေစိုင်မြေခဲများကို ကျစ်လစ်စွာ ဖိသိပ်ထားကာ အုတ်ခဲအထူကြီးများကို ခင်းကျင်းထားသည်ကို တွေ့လိုက်ရသည်။
နေရောင်ခြည် လာရာလမ်းကြောင်းတစ်လျှောက် သူက အလင်းရောင် ထွက်ပေါ်လာရာ နေရာဆီသို့ မော့ကြည့်လိုက်၏။
တဲကြီး၏ အလယ်ဗဟိုနေရာတွင် ရွှေရောင်ဝင်းလက်နေသော နေကြာပန်းပင်များကို စိုက်ပျိုးထားသည်ကို တွေ့လိုက်ရပေသည်။
ထိုနေရောင်ခြည်များက ဤနေကြာပန်းပင်များမှ ထွက်ပေါ်လာခြင်းပင် ဖြစ်နေခဲ့၏။
"နေရောင်ခြည်..."
လီချင်းဟွာက နေရောင်ခြည် ထုတ်လွှတ်နေသော ဧရာမနေကြာပန်းကြီးများကို ငေးမောစွာ စိုက်ကြည့်နေမိသည်။
နေကြာပန်းများက တဲကြီးတစ်ခုလုံးကို လင်းထိန်နေစေပြီး တဲကြီး၏ အတွင်းဘက် တောင်ကုန်းထဲရှိ ကျယ်ဝန်းသော နေရာလွတ်ကြီးတွင်လည်း ဤနေကြာပန်းမျိုးကို စိုက်ပျိုးထား၏။
နေရောင်ခြည် ရရှိသော နေရာတစ်ခုလုံး လင်းထိန်နေပြီး နွေဦးရာသီ၏ နေရောင်ခြည်က ကမ္ဘာမြေကြီးပေါ်သို့ ဖြာကျနေသကဲ့သို့ပင် ဖြစ်သည်။
ဤနေရာရှိ နေရောင်ခြည် လင်းလက်နေသော မြင်ကွင်းနှင့် အပြင်ဘက်ရှိ မိုးသည်းထန်စွာ ရွာသွန်းနေမှုက လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပေ၏။
ဤအချိန်တွင် လီချင်းဟွာသာမက ကျိုးချင်းမင်နှင့် လင်းဝမ်တို့လည်း နေရာတွင်ပင် မှင်တက်သွားကြပြီး အချိန်အတော်ကြာသည်အထိ သတိမဝင်နိုင်တော့ပေ။
ထိုကဲ့သို့ နွေးထွေးသော နေရောင်ခြည်၏ အထိအတွေ့ကို သူတို့ မခံစားရသည်မှာ နှစ်ဝက်ခန့်ပင် ရှိနေခဲ့ပြီ ဖြစ်သည်။
ကာလရှည်ကြာ မိုးသည်းထန်စွာ ရွာသွန်းနေသော ရာသီဥတုက အမှန်တကယ်တော့ လူတို့၏ စိတ်ပိုင်းဆိုင်ရာကို မသိမသာ မှိုင်းညို့သွားစေနိုင်သည်။
အချို့လူများက ထိုအကြောင်းကြောင့်ပင် စိတ်တိုလွယ်... ဒေါသထွက်လွယ်လာကြပြီး အစွန်းရောက် အကြမ်းဖက်မှုများဆီသို့ပင် ဦးတည်သွားတတ်ကြ၏။
ဤသည်က ပြင်ပမှ ဖိအားများကြောင့်သာ မဟုတ်ဘဲ မှိုင်းညို့နေသော ရာသီဥတုကလည်း အတိုင်းအတာတစ်ခုအထိ အကြောင်းရင်း ဖြစ်ပေသည်။
ယခုအချိန်တွင် ဤနွေးထွေးသော နေရောင်ခြည်၏ အထိအတွေ့ကို ခံစားလိုက်ရသည့်အခါ သူတို့သုံးယောက်လုံး၏ စိတ်နှလုံးများ တုန်ခါသွားပြီး မမြင်နိုင်သော အုံ့မှိုင်းမှု တစ်လွှာကို ဤနေရောင်ခြည်က ဖယ်ရှားပစ်လိုက်သကဲ့သို့ ခံစားလိုက်ကြရ၏။
တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသကဲ့သို့ပင် ဖြစ်သည်။
လင်းဝမ်က သတိဝင်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "ဒါ... ဒါက နေကြာပန်းတွေလား... နေရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်တဲ့ နေကြာပန်းတွေလေ... သူတို့က ဒီနေရာမှာ သာယာတဲ့ ရာသီဥတုတစ်ခုကို လူလုပ်ဖန်တီးထားတာပဲ"
လီချင်းဟွာကလည်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ထားကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ "သန္ဓေပြောင်း အပင်တွေ... ဒီနေကြာပန်းတွေက သေချာပေါက် သန္ဓေပြောင်း အပင်တွေပဲ... ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ဒီလို သန္ဓေပြောင်း အပင်မျိုးကို ရှာတွေ့နိုင်တာ တကယ်ကို အံ့သြစရာပဲ... တကယ့်ကို အံ့သြစရာကောင်းတာပဲ"
ကျိုးချင်းမင်ကလည်း ထိုနည်းတူ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ပြောလိုက်၏။ "ငါ နေ့ရောညပါ ရွာနေတဲ့ မိုးရာသီကို သည်းမခံနိုင်တော့ဘူး... ဒီမှာ နေရောင်ခြည်ရတဲ့ နေရာလေး ရှိနေတာကိုး... ဒီလောက် နေရာလေးပဲ ဖြစ်နေပါစေ... လူကို ချက်ချင်းစိတ်လှုပ်ရှားအောင် လုပ်နိုင်တာပဲ"
လူသုံးယောက်က ထိုနေရောင်ခြည်ရသော နေရာ၏ ပတ်လည်ကို ထပ်မံကြည့်ရှုလိုက်ရာ မလှမ်းမကမ်းရှိ အဝတ်လှန်းသည့် နေရာကို အဝေးမှ လှမ်းမြင်လိုက်ရသည်။
အဆင့်ဆင့်ပုံစံရှိသော အဝတ်လှန်းစင်များကို တစ်ထပ်ပြီးတစ်ထပ် တည်ဆောက်ထားပြီး တစ်ခုလုံးက လှေကားထစ်များကဲ့သို့ အစီအရီ ဖြစ်နေ၏။
ဤသို့ပြုလုပ်ထားခြင်းက လှန်းထားသော အဝတ်များအားလုံးကို သန္ဓေပြောင်း နေကြာပန်းများ၏ နေရောင်ခြည်က ထိတွေ့နိုင်စေရန် ဖြစ်သည်။
အဝတ်လှန်းစင်များပေါ်တွင် သက်ကြီးရွယ်အို အတော်များများက အဝတ်များကို စတင်လှန်းနေကြပြီ ဖြစ်ပြီး အချို့က စောင်များကိုပါ လှန်းနေကြသည်။
အဝတ်လှန်းသည့် နေရာ၏ အနီးတွင် အဝတ်လျှော်သည့် နေရာတစ်ခုလည်း ရှိပြီး အမျိုးသမီးအချို့က ထိုနေရာတွင် အဝတ်လျှော်ရင်း စကားစမြည်ပြောဆိုနေကြကာ ရံဖန်ရံခါ လွတ်လပ်ပေါ့ပါးသော ရယ်မောသံများကိုပါ ထုတ်လွှတ်နေကြ၏။
ထိုအဝတ်လျှော်သည့် နေရာ၏ အနောက်ဘက်တွင် အခန်းငယ်လေး တစ်ခုရှိပြီး ထိုအခန်းပေါ်တွင် "အဝတ်လျှော်ခန်း" ဟူသော စာတန်းချိတ်ဆွဲထားသည့် ဆိုင်းဘုတ်တစ်ခု ရှိသည်။
လင်းဝမ်က မနေနိုင်ဘဲ လှမ်းကြည့်လိုက်ပြီး ချက်ချင်းပင် အံ့သြဝမ်းသာစွာဖြင့် ပြောလိုက်၏။ "အဝတ်လျှော်စက်တွေ... ပြီးတော့ ဟိုတယ်တွေမှာ သုံးတဲ့ အကြီးစား အဝတ်လျှော်စက်တွေပဲ"
ထိုအထဲရှိ အဝတ်လျှော်စက်များမှာ သေချာပေါက် လင်းယွမ်က ဟန်လုံစင်တာ ဟိုတယ်ထဲမှ ယူဆောင်လာခဲ့ခြင်းပင် ဖြစ်ပေသည်။
အဝတ်လျှော်ခန်းထဲတွင် တပ်ဆင်ထားပြီး လူတိုင်းက အမှတ်ဖြတ်ကာ အလိုအလျောက် အဝတ်လျှော်နိုင်ကြ၏။
လူတိုင်းတွင် အဝတ်ကို လက်ဖြင့်လျှော်ရန် အချိန်မရှိကြပေ။ အထူးသဖြင့် လူပျိုသိုးအချို့ သို့မဟုတ် သားအဖနှစ်ယောက်တည်းရှိသော မိသားစုများက ပြဿနာရှုပ်သက်သာစေရန်အတွက် အဝတ်လျှော်ခန်းသို့ တိုက်ရိုက်လာရောက်ကာ ဝန်ထမ်းများကို လျှော်ခိုင်းလေ့ရှိကြသည်။
ဤသို့ ချွေတာလိုက်နိုင်သော အချိန်များကို သူတို့က ငါးဖမ်းခြင်း... အမဲလိုက်ခြင်း... မိန်တောင်တွင် မြေယာရှင်းလင်းခြင်း... သန္ဓေပြောင်း အပင်များ တူးဖော်ခြင်း သို့မဟုတ် သတ္တုတွင်းတွင် သတ္တုတူးဖော်ခြင်းများအတွက် အသုံးပြုနိုင်ကြ၏။
အချုပ်အားဖြင့်ဆိုရသော် အရာအားလုံးက သူတို့၏ အလုပ်လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးရန်အတွက် ဖြစ်ပေသည်။
အဝတ်လျှော်ခြင်း... ထမင်းဟင်းချက်ခြင်းကဲ့သို့သော အသေးအဖွဲ ကိစ္စများတွင် အချိန်ဖြုန်းနေရန် မဟုတ်ပေ။
လီချင်းဟွာတို့ သုံးယောက်က အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး မျက်လုံးများထဲတွင် ပြင်းထန်သော အားကျမှုများ ပေါ်လွင်နေခဲ့၏။
လင်းဝမ်က ပြောသည်။ "ကျွန်မသာ ဒီနေရာမှာ နေနိုင်ရင် သိပ်ကောင်းမှာပဲ"
ကျိုးချင်းမင်ကလည်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လင်းယွမ်အပေါ်... သို့မဟုတ် ထိုက်ယန်တောင်တစ်ခုလုံးအပေါ် ထားရှိသော မကောင်းမြင်စိတ်များ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
သူက မနေနိုင်ဘဲ ပြောလိုက်သည်။ "ငါလည်း ဒီမှာ နေချင်တယ်... တကယ်ပြောတာ... ဒီခိုလှုံရေးစခန်းက ငါ့ရဲ့ စိတ်ကူးယဉ်နိုင်စွမ်းထက်ကို ကျော်လွန်နေပြီ"
"နိုင်ငံတော်က ဝင်မပါဘဲ သာမန်လူတစ်စုကိုပဲ အားကိုးပြီး ဒီလို အတိုင်းအတာရှိတဲ့ ခိုလှုံရေးစခန်းကို တည်ဆောက်နိုင်ခဲ့တာ တကယ်ကို မယုံနိုင်စရာပဲ"
လီချင်းဟွာကလည်း သက်ပြင်းချရင်း ပြောလိုက်၏။ "ကိုလင်းယွမ်က ထိုက်ယန်တောင်ကို လာတာ နှစ်လကျော်ပဲ ရှိသေးတာ မဟုတ်ဘူးလား"
"နှစ်လကျော်အတွင်းမှာ ဘာမှမရှိတဲ့အခြေအနေကနေ ဒီလောက် ဧရာမ ခိုလှုံရေးစခန်းကြီးကို တည်ဆောက်နိုင်ခဲ့တာ... စိတ်ကူးကြည့်ဖို့တောင် ခက်သလို ယုံကြည်ဖို့လည်း ခက်ခဲတယ်"
"သူ ငါ့ကို နေခွင့်ပြုခဲ့တာက ငါ့အတွက် တကယ့်ကို ဆုလာဘ်တစ်ခုလိုပဲဆိုတာကို အခုမှ ခံစားမိတော့တယ်"
လီချင်းဟွာက ခါးသီးစွာ ပြုံးလိုက်ပြီး သူ၏ ရင်တွင်းမှ အတွေးများကို ထုတ်ဖော်ပြောလိုက်၏။
လင်းဝမ်နှင့် ကျိုးချင်းမင်တို့ကလည်း ထိုနည်းတူ ခါးသီးစွာ ပြုံးလိုက်ကြပြီး သူတို့မှာလည်း စိုးရိမ်ထိတ်လန့်မှု တစ်မျိုး ရှိနေခဲ့သည်။
သူတို့သုံးယောက်က မူလက ထိုက်ယန်တောင်၏ ရန်သူများ ဖြစ်ခဲ့သော်လည်း ယခုမူ ကိုလင်းယွမ်၏ ခွင့်ပြုချက်ကို ရရှိကာ ထိုက်ယန်တောင် ခိုလှုံရေးစခန်းသို့ ဝင်ရောက်ခွင့်ရရှိခဲ့ပြီး နောင်တွင် ဤနေရာသို့ ပြောင်းရွှေ့နေထိုင်ခွင့်ပင် ရရှိနိုင်ခြေ ရှိနေခဲ့ပေ၏။
အကယ်၍ သူတို့သာ ထိုက်ယန်တောင်မှ လူများဖြစ်ခဲ့ပြီး ယခင်က ရန်သူများနှင့် ရင်ဆိုင်ရမည်ဆိုလျှင် ဤမျှ သဘောထားကြီးနိုင်မည် မဟုတ်ပေ။
ဤအချိန်ရောက်မှသာ သူတို့သုံးယောက်က ကိုလင်းယွမ်၏ စိတ်သဘောထား ကြီးမြတ်မှုကို နားလည်သဘောပေါက်သွားခဲ့ကြတော့သည်။
ဤသို့သော ခေါင်းဆောင်မျိုး ရှိနေခြင်းကြောင့် ထိုက်ယန်တောင်က တစ်နေ့တခြား ပို၍ အင်အားကြီးမားလာမည်မှာ သေချာလှပေ၏။
လူသုံးယောက်က နေရောင်ခြည်ရသော နေရာတွင် ခဏတာ နေထိုင်လိုက်ပြီး တစ်ကိုယ်လုံး နွေးထွေးသွားမှသာ ထိုနေရာမှ မခွဲခွာချင်ဘဲ ထွက်ခွာလာကာ စိုက်ခင်းဆီသို့ တစ်ခေါက် သွားရောက်ခဲ့ကြသည်။
စိုက်ခင်းထဲတွင် စားသုံးနိုင်သော သန္ဓေပြောင်း အပင်မျိုးစုံ စိုက်ပျိုးထားသည်ကို တွေ့ရသဖြင့် သူတို့၏ မျက်စိများ ထပ်မံပွင့်လင်းသွားခဲ့ရပြန်၏။
ယခုအချိန်အထိ လူသုံးယောက်မှာ အစက ထိုက်ယန်တောင်အပေါ် စပ်စုချင်စိတ်မှသည် တဖြည်းဖြည်း လုံးလုံးလျားလျား လေးစားသွားသည့် အဆင့်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဤနေရာမှ လူများက နေထိုင်မှုပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်လာစေရန် တက်ကြွစွာ ကြိုးပမ်းနေကြပြီး သူတို့က ဤကမ္ဘာကြီးနှင့် လိုက်လျောညီထွေဖြစ်စေရန် ကြိုးစားနေကြကာ အသက်ရှင်သန်နိုင်ရန် ကြိုးစားနေကြခြင်းပင်။
ဤနေရာရှိ ဘဝနေထိုင်မှု လေထုက လူသုံးယောက်ကို ယခင်က မကြုံစဖူးသော ပျော်ရွှင်မှုနှင့် တက်ကြွမှုတစ်မျိုးကို ခံစားရစေခဲ့၏。
ဤသည်က အခြားသော အသက်ရှင်ကျန်ရစ်သူ စခန်းများတွင် သူတို့ လုံးဝ မခံစားဖူးခဲ့သော အရာပင် ဖြစ်ပေသည်။
ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှ ထွက်ခွာကာ အပြန်လမ်းသို့ ခြေချချိန်တွင် သုံးယောက်လုံး၏ စိတ်နှလုံးများမှာ ဆေးကြောသန့်စင်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး တစ်ကိုယ်လုံးရှိ စိတ်ဓာတ်ခွန်အားများက လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
ယခင်ကကဲ့သို့ နာကြည်းမှု... ရန်ငြိုးဖွဲ့မှု ခံစားချက်များ မရှိတော့ဘဲ ယခုအခါ သူတို့၏ ရင်ထဲတွင် မသိမသာ မျှော်လင့်ချက်မီးတောက်များ တောက်လောင်လာခဲ့ကာ ဤခိုလှုံရေးစခန်းတွင် တက်ကြွစွာ ဝင်ရောက်ပူးပေါင်းလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။
သစ်တောကို ဖြတ်ကျော်ကာ ရေပေါ်တံတားကို ဖြတ်သန်းချိန်တွင် မိုးလင်းနေခဲ့ပြီ ဖြစ်၏။
မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ကောင်းကင်က မှိုင်းညို့နေဆဲဖြစ်သော်လည်း လမ်းတစ်လျှောက်တွင် လူအများအပြား အလုပ်များနေကြသည်ကို မြင်တွေ့လိုက်ရသည်။
ရေပေါ်တံတားအနီးတွင် လူအများအပြားက မြစ်ကမ်းဘေး၌ ငါးဖမ်းခြင်းနှင့် ရေပြင်ကို ရှင်းလင်းခြင်းများ စတင်လုပ်ဆောင်နေကြ၏။
ဆုန့်ဝမ်က လူတစ်စုကို ဦးဆောင်ကာ ဗေဒါပင်များကို ပြုစုပျိုးထောင်နေပြီး ဧရိယာကျယ်ဝန်းစွာဖြင့် ဗေဒါပင်များကို စတင်စိုက်ပျိုးကာ မျိုးပွားနေကြသည်။
လီချင်းဟွာတို့ သုံးယောက်က ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ စုံစမ်းမေးမြန်းကြည့်လိုက်ရာ ခေါင်းဆောင်ဆုန့်ဝမ်မှာ သစ်ဓာတ်အစွမ်းပိုင်ရှင် ဖြစ်ကြောင်းကို သိလိုက်ရပေ၏။
ဤမျှ ကျယ်ဝန်းသော ဧရိယာတွင် ဗေဒါပင်များ စိုက်ပျိုးရခြင်းမှာ ကိုလင်းယွမ်က ဤနေရာတွင် ဗေဒါဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် အစီအစဉ်ရှိနေသောကြောင့်ပင်။
လူသုံးယောက်လုံး ရင်ထဲတွင် တုန်လှုပ်သွားကြပြီး အချင်းချင်း အကြည့်ချင်းဖလှယ်မိလိုက်ကာ ကိုလင်းယွမ်က ဤနေရာတွင် ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် ရည်ရွယ်ထားခြင်းမှာ တကယ့်ကို ကြီးမားသော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ခံစားလိုက်ရသည်။
ကျိုးချင်းမင်က မနေနိုင်ဘဲ မေးလိုက်၏။ "သူတို့ဆီမှာ သင်္ဘောတွေ အများကြီး ရှိလို့လား... ဆိပ်ကမ်းတောင် ဆောက်နေပြီပဲ"
လီချင်းဟွာက ထိုစကားကို ကြားသည့်အခါ ရုတ်တရက် စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ "အခု မရှိတာက နောက်ပိုင်း မရှိနိုင်ဘူးလို့ ဆိုလိုတာမှ မဟုတ်တာ... ကိုလင်းယွမ်က သင်္ဘောတပ်ဖွဲ့တစ်ဖွဲ့ကို တည်ဆောက်ဖို့ ရည်ရွယ်ထားတာ ဖြစ်မယ်... မဟုတ်ရင် ဆိပ်ကမ်းကို အသုံးပြုဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ"
"သင်္ဘောတပ်ဖွဲ့ တည်ဆောက်မယ်... သင်္ဘောက ဘယ်မှာရှိလို့လဲ... ကိုယ့်ဘာသာကိုယ် ဆောက်လို့ရတာမှ မဟုတ်တာ... သင်္ဘောဆောက်တယ်ဆိုတာ ကစားစရာ လုပ်သလို ဘယ်လွယ်ပါ့မလဲ" ကျိုးချင်းမင်က မနေနိုင်ဘဲ ပြောလိုက်၏။
လီချင်းဟွာ၏ မျက်လုံးများက တဖျပ်ဖျပ် လက်သွားသည်။ "သူ့မှာ နည်းလမ်းရှိမှာပါ... မဟုတ်ရင် ဒီလို လုပ်မှာမဟုတ်ဘူး"
လင်းဝမ်၏ စိတ်ထဲတွင်လည်း အတွေးတစ်ခု ဝင်လာကာ ပြောလိုက်၏။ "သူက အပြင်ဘက်မှာ လှည့်လည်သွားလာနေတဲ့ သင်္ဘောတွေကို လက်ခံဖို့ ရည်ရွယ်ထားတာများလား... ထိုက်ယန်တောင်ကို အပြင်က သင်္ဘောတွေ ဆိုက်ကပ်နိုင်တဲ့ အကြီးစား ခိုလှုံရေးစခန်းကြီးအဖြစ် သတ်မှတ်ထားတာ ဖြစ်နိုင်တယ်"
"မဖြစ်နိုင်စရာတော့ မရှိပါဘူး"
လီချင်းဟွာက ခေါင်းအနည်းငယ်ညိတ်လိုက်ရင်း ပြောသည်။ "ငါတို့ လောလောဆယ် ဒီအကြောင်းတွေကို တွေးမနေနဲ့ဦး... အရင်ဆုံး တစ်လ ပြစ်ဒဏ်ကျခံရဦးမယ်... အဲဒီကာလအတွင်းမှာ အမှတ်တွေ တတ်နိုင်သမျှ များများစုဆောင်းထားဖို့ လိုတယ်"
"ဟုတ်တယ်... အမှတ်တွေ စုရမယ်... စောစောက ထိုက်ယန်တောင် ဈေးဝယ်စင်တာကြီးထဲ လျှောက်ကြည့်တုန်းက ငါ့မှာ အမှတ်ဆယ်မှတ်ပဲ ရှိတော့ သန့်စင်ခန်းသုံးစက္ကူ... သွားတိုက်ဆေး... ဆပ်ပြာလောက်ပဲ ဝယ်နိုင်လို့ ရင်နာနေရတာ" ကျိုးချင်းမင်က အလျင်စလို ပြောလိုက်၏။
လင်းဝမ်ကလည်း ချက်ချင်း ခေါင်းညိတ်လိုက်ရင်း ပြောသည်။ "ဟုတ်တယ်... ဟုတ်တယ်... အမှတ်တွေ အရင်စုရအောင်"
သူမက လဲလှယ်ဝတ်ဆင်ရန် အတွင်းခံအင်္ကျီအချို့ကို ဝယ်ယူချင်နေ၏။ ယခုအချိန်က ရေလွှမ်းမိုးမှုကြီး စတင်စအချိန် မဟုတ်တော့ပေ။
ထိုအချိန်က လူနေတိုက်ခန်းအချို့ကို ကျပန်းရှာဖွေကာ ဝင်ရောက်ရှာဖွေလိုက်လျှင် လဲလှယ်ဝတ်ဆင်ရန် သင့်လျော်သော အဝတ်အစားများကို အမြဲရှာတွေ့နိုင်ခဲ့သည်။
သို့သော် ယခု ရေလွှမ်းမိုးမှုကြီး ဖြစ်ပွားခဲ့သည်မှာ နှစ်ဝက်ကျော်ရှိနေပြီဖြစ်ရာ လူနေတိုက်ခန်းများထဲတွင် အဝတ်အစားများ ရှိနေလျှင်ပင် မှိုတက်နေလောက်ပြီ ဖြစ်၏။
အဝတ်အစား အများစုကိုလည်း လူအများက လောင်စာအဖြစ် မီးရှို့ပစ်လိုက်ကြပြီ ဖြစ်ပေမည်။
ကံကောင်းထောက်မစွာဖြင့် ယခုအခါ ပင်လယ်ထဲရှိ အချို့သော သတ္တဝါများ၏ အလောင်းများက မီးလောင်ကျွမ်းမှုကို အလွန်ခံနိုင်ရည်ရှိကြပြီး အချို့သော နံရံများတွင် ကပ်နေတတ်သည့် စွမ်းအင်ကျောက်တုံးများလည်း ရှိနေပေသည်။
ထိုစွမ်းအင်ကျောက်တုံးများကိုလည်း မီးရှို့နိုင်၏။ မဟုတ်လျှင် ဤနှစ်ဝက်အတွင်း အိမ်ထဲတွင် ပုန်းအောင်းနေသော အသက်ရှင်ကျန်ရစ်သူများမှာ ငါးအစိမ်းများကိုသာ စားသောက်နေကြရမည် ဖြစ်သည်။
သူတို့သုံးယောက် ယွင်ချွမ်ဘုရားကျောင်းသို့ ပြန်ရောက်ချိန်တွင် နံနက် ၉ နာရီပင် မထိုးသေးသော်လည်း အချို့လူများက စတင်အလုပ်လုပ်နေကြပြီ ဖြစ်၏။
အလုပ်များများ လုပ်လေ အမှတ်ပိုရလေပင်။
အလုပ်လုပ်သလောက် အကျိုးခံစားခွင့်ရသဖြင့် ဤနေရာရှိ လူများ၏ စိတ်အားထက်သန်မှုက မြင့်မားနေပြီး အလုပ်ကို အလွန်ကြိုးစားလုပ်ကိုင်ကြသည်။
သူတို့သုံးယောက်က ချက်ချင်း ဝင်မလုပ်သေးဘဲ ကင်းလှည့်အဖွဲ့ဝင်များက သူတို့ကို ကျောက်ခိုင်ရှိရာသို့ ခေါ်ဆောင်သွားကြ၏။
ကျောက်ခိုင်က သူတို့သုံးယောက်ကို ကြည့်ကာ ပြုံးရင်း မေးလိုက်သည်။ "ခိုလှုံရေးစခန်းဘက်ကို သွားခဲ့ပြီ မဟုတ်လား... ဘယ်လိုလဲ... ဘာတွေ ခံစားရလဲ"
လီချင်းဟွာက လေးစားသော မျက်နှာထားဖြင့် ပြောလိုက်၏။ "ငါ တွေးထားတာထက်ကို အများကြီး ပိုကောင်းတယ်"
ကျောက်ခိုင်က ချက်ချင်းပင် တဟားဟား ရယ်မောလိုက်ပြီး မေးလိုက်သည်။ "အခု မင်းတို့ ထွက်သွားချင်သေးလား"
သူတို့သုံးယောက်က အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ခေါင်းခါပြလိုက်ကြ၏。
လီချင်းဟွာက ပြတ်သားစွာ ပြောလိုက်သည်။ "ငါတို့အားလုံး ဒီမှာနေချင်ပါတယ်... ခေါင်းဆောင်ကျောက်ခိုင်... အရင်က ငါတို့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေ အားလုံးအတွက် မင်းနဲ့ ထိုက်ယန်တောင်က လူအားလုံးကို တောင်းပန်ပါတယ်"
ကျောက်ခိုင်၏ အပြုံးက ပိုမိုကျယ်ပြန့်သွားပြီး ပြောလိုက်၏။ "အစ်ကိုလင်း ပြောဖူးတယ်... ဖီးနစ်သင်္ဘောပေါ်က အဓိကလက်သည်ကို နှိမ်နင်းပြီးပြီ... မင်းတို့လည်း ပေးဆပ်စရာရှိတာ ပေးဆပ်ခဲ့ပြီးပြီလို့လေ"
"ဒါပေမဲ့ မင်းတို့ကို သတိပေးချင်တာ တစ်ခုရှိတယ်... ထိုက်ယန်တောင်မှာ အရာအားလုံးက စည်းကမ်းအတိုင်းပဲ... အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ကျင့်တယ်ဆိုတဲ့ စကားမျိုး နောက်ထပ် မကြားချင်တော့ဘူး"
"ဒီနေရာရဲ့ အခြေခံအကျဆုံး စည်းကမ်းကတော့ လူအချင်းချင်းကြားမှာ လေးစားမှုရှိရမယ်... သာမန်လူတွေဖြစ်နေရင်တောင်မှပေါ့"
"အစွမ်းပိုင်ရှင်တွေဆိုတာလည်း သာမန်လူတွေကနေ ဆင့်ကဲပြောင်းလဲလာတာပဲ... ဘယ်သူကမှ ဘယ်သူ့ထက် ပိုပြီး မြင့်မြတ်မနေဘူး"
"ထိုက်ယန်တောင်က အဆင့်အတန်းဆိုတာက ထိုက်ယန်တောင် ခိုလှုံရေးစခန်းအပေါ် အားလုံးရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ရလာတာပဲ"
လီချင်းဟွာက ခေါင်းညိတ်ကာ ပြုံးရင်း ပြောလိုက်၏။ "ငါတို့ နားလည်ပါတယ်"
ကျောက်ခိုင်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။ "မင်းတို့အားလုံးက အစွမ်းပိုင်ရှင်တွေဖြစ်သလို ဉာဏ်ကောင်းတဲ့သူတွေလည်း ဖြစ်ကြတယ်... ငါ အများကြီး ပြောမနေတော့ဘူး... သွားတော့... ဒီတစ်လအတွင်းမှာ မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို ငါ မြင်ချင်တယ်"
"စိတ်ချပါ ခေါင်းဆောင်ကျောက်ခိုင်... ငါတို့ မင်းကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး"
"ကောင်းပြီ... ငါ စောင့်ကြည့်နေမယ်"
သုံးယောက်သား ထွက်သွားကြပြီး အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်သွားကြ၏။
ကျောက်ခိုင်လည်း ပြုံးလိုက်မိသည်။ ထိုက်ယန်တောင် ခိုလှုံရေးစခန်းက တစ်နေ့တခြား ပိုမိုကောင်းမွန်လာပြီး ထူးချွန်သူများကို ပို၍ပို၍ ဆွဲဆောင်နိုင်လိမ့်မည်ဟု သူ အခိုင်အမာ ယုံကြည်နေခဲ့သည်။
......
ကောင်းကင်ကြီး လင်းထိန်လာချိန်တွင် လင်းယွမ်က နူးညံ့အိစက်သော နှင်းတောင်ထိပ်များကြားမှ နိုးထလာခဲ့၏။
ရန်မေက မောပန်းနွမ်းနယ်စွာဖြင့် တစ်ဖက်သို့ လှည့်လိုက်ပြီး မပီမသ ရေရွတ်ရင်း ဆက်အိပ်နေခဲ့သည်။
ကလေးယူရန် ကိစ္စကြောင့် ဤရက်ပိုင်းအတွင်း ရန်မေနှင့် သူတို့နှစ်ဦး အတော်လေး ကဲခဲ့ကြသည်လေ။
လင်းယွမ်က သူမကို စောင်ခြုံပေးလိုက်ပြီး စနစ်ကိုဖွင့်ကာ လက်ရှိ အမှတ်အခြေအနေကို စစ်ဆေးကြည့်လိုက်၏။
လက်ရှိ အမှတ် - ၄၆၃၂၁၀ မှတ်
လင်းယွမ်က ချက်ချင်းပင် ပြုံးလိုက်သည်။ လေးသိန်းခြောက်သောင်းကျော်သော အမှတ်များက ယခင်ကထက် တစ်ဆကျော်ပင် များပြားလာခဲ့ပြီ ဖြစ်၏။
ဤအမှတ်များက ရေလွှမ်းမိုးတားမြစ်နယ်မြေအတွင်းရှိ ရေအောက်မိစ္ဆာများကို ရှင်းလင်း၍ ရရှိလာခြင်းအပြင် အများစုမှာ သားသတ်ရုံဘက်မှ ရရှိသော အကျိုးအမြတ်များပင် ဖြစ်ပေသည်။
ယခုအခါ သားသတ်ရုံကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သော သူ၏ ဆုံးဖြတ်ချက်မှာ အလွန်မှန်ကန်ကြောင်းကို သူ ပို၍ပို၍ ခံစားလာရသည်။
ကြည့်ရသည်မှာ သားသတ်ရုံက နေ့စဉ် သန္ဓေပြောင်း သတ္တဝါ ရာထောင်ချီကိုသာ ဝယ်ယူနေပြီး တစ်ခါတစ်ရံ အကောင်တစ်ထောင်ပင် မပြည့်တတ်ပေ။
သို့သော် တွက်ချက်ကြည့်မည်ဆိုလျှင် သန္ဓေပြောင်း ငါးတစ်ကောင်က အမှတ်ရှစ်မှတ်... ကိုးမှတ်ခန့် ရရှိနိုင်ပြီး ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ရှစ်ထောင်... ကိုးထောင်... သို့မဟုတ် အမှတ်တစ်သောင်းခန့်ပင် ရရှိနေပြီ ဖြစ်၏။
ဤအကျိုးအမြတ်က ရေလွှမ်းမိုးတားမြစ်နယ်မြေ သို့မဟုတ် ဒီရေလှိုင်းများကဲ့သို့ တစ်ခါတည်း အပေးအယူလုပ်ရသည့် အရာမျိုးမဟုတ်ဘဲ ရေရှည်အတွက် ဖြစ်ပေသည်။
သားသတ်ရုံ လည်ပတ်နေသရွေ့ သူ၏ စာရင်းထဲသို့ နေ့စဉ် အမှတ်တစ်သောင်းခန့် ဝင်ရောက်နေမည်ဖြစ်ပြီး သူ ထိုက်ယန်တောင်မှ ထွက်သွားစရာမလိုဘဲ မျိုးရိုးဗီဇမျိုးစေ့ကို လဲလှယ်ရန် လုံလောက်သော အမှတ်များကို ရှာဖွေနိုင်မည်ဟု ဆိုနိုင်ပေ၏။
ထို့ပြင် မွေးမြူရေးခြံ၏ ပမာဏကိုလည်း ချဲ့ထွင်နေပြီး မိန်တောင်ဘက်တွင်လည်း နောင်တွင် မွေးမြူရေးစခန်းကို တည်ဆောက်သွားမည်ဖြစ်ရာ နောက်ပိုင်းတွင် မြစ်ထဲသွား၍ ငါးဖမ်းရန်ပင် မလိုအပ်တော့ဘဲ သတ်ဖြတ်ရန် သန္ဓေပြောင်း သတ္တဝါများ အလုံအလောက် ရရှိလာမည် ဖြစ်သည်။
သူသည် ရေရှည်တည်တံ့သော အမှတ်စုဆောင်းခြင်းကို တဖြည်းဖြည်း လုပ်ဆောင်နိုင်ခဲ့ပြီဟု ဆိုနိုင်ပေ၏။
ဤသည်က သူ့ကို စိတ်ခံစားချက် အလွန်ကောင်းမွန်သွားစေခဲ့သည်။
"ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ဆက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရဦးမယ်... အတိုင်းအတာ ကြီးမားလေ အမှတ်တွေရှာရတာ ပိုလွယ်ကူလေပဲ"
"လောလောဆယ် ထိုက်ယန်တောင်နဲ့ မိန်တောင်ဆိုတဲ့ တောင်ကြီးနှစ်လုံးကို လက်ထဲမှာ ရထားတာဆိုတော့ နေရာကတော့ လုံလောက်နေပြီ... ဒါပေမဲ့ ခိုလှုံရေးစခန်းက လူဦးရေက အရမ်းနည်းနေသေးတယ်"
"တိုက်အိမ်တွေထဲမှာ ပိတ်မိနေတဲ့လူတွေကို အပြင်ထွက်ပြီး ကယ်ဆယ်ရမယ့်အချိန် ရောက်ပြီ"
"အင်း... လင်းယွင်တောင်စောင်းဘက်လည်း ရှိသေးတယ်... အလွတ်ကြီး ထားထားတာပဲ... အဲဒီနေရာကိုပါ သိမ်းပိုက်နိုင်ဖို့ နည်းလမ်းရှာရမယ်... ပြီးတော့ ဟိုဘက်မှာလည်း ရေပေါ်တံတား ဆောက်ဖို့ လိုသေးတယ်"
လင်းယွင်တောင်စောင်းထိပ်တွင် ဧရာမ မြေပြန့်နေရာကြီးတစ်ခု ရှိပြီး ထိုနေရာကို ယခင်က အစိုးရရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ စွန့်စားသွားလာသူများအတွက် အနားယူရန်နေရာတစ်ခုအဖြစ် ပြုလုပ်ပေးထားခြင်း ဖြစ်၏။
ထိုနေရာကို ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး ထိုအချိန်က ခရီးသွားအတော်များများ သွားရောက်လေ့လာခဲ့ကြသည်။
"ဟိုဘက်က တောင်စောင်းတွေ မတ်စောက်ပြီး အပင်တွေ ထူထပ်တော့ သန္ဓေပြောင်း သားရဲတချို့ကို လွှတ်ကျောင်းဖို့တော့ သင့်တော်တယ်"
"လောလောဆယ် လူအင်အားက အရမ်းနည်းနေသေးတော့ အဲဒီဘက်ကို ဂရုမစိုက်နိုင်သေးဘူး"
လင်းယွမ်က နံနက်စာကို ရိုးရှင်းစွာ စားသောက်လိုက်ပြီး သူ၏ ပစ္စည်းသိုလှောင်ခန်းထဲရှိ ပစ္စည်းများကို စတင်စစ်ဆေးကြည့်လိုက်၏။
ရှာဖွေကြည့်နေရင်း ထိုမီးအိမ်သီးကို ရုတ်တရက် တွေ့လိုက်ရသည်။
သူ၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွား၏။ မူလက မီးအိမ်သီး နှစ်လုံးရှိရာ လီရှန်ယန်က တစ်လုံးကို ယူသွားခဲ့ပြီး သူက ကျန်နေသော ဤတစ်လုံးကို ရရှိခဲ့ခြင်း ဖြစ်သည်။
သူက သူ့အနီးအနားရှိ လူများအကြောင်းကို စဉ်းစားကြည့်လိုက်ပြီး နောက်ဆုံးတွင် ဦးလေးမာကို သတိရသွား၏။
မာကောချိုင်က သူ့ကို အစောဆုံး နောက်လိုက်ခဲ့သော အဖွဲ့ဝင်တစ်ဦး ဖြစ်သော်လည်း သန္ဓေပြောင်းစွမ်းရည်ကို နိုးထနိုင်ခြင်း မရှိသေးပေ။
ဤမီးအိမ်သီးက သူ၏ သန္ဓေပြောင်းစွမ်းရည်ကို နိုးထလာစေရန် ကူညီပေးနိုင်ကောင်း ကူညီပေးနိုင်လိမ့်မည်။
သို့သော် လင်းယွမ်က အနည်းငယ် တွေဝေသွားပြန်၏။ အဘယ်ကြောင့်ဆိုသော် ယခင် အဖွဲ့ဟောင်းထဲတွင် စွမ်းရည်မနိုးထသေးသော နောက်တစ်ယောက် ရှိနေသေးသောကြောင့်ပင်။
ထိုလူက ချိုင်ကြည်ပင် ဖြစ်သည်။
အစောဆုံးအချိန်က ချိုင်ကြည်သည် အမှန်တကယ်တော့ ကျောက်ခိုင်၏ နေရာတွင် ရှိခဲ့ခြင်း ဖြစ်၏။
ထိုအချိန်က မည်သူမျှ အစွမ်းများ မနိုးထသေးဘဲ ချိုင်ကြည်မှာလည်း လူရွယ်ပိုင်းအရွယ် ဖြစ်ကာ ရဲရင့်ပြီး ဉာဏ်ပညာရှိသူ တစ်ယောက်ဟု ဆိုနိုင်ပေသည်။
သို့သော် သေရမည်ကို မကြောက်မရွံ့ ရဲရင့်မှုအပိုင်းတွင်မူ ကျောက်ခိုင်ကို မမီခဲ့ပေ။
လင်းယွမ်ကလည်း နားလည်ပေးနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ချိုင်ကြည်မှာ မိသားစုရှိသဖြင့် အသက်ကို ပို၍ တန်ဖိုးထားခြင်းက သာမန်ကိစ္စပင် ဖြစ်၏။
နားလည်ပေးသည်မှာ နားလည်ပေးခြင်းဖြစ်သော်လည်း လင်းယွမ်၏ လက်ထဲတွင် အရင်းအမြစ်များ ရှိလာချိန်တွင် ပို၍အသက်စွန့်ရဲသော ကျောက်ခိုင်ကို ပေးမိမည်မှာ သဘာဝပင် ဖြစ်ပေသည်။
နောက်ပိုင်းတွင် ချိုင်ကြည်ကလည်း ဤအချက်ကို သတိပြုမိသွားပြီး သူ၏ စွမ်းရည်ကို တတ်နိုင်သမျှ ပြသခဲ့၏။
ယခင်က သစ်သားဖောင်များ ပြုလုပ်ရာတွင် လင်းယွမ်အား အဖွဲ့ကို စီမံခန့်ခွဲရာတွင် ကူညီပေးခဲ့ပြီး ဦးလေးမာနှင့်အတူ ခိုလှုံရေးစခန်း တည်ဆောက်ခြင်းကို လေ့လာခဲ့သည်မှာလည်း အကျိုးပြုမှုများ ရှိခဲ့သည်ဟု ဆိုနိုင်ပေသည်။
သို့သော် နောက်ပိုင်းတွင် ချိုင်ကြည်၏ မိန်းမ ဝူချင်းက ကျန်းလန်ကျွမ်း၏ အကျိုးအမြတ်များကို တိတ်တဆိတ် လက်ခံကာ ကျန်းလန်ကျွမ်းဘက်မှ ပါဝင်ပြောဆိုပေးခဲ့ပြီး ရန်မေက သူ့အား ဖြားယောင်းသွေးဆောင်ရန် ကြိုးစားခဲ့၏။
ဤလုပ်ရပ်က ရန်မေကို အနည်းငယ် မပျော်မရွှင် ဖြစ်စေခဲ့ပြီး သူ့ကိုလည်း အနည်းငယ် ခံပြင်းစေခဲ့သည်။
နောက်ပိုင်းတွင် ချိုင်ကြည်က သူမကို ခေါ်ကာ သူ့ရှေ့သို့ လာရောက်တောင်းပန် ဝန်ခံခဲ့သဖြင့် လင်းယွမ်ကလည်း တစ်ဖက်လူကို ခွင့်လွှတ်ပေးခဲ့၏။
သို့သော် နောက်ပိုင်း အရေးကြီးသော ကိစ္စအချို့တွင်မူ ချိုင်ကြည်ကို လုပ်ခိုင်းရန် အနည်းငယ် တွန့်ဆုတ်နေခဲ့မိသည်။
ထိုက်ယန်တောင်သို့ ရောက်ရှိလာပြီးနောက် ခိုလှုံရေးစခန်း၏ အတိုင်းအတာက တဖြည်းဖြည်း ကြီးမားလာသည်နှင့်အမျှ ချိုင်ကြည်နှင့် ဝူချင်းတို့မှာ သားသတ်ရုံဘက်သို့ သွားရောက်ကာ တာဝန်ယူခဲ့ကြပြီး ၎င်းတို့ကို လစာမြင့်မားသော စီမံခန့်ခွဲရေး ရာထူးများ ပေးထားခဲ့သည်ဟု ဆိုနိုင်ပေ၏။
သို့သော် သူတို့၏ သမီး ချိုင်ယောင်ကမူ တုံယန်... ရန်မေတို့နှင့် အလွန်ရင်းနှီးသော ဆက်ဆံရေး ရှိနေဆဲပင်။
လင်းယွမ်က စားပွဲခုံကို ဖွဖွလေး ခေါက်လိုက်ရင်း ဤသန္ဓေပြောင်း အသီးကို မည်သူ့အား ပေးသင့်သနည်းဆိုသည်ကို စဉ်းစားနေခဲ့သည်။
ဒေါက်... ဒေါက်... ဒေါက်...
အခန်းတံခါး ခေါက်သံ ထွက်ပေါ်လာ၏။
လင်းယွမ်က အခန်းတံခါးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဝင်ခဲ့ပါ"
အခန်းတံခါး ပွင့်သွားပြီး တုံယန်က ခေါင်းပြူကာ အထဲသို့ လှမ်းကြည့်လိုက်၏။
လင်းယွမ်ကို မြင်လိုက်ရသည့်အခါ သူမက ချိုသာသော အပြုံးတစ်ခုကို ချက်ချင်း ဖော်ညွှန်းလိုက်ပြီး ပြောလိုက်သည်။ "အစ်ကိုလင်းယွမ်... အခန်းထဲမှာ တစ်ယောက်တည်းလား... အမမေရော"
လင်းယွမ်က ပြုံးရင်း ပြန်ဖြေ၏။ "သူ အိပ်နေတုန်းပဲ... ဒီရက်ပိုင်း အတော်လေး ပင်ပန်းသွားလို့လေ... နင် သူ့ကို လာရှာတာလား"
အတော်လေး ပင်ပန်းသွားသည်ဟူသော စကားလုံးများကို ကြားလိုက်ရသည့်အခါ တုံယန်၏ လှပသော မျက်နှာလေးမှာ နီရဲသွားတော့သည်။
ဤအတော်လေး ပင်ပန်းသွားသည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ဖြစ်ကြောင်း သူမ သိနေခဲ့သည်လေ။
မနေ့က သူမက စိတ်စွမ်းအင်ကို အသုံးပြုကာ ဘေးခန်းမှ လှုပ်ရှားမှုများကို တိတ်တဆိတ် အာရုံခံခဲ့သည်ကို တွေးမိလိုက်သည့်အခါ သူမမှာ မျက်နှာပူထူကာ ရှက်သွေးဖြာသွားတော့၏။
"ဟင့်အင်း... မဟုတ်ပါဘူး... သူ့ကို လာရှာတာ မဟုတ်ပါဘူး"
"ဟင်... ဒါဆို နင်က ငါ့ကို လာရှာတာပေါ့" လင်းယွမ်က ပြုံးကာ နောက်ပြောင်လိုက်သည်။
တုံယန်၏ မျက်နှာမှာ ပို၍ နီရဲသွားပြီး ရေကြည်လင်နေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်လာ၏။
အချိန်ကြာလာသည်နှင့်အမျှ သူမက လင်းယွမ်အပေါ် ထားရှိသော ချစ်ခြင်းမေတ္တာကို ဖုံးကွယ်မထားတော့ပေ။
တစ်မိုးအောက်တည်း အတူနေထိုင်ကြသော အခြားမိန်းမများ အားလုံးက လင်းယွမ်နှင့် ပိုမိုနက်ရှိုင်းသော ဆက်ဆံရေး ရှိနေကြပြီဖြစ်ကြောင်းကိုလည်း သူမက ရှင်းလင်းစွာ သိရှိထား၏။
တုံယန်က စိတ်လှုပ်ရှားနေသဖြင့် သူမ၏ အပြုအမူများကလည်း ပို၍ပို၍ ရဲတင်းလာခဲ့သည်။
ယခုကဲ့သို့ လင်းယွမ်ကို ပွင့်ပွင့်လင်းလင်း စိုက်ကြည့်နေခြင်းက လင်းယွမ်၏ နှလုံးသားကို ခပ်မြန်မြန် နှစ်ချက်ခန့် ခုန်သွားစေခဲ့၏။
သူက ချောင်းတစ်ချက်ဟန့်လိုက်ပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ ယန်ယန်... ကိစ္စတစ်ခုခု ရှိလို့လား"
တုံယန်က အခန်းတံခါးကို နောက်ပြန်ပိတ်လိုက်ပြီး သူ၏အနီးသို့ လျှောက်သွားကာ နှုတ်ခမ်းကိုစူရင်း ပြောလိုက်၏။ "အစ်ကိုလင်းယွမ်... ကိစ္စမရှိရင် အစ်ကို့ကို လာရှာလို့ မရဘူးလား"
လင်းယွမ်မှာ ငိုရခက်ရယ်ရခက် ဖြစ်သွားပြီး ပြန်ဖြေ၏။ "ရပါတယ်"
တုံယန်က ချက်ချင်းပင် ရယ်မောလိုက်ပြီး သူ၏ လက်မောင်းကို လှမ်းဖက်လိုက်သည်။
ပြည့်ဖြိုးမှုများက သူ၏ လက်မောင်းကို ဖိကပ်သွားရာ လင်းယွမ်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွား၏။ ဒီကောင်မလေး... ဒုတိယအကြိမ် ဖွံ့ဖြိုးလာပြန်ပြီလား။
"အစ်ကိုလင်းယွမ်... ကျွန်မ အစ်ကို့ကို အစီရင်ခံစာ လာတင်တာပါ... ဒီနေ့မနက်က ကျွန်မ ရှောင်ယာနဲ့ ချန်ယန်းတို့ကို ခေါ်ပြီး ခိုလှုံရေးစခန်းကို လျှောက်ပြပေးခဲ့တယ်လေ"
"ဟီးဟီး... သူတို့ တကယ်ပဲ အံ့သြသွားကြတယ်... ကျွန်မတို့နေရာက နတ်ပြည်ပဲတဲ့... ဒီကို စောစောမလာခဲ့မိတာကိုတောင် နောင်တရနေကြသေးတာ"
လင်းယွမ်က ပြုံးလိုက်ပြီး မနက်က ခိုလှုံရေးစခန်းတွင် သူတို့ လည်ပတ်ခဲ့သော ကိစ္စများကို သူမနှင့် စကားပြောဖြစ်ခဲ့၏။
အများစုက တုံယန် ပြောနေသည်ဖြစ်ပြီး လင်းယွမ်က နားထောင်နေခဲ့သည်။
ဤသည်က သူတို့၏ ပုံမှန် နေထိုင်မှုပုံစံပင် ဖြစ်၏။ တုံယန်က သူမ၏ နေ့စဉ်ဘဝအကြောင်းများကို သူနှင့် ဝေမျှရသည်ကို နှစ်သက်ပေသည်။
လင်းယွမ်ကလည်း သူမထံမှ ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော လူငယ်ဘဝ၏ အငွေ့အသက်များကို ခံစားရနိုင်ပြီး ယခင်က သူ၏ ပျိုရွယ်စဉ် ကာလများကို ပြန်လည်လွမ်းဆွတ်မိစေ၏။
ယောကျာ်းများက အသက်တစ်ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးများကို အမြဲတမ်း နှစ်သက်ကြသည်မှာ တစ်ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးများ၏ ခန္ဓာကိုယ်ကြောင့်သာမက သူတို့ထံမှ ထွက်ပေါ်နေသော လူငယ်ဘဝ၏ အငွေ့အသက်များကို ပို၍ နှစ်သက်ကြသောကြောင့်ပင် ဖြစ်သည်။
"ဒါနဲ့လေ အစ်ကိုလင်းယွမ်... နောက်ပိုင်း ကျွန်မတို့ အဝတ်လှန်းတဲ့ နေရာဘက်ကို လျှောက်သွားတုန်းက ကိစ္စတစ်ခု ဖြစ်သွားတယ်... ကျွန်မ ပြောရမလား မပြောရမလား မသိတော့ဘူး" တုံယန်က ရုတ်တရက် ကိစ္စတစ်ခုကို စတင်ပြောဆိုလာပြီး သူမ၏ မျက်နှာထားက အနည်းငယ် တွေဝေနေ၏။
လင်းယွမ်က မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး မေးလိုက်သည်။ "ဘာကိစ္စလဲ"
"ကျွန်မ တာအိုဆရာလင်းကို တွေ့ခဲ့တယ်"
လင်းယွမ် တစ်ချက်ကြောင်သွားပြီး သူ၏ ခေါင်းထဲတွင် တာအိုဆရာလင်းအကြောင်း ပေါ်လာ၏။
အမှန်အတိုင်းပြောရလျှင် သူ တာအိုဆရာလင်းကို မမြင်ရသည်မှာ အတန်ကြာပြီ ဖြစ်သည်။
ဤတာအိုဆရာအိုကြီး၏ အစွမ်းက အတော်လေး ထူးခြားပြီး အထူးပြုလုပ်ချက်များနှင့် တူသော အစွမ်းအချို့ကိုသာ ဖန်တီးနိုင်ကာ လက်တွေ့တွင် မည်သည့် တိုက်ခိုက်ရေးစွမ်းရည်မျှ မရှိပေ။
ထိုက်ယန်တောင်သို့ ရောက်ပြီးကတည်းက တာအိုဆရာလင်းမှာ မျက်မြင်မရသော လူတစ်ယောက်ကဲ့သို့ ဖြစ်သွားပြီး အလွန်အေးအေးဆေးဆေး နေထိုင်ခဲ့၏။
ပုံမှန် ကင်းလှည့်အဖွဲ့များတွင်ပင် ဝင်ရောက်မရွေးချယ်ဘဲ သာမန်လူတစ်စုနှင့်သာ အမြဲတမ်း ရောနှောနေထိုင်ခဲ့သည်။
နောက်ပိုင်းတွင် ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို တရားဝင် တည်ထောင်လိုက်ပြီးနောက် တာအိုဆရာလင်းက ထိုအချိန်က အတူပါလာသော လူဟောင်းတစ်ယောက် ဖြစ်နေသည်ကို ထည့်တွေးကာ သူ့ကို မွေးမြူရေးခြံဘက်တွင် အလုပ်တစ်ခု ရှာပေးခဲ့၏။
လင်းယွမ်က ဤလူကို မေ့လုနီးပါးပင် ဖြစ်နေခဲ့ရာ ယနေ့တွင် တုံယန်၏ နှုတ်မှ ဤအမည်ကို ထပ်မံကြားရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူက မနေနိုင်ဘဲ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "တာအိုဆရာလင်းက ဘာဖြစ်လို့လဲ"
"သူ မိန်းမတစ်ယောက်ကို ရိုက်နေတာ"
တုံယန်က ချက်ချင်းပင် မကျေနပ်သော အမူအရာတစ်ခုကို ပြသလိုက်ပြီး လျင်မြန်စွာ ပြောလိုက်၏။
လင်းယွမ်က အံ့သြသွားပြီး မေးလိုက်သည်။ "မိန်းမကို ရိုက်တယ်... ဘာသဘောလဲ"
တုံယန်က ပြော၏။ "အစ်ကိုလင်းယွမ် မသိပါဘူး... တာအိုဆရာလင်းနဲ့ ကျူးလင်လင်ဆိုတဲ့ မိန်းမက ဘယ်လိုလုပ် အတူနေဖြစ်သွားလဲ မသိဘူး... ဒီနေ့ ဟိုဘက်မှာ သူတို့ ရန်ဖြစ်နေတာ ကြားခဲ့ရတယ်"
"တာအိုဆရာလင်းက တခြားမိန်းမတွေနဲ့ မရှုပ်မရှင်း ဖြစ်နေတဲ့ ဆက်ဆံရေး ရှိနေပုံရတယ်... ကျူးလင်လင်က အဲဒီကိစ္စကို ရှင်းခိုင်းတော့ နှစ်ယောက်သား ရန်ဖြစ်ကြတာ"
"တာအိုဆရာလင်းက ကျူးလင်လင်ကို ရိုက်လိုက်တော့ ကျူးလင်လင်က မြေကြီးပေါ်ထိုင်ချပြီး အကျယ်ကြီး ငိုနေတာပဲ"
"အစက တာအိုဆရာလင်းက ထပ်ရိုက်ဦးမလို့ပဲ... ကျွန်မ အဲဒီမှာ ရှိနေတာကို မြင်လိုက်မှ ဆက်မရိုက်တော့ဘဲ အဲဒီမိန်းမကို ဆွဲပြီး နေရောင်ခြည်ဇုန်ကနေ ထွက်သွားတာ"
"ဒါပေမဲ့ အဲဒီမိန်းမ အိမ်ပြန်ရောက်ရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်"
လင်းယွမ်က ကြားသည့်အခါ မျက်မှောင်ကြုတ်သွားပြီး ကျူးလင်လင်ဟူသော မိန်းမအကြောင်းကို သေချာပြန်လည်စဉ်းစားကြည့်လိုက်ရာ တစ်ခဏအတွင်း မည်သူဖြစ်ကြောင်းကို အမှတ်မရနိုင် ဖြစ်နေ၏။
"ကျူးလင်လင်က ဘယ်သူလဲ"
တုံယန်က အလျင်စလို ပြန်ပြောသည်။ "တိုက်အမှတ် (၇၅) က တိန့်ဟူကို မှတ်မိသေးလား"
လင်းယွမ်က တိန့်ဟူကို သေချာပေါက် မှတ်မိပါသည်။ ထိုလူက တိုက်အမှတ် (၇၅) ၏ လူဆိုးကြီး ဖြစ်ပြီး ထိုအချိန်က တာအိုဆရာလင်းတို့အား တိန့်ဟူတို့က အဆောက်အအုံ (၁) ဘက်သို့ မောင်းထုတ်ခဲ့ကြသဖြင့် အဆောက်အအုံ (၁) တွင် ပုန်းအောင်းနေကာ အပြင်သို့ မထွက်ရဲခဲ့ကြပေ။
နောက်ပိုင်းတွင် တာအိုဆရာလင်းတို့က တိုက်အမှတ် (၇၆) မှ သူနှင့် ဆက်သွယ်မိသွားပြီး ကြိုးတန်းများကို အသုံးပြုကာ ငါးများကို စတင်အရောင်းအဝယ် လုပ်ခဲ့ကြ၏။
တိန့်ဟူ သိသွားပြီးနောက် ကြိုးတန်းများကို ဖျက်ဆီးခဲ့ရုံသာမက ခေါင်မိုးထပ်ရှိ သူ့ထံသို့ပါ ခဲများဖြင့် ပစ်ပေါက်ခဲ့သေးသည်။
ဤအကြောင်းကြောင့်ပင် လင်းယွမ်က ကျောက်ခိုင်တို့ကို ခေါ်ကာ တိုက်အမှတ် (၇၅) သို့ တိုက်ရိုက်သွားရောက်ပြီး ထိုခွန်အားအစွမ်းပိုင်ရှင် တိန့်ဟူကို သတ်ပစ်ခဲ့ခြင်းပင်။
တုံယန်က ပြော၏။ "ဒီကျူးလင်လင်က အဲဒီတုန်းက တိန့်ဟူ မွေးထားတဲ့ မိန်းမတချို့ထဲက တစ်ယောက်လေ... အဲဒီတုန်းက လျန်မင်ရှုနဲ့ ယွီရှောင်ယန်ဆိုတဲ့ မိန်းမတွေလည်း ရှိသေးတယ်"
"နောက်ပိုင်း ကျွန်မတို့ လိပ်ကျွန်းကို ဖြတ်သွားတုန်းက လျန်မင်ရှုနဲ့ ယွီရှောင်ယန်တို့က လိပ်ကျွန်းကို သွားခဲ့ကြပြီး နောက်ဆုံးမှာတော့ ပျောက်ဆုံးသွားကြတယ်"
"ကျူးလင်လင်ကတော့ လိပ်ကျွန်းကို မသွားခဲ့ဘူး... ဘယ်လိုလုပ်ပြီး တာအိုဆရာလင်းနဲ့ ပေါင်းမိသွားလဲ မသိဘူး... ထိုက်ယန်တောင်ကို ရောက်ပြီးတဲ့နောက် သူတို့နှစ်ယောက် အတူနေဖြစ်သွားကြတာ"
"အဲဒီတုန်းက ဒီကိစ္စကြောင့် လူအတော်များများ ဝေဖန်ခဲ့ကြသေးတယ်... တာအိုဆရာလင်းကို အဘိုးကြီးက အပျိုလေးကို လိုချင်တယ်ပေါ့... အဲဒီကျူးလင်လင်က အသက် နှစ်ဆယ်ကျော်လေးပဲ ရှိသေးတာ... တာအိုဆရာလင်းက ခြောက်ဆယ်နား ကပ်နေပြီလေ"
တုံယန်၏ ရှင်းပြမှုနှင့်အတူ လင်းယွမ်က ထိုလူအနည်းငယ်ကို ပြန်လည်မှတ်မိသွား၏။
မှန်ပေသည်။ ထိုစဉ်က သူ တိန့်ဟူကို သတ်ပြီး တိန့်ဟူအိမ်သို့ ပြေးဝင်ကာ ပစ္စည်းများ ရှာဖွေရန် ပြင်ဆင်နေချိန်တွင် လျန်မင်ရှုဆိုသော မိန်းမက ကျူးလင်လင်နှင့် ယွီရှောင်ယန်တို့ကို ခေါ်လာပြီး အစေခံဝတ်စုံများ ဝတ်ဆင်ကာ မြေကြီးပေါ်တွင် ဒူးထောက်လျက် သူတို့၏ အသက်ကို ချမ်းသာပေးရန် တောင်းပန်ခဲ့ကြသည်။
ထိုစဉ်က ဤမိန်းမက သူ့အပေါ် လှည့်ကွက်များ သုံးကာ မြူဆွယ်ရန် ကြိုးစားခဲ့သေး၏။
လင်းယွမ်၏ မျက်လုံးများက အရောင်လက်သွားပြီး ယခင်က သူတို့ တိုက်အိမ်မှ ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် တာအိုဆရာလင်းက အခြားလူများကို မခေါ်ဆောင်ခဲ့ဘဲ ဤမိန်းမသုံးယောက်ကိုသာ ခေါ်ဆောင်သွားခဲ့သည်ကိုလည်း ပြန်လည်သတိရသွားသည်။
ထိုစဉ်က သူ အနည်းငယ် အံ့သြသွားပြီး အတင်းအကျပ် မေးမြန်းလိုက်ပြီးနောက် တာအိုဆရာလင်းက ကျူးလင်လင်နှင့် ဆက်ဆံရေးရှိကြောင်း ဝန်ခံသွားပုံရ၏။
ထိုအချိန်က သူလည်း ဂရုမစိုက်ခဲ့ပေ။ ဤကဲ့သို့သော ကိစ္စများမှာ အချင်းချင်း သဘောတူညီကြခြင်းဖြစ်ရာ သူက သွားရောက်တားဆီးနေမည် မဟုတ်ပေ။
အကယ်၍ တာအိုဆရာလင်းက အတင်းအကျပ် ပြုလုပ်ခဲ့မည်ဆိုလျှင် လင်းယွမ်က ဝင်ရောက်စွက်ဖက်ကောင်း စွက်ဖက်မည်ဖြစ်သော်လည်း ထိုအချိန်က အခြေအနေအရ ကျူးလင်လင်က တာအိုဆရာလင်းကို ကိုယ်တိုင် မြူဆွယ်ခဲ့ခြင်း ဖြစ်ပေမည်။
ထို့ကြောင့် လင်းယွမ်ကလည်း စိတ်ထဲ မထားခဲ့ပေ။
သို့သော် ယခု ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို တည်ဆောက်ပြီးစီးသွားပြီဖြစ်ရာ လူအားလုံး အေးချမ်းစွာ နေထိုင်နိုင်ကြပြီ ဖြစ်၏။
ဒီနှစ်ယောက်ကြားမှာ ဘယ်လိုလုပ်ပြီး ပြဿနာတွေ ထပ်ဖြစ်ရတာလဲ။
လင်းယွမ်က မေးလိုက်သည်။ "သူတို့ကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ နင် အတိအကျ သိလား"
တုံယန်က ခေါင်းခါပြ၏။ "ကျွန်မ သိပ်မသိပါဘူး... ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကျူးလင်လင် ငိုနေတာ တော်တော်သနားစရာကောင်းတယ်လို့တော့ မြင်လိုက်တယ်"
လင်းယွမ်က ခဏစဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "နင် သူ့ကို ကူညီချင်လို့လား"
"အင်း... သူ့ကို နည်းနည်း သနားမိလို့ပါ... ဘယ်လိုပဲဖြစ်ဖြစ် သူက မိန်းမတစ်ယောက်လေ... ခိုလှုံရေးစခန်းမှာ တစ်ယောက်တည်း အထီးကျန်နေရတာ... အစွမ်းပိုင်ရှင်လည်း မဟုတ်ဘူး... အခု လူမှားပြီး အားကိုးမိသွားတော့ နည်းနည်း သနားစရာကောင်းတယ်" တုံယန်က တိုးတိုးလေး ပြောလိုက်၏။
လင်းယွမ်က ခဏစဉ်းစားလိုက်ပြီး ပြောသည်။ "နင် ဒီကိစ္စကို ဝင်ပါချင်တယ်ဆိုရင် အခြေအနေတွေကို စုံစမ်းဖို့ အခွင့်အရေး ရှာကြည့်လေ... တချို့ကိစ္စတွေက အပေါ်ယံကြည့်ရုံနဲ့ မသိနိုင်ဘူး"
"ဒါနဲ့ နင် သွားစုံစမ်းမယ်ဆိုရင်လည်း ကိုယ်တိုင် မပါနဲ့... မဟုတ်ရင် ဘာမှ မေးလို့ရမှာ မဟုတ်ဘူး"
တုံယန်၏ မျက်လုံးများက အရောင်လက်သွားပြီး ချက်ချင်းပင် ဤကိစ္စကို စိတ်ဝင်စားသွားကာ မေးလိုက်၏။ "ကျွန်မက ရုပ်ဖျက်ပြီး သွားစုံစမ်းရမှာလား"
လင်းယွမ်က ချက်ချင်းပင် ခွီးခနဲ ရယ်မောလိုက်ပြီး မနေနိုင်ဘဲ သူမ၏ ခေါင်းကိုပုတ်လိုက်ရင်း ပြောလိုက်သည်။ "နင်က ဘုရင်မမို့လို့လား... ရုပ်ဖျက်ပြီး သွားစုံစမ်းရအောင်လို့"
တုံယန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်၏။ ငါက ဘုရင်မ မလုပ်ချင်ပါဘူး... ဒါပေမဲ့ မိဖုရားတော့ လုပ်ချင်တယ်လေ။
အင်း... မိဖုရားဆိုရင်လည်း အဆင်ပြေတဲ့ပုံမပေါ်ဘူး... ဒါဆိုရင်လည်း ကိုယ်လုပ်တော်ပဲ လုပ်တော့မယ်။
သူမက စိတ်ထဲမှ တိတ်တဆိတ် တွေးနေမိသည်။
လင်းယွမ်က သူမ၏ ပါးဖောင်းဖောင်းလေးကို ပုတ်လိုက်ရင်း ပြောလိုက်၏။ "နောက်ခံအသိုင်းအဝိုင်း သိပ်မရှိတဲ့ လူတစ်ယောက်ကို အခြေအနေ သွားလေ့လာခိုင်းလိုက်ရင် အမှန်တရားကို တွေ့နိုင်လိမ့်မယ်"
တုံယန်က ခဏစဉ်းစားလိုက်ပြီး ချက်ချင်း မေးလိုက်သည်။ "ဟုတ်တယ်နော်... ရှောင်ယာဆိုရင်ရော ဘယ်လိုလဲ... သူက အခုမှ လာတာဆိုတော့ ဘယ်သူနဲ့မှလည်း မပတ်သက်သေးဘူးလေ... သူ့ရဲ့ နောက်ခံက ရှင်းတယ်"
လင်းယွမ်က ပြုံးရင်း ပြန်ဖြေ၏။ "ရတယ်လေ"
နှစ်ယောက်သား စကားအနည်းငယ် ထပ်ပြောဖြစ်ပြီးနောက် တုံယန်က လုပ်စရာကိစ္စ တွေ့သွားသဖြင့် မစောင့်နိုင်တော့ဘဲ ချက်ချင်း ပြေးထွက်သွားတော့သည်။
လင်းယွမ်က သူမ၏ ကျောပြင်ကို ကြည့်ကာ ပြုံးရင်း ခေါင်းခါလိုက်မိ၏။
သူမမှာ ကလေးဆန်သော စိတ်ဓာတ်လေး ရှိနေဆဲပင်။
အစောပိုင်းက တိုက်အိမ်ထဲတွင် အမှောင်ထုများကို ကြုံတွေ့ခဲ့ရသဖြင့် စရိုက်လက္ခဏာက အနည်းငယ် ရင့်ကျက်လာခဲ့သည်။
သို့သော် သူနှင့်အတူ ထိုက်ယန်တောင်သို့ ရောက်လာပြီးနောက် အပြစ်ကင်းစင်ပြီး သွက်လက်သော စိတ်နေသဘောထားဆီသို့ ပြန်လည်ရောက်ရှိသွားပုံရ၏။
ပြောရမည်ဆိုလျှင် တုံယန်မှာ ဆယ်ကျော်သက် အရွယ်သာ ရှိသေးသည်လေ။
သို့သော် မကြာမီမှာပင် လင်းယွမ်က မျက်မှောင်ကြုတ်သွား၏။ တာအိုဆရာလင်း၏ ကိစ္စက သူ့ကို သတိပေးချက်တစ်ခု ပေးလိုက်ခြင်းပင်။
ယခုအခါ ခိုလှုံရေးစခန်းမှာ တဖြည်းဖြည်း တည်ငြိမ်လာခဲ့ပြီဖြစ်သော်လည်း လူ့သဘာဝ၏ တစ်ကိုယ်ကောင်းဆန်မှုများက တဖြည်းဖြည်း ပွားများလာမည်ဖြစ်ပြီး ညစ်ညမ်းသော ကိစ္စများလည်း ပေါ်ပေါက်လာနိုင်ခြေ ရှိနေသည်။
ကြီးကြပ်ကွပ်ကဲရေး စစ်ဆေးရေးအဖွဲ့တစ်ခုကို တည်ထောင်သင့်ပြီ မဟုတ်လား။
လင်းယွမ်၏ မျက်လုံးများက တဖျပ်ဖျပ် လက်သွားပြီး လိုအပ်သည်ဟု ခံစားလိုက်ရ၏။
မည်သည့် အင်အားကြီးမားသော အဖွဲ့အစည်းမဆို ကျရှုံးရသည့် အကြောင်းရင်းမှာ ပြင်ပအကြောင်းတရားများကြောင့် မဟုတ်ဘဲ အတွင်းပိုင်း ပုပ်ပွမှု ပြင်းထန်သောကြောင့် ဖြစ်နိုင်ခြေ အလွန်များပေသည်။
သူ ကိုယ်တိုင်ကိုယ်ကျ တည်ထောင်ထားသော ခိုလှုံရေးစခန်းတွင် ထိုမြင်ကွင်းမျိုးကို သူ မမြင်ချင်ပေ။
"အားလုံးအတွက် ပဋိပက္ခတွေကို ညှိနှိုင်းဖြေရှင်းပေးနိုင်မယ့် ဌာနတစ်ခု လိုအပ်တယ်"
လင်းယွမ်က ခဏစဉ်းစားလိုက်ပြီး သူ၏ ခေါင်းထဲတွင် လူတစ်ယောက်၏ ပုံရိပ် ပေါ်လာ၏။
"သူက အသင့်သော်ဆုံးပဲ..."
လင်းယွမ်က ပြုံးလိုက်ပြီး ထိုင်ရာမှထကာ အိမ်မှထွက်ခွာပြီး ဈေးဝယ်စင်တာဆီသို့ လျှောက်သွားလိုက်သည်။
လမ်းတစ်လျှောက်တွင် လူအတော်များများက လင်းယွမ်ကို မြင်တွေ့ရသည့်အခါ ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်ကြ၏။
လင်းယွမ်ကလည်း အားလုံးကို ပြုံးပြကာ ခေါင်းညိတ်ပြလိုက်သည်။
ဈေးဝယ်စင်တာ မြေညီထပ်သို့ ရောက်လာချိန်တွင် ယခုက ထမင်းစားချိန် မဟုတ်သဖြင့် ထမင်းစားသူ သိပ်မရှိပေ။
ညဘက် ကင်းလှည့်ရသော အဖွဲ့ဝင်အချို့သာ ဤနေရာတွင် ထမင်းစားနေကြ၏။
အရက်ဘားဘက်တွင်လည်း အတော်လေး တိတ်ဆိတ်နေပြီး နေ့ခင်းဘက်သည် အရက်ဘား အရောင်းအဝယ်ကောင်းသော အချိန် မဟုတ်ပေ။
အရက်စပ်သော ကောင်မလေးမှာ ကောင်တာဘက်တွင် ငိုက်မျဉ်းနေသည်။
လင်းယွမ်က ဟိုဘက်သို့ မသွားတော့ဘဲ များပြားလှသော ဆိုင်ခန်းများထဲသို့ ကြည့်ကာ သူ ရှာဖွေနေသော လူရိပ်ကို လိုက်လံရှာဖွေလိုက်၏။
သူက ဆိုင်ခန်းတစ်ခုဆီသို့ လျှောက်သွားလိုက်ရာ အပေါ်တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်မှာ ကောပိုင်ကျွမ်း ဖြစ်သည်။
ကောပိုင်ကျွမ်းအတွင်းပိုင်းရှိ ရုံးခန်းငယ်လေးထဲတွင် ထိုနန်းဆန်လှပသော ပုံရိပ်က ထိုင်နေပြီး လက်ထဲတွင် ဘောပင်တစ်ချောင်းကို ကိုင်ကာ စာရွက်ပေါ်တွင် တစ်ခုခု တွက်ချက်နေ၏။
အပြင်ဘက်တွင် ကောင်မလေးတစ်ယောက်က ဆိုင်ကို တာဝန်ယူ စောင့်ရှောက်နေသည်။
ပိုင်ကျစ်လဲ့က အလုပ်လုပ်သော အခန်းထဲတွင် ဟိုဟိုဒီဒီ သွားလာလှုပ်ရှားနေပြီး လက်ထဲတွင် ဖျော်ရည်အမျိုးမျိုးကို ကိုင်ထားကာ ဖျော်ရည်အမျိုးအစားသစ်များကို လေ့လာစမ်းသပ်နေပုံရ၏။
လင်းယွမ်က စားပွဲခုံကို ခေါက်လိုက်သည်။ "နို့လက်ဖက်ရည် တစ်ခွက်ပေးပါ"
အရောင်းဝန်ထမ်း ကောင်မလေး တစ်ချက်ကြောင်သွားပြီး ခေါင်းမော့ကြည့်လိုက်ရာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားသော မျက်နှာထား ပေါ်ထွက်လာ၏။ "ကိုလင်းယွမ်"
ဤကိုလင်းယွမ်ဟူသော အသံက အတွင်းခန်းရှိ ပိုင်ကျစ်လဲ့နှင့် ကျွမ်းရှုယွမ်တို့ကို ချက်ချင်း အလန့်တကြား ဖြစ်သွားစေသည်။
နှစ်ယောက်လုံး သူတို့၏ နေရာများမှ အလျင်စလို လျှောက်လာကြ၏။
လင်းယွမ်က ကျွမ်းရှုယွမ်ကို လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားသည်။
ဤမိန်းမက သူ ရှာဖွေနေသော လူပင် ဖြစ်၏။
ဤမိန်းမတွင် လူတို့၏ စိတ်ကို ဖောက်ထွင်းမြင်နိုင်သော အစွမ်းတစ်မျိုး ရှိသည်ကို သူ မှတ်မိနေပေသည်။
ဆက်ရန်...
အပိုင်း(၃၀၄) ကျွမ်းရှုယွမ်၏ လိုအင်ဆန္ဒ
"အို... ကိုလင်းယွမ်... တကယ်ပဲ ရှင်ဖြစ်နေတာကိုး"
ပိုင်ကျစ်လဲ့က ကောင်တာဘက်သို့ ဦးစွာလျှောက်လာပြီး ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
လင်းယွမ်၏ အကြည့်များက သူမထံ ကျရောက်သွားပြီး ထိုကောင်မလေးက အရင်လိုပင် လိမ္မာရေးခြားရှိကာ ချိုသာသော ရုပ်ရည်လေးရှိနေဆဲ ဖြစ်သည်။
အရင်က သူမကို တွေ့ခဲ့ရချိန်နှင့် နှိုင်းယှဉ်ပါက သူမကိုယ်ပေါ်တွင် သင်းပျံ့ချိုမြိန်သော ရနံ့တစ်ခု ပိုတိုးလာခဲ့သည်။
ရေမွှေးရနံ့မဟုတ်ဘဲ နို့လက်ဖက်ရည်ရနံ့ ဖြစ်ဟန်တူသည်။
နို့လက်ဖက်ရည်ဖျော်စက်ကို လင်းယွမ်က သူတို့ထံ ရောင်းချခဲ့ပြီး အစောပိုင်းက ရှာတွေ့ခဲ့သော မဖောက်ရသေးသည့် နို့လက်ဖက်ရည် ကုန်ကြမ်းများနှင့် အနံ့ဆီများကိုပါ ကျွမ်းရှုယွမ်ထံ တစ်ပါတည်း ရောင်းချခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ကျွမ်းရှုယွမ်တို့၏ ဤ ကောပိုင်ကျွမ်း ဆိုင်လေးက လင်းယွမ်ထံတွင် အမှတ်အမြောက်အမြား အကြွေးတင်နေပြီ ဖြစ်သည်။
လက်ရှိတွင် အရောင်းအဝယ်သွက်နေပုံရသော ကောပိုင်ကျွမ်းက လက်တွေ့တွင်တော့ လင်းယွမ်အတွက် အကြွေးဆပ်ရန် အလုပ်လုပ်ပေးနေရခြင်းသာ ဖြစ်၏။
လင်းယွမ်က ပြုံး၍ ခေါင်းညိတ်ကာ ပြောလိုက်သည် "ညီမပိုင်... မတွေ့တာကြာပြီနော်... ကျွန်တော် နို့လက်ဖက်ရည် တစ်ခွက်လောက် လာသောက်တာ"
ပိုင်ကျစ်လဲ့က တခစ်ခစ် ရယ်မောကာ ပြောလိုက်သည် "ကျွန်မ ဖျော်ပေးမယ်နော်"
ထိုသို့ပြောရင်း သူမက ကောင်တာမှ ကောင်မလေးကို လှမ်းပြောလိုက်ပြီး လင်းယွမ်အတွက် နို့လက်ဖက်ရည်ကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ဖျော်စပ်ပေးလေသည်။
ကျွမ်းရှုယွမ်ကလည်း ရုံးခန်းထဲမှ ထွက်လာခဲ့ပြီး ယနေ့တွင် သူမက အစိမ်းရောင် ရင်စေ့ဂါဝန်ရှည်ကို ဝတ်ဆင်ထားကာ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အချိုးအစားက ဂါဝန်အောက်တွင် ပေါ်လွင်နေသည်။
သွယ်လျသော ခြေတံရှည်များက ဖြူဖွေးဝင်းမွတ်နေပြီး ခါးသေးရင်ချီ ကိုယ်ခန္ဓာအချိုးအစားက ကြည့်ရသည်မှာ လွန်စွာ ကျက်သရေရှိလှသည်။
သူမက ရင်ဘတ်တွင် လက်ပိုက်လျက် ကောင်တာဘေးတွင် မှီရပ်နေကာ ရင်သပ်ရှုမောဖွယ် ခန္ဓာကိုယ်အကောက်အကြောင်းကို ပေါ်လွင်စေရင်း ပြုံးရွှင်စွာ ပြောလိုက်သည် "ရှားရှားပါးပါး ဧည့်သည်ပါလား... လင်းယွမ်"
လင်းယွမ်က ခပ်ဖွဖွ ပြုံးလိုက်သည် "ခဏတဖြုတ် အနားရတုန်း... နို့လက်ဖက်ရည် လာသောက်တာ"
ကျွမ်းရှုယွမ်၏ လှပသော မျက်ဝန်းများက ဝေ့ဝဲသွားပြီး လင်းယွမ်၏ တကယ့် အတွေးများကို သိရှိရန် သူမ၏ အစွမ်းကို အလိုအလျောက် သုံးစွဲရန် ကြိုးစားလိုက်မိသည်။
သို့သော် အစွမ်းကို စတင်အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ စိတ်စွမ်းအင်က အဆုံးမရှိသော တွင်းနက်ကြီးထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
ချက်ချင်းပင် သူမ၏ မျက်နှာက ဖြူလျော့သွားပြီး စိတ်စွမ်းအင်ကို အမြန် ပြန်ရုပ်သိမ်းလိုက်ရသည်။
လင်းယွမ်က သူမကို တစ်ချက်စောင်းငဲ့ကြည့်ကာ ပြုံး၍ ပြောလိုက်သည် "ညီအမကျွမ်းက... ကျွန်တော့်စိတ်ကို အရမ်း သိချင်နေတာလား... ကျွန်တော့် စိတ်ထဲကို အဲဒီလောက်တောင် ဝင်ကြည့်ချင်နေတာလား"
ကျွမ်းရှုယွမ်က အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ခန္ဓာကိုယ်ကို အမြန်မတ်မတ်ရပ်လိုက်ကာ ကိုယ်နေဟန်ထားကို ဆက်၍ မကြွားဝံ့တော့ချေ။
"မဟုတ်ပါဘူး... ကျွန်မ အမှတ်တမဲ့ သုံးမိသွားတာပါ... ရှင်လည်း သိတဲ့အတိုင်းပဲ... အစွမ်းဆိုတာက တချို့အချိန်တွေမှာ အသက်ရှူတာနဲ့ တူတယ်လေ... မသိမသာနဲ့ သုံးမိသွားတတ်တာ"
လင်းယွမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သော်လည်း အတည်ပြုခြင်း ငြင်းဆန်ခြင်း မရှိဘဲ စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည် "ကောပိုင်ကျွမ်းရဲ့ စီးပွားရေးက တစ်နေ့တခြား ပိုကောင်းလာတယ်နော်... ခင်ဗျားတို့ အခု မိန်တောင်အထိတောင် စီးပွားရေး ချဲ့ထွင်နေပြီလို့ ကျွန်တော် ကြားတယ်"
ကျွမ်းရှုယွမ်က လင်းယွမ် အပြစ်မတင်သည်ကို မြင်သောအခါ သက်ပြင်းတစ်ချက် ချလိုက်မိပြီး အမြန် ပြောလိုက်သည် "ဟိုဘက်မှာ ဆိုင်ခွဲတစ်ခု ဖွင့်လိုက်ရုံပါ... ကျွန်မတို့က အခု ရှင့်ဆီမှာ အမှတ်တွေ အများကြီး အကြွေးတင်နေတာဆိုတော့ ကြိုးစားရမှာပေါ့"
လင်းယွမ်က ပြုံးလိုက်ပြီး ပြောလိုက်သည် "ညီအမကျွမ်းက ကတိတည်တဲ့သူပဲ"
ကျွမ်းရှုယွမ်က နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်သည် "ကျွန်မက သူများဆီက အကြွေးယူရတာကို အကြောက်ဆုံးပဲ... အမြန်ဆုံး ပြန်မဆပ်ရရင် စိတ်ထဲမှာ မလုံခြုံသလို ခံစားရလို့ပါ"
"ကိုလင်းယွမ်... နို့လက်ဖက်ရည် ရပြီနော်... အချို ဘယ်လောက် ထည့်ရမလဲ" ပိုင်ကျစ်လဲ့က စက်ဘက်မှ ခေါင်းပြူထွက်လာပြီး ပြုံးကာ မေးလိုက်သည်။
လင်းယွမ်က ပြုံး၍ ပြောလိုက်သည် "နင် သင့်သလိုသာ ဖျော်လိုက်ပါ... ငါ အချိုအကြောင်း သိပ်နားမလည်လို့"
"ဒါဆို ပုံမှန်အချိုပဲ ထည့်ပေးလိုက်မယ်နော်"
"အင်း"
ပိုင်ကျစ်လဲ့၏ အကြည့်များက လင်းယွမ်နှင့် ကျွမ်းရှုယွမ်တို့အပေါ်တွင် ဟိုဟိုဒီဒီ ဝေ့ဝဲသွားပြီး မျက်လုံးများကို ကွေးညွတ်သွားစေကာ ခေါင်းကို ပြန်ရုပ်သွားသည်။
လင်းယွမ်က မေးလိုက်သည် "ခင်ဗျားတို့ရဲ့ ဒီလို ရောင်းကောင်းနေတဲ့ အခြေအနေအရဆိုရင် အကြွေးကျေဖို့ သိပ်မကြာလောက်ပါဘူး... လောစရာ မလိုပါဘူး"
ကျွမ်းရှုယွမ်က သက်ပြင်းချကာ ပြောလိုက်သည် "ကျွန်မ တွက်ကြည့်ပြီးပြီ... ရှင် ပေးထားတဲ့ နို့လက်ဖက်ရည်ဖျော်စက်နဲ့ ကုန်ကြမ်းတွေက အမှတ် တစ်သောင်းလောက် ကျတယ်... ကျွန်မရဲ့ တစ်နေ့ အရောင်းအဝယ်က အမှတ် သုံးထောင်ကျော်ပဲ ရှိတာ... အရင်းအနှီးတွေ ဆိုင်ခန်းခတွေ နှုတ်လိုက်ရင် တစ်လကို အသားတင် အမြတ်က အမှတ် တစ်ထောင်လောက်ပဲ ကျန်တာ"
"ကျွန်မ အချွေတာဆုံး နေထိုင်ပြီး (၁၀) လလောက် စုမှ ရှင့်ကို ပြန်ဆပ်နိုင်မှာ... ဒါတောင် ပိုက်ဆံကို ပရမ်းပတာ မသုံးရဲတဲ့ အခြေအနေမှာနော်"
"ဒီအထဲက အမြတ်ကလည်း ကျွန်မ တစ်ယောက်တည်းအတွက် မဟုတ်ဘူးလေ... ပိုင်ကျစ်လဲ့နဲ့ ကောကျဲကိုလည်း ခွဲပေးရဦးမှာ... ရုတ်တရက်ကြီး အကြွေးကျေမယ့်ရက်က အလှမ်းဝေးနေသလို ခံစားရတယ်"
လင်းယွမ်က ပြုံးလိုက်သည် "ကျွန်တော်မှ အတင်းတောင်းနေတာ မဟုတ်တာ... ဘာတွေ လောနေတာလဲ"
ကျွမ်းရှုယွမ်က ပြုံးကာ ပြောလိုက်သည် "ရှင်က မတောင်းပေမယ့် ရှင့်အိမ်က တစ်ယောက်က ဈေးဝယ်စင်တာကို အုပ်ချုပ်နေတာလေ... သူမက ကျွန်မကို မျက်စိဒေါက်ထောက် ကြည့်နေတာ"
သူမ ပြောနေသည်မှာ ရန်မေအကြောင်းဖြစ်မှန်း လင်းယွမ် သိလိုက်သည်။
"မျက်စိဒေါက်ထောက် ကြည့်နေတယ်ဆိုတာက သူမ မျက်လုံးထဲမှာ ခင်ဗျားက အတိုင်းအတာ တစ်ခုအထိ ခြိမ်းခြောက်မှု ဖြစ်နေလို့ပေါ့... ညီအမကျွမ်း... သူမကို အထင်လွဲစေမယ့် ကိစ္စမျိုးတွေ လုပ်မိခဲ့သလားဆိုတာ သေချာ ပြန်စဉ်းစားကြည့်ဦး"
ကျွမ်းရှုယွမ်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ လင်းယွမ်ကို ကြည့်ရင်း ပြောလိုက်သည် "အို... တကယ်ပဲ သူက ကျွန်မကို ခြိမ်းခြောက်မှုတစ်ခုလို့ ထင်နေတာလား... ဒါဆို ရှင်ရော ကျွန်မကို အဲဒီလို ထင်လား"
လင်းယွမ်က ပြုံးလိုက်ပြီး သူမ၏ ရင်စေ့ဂါဝန်ရှည်ကို တစ်ချက် အကဲခတ်လိုက်ကာ ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည် "ဒီနေ့ ဝတ်စုံကတော့ နည်းနည်း ခြိမ်းခြောက်နိုင်စွမ်း ရှိတယ်"
ကျွမ်းရှုယွမ်က အမှတ်မထင် ကြက်သေသေသွားသော်လည်း ချက်ချင်းပင် သူမ၏ မျက်နှာပေါ်တွင် ပန်းပွင့်လေးတစ်ပွင့် ပွင့်လန်းလာသကဲ့သို့ အပြုံးများ ပြည့်နှက်သွားကာ စိတ်အခြေအနေကလည်း ရွှင်လန်းလာလေသည်။
သူမက မျက်လုံးလေး မှိတ်ကာ ပြုံးရင်း ပြောလိုက်သည် "ရှင်က ဒီလိုမျိုးကို သဘောကျတာလား"
လင်းယွမ်က ဟက်ဟက်ပက်ပက် ပြုံးလိုက်သော်လည်း စကားပြန်မထောက်တော့ဘဲ ပြောလိုက်သည် "နောက်ပိုင်း ထိုက်ယန်တောင်က အရှိန်အဟုန်နဲ့ တိုးတက်လာမယ့် အချိန်ကာလကို ရောက်လာတော့မယ်... ရေဘေးမှာ ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ဖို့ ကျွန်တော်တို့မှာ အစီအစဉ်တွေ ရှိတယ်... အဲဒီအချိန်ကျရင် ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ လူဦးရေက အလွန်အမင်း တိုးပွားလာလိမ့်မယ်"
"အဲဒီအခါကျရင် ခင်ဗျားတို့ရဲ့ ဖောက်သည်တွေ ပိုပိုများလာလိမ့်မယ်... အကြွေးဆပ်ဖို့ ကိစ္စကို လောစရာ မလိုပါဘူး"
ထိုစကားကို ကြားသောအခါ ကျွမ်းရှုယွမ်က ချက်ချင်းပင် စိတ်အားထက်သန်လာပြီး ပြောလိုက်သည် "ရှင်တို့က အပြင်ထွက်ပြီး ကယ်ဆယ်ရေး လုပ်မလို့လား... ထိုက်ယန်တောင်ရဲ့ အရင်းအမြစ်တွေ မလုံလောက်မှာကို ရှင် မစိုးရိမ်ဘူးလား"
လင်းယွမ်က ခေါင်းယမ်းလိုက်သည် "လူ့စွမ်းအားအရင်းအမြစ် ဆိုတာလည်း အရင်းအမြစ် တစ်မျိုးပါပဲ... လက်ရှိ အခြေအနေမှာတော့ ထိုက်ယန်တောင်ရဲ့ နေရာအကျယ်အဝန်းက လုံလောက်ပါသေးတယ်... အခု မိန်တောင်လည်း ရှိနေပြီဆိုတော့ ကျွန်တော်တို့ လူအင်အား လိုအပ်တယ်"
ကျွမ်းရှုယွမ်က လင်းယွမ်ကို မကြည့်ဘဲ မနေနိုင်တော့ချေ။ တစ်ဖက်လူ၏ ရည်မှန်းချက်က သာမန်မဟုတ်ဘဲ အလွန်ကြီးမားကြောင်း သူမ ခံစားလိုက်ရသည်။
အရင်က သူမ သိုင်းဘုရင်ဂေဟာကို အုပ်ချုပ်စဉ်က ပြင်ပမှ လူများကို လက်ခံရန် မစဉ်းစားခဲ့ဖူးသည်တော့ မဟုတ်ပေ။
သို့သော် အခြားသော ခိုလှုံရေးစခန်း သုံးခုကတော့ ရှောင်လွှဲ၍မရဘဲ ထိုက်ယန်တောင်က ဤမျှသာ ကျယ်ဝန်းပြီး အရင်းအမြစ်တွေကလည်း ဒီလောက်ပဲ ရှိတာကြောင့် အပြင်လူတွေကို တောင်ပေါ်တက်လာပြီး အရင်းအမြစ်တွေကို ခွဲဝေယူခွင့် မပြုသင့်ဘူးဟု ခံယူထားကြသည်။
ထိုစဉ်က ဝူမုန့်ကိုယ်တိုင်ပင် ထိုအချက်ကို မချေပနိုင်ခဲ့ချေ။
သို့သော် ဤလူက ထိုသို့လုပ်ရန် ရည်ရွယ်ထားရုံသာမက ဘေးနားရှိ မိန်တောင်ကိုပါ စီမံကိန်းထဲ ထည့်သွင်းထားလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
ဒီလို အရည်အချင်းရှိတဲ့သူက ရေကြီးမှုကြီး မဖြစ်ခင်တုန်းက ဘာလို့ နာမည်မထွက်ဘဲ တိတ်ဆိတ် နေခဲ့ရတာလဲဟု သူမ စိတ်ထဲတွင် အံ့ဩနေမိသည်။
လင်းယွမ်က ဆက်ပြောသည် "ခင်ဗျားက အကြွေးဆပ်ဖို့ တကယ်လောနေတယ်ဆိုရင် ကျွန်တော့်ဆီမှာ ခင်ဗျားအတွက် အလုပ်တစ်ခုတော့ ရှိတယ်"
ကျွမ်းရှုယွမ်က ကြက်သေသေသွားပြီး မေးလိုက်မိသည် "ဘာအလုပ်လဲ"
"ကျွန်တော် မကြာသေးခင်က အရပ်ဘက် အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းဖို့ စီစဉ်နေတယ်... အဲဒီအချိန်ကျရင် ဦးဆောင်မယ့်သူ တစ်ယောက် လိုအပ်တယ်... အဲဒီလူက အတိုင်းအတာ တစ်ခုအထိ ဩဇာတိက္ကမ ရှိရမယ့်အပြင် အမှားအမှန်ကို ခွဲခြားနိုင်ပြီး အလိမ်အညာ စကားတွေကိုလည်း ခွဲခြားသိမြင်နိုင်တဲ့သူ ဖြစ်ရမယ်"
ကျွမ်းရှုယွမ်က ချက်ချင်းဆိုသလို မတ်တတ်ရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန် ပြောလိုက်သည် "ဒါဆို ကျွန်မပဲပေါ့... လင်းယွမ်... ရှင် ကျွန်မရဲ့ အစွမ်းကို သိပါတယ်... တခြားသူတွေရဲ့ စိတ်ထဲမှာ ဘာတွေးနေလဲဆိုတာကို ကျွန်မ ဖတ်နိုင်တယ်လေ... တစ်ဖက်လူက လိမ်ပြောနေသလား ဆိုတာကို ကျွန်မ တစ်ချက်ကြည့်ရုံနဲ့ ခွဲခြားနိုင်တယ်... ဒီလို ရာထူးမျိုးက ကျွန်မနဲ့ပဲ ထိုက်တန်တာပါ"
လင်းယွမ်က အံ့ဩသွားသည်။ ဤ ကျွမ်းရှုယွမ်က ဤမျှလောက်အထိ စိတ်လှုပ်ရှားသွားလိမ့်မည်ဟု မထင်ထားပေ။
သူ အနည်းငယ် စဉ်းစားလိုက်သည်နှင့် ကျွမ်းရှုယွမ်၏ စရိုက်ကို ချက်ချင်း သဘောပေါက်သွားသည်။
သူမ၏ အသွင်အပြင်ကို ကြည့်ရုံဖြင့် ရေကြီးမှုကြီး မဖြစ်ပေါ်မီက သူမသည် နိုင်ငံရေး အသိုင်းအဝိုင်းတွင် လှုပ်ရှားခဲ့သူ ဖြစ်နိုင်ကြောင်း သိသာပေသည်။
ထိုကဲ့သို့သော ခမ်းနားထည်ဝါမှုမျိုးက ငွေရှိရုံဖြင့် မွေးမြူ၍ရသည် မဟုတ်ဘဲ အတိုင်းအတာ တစ်ခုအထိ ဂုဏ်ဒြပ် အဆင့်အတန်းလည်း ရှိရန် လိုအပ်ပေသည်။
ဤအမျိုးသမီးသည် အာဏာကို လိုက်စားခြင်းအပေါ်တွင် သာမန်မဟုတ်သော စွဲလမ်းမှုနှင့် လိုအင်ဆန္ဒများ ရှိနေပုံရသည်။
ယခုအခါ သူမက ဤ ကောပိုင်ကျွမ်း ၏ ပိုင်ရှင် ဖြစ်လာခဲ့သော်လည်း ဤမျှ သေးငယ်သော နေရာလေးနှင့် လူအင်အား အနည်းငယ်က သူမ၏ အာဏာမက်မောမှုကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။
လင်းယွမ် အဆိုပြုလိုက်သော ဤအဖွဲ့အစည်းက ကြည့်လိုက်သည်နှင့် ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ တရားဝင် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိသာလှသည်။
အကယ်၍ သူမသာ ဤအဖွဲ့အစည်းထဲသို့ ဝင်ရောက်နိုင်ခဲ့လျှင် ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အထက်တန်း အသိုင်းအဝိုင်းထဲသို့ တစ်ဖန် ပြန်လည် ဝင်ရောက်သွားနိုင်သည်နှင့် အတူတူပင် ဖြစ်သည်။
တစ်ချိန်က သိုင်းဘုရင်ဂေဟာ၏ လျှို့ဝှက် ခေါင်းဆောင်ဖြစ်ခဲ့သော ကျွမ်းရှုယွမ်အတွက် နို့လက်ဖက်ရည်ဆိုင် ပိုင်ရှင်လေး တစ်ယောက်အဖြစ်သာ နေရသည်ကို သူမ မကျေနပ်နိုင်သည်မှာ သေချာလှသည်။
တစ်ချိန်က သူမ၏ လက်အောက်ငယ်သားများဖြစ်သော ယွမ်ရွေ့၊ ချန်ကျန့်ဖုန်း၊ လီယွဲ့ကျင်း၊ ယွဲ့ယာဝေ စသည့် လူအားလုံးက အသီးသီးသော အောင်မြင်မှုများ ရရှိနေကြပြီ ဖြစ်သည်။
တချို့က ကင်းလှည့်အဖွဲ့ထဲ ဝင်သွားပြီး အဓိက အဖွဲ့ဝင်တွေ ဖြစ်လာကာ တချို့ဆိုလျှင် အဖွဲ့ခေါင်းဆောင် ရာထူးကိုတောင် မှန်းနေကြပြီ ဖြစ်သည်။
တချို့ကလည်း သင်္ကေတကျောက်တုံး ပညာရပ်ဖြင့် ထိုက်ယန်တောင် သုတေသနဌာနထဲကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး နည်းပညာရှင်တွေ ဖြစ်လာခဲ့ကြသည်။
တချို့ကလည်း ဆွဲဆောင်မှု အစွမ်းကို အသုံးပြုပြီး ထိုက်ယန်တောင် မွေးမြူရေး စင်တာမှာ ထင်ရှားတဲ့သူတွေ ဖြစ်လာခဲ့ကြသည်။
သူမလို တစ်ချိန်က အရှင်သခင်မတစ်ပါးလို ဖြစ်ခဲ့သူကတော့ အခုချိန်မှာ ဘာနာမည်မှ မရှိတော့ဘဲ ထိုက်ယန်တောင်က သာမန်လူတစ်ယောက်လို ဖြစ်နေခဲ့ရသည်။
သူမလို မာနကြီးသည့် စရိုက်ဖြင့် ဘယ်လိုလုပ်ပြီး ကျေနပ်နိုင်မည်နည်း။
ထို့ကြောင့် သူမက လင်းယွမ်နှင့် အကြိမ်ကြိမ် 'မတော်တဆ ဆုံတွေ့' နေခဲ့ပြီး အလှအပ မာယာတွေကိုပါ သုံးကာ လင်းယွမ်၏ စိတ်ထဲတွင် သူမနှင့်ပတ်သက်သည့် အမှတ်တရတစ်ခု ကျန်ရစ်စေရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်က ပြည်နယ် အနုပညာအဖွဲ့တွင် နေခဲ့ဖူးသော ကျွမ်းရှုယွမ်အတွက် သူမ၏ ခန္ဓာကိုယ်၊ သူမ၏ ရုပ်ရည်က သူမ၏ အရင်းအနှီးများဖြစ်ပြီး အထက်သို့ တက်လှမ်းရန် နည်းလမ်းများပင် ဖြစ်သည်။
သေချာသည်မှာ သူမက လူတိုင်းနှင့် ပတ်သက်နေသူ မဟုတ်ဘဲ သင့်လျော်မည့်သူကို ရွေးချယ်ကာ သူမ ထိုသို့လုပ်ရန် တန်မတန်ကိုလည်း စဉ်းစားဆုံးဖြတ်တတ်ပေသည်။
ယခင်က ဝူမုန့်သည် သူမ ထိုသို့လုပ်ရန် လုံလောက်မှု မရှိခဲ့သော်လည်း ပတ်ဝန်းကျင် အခြေအနေများကြောင့် သူမတွင် အခြား ရွေးချယ်စရာ မရှိခဲ့ပေ။
ယခု လင်းယွမ်ကတော့ မတူတော့ပေ။ သူက ထိုက်ယန်တောင်ခိုလှုံရေးစခန်း တစ်ခုလုံး၏ အရင်းအမြစ်များကို ထိန်းချုပ်ထားသူ ဖြစ်ပြီး ကျွမ်းရှုယွမ် တွေ့ကြုံခဲ့ဖူးသမျှ အစွမ်းပိုင်ရှင်များ အားလုံးထဲတွင် လင်းယွမ်ကဲ့သို့ ထူးချွန်သောသူကို သူမ ထပ်မံ ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် လင်းယွမ်၏ ရှေ့တွင် သူမက အလှအပအချို့ကို ပေးဆပ်ရန် ဆန္ဒရှိနေပြီး အပြန်အလှန် လဲလှယ်မှု အချို့ကို ပြုလုပ်ရန် အသင့်ဖြစ်နေသည်။
သို့သော် ယခင်က လင်းယွမ်၏ ဘေးတွင် အလှမယ်များ ဝိုင်းရံနေပြီး အတိုင်းအတာ တစ်ခုအထိ သတိထားနေကြသောကြောင့် သူမ အကြိမ်ကြိမ် ချဉ်းကပ်၍ မရခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုလို အခြေအနေတွေ ပြောင်းလဲသွားပြီး လင်းယွမ်က သူမထံသို့ ကိုယ်တိုင် လာရှာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
သူမက ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
အာဏာ၏ အရသာကို မမြည်းစမ်းဖူးသော သူများသည် အာဏာ၏ သာယာလှပမှုကို ဘယ်တော့မှ စိတ်ကူးကြည့်နိုင်မည် မဟုတ်ပေ။
သင့်လက်ထဲတွင် အာဏာရှိနေချိန်၌ လူတိုင်းက သင့်ကို လေးစားခင်မင်ကြပြီး ခေါင်းညိတ်ကာ အရိုအသေ ပေးကြလိမ့်မည်။
ကျွမ်းရှုယွမ်က ထိုအရသာကို မြည်းစမ်းခဲ့ဖူးသလို အာဏာကို ဆုံးရှုံးခဲ့ဖူးပြီး မြေကြီးပေါ်သို့လည်း ပြုတ်ကျခဲ့ဖူးသည်။
ထို့ကြောင့် သူမက အာဏာကို ပို၍ လိုလားတောင့်တပြီး အလွန်အမင်း မက်မောနေခြင်း ဖြစ်သည်။
ယခင်က သူမသည် မည်မျှပင် ဆွဲဆောင်မှုရှိအောင် ဝတ်ဆင်ထားစေကာမူ၊ မည်မျှပင် လှပနေပါစေ မည်သည့် ယောကျာ်းကမျှ သူမကို စေ့စေ့ မကြည့်ရဲခဲ့ကြပေ။ ထိုသူများက သူမသည် မည်သူဖြစ်ကြောင်းနှင့် သူမတွင် မည်ကဲ့သို့သော အာဏာရှိနေကြောင်းကို ရှင်းလင်းစွာ သိရှိထားကြသည်။
သို့သော် ယခုအခါ သူမက အနည်းငယ် လှပအောင် ဝတ်ဆင်လိုက်သည်နှင့် ယောကျာ်းများစွာ ရောက်လာကြပြီး သူမ ရွံရှာသော အကြည့်များဖြင့် သူမကို ခိုးကြည့်တတ်ကြသည်။
ထိုယောကျာ်းများက အပေါ်ယံတွင် မည်မျှပင် ဟန်ဆောင်ထားစေကာမူ ထိုသူများ၏ အတွေးထဲရှိ ညစ်ညမ်းမှုများကို သူမ ရှင်းလင်းစွာ ခံစားသိရှိနိုင်ပေသည်။
သူမ၏ အစွမ်းက အမျိုးသား အများစု၏ ရုပ်ဆိုးအကျည်းတန်သော မျက်နှာစာများကို ရှင်းလင်းစွာ မြင်တွေ့နိုင်စေသည်။
ထို့ကြောင့် သူမက သူမ၏ ယခင် အာဏာကို အမြန်ဆုံး ပြန်လည်ရယူလိုပြီး ဤသာမန် အမျိုးသားများ တွေးတောင်မတွေးဝံ့သည့် အမြင့်တစ်ခုသို့ ပြန်လည် ရပ်တည်လိုနေခြင်း ဖြစ်သည်။
သူမ၏ စိတ်လှုပ်ရှားနေသော အမူအရာက အာဏာအပေါ် သူမ၏ တောင့်တနေသော စိတ်ကို ဖော်ပြနေပြီ ဖြစ်သည်။
လင်းယွမ်က ရယ်မောလိုက်ပြီး ပြောလိုက်သည် "ဒီလို စိတ်ကူးရှိရုံပါပဲ... လောလောဆယ်တော့ မဖွဲ့စည်းရသေးပါဘူး... ကျွန်တော် သင့်တော်မယ့်သူ တချို့ကို ရှာဖွေရဦးမယ်"
ကျွမ်းရှုယွမ်၏ နှလုံးသားက ချက်ချင်းပင် ချောက်ကမ်းပါးသို့ ပြုတ်ကျသွားသကဲ့သို့ ဖြစ်သွားပြီး လွန်စွာ စိုးရိမ်ပူပန်သွားသည်။
သူမက ရှေ့သို့ တစ်လှမ်း မတိုးဘဲ မနေနိုင်တော့ဘဲ လင်းယွမ်နှင့် အနည်းငယ် နီးကပ်သွားကာ ပြောလိုက်သည် "လင်းယွမ်... တကယ်လို့ ဖွဲ့စည်းဖြစ်မယ်ဆိုရင် ကျွန်မကို သေချာပေါက် ထည့်သွင်းစဉ်းစားပေးပါ... ကျွန်မက ဒီရာထူးနဲ့ တကယ် သင့်တော်ပါတယ်"
"ရှင်လည်း သိတဲ့အတိုင်းပဲ... ကျွန်မက အရင်က လူရာနဲ့ချီတဲ့ အဖွဲ့ကို အုပ်ချုပ်ခဲ့ဖူးတယ်... ပြီးတော့ ကျွန်မရဲ့ အစွမ်းက အမှားအမှန် ခွဲခြားဖို့ အတိအကျ သင့်တော်တယ်... တကယ်လို့ ကျွန်မသာ ဒီအဖွဲ့အစည်းထဲ ဝင်ရောက်နိုင်ခဲ့ရင် အမှားအမှန်ကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်မယ်ဆိုတာ သေချာပါတယ်"
သူမက အနည်းငယ် လောနေပြီး အလွန်နီးကပ်စွာ ကပ်နေသောကြောင့် သင်းပျံ့သော ရနံ့များက လင်းယွမ်၏ နှာခေါင်းဝသို့ တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာသည်။
ရေမွှေးရနံ့ မဟုတ်ဘဲ ရေချိုးဆပ်ပြာရည်၏ ရနံ့ဖြစ်သော်လည်း အကြောင်းပြချက် မရှိဘဲ မွှေးပျံ့နေသည်။
လင်းယွမ်က အနည်းငယ် အံ့ဩသွားသည်။ ဈေးဝယ်စင်တာက ရေချိုးဆပ်ပြာရည်တွေထဲမှာ ဒီလိုရနံ့ရှိတဲ့ တံဆိပ် ရှိလို့လား။
သူမ၏ ဝင်သက်ထွက်သက်များက သစ်ခွပန်းကဲ့သို့ မွှေးပျံ့နေပြီး လင်းယွမ်၏ နားထဲသို့ ဝင်ရောက်လာကာ အနည်းငယ် ယားကျိကျိ ဖြစ်သွားစေသည်။
လင်းယွမ်က အနည်းငယ် ရှောင်ဖယ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည် "အင်း... ကျွန်တော် စဉ်းစားကြည့်ပါ့မယ်"
ထိုအချိန်တွင် ကျွမ်းရှုယွမ်လည်း သူမကိုယ်သူမ အနည်းငယ် လောလွန်းသွားကြောင်း သတိထားမိလိုက်သည်။
သူမက အမြန် နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ရှိသင့်ရှိထိုက်သော ဣန္ဒြေကို ထိန်းသိမ်းလိုက်သည်။
"ကိုလင်းယွမ်... နို့လက်ဖက်ရည် ရပြီနော်"
ပိုင်ကျစ်လဲ့က သူတို့နှစ်ယောက် ခွာသွားသည်ကို မြင်သောအခါမှ အခြေအနေကို ကြည့်၍ နို့လက်ဖက်ရည်ကို လှမ်းပေးလိုက်သည်။
လင်းယွမ်က နို့လက်ဖက်ရည်ကို လှမ်းယူလိုက်ပြီး ခပ်ဖွဖွ တစ်ငုံသောက်လိုက်ကာ ပြုံး၍ ပြောလိုက်သည် "အရသာ မဆိုးဘူးပဲ... အမှတ်ကိုတော့ ခင်ဗျားတို့ ဘာသာ အကြွေးထဲကနေ နှုတ်လိုက်တော့... ကျွန်တော် ကိစ္စရှိသေးလို့ သွားလိုက်ဦးမယ်"
ပိုင်ကျစ်လဲ့က အမြန် ပြောလိုက်သည် "ဖြည်းဖြည်းသွားပါ... အားရင် နောက်ထပ် လာခဲ့ဦးနော်"
လင်းယွမ်က လက်ဝှေ့ယမ်းပြလိုက်ပြီး နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ထိုနေရာမှ ထွက်ခွာသွားလေသည်။
ပိုင်ကျစ်လဲ့က သူ ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေပြီးနောက် နောက်သို့လှည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်မိသည် "အအမကျွမ်း... ကိုလင်းယွမ်က အရမ်း သဘောကောင်းတာပဲ... သူက ကျွန်မရဲ့ နို့လက်ဖက်ရည်ကို မဆိုးဘူးလို့ ပြောသွားတယ်သိလား"
ကျွမ်းရှုယွမ်က သတိပြန်ဝင်လာပြီး ရယ်မောကာ ပြောလိုက်သည် "ဘာလဲ... သူ့ကို သဘောကျနေတာလား... ဒါဆို နင် ကြိုးစားရတော့မယ်... နို့လက်ဖက်ရည် ကောင်းရုံနဲ့ အသုံးမဝင်ဘူး... 'နို့' ကောင်းမှ အသုံးဝင်မှာ"
ပိုင်ကျစ်လဲ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် "အခု အချိန်မှာ နို့က ဘယ်မှာ ရှိတော့လို့လဲ... ဈေးဝယ်စင်တာမှာတောင် နွားနို့ မရှိတော့တာ... ဟာ... အအမကျွမ်း... မဟုတ်တဲ့ စကားတွေ လာပြောနေတယ်... စိတ်ဆိုးဖို့ကောင်းလိုက်တာ"
သူမက ရုတ်တရက် သဘောပေါက်သွားပြီး မျက်နှာက ချက်ချင်းပင် နီရဲသွားကာ ကျွမ်းရှုယွမ်နှင့် အလျှော့မပေးဘဲ စနောက် ရန်ဖြစ်တော့သည်။
ကျွမ်းရှုယွမ်က သူမ ကလိထိုးသည်ကို ခံရသဖြင့် တခစ်ခစ် ရယ်မောနေပြီး မို့မောက်နေသော ရင်သားအစုံကလည်း ချက်ချင်းပင် နိမ့်ချည်မြင့်ချည် ဖြစ်သွားလေသည်။
ယခင်က သူမသည် သိုင်းဘုရင်ဂေဟာ၏ ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ခဲ့သောကြောင့် ပိုင်ကျစ်လဲ့တို့က သူမအပေါ်တွင် ရိုရိုသေသေ ရှိခဲ့ကြပြီး အနည်းငယ်လည်း ကြောက်ရွံ့ခဲ့ကြသည်။
သိုင်းဘုရင်ဂေဟာ၏ အရိပ်အယောင်များ လုံးဝ ပျောက်ကွယ်သွားသည်နှင့်အမျှ သူတို့က စုပေါင်း၍ ဆိုင်ဖွင့်ခဲ့ကြပြီး နှစ်ဖက်စလုံး၏ ဆက်ဆံရေးကလည်း အထက်အောက် ဆက်ဆံရေးမှ တန်းတူညီမျှသော သူငယ်ချင်း ဆက်ဆံရေးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဤ ကောပိုင်ကျွမ်း ထဲတွင် ပိုင်ကျစ်လဲ့၏ အစွမ်းကသာ အဓိက အချက်အချာ ဖြစ်သောကြောင့် လက်တွေ့တွင် ကောကျဲနှင့် ကျွမ်းရှုယွမ်တို့က ပိုင်ကျစ်လဲ့ကို အလိုလိုက်ပေးရပြီး ထိုအချက်ကပင် ပိုင်ကျစ်လဲ့နှင့် သူတို့အကြား ပိုမို ရင်းနှီးစွာ ဆော့ကစားနိုင်စေခဲ့သည်။
အလှမယ် နှစ်ယောက်၏ ဤသို့ ရယ်မော နောက်ပြောင်နေမှုက လူအများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။
ကျွမ်းရှုယွမ်က အမျိုးသားအချို့၏ စိတ်ထဲမှ ညစ်ညမ်းသော အတွေးများကို ခံစားမိလိုက်သောအခါ ချက်ချင်းပင် မျက်နှာပျက်သွားပြီး ပိုင်ကျစ်လဲ့ကို ဆွဲကာ ရုံးခန်းထဲသို့ ဝင်သွားပြီး ထိုအကြည့်များကို ဖြတ်တောက်လိုက်သည်။
ရုံးခန်းထဲတွင် ပိုင်ကျစ်လဲ့က သိချင်စိတ်ဖြင့် မေးလိုက်သည် "အမကျွမ်း... တကယ်လို့ အမသာ လင်းယွမ်ကို ဖမ်းစားနိုင်ခဲ့ရင် အမက ကျွန်မတို့ ခိုလှုံရေးစခန်းရဲ့ အရှင်သခင်မ ပြန်ဖြစ်သွားမှာနော်"
ကျွမ်းရှုယွမ်က သူမကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည် "နင်က ငါ့ကို လင်းယွမ်ရဲ့ ကုတင်ပေါ် တက်စေချင်နေတာလား... ငါက အရင်က ဝူမုန့်ရဲ့ မိန်းမဆိုတာ နင် မမေ့နဲ့ဦး"
ပိုင်ကျစ်လဲ့က ပခုံးတွန့်ကာ ပြောလိုက်သည် "အမကျွမ်း... ဘာလို့ ဝူမုန့်ရဲ့ မိန်းမလို့ ခေါ်ရတာလဲ... အမက လူလေ... ပစ္စည်းမှ မဟုတ်တာ... ဘယ်သူပိုင်ဆိုတာမျိုး ပြောစရာ အကြောင်းမှ မရှိတာ... အမက အမျိုးသမီးတွေကို ပစ္စည်းလို သဘောထားနေတာပဲ"
"အမနဲ့ ဝူမုန့်က လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးခဲ့လို့လား... အမတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တရားဝင် အကျုံးဝင်လို့လား... အလွန်ဆုံး ရည်းစားတွေလို့ပဲ သတ်မှတ်လို့ရတာ... အခု လမ်းခွဲလိုက်ပြီဆိုတော့ အမက တခြား ရည်းစား ရှာလို့မရတော့ဘူးလား"
ကျွမ်းရှုယွမ်က ပိုင်ကျစ်လဲ့ကို ရယ်ချင်စိတ်ဖြင့် ကြည့်ကာ မေးလိုက်သည် "နင် ဒီလိုပြောတာက ဝူမုန့်အတွက် တရားပါ့မလား"
ပိုင်ကျစ်လဲ့က လျှာလေးထုတ်ပြကာ ပြောလိုက်သည် "အစ်ကိုမုန့်က ကျွန်မတို့အပေါ် ကောင်းတယ်ဆိုပေမယ့် ကျွန်မ ရင်ထဲက စကားကို ပြောရရင် အမနဲ့ အစ်ကိုမုန့်က အတူတူရပ်နေရင် တကယ် သိပ်မလိုက်ဖက်ဘူး"
ကျွမ်းရှုယွမ်က ပြုံးကာ မေးလိုက်သည် "ဘယ်လိုများ မလိုက်ဖက်တာလဲ"
"ဘယ်လိုပြောရမလဲ... အမကျွမ်းရဲ့ ကိုယ်ပေါ်မှာ နန်းဆန်တဲ့ အသွင်အပြင်မျိုး ရှိတယ်လို့ ခံစားရတယ်... အစ်ကိုမုန့်ကျတော့ နည်းနည်း အူကြောင်ကြောင်နိုင်တယ်... တစ်နေ့လုံး အစွမ်းတွေနဲ့ တိုက်ခိုက်ရေးကိုပဲ စဉ်းစားနေတာ"
"တကယ်တော့ အမက ကိုလင်းယွမ်နဲ့ ပိုလိုက်ဖက်တယ်... အမတို့နှစ်ယောက် အတူတူ ရပ်နေတာကို မြင်တော့ ကျွန်မတောင် သဘောတူချင်စိတ် ပေါ်လာတယ်... ဟီးဟီး"
ကျွမ်းရှုယွမ်က ထိုစကားကို ကြားသောအခါ ရင်ထဲတွင် အနည်းငယ် ဝမ်းသာသွားသည်။ သူမနှင့် ဝူမုန့်အကြားတွင် တကယ့်ကို ပြောပလောက်သော သံယောဇဉ် မရှိခဲ့ပေ။
အရင်က ဝူမုန့်ကို ရွေးချယ်ခဲ့ရခြင်းမှာလည်း အခြေအနေအရ မတတ်သာ၍သာ ဖြစ်သည်။
ယခုအခါ လွတ်လပ်သူ တစ်ယောက်အဖြစ် ပြန်လည် ရောက်ရှိလာပြီ ဖြစ်ရာ သူမနှင့် ပို၍ ထိုက်တန်သူကို ရှာဖွေချင်သည်မှာ သေချာလှသည်။
တစ်စုံလုံးသော ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အမျိုးသားများထဲတွင် အံ့ဩစရာ မရှိဘဲ လင်းယွမ်က အကောင်းဆုံး အရည်အသွေးရှိသူပင် ဖြစ်သည်။
သူမ ကျွမ်းရှုယွမ် တွဲမည့် အမျိုးသားကလည်း အကောင်းဆုံး အရည်အသွေးရှိသော အမျိုးသားသာ ဖြစ်ရမည်။
သို့သော် လင်းယွမ်၏ ဘေးရှိ ထိုအမျိုးသမီးများကို တွေးမိသောအခါ သူမက ချက်ချင်းပင် အနည်းငယ် စိတ်ညစ်သွားကာ ပြောလိုက်သည် "ဟဲ့ ပိုင်ကျစ်လဲ့... လင်းယွမ်က ကောင်းပေမယ့် ငါက ချဉ်းကပ်လို့ မရဘူးလေ... သူ့ဘေးမှာ စောင့်ကြည့်နေတဲ့ မိန်းမတွေက အများကြီးရှိနေတာ"
ပိုင်ကျစ်လဲ့က တခစ်ခစ် ရယ်မောကာ ပြောလိုက်သည် "အမကျွမ်း... အမရဲ့ အရည်အချင်းနဲ့ နည်းလမ်းတွေနဲ့ဆိုမှ မစွမ်းဆောင်နိုင်ဘူးလား... ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အမကို ယုံတယ်"
"လင်းယွမ်ရဲ့ ကုတင်ပေါ်ကို စောစောရောက်လေ အမက တစ်ယောက်တည်းရဲ့ အောက်နဲ့ လူသောင်းချီရဲ့ အထက်မှာ ရှိလေပဲ"
"အဲဒီအချိန်ကျရင် ကျွန်မလည်း နေ့တိုင်း နို့လက်ဖက်ရည် ဖျော်ရတဲ့ အလုပ်တွေ လုပ်စရာ မလိုတော့ဘဲ အမနဲ့အတူ ကောင်းကောင်းစား ကောင်းကောင်းသောက် နေရပြီပေါ့"
ကျွမ်းရှုယွမ်က ပြုံးရယ်လိုက်ပြီး "သေနာမလေး... နင်က တကယ်တော့ ဒါကို မျှော်လင့်နေတာကိုး"
သူတို့နှစ်ယောက် တစ်ဖန် ပြန်လည်၍ ဆူညံစွာ ရယ်မော နောက်ပြောင်ကြပြန်ရာ ရုံးခန်းထဲတွင် ရယ်မောသံများ ပြည့်နှက်သွားလေသည်။
... ...
လင်းယွမ်က နို့လက်ဖက်ရည်ကို ကိုင်ကာ ထုံးစံအတိုင်း သားသတ်ရုံသို့ တစ်ခေါက်သွားခဲ့ပြီး ယနေ့အတွက် သန္ဓေပြောင်း သတ္တဝါများကို ရိတ်သိမ်းခဲ့သည်။
ထို့နောက် စိုက်ခင်းသို့ လမ်းပြောင်းသွားခဲ့ပြီး သန္ဓေပြောင်း ဟင်းသီးဟင်းရွက် ဆယ်မျိုးခန့် ထပ်တိုးလာသည်ကို မြင်တွေ့ရကာ အလှည့်ကျ စိုက်ပျိုးခြင်းကို စတင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသောကြောင့် သူ မပြုံးဘဲ မနေနိုင်တော့ချေ။
ထို့နောက် နေရောင်ခြည်ဇုန်သို့ တစ်ခေါက်သွားခဲ့ရာ သန္ဓေပြောင်း နေကြာပန်းများက ဆုန့်ဝမ်နှင့် ဒေါ်ကြီးလီတို့၏ ပူးပေါင်းအားထုတ်မှုအောက်တွင် ကြီးထွားမှုနှုန်း အလွန်မြန်ဆန်နေသည်ကို တွေ့ရသည်။
ယခုအခါ သန္ဓေပြောင်း နေကြာပန်းအများစုက ကြီးထွားမှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အလင်းရောင်များ ဖြာထွက်နေရုံသာမက နေကြာစေ့များလည်း စတင် သီးပွင့်နေပြီ ဖြစ်သည်။
သိပ်မကြာခင်မှာပင် ဤနေကြာစေ့များကို ပြန်လည် စိုက်ပျိုးနိုင်တော့မည်ဖြစ်ပြီး ထိုအချိန်ကျလျှင် နေရောင်ခြည်ကို လွတ်လပ်စွာ ရရှိနိုင်ပြီ ဖြစ်သည်။
အိမ်တိုင်းတွင် သန္ဓေပြောင်း နေကြာပန်း အပင်အချို့ကို စိုက်ပျိုးထားနိုင်မည်ဖြစ်ပြီး အိမ်ထဲတွင် စိုစွတ်ကာ မှိုတက်မည်ကို စိုးရိမ်စရာ လိုတော့မည် မဟုတ်ပေ။
ခိုလှုံရေးစခန်းကို စစ်ဆေးကြည့်ရှုပြီးနောက် လင်းယွမ်က ရေပေါ်တံတား ဆိပ်ကမ်းဘက်သို့ ထွက်ခွာသွားလေသည်။
ဆိပ်ကမ်းအနီးတွင် ရွှေနက်မျောက်ဝံကြီးကို ရှာတွေ့ခဲ့ပြီး ၎င်းနှင့်အတူ အချိန်အတော်ကြာအောင် ကစားကာ နာခံမှုရှိစေရန် ဆက်ဆံရေးကို ပိုမို ခိုင်မာစေပြီးနောက် ရေကန်အောက်ခြေသို့ ငုပ်လျှိုးသွားကာ ယနေ့အတွက် ရေအောက် အမဲလိုက်ခြင်းကို စတင်လေသည်။
သို့သော် ညဘက်တွင် ရေလွှမ်းမိုး တားမြစ်နယ်မြေ အောက်ဘက်၌ သန္ဓေပြောင်း ငါးများစွာ ထပ်မံ စုဝေးလာကြပြန်သည်။
ရေတိမ်ပိုင်းရှိ သန္ဓေပြောင်း ငါးများကိုမူ ငါးလာဖမ်းကြသော ခိုလှုံရေးစခန်းမှ ဒေသခံများက ဖမ်းဆီးသွားကြပြီဖြစ်ပြီး ရေအောက် ကြမ်းပြင်နက်နက်တွင် ပုန်းအောင်းနေသော ငါးကြီးအချို့သာ ကျန်ရှိတော့သည်။
လင်းယွမ်က တစ်ပတ်လှည့်လည် ရှင်းလင်းပြီးနောက် အမှတ် သောင်းချီကို လွယ်ကူစွာ ရရှိသွားခဲ့သည်။
ထို့နောက် ရေပေါ်တံတား ဆိပ်ကမ်းမှ ထွက်ခွာလာပြီး မိန်တောင်ဘက်သို့ ရောက်ရှိလာကာ တစ်ပတ် လှည့်လည် စစ်ဆေးလိုက်သည်။
မိန်တောင်ဘက်တွင်တော့ ကျောက်ခိုင်က သူတို့ အစောပိုင်းက တိုင်ပင်ထားခဲ့သော အစီအစဉ်အတိုင်း ယွင်ချွမ်ဘုရားကျောင်းကို တည်ဆောက်နေရုံသာမက လယ်ယာမြေများကိုပါ စတင် ဖော်ထုတ်နေပြီး သန္ဓေပြောင်း ကန်စွန်းဥကဲ့သို့သော စိုက်ပျိုးရေးသီးနှံများကို အကြီးအကျယ် စတင် စိုက်ပျိုးနေပြီ ဖြစ်သည်။
ထို့အပြင် ထိုက်ယန်တောင်ဘက်မှ သန္ဓေပြောင်း သတ္တဝါများကို လာရောက် ဖမ်းဆီးကြသူများကလည်း တစ်တောင်လုံး အနှံ့ သန္ဓေပြောင်း သားရဲများကို ရှာဖွေနေကြသည်။
သို့သော် လင်းယွမ်က ကြိုတင်၍ သတိပေးထားသောကြောင့် သင်္ချိုင်းဂူများ ရှိရာဘက်ရှိ စိတ်စွမ်းအင် အမျိုးအစား စွမ်းအင်ကျောက်တုံး သတ္တုတွင်းဧရိယာတွင် လူများ မှားယွင်း မဝင်ရောက်မိစေရန် ကင်းလှည့်အဖွဲ့က စောင့်ကြပ်ပေးထားသည်။
အခြားသော သတ္တုကြောအချို့ ရှိရာနေရာများတွင်လည်း သတ္တုတွင်းနယ်မြေများကို စတင် တည်ဆောက်နေပြီ ဖြစ်သည်။
နှမြောစရာကောင်းသည်က လူအင်အား အလွန် နည်းပါးလွန်းသောကြောင့် နေရာအသီးသီးရှိ သတ္တုတွင်း တည်ဆောက်ရေး လုပ်ငန်းစဉ်များက နှေးကွေးနေခြင်းပင် ဖြစ်သည်။
လင်းယွမ်က စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ကြည့်ရသည်မှာ လူဦးရေ တိုးချဲ့ရေး ကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်နေပြီ ဖြစ်သည်။
"အဲဒီ သင်္ဘောကြီးရဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေကိုလည်း မြန်မြန် လုပ်ရတော့မယ်"
အဆောက်အအုံတွေထဲမှာ ပိတ်မိနေတဲ့ လူတွေကို အပြင်ထွက်ပြီး ကယ်ဆယ်ဖို့ဆိုရင် ကိုယ်တိုင် ဆောက်လုပ်ထားတဲ့ သစ်သားဖောင်လေးတွေနဲ့ကတော့ သေချာပေါက် အဆင်ပြေမှာ မဟုတ်ဘူး။
ဖီးနစ်လို့ခေါ်တဲ့ ဒီကုန်တင်သင်္ဘောကြီးကသာ လက်တွေ့အကျဆုံးပဲ။
သို့သော် ကုန်တင်သင်္ဘောကြီး မထွက်ခွာမီ ပြုပြင်ထိန်းသိမ်းမှုနှင့် အဆင့်မြှင့်တင်မှု တစ်ကြိမ် ပြုလုပ်ရန် လိုအပ်ပေသည်။
သံချေးတက်နေသော နေရာများကို ရှင်းလင်းရန် လိုအပ်ပြီး သံချေးတက်ခြင်းကို ကာကွယ်ပေးမည့် ဆေးများကို ပြန်လည် သုတ်လိမ်းရမည် ဖြစ်သည်။
အတွင်းပိုင်းရှိ နေရာများစွာကိုလည်း ပြုပြင် မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်ပေသည်။
ဤကိစ္စများကို လက်ရှိတွင် ထို ကျူးယွီချွမ်က တာဝန်ယူ လုပ်ဆောင်နေရသည်။ မည်သို့ပင်ဆိုစေကာမူ ထိုက်ယန်တောင် ခိုလှုံရေးစခန်းထဲတွင် သူတစ်ယောက်သာ သင်္ဘောသားအဖြစ် တကယ့်ကို လုပ်ကိုင်ဖူးသူ ဖြစ်သောကြောင့်ပင်။
ဆက်ရန်...