အခန်း (၆၃-၆၄)
Vol. 4 Ch. 63-64
အပိုင်း (၆၃) မုတ်ဆိတ်အဖွဲ့
"ဦးလေးမာ... ရှင် ဘာဖြစ်လာတာလဲ... သွေးတွေထွက်နေပါလား"
တံခါးဖွင့်ပေးလိုက်သူမှာ ဝူချင်းဖြစ်သည်။ သူမသည် ဦးလေးမာ ဒဏ်ရာရလာသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းဆိုသလို ပြာယာခတ်သွာပြီး အဒေါ်လီကို အော်ခေါ်လိုက်တော့သည်။
အသံကြား၍ အဒေါ်လီ အပြေးအလွှား ထွက်လာလေသည်။ လင်းယွမ်က ဦးလေးမာကို ကျောပိုးထားပြီး ဦးလေးမာ၏ ရင်ဘတ်တွင် သွေးစွန်းနေသော အဝတ်အစားများကို မြင်လိုက်ရသည့်အခါ အဒေါ်လီခမျာ ထိတ်လန့်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး မျက်ရည်များ ဝဲတက်လာလေသည်။
"အစ်ကိုမာရေ... ကိုမာ"
"အစ်ကိုမာ... ရှင် ဘယ်လိုဖြစ်ရတာလဲရှင်"
အဒေါ်လီမှာ ရှိုက်ကြီးတငင် အော်ဟစ်ငိုယိုရင်း ကူညီရန် အရှေ့သို့ ကမန်းကတန်း တိုးကပ်လာ၏။
လင်းယွမ်က "အမြန်လုပ်... ဆေးသေတ္တာ သွားယူလာခဲ့" ဟု လှမ်းပြောလိုက်သည်။
ဝူချင်းက ချက်ချင်းပင် ထူးလိုက်ပြီး အိပ်ခန်းထဲသို့ အပြေးသွားကာ ယူလေတော့သည်။
ဦးလေးမာမှာ အမောတကြီးဖြင့် လေကို ရှူရှိုက်နေရပြီး နဖူးတွင်လည်း ချွေးသီးချွေးပေါက်များ ကျနေသော်လည်း သူ့ဇနီးသည်ကို အားတင်းကာ နှစ်သိမ့်နေရှာသည်။
"ဘာမှမဖြစ်ပါဘူးကွာ... ငါ ဘာမှမဖြစ်ဘူး... အရေပြား ပွန်းသွားရုံလေးပါ... ကိစ္စမရှိပါဘူး"
လင်းယွမ်က ဦးလေးမာကို ဆိုဖာပေါ်တွင် တင်ပေးလိုက်ရာ အဒေါ်လီမှာ စိတ်ပူလွန်းသဖြင့် ဦးလေးမာ၏ အင်္ကျီကို ကပျာကယာ လှန်ကြည့်လေသည်။
"တင်းယန်... ငါ့အိမ်ကိုသွားပြီး ရန်မေကို ရေနွေးတည်ခိုင်းလိုက်ဦး"
"အဒေါ်လီ... မလန့်နဲ့... ဒဏ်ရာက မနက်ပါဘူး... ပိုးသတ်ဆေးထည့်ပြီး ပတ်တီးစည်းပေးလိုက်ရင် ရပြီ... ခဏလောက်တော့ လှုပ်လှုပ်ရှားရှား မလုပ်စေနဲ့ဦး... တစ်ပတ်လောက်ဆို သက်သာသွားမှာပါ"
လင်းယွမ်က အဒေါ်လီကို နှစ်သိမ့်စကား ပြောလိုက်သည်။
အဒေါ်လီမှာ မျက်ရည်များကို သုတ်ရင်း "အေးပါ... အေးပါကွယ်... ကျေးဇူးတင်ပါတယ် မောင်လင်းယွမ်ရယ်" ဟုသာ တဖွဖွ ပြောရှာသည်။
ထိုအချိန်တွင် ဝူချင်းက ဆေးသေတ္တာကို ကိုင်လျက် ပြေးထွက်လာသည်။
လင်းယွမ်က ဆေးသေတ္တာကို လှမ်းယူလိုက်ပြီး ဦးလေးမာကို ပြောလိုက်သည်။
"ဦးလေးမာ... အခု ပိုးသတ်ဆေး ထည့်ပေးမယ်... နည်းနည်းတော့ အောင့်ခံနော်"
ဦးလေးမာက လေတစ်ချက်ကို ဝအောင်ရှူလိုက်ပြီး ခေါင်းညိတ်ပြလေသည်။ "လုပ်သာလုပ်ပါကွာ"
လင်းယွမ်က အိုင်အိုဒင်းဆေးရည်ကို ဒဏ်ရာပေါ်သို့ လောင်းချလိုက်သည်။
ချက်ချင်းဆိုသလိုပင် ပြင်းထန်သော နာကျင်မှုကြောင့် ဦးလေးမာ့ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်တက်သွားပြီး မျက်နှာမှာ သွေးဆုတ်သွားကာ နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်မိသည်။
ရေကြီးမှုမတိုင်ခင်က ဤလူကြီးသည် အစိုးရဝန်ထမ်းဖြစ်ခဲ့ပြီး သက်တောင့်သက်သာ နေခဲ့ရသူမို့ ယခုလို ဒုက္ခမျိုးနှင့် မကြုံဖူးခဲ့ပေ။
အဒေါ်လီက သူ့လက်ကို အမြန်ဖမ်းဆုပ်ထားပေးရင်း မျက်ရည်များ ကျဆင်းလာကာ "သည်းခံလိုက်ပါအုန်း... ခဏလေးပါ... အစ်ကိုမာရယ်... ခဏလေးနဲ့ ပြီးသွားမှာပါ" ဟု အားပေးနေရှာသည်။
လင်းယွမ်၏ လှုပ်ရှားမှုများက လျင်မြန်လှသည်။ ဒဏ်ရာကို ဆေးကြောသန့်စင်ပြီးနောက် ပတ်တီးကို ယူကာ စည်းပေးလိုက်သည်။
မကြာခင်မှာပင် တင်းယန်နှင့် ရန်မေတို့လည်း ပြန်ရောက်လာကြသည်။
ရန်မေက ရေနွေးအိုးကို ကိုင်ကာ "မောင်လေး... မောင်လေး... ရေနွေးရပြီ" ဟု အလောတကြီး ပြောသည်။
တင်းယန်ကတော့ သူမအနောက်မှ လိုက်ပါလာ၏။ သူမသည် စကားပြောရန် ပြင်လိုက်သော်လည်း ရန်မေကို ကြည့်ပြီးနောက် မျက်ဝန်းများ မှေးမှိန်သွားကာ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်လေသည်။
လင်းယွမ်က "ငါ့ကို မပေးနဲ့... အဝတ်သန့်သန့် နည်းနည်းရှာပြီး ရေနွေးနဲ့ သွားပြုတ်ပေး... ပတ်တီးက လောက်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
"ဟုတ်... ဟုတ်ကဲ့" ရန်မေက ခေါင်းသွက်သွက်ညိတ်ပြသည်။
ကိစ္စအားလုံး ပြီးစီး၍ ဦးလေးမာကို ပိုးသတ်ဆေးတချို့ တိုက်ကျွေးပြီးမှသာ အားလုံး သက်ပြင်းချနိုင်ကြတော့သည်။
လင်းယွမ်က "ဒဏ်ရာက သိပ်မနက်ဘူး... ဦးလေးမာ ဘာမှမဖြစ်လောက်ပါဘူး... သုံးလေးရက်လောက်တော့ သေချာအနားယူလိုက်ပေါ့" ဟု ပြောသည်။
ဘေးမှ စကားဝင်ပြောရန် အခွင့်မသာခဲ့သော ဝူချင်းမှာ ထိုအချိန်ကျမှ အလောတကြီး မေးလေတော့သည်။ "လင်းယွမ်... ရှင်တို့နဲ့ပါသွားတဲ့ အစ်ကိုချိုင်ကော... သူရော ပြန်မလာဘူးလား"
သူမ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်ပေါ်လွင်နေသည်။ ဦးလေးမာ ဒဏ်ရာရလာသည်ကို မြင်လိုက်ရသဖြင့် သူမ၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်များ ဝင်ရောက်နေမိသည်။
လင်းယွမ်က "အမဝူ... စိတ်မပူပါနဲ့... အစ်ကိုချိုင်က ကျောက်ခိုင်နဲ့အတူ ရှိနေတယ်... သူတို့က တခြားတိုက်ခန်းဆောင်ဘက်ကနေ ထွက်သွားကြတာမို့ မကြာခင် ပြန်ရောက်လာလောက်ပါတယ်" ဟု ဖြေလိုက်သည်။
ထိုစကားကို ကြားမှသာ ဝူချင်းခမျာ သက်ပြင်းချနိုင်တော့သည်။
သူမက "အောက်မှာ ဘာတွေဖြစ်ခဲ့ကြတာလဲ... ဦးလေးမာက ဘယ်လိုလုပ် ဒဏ်ရာရလာတာလဲ" ဟု ထပ်မေးပြန်သည်။
လင်းယွမ်က "အဲ့ဒါတွေ ခဏထားလိုက်ဦး... တင်းယန်၊ အမဝူ၊ ရန်မေ... ငါတို့ လျှိုအားလုံရဲ့ ပစ္စည်းတွေကို အရင်သွားသယ်ကြမယ်" ဟု ဖြတ်ပြောလိုက်သည်။
တင်းယန်က ထိုစကားကို ကြားသည်နှင့် ခေါင်းညိတ်ထောက်ခံလိုက်သည်။ "ဟုတ်တယ်... ဟုတ်တယ်... ပစ္စည်းတွေက အရေးကြီးတယ်... တခြားလူတွေကို ဦးသွားလို့မဖြစ်ဘူး"
ဤအချိန်မျိုးတွင် ရိက္ခာနှင့် ပစ္စည်းများသည် အရေးအကြီးဆုံးဖြစ်သည်။
လင်းယွမ်က "အားလုံး သတိထားကြနော်... တိုက်ခန်းပိုင်ရှင်တွေအားလုံးက အ,နေကြတာ မဟုတ်ဘူး... တစ်ယောက်ယောက်က ငါတို့ထက် ဦးအောင် သွားယူထားတာမျိုး ဖြစ်နိုင်တယ်" ဟု သတိပေးလိုက်သည်။
တင်းယန်က ဒူးလေးကို ဆုပ်ကိုင်လိုက်ရင်း "သူတို့ လုပ်ရဲလို့လား... လျှိုအားလုံကို သတ်ခဲ့တာ ကျွန်မတို့လေ... သူတို့က ဘာအဆင့်မို့လို့ လာလုရမှာလဲ" ဟု မခံချင်စိတ်ဖြင့် ပြောလိုက်သည်။
အမျိုးသမီးသုံးဦးသည် လင်းယွမ်နှင့်အတူ အောက်ထပ်သို့ ဆင်းလာကြပြီး (၂၈) လွှာသို့ ရောက်သောအခါ အခန်းတံခါးမှာ ရိုက်ချိုးဖျက်ဆီးခံထားရသည်ကို တွေ့လိုက်ရသည်။
အခန်းထဲတွင် ပွစာကြဲနေပြီး လင်းယွမ် ယခင်က ချန်ထားခဲ့သော ပစ္စည်းအနည်းငယ်မှာလည်း ပြောင်သလင်းခါအောင် အခိုးခံလိုက်ရပြီဖြစ်ကာ အခန်းလွတ်ကြီးသာ ကျန်တော့သည်။
တင်းယန်၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားပြီး ဒေါသတကြီး ရေရွတ်လိုက်သည်။ "ဒီကောင်တွေ တော်တော်မိုက်ရိုင်းတာပဲ"
လင်းယွမ်က တည်ငြိမ်စွာပင် "မလောနဲ့... (၂၁) လွှာကို သွားကြည့်ကြတာပေါ့" ဟု ပြောလိုက်သည်။
လူစုသည် အောက်ထပ်သို့ လျင်မြန်စွာ ဆင်းလာကြရာ (၂၁) လွှာရှိ တံခါးမကြီးမှာလည်း ရိုက်ချိုးဖျက်ဆီး ခံထားရပြီး အတွင်း၌ လူတစ်စု ပစ္စည်းများ သယ်နေကြသည်ကို တွေ့လိုက်ရသည်။
တင်းယန်က ထိုမြင်ကွင်းကို မြင်သည်နှင့် "အားလုံး ရပ်လိုက်ကြစမ်း... အဲ့ဒီပစ္စည်းတွေက ငါတို့ပိုင်တာ" ဟု အော်ဟစ်လိုက်သည်။
အခန်းထဲရှိ အမျိုးသားအချို့သည် အသံကြားသဖြင့် လန့်သွားကြပြီး ခေါင်းမော့ကြည့်လာကြသည်။
အမျိုးသားတစ်ဦးနှင့်အတူ အမျိုးသမီးနှစ်ဦး ပါလာသည်ကို မြင်လိုက်ရသောအခါ သူတို့ သက်ပြင်းချလိုက်ကြသည်။
ထိုလူစုကို ဦးဆောင်သူမှာ ပါးသိုင်းမွှေး၊ မုတ်ဆိတ်များနှင့် လူတစ်ယောက်ဖြစ်ပြီး ခါးတောင့်တောင့်၊ ဗလတောင့်တောင့်နှင့်ဖြစ်သည်။ တင်းယန်ကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများ အရောင်တောက်သွားလေသည်။
သူသည် လင်းယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး လင်းယွမ်၏ အနောက်ရှိ ရန်မေကိုပါ ထပ်မြင်လိုက်ရသောအခါ မျက်လုံးအပြူးသား ဖြစ်သွားတော့သည်။
"ဟာကွာ... အကိုယွီ... ရှယ်ပဲကွ"
"အဟုပ်ပဲကွ... ဒီကောင်မလေး ရင်သားတွေက နည်းတာကြီးမဟုတ်ဘူး"
မုတ်ဆိတ်နှင့်လူ၏ ဘေးနားရှိ လူနှစ်ယောက်က အာမေဋိတ်သံများဖြင့် အော်ဟစ်လိုက်ကြပြီး ရန်မေကို ဝါးစားမတတ် စိုက်ကြည့်နေကြသည်။
ရန်မေခမျာ ကြောက်လန့်တကြားဖြင့် လင်းယွမ်၏ ကျောနောက်သို့ အမြန်ဝင်ပုန်းလေသည်။
မုတ်ဆိတ်နှင့်လူ၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာပြီး "ဟေ့ကောင်လေး... မင်း တော်တော် ကံကောင်းပါလား... တစ်ယောက်တည်း မိန်းမသုံးယောက်ကို သိမ်းပိုက်ထားတာပေါ့လေ... မင်းကို အခွင့်အရေးတစ်ခု ပေးမယ်... ဘယ်ဘက်က တစ်ယောက်နဲ့ အနောက်က တစ်ယောက်ကို ထားခဲ့လိုက်... ဟို အဒေါ်အရွယ် မိန်းမကိုတော့ မင်း ခေါ်သွားလို့ရတယ်... ငါ မင်းအသက်ကို ချမ်းသာပေးမယ်... အခု ထွက်သွားတော့" ဟု ပြောလိုက်သည်။
မုတ်ဆိတ်၏ အနောက်တွင် ရပ်နေသော မျက်မှန်နှင့် လူငယ်တစ်ယောက်က "အကိုယွီ... အဒေါ်အရွယ်ကလည်း အရသာရှိတာပဲဗျ... သူ့ကို ဘာလို့ ပြန်လွှတ်မှာလဲ" ဟု ညစ်ညမ်းစွာ ပြောဆိုလေသည်။
ဘေးနားရှိ နောက်လိုက်တစ်ယောက်ကလည်း နှာဘူးထသော လေသံဖြင့် "ရှောင်လွီ... မင်းက တက္ကသိုလ်ကျောင်းသား ဖြစ်ပြီး ဘယ်လိုလုပ် အဒေါ်အရွယ်ကို ကြိုက်နေရတာလဲကွ" ဟု ဝင်ပြောသည်။
ရှောင်လွီဆိုသူက ရှက်ရွံ့ခြင်း အလျဉ်းမရှိဘဲ ဟီးဟီး ရယ်မောကာ "အစ်ကိုဝမ်... အဒေါ်အရွယ်တွေက အပျိုစင်တွေထက် ပိုပြုစုတတ်တယ်ဗျ... တက္ကသိုလ်ကျောင်းသူတွေက နုလွန်းတော့ အဲ့လောက် အရသာမရှိဘူး... ဒီလို အဒေါ်အရွယ်က ရှားတယ်... ကျွန်တော် တစ်ခါမှ မမြည်းစမ်းဖူးသေးဘူး" ဟု ပြန်ပြောလေသည်။
မုတ်ဆိတ်နှင့်လူကလည်း သဘောကျစွာ ရယ်မောလိုက်ပြီး လင်းယွမ်ကို ကြည့်ကာ "ကောင်လေး... မင်း ကံဆိုးတာပဲ... အဲ့ဒီ အဒေါ်ကြီးကိုပါ ထားခဲ့လိုက်တော့... မင်း လစ်လို့ရပြီ" ဟု ပြောသည်။
လင်းယွမ်သည် ဒရုန်းဖြင့် တိုက်ခန်းများကို လိုက်လံကြည့်ရှုစဉ်က (၂၀) လွှာ၌ တွေ့ခဲ့ရသော လူသုံးယောက်မှန်း မှတ်မိလိုက်သည်။
ထိုစဉ်က ဤလူများသည် အမျိုးသမီးတစ်ဦးကို ကုတင်ပေါ်တွင် ကြိုးတုပ်ကာ စိတ်ကြိုက် နှိပ်စက်ကစားခဲ့ကြသူများ ဖြစ်သည်။
သူတို့ကို လျှိုအားလုံ၏ လူများလားဟု လင်းယွမ် သံသယဝင်ခဲ့ဖူးသည်။ သို့သော် ဦးလေးမာက မဟုတ်ကြောင်း ပြောခဲ့သည်။
ဤလူများသည် တိုက်ခန်းပိုင်ရှင်များသာ ဖြစ်နိုင်သည်။ တခြားသူများနည်းတူ လျှိုအားလုံ၏ အရိပ်အောက်တွင် ခေါင်းငုံ့ခံ နေထိုင်ခဲ့ရသော်လည်း အချင်းချင်းကျတော့ အုပ်စုဖွဲ့ ဗိုလ်ကျကာ အားနည်းသော အိမ်နီးချင်းများကို အနိုင်ကျင့် စော်ကားနေကြသူများ ဖြစ်သည်။
လင်းယွမ်သည် စကားအပိုများ မပြောလိုတော့ဘဲ သံတူရွင်းကို ကိုင်ကာ ၎င်းတို့အနားသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။
မုတ်ဆိတ်နှင့် လူသုံးယောက်၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားကြသည်။
"မင်း သေချင်နေတာလား"
"ရပ်လိုက်စမ်း"
"တောက်... ဟေ့ကောင်တွေ... လက်နက်တွေ ထုတ်ကြစမ်း"
လူသုံးယောက်သည် အသံကုန်ဟစ်ကာ ခါးကြားမှ သံပိုက်လုံး၊ မီးဖိုချောင်သုံး ဓားမကြီးနှင့် သစ်သီးလှီးဓားများကို အသီးသီး ဆွဲထုတ်လိုက်ကြသည်။
သူတို့သည် လက်နက်များကို ဝှေ့ယမ်းကာ လင်းယွမ်ထံသို့ ပြေးဝင်လာကြသည်။
ဤလူများသည် အများနှင့် တစ်ယောက် အနိုင်ကျင့်သည့် အလုပ်မျိုးကို ယခင်ကတည်းက ကျွမ်းကျင်နေပုံရသည်။
မုတ်ဆိတ်နှင့်လူ၏ ဓားမကြီးက လင်းယွမ်၏ ဦးခေါင်းတည့်တည့်သို့ ခုတ်ပိုင်းချလာပြီး၊ ရှောင်လွီ၏ သစ်သီးလှီးဓားက လင်းယွမ်၏ ခါးစောင်းကို ထိုးစိုက်ရန် ချိန်ရွယ်လာသည်။ နောက်ဆုံး ကျန်ရစ်သော နောက်လိုက်ကမူ ကောက်ကျစ်စဉ်းလဲစွာဖြင့် ကိုယ်ကိုကိုင်းကာ သံပိုက်လုံးဖြင့် လင်းယွမ်၏ ဒူးခေါင်းကို ရိုက်ချိုးရန် ပြင်လေသည်။
ထိုလူသုံးယောက်သည် ခေါင်း၊ ခါး၊ ခြေထောက် သုံးနေရာလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြရာ ရက်စက်ကြမ်းကြုတ်ပြီး အလွန်အမင်း ယုတ်မာကောက်ကျစ်လှသည်ဟု ဆိုရမည်။
သာမန်လူသာဆိုလျှင် ဤအခြေအနေ၌ နေရာမှာပင် အကြီးအကျယ် ဒဏ်ရာရသွားနိုင်သည်။
ကံဆိုးစွာဖြင့် သူတို့ တွေ့လိုက်ရသူမှာ လင်းယွမ် ဖြစ်နေ၏။
လင်းယွမ်၏ လက်ထဲမှ သံတူရွင်းသည် ဘေးတိုက် ရမ်းခါထွက်သွားသည်ကို မြင်လိုက်ရသည်။
ကြီးမားသော ခွန်အားအရှိန်ကြောင့် သံတူရွင်းသည် လေထုကို ခွဲကာ ကြောက်မက်ဖွယ်ကောင်းသော အသံဖြင့် ဝဲပျံသွားလေသည်။
လေတိုးသံ တဝေါဝေါဖြင့် လှုပ်ရှားမှုမှာ လျင်မြန်လွန်းလှ၏။
"ဒုန်း"
အသံနက်ကြီး တစ်ချက် ထွက်ပေါ်လာပြီးနောက် မုတ်ဆိတ်နှင့်လူ၏ လက်မောင်းရိုးမှာ "ဖြောင်း" ခနဲ ကျိုးသွားကာ တွဲလောင်းကျသွားတော့သည်။
နာကျင်လွန်းလှသော အော်ဟစ်သံကြီးသည် သူ့ပါးစပ်မှ အကျယ်လောင်ဆုံး ထွက်ပေါ်လာလေတော့၏။
ဆက်ရန်...
အပိုင်း (၆၄) လင်းယွမ်၏ တွက်ဆချက်
လင်းယွမ်က နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး ခြေကန်အားယူကာ ရှောင်လွီ၏ ဓားမြှောင်ကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် လေပေါ်သို့ ခုန်တက်ပြီး အားကုန် ကန်ထည့်လိုက်တော့သည်။
"ဘုန်း"
လေပေါ်ဝဲပျံကာ ကန်လိုက်သည့် ခြေကန်ချက်သည် ရှောင်လွီ၏ ဝမ်းဗိုက်တည့်တည့်သို့ ထိမှန်သွားသည်။
ထိုခဏချင်းမှာပင် ရှောင်လွီ၏ ပါးစပ်မှ သွေးများ အန်ထွက်လာပြီး မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့သွားသည်။ သူ၏ ခန္ဓာကိုယ်သည် သဲအိတ်တစ်လုံး လွင့်ထွက်သွားသကဲ့သို့ နောက်သို့ လွင့်စဉ်သွားပြီး နံရံထောင့်ကို "ဘုန်း" ခနဲ ဝင်တိုက်မိလေသည်။
လင်းယွမ်၏ ခွန်အားသည် သာမန်လူထက် သုံးဆခန့် ရှိနေပြီဖြစ်သည်။
ဤမျှ အားကုန်ထုတ်သုံးလိုက်သည့် ဒဏ်ကို သာမန်လူတစ်ယောက်အနေဖြင့် မည်သို့ ခံနိုင်မည်နည်း။
ထိုအချိန်မှာပင် ဘေးနားရှိ တင်းယန်ကလည်း လက်နက်ကို စတင်အသုံးပြုလာသည်။
သူမလက်ထဲမှ ဒူးလေးမြှားတံသည် "ထောက်" ခနဲ မြည်သံနှင့်အတူ ပြေးထွက်သွားသည်။
ပစ်မှတ်ကား လက်ကျိုးနေသည့် မုတ်ဆိတ်မွှေးနှင့်လူပင် ဖြစ်သည်။
ဒူးလေးမြှားတံမှ သံချွန်သည် "ဖောက်" ခနဲ အသံမြည်ကာ မုတ်ဆိတ်မွှေးနှင့်လူ၏ မျက်နှာတည့်တည့်သို့ စိုက်ဝင်သွားသည်။
ချက်ချင်းပင် သူသည် မျက်နှာကိုအုပ်ကာ နာကျင်စွာ အော်ဟစ်ငိုယိုလျက် မြေပြင်ပေါ် လဲကျသွားသည်။
လင်းယွမ်က မြေပြင်သို့ ပြန်ကျလာသည်နှင့် သံတူရွင်းကို လက်တစ်ဖက်ဖြင့် ထိုးစိုက်လိုက်သည်။
"ဗွက်" ခနဲ အသံနှင့်အတူ သံတူရွင်းက မုတ်ဆိတ်မွှေးနှင့်လူ၏ ခေါင်းကို တိုက်ရိုက် ဖောက်ထွက်သွားသည်။
ဦးနှောက်စများနှင့် ရောနေသော သွေးများက ပျံ့နှံ့စီးကျလာသည်။
လင်းယွမ်က ထိုမုတ်ဆိတ်မွှေးနှင့်လူကို ငုံ့ကြည့်ခြင်းပင် မပြုဘဲ ကြောင်အမ်းနေသည့် သံပိုက်လုံးသမားကိုသာ စိုက်ကြည့်လိုက်သည်။
လက်ထဲတွင် သံပိုက်လုံး ကိုင်ထားသည့် ထိုလူမှာ တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်နှာတွင် အကြောက်တရားတို့ အထင်းသား ပေါ်နေသည်။
သူက ကြောက်လန့်တကြား နောက်ဆုတ်ရင်း "မလာနဲ့... ဒီနားကို မလာနဲ့" ဟု အော်ဟစ်နေသည်။
ရှပ်... ရှပ်...
လင်းယွမ်က မုတ်ဆိတ်မွှေးနှင့်လူ၏ သွေးအိုင်ကို နင်းဖြတ်ကာ ခြေရာထင်ကျန်စေလျက် သံပိုက်လုံးသမားထံသို့ လျှောက်သွားသည်။
သူက အေးစက်စွာ ပြောလိုက်သည်။ "အားလုံးက အဖေအမေက မွေးထားတဲ့ လူတွေချည်းကို... မင်းတို့က ဘာလို့ တိရစ္ဆာန်ထက် ဆိုးတဲ့ အလုပ်တွေ လုပ်ရတာလဲ... အခန်း ၂၀၀၁ ထဲမှာ ဖမ်းထားတဲ့ ကောင်မလေးက ဘယ်သူလဲ"
သံပိုက်လုံးသမားမှာ လင်းယွမ်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအောက်တွင် အသက်ရှူပင် မဝချင်တော့ပေ။
သွေးစွန်းနေသော သံတူရွင်းကို ကိုင်ဆောင်ထားသည့် ထွားကျိုင်းသန်မာသော ခန္ဓာကိုယ်ကြီးနှင့် လင်းယွမ်သည် သူ့မျက်လုံးထဲတွင် နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
သံပိုက်လုံးသမားက ရုတ်တရက် "ဒုံး" ခနဲ ဒူးထောက်ချလိုက်ပြီး ငိုယိုတောင်းပန်လေသည်။
"အစ်ကိုကြီး... အစ်ကိုကြီး... ကျွန်တော် အရှုံးပေးပါပြီ... ကျွန်တော် အရှုံးပေးပါပြီဗျာ... ဒီအစားအသောက်တွေ အစ်ကိုကြီး ယူသွားပါ... ကျွန်တော့်ကိုတော့ လွှတ်ပေးပါ... ကျွန်တော့်အသက်ကို ချမ်းသာပေးပါဗျာ"
"ကျွန်တော် လူပါးဝမိပါတယ်... ကျွန်တော့်ကို မရှိသလို သဘောထားပြီး လွှတ်ပေးလိုက်ပါတော့"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီလေ" ဟု ပြောလိုက်သည်။
"ဗျာ"
လင်းယွမ်က ဤမျှ လွယ်လွယ်ကူကူ ပြောဆို၍ ရမည်ဟု မထင်ထားသဖြင့် သံပိုက်လုံးသမားမှာ ကြောင်အမ်းသွားသည်။
သို့သော် သူကြောင်ငေးနေသည့် ခဏလေးအတွင်းမှာပင် မျက်နှာချင်းဆိုင်ရှိ လင်းယွမ်က လက်ကို ရုတ်တရက် မြှောက်လိုက်သည်။
ကြီးမားသော ကြွက်သားများ ဖုထစ်သွားပြီး လက်ထဲမှ သံတူရွင်းကို အားကုန် လွှဲရိုက်ချလိုက်သည်။
"ဒုန်း"
သံတူရွင်းက သံပိုက်လုံးသမား၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
"ဂျွတ်"
ပြင်းထန်သော အားကြောင့် သံပိုက်လုံးသမား၏ ခေါင်းခွံမှာ ချက်ချင်း ပိန်ချိုင့်သွားသည်။
ထိုရိုက်ချက်အောက်တွင် ဦးခေါင်းရိုးများ ချက်ချင်း ကျိုးကြေပျက်စီးသွားသည်။
သံပိုက်လုံးသမား၏ ခန္ဓာကိုယ်သည် ထိုရိုက်ချက်အရှိန်ကြောင့် ဘေးဘက်သို့ လွင့်စဉ်သွားပြီး နံရံကို "ဝုန်း" ခနဲ ဝင်ဆောင့်မိလေသည်။
လင်းယွမ်က နံရံထောင့်သို့ ခြေလှမ်းကျဲဖြင့် လျှောက်သွားလိုက်သည်။ သို့သော် သံပိုက်လုံးသမားကို ဂရုမစိုက်ဘဲ သံတူရွင်းကိုသာ အရှိန်ဖြင့် ပစ်လွှတ်လိုက်သည်။
"စွပ်" ခနဲ အသံနှင့်အတူ သံတူရွင်းသည် အစောပိုင်းက တက္ကသိုလ်ကျောင်းသား ရှောင်လွီဆိုသူ၏ ရင်ဘတ်တည့်တည့်သို့ စိုက်ဝင်သွားသည်။
ရှောင်လွီ၏ ခန္ဓာကိုယ်သည် ခဏမျှ ဆတ်ခနဲ တုန်ခါသွားပြီးနောက် ငြိမ်ကျသွားတော့သည်။
ဖြစ်စဉ်တစ်ခုလုံးကို ပြန်ပြောပြနေရသဖြင့် ကြာသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ စက္ကန့်သုံးဆယ်ပင် မကြာလိုက်ပေ။
လူသုံးယောက်ကို ဆက်တိုက် သတ်ဖြတ်လိုက်သော်လည်း လင်းယွမ်မှာ မည်သို့မျှ စိတ်မသက်မသာဖြစ်ခြင်း မရှိပေ။
သို့သော် တံခါးဝရှိ ရန်မေနှင့် ဝူချင်းတို့မှာမူ ထိုသွေးသံရဲရဲ မြင်ကွင်းကြောင့် အစာအိမ်ထဲမှ လှိုက်တက်လာကာ သည်းမခံနိုင်တော့ဘဲ ထိုနေရာမှာပင် အန်ချကြတော့သည်။
လင်းယွမ်က လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"အမမေ... အမဝူ... အခုခေတ်က အရင်လို မဟုတ်တော့ဘူး... ဒီမိုးကြီးက ဘယ်တော့မှရပ်မယ်မှန်း မသိသလို ရေကြီးတာကလည်း ပိုဆိုးလာလိမ့်မယ်... အခုက ကပ်ဘေးကာလ ရောက်နေပြီ"
"ဥပဒေဆိုတာက လူတွေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး... ကိုယ်ကျင့်တရားဆိုတာကလည်း အသိစိတ်ရှိတဲ့ လူနည်းစုလောက်ကိုပဲ ထိန်းချုပ်နိုင်တော့မှာ"
"လက်နက်ရှိမှပဲ ကိုယ့်ကိုယ်ကိုယ် တကယ်တမ်း ကာကွယ်နိုင်မှာ"
"ကျွန်တော်က သတ်ချင်လို့သတ်တာမဟုတ်ဘူး... ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့နဲ့ အမတို့ကိုကာကွယ်ဖို့အတွက် သတ်ရတာပဲ"
"ဖြည်းဖြည်းချင်း အသားကျအောင် လုပ်ကြပါ... ဒီကပ်ဘေးကာလကို စောစော အသားကျလေ ကောင်းလေပဲ... ကျွန်တော်က အမတို့ဘေးနားမှာ အမြဲရှိနေနိုင်မှာ မဟုတ်ဘူး... အရာအားလုံးက ကိုယ့်အားကိုယ်ကိုးရမှာ"
ထိုသို့ပြောပြီးနောက် လင်းယွမ်က မုတ်ဆိတ်မွှေးနှင့်လူတို့ ထုပ်ပိုးထားသော ပစ္စည်းများကို ဆွဲမလိုက်ပြီး အခန်းကို တစ်ချက် စစ်ဆေးကြည့်လိုက်သည်။
ကျန်ရစ်ခဲ့သော ပစ္စည်းမရှိသည်ကို သေချာစေပြီးနောက် လင်းယွမ်က အလောင်းများကို အောက်ထပ်သို့ ပစ်ချလိုက်သည်။
တင်းယန်ကလည်း ထိုအမျိုးသမီးနှစ်ဦးကို တိုးတိုးတိတ်တိတ်ဖြင့် စကားအနည်းငယ် ပြောလိုက်သည်။
ရန်မေနှင့် ဝူချင်းတို့မှာ မျက်နှာများ ဖြူဖျော့နေသော်လည်း အခြေအနေကို အသားကျအောင် ကြိုးစားရင်း ပစ္စည်းများကို ကူသယ်ပေးကြသည်။
တင်းယန်က လင်းယွမ်အနားသို့ လျှောက်လာပြီး "ပစ္စည်းတွေ တော်တော် လျော့သွားတယ်" ဟု ပြောသည်။
လင်းယွမ်က ခေါင်းညိတ်ကာ "တံခါးသော့တွေ ပျက်နေတာဆိုတော့ တခြားလူတွေ ဝင်လုသွားတာ နေလိမ့်မယ်" ဟု ပြန်ပြောလိုက်သည်။
တကယ်တော့ ပစ္စည်းအများစုမှာ လင်းယွမ်၏ "ပစ္စည်းသိုလှောင်ခန်း" ထဲ ရောက်နေပြီ ဖြစ်သော်လည်း သူက စနစ်အကြောင်း မည်သူ့ကိုမျှ ပြောပြမည် မဟုတ်ပေ။
တင်းယန်က သက်ပြင်းချလိုက်ပြီး "ကျွန်မတို့ အချိန်မီ ဆင်းလာလို့ တော်သေးတာပေါ့... မဟုတ်ရင် ဒီလောက်လေးတောင် ရမှာမဟုတ်ဘူး" ဟု ပြောသည်။
လင်းယွမ်က "ဒီပစ္စည်းတွေက ငါတို့လူစုအတွက် နှစ်ပတ် စာလောက်တော့ လောက်ပါတယ်... ငါ သူတို့ကို အပေါ် ပြန်လိုက်ပို့ပေးလိုက်ဦးမယ်... ခဏနေကျရင် ဒီအခန်းထဲက သစ်သားပရိဘောဂတွေနဲ့ သစ်သားကြမ်းခင်းတွေကိုပါ ရအောင် ဖြုတ်ယူရမယ်" ဟု ပြောလိုက်သည်။
"ပြီးတော့ အဝတ်အစားတွေရောပဲ"
တင်းယန်က ကြောင်သွားပြီး "ဒါတွေက ဘာလုပ်ဖို့လဲ" ဟု မေးလိုက်သည်။
လင်းယွမ်က ရှင်းပြသည်။ "မီးမွှေးပြီး ထမင်းချက်ဖို့ပဲဖြစ်ဖြစ်၊ မီးအလင်းရောင်အတွက်ပဲဖြစ်ဖြစ် လောင်စာ လိုတယ်လေ"
"ပြီးတော့ ဒီတိုက်မှာ သိပ်ကြာကြာ နေလို့ရမယ် မထင်ဘူး... ငါတို့ သစ်သားဖောင် တစ်ခုလောက် လုပ်ဖို့ လိုလိမ့်မယ်"
တင်းယန်မှာ ထိုစကားကြောင့် အံ့သြသွားပြီး "သစ်သားဖောင် ဟုတ်လား... ရှင်... ရှင်က ဒီကနေ ထွက်သွားမလို့လား" ဟု မေးလိုက်သည်။
ထိုစကားကြောင့် ရန်မေနှင့် ဝူချင်းတို့လည်း စိတ်ဝင်စားသွားကြသည်။
ရန်မေက "မောင်လေးရယ်... ဒီမှာ နေလို့ကောင်းနေတာပဲ... ဘာလို့ ထွက်သွားချင်ရတာလဲ" ဟု အလောတကြီး မေးသည်။
ဝူချင်းကလည်း "လင်းယွမ်... အပြင်မှာ ရေတွေကြီးနေတာ... ထွက်သွားရင်လည်း နေစရာမှ မရှိတာ" ဟု ဝင်ပြောသည်။
လင်းယွမ်က ခေါင်းခါလိုက်သည်။ "ရေကြီးကာစတုန်းက ဒီမိုးက ဒီလောက်အထိ ရွာမယ်လို့ ဘယ်သူ ထင်ခဲ့လို့လဲ"
"အမတို့ ကြည့်ကြည့်လေ... ဒီမိုးကြီးက ရပ်မယ့်ပုံ ပေါက်နေလို့လား"
ရန်မေက "ရေမျက်နှာပြင်က (၃၂) ထပ်အထိ တက်လာမယ်လို့တော့ မထင်ပါဘူး" ဟု ပြောရှာသည်။
လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "ဘာလို့ မဖြစ်နိုင်ရမှာလဲ... အစတုန်းကရော (၁၀) ထပ်အထိ ရေမြုပ်မယ်လို့ ဘယ်သူ တွေးမိခဲ့ကြလို့လဲ"
"ရေနွေးအိုးထဲက ဖားလိုပဲ... အန္တရာယ်ကို ကြိုမမြင်ရင် ကျွန်တော်တို့ ဒီနေရာမှာ ပိတ်မိပြီး သေသွားလိမ့်မယ်"
တင်းယန်က စိုးရိမ်တကြီးဖြင့် "ဒါပေမဲ့ အပြင်မှာ ရေတွေကြီးနေတာလေ... (၃၂) ထပ်က စိတ်မချရဘူးဆိုရင် ကျွန်မတို့ ဘယ်သွားကြမှာလဲ" ဟု မေးသည်။
ဝူချင်းကလည်း "ဟုတ်တယ်လေ... (၃၂) ထပ်ဆိုတာ နိမ့်တာမှ မဟုတ်တာ... ရေတက်မယ်ဆိုရင်တောင် ချက်ချင်းကြီး တက်မလာ လောက်ပါဘူး... ကျွန်မတို့မှာ အချိန်ရှိပါသေးတယ်" ဟု ထောက်ခံပြောဆိုသည်။
လင်းယွမ်က သက်ပြင်းချလိုက်သည်။ "ခင်ဗျားတို့ အရမ်း ရိုးအလွန်းအားကြီးတယ်... ရေတက်မယ့်ကိစ္စ တစ်ခုတည်းကိုပဲ တွေးနေကြတာကိုး... ရေအောက်ထဲက သန္ဓေပြောင်း ငါးတွေအကြောင်းကို ထည့်မတွေးကြဘူးလား"
"အစတုန်းက ပင်လယ်ရေတွေ မြစ်ထဲမဝင်လာသေးတော့ ရေထဲမှာ သန္ဓေပြောင်း ငါးတွေ သိပ်မရှိဘူး"
"ဒါပေမဲ့ အခု ကြည့်ကြည့်လေ... ရေထဲမှာ ရွက်တိုက်ငါးတွေ... ပင်လယ်ကကတစ်တွေလို သန္ဓေပြောင်း သတ္တဝါတွေ ပေါ်လာနေပြီ"
"အခု ရေမျက်နှာပြင်က (၁၀) ထပ်အမြင့်လောက်ပဲ ရှိသေးလို့ ဒီလောက် ငါးတွေပဲ တွေ့ရတာ"
"ခင်ဗျားတို့ မစဉ်းစားမိဘူးလား... ရေမျက်နှာပြင်သာ ဒီထက်မြင့်တက်လာရင် ပင်လယ်နက်ထဲက သတ္တဝါကြီးတွေ ဒီရေပြင်ထဲ ရောက်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ"
"အဲဒီအချိန်ကျမှ ကျွန်တော်တို့ ထွက်ပြေးချင်ရင်တောင် ပြေးလို့ရတော့မှာ မဟုတ်ဘူး"
"ဒါကြောင့် ဒီကနေ အမြန်ဆုံးခွာနိုင်လေ ကောင်းလေပဲ"
လင်းယွမ်၏ စကားများကြောင့် အမျိုးသမီးများအားလုံး ကြောင်အမ်းသွားကြသည်။
သူတို့ ဤမျှအထိ လှမ်းမတွေးမိခဲ့ကြပေ။
မဟုတ်သေး... မတွေးမိခြင်း မဟုတ်၊ မတွေးရဲခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။
အကယ်၍ လင်းယွမ် ပြောသကဲ့သို့ တကယ်ဖြစ်လာခဲ့လျှင် ဤကမ္ဘာလောကကြီးတွင် လူသားများ မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်နည်း။
လင်းယွမ်က ပစ္စည်းများကို လွယ်ပိုးရင်း နှုတ်ဆိတ်နေသော အမျိုးသမီးသုံးဦးကို ဦးဆောင်ကာ အခန်း ၃၂၀၂ သို့ ပြန်တက်လာခဲ့သည်။
တခြားလူတွေ မည်သို့ တွေးမည်ကို လင်းယွမ် မသိပေ။
သို့သော် ဤရေလွှမ်းမိုးမှုကြီးသည် လွယ်လွယ်နှင့် ရပ်တန့်သွားမည် မဟုတ်ကြောင်း သူ အာရုံရနေသည်။
သတ္တဝါအားလုံး သန္ဓေပြောင်းလဲနေကြပြီး ကမ္ဘာကြီးသည် လူသားတို့ စိတ်ကူးမယဉ်နိုင်သော လမ်းကြောင်းသို့ ပြောင်းလဲတိုးတက်နေသည်။
တစ်ခါတစ်ရံတွင် ရှေးဟောင်းဒဏ္ဍာရီထဲက ကမ္ဘာပျက်မိုးကြီးဆိုတာ အခုလိုမျိုး ဖြစ်နေမလားဟု လင်းယွမ် တွေးနေမိသည်။
ဆက်ရန်...