အခန်း (၉၂၇-၉၂၈)
Vol. 47 Ch. 927-928
အပိုင်း (၉၂၇) မြောက်ပိုင်းနှင့် တောင်ပိုင်း၏ လှုပ်ရှားမှုများ
အချိန်တွေ ကုန်ဆုံးသွားတာ မြန်ဆန်လွန်းလှပြီး တစ်လဆိုသော အချိန်ကာလမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကုန်လွန်သွားခဲ့သည်။
ဤတစ်လတာ ကာလအတွင်း တောင်ပိုင်းသို့ဆင်း၍ အရိပ်တပ်ဖွဲ့ကို ရှင်းလင်းမည့် အစီအစဉ်မှာ အရှိန်အဟုန်ပြင်းစွာဖြင့် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။
ထိုဘက်ဆီမှ အောင်ပွဲခံသတင်းများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီး အရိပ်တပ်ဖွဲ့ဝင်များသည် ထိုက်ယန်တောင်မှ လင်ယွီရုံတို့ ဦးဆောင်သော တပ်ဖွဲ့၏ တောက်လျှောက် လိုက်လံချေမှုန်းခြင်းကို ခံနေကြရသည်။
အရိပ်တပ်ဖွဲ့ဝင်များသည် မင်ပြည်နယ်မှ ကွမ်းတုံပြည်နယ်သို့ တောက်လျှောက် ဆုတ်ခွာထွက်ပြေးခဲ့ကြပြီး ထိုမှတစ်ဆင့် ယခင်က အရှေ့ပင်လယ် ဖြစ်ခဲ့သော နေရာအထိ ထွက်ပြေးသွားခဲ့ကြသည်။
"ဟမ်... ဒီအရိပ်တပ်ဖွဲ့ဝင်တွေက ဒီလောက်တောင် အားနည်းတာလား"
ထမင်းဝိုင်းတွင် တင်းယန် တင်ပြလာသော သတင်းအချက်အလက်များကို နားထောင်ရင်း လင်းယွမ်က အနည်းငယ် အံ့သြစွာဖြင့် မေးလိုက်သည်။
အရိပ်တပ်ဖွဲ့က အရှိန်အဟုန်ပြင်းပြင်းဖြင့် ချီတက်လာခဲ့သောကြောင့် အတိုင်းအတာတစ်ခုအထိတော့ အင်အားရှိလိမ့်မည်ဟု သူက ထင်ထားခဲ့သည်။ သို့သော် ယခုလို တောက်လျှောက် ထိုးစစ်ဆင်လာချိန်တွင် မည်သည့် အတားအဆီးမျှ မရှိသကဲ့သို့ အရိပ်တပ်ဖွဲ့ကို အလွယ်တကူပင် ချေမှုန်းနိုင်ခဲ့လေသည်။
ရန်မေနှင့် အခြားသူများလည်း အလွန် သိချင်သွားကြပြီး ဆုန့်ဝမ်က မနေနိုင်ဘဲ မေးလိုက်သည်။ "အရိပ်တပ်ဖွဲ့က ဒီလောက် အားနည်းနေတာကို... အရင်တုန်းက မင်ပြည်နယ်နဲ့ ကွမ်းတုံပြည်နယ်က အသက်ရှင်ကျန်ရစ်သူတွေက ဘာလို့ အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရတာလဲ"
တင်းယန်က ခေါင်းခါယမ်းလိုက်ပြီး "မင်ပြည်နယ်နဲ့ ကွမ်းတုံပြည်နယ်က အသက်ရှင်ကျန်ရစ်သူတွေထဲမှာလည်း အစွမ်းထက်တဲ့သူတွေ ရှိတယ်... ဒါပေမဲ့ သူတို့ရဲ့ သင်္ကေတနည်းပညာက အချိန်မီ မတိုးတက်လာခဲ့လို့ပဲ" ဟု ပြန်ဖြေသည်။
"ဒါကြောင့် အရိပ်တပ်ဖွဲ့ရဲ့ ဓာတ်ရောင်ခြည်ဗုံး တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရတဲ့အခါ သူတို့မှာ လုံးဝ ပြန်လည်ခုခံနိုင်စွမ်း မရှိခဲ့ဘူး"
"ဒါပေမဲ့ ကျွန်မတို့ ထိုက်ယန်တောင်ကတော့ မတူဘူးလေ... စွမ်းအင်ချိတ်ပိတ် အစီအရင်က ဓာတ်ရောင်ခြည်ဗုံးရဲ့ အစွမ်းကို ထိန်းချုပ်နိုင်စွမ်းရှိတယ်... ပြီးတော့ ကျွန်မတို့ဘက်မှာ အစွမ်းထက်တဲ့သူတွေလည်း အများကြီးရှိနေတော့ အရိပ်တပ်ဖွဲ့ကို အလွယ်တကူ ရှင်းလင်းနိုင်တာက သဘာဝကျပါတယ်"
"ဒါနဲ့... မကြာခင်မှာ ဟိုဘက်ကနေ ရေပေါ်ကျွန်း ဆယ့်တစ်ကျွန်းကို ထိုက်ယန်တောင် ကျွန်းပတ်လည်ဆီ ပို့ပေးလာလောက်တယ်"
"ဆယ့်တစ်ကျွန်းတောင်လား"
"ဟယ်... အများကြီးပဲနော်"
ရန်မေနှင့် တုံယန်တို့သည် မနေနိုင်ဘဲ အံ့သြတကြီး ကြည့်လိုက်မိကြသည်။
တင်းယန်က ပြုံး၍ ပြောလိုက်သည်။ "အဲဒါတွေအကုန်လုံးက အရင်က မင်ပြည်နယ်နဲ့ ကွမ်းတုံပြည်နယ်က ရေပေါ်ကျွန်းတွေပါ... အရိပ်တပ်ဖွဲ့က သိမ်းပိုက်ထားခဲ့တာလေ... အခု သူတို့ကို ငါတို့ မောင်းထုတ်လိုက်တော့ ဒီရေပေါ်ကျွန်းတွေကို သူတို့ သယ်သွားဖို့ အချိန်မရလိုက်ဘူး"
"အခုတော့ ဒီရေပေါ်ကျွန်းတွေ အကုန်လုံး ငါတို့ပိုင် ဖြစ်သွားပြီ... နှမြောစရာကောင်းတာက လေပေါ်ကျွန်းတွေပဲ"
"အရိပ်တပ်ဖွဲ့က လေပေါ်ကျွန်းတွေမှာ ပျံသန်းနိုင်တဲ့ ဂျက်အင်ဂျင် အောက်ခံပြားတွေ တပ်ဆင်ထားတာဆိုတော့ လေပေါ်ကျွန်းတွေကို သူတို့ အကုန် သယ်သွားကြပြီ"
"ဂျက်အင်ဂျင် အောက်ခံပြား ဟုတ်လား" ဆုန့်ဝမ်က သံသယဖြင့် မေးလိုက်သည်။
လင်းယွမ်၏ စိတ်ထဲတွင် ပေ့မင်အဖွဲ့၏ မီးတောင်ကျွန်း အောက်ခြေတွင် ဧရာမ ဂျက်အင်ဂျင် အောက်ခံပြားကြီး တပ်ဆင်ထားသည်ကို သွားသတိရလိုက်သည်။
၎င်းသည် လားရာကို အလွယ်တကူ လှည့်ပတ်နိုင်ပြီး ပန်းထုတ်သည့် လားရာကို ချိန်ညှိကာ ကျွန်း၏ သွားလာမည့် ဦးတည်ချက်ကို ပြောင်းလဲပေးနိုင်သည်။
နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေတို့၏ ပူးပေါင်းကူညီမှုဖြင့် ရေပေါ်ကျွန်းကို ပင်လယ်ထဲတွင် လွတ်လပ်ပေါ့ပါးစွာ သွားလာနိုင်စေသည်။
အရိပ်တပ်ဖွဲ့သည် လေပေါ်ကျွန်းများတွင်ပင် ဤကဲ့သို့သော စက်ကိရိယာများကို တပ်ဆင်ထားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ယခင်က သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ လူများ ဤစက်ကိရိယာကို မြင်တွေ့ခဲ့ရစဉ်က အလွန် စိတ်ဝင်စားခဲ့ကြသည်။
သိထားသင့်သည်မှာ ယခင်နှစ်များက ကျန်းယွီကျန်းသည် တိမ်မြူကျွန်း သင်္ဘောကို တည်ဆောက်ရန် ငွေကြေးမြောက်မြားစွာ အကုန်အကျခံခဲ့သော်လည်း သင်္ဘောပေါ်ရှိ သယံဇာတများကိုသာ သယ်ဆောင်သွားခဲ့ပြီး တိမ်မြူကျွန်းကို သယ်ဆောင်သွားရန် မစဉ်းစားခဲ့ပေ။
ပထမအချက်အနေဖြင့် တိမ်မြူကျွန်း၏ အမြန်နှုန်းက နှေးကွေးလွန်းပြီး ထွက်ခွာသွားမည်ဆိုပါကလည်း အလွန် သိသာထင်ရှားလွန်းနေသည်။
ဒုတိယအချက်အနေဖြင့် ကျွန်းတစ်ကျွန်းကို အရှိန်မြှင့်စက် တပ်ဆင်နိုင်လိမ့်မည်ဟု အမှန်တကယ်ပင် မစဉ်းစားမိခဲ့သောကြောင့် ဖြစ်သည်။
လင်းယွမ်အတွက်မူ ယခု သူပိုင်ဆိုင်ထားသော မြေနေရာ အရင်းအမြစ်များက အမှန်တကယ်ပင် လုံလောက်စွာ ကြီးမားကျယ်ပြန့်နေပြီ ဖြစ်သည်။
ယနေ့အချိန်တွင် ထိုက်ယန်တောင် အင်အားစု၏ ရေပေါ်ကျွန်းနှင့် လေပေါ်ကျွန်း အရေအတွက် ပေါင်းလိုက်လျှင်ပင် ငါးဆယ်ကျော်နေပြီ ဖြစ်သည်။
သို့သော် ထိုက်ယန်တောင် အင်အားစု နယ်မြေအတွင်းရှိ လူဦးရေ စုစုပေါင်းမှာမူ သိပ်မများလှပေ။ အများဆုံးမှ လူသုံးသောင်းထက် မကျော်ပေ။
ဤလူသုံးသောင်းကို ရေပေါ်ကျွန်းနှင့် လေပေါ်ကျွန်း ငါးဆယ်ပေါ်တွင် ခွဲဝေချထားလိုက်ပါက မြေကျယ်ပြီး လူရှင်းလွန်းသည်ဟုပင် ဆိုနိုင်သည်။
သေချာသည်ကတော့ ရေပေါ်ကျွန်းနှင့် လေပေါ်ကျွန်း အများစုမှာ လူနေထိုင်ရန် မသင့်တော်ပေ။
ဥပမာအားဖြင့် တွင်းနက်အရိပ်ရေပေါ်ကျွန်း သို့မဟုတ် ငရဲကျွန်းတို့ကဲ့သို့သော နေရာများ ဖြစ်သည်။
သို့တိုင်အောင် ထိုက်ယန်တောင်၏ လူဦးရေနှင့် မြေနေရာ အချိုးအစားမှာမူ ပြင်းထန်စွာ မညီမမျှ ဖြစ်နေဆဲပင်။
သေချာသည်ကတော့ မည်သူမျှ မိမိ၏ ပိုင်နက်နယ်မြေ ကျယ်ဝန်းသည်ကို ငြင်းပယ်မည် မဟုတ်ပေ။
နောက်ဆုံးတွင် နောင်တစ်ချိန်၌ လူဦးရေများ တိုးပွားလာပါက ဤကျွန်းများ၏ မြေနေရာ အရင်းအမြစ်များ မလုံလောက်သည့် အချိန်တစ်ချိန် ရောက်လာနိုင်သည် မဟုတ်ပါလော။
ဤအချက်ကို တွေးမိသောအခါ လင်းယွမ်က "ထူလုံတို့ကို သေချာ မှာထားလိုက်ပါ... တားဆီးလို့ရရင် တတ်နိုင်သလောက် တားဆီးပြီး လေပေါ်ကျွန်းတွေကို ရသလောက် ပြန်လုယူလာခဲ့လို့" ဟု ပြောလိုက်သည်။
"ဒီအရိပ်တပ်ဖွဲ့တွေ ငါတို့ မျက်စိအောက်ကနေ လေပေါ်ကျွန်း တစ်ကျွန်းကိုတောင် သယ်မသွားနိုင်စေရဘူး"
တင်းယန်က ခေါင်းညိတ်လိုက်ပြီး "စိတ်ချပါ... မပြောရင်တောင် သူတို့ အဲဒီလို လုပ်ကြမှာပါ" ဟု ပြန်ဖြေသည်။
ရန်မေက "လောလောဆယ် အမတို့မှာ နေရာတွေ အများကြီး ရှိနေပေမဲ့ လူဦးရေက အရမ်းနည်းနေတာ" ဟု ပြောလိုက်သည်။
ဆုန့်ဝမ်က မနေနိုင်ဘဲ "အမမေ... အမက အရိပ်တပ်ဖွဲ့က သုံ့ပန်းတွေကို လက်ခံချင်လို့လား" ဟု မေးလိုက်သည်။
ရန်မေက ပြန်ဖြေသည်။ "အရိပ်တပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေကိုတော့ လက်ခံလို့မရဘူး... ဒါပေမဲ့ သာမန် အမျိုးသမီးတွေကိုတော့ သုံ့ပန်းအဖြစ် လက်ခံဖို့ စဉ်းစားသင့်တယ်လို့ ကျွန်မထင်တယ်... သူတို့ကို တဖြည်းဖြည်းနဲ့ အမတို့အဖွဲ့ထဲ ရောနှောဝင်ရောက်ခွင့်ပြုပြီး လူဦးရေ တိုးလာအောင် လုပ်လို့ရတာပဲ"
"အမျိုးသမီးတွေက လူသားမျိုးနွယ် ရှင်သန်ပြန့်ပွားရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာလေ"
လင်းယွမ်သည် ထိုစကားကို ကြားသောအခါ စဉ်းစားခန်း ဝင်သွားသည်။
မှန်ပေသည်။ အရိပ်တပ်ဖွဲ့၏ တပ်ဖွဲ့ဝင်များနှင့် အစွမ်းပိုင်ရှင် အများစုမှာ အလွန် အစွန်းရောက်ကြပြီး စစ်သွေးကြွဝါဒကလည်း လွှမ်းမိုးနေပြီ ဖြစ်သည်။
သို့သော် ထိုဘက်မှ အမျိုးသမီးများ၏ လက်ရှိအခြေအနေကိုတော့ မသိရပေ။
အမှန်တကယ်တော့ ရေလွှမ်းမိုးမှု ကပ်ဘေးဆိုးကြီးအောက်တွင် အများဆုံး သေဆုံးခဲ့ရသည်မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှု အားနည်းသော အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပင် ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူ အများစုမှာ အမျိုးသားများ ဖြစ်ကြပြီး ၎င်းတို့သည်လည်း ခွန်အားကြီးမားသော လူငယ်များသာ ဖြစ်ကြသည်။
ထို့ကြောင့် ခိုလှုံရေးစခန်းကြီး အသီးသီးတွင် အမှန်တကယ်ပင် အမျိုးသားများပြားပြီး အမျိုးသမီးနည်းပါးသည့် အခြေအနေ ဖြစ်နေသည်။
ဤသို့ဖြင့် လိင်ပိုင်းဆိုင်ရာ အရင်းအမြစ်များက အထူးရှားပါးလာမည် ဖြစ်သည်။
ထို့အပြင် အစွမ်းထက်သော အစွမ်းပိုင်ရှင်များသည် တစ်ယောက်တည်းဖြင့် ဆန့်ကျင်ဘက်လိင် အဖော်အများအပြားကိုပင် ပိုင်ဆိုင်ထားနိုင်သေးသည်။
ဤအချက်က အောက်ခြေအလွှာရှိ လိင်နှစ်ပါး အရင်းအမြစ် ခွဲဝေမှုများကို အသေအချာပင် မညီမမျှ ဖြစ်စေလိမ့်မည်။
ယခင်က လူတိုင်းသည် ရှင်သန်ရေးအတွက် အလုပ်များနေကြသဖြင့် မည်သူမျှ ဤအချက်ကို သတိမထားမိခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော် ထိုက်ယန်တောင် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူမှုပတ်ဝန်းကျင်မှာလည်း အဆက်မပြတ် တည်ငြိမ်လာခဲ့သည်။
လူတို့သည် စားဝတ်နေရေး ပြည့်စုံလာသောအခါတွင် အခြေခံအကျဆုံးသော မျိုးဆက်ပြန့်ပွားရေး ဗီဇကို သဘာဝအလျောက် စတင်စဉ်းစားလာကြလေသည်။
ထိုအချိန်ရောက်လျှင် လိင်ပိုင်းဆိုင်ရာ အရင်းအမြစ် မညီမျှမှုက တစ်ခုလုံးသော ထိုက်ယန်တောင်၏ လူမှုပတ်ဝန်းကျင်အပေါ် သေချာပေါက် သက်ရောက်မှု ရှိလာပေလိမ့်မည်။
ရန်မေသည် အထွေထွေစီမံခန့်ခွဲရေးဌာန၏ ဌာနမှူး တစ်ယောက်အနေဖြင့် ထိုက်ယန်တောင်၏ လူဦးရေအခြေအနေကို ကောင်းစွာ သိရှိထားသဖြင့် ဤကဲ့သို့ အဆိုပြုလာခြင်း ဖြစ်သည်။
လင်းယွမ်က မနေနိုင်ဘဲ "အခု ထိုက်ယန်တောင်ရဲ့ လူဦးရေမှာ ကျား... မ အချိုးအစားက မညီမမျှ ဖြစ်နေပြီလား" ဟု မေးလိုက်သည်။
ရန်မေက လင်းယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး "မောင်လေး ခန့်မှန်းမိသွားပြီလား" ဟု ပြောလိုက်သည်။
"အမက ဒီလို အဆိုပြုလာမှတော့ ကျွန်တော် မခန့်မှန်းမိဘဲ နေပါ့မလား"
ရန်မေက ပြုံးလိုက်ပြီး "တကယ်ကို မညီမမျှဖြစ်မှုက တော်တော်ဆိုးရွားနေပြီ... အခု ကျား... မ အချိုးအစားက (၅၀) အချိုး (၁) အထိ မြင့်တက်နေတယ်... ယောက်ျား အယောက်ငါးဆယ်မှာမှ မိန်းမ တစ်ယောက်ပဲ ရှိတော့တာ"
"အဲဒီအထဲမှာ အိမ်ထောင်ကျပြီးသား အမျိုးသမီးတွေလည်း အများကြီး ပါဝင်နေတယ်"
လင်းယွမ်သည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်သွားသည်။
သိထားသင့်သည်မှာ လူအများစု၏ အယူအဆတွင် တစ်လင်တစ်မယားစနစ်က အဓိကရေစီးကြောင်း ဖြစ်နေဆဲပင်။
ဆိုလိုသည်မှာ အိမ်ထောင်ကျပြီးသော အမျိုးသမီးများကို အမှန်တကယ်တော့ ကျား၊ မ တွဲဖက်မှု အချိုးအစားတွင် ထည့်သွင်းမတွက်ချက်သင့်ပေ။
သို့သော် ကပ်ဘေးဆိုးကြီးအောက်တွင် အိမ်ထောင်ရှိသော အမျိုးသားများသည် အခြားအမျိုးသမီးများကို ပိုင်ဆိုင်ခွင့် ရှိနေနိုင်သေးသည်။
ဤသို့ဆိုလျှင် လက်တွေ့တွင် အမှန်တကယ် ကျား၊ မ တွဲဖက်မှု အချိုးအစားသည် လူဦးရေ စာရင်းဇယားတွင် ပြသထားသည်ထက် ပိုမို ဆိုးရွားပြင်းထန်နေမည် ဖြစ်သည်။
လင်းယွမ်က ခဏစဉ်းစားလိုက်ပြီး "ဒီကိစ္စက တကယ်ကို ပြဿနာတစ်ခုပဲ" ဟု ပြောလိုက်သည်။
"ဒီလိုလုပ်... တင်းယန်... မင်း ထူလုံတို့ကို သတင်းလှမ်းပို့လိုက်ပါ... ရန်သူ့ဘက်က အမျိုးသမီးတွေကိုတော့ သက်ညှာပေးဖို့နဲ့ သုံ့ပန်းအဖြစ် ချန်ထားခဲ့ဖို့ ပြောလိုက်"
တင်းယန်က ခဏစဉ်းစားလိုက်ပြီး ခေါင်းညိတ်ကာ "သိပြီ... ကျွန်မ ထမင်းစားပြီးတာနဲ့ ဒီကိစ္စကို ချက်ချင်း သွားလုပ်လိုက်မယ်" ဟု ပြောလိုက်သည်။
"ဒါနဲ့... မြောက်ပိုင်းဆီကလည်း သတင်းတွေ ရောက်လာတယ်"
"ဘာသတင်းလဲ"
"ကျင်းကျိုးစစ်တပ်နဲ့ ယွီကျိုးပြည်နယ်က နတ်ဘုရားနိုင်ငံတော်တို့ တိုက်ပွဲဖြစ်ကြတာ အချင်းချင်း တော်တော်လေး ပြင်းထန်တယ်... နတ်ဘုရားနိုင်ငံတော်က ဒီတိုက်ပွဲမှာ အထိနာသွားပြီး သူတို့ရဲ့ အထက်ပိုင်းခေါင်းဆောင်တွေက တောင်ပိုင်းကို ပြောင်းရွှေ့နေကြတယ်"
"ခိုက်ရီနည်းပညာက သတင်းပို့လာတာ... နတ်ဘုရားနိုင်ငံတော်ရဲ့ တောင်ပိုင်းဆင်းလာတဲ့ တပ်ဖွဲ့တွေက သူတို့နဲ့ ထိတွေ့မှု ရှိနေပြီတဲ့... ပြီးတော့ အသေးစား တိုက်ပွဲလေးတွေတောင် ဖြစ်ခဲ့သေးတယ်"
လင်းယွမ်သည် ထိုစကားကို ကြားသော်လည်း သူ၏ မျက်နှာအမူအရာမှာ မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိပေ။
နတ်ဘုရားနိုင်ငံတော် တောင်ပိုင်းသို့ ဆင်းလာသည့် သတင်းကို ဤတစ်လအတွင်း သက်ဆိုင်ရာ သတင်းအချက်အလက်များမှတစ်ဆင့် သူ အဆက်မပြတ် လက်ခံရရှိထားပြီး ဖြစ်သည်။
ထို့ကြောင့် သူက "ဘယ်လိုလဲ... တိုက်ပွဲက အရမ်းပြင်းထန်သလား... ဒီနတ်ဘုရားနိုင်ငံတော်က အစွမ်းထက်တဲ့သူတွေက အရမ်းတော်နေလို့လား" ဟု မေးလိုက်သည်။
တင်းယန်က ပြန်ဖြေသည်။ "ဂျိမ်းစ်တို့ကတော့ ထိန်းထားနိုင်ပါသေးတယ်... ဒါပေမဲ့ ဂျိမ်းစ်နဲ့ မော်လီတို့ဆီက ရလာတဲ့ သတင်းတွေအရ သူတို့ ခွဲခြမ်းစိတ်ဖြာထားတာက... ဒီတစ်ခေါက် နတ်ဘုရားနိုင်ငံတော် ရှုံးနိမ့်သွားတာက တကယ်ကို နေရာရွှေ့ပြောင်းဖို့ ရာခိုင်နှုန်း တော်တော်များနေတယ်တဲ့"
"ကျင်းကျိုးရဲ့ အင်အားကို ရှောင်ရှားဖို့အတွက် တောင်ပိုင်းကို ပြောင်းရွှေ့ဖို့ သေချာသွားပြီဆိုရင် ခိုက်ရီနည်းပညာဘက်ကနေ နတ်ဘုရားနိုင်ငံတော်ရဲ့ စိန်ခေါ်မှုကို သေချာပေါက် ရင်ဆိုင်ရတော့မှာပဲ... ကျွန်မတို့လည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုလောက်ပြီ"
လင်းယွမ်က ပြုံးလိုက်ပြီး "ဂျိမ်းစ်ကို ပြောလိုက်... ခံစစ်မျဉ်းကို သေချာ ကာကွယ်ထား... တစ်လှမ်းမှ နောက်မဆုတ်နဲ့လို့... ငါ နောက်နှစ်ရက်နေရင် သွားလိုက်မယ်"
တင်းယန်သည် ထိုစကားကို ကြားလိုက်ရသောအခါ လင်းယွမ်ကို ကြည့်ကာ မနေနိုင်ဘဲ "ရှင် ကိုယ်တိုင် သွားမလို့လား" ဟု မေးလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ဒီ နတ်ဘုရားနိုင်ငံတော်ဆိုတာမှာ ဘာတွေများ ထူးခြားနေလဲဆိုတာ သွားကြည့်ရမှာပေါ့"
"ပြီးတော့ ကျင်းကျိုးစစ်တပ်မှာရော ဘယ်လို အင်အားမျိုးတွေ ရှိနေလဲဆိုတာကိုပါကြည့်ရမယ်"
"ငါတို့ ထိုက်ယန်တောင်က တောင်ပိုင်းမှာ သီးခြားလေး နေနေတာဆိုတော့ မြောက်ပိုင်းက အင်အားစုတွေက ဘယ်သူမှ ငါတို့ကို အထင်ကြီးမှာ မဟုတ်ဘူးလေ"
"သူတို့ကို အသံတိတ်သွားအောင် ငါတို့လည်း မျက်နှာပြရမယ့် အချိန်တန်ပြီ... အလုပ်မရှိရင် ငါတို့ဆီ အမြဲ ပြေးမလာအောင်လို့လေ"
တင်းယန်က ခေါင်းညိတ်ကာ ပြုံးလျက် "ကောင်းပြီလေ" ဟု ပြန်ပြောသည်။
ရန်မေက မနေနိုင်ဘဲ "မောင်လေး... သတိထားနော်" ဟု မှာလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "စိတ်ချပါ" ဟု ပြန်ပြောသည်။
သူ၏ ယုံကြည်မှုအပြည့်ရှိနေသော အမူအရာကို မြင်လိုက်ရသောအခါ အမျိုးသမီးများအားလုံး၏ ရင်ထဲတွင် အနည်းငယ် စိတ်အေးသွားကြသည်။
လင်းယွမ်သည် သေချာမှုမရှိသော ကိစ္စများကို လုပ်မည်မဟုတ်ကြောင်း သူတို့အားလုံး ကောင်းစွာ သိထားကြသည်။
"ဒီနှစ်ရက်အတွင်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က ၉၈% မှာ လုံးဝ တည်ငြိမ်သွားလောက်ပြီ"
"တစ်လ ကုန်လွန်သွားခဲ့ပြီး ငါ့ရဲ့ အမှတ်တွေက သုံးသန်းကို ထပ်ရောက်သွားပြန်ပြီ"
"ဒါပေမဲ့ ဒီအမှတ်တွေကို အခုလောလောဆယ် သုံးလို့ မရသေးဘူး... နောက်ပိုင်း ကြယ်စင်နတ်ဘုရား အဆင့်ကို တက်လှမ်းဖို့အတွက် လမ်းခင်းဖို့ စုဆောင်းထားရဦးမယ်"
လင်းယွမ် စိတ်ထဲမှ တွေးတောနေစဉ်မှာပင် ဘေးနားရှိ ဆုန့်ဝမ်က ရုတ်တရက် "အု" ဟု အသံပြုကာ ပါးစပ်ကို အုပ်လိုက်သည်။
ထို့နောက် သူမက ပန်းကန်နှင့် တူများကို ချထားခဲ့ပြီး ရေချိုးခန်းဆီသို့ အလျင်စလို ပြေးသွားကာ အဆက်မပြတ် ပျို့အန်နေသည်ကို မြင်လိုက်ရသည်။
လင်းယွမ် လန့်သွားပြီး အလျင်အမြန် မတ်တတ်ရပ်ကာ "ဘာဖြစ်တာလဲ" ဟု မေးလိုက်သည်။
ရန်မေနှင့် လင်းယာတို့လည်း အခြေအနေကို ကြည့်ရန် အမြန် လျှောက်သွားကြသည်။
"ဝမ်ဝမ်... အဆင်ပြေရဲ့လား"
"အဆင်... အဆင်ပြေပါတယ်... ရုတ်တရက်ကြီး အရမ်း ပျို့အန်ချင်လာလို့ပါ"
"အအေးမိသွားတာတော့ မဖြစ်နိုင်ဘူးမလား" လင်းယာက မနေနိုင်ဘဲ ပြောလိုက်သည်။
ဘေးနားရှိ ရန်မေ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ဝမ်းသာသွားသော အမူအရာဖြင့် "မဖြစ်နိုင်ပါဘူး... ဝမ်ဝမ်က ဘာပဲဖြစ်ဖြစ် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်နေတဲ့ အစွမ်းပိုင်ရှင်တစ်ယောက်ပဲလေ... ဘယ်လိုလုပ် အအေးမိနိုင်မှာလဲ... ကျွန်မ ထင်တာကတော့... ဒါက သတင်းကောင်း ဖြစ်ဖို့များတယ်"
လင်းယာ ကြောင်သွားသည်။ "သတင်းကောင်း"
ထို့နောက် သူမ ချက်ချင်း သဘောပေါက်သွားပြီး "အမ ပြောချင်တာက... ဝမ်ဝမ် ကိုယ်ဝန်ရှိနေပြီ ဆိုတဲ့သဘောလား"
ဤစကားကို ကြားလိုက်ရသည်နှင့် အခန်းထဲရှိ လူအချို့မှာ ချက်ချင်းပင် ဆွံ့အသွားကြတော့သည်။
"ဟင်... ကျွန်မ... ကျွန်မ ကိုယ်ဝန်ရှိနေတာလား"
ဆုန့်ဝမ်ကိုယ်တိုင်လည်း မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားပြီး သူမကိုယ်သူမပင် မယုံနိုင်အောင် ဖြစ်သွားသည်။
တင်းယန်လည်း ခြေလှမ်းများ ရပ်တန့်သွားပြီး ဆုန့်ဝမ်၏ ပြားချပ်နေသော ဝမ်းဗိုက်လေးကို မနေနိုင်ဘဲ လှမ်းကြည့်လိုက်ရာ သူမ၏ မျက်နှာတွင် အံ့သြသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
တုံယန်က အပျော်ရွှင်ဆုံး ဖြစ်နေပြီး ဆုန့်ဝမ်ရှေ့သို့ ပြေးသွားကာ သူမ၏ ဝမ်းဗိုက်ပေါ်တွင် နားကပ်၍ "ငါ နားထောင်ကြည့်မယ်... ငါ နားထောင်ကြည့်မယ်" ဟု အော်ပြောလိုက်သည်။
ရန်မေက သူမကို အမြန်ဆွဲဖယ်လိုက်ပြီး ပြုံးလျက် "ယန်ယန်... နင် လျှောက်မလုပ်နဲ့လေ... တကယ်လို့ ကိုယ်ဝန်ရှိနေတာ သေချာတယ်ဆိုရင် အခုလို စိတ်စွမ်းအင် သုံးပြီး ကလေးကို သွားအာရုံခံလို့ မရဘူး... အခုချိန်မှာ ကလေးက အရမ်း နုနယ်သေးမှာ သေချာတယ်"
တုံယန် လန့်သွားပြီး အလျင်အမြန် နောက်သို့ တစ်လှမ်းဆုတ်ကာ လက်ခါပြလျက် "ဒါဆိုလည်း ထားလိုက်ပါတော့... ငါက ခဏလေး အာရုံခံကြည့်ချင်လို့ပါ"
လင်းယွမ်သည်လည်း ယခုအချိန်တွင် ဝမ်းသာမှုနှင့် အံ့သြမှုတို့ ရောယှက်နေသည်။ အချိန်တွေ အတော်ကြာသွားခဲ့ပြီ ဖြစ်ပြီး ရန်မေက လင်းဟုန်ကို မွေးဖွားပြီးကတည်းက သူ၏ မိန်းမများထဲတွင် နောက်ဆုံးတော့ နောက်ထပ် တစ်ယောက် ကိုယ်ဝန် ရလာပြီပေါ့။
သူက ချက်ချင်းပင် "ဝမ်ဝမ်... အိမ်ထဲမှာ လျှောက်မသွားနဲ့... ဒေါက်တာရန်တို့ကို လာစစ်ဆေးခိုင်းဖို့ ငါ သွားခေါ်လိုက်မယ်" ဟု ပြောလိုက်သည်။
ဆက်ရန်...
အပိုင်း(၉၂၈) ဆုန့်ဝမ် ကိုယ်ဝန်ရှိခြင်း
မကြာမီမှာပင် လင်းယွမ်၏ အိမ်လေး စည်ကားသွားတော့သည်။
ရန်ဆန်းမင် ရောက်လာရုံသာမက ရန်ဆန်းမင်၏ ဇနီးချောလေး ထန်ယင်းကပါ လိုက်ပါလာခဲ့သည်။
ဆုန့်ဝမ် ကိုယ်ဝန်ရှိနေနိုင်သည်ဟု ကြားလိုက်ရသဖြင့် အဒေါ်ကြီးလီနှင့် စိုက်ပျိုးရေးဌာနမှ လူအချို့လည်း ကမန်းကတန်း ပြေးလာကြလေသည်။
အတွေ့အကြုံရင့် တိုင်းရင်းဆေးဆရာ တစ်ဦးဖြစ်သော ရန်ဆန်းမင်က သွေးခုန်နှုန်းကို အနည်းငယ် စမ်းသပ်ကြည့်ပြီးနောက် ချက်ချင်းပင် ပြုံးလိုက်သည်။
"ဆရာလင်း... ဂုဏ်ယူပါတယ်ဗျာ"
လင်းယွမ်သည် ချက်ချင်းပင် အံ့သြဝမ်းသာသွားပြီး ဟားတိုက်ရယ်မောလိုက်သည်။ "ဒါပေါ့... ဒါပေါ့... ဟားဟားဟား... အရမ်းကောင်းတာပဲ"
ရန်ဆန်းမင်က ပြုံးလျက် "ဝန်ကြီးဆုန့် ကိုယ်ဝန်ရှိတာ တစ်လ... နှစ်လလောက်ပဲ ရှိဦးမယ်... ဒီကာလအတွင်းမှာ သေချာ အနားယူဖို့ လိုတယ်... အတူမနေကြနဲ့ဦးပေါ့"
လင်းယွမ်က ခေါင်းတဆတ်ဆတ်ညိတ်ကာ "ဝမ်ဝမ်... စိုက်ပျိုးရေးဌာနက ကိစ္စတွေကို ခဏလောက် နားထားပြီး အိမ်မှာပဲ ခဏလောက် အနားယူနေပါလား"
ဆုန့်ဝမ်၏ မျက်နှာတွင်လည်း ဝမ်းသာပီတိများ ပြည့်နှက်နေသည်။ လင်းယွမ်နှင့် အတူနေလာခဲ့သည်မှာ ကြာပြီဖြစ်ရာ နောက်ဆုံးတွင် သူမကိုယ်တိုင်၏ ရင်သွေးလေးကို ရရှိလာတော့မည် မဟုတ်ပါလော။
သို့သော် လင်းယွမ်၏ စကားကို ကြားလိုက်ရသောအခါ သူမက "အို... အဲဒီလောက်ကြီးတော့ မလိုပါဘူး"
ဘေးနားရှိ ရန်ဆန်းမင်ကလည်း ပြုံးလျက် "ဆရာလင်း... အဲဒီလောက်ကြီးတော့လည်း ပူစရာမလိုပါဘူး... အရမ်းကြီး ပင်ပန်းတဲ့အလုပ်တွေ မလုပ်ရင် ရပါပြီ... ကျန်တဲ့ကိစ္စတွေကိုတော့ ပုံမှန်အတိုင်း လုပ်လို့ရပါတယ်"
"အခုခေတ်လူတွေက ကပ်ဘေးမတိုင်ခင်ကလောက် အားမနည်းကြတော့ဘူး... အရင်တုန်းကဆို လူတော်တော်များများက ကျန်းမာရေး သိပ်မကောင်းကြတော့ ကိုယ်ဝန်ကို ဂရုစိုက်ရတာမျိုးတွေ ရှိတယ်လေ"
"အခု အားလုံးက အစွမ်းပိုင်ရှင်တွေ ဖြစ်နေကြပြီဆိုတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက သာမန်ထက် သာလွန်နေကြပြီ... သာမန်အားဖြင့်တော့ ပြဿနာကြီးကြီးမားမား မရှိနိုင်ပါဘူး... ခင်ဗျားတို့လည်း အရမ်းကြီး စိုးရိမ်မနေပါနဲ့"
ထိုစကားကို ကြားလိုက်ရမှ လူတိုင်း သက်ပြင်းချနိုင်သွားကြသည်။
အဒေါ်ကြီးလီက ဝင်ပြောလိုက်သည်။ "ဝမ်ဝမ်... သမီး ဒီကာလအတွင်းမှာ များများ အနားယူပါ... စိုက်ပျိုးရေးဌာနက ကိစ္စတွေကို အဒေါ်တို့ ကူလုပ်ပေးထားမယ်... ကိစ္စတစ်ခုခုရှိရင် သမီးဆီကို လူလွှတ်ပြီး သတင်းပို့ခိုင်းလိုက်မယ်"
ဆုန့်ဝမ်က ပြုံးလျက် "အဒေါ်ကြီးလီ... ဒေါက်တာရန်ကတောင် ကိစ္စမရှိဘူးလို့ ပြောနေတာပဲ... သမီးက အဲဒီလောက်ကြီး အားမနည်းပါဘူး"
အဒေါ်ကြီးလီက ပြုံးလျက် "ပေါ့ဆလို့တော့ မရဘူးလေ... သေချာ ဂရုစိုက်ပြီး အနားယူရမှာပေါ့"
သူမက ထပ်မေးလိုက်သည်။ "ဒေါက်တာရန်... ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရမယ့် အစားအသောက်တွေဘာတွေ ရှိလား"
ရန်ဆန်းမင်က ပြုံးလျက် "ရှောင်စရာတွေ အများကြီးတော့ မရှိပါဘူး... ပုံမှန်အတိုင်း စားသောက်လို့ ရပါတယ်"
ရန်မေကမူ အတွေ့အကြုံရှိသူပီပီ ဆုန့်ဝမ်ကို သူမ၏ အတွေ့အကြုံများအကြောင်းကို ပြောပြကာ သတိပေးမှာကြားနေလေသည်။
လင်းယာကလည်း ကိုယ်ဝန်ဆောင်ကာလတွင် ဂရုစိုက်ရမည့် အချက်များနှင့်ပတ်သက်၍ ရန်ဆန်းမင်ကို မေးမြန်းနေသည်။
နောက်ပိုင်း အိမ်၏ စားသောက်မှုပုံစံသည် ဆုန့်ဝမ်၏ စားသောက်မှု အလေ့အထဘက်သို့ တိမ်းညွတ်သွားရမည်မှာ သေချာပေသည်။
အိမ်ထဲတွင် စည်ကားသိုက်မြိုက်နေပြီး လင်းဟုန်ကလည်း "ငါ့မှာ ညီလေး ညီမလေး ရှိလာတော့မယ်" ဟု နေရာအနှံ့ အော်ဟစ်နေလေသည်။
ခဏချင်းမှာပင် မိသားစုတစ်စုလုံး သိုက်သိုက်ဝန်းဝန်းနှင့် အလွန်ပျော်ရွှင်နေကြသည်။
မွန်းတည့်ချိန်တွင် လင်းယွမ်သည် ကျင့်စဉ်ကို ဆက်မကျင့်တော့ဘဲ ဆုန့်ဝမ်နှင့်အတူ အိမ်တွင် တစ်နေကုန် အချိန်ဖြုန်းနေလိုက်သည်။
ဤကာလအတွင်း ဤသတင်းကို သိရှိသွားသူ အများအပြားသည်လည်း အဆက်မပြတ် လာရောက် နှုတ်ဆက်ကြလေသည်။
နောက်ပိုင်းတွင် လင်းယွမ်မှာ အနည်းငယ် စိတ်ရှုပ်လာသဖြင့် ဆုန့်ဝမ်ကို ခေါ်ကာ အိမ်မှထွက်ပြီး အနီးနားရှိ တောင်ပေါ်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။
သူတို့နှစ်ဦးသည် ရှောင်မောင်းတောင် အနောက်ဘက်သို့ ရောက်လာကြသည်။ ဤနေရာတွင် သဘာဝ ရေတံခွန်ငယ်လေးတစ်ခု ရှိသည်။
ကောင်းကင်မှ မိုးသည်းထန်စွာ ရွာသွန်းပြီးကတည်းက ဤရေတံခွန်ငယ်လေးသည် မရပ်မနား စီးဆင်းနေခဲ့သည်။
ယခု ဤရေတံခွန်ငယ်ရှေ့သို့ ရောက်လာသောအခါ သူတို့နှစ်ဦးမှာ ထိုက်ယန်တောင်မှ ရေတံခွန်ကို အမှတ်ရသွားကြသည်။
"ထိုက်ယန်တောင်မှာလည်း ရေတံခွန်တစ်ခု ရှိတာကို မှတ်မိသေးလား... အဲဒီတုန်းက ကျွန်မနဲ့ ယန်ယန်တို့ ရေတံခွန်အောက်က ရေကန်ထဲမှာ ရေသွားချိုး... ခေါင်းသွားလျှော်ကြတာလေ"
"မျက်စိတစ်မှိတ်အတွင်းမှာပဲ ကိစ္စတွေ အများကြီး ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
လင်းယွမ်က ထိုစကားကို ကြားသောအခါ ပြုံးလိုက်သည်။ သူ ထိုရေကန်ကို မှတ်မိသည်မှာ သေချာပေါက်ပင်။
ထိုအချိန်က သူသည် ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကို စမ်းသပ်ရန် ရေကန်သို့ အထူးတလည် သွားရောက် လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ ညသန်းခေါင်ယံအချိန်တွင် သူ၏ လေ့ကျင့်မှုကို လာရောက်နှောင့်ယှက်မည့်သူ ရှိမည်မဟုတ်ဟု မူလက ထင်မှတ်ထားခဲ့သည်။
သို့သော် ဆုန့်ဝမ်နှင့် တုံယန်တို့ ရေလာချိုးမည်ဟု မထင်မှတ်ထားခဲ့ပေ။
ထိုညကပင် ဆုန့်ဝမ်နှင့် သူ၏ ကြားရှိ ဆက်ဆံရေးကို ဖွင့်ဟပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဆုန့်ဝမ်၏ လှပသော ခန္ဓာကိုယ်အချိုးအစားကို အကုန်အစင် မြင်တွေ့ခဲ့ရပြီးနောက် သူတို့နှစ်ဦး အချင်းချင်း သေချာသွားခဲ့ကြသည်။
"ကိုယ် ဘယ်လိုလုပ် မေ့နိုင်မှာလဲ... အဲဒီညက ကိုယ် ဒီလောက် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့တာလေ"
"အဲဒီတုန်းက ကိုယ် တွေးနေသေးတယ်... တိုက်ရိုက်ထုတ်လွှင့်သူဆိုတဲ့ နာမည်နဲ့ တကယ်ကို လိုက်ဖက်တာပဲ... ဒီလို ခန္ဓာကိုယ်အချိုးအစားမျိုးကို တကယ် ကြွေသွားတာပဲ လို့"
ဆုန့်ဝမ်၏ မျက်နှာလေး ချက်ချင်း ရဲတက်သွားပြီး သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ကာ ဖြူဖွေးသော လက်ချောင်းလေးများဖြင့် သူ၏ ခါးကို တစ်ချက် ဆွဲလိမ်လိုက်ရင်း ဒေါသတကြီး ပြောလိုက်သည်။ "ရှင် ပြောရက်သေးတယ်နော်... အဲဒီတုန်းက ကျွန်မ လန့်သေတော့မလို့"
"ကျွန်မ ရေချိုးနေတုန်း ရှင်က ရေထဲကနေ ရုတ်တရက် ထွက်လာတာ... အဲဒီတုန်းက ကျွန်မရဲ့ အစွမ်းက သိပ်မစွမ်းလို့သာပေါ့... မဟုတ်ရင် ရှင်တော့ သွားပြီပဲ"
လင်းယွမ် ချက်ချင်း ဟားတိုက်ရယ်မောလိုက်ပြီး သူမကို ရုတ်တရက် ပွေ့ချီလိုက်ကာ "လာ... ကိုယ် မင်းကို ရေသွားချိုးပေးမယ်... အရင်တုန်းက ခံစားချက်ကို ပြန်ခံစားကြည့်ရအောင်"
"အို... မလုပ်နဲ့... လျှောက်မလုပ်နဲ့... အခု ကျွန်မမှာ ကလေးလေး ရှိနေပြီလေ"
ဆုန့်ဝမ်က သူ၏ ပခုံးကို အလျင်အမြန် ရိုက်လိုက်ရာ လင်းယွမ်က ပြုံးလျက် သူမကို အောက်ချပေးလိုက်သည်။
သို့သော် ရေမချိုးဖြစ်သော်လည်း သူတို့နှစ်ဦးသည် ရေတံခွန်အောက်ရှိ ရေကန်ဘေးသို့ ရောက်လာပြီး ခြေထောက်ကို ရေစိမ်နေလိုက်ကြသည်။
ရေတံခွန်မှ ရေများ ရေကန်ထဲသို့ ကျဆင်းလာပြီး ဟိန်းဟောက်သံများ ထွက်ပေါ်နေသည်ကို တွေ့ရသည်။
ရေပြင်ပေါ်တွင် ကြာပန်းအချို့ ဟိုတစ်စု ဒီတစ်စု ပေါက်ရောက်နေပြီး ရေစီးကြောင်းထဲတွင် အဆက်မပြတ် ယိမ်းနွဲ့နေကြသည်။
"ဝေါ"
ဟူသော ရေစီးသံများ ထွက်ပေါ်နေပြီး ပိုမိုနိမ့်ကျသော တောင်ကြားဆီသို့ စီးဆင်းသွားလေသည်။
ဆုန့်ဝမ်က လက်ကို လှမ်းလိုက်ရာ တောက်ပသော အစိမ်းရောင် အလင်းတန်းတစ်ခု ရေပြင်ပေါ်သို့ ကျရောက်သွားသည်။
လှိုင်းတံပိုးများ၏ ရိုက်ခတ်မှုကြောင့် အချိန်မရွေး စုတ်ပြဲသွားနိုင်သော ကြာပန်းလေးသည် ရုတ်တရက် အလျင်အမြန် ကြီးထွားလာသည်ကို တွေ့လိုက်ရသည်။
ကြာရွက်များမှာ ဧရာမအရွယ်အစားသို့ ပြောင်းလဲသွားပြီး လှိုင်းတံပိုးများ၏ ရိုက်ခတ်မှုကို ကာကွယ်ပေးလိုက်သည်။
ကြာပန်းများသည်လည်း ပိုမို လှပတောက်ပလာပြီး ပန်းရောင်သန်းကာ ဖူးပွင့်လာကြသည်။
လင်းယွမ်က ပြုံးလျက် "ဒီနေရာမှာ ကြာပန်းတွေ ပေါက်လာလိမ့်မယ်လို့ မထင်ထားဘူး"
ဆုန့်ဝမ်က "သူတို့ရဲ့ ကြီးထွားလာတဲ့ အနေအထားကို ကြည့်ရတာ... မကြာခင်မှာ သန္ဓေပြောင်း အပင်တွေ ဖြစ်လာတော့မယ့်ပုံပဲ"
လင်းယွမ်က သက်ပြင်းချကာ "အရင်တုန်းက ကိုယ်တို့ ထိုက်ယန်တောင်ကို စရောက်ခါစက သန္ဓေပြောင်း အသီးတွေဆိုတာ တော်တော် ရှားပါးသေးတယ်... အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ သန္ဓေပြောင်း အပင်တွေ ပိုပိုများလာပြီး သန္ဓေပြောင်း အသီးတွေလည်း ပိုပိုများလာတာကို ကိုယ် သတိထားမိတယ်"
ဆုန့်ဝမ်က ခေါင်းညိတ်ကာ "သေချာတာပေါ့... စိုက်ပျိုးရေးဌာနက စစ်တမ်းတွေအရ အပင်တော်တော်များများက ဒီကမ္ဘာကြီးရဲ့ အနေအထားနဲ့ လိုက်လျောညီထွေဖြစ်အောင် အလျင်အမြန် သန္ဓေပြောင်းလဲနေကြတယ်"
"သန္ဓေပြောင်း အပင်တွေအဖြစ် မပြောင်းလဲနိုင်ရင်တော့ ဖယ်ရှားခံရဖို့ပဲ ရှိတော့တယ်"
"လူသားတွေနဲ့ အတူတူပဲလေ... အစွမ်း မနိုးထလာနိုင်ဘူးဆိုရင် သာမန်လူ တစ်ယောက်အနေနဲ့ပဲ နေသွားရမှာ သေချာတယ်"
"ခိုလှုံရေးစခန်းရဲ့ စောင့်ရှောက်မှုသာ မရှိရင် သာမန်လူတွေအနေနဲ့ ဒီကမ္ဘာကြီးမှာ အသက်ရှင်ရပ်တည်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပဲ"
"ဟုတ်တယ်... ကမ္ဘာကြီးက အဆက်မပြတ် ပြောင်းလဲနေပြီး သက်ရှိအားလုံးက ဒီကမ္ဘာကြီးရဲ့ အနေအထားနဲ့ လိုက်လျောညီထွေဖြစ်အောင် အစွမ်းကုန် ပြောင်းလဲနေကြရတာ"
"ကိုယ်တို့ လူသားတွေလည်း အဲဒီလိုပဲ... အချိန်မီ မကြိုးစားကြဘူးဆိုရင် အနာဂတ်မှာ ဒီကမ္ဘာဂြိုဟ်ကြီးကို ဘယ်သူက ကြီးစိုးမလဲဆိုတာ မသိနိုင်တော့ဘူး"
ဆုန့်ဝမ်က အလွန် သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။ စိုက်ပျိုးရေးဌာန၏ ဝန်ကြီးတစ်ဦးအနေဖြင့် သူမသည် အပင်များ၏ ဆင့်ကဲပြောင်းလဲမှုနှုန်းကို ကောင်းစွာ နားလည်ထားသည်။
ဥပမာအားဖြင့် နတ်သစ်ပင်ကျွန်းပေါ်ရှိ နဂါးသွေးနွယ် သစ်ပင်လူသား၏ ဆင့်ကဲပြောင်းလဲမှု အဆင့်သည် လူသားအများစုထက် သာလွန်နေပြီဟု ဆိုနိုင်သည်။
"ကျွန်မတို့ရဲ့ ကလေးလေး ဒီလိုအချိန်မှာ မွေးဖွားလာတာက ကောင်းတဲ့ကိစ္စလား... ဆိုးတဲ့ကိစ္စလားဆိုတာ တကယ်ကို မသိတော့ဘူး" ဆုန့်ဝမ်က သူမ၏ ဗိုက်ကို ပွတ်သပ်ရင်း အနည်းငယ် ဝမ်းနည်းပူပန်စွာဖြင့် ပြောလိုက်သည်။
လင်းယွမ်က လက်လှမ်းကာ သူမကို ဖက်လိုက်ပြီး "ယှဉ်ပြိုင်မှုဆိုတာ ဘယ်အချိန်မှာမဆို ရှိနေတာပဲ... အခုလို ကပ်ဘေးကာလ မဟုတ်ဘဲ ကပ်ဘေးမတိုင်ခင်က လူ့အဖွဲ့အစည်းမှာလည်း ယှဉ်ပြိုင်မှု စနစ်ဆိုတာ ရှိခဲ့တာပဲလေ"
"သာမန်လူတွေအနေနဲ့ နောက်ခံအသိုင်းအဝိုင်း မရှိဘူး... အရည်အချင်း မရှိဘူးဆိုရင် လူ့အဖွဲ့အစည်းရဲ့ အောက်ခြေလူတန်းစားတွေပဲ ဖြစ်သွားကြမှာပဲ"
"မိဘတွေဖြစ်တဲ့ ကိုယ်တို့ လုပ်ပေးနိုင်တာ တစ်ခုတည်းသော အရာက သူ့အတွက် အကောင်းဆုံး အထောက်အပံ့တွေ ပေးပြီး လမ်းခင်းပေးထားဖို့ပဲ... အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ သူ့အပေါ်မှာပဲ မူတည်တယ်"
"ဒါပေမဲ့ ကပ်ဘေးမတိုင်ခင်က အဲဒီခေတ်မှာ နေရတာ အနည်းဆုံးတော့ အသက်အန္တရာယ် ခြိမ်းခြောက်မှု မရှိဘူးလေ" ဆုန့်ဝမ်က သက်ပြင်းချကာ ပြောလိုက်သည်။
လင်းယွမ်က ပြုံးလျက် "ဒါဆို မင်း စဉ်းစားကြည့်လေ... အခု သူက ကိုယ်တို့ရဲ့ ကလေး ဖြစ်လာတာဆိုတော့ ဘာအန္တရာယ် ရှိနိုင်မှာလဲ"
"သူက မင်းရဲ့ ကလေး ဖြစ်ခွင့်ရတာက ဒီကမ္ဘာပေါ်က ကလေးတော်တော်များများထက် ကံကောင်းနေပြီလေ"
ဆုန့်ဝမ်သည် ထိုစကားကို ကြားသောအခါ ခေတ္တမျှ ကြောင်သွားပြီးနောက် ချက်ချင်းပင် ပြုံးလိုက်သည်။
အမှန်ပင် သူမ၏ ကလေးသည် အစကတည်းက အခြားသူများထက် သာလွန်နေပြီ ဖြစ်သည်။
ကပ်ဘေးမတိုင်မီက သူမသည် အင်တာနက် တိုက်ရိုက်ထုတ်လွှင့်သူ တစ်ဦးသာ ဖြစ်သည်။ အကယ်၍ ထိုအချိန်ကသာ သူမတွင် ကလေးရှိခဲ့ပါက ထိုအခြေအနေမျိုးတွင် သူမ၏ ကလေးသည် လူ့အဖွဲ့အစည်း၏ အောက်ခြေလူတန်းစားသာ ဖြစ်ပေလိမ့်မည်။
သို့သော် ယခုမူ သူမ၏ အမျိုးသားသည် ခိုလှုံရေးစခန်း၏ ခေါင်းဆောင်ဖြစ်ပြီး အနီးနားရှိ ပြည်နယ်အနည်းငယ်တွင် အင်အားအကြီးဆုံးသူ တစ်ဦး ဖြစ်သည်။
သူမနှင့် လင်းယွမ်တို့၏ ကလေးတစ်ယောက်အနေဖြင့် အခြားကလေးအားလုံးကို အနိုင်ရရှိပြီးသား ဖြစ်နေပြီ ဖြစ်သည်။
သူမ၏ စိုးရိမ်ပူပန်မှုများမှာ အမှန်တကယ်ပင် အပိုတွေ ဖြစ်နေတော့သည်။
ကိုယ်ဝန်စရှိလာသော အမျိုးသမီးတစ်ဦးအနေဖြင့် ဟော်မုန်းများ၏ လွှမ်းမိုးမှုကြောင့် စိတ်ခံစားလွယ်လာခြင်းမှာ ရှောင်လွှဲ၍ မရနိုင်ပေ။
သို့သော် လင်းယွမ်၏ ဤနှစ်သိမ့်မှုကြောင့် ဆုန့်ဝမ်မှာ ချက်ချင်းပင် စိုးရိမ်ပူပန်မှုများ အားလုံး ပျောက်ကွယ်သွားတော့သည်။
"ဒါဆို ရှင် ပြောကြည့်... ကျွန်မတို့ရဲ့ ကလေးက ယောကျ်ားလေးလား... မိန်းကလေးလား" ဆုန့်ဝမ်က ပြားချပ်နေဆဲဖြစ်သော သူမ၏ ဗိုက်ကို ပွတ်သပ်ရင်း ရယ်မောကာ မေးလိုက်သည်။
လင်းယွမ်က ပြုံးလျက် "အကုန်ရပါတယ်... ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အတူတူပါပဲ... ကိုယ်က ယောကျ်ား မိန်းမ ခွဲခြားဆက်ဆံတတ်တဲ့လူမှ မဟုတ်တာ"
ဆုန့်ဝမ်က နှာခေါင်းရှုံ့လိုက်ပြီး "မရဘူး... ရှင် ယောကျ်ားလေး လိုချင်လား... မိန်းကလေး လိုချင်လား ပြော"
လင်းယွမ်က ပြုံးလျက် "မင်းရော"
"ကျွန်မက အရင်မေးတာ... ရှင် အရင်ပြော"
"မိန်းကလေးပေါ့... မိန်းကလေးက မင်းလို လှနေမယ်ဆိုရင် သေချာပေါက် လူချစ်လူခင် ပေါများမှာပဲ... အဓိကအချက်က မိန်းကလေးက အဖေ့ရဲ့ အချစ်တော်လေး ဖြစ်လာမှာလေ" လင်းယွမ်က ပြုံးလျက် ပြောလိုက်သည်။
ဆုန့်ဝမ်သည် ထိုစကားကို ကြားသောအခါ နှုတ်ခမ်းဆူလိုက်ပြီး "မလိုချင်ပါဘူး... ကျွန်မကတော့ ယောကျ်ားလေးဆို ပိုကောင်းမယ်လို့ ထင်တယ်... ဒီလိုရှုပ်ထွေးနေတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးဆိုရင် အနိုင်ကျင့်ခံရဖို့ လွယ်တယ်လေ... ယောကျ်ားလေးကမှ ပိုကောင်းတာ"
လင်းယွမ်က ပြုံးလျက် "မင်းနဲ့ ကိုယ့်ရဲ့ ကလေးကို ဘယ်သူက အနိုင်ကျင့်ရဲမှာလဲ"
"ပြီးတော့ ဘယ်သူက ပြောလဲ မိန်းကလေးက အနိုင်ကျင့်ခံရလွယ်တယ်လို့... နောက်ပိုင်း သူသာ အစွမ်းနိုးထလာမယ်ဆိုရင် အတူတူပဲ အရမ်း တော်လာမှာပေါ့"
ဆုန့်ဝမ်က "မရပါဘူး... မိန်းကလေးဆိုရင် စိတ်ခံစားချက်ပိုင်းမှာ အနိုင်ကျင့်ခံရဖို့ ပိုလွယ်တယ်... တကယ်လို့ နောက်ပိုင်း သူ သဘောကျတဲ့ ယောကျ်ားမှာလည်း မိန်းမတွေ အများကြီး ရှိနေရင် ဘယ်လိုလုပ်မလဲ"
ထိုစကားကြောင့် လင်းယွမ်မှာ အနေခက်စွာဖြင့် သူ၏ နှာခေါင်းကို ပွတ်သပ်လိုက်မိပြီး ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။
သူ ပြုံးလျက်သာ "ဒါဆိုလည်း ယောကျ်ားလေးပေါ့"
ဆုန့်ဝမ်သည် ထိုစကားကို ကြားသောအခါ မပျော်မရွှင်ဖြစ်သွားပြီး "တကယ်လို့ မိန်းကလေး မွေးလာခဲ့ရင်ရော"
လင်းယွမ်မှာ မတတ်သာတော့ဘဲ "ကိုယ်က မင်းကိုပဲ ရွေးခိုင်းတာကို... အခုကြည့်ဦး"
"ခစ်"
ဆုန့်ဝမ်က ရယ်မောလိုက်သည်။
သူမက လင်းယွမ်၏ ရင်ခွင်ထဲသို့ မှီချလိုက်ပြီး "ရှင်က မိန်းမတွေကို မချော့တတ်ဘူးပဲ"
"ဒါပေမဲ့ မိန်းမတွေကို မချော့တတ်တာက ပိုကောင်းပါတယ်... တကယ်လို့များ မိန်းမတွေကို ပျော်အောင် ချော့တတ်နေမယ်ဆိုရင် အိမ်မှာ မိန်းမတွေ ဘယ်လောက်တောင် ရောက်နေမလဲ မသိဘူး"
လင်းယွမ်မှာ ငိုရခက် ရယ်ရခက် ဖြစ်သွားသည်။
ဒီကောင်မလေးက ဒီနေရာမှာ သူ့ကို စောင့်ဖမ်းနေတာပဲ။
ဟိုကွေ့ဒီပတ် ပြောနေတာက တကယ်တော့ သူ့ကို သတိပေးချင်နေတာပဲ။
ကြည့်ရတာ ပြီးခဲ့တဲ့အကြိမ်က လုယွီယန်ကို လက်ခံလိုက်တာက ဒီကောင်မလေးရဲ့ ရင်ထဲမှာ မသက်မသာ ဖြစ်သွားစေခဲ့တာပဲ။
သူက သူမကို ဖြည်းညင်းစွာ တင်းကျပ်စွာ ဖက်ထားလိုက်ပြီး နူးညံ့သောအသံဖြင့် "ကိုယ်က ဘယ်လိုလူလဲဆိုတာ မင်း မသိတာမှ မဟုတ်တာ... ကိုယ်က ဘယ်တုန်းကများ မိန်းမကိစ္စတွေ ရှုပ်ဖူးလို့လဲ"
"ကိုယ့်အတွက်ကတော့ မင်းနဲ့ အမမေတို့ ရှိနေတာနဲ့တင် လုံလောက်နေပါပြီ"
"ကိုယ်က မင်းတို့ကို ပျော်ပျော်ရွှင်ရွှင် နေစေချင်ရုံပါ... အားလုံး အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတကွ ရှိနေပြီး... နောင်တစ်ချိန်ကျရင် ကလေးတွေကလည်း အချင်းချင်း သင့်သင့်မြတ်မြတ်နဲ့ ထိုက်ယန်တောင်ကို အတူတူ အုပ်ချုပ်သွားနိုင်ဖို့ပဲ"
ဆုန့်ဝမ်သည် ထိုစကားကို ကြားသောအခါ ရင်ထဲတွင် ကြည်နူးသွားပြီး "စိတ်ချပါ အစ်ကိုလင်း... အားလုံးက ဒီကပ်ဘေးကြီးထဲမှာ အသက်ရှင်ကျန်ရစ်ဖို့... အရင်က မိန်တုဥယျာဉ် ကနေ ဒီနေ့အထိ တစ်ဆင့်ချင်း ရောက်လာဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး"
"ဘယ်သူမဆို ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းချင်ကြတာချည်းပါပဲ... ထိုက်ယန်တောင်ကလည်း နောက်ပိုင်း ပိုပိုပြီး ကောင်းမွန်လာမှာ အသေအချာပါပဲ"
လင်းယွမ် ပြုံးလိုက်ပြီး သူမနှင့် အတူယှဉ်တွဲလျက် တောင်ပေါ်ရှိ ရေစီးသံနှင့် မိုးသံများကို နားထောင်ရင်း ရင်ထဲတွင် သက်သာရာရသွားလေသည်။
နောက်ရက်များတွင် လင်းယွမ်သည် ကျင့်စဉ်လေ့ကျင့်မှုကို အနည်းငယ် လျှော့ချလိုက်ပြီး မိသားစုနှင့်အတူ အချိန်ဖြုန်းရန် နေ့စဉ် အချိန်ပေးခဲ့သည်။
သို့သော် ဆုန့်ဝမ် ကိုယ်ဝန်ရှိနေသည့်အတွက် ညဘက်တွင် လင်းယွမ်သည် တင်းယန်၊ လင်းယာနှင့် တုံယန်တို့ သုံးယောက်၏ အခန်းသို့သာ သွားအိပ်နိုင်ပြီး တစ်ခါတရံ ရန်မေ၏ အခန်းသို့လည်း သွားတတ်သည်။
ဆုန့်ဝမ် ကိုယ်ဝန်ရှိသွားခြင်းကြောင့် ဖြစ်နိုင်သည်... တင်းယန်နှင့် တုံယန်တို့သည် ဤရက်ပိုင်း ညဘက်များတွင် အလွန် ကြိုးစားပမ်းစား ရှိနေကြသည်။
လင်းယွမ်က သူတို့၏ စိတ်ဆန္ဒကို ခပ်ရေးရေး ခံစားမိလိုက်သဖြင့် အစွမ်းကုန် ကြိုးစားပေးလိုက်သည်။ သူတို့၏ ထုတ်မပြောသော ဆန္ဒများကို ဖြည့်ဆည်းပေးရန်အတွက် သူကလည်း ရှိသမျှ အားအင်များကို အကုန်ထုတ်သုံးပေးခဲ့သည်။
သို့သော် ကိုယ်ဝန်ရခြင်းဆိုသည်မှာ ကြိုးစားတိုင်း ရလဒ်ထွက်လာမည့် ကိစ္စမျိုး မဟုတ်ပေ။
ထိုက်ယန်တောင် ပတ်လည်ကျွန်း ဆေးဘက်ဆိုင်ရာဌာန၏ သုတေသနပြုချက်များအရ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် ပိုမြင့်လေ... ကိုယ်ဝန်ရနိုင်ခြေ ပိုနည်းလေ ဖြစ်ပုံရသည်။
၎င်းက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းနှင့် ဆက်စပ်နေပုံရပြီး တိကျသော အကြောင်းရင်းကိုမူ လောလောဆယ်တွင် ရှင်းလင်းစွာ မသိရသေးပေ။
ထို့ကြောင့်သာ တင်းယန်တို့ လူစုက ဤမျှလောက် စိုးရိမ်တကြီး ဖြစ်နေကြခြင်း ဖြစ်သည်။
ဆက်ရန်...