← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 9 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 9 Ch. 167-168

အပိုင်း (၁၆၇) ရေခဲနတ်ဘုရားမနှင့် ခေါင်းကြီးခလေး

"အမမေ"

လင်းယွမ်က စွမ်းအင်နိုးထခြင်း အခြေအနေသို့ ရောက်ရှိနေသည့် ရန်မေကို စူးစိုက်ကြည့်နေရင်း ရုတ်တရက် ထူးခြားမှုတစ်ခုကို သတိပြုမိလိုက်သည်။

ရန်မေ၏ ခန္ဓာကိုယ်က လေမတိုက်ဘဲ အလိုအလျောက် လေထဲသို့ မြောက်တက်သွားသလို သူမ၏ နက်မှောင်ပြောင်လက်နေသော ဆံနွယ်တို့ကလည်း မျက်စိရှေ့မှာပင် ငွေဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထို့အပြင် သူမ၏ အရှိန်အဝါကလည်း ချက်ချင်းဆိုသလို ကြီးမားစွာ ပြောင်းလဲသွားသည်။

သူမထံမှ ရရှိနေကျ နူးညံ့သိမ်မွေ့သော ခံစားချက်တို့ အလျင်အမြန် ပျောက်ကွယ်သွားပြီး ယင်းအစား လင်းယွမ် တစ်ခါမှ မကြုံဖူးသည့် အေးစက်သော အငွေ့အသက်တို့က အစားထိုး ဝင်ရောက်လာတော့၏။

လင်းယွမ်က စိုးရိမ်စိတ်ဖြင့် အမမေဟု လှမ်းခေါ်လိုက်ပြီး ရန်မေကို ဖမ်းဆွဲထားရန် မသိစိတ်၏ စေ့ဆော်မှုဖြင့် ရှေ့သို့ တိုးသွားလိုက်သည်။

သို့သော် ထိုအချိန်မှာပင် ရန်မေက မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်သည်။

သူမ၏ မျက်ဝန်းအိမ်တို့က ဆီးနှင်းများပမာ အေးစက်သွားပြီး တစ်ကိုယ်လုံးရှိ အရှိန်အဝါများမှာ လုံးဝ ပြောင်းလဲသွားလေပြီ။

တစ်ချိန်တည်းမှာပင် ငွေရောင်ဆံနွယ်တို့က လေထဲတွင် ဝဲပျံနေပြီး အေးစက်ရှရှ စိတ်စွမ်းအင် အရှိန်အဝါတစ်ခုက ရေခဲချွန်များပမာ လင်းယွမ်ထံသို့ အရှိန်ပြင်းစွာ ထိုးစိုက်ကျလာသည်။

လင်းယွမ်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။

ဤ စိတ်စွမ်းအင် ရေခဲချွန်များက လင်းဟုန်၏ စိတ်စွမ်းအင် အပ်ချွန်များနှင့် ဆင်တူလှသည်။

တိုက်ခိုက်လိုစိတ် အပြည့်ရှိနေ၏။

လင်းယွမ်က တုံ့ပြန်တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း စိတ်စွမ်းအင် ရေခဲချွန်များက ရုတ်တရက် ရပ်တန့်သွားသည်။

ငွေရောင်ဆံနွယ်နှင့် ရန်မေက လင်းယွမ်ကို ငေးစိုက်ကြည့်ရင်း ရုတ်တရက် စကားဆိုလာသည်။

"လင်းယွမ်"

လင်းယွမ် ကြောင်အသွားသည်။ ငွေရောင်ဆံနွယ်နှင့် ရန်မေ၏ မျက်နှာထားက အေးစက်နေဆဲ ဖြစ်သော်လည်း မျက်ဝန်းများကမူ ယခင်လို ဂရုမစိုက်သလို မဟုတ်တော့ဘဲ ချစ်ခင်မြတ်နိုးရိပ်တို့ ယှက်သန်းနေလေသည်။

သူမက ကြမ်းပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပြန်ဆင်းသက်လိုက်ပြီး လင်းယွမ်ထံသို့ လျှောက်လာသည်။

လင်းယွမ် အံ့အားသင့်နေစဉ်မှာပင် သူမက လက်ကိုဆန့်ကာ လင်းယွမ်၏ မေးဖျားကို ပင့်မလိုက်ပြီး ခေါင်းတစ်ချက်ညိတ်ကာ ဆိုလိုက်သည်။

"နင့်ပုံစံက မဆိုးဘူးပဲ... ဆင့်ကဲပြောင်းလဲမှု အဆင့်ကလည်း လက်ခံနိုင်စရာ ရှိသား"

လင်းယွမ် ရုတ်တရက် သတိဝင်လာပြီး အခြေအနေကို ချက်ချင်း နားလည်လိုက်သည်။

"ခင်ဗျား အမမေ မဟုတ်ဘူး... ခင်ဗျား... ခင်ဗျားက ဘယ်သူလဲ"

လင်းယွမ်က ချက်ချင်းပင် သူမ၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။

သို့သော် သူ ထိုသို့ လှုပ်ရှားလိုက်ရုံရှိသေးသည်၊ ရုတ်တရက် သဏ္ဌာန်မဲ့ စိတ်စွမ်းအင်တစ်ခုက သူ့ကို ချက်ချင်း ချုပ်နှောင်လိုက်တော့သည်။

လင်းယွမ် မျက်လုံးပြူးသွားရ၏။ မယုံနိုင်စရာပင်။

သူ၏ ခွန်အားက ၁၄.၉ အထိ ရောက်ရှိနေပြီဖြစ်ရာ အခုမှ စွမ်းအင်နိုးထလာသည့် ရန်မေက သူ့ကို စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ထားနိုင်သည်တဲ့လား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

လင်းယွမ်က မသိစိတ်ဖြင့် ကြွက်သားပေါက်ကွဲသိုင်း ကို ချက်ချင်း ထုတ်သုံးလိုက်သည်။

"ဒုန်း... ဒုန်း... ဒုန်း"

နှလုံးခုန်သံက စစ်ဗုံတီးသံပမာ တဒုန်းဒုန်း မြည်ဟီးလာကာ သွေးလည်ပတ်မှု အရှိန်မြင့်တက်လာပြီး ကြွက်သားများ ဖောင်းကြွလာသည်။

သူ၏ ခွန်အားက ချက်ချင်းဆိုသလို နှစ်ဆ တိုးသွားလေသည်။

"ဘုန်း"

သဏ္ဌာန်မဲ့ စိတ်စွမ်းအင် ချုပ်နှောင်မှုကို သူ ချက်ချင်း ရုန်းထွက်လိုက်နိုင်သည်။

ငွေရောင်ဆံနွယ်နှင့် ရန်မေ၏ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားပြီး ခန္ဓာကိုယ်က နောက်သို့ အသံတိတ် လွင့်မျောကာ ဆုတ်ခွာသွားသည်။

"ဝှီး"

လင်းယွမ်၏ လက်ဝါးက လေကိုသာ ဖမ်းဆုပ်မိလိုက်သည်။

သူက ဒေါသတကြီး မော့ကြည့်လိုက်ပြီး တစ်ဖက်လူကို စူးရဲစွာ ကြည့်လိုက်သည်။

"အမမေ ဘယ်မှာလဲ"

ငွေရောင်ဆံနွယ်နှင့် ရန်မေက လင်းယွမ်ကို ကြည့်ကာ လေသံအေးအေးဖြင့် ပြောလိုက်သည်။

"စိတ်ဝင်စားစရာပဲ... နင့်ရဲ့ ခွန်အားက မဆိုးဘူး"

"နှမြောစရာက... ဒီခန္ဓာကိုယ်က သိပ်အားနည်းလွန်းတယ်"

"သေချာနားထောင်... နင့်ရှေ့မှာ ရှိနေတာက ရေခဲမြေရိုင်းဒေသရဲ့ အရှင်သခင်... ရေခဲနတ်ဘုရားမ... ဟမ်"

သူမ စကားမဆုံးခင်မှာပင် ရုတ်တရက် မောပန်းနွမ်းနယ်မှုများ ဝင်ရောက်လာကာ သမ်းဝေလိုက်ရသည်။

ထို့နောက် သူမ၏ မျက်နှာထား ပြောင်းလဲသွားပြီး ငွေရောင်ဆံနွယ်များကလည်း အမည်းရောင်သို့ တဖြည်းဖြည်း ပြန်ပြောင်းသွားတော့သည်။

လေပေါ်တွင် ဆက်လက် ပျံဝဲနေနိုင်ခြင်း မရှိတော့ဘဲ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။

လင်းယွမ် ထိတ်လန့်သွားပြီး ကိုယ်ကို ချက်ချင်းလှမ်း ပြုတ်ကျလာသော သူမကို လှမ်းဖမ်းလိုက်သည်။

ထို့နောက် သူ သတိပြန်ဝင်လာပြီး သူမကို ချုပ်နှောင်ထားရန် လက်မောင်းကို ဖမ်းဆွဲရန် ပြင်လိုက်သည်။

သို့သော် ရန်မေ နှုတ်က ထွက်လာသော စကားသံကြောင့် သူ့လှုပ်ရှားမှုများ ရပ်တန့်သွားရသည်။

"မောင်လေး"

လင်းယွမ်က ရန်မေကို အလျင်အမြန် ကြည့်လိုက်ရာ ရန်မေမှာ စောစောကလို အေးစက်မနေတော့ဘဲ မျက်နှာပေါ်တွင် သူမပိုင်ဆိုင်သည့် နူးညံ့သော အမူအရာများ ပြန်လည် ပေါ်ပေါက်နေသည်ကို တွေ့လိုက်ရသည်။

လင်းယွမ် မျက်မှောင်ကြုတ်သွားပြီး သူမကို တွဲထူလိုက်ကာ မေးလိုက်သည်။

"အမမေ"

"မောင်လေး... အမ... အမ ဘာဖြစ်သွားတာလဲ... အမ စွမ်းအင် နိုးထသွားပြီလား"

လင်းယွမ် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ အမမေ၏ အခြေအနေကို သူလည်း သေချာ နားမလည်သေးပေ။

ထို့ကြောင့် သူက စိတ်ထိန်းကာ မေးလိုက်သည်။

"ခန္ဓာကိုယ်က ဘယ်လိုနေလဲ... နေမကောင်းတာမျိုး ရှိလား"

"ခေါင်းနည်းနည်း ကိုက်တယ်... ပြီးတော့ နည်းနည်း ပင်ပန်းပြီး အိပ်ချင်နေတယ်"

အမမေက နဖူးကို ကိုင်ရင်း သူ့ရင်ခွင်ထဲ မှီတွယ်လာသည်။

လင်းယွမ်က သူမ၏ နားထင်ကို နှိပ်နယ်ပေးရင်း မေးလိုက်သည်။

"စိတ်စွမ်းအင် ရှိနေတယ်လို့ ခံစားမိလား"

"အင်း... ရှိတယ် ထင်တာပဲ... အေးစက်စက် ခံစားချက်မျိုး... အဲဒီအရာက အပြင်ကို ပျံ့ထွက်သွားနိုင်တယ်"

"ဟယ်... ဒီလို မြင်ရတာ အဆန်းပဲနော်"

ရန်မေက စိတ်စွမ်းအင်နှင့် ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်း ဖြစ်သဖြင့် အလွန် အံ့သြနေပုံရသည်။

လင်းယွမ်က အခြေအနေကို ကြည့်ပြီး မေးမြန်းလိုက်သည်။

"စောစောက စွမ်းအင်နိုးထလာတုန်းက ဘာခံစားမိလိုက်သေးလဲ"

"အင်း... အမ အိပ်မက်တစ်ခု မက်လိုက်သလိုပဲ"

"အိပ်မက်... ဘာအိပ်မက်လဲ"

"ရေခဲတိုင်းပြည် တစ်ခုအကြောင်း မက်တာ... သက်ရှိတွေ အကုန်လုံး ရေခဲ ရိုက်ခံထားရတယ်... အမ ကိုယ်တိုင်လည်း ရေခဲ ဖုံးလွှမ်းခံရတယ်"

"ရေခဲတွေက အရမ်းထူပြီး အရိုးခိုက်မတတ် အေးတယ်... အမ မောင်လေးနာမည်ကို အော်ခေါ်ချင်ပေမယ့် အသံထွက်မလာဘူး... ပြီးတော့ နားထဲမှာ တစ်ယောက်ယောက်က 'အရမ်း အားနည်းလွန်းတယ်' ဆိုတဲ့ စကားမျိုး ပြောနေသံ ကြားရတယ်"

"အဲဒီနောက် ဝေဝေဝါးဝါးနဲ့ အမ နိုးလာတာပဲ"

လင်းယွမ်က ထိုစကားကို ကြားသော် မျက်နှာထား ပြောင်းလဲသွားသည်။

စောစောက အမမေ၏ ပြောင်းလဲမှုက ဒီအိပ်မက်နဲ့ ဆက်စပ်နေတာလား။

ရေခဲတိုင်းပြည်ဆိုတာ ဘယ်နေရာလဲ။

အဲဒီ အမျိုးသမီးကရော ဘယ်သူလဲ။

လင်းယွမ်၏ စိတ်ထဲတွင် သံသယပေါင်းစုံ ဝင်ရောက်လာသည်။

သို့သော် ရင်ခွင်ထဲရှိ ရန်မေကို ကြည့်လိုက်ပြီး ထိုအကြောင်းများကို ထုတ်မပြောဖြစ်တော့ပေ။

သူ ရန်မေကို မခြောက်လှန့်ချင်ပါ။

"ကိစ္စမရှိပါဘူး... ဘာပဲဖြစ်ဖြစ် အမ စွမ်းအင် နိုးထလာပြီပဲ... နောက်ကျရင် ဒီစိတ်စွမ်းအင်နဲ့ တဖြည်းဖြည်း အသားကျသွားပြီး နေသားကျသွားမှာပါ"

သူက ရန်မေကို နှစ်သိမ့်လိုက်ရာ ရန်မေလည်း ပြုံးလိုက်ပြီး လမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောပြနေသည်။

နှစ်ယောက်သား ခေတ္တမျှ စကားပြောနေကြစဉ် ဟိုဘက်မှ ချင်ကျင်းတို့အဖွဲ့ ပြန်ရောက်လာကြသည်။

လင်းယွမ်လည်း စကားစဖြတ်လိုက်ပြီး တစ်ဖက်လူများထံ လျှောက်သွားလိုက်သည်။

"ဘယ်လိုလဲ လင်းယွမ်... ရှင်တို့ဘက်က တိုင်ပင်ပြီးပြီလား"

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။

"ပြီးပြီ... ခင်ဗျားတို့ရော"

ချင်ကျင်းက ပြုံးကာ ဆိုသည်။

"ကျွန်မတို့ဘက်ကတော့ ကျွန်မနဲ့ ဝမ်ချီပဲ လိုက်မယ်... အဆင်သင့် ဖြစ်ပြီဆိုရင် သွားကြတာပေါ့"

လင်းယွမ်က သဘောတူလိုက်ပြီး ပြောသည်။

"ကောင်းပြီ... ဒီတစ်ခေါက် လိုက်မယ့်လူတွေကို မိတ်ဆက်ပေးမယ်"

သူက တင်းယန်နှင့် အခြားလူများကို ခေါ်လိုက်ပြီး ပြောသည်။

"တင်းယန်... ကဖုန်း... ရှီဟိုင်ကျူး... လျှိုဖိန်ဖိန်... သူတို့လေးယောက် ကျွန်တော်နဲ့အတူ လိုက်မယ်... ဝမ်ချီက တစ်ခေါက်ကို လူသုံးယောက် ခေါ်နိုင်တယ် မဟုတ်လား"

ဝမ်ချီက ခေါင်းညိတ်သည်။

"ဟုတ်တယ်... သုံးယောက်က ကျွန်တော့်ရဲ့ အကန့်အသတ်ပဲ"

"ဟုတ်ပြီ... ပထမအသုတ်မှာ ကျွန်တော်ရယ်... မန်နေဂျာချင်ရယ်... လျှိုဖိန်ဖိန်ရယ် လိုက်ခဲ့မယ်"

"နောက်တစ်ခေါက်ကျမှ တင်းယန်... ကူဖုန်းနဲ့ ရှီဟိုင်ကျူးတို့ကို ခေါ်ပေးပါ... အစ်ကိုဝမ်ချီ နှစ်ခေါက်လောက် ပင်ပန်းခံပေးပါဦး"

ချင်ကျင်းက တင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လင်းယွမ်ကို ကြည့်ကာ ပြုံးစစဖြင့် ပြောသည်။

"လင်းယွမ်က ဒီအချောအလှလေးကို ယောကျာ်းကြီးနှစ်ယောက်နဲ့ လွှတ်လိုက်ဖို့ စိတ်ချလို့လား"

လင်းယွမ်က ပြုံးကာ ချင်ကျင်းကို ကြည့်ပြီး ပြန်ပြောလိုက်သည်။

"ကျွန်တော်က မန်နေဂျာချင်ကို ယောကျာ်းကြီးနှစ်ယောက်နဲ့ လွှတ်လိုက်ရမှာ ပိုစိတ်မချတာပါ"

ချင်ကျင်း အံ့သြသွားပြီးနောက် တခစ်ခစ် ရယ်မောလိုက်တော့သည်။

သူမက ရုပ်ရည်ချောမောရုံသာမက ကိုယ်လုံးကိုယ်ပေါက်ကလည်း ပြည့်ဖြိုးကာ ရင့်ကျက်သည့် အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုမျိုး ရှိလေသည်။

ဤသို့ ရယ်မောလိုက်သည့်အခါ ပန်းခြံထဲတွင် ပွင့်လန်းနေသော ပုရိသကြိုက် ပန်းတစ်ပွင့်ပမာ လှပနေတော့သည်။

ဝမ်ချီမှာ မကြာခဏ ခိုးကြည့်နေရပြီး ရိုးအသော ရှီဟိုင်ကျူးပင်လျှင် ငေးကြည့်နေမိသည်။

တင်းယန်ကမူ မျက်နှာထား မကောင်းဘဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။

လင်းယွမ်က တုန်ခါသွားသော သူမ၏ ရင်နှစ်မွှာကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဒီလိုပဲလုပ်ကြတာပေါ့... ကဲ... သွားကြစို့"

ထို့နောက် လူအုပ်စုမှာ သက်ဆိုင်ရာ အဖွဲ့များနှင့် နှုတ်ဆက်ကာ အပေါ်ထပ်သို့ စတင်တက်ရောက်လာကြသည်။

မှောင်မည်းနေသော လှေကားထစ်များတွင် မှိုနံ့လို အနံ့ဆိုးများ ရနေသည်။

(၂၇) ထပ် လှေကားဝတွင် သွေးကွက်အများအပြား ရှိနေ၏။

ချင်ကျင်းက ရှင်းပြသည်။

"ဒီသွေးကွက်တွေက ရန်ရွှယ် စပြီး သန္ဓေပြောင်းသွားတုန်းက အသက်ရှင်ကျန်ရစ်သူတွေကို လိုက်သတ်ထားတဲ့ အရာတွေပဲ"

"အဲဒီတုန်းက သူက လှေကားထစ်တွေအထိ လိုက်လာတော့ လူတွေအများကြီး အပေါ်ထပ်ကို ထွက်ပြေးကြရတယ်"

"တချို့က မောပြီး ကျန်ခဲ့တော့ သူ့လက်ချက်နဲ့ ရက်ရက်စက်စက် အပိုင်းပိုင်း အဖြတ်ခံလိုက်ရတာပဲ"

လင်းယွမ်က ခေါင်းတစ်ချက်ညိတ်ကာ ဘာမှ ဝင်မပြောပေ။ သို့သော် တင်းယန်ကို သတိပေးလိုက်သည်။

"နင်တို့ ဒုတိယအသုတ် လာတဲ့အခါ သတိထားနော်... တကယ်လို့ သန္ဓေပြောင်း သတ္တဝါ ရန်ရွှယ်နဲ့ တွေ့ခဲ့ရင် ပြန်တိုက်ဖို့ မစဉ်းစားနဲ့... အောက်ကို တန်းခုန်ချလိုက်"

"အောက်ထပ်တွေက ရေကြီးနေတော့ ရေတွေ ဖုံးနေတာ... ဒီအမြင့်လောက်ကနေ ခုန်ချရင် နင်တို့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ဆို အန္တရာယ် သိပ်မရှိနိုင်ဘူး"

တင်းယန်၊ ကုဖုန်းနှင့် ရှီဟိုင်ကျူး သုံးယောက်က ခေါင်းညိတ်လိုက်ကြသည်။

ချင်ကျင်းက ရယ်ကာ ပြောသည်။

"အောက်က ရေထဲ ခုန်ချတာ အကြံကောင်းပဲ... ကျွန်မတောင် ဒီလိုလုပ်လို့ရမယ်လို့ မတွေးမိဘူး"

"မန်နေဂျာချင်က နောက်နေပြန်ပြီ... ရေအောက်မှာလည်း သန္ဓေပြောင်း သတ္တဝါတွေ ရှိတာပဲ... ဖြစ်နိုင်ရင် မခုန်ချဘဲ နေတာက အကောင်းဆုံးပေါ့"

စကားပြောနေရင်း သူတို့အဖွဲ့ (၂၈) ထပ်သို့ ရောက်လုနီးပါး ဖြစ်လာသည်။

"ဒီလောက်ဆို ရပြီ လင်းယွမ်... ဒီထက်ပိုတက်ရင် ရန်ရွှယ် သတိထားမိသွားလိမ့်မယ်" ဝမ်ချီက ပြောလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပြီ... မန်နေဂျာချင်... သွားကြရအောင်"

"အားလုံး လက်ချင်း ချိတ်ထားပါ... ကျွန်တော့်ရဲ့ အစွမ်းက တစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်ချင်း ထိကပ်နေမှ အလုပ်ဖြစ်တာ" ဝမ်ချီက ပြောသည်။

ချင်ကျင်းက လက်ကမ်းပေးလိုက်ပြီး ဝမ်ချီ၏ ညာဘက်လက်ကို ဆုပ်ကိုင်လိုက်သည်။

ဝမ်ချီ၏ မျက်နှာတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်မှာ သိသာလှသည်။ ချင်ကျင်း၏ လက်ကို ကိုင်ခွင့်ရသည့်အတွက် ပျော်ရွှင်နေပုံရ၏။

လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူက ဝမ်ချီ၏ ညာဘက်လက်ကို မကိုင်ဘဲ ချင်ကျင်း၏ ကျန်နေသော လက်တစ်ဖက်ကို လှမ်းဆွဲလိုက်သည်။

ဤလုပ်ရပ်ကြောင့် ချင်ကျင်း အနည်းငယ် ကြောင်သွားပြီး လင်းယွမ်ကို လှမ်းကြည့်လိုက်သည်။

လင်းယွမ်က ပြုံးကာ ပြောသည်။

"အရေးကြုံလာရင် ဝမ်ချီက ဘယ်သူ့ကိုပဲ ထားခဲ့ ထားခဲ့... မန်နေဂျာချင်ကိုတော့ ထားခဲ့မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်"

ချင်ကျင်းက လင်းယွမ်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

"လင်းယွမ်က တော်တော် သတိကြီးတာပဲနော်"

"အပြင်ထွက်မှတော့ သတိထားတာ မမှားပါဘူး... ဖိန်ဖိန်... နင် ဝမ်ချီလက်ကို ကိုင်လိုက်"

လျှိုဖိန်ဖိန်က ပြုံးဖြဲဖြဲဖြင့် ဝမ်ချီနား လျှောက်သွားပြီး သူ့လက်ကို အားပါးတရ ဆွဲကိုင်ကာ ပြောလိုက်သည်။

"ဒီလိုဆို... ရတယ်မလား"

ဝမ်ချီ၏ အပြုံးများ ပျောက်ကွယ်သွားပြီး လေသံမာမာဖြင့် ပြောသည်။

"ရပါတယ်... အတူတူပါပဲ"

ဤသို့ဖြင့် လျှိုဖိန်ဖိန်နှင့် လင်းယွမ်တို့က တစ်ဖက်လူ နှစ်ယောက်၏ လက်တစ်ဖက်စီကို ကိုင်ထားလိုက်ကြသည်။

အပေါ်ထပ် တက်နေစဉ် တစ်ဖက်လူများက ဉာဏ်များပြီး ထားခဲ့ချင်လျှင်၊ သို့မဟုတ် တစ်ခုခု လုပ်ချင်လျှင်ပင် လင်းယွမ်တို့ နှစ်ယောက်အနေဖြင့် သူတို့ကို ချက်ချင်း ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ဤသို့ဖြင့် လေးယောက်သား လက်တွဲကာ အပေါ်သို့ တက်လာကြသည်။

အပေါ်ထပ်သို့ ရောက်သည်နှင့် လင်းယွမ်နှင့် လျှိုဖိန်ဖိန်တို့၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

သူတို့နှစ်ဦးစလုံးက စိတ်စွမ်းအင် မြင့်မားသူများ ဖြစ်ကြရာ ဤအလွှာတွင် စိမ်းသက်သော စိတ်စွမ်းအင်နယ်ပယ် တစ်ခု လွှမ်းခြုံထားသည်ကို အာရုံခံမိလိုက်ကြသည်။

လင်းယွမ်က ထိုစိတ်စွမ်းအင် နယ်ပယ်ထဲတွင် မလိုမုန်းထားမှုများ ပြည့်နှက်နေသည်ကိုပင် ခံစားနေရသည်။

သူ ချက်ချင်း သတိကပ်လိုက်ပြီး စိတ်ကို ငြိမ်ကာ သူ့စိတ်စွမ်းအင်များ အပြင်သို့ ယိုစိမ့်မထွက်စေရန် ထိန်းချုပ်လိုက်သည်။

လျှိုဖိန်ဖိန်လည်း လင်းယွမ်၏ သတိပေးမှုကို ကြိုတင် ရရှိထားပြီးဖြစ်ရာ ဤကဲ့သို့နေရာတွင် စိတ်စွမ်းအင်ကို ထုတ်မသုံးမိစေရန် သတိထားနေသည်။ သို့မဟုတ်ပါက သန္ဓေပြောင်း သတ္တဝါ၏ ပစ်မှတ် ဖြစ်သွားနိုင်သည်။

သူတို့က သတ္တဝါ၏ စိတ်စွမ်းအင်နယ်ပယ်ကို အာရုံခံမိသလို သတ္တဝါကလည်း သူတို့၏ စိတ်စွမ်းအင်ကို အာရုံခံနိုင်ပေသည်။

ထို့ကြောင့် စိတ်စွမ်းအင်ကို လုံခြုံစွာ သိမ်းဆည်းထားမှသာ တစ်ဖက်လူ အာရုံခံမိခြင်းမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လင်းယွမ်သည် ထူးခြားသော စွမ်းအင်တစ်ခု သူ့ကို လာရောက် လွှမ်းခြုံသည်ကို ခံစားလိုက်ရသည်။

ထိုစွမ်းအင် လွှမ်းခြုံလာသည်နှင့် သူ့ခန္ဓာကိုယ်၏ တည်ရှိမှုက မှေးမှိန်သွားသလို ခံစားလိုက်ရသည်။

ထိုခံစားချက်က အလွန် ဆန်းကြယ်လှသည်။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုအရ မိမိကိုယ်ကို သေးငယ်သွားသလို၊ ကျုံ့သွားသလို ခံစားရသည်။

မိမိသည် ဖုန်မှုန့်တစ်ခု၊ သဲပွင့်တစ်ခု၊ ပုရွက်ဆိတ်တစ်ကောင် ဖြစ်သွားသကဲ့သို့သော အသိမျိုး ခေါင်းထဲ ဝင်ရောက်လာသည်။

ထိုအသိစိတ်အောက်တွင် သူသည် ဖုန်မှုန့်ပမာ သေးငယ်သွားပြီး မည်သူကမျှ သူ့ကို ဂရုမစိုက်တော့သလို၊ မည်သူကမျှ သူ့ကို အာရုံမစိုက်တော့သလို ဖြစ်သွားသည်။

ဖော်ပြမရနိုင်သော အထီးကျန်ဆန်မှု၊ ဝမ်းနည်းမှုများက ရင်ထဲသို့ လှိုင်းလုံးပမာ ဝင်ရောက်လာသည်။

သူက ဝမ်ချီကို တွေးတွေးဆဆ ကြည့်လိုက်မိသည်။ ဒါက သူ့အစွမ်း သုံးလိုက်တိုင်း ခံစားရတဲ့ ခံစားချက်လား။

တည်ရှိမှု ပျောက်ဆုံးနေတဲ့ လူတစ်ယောက်ရဲ့ အတွင်းစိတ်က ဒီလောက်တောင် အထီးကျန်ပြီး ဒီလောက်တောင် သိမ်ငယ်စရာ ကောင်းနေတာလား။

လျှိုဖိန်ဖိန်ကလည်း ဝမ်ချီကို လှည့်ကြည့်လိုက်သည်။

သူမ၏ မျက်လုံးထဲတွင် သနားဂရုဏာ သက်သော အရိပ်အယောင်များ ပေါ်လာသည်။

သို့သော် ချက်ချင်းပင် ခေါင်းပြန်လှည့်သွားပြီး ဝမ်ချီကို မသိစိတ်ဖြင့် မေ့လျော့ပစ်လိုက်သည်။

ဒါက တစ်ဖက်လူ၏ တည်ရှိမှု လျော့နည်းလွန်းသွားသဖြင့် သူမက သူ့ကို လစ်လျူရှုမိသွားခြင်း ဖြစ်သည်။

ချင်ကျင်းကမူ ပုံမှန်အတိုင်းပင် ရှိနေသည်။ ဝမ်ချီ၏ အစွမ်းကြောင့် ဖြစ်ပေါ်လာသော ခံစားချက်ကို ကျင့်သားရနေပုံ ပေါက်သည်။

လေးယောက်သား စကားတစ်ခွန်းမျှ မပြောကြဘဲ ခြေလှမ်းကို သတိထားကာ အသံမထွက်အောင် ဂရုစိုက်ရင်း အပေါ်ထပ်သို့ ဖြည်းဖြည်းချင်း တက်လာကြသည်။

အသက်ရှူသံကိုပင် မသိစိတ်ဖြင့် ထိန်းထားကြပြီး အရာအားလုံးက ရန်ရွှယ်ဟု ခေါ်သော သန္ဓေပြောင်း သတ္တဝါ သတိမထားမိစေရန်အတွက် ဖြစ်သည်။

"ဒေါင်... ဒေါင်"

ရုတ်တရက် (၂၈) ထပ် လုံခြုံရေးတံခါးဘက်မှ ခေါင်းလောင်းသံလို အသံတစ်ခု ထွက်ပေါ်လာသည်။

လင်းယွမ်တို့ လေးယောက်၏ အာရုံကြောများ တင်းမာသွားပြီး ခြေလှမ်းများ ရုတ်ခြည်း ရပ်တန့်သွားကြသည်။

လေးယောက်သား၏ နှလုံးခုန်သံများ မြန်ဆန်လာသည်။

ထို့နောက် လုံခြုံရေးတံခါးဘက်မှ "ခစ်... ခစ်" ဟု ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

ပြီးနောက် ကစားစရာ ရထားလေးတစ်စင်း ကြမ်းပြင်ပေါ်တွင် မောင်းနှင်သွားသကဲ့သို့ ဂလောက် ဂလောက် ဟူသော အသံများ ကြားလိုက်ရသည်။

စင်္ကြံလမ်းအတိုင်း ဖြည်းဖြည်းချင်း မောင်းနှင်သွားပုံရသည်။

လုံခြုံရေးတံခါး၏ တံခါးကြားမှနေ၍ ကစားစရာ ရထားခေါင်းပေါ်တွင် ထိုင်လိုက်ပါသွားသော မိန်းကလေးငယ် တစ်ဦးကို လင်းယွမ် ဝိုးတဝါး လှမ်းမြင်လိုက်ရသည်။

ထိုကလေးမလေးက ခြောက်နှစ်၊ ခုနစ်နှစ် အရွယ်ခန့် ရှိပြီး တစ်ချက်သာ ဖြတ်ခနဲ မြင်လိုက်ရသဖြင့် ပုံပန်းသဏ္ဌာန်ကို သေချာ မမြင်လိုက်ရပေ။

ဝိုးတဝါး မြင်လိုက်ရသည်မှာ ထိုကလေးမလေး၏ ခေါင်းက အလွန် ကြီးမားနေခြင်းပင်။

သူမ၏ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လျှင် ခေါင်းက အချိုးအစား မကျအောင် ကြီးမားလွန်းနေသည်။

အဝေးမှ လှမ်းကြည့်လျှင် ခေါင်းကြီး ကိုယ်သေး ရုပ်ပြောင်ပုံ တစ်ခုနှင့်ပင် တူနေသေးသည်။

ခေါင်းကြီးလွန်းသောကြောင့် ဆံပင်များက ပါးလျနေပြီး ဆံစ တစ်ဆုပ်စာလောက်သာ ရှိတော့သည်။

ဂလောက် ဂလောက် အသံများ တဖြည်းဖြည်း ဝေးကွာသွားမှ လေးယောက်သား သက်ပြင်းချနိုင်တော့သည်။

ချင်ကျင်းက သူမ၏ နူးညံ့သော လက်ဝါးကို မသိမသာ ရုန်းလိုက်သည်။

စောစောက လင်းယွမ် အလန့်တကြား အားစိုက်လိုက်မိသဖြင့် သူမ နာသွားရခြင်း ဖြစ်သည်။

သူမက လင်းယွမ်ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။

လင်းယွမ်က တောင်းပန်သည့် သဘောဖြင့် ပြုံးပြလိုက်သော်လည်း လက်ကိုမူ မလွှတ်ပေးခဲ့ပေ။

လေးယောက်သား အပေါ်ထပ်သို့ ဆက်တက်လာကြသည်။ ဒီတစ်ခါတော့ ဘေးကင်းကင်းဖြင့် (၂၉) ထပ်သို့ ရောက်ရှိလာကြသည်။

သို့သော် ဝမ်ချီက မရပ်တန့်ဘဲ ဆက်တက်နေသည်။

လင်းယွမ် မအံ့သြပါ၊ ရန်ရွှယ်၏ စိတ်စွမ်းအင် အာရုံခံနိုင်စွမ်းက အလွန် ကျယ်ပြန့်သည်ဟု ချင်ကျင်း ပြောဖူးသည်။

တစ်လွှာလုံးကို အာရုံခံနိုင်ရုံသာမက အပေါ်ထပ် (၂၉) လွှာအထိ သူမ၏ အာရုံခံနိုင်စွမ်းက ရောက်ရှိသည်။

သူမက အပေါ်ထပ် အောက်ထပ်များကို ပုံမှန် အာရုံခံလေ့ မရှိပေ။

သို့သော် သူမ စိတ်ကူးပေါက်ပြီး အပေါ်အောက် အာရုံခံကြည့်မည် မဟုတ်ဟု မည်သူ အာမခံနိုင်မည်နည်း။

ထို့ကြောင့် စိတ်ချရစေရန် (၃၀) ထပ်အထိ တက်မှသာ ဘေးကင်းမည် ဖြစ်သည်။

ဆက်လက်၍ အခက်အခဲ မရှိဘဲ လေးယောက်သား (၃၀) ထပ်သို့ ရောက်ရှိလာကြသည်။

(၃၀) ထပ်တွင် ပစ္စည်းပစ္စယများ ရှုပ်ပွနေပြီး ဆိုင်ခန်းအားလုံး ဖောက်ထွင်း လုယက်ခံထားရကာ ဘာပစ္စည်းမှ မကျန်တော့ပေ။

ပြန့်ကျဲနေသော ပိုစတာများ၊ ကွဲကြေနေသော မှန်စများနှင့် နေရာအနှံ့ ပေကျံနေသော အညစ်အကြေးများက ဤနေရာတွင် လူအများအပြား နေထိုင်ခဲ့ဖူးကြောင်း သက်သေပြနေသည်။

"လင်းယွမ်... လက်လွှတ်လို့ ရပြီလား"

ချင်ကျင်းက လင်းယွမ်ကို ကြည့်လိုက်သည်။ လင်းယွမ်က (၃၀) ထပ်၏ အခြေအနေကို လိုက်ကြည့်နေသော်လည်း သူမလက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ခြင်း ဖြစ်သည်။

လင်းယွမ် သတိပြန်ဝင်လာပြီး လက်ကို ချက်ချင်း လွှတ်ပေးလိုက်ကာ ရယ်မောလိုက်သည်။

"ဆောရီးဗျာ... စောစောက နာသွားလား"

ချင်ကျင်းက လက်ကို ခါလိုက်ပြီး ပြောသည်။

"လင်းယွမ်က စိတ်စွမ်းအင် အသုံးပြုသူမှန်း သိထားလို့သာပေါ့... ရှင် လက်အားသန်ပုံကြည့်ရတာ ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်လို့တောင် ထင်ရတယ်"

လင်းယွမ်က သူမကို ကြည့်ပြီး ပြုံးလိုက်သည်။

"မန်နေဂျာချင်က ကျွန်တော့်အစွမ်းကို တော်တော် စိတ်ဝင်စားနေတဲ့ပုံပဲ"

တစ်ဖက်လူက သူ့အစွမ်းအကြောင်း စကားနာယူကာ စုံစမ်းနေသည်မှာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

ချင်ကျင်းက အံ့သြဟန်ဆောင်ကာ ပြောသည်။

"ကျွန်မက စိတ်မဝင်စားသင့်ဘူးလား... ခဏနေရင် ကျွန်မတို့က ပခုံးချင်းယှဉ်ပြီး တိုက်ပွဲဝင်ရတော့မှာလေ... ကိုယ့်မိတ်ဖက်ရဲ့ အစွမ်းကိုတောင် နားမလည်ထားရင် မကောင်းဘူး မဟုတ်လား"

လင်းယွမ် စဉ်းစားလိုက်ပြီး ပြုံးကာ ပြန်ပြောသည်။

"မိတ်ဖက်တဲ့လား... ဒါဆိုရင်လည်း မန်နေဂျာချင်ရဲ့ အစွမ်းကို ပြောပြပါဦး"

"ကျွန်မလား... ဟင်... ရှင့်သူငယ်ချင်းတွေ မပြောပြဘူးလား"

"ကျွန်မအစွမ်းက ဒေါသမီးကွင်း ပါ... အစွမ်းထုတ်လိုက်ရင် ကျွန်မပတ်လည် ၁၆ ပေ ဝန်းကျင်လောက်အထိ ပေါက်ကွဲအား ပြင်းထန်တဲ့ မီးကွင်းတွေ ထွက်လာတာ"

"ရှင့်သူငယ်ချင်းတွေ မြင်ဖူးပါတယ်"

ချင်ကျင်းက ပြုံးကာ ဆက်ပြောသည်။

"ကဲ... ကျွန်မအစွမ်းကို သိပြီဆိုတော့ ရှင့်အလှည့် ရောက်ပြီမလား"

သူမ ပြောသည်က ရှီဟိုင်ကျူးတို့ ပြောပြထားသည်နှင့် ကိုက်ညီမှု ရှိသည်။

သို့သော် လင်းယွမ် သိပ်မယုံပေ၊ အနည်းဆုံးတော့ ချင်ကျင်းဘက်က တစ်ခုခု ချန်လှပ်ထားဦးမည်မှာ သေချာသည်။

ထို့ကြောင့် သူကလည်း ပြန်ပြောလိုက်သည်။

"ကျွန်တော့်အစွမ်းကလည်း ရိုးရှင်းပါတယ်... ကျွန်တော့် စိတ်စွမ်းအင်က အားကောင်းတော့ စိတ်စွမ်းအင် ရိုက်ခတ်မှုတွေ ဖန်တီးနိုင်တယ်... ဝမ်ဝေတုန်းကို ကိုင်တွယ်ဖို့ ပြဿနာ မရှိလောက်ပါဘူး"

ချင်ကျင်း မျက်လုံး အရောင်လက်သွားသည်။

"ရှင်က တကယ်ပဲ စိတ်စွမ်းအင် တိုက်ခိုက်ရေး အမျိုးအစားကိုး... သိပ်ကောင်းတာပေါ့... ဝမ်ဝေတုန်းရဲ့ အရိပ်အစွမ်း က စိတ်စွမ်းအင် တိုက်ခိုက်မှုတွေကို အကြောက်ဆုံးပဲ... ဒီတစ်ခါတော့ သူ သေချာပေါက် သေပြီ"

"ဘယ်သူနိုင်မလဲ ဆိုတာက တိုက်ကြည့်မှ သိမှာပါ... အစ်ကိုဝမ်ချီ... အမောပြေပြီလား"

ဝမ်ချီက ခေါင်းညိတ်သည်။

"အင်း... တော်တော်လေး အဆင်ပြေသွားပါပြီ... ကျန်တဲ့လူတွေကို သွားခေါ်လိုက်ဦးမယ်"

"လမ်းမှာ သတိထားနော်" ချင်ကျင်းက ဝမ်ချီအနား သွားပြီး မှာကြားလိုက်သည်။

"ကျေးဇူးပါ အမချင်... ကျွန်တော် သိပါတယ်"

ဝမ်ချီက လူများကို နှုတ်ဆက်ပြီး တင်းယန်တို့ကို သွားခေါ်ရန် အလျင်အမြန် ပြန်ဆင်းသွားသည်။

လင်းယွမ်၊ လျှိုဖိန်ဖိန်နှင့် ချင်ကျင်းတို့က (၃၀) ထပ်ရှိ ဆိုင်ခန်းများကို လိုက်လံစစ်ဆေးပြီး စားစရာများ ကျန်မကျန် ရှာဖွေကြသည်။

လင်းယွမ်က ထိုကိစ္စများကို သိပ်စိတ်မဝင်စားသဖြင့် လျှိုဖိန်ဖိန်ကို ခေါ်ကာ လှေကားဝသို့ ထွက်လာခဲ့သည်။

လှေကားဝတွင် ရပ်ရင်း အောက်ထပ်မှ အသံများကို နားစွင့်နေလိုက်သည်။

"အစ်ကိုလင်းယွမ်... အစ်ကိုက မန်နေဂျာချင်ကို... နည်းနည်း သတိထားနေပုံရတယ်"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

"ငါတို့ သူနဲ့ ပထမဆုံး တွေ့ဖူးတာလေ... သူ့ကို သတိထားတာ မဆန်းပါဘူး"

"ကြည့်ရတာ သူက လူဆိုးပုံ မပေါက်ပါဘူး" လျှိုဖိန်ဖိန်က ပြောသည်။

လင်းယွမ် ရယ်လိုက်သည်။

"နင် ဘယ်လိုကြည့်လိုက်တာလဲ... သူက လှလို့လား"

"ဟီး... အဲဒီစကားကို ညီမ ပြောတာ မဟုတ်ဘူးနော်... အစ်ကိုက သူ့ကို လှတယ်လို့ ထင်နေတာမလား"

လင်းယွမ် ရယ်မောလိုက်သည်။

"ချာတိတ်မ... ငါ့ကို လာပြောင်နေသေးတယ်... နင့်ရဲ့ ကိုကိုခိုင်ကို ငါ မပြောပေးပဲ နေလိုက်ရမလား"

လျှိုဖိန်ဖိန်က လက်အုပ်ချီကာ ချက်ချင်း တောင်းပန်တော့သည်။

"အစ်ကိုလင်းယွမ်... ညီမ မှားသွားပါတယ်... မှားသွားပါတယ်... နောက်မလုပ်ရဲတော့ပါဘူး"

သူမ ငြိမ်ကျသွားတော့မှ လင်းယွမ် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"လူကို သိပေမယ့် စိတ်ကို မသိနိုင်ဘူး... ဒီမိန်းမက ငါ့ရဲ့ အစွမ်းကို ခဏခဏ စုံစမ်းနေတယ်... ငါတို့အပေါ်လည်း အရမ်း ဖော်ရွေလွန်းနေတယ်... ဘယ်လိုကြည့်ကြည့် နည်းနည်းတော့ မသင်္ကာစရာ ကောင်းတယ်"

"ငါကပဲ သတိကြီးလွန်းနေတာ ဖြစ်နိုင်တယ်... ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ အကြောင်းရင်းမရှိဘဲ ဖြစ်လာတဲ့ ဖော်ရွေတာမျိုး မရှိနိုင်ဘူးလို့ ငါထင်တယ်"

"အထူးသဖြင့် အခုလို ရေကြီးနေတဲ့ ကမ္ဘာပျက်ကပ် ကာလကြီးထဲမှာ... သူက ငါတို့အပေါ် ဒီလောက် သည်းသည်းလှုပ် ဧည့်ဝတ်ပြုနေတာ ပိုတောင် သတိထားရမယ်"

"သည်းသည်းလှုပ်လို့လား... ညီမတော့ သာမန်ပဲ ထင်တာပဲ... ညီမ ထင်တာကတော့ ညီမတို့လည်း ဝမ်ဝေတုန်းအဖွဲ့နဲ့ ရန်ငြိုးရှိနေတယ် ဆိုတော့... လှေတစ်စီးတည်း စီးရမယ့် လူတွေမို့လို့ ညီမတို့ကို ဆွဲဆောင်စည်းရုံးနေတာ ဖြစ်မှာပါ"

"ဘုန်း"

လျှိုဖိန်ဖိန် စကားမဆုံးခင်မှာပင် အောက်ထပ်မှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

လင်းယွမ် မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားပြီး အော်ပြောလိုက်သည်။

"နင် ဒီမှာပဲ နေခဲ့... ဘယ်မှ မသွားနဲ့... ငါ အောက်ဆင်းကြည့်လိုက်ဦးမယ်"

"ဟာ... အစ်ကိုလင်းယွမ်... သတိထားနော်"

လျှိုဖိန်ဖိန်လည်း မျက်နှာပျက်သွားပြီး အော်ပြောလိုက်သော်လည်း လင်းယွမ် စကားနားထောင်ကာ အောက်သို့ လိုက်မဆင်းဘဲ နေခဲ့သည်။

သူမက ကိုယ့်အရည်အချင်းကိုယ် သိသည်၊ လိုက်သွားလျှင်လည်း ဝန်ထုပ်ဝန်ပိုးသာ ဖြစ်ပေလိမ့်မည်။

လင်းယွမ်က စက္ကန့်ပိုင်းအတွင်း (၂၈) ထပ်သို့ ပြေးဆင်းသွားသည်။ လှေကားဝတွင် တင်းယန်တစ်ယောက် လေထဲတွင် မြောက်တက်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာတွင် ထိတ်လန့်ဒေါသထွက်မှုများ ပြည့်နှက်နေပြီး ပြင်းပြင်းထန်ထန် ရုန်းကန်နေသော်လည်း လုံးဝ မလှုပ်ရှားနိုင်ပေ။

အခြားတစ်ဖက်တွင် ရှီဟိုင်ကျူးက တစ်ကိုယ်လုံး ကျောက်ခဲအဖြစ် ပြောင်းလဲထားပြီး လက်သီးဖြင့် တစ်ခုခုကို ထိုးချရန် ပြင်နေသော်လည်း ယခုအခါ ရုပ်တုတစ်ခုပမာ မလှုပ်မယှက် ဖြစ်နေသည်။

မလှမ်းမကမ်း ထောင့်တစ်နေရာတွင် ခေါင်းကြီးခလေးတစ်ဦး လှေကားထစ်တွင် ပေါ်လာပြီး လုံခြုံရေးတံခါးမှာ ပျက်စီးနေလေပြီ။

ဆက်ရန်...

အပိုင်း (၁၆၈) ခေါင်းကြီးခလေးနှင့် အပြင်းအထန် တိုက်ပွဲ၊ (၃၂) လွှာမှ လှုပ်ရှားမှုများ

ထိုခေါင်းကြီးခလေးမှာ သန္ဓေပြောင်းလဲမှု မအောင်မြင်ခဲ့သည့် ရန်ရွှယ်ပင် ဖြစ်လေသည်။

သူမ၏ မျက်လုံးများက အလွန်ကြီးမားရာ ကြောက်မက်ဖွယ် ကောင်းလှ၏။

မျက်ဝန်းအိမ်ထဲတွင် လှောင်ပြောင်လိုသော အရိပ်အယောင်များ ယှက်သန်းနေပြီး လက်ခုပ်လက်ဝါးတီးကာ တခစ်ခစ် ရယ်မောနေတော့သည်။

"ပျော်စရာကြီး... ပျော်စရာကြီး... ခစ်ခစ်"

လင်းယွမ်က အကြည့်တစ်ချက် ဝေ့လိုက်ရုံဖြင့် မလှမ်းမကမ်းရှိ လှေကားထောင့်ချိုး၌ အဖြူရောင် မြူခိုးတစ်အုပ် ရှိနေသည်ကို မြင်လိုက်ရသည်။

စဉ်းစားနေစရာပင် မလိုပေ။ ကုဖုန်းတစ်ယောက် ထိုနေရာတွင် ပုန်းအောင်းနေခြင်း ဖြစ်လိမ့်မည်။

သို့သော် သူတို့ သုံးဦးမှလွဲ၍ ဝမ်ချီ၏ အရိပ်အယောင်ကိုမူ ရှာမတွေ့ပေ။

သူ၏ "ဘေးလူ" အစွမ်းကို အသုံးပြုထားသဖြင့် ဖြစ်တည်မှု မှေးမှိန်လွန်းကာ အာရုံခံမရခြင်းလော၊ သို့တည်းမဟုတ် ထွက်ပြေးလွတ်မြောက်သွားပြီလော ဆိုသည်ကိုကား သူ မခန့်မှန်းနိုင်ချေ။

လောလောဆယ်တွင် လင်းယွမ်က ထိုကိစ္စများကို ဂရုမစိုက်နိုင်တော့။ ခေါင်းကြီးခလေး ရန်ရွှယ်က လက်ကိုဆန့်ထုတ်၍ တင်းယန်၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်ကို သူ မြင်လိုက်ရပြီ ဖြစ်သည်။

တင်းယန်၏ လက်မောင်းနှင့် သူမအကြားတွင် အကောင်အထည်မရှိသော ကြိုးမျှင်တစ်ချောင်း ရှိနေသယောင်ပင်။

သူမက ညင်သာစွာ ဆွဲယူလိုက်သည်နှင့် တင်းယန်၏ လက်မောင်းမှာ မိမိအလိုဆန္ဒမပါဘဲ အတင်းအဓမ္မ ပါသွားလေတော့သည်။

"ဗြိ"

သာမန်မဟုတ်သော အသံတစ်သံနှင့်အတူ ဆွဲအားကြောင့် တင်းယန်၏ အင်္ကျီလက်မောင်းစမှာ စုတ်ပြဲသွားရသည်။

ထို့ပြင် သူမ၏ လက်မောင်းရိုးများသည်လည်း သိသိသာသာကို ဖုထစ်ရောင်ကိုင်း လာတော့သည်။

တင်းယန်၏ မျက်နှာတွင် နာကျင်ခံစားရသော အရိပ်အယောင်များ ပေါ်ွထွက်လာ၏။

"အား"

သူမက နာကျင်စွာ အော်ဟစ်လိုက်ပြီး ပါးစပ်ကို ချက်ချင်းဟကာ အားကုန် မှုတ်ထုတ်လိုက်လေသည်။

"ဝုန်း"

ပြင်းထန်လှသော လေထုသည် အစွမ်းအရှိန်အဟုန် အောက်တွင် လေဖိအားမြှားတံ တစ်စင်းပမာ အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ခေါင်းကြီးခလေးက ထိုအရာကို မြင်လိုက်ရသောအခါ အံ့ဩဝမ်းသာစွာ အော်ဟစ်လိုက်ပြန်သည်။

"ပျော်စရာကြီး... ပျော်စရာကြီး"

သူမက လက်ကိုဆန့်ထုတ်ကာ ဖမ်းယူလိုက်ရာ ထိုလေဖိအားမြှားတံမှာ လေထုထဲတွင် ရပ်တန့်သွားတော့သည်။

"ဘုန်း"

လေဖိအားမြှားတံမှာ ရုတ်တရက် ပေါက်ကွဲသွားပြီး ပြင်းထန်သော လေလှိုင်းများ ရိုက်ခတ်သွားစေသည်။

ထိုအခိုက်တွင် လေထုထဲမှ အကောင်အထည်မဲ့သော ချုပ်နှောင်မှုမှာလည်း အနည်းငယ် ပြေလျော့သွားပုံ ရ၏။

တင်းယန်၏ ခန္ဓာကိုယ်သည် လေပေါ်မှ ပြုတ်ကျလာပြီး ခေတ္တမျှ ပြန်လည် လှုပ်ရှားနိုင်သွားသည်။

သူမက အလျင်အမြန် ထရပ်ကာ နောက်ထပ် တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် ထက်ဝက်ခန့်သာ ထနိုင်သေးချိန်၌ ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် တောင့်တင်းသွားပြန်၏။

ယခုတစ်ကြိမ်တွင် သူမသည် ပါးစပ်ဟ၍ လေမှုတ်ထုတ်ရန်ပင် စွမ်းနိုင်ခြင်း မရှိတော့ချေ။

"ဟီးဟီး... ပျော်စရာကြီး"

ခေါင်းကြီးခလေးက တင်းယန်ရှိရာသို့ ခုန်ဆွခုန်ဆွ ပြေးသွားပြီး သူမ၏ ပါးစပ်ကို လက်ဖြင့်ညှစ်ရန် ကြိုးစားလိုက်သည်။ ပါးစပ်ထဲတွင် မည်သည့်အရာ ရှိနေ၍ မီးရှူးမီးပန်းများ ထုတ်လွှတ်နိုင်သနည်း ဟု စူးစမ်းလိုပုံ ရသည်။

တင်းယန်မှာ မျက်လုံးပြူးကာ ဒေါသအကြည့်များဖြင့် ကြည့်နေသော်လည်း လုံးဝ လှုပ်ရှား၍ မရတော့ပေ။

ခေါင်းကြီးခလေး၏ ညစ်ပတ်ပေရေနေသော လက်ဝါးကြီးက သူမ၏ ပါးပြင်ကို ထိလုနီးပါး ဖြစ်နေချိန်တွင်...

ရုတ်တရက် တဝီဝီ မြည်သံတစ်သံ ထွက်ပေါ်လာတော့သည်။

ခေါင်းကြီးခလေးသည် လက်ကို ချက်ချင်း ပြန်ရုတ်လိုက်ပြီး ခေါင်းကိုအုပ်ကာ အော်ဟစ်လိုက်လေသည်။

"အား"

သူမ စူးစူးဝါးဝါး အော်ဟစ်လိုက်သည့် ခဏ၌ ပတ်ဝန်းကျင်ရှိ လေထုသည် တစ်ချက်မျှ လှုပ်ခါသွားသယောင် ခံစားလိုက်ရသည်။

လူတိုင်း၏ မြင်ကွင်းများ ဝေဝါးသွားကြသည်။

ထို့နောက် တင်းယန်၊ ရှီဟိုင်ကျူးနှင့် မလှမ်းမကမ်းရှိ မြူခိုးများကြားတွင် ပုန်းအောင်းနေသော ကုဖုန်းတို့သည် ခန္ဓာကိုယ်များ ပြန်လည် လှုပ်ရှားနိုင်လာကြောင်း သတိပြုမိလိုက်ကြသည်။

ထိုခဏ၌ သူတို့အားလုံး ခေါင်းမော့ကြည့်လိုက်ကြရာ လှေကားထစ် အပေါ်ဘက်ရှိ လူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် ဝမ်းသာအားရ ဖြစ်သွားကြ၏။

"လင်းယွမ်"

"ဆရာလင်း"

လင်းယွမ်က တည်ငြိမ်သောအသံဖြင့် လှမ်းအော်လိုက်သည်။

"အမြန်ပြေး"

တင်းယန်က တုံဆိုင်းမနေဘဲ သူမ၏ အစွမ်းကို ထုတ်သုံးလိုက်ရာ ခြေထောက်များတွင် အလင်းရောင်များ လင်းလက်လာပြီး အမြောက်ဆံတစ်ကောင်ပမာ ပစ်လွှတ်လိုက်သကဲ့သို့ (၂၉) လွှာသို့ ချက်ချင်း ခုန်တက်ရောက်ရှိသွားသည်။

ရှီဟိုင်ကျူးမှာလည်း လှေကားဆီသို့ အပြေးအလွှား သွားသော်လည်း သူ၏ အစွမ်းမှာ အမြန်နှုန်းနှင့် မဆိုင်သဖြင့် လေးလံဖင့်နှေးနေလေသည်။

ကုဖုန်းက နောက်ဆုံးမှ ပြေးလိုက်လာပြီး သူသည်လည်း အမြန်နှုန်း အားသာချက် မရှိသူ ဖြစ်သည်။

ထိုနှစ်ယောက်မှာ ခြေလှမ်း နှစ်လှမ်း၊ သုံးလှမ်းခန့်သာ ပြေးရသေးသော်လည်း ခန္ဓာကိုယ်များမှာ ထပ်မံ၍ ထိန်းချုပ်မရ ဖြစ်သွားပြန်သည်။

ခေါင်းကြီးခလေး "ရန်ရွှယ်" မှာ သတိပြန်ဝင်လာပြီး လင်းယွမ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

သူမက စူးစူးဝါးဝါး အော်ဟစ်လျက် လင်းယွမ်ကို လှမ်းဖမ်းရန် ပြုလိုက်၏။

လင်းယွမ်မှာ ပတ်ဝန်းကျင်တစ်ခုလုံး ကျုံ့ဝင်သွားသကဲ့သို့ ချက်ချင်း ခံစားလိုက်ရသည်။

သူ၏ ခန္ဓာကိုယ်သည်လည်း တောင့်တင်းလာတော့မည့် အရိပ်အယောင်များ ပြလာသည်။

ပုံသဏ္ဌာန်မဲ့သော စိတ်စွမ်းအင်တစ်ခုက သူ၏ ဦးနှောက်ထဲသို့ အတင်းအဓမ္မ တိုးဝင်လာပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

"ထွက်သွားစမ်း"

လင်းယွမ်က ဟိန်းဟောက်လိုက်ရာ မျက်လုံးများ နီရဲလာပြီး စိတ်စွမ်းအင်များ ရူးသွပ်မတတ် လှုပ်ရှားလာတော့သည်။

စိတ်ဝိဉာဉ်ရိုက်ခတ်သိုင်း... နောက်တစ်ကြိမ် ပေါက်ကွဲထွက်သွားပြန်၏။

"ဘုန်း"

ယခုတစ်ကြိမ် စိတ်စွမ်းအင်ချင်း တိုက်မိရာတွင် ခေါင်းကြီးခလေးမှာ ထိခိုက်ဒဏ်ရာ မရလိုက်ပေ။

လေထုထဲတွင် ၎င်းတို့နှစ်ဦး၏ စိတ်စွမ်းအင်များ အကောင်အထည်မဲ့ တိုက်မိသွားကြသည်။

အစစ်အမှန် ရုပ်ဝတ္ထုများ တိုက်မိသကဲ့သို့ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

လင်းယွမ်မှာ ခေါင်းတစ်ချက် မူးဝေသွားသော်လည်း တစ်ဖက်လူ၏ စိတ်စွမ်းအင်ကို အတင်းအဓမ္မ ဖြိုခွင်းလိုက်နိုင်လေသည်။

သူက အချိန်ဆွဲမနေရဲဘဲ ရှီဟိုင်ကျူးနှင့် ကုဖုန်းကို ဖမ်းဆွဲကာ ခေါင်းကြီးခလေးကို ကျော်ခွ၍ (၂၈) လွှာ စင်္ကြံလမ်းသို့ ချက်ချင်း ခုန်ဝင်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် သူက အော်ပြောလိုက်၏။

"ကုဖုန်း... မီးခိုးတွေ မှုတ်ထုတ်လိုက်"

ကုဖုန်းက ပါးစပ်ကိုဟကာ အဖြူရောင် မီးခိုးများကို အားကုန် မှုတ်ထုတ်လိုက်လေသည်။

မီးခိုးငွေ့များသည် လှေကားထစ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အရပ်မျက်နှာ အနှံ့အပြားသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် စင်္ကြံလမ်းတစ်ခုလုံး မီးခိုးများ ဖုံးလွှမ်းသွားရာ မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။

လင်းယွမ်က ပြေးနေရင်း မျက်လုံးထောင့်မှနေ၍ ဤအလွှာကို အကဲခတ်လိုက်သည်။

ချင်ကျင်း ပြောခဲ့သည့်အတိုင်း ဤအလွှာမှာ ကလေးကစားကွင်း ဖြစ်လေသည်။

လျှပ်စစ်အရုပ်များ၊ အရုပ်ကောက်စက်များ၊ ငါးမျှားကန်များ...

စင်္ကြံလမ်းပေါ်တွင် ရထားသေးလေး တစ်စင်းလည်း ရှိနေသေးသည်။

လင်းယွမ်က ထိုအရာများကို ဂရုမစိုက်နိုင်ဘဲ အရှိန်ဖြင့် ပြေးလွှားနေ၏။

သူ၏ အလျင် အရည်အသွေးမှတ်မှာ မနည်းလှသဖြင့် အားကုန်ပြေးပါက အမြန်နှုန်း အစွမ်းပိုင်ရှင်များထက် မနှေးကွေးပေ။

အချိန်အနည်းငယ် အတွင်းမှာပင် နောက်ထပ် လုံခြုံရေးတံခါး တစ်ခုဆီသို့ ရောက်ရှိသွားသည်။

လုံခြုံရေးတံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ပြီး လင်းယွမ်က အပေါ်ထပ်သို့ ဆက်လက် ပြေးတက်သွားသည်။

ခေါင်းကြီးခလေး၏ စိတ်စွမ်းအင်က ဤနေရာတစ်ဝိုက်ကို ရှာဖွေနေကြောင်း သူ အာရုံခံမိနေသည်။

ကံကောင်းသည်မှာ ကုဖုန်း၏ မီးခိုးများသည် စိတ်စွမ်းအင်ကို ကာကွယ်ပေးနိုင်သော အာနိသင် ရှိနေခြင်းပင်။

စိတ်စွမ်းအင်ဖြင့် ထောက်လှမ်းမှုကို အတိုင်းအတာ တစ်ခုအထိ တားဆီးပေးနိုင်သဖြင့် နောက်က လိုက်မမီလာခြင်း ဖြစ်သည်။

ခဏအကြာတွင် လင်းယွမ်က (၃၀) လွှာသို့ တစ်ရှိန်ထိုး ရောက်ရှိသွားသည်။

သူက ရပ်တန့်မနေရဲဘဲ အပေါ်သို့ ဆက်ပြေးလေသည်။

(၃၄) လွှာဝန်းကျင် ရောက်မှသာ ခေါင်းကြီးခလေး၏ စိတ်စွမ်းအင်ကို အာရုံခံ၍ မရတော့သဖြင့် စိတ်အနည်းငယ် လျှော့ချလိုက်နိုင်သည်။

ရှီဟိုင်ကျူးနှင့် ကုဖုန်းမှာ သူ၏ ဆွဲခေါ်လာခြင်း ခံရသဖြင့် သိပ်မမောပန်းကြပေ။ နှစ်ယောက်သား ပြန်လှည့်ကြည့်လိုက်ကြသည်။

လမ်းတစ်လျှောက်တွင် ကုဖုန်း မှုတ်ထုတ်ထားသော အဖြူရောင် မြူခိုးများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့ရ၏။

ကုဖုန်း၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ မီးခိုးငွေ့ အများအပြားကို တစ်ပြိုင်နက် ထုတ်သုံးလိုက်ရသဖြင့် သူလည်း ခံနိုင်ရည်မရှိ ဖြစ်နေပုံရသည်။

လင်းယွမ်က ပြောလိုက်သည်။

"ဒီလောက်ဆို ရပြီ"

ရှီဟိုင်ကျူးက မနေနိုင်ဘဲ ပြောလိုက်၏။

"ကျွတ်... အဲဒီ ခေါင်းကြီးခလေးက တော်တော်ကြောက်စရာ ကောင်းတာပဲ... ဘာအစွမ်းမို့လို့ ကျွန်တော်တို့ကို လှုပ်တောင် မလှုပ်နိုင်အောင် လုပ်ပစ်လိုက်တာလဲ"

လင်းယွမ်က ဖြေလိုက်သည်။

"အာရုံကြောစနစ်ကို ထိန်းချုပ်တဲ့ အစွမ်းမျိုး ဖြစ်လောက်တယ်... စိတ်စွမ်းအင် သန္ဓေပြောင်းခြင်း တစ်မျိုးလို့ ပြောလို့ရတာပေါ့"

ကုဖုန်းမှာ မီးခိုးငွေ့ အများအပြားကို ပြန်လည်စုပ်ယူလိုက်ပြီးနောက် ခွန်အား အနည်းငယ် ပြန်ပြည့်လာသဖြင့် မေးလိုက်သည်။

"အစ်ကိုလင်း... အမတင်းက တခြားလမ်းကနေ သွားတာဆိုတော့ ဘာမှမဖြစ်လောက်ဘူး မလား"

လင်းယွမ်က ခေါင်းခါလိုက်သည်။

"မဖြစ်လောက်ပါဘူး... သူ ဘာလုပ်ရမလဲဆိုတာ သိပါတယ်"

ထိုသို့ပြောလိုက်ပြီး မကြာမီမှာပင် မလှမ်းမကမ်းမှ လှုပ်ရှားသံများ ကြားလိုက်ရသည်။

ထို့နောက် တင်းယန်၏ ခြေထောက်များတွင် အစွမ်းအလင်းရောင်များ လက်နေပြီး တစ်လှမ်းလျှင် ပေ (၂၀)၊ (၂၅) ပေ ခန့် ခုန်ပျံကျော်လွှားကာ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။

"လင်းယွမ်... ရှင်တို့ ဘာမှ မဖြစ်ကြဘူးမလား"

သူမက လူသုံးယောက်လုံး ရှိနေသည်ကို မြင်လိုက်ရသဖြင့် စိုးရိမ်ပူပန်သော မျက်နှာထား ပျောက်ကွယ်သွားပြီး ဂရုတစိုက် မေးမြန်းလိုက်သည်။

လင်းယွမ်က ခေါင်းခါရင်း ပြန်ပြောလိုက်၏။

"ငါ ဘာမှမဖြစ်ဘူး... နင့် လက်မောင်းရော အဆင်ပြေရဲ့လား"

တင်းယန်က လက်မောင်းစ ပြဲနေသော သူမ၏ လက်ကို ငုံ့ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။

"နည်းနည်းတော့ နာသွားတယ်... ဒါပေမဲ့ ပြဿနာ မရှိပါဘူး... အဲဒီ ခေါင်းကြီးခလေးက တကယ် ကြောက်စရာ ကောင်းတာပဲ... ဒီတစ်ခါတော့ တကယ် သေပြီလို့တောင် ထင်လိုက်မိတာ"

ရှီဟိုင်ကျူးကလည်း ဝင်ပြောလေသည်။

"ဒီတစ်ခါတော့ ဆရာလင်းကိုပဲ ကျေးဇူးတင်ရမှာပဲ... ဆရာလင်း... ကျေးဇူးတင်ပါတယ်... ခင်ဗျား ကျွန်တော်ကို ကယ်တာ ဒါနဲ့ဆို နှစ်ခါရှိပြီ"

သူက ရိုးသားစွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ လင်းယွမ်က ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

"လူရင်းတွေပဲ... ဒီလို အားနာစကားတွေ ပြောမနေပါနဲ့တော့... ဒါနဲ့ မင်းတို့က ဘယ်လိုလုပ်ပြီး အဲဒီ ခေါင်းကြီးခလေးနဲ့ သွားတိုးမိကြတာလဲ... ဝမ်ချီရော"

တင်းယန်က ခေါင်းခါလိုက်သည်။

"မမျှော်လင့်ဘဲ ဖြစ်သွားတာ... ဝမ်ချီက ဦးဆောင်ပြီး အပေါ်ထပ်ကို တက်ခဲ့ကြတာ... အစက အကောင်းကြီးပါပဲ... ဘယ်ကမှန်းမသိတဲ့ သန္ဓေပြောင်း ကြောင်တစ်ကောင်က ရုတ်တရက် လှေကားထစ်မှာ ပေါ်လာပြီး အသံတွေ လုပ်လိုက်တာနဲ့ အဲဒီ ခေါင်းကြီးခလေးက သတိထားမိသွားတာပဲ"

"သူ ထွက်လာတာနဲ့ ကျွန်မတို့နဲ့ တန်းတိုးတော့တာပဲ... လူတွေလည်း လန့်သွားပြီး ချက်ချင်း တိုက်ခိုက်မိလိုက်ကြတယ်"

"တွေ့တာနဲ့ တစ်ခါတည်း အထိန်းချုပ် ခံလိုက်ရမယ်လို့ ဘယ်သူက ထင်မှာလဲ"

"ဝမ်ချီကတော့... သူ အစွမ်းသုံးလိုက်တာနဲ့ ကျွန်မတို့လည်း သတိလွတ်ပြီး သူ့အကြောင်း မေ့သွားကြတာပဲ... သူ ဘယ်ရောက်သွားလဲ ဆိုတာတော့ မသိဘူး"

လင်းယွမ်မှာ မျက်မှောင်ကြုတ်သွားပြီး မျက်နှာထား တင်းမာလာသည်။

"ဘယ်က သန္ဓေပြောင်း ကြောင်လဲ"

တင်းယန်က ခေါင်းခါလိုက်၏။

"မသိဘူးလေ... ကျွန်မတို့ အဲဒီကို ရောက်တော့ အဲဒီကြောင်က ရှိနှင့်နေပြီးသား"

ရှီဟိုင်ကျူးကလည်း ဝင်ပြောသည်။

"တခြားနေရာကနေ ရောက်လာတာ ဖြစ်လောက်တယ်... ဒီရေကြီးနေတော့ လမ်းဘေးကြောင်တွေ ခွေးတွေက ဒီဟန်လုံစင်တာထဲမှာ စုနေကြတာ မနည်းဘူးလေ"

ကုဖုန်းကလည်း ပြောလိုက်၏။

"ကျွန်တော်တို့ကံကလည်း ဆိုးလွန်းပါတယ်ဗျာ... ဒါမျိုးနဲ့ လာတိုးရတယ်လို့... ဝမ်ချီရော လွတ်ပါ့မလား မသိဘူး"

လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး အေးစက်စက် ပြုံးလိုက်သည်။

"သူကတော့ သေချာပေါက် လွတ်မှာပေါ့"

တင်းယန်မှာ သူ၏ လေသံမမှန်သည်ကို သတိထားမိလိုက်သဖြင့် မျက်နှာပျက်သွားပြီး မေးလိုက်သည်။

"ရှင် သူ့ကို သံသယဝင်နေတာလား"

"မဖြစ်နိုင်ပါဘူး... သူက ကျွန်တော်တို့နဲ့ တောက်လျှောက် အတူရှိနေခဲ့တာပဲလေ" ရှီဟိုင်ကျူးက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

ကုဖုန်းက စကားဝင်မပြောသော်လည်း လင်းယွမ်ကို သံသယဖြစ်စွာ ကြည့်နေ၏။

လင်းယွမ်က အေးစက်စွာ ပြောလိုက်သည်။

"အဲဒီကြောင် ပေါ်လာပုံက ထူးဆန်းနေတယ်... လူလုပ်ထားတာ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး"

"ဒါပေမဲ့ သူ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကို ငါ မစဉ်းစားတတ်သေးဘူး... ငါ အတွေးလွန်တာလည်း ဖြစ်နိုင်ပါတယ်"

စကားပြောနေစဉ်မှာပင် ချင်ကျင်းတစ်ယောက် စိုးရိမ်တကြီး ပြေးလာသည်ကို တွေ့လိုက်ရသည်။

"ဆရာလင်း... ရှင်... ရှင်တို့ ရှိနေကြတာလား... တော်ပါသေးရဲ့"

သူမက အံ့ဩသွားပြီးနောက် ဝမ်းသာအားရ ပြောလိုက်သည်။

"အောက်မှာ ဘာဖြစ်ခဲ့ကြတာလဲ... ဝမ်ချီကိုရော တွေ့မိကြလား"

"ဝမ်ချီ ပြန်မရောက်သေးဘူးလား"

လင်းယွမ်က သူမကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။

ချင်ကျင်းက စိုးရိမ်တကြီး ဖြေလိုက်၏။

"မရောက်သေးဘူးရှင့်... ညီမတင်း ပြေးတက်လာတာ မြင်တော့ တခုခု မှားနေပြီဆိုတာ သိလိုက်တာနဲ့ ကျွန်မလည်း လိုက်တက်လာတာ... ဝမ်ချီရော... သူ ရှင်တို့နဲ့ အတူရှိနေတာ မဟုတ်ဘူးလား"

သူမက ပြောရင်း ရှီဟိုင်ကျူးတို့ကို လှည့်ကြည့်လိုက်သည်။

ရှီဟိုင်ကျူးမှာ စိတ်မကောင်း ဖြစ်သွားပြီး ပြန်ပြောလိုက်သည်။

"မန်နေဂျာချင်... ပြဿနာ တက်သွားတယ်... ခုနက"

သူက စောစောက ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြလိုက်သည်။ ဝမ်ချီကို အတူတူ ခေါ်မလာနိုင်ခဲ့သဖြင့် စိတ်ထဲတွင် အားနာနေမိ၏။

ချင်ကျင်းက ဒေါသထွက်သွားပြီး အော်ပြောလိုက်သည်။

"ရှင်တို့ သူ့ကို တစ်ယောက်တည်း ပစ်ထားခဲ့ကြတာလား"

လင်းယွမ်က သူမ၏ အမူအရာမှာ ဟန်ဆောင်နေပုံ မရသည်ကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်မိလိုက်သည်။

သူ အထင်လွဲခဲ့တာများလား... ဝမ်ချီက တကယ်ပဲ မလွတ်မြောက်နိုင်ဘဲ အောက်မှာ ကျန်ခဲ့တာများလား...

သူ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"မန်နေဂျာချင်... ဝမ်ချီ့ရဲ့ အစွမ်းက ထူးခြားတယ်... သူ ဘာမှမဖြစ်လောက်ဘူး"

"ခုနက ရှုပ်ထွေးနေတဲ့ကြားထဲ သူ အောက်ထပ်ကို ပြန်ဆင်းပြေးသွားတာလည်း ဖြစ်နိုင်တာပဲ"

"ကျွန်တော်တို့တောင် အဲဒီ ခေါင်းကြီးခလေး လက်ကနေ လွတ်အောင် ပြေးနိုင်သေးတာ... သူ့မှာ နည်းလမ်းပိုရှိမှာပါ"

ချင်ကျင်းက ထိုစကားကို ကြားသောအခါ အနည်းငယ် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"ဆရာလင်း... ဝမ်ချီ့ရဲ့ အစွမ်းက သူတည်ရှိမှုကို မှေးမှိန်စေပြီး ပုန်းအောင်းဖို့ပဲ ကောင်းတာ... တိုက်ခိုက်တဲ့နေရာမှာ မကျွမ်းကျင်ဘူး"

"အဲဒီ ရန်ရွှယ်ကသာ သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေရင် သူ လွတ်ဖို့မလွယ်ဘူး"

လင်းယွမ်က နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်ပြီး ပြောလိုက်၏။

"ဒါပေမဲ့ လောလောဆယ် ကျွန်တော်တို့မှာ တခြားနည်းလမ်း မရှိတော့ဘူး... အဲဒီ ခေါင်းကြီးခလေးနဲ့ သွားချဖို့ ပြန်ဆင်းသွားလို့မှ မရတာ... ခုနက ကျွန်တော်တို့ စမ်းကြည့်ပြီးပြီ... သူ့လက်က လွတ်လာတာတောင် ကံကောင်းလို့"

"ပြန်သွားရင် သွားအသေခံသလိုပဲဖြစ်မှာ"

ချင်ကျင်းမှာ မျက်နှာပျက်သွားပြီး တိတ်ဆိတ်သွားသည်။

လင်းယွမ်က ဆက်ပြောလိုက်သည်။

"မူလ အစီအစဉ်အတိုင်းပဲ ဝမ်ဝေတုန်း လူတွေကို အရင် ရှင်းကြတာပေါ့"

"ပြီးမှ အောက်ထပ်ကို ပြန်ဆင်းဖို့ နည်းလမ်း ရှာကြတာပေါ့... ဝမ်ချီက ယွဲ့ဖုန်းတို့နဲ့ သွားပေါင်းမိနေတာလည်း ဖြစ်နိုင်တာပဲ"

ချင်ကျင်းက နောက်ဆုံးတွင် ခေါင်းငြိမ့်လိုက်သည်။

"ကျွန်မမှာ ဒီသူငယ်ချင်းတွေပဲ ရှိတော့တာ... သူတို့ကို ဘာမှ မဖြစ်စေချင်ဘူး... ဆောရီးပါ... ခုနက စိတ်လှုပ်ရှားသွားတယ်"

"နားလည်ပါတယ်... ဝမ်ဝေတုန်း လူတွေကိုရှာဖို့ အပေါ်ထပ် တက်ကြတာပေါ့"

"သိပြီ"

သူတို့သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး အပေါ်ထပ်သို့ ဆက်တက်ခဲ့ကြသည်။

ချင်ကျင်းက ပြောပြလိုက်သည်။

"ဟန်လုံစင်တာက စုစုပေါင်း (၄၃) ထပ် ရှိတယ်... (၄၁) ထပ်ကနေ (၄၃) ထပ်ထိက အထူးအဆင့် အခန်းတွေ... (၃၅) ထပ်ကနေ (၄၀) ထပ်ထိက ရိုးရိုးအခန်းတွေ... (၃၄) ထပ်က ကလပ်အသင်း... အားကစားခန်းမနဲ့ ဖျော်ဖြေရေး အခန်းတွေ ပါတယ်"

"ဝမ်ဝေတုန်းရဲ့ လူတွေက (၃၄) ထပ် အထက်မှာ ရှိနိုင်ချေများတယ်"

"ဒါပေမဲ့ (၃၅) ထပ် အောက်မှာလည်း သူ့လူတွေ ရှိနေမှာ သေချာတယ်... သတိတော့ ထားရမယ်"

လင်းယွမ်က ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။

"မန်နေဂျာချင်... ခင်ဗျားက ဟန်လုံဟိုတယ်ရဲ့ ဧည့်ခန်းမဆောင် မန်နေဂျာဆိုတော့ ဒီနေရာကို ကျွမ်းကျင်မှာပဲ... နောက်ပိုင်း ခင်ဗျားပဲ လမ်းပြပေးပါ"

ချင်ကျင်းက ခေါင်းငြိမ့်လိုက်သည်။

"ပြဿနာ မရှိပါဘူး... ကျွန်မနောက် လိုက်ခဲ့ကြပါ"

"သာမန်လူတွေကိုကျတော့ ရှင် ဘယ်လိုလုပ်မလဲ" သူမက လင်းယွမ်ကို မေးလိုက်သည်။

လင်းယွမ်က ခေါင်းခါလိုက်၏။

"ခေါင်းဆောင်လုပ်တဲ့ လူယုတ်မာတွေကိုပဲ သတ်မယ်... ကျန်တဲ့လူတွေကို ဂရုမစိုက်ဘူး... ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို ရန်လာပြုရင်တော့ ပြောစရာ မလိုဘူး"

ချင်ကျင်းက ပြောလိုက်သည်။

"ကောင်းပါတယ်... အဲဒီလူတွေထဲက တော်တော်များများကလည်း ဝမ်ဝေတုန်းတို့ရဲ့ အနိုင်ကျင့်တာ ခံနေရတဲ့ သနားစရာ လူတွေပါ"

လင်းယွမ်က ပြန်ပြောလိုက်သည်။

"သူတို့ ဘာကြောင့်ပဲ ဖြစ်ဖြစ်ပါ... ကျွန်တော်တို့ကို လာထိရင်တော့ ကျွန်တော်က ညှာနေမှာ မဟုတ်ဘူး"

"အဲဒါတော့ ဟုတ်တာပေါ့" ချင်ကျင်းက သဘောတူကြောင်း ခေါင်းငြိမ့်လိုက်သည်။

လူတစ်စုသည် အပေါ်ထပ်သို့ အမြန် တက်လာခဲ့ကြသည်။ အပေါ်သို့ ရောက်သည်နှင့် လှုပ်ရှားသံ အချို့ကို ကြားလိုက်ရ၏။

လင်းယွမ်နှင့် တင်းယန်တို့သည် အသံလာရာသို့ ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။

(၃၂) လွှာရှိ ဆိုင်ခန်းအချို့တွင် လှုပ်ရှားမှု အနည်းငယ် ရှိနေပြီး အမျိုးသမီး အချို့၏ အသနားခံ တောင်းပန်သံများလည်း ရောထွေး ပါဝင်နေသည်။

ချင်ကျင်းက မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်၏။

"သာမန်လူတွေ ဖြစ်လောက်တယ်... ကျွန်မတို့ အသံထွက်အောင် လုပ်စရာ မလိုဘူး... သွားကြစို့"

လင်းယွမ်က ချင်ကျင်းကို ဂရုမစိုက်တော့ပေ။ အဘယ်ကြောင့်ဆိုသော် တင်းယန်က ထိုနေရာသို့ ဦးတည် လျှောက်သွားနေပြီ ဖြစ်သောကြောင့်ပင်။

လင်းယွမ်လည်း ချက်ချင်း လိုက်သွားလိုက်သည်။ ရှီဟိုင်ကျူး၊ လျှိုဖိန်ဖိန်နှင့် ကုဖုန်းတို့လည်း နောက်မှ ကပ်လိုက်သွားကြ၏။

ချင်ကျင်းက ထိုအဖြစ်အပျက်ကို မြင်သောအခါ မျက်မှောင် ကြုတ်မိသွားသည်။

သို့သော် တစ်ဖက်လူက အရေအတွက် များသဖြင့် သူမတစ်ယောက်တည်း သီးခြားခွဲမထွက်နိုင်ဘဲ လိုက်သွားရလေသည်။

လူတစ်စုသည် စင်္ကြံလမ်းအတိုင်း သွားလိုက်ကြရာ မကြာမီ ဟယ်ဖူ ခေါက်ဆွဲဆိုင် တစ်ဆိုင်ရှေ့သို့ ရောက်ရှိသွားကြသည်။

ဆိုင်ပေါက်ဝတွင် ရေမှုတ်ထုတ်နေသည့် ကျောက်ခြင်္သေ့ ရုပ်တုတစ်ခု ရှိလေသည်။

ကျောက်ခြင်္သေ့ ပါးစပ်ထဲမှ ရေများ ထွက်မလာတော့ဘဲ အောက်ဘက်ရှိ ကျောက်ကန်ထဲတွင် ကျန်ရှိနေသော ရေအိုင်များ၌ ရေညှိစိမ်းများ တက်နေပြီ ဖြစ်သည်။

ဆိုင်ခန်းထဲတွင် အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦး ရှိနေကြသည်။

လက်ရှိတွင် အမျိုးသမီး နှစ်ဦးမှာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် ရှိပြီး ဆံပင်များ ဖရိုဖရဲနှင့် အဆက်မပြတ် တောင်းပန် အသနားခံနေကြသည်။

"အစ်ကိုဟွေး... ရှင် ကျွန်မကို ကြိုက်သလို လုပ်ပါ... တောင်းပန်ပါတယ်... ကျွန်မ သမီးလေးကိုတော့ လွှတ်ပေးပါ... သမီးလေးက ငယ်ပါသေးတယ်... အလယ်တန်းပဲ ရှိပါသေးတယ်"

စကားပြောနေသော အမျိုးသမီးမှာ ရုပ်ရည် သိပ်မချောမောလှသော အသက်လတ်ပိုင်း အရွယ်ဖြစ်ပြီး သန့်ရှင်းရေး ဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ထားသည်။

သူမဘေးတွင် ဒူးထောက်နေသည်မှာ (၁၄) နှစ်အရွယ်ခန့် မိန်းကလေး တစ်ဦးဖြစ်သည်။

ကောင်မလေးသည် လတ်တလော ခေတ်စားနေသော ပြည်ကြီးငါးလက်တံ ပုံစံ ဆံပင်ကေ ညှပ်ထားပြီး မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေကာ မျက်လုံးထဲတွင် မျက်ရည်များဖြင့် ရှိုက်ကြီးတငင် ငိုကြွေးနေသည်။

သူမ၏ အဝတ်အစားများမှာ ဆွဲဖြဲခံထားရသဖြင့် နုနယ်ဖြူဝင်းသော အသားအရေများ ပေါ်နေ၏။

ကောင်မလေးရှေ့တွင် ရပ်နေသော အစ်ကိုဟွေး ဆိုသူမှာ အသက် (၅၀) ကျော် အရွယ်ခန့် ရှိပြီး ဘယ်ညာ နှစ်ဖက်တွင် သံပိုက်လုံးနှင့် ဓားမ ကိုယ်စီကိုင်ထားသည့် လူငယ်နှစ်ဦးက သားအမိနှစ်ယောက်ကို ကြည့်ကာ ရယ်မောနေကြသည်။

ထို အစ်ကိုဟွေး ဆိုသူမှာ လုံခြုံရေး ဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောဘက်တွင် "ဟန်လုံ" ဟူသော စာလုံးကြီးနှစ်လုံး ပါရှိသည်။

ဟန်လုံစင်တာမှ လုံခြုံရေး ဝန်ထမ်း ဖြစ်ပုံရသည်။

သူက ဟားဟား ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။

"ညီမလေး ရှကျားလန်ရယ်... ရှေးလူကြီးတွေ ပြောတဲ့ စကားတောင် ရှိသေးတယ်လေ... ဖိတ်ချင်ဖိတ် ကိုယ့်အိတ်ထဲပဲဖိတ်တဲ့"

"နင့်သမီးလေးက ဒီလောက် ရေဆေးငါးလေးလို ဖြူဖွေးနုဖတ်နေတာကို နင်တော်တော် ဖွက်ထားနိုင်တာပဲ... ဒီလောက် (၆) လတောင် ရှိနေပြီကို ဘယ်သူမှ မသိအောင် ထားနိုင်တယ်နော်"

"ဒီအစ်ကိုကြီးက... နင့်အခန်းဘက် မတော်တဆ ရောက်မသွားရင်... တကယ် တွေ့မှာမဟုတ်ဘူး"

"ညီမလေးရယ်... အခုက ဘယ်လိုအချိန်လဲ... ရေလွှမ်းမိုးနေတဲ့ အချိန်... ကမ္ဘာပျက်နေတဲ့ အချိန်လေ... နေရာတိုင်းမှာ သန္ဓေပြောင်း ဘီလူးကောင်တွေချည်းပဲ"

"အရင်က ရုပ်ချောတဲ့ မိန်းမတွေ ဘယ်လို ဇာတ်သိမ်းသွားလဲ ဆိုတာ နင်လည်း မြင်သားပဲ"

"တခြားလူတွေ ကစားစရာ ဖြစ်မယ့်အစား ဒီအစ်ကိုကြီးကိုပဲ ဦးဦးဖျားဖျား ပေးလိုက်ပါတော့"

"စိတ်ချပါ... ငါတို့က လုပ်ဖော်ကိုင်ဖက် ဟောင်းတွေပဲ... နင်လည်း ငါနဲ့ အိပ်ဖူးတာပဲ... ပြောရရင် နင်က ငါ့မိန်းမ ဖြစ်နေပါပြီ"

"ဒါပေမဲ့... နင်က ဘယ်သူနဲ့များ မအိပ်ဖူးလို့လဲ... ဒါက ထည့်တွက်လို့ မရဘူးလေ"

"ဒီနေ့ကစပြီး နင်က ငါ့ကို အစ်ကိုဟွေးလို့ ခေါ်... ငါက နင့်ကို ယောက္ခမကြီးလို့ ခေါ်မယ်... ဘယ်လိုလဲ... သီးသန့်စီ ခွဲခေါ်ကြတာပေါ့... ဟားဟားဟား"

သူက ပြောရင်းဆိုရင်း ကိုယ့်ဟာကိုယ် ဟာသပြောလိုက်ရသလို သဘောကျကာ တဟားဟား အော်ရယ်နေတော့သည်။

ဘေးနားမှ လူငယ်နှစ်ယောက်ကလည်း လိုက်၍ ရယ်မောကြလေသည်။

"ယောက္ခမကြီး... အစ်ကိုဟွေးက ခင်ဗျားရဲ့ သမက်ကြီး ဖြစ်သွားပြီဆိုတော့ ကျွန်တော်တို့ နှစ်ယောက်ကို သမက်လတ်နဲ့ သမက်ငယ် လုပ်ခိုင်းလိုက်တော့လေ... ဟားဟား"

"ကောင်မလေး... ဦးဦး အင်္ကျီချွတ်ပေးမယ်နော်"

ဓားမကိုင်ထားသော လူငယ်က ရယ်မောလိုက်ပြီး ကောင်မလေး၏ အင်္ကျီကို လှမ်းဆွဲလိုက်သည်။

အသက်လတ်ပိုင်း အမျိုးသမီးက မြင်လိုက်သည်နှင့် စူးစူးဝါးဝါး အော်ဟစ်လိုက်တော့၏။

"မလုပ်ပါနဲ့... မလုပ်ကြပါနဲ့"

သူမက သမီးဖြစ်သူကို အလျင်အမြန် ကာကွယ်လိုက်ပြီး အသည်းအသန် တောင်းပန်လေသည်။

"အစ်ကိုဟွေး... မလုပ်ပါနဲ့... တောင်းပန်ပါတယ်... မလုပ်ပါနဲ့... ရှင် ဘာခိုင်းခိုင်း ကျွန်မ လုပ်ပေးပါ့မယ်... ကျွန်မ သမီးလေးကိုတော့ မထိပါနဲ့"

"ခွေးမ... မျက်နှာသာပေးတာကို မလိုချင်ဘူးပေါ့လေ"

"မင်းတို့နှစ်ကောင် ဘာရပ်ကြည့်နေတာလဲ... သူ့ကို ဆွဲထုတ်လိုက်စမ်း"

အစ်ကိုဟွေးက အော်ပြောလိုက်သည်နှင့် သံပိုက်လုံး ကိုင်ထားသည့် လူငယ်က ရှေ့တိုးလာပြီး အမျိုးသမီး၏ ဆံပင်ကို ဆောင့်ဆွဲကာ ဘေးသို့ ဆောင့်တွန်းလိုက်သည်။

အမျိုးသမီးမှာ နာကျင်လွန်းသဖြင့် ခေါင်းကိုအုပ်ကာ အော်ဟစ်လိုက်သော်လည်း သမီးဖြစ်သူကို ကာကွယ်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

သူမ၏ သမီးမှာလည်း ကြောက်လန့်လွန်းသဖြင့် အော်ငိုလိုက်ပြီး အမေဖြစ်သူကို လှမ်းဆွဲထားသည်။

သို့သော် ဓားမတစ်လက်က သူမ၏ လက်မောင်းပေါ်သို့ ဘုန်းခနဲ ရိုက်ချလိုက်၏။ ဓားမကိုင် လူငယ်က နှာဘူးသံဖြင့် ပြောလိုက်သည်။

"ကောင်မလေး... ငြိမ်ငြိမ်နေနော်... နင် စကားနားမထောင်ရင် နင့်အမေ ခံရလိမ့်မယ်"

"နင်တို့တွေက တိရစ္ဆာန်တွေပဲ... နင်တို့ သေချင်းဆိုးနဲ့သေလိမ့်မယ်... မိုးနတ်မင်းကြီးက နင်တို့ကို လွှတ်ထားမှာ မဟုတ်ဘူး"

"ချန်ဟွေး... နင်က ခွေးမသားပဲ... သေနာကြီး"

အမျိုးသမီးက ငိုယိုကာ ဆဲဆိုလိုက်သော်လည်း လူငယ်က သူမ၏ ပါးကို ရိုက်ချလိုက်သဖြင့် မျက်စိများ ပြာဝေသွားတော့သည်။

ထို့နောက် သံပိုက်လုံးကိုင် လူငယ်က သူမ၏ ကိုယ်ပေါ်သို့ ခွထိုင်လိုက်ပြီး စွပ်ကျယ်အင်္ကျီကို ဆွဲဖြဲလိုက်ရာ ဖြူဖွေးသော ရင်သားများ ပေါ်လာတော့သည်။

အမျိုးသမီးမှာ မျက်ရည်များ ကျဆင်းနေသော်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်ဘဲ သမီးဖြစ်သူထံသို့ အတင်း တွားသွားရန် ကြိုးစားနေသည်။

သို့သော် ခြေထောက်ကို သံပိုက်လုံးကိုင် လူငယ်က ဆွဲထားပြီး ကြမ်းပြင်ပေါ်တွင် တရွတ်တိုက် ဆွဲယူလာခဲ့သည်။

"မေမေ... မေမေ"

ကောင်မလေးက အော်ဟစ်ငိုကြွေးနေသော်လည်း ဓားမကိုင်လူငယ်က သူမ၏ ဆံပင်ကို ဆွဲထားပြီး အေးစက်စက် ရယ်မောလိုက်သည်။

"ငြိမ်ငြိမ်နေစမ်း... မဟုတ်ရင် နင့်အမေ အသက် ပျောက်သွားလိမ့်မယ်"

"အဟင့်... အဟင့်" ကောင်မလေးမှာ ကြောက်လန့်လွန်းသဖြင့် တဆတ်ဆတ် တုန်ရီကာ ငိုကြွေးနေရုံမှလွဲ၍ ဘာမျှ မတတ်နိုင်တော့ပေ။

ထိုအချိန်တွင် ချန်ဟွေးက လျှောက်လာပြီး ကောင်မလေး၏ နုနယ်သော ပါးပြင်ကို ဆွဲကာ ပြုံးစိစိဖြင့် ပြောလိုက်သည်။

"တကယ့်ကို ရေဆေးငါးလေးပဲကွာ"

"နင့်အမေ ပြောပုံအရ နာမည်က ကျူးကျဲ ဆိုလား"

"ဟဲဟဲ... ဒီနေ့ ဦးဦးကို ပြုစုပေးလိုက်... လိမ္မာရင် ဦးဦးက နင့်အမေကို ဒုက္ခမပေးဘူး"

ကျူးကျဲမှာ ကြောက်လွန်းသဖြင့် စကားပင် မပြောရဲဘဲ ငိုသာ ငိုနေတော့သည်။

ချန်ဟွေးက မတ်တတ်ရပ်လိုက်ပြီး ခါးပတ်ကို ဖြည်းဖြည်းချင်း ဖြေရင်း ပြောလိုက်၏။

"ပါးစပ်ဟထား"

ကျူးကျဲက ခေါင်းငုံ့ထားပြီး ကြောက်လွန်းသဖြင့် သူ့ခြေထောက်ကြားကို မကြည့်ရဲပေ။

ဓားမကိုင်လူငယ်က စိတ်လှုပ်ရှားစွာဖြင့် တဟားဟား ရယ်မောလိုက်ပြီး သူမ၏ ဆံပင်ကို အားကုန်ဆောင့်ဆွဲကာ ခေါင်းမော့အောင် လုပ်လိုက်သည်။

"ခွေးမလေး... မူနေတယ်ပေါ့လေ... နင်က အပျိုစစ်စစ်မို့လို့လား"

ချန်ဟွေးက ရယ်မောရင်း ဆဲဆိုလိုက်သည်။

"ရှောင်ဟွမ်... ဖြည်းဖြည်းလုပ်ပါကွ... အလယ်တန်း ကျောင်းသူလေးပဲ ရှိသေးတာ... အပျိုမစစ်ပဲ နေမလား"

ဟွမ်အမည်ရှိ လူငယ်က ရယ်မောရင်း ပြောလိုက်၏။

"အစ်ကိုဟွေး... ခင်ဗျား မသိလို့ပါ... အခုခေတ် ကျောင်းသူတွေက ဖာသည်တွေထက်တောင် ပိုဆိုးသေးတယ်"

ဆက်ရန်...

All Chapters