← Chapters

အခန်း (၉၁-၉၂)

Vol. 5 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 5 Ch. 91-92

အပိုင်း (၉၁) အမှတ် ၇၅ တိုက်ခေါင်မိုးထပ်မှ တာအိုဆရာ

"တာအိုဆရာ... သူတို့ ကျွန်တော်တို့ပြောတာ ကြားပုံမပေါ်ဘူး"

"တာအိုဆရာ... အစွမ်းထုတ်ပြပြီး သူတို့နဲ့ ဆက်သွယ်လို့ရမလား ကြည့်ပေးပါဦး"

အမှတ် ၇၅ အဆောက်အအုံ၏ ခေါင်မိုးထပ်တွင် ကြံ့ခိုင်တောင့်တင်းသော အမျိုးသားအချို့သည် အဘိုးအိုတစ်ဦးကို ဝိုင်းရံထားကြသည်။

ထိုအဘိုးအိုမှာ အသက် ၆၀ ကျော်အရွယ် ရှိပြီဖြစ်သော်လည်း ထိပ်ပြောင်ခြင်းမရှိဘဲ မီးခိုးရောင် ဆံပင်ရှည်များကို သျှောင်ထုံးထားကာ ဆံထိုးတစ်ချောင်းပင် ထိုးစိုက်ထားလေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဘာသာရေး အခန်းအနားများတွင် ဝတ်ဆင်လေ့ရှိသော အဝါရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ဝတ်စုံပေါ်တွင် ယင်နှင့်ယန် ရှစ်ကွက်ပုံများ ပါရှိသည်။

သူ့ပုံစံမှာ သရဲကားများထဲမှ သရဲနိုင်သော ဆရာလင်းကျန့်ရင်၏ ပုံစံနှင့် တစ်ထပ်တည်း တူနေလေသည်။

(လင်းကျန့်ရင် ဆိုတာ ခုန်ဆွခုန်ဆွ တရုတ်သရဲကားတွေထဲက အင်းတွေ ဂန္ဘီရတွေနဲ့ သရဲတွေကို နှိမ်နင်းတဲ့ အထက်လမ်းဆရာကိုပြောတာပါ)

တိုက်ဆိုင်စွာပင် သူ၏ မျိုးရိုးမှာလည်း လင်း ဖြစ်နေ၏။

လင်းဆုန့်ယန်သည် လမ်းခုလတ်မှ တာအိုဝတ်စုံ ဝတ်လာသူ... မဟုတ်... တိတိကျကျ ပြောရလျှင် သူသည် တရားဝင် တာအိုဘုန်းကြီး ဝတ်ထားသူပင် မဟုတ်ချေ။

ရေကြီးမှု မဖြစ်ပွားမီက သူသည် လူပျိုကြီးတစ်ဦးဖြစ်ပြီး ထမင်းစားလက်မှတ် ရရေးအတွက် သာသနာရေးဌာနတွင် အလုပ်လုပ်နေသော တူဖြစ်သူကို အကူအညီတောင်းခဲ့ရသူ ဖြစ်သည်။

သူ၏တူဖြစ်သူက သူ့အား အနီးအနားရှိ တာအိုကျောင်းဆောင်တစ်ခုတွင် အလုပ်သွင်းပေးခဲ့ခြင်း ဖြစ်သည်။

လင်းဆုန့်ယန်သည် လူလည်တစ်ဦး ဖြစ်သော်လည်း ရုပ်ရည်သန့်ပြန့်သူ ဖြစ်ရာ တာအိုဝတ်စုံ ဝတ်ဆင်လိုက်သောအခါ တကယ့် ပညာရှိဘိုးတော်အသွင် ပေါက်နေတော့သည်။

ဆွန်ဖုန်းကျောင်းဆောင်တွင် နှစ်အနည်းငယ်မျှ နေလိုက်ရုံဖြင့် ဒုတိယကျောင်းထိုင် နေရာအထိပင် ရောက်လာခဲ့သည်။

သူသည် နေ့ခင်းဘက်တွင် ကျောင်းဆောင်၌ တာအိုဆရာအဖြစ် အလုပ်လုပ်ပြီး ညဘက်တွင်မူ အိမ်ပြန်ကာ အနှိပ်ခန်းသွားခြင်းကို တစ်ရက်မျှ မပျက်ကွက်ခဲ့ပေ။

သူ့စကားအရဆိုလျှင် တာအိုကျင့်ကြံသည်ဆိုသည်မှာ စိတ်ကိုသာ ကျင့်ကြံရခြင်းဖြစ်ပြီး ခန္ဓာကို ကျင့်ကြံခြင်း မဟုတ်... သူ လေ့လာထားသည်မှာ သက်တော်ရှည် ရဟန်းတော် ကျိကုန်း၏ လမ်းစဉ်ဖြစ်သည်ဟု ဆိုလေသည်။

ထိုစဉ်က သူ၏ နောက်ကြောင်းကို သိသူများက သူ့ကို လှောင်ပြောင်ကြသည်။ "ကျိကုန်းက ဗုဒ္ဓဘာသာဘုန်းကြီးဗျ... ခင်ဗျားက တာအိုဆရာ... ခင်ဗျားလိုင်းပူးနေပြီ" ဟု ပြောကြ၏။

သူကမူ ဂရုမစိုက်ပေ။ ထိုသူများက သူ့ကို မနာလို ဖြစ်နေကြခြင်းသာ။

တာအိုဆရာ လုပ်ရသည်မှာ လွယ်သည် ထင်နေသလား။ ယခုခေတ်တွင် တာအိုဆရာ လုပ်မည်ဆိုလျှင် ဘွဲ့လွန်တန်းပင် အောင်မြင်ထားရပေမည်။

စားစရိတ် နေစရိတ်ငြိမ်း... တစ်လ လစာ တစ်သောင်းကျော် (မြန်မာငွေ သိန်းငါးဆယ်ခန့်) ရပြီး ဘာမှ လုပ်စရာမလိုသည့် အလုပ်မျိုး ဘယ်မှာ သွားရှာမည်နည်း။

သို့သော် မည်သူမှထင်မထားသော ရေဘေးအန္တရာယ်ကြီး ကျရောက်လာသောအခါ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

လောကကြီး ပျက်စီးယိုယွင်းလာမှုကို တာအိုဆရာလင်းတစ်ယောက် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။

အိမ်နီးချင်း လူငယ်လေးများက လုယက်ဓားပြတိုက်လာကြသည်။ ဘေးခန်းမှ မိန်းကလေးက ကိုယ်ခန္ဓာ ရောင်းစားလာသည်။

အပေါ်ထပ်မှ ရင်ပြင်တွင် ရောဂအက အတူကသော ဦးလေးလီဆိုလျှင်လည်း မယားအိုကြီးကို စွန့်ပစ်ကာ အခြားသူများနှင့် ပေါင်း၍ အစာလုခြင်း၊ မိန်းကလေးငယ်များကို လုယူခြင်းများ ပြုလုပ်လာကြသည်။

လင်းဆုန့်ယန် ကြောက်လန့်သွားခဲ့သည်။ သူသည် အိမ်ထဲတွင်သာ ပုန်းအောင်းရင်း စုဆောင်းထားသော အစာရေစာများဖြင့် တစ်လခန့် တောင့်ခံထားခဲ့သည်။

အစာရေစာ ကုန်သွားသောအခါ မတတ်သာတော့ဘဲ လသာဆောင်တွင် စိုက်ပျိုးထားသော နွယ်ပင်များကို စားသောက်ခဲ့ရသည်။

ထိုအရသာမှာ အလွန် ဆိုးရွားလှသည်။

ယခု ပြန်စဉ်းစားလိုက်လျှင်ပင် ပါးစပ်ထဲ၌ ခါးသက်သက် အရသာကို ခံစားမိနေတုန်းပင်။

သို့သော် ထိုနွယ်ပင် တစ်အိုးကြောင့်ပင် သူ အသက်ဆက်ခွင့် ရခဲ့ခြင်း ဖြစ်သည်။

သူသည် သန္ဓေပြောင်း အစွမ်းကို ရရှိခဲ့လေပြီ။

ထို သန္ဓေပြောင်း အစွမ်းကို အသုံးပြု၍ သူသည် အမှတ် ၇၅ အဆောက်အအုံတွင် နေရာတစ်ခု ရလာခဲ့သည်။

ထို့နောက် လူအင်အား စုဆောင်းကာ အမှတ် ၇၅ အဆောက်အအုံ၏ တိုက်တွဲ (၁) ကို ထိန်းချုပ်လိုက်ပြီး တည်ငြိမ်မှု ရစေခဲ့သည်။

ယခုအခါတွင်မူ ငါးဖမ်းခြင်းနှင့် လက်ကျန် အစားအစာများကို ချွေတာစားသောက်ခြင်းဖြင့် အသက်မသေရုံ တောင့်ခံနေကြရသည်။

ယခုရက်ပိုင်းအတွင်း အပေါ်ထပ်၌ မိုးရေခံနေသူများက အနောက်ဘက် အမှတ် ၇၆ ခေါင်မိုးထပ်တွင် လူများ လှုပ်ရှားနေသည်ကို တွေ့ရကြောင်း သတင်းပို့လာကြသည်။

ထို့ကြောင့် တာအိုဆရာလင်း ခေါင်မိုးထပ်သို့ ပြေးတက်လာခဲ့ခြင်း ဖြစ်သည်။ သူသည်လည်း ပြင်ပလောကမှ လူများနှင့် ဆက်သွယ်လိုပြီး လောကကြီးတွင် ဘာတွေ ဖြစ်ပျက်နေသည်ကို သိချင်နေသည်။

အခြားသူများကို မေးမြန်းကြည့်ကာ ပြင်ပသတင်းများ သိရမလားဟု စုံစမ်းချင်နေခြင်း ဖြစ်သည်။

သို့သော် တစ်ဖက်လူများက သူတို့အော်ပြောနေသည်ကို လုံးဝ မကြားရသဖြင့် ဘေးလူများက စိတ်ပူလာကြပြီး တာအိုဆရာလင်းကို အစွမ်းပြရန် တိုက်တွန်းနေကြခြင်း ဖြစ်သည်။

တာအိုဆရာလင်းဘေးရှိ မျက်မှန်တပ်ထားသော အသက် ၃၀ ကျော်အရွယ် အမျိုးသားက မနေနိုင်တော့ဘဲ "တာအိုဆရာလင်း... တစ်ဖက်ကလူတွေနဲ့ ဆက်သွယ်ဖို့ နည်းလမ်းရှိလား... အခုလို အခြေအနေမျိုးမှာ ပြင်ပနဲ့ ဆက်သွယ်နိုင်မှ သတင်းအချက်အလက် ပိုရနိုင်မှာပါ" ဟု ပြောလိုက်သည်။

တာအိုဆရာလင်းက နက်နဲသိမ်မွေ့သော ပုံစံဖြင့် ခေါင်းညိတ်ကာ "ကောင်းပြီလေ... ဒီလိုဆိုလည်း ငါကိုယ်တော် စမ်းကြည့်တာပေါ့... မင်းတို့ နောက်နည်းနည်း ဆုတ်နေကြ... ငါကိုယ်တော် အစွမ်းပြတဲ့အခါ မတော်တဆ ထိခိုက်မိမှာ စိုးရတယ်" ဟု ဆိုလေသည်။

လူအုပ်ကြီးက ထိုစကားကို ကြားသည်နှင့် ချက်ချင်း နောက်သို့ ဆုတ်သွားကြသည်။

တာအိုဆရာလင်း အစွမ်းပြသည့် အရှိန်အဝါကို အားလုံး မြင်ဖူးထားကြသဖြင့် အနားသို့ မကပ်ရဲကြပေ။

ရန်ဆန်းမင်သည် တာအိုဆရာလင်း၏ နက်နဲသော ကြည်ညိုဖွယ် ဟန်ပန်ကို ကြည့်ရင်း နှုတ်ခမ်းကို မသိမသာ တွန့်ကွေးလိုက်သော်လည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်သည်။

တာအိုဆရာလင်းက လူအများ၏ အကြည့်အောက်တွင် လက်ဟန်ပြကာ ဂါထာ ရွတ်ဖတ်လိုက်လေသည်။

မကြာမီတွင် သူ၏ လက်မှ ရွှေရောင် အလင်းတန်းတစ်ခု ဖြာထွက်လာသည်။

"အမိန့်တော်အတိုင်း ဖြစ်စေသတည်း... လေတံခွန် လာစေ"

"ဝေါ...."

လေထုထဲတွင် ရုတ်တရက် လေပြင်းများ တုန်ခါလာပြီး ဝဲကတော့သဖွယ် လည်ပတ်သွားသည်။

သူ၏ လက်ညှိုးဖြင့် ညွှန်လိုက်သည်နှင့် တစ်ပြိုင်နက် ရွှေရောင်အလင်းတန်းများ လင်းလက်လာပြီး လေထဲတွင် ရွှေရောင်စာလုံးကြီးများအဖြစ် ပြောင်းလဲသွားလေသည်။

"မင်္ဂလာပါ"

တာအိုဆရာလင်း၏ မျက်နှာမှာ နီရဲနေပြီး ရွှေရောင်စာလုံးကြီးများကို မပျက်ပြယ်အောင် မနည်း ထိန်းထားရသည်။

နောက်ဘက်ရှိ လူအုပ်ကြီးမှာ စိတ်လှုပ်ရှားကာ လက်ခုပ်လက်ဝါးတီး၍ အားပေးကြသည်။

"အစွမ်းနဲ့ စာလုံးဖော်လိုက်တာဟေ့... တာအိုဆရာလင်းက တကယ် စွမ်းတာပဲ"

"ဒါ နတ်ဘုရားတွေရဲ့ တာအိုပညာလား... တကယ့်ကို အံ့သြစရာ ကောင်းလွန်းတယ်"

"ဆရာက တကယ့် ဆရာပါပဲဗျာ... ဒီရေကြီးတာက ဘေးအန္တရာယ် မဟုတ်ဘဲ ချီစွမ်းအင်တွေ ပြန်လည်နိုးထလာတာ ဖြစ်မယ်"

နောက်ဘက်မှ လူငယ်အချို့က စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြစဉ် ရန်ဆန်းမင်၏ နှုတ်ခမ်းများ တွန့်သွားပြီး "အားလုံး ဝိုင်းအော်လိုက်ကြ... အသံကျယ်ကျယ်ထွက်မှ သူတို့ သတိထားမိမှာ" ဟု အမြန် ပြောလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ်... မြန်မြန်အော်ပြီး တစ်ဖက်က လှမ်းကြည့်အောင် လုပ်ကြ"

ထိုလူများသည် ချက်ချင်းပင် အသံကုန်ဟစ်အော်လိုက်ကြသည်။

တစ်ဖက်ရှိ အမှတ် ၇၆ ခေါင်မိုးထပ်၌ သစ်ဖောင်လုပ်ရန် တိုင်ပင်နေကြသော လင်းယွမ်တို့ လူစုမှာ ထိုအော်သံများကို လုံးဝ မကြားရပေ။

သို့သော် ချိုင်ကြည်က အမှတ် ၇၅ ဘက်သို့ မျက်နှာမူထားမိရာ မတော်တဆ မျက်လုံးထောင့်မှ တစ်စုံတစ်ရာကို မြင်လိုက်ရသဖြင့် မျက်လုံးပြူးသွားလေသည်။

"ဟာ... သောက်ကျိုးနည်း"

ချိုင်ကြည်က အာမေဋိတ် ရေရွတ်လိုက်ပြီး "ဟိုဘက်ကို ကြည့်လိုက်ကြစမ်း" ဟု အလျင်အမြန် ပြောလိုက်သည်။

လင်းယွမ်နှင့် အစ်ကိုမာတို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

အစ်ကိုမာကလည်း "ဒါ... ဒါက ရွှေရောင်အလင်းတန်းကြီးပါလား" ဟု အံ့သြတကြီး ရေရွတ်လိုက်၏။

လင်းယွမ်၏ မျက်ဝန်းအိမ် ကျဉ်းမြောင်းသွားပြီး "သန္ဓေပြောင်း အစွမ်းပိုင်ရှင်ပဲ" ဟု ပြောလိုက်သည်။

လင်းယွမ်က ချက်ချင်းပင် စိတ်အာရုံကို စုစည်းလိုက်ပြီး နားစွမ်းရည်ကို မြှင့်တင်ကာ တစ်ဖက်မှ အော်သံများကို အာရုံစိုက် နားထောင်လိုက်သည်။

"ဟေး... ခင်ဗျားတို့ နေကောင်းကြလား"

"ဟေး..."

တစ်ဖက်မှ အသံများမှာ ဆူညံပွက်လောရိုက်နေပြီး ဘာပြောမှန်း သေချာမကွဲပြားပေ။

သို့သော် တစ်ဖက်လူများက သူတို့နှင့် ဆက်သွယ်ချင်နေမှန်း လင်းယွမ် နားလည်လိုက်သည်။

လင်းယွမ်က ချက်ချင်းပင် အကြံထုတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ကြိုးတစ်ခွေကို တွေ့လိုက်ရသည်။

စကားတစ်ခွန်းမျှ မဆိုဘဲ ကြိုးကို ကောက်ကိုင်လိုက်ပြီး "ကြိုးအရှည် မလောက်ဘူး... ထပ်ဆက်လိုက်" ဟု ပြောလိုက်သည်။

ချိုင်ကြည်က ချက်ချင်းပင် ကြိုးသွားရှာပြီး အလျင်အမြန် ဆက်လိုက်ရင်း "မင်း ဘာလုပ်မလို့လဲ" ဟု မေးလိုက်သည်။

လင်းယွမ်က "ငယ်ငယ်က ကစားတဲ့ နို့ဆီခွက်ကြိုးဖုန်းကို မှတ်မိလား" ဟု မေးလိုက်သည်။

သူ ထိုသို့ပြောလိုက်သည်နှင့် ချိုင်ကြည် သဘောပေါက်သွားပြီး "ငါ သိပြီ... နားထောင်ဖို့ ဘာသုံးမလဲ" ဟု မေးလိုက်သည်။

လင်းယွမ်က ခေါင်မိုးပေါ်သို့ ဝေ့ကြည့်လိုက်ပြီး "ဟိုဘက်က ပလပ်စတစ်ပုံးကို သုံးမယ်" ဟု ပြောလိုက်သည်။

"ဒါပေမဲ့ ဟိုဘက်ရောက်အောင် ဘယ်လိုပို့မလဲ" အစ်ကိုမာက ဝင်မေးလိုက်သည်။

ယခုအချိန်တွင် ကြိုးရှည်ကြီးအဖြစ် ဆက်ထားပြီးဖြစ်ရာ အရှည် ပေ ၃၀၀ ကျော်ခန့် ရှိလေသည်။

လင်းယွမ်က "ပစ်ပို့လိုက်မယ်" ဟု ပြောလိုက်သည်။

အစ်ကိုမာ ကြောင်အသွားပြီး "ပစ်မယ်... ဒီလောက်ဝေးတာကို ရောက်ပါ့မလား"

လင်းယွမ်က ပြုံးလိုက်ပြီး ဘာမျှ ပြန်မရှင်းပြတော့ပေ။ ပလပ်စတစ်ပုံးကို ကောက်ယူကာ သံချောင်းဖြင့် အပေါက်ဖောက်လိုက်သည်။

ထို့နောက် အပေါက်ထဲသို့ ကြိုးလျှိုထည့်ပြီး ကြိုးထိပ်တွင် အလေးပြားတစ်ချပ်ကို ချည်နှောင်လိုက်လေသည်။

ကြိုးမကျွတ်စေရန် သေချာဆွဲကြည့်ပြီးနောက် "အစ်ကိုမာ... ဘေးဖယ်နေ" ဟု အော်ပြောလိုက်သည်။

အစ်ကိုမာနှင့် ချိုင်ကြည်တို့ နောက်သို့ အမြန်ဆုတ်လိုက်ကြသည်။ လင်းယွမ်၏ လက်ထဲမှ ကြိုးခွေသည် စတင် လည်ပတ်လာသည်။

ပလပ်စတစ်ပုံးနှင့် ထိုအထဲရှိ ၅ ပေါင်လေးသော အလေးပြားတို့သည် ပန်ကာတစ်ခုကဲ့သို့ တဝေါဝေါမြည်ကာ လည်ပတ်နေကြသည်။

လင်းယွမ်က အရှိန်ကို ရုတ်တရက် မြှင့်တင်လိုက်ပြီးနောက် အားကုန်လွှဲ၍ ပစ်လွှတ်လိုက်လေသည်။

"ဝှီးးးးးးးးးးးးးးး"

သာမန်လူထက် သုံးဆမျှ များပြားသော ခွန်အားကို အပြည့်အဝ ထုတ်သုံးလိုက်သဖြင့် ပလပ်စတစ်ပုံးနှင့် အလေးပြားတို့သည် လေတိုးသံ တဝေါဝေါမြည်ဟည်းလျက် ပျံထွက်သွားလေသည်။

ပြင်းထန်သော လေခွင်းသံကြောင့် အားလုံး မျက်လုံးပြူးသွားကြပြီး ပလပ်စတစ်ပုံးကို စိုက်ကြည့်နေမိကြသည်။

ပလပ်စတစ်ပုံးသည် ဝေဟင်ထက်တွင် လှပသော မျဉ်းကွေးပုံသဏ္ဍာန် ရေးဆွဲလျက် မိုးစက်များကို ဖြတ်သန်းကာ တစ်ဖက်ရှိ အမှတ် ၇၅ အဆောက်အအုံဆီသို့ ဦးတည်သွားလေသည်။

အမှတ် ၇၅ ခေါင်မိုးထပ်၌ တာအိုဆရာလင်း၊ ရန်ဆန်းမင်နှင့် အခြားသူများသည် တစ်ဖက်လူ ဘာလုပ်မည်ကို နားမလည်နိုင် ဖြစ်နေကြသည်။

တစ်ဖက်မှ ပလပ်စတစ်ပုံး ပစ်လိုက်သည်ကို မြင်လိုက်ရသောအခါ သူတို့ မျက်လုံးပြူးသွားကြသည်။

"ဟာ... သောက်ကျိုးနည်း... သူ ဘာလုပ်တာလဲ"

"ဒီလူ ဦးနှောက်ပျက်နေတာလား... ပေ ရာချီ ဝေးတဲ့ နေရာကို ဒီလောက်ကြီးတဲ့ ပလပ်စတစ်ပုံးကြီး ရောက်အောင် ပစ်နိုင်ပါ့မလား"

"ပလပ်စတစ်ပုံး ပစ်ပေးပြီး ဘာလုပ်မလို့လဲ"

ထိုသို့ သံသယဝင်နေကြတုန်းပင် ရှိသေးသည်။ ပလပ်စတစ်ပုံးသည် လေခွင်းသံ တဝေါဝေါဖြင့် မိုးကာစများကို ဖောက်ထွင်းကာ ဝင်ရောက်လာလေတော့သည်။

ရန်ဆန်းမင်၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားပြီး "ဟာ... ရှောင်ကြဟေ့" ဟု အော်ပြောလိုက်သည်။

အခြားသူများလည်း လန့်ဖျပ်သွားပြီး ဘေးဘယ်ညာသို့ အလုအယက် ထွက်ပြေးကြသည်။

တာအိုဆရာလင်းဆိုလျှင် မျက်နှာပျက်သွားပြီး ကြောက်လန့်တကြား ဝပ်ချလိုက်မိသည်။

"ဒုန်း..."

ကျယ်လောင်သော အသံကြီးနှင့်အတူ ရေများစဉ်ထွက်သွားပြီး ပလပ်စတစ်ပုံးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။ အထဲမှ အလေးပြားမှာ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။

လူအားလုံး ပါးစပ်အဟောင်းသားဖြင့် အလေးပြားကို ကြည့်လိုက်၊ ကြမ်းပြင်တွင် အက်ကွဲသွားသော နေရာကို ကြည့်လိုက် ဖြစ်နေကြသည်။

တာအိုဆရာလင်းပင်လျှင် တံတွေးမျိုချလိုက်မိသည်။

"ဒါ... ဒါ... လူရော ဟုတ်ရဲ့လား"

တာအိုဆရာလင်းသည် ဟန်ပင် မဆောင်နိုင်တော့ဘဲ ထိုစကားကို ရေရွတ်လိုက်မိသည်။

ရန်ဆန်းမင်သည် တစ်ဖက်အဆောက်အအုံမှ မိုးရေထဲတွင် ဝိုးတဝါး မြင်နေရသော ပုံရိပ်ကို လှမ်းကြည့်ပြီး "သူ ဒီဟာကို ပစ်ပေးတာ ဘာသဘောလဲ" ဟု မေးလိုက်သည်။

"ငါတို့ကို ခြိမ်းခြောက်တာလား"

"တစ်ဖက်လူက ငါတို့ကို ကြောက်အောင် လုပ်ချင်တာလား"

လူအုပ်ထဲမှ အချို့က ထင်ကြေးပေးနေကြသည်။

လူတစ်ယောက်ကမူ "တာအိုဆရာလင်း... တစ်ဖက်လူကလည်း ဆရာ့လိုပဲ ကျင့်ကြံသူများလား"

"တစ်ဖက်လူကလည်း တာအိုပညာရှင် ဖြစ်နေတာလား"

"ဒီခွန်အားကို ကြည့်ရတာ တာအိုစွမ်းအား နိမ့်မယ့်ပုံ မပေါ်ဘူး"

လူအများက တစ်ယောက်တစ်ပေါက် ဝိုင်းပြောနေကြသည်။

တာအိုဆရာလင်းက မျက်လုံးစွေလိုက်သော်လည်း မျက်နှာထားမှာမူ လေးနက်သွားပြီး ရန်ဆန်းမင်ကို လှမ်းကြည့်လိုက်သည်။

ရန်ဆန်းမင်၏ မျက်ဝန်းအိမ် လှုပ်ရှားသွားပြီး လင်းဆုန့်ယန်အနားသို့ ကပ်ကာ "ခွန်အားအမျိုးအစား သန္ဓေပြောင်းအစွမ်းပိုင်ရှင် ဖြစ်လောက်တယ်" ဟု တိုးတိုးပြောလိုက်သည်။

တာအိုဆရာလင်းက မသိမသာ ခေါင်းညိတ်လိုက်ပြီး "သတိထားမှ ရမယ်... တိုက်တွဲ(၆) က တိန့်ဟူ လို ကောင်မျိုး မဟုတ်ပါစေနဲ့လို့ ဆုတောင်းရမယ်" ဟု တိုးတိုး ပြန်ပြောလိုက်သည်။

တိန့်ဟူ၏ အမည်ကို ကြားလိုက်ရသောအခါ ရန်ဆန်းမင်၏ မျက်နှာ ပျက်သွားပြီး ခေါင်းညိတ်လိုက်သည်။

တိန့်ဟူဆိုသူမှာ အမှတ် ၇၅၊ တိုက်တွဲ(၆) တွင် နေထိုင်သူဖြစ်ပြီး သူသည်လည်း သန္ဓေပြောင်း အစွမ်းပိုင်ရှင် တစ်ဦး ဖြစ်သည်။

တာအိုဆရာလင်းနှင့် ကွာခြားသည်မှာ တိန့်ဟူသည် ခွန်အားကြီးမားသော အစွမ်းကို ရရှိထားခြင်း ဖြစ်သည်။

တာအိုဆရာလင်းက ရွှေရောင်အလင်းတန်း ထုတ်ပြနိုင်သည့် အစွမ်းဖြင့် တစ်ဖက်လူကို ခြိမ်းခြောက်ထားနိုင်ခဲ့သည်။

တစ်ယောက်က တိုက်တွဲ(၁)၊ နောက်တစ်ယောက်က တိုက်တွဲ(၆) တွင် နေထိုင်ကြသဖြင့် တစ်ဦးနှင့်တစ်ဦး ရန်မစဘဲ နေခဲ့ကြသည်။

လောလောဆယ်တွင် ပြဿနာကြီးကြီးမားမား မရှိသော်လည်း ပွတ်တိုက်မှု အသေးစားလေးများတော့ ရှိနေသည်။

တိန့်ဟူသည် တာအိုဆရာလင်းနှင့် မတူဘဲ နောက်ထပ် လျှိုအားလုံ တစ်ယောက်ပင် ဖြစ်သည်။

တိုက်တွဲ(၆) တွင် ဗိုလ်ကျစိုးမိုးပြီး လုယက်သတ်ဖြတ်မှုများ ကျူးလွန်နေသည်။

လူအများအပြားမှာ ကြောက်လန့်ပြီး တိုက်တွဲ(၁) ဘက်သို့ ထွက်ပြေးလာကာ တာအိုဆရာလင်းထံတွင် ခိုလှုံနေကြရသည်။

ထို့ကြောင့် တိန့်ဟူနှင့် တာအိုဆရာလင်းအကြား ပဋိပက္ခမှာလည်း ပိုမို ကြီးထွားလာခဲ့သည်။

ထိုအကြောင်းကြောင့်ပင် တာအိုဆရာလင်းသည် ပြင်ပမှ အကူအညီ ရယူရန် အသည်းအသန် ကြိုးစားနေခြင်း ဖြစ်သည်။

မိမိအကြောင်း မိမိသာ အသိဆုံး ဖြစ်သည်။

သူ၏ ရွှေရောင်အလင်းတန်း အစွမ်းသည် ကြည့်လိုက်လျှင် ခမ်းနားကြီးကျယ်သော်လည်း လက်တွေ့တွင်မူ...

တိုက်ခိုက်နိုင်စွမ်း အလွန် နည်းပါးလှပြီး အလှဖန်တီးမှု သက်သက်သာ ဖြစ်နေသည်။

သူ၏ ဂုဏ်ပုဒ်ကြောင့်သာ လူများကို ခြိမ်းခြောက်ထားနိုင်ခြင်း ဖြစ်သည်။

တကယ်တမ်း လက်တွေ့ တိုက်ခိုက်ရလျှင် မိနစ်ပိုင်းအတွင်း အရှက်ကွဲသွားပေလိမ့်မည်။

ယခု တစ်ဖက်အဆောက်အအုံတွင် ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်ဟု ယူဆရသူ တစ်ဦး ရှိနေပြန်သဖြင့် အခြေအနေ မဟန်တော့ဟု သူ ခံစားလိုက်ရသည်။

ရန်ဆန်းမင်ကမူ စိတ်လောခြင်းမရှိဘဲ ကြိုးကို တစ်ချက်ကြည့်လိုက်ကာ ကွဲကြေနေသော ပလပ်စတစ်ပုံးကို ကြည့်ပြီး သဘောပေါက်သွားလေသည်။

"တစ်ဖက်လူက ငါတို့နဲ့ ဆက်သွယ်ချင်တာ... မလန့်ကြပါနဲ့... သူတို့ ဘာပြောမလဲ နားထောင်ကြည့်ကြတာပေါ့"

သူက ချက်ချင်း လှမ်းအော်ပြောလိုက်ပြီးနောက် ရေပုံးတစ်ပုံး ရှာယူကာ အထဲမှ မိုးရေများကို သွန်ပစ်လိုက်ပြီး အပေါက်ဖောက်၍ ကြိုးကို သွင်းလိုက်လေသည်။

အခြားသူများလည်း ထိုသို့ ပြုလုပ်လိုက်သည်ကို မြင်မှ တစ်ဖက်လူ၏ သဘောထားကို နားလည်သွားကြတော့သည်။

တာအိုဆရာလင်းက အနားသို့ ကပ်လာပြီး "ဒါနဲ့ပဲ တစ်ဖက်ကပြောတာ ကြားရပါ့မလား" ဟု မေးလိုက်သည်။

ရန်ဆန်းမင်က "အသံက လေထဲမှာ သွားတာထက် အစိုင်အခဲထဲမှာ ဖြတ်သွားတာက ပိုမြန်တယ်ဗျ"

"အခု လေထဲမှာက လေသံတွေ မိုးသံတွေနဲ့မို့ ပေ ၃၀၀ လောက်ဝေးတဲ့ဆီက အသံကို ကြားရဖို့ ခက်တယ်"

"ဒါပေမဲ့ ကြိုးကို အသံကူးဖို့ ကြားခံအဖြစ် သုံးပြီး ရေပုံးကို အသံချဲ့စက်အဖြစ် သုံးလိုက်ရင် ကြားရလိမ့်မယ်" ဟု ရှင်းပြလိုက်သည်။

တာအိုဆရာလင်းက အံ့သြသွားပြီး "မောင်ရန်... မင်းက ဒါတွေ ဘယ်က တတ်လာတာလဲ... တော်ပါပေတယ်" ဟု ချီးကျူးလိုက်သည်။

ရန်ဆန်းမင်က သက်ပြင်းချလိုက်ပြီး "ဒါက အခြေခံဗဟုသုတပါဗျာ... မူလတန်းကျောင်းသားတွေတောင် သိပါတယ်" ဟု ပြောလိုက်သည်။

တာအိုဆရာလင်းက နှာခေါင်းကို ပွတ်လိုက်ရင်း "ငါကိုယ်တော်က ငယ်ငယ်ကတည်းက တရားပဲ ကျင့်ကြံလာတော့ ဒါတွေ သိပ်နားမလည်ဘူးကွ" ဟု ခေါင်းခါလျက် ဆိုလေသည်။

ရန်ဆန်းမင်က မျက်လုံးစွေကြည့်လိုက်သည်။ "ခင်ဗျား အကြောင်း သူများမသိရင်သာ ထားတော့... ကျုပ်က မသိဘဲ နေမလား" ဟု စိတ်ထဲမှ တွေးလိုက်သည်။

ငယ်ငယ်ကတည်းက ကျင့်ကြံတယ်ဆိုတာ အလကား ပြောတာ... သူများသွင်းပေးလို့ တာအိုကျောင်း ရောက်လာတာကိုများ။

တာအိုဆရာလင်း နာမည်ကြီးလာခြင်းမှာ ရွှေရောင်အလင်းတန်း အစွမ်းက လူများကို မှင်သက်စေသည်မှာ မှန်သော်လည်း...

အိမ်ရာနေ လူထုကြားတွင် သူ့ကို "သက်ရှိနတ်ဘုရား" ဟု တင်စားခေါ်ဝေါ်ကြခြင်းမှာ အကြောင်းရင်း တစ်ခု ရှိသေးသည်။

သူသည် နတ်ဆေးကုသနည်းဖြင့် လူများကို ကယ်တင်နိုင်သည် ဆိုသော အချက်ပင်။

သို့သော် သူက နတ်ဆေးကုသနည်း ဘယ်လိုလုပ် တတ်မည်နည်း။ ရွှေရောင်အလင်းတန်းဖြင့် ဟန်ပြပြီး တကယ်တမ်း လူနာများကို ကုသပေးနေသူမှာ ရန်ဆန်းမင်သာ ဖြစ်သည်။

ရန်ဆန်းမင်သည်လည်း ဤဖရိုဖရဲ ကာလကြီးတွင် အသက်ဆက်ရှင်နိုင်ရန်အတွက် တာအိုဆရာလင်းနှင့် ပေါင်းပြီး လူလိမ်လုပ်ရုံမှတစ်ပါး အခြား မတတ်နိုင်တော့ပေ။

တာအိုဆရာလင်းသည် သူ၏ ဆေးပညာကို အသုံးချကာ လူများကို ကယ်တင်ပြီး အပြင်ပန်းတွင်မူ တန်ခိုးရှင်ကြီးအဖြစ် ဟန်လုပ်နေခြင်း ဖြစ်သည်။

ရလာသော အကျိုးအမြတ်ကို တာအိုဆရာလင်းက ရန်ဆန်းမင်အား ခွဲဝေပေးသဖြင့် နှစ်ဦးသား အကျိုးတူ ပူးပေါင်းဆောင်ရွက်နေကြခြင်း ဖြစ်သည်။

ထို့ကြောင့် တာအိုဆရာလင်း၏ နောက်ကြောင်းကို ရန်ဆန်းမင်က အူမချေးခါး မကျန် သိနေလေသည်။

"ဟလို... ကြားရလား"

ထိုအချိန်တွင် ရေပုံးထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

လူအားလုံး ဝမ်းသာသွားကြပြီး ရန်ဆန်းမင်ကလည်း "ကြားရတယ်... ကြားရတယ်... ဟိုဘက်ကရော ကြားရလား" ဟု အမြန် ပြန်ပြောလိုက်သည်။

"ကြားရတယ်... မိတ်ဆက်ပေးပါရစေ... ကျွန်တော့်နာမည် လင်းယွမ်... အမှတ် ၇၆ ကပါ... ခုနက ရွှေရောင်အလင်းတန်းက ဘာသဘောလဲ"

လင်းယွမ်က ဘာမှ ပေရှည်မနေဘဲ လိုရင်းကို တန်းမေးလိုက်သည်။

ရန်ဆန်းမင်က တာအိုဆရာလင်းကို လှမ်းကြည့်လိုက်ရာ တာအိုဆရာလင်း၏ မျက်ဝန်းအိမ် လှုပ်ရှားသွားပြီး "ငါ ပြောလိုက်မယ်" ဟု ပြုံးလျက် ဆိုလေသည်။

"ဒကာကြီး... ငါကိုယ်တော်က အမှတ် ၇၅ က လင်းဆုန့်ယန်ပါ... တာအိုဆရာလင်းလို့ ခေါ်နိုင်ပါတယ်... ခုနက ရွှေရောင်အလင်းတန်းက ငါကိုယ်တော်ရဲ့ ဂိုဏ်းပညာရပ်ဖြစ်တဲ့ ရွှေရောင်အလင်းတန်းပညာကို ထုတ်သုံးလိုက်တာပါ... ဒကာတို့ကို လန့်သွားစေမိရင် တောင်းပန်ပါတယ်"

သူ ပြောလိုက်သော စကားမှာ ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း အဆင့်အတန်း မြင့်မားဟန် ရှိနေသည်။

ကြားလိုက်ရသူတိုင်း လေးစားသွားကြမည်မှာ အမှန်ပင်။

ယခုလို ခေတ်ကာလကြီးတွင် တာအိုပညာ စစ်မှန်စွာ တတ်မြောက်ထားသော ပညာရှင် ရှိနေသေးသည် ဆိုလျှင် အံ့သြကြမည်သာ။

တစ်ဖက်မှ လင်းယွမ်တို့ သုံးယောက် ခေတ္တ တိတ်ဆိတ်သွားကြသည်။

တာအိုဆရာလင်းက ထိုရလဒ်ကို ကျေနပ်သွားပြီး ပြုံးလိုက်သည်။

သို့သော် ရေပုံးထဲမှ သံသယဖြင့် မေးလိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"အဲဒီ ရွှေရောင်အလင်းက... သန္ဓေပြောင်း အစွမ်းကြောင့် မဟုတ်ဘူးလား"

တာအိုဆရာလင်း၏ မျက်နှာ ချက်ချင်း ပျက်သွားပြီး "သွားပြီ" ဟု စိတ်ထဲ ညည်းတွားလိုက်မိသည်။

တစ်ဖက်လူက သန္ဓေပြောင်း အစွမ်းအကြောင်းကို သိနေပုံရသည်။ သူ ထိုအချက်ကို မေ့လျော့နေခဲ့မိသည်။

သူ မျက်လုံးကစားလိုက်ပြီး တည်ငြိမ်သော လေသံဖြင့် "ဒကာကြီးလင်း... ကပ်ဘေးကြီး ကျရောက်လာပြီး ချီစွမ်းအင်တွေ ပြန်လည်နိုးထလာတဲ့အတွက် သန္ဓေပြောင်း အစွမ်းတွေ ပေါ်ပေါက်လာတာပေါ့... ငါကိုယ်တော်တို့ရဲ့ တာအိုပညာရပ်တွေကလည်း ကျန်းမာရေး လေ့ကျင့်ခန်း အဆင့်ကနေ ကျင့်ကြံလို့ရတဲ့ အင်မော်တယ် ပညာရပ်တွေအဖြစ် ပြောင်းလဲသွားတာပါ" ဟု ပြန်ပြောလိုက်သည်။

သူ့စကားက တကယ် ဟုတ်သယောင် ရှိလှသည်။

တစ်ဖက်မှ လင်းယွမ်၏ မျက်နှာထား တည်သွားသည်။ ချီစွမ်းအင် ပြန်လည်နိုးထခြင်းတဲ့လား။

ဝတ္ထုတွေ ဖတ်ဖူးသဖြင့် ချီစွမ်းအင် ပြန်လည်နိုးထခြင်း ဆိုသော စကားကို သူ ကြားဖူးပါသည်။

သို့သော် ထိုဘက်သို့ သူ တစ်ခါမှ မတွေးမိခဲ့ပေ။

ယခု အဘိုးကြီး ပြောလိုက်သော စကားကြောင့် သူ အနည်းငယ် ထိတ်လန့်သွားမိသည်။

တကယ်ပဲ ချီစွမ်းအင် ပြန်လည်နိုးထလာတာများလား။

ကမ္ဘာအနှံ့တွင် သန္ဓေပြောင်းလဲမှုများ ဖြစ်ပေါ်နေခြင်းက ချီစွမ်းအင် ပြန်လည်နိုးထမှု၏ ဘေးထွက်ဆိုးကျိုး သက်သက်များလား။

ခဏအကြာတွင် ထိုအတွေးကို သူ ပယ်ဖျက်လိုက်သည်။

အကြောင်းမှာ စနစ်က "သန္ဓေပြောင်း သတ္တဝါ" ဟူ၍ အမည်တပ်ထားသောကြောင့် ဖြစ်သည်။

ထိုစကားလုံးက အရာအားလုံးကို ရှင်းပြနေပြီ ဖြစ်သည်။

တစ်ဖက်လူသည် လူလိမ်ဘုန်းကြီးတစ်ပါး ဖြစ်လောက်သည်ဟု သူ ချက်ချင်း နားလည်လိုက်သည်။

ထို့ကြောင့် တဲ့တိုးပင် မေးလိုက်သည်။ "ခင်ဗျားတို့ဆီမှာ ဘယ်သူက ခေါင်းဆောင်လဲ"

လူအားလုံးက တာအိုဆရာလင်းကို ကြည့်လိုက်ကြသည်။

တာအိုဆရာလင်း မျက်တောင်ခတ်လိုက်ပြီး "ငါကိုယ်တော်က လူအများရဲ့ ထောက်ခံမှုနဲ့ အားလုံးရဲ့ လုံခြုံရေးကို ခေတ္တ တာဝန်ယူထား..."

"မိုးတွေက သဲသဲမဲမဲရွာနေတုန်းပဲ... ရေကလည်း မြင့်တက်နေတုန်းပဲ... ခင်ဗျားတို့ဆီမှာ စားစရာ ဘယ်လောက် ကျန်သေးလဲ... စားဖို့ လောက်ငရဲ့လား" လင်းယွမ်က စကားကို ဖြတ်ပြီး မေးလိုက်သည်။

တာအိုဆရာလင်း ကြောင်အသွားပြီး "ငါတို့ဆီမှာလည်း စားစရာ ဘာမှ မရှိတော့ပါဘူး" ဟု ဖြေလိုက်သည်။

အမှန်တော့... ဤအချိန်တွင် ဆင်းရဲချင်ယောင် ဆောင်ဖို့လိုသည်။

တကယ်လည်း သူတို့က ဆင်းရဲနေသည်ပင်။

လင်းယွမ်က ထပ်ပြောသည်။ "ကျွန်တော်တို့ဆီမှာတော့ စားစရာ အတော်များများ ရှိသေးတယ်... ပစ္စည်းချင်း ဖလှယ်မယ်ဆိုရင် ရတယ်... ဒါပေမဲ့ ကျွန်တော်က ခရု၊ ပင်လယ်ခရု၊ ဂဏန်း၊ ပုစွန်တုပ် စတဲ့ အခွံမာ ရေနေသတ္တဝါတွေကိုပဲ အရှင်လိုချင်တယ်"

"ကျွန်တော့်ဘက်က ဆန်၊ ဂျုံမှုန့် တို့လို ပစ္စည်းတွေ ပေးနိုင်တယ်... ဒါမှမဟုတ် ဆား၊ သကြား စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေလည်း ပေးနိုင်တယ်... လိုအပ်ရင် အချိန်မရွေး ဆက်သွယ်လိုက်ပါ... ကျွန်တော် နောက်ပိုင်း ဒီမှာ အဆက်အသွယ်လုပ်ဖို့ လူတစ်ယောက် သီးသန့် ထားပေးမယ်"

သူ့စကားကြောင့် တာအိုဆရာလင်းနှင့် လူများမှာ အံ့သြလွန်း၍ မျက်လုံးပြူးသွားကြသည်။

"ဘာ... ခင်ဗျားတို့ဆီမှာ ပိုနေတဲ့ အစားအစာ ရှိသေးတယ်လား"

"နေပါဦး... ဘယ်လို လဲလှယ်ကြမှာလဲ... ကျွန်တော့်အိမ်မှာ ပင်လယ်ခရု ရှိတယ်... မနေ့ကမှ ဆယ်ထားတာ"

"ခရုတွေ ကျွန်မအိမ်မှာလည်း ရှိတယ်... ဂဏန်းလည်း ရှိတယ်... အကုန် အရှင်တွေချည်းပဲ... ကျွန်မ မစားရဲလို့ ထားထားတာ"

"အစ်ကိုကြီး... ဆေးဝါးရော ရှိလား... အဖျားပျောက်ဆေးလေ... ကျွန်တော့်ကလေး အဖျားကြီးနေလို့ပါ..."

တာအိုဆရာလင်း၏ ဘေးမှ လူအများ၏ အသံများ ဆူညံစွာ ထွက်ပေါ်လာပြီး အားလုံး စိတ်လှုပ်ရှားနေကြသည်။

အစားအသောက်ဆိုသည်မှာ အလွန် တန်ဖိုးရှိသော အရာ ဖြစ်သည်။

သူတို့ ငါးချည်းပဲ စားနေရသည်မှာ အန်ချင်နေပြီ ဖြစ်သည်။

ဆန်၊ ဂျုံ စသည့် အစာအာဟာရကို စားလိုက်ရလျှင် မည်မျှ ပျော်ရွှင်စရာ ကောင်းလိုက်မည်နည်း။

ရန်ဆန်းမင်ကမူ အရေးကြီးသော မေးခွန်းကို မေးလိုက်သည်။ "ကျွန်တော်တို့ ဘယ်လို လဲလှယ်ကြမလဲ... ဒီမှာ ရေကြီးနေတာ တိုက် နှစ်ခုကြားကလည်း ပေ ၃၀၀ လောက် ဝေးတယ်... လဲလှယ်ဖို့ မဖြစ်နိုင်ဘူးလေ"

လင်းယွမ်က ပြတ်သားစွာ ပြောလိုက်သည်။ "ကျွန်တော် နောက်ထပ် ကြိုးတံတား နှစ်ခု ထပ်လုပ်ဖို့ စဉ်းစားထားတယ်... အဲဒီကျရင် ၃၂ ထပ်ကနေ ခင်ဗျားတို့ဘက်က နိမ့်တဲ့ အထပ်ဆီကို လျှောချပေးမယ်"

"အဲ့လိုပဲ ခင်ဗျားတို့ဘက်ကလည်း ပင်လယ်ခရုလို ပစ္စည်းတွေကို သေချာထုပ်ပိုးပြီး ၃၂ ထပ်ကနေ ကျွန်တော့်ဘက်ကို လျှောချပေးလိုက်"

"သိပြီ... ဘယ်အချိန် လဲလှယ်ကြမလဲ" ရန်ဆန်းမင်က အလျင်အမြန် မေးလိုက်သည်။

"ခင်ဗျားတို့ လိုချင်တဲ့ ပစ္စည်းတွေကို ပြောလိုက်... ကျွန်တော် ဈေးဖြတ်ပြီး အဲဒီနဲ့ တန်တဲ့ ပစ္စည်း ပြန်ပေးမယ်" ဟု လင်းယွမ်က ပြောလိုက်သည်။

ရန်ဆန်းမင်က "ရတယ်... ဒါဆို ကျွန်တော်တို့ အခုပဲ သွားတိုင်ပင်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။

"ဟုတ်ပြီ... ခင်ဗျားတို့ ကြိုးကို သေချာ ချည်ထားလိုက်... ကျွန်တော် လဲလှယ်ဖို့နောက်ထပ် ကြိုးတံတား နှစ်ခု သွားလုပ်လိုက်ဦးမယ်"

လင်းယွမ်သည် စကား အပိုမပြောတော့ဘဲ ကြိုးကို ကျိုးကျားချောင် နေထိုင်ခဲ့သော တဲဆီသို့ ဆွဲယူသွားလိုက်သည်။

ထို့နောက် မာကောချိုင်အား "ဦးလေးမာ... ခင်ဗျား ကြိုးကို ခဏ စောင့်ကြည့်ထားပေး... ဟိုဘက်နဲ့ ဆက်သွယ်ပြီး သူတို့လိုချင်တာ စာရင်းမှတ်ထား... ကျွန်တော် လဲလှယ်ဖို့ ကြိုးတံတား သွားလုပ်လိုက်ဦးမယ်" ဟု မှာကြားလိုက်သည်။

"သိပြီ" မာကောချိုင်က ခေါင်းညိတ်လိုက်သည်။

လင်းယွမ်သည် အောက်ထပ်သို့ အမြန်ဆင်းကာ ကြိုးများ ပြင်ဆင်လေသည်။

ကြိုးတံတား ဆောက်လုပ်သည်မှာ အလွန် ရိုးရှင်းလှသည်။ အလေးပြားတစ်ချပ် ချည်နှောင်ပြီး အားကုန်လွှဲပစ်လိုက်လျှင် ပေ ၃၀၀ ကျော် ဝေးသော တစ်ဖက် အဆောက်အအုံသို့ တန်းတန်းမတ်မတ် ရောက်ရှိသွားမည် ဖြစ်သည်။

အမြင့် ကွာခြားချက် ရှိနေသရွေ့ ပစ္စည်း ပို့ဆောင်ရန် မခက်ခဲပေ။

အဆင်ပြေလျှင် စက်သီး တပ်ဆင်လိုက်ပါက ပို၍ ချောမွေ့သွားမည် ဖြစ်ပြီး ပစ္စည်း တစ်ခုခုတွင် ငြိနေခြင်းမျိုး မဖြစ်နိုင်တော့ပေ။

စက်သီး အစစ် ရှာရန် ခက်ခဲသော်လည်း ကံကောင်းစွာဖြင့် လင်းယွမ်သည် ဟန်ချက်ထိန်းဘီး အချို့ကို ရှာတွေ့ခဲ့သည်။ ဘက်ထရီဖြုတ်ထားသော ဘီးများသည် အသုံးမဝင်တော့သဖြင့် စက်သီး လုပ်ရန် အကောင်းဆုံး ဖြစ်နေသည်။

ရိုးရှင်းသော လျှောလမ်းတစ်ခု ပြုလုပ်ပြီး လူအားဖြင့် ပြန်လည်ရစ်ပတ်နိုင်သည့် ကိရိယာ တပ်ဆင်လိုက်သောအခါ အားလုံး ပြီးပြည့်စုံသွားလေသည်။

ထိုအချိန်၌ တစ်ဖက်မှ လဲလှယ်လိုသော ပစ္စည်းစာရင်းလည်း ရောက်ရှိလာပြီ ဖြစ်သည်။

လင်းယွမ်သည် တစ်ဖက်လူ ဘာလိုချင်သည်ကို မကြည့်ဘဲ သူတို့ဘက်တွင် ရေနေသတ္တဝါ ဘာတွေရှိသည်ကိုသာ ဦးစွာ ကြည့်လိုက်သည်။

"ပင်လယ်ခရု ၆၇ ကောင်၊ ဂဏန်း ၁၂ ကောင်၊ ပုစွန်တုပ် ၄ ကောင်၊ ပင်လယ်လိပ် ၂ ကောင်..."

လင်းယွမ် တစ်ချက်ကြည့်လိုက်သည်နှင့် မျက်လုံးများ အရောင်တောက်လာသည်။

ပင်လယ်ခရုချည်း သက်သက်ပင် ၆၇ ကောင် ရှိနေသည်တဲ့လား။

ပင်လယ်ခရု တစ်ကောင်လျှင် အမှတ် ၃၀ ခန့် ရရှိနိုင်သည်။

ဒီလောက်များပြားသော ပင်လယ်ခရု အရေအတွက်ဆိုလျှင် အနည်းဆုံး အမှတ် ၂၀၀၀ လောက်တော့ ရမည် မဟုတ်ပါလား။

ဂဏန်း ဆိုလျှင်လည်း အမှတ် ၃၀ ခန့် ရနိုင်ရာ ၁၂ ကောင်အတွက် အမှတ် ၃၆၀ ခန့် ရနိုင်မည်။

ပင်လယ်လိပ်နှင့် ပုစွန်တုပ်ကိုမူ လင်းယွမ် တစ်ခါမှ မသတ်ဖူးသဖြင့် အမှတ်ဘယ်လောက်ရမည် မသိသော်လည်း နည်းတော့ မနည်းနိုင်ပေ။

လင်းယွမ် စိတ်ထဲတွင် ကျေနပ်သွားသည်။ ဦးလေးမာ မှတ်ထားသော စာရင်းကို ကြည့်ရင်း အနည်းဆုံး ခန့်မှန်းရလျှင်ပင် ယခုတစ်ခေါက်တွင် သူ အမှတ် သုံးထောင်၊ လေးထောင်ခန့် ဝင်လာတော့မည် ဖြစ်သည်။

ဆက်ရန်...

အပိုင်း (၉၂) တိုက်၇၅ နှင့် အရောင်းအဝယ်ပြုလုပ်ခြင်း၊ အမှတ်ထပ်မံပေါင်းထည့်ခြင်း

"လင်းယွမ်... သူတို့က ပစ္စည်းအားလုံးကို ဆန်နဲ့ချည်းပဲ လဲချင်နေကြတာ" ချိုင်ကြည်က စကားစလိုက်၏။

လင်းယွမ်က ခေါင်းတစ်ချက်ညိတ်ကာ "သူတို့ကို ပြန်ပြောလိုက်... ဒီပစ္စည်းတွေက သိပ်တန်ဖိုးမရှိဘူး... ကျွန်တော်တို့ဘက်က ဆန် ၅ ပေါင်လောက်ပဲ ပေးနိုင်မယ်... လဲမလားလို့ မေးကြည့်လိုက်" ဟု ပြန်ဖြေသည်။

ထိုအခါ မာကောချိုင်က မနေနိုင်တော့ဘဲ ဝင်ပြောလေတော့၏။ "မောင်လင်းရယ်... ဒီပစ္စည်းတွေကို ငါတို့ဘာသာ ရှာလို့ရနေတာပဲ... ဘာကိစ္စ ဟိုဘက်တိုက်ကို ဆန်ပေးပြီး လဲနေမှာလဲ"

လင်းယွမ်က မာကောချိုင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ဆိုသည်။ "အချိန်မရှိတော့ဘူး... ရေကြီးတာ ပိုဆိုးလာတော့မယ်... ကြာရင် ရေက ဒီထက်ပိုတက်လာတော့မှာ... အဲဒီကျရင် ကျွန်တော်တို့ ရှင်သန်ရပ်တည်စရာ နေရာမရှိဖြစ်သွားရင် ဘယ်လိုလုပ်ကြမလဲ"

"ကျွန်တော်တို့ အချိန်ရှိသမျှကို အသုံးချပြီး ဖောင်မြန်မြန်လုပ်မှရမယ်... ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာနိုင်အောင် ပြင်ဆင်ရမယ်"

"ဒီနေရာမှာ ပင်လယ်သတ္တဝါတွေ များလာလေလေ ကျွန်တော့်စိတ်ထဲ မလုံခြုံလေလေပဲ"

"ထိုက်ရင်တောင် ဒါမှမဟုတ် မိန်တောင် ကို အမြန်ဆုံးသွားပြီး မြေကြီးပေါ် ခြေချနိုင်မှ ကျွန်တော် စိတ်ချလက်ချ နေနိုင်မှာ"

မာကောချိုင်က မေးခွန်းထုတ်ပြန်သည်။ "ဒါဆို ဒီပစ္စည်းတွေ ယူပြီး ဘာလုပ်မလို့လဲ... ဖောင်ပဲ တန်းလုပ်ကြမယ်လေ"

"ကျွန်တော် အသုံးလိုလို့ပါ" လင်းယွမ်က ပိုမိုရှင်းပြမနေတော့ဘဲ တိုတိုတုတ်တုတ်ပင် ပြောလိုက်၏။

ချိုင်ကြည်က မာကောချိုင်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ "လင်းယွမ်မှာ အစီအစဉ်ရှိပြီးသားပါ... ငါတို့က သူ့ကို ယုံကြည်ထားရင် ရပြီ"

ထိုအခါမှ ဦးလေးမာလည်း သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်လေသည်။ "ကောင်းပါပြီ... မောင်လင်း... ငါတို့တွေရဲ့ အသက်အိုးအိမ်စည်းစိမ်အားလုံးက မင်းလက်ထဲ အပ်ထားတာပါ"

လင်းယွမ်က ပြုံးလိုက်ရင်း "စိတ်ချပါ... ကျွန်တော့်မှာ အစီအစဉ်ရှိပါတယ်... ခင်ဗျားတို့ကို ဒီကနေ ဘေးကင်းကင်းနဲ့ ခေါ်ထုတ်သွားမှာပါ" ဟု အားပေးစကားဆိုလိုက်၏။

သူသည် အမှတ်များစွာ လိုအပ်နေသည်။ ထိုအမှတ်များဖြင့် ကံစမ်းမဲ နှိုက်ပြီး မိမိ၏ အစွမ်းကို မြှင့်တင်ရမည်ဖြစ်သည်။ သို့သော် အချို့ကိစ္စများကို လူတိုင်းအား ဖွင့်ပြော၍မရနိုင်သောကြောင့် သူက ရှင်းပြမနေတော့ခြင်း ဖြစ်သည်။

ထိုအချိန်၌ ဦးလေးမာက ရေပုံးကို ချလိုက်ရင်း မေးသည်။ "ဟိုဘက်တိုက်က သဘောတူတယ်တဲ့... ပြီးတော့ ငါးရော ယူမလားလို့ မေးနေတယ်"

လင်းယွမ်က ခေါင်းခါလိုက်၏။ "ငါး မလိုတော့ဘူး"

ငါးတစ်ကောင်မှ ၅ မှတ် မှ ၉ မှတ်ခန့်သာ ရသဖြင့် လင်းယွမ် သိပ်မမက်မောလှပေ။ ထို့အပြင် ငါးများက အလေးချိန်စီးသဖြင့် ကေဘယ်ကြိုးစနစ်က ခံနိုင်ရည်ရှိပါ့မလား စိုးရိမ်ရသည်။ အလေးချိန်ပေါ့ပြီး အမှတ်များများရသည့် ခရုနှင့် ကဏန်းများကသာ ပို၍ တွက်ခြေကိုက်လေသည်။

ကေဘယ်ကြိုးစနစ် တပ်ဆင်ပြီးသည်နှင့် တစ်ဖက်နှင့်တစ်ဖက် သေတ္တာများဖြင့် ပစ္စည်းများ ချည်နှောင်ကာ လျှောချပေးပို့ကြရင်း ပထမဆုံးအကြိမ် အရောင်းအဝယ် အောင်မြင်သွားခဲ့သည်။

"ဆရာလင်း... လက်တွဲရတာ ဝမ်းသာပါတယ်"

တစ်ဖက်တိုက်မှ လင်းဆုန့်ယန်မှာ ပြုံးပျော်နေလေသည်။ ခရုအနည်းငယ်၊ ကဏန်းနှင့် လိပ်အသေးစားလေးများ ပေးလိုက်ရုံဖြင့် ဆန် ၅ ပေါင် ရလိုက်သည် မဟုတ်ပါလော။ သူတို့အတွက်မူ အမြတ်ကြီး စားလိုက်ရခြင်းပင်။ ထိုပင်လယ်ခရုများမှာ အသားမာပြီး ဝါးရခက်သဖြင့် မည်သူမျှ သိပ်မစားချင်ကြပေ။ ကဏန်းနှင့် လိပ်သားလောက်သာ စားကောင်းသဖြင့် လူကြိုက်များကြသည်။ ထို့ကြောင့် သူတို့ဘက်တွင် ခရုများ ပိုလျှံနေပြီး အခြားပစ္စည်းများ နည်းပါးနေခြင်း ဖြစ်သည်။

လင်းယွမ်က ရေပုံးကိုကြည့်ရင်း ပြုံးလိုက်သည်။ "လက်တွဲရတာ ဝမ်းသာပါတယ်"

ပထမဆုံးအကြိမ် ပူးပေါင်းတိုက်တွဲရွက်ခြင်းဖြစ်၍ စကားသိပ်မပြောဖြစ်ကြပေ။ ဤအကြိမ်သည် စမ်းသပ်ခြင်း သက်သက်သာဖြစ်ပြီး နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်သည်နှင့်အမျှ နောက်ပိုင်းတွင် အရောင်းအဝယ်များ ပိုမိုတွင်ကျယ်လာပေလိမ့်မည်။

လင်းယွမ်သည် လက်ထဲရောက်လာသော ခရုများကို အိမ်သို့သယ်လာပြီး ချက်ချင်းပင် ခွဲစိတ်သန့်စင်တော့သည်။

[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၂၉ မှတ် ရရှိပါသည်]

လင်းယွမ်က ခရုခွံတစ်ခုကို ထုခွဲလိုက်တိုင်း သူ၏ ဦးနှောက်ထဲတွင် စနစ်၏ အသိပေးသံများ ပေါ်ထွက်လာ၏။ လင်းယွမ်မှာ ပျော်ရွှင်မြူးထူးစွာဖြင့် ခရုများကို အရှိန်မြှင့်၍ ထုခွဲလေတော့သည်။ စနစ်၏ အသိပေးသံများကလည်း တရစပ် မြည်ဟည်းနေသည်။

အသိပေးသံ ၆၇ ကြိမ် မြည်ပြီးသွားချိန်တွင် လင်းယွမ်၏ စုစုပေါင်းအမှတ်သည် ၂၀၁၄ မှတ်အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ ခဏမျှ အနားယူလိုက်ပြီးနောက် ကဏန်းနှင့် ကျောက်ပုဇွန်များကို ဆက်လက် ရှင်းလင်းလိုက်ပြန်သည်။

ကဏန်း ၁၂ ကောင်နှင့် ကျောက်ပုဇွန် ၄ ကောင်မှ လင်းယွမ်အတွက် နောက်ထပ် ၁၉၉ မှတ် ထပ်တိုက်တွဲးပေးလိုက်သည်။ နောက်ဆုံးတွင် လိပ်နှစ်ကောင်သာ ကျန်တော့၏။

ထိုလိပ်နှစ်ကောင်မှာ သိသာထင်ရှားစွာပင် သန္ဓေပြောင်းလဲထားကြသည်။ ကျောပေါ်မှ အခွံများ အရောင်ပြောင်းလဲနေရုံသာမက ခြေသည်းနှင့် သွားများပါ အလွန်ထက်မြက်သည့် လက်နက်သဖွယ် ပြောင်းလဲနေကြသည်။ လင်းယွမ် စမ်းသပ်ကြည့်လိုက်ရာ သံပြားပါးပါးလေး တစ်ချပ်ကိုပင် ထိုလိပ်က ကိုက်လိုက်ရုံဖြင့် အပေါက်ကြီးဖြစ်သွားအောင် ဖောက်ထွင်းနိုင်သည်ကို တွေ့လိုက်ရသည်။

လင်းယွမ် ရင်ထဲ ထိတ်လန့်သွားရ၏။ "ဒါသာ လူကိုကိုက်မိရင် မလွယ်ဘူး"

မည်သည့် သွေးသားခန္ဓာကိုယ်ကများ ဤမျှ ပြင်းထန်သော ကိုက်အားနှင့် ထိုးဖောက်အားကို ခံနိုင်ရည် ရှိပါမည်နည်း။ လင်းယွမ်က ဓားကိုဝင့်၍ လိပ်ခေါင်းကို တိခနဲ ဖြတ်ချလိုက်လေသည်။

[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၅၉ မှတ် ရရှိပါသည်]

လင်းယွမ် ရင်ခုန်သွားရသည်။ "၅၉ မှတ်တောင်လား... ဝမ်ယန်မေကို သတ်တုန်းက ရတဲ့ အမှတ်လောက် ရှိနေပြီပဲ"

သူသည် ကျန်နေသေးသော လိပ်တစ်ကောင်ကိုပါ ထပ်မံသတ်ဖြတ်လိုက်ရာ ၆၂ မှတ် ထပ်ရလိုက်ပြန်သည်။ ပင်လယ်လိပ်များ၏ အမှတ်သည် အခြားသော အခွံမာ ရေချိုသတ္တဝါများထက် ပိုများပုံရသည်။

သန္ဓေပြောင်းသတ္တဝါ အားလုံးကို ရှင်းလင်းပြီးနောက် လင်းယွမ် သူ၏ လက်ရှိအမှတ်များကို ကြည့်လိုက်သည်။

"၂၃၇၁ မှတ်"

လင်းယွမ် ဝမ်းသာအားရ ရေရွတ်လိုက်မိသည်။ "နောက်ထပ် အရည်အသွေးမှတ် နှစ်ကြိမ်တောင် ကံစမ်းလို့ ရပြီ"

သူသည် စကားအများကြီး မပြောတော့ဘဲ စနစ်၏ ကံစမ်းမဲအစီအစဉ်ကို ချက်ချင်း ဖွင့်လိုက်တော့၏။

"စနစ်... သတ်မှတ် အရည်အသွေးမှတ် ကံစမ်းမဲနှိုက်မယ်"

စနစ် မျက်နှာပြင်ပေါ်တွင် အရည်အသွေးမှတ် ကံစမ်းမဲဘီးကြီး ပေါ်လာသည်။ အမှတ် ၁၀၀၀ ပျောက်ကွယ်သွားပြီး ဘီးကြီး လည်ပတ်သွားရာ အရည်အသွေးကဏ္ဍကြီး ငါးခုမှာ တဖျပ်ဖျပ် လက်နေတော့သည်။

[ဒင်... သင် ဘုံအရည်အသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]

စနစ်၏ အသိပေးသံကြောင့် လင်းယွမ် ကျေနပ်သွားရသည်။ "ဒီနေ့ ကံကောင်းလှချည်လား... ဘုံအရည်အသွေးမှတ်တောင် မဲပေါက်တယ်ဆိုတော့"

သူသည် ရရှိလာသော ဘုံအရည်အသွေးမှတ်ကို ချက်ချင်း အသုံးမပြုသေးဘဲ ဆက်လက်၍ "နောက်တစ်ကြိမ် ထပ်နှိုက်မယ်" ဟု အမိန့်ပေးလိုက်သည်။

နောက်ထပ် အမှတ် ၁၀၀၀ ထပ်မံလျော့နည်းသွားပြီး ကံစမ်းမဲဘီးကြီးက လေတိုးသံ တဝေါဝေါဖြင့် လည်ပတ်သွားပြန်သည်။

[ဒင်... သင် စိတ်စွမ်းအင် ၁ မှတ် မဲပေါက်သွားပါသည်]

လင်းယွမ် ကြောင်အသွားပြီး အံ့ဩမိသွားသည်။ "စိတ်စွမ်းအင် အရည်အသွေးပဲ ထပ်ရပြန်ပြီလား"

သူ့ကံတရားက စိတ်စွမ်းအင်ဘက်ကိုပဲ ဦးတည်နေသလားဟု ထင်မှတ်ရသည်။ မကြာသေးမီက ရသမျှ အမှတ်များအားလုံး စိတ်စွမ်းအင်ချည်း ဖြစ်နေသောကြောင့်ပင်။ ထိုခဏ၌ ဦးနှောက်ထဲတွင် အေးမြသွားပြီး စိတ်စွမ်းအင်များ လျှံကျလာသကဲ့သို့ ခံစားလိုက်ရသည်။ နောက်တစ်စက္ကန့်တွင် အရာအားလုံးကို သိမြင်နိုင်သော အာရုံခံစားမှုမျိုး ပေါ်ပေါက်လာပြန်သည်။

စိတ်အာရုံများ ပြန့်ကျဲသွားပြီး လင်းယွမ်သည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ အာရုံခံမိလာသည်။ သို့သော် ယခုတစ်ကြိမ်တွင် သူ၏ အာရုံခံနိုင်စွမ်း အကွာအဝေးမှာ မူလ ၁၀ ပေ၊ ၁၂ ပေခန့်မှ ၁၆ ပေခန့် အထိ ကျယ်ပြန့်လာခဲ့သည်။

လင်းယွမ် သက်ပြင်းချလိုက်မိသည်။ နှမြောစရာပင်။ စိတ်စွမ်းအင် တိုးတက်လာခြင်းမှာ အသုံးဝင်သော်လည်း တိုက်ခိုက်ရေးအစွမ်းကို အချိန်တိုအတွင်း မြှင့်တင်ပေးနိုင်ခြင်း မရှိပေ။ သူသည် သွားကြားထိုးတံကို စိတ်စွမ်းအင်ဖြင့် လှုပ်ရှားကြည့်ရာ ယခင်ကထက် ပိုမိုလွယ်ကူလာသည်ကို တွေ့ရသည်။

သူ ခေါင်းခါလိုက်ပြီး ဘုံအရည်အသွေးမှတ်နှင့် သူ၏ အရည်အသွေးဇယားကို ကြည့်လိုက်သည်။ စဉ်းစားခန်း ဝင်လိုက်၏။ "ခန္ဓာကိုယ်ကြံ့ခိုင်မှု ကိုပဲ အရင်မြှင့်လိုက်တာ ကောင်းမယ်... ဒီလို သန္ဓေပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကို ခံနိုင်ရည်ရှိမှာ"

"တိုက်ခိုက်ရေးပိုင်းအတွက်ဆိုရင် ငါ့မှာ သေနတ်ရှိနေသေးတော့ လောလောဆယ် ပူစရာမလိုသေးဘူး"

ထို့နောက် သူသည် ဘုံအရည်အသွေးမှတ်ကို ခန္ဓာကိုယ်ကြံ့ခိုင်မှုကဏ္ဍတွင် ပေါင်းထည့်လိုက်လေသည်။ ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ် တစ်ခုလုံး ပူနွေးသွားပြီး ကုန်ခမ်းနေသော အားအင်များ ပြည့်ဝလာသကဲ့သို့ ခံစားလိုက်ရသည်။ အရေပြားများ ပိုမိုကျစ်လျစ်လာပြီး ခံနိုင်ရည်နှင့် ကာကွယ်နိုင်စွမ်းတို့ တိုးတက်လာသည်ကို သိသာစွာ ခံစားမိလိုက်သည်။

လင်းယွမ် ဇယားကို ကြည့်လိုက်သည်။

အမည် - လင်းယွမ်

ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၂.၈

ခွန်အား - ၂.၉

အလျင် - ၁.၈

စိတ်စွမ်းအင် - ၅.၇

သန္ဓေပြောင်းလဲနှုန်း - ၉%

အမှတ် - ၃၇၁ မှတ်

ပစ္စည်းသိုလှောင်ခန်း

-----------------------

ဝူချန်ဆန် ပေါင် (၁၁၀၀)

ဓာတ်ဆီ (၄) ပုံး

ဂလော့ - ၁၇ သေနတ်

ဟင်းသီးဟင်းရွက် လက်တိုက်တွဲထုတ်

........

.....

...

"သန္ဓေပြောင်းလဲနှုန်း တိုးသွားပြန်ပြီ"

လင်းယွမ်သည် ထိုအဆင့်ကိုကြည့်ကာ အနည်းငယ် စိုးရိမ်သွားသော်လည်း တတ်နိုင်သည့်အရာ မရှိပေ။ ဤကဲ့သို့ အမှတ်များ ဆက်ပေါင်းထည့်နေပါက သန္ဓေပြောင်းလဲခြင်း နိုးထလာမည့် အမှတ်သို့ ရောက်သွားမလား မပြောတတ်။ အကယ်၍ သန္ဓေပြောင်းအစွမ်း နိုးထလာလျှင် စိတ်ဖောက်ပြန်သည့် အန္တရာယ်နှင့် ကြုံတွေ့ရမလား သူ မသိနိုင်ပေ။

နောက်တစ်ချက်မှာ သူ မည်သို့သော သန္ဓေပြောင်းအစွမ်းမျိုး ရရှိလာမည်နည်း။ သူ ရင်ခုန်သလိုလိုနှင့် စိုးရိမ်စိတ်လည်း ဝင်နေမိသည်။

"လောလောဆယ် အလျင်တစ်ခုပဲ အားနည်းချက် ရှိတော့တယ်"

"ပူစရာမလိုဘူး... တိုက်တွဲ (၂ ) ကို ငါ သိမ်းပိုက်ပြီးပြီပဲ... ဒီညမတိုင်ခင် ဟိုလူတွေ သန္ဓေပြောင်းငါးတွေ လာပို့ကြဦးမှာ... အဲဒီကျရင် အမှတ်တွေ အများကြီး ထပ်ရနိုင်သေးတယ်"

သူ့လက်ရှိ အရည်အသွေးများဖြင့် ဆိုလျှင် အစွမ်းနိုးထပြီးသား သန္ဓေပြောင်းလူသားများပင် သူ့ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ပေ။ တစ်ဖက်လူ၏ အစွမ်းက အလွန်ထူးဆန်းပြီး ကာကွယ်ရန် ခက်ခဲသော အစွမ်းမျိုး ဖြစ်နေလျှင်တော့ တစ်မျိုးပေါ့။ ဥပမာ - ရွှီလိဟွာ ကဲ့သို့ တစ်ဖက်လူ မသိအောင် တိတ်တဆိတ် ပူးကပ်ကာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းမျိုး ဆိုလျှင်တော့ သူလည်း ခံရနိုင်ချေ ရှိသည်။

ထို့ကြောင့်လည်း သူသည် ကာကွယ်ရေးနှင့် အသက်ရှင်သန်နိုင်စွမ်း တိုးတက်စေရန် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ဦးစားပေး မြှင့်တင်ရခြင်း ဖြစ်သည်။ ပြင်ပကမ္ဘာကြီးတွင် သန္ဓေပြောင်းအစွမ်းများက ဆန်းကြယ်လွန်းပြီး အန္တရာယ်များလှသည်။ ထို့ကြောင့် တိုက်ခိုက်ခြင်းထက် ကာကွယ်ခြင်းကို ဦးစားပေးပြီး အခြေအနေကို တည်ငြိမ်အောင် ထိန်းထားခြင်းက ပိုကောင်းပေလိမ့်မည်။

"မောင်လေး... ဒီအခွံတွေကို အမ အောက်ထပ်က အပင်စိုက်တဲ့ အခန်းကို သွားပို့လိုက်မယ်... အဒေါ်ကြီးလီတို့ မြေဆွေးလုပ်လို့ရအောင်လေ"

ရန်မေက လင်းယွမ်ကို ကူညီ၍ ခရုခွံကဲ့သို့သော အစိုဓာတ်ပါသည့် အမှိုက်များကို ရှင်းလင်းပေးနေခြင်း ဖြစ်သည်။

လင်းယွမ် ခေါင်းညိတ်လိုက်ပြီး "ကျွန်တော်လည်း အတူလိုက်ခဲ့မယ်... သွားကြည့်ရအောင်" ဟု ပြောလိုက်သည်။

အမှတ်များရရှိရေးပြီးလျှင် သစ်ပင်စိုက်ပျိုးသည့် အခန်းသည် လင်းယွမ် အာရုံအစိုက်ရဆုံး နေရာတစ်ခု ဖြစ်သည်။ အဒေါ်ကြီးလီတို့ ဟင်းသီးဟင်းရွက် စိုက်ပျိုးနိုင်တော့မည် ဖြစ်၍ မဟုတ်ဘဲ၊ သန္ဓေပြောင်း နေကြာပင်နှင့် မကြာသေးမီက ရှာဖွေတွေ့ရှိထားသော အခြားအပင်များကြောင့်သာ ဖြစ်သည်။

ရွှီလိဟွာသည် သန္ဓေပြောင်း အသီးကို စားမိရာမှ အစွမ်းများ နိုးထလာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူမသည် မည်သည့် စိတ်ဖောက်ပြန်မှုကိုမှ မခံစားခဲ့ရပေ။ လင်းယွမ် စဉ်းစားကြည့်လေလေ၊ သန္ဓေပြောင်းအသီးနှင့် သက်ဆိုင်နေသည်ဟု ယူဆမိလေလေပင်။ ထို့ကြောင့် သူသည် သန္ဓေပြောင်းအပင်များကို သုတေသနပြုရန် လိုအပ်ပေသည်။

နှစ်ယောက်သား အောက်ထပ်သို့ ဆင်းလာပြီး ၃၀ လွှာရှိ အခန်းထဲသို့ ဝင်ခဲ့ကြသည်။ ၃၁ လွှာကိုမူ ဆုန့်ဝမ်၊ ဟူဝေမင်နှင့် လျှိုတနန်တို့က နေရာယူထားကြသည်။ အပင်စိုက်ပျိုးခန်းသည် မိုးရေ လိုအပ်သောကြောင့် ရေ သယ်ရန် လွယ်ကူစေမည့် အပေါ်ဆုံးထပ်နှင့် နီးသောနေရာတွင် ထားရှိခြင်း ဖြစ်သည်။

"နံလိုက်တာ" ၃၁ လွှာသို့ ရောက်သည်နှင့် ရန်မေက နှာခေါင်းပိတ်လျက် ညည်းတွားလိုက်သည်။

အဒေါ်ကြီးလီနှင့် အဖွဲ့သားများက အလွှာ၃၀ တွင် အလုပ်ရှုပ်နေကြ၏။ လင်းယွမ်လည်း အသက်ကို အောင့်ထားလိုက်ရသည်။ အခန်း ၃၀၀၁ ထဲတွင် အဒေါ်ကြီးလီနှင့် အခြား အမျိုးသမီးနှစ်ဦး ရှိနေကြပြီး အားလုံး နှာခေါင်းစည်းများ တပ်ထားကြသည်။

အဒေါ်ကြီးလီက ညွှန်ကြားနေ၏။ "ဒီငါးကလီစာတွေနဲ့ မြေကြီးကို သေချာနှံ့အောင် မွှေလိုက်... ပြီးရင် ပုံထားလိုက်... ဒီရာသီဥတုနဲ့ဆိုရင် ရက်ပိုင်းအတွင်း ဆွေးမြည့်ပြီး သဘာဝမြေဆွေး ဖြစ်လာလိမ့်မယ်... အဲဒီကျရင် မြေကြီးထဲမှာ အာဟာရတွေ ပြည့်ဝနေတော့မှာ"

"လွီချိုင်ဟုန်... မျိုးစေ့တွေ ရေစိမ်ပြီးပြီလား... အညှောင့်ထွက်လာတဲ့ဟာတွေ ရွေးထုတ်ထားနော်"

လွီချိုင်ဟုန်က မျိုးစေ့များ ရွေးနေရင်း ပြန်ပြောသည်။ "အဒေါ်လီ... မြေကြီးက နည်းလွန်းတယ်... ဒီလောက် မြေကြီးလေးနဲ့ အပင်စိုက်လို့ ဖြစ်ပါ့မလား"

အဒေါ်ကြီးလီလည်း သက်ပြင်းချလိုက်မိသည်။ "မတတ်နိုင်ဘူးလေ... အခုချိန်မှာ ဘယ်ကနေ မြေကြီး သွားရှာရမလဲ"

"မောင်လင်းရဲ့ မျိုးစေ့တွေကို အရင် ဦးစားပေးစိုက်မယ်... ပြီးတော့ ဒီအရည်ရွှမ်းတဲ့ အပင်တွေကိုပါ စိုက်လိုက်... ဒီကောင်တွေက အသက်ပြင်းတယ်... နေရောင်မရှိလည်း ရှင်သန်နိုင်တယ်"

ထိုအချိန်တွင် လင်းယွမ် ဝင်လာခဲ့သည်။ အခန်းထဲတွင် မြေပုံလေးတစ်ခု ပုံထားသည်ကို မြင်လိုက်ရ၏။ အမျိုးသမီးတစ်ဦးက မြေဆွေးလုပ်နေပြီး ကျန်တစ်ဦးက မျိုးစေ့ရွေးနေသည်။

"အဒေါ်ကြီးလီ... မြေကြီး မလောက်ဘူးလား"

လင်းယွမ် မေးလိုက်ရာ အဒေါ်ကြီးလီက လှည့်ကြည့်ပြီး သက်ပြင်းချကာ ဆိုသည်။ "မြေကြီးက နည်းလွန်းတယ်ကွယ်... အပင်အများကြီး စိုက်လို့မရဘူး... မောင်လင်း ပေးထားတဲ့ မျိုးစေ့တွေကိုပဲ အရင် ဦးစားပေး စိုက်ရမှာ"

"မောင်လင်းရေ... ရေတွေက ဒီလောက်ကြီးနေတာ... နောက်ဆို မြေကြီးတောင် ရှိပါတော့မလား... ဘယ်လို ဆက်ရှင်သန်ကြမလဲအေ"

အဒေါ်ကြီးလီသည် ယခုမှပင် သတိထားမိပြီး မြေကြီးပြဿနာကို တွေးပူနေခြင်း ဖြစ်သည်။ လင်းယွမ်က အပြင်ဘက်မှ လှိုင်းတံပိုးထန်နေသော ရေပြင်ကြီးကို လှမ်းကြည့်ရင်း သက်ပြင်းချလိုက်သည်။

"ဒါကြောင့် ကျွန်တော် အချိန်လုပြီး ဖောင်လုပ်နေတာပေါ့... ထိုက်ယန်တောင် ဒါမှမဟုတ် မိန်တောင်ဘက်ကို သွားကြဖို့လေ"

"ဘာပဲပြောပြော အဲဒီအပေါ်မှာ မြေကြီးရှိသေးတယ်... စိုက်ပျိုးလို့ ရနိုင်သေးတယ်"

အဒေါ်ကြီးလီက ခေါင်းညိတ်ထောက်ခံသည်။ "နင်ပြောတာ ဟုတ်တယ်... ဒီမှာ ကြာကြာနေလို့ မဖြစ်တော့ဘူး"

လင်းယွမ်သည် အဒေါ်ကြီးလီတို့ သန္ဓေပြောင်း နေကြာစေ့များ စိုက်ပျိုးနေပုံနှင့် အရည်ရွှမ်းပင်၊ ရှားစောင်းပင်များကို မြေကြီးထဲ ရွှေ့ပြောင်းစိုက်ပျိုးနေပုံကို ကြည့်နေမိသည်။ ထို့နောက် သူ စဉ်းစားလိုက်ပြီး သူ၏ ပစ္စည်းသိုလှောင်ခန်း ထဲမှ ပဲမျိုးစုံ အနည်းငယ် ထုတ်လိုက်သည်။

မြေပဲ၊ ပဲနီလေး စသည်ဖြင့် တိုက်ရိုက်ပျိုးကြဲနိုင်သော အရာများ ဖြစ်သည်။ ရာသီဥတုနှင့် ကိုက်ညီမှု ရှိမရှိ သူ ဂရုမစိုက်တော့ပေ။ အဒေါ်ကြီးလီ လက်ထဲ အကုန်ထည့်ပေးလိုက်ပြီး စမ်းစိုက်ကြည့်ရန် မှာကြားလိုက်သည်။

ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲတိုးတက်နေချိန်တွင် ဤအရာများကို စိုက်ပျိုးလိုက်ပါက မည်သို့သော အံ့အားသင့်စရာများ ဖြစ်လာမလဲ မည်သူသိနိုင်မည်နည်း။

အမှတ် ၂ တိုက်တွဲတွင် ဝမ်လီလီ၊ ကျန်းဖန်တို့ ဦးဆောင်သော ကင်းလှည့်အဖွဲ့သည် အမှတ် ၃ တိုက်တွဲနှင့် အမှတ် ၂ တိုက်တွဲကြားရှိ လူသွားစင်္ကြံလမ်းကို ယာယီပိတ်ဆို့ထားလိုက်သည်။ သို့သော် အမှတ် ၂ တိုက်တွဲတွင် ဖြစ်ပျက်ခဲ့သမျှကို စင်္ကြံလမ်းတွင် နေထိုင်သူများမှတစ်ဆင့် အမှတ် ၃ တိုက်တွဲသို့ သတင်းဖြန့်ပြီး ဖြစ်နေလေပြီ။

ယခုအခါ အမှတ် ၃ တိုက်တွဲတွင် လူအများအပြား သတင်းစကားများ ပြောဆိုနေကြသည်။

"ကြားပြီးပြီလား... တိုက်တွဲ (၁) မှာ လူကြမ်းကြီးတစ်ယောက် ပေါ်လာတယ်တဲ့... လျှိုအားလုံကိုတောင် သတ်ပစ်လိုက်သတဲ့... အခု အဲဒီမှာ စည်းကမ်းတွေ ပြန်သတ်မှတ်နေပြီတဲ့"

"သူတို့က ဓားပြတိုက်တဲ့ကောင်တွေနဲ့ မုဒိမ်းကောင်တွေကို လိုက်ဖမ်းနေကြတယ် ဆိုလားပဲ"

"တိုက်တွဲ (၁) မှာ သရဲမ ရှိတယ်ဆို... လူတော်တော်များများ တိုက်တွဲ (၁) ကနေ ထွက်ပြေးလာကြတာလေ"

"ဘာသရဲမလဲ... ငါ စုံစမ်းပြီးပြီ... အဲဒီမိန်းမ နာမည်က ဝမ်ယန်မေတဲ့... သရဲမ မဟုတ်ဘူး... စိတ်ဒဏ်ရာရပြီး သန္ဓေပြောင်းလူသား ဖြစ်သွားတာတဲ့"

"သန္ဓေပြောင်းလူသား... အဲဒါ ဘာကြီးလဲ"

"ရေထဲက သန္ဓေပြောင်းငါးတွေလိုပဲပေါ့ကွ... လူတွေလည်း သန္ဓေပြောင်းသွားတာ"

"ဟာ... ဘာပြောတယ်... လူတွေလည်း ပြောင်းလဲကုန်ပြီ ဟုတ်လား"

"ဟုတ်တယ်... ပြီးတော့ ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ပြောပြမယ်... ဝမ်ယန်မေတင် မကဘူး... တိုက်တွဲ (၂) မှာလည်း သန္ဓေပြောင်းသတ္တဝါတွေ ပေါ်လာသေးတယ်"

"မင်းပြောတာ ၁၁ လွှာက သန္ဓေပြောင်းကြောင်တွေကို ပြောတာလား"

"အဲဒီကြောင်တွေက အပေါ်မတက်လာပါဘူးကွ... အောက်မှာပဲ ငါးဖမ်းစားနေကြတာ မဟုတ်လား"

"မင်းပြောတာတွေက အရင်ကကွ... သန္ဓေပြောင်းကြောင်တွေကို တိုက်တွဲ (၁) က လူကြမ်းကြီး လာသတ်သွားပြီ... ဝမ်ယန်မေတောင် သေသွားပြီ"

"ဒါဆို မင်းပြောတဲ့ သန္ဓေပြောင်းသတ္တဝါက ဘာလဲ"

"၃၁ လွှာကလေ... ရွှီလိဟွာကို မင်းတို့ သိကြတယ်မလား"

"ဟို... အာဘောင်အာရင်းသန်သန် ရွှီလိဟွာလား"

"အေး ဟုတ်တယ်... သူက သန္ဓေပြောင်းလူသား ဖြစ်သွားတာ... လူတွေအများကြီးကို သတ်ပစ်လိုက်တယ်... အိမ်ထဲမှာ သူ့ခွေးကို လူအရှင်လတ်လတ် ကျွေးတာတဲ့... ကံကောင်းလို့ တိုက်တွဲ (၁) က လူကြမ်းကြီး လက်ချက်နဲ့ ရွှီလိဟွာ သေသွားတာ... မဟုတ်ရင် လူဘယ်လောက် ထပ်သေဦးမလဲ မသိဘူး"

"ဘုရားရေ... တိုက်တွဲ (၂) မှာ လူတွေ ခဏခဏ ပျောက်ပျောက်နေတာ အဲဒါကြောင့်ကိုး... အရင်တုန်းက ဝမ်ယွိနန်၊ ကျန်းတာ့ချီ၊ ကျိုရှင်းတို့ ပျောက်သွားတုန်းက အမှတ် ၁ တိုက်တွဲက သရဲမ လက်ချက်လို့ ပြောနေကြတာ... အခုပြန်စဉ်းစားကြည့်တော့ ရွှီလိဟွာ လက်ချက်ပဲ နေမှာ"

"အမလေး... ဒီကမ္ဘာကြီး ဘာတွေဖြစ်ကုန်တာလဲ"

...............................................................................................................

အမှတ် ၃ တိုက်တွဲ၏ အခြေအနေမှာ ထူးဆန်းနေသည်။ မူလက အပြင်မထွက်ရဲသူများ ယခုအခါ စင်္ကြံလမ်းပေါ်သို့ ထွက်၍ သတင်းနားစွင့်နေကြသည်။ ၂၁ လွှာရှိ စင်္ကြံလမ်းတစ်ခုပေါ်တွင် အဘိုးအိုအချို့ ထိုင်၍ ယနေ့ဖြစ်ပျက်ခဲ့သည်များကို ဆွေးနွေးနေကြသည်။

"အစ်ကိုကျန်း... အပြင်မှာ သတင်းတွေ ပြန့်နေပြီ... အမှတ် ၁ တိုက်တွဲက လူငယ်လေးက တော်တော်စွမ်းတာပဲနော်"

"အေးလေ အစ်ကိုကော်ချန်... ငါ ကြားတာတော့ အဲဒီလူငယ်လေးက မင်းနဲ့ စကားပြောဖူးတယ်ဆို... ဒါဆို ငါတို့ အမှတ် ၁ တိုက်တွဲကို ပြန်လို့ရပြီလား"

"အစ်ကိုကျန်းရာ... ငါတို့လို အသက်ကြီးတဲ့လူတွေ ဒီစင်္ကြံလမ်းမှာ နေနေရတာ အဆင်မပြေပါဘူးကွာ"

"ဟုတ်တယ်... တိုက်တွဲ (၄) နဲ့ တိုက်တွဲ (၅) က လူတွေလည်း ဒီကိစ္စကို စုံစမ်းနေကြတယ်... ငါ ကြားတာတော့ တိုက်တွဲ (၁) မှာ ပေါက်စီတောင် ရောင်းနေတယ်တဲ့"

"အစ်ကိုကောချန်... မင်း တူမလေးကိစ္စ မျှော်လင့်ချက် ရှိလာပြီထင်တယ်"

"ဟုတ်တယ် အစ်ကိုကျန်း... တိုက်တွဲ (၆) က လူတစ်စုက အခုလောက်ဆို ကြောက်နေလောက်ပြီ... အဲဒီလူငယ်လေးက ကြေညာထားတယ်တဲ့... အနိုင်ကျင့် ဗိုလ်ကျတဲ့သူမှန်သမျှကို ရှင်းပစ်မယ်တဲ့... မင်း တူမလေးကိစ္စ သူ့ကို သွားအကူအညီတောင်းရင် ရလောက်တယ်"

....................................................................................

ကျန်းကောချန်က မျက်မှောင်ကြုတ်လျက် ဘေးလူများ ပြောဆိုနေသည်ကို နားထောင်ရင်း စိတ်ပူပန်နေမိသည်။ လင်းယွမ်က သူတို့ကို ခေါင်မိုးထပ်မှ လွှတ်ပေးလိုက်ပြီးကတည်းက လျှိုအားလုံတို့ ပြန်ဖမ်းမည်စိုး၍ အမှတ် ၃ တိုက်တွဲဘက်သို့ ထွက်ပြေးပုန်းအောင်းနေခဲ့ကြခြင်း ဖြစ်သည်။

ရက်ပိုင်းအတွင်းမှာပင် အမှတ် ၁ တိုက်တွဲမှ သတင်းများစွာ ထွက်ပေါ်လာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ လျှိုအားလုံဆိုသော လူယုတ်မာ သေဆုံးသွားရုံသာမက သရဲတစ္ဆေ သတင်းများပါ ထွက်လာခဲ့သည်။ ထို့နောက် အမှတ် ၂ တိုက်တွဲမှ သန္ဓေပြောင်းကြောင် သတင်းများ ပျံ့နှံ့လာပြန်သည်။

ထို့နောက်တွင် သေနတ်သံများ ကြားလိုက်ရပြီး လင်းယွမ်ဆိုသော လူငယ်လေးက အမှတ် ၁ တိုက်တွဲနှင့် ၂ တိုက်တွဲကို ရှင်းလင်းလိုက်ကြောင်း၊ ၇၆ တိုက်တွဲတစ်ခုလုံး၏ လုံခြုံရေးကို ကိုင်တွယ်တော့မည်ဖြစ်ကြောင်း သတင်းများ ကြားလိုက်ရသည်။

သူ အမှတ် ၃ တိုက်တွဲသို့ ထွက်ပြေးလာခြင်းမှာ အမှန်တော့ အမှတ် ၆ တိုက်တွဲသို့ သွားလို၍ ဖြစ်သည်။ သူ့တူမလေးက ၆ တိုက်တွဲတွင် နေထိုင်ပြီး သူမထံ သွားရောက် ခိုလှုံချင်ခဲ့သည်။ သို့သော် အမှတ် ၃ တိုက်တွဲနှင့် ၄ တိုက်တွဲကြားရှိ စင်္ကြံလမ်းကို တစ်စုံတစ်ယောက်က သော့ခတ်ပိတ်ဆို့ထားလေသည်။

စုံစမ်းမေးမြန်းကြည့်ရာမှ အမှတ် ၆ တိုက်တွဲတွင် လူတစ်စုက ၄၊ ၅၊ ၆ တိုက်တွဲများကို ထိန်းချုပ်ထားကြောင်း သိရသည်။ ထို့အပြင် သူ၏ တူမလေးမှာ ထိုလူစု၏ ဖမ်းဆီးခြင်းကို ခံထားရပြီး ယခုထိ အဆက်အသွယ် မရတော့ပေ။

သူသည် ၄ တိုက်တွဲဘက်သို့ သွားချင်သော်လည်း မသွားရဲပေ။ လျှိုအားလုံတို့ အဖွဲ့ကဲ့သို့ပင် သူတို့လို လူကြီးများကို ဖမ်းဆီးပြီး ကျွန်ပြု ခိုင်းစေမည်ကို ကြောက်ရွံ့နေမိသည်။

"ဒီတိုင်းနေလို့တော့ မဖြစ်တော့ဘူး... အဲဒီကောင်လေးဆီမှာ သေနတ်ရှိတယ်ဆိုတော့ သူ့ကို အကူအညီတောင်းရင် တိုက်တွဲ (၆) က လူတွေကို ရှင်းပေးနိုင်လောက်တယ်"

ထိုသို့ တွေးမိပြီးနောက် သူ ဆုံးဖြတ်ချက်ချကာ အံကိုတင်းတင်းကြိတ်လိုက်သည်။ "ကောင်းပြီ... ငါတို့ အဲဒီ ကောင်လေးဆီ သွားကြမယ်"

.............................................................................................

တိုက်တွဲ (၆) ၊ အခန်း ၃၂၁၂

ဤအခန်းပိုင်ရှင်၏ နာမည်မှာ ဝမ်ကျဲ ဖြစ်သည်။

ရေမကြီးခင်က သူသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ပြေးလွှားလုပ်ကိုင်နေရသော ဝန်ထမ်းတစ်ဦး ဖြစ်သည်။ နေ့ဘက်တွင် လုပ်ငန်းခွင်၌ အလုပ်လုပ်ရပြီး ညဘက်တွင် အလုပ်အပ်သူ သူဌေးများနှင့် အဖော်ပြုကာ အရက်သောက်ပေးရသည်။ အသက်ငယ်ငယ်နှင့်ပင် ရောဂါမျိုးစုံ ရနေလေပြီ။

ပိုက်ဆံ များများစားစား မစုမိသော်လည်း ခန္ဓာကိုယ်ကတော့ စောစီးစွာပင် ယိုယွင်းနေခဲ့သည်။ ခဲရာခဲဆစ် စုဆောင်းထားသည်လေးဖြင့် တိုက်ခန်းဝယ်ရန် ကနဦးပေးသွင်းငွေ သွင်းပြီး အပေါ်ဆုံးထပ် အခန်းလေးတစ်ခန်း ဝယ်ယူနိုင်ခဲ့သည်။ အိမ်ရှိလျှင် အိမ်ထောင်ပြုရန် မျက်နှာပန်းလှမည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် အိမ်သာ ဝယ်လိုက်ရသည်၊ ၁၀ ကြိမ်ကျော်အောင် တွေ့ဆုံမိတ်ဆက်ခဲ့သော်လည်း ရည်းစားမရခဲ့ပေ။ အကြောင်းရင်းမှာ ရှင်းပါသည်။ သူ့တွင် အိမ်ရာချေးငွေ ယွမ် သိန်း ၁၀၀ ကျော် အကြွေးတင်နေပြီး၊ ပင်စင်မရှိသော သက်ကြီးရွယ်အို မိဘနှစ်ပါးနှင့် ညီလေးတစ်ယောက်ကိုပါ ထောက်ပံ့နေရသောကြောင့် ဖြစ်သည်။

မိန်းကလေး အများစုက သူ့အခြေအနေကို ကြားသည်နှင့် စဉ်းစားမနေတော့ဘဲ ငြင်းပယ်လေ့ရှိကြသည်။ သူနှင့် အားနာ၍ ထမင်းလိုက်စားပေးသူများမှာလည်း မိဘများ အတင်းအကျပ် တိုက်တွန်းမှုကြောင့်သာ လာကြခြင်း ဖြစ်သည်။

မည်သည့် မိန်းကလေးမှ မအ,ကြပေ။ သူ့လို သိန်း ၁၀၀ ကျော် အကြွေးတင်နေသူနှင့် ဘဝကို မျှဝေခံစားလိုစိတ် ရှိကြမည် မဟုတ်။ ပင်စင်မရှိသော မိဘအိုများကို ပြုစုပြီး ပိုက်ဆံလိုနေသော ညီလေးတစ်ယောက်ကိုပါ စောင့်ရှောက်ရမည့် ဒုက္ခကို မည်သူက ခံလိုပါမည်နည်း။

အထူးသဖြင့် နောက်ပိုင်းနှစ်များတွင် အိမ်ခြံမြေဈေးများ ကျဆင်းလာရာ သူကဲ့သို့ အကြွေးဖြင့် အိမ်ဝယ်ထားသူများကို ငတုံးများဟု သတ်မှတ်လာကြသည်။ မိန်းကလေးတွေက ပါးနပ်ကြသည်... ဒီလိုအချိန်မှာ ဘယ်သူက သူ့လိုလူနဲ့ ရည်းစားဖြစ်ချင်ကြမည်နည်း...

ထို့ကြောင့် သူသည် အသက် ၃၂ နှစ်အရွယ်အထိ တစ်ကိုယ်တည်း ဖြစ်နေခဲ့ရသည်။ ထို့နောက် ရေဘေးကြီး ကျရောက်လာပြီး ကမ္ဘာကြီး ပြောင်းလဲသွားခဲ့သည်။

အစပိုင်းတွင် သူလည်း အခြားသူများကဲ့သို့ပင် မိုးရာသီ မုန်တိုင်းထန်ရုံ သက်သက်ဟုသာ ထင်မှတ်ခဲ့သည်။ တစ်လခန့်အကြာတွင် ရေမျက်နှာပြင် မြင့်တက်လာပြီး လူတစ်ရပ်ခန့် ရှိလာသည်။ လူတိုင်း အစားအသောက်များကို လုယက် ဝယ်ယူနေကြသော်လည်း သူက မတုန်လှုပ်ခဲ့ပေ။

လူငယ်တစ်ယောက်အနေဖြင့် ထိုလူများကို အစိုးရိမ်လွန်နေသည်ဟု ထင်မြင်ခဲ့သည်။ အစိုးရက မကြာခင် ကူညီကယ်ဆယ်ရေး လုပ်မည်ဖြစ်သဖြင့် အစားအသောက် စုဆောင်းစရာ မလိုဟု တွေးခဲ့သည်။

သို့သော် မိုးကမတိတ်တော့။ တီဗီထဲတွင် ခေါင်းဆောင်ကြီးများက ပြည်သူများ စည်းလုံးညီညွတ်ကြရန်နှင့် ကိုယ့်လုံခြုံရေး ကိုယ်ဂရုစိုက်ကြရန် တိုက်တွန်းလာကြသည်။ ထိုအခါမှ သူ ထိတ်လန့်သွားပြီး အစားအသောက် ဝယ်ရန် ပြေးလွှားရတော့သည်။

သို့သော် နောက်ကျသွားခဲ့ပြီ။ အစားအသောက် မပြောနှင့်၊ ဆိုင်များပင် ရေမြုပ်ကုန်လေပြီ။ မတတ်နိုင်သည့်အဆုံး ရေထဲဆင်းပြီး ငါးဖမ်းစားရတော့သည်။

သူက ဉာဏ်ပြေးသည်ဟု ဆိုရမည်။ ရေထဲမှ သန္ဓေပြောင်းငါးများကို ဖမ်းယူစားသောက်သော ပထမဆုံး လူအုပ်စုတွင် သူပါဝင်ခဲ့သည်။ ငါးဖမ်းရုံသာမက လျှပ်စစ်မီးနှင့် ဂက်စ် ရရှိနေသေးသော အချိန်ကို အသုံးချကာ ငါးများကို ကြိုတင်ကင်၍ အအေးခံ သိမ်းဆည်းထားခဲ့သည်။

ထိုသန္ဓေပြောင်းငါးများကို စားသောက်ရင်းဖြင့် သူသည် နှစ်လတိုင်တိုင် တောင့်ခံထားနိုင်ခဲ့သည်။

ထို့နောက် အပြင်လောကမှ လူများ ရူးသွပ်ကုန်ကြသည်။ အစားအသောက် လုယက်ခြင်း၊ အခန်းများ သိမ်းပိုက်ခြင်းနှင့် မိန်းမများကို စော်ကားခြင်းများ ပြုလုပ်လာကြသည်။ ဝမ်ကျဲသည် သာမန် ဝန်ထမ်းတစ်ဦးသာ ဖြစ်၍ ဥပဒေချိုးဖောက်သော အလုပ်များကို မလုပ်ရဲပေ။ အိမ်ထဲတွင်သာ ပုန်းအောင်းနေခဲ့သည်။

တစ်နေ့တွင် တစ်ဖက်ခန်းမှ သူ တစ်ဖက်သတ် ကြိုက်နေရသော မိန်းကလေး ကျန်းယွမ်ယွမ်ကို လူကောင်ကြီးကြီး ဗလကြီးများက တံခါးဖျက်ဝင်ပြီး ဖမ်းဆီးလေတော့သည်။ သူ ကြိတ်ကြွေနေရသော မိန်းကလေး၏ အော်ဟစ်အကူအညီတောင်းသံက သူ့ကို သတ္တိများ မွေးဖွားပေးလိုက်သည်။ သူ အခန်းထဲမှ ပြေးထွက်ပြီး ဝင်ရောက် ကယ်တင်ခဲ့သည်။

ထိုအကြိမ်တွင် သူ အကြီးအကျယ် အရိုက်ခံလိုက်ရပြီး သေလုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော် ထိုသေမင်းနှင့် စစ်ခင်းရသော အခြေအနေမှပင် သူ၏ သန္ဓေပြောင်းအစွမ်းများ နိုးထလာခဲ့လေသည်။

ထိုအချိန်မှစ၍ သူသည် ၄၊ ၅၊ ၆ တိုက်တွဲ သုံးခုလုံး၏ အရှင်သခင် ဖြစ်လာခဲ့တော့သည်။

ဆက်ရန်...

All Chapters